Sunday, May 16, 2010

0 မြန်မာနိုင်ငံနှင့် ပတ်သတ်သော မိုးလေ၀သသတင်း

Today

Tommrrow

msnက weather reportအရ မြန်မာနိုင်ငံမှာ မကြာခင်မိုးရွာတော့မယ်လို့ပြထားပါတယ်။ ဒီနေ့နဲ့မနက်ဖြန် ဆို အပူချိန် 2 °C လောက် ကျဆင်းသွားမယ်လို့ဖော်ပြထားပါတယ်။ မနေ့က တနင်္သာရီတိုင်းတွင်နေရာအတော်များများ မိုးရွာသွန်းခဲ့တာကိုတွေ့မြင်ရပြီး ထိုရွာသွန်းမှုကြောင့် တနင်္သာရီတိုင်း၏ ညအပူချိန်မှာ မေလ၁၅ရက်နေ့တွင် သိသိသာသာကျဆင်းသွားသည်ကိုတွေ့ခဲ့ရသည်။

ရန်ကုန်မှာတော့ အခုလက်ရှိ 37°Cရှိနေပြီး Feels Like : 45°Cပါတဲ့။ ရန်ကုန်က နာဂစ်ဒဏ်ခံထားရလို့ အပင်တွေမရှိတော့လို့ထင်ပါတယ်။ မနက်ဖြန် ရန်ကုန်မှာ မိုးစရွာမယ်လို့ ဖော်ပြထားပါတယ်။ အမှန်တကယ် ရွာခဲ့မယ်ဆိုရင် ၀မ်းသာစရာပါ။ မန္တလေးက သဘက်ခါမှ မိုးစရွာနိုင်ပါတယ်တဲ့။
အောက်ကတော့ မြန်မာနိုင်ငံရဲ့ မြို့တွေအားလုံးပါ။ msn weather forecastက ကျနော်ရောက်နေတဲ့နေရာနဲ့ယှဉ်ကြည့်ရင် တော်တော်မှန်တာတွေ့နေရပါတယ်။

မိုးစစရွာခြင်းမှာ ပျော်ပြီး အပြင်ကိုလုံးဝမထွက်ကြတာကောင်းပါတယ်။ တချိန်လုံးပူထားတဲ့ အပူချိန်နဲ့မိုးလဲရွာလိုက်ရော အပူရှိန်တွေက မြေကြီးပေါ်ကိုထွက်လာပါလိမ့်မယ်။ အပူရှပ်တာတွေ ဖျားတာ နာတာ သေတာ ဖြစ်တတ်ပါတယ်။ ဒီလင့် မှာ မိုးလေ၀သသတင်းများကိုကြည့်ရူနိုင်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.