Tuesday, August 2, 2011

0 မတရားဖမ်းဆီးချူပ်နှောင်ခံထားရသူများအတွက်အကျဉ်းချခံနိုင်ငံရေး မိသားစုများမှစာချွန်လွှာတင်မည်။



အကျဉ်းချခံနိုင်ငံရေး မိသားစုများ၏ တွေ့ဆုံပွဲ အစီအစဉ်ကို ဇူလိုင်လ ၃၁ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသား ကိုရဲမြတ်ဟိန်းနေအိမ်တွင် ပြုလုပ်ခဲ့ရာ ထိုတွေ့ဆုံပွဲမှ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အတွက် ရှေ့တော်သွင်း စာချွန်တော်ကို တင်မည်ဟု အန်အယ်ဒီ တရားရုံးချူပ်ရှေ့နေ ဦးအောင်သိန်းမှ ပြောကြားခဲ့သည်။

“၈၈မျိုးဆက်ကျောင်းသား ၉ဦးရဲ့ မိသားစုဝင်တွေနဲ့ကျတော်တို့ ရှေ့တော်သွင်း စာချွန်တော်ကို တင်မှာပါ။ ကျတော့်ဘက်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပြင်ဆင်ထားပြီးပါပြီ။ ဟုဦးအောင်သိန်းမှ ပြောကြားခဲ့သည်။

စာချွန်တော် အမိန့်ဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်ကြောင့် မဟုတ်ပဲ အာဏာပိုင်များ၏ အုပ်ချုပ်မှု အာဏာအရ စီရင်ထားသည့် အမှုများကို တရားရုံးချူပ်မှ အာဏာဖြင့် ခေါ်ယူစီစစ် မေးမြန်းခွင့်နှင့် စီစစ်နေသည့် အချိန်တွင် ဆိုင်းငံ့ထားခွင့်များဖြစ်သည်။
စာချွန်တော် အမိန့်တွင် ရှေ့တော်သွင်း စာချွန်တော် ၊ အမှုခေါ်စာချွန်တော်နှင့် အာဏာပိုင်ပေးစာချွန်တော်၊ အာဏာပိုင်မေးစာချွန်တော် ဟူ ရှိပြီး ပြစ်မှုဆိုင်ရာ အမှုများနှင့် ပတ်သတ်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် စာချွန်တော်မှာ ရှေ့တော်သွင်း စာချွန်တော်ဖြစ်သည်။ စာချွန်တော် တင်ရာတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော သူများ၏ မိသားစုဝင်တဦးမှ ကျမ်းကျိန်ကာ တရားရုံးတော်ကို လျှောက်ထားရမည် ဖြစ်သည်။ မတရားဖမ်းဆီး ထောင်ချ ခံထားရကြောင်း ထိုလျှောက်လွှာလက်ခံရရှိသော အခါတရားရုံးတော်မှ ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းကို အဆင့်ဆင့် ဆင့်ခေါ် မေးမြန်းကာ ဥပဒေအရ ခိုင်ခိုင်လုံလုံ မပြနိုင်ပါက ဖမ်းဆီးထားသူကို ချက်ချင်း လွှတ်ပေး ရမည် ဖြစ်ကြောင်းသိရသည်။

“အရင်ဦးဆုံးတော့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုးဦးရဲ့ မိသားစုဝင်တွေကနေ စတင်မယ် ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့လုပ်သင့်တာကိုပဲ လုပ်ရမှာပဲလေ။ အစိုးရသစ်လို့ ပြောတဲ့အတွက် တကယ်အသစ်လား နည်းအဟောင်းတွေပဲသုံးတဲ့ အဟောင်းလားဆိုတာ စောင့်ကြည့်ရမယ်”လို့ ထိုပွဲကို တက်ရောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားမိသားစု တွေ့ဆုံပွဲကို လစဉ်ကျင်းပလျက်ရှိရာ နောက်လများတွင်လဲ တတ်နိုင်သလောက် ဆက်လက် ကျင်းပသွားမည်ဟုသိရသည်။

Tin Hlaing

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.