Saturday, August 6, 2011

0 မေးလို့ဖြေပြီ


၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း NewsWatch Weekly (စောင့်ကြည့်သတင်း) ဂျာနယ်အတွက် သတင်းသမား မနွယ်နီ လာရောက်မေးမြန်းချက်များကို ဖြေဆိုထားသော ကျော်သူ၏ အဖြေစကား များကို ၁၀.၈.၂၀၁၁ (ဗုဒ္ဓဟူးနေ့) NewsWatch Weekly (စောင့်ကြည့်သတင်း)ဂျာနယ် အတွဲ - ၇၊ အမှတ် - ၆ ထုတ်တွင် ပါဝင်မှုတို့ကို တင်ပြခြင်းဖြစ်သည်။

လူတစ်ယောက်ဖြစ်လာတဲ့နောက်မှာ ဖြတ်သန်းကျော်လွှားရတဲ့ နယ်ပယ်တွေက တော်တော် များပါတယ်။ နှစ်သစ်တစ်နှစ်ကိုရောက်တိုင်း၊ နှစ်ဟောင်းတွေကို ဖြတ်ကျော်ပြီးတိုင်း လူတိုင်းလိုလို ပြောလေ့ရှိတဲ့ စကားလုံးအရ “နှစ်ဟောင်းက အညစ်အကြေးတွေကုန်ဆုံးပြီး နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါ စေ” လို့ ဆုတောင်းပေးကြလေ့ရှိပေမယ့် တကယ်တော့ နှစ်ဟောင်းက အရာတွေဟာ ကုန်ဆုံးတယ် လို့ မရှိဘဲ ကိုယ့်နောက်က အရိပ်တစ်ခုလို အမြဲလိုက်ပါနေတာပ။ ကောင်းခြင်းတွေကိုပဲ သယ်ဆောင် လို့ မသွားနိုင်သလို ဆိုးခြင်းတွေကို ချန်ထားရစ်ခဲ့လို့ မရနိုင်ပါဘူး။ လူတစ်ယောက်ဟာ နာမည်တစ်ခုနဲ့ အတူ ဘ၀တစ်ခုမှာ ရှင်သန်နေထိုင်ပေမယ့် တစ်ခါတစ်ခါမှာ မထင်မှတ်ဘဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ ဒါဟာလည်း မမြင်နိုင်တဲ့ ကံတရားပဲ မဟုတ်ပါလား။

ဒီကံတရားကပဲ အတွေးအခေါ်တွေ ဖြတ်သန်းရတဲ့ လူမှုပတ်ဝန်းကျင်တွေကိ အပြောင်းအလဲ ဖြစ်စေပါတယ်။ ဘ၀လမ်းခရီးတွေရဲ့ အချို့အကွေ့တွေက ရည်ရွယ်ရာ လမ်းကြောင်းတွေကို ပြောင်းလဲ သွားစေတယ်။ ဒီလိုပြောင်းလဲမှုတွေကို ကြုံဆုံတွေ့ရတဲ့ လူတစ်ယောက်ရဲ့ ခရီးလမ်းကြောင်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ တစ်ချိန်က နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီကျော်သူ၊ အခုအချိန်မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ ဦးကျော်သူပါပဲ။

ကျွန်မတို့ ကျော်သူလျှောက်သောလမ်းကို ကြည့်ရအောင် . . . .

အမျိုးသားရုပ်ရှင်ကုမ္ပဏီရဲ့ သားတစ်ယောက်ဖြစ်တဲ့ မောင်မောင် ဆိုတဲ့ လူငယ်တစ်ယောက် အတွက်တော့ ဒီအနုပညာရပ်ဝန်းဟာ သူ့အတွက် မစိမ်းတဲ့နယ်ပယ် တစ်ခုပါ။ ဒီအနုပညာကို ချစ်မြတ် နိုးတယ်။ ဒီအနုပညာနယ်ပယ်မှာပဲ ကြီးပြင်းခဲ့တယ်။ ဒါပေမယ့် သူဟာ ဒီလမ်းခရီးကို အလွယ်တကူ ၀င်ရောက်ခဲ့တာ မဟုတ်ခဲ့ဘူး။ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်။ မိဘရဲ့ နောက်ခံအင်အားတွေနဲ့ ပံ့ပိုးမှုတွေကြောင့် အောင်မြင်လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစား အားထုတ်မှုတွေကပဲ ပထမဆုံးဇာတ်ကားမှာ ပရိသတ်က ကျော်သူဆိုပြီးသရုပ်ဆောင်လောကထဲကို ခြေချခွင့် ပြုခဲ့ပါတယ်။ ဒါရိုက်တာ မျိုးမြင့်အောင် ရိုက်ကူးတဲ့ “ချစ်ကြိုး လေးနှစ်မျှင်” ဆိုတဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ ခြေချလာခဲ့တဲ့ မင်းသား ကျော်သူဟာ အဲဒီနောက်ပိုင်းမှာ ဒါရိုက်တာ တော်တော်များများနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ်လာပါတယ်။ ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်ရင်ထဲကို ရောက်စေတဲ့ ဇာတ် ကားတွေပဲ ဖြစ်ခဲ့ပါတယ်။ ဒရာမာကားတွေမှာလည်း ကျော်သူရဲ့ သရုပ်ဆောင်မှုတွေက ရင်ထဲကို ထိရောက်စေခဲ့တယ်။ အက်ရှင်ကားတွေမှာလည်း ဟာကွက်မရှိတဲ့ သရုပ်ဆောင်မှုမျိုးကို တွေ့ရပါ တယ်။ အကယ်ဒမီနဲ့ အကြိမ်ကြိမ်လွဲခဲ့ပေမယ့် နောက်ဆုံးတော့ စစ်မှန်တဲ့ လုံ့လနဲ့ မလျှော့သောဇွဲက ကိုကျော်သူကို “တပြည်သူမရွှေထား” ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရယူစေပါတယ်။

နိုင်ငံတော်ဇာတ်ကားအဖြစ် “လှလေးစိန်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။ ကလိ ထိုးရယ်ရတဲ့ ဟာသကားတွေကြားထဲမှာ သဘာဝကျကျနဲ့ ပျော်စရာ၊ မိသားစုဇာတ်ကားလေး တစ်ကားဖြစ်တဲ့ “အချစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိစေရ” ဆိုတဲ့ ဇာတ်ကားကြီးကတော့ ကျော်သူရဲ့ အနုပညာပြသခွင့်ရတဲ့ နောက်ဆုံးဇာတ်ကားဖြစ်မယ်လို့ အကယ်ဒမီကျော်သူကလည်း တွေးဖြစ်ခဲ့မယ် မထင်ပါဘူး။ ဒါဟာ အကယ်ဒမီကျော်သူ အနုပညာရှင်တစ်ယောက်ဆိုတဲ့ ဘ၀တစ်ခု အဖြစ် ကျန်ရစ်ပြီးခဲ့တဲ့ အတိတ်တွေပါပဲ။ ဘယ်လိုပဲ မှုန်ဝါးဝါး အတိတ်တွေဖြစ်နေစေဦးတော့ အကယ်ဒမီကျော်သူဆိုတာ အနုပညာလောကမှာရော၊ လူထုပရိသတ်တွေကြားမှာပါ အမြဲရှိနေတဲ့ သူတစ်ယောက်ဖြစ်နေခဲ့တယ်။ ဒီစိတ်ကူးတွေ ပြောင်းလဲသွားတဲ့ ယုံကြည်မှုတွေကို အခုလို မေးခွန်း တွေက တစ်ဆင့် သိခဲ့ရပါတယ်။

အခုအချိန်မှာတော့ ဘ၀ဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို ဒီလိုဖော်ဆောင်ထားပါတယ်။

“ဘ၀ဆိုတာ ရခဲ့တယ်။ ရခဲတဲ့ လူ့ဘ၀ကို အောင်မြင်မှုရှိအောင်လို့တော့ မတွက်ဘူး။ တန်ဖိုးရှိ အောင်နေတယ်။ တန်ဖိုးရှိအောင် နေတယ်ဆိုတဲ့ နေရာမှာတော့ ကိုယ့်အတွက်လည်း တန်ဖိုးရှိ အောင်၊ အများပြည်သူအတွက်လည်း တန်ဖိုးရှိအောင်နေတယ်။ အောင်မြင်မှုဆိုတာ ကျွန်တော့်ဆီမှာ မရှိဘူး။ တန်ဖိုးရှိဖို့ပဲ အဓိကထားတယ်။”


NW – အရင်မင်းသားဘ၀က “ဘ၀” ဆိုတဲ့ စကားကို အဓိပ္ပါယ်ဖွင့်ပါဆိုရင် ဒီစကားလုံးမျိုးဖြစ်လိမ့်မယ် မထင်ဘူးနော်၊ အရင်ကရော ဘယ်လိုများဖွင့်ဆိုထားပါလဲ။ ဒီလိုပဲ တွေးခဲ့တာတော့ဟုတ်မယ် မထင် ဘူးနော်။

KT - မတွေးခဲ့ဘူး။ ဒီလိုမျိုး လုံးဝကို မတွေးခဲ့တာပါ။

NW – ဒါဆိုရင် မင်းသားကျော်သူက ဖွင့်ဆိုထားတဲ့ ဘ၀အကြောင်းကို ပြောပေးပါဦး။

KT - အဲဒီအချိန်တုန်းကတော့ အောင်မြင်မှုလို့ သတ်မှတ်တယ်။ ရုပ်ရှင်လောကမှာ အောင်မြင်မှုဆိုတာ လိုအချင်တယ်။ နာမည်ကြီးဖြစ်ချင်တယ်။ တန်ဖိုးရှိအောင်နေဖို့ဆိုတာ မတွေးမိခဲ့ဘူး။

NW – ဒီလိုအတွေးတွေ ၀င်ရောက်လာစေဖို့ ပံ့ပိုးပေးတဲ့အရာ ဘယ်အရာမျိုးဖြစ်မလဲ။

KT - လူသားတွေပဲပေါ့။ လူသားတွေကပဲ ဒီအရာတွေကို ပံ့ပိုးပေးတယ်။ အသိဉာဏ်ပေးတယ်။ လူသားတွေဆိုတာ အားလုံးပါပဲ။ ဆရာတော်ကြီးတွေလည်း ပါတာပေါ့။

NW – အခုလို နာရေးကူညီမှုအသင်းဖြစ်လောက်အောင် စတင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်း လောက်ပြောပါဦး။

KT - ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီ (၁) ရက်နေ့မှာ စတင်ဖြစ်တယ်။ အဲဒီမတိုင်ခင် ဘဘဦးသုခက နာရေး ကူညီမှုအသင်း လုပ်တယ်။ ကျွန်တော့်မိန်းမကလည်း လူမှုရေးအသင်းအဖွဲ့ တစ်ခုခု လုပ်ချင်နေတယ်။ သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ နာယယကအနေနဲ့ လုပ်တယ်။ အဲဒီကြားကတည်းက သူက အရမ်းလုပ်ချင်နေတာ၊ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတာ၊ ဘဘဦးသုခကလည်း ဒီအသင်းကို စမယ် ဆိုတာနဲ့ ဘဘအိမ်သွားတယ်။ အကြံဉာဏ်ယူကြတယ်။ အသင်းကို ဖွဲ့စည်းပြီး စလုပ်ဖြစ်တယ်။ ဒီလို အသင်းအဖွဲ့မျိုးတွေက ဗုဒ္ဓဘာသာလူမျိုးတွေမှာ မရှိဘူး။ တခြားဘာသာတွေမှာက ရှိတယ်လေ။ ဘဘက အဲဒီအတွေးနဲ့ ရန်ကုန်မှာ စခဲ့တာ။ အဓိက ရန်ကုန်မှာ မရှိဘူြး့ဖစ်နေတာ။

NW – ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးကျော်သူအနေနဲ့ တစ်ဦးတစ်ယောက်ကို အားကျစိတ်မျိုးရှိနေမိလား။

KT - မရှိဘူး။ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အားကျစိတ်နဲ့ လိုက်လုပ်တာမျိုး မဟုတ်ပါဘူး။ ဒီအလုပ်ကို လုပ်ရင်းနဲ့ဘာအဖြေ ထွက်လာသလဲဆိုတော့ ငါမင်းသားဖြစ်တုန်းက အများပြည်သူက ပေးတဲ့ ပိုက်ဆံနဲ့ ကိုယ့်မိသားစုကို သားတွေ၊ သမီးတွေကို ဆုံးခန်းတိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒီအချိန်မှာ ဘယ်လိုကျေးဇူးဆပ်မလဲဆိုတော့ ဒီလို ကျေးဇူးဆပ်တာက အကောင်းဆုံးဖြစ်တယ်လို့ တွေးမိလာတယ်။

NW – အရင်အချိန်က လူသေတွေအတွက် မြှုပ်နှံသင်္ဂြိုလ်တဲ့ အလုပ်မျိုးကိုလုပ်တဲ့သူ မြန်မာလူမျိုးက မရှိသလောက်နည်းပြီး လုပ်တဲ့သူရှိပြန်ရင်လည်း လူ့ပတ်ဝန်းကျင်မှာ နေရာမပေးကြဘူးလေ။ ကျွန်မ ကြားဖူးသိဖူးသလောက်ဆိုရင် ၁၉၇၀ ခုနှစ်ကျော်လောက်က ဒီလိုအလုပ်မျိုးလုပ်တဲ့ မိသာစုမှဆို ငွေကြေားချမ်းသာပါရဲ့နဲ့ ပတ်ဝန်းကျင်က လက်မခံတဲ့အတွက် သားသမီးတွေ အိမ်ထောင်ရေးမှာ သတင်းစာမျက်နှာပေါ်က ကြော်ငြာခေါ်ယူရတဲ့အထိ အခြေအနေမျိုးရှိခဲ့တာမို့ ဦးကျော်သူအနေနဲ့ ဒီအကြောင်းအရာတွေကို နာရေးကူညီမှုအသင်း မတည်ထောင်မီက စဉ်းစားဖြစ်ခဲ့သေးလား။

KT - လုံးဝကို မစဉ်းစားဘူး။ စဉ်းစားစရာလည်း မဟုတ်ဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်။ မြတ်စွာဘုရားချမှတ်တဲ့ လမ်းစဉ်အတိုင်း ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုပြီး လုပ်တယ်။ ဒါဟာ လူဖြစ်လာရင် လူတွေလုပ်ရမယ့်အလုပ်၊ ဘယ်ဘာသာ ဘယ်လူမျိုးမှ လုပ်ရမယ်လို့ မပြောဘူး။ လူဖြစ်လာရင် လူတွေလုပ်ရမယ့်အလုပ်ပဲ။

NW – သရုပ်ဆောင်အလုပ်ကို စွန့်လိုက်ချိန်မှာ ခံစားချက်ကတော့ တော်တော်ပြင်းထန် လိမ့်မယ်နော်။

KT - ဒါတွေဟာ ပြီးဆုံးသွားပါပြီ။ အခုအချိန်မှာ ဒီအလုပ်တွေကို ထဲထဲဝင်ဝင်လုပ်နိုင်လို့ ကုသိုလ်ရ တယ်။ အဲဒီအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။

NW – နာရေးကူညီမှုအသင်းပြီးတော့ သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်ဖြစ်ခဲ့တယ်နော်။ ဘယ်အရာမှ အလွယ်တကူ တည်ဆောက်လို့မရတဲ့ အချိန်အခါမျိုး၊ အခြေအနေမျိုးမှာ အသင်းကို ခိုင်မာအောင်၊ ဘေးပယောဂတွေ မ၀င်အောင်တော်တော် ကြိုးစားယူခဲ့ရမှာပဲ။ ဘယ်လို အခက်အခဲမျိုးတွေ ကျော်လွှားခဲ့ရသလဲ။ ကြုံတွေ့ခဲ့ရလဲ။

KT- အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးကတော့ အများကြီးပါပဲ။ ရည်ရွယ်ချက် မှန်မှန်နဲ့ ကြိုးစားအားထုတ်ရပါတယ်။

NW – အသင်းကို အုပ်ချုပ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်လဲ။

KT - အသင်းကိုတော့ ကျွန်တော်ရဲ့ အနုပညာစိတ်နဲ့ပဲ အုပ်ချုပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာ အသင်းတွေရဲ့ ဥပဒေသတွေ ဘာမှမရှိပါဘူး။ နားမလည်ဘူး။ သိလည်း မသိဘူး။ သိလည်း မသိချင်ဘူး။ ကိုယ့်ခြေလှမ်းနဲ့ ကိုယ်ပဲလျှောက်တယ်။ ဒီလိုလျှောက်ကြရင်းနဲ့ (၃) နှစ်အတွင်း အခုလိုဖြစ်လာတယ်။ အများကို ထိထိရောက်ရောက် ကူညီနိုင်တယ်။

NW – ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ပရဟိတလုပ်ငန်းတွေ ရှိသေးလား။

KT - ဘာတွေလုပ်ဖို့ ရည်ရွယ်လဲဆိုတော့ ဒီမှာက အခုအခြေအနေအရ အနာဂတ်ကိုပြောလို့ မရနိုင် သေးပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်အလုပ်ကို ကောင်းအောင်လုပ်ဖို့ပဲ ရှိတယ်။ ပစ္စုပ္ပန်ကောင်းအောင် လုပ်ရင် အနာဂတ်က ပွင့်လင်းလာပါလိမ့်မယ်။

NW – စာကြည့်တိုက်လည်း ဖွင့်လှစ်ထားသေးတယ်နော်။

KT - ဟုတ်ပါတယ် စာကြည့်တိုက်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။

NW – ဒီနေ့ လက်ရှိအခြေအနေမှာ စီးပွားရေးအရ တွက်ဆရရင် လူတန်းစားက နှစ်ရပ်ဖြစ်နေတယ်။ အလယ်လတ်တန်းစာဆိုတာက ပျောက်နေတယ်။ ဒါဟာ ဘာကြောင့်ဖြစ်မယ်လို့ ထင်မိလဲ။

KT - နိုင်ငံရေးစကားလုံးတွေနဲ့တော့ ကျွန်တော်သိတာက ဒီမှာ အရမ်းချမ်းသာတဲ့ သူတွေရှိတယ်။ ဆင်းရဲတဲ့သူတွေရှိတယ်။

NW – နိုင်ငံရေးဆိုတဲ့ စကားလုံးကြားမိလို့ မေးချင်လာတာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ နာရေးကူညီမှုအသင်းကို လူတွေအားကိုးလာကြတယ်။ အကူအညီ တောင်းခံလာကြတယ်။ ဒီ့အပြင် အသင်းရဲ့ ကူညီမှုတွေကို ခုတုံးလုပ်တဲ့ ကြားပွဲစားတွေကို ပပျောက်အောင်လည်း ရှင်းလင်းနိုင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေကိုတွေ့ရတဲ့ ဦးကျော်သူအနေနဲ့ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာရော၊ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ၀င်ရောက်ဖို့ စိတ်မ၀င်စားခဲ့ ဘူးလား။

KT - စိတ်မ၀င်စားဘူး။ ဒီအသင်းအဖွဲ့လေး လုပ်တာတောင်မှ လူပေါင်းစုံနဲ့ ဆက်ဆံရတယ်။ လက်တွဲ ပြီး အလုပ်လုပ်ရတယ်။ ဒီလိုအလုပ်တွေ လုပ်ရာမှာ စည်းကမ်းဖောက်တဲ့သူကလည်း ဖောက်တယ်။ သီလမလုံတဲ့ သူတွေကလည်း မလုံဘူး။ ဒီတော့ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရမယ့်၊ အုပ်ချုပ်ရတဲ့ အလုပ်ကိုစဉ်းကို မစဉ်းစားဘူး။ ကိုယ်နိုင်တဲ့ဝန်ကိုပဲ ထမ်းတယ်။ အခုက နိုင်တယ်လို့လည်း မဟုတ်ဘူး။ နိုင်အောင်ကြိုးစားနေရတာ လူတွေကိုလည်း တော်တော် စိတ်ကုန်တယ်။

NW – လူတွေကို တော်တော်စိတ်ကုန်တယ်ဆိုတော့ တစ်ခါတစ်ခါမှာ ဒီအလုပ်ကို လုပ်ချင်စိတ် မရှိတော့ဘူးဆိုတာ ဖြစ်မိလား။

KT - တကယ်လည်း လူတွေကို စိတ်ကုန်တယ်။ နေလည်း မနေချင်တော့ဘူး။ အလုပ်တစ်ခု လုပ်တယ်ဆိုတာ အားလုံးစိတ်တူကိုယ်တူနဲ့ လုပ်တာကောင်းတယ်။ တစ်ယောက်တစ်မျိုးနဲ့ ဖြစ်လာရင် ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်တွေပဲ ပါလာတယ်။ ကျွန်တော်ကတော့ မလုပ် ချင်တော့ဘူး။ မလုပ်ချင်တော့ဘူးဆိုတာ အတိုင်းအတာတော့ ရှိတာပေါ့။ ဒါပေမယ့် အများအတွက် လုပ်ပေးရမယ့်အပိုင်းတွေ၊ လုပ်ပေးရမယ့် တာဝန်တွေ၊ လုပ်ပေးရမယ့် လူ့ကျင့်ဝတ်တွေ ရှိသေးတာ ပေါ့။ ဒီအလုပ်လုပ်တယ်ဆိုကတည်းက စွန့်လွှတ်ရတာတွေက အများကြီးပါ။

NW – ဘယ်လိုအရာမျိုးတွေကို စွန့်လွှတ်ခဲ့ရလဲ။

KT - ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာထက် ဒီမှာ ပိုပြီးကြိုးစားရတယ်။ စွန့်လွှတ်ရ တယ်။ သားသမီးလည်း စွန့်လွှတ်ရတယ်။ ကိုယ့်စီးပွားရေးတွေလည်း စွန့်လွှတ်ရတယ်။ ၀င်ငွေ တစ်ပြားတစ်ချပ်မှ မရတဲ့အလုပ်ကို လုပ်နေရတာ။ ၂၀၀၁ ခုနှစ်ကစပြီး ဒီနေ့ ဒီအချိန်အထိ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်ကားနဲ့ ကိုယ်လာပြီး အလုပ်လုပ်နေရတာ၊ အသင်းသည် ကိုယ့်အတွက် မဖြစ်စေရ၊ ကိုယ်သည် အသင်းအတွက်သာ ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်နေတာ။

NW – မင်းသားတစ်ယောက်အဖြစ်လည်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သလို အခု ပရဟိတ လုပ်ငန်းကိုလည်း အောင်မြင်အောင် တည်ထောင်နိုင်ခဲ့တယ်။ အခုလို မတူညီတဲ့ နယ်ပယ်နှစ်ခု လုံးမှာ အောင်မြင်ခဲ့တာ ဘာကြောင့်လဲ။

KT - မင်းသားလုပ်တုန်းကတော့ ကျွန်တော်တို့ဆီမှာ သင်တန်းတွေရှိခဲ့တာ မဟုတ်ပါဘူး။ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ကနေ ပထမဆုံး ရိုက်ခဲ့တယ်။ သူလည်း သူတတ်သလောက် သင်ပေး ခဲ့တယ်။ ကျွန်တော်ကလည်း ကြိုးစားတယ်။ ပရိသတ်က အားပေးလာတယ်။ မင်းသားကျော်သူ ဆိုပြီး ဖြစ်လာတယ်။ ထို့နည်းတူစွာ သူ့ဆရာ၊ ဆရာတွေတော့ ရှိတာပေါ့။ ဦးအောင်မြင့်မြတ်ဆိုရင် ဒရာမာပိုင်းကို သင်ပေးတယ်။ အေ၀မ်း ဦးလှမျိုးဆိုရင် အက်ရှင်ပိုင်းကို သင်ပေးတယ်။ ကျွန်တော်က သူတို့နဲ့ သင်တန်းတစ်ခုလို သင်ရတာလည်း မဟုတ်ဘူး။ သူတို့လုပ်တာကို လေ့လာ ပြီးတော့ လုပ်ရတာ။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့စိတ်ကပဲ အရေးကြီးတာပါ။

NW – နာရေးကူညီမှုအသင်းစတော့ လူသေအလောင်းတွေကို ကိုယ်တိုင်သယ်ယူရတာနော်။ ဦးကျော်သူ မှတ်မိသလောက်လေး ပြောပါဦး။

KT - ဒီမှာက လူသေအလောင်းကို ဘယ်လိုပြင်ဆင်မယ်ဆိုတာ သင်တန်းပေးထားတာမျိုးလည်း မရှိပါဘူး။ တစ်ခါမှအလောင်း သယ်ဖူးတာလည်း မရှိဘူး။ နိဗ္ဗာန်ယာဉ်ကားလည်း မောင်းဖူးတာ မဟုတ်ဘူး။ ဆွေမျိုးသားချင်းတွေမှာတုန်းကလည်း အလောင်းကို ကိုယ်တိုင်လည်း ကိုင်ဖူးတာ မဟုတ်ပါဘူး။ အဘိုး အဘွားတွေတုန်းကလည်း ကိုင်တောင် ကိုင်ရတာမဟုတ်ဘူး။ ပထမဆုံး ကိုယ်နဲ့ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ဦးဟန်တင်ရဲ့ ရုပ်ကလာပ်ကို ကိုယ်တိုင်သယ်ရတယ်။ ကိုယ်တိုင်ကားမောင်း ပို့ပေးရတယ်။ ကိုယ်ကဒီလို ပေးဆပ်မယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် အခုလို လုပ်နိုင်တာ။

NW – ပရဟိတလုပ်ငန်းတွေမှာ စိတ်ဓါတ်က အဓိကကျတယ်လို့ ပြောရမှာပေါ့။

KT - ဒီလိုစိတ်ဓါတ်ကြောင့် ကိုယ့်ရဲ့ ခံယူချက်တွေ မှန်တဲ့အတွက် အများပြည်သူကလည်း အားပေးလာတယ်။ နာရေးကူညီမှုအသင်းကို အားပေးလာတယ်။ အရေးကြီးတာက စိတ်ဓါတ်ပဲ။

NW – တစ်ခါတလေတော့ ဦးကျော်သူအနေနဲ့ အရင်က သရုပ်ဆောင်ဘ၀ကို လွမ်းမိသေးလား။

KT - တစ်ခါတလေတော့ ကိုယ်သရုပ်ဆောင်ထားတဲ့ ကားလေးတွေကို ပြန်ကြည့်ဖြစ်ပါတယ်။ သရုပ်ဆောင်ဘ၀ဆိုတာလည်း မလွမ်းလောက်ပါဘူး။

NW – မလွမ်းလောက်ဘူးဆိုတာက …..

KT - ဒီလိုပါ။ မနေ့က လှိုင်မဟာစည်ဆရာတော် ဘုရားဆီ ရောက်ခဲ့တယ်။ ဆရာတော်ကြီးက အနုပညာသမားတွေသေရင် ပကာသငရဲကို ရောက်တယ်ဆိုတာ မြတ်စွာဘုရားနဲ့ တပည့်ရဟန်း တစ်ပါးပြောကြားတဲ့ အကြောင်းကိုဟောတာ၊ ရဟန်းတော်တစ်ပါးက မြတ်စွာဘုရားကို အနုပညာ သမားတွေသေရင် ပကာသငရဲကို ရောက်တယ်ဆိုတာ ဟုတ်လားလို့မေးတာ အဲဒါနဲ့ ပတ်သက်ပြီး ပြောဖြစ်ခဲ့တာက ကျွန်တော့်သမီးနဲ့ သားက ရှစ်တန်းနှစ် နွေရာသီကျောင်းပိတ်ရက်မှာ တရားစခန်း ၀င်တယ်။ အင်းစိန်အောင်ဆန်းတောရမှာ အဲဒီတုန်းက သမီးက ရုပ်ရှင်သရုပ်ဆောင်တွေ သေရင် ဘယ်ဘ၀ကို ရောက်လဲလို့မေးတော့ ဆရာတော်ကြီးကလည်း အဲဒီလိုပဲ မိန့်တယ်။ အဲဒီအကြောင်း ကို ဆရာတော်ကြီးကို အခုပြောပြဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာကတည်းက တုန်လှုပ်သွားပြီး ဘာသာရေးဘက်ကို တဖြည်းဖြည်း လိုက်လာခဲ့တာ။ အနုပညာသမားဆိုတာ ကလည်း ဘဘဦးသုခတို့လို ကိုယ့်ရဲ့ အနုပညာကိုလည်းဖော်ထုတ်၊ လူတွေကို အကျိုးပြုမယ့် ဇာတ်ကားတွေရိုက်ဖို့ အရေးကြီးတယ်။

NW – အသင်းရဲ့ ရန်ပုံငွေကို ဘယ်လိုကောက်ခံပါသလဲ။

KT - အသင်းအတွက် ရန်ပုံငွေကောက်ခံခြင်းတွေ မလုပ်သလိုဘဲ နိုင်ငံတကာက ဘယ်အဖွဲ့ အစည်းကိုမှလည်း အကူအညီ တောင်းခံတာမျိုး မဟုတ်ပါဘူး။ အသင်းကို လာရောက်လှူဒါန်းတဲ့ အလှူငွေနဲ့ပဲ လည်ပတ်တယ်။ စာရင်းစစ်တွေရှိတယ်။ အသင်းမှာ ငွေစာရင်းအတိအကျထားတယ်။ အသင်းရဲ့ ငွေစာရင်းတွေကို သက်ဆိုင်ရာ၊ တိုင်း၊ မြို့နယ်တွေကို လစဉ်အမြဲပို့တယ်။

NW – ပေါ်ပေါက်လာတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး ဦးကျော်သူအမြင် ပြောပါဦး။

KT - ဒီမှာ လူမှုရေးအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတယ်။ ဖောင်ဒေးရှင်းတွေ ပေါ်လာတာတွေက အစိုးရကလုပ်တာပဲလေ။ လုပ်တဲ့ရည်ရွယ်ချက်မှန်ဖို့ အရေးကြီးတယ်။ နာမည်ကြီးချင်လို့ လုပ်တာ လား။ အများပြည်သူတွေအတွက် ကူညီချင်လို့ လုပ်တာလား။ ဒါမှမဟုတ် တခြား အသင်းအဖွဲ့ကို တိုက်ခိုက်ချင်လို့ လုပ်တာလား။ ဒါတွေ ပြန်သုံးသပ်ဖို့လိုတယ်။ တကယ့်စိတ်ရင်းနဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကြရင်တော့ အောင်မြင်မယ်လို့ ကျွန်တော်ထင်တယ်။

NW – အခုလို လူမှုရေးတွေလုပ်နိုင်တဲ့ ဦးကျော်သူအတွက် အိမ်ရှင်မနဲ့ နားလည်သိတတ်မှုက ဘယ်လောက် အတိုင်းအတာအထိ ပါဝင်လဲ။

KT - သူက အပြည့်အ၀ပါဝင်တယ်။ မင်းသားလုပ်တုန်းကတော့ သူက ဒီအလုပ်ကို စိတ်မ၀င်စား ဘူး။ ဒါပေမယ့် အဲဒီကရလာတဲ့ ငွေကို စနစ်တကျ သိမ်းဆည်းတယ်။ သုံးစွဲတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ကျော်သူဟာ အလုပ်မရှိဘဲ ထိုင်စားနေနိုင်တာပါ။ အခုလည်း ဒီမှာလူမှုရေးအလုပ် လုပ်တယ်ဆိုတာ သူလုပ်ချင်တဲ့ အလုပ်ပဲ။ လူမှုရေးဟာ ဘာသာရေးနဲ့လည်း နွယ်တယ်။ ဒီတော့ ဒါဟာနှစ်ယောက်စလုံးရဲ့ ဆန္ဒပဲ။ ဒါကြောင့် ဒီနေ့အချိန်အထိ လက်တွဲပြီး ရပ်တည်နိုင်တာပါ။

NW – ဒီနေ့ လူငယ်တွေအတွက်နဲ့ ပတ်သက်ပြီး ဦးကျော်သူမှာ ပြောစရာစကားလုံးများ ရှိနေမလားပဲ။

KT - ဒီနေ့ လူငယ်တွေဟာ ကိုယ့်ဝမ်းစာကိုယ်ပဲရှာရှာ၊ ကုမ္ပဏီမှာပဲလုပ်လုပ် ဘယ်လိုဝန်းကျင်မျိုး မှာပဲဖြစ်ဖြစ် ဘယ်လောကထဲရောက်ရောက် ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ ကိုယ့်လမ်းကိုယ်သွား မယ်။ ကိုယ့်သီလ ကိုယ်လုံဖို့ တိုက်တွန်းချင်တယ်။ အဓိကတော့ သီလလုံဖို့ပါပဲ။

NW – ဟုတ်ကဲ့ပါ။ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဓိကဘယ်မှာဖြစ်ဖြစ် သီလလုံဖို့ အရေးကြီးတယ်လို့ ပြောချင်တာပေါ့နော်။

KT - ဟုတ်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဋ္ဌာနကိုပဲရောက်ရောက် မိမိရဲ့ သီလလုံနေဖို့ပဲ အရေးကြီး ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxx
ကိုကျော်သူ

0 လိုင်ဇာဒုက္ခသည်စခန်းက ဆယ်ကျော်သက် ကချင် မုဆိုးမ

လုတောင် နှင့် သားလေး ရိန်အောင်
စနေနေ့၊ သြဂုတ်လ 06 ရက် 2011 ခုနှစ် ကချင်သတင်းဌာန ( ဆောင်းပါး )

-ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ အထက် ဝေကြိုင် (Woichyai) ကျေးရွာ က ခန်းမကြီးတခုမှာ အနီ အဖြူ အနက် အပြာ ရောင်စုံထွေးပြားနေသည့် အ၀တ်ထုပ်ကြီးတွေနဲ့ အိုးခွက်ပန်းကန်ခွက်ယောက်တွေကို တွေ့နေရပါ တယ်။

ကလေးအမေတချို့ သူတို့ကလေးတွေကို ကျောပိုးထားတယ်။ အသက်လတ်ပိုင်းအမျိုးသမီးတချို့မှာ ဆောင့်ကြောင့်ထိုင်လျက်ပါ။အဘိုးအို အဘွားအို သက်ကြီးပိုင်းတချို့ကျတော့ ပါးစပ်ပင် မပိတ်နိုင်ဘဲ လိုင်ဇာ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဇာတ်လမ်းကို ၀ိုင်းကြည့်နေကြတယ်။

-သူတို့တတွေဟာ မြန်မာစစ်တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ ဇွန်လ ၉ ရက်ကနေ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အတွက်ကြောင့်မို့လို့ နေရပ်စွန့်ခွာ ထွတ်ပြေးတိမ်းရှောင်လာတဲ့စစ်ပြေးဒုက္ခသည် တွေပါ။

-လူအုပ်ကြီးနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ အမျိုးသမီးငယ်တဦးက တနှစ်သားအရွယ် ကလေးငယ်နဲ့ သူတို့ အိပ်ယာလို့ ခေါ်ရမယ့် ပလပ်စတစ်ဖျာတချပ်ဘေးမှာ ဆော့ကစားနေပါတယ်။

-အသက် ၂၀ တောင်မပြည့်သေး တဲ့ အမျိုးသမီးငယ်ကတော့ လုတောင်ဖြစ်ပါတယ်။“အို.. ငါ့ဘဝ ဘယ်လိုများ ရှေ့ဆက်သွားရမလဲ..။ ငါ့အစ်မလည်း ခြေ၊ လက် မသန်စွမ်း၊ ညီမတွေလည်း ငယ်သေးတယ်။ ခု ဘယ်လို ဒုက္ခများ ဆက်ကြုံရမလဲ။” သူ့ရဲ့ သောကတွေကို လုတောင် ပြန်ပြောပြတယ်။

စိတ်နှလုံး ညှိုးညှိုးငယ်ငယ်နဲ့ပဲ ဒုက္ခသည်စခန်းမှာ နေ့ရက်တွေ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ဖြတ်သန်း နေရအုံးမှာလဲ သူ တွေးပူနေပါတယ်။

-ဇွန်လ (၁၅)ရက် မညီညာတဲ့မြေပေါ်က ဝါးထရံကာ သက်ကယ်မိုးထားတဲ့ ဆောက်လက်စ ၁၀ ပေ ပတ်လည် ဝါးအိမ်သေးသေးမှာ တစ်နှစ် အရွယ် ကလေးငယ်နဲ့ သူ့မိခင် အိပ်မောကျနေတယ်။

ဆမားမြို့နယ်ခွဲ၊ မိုင်ဆပ်ပါ ကျေးရွာအုပ်စု၊ လမိုင့်ယန်ရွာ တစ်ရွာလုံး တိတ်ဆိတ်နေတာ မိုး ဖွဲဖွဲ ရွာကျနေတာ ကလွဲပြီး ဘာသံမှ မကြားရဘူး။ အချိန်က မနက် ၃ နာရီခွဲ နေပြီ။“ဝုန်း” အသံကြီးက အိပ်မောကျနေတဲ့ လမိုင့်ယန် တရွာလုံးကို လှန့်နိုးစေခဲ့တယ်။ ဒါမဲ့လို့ ကလေးမိခင် လုတောင်ကတော့ အိပ်လို့ ကောင်းနေဆဲပါ။

မနက် မိုး မသောက်ခင်မှာ လူလတ်ပိုင်းအရွယ် ပခုံးပေါ်ကြယ် နှစ်ပွင့်နဲ့ KIA ဗိုလ် တစ်ယောက် လုတောင်ရဲ့ အိမ်ဆီ ခြေလှမ်းကျဲကျဲနဲ့ ဦးတည်လာပါတယ်။“လုတောင်၊ လုတောင်” ဆိုသည့် ခေါ်အော်သံနဲ့အတူ လုတောင်မှတ်မိနေတဲ့ လက်ကိုင်ဖုန်းတစ်ခု နှစ်ပွင့်ဗိုလ်က သူ့ကို လှမ်းပေးလိုက်တယ်။ “သွေးတွေ ပေနေတဲ့ လက်ကိုင်ဖုန်း။ ဘုရားသခင် သနားတော်မူပါ။”အာမေဍိတ်သံ နဲ့တူ လုတောင်မျက်နှာမှာ ဖြူဖတ်ဖြူရော ဖြစ်သွားတယ်။

နောက်တစ်ကိုယ်လုံးပျော့ခွေ သွားတယ်။ တဒုန်းဒုန်း ခုန်နေသည့် ရင်ကိုလက်နဲ့ဖိထားလျက်ပဲ သူ့အမျိုးသား တစ်ခုခု ဖြစ်နေပြီလား ဆိုသည့် အတွေးကလွှမ်းမိုး ထားတော့ ပတ်ဝန်းကျင်ကို မမြင်တော့ဘူး…။ KIA ဗိုလ်က သူ့အမျိုးသား မခေါ်လဆိုင်းနဲ့ ပတ်သက် ပြီး ဘာတစ်ခွန်း မှ ပြောမလာပါဘူး။ ဆေးရုံလိုက်သွားဖို့တစ်ခုပဲ ပြောလိုက်တယ်။

မခေါ်လဆိုင်းဟာ ၂၀၀၅ ခုနှစ်တွင် KIO ထဲဝင်ကတည်းက ယခုလက်ရှိ နမ်ဆမ်ယန်ကျေးရွာ၊ ဂျာအင်ယန် တိုက်နယ်ရုံးမှာ စာရေးအဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ရှေ့တန်းထွက်နေတာ ၂၇ ရက်ပဲရှိသေးတယ် ဖြစ်တယ်။လုတောင်မှာ အိပ်ပျော်နေတဲ့ ၁နှစ်ကျော် သားလေး ရိန်အောင်ကို ပိုးချီပြီး နှစ်ပွင့်ဗိုလ်နှင့်အတူ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အထက် ဝေကြိုင် ပြည်သူ့ဆေးရုံကို လိုက်သွားပါတယ်။

- ဟိုရောက်တော့ လူနာကုတင်ပေါ်မှာအဝတ် ဖြူဖြူ နဲ့အုပ်ထားသည့် အလောင်း နှစ်လောင်းကို မြင်ရတော့တယ်။“ဘယ်တစ်ယောက်လည်း ကျမ အမျိုးသား” သူ့မျက်လုံးဖြင့် ဝှေ့ရမ်း ရှာနေတယ်။ အလောင်း ဘေးပတ်ပတ် လည်မှာ ဆရာဝန်၊ ဆေးဆရာမများနဲ့ ဝိုင်းကြည့်နေကြတယ်။ သူမ ရောက်လာတော့ ရုတ်ရုတ်သဲသဲနဲ့ အလောင်း နားက လူတွေ ခွာသွားကြတယ်။သူမ သိလိုက်ပါပြီ။ သူမ ပါးတပြင်လုံး မျက်ရည် ပေါက်ပေါက် စီးကျလာတယ်။ ကုတင်နားတိုးပြီးတော့ “ယောက်ကျားရေ ကျမတို့ သားအမိကို ထားခဲ့ပြီပေါ့”။ အော်ငိုရင်း မေ့မျော်သွားတယ်။

-၂၀၀၉ခုနှစ်မှာ သူတို့နှစ်ဦး ဆွေမျိုးမိဘတွေသဘောမတူတဲ့ကြားကနေ အိမ်ထောင်ပြုခဲ့ကြတယ်။အိမ်ထောင် သက် ၃ နှစ်ထဲမှာပဲ လုတောင်တို့ သားအမိကို အဖေလုပ်တဲ့ KIO စာရေး မခေါ်လဆိုင်း နှုတ်မဆက်ဘဲထွက်ခွာ သွားခဲ့တယ်။

-နောက်ထပ် ရုပ်အလောင်းတစ်ခုကတော့ KIA မှာ မိုင်းရှင်းတဲ့ တာဝန် ထမ်းဆောင်နေတဲ့ ဒုဗိုလ် ဆွမ်ခါ ဆိုင်းဒူရဲ့ ရုပ်အလောင်းပါ။ကျဆုံးသွားသည့် KIA စစ်သားနှစ်ဦးဟာ ဆမားမြို့နယ်မှာ ရှေ့တန်းထွက်နေရင်း ဆွမ်းယန်ရွာနှင့်မိုင်ဆပ်ပါ ကျေးရွာကြားမှာ မိုင်းထိမိပြီး ကျဆုံးသွားတာဖြစ်တယ်။

-လုတောင် သတိပြန်ရလာတော့ သူ့အမျိုးသားကို မိုင်ဆပ်ပါကျေးရွာမှာ သင်္ဂြီုလ်ဖို့ စီစဉ်နေပြီ။ ခုတော့ သူမဟာ သားလေးနဲ့တူ ပျောက်ဆုံးနေသည့် အနာဂတ်ကို ဘယ်လိုလျှောက်လှမ်းရမလဲ တွေးရင်းနဲ့ မျက်လုံးအိမ်ထဲ မျက်ရည်ဝဲလာပြီး အဝေးကို ငေးမောကြည့်နေပါတော့တယ်။

-လုတောင်ရဲ့ ဖခင် မရမ်လ ဟာ ကွန်မြူနစ်ပါတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီးတော့ ၁၉၉၁ ခုနှစ်မှာမြန်မာစစ် တပ်မတော်က သူမတို့ အိမ်ရှေ့မှာဘဲ ဖမ်းဆီး ပစ်သတ်သွားခဲ့ပါတယ်။စစ်ကြီး မပြီးသေးသ၍ လုတောင်တို့ အတွက် ဒုက္ခတွေ က မပြီးသေး။ လုတောင်တို့ ချစ်တဲ့မြေမှာ ယမ်းငွေ့တွေ သေနတ်သံတွေနဲ့ သွေးငြီးနံ့တွေ မပြယ်သေးသရွေ့ အိမ်ပြန်ရမယ့် အချိန်လည်းမရေမရာ ဖြစ်နေဦးမှာပါ။

-အတန်ကြာ ငေးနေရင်းကနေ လုတောင်တစ်ယောက် သက်ပြင်းချပြီးစကား ဆက်ပြောလာတယ်။“ကျမ သူငယ်ချင်း ထုဆမ်ကတော့ သူ့အမျိုးသား ဆိုင်းဒူရဲ့ အလောင်းကိုတောင် မမြင်လိုက်ရဘူး…။” ဝေကြိုင် ယာယီ ဒုက္ခသည် စခန်း

0 The Lady ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့နှင့်ဒါရိုက်တာ Luc Besson၏ ပြောဆိုချက်


Cnn

0 ၄နှစ်အတွင်း ဒုတိယအကြိမ် ၈ လေးလုံး နှစ်လည်ဆွမ်းဆက်ကပ်မည်


ကျောင်းသားဦးဆောင်သည့် ဒီမိုကရေစီ လှုပ်ရှားမှုနှစ်ပတ်လည်နေ့ ဖြစ်သည့် ၈ လပိုင်း ၈ရက်နေ့တွင် ၈၈ မျိုးဆက်နိုင်ငံရေး လှုပ်ရှားသူများက နှစ်ပတ်လည်ဆွမ်း ဆက်ကပ်မည်ဟု သိရှိရသည်။ ဆွမ်းကပ်လှူမည့် ကျောင်းမှာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းတွင် တည်ရှိသည့် သာဓုပရိယတ္တိ စာသင်တိုက်ဖြစ်၍ နံနက် ၉နာရီမှ ၁၁ နာရီထိ ကျင်းပမည်ဟု လည်းသိရှိရသည်။

၂၀၀၇ ခုနှစ် မင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်နိုင်ငံရေး ခေါင်းဆောင်များက နှစ်လည်ဆွမ်းကပ်သည့် အခမ်းအနားကျင်းပခဲ့ပြီးနောက် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပမည့် ပွဲလည်း ဖြစ်သည်။

၈၈ မျိုးဆက်နိုင်ငံရေး လှုပ်ရှားသူများ အနေဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဖမ်းဆီးမခံရမီ သီတင်းပတ်အနည်းငယ် အလိုတွင် နှစ်လည်ဆွမ်းဆက်ကပ်ခြင်းကို နောက်ဆုံးကျင်းပခဲ့သည်။

၂၃ ကြိမ်မြောက် နှစ်လည် ဆွမ်းကပ်လှုမည့်ဖိတ်စာတွင် ဆွမ်းကပ်ခြင်း ရည်ရွယ်ချက် ၂ ချက်ကိုဖေါ်ပြထားသည်။ ပထမအချက်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး နှင့်ဒုတိယ အချက်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။

ပွဲစီစဉ်သူများအနက် ပါဝင်သူ တစ်ဦးက “ ၁၉၈၈ခုနှစ်ဆိုတာ မြန်မာနိုင်ငံရဲ့ လူမှုရေး စီးပွားရေးကဏ္ဍတွေသာမက နိုင်ငံသားတစ်ဦးစီရဲ့ ကံကြမ္မာကိုပါ ပြန်လည် ဖန်တီး ပြောင်းလဲစေတဲ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဘုန်းကြီး ဆွမ်းကပ်လှူတာပါ” ဟု ပြောသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျောင်းသားများ ဦးဆောင်ပြီး ဦးနေ၀င်း ဦးဆောင်သည့် တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြကာ တစ်လခွဲကြာ ဆန္ဒပြမှုအပြီး စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူခဲ့သည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ဆန္ဒပြသူ ကျောင်းသားနှင့် အရပ်သား လူထောင်နှင့်ချီ အသက်ဆုံရှုံးးခဲ့ကြရသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပထမဆုံး ကျင်းပခြင်းဖြစ်သည့် ၈လေးလုံး နှစ်ပတ်လည်နေ့ ဆွမ်းကပ်ခြင်းနှင့် ပတ်သက်၍ စီစဉ်သူတဦးက “ ဒီလို ၂၃နှစ်ပြည့်ပတ်လည် အောက်မေ့ဖွယ် ဘုန်းကြီးဆွမ်းကျွေးပွဲနှင့် သင်္ကန်းကပ်လှူပွဲဟာ ကြည်လင်တဲ့ အမြင်နဲ့ ရှေ့ဆက်ကြဖို့ မျှော်လင့်ရင်းကပ်လှူတာပါ” ဟု ပြောသည်။

ယခင် ၈၈ အရေးအခင်း ဖြစ်ပွားစဉ်က ကျောင်းသားနှင့် လူထုမှာ ဖြိုခွင်းမှုဒဏ်ကို ရင်ဆိုင်ခံစားခဲ့ရသော်လည်း ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ အတူ အကောင်းဘက်ကို ရှေ့ရှုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပသည်ဟုလည်း ၄င်းက ဖြည့်စွက်ပြောဆိုသည်။

၂၀၀၇ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့သည့် ၈လေးလုံးနှစ်ပတ်လည် ဆွမ်းကပ်ခြင်း အခမ်းအနားကို ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားဝင်း အတွင်းရှိ သိပ္ပံကျောင်းတွင်ဖြစ်သည်။

Yangon PressInternational

0 စိုက်ပျိုးစားရိတ်လောက်ဌအောင်မထုတ်ပေးသောကြောင့် လယ်သမားများဒုက္ခရောက်




လယ်သမားတော်တော်များများဟာ လယ်တစ်ဧကကို ကုန်ကျစားရိတ်က တသိန်းအထက်မှာဘဲရှိပါတယ်။ အစိုးရကစိုက်ပျိုးစားရိတ်ထုတ်ချေးတာတစ်ဧကကို၂၀၀၀၀(နှစ်သောင်းဘဲထုတ်ချေးတော စိုက်ပျိုးစားရိတ်အတွက် လိုတဲ့ငွေကိုအတိုးနူန်းမြင့်မားစွာနဲ့ ငွေရှင်တွေဆီက ချေးရရော ရာသီဥတုတွေဖောက်ပြန်လို့ စပါးထွက်နူန်း တွေကျတော့ မဆပ်နိုင်တွေဖြစ်တော့အမူ့အခင်းတွေ ဖြစ်ကြပြန်ရော။

အဲဒီတော့လယ်သမားတွေကိုငွေရှင်ရယ်၊ အာဏာပိုင်ရယ်၊ မြေစာရင်းရယ်ပေါင်းပြီး လယ်သမားတွေကို ဒုက္ခ ပေးကြတော့တာဘဲ..လယ်သမားတွေ၊ ရာဇ၀တ်ပြစ်မူ့တွေနဲ့ထောင်တွေကျရရှာကြတယ်ဗျာ။

အဲဒါတွေကိုဖြေရှင်းနိုင်ဘို့ဆိုရင်လယ်သမားတွေကို စိုက်ပျိုးစားရိတ်လောက်ဌအောင် ထုတ်ပေးတာတို့ လယ်သမားတွေရဲ့ကျန်းမာရေးတွေကိုဂရုစိုက်ပေးတာတို.စတာတွေကို လယ်သမားတွေနဲ့ လက်တွေ့ ဆွေးနွေး ညှိနိုင်းအဖြေရှာကြရမယ့် တာဝန်ဟာပြည်သူ့အစိုးရလို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ တည်ဆဲအစိုးရရဲ့ တာဝန်တွေပါ..

ကျွန်တော်တို့လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)အနေနဲ့ကတော့ ဥပဒေဘောင်အတွင်းကနေလယ်သမားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးများကိုတောင်းဆိုသွားမယ်လို့

HRWDN (လူ့အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်)

0 ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာအပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှ တရားဝင် ပြန်ကြားစာ။

Reply Letter From UNFC to Daw Aung San Suu Kyi
ပေးပို့သော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်...

Friday, August 5, 2011

0 ဇော်ဇော် သို့မဟုတ် သွေးသောက်ဘီလူး


နအဖဒေါက်တိုင်
.......................
နအဖကို အာဏာ သက်ဆိုးရှည်အောင် ထောက်ပံ့နေတဲ့ဒေါက်တိုင် ၃ မျိုး ရှိပါတယ်။
၁။ စစ်သားဦးရေ ၂ သိန်းကျော်(ခန့်မှန်း)ရှိတဲ့ စစ်တပ်ကြီး

၂။ ကြံ.ဖွင့် ၊ စွမ်းအားရှင် (သန်းဂဏန်း)

၃။ နအဖစားဖားများ ( ၄င်းတို့ အခေါ် စည်းပွားရေး လုပ်ငန်းရှင်ကြီးများ )

ပထမအဖွဲ့က လူထုဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အသေပြစ်သတ်ခိုင်းရင် ပြစ်မဲ့ အဖွဲ့ပါ။
ဒုတိယအဖွဲ.က နအဖ အာဏာမြဲရေး အတွက် မဲလိမ် မဲခိုးပေးမဲ့အဖွဲ.
တတိယ အဖွဲ.ကတော့ နအဖ စစ်ခေါင်းဆောင် တွေ စည်းစိမ်အာဏာ မှာ ရစ်မူးနေအောင် ငွေကြေးရှာဖွေပေးနေသူများ။

ဇော်ဇော် က တတိယအဖွဲ.ထဲမှာပါတဲ့ နအဖ ဒေါက်တိုင် မြန်မာနိုင်ငံ စစ်သက်ဆိုးရှည်အောင် ထောက်ပံ့နေသူ။


အမှားတွေကြာတော့ အမှန်တွေဖြစ်

..........................................

ဇော်ဇော် ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး စည်းပွားတက်လာသူ တနည်း စစ်ဗိုလ်ချုပ်များနဲ့ အပြန်အလှန် စီးပွါးရေး အထောက်အပံ့ပေးနေသူ သူ့ရဲ့ ချမ်းသာမှုကို မီလျံ အဆင့်ထိ ခန့်မှန်းကြပါတယ်။

ဒီနေရာမှာ သူဟာ တခြား စီးပွါးရေး သမားတွေထက် ပါးနပ်တဲ့ အချက်က ပြည်သူထောက်ခံမှုရအောင် ကြိုးစားယူပါတယ်။

ပြည်သူ အသဲစွဲ ဘောလုံးလောကမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပါတယ်။ ဖီဖာ ဥက္ကဌကိုတောင် မြန်မာနိုင်ငံ ရောက်အောင် ခေါ်နိုင်ခဲ့တယ်။

ငွေကိုကောင်းကောင်းသုံးခဲ့တယ်။ ပြည်ပဘောလုံးသမားတွေ ဌားရမ်းပီး ဘောလုံးလောက တိုးတက်ရေးဆိုပြီး လုပ်ကိုင်ခဲ့တယ်။

သူသုံးစွဲခဲ့တဲ့ ငွေဘယ်လောက်များမလဲ ဒေါ်လာ ၂ သန်းဟု ခန့်မှန်းမည်ဆိုလျှင် သူပိုင်ငွေရဲ့ မပြောပလောက်တဲ့ ရာခိုင်နှုံးသာ ရှိပါမယ်။ဘောလုံး လောကကို အကြောင်းပြပြီး နိုင်ငံကြီး တိုးတက်နေသယောင် နအဖရဲ့ ဟန်ပြတွေကို ပူးပေါင်းဖန်တီးနေသူဖြစ်ပါတယ်။

နအဖကိုလည်းဖား ပြည်သူကိုလည်း လှည့်စားနေခြင်းမျှသာ။ ဒီလိုလုပ်လို့လည်း တဖက်လှည့် ပြန်ရခဲ့တဲ့ အကျိုးအမြတ် ပရောဂျက်က သူကုန်ကျ ငွေထက် များဖို့ပဲရှိပါတယ်။

ဒီငွေတွေ အားလုံးဟာ ပြည်သူတွေရဲ့ အသက်တွေ အသွေးတွေ ၊ သူ့ရဲ့ မတရားမှုကရတဲ့ ချမ်းသာမှုဟာ ပြည်သူ့ဘဏ္ဍာ လုယူခိုးစားနေမှုများသာလျှင်ဖြစ်ပါတယ်။ သူရဲ့ တကွက်ကောင်း အများအမြင်လှအောင် နအဖကို ဖားတဲ့ လုပ်ရပ်ဆိုတာကို လူတွေ ထည့်မတွက်မိကြဘူး။ ဒီလိုနဲ့ ပြည်သူတွေမှာ သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ထင်ယောင်ထင်မှားနဲ့ မှန်သလိုထင်လာပြီး စစ်အစိုးရကို မသိစိတ်က အလိုလို ထောက်ခံနေအောင် ဖန်တီးထားတဲ့ လုပ်ကွက်သက်သက်ပါ။ ကျွန်တော်တို့ ဘက်က မြင်အောင်ကြည့်နိုင်ဖို့ လိုပါတယ်။ ဒီလူတွေဟာ အမျိုးမျိုး လှည့်စားပြီး အာဏာကိုဆုပ်ကိုင်ထားဖို့ ကြံစည်နေသူများသာ။

ငါမရှိလဲဖြစ်တယ်

......................

ဒီနေရာမှာ လူတွေရဲ့ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းတခုကို ဆွေးနွေးလိုပါတယ်။ တချို.သူတွေဟာ ဒီအဖွဲ.မှာငါရှိမှ ဖြစ်မှာ။ သူရှိမှ ဖြစ်မှာ ဆိုတဲ့ အတွေးအခေါ်တွေဟာ တော်တော်ကို ဒုက္ခဖြစ်စေပါတယ်။ ခိုင်မာတဲ့ လူ့အဖွဲ.အစည်းတရပ် သို့မဟုတ် အများလက်ခံနိုင်သော စည်းစံနစ်တွေရှိနေတဲ့ လူ့အဖွဲ.အစည်းမှာ "သူ", "ငါ" ဆိုတာတွေ မလိုတော့ပါဘူး။ ဥပမာ ယနေ့ အမေရိကန်သည် အိုဘားမား ကြောင့်မဟုတ် အိုဘားမား ဆိုသူ သမ္မတ မဖြစ်လည်း အမေရိကန်ကတော့ ဆက်လက်ချီတက်နေမှာပါ။

အမေရိကန် အတွက် သူ ရှိမှ ငါ ရှိမှ ဆိုတဲ့ အတွေးအခေါ် မလိုပါဘူး။ အိုဘားမား မရှိလည်း အမေရိကန်ကို အုပ်ချုပ်နိုင်သော သမ္မတတွေ အများကြီးရှိနေပါသေးတယ်။

ကျွန်တော် ဆွေးနွေးလိုတာက ယနေ့ ဘောလုံးလောက တိုးတက်နေတာဟာ ဇော်ဇော်ကြောင့် ၊ သူဖန်တီးခဲ့လို့ ။ ကျွန်တော် လက်မခံပါ။ ဒါပေမဲ့ နိုင်ငံတော် အစိုးရတရပ်အနေနဲ့ နိုင်ငံရဲ့ ဘောလုံးလောကကို တိုးတက်စေချင်ရင် တိုးတက်ဖို့ စေတနာအမှန်ရှိရင် ဇော်ဇော်ဆိုတာမလိုတော့ပါဘူး။ သူ့နေရာမှာ အခြားသူ့လို လုပ်နိုင်သူတွေ ရှိမှာပါ။ အခြားတဖက်ကတွေးရင်လည်း စည်းပွားရေးသမားတယောက်က ဘောလုံးလောကကို ငွေစိုက်ပြီး တိုးတက်အောင် လုပ်နေတယ်။ ဘာကြောင့်ပါလည်း။ သူ့အတွက် အကျိုးအမြတ် ပြန်မရနိုင်သော နေရာ၌ ငွေကြေးအမြောက်အများ သုံးစွဲလျှက်ရှိနေတယ်။ ဘာကြောင့်လည်း။ မေးစရာတွေ ဖြစ်လာပါပြီ။

ကျွန်တော့ အမြင်ကတော့ အခြားတဖက်လှည့် နအဖကို ပရော့ဂျက်များရအောင် ဖားနေခြင်း နိုင်ငံတော်ကြီး တိုးတက်နေသယောင် နအဖ လှည့်ကွက်အား အားဖြည့်နေခြင်းသက်သက်သာ ဖြစ်ပါတယ်။ နအဖ အလိုတော်ရိ စားဖား တယောက်အတွက် "စေတနာနဲ့ လုပ်နေတာပါ" ဆိုတဲ့ စကားလုံးဟာ ထိုက်တန်ပါရဲ့လား။ နအဖနဲ့ စားဖားတွေဟာ ပြည်သူတွေရဲ့ အသွေးအသားကို စားသောက်နေကြသော ဘီလူးများသာ။


တံလျှပ်ကိုရေထင်

..........................

နအဖ စစ်သက်ဆိုးကို တိုက်ထုတ်တဲ့နေရာမှာ အရေးအပါဆုံး ဒေါက်တိုင်တွေကို ဖြိုဖို့လိုပါတယ်။ ဇော်ဇော် ဟာ ဒီအထဲက တယောက်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပါ။ သူဟာ နအဖလို အာဏာရူးတွေကိုတောင် လက်ထဲထည့်ကစားနိုင်ရင် ကျန်ပြည်သူတွေကိုတော့ အေးအေးဆေးဆေး ပင် လှည့်စားနိုင်သူပါ။ သူ့ကိုထောက်ပံ့နေတဲ့ ဂျာနယ်တွေကရော သူ့လို နအဖစားဖားတွေ ၊ နအဖ ထုတ်ဂျာနယ်တွေပါ။

ဒီနေရာမှာ တံလျှပ်ကို ရေထင်နေအောင် သူတို့ကို သူရဲကောင်းတွေ အဖြစ်မြင်လာအောင် ဖန်တီးနေခြင်းသက်သက်မျှသာ။ အချိန်ဆွဲ သွေးအေး အောင်လုပ်တဲ့နည်းဗျူဟာ တွေသာဖြစ်ပါတယ်။ ကြာလာရင် ဒီလူတွေဟာ နအဖနဲ့ လက်ဝါးရိုက်ပြီး ဘွဲ.တံဆိပ်တွေ မျိုးစုံအောင်ယူ ၊ နိုင်ငံတော်ရဲ့ ကယ်တင်ရှင်ကြီးတွေဖြစ်ပြီး အတိုက်အခံတွေကတော့ အဖျက်သမားတွေဖြစ်ကုန်တော့မှာပါ။

ယခုပင်လျှင် စောင့်ကြည့်ပါအုံး စောင့်ကြည့်တာပေါ့ ဆိုသူတွေ ဘာတွေများ ထူးထူးခြားလာတာတွေ.နေရပါသလည်း။

အားလုံးဟာ နအဖရဲ့ စုံလင်သောလှည့်ကွက်တွေကို တံလျှပ် ရေထင်သကဲ့သို့ မေ့မြောနေကြပါပြီ။ ဒီလိုနဲ့ပဲ စစ်မျိုးဆက်တခုကတော့ ဆက်လက် ရှင်သန်နေအုန်းမည်ဟု ထင်မြင်မိပါကြောင်း။

ရှက်သင့်တာကို ရှက်တတ်ကြပါစေကြောင်း နှင့်အားလုံးပဲ မှန်မှန်ကန်ကန် သုံးသပ်ရင်း မြင်အောင်ကြည့်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

ရဲသူရိန်မင်း

04.08.2011

GMT : 22.35
ဇော်ဇော်ဆိုတာ ဘယ်လိုလူစားမျိုးလဲ သိနိုင်ရန် ၀ီကီလိတွင် ဖေါ်ပြခဲ့သော 2009 ခုနှစ်က အကြောင်းထည့်သွင်းဖော်ပြလိုက်ပါတယ်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ

(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။


လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီးပွားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)


အကျဉ်းချုပ်


-------

(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာကုမ္ပဏီစု (Max Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြားအရင်းအနှီး များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်းမန်နေဂျာများ (စာပိုဒ် ၅ တွင် ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြုထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)

နောက်တိုး စီးပွားရေးလုပ်ငန်းများ

--------------

(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာကုမ္ပဏီစုကို ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံးအတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည် ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။ ပင်းယ ထုတ်လုပ် ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေးဌာနခွဲပေါင်း (၁၃) ခုရှိသည်။

ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နေကြောင်း၊ ၎င်း တိုးချဲ့လုပ်ငန်းများတွင် အာရှလေဆိပ် စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေသွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ် စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြုပေးခဲ့သည်။ စီးပွားရေးအဆက်အသွယ် (---) ၏ သတင်းပေးချက်အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည် ၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲမှာ ကျောက်စိမ်းအမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည် (သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။

(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစားဘောလုံးအသင်း တသင်းဖြစ်သော ဒယ်လ်တာယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာကစားရန် ငှားထားသည်ဟု အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက်အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင်ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။



(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြစ်သည်။

ရန်ကုန်

-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။

-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။

-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။

-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။

-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။

-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။

သံရုံး၏ အကြံပြုတင်ပြချက်

-----------------
(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက်အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော အလယ်အလတ်အဆင့် အပေါင်းပါတဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြားအရင်းအနှီးများထိန်းချုပ်ရေးရုံး (OFAC) ၏ ပစ်မှတ်ထားသော ဒဏ်ခတ်စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။

(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ရှိသည်။ ၎င်း၏ နှစ်စဉ် စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင်ဘတ်ဂျက်ထက် များစွာပို သည်။ သာဓကအားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက် ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေသတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။

(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉) ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏ အခြားအခြေခံအဆောက်အအုံလုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင်တဦးကပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည် ခွင့်ပြုငွေအများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း)ရရှိခြင်းဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန် ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံအစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအတွက် ကျပ်ငွေ (၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) တိုးခွင့်ပြုခဲ့သည်။

အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း

---------------------

(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအစိုးရ၏ အခွန် စီမံအုပ်ချုပ်မှုစနစ်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန်လွတ်ငြိမ်းခွင့်ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာစစ်အစိုးရသည် အဓိက အကြောင်းများဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှုမရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေးစနစ်ကို ၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်းတိုးရမည်ဟူသော အစိုးရ၏ ကြိုတင်တွက်ကိန်းမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။

(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်းအပေါ်မူတည်လျက် ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်းအားဖြင့် အခွန်တော်ဝင်ငွေတိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့ ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုးကွဲနေသော ငွေကြေးလဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏ နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေးသွားစေသည်ဟု မြန်မာအစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။

(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်း အများစု သည် အရှုံးနှင့် စခန်းသွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အသားတင် အရှုံးသည် အကြမ်းဖျင်းအားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည် အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁) သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာပိုနေပါသည်။ တရားဝင်ထုတ်ပြန်သော ဘတ်ဂျက်စာရင်း ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ (၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။

(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခုအဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှုစွမ်းရည်ကို ထိခိုက်နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေးအဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန် အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက်ခြစားမှုသည် ပြည်တွင်းအခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။

ထင်မြင်သုံးသပ်ချက်

-------------

ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေသတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက် ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည်စိတ်ချရလောက်စရာမရှိသဖြင့်) မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့်အထဲ ထိပ်တန်းခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး ထားသော လုပ်ငန်းများအတွက်သာ ရန်ပုံငွေများကို သတ်မှတ်ခွဲဝေပေးကာ စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့် ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာထားသော်လည်း အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။ မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။

http://www.mizzimaburmese.com/special/burma-related-leaked-us-cables/6608-2010-12-17-07-46-21.html

0 သမ္မတက စလို့ နိုင်ငံသားတွေ အဆုံး စွဲမြဲနေဆဲ အကျင့်ဆိုးများကို ပြင်ကြစေဖို့ (ဆရာ ချစ်ဦးညို)



သမ္မတက စလို့ နိုင်ငံသားတွေ အဆုံး စွဲမြဲနေဆဲ အကျင့်ဆိုးများကို ပြင်ကြစေဖို့ အတွက် အားလုံးသိအောင် စေတနာများဖြင့် ရင်ဖွင့်ပြသွားတဲ့ တောင်ငူစာပေဟောပြောပွဲမှဆရာ ချစ်ဦးညိုရဲ့ ရင်ဖွင့်စကားသံလေးကို နားဆင်ကြည့်စေချင်ပါတယ်........။

မျှဝေသော ဗမာ့သွေးအားကျေးဇူးတင်ရှိပါသည်..
စာပေဟောပြောပွဲမှ စာရေးဆရာကြီးများ၏ ဟောပြာချက်အသံဖိုင်များကို ဒီနေရာမှာ ဒေါင်းလုပ်လုပ်၍ နားထောင်နိုင်ပါတယ်...

1 ဟစ်ဟော့ အဆိုတော် ဇေယျာသော် စတိတ်ရှိုး သီဆိုခွင့် အပိတ်ခံရ

ရန်ကုန်၊ သြဂုတ် ၄၊ ၂၀၁၁ (YPI) - ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပရန် ရှိသည့်ဆည်းဆာရိပ်ဘိုဘွားရိပ်သာ ရန်ပုံငွေဖျောဖြေပွဲတွင် ဟစ်ဟော့ပ်အဆိုတော်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ဇေယျာသော်အား ၀င်ရောက်ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းခံထားရသည်ဟု ၄င်းက YPI သို့ပြောသည်။

စာရေးဆ၇ာမ ဒေါ်သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲအဖြစ် စင်တင်တေးဂီတပွဲကို သြဂုတ်လ ၆ရက်နေ့တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌အခြားနာမည်ကြီး အဆိုတော်များနှင့် အတူ ဇေယျာ်သော်၊ ရန်ရန်ချမ်း၊ အနဂ္ဂတို့ ပါဝင်သော အက်စစ်အဖွဲ့ပါဝင်ကျင်းပရန် စီစဉ်ထားခြင်းမှ ယခုလို အပိတ်ပင်ခံရခြင်းဖြစ်သည်။

`ကျွန်တော် မနေ့ကမှ သိရတာပါ။ ကျွန်တော့်ဆီကို တိုက်ရိုက်ဆက်လာတာ မဟုတ်ပါဘူး။ စီစဉ်သူ ဆည်းဆာရိပ်ကိုပဲဆက်တာပါ။ လက်ရှိအနေနဲ့ ကျွန်တော်ကို တရားဝင်စာနဲ့ ပိတ်တာမဟုတ်ဘူး နောက်ပြီးတော့ ဂီတအစည်းရုံးကလဲ ကျတော့်ကို အနုပညာ လှုပ်ရှားခွင့် ပိတ်ထားတာမျိုး မရှိခဲ့ဘူး။ ဘယ်အဖွဲ့ အစည်းက ပိတ်တာမှန်း မသိလို့ ကျွန်တော့်အနေနဲ့ တရားဝင်တယ်လို့ မထင်ဘူး´လို့ ကိုဇေယျာသော်က YPI ကို ပြောပြသည်။

ပွဲစီစဉ်သူများကို မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ သြဂုတ်လ ၃ရက်နေ့တွင် ဆင့်ခေါ်ပြီး ဇေယျာသော်ကိုသီဆိုခွင့်မပေးနိုင်ဟု တားမြစ်လိုက်ခြင်းအပေါ် ဇေယျာသော်က ဘာကြောင့်တားမြစ်တယ်ဆိုတာ ဆက်စုံစမ်းမှာဖြစ်ပြီး နားလည်တတ်ကျွမ်းသူများနှင့် ဒီကိစ္စကို တိုင်ပင်သွားမည်ဟုပြောသည်။ ပွဲကျင်းပရေး အတွက် အနှောက်အယှက် ဖြစ်မည် စိုးသဖြင့် ယခုလောလောဆယ်စုံစမ်းမှုကို ရပ်ထားမည်ဟု ပြောသည်။

မဆုံတွေ့ရတာကြာပီ ဖြစ်သော အက်စ်အဖွဲ့၏ဆုံစည်းမှုကို စောင့်မျှော်နေသည့် ပရိတ်သတ်အပေါ် သူတောင်းပန်လိုကြောင်းပါ ပြောပြခဲ့သည်။

`ကျွန်တော်တို့ ပရိသတ်ကို ချပြဖို့ သီချင်းအသစ်ရော အဟောင်းပါ စီစဉ်ထားပါတယ်လို့ ပရိတ်သတ်ကို ပြောချင်ပါတယ်´ဟု မကြာမှီကာလ ကမှ ကော့သောင်းအကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ဟစ်ဟော့ပ်အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဇေယျာသော်က ပြောသည်။

Yangon PressInternational

0 ဗုဒ္ဓမြတ်စွယ်တော်ပွား နှစ်ဆူ ဖူးမြော်နိုင်ပြီ


မြန်မာ တို့၏ ကျက်သရေဆောင် အထွတ်အမြတ်ထားရာဖြစ်သော ဥဒေါင်း တစ်ကောင်သည်လည်း ကြိုဆိုဖူးမျှေိာ
အဖြူရောင်အဆင်းရှိသော တောက်တဲ့ကြီး တစ်ကောင်လာရောက်ကြိုဆို ဖူးမြော်

ဗုဒ္ဓမြတ်စွယ်တော်ပွား နှစ်ဆူ ဖူးမြော်နိုင်ပြီ

မမျှော်လင့်ဘဲနှင့် ရုတ်တရက်ကြွရောက်လာသော တရုတ်ပြည် ပီကင်းမြို့ ဆင်ခြေဖုံး ရှုခင်း ကောင်းလှသည့် အနောက်ဖက်တောင်ကုန်းများပေါ်ရှိ (လိကွမ်း) ဘုန်းတော်ကြီး ကျောင်းတော် အတွင်း တွင် တည်ရှိခဲ့ပြီး ဤမြတ်ဗုဒ္ဓစွယ်တော်သည် တရုတ်ပြည်တွင် ကိန်းဝပ်စံပယ်တော်မူသည်မှာ နှစ်ပေါင်း (၁၅၀၀) ကျော်ခဲ့ပြီဖြစ်သည်။ ၄င်းဗုဒ္ဓမြတ်စွယ်တော်ပွားအား ၂.၈.၂၀၁၁၁ (အင်္ဂါနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမာစာရ ဦးစီးပင့်ဆောင်ခဲ့သည်။

ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ မပင့်ဆောင်မီ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ခေတ္တခဏ ကိန်းဝပ်အပူဇော်ခံယူခဲ့ရာ နာရေး ကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယကာမများနှင့် “အိုကေ” ကုသိုလ်ဖြစ်သာသနာပြု ရှမ်းတီးဝိုင်းအဖွဲ့တို့မှ အနီးကပ် ဖူးမြော် ခဲ့ကြပြီးနောက် နေ့လည် (၃း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပင့်ဆောင် ကာ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အပူဇော်ခံထားရှိရန်အတွက် ဆရာတော်ဘဒ္ဒန္တ သောမာစာရ၊ ဥက္ကဌ ဦးကျော်သူနှင့်အတူ အသင်းသားများတို့မှ ကိုယ်တိုင်ကိုယ်ကျ ပြည်မြို့သို့လိုက်ပါပြီး ဗုဒ္ဓမြတ်စွယ်တော်ပွားအား ပင့်ဆောင်ကူညီ ဆောင်ရွက် ခဲ့သည်။

ဗုဒ္ဓစာပေသမိုင်း မှတ်တမ်းများအရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ၍ တေဇောဓါတ်လောင်ပြီး သောအခါ လူ့ပြည်၌ စွယ်တော်နှစ်ဆူ ကျန်ရစ်ခဲ့သည်။ တစ်ဆူအား သီဟိုဋ္ဌ်ကျွန်း (သီရိလင်္ကာ)သို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူအား ရှေးဟောင်း ဥဒျာနပြည်သို့ ပင့်ဆောင်သွားခဲ့ပါသည်။ ခရစ်နှစ် ငါးရာစုနှစ်အတွင်းမှ စတင်၍ မင်းဆက် အဆက်ဆက်ကာလအတွင်း တရုတ်ပြည် အလယ်ပိုင်း၌ တိုင်းပြည် မငြိမ်မသက် ဖြစ်ပွားနေစဉ် စွယ်တော်အား တစ်နေရာမှ တစ်နေရာသို့ ပင့်ဆောင်ယူခဲ့ကြပြီး နောက်ဆုံး၌ တရုတ်ပြည် မြောက်ပိုင်းရှိ လျောင်မင်းဆက် မြို့တော်ဖြစ်သော ယယ့်(န်)ကျင်း (ယခု ပီကင်း) မြို့သို့ ရောက်ရှိလာခဲ့သည်။ (အေဒီ ၁၀၇၁ ခု၊ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂၅ ရက် အတွင်း)၌ ဗုဒ္ဓစွယ်တော်ကို ကျောက်ယှီး-ယ်န်စေတီတော်၌ ဌာပနာခဲ့ကြောင်း ဖော်ပြပါရှိသည်။ ဤ သို့ဖြင့် ဗုဒ္ဓစွယ်တော်သည် ပီကင်းမြို့တော်သို့ ရောက်ရှိလာခြင်းပင်ဖြစ်တော့သည်။

ကျောက်ယှီး-ယ်န်စေတီတော် တည်ရှိရာ လိကွမ်းဘုန်းတော်ကြီးကျောင်းတွင် ခရစ်နှစ် (၈)ရာစုက တည်ထောင်ခဲ့သောကျောင်းဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ အထပ်ဆယ်ထပ် ပါရှိသော ရှစ်မြောင့် ပုံစေတီတော်ကို ကျောင်းဝင်း၏ အရှေ့တောင်ထောင့်တွင် တည်ထားသည်။ စေတီတော် အုပ်ချပ်များတွင် ဗုဒ္ဓရုပ်ပုံတော်များ ခပ်နှိပ်ထားသောကြောင့် ဤဘုရားကို “ဗုဒ္ဓရုပ်ပုံတစ်ထောင်စေတီ” ဟူ၍လည်း လူသိများကြသည်။

လိကွမ်းဘုန်းတော်ကြီးကျောင်းသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းကပင် ဘုရားဖူး သူများအဖို့ ပီကင်းမြို့ရှိ စိတ်ဝင်စားဖွယ် ထင်ရှားသော နေရာတစ်နေရာ ဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်တွင် နယ်ချဲ့ရှစ်နိုင်ငံမှ တပ်များသည် ပီကင်းမြို့တော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လုယက် ဖျက်ဆီးမှုကြောင့် ပျက်စီးမှုအမြောက်အများ ကြုံတွေ့ခဲ့ရသည်။ မြို့တော်ဆင်ခြေဖုံးရှိ လိကွမ်းဘုန်းကြီး ကျောင်းနှင့် ကျောက်ယှီး-ယန်း စေတီတော်တို့မှာလည်း အမြောက်လက်နက်များဒဏ်မှ မလွတ်ကင်းခဲ့ ကြချေ။ ပစ်ခတ်တိုက်ခတ်မှုများ ပြီးဆုံးသွားချိန်၌ ကျောင်းရှိဘုန်းတော်ကြီးများသည် ထိုနေရာကို ရှင်းလင်း ကြသောအခါ ဗုဒ္ဓစွယ်တော် ကိန်းဝပ်တော်မူရာ ကျောက်သားကြုတ်ကို တွေ့ရှိခဲ့သည်။ ယနေ့ ရှန်းယှီး ပြည်နယ် မြောက်ပိုင်းတွင် ဟန့်ပြည်ထောင်သည် မင်းဆက် ငါးဆက်ကာလ (အေဒီ ၉၀၇ - ၉၆၀) နောက်ပိုင်းကာလအတွင်း တည်ရှိခဲ့သော ပြည်ထောင်ဖြစ်ပြီး နောင်အခါတွင် ဆုန်းမင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံရသည်။ ထို့ကြောင့် ခရစ်နှစ် ၁၀၇၁ ခုနှစ်တွင် ထိုစေတီတော်၌ ဗုဒ္ဓစွယ်တော်ကို ဌာပနခဲ့ရာ ပြန်လည်တွေ့ရှိသည့် ၁၉၀၀ ပြည့်နှစ်အထိဆိုလျှင် မြတ်စွယ်တော် ကိန်းဝပ်တော်မူခဲ့သော ကာလမှာ နှစ်ပေါင်း (၈၃၀) ကြာမြင့်ခဲ့ပေပြီ။

မြတ်ဗုဒ္ဓစွယ်တော်ကို ၁၉၀၀ ပြည့်နှစ်တွင် ပြန်လည်တွေ့ရှိပြီးနောက်ပိုင်း ရာစုနှစ်ဝက်ခန့် အတွင်း ခေတ်ပျက် အခြေအနေဆိုးကြောင့် ဘုန်းတော်ကြီးများအဖို့ မြတ်စွယ်တော်ကို ထိုက်ထိုက် တန်တန် ပူဇော်ခြင်း မပြုနိုင်ခဲ့ချေ။ တရုတ်ပြည် လွတ်မြောက်ပြီးသောအခါမှ ပီကင်းမြို့တော်ရှိ ဗုဒ္ဓ ဘာသာဝင်များ၏ ရှေ့ဆောင် ရှေ့ရွက်ပြုမှုနှင့် ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုတို့ကြောင့် ၁၉၅၅ ခုနှစ် တွင် မြတ်စွယ်တော်အား ကွမ်ကျိဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့သည်။ စွယ်တော်အား ရတနာခုနှစ်ပါး စီခြယ်သော ရွှေသား စေတီတော်အတွင်း ကိန်းဝပ်စံပယ်တော်မူစေပြီး သရီရအဆောင်တော်တွင် အပူဇော်ခံထားရှိသည်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဗုဒ္ဓဘာသာဝင်များ၏ မေတ္တာရပ်ခံချက်အရ မြတ်စွယ်တော်သည် အဆိုပါနိုင်ငံများသို့ တစ်ကြိမ်စီ ဒေသစာရီ ကြွချီခဲ့ရာ ဗုဒ္ဓဘာသာ ၀င်ပြည်သူများက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြည်ညိုဖူးမြော်ခဲ့ကြသည်။

၁၉၅၇ ခုနှစ်တွင် တရုတ်ပြည်ရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓယဉ်ကျေးမှုနှင့်အညီ စေတီတော် သစ်တစ်ဆူတည်ရန် အဆိုပြုခဲ့ကြသည်။ မြတ်စွယ်တော်အား အစဉ်ဖူးမြော်နိုင်မည့် အတည်တကျ နေရာရှိရန်နှင့် ထူးခြားသော သမိုင်းဝင်စေတီတော်ဟောင်းနေရာကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသို့ဖြင့် ၁၉၅၈ ခုနှစ် နွေရာသီမှ ၁၉၆၄ ခုနှစ် နွေဦးပေါက်ရာသီ ကာလအတွင်း ခံ့ညားထည်ဝါလှသော စွယ်တော် စေတီတော်သစ်နှင့် အခြားသာသနာ့အဆောက်အအုံများကို တည်ဆောက်ပြီးစီးခဲ့သည်။

အမြင့် (၅၁) မီတာရှိပြီး ဘုံ (၃၁) ဆင့်ပါရှိသော စေတီတော်သစ်အား မြေပြင်မှ အမြင့် (၇.၇) မီတာနှင့် အကျယ်အ၀န်း (၂၂) စတုရန်းမီတာရှိသော ဖိနပ်တော်ပေါ်တွင် တည်ထားသည်။ စေတီတော် အား ဂန္တ၀င် တရုတ်ဗုဒ္ဓယဉ်ကျေးမှုလက်ရာ မပျက်စေရန် ခေတ်မီဆောက်လုပ်ရေး နည်းစနစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အဦး ခန်းမအလယ်တွင် ကျောက်သားဖြင့် ပြုလုပ်ထားသော ၀ဇီရပလ္လင်တော်ရှိပြီး ပလ္လင်တော်ပေါ်၌ မြတ်စွယ်တော်ကိန်းဝပ်ရာ ရတနာခုနှစ်ပါး စီခြယ်သော ရွှေသား စေတီကို ဖူးမြော်နိုင်သည်။

၁၉၆၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် တရုတ်ပြည် ဗုဒ္ဓဘာသာဝင်အသင်းသည် စွယ်တော်စေ တီတော် စတင်ဖွင့်လှစ်သည့် ဘုရားပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ သီရိ လင်္ကာ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မွန်ဂိုးလီးယား၊ နီပေါလ်၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တို့မှ စသည့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များသည် မြတ်စွယ်တော်စေတီ ဖွင့်ပွဲသို့ တက်ရောက်ခဲ့ ကြသည်။

တရုတ်ပြည် ဗုဒ္ဓမြတ်စွယ်တော်ပွားသည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ၃.၈.၂၀၁၁ ရက်နေ့ ည (၁၂း၀၀) နာရီအချိန်တွင် ရောက်ရှိကိန်းဝပ်စံပယ်ခဲ့ရာ ယင်းည၌ အဖြူရောင်အဆင်းရှိသော တောက်တဲ့ကြီး တစ်ကောင်လာရောက်ကြိုဆို ဖူးမြော်ခဲ့သလို ၄.၈.၂၀၁၁ ရက်နေ့ နံနက်တွင်လည်း မြန်မာ တို့၏ ကျက်သရေဆောင် အထွတ်အမြတ်ထားရာဖြစ်သော ဥဒေါင်း တစ်ကောင်သည်လည်း ရွှေပေါက်ပင် တောရကျောင်းတိုက်ဝင်းအတွင်းသို့ လာရောက်ဖူးမြော်ခဲ့ပုံကိုလည်း တွေ့မြင်ခဲ့ရသည်။

ထိုမျှလောက် ထူးခြားတန်ခိုးကြီးမားလှသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ကြွရောက်လာခဲ့သော သီဟိုဋ္ဌ်ကျွန်း (သီရိ လင်္ကာ)မှ ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူ (လူ့ပြည်ရှိဗုဒ္ဓမြတ်စွယ်တော်ပွားနှစ်ဆူ)တို့သည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်အတွင်း၌ သီတင်းသုံး ကိန်းဝပ်စံပယ်တော်မူနေပြီး ဖြစ်ပါ၍ ဗုဒ္ဓအနွယ် ၀င် မြန်မာပြည်သူ/သားအပေါင်း ကြွရောက်၍ အနီးကပ်ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါကြောင်း နိဗ္ဗာန် အကျိုးဆော်၍ နှိုးဆော်လိုက်ပါသည်။

ကမ္ဘာ့ပြည်သူ/သားများ မြန်မာပြည်သူ/သားများ သောကကင်းဝေ ငြိမ်းချမ်းသာယာဝပြောကြပါစေ။

ကိုကျော်သူ

Thursday, August 4, 2011

0 ရေကာတာများ မြစ်ချောင်းများနှင့် အခွင့်အရေး (SAVE IRRAWADDY)

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများနှင့် ရေဝေမြစ်များတွင် ဆည်ကြီးများကို တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများမှ ကုမ္ပဏီများ က တည်ဆောက်နေလျက် ရှိပါသည်။ ဤဆည်တည်ဆောက်မှုများကြောင့် လူများပြောင်းရွှေ့ရခြင်း၊ စစ်တပ်များ တိုးချဲ့ချ ထားလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးများလာခြင်းနှင့် ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်သည့် သဘာဝပတ်ဝန်း ကျင် ပျက်စီးဆုံးရှုံးရမှုများ ဖြစ်ပေါ်စေပါသည်။ ထိုမျှမက လူသန်းပေါင်းများစွာ၏ ဘ၀ထူထောင်ရေးနှင့် အစားအစာဖူလုံမှု ကို ခြိမ်းခြောက်နေလျက် ရှိပါသည်။ ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်များနှင့် ၀င်ငွေများသည် စစ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံများ အဖို့သာ ဖြစ်စေပါသည်။

(မြန်မာနိုင်ငံ မြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့မှ အမှာသတင်းစကား)
Dam River Rights Burmese

မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို စပ်ဆိုခံစားသီဆိုသွားသော ကိုထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့သတို့သမီးသီချင်းကိုနားဆင်ကြည့်ပါ..

0 ဟီးရိုးအင်းနဲ့  ကြံ့ဖွံ့ ဝန်ကြီး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသောင်းရွှေအား ထုတ်ပယ်ခဲ့ခြင်းမှာ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ဦးသောင်းရွှေကို ရာထူးမှနှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သော်လည်း အကြောင်း ရင်းကို သတင်းထုတ်ပြန်ခြင်းမရှိပေ။

အဆိုပါ ပြည်နယ်ဝန်ကြီးသည် ဇနီးနှစ်ဦးအား တစ်ပြိုင်နက်ပေါင်းသင်းနေသူဖြစ်ပြီး ဇနီးနှစ်ဦး၏ တိုက်ပွဲကြားတွင် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခဲ့ ရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“သူ့မယားကြီးက မယားငယ်အိမ်ကို ရာမပစ်ပြီး ရဲကိုသတင်းသွားပေးတာ။ ရဲက အိမ်ကိုဝင်စစ်ကြည့်တော့ မူးယစ်ဆေးတွေ့ပြီး အိမ်ပိုင်ရှင်က သူဖြစ်နေတော့ သူပါ အမှုတွဲထဲပါသွားတာ” ဟု အဆိုပါ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

၎င်း၏နေအိမ်တွင် ထိုကဲ့သို့ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သော်လည်း ၎င်းမှာမူ ဥပဒေအရ အရေးယူခံရခြင်း မရှိကြောင်း အဆိုပါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာ အာဏာပိုင်များမှ အတတ်နိုင်ဆုံးဖုံးထားခဲ့သော်လည်း နောက်ဆုံးတွင် သတင်းများ ထွက်ပေါ်လာခဲ့ရသည့် အတွက် ၎င်းအား ရာထူးမှနှုတ်ထွက်စေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

“သူတို့က ပြည်ခိုင်ဖြိုးနဲ့ပတ်သက်တဲ့မကောင်းသတင်းဆို အရမ်းဖုံးဖိတတ်တာ။ အခု မတတ်နိုင် လွန်းလို့ ဖြုတ် လိုက်တာ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဦးသောင်းရွှေသည် ရှမ်းပြည်နယ် ကလောမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်အရွေးချယ်ခံခဲ့သူဖြစ်ပြီး ယခု မူးယစ်ဆေးဝါး တွေ့ရှိခဲ့သော ၎င်း၏အိမ်မှာလည်း ကလောမြို့နယ်တွင်တည်ရှိသည်။

aung myo tun

0 ချစ်သောဧရာဝတီ( မောင်မောင်ဝမ်း )


ဧရာဝတီဟာတခါကကျနော့်အပေါ်အငြိုးဒေါသကြီးခဲ့ဘူးတယ်…ဒါကလည်းကျနော်ကရန်သွားစတာကိုး… တကယ်တော့…သူဟာစိတ်ရင်းအလွန်ကောင်းပြီး..သဘောထားမြင့်မြတ်သူပါ…ကျနော် ၁၂နှစ်သားလောက် ကျနော့်အဖေဇာတိ မိုးညိုမြို့နယ်အပိုင် ထိန်တောရွာလေးကိုအလည်လိုက်သွားရာက…ဧရာဝတီမြစ်ထဲကို ရေဆင်းကူးတော့..သူကကျနာ့်ကိုဒေါသတကြီးနဲ့ဆုံးမလွှတ်လိုက်တယ်….ကျနော့်ကိုသူမသတ်ဘူး…ကတိတခုတော့တောင်းတယ်…မင်းအသက်ကိုငါကယ်လိုက်ပြီတဲ့…ငါ့ကိုလည်းရန်ရှာနေတဲ့သူတွေရှိတယ်….ငါ့ကိုလည်း ပြန်ကယ်ပါတဲ့…..အော်ဧရာဝတီရယ်…သင်ဟာလူများစွာကိုကယ်တင်နေတဲ့သူ…လူများစွာရဲ့အကျိုးစီးပွားကို သယ်ပိုးနေတဲ့သူ…သင့်ကိုဘယ်သူမှပစ်မထားဘူး….( ကျေးဇူးမသိတတ်သူများကလွဲရင်ပေါ့ )။
ဒါပေမဲ့ဧရာဝတီ…ခွင့်လွှတ်ပါ..ကျနော့်ကိုခွင့်လွှတ်ပါ…ကျနော်သင့်ကိုမေ့နေတာကြာသွားပြီ..တနေ့ကမှ ညီငယ် ဗမာ့သွေးက အထိပ်တလန့် တီးတိုးရေရွတ်သံနဲ့လှမ်းပြောရှာတယ်….
“ အကို …ဧရာဝတီအခြေနေမကောင်းဘူး…၀ိုင်းကယ်ကြဦး ” တဲ့
ကျနော်ကြက်သီးတွေထသွားတယ်….သတင်းတွေထဲမှာဖတ်ရတယ်…ဒါပေမဲ့..အာရုံကအဲဒီ့ဘက်သိပ်မရောက်မိတော့မေ့မေ့လျှော့လျှော့ဖြစ်သွားတယ်…တကယ်တော့…ဧရာဝတီဟာကျနော်ရဲ့ကျေးဇူးရှင်…အမိမြန်မာနိုင်ငံသားတွေရဲ့အားထားရာ…ပင်မသွေးကြောကြီး……ရင်နှင့်အမျှခံစားရပါတယ်....ယန်စီ(တရုတ်နိုင်ငံရဲ့မြစ်ကြီး)ကိုတော့အလှအပပျက်မှာဆိုးလို့…အရိပ်တကြည့်ကြည့်နဲ့ထားပြီး…တို့..မိခင်ဧရာဝတီကိုမှရန်လာရှာရသလားဗျာ…..ကိုချိုတူးဇော်ရေးတဲ့စာလေးကိုသွားသတိရတယ်…အကျိုးအမြတ်ရတိုင်းလုပ်သင့်သလားတဲ့…အကျိုးအမြတ်ရလို့ရွှေတိဂုံဘုရားကြီးကိုထုတ်ရောင်းမယ်ဆိုသင့်တော်ပါ့မလားတဲ့…သိပ်မှန်လိုက်တဲ့စကား…..
အမေရိကံပြည်ထောင်စုရဲ့မြေလွှာအောက်မှာသယံဇာတတွေအများကြီးရှိတယ်…ရေနံတွေရှိတယ်…ဒါပေမဲ့..သူတို့မိခင်မြေကြီးကိုတူးဆွဘို့အခွင့်ရေးမပေးဘူး…..သဘာဝအရင်းအမြစ်တွေပျက်သုဉ်းပြီး..လူသားတွေထိခိုက်နစ်နာမှာဆိုးလို့တဲ့…ထိုင်းနိုင်ငံမှာမျက်စိတဆုံးကျွှန်းသစ်စိုက်ခင်းကြီးတွေရှိတယ်…ဘယ်သူမှမခုတ်ဘူး…တို့ပြည်တွင်းထဲကကျွှန်းတွေကိုတော့ခုတ်ယူသွားတယ်….ခုတ်ခွင့်ပေးတဲ့သူတွေကလည်းပေးနေတာကိုး……..အတွေးအခေါ်အမြှော်အမြင်ရှိသူများက..ပညာကိုရောင်းစားပြီးတိုင်းပြည်ကိုထူထောင်တယ်…အတွေးအခေါ်အမြှော်အမြင်မဲ့သူများက…သဘာဝအရင်းအမြစ်တွေကိုရောင်းစားပြီးကိုယ်ကျိုးအတွက်အလုပ်လုပ်တယ်….ဒီတခါက…မိခင်ဧရာဝတီရဲ့အလှည့်များလားတခါကမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ…အစ္စရေးပညာရှင်တဦးကပြောခဲ့ဘူးတယ်…ခင်ဗျားတို့နိုင်ငံရဲ့အလယ်တဲ့တဲ့မှာ…ဧရာဝတီဆိုတဲ့မြစ်ကြီးကဖြတ်စီးနေတာ…ခင်ဗျားတို့ချမ်းသာအောင်မလုပ်နိုင်ဘူးလားတဲ့…ဧရာဝတီရဲ့တန်ဘိုးဟာ အဲသလောက်ကြီးပါတယ်……

စာရေးဆရာမောင်သိန်းဆိုင် ရဲ့နှလုံးသားထဲက--- ဧရာဝတီ
အဆိုတော် ရီရီသန့် ရဲ့-----------------------------ဧရာဝတီ
ထူးအိမ်သင်ရဲ့ ရာဇ၀င်ထဲက သတို့သမီး---------- ဧရာဝတီ
တို့အားလုံးရဲ့------------------------------------- ဧရာဝတီ
ကိုယ်ကျိုးရှာ စစ်အာဏာရှင်တွေနဲ့ ကွန်မြူနစ်ဇာတ်ပျက်တရုတ်အစိုးရတို့ပေါင်းပြီး အသေသတ်ကြတော့မယ်…..တို့ဘာလုပ်ကြမလည်း………
ဧရာဝတီကို ကာကွယ်ကြမလား…ဧရာဝတီဟာ ရန်သူ့လက်ထဲမှာလူးလွန့်ပြီး..အသင်တငင်ငင်နဲ့ရှိနေတာကို….လက်ပိုက်ကြည့်နေကြမှာလား……..
ဧရာဝတီရဲ့ကျေးဇူးတို့ဘယ်လိုတုန့်ပြန်ကြမလည်း………………..
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )

Wednesday, August 3, 2011

0 ဘယ်တော့မှ မမေ့နိုင်တဲ့ ၈၈၈၈ ဗမာ့မှတ်တမ်း



မြန်မာလူမျိုးတိုင်းကြည့်သင့်သော..မှတ်တမ်းဖြစ်ပါသည်။နှစ်အဆက်ဆက်..လွတ်မြောက်ရေးအတွက်..ရင်းနှီးခဲ့ရသော..တော်လှန်ရေးသမားများ၏..သွေးစက်များသည်..ယနေ့ တိုင်.စိုဆဲ..စိုမြဲ.. စိုလတ္တံသာဖြစ်သည်။~မြန်မာ့တော်လှန်ရေးအဆက်ဆက်တွင် သင်၏ ဘိုးဘွားများလည်းပါဝင်ခဲ့ဘူးပါသည်။ယခု..သင့် လုပ်ဆောင်ရမည့် အချိန်ရောက်လာပါပြီ။သမိုင်းအတွက်..သင်၏ သွေးသစ္စာပါဝင်နိုင်ပါစေ။ သင်၏ သမိုင်းပေးတာဝန်တရပ်ဖြစ်သည်။အရေးကြီးပါပြီ...သွေးနီး.သွေးစည်းကြပါစို့ ။

0 ထောင်၁နှစ်ကျ၍ ပြန်လည်လွတ်မြောက်လာသော ကလေးစစ်သား ဖြိုးမင်းသက်နှင့်တွေ့ဆုံမေးမြန်း(ရုပ်/သံ)




ကလေးစစ်သား ဖြိုးမင်းသက် ပြန်တော့ထွက်လာပါပြီ... ထောင်တနှစ်ကျ၍ (အိုင်အယ်လ်အိုကို အမှု.နံပါတ်(၃၇၀)နဲ့ တိုင်ထားခဲ့တာပါ...၂၃.၆.၂၀၁၀နေ.ကတိုင်ထားတာပါ
့
လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက် (HRWDN)

Tuesday, August 2, 2011

0 မတရားဖမ်းဆီးချူပ်နှောင်ခံထားရသူများအတွက်အကျဉ်းချခံနိုင်ငံရေး မိသားစုများမှစာချွန်လွှာတင်မည်။



အကျဉ်းချခံနိုင်ငံရေး မိသားစုများ၏ တွေ့ဆုံပွဲ အစီအစဉ်ကို ဇူလိုင်လ ၃၁ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသား ကိုရဲမြတ်ဟိန်းနေအိမ်တွင် ပြုလုပ်ခဲ့ရာ ထိုတွေ့ဆုံပွဲမှ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အတွက် ရှေ့တော်သွင်း စာချွန်တော်ကို တင်မည်ဟု အန်အယ်ဒီ တရားရုံးချူပ်ရှေ့နေ ဦးအောင်သိန်းမှ ပြောကြားခဲ့သည်။

“၈၈မျိုးဆက်ကျောင်းသား ၉ဦးရဲ့ မိသားစုဝင်တွေနဲ့ကျတော်တို့ ရှေ့တော်သွင်း စာချွန်တော်ကို တင်မှာပါ။ ကျတော့်ဘက်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြင်ဆင်ထားပြီးပါပြီ။ ဟုဦးအောင်သိန်းမှ ပြောကြားခဲ့သည်။

စာချွန်တော် အမိန့်ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်ကြောင့် မဟုတ်ပဲ အာဏာပိုင်များ၏ အုပ်ချုပ်မှု အာဏာအရ စီရင်ထားသည့် အမှုများကို တရားရုံးချူပ်မှ အာဏာဖြင့် ခေါ်ယူစီစစ် မေးမြန်းခွင့်နှင့် စီစစ်နေသည့် အချိန်တွင် ဆိုင်းငံ့ထားခွင့်များဖြစ်သည်။
စာချွန်တော် အမိန့်တွင် ရှေ့တော်သွင်း စာချွန်တော် ၊ အမှုခေါ်စာချွန်တော်နှင့် အာဏာပိုင်ပေးစာချွန်တော်၊ အာဏာပိုင်မေးစာချွန်တော် ဟူ ရှိပြီး ပြစ်မှုဆိုင်ရာ အမှုများနှင့် ပတ်သတ်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် စာချွန်တော်မှာ ရှေ့တော်သွင်း စာချွန်တော်ဖြစ်သည်။ စာချွန်တော် တင်ရာတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော သူများ၏ မိသားစုဝင်တဦးမှ ကျမ်းကျိန်ကာ တရားရုံးတော်ကို လျှောက်ထားရမည် ဖြစ်သည်။ မတရားဖမ်းဆီး ထောင်ချ ခံထားရကြောင်း ထိုလျှောက်လွှာလက်ခံရရှိသော အခါတရားရုံးတော်မှ ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းကို အဆင့်ဆင့် ဆင့်ခေါ် မေးမြန်းကာ ဥပဒေအရ ခိုင်ခိုင်လုံလုံ မပြနိုင်ပါက ဖမ်းဆီးထားသူကို ချက်ချင်း လွှတ်ပေး ရမည် ဖြစ်ကြောင်းသိရသည်။

“အရင်ဦးဆုံးတော့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုးဦးရဲ့ မိသားစုဝင်တွေကနေ စတင်မယ် ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့လုပ်သင့်တာကိုပဲ လုပ်ရမှာပဲလေ။ အစိုးရသစ်လို့ ပြောတဲ့အတွက် တကယ်အသစ်လား နည်းအဟောင်းတွေပဲသုံးတဲ့ အဟောင်းလားဆိုတာ စောင့်ကြည့်ရမယ်”လို့ ထိုပွဲကို တက်ရောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားမိသားစု တွေ့ဆုံပွဲကို လစဉ်ကျင်းပလျက်ရှိရာ နောက်လများတွင်လဲ တတ်နိုင်သလောက် ဆက်လက် ကျင်းပသွားမည်ဟုသိရသည်။

Tin Hlaing

0 မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ နယားကျောင်း ဆရာတော် ဦးကောသလ္လ ဘဝနတ်ထံ ပျံလွန်တော်မူခြင်း။


နယားကျောင်း ဆရာတော်ဦးကောသလ္လ သည် မန္တလေးကျောင်းသားထု နှင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ချစ်ခင်ကြည်ညိုလေးစားရသော ဆရာတော်တစ်ပါးဖြစ်ပြီး ၊ လူသိများ ထင်ရှားသူ ဖြစ်သည့် အတွက် ရပ်ဝေးရပ်နီး မှ တပည့်သံဃာများ၊ ကျောင်းသား/သူများ သိစေန...ိုင်ရန်(ဖူးမြော်နိုင်ရန်) Video အကြမ်းတင် ပေးလိုက်ပါသည်။

ဆရာတော်သည် ၁၉၉၀ခု၊ ပတ္တနိက္ကုဇ္စ္ဖန ကံဆောင်ရာတွင် ၊မန္တလေး လေးပြင်လေးရပ် သံဃာ့သမဂ္ဂီ တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ကျောင်းသားလှုပ်ရှားမှုများကို လည်း အားပေးကူညီခဲ့သည်။ ကျောင်းသား/သူ တို့နှင့် သား/အဖ သဖွယ်၊ သူငယ်ချင်း သဖွယ် ဖက်လှယ်တကင်းနေထိုင်တတ်ပြီး ကျောင်းသားများနှင့် နိုင်ငံရေး အသိုင်းအဝန်းမှ ဦးဖိုးစိုး ဟု ချစ်စနိုး ခေါ်တွင်ရာမှ မူလ ဘွဲ့ ဦးကောသလ္လ ပင် အချို့က မေ့ကုန်သည်။ ကျောင်းသားများနှင့်ပတ်သက်လျှင်​ ပြုံးပြုံးကြီး အနစ်နာခံ ပေးဆပ်ပေးခဲ့သော ဆရာတော် ဘုရားသည် (၃၁-၇-၁၁) နေ့တွက်ပျံလွန်တော်မူခဲ့လေပြီ ဖြစ်သည်။

ကျွန်တော်တို့ ချစ်ခင် ကြည်ညိုရသော ဆရာတော် ဦးကောသလ္လ(ဦးဇင်း ဖိုးစိုး)၏ နောက်ဆုံးခရီးကို လိုက်ပါပို့ ဆောင်ရင်း မှတ်တမ်းယူခွင့်ရခဲ့၍ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပါသော်လည်း ကြေကွဲခြင်းများစွာနှင့်ပါ။
ဆရာတော်ဘုရား နှင့် နွဲခဲ့သော အချိန်များကို အောင့်မေ့တမ်းတရင်း အကျဉ်းကာလ တစ်လျှောက် အတူတူ နေခဲ့ရသည်များကိုလည်း လွမ်းမိပါသည်။

ထိုအထဲတွင် အတူနေခဲ့ကြသော နိုင်ငံရေး အကျဉ်းသားဟောင်းများ မှ လွမ်းသူ ပန်းခြင်းနှင့် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့၏ လွမ်းသူ ကန်တော့ပန်းခြင်းနှင့် အတူ ကြံ့ခိုင်ရေး ပါတီ၏ ပန်းခွေ ကို တွေ့ မြင်ရပေမည်။မန္တလေးမြို့ရှိ နိုင်ငံရေးအသိုင်းအဝန်း နှင့် ကျောင်းသားများ က လိုက်ပါပို့ ဆောင်ခဲ့ပြီး စည်ကား သိုက်မြိုက်စွာ ပြီးစီးခဲ့ပါကြောင်း …။

ဆရာတော်ဘုရား လွတ်မြောက်ရာ အရပ်တွင်သာ အေးချမ်းစွာ သီတင်းသုံးနိုင်ပါစေ...(ရဲကြီး)​..။


ကိုဝိုင်ဝိုင်ကေ
၀၁-၀၈-၁၁

2 မြန်မာပြည်ရဲ့ ဧရာဝတီကို အသေသတ်ကြသူများ (ဆရာ မောင်စိန်ဝင်း ပုတီးကုန်း )


မြန်မာပြည်ရဲ့ ဧရာဝတီကို အသေသတ်ကြသူများက ဘယ်လောက် အသိဥာဏ် ညံ့ဖျင်းလိုက်သလည်း ဆိုတာကို ယနေ့လက်ရှိ အနေအထားကို စိုးရိမ် စိတ်ကြီးစွာဖြင့် ရှင်းပြသွားတဲ့  ဆရာ မောင်စိန်ဝင်း ပုတီးကုန်း ရဲ့ စေတနာများ ကြောင့် လက်မလွတ်တမ်း နားထောင်သင့်တဲ့ စာပေဟောပြောပွဲ အသံဖိုင်လေး ဖြစ်လို့အားလုံး နားထောင်ကြည့်စေချင်တဲ့ စေတနာများနဲ့ ပြန်လည် တင်ပြပေးလိုက်ပါတယ် ။

မျှဝေသော ကိုဗမာ့သွေးအားကျေးဇူးတင်ရှိပါသည်..

Monday, August 1, 2011

0 “ ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ”


ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ”

မောင်ချင့်ချိန်

ပဲခူးမြို့နဲ့ဟင်္သာတမြို့တွေရေကြီးပြန်ပြီတဲ့ ၊ ပဲခူးမြို့ဆို ဘူတာကြီးက သင်္ဘောဆိပ်လားထင်ရလောက်အောင် ဆိုးဆိုးရွားရွားဖြစ်နေတာတဲ့၊ မနှစ်ကလည်း မန္တလေးနဲ့ ပဲခူးမြို့ တွေမှာ ဒီလို ရေကြီးတဲ့ဘေးဒုက္ခ ကြုံခဲ့ကြပါသေးတယ်၊ ပြည်သူတွေအဖို့ကတော့ ကံကြမ္မာကိုပုံချတာ ၊ ကပ်ဆိုက်နေတာလို့ စဉ်းစားတာတွေ မြင်ကြားနေရပါလေရဲ့ ။

တကယ်တော့ ကိုယ်ကျိုးစီးပွားနဲ့အာဏာတည်မြဲရေးအတွက်ပဲဦးစားပေးတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အုပ်ချုပ်မှု အောက်မှာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှု ကြောင့် ၊ ဆည်မြောင်းဦးစီးဌာန ၀န်ထမ်းတွေကြောင့်နဲ့ (အထူးသဖြင့်) နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ်တွေ ကြောင့်ပါဆိုတာများ ရေဘေးသင့်ပြည်သူတွေသိကြရင် ဘယ်လိုခံစားကြရပါလေမလဲ ။

ဟာ..! သူ့ဘာသာသဘာဝဘေးရေကြီးတာပဲ ၀န်ထမ်းတွေနဲ့ဘာဆိုင်လဲ ၊ ငါတို့အာဏာပိုင်တွေနဲ့ရော ဘာဆိုင် လို့လဲ၊ နိုင်ငံရေးနဲ့နွယ်ပြောချင်လို့ ဇွတ် ဆက်စပ်နေတာပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေအသိုင်းဝိုင်းက ပြောချင်ပါ လိမ့်မယ် ၊ ပြီးတော့ပြောချင်းပြော မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကိုပဲပြောရမှာ ဆည်မြောင်းဦးစီးဌာနက ဘယ်လိုပါလာရတာ လဲလို့လည်း မေးစရာရှိနိုင်ပါတယ် ၊ ပြောပါ့မယ် ။

ရေကြီးတာက သဘာဝဘေးပါ ၊ ဒါပေမဲ့ ရေကြီးမှာကိုကြိုမသိတာ၊ ပြည်သူတွေကိုကြိုတင်ရွှေ့ပြောင်းမှု မလုပ် နိုင် တာ၊နှစ်တိုင်းလို ဒီမြို့တွေမှာရေကြီး တတ်မှန်းသိလျက်နဲ့ ရေလွှဲမြောင်းတွေမဖေါက်တာ၊ ရေတား တာတမံတွေ မဆောက်တာ ၊ ရေကြီးမှုဖြစ်လာတဲ့အချိန်မှာ လုံလောက်တဲ့ ကယ်ဆယ် ကူညီရေးအစီအစဉ်တွေမရှိတာ ဆိုတာတွေ ကတော့ နိုင်ငံတော်ကိုအုပ်ချုပ်နေပါတယ်ဆိုသူတွေရဲ့ ကိုယ်ကျိုးပဲရှာလိုမှု ၊ ပြည်သူတွေအပေါ် စေတနာ မမှန်မှုနဲ့ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ တာဝန်မဲ့မှုတွေကြောင့်ပါ ။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးပိုင်းက စီပွားရေးလုပ်ငန်းရှင် တွေဆီ ကလာဘ်စား ၊ လုပ်ပိုင်ခွင့်တွေချ ပေး ၊ အကျိုးတူရှယ်ယာ တွေဝင်ထားပြီး မမျှော်မှန်းနိုင်အောင် ချမ်းသာနေကြပေမဲ့ ၀န်ထမ်းလောကမှာတော့ လစာသက်သက်မလောက်ငှမှုကိုဖြေ ရှင်းဘို့ လာဘ်စားတာ ၊ သက်ဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းစာရင်းပိုတင်တာ ၊ ဈေးနှုန်းပိုတင်တာ ၊ ခိုးရောင်းစားတာလုပ်ကြရပါတယ် ၊ လုပ်ပိုင်ခွင့်နေရာက ပစ္စည်းခိုးခွင့် ဒါမှမဟုတ် လာဘ်စားဂွင်ဖန်ခွင့် ရှိတဲ့နေရာမဟုတ်ရင် တော့ အချိန် ခိုးကြပါတယ် ၊(ဥပမာ နိုင်ငံ့ဝန်ထမ်းတာဝန်ချိန်အတွင်းမှာ ဈေး လည်ရောင်းတာ၊ချဲထိုး ချဲရောင်း ချဲတွက်လောင်းကစားလုပ်တာ၊အထက်အရာရှိနဲ့ညှိပြီး တခြား အလုပ်တွဲလုပ်နေတာမျိုးတွေက အချိန်ခိုးတာတွေပါ)။ ၀န်ထမ်းကဘာခိုးခိုး အဲ့ဒီဒါဏ်ကို ပြည်သူတွေပဲခံကြရပါတယ်၊(၀န်ထမ်းတွေကိုယ်တိုင်လဲပြန်ခံကြရပါတယ်)၊ဆေးရုံမှာလုပ်တဲ့ဝန်ထမ်းက ဆေးတွေ ခိုးထုတ်ရောင်းရင် လူနာ တွေက ဆေးရုံမှာဆေးမရှိတဲ့ဒါဏ်ကိုခံကြရပါတယ်၊အပြင်ဈေးတွေနဲ့ ကိုယ်ဘာသာဝယ်သုံးကြရပြီး မ၀ယ်နိုင်တဲ့ပြည်သူတွေအဖို့ ရောဂါကနိုင်သွားတာခံလိုက်ကြရပါတယ် ၊ လမ်း/တံတားတည်ဆောက်တဲ့ လုပ်ငန်းတွေမှာလုပ်တဲ့သူတွေကခိုးရင် လမ်းတွေမြန်မြန်ပျက်ပြီး လမ်းပန်းဆက်သွယ်ရေးနှောင့်နှေးမှုတွေဖြစ်လာတာကြောင့် သယ်ယူပို့ ဆောင်ခစရိတ်တွေပိုလာပြီး ကုန်ပစ္စည်းတွေဈေးတက်တဲ့ဒါဏ်ကို ပြည်သူ တရပ်လုံး ခံကြရပါတယ် ။

ခုလိုရေဘေးဒါဏ်ခံရတာကတော့ အချိန်ခိုးတဲ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ် ၊ အထက်မှာပြောခဲ့တဲ့ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေရဲ့ အချိန်ခိုးမှုကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ဒီလိုပါ…..လူတွေက မိုးဇလ(မိုးလေ၀သနဲ့ဇလဗေဒဌာန)ကိုပဲသိကြပြီး အဲ့ဒီဌာနအတွက်အချက်လက်တွေ ဘယ်ဌာနတွေကနေရနေတယ်ဆိုတာ မသိကြ ပါဘူး ၊ အဲဒီမိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန (မိုးဇလ)အတွက် မြစ်ချောင်းဆိုင်ရာအချက်လက်တွေကို ဆည်မြောင်းဦးစီးဌာနကပေးရတာပါ ၊ ဆည်မြောင်းဦးစီးဌာနအတွက် လိုအပ်တဲ့အချက်လက်တွေကိုလဲ မိုးဇလဆီကနေယူရပါတယ် ၊ ဆည်မြောင်း ဦးစီးဌာနမှာ စီမံရေးရာဌာန ၊ ငွေစာရင်းဌာန ၊ ဖြည့်တင်းရေးဌာန ၊ တည်ဆောက်ရေးဌာန ၊ မြေတိုင်းဌာန ၊ ပုံဆွဲဌာန၊ မော်တော်ယာဉ်နဲ့ယန္တယားဌာန ၊ စက်ပြင်ဌာန၊ စာဝင်စာထွက်ဌာန ၊ ဇလဗေဒလေ့လာရေးဌာန လို့ ဌာနခွဲတွေရှိပြီး မြို့တိုင်းမှာ ရုံးခွဲဌာနခွဲတွေ ရှိပါတယ်၊ အခုလိုရေကြီးမှုဖြစ်စဉ်တွေအတွက် ပြည်သူတွေကို ရေကြီးမဲ့အကြောင်းကြိုတင်သတိပေးနိုင်ဘို့ မြစ်ချောင်းတွေမှာရှိနေတဲ့ ရေအမြင့်နဲ့ပမာဏကို နေ့တိုင်း တနေ့ သုံးကြိမ် တိုင်းတာစစ်ဆေးတွက်ထုတ်ပေးနေဘို့နဲ့ နေရာဒေသတွေအလိုက် မိုးရေချိန်တွေတိုင်းတာစစ်ဆေးနေဖို့က ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေး ဌာနခွဲရဲ့ တာဝန်ဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေးဌာနခွဲရဲ့ထူးခြားချက်က တစ်နိုင်ငံလုံးမှာ အထက်ဗမာပြည်ရုံး(မန္တလေး)နဲ့ အောက်ဗမာပြည်ရုံး(ရန်ကုန်) ဆိုပြီး နှစ်ရုံးထဲရှိတာ ဖြစ်ပါတယ် ၊ အထက်ဗမာပြည်ရုံး(မန္တလေး)က တပ်ကုန်းအထက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နဲ့ ကယားပြည်နယ်) မှာ ရှိတဲ့ မြို့တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပြီး အောက်ဗမာပြည်ရုံး(ရန်ကုန်)ကတော့ တပ်ကုန်းကနေ အောက်ဘက် ( ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည် နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း)မှာရှိတဲ့ မြို့ တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပါတယ် ၊ အဓိက,က မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေ မှာ ရေမှတ်စခန်းတွေထားရှိပြီး ရေအမြင့်(Level)ကို နေ့စဉ် တနေ့သုံးကြိမ်တိုင်းတာမှတ်တမ်းတင်တာ ၊ လစဉ် ရေစီးနှုန်း ၊ ချောင်းအကျယ်နဲ့ ရေအနက်ကိုတိုင်းတာစစ်ဆေး တာ ၊ ရေထဲမှာဆားငံဓါတ်နဲ့ သဲနုံး ပါဝင်နှုန်းတိုင်းတာစစ်ဆေးတာတွေလုပ်ရပါတယ် ၊ အဲဒီလို မြစ်တွေထဲကိုစီးဝင်တဲ့ချောင်းတွေမှာ ရေမှတ်တိုင်တွေထားရှိပြီး ရှိနေတဲ့ ရေ အမြင့်ကို (တနေ့သုံးကြိမ်) မှတ်တမ်းတင်ဖို့နဲ့ ရေမှတ်တိုင်တွေကောင်းမွန်စွာတည်ရှိနေဖို့ ရေမှတ်ကြည့်လုပ်သားအဖြစ် ဆည်မြောင်းဦးစီးဌာန ၊ ဇလဗေဒလေ့ လာရေးဌာနခွဲ ရဲ့ နေ့စားလရှင်းဝန်ထမ်း ခန့်အပ်ထားရှိရပါတယ် ၊ များသောအားဖြင့် ရေမှတ်တိုင်နဲ့အနီးဆုံးရွာက ရယကဥက္ကဌမိသားစုဝင် တယောက် ယောက်က ရေမှတ်လုပ်သားအဖြစ် တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဇေဒလေ့လာရေးဌာနခွဲရဲ့ ပညာရှင်ဝန်ထမ်း(မြို့ပြအင်ဂျင်နီယာ)တွေဖြစ်တဲ့ ဒုလက်ထောက်ဦးစီးမှုး(AES)၊ လက်ထောက် ဦးစီးမှုး(ES)၊ ဒုဦးစီးမှုး (SAE)တွေက တာဝန်ယူအုပ်ချုပ်ရတဲ့ရေမှတ်စခန်းတွေကို လစဉ်လှည့်လည်စစ်ဆေးပြီး ရေအမြင့်မှတ်တမ်း အချက် အလက်တွေ ရယူရတာဖြစ်ပါတယ် ၊ သက်ဆိုင်ရာဦးစီး အရာရှိ(AE)နဲ့ လက်ထောက်ညွှန်ကြားရေးမှုး(EE)တို့ ဆီ ကနေ ခရီးသွားလာခွင့်အမိန့်(MO)ကိုသာထုတ်ယူရ ပြီး ခရီးစရိတ်ကိုတော့ ကိုယ့်ဘာသာရှာဖွေသွား ကြရပါတယ် ၊ ခရီးကာလကုန်ဆုံးပြီးရုံးပြန်ရောက်တဲ့အချိန်ကျမှ သွားခဲ့တဲ့ခရီးစဉ်နဲ့ ရထားခ ၊ ကားခ တွေချ ရေးပြီး ခရီးစရိတ်(TA)အဖြစ်တင်ပြတောင်းခံကြရတာဖြစ်ပါတယ် ၊ အဲဒီလို တောင်းခံတဲ့အခါ စားစရိတ် (DA)ကို နေ့တွက်နဲ့ တနေ့ ၁၅ ကျပ်နှုန်း သာ နိုင်ငံတော်ခွင့်ပြုစရိတ်အဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ် ၊ ခရီးသွားတဲ့အချိန်လမ်းမှာဝယ်စားရင် မနက်/နေ့လည်/ညစာတွေအတွက် ကျပ် ၃၀၀၀နဲ့တောင် မလောက် နိုင်တဲ့ခေတ်မှာ တနေ့လုံးစာစားစရိတ်ကို ၁၅ ကျပ်ပဲသတ်မှတ်ထားတော့ ရက်ရှည်ခရီးသွားလာတဲ့ ဝန်ထမ်း တိုင်း ချေးငှား သွားတဲ့ ငွေပြန်မဆပ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြရပါတယ် ၊ အဲဒါ ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းမှမဟုတ်ပါဘူး ၊ နိုင်ငံဝန်ထမ်းတိုင်း ရင်ဆိုင်ကြရတာဖြစ် ပါတယ်။

အဲဒီတော့ ရေမှတ်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လှည့်လည်စစ်ဆေးရမဲ့ဝန်ထမ်းတွေဟာ တကယ်ခရီးသွားရင်အိပ်စိုက်ရတဲ့အတွက် ရုံးမှာသာ MOထုတ်ခရီး အထွက်ပြကြပြီး ဘယ်သူမှ တကယ် မသွားကြတော့ပါဘူး ၊ ရေမှတ်စောင့်တွေကို ရေမှတ်စာအုပ်ရဲ့ လစဉ်ဇယား ကွက် အောက်က စစ်ဆေးသူနေရာမှာ လက်မှတ်တုထိုးတတ် အောင်သင်ပေးထားကြပြီး ခရီးစဉ် ၊ လုပ်ငန်း ဆောင်ရွက်မှု တင်ပြစာနဲ့ ခရီးစရိတ်တောင်းခံလွှာတွေထဲက အတိုင်းကိုက်ညီအောင် ညှိလုပ်ကြပါတယ် ၊ တကယ် ခရီး မသွား ကြဘူးဆိုတာကို သက်ဆိုင်ရာဦးစီးအရာရှိ(AE)တွေသိပေမဲ့ အလုပ်သမားမငှားရပဲ ငှားရ ပါတယ်လို့တင်တဲ့ဘောက်ချာတွေ ၊ မြစ်ထဲမှာတိုင်းတာဖို့ စက်လှေမငှားရပဲ ငှားပါတယ် စာရင်းပြတဲ့ ဘောက်ချာတွေ ၊ ရေမှတ်တိုင်ဘာမှမဖြစ်ပဲ ပျက်ဆီးမှုပြုပြင်ရပါတယ်လို့ သစ်ဖိုး ၊ သင်္ဘောဆေးဖိုး တောင်းခံလွှာ တွေ စတာတွေမှာ SAE တွေနဲ့ ES , AES တွေက လက်မှတ်ထိုးပေးကြရတာမို့ အပြန်လှန်ကျေးဇူးပြုကြတဲ့သဘောမျိုး မသိကျိုးကျွံပြုနေကြတာပါပဲ ။

စစ်ဆေးမဲ့သူတွေမလာတော့ နေ့တိုင်း မနက်၆နာရီ ၊ နေ့၁၂နာရီ ၊ ညနေ ၆နာရီတွေမှာ ရေမှတ်တိုင်ရှိရာ သွားကြည့်ရေမှတ်ဖတ်ပြီး စာရင်းရေးသွင်းရ မဲ့ရေမှတ်လုပ်သား တွေကလည်း ဘယ်သူမှပုံမှန် သွားမကြည့် ကြတော့ပါဘူး ၊ သက်ဆိုင်ရာ SAE ကလှမ်းတောင်းမှ ခန့်မှန်းဖြည့်စွက်ထားတဲ့ ရေမှတ် ဇယားစာရွက်ကို ပေးပို့ကြတာဖြစ်ပါတယ် ၊ ဘယ်မြစ်ထဲကိုစီးဝင်တဲ့ ဘယ်ချောင်းရဲ့ ဘယ်လရေတိုင်းတာမှုမှတ်တမ်းဆို တဲ့စာရွက်ကို သက်ဆိုင်ရာ AE , SAE တွေလက်မှတ်ထိုးပြီး သုတေသနဌာနကိုပို့ရပါတယ် ၊ အဲဒီလို တနိုင်ငံလုံးကမြစ်ချောင်းတွေရဲ့ မှတ်တမ်းစာရွက်မိတ္တူတွေကို မိုးလေဝသနဲ့ ဇလဇေဒဦးစီးဌာန(မိုးဇလ)က ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)ကနေ လစဉ်တောင်းယူပြီး သူတို့တိုင်းတာစစ်ဆေးလို့ရထားတဲ့ နေရာဒေသ အလိုက် မိုးရေချိန်တွေနဲ့ ပြန်ညှိတွက်ချက်အဖြေရှာရတာဖြစ်ပါတယ် ၊ ချောင်းတွေမှာဖြစ်ပေါ်တဲ့ရေအမြင့်အမှန်ကိုသိမှ အဲဒီ ချောင်းတွေစီးဝင်တဲ့မြစ်မှာ ဖြစ် လာမဲ့ ရေအမြင့်ကိုတွက်ချက်ခန့်မှန်းနိုင်ပြီး မြစ်ကြောင်းတလျှောက်မှာရှိတဲ့မြို့ရွာတွေရဲ့ စိုးရိမ်ရေမှတ်ကိုသိနိုင်မှာဖြစ်တာကို အဲဒီလိုလိမ်ညာ ရေးသွင်းထားတဲ့စာရင်းတွေနဲ့ပဲလည်ပတ်နေကြတော့ ဘယ်လိုမှမှန်အောင်မတွက်နိုင်ကြတော့တဲ့အတွက် ဘယ်လောက်ထိရေမြင့်တက်မှုဖြစ်လာမယ် ဆိုတာ ကြိုတင်မသိ ကြတော့တာဖြစ်ပါတယ် ။

ဒီလိုအခြေအနေတွေကိုကြည့်ရင် ပြည်သူတွေရေဘေးဒဏ်ခံကြရတာဟာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှုကြောင့် ၊ ဆည် မြောင်းဦးစီးဌာန၀န်ထမ်း တွေကြောင့်နဲ့ (အထူးသဖြင့်) နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ် တွေကြောင့် ဆိုတာ သိသာထင်ရှားပါလိမ့်မယ် ၊ တိုင်းသူပြည်သားတွေရဲ့ကံကြမ္မာဟာ တိုင်းပြည် အုပ်ချုပ်သူ တွေ အပေါ်မှာပဲမူတည်ပါတယ် ၊ အစိုးရက ဝန်ထမ်းတွေရဲ့ ပြည့်စုံလုံလောက်မှုကို မဖန်တီးပေးနိုင်တော့ ရရာခိုး ရပ်တည်ကြတဲ့ထွက်ပေါက်ရှာကြမှုကနေ ပြည်သူတွေကို ဘေးဒုက္ခတွေဖြစ်စေခဲ့ တာပါပဲ ။

ဒါ ဝဋ်ကြွေးတွေဆပ်နေကြရတာမဟုတ်ပါဘူး ၊ အတိတ်ဘဝကုသိုလ်ကံနည်းခဲ့လို့မဟုတ်ပါဘူး ၊ ဘုရားသခင်အလိုကျဆိုတာလည်းမဟုတ်ပါဘူး ၊ သဘာဝဘေးအန္တရာယ် သက်သက်လည်းမဟုတ်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်နေပါပြီလို့ပြောင်လိမ်ပြီး မတရားအနိုင်ကျင့်မှုမျိုးစုံနဲ့အုပ်ချုပ်နေတာရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ် ၊ ၂၀၀၈ မေလက ပြည်သူတွေသိန်းနဲ့ချီသေကြေဆုံးရှုံးရတဲ့ နာဂစ်မုန်တိုင်းဖြစ်နေချိန် မုန်တိုင်းသင့်ပြည်သူတွေကို ထိရောက် တဲ့ကယ်ဆယ်ကူညီရေးတွေမလုပ်ပဲ သူတို့အာဏာစက်ခိုင်မြဲရေး ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကို ဇွတ်အဓမ္မလုပ်ခဲ့တာကိုကြည့်ရင် ပြည်သူတွေ အပေါ် ငဲ့ညှာစဉ်းစားမှုမရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့သဘောထားကို သိမြင်နိုင်ပါတယ် ။

အစိုးရအမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်တွေသာ ပြည်တွင်းစစ်မှာနေ့စဉ်သုံးနေတဲ့ အမြှောက်ဆံ၊ ကျည်ဆန်ဗုံး လက်နက်တွေအတွက် ကုန်ကျမဲ့ငွေတွေကို ရေကြီးလေ့ရှိတဲ့မြို့တွေ မှာ ရေလွှဲမြောင်းတွေ ဖေါက်ဖို့ သုံးမယ် ဆိုရင် ၊ ရေတား တာတမံတွေ တည်ဆောက်ဖို့သုံးမယ်ဆိုရင် ၊ ကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းတွေ ဆောင်ထားဖို့သုံးမယ်ဆိုရင် ပြည်သူတွေခုလိုအဖြစ်ဆိုးတွေ ကြုံကြရပါ့မလား ။

အရင်းစစ်ရင်မြေမှာအမြစ်ဆိုသလို ပြည်သူတွေဆင်းရဲမွဲတေနေရတာရဲ့အဓိကတရားခံ ၊ ပြည်သူတွေ ရေ ၊ မီး ၊ မုန်တိုင်း ၊ ရောဂါဘယတွေနဲ့ ဘေးအန္တရယ်အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရတာတွေရဲ့အဓိကတရားခံ ၊ ပညာရေး ကျန်းမာရေး စီးပွားရေး ကဏ္ဍစုံမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေမရှိအောင် တိုင်းပြည်နိမ့်ကျနေရ တာတွေရဲ့ အဓိကတရားခံ ၊ နိုင်ငံသားအချင်းချင်းပြန်သတ်နေကြရတဲ့ ပြည်တွင်းစစ်ကိုငြိမ်းအေးအောင် မကြိုးစားပဲ ကြီးထွားသထက်ကြီးထွားအောင်လုပ်နေတဲ့ အဓိက တရားခံဟာ အစိုးရအယောင်ဆောင်စစ်ဗိုလ်ချုပ်တွေသာဖြစ်တာမို့ စစ်တပ်ကြီးစိုးချယ် လှယ်နေတဲ့ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးကို ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက် ကြသင့်တယ်ဆိုတာ “ ပြည်သူတွေအတွက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ” ဆိုတဲ့အချက်တွေနဲ့ နှိုင်းယှဉ်တင်ပြလိုက်ရ ပါတယ်..။

မောင်ချင့်ချိန်

0 အက်ဖ်အီးစီ လခစားများ ငွေလဲနှုန်း ကျဆင်းမှုဒဏ် ခံနေရ

ချင်းမိုင်၊ သြဂုတ် ၁၊ ၂၀၁၁ (YPI) - အက်ဖ်အီးစီနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ကျဆင်းနေသည်မှာ ၅ လကျော်လာသည့် အတွက် အက်ဖ်အီးစီဖြင့် လခရရှိနေသည့် ၀န်ထမ်းများ အထိနာနေကြောင်း၊ အချို့မှာ အလုပ်ပြောင်းရွှေ့သည်အထိ ဖြစ်လာကြသည်။

ပြီးခဲ့သည့် ၅ လ အတွင်း အက်ဖ်အီးစီဈေးနှုန်း ၂၀ ရာနှုန်းကျော် ကျဆင်းလာခဲ့ရာတွင် နှစ်ဆန်းပိုင်းက တစ်ယူနစ်လျင် ကျပ် ၉၁၀ ရှိခဲ့သည့် အက်ဖ်အီးစီမှာ ယနေ့ ၇၂၀ ကျပ်ထိ ကျဆင်းနေသည်။

ထို့အတွက် အက်ဖ်အီးစီ ဖြင့် လခရရှိနေကြသော ၀န်းထမ်းတစ်ချို့၏ မြန်မာကျပ်နှင့် ညီမျှသည့် ၀င်ငွေ ကျုံ့ဝင်လာပြီး အလုပ်ပြောင်းရွေ့မှု ပြုလုပ်လာကြသည်။

အက်ဖ်အီးစီဖြင့် လစာပေးသည့် မြန်မာတိုင်းမ် ဂျာနယ်မှ ၀န်ထမ်းအချို့လည်း မကြာမီသီတင်းပတ်များ အတွင်း အလုပ်ပြောင်းရွေ့ရန် စီစဉ်နေကြသည်ဟု ၄င်းတို့၏ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးကပြောသည်။

“ ကျွန်တော် တို့ဆီမှာ ဒီလကုန်ရင် သတင်းထောက် နှစ်ယောက်ထွက်ဖို့ ရှိတယ် အက်ဖ်အီးစီနဲ့ ပေးတယ် ဆိုပေမယ့် မြန်မာကျပ်ငွေနဲ့ တွက်ရင် အရမ်းနည်းတယ်လေ။ အရင်ကရုံးက အက်ဖ်အီးစီတစ်ယူနစ်ကို ကျပ် ၉၀၀ နဲ့ ပုံသေသတ်မှတ်ပေးတယ် အခုတော့ အပြင် ပေါက်ဈေး အတိုင်းပဲပေးတော့ အဆင်မပြေဘူး” ဟု မြန်မာတိုင်းမ် အကြီးတန်း သတင်းထောက်တစ်ဦးက ပြောသည်။

အဆိုပါ ဂျာနယ်တိုက်ရှိ ၀န်ထမ်းများအား အက်ဖ်အီးစီ ပြင်ပပေါက်ဈေး မည်မျှပင် ရှိစေကာမူ အက်ဖ်အီးစီ တစ်ယူနစ်လျင် ကျပ် ၉၀၀ နှုန်းဖြင့် ယခင်က သတ်မှတ်ပေးခဲ့သော်လည်း ယခုနောက်ပိုင်း ပြင်ပပေါက်ဈေး အတိုင်း ပေးသည့်အတွက် ယခုလတွင် တစ်ယူနစ် ၇၅၀ ကျပ်နှုန်းဖြင့်သာ ရမည့် အခြေအနေဖြစ်သည်ဟု အဆိုပါ ဂျာနယ်တိုက်မှ ၀န်ထမ်း တစ်ဦးက ရှင်းပြသည်။

အက်ဖ်အီးစီ တန်ဖိုးကျဆင်းသည့် အဖြစ်ကြောင့် အနောက်နိုင်ငံသံရုံးတစ်ရုံးမှ မြန်မာ ၀န်ထမ်းအချို့လည်း ပြီးခဲ့သည့်လကုန်တွင် အလုပ်ထွက်ခဲ့သည်ဟု သံရုံးတစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က အက်ဖ်အီးစီ ဖြင့် လခရသည့် နိုင်ငံခြားသံရုံး ဒေသခံ ၀န်ထမ်းများအား လစာကောင်းသူများ အဖြစ် သတ်မှတ်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများမှ ၀န်ထမ်း အများစုမှာ လစာကို မြန်မာကျပ်ငွေဖြင့် ရရှိကြသော်လည်း နိုင်ငံခြား သံရုံး၊ နိုင်ငံတကာ အန်ဂျီအိုနှင့် အနည်းငယ်မျှသော ပုဂ္ဂလိက ကုမ္ပဏီ တို့က လစာကို အက်ဖ်အီးစီဖြင့် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံခြားငွေဖြစ်သည့် ဒေါ်လာကို တရားဝင် ကိုင်တွယ်သုံးစွဲခွင့်မရှိပဲ၊ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ၊ ပို့ကုန်ရငွေတို့အား အစိုးရ ဘဏ်က အက်ဖ်အီးစီဖြင့် လဲလှယ်ကာ ထုတ်ပေးလေ့ရှိသည်။

ကုန်ခဲ့သည့် နှစ်ဝက်ကျော် ကာလအတွင်း အက်အီးစီဈေး ဈေးကျဆင်းခြင်းကို ကျားကန်ပေးရန် ရည်ရွယ်၍ နိုင်ငံတကာ အန်ဂျီအိုနှင့် အချို့ကုမ္ပဏီများတွင် လစာပေးသည့်အခါ အက်ဖ်အီးစီကို ပြင်ပပေါက်ဈေးဖြင့် မဟုတ်ဘဲ နှုန်းတစ်ခု သတ်မှတ်ပြီးပေးခြင်းများလည်း ရှိသည်။

ရန်ကုန် အခြေစိုက် ဆွစ်ဇာလန် အန်ဂျီအိုမှ တာဝန်ရှိသူတစ်ဦး က “အန်တီတို့ အန်ဂျီအိုကတော့ ၂၀၁၁ ဇန္န၀ါရီ လကစပြီး အက်ဖ်အီးစီတွေ ဈေးကျတော့ လစာကို ၁၅ ရာခိုင်နှုန်းတိုးပေးတယ်။ အခုစောင့်ကြည့်တာ အဲဒါကလည်း အဆင်မပြေတော့ ဒီလကစပြီး တစ်ယူနစ်ကို ၁၀၀၀ ကျပ်နဲ့ တွက်ပေးတယ်။ ဒါကြောင့်ဝန်ထမ်း အပြောင်းအရွေ့တော့ မဖြစ်ဘူး အဆင်ပြေတယ်”ဟု ပြောသည်။

ယခုအခါ အစိုးရမှလည်း တရားဝင်သတ်မှတ်ထားသော တစ်ဒေါ်လာ ၆ ကျပ်ဈေးနှုန်းကို ပြောင်းလဲရန် အတွက် လေ့လာမှု၊ အကြို မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ပြည်တွင်းသတင်းစာများနှင့် ဂျာနယ်များတွင် သတင်းများရေးသားဖေါ်ပြကြသည်။

အစိုးရအနေဖြင့် တရားဝင်လဲလှယ်နှုန်းကို ပြောင်းလဲ သတ်မှတ်ပါက ဒေါ်လာနှင့် အက်ဖ်အီးစီ စား ၀န်ထမ်းများ အတွက်လည်း အကျိုးသက်ရောက်မှုရှိလာနိုင်မည် ဟု အဆိုပါ ဆွစ်ဇာလန် အန်ဂျီအို အမှုထမ်းက ဆိုသည်။

“အခုကအစိုးရက ပြောင်းမယ်လို့တော့ ပြောတယ် ဘယ်လိုနှုန်းနဲ့ ပြောင်းမယ်ဆိုတာမသိသေးဘူး။အခု ကျမတို့ အက်ဖ်အီးစီတစ်ယူနစ် ၁၀၀၀ ကျပ် သတ်မှတ်ချက်ကို လာမယ့် ဒီဇင်ဘာလအထိ ပေးမယ်လို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်က ဒီကြားထဲ တစ်ခုခုဖြေရှင်းပေးရင် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်” ဟု ၄င်းကဆက်ပြောသည်။
Yangon PressInternational

0 ခေတ်သစ်မြိုင်ထနှစ်ပါးသွား (ဆောင်းပါးရှင်-အောင်မျိုးထွန်း)

ပြီးခဲတဲ့ အာဇာနည်နေ့ က ထုတ်ဝေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်နဲ့  ၁၉၈၉ ခုနှစ်က
ထုတ်ဝေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အာဇာနည်နေ့ ကြေညာချက် နှစ်ခုကို လွန်ခဲ့တဲ့တစ်ပတ်က
ကျွန်တော် ယှဉ်ဖတ်ကြည့်နေရင်း အတွေးတစ်စ ရခဲ့မိတယ်။ ဒီတစ်ခါ ကမ္ဘာကျော်မျက်လည့်ဆရာ
ဒေးဗစ်ကော်ဖာဖီးရဲ့ ရထားကြီးတစ်စင်းလုံးကို ဖျောက်ပစ်လိုက်နိုင်တဲ့ ပြကွက်မျိုး မဟုတ်ပါရစေနဲ့ လို့ 
ကျွန်တော်တို့ ရဲ့ ဆုတောင်းမှုများကို နားလည်ပေးနိုင်ကြမယ်ထင်ပါရဲ့ ။ မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက်
ဆိုတဲ့ ရှေးဆိုရိုးလေးကို ဖြတ်ကနဲ ၀င်လာမိလို့ ပါ။

ဒု-သမ္မတကြီးက သာမန်ပြည်သူတစ်ယောက်လို သဘောထားပါတယ်လို့  ဆီနိတ်တာဂျွန်မက်ကိန်းကို ပြောချလိုက်တော့ ကျွန်တော်တို့ ဒေါသတွေ တလိပ်လိပ်တက်လို့ မှ ဘာမှမကြာလိုက်၊ ပြီးခဲ့တဲ့ အာဇာနည်နေ့  နေ့ ခင်းဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံဆက်ဆံပြလိုက်တဲ့ ပုံစံကို တွေ့ လိုက်ရပြန်တော့ ရှေ့ ရေးအတွက်အားတက်ရပြန်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသမားမရှိ လို့  သမ္မတအကြံပေးအဖွဲ့ ဝင်တွေ လက်လွတ်စပယ်မှတ်ချက်ပေးတဲ့အခါ ပွတ်လောရိုက်ခဲ့ကြပြီး အခုတော့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို အဲဒီအဖွဲ့ဝင်အချို့ ခြေပုန်းခုတ် ၀င်ထွက်မှုတွေ ရှိနေပြန်တယ်လို့  သတင်းတချို့ ကြားရပြန်ပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့  ခြိမ်းခြောက်တားမြစ်စာ ပို့ ပြီး သိပ်မကြာခင် ပြည်ထောင်စုဝန်ကြီးတစ်ပါးနဲ့  ရယ်ရွှမ်းပတ်ရွှမ်းတွေ့ ဆုံ၊ နှစ်ဘက်သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အခါ ကျွန်တော်တို့  ဟာခနဲဟင်ခနဲဖြစ်ကြရပြန်ပါတယ်။

ပုဂံဒေသနဲ့ အင်ကြင်းတောကို ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားပြီး ပုဂံမိတ်ဆွေများအဖွဲ့ လိုမျိုးဖွဲ့ ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပြီးမကြာခင် ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးလည်း အဲဒီဒေသကို အပြေးရောက်သွားပြီး မည်သည့်အဖွဲ့ အစည်း၊ မည်သည့်လူပုဂ္ဂိုလ်နဲ့ မဆို ပုဂံဒေသကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်လို့ သတင်းစာထဲ ထည့်ရတဲ့အဆင့် ရောက်ခဲ့ပါတယ်။

ကချင်၊ ရှမ်း၊ ကရင် စတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့  ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးပွားတွေ ပြေငြိမ်းဖို့ ရန်ဒေါ်အောင်ဆန်းစုကြည်ဘက်က ကိုယ်စွမ်းရှိသရွေ့  ကြားဝင်စေ့စပ်ပေးလိုပါတယ်လို့  ပန်ကြားလိုက်တဲ့အပေါ်သမ္မတအကြံပေးတစ်ယောက်က ဒါဟာ ဒေါ်အောင်ဆန်းစုကြည်စုနဲ့ ဦးအောင်ကြည် စကားပြောကြခြင်းရဲ့ နောက်တွဲအကျိုးဆက်လို့  ပြည်ပသတင်းဌာနတစ်ခုကို မက်ဆေ့ပေးလိုက်တာ ဖတ်ရပြန်တော့ စပ်သလိုချိုသလိုဖြစ်ခဲ့ပြန်ပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့  ၀န်ကြီးဦးဝဏ္ဏမောင်လွင်တို့ နှစ်ယောက် နိုင်ငံရေးအကျဉ်းသားများ မလွဲမသွေလွှတ်ပေးဖို့ တယ်လီဖုန်းနဲ့ ပြောကြဆိုကြ။

ဒါတွေဟာ ခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြေးနေတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေပါ။ သတင်းတစ်ခုအဆိုအရ မကြာခင် နေပြည်တော်မှာ တခမ်းတနားပြုလုပ်မယ့် လူမှုရေးဖိုရမ်ကြီးတစ်ခုအတွက် အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့  သိုးသိုးသဲ့သဲ့ ကြားရ ပြန်ပါ တယ်။ မှန် မမှန်ဆိုတာစောင့်ကြည့်ရဦးမှာပေါ့။ ယေဘူယျသုံးသပ်ရရင်တော့ “မင်္ဂလာသတင်းများ” လို့ အားလုံးသောအကဲခတ်တွေကမှတ်ချက်ပေးကြပါတယ်။ တို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး တကယ် ဖြစ်လာတော့မှာလို့  အကောင်းဘက်ကရှုမြင်နေကြပြီး အမှောင်ခေတ် နိတ္ထိတံပြီရယ်လို့  မှတ်ယူနေကြ ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သတိမြဲမြဲ ကပ်ထားရမှာက ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့ မေးခွန်းလေးတစ်ခုအကြောင်းပါ။ ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက တိုးတိုးတိတ်တိတ် စ ထွက်လာတဲ့မေးခွန်းပါ။ အားလုံးမမေ့လောက်သေးတဲ့ အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။ NLD ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာပြန်ပြီး မှတ်ပုံတင်- မတင် ကိစ္စကို ပါတီအမှုဆောင်တွေ မဲခွဲဆုံးဖြတ်ရတော့မယ့် ရက်သတ္တပတ်က မြင်ကွင်းတွေဟာ မဟောင်းသေးပါဘူး။ ဘယ်လိုဖြစ်စဉ်တွေနဲ့  ပြီးဆုံးသွားခဲ့သလဲ။ အဲဒီ အချိန်တုန်း က NLDပါတီ မှတ်ပုံတင်ပြီး၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်လာမှာကို နအဖ အစိုးရက မလိုလားခဲ့ဘူးဆိုတာကို တချို့ တွေ သိခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍက ကြီးမားလွန်းတဲ့အပြင် ကြံ့ဖွံ့ အစိုးရအနေနဲ့ လူထုရဲ့ နှစ်ခြိုက်မှု မရရှိတာကို ကုစားနိုင်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကို အသုံးလိုနေတာ အမှန်ပါဘဲ။ အစိုးရရဲ့ လိုအပ်ချက်ထဲမှာ NLD ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ရှိနေပုံမရပါဘူး။ ဦးအောင်ကြည်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို ခေါ်တွေ့ တာရယ်၊ သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဆီပေးပို့ တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်တစ်လုံးထဲ ထည့်သွင်းထားတာတွေဟာ ရှေ့ မှာ ဘယ်လိုအခင်းအကျင်းတွေ ဆက်တိုက်လာတော့မယ်ဆိုတာကို ခန့် မှန်းဖို့ သိပ်မခက်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဓိကပေးဖို့ တစ်ခုက လွှတ်တော် ရွေးကောက်ပွဲ တွေမှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေးဆက်လုပ်ဖို့ ဖြစ်ပြီး ဒီဘက်အနေနဲ့  နိုင်ငံရေးအကျဉ်းသားတွေ ထွက်လာဖို့ ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကို ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခွင့်အတွက် လိုက်လျောပေးဖို့ ပါ။

ကြံ့ဖွံ့ အစိုးရရဲ့ ခြောက်အိပ်မက်တွေ အများကြီးထဲမှာ NLD ဆိုတာကြီးက ရှေ့ ဆုံးမှာရှိနေပါတယ်။ NLD အသံကြားလိုက်တာနဲ့  ၉၀ ရွေးကောက်ပွဲရလဒ်ကို မြင်လာ၊ မတော်မတရားတာတွေက အသစ်ဖြစ်ဖြစ်လာတာကိုလုံးလုံးလက်ခံချင်ပုံမရပါဘူး။ ဒါ့ကြောင့်ဘဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ်က ပါတီ ၃၇ ပါတီကို နေပြည်တော်မှာတွေ့ ကြတုန်း ၉၀ ရလဒ်နဲ့ အာဏာမလွှဲပေးတာဟာ စစ်တပ်ကို ရန်ရှာတုန့် ပြန်မှာကြောင့်ဆိုပြီး စွပ်စွဲဝေဖန်သွားတာဖြစ်ပုံရပါတယ်။ ဦးဥာဏ်ဝင်းလည်း ဒါကို ပြန်ချေပပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ 

ပါတီမှတ်ပုံတင်မယ်ဆိုရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာမည်ကို သုံးခွင့်ရဖို့  အတော်ကလေးညှိ ယူရ ဦးမယ့်သဘောပါ။ ကြံ့ဖွံ့ ပါတီအနေနဲ့  သေတဖန်သက်တဆုံးအုပ်ချုပ်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတော့
NLD နာမည်ကို စိုးရိမ်အထိတ်တလန့်အဖြစ်ဆုံးနဲ့ သူတို့ နဲ့ ပခုံးချင်းယှဉ်နိုင်မယ့် အင်အားကြီးပါတီအဖြစ် NLD
ကိုဘဲ နာမည်အရရော အင်အားအရရော ကြောက်လန့် နေတာဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး နာမည်ကို ရှင်းထုတ်လိုတဲ့သဘောဖြစ်ပါလိမ့်မယ်။ ပြီးမှ အင်အားကို စနစ်တကျသတ်ရိုက်ဖြိုခွင်းပြီး ထာဝရအာဏာရ ကြံ့ဖွံ့ ပါတီဖြစ်စေရန်လို့ ဗျူဟာချထားတဲ့ပုံပါ။

ဒါတွေက ကျွန်တော်စဉ်းစားလို့ ရတဲ့ လက်ရှိအစိုးရရဲ့ အတိုက်အခံအုပ်စုအပေါ် ကိုင်တွယ်နေတဲ့ လက်တံခြေတံများဖြစ်ပြီး ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ ပြီးတော့ ကျွန်တော်တို့ လို Pro ဒေါ်အောင်ဆန်းစုကြည် ပရိသတ်တွေအနေနဲ့  ဘယ်ကွေ့ ကို ဘယ်တက်နဲ့ ဘယ်လိုလှော်ဖို့ ကျွန်တော်တို့ တွေဘက်ကဘာများပြင်ဆင်ထားရမလဲ ဆိုတာကို မဖြစ်မနေတွေးထားရပါတော့မယ်။

ကျွန်တော်တို့ ဟာ မဆလ ပါတီကို မကြိုက်ဘူး၊ ငြိမ်-ပိ အာဏာသိမ်းစစ်အစိုးရကို မကြိုက်ဘူး၊ ဦးသန်းရွှေအုပ်ချုပ်သွားတဲ့ နအဖ အစိုးရကို မကြိုက်ဘူး။ ဒီအခြေခံပေါ်မှာ တစိုက်မတ်မတ် တောက်လျောက်ရပ်တည်လာခဲ့ကြပါတယ်။ အဲဒီအစိုးရ သုံးဆက်ရဲ့ နောက်တွဲလို့  ခေါ်ရမယ့် ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့ အစိုးရကိုလည်းမကြိုက်ဘူး။ ကျွန်တော်တို့ မဲထည့်ခဲ့တာ NLD၊ ကျွန်တော်တို့  လိုလိုလားလား အသည်းထဲက ပုံအောခဲ့တာဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်တာ ဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့ သည်ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအခုလို အောက်ကျနောက်ကျဖြစ်နေမှာ မဟုတ်ဘူးလို့  မှတ်ထင်ယုံကြည်ထားကြတယ်မဟုတ်လား။

သူ့ အဖေဗိုလ်ချုပ်လိုဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မျက်နှာတစ်ခုသာကြည့်မယ်၊ ပြည်သူလူထု
အကျိုးတစ်ခုကိုသာ ရှေ့ တန်းတင်မယ်လို့  ကျွန်တော်တို့ အားကိုးယုံကြည်ထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့အမေးကို အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်လို့ 
ပြန်ဖြေနေတဲ့အချိန်မှာ ကျွန်တော်တို့ မှာရော ဘယ်လိုဆန္ဒမျိုး ရှိကြပါသလဲ။ ကျွန်တော်တို့ ဆန္ဒတွေကို
ဒေါ်အောင်ဆန်းစုကြည် လက်ခံနားလည်ပေးဖို့ မလိုအပ်ဘူးလား။

အောင်မျိုးထွန်း

၁- ၈- ၂၀၁၁

0 ဗေဒါလမ်း (နီနီဝင်းရွှေ)


မျှဝေသော ကိုထက်အောင်ရှိုင်းအားကျေးဇူးတင်ရှိပါသည်.....

Sunday, July 31, 2011

0 ခေါင်ကလေး တနေရာစာလောက် မိုး ကလေး လုံအောင် ကြိုးစား ပေးပါ ..သမတကြီး

အေးဗျာ ၊ ဗမာ နဲ့ အိုမန် ဘောပွဲပြီးတာ ၃ ရက် လောက်ရှိသွားပါဘီ ၊ မှား တယ်ဗျာ ၊ အများကြီး မှား
ပါတယ်၊ ဒီ အကြောင်း တွေ ကို အင်တာနက် ဝက်ဆိုဒ်အမျိုးမျိုး ဖိုရမ် အမျိုးမျိုးမှာ လူ တွေ တော်တော်
များ များ ရှုဒေါင့် အမျိုးမျိုး က နေ ဆွေးနွေး တာတွေ ဖတ်ရပါတယ် ၊ လူမျိုး ကို က ဒီ လို ဇ ရှိတယ်
ပြော ကြ သလို ၊ ပညာရည်အားနည်း လို့ ဒီ လို ဖြစ် ရ တယ် ဆို သူ က လဲ ရှိပြန် ၊ စစ် အစိုးရ လက်
ထက် လွပ်လပ်မှု ဆိုတာ ဘာ မှ မရှိ ခဲ့ လို့ ၊ ဒီ လို နေ ရာ မှာ ထွက်ပေါက် ရှာ ပေါက် ကွဲ မှု ဖြစ် ပါ
တယ် လို့ ပြော သူ က ပြော ၊ မြန်မာဘောလုံးအဖွဲ့ချုပ် က စီမံခန့် ခွဲမှု အားနည်း လို့ ၊ ဒီလို ဖြစ်ရ
ပါတယ် ဆိုသူ က လဲ မရှား ပါ ခင် ဗျာ ၊ တချို့ ဆို ၊ ဘာသာရေး နဲ့ တောင် နွယ် ပြီး ပြေ ရာ ပြေ
ကြောင်း တ ရား ချ ဆွေးနွေး ထား ကြ ပါ တယ် ခင် ဗျာ ၊

လူ မျိုး ကို က ၊ ဇ ရှိတာ က တော့ သေချာ သဗျ ၊ ဘာ ကြောင့် ဒီ လို ဖြစ် ရ တာ ကို ဆွေးနွေး နေ
တဲ့ ကွန်မင့် တွေ ကြား မှာ ကို ၊ အပြော အဆို မဆီ လျော် တာတွေ လဲ ဖတ် ရ ပါ တယ် ၊ ဖြစ် ရ
ခြင်း အကြောင်းတရား ကို ကြိုက် သလို ပြော ပါ ၊ ထင်သလို ဆက် စပ် ကြပါ ၊ ဒါ ပေ မဲ့ ဖြစ် ခဲ့ တဲ့
အ ဖြစ် အပျက် ကြီး တခု လုံး ကတော့ ၊ အမှား ကြီး မှား သွား ပါ တယ် ၊ အလွန် မှား ခဲ့ ပါ တယ် ၊

အခုတော့ ငါးခုံးမ လှေ တစီး တိုက် ၊ မ က ကြောင့် ၊ ရှိ သ မျှ ငါး ၊ အကုန် ပုပ် ခဲ့ ရ ပေါ့ ဗျာ။
အခုခေတ် က ပါးစပ် သက် သက် ပြော ဘို့ မလွယ်တော့ ပါ ဘူး ၊ အဲ ဒီ ပွဲ က ဘာ ကြောင့်
ဘယ် လို ဖြစ် သွား တယ် ဆို တာ ၊ စီ စီ တီ ဗွီ ရိုက် ထား တာ တွေ ၊ ပြည် တွင်း တယ်လီဗွီးရှင်း
တွေ က ရိုက် ထား တာ တွေ ၊ ပြီး တော့ အဲဒီ နေ့ က သတင်း ရိုက် ခွင့် ရ ထား တဲ့ အိုမန်တီဗွီ၎ နဲ့
အယ်ဂျာစီးယား စပို့ ချန်နယ်တွေ က လာ ရိုက် နေ တဲ့ ကင်မရာ တွေ နဲနဲ နောနော မှ မဟုတ် တာ ပါ
လားခင်ဗျာ ၊ ဒီ ပွဲ က သူ လို ငါ လို ချစ်ကြည်ရေး ပွဲ မဟုတ်ပါဘူး ၊ ကဘာ့ဖလားပွဲကြီး ရဲ့ တရားဝင်
တစိတ် တပိုင်း ပွဲကြီး ပါ ၊ မြန်မာဘောလုံးအဖွဲ့ချုပ် က ဖီဖာ ဥပဒေနဲ့ အရေးယူ ခံရ တော့ မှာပါ။

ငါ နဲ့ မဆိုင်ဘူး လို့ တော့ ပြော မရ ဘူး ပေါ့ ဗျာ ၊ ကဘာမကြေ သီချင်းလေး ထစ် ခ နဲ ရှိ အော်
ဆို တတ်ကြ သူ ၊ ဒီ သီချင်း ကို ဆို ခွင့် ရ နေ တာ ကို တန်ဘိုး ထား တတ် သူ အား လုံး နဲ့ ဆိုင်
ပါ တယ် ခင် ဗျာ ။

အခု ကြားနေ ရ တာက ၂၀၁၃ အရှေ့တောင် အာ ရှ ပွဲ တောင် သိပ် မသေချာ တော့ ဘူး ကြား ပါတယ်
ဖီဖာ ဥပဒေ နဲ့ နိုင်ငံတကာပွဲ လက် ခံ ကျင်းပ ခွင့် ကို ပိတ် ပင် အရေး ယူ မယ် ဆို ရင် ၊ လာ ညိ
သွား နိုင် ပါ တယ် တဲ့ ခင် ဗျာ ၊ အစိုးရ က တော့ ကြိတ် ဝမ်းသာ နေ မှာ ပါ ၊ ပြီး ခဲ့ တဲ့ ဘတ်
ဂျက် အစည်းဝေး မှာ အဲဒီ ပွဲ အတွက် အားကစားရုံတွေ ဆောက် ဘို့ ဘတ်ဂျက် က အကြီး အကျယ်
လို နေ လို့ ၊ တချို့ လုပ် ငန်း တွေ ဆို ရပ်ထား လိုက် ရ တဲ့ အခြေအနေ ရောက် သွား လို့ ပါ။

အစိုးရ က ဘတ်ဂျက် ကိတ်စ ကို တော်တော် စိစစ် သုံးနေ ရ တဲ့ သဘော ရှိ ပါ တယ် ၊ အရင်
တခါ မှ မဖြတ်ဘူး တဲ့ ကာကွယ်ရေး ဘတ် ဂျက် တောင် ၂၅ % ဖြတ်ပစ် လိုက် ပါ တယ် ။
ရန်ကုန် စည်ပင်သာယာရေး အဖွဲ့ လဲ ဘတ်ဂျက် ပြသနာ တက် နေ တာ အခု ထိ ရှင်း လို့
မပြီးသေး ပါဘူး ၊ အခု အမှိုက် သိမ်း တဲ့ လူ တွေ ကို ပိုက် ဆံ လုံလောက် အောင် မပေး နိုင်
လို့ ၊ မြို့တော် အမှိုက် ကို ဘယ် လို သိမ်း နေ ရ သလဲ ဆို တာ ကို ၊ ညနေ ၅ နာရီ လောက်
လှည်းတန်း လမ်းဆုံ နား ၊ ခန လောက် သွား လေ့ လာ ကြ ပါ လား ခင် ဗျာ ။

အမှိုက် ကား က တစီး ထဲ ၊ ကျန် တဲ့ အမှိုက် တွေ ကို တွန်း လှဲ ပေါ် တင် ပြီး ၊ မိန်းမကြီး တွေ
ခလေး လေး တွေ ၊ ဒီ လောက် ရှုပ် တဲ့ ကား တန်း ကြီး အကြား က ညာ သံ ပေး တွန်း နေ ကြ
တာပါ ၊ ဒီ အဖွဲ့ တွေ က တရပ် ကွက် ပြီး တရပ် ကွက် ၊ ညနေ ပိုင်း ကို အကုန် အမှိုက် သိမ်း
ပြီး မှ လုပ် ခ ရ ကြ ပါ တယ် ၊ အမှိုက် ကို ရပ်ကွက် တခု က စ သိမ်း တယ် ၊ ပြီး ရင် နောက်
ရပ် ကွက် တခု ထိပ် မှာ သူ တို့ သိမ်း လာ တဲ့ အမှိုက် တွေ လှည်း ပေါ် က သွန် ချ ပစ် ပါတယ်။

အား သွား တဲ့ လှည်း လေး နဲ့ ရပ် ကွက် အသစ် ထဲ ဆက် သိမ်း တယ် ၊ အဲ ဒီ ရပ် ကွက် ပြီး
လို့ နောက် ရပ် ကွက် တခု ထဲ ဝင် ရင် ၊ နောက် ရပ် ကွက် ထိပ် မှာ ၊ အရင် ရပ် ကွက် က
ကြုံး လာ တဲ့ အမှိုက် တွေ သွန် ပြန် ရော ခင် ဗျာ ၊ စည်ပင်သာယာ က ရပ် ကွက် တွေ တခု
ပြီး တခု ၊ အချိန် ကိုက် အမှိုက် လိုက် သိမ်း ပါ တယ် ၊ သိမ်း ကား သိမ်း ၏၊ ဒါပေမဲ့
အမှိုက် တွေ က တော့ မသိမ်းဘဲ ထား တာ ထက် ပို တောင် များ လာ ပါ သေး တယ် ခင် ဗျာ ။

စည်ပင်သာယာ ဘတ်ဂျက် က ဘယ်လောက် အခြေအနေ ဆိုးသွား သလဲ ဆိုရင် ၊ လခ တောင် ပေး
စရာ မကျန် တော့ ပါ ဘူး ၊ အရင် မြို့တော်ဝန် အဟောင်း က ကြို သုံး လေး တွေ အကုန် သုံး
သွား ပါ သတဲ့ ဗျ ၊ အခု မြိုကတော်ဝန် အသစ် ဆိုရင် ၂ လ ဆက် တိုက် လခ မထုတ် ရ ပါဘူး။
အရင် က သိပ် တန်ခိုး ထွား ခဲ့ တဲ့ ၊ စည်ပင် ဌာနမှူး ကြီးတွေ အခု တယောက် မှ မကျန် တော့
ပါဘူး ။ အကုန် လုံး အရေး ယူ တာ ခံ လိုက် ရ တယ် ပြော ပါ တယ် ။

မြိုကတော်ဝန် အသစ် က တော့ ဂျပန်ပြန် ၊ သံအမတ်ဟောင်း ဆို တော့ တိတိ ကျကျ ဖြစ် အောင်
သူကိုယ် တိုင် အပင်ပမ်း ခံ ပြီး လိုက် လုပ် နေ ပါ တယ် တဲ့ ခင်ဗျ ၊ ဘယ် လောက် လုပ် နိုင် မယ်လဲ
မသိဘူး ပေါ့ ဗျာ ၊ မြို့တော်ဝန် အဟောင်း ဦးအောင်သိန်းလင်း လဲ တက် ခါ စ တော့ ထိုနည်းတူစွာ
ပါ ဘဲ ၊ သူ့ အရင် မြို့တော်ဝန် အဟောင်း ရဲ့ ငယ်ကျိုး ငယ်နာ အကုန်ဖော်ပြီး ၊ ဟို လူ ဖြုတ် ပစ်
ဒီ လူ ဖြုတ် ပစ် လိုက် လုပ် ပါ တယ် ၊ ခန နေ တော့ အခု တွေ့ ရ တဲ့ အတိုင်း ပါ ဘဲ၊

ဘာ မှ မထူး ပါ ဘူး ၊ နောက် လာ တဲ့ မောင် ပု လဲ ၊ ဒိုင်း ဝန် ထက် ကဲ ဆို သလို ပါ။
သူ အသုံး မကျ ဘူး ပြော ခဲ့ တဲ့ မြို့ တော် ဝန် ထက် ၊ ဦး အောင်သိန်းလင်း က ပို ဆိုး တာပေါ့ဗျာ
အခု မြို့တော်ဝန်ကြီး က လဲ ဘယ် တော့ ဦးသာဆိုး လို့ အပြော ခံ ရ မလဲ မသိ နိုင် ပါ ခင် ဗျာ။

အစိုးရ ကိုယ်တိုင် လဲ အခု တိုက် နေ တဲ့ ပြည်တွင်းစစ် အနိုင် အရှုံး ကို တမျိုး ပြောင်း စဉ်းစား နေပုံ
ရ ပါ တယ် ၊ ပြီး ခဲ့ တဲ့ ရက် တွေ ထဲ က အက်အက်အေ ဌာနချုပ် ဝမ်းဟိုင်း စခန်း ကို ပိတ်ပြီး
ဝိုင်းထား ပြီးသား ၊ စခန်း ကို အမြောက် နဲ့ ဘဲ ပစ်ပစ် ၊ လေယဉ် နဲ့ ဘဲ တိုက် တိုက် ၊ သိမ်း နိုင်
ဘို့ အဆင်သင့် ဖြစ် နေ တာ ကို ၊ အခု ဘာ မှ ဆက် မလုပ် တော့ ဘဲ ၊ ဝိုင်း ထား တဲ့ အစိုးရ တပ်
တွေ ကို ပြန် ခွာ သွား ပါ ဘီ။

လက်နက် အားကိုး ကြီးနိုင် ငယ် ညှင်း ၊ အ ဝိုင်း ခံ ထား ရ တဲ့ သူ ကို အမြောက် နဲ့ ပစ် ပြီး
အနိုင်ယူ ရ တာ ကို နိုင် တယ် လို့ ပြော လို့ မရ မှန်း သဘော ပေါက် သွား ခဲ့ ပုံ ပါ ၊ ဘယ် နဲ့ ဗျာ
ကိုယ့် ပြည်သူ ပြည်သား ချင်း ဗျာ ၊ အဲ ဒီ လို သွား ပစ် လို့ နိုင် တယ် ယူ ဆ ရင် ၊ ဘယ် လို အကျိုး
တရား တွေ ၊ ဘယ် လို အကျိုး အမြတ် တွေ ၊ တကယ် ရ မှာ ပါ လဲ ခင် ဗျာ ။

တကယ် တော့ နိုင် တယ် ဆို တာ က ၊ ကွဲ လွဲ နေ တဲ့ အယူ အဆ တွေ ၊ ညှိနှိုင်း ဘို့ လို နေ တဲ့
အချက် တွေ ကို ၊ နှစ်ဦး နှစ် ဘက် ကြေ ကြေ နပ် နပ် ၊ သဘော တူ ၊ ချစ် ကြည် သွား နိုင် ခဲ့ မှ
အခု ဖြစ် နေ တဲ့ ပြသနာ တွေ ကို ၊ အား လုံး က အနိုင် ရ လိုက် တဲ့ ၊ အမှန် ဆုံး အနိုင် ဖြစ် မှာ ပါ။

အမေစု က လဲ ငြိမ်းချမ်းရေး အတွက် ကိုယ်စွမ်း ညဏ်စွမ်း ရှိ သမျှ သူ လုပ်ပေး ဘို့ အဆင်သင့် ရှိ
ကြောင်း ကြေညာချက် ထုတ်ထား ပါတယ် ၊ လွယ်တော့ မလွယ် ဘူး ပေါ့ ဗျာ ၊ အား လုံး က
သဘောထား မှန် မှန် ၊ စေတနာ မှန် မှန် နဲ့ ချင့်ချင့် ချိန် ချိန် လုပ် ကြ ရင် တော့ ဖြစ် နိုင် မှာပါ။
လောလောဆယ် က တော့ အမေစု ၊ မဟာစည် သာသန ရိပ်သာ မှာ အဓိဌာန် နဲ့ တရား ထိုင် နေ
ပါ သတဲ့ ခင် ဗျ။ ကောင်း ပါ တယ် ခင် ဗျာ။

စစ်တပ် ထဲ မှာ လဲ အခု ရက် ပိုင်း ၊ ကွိုင် တွေ တ ပုံ ကြီး တက် နေ ပါ သတဲ့ ခင် ဗျ။
အကုန် လုံး မြေ မြို ၊ မြေ ပိ တဲ့ သူ တွေ ပါ ဘဲ၊ လွှတ်တော် အသစ် မစ ခင် ၊ တိုင်းမှူး တွေ လက်
ထဲ အရပ်ဘက် စီမံခန့်ခွဲမှု အာဏာ ရှိ နေတုံး ၊ တွေ့ က ရာ ကောက် ဝါး မိတာ တွေ က ၊ တိုင်းမှူး
အဟောင်း ၅ ယောက် လောက် နဲ့ တိုင်းမှူးချုပ် တွေ ပါ ကွိုင် တက် ကုန်တာပါ။

ဘာ ဘဲ ဖြစ် ဖြစ် ပါ ဗျာ ၊ သူ့ အကြောင်း နဲ့ သူ ပါ။
ခေါင် က လေး တနေရာ စာ လောက် မိုး ကလေး လုံ အောင် ကြိုးစား ပေး ပါ ပ၊ သမတကြီး ခင်ဗျား ။
မြန်မာမျှားနတ်မောင် MMCP community forums မှ azawgyiအားကျေးဇူးတင်ရှိပါသည်...

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.