Saturday, November 3, 2012

0 ရခိုင်ပြည်နယ် အကြမ်းဖက်မှုများတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူများ ရှိခဲ့ဟုသိရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့နယ် ကျေးရွာများ၌အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား အပြန် အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ မှ အဓိကရုဏ်းအသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ ရခိုင်လူမျိုးတို့သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသလျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာဖြင့် ကျောက်တော် မြို့နယ်ဆေးရုံနှင့် စစ်တွေမြို့နယ်ဆေးရုံ တို့သို့ ရောက်ရှိလာကြသော ဒေသခံ ပြည်သူတို့တွင် ဘင်္ဂါလီလူမျိုးတို့ ပါဝင်မှု မရှိခြင်းအပေါ် ၎င်းဒဏ်ရာရပြည်သူတို့က လုံခြုံရေးတပ်ဖွဲ့၏ အဓိကရုဏ်းဖြို ခွင်းမှုသည် ဘက်လိုက်မှုနှင့် မှားယွင်းမှု များရှိနေကြောင်းပြောကြားကြသော်လည်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူးကမူ ဤသို့ မရှိပါကြောင်း အတိအလင်းဖြေကြားခဲ့သည်။

"တပ်က ပစ်တယ်ဆိုတာ လူစုကွဲရုံ လောက်ပဲ ခြောက်လှန့်ပစ်တာပါ။ လူအုပ်က ပိုပြီး များလာတဲ့အခါ ဆက်ပစ်ရတာမျိုးတွေ လည်းရှိတော့ သေနတ်ဒဏ်ရာ ကြောင့် တချို့သေဆုံးမှုတွေလည်းရှိနိုင် ပါတယ်။ ဒါပေမယ့် ကျောက်တော်မြို့ နယ်ထဲက လက်ဆောင်ကောက်ရွာမှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းမှာ

0 လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ဒုရဲအုပ်မှ ကျေးရွာသူ သုံးဦးအား လက်သီးဖြင့်ထိုး၊ ပါးရိုက်၊ လက်ကို လိမ်ချိုးခဲ့

လက်ပံတောင်း တောင် ၃၃လုံး အနက် အမြင့်ဆုံး တောင်ဖြစ်သော ရွှေမြင်တင် တောင်ထိပ်ရှိ အနုမြူ ကပ်ကျော် စေတီတော်ကို ယနေ့ နံနက်ပိုင်း တွင် သံဃာတော်များ နှင့် ကြေးနီ စီမံကိန်း လယ်သိမ်းခံ ၂၆ ရွာမှ ရွာသူ / ရွာသား ၇၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည် Photo : The Voice Weekly

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည် ဖေါ်ဆောင်ရွက်နေသည့်နေရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ဒေသခံများကို လက်သီးထိုး၊ပါးရိုက်၊ လက် လိမ်ချိုးခဲ့သည့် ဒုရဲအုပ် အပါဝင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ဘိုကုမ္ပဏီတို့အား ရာနှင့်ချီသည့် ဒေသခံတောင်သူများမှ ဆားလင်းကြီးမြို့နယ်တရားရုံး၌ တရားစွဲဆိုရန်အတွက် ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့နံနက်ပိုင်းအချိန်မှစတင်ကာတရားရုံးရှေ့သို့ ရောက်ရှိနေကြကြောင်း ဒေသခံပြည်သူများ၏ပြောဆိုချက်အရ သိရှိရပါသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ခြေ ဆည်တည်းကျေးရွာရှိ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယာမြေများပေါ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လိုအပ်သည့် အဆောက်အဦးများ ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေးပစ္စည်းများကို စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ လာရောက်စုပုံ နေရာချထားမှုကြောင့် ဒေသခံတောင်သူ ၇၀ ခန့်မှ နေရာချထားမှု မပြုရန်အတွက် သွားရောက်တားမြစ်ခဲ့ကြကြောင်း သိရှိ ရသည်။

အဆိုပါ တားမြစ်ခဲ့မှုကြောင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တာဝန်ယူထားရသည့် လုံခြုံရေးရဲတပ် ဖွဲ့ဝင်များထဲမှ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးက ဆည်တည်းကျေးရွာသူ မစန်းလှိုင်ဝင်း၊ မအဲ၊ မဝင်းအေးတို့ ၃ဦးအား လက်သီး ထိုး၊ ပါးရိုက်၊ လက်လိမ်ချိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း

0 အရှေ့နှင့်အနောက် ရေနံလုပွဲတွင် ကွင်းသစ်ဖြစ်လာသော မြန်မာနိုင်ငံ

(Oil Price.com မှ 1 Nov 2012 ရက်စွဲပါ “Myanmar: New frontline for East-West oil rush ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှကြိုဆိုပါသည်။တရုတ်တို့အတွက်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်ပြီး ၊ ရေနံဓါတ်ငွေ့သိုက်များ စွာကြွယ်ဝသောမြန်မာနိုင်ငံ သည် အမေရိကန်၏ အာရှမူဝါဒနှင့် တရုတ်၏ စွမ်းအင်ဖူလုံရေး မူဝါဒတို့အတွက် အရေးပါသောအစိတ်အပိုင်း ဖြစ်နေသည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သော တပ်မတော်အစိုးရကအုပ်ချုပ်ခဲ့ပြီး၊ တရုတ်တို့၏ပိုက်လိုင်းစီမံကိန်းအချက်အချာနေရာတွင် မီးလောင်နေသောအဓိကရုဏ်းဖြစ်ပွားနေသည့် ဒေသဖြစ်သည်။

မြန်မာနိုင်ငံတွင်တပ်မတော်အစိုးရမရှိတော့ဟု အချို့ကဆိုကြဖွယ်ရှိသည်။ သို့သော် ယခုပြုပြင်ပြောင်းလဲရေးဝါဒီအစိုးရသစ်ကို တပ်မတော် အစိုးရလက်ထက်ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဦးဆောင်နေသည်ကို သတိပြုစေလိုသည်။ အမှန်စင်စစ် အပြင် ပက်ကင်ကို ပြင်၍ ပြန်ထုတ်ထားခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းပြည်လူဦးရေထက်ဝက်ခန့်မှာ တိုင်းရင်းသားလူမျိုးများဖြစ်သော်လည်း ဗမာတို့ကသာအရာရာကို လွှမ်းမိုးထားဆဲဖြစ်သည်။သို့သော်လည်းသယံဇာတအများဆုံးတည်ရှိသောပြည်ပကုန်သွယ်ရေးလမ်းကြောင်းများတည်ရှိသောနယ်စပ်တောင်တန်းဒေသများတွင် ၎င်းတိုင်းရင်း သားလူမျိုးများ အခြေစိုက်နေထိုင်နေသောအချက်က အစိုးရကိုများစွာ စိတ်အနှောင့်အယှက်ဖြစ်စေသည်။

မြန်မာအစိုးရ၏ဖြေရှင်းနည်းမှာ တိုင်းပြည်လူဦးရေထက်ဝက်ဖြစ်သော တိုင်းရင်းသားများကိုဇက်ကြိုးကိုင်နိုင်ရေးသာဖြစ်သည်ဟု ယူဆရသည်။ တိုင်းရင်းသားများကလည်း ပြန်လည်တိုက်ခိုက်ရန် ကိုယ်ပိုင်စစ်တပ်များဖွဲ့စည်းခြင်းဖြင့် တုန့်ပြန်ကြသည်။ ပြီးခဲ့သော နှစ်များတစ်လျောက် အနောက်အုပ်စု မီဒီယာများသည် ရွေးကောက်ပွဲအပိတ်ခံ၊ အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် အာရုံကျခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဗမာတစ်ဦးဖြစ်နေခြင်းကို မည်သူကမျှအမှန်တကယ်ဆန်းစစ်လိုခြင်းမရှိကြပေ။ သူမနှင့်ဒီမိုကရေစီတွဲဖက်နေခြင်း၊ အာဏာရှင် ဆန့်ကျင်မှုဖြင့်အထိန်းသိမ်းခံရခြင်း၊ စစ်အစိုးရ၏ပြဿနာပေါင်းစုံအတွက် သူမသည်အဖြေဖြစ်နေရခြင်းစသောအချက်များနှင့်ပင် သူမကို ဆန်းစစ်စရာ မလိုအောင်လုံလောက်သွားခဲ့သည်။ ထို့အပြင် သူမသည် ငြိမ်းချမ်းရေးနိုဗယ်ဆုကိုပါရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှိနေပြီဟု လူတိုင်းကတွေးထင်နိုင်သော်လည်း အရပ်ဖက်အုပ်ချုပ်မှု မှန်သမျှကိုကျော်လွန်ကာ တပ်မတော်က လှုပ်ရှား နေပြီး၊ ရေနံဓါတ်ငွေ့ဖွံဖြိုးရေးလမ်းကြောင်းရှင်းရန်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပွင့်ရန်အတွက် တိုင်းရင်းသားဒေသများကိုထိုးစစ်ဆင် ထိန်းချုပ်ရန်ကြိုးစားလျက်ရှိသည်။ ဒါတင်မက လွှတ်တော်နေရာ ၂၅% ကိုလည်းအလိုအလျှောက်ရယူထားသေးသည်။ (ဘုရားစူးရစေ့ ဒီမိုကရေစီ ဖြစ်သည်)

လောလောဆယ် ထိုးစစ်ဆင်နွဲနေသောနယ်မြေတစ်ခုမှာ တရုတ်တို့က ရေနံ၊ ယူရေနီယမ်၊ ရေအားလျှပ်စစ်များ ထုတ်လုပ်ရန်မျှော်မှန်းနေသော ကချင်ပြည်နယ်ဖြစ်သည်။ ထိုပြဿနာများနှင့်ပတ်သက်၍ ကမ္ဘာကျော်နိုဗယ်ဆုရှင်က ဘာပြောပါသလဲ။ ဘာတစ်ခွန်းမှ ပြောသံမကြားရပါ။

ထိုအတောအတွင်း နိုင်ငံအနောက်ပိုင်းတွင်ရခိုင်များနှင့် ရိုဟင်ဂျာဘင်္ဂါလီများအကြား အသက်များဆုံးရှုံး၊ အိမ်များမီးလောင်ပျက်စီးကုန်သော အဓိကရုဏ်း များဖြစ်ပွားခဲ့သည်။ ယခုနောက်ဆုံး အခင်းဖြစ်ပွားရာ နယ်မြေ သည် ဒေါ်လာဘီလျံပေါင်းများစွာတန်သော တရုတ်ဓါတ်ငွေ့၊ ရေနံပိုက်လိုင်းစီမံကိန်း၏ အချက်အခြာနေရာဖြစ်သည်။ ယင်းနယ်မြေတွင် Dawoo Internationl က ကမ်းလွန်ဓါတ်ငွေ့ လိုက်တူးဖော်နေပြီး၊ တရုတ် CNPC ကုမ္ပဏီက ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်သွယ်တန်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် တရုတ်စွမ်းအင်ဖူလုံရေးမူဝါဒ၏သော့ချက်အစိတ်အပိုင်းဖြစ်နေသည်။ တရုတ်နိုင်ငံသည် ယင်း၏ရေနံစိမ်းလိုအပ်ချက် ၈၀ ရာခိုင် နှုန်း(တစ်ရက်လျှင် စည်၁၀သန်း)ကို အန္တရာယ်များသော မလက္ကာရေလက်ကြား မှ ဖြတ်သန်းသယ်ယူနေရသည်။ ယခုတည်ဆောက်နေသော ပိုက်လိုင်း ကြောင့် ရေနံစိမ်း ၂၀ ရာခိုင်နှုန်းနှင့် ဓါတ်ငွေ့များကို သယ်ယူရန် ဖြတ်လမ်းတစ်ခု ရရှိမည် ဖြစ်သည်။

ယခုအခါ အပေါ်ယံအရေခွံလဲထားသောမြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး sanctions များရုတ်သိမ်းပေးခြင်း၊ ရင်းနှီးမြှပ်နှံ မှုများ ခွင့်ပြုခြင်းတို့ဖြင့်အသိအမှတ်ပြုနေပြီဖြစ်သည်။ ထိုဆောင်ရွက်ချက်သည် မဟာဗျူဟာမြောက်မြန်မာနိုင်ငံတွင် တရုတ်တို့ယခုထက်ပို၍ ခြေကုပ် ရလာမည်ကို မမြင်လိုခြင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည်။ (အာဖရိကတွင် အမေရိကန်တို့ sanctions ဖယ်ရှားမှုနှေးကွေးသောကြောင့် တရုတ်တို့က သယံဇာတများစွာကို ထိန်းချုပ်ခွင့် ရရှိသွားခဲ့သည်)

မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည်ကောင်းစွာအဆုံးသတ်လိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ်ရွေးကောက်ပွဲကို ၂၀၁၅တွင် ကျင်းပမည်ဖြစ်ရာ ၎င်းမတိုင်မီ လူမျိုးစုအကြမ်းဖက်အဓိကရုဏ်းပိုဆိုးလာဖွယ်ရှိနေပြီး၊ အစိုးရကလည်းသယံဇာတနှင့် ကုန်သွယ်မှု အလားအလာကောင်း သောတိုင်းရင်းသားဒေသများကို အပြီးတိုင်ရှင်းလင်းရန် သုတ်ချေတင်လုပ်ဆောင်ပါလိမ့်မည်။ တိုင်းရင်းသားအုပ်စုများကလည်း ခွန်အားအသစ်၊ စစ်အင်အားအသစ် တို့ဖြင့် ပြန်လည်ထကြွလှုပ်ရှား လာကြပါလိမ့်မည်။

အာဏာနှင့်ငွေကို တပ်မက်သော လူသားတို့၏ လောဘမှာ အတောသတ်နိုင်ခြင်းမရှိပါ။

Yangon chronicle

1 သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက် ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အပေါ်တွင် ဩဇာပြ ၍မချေမငံဆက်ဆံနေကြကြောင်းသိရသည်။ "ကျွန်မက နှလုံးသွေးကြောကျဉ်း လို့ ဆေးရုံ လာတက်တာပါ ဆေးရုံကို ရောက်လာတော့လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်း တွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရမယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ် တယ်။

ပြီးတော့တွန်းလှည်းခတောင်း တယ်။ ကိုယ်ကလည်း အြွေကမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူး လေ။ ဒါကြောင့်ပြန်အမ်းပေးဖို့ ပြော တော့ တစ်ထောင်တန်ပေးပါ ပြန်အမ်း ပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာယူဆိုတော့မှအကြွေယူလာပြီးပိုက်ဆံလာတောင်းတယ်"ဟုရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါ နှင့်တက်ရောက် နေသူလူနာတစ်ဦးထံမှ သိရသည်။ အဆိုပါဆေးရုံတွင် မနက်တိုင်း ပိုးသတ်ဆေးဖျန်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိရာ ပိုးသတ်ဆေးနံ့မခံ နိုင်သော လူနာများကစင်္ကြံများသို့ ထွက်၍ အနံ့ရှောင်သောအခါတွင် လည်းအော်ဟစ်ငေါက်ငမ်း၍ လူနာများ အား ခုတင်ပေါ်တွင်သာနေရန် ဆူပူ လျက်ရှိကြောင်း သိရသည်။ "အဖွားက အသက်(၈၀)ရှိပါပြီ နှလုံးကြီးလို့ ဆေးရုံလာတက်တာ ပါ။ ပိုးသတ်ဆေးတွေဖျန်းတော့ အနံ့ တွေကမခံနိုင်လို့စင်္ကြံန်မှာသွားနေတာ။ အဲဒါကို ခေါင်းလောင်းလိုက်တီး နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က အထဲ ကိုဝင်အပြင်မှာမနေနဲ့၊ လူနာစောင့်တွေ ကဟိုးအောက်မှာသွားနေ၊ လူနာတွေ ကအခန်းထဲကိုဝင် ဆရာဝန်ကြီးတွေ လာရင်ဆူလိမ့်မယ်ဆိုပြီးခါးကြီးထောက် ပြီး အော်ဟစ်နေလို့ အဖွားတို့လည်း အနံ့မခံနိုင်တဲ့ကြားထဲက အထဲကို အမြန်ဝင်ပြေးရတယ်"ဟု အသက် ၈၀ အရွယ် နှလုံးကြီးရောဂါဖြင့်ဆေးရုံတက် ရောက်ဆေးကုသခံနေသူ အဖွားအိုထံမှ သိရသည်။ "ဟုတ်တယ် ကျွန်မလည်း နှလုံး သမားပါပဲ။ အနံ့အသက်တွေရှူမိရင် မခံနိုင်အောင် အရမ်းမောလာပါတယ်။ အဲဒါကြောင့် ကျွန်မလည်း အပြင် စင်္ကြံန်မှာ အနံ့ထွက်ရှောင်တာ အဲဒါ ခေါင်းလောင်းတီးပြီးလိုက်အော်နေတဲ့ ဆေးရုံဝန်ထမ်းအဖိုးကြီးက ညည်း လည်း လူနာပဲမဟုတ်လား။ အထဲဝင် နေ။ ဆရာဝန်ကြီးဆူမယ်ဘာညာလာ ပြောတာနဲ့ ကျွန်မလည်း အနံ့မခံနိုင် လို့အပြင်ထွက်တာပြီးရင်ဝင်မှာဘာညာ ပြောပြီး စကားများတယ်။ အရမ်းလူပါး ဝတယ် ဆရာဝန်တွေ ဆရာမတွေက အော်တာငေါက်တာထားပါတော့ သူတို့ က ဘာမှလည်းမဟုတ်ဘဲနဲ့လာပြီး ရင့် ရင့်သီးသီးတွေပြောကြတယ်။ မလိုအပ် ပဲ အကူအညီတွေလိုက်ပေး ပိုက်ဆံ တောင်း၊ မရရင်အော်ငေါက်နေကြ တာ။ တကယ်စိတ်ပျက်ဖို့ကောင်းပါ တယ်။ ဝန်ထမ်းတွေ ဒီလိုဖြစ်နေတာကို အပေါ်ကလူကြီးပိုင်းဆရာဝန်တွေသိစေ ချင်ပါတယ်။ ထိထိရောက်ရောက်လည်း အပြစ်ပေးစေချင်ပါတယ်။ ကျန်းမာရေး မကောင်းလို့ စိတ်ညစ်ရတာတစ်မျိုး ဘာမဟုတ်တဲ့ သူတွေအော်တာ ငေါက် တာခံရတာတစ်မျိုးနဲ့ ဆေးရုံ တက်ရ တာ စိတ်မချမ်းသာပါဘူး"ဟု အသက် ၂၅ နှစ်အရွယ် လူနာတစ်ဦးကပြော သည်။ သူမ၏ ခင်ပွန်းဖြစ်သူက လည်း ဆေးရုံဝန်ထမ်းများငွေကြေးတောင်း ခံပုံမှာ အကြွေးရှင်က အကြွေးတောင်း သလိုတစာစာတောင်းကြောင်း ဆေးရုံ မှာလစာယူထားသောကြောင့် ဆေးရုံ အလုပ်များကိုလုပ်ကိုင် နေကြသော် လည်း ဆေးကုသခံယူသူများထံမှလက် ဘက်ရည်ဖိုး တောင်းခံမှုများရှိကြောင်း လူနာများကိုမ ချေမငံဆက်ဆံကြောင်း လူထုပုံရိပ်သို့ဖြည့်စွက်ပြောကြားသွားသည်။

မေအိမ့်ဒါလီမွန်
The Public Image

0 မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား

စိုးရသစ်လက်ထက်တွင် လယ်ယာမြေပြဿနာများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်လာခဲ့သည်။ ယခင်အစိုးရဟောင်း လက်ထက်က တပ်မတော်မှ သော်လည်းကောင်း ၊ ၀န်ကြီးဌာန များမှသော်လည်းကောင်း ၊ ကုမ္ပဏီများမှဌာနဆိုင်ရာများနှင့်ပူးပေါင်းသိမ်းဆည်းခြင်းများသော်လည်းကောင်း နှုတ်ပိတ် နေလာခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် ၎င်းတို့နစ်နာခဲ့ရသည့် ကိစ္စရပ်များအပေါ် နည်းအမျိုးမျိုးဖြင့် ပြန်လည်တောင်းဆိုလာကြခြင်းဖြစ်သည်။ လယ်ယာမြေလှုပ်ရှားမှုကိစ္စများတွင်နစ်နာသူလယ်သမားများမှာဇွဲလုံးလ၀ရိယဖြင့်အပင်ပန်းခံ တောင်းဆိုလာကြခြင်းအပေါ် ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ပြည်သူ့အသံ လွှတ် တော်အသံဟု ကြွေးကြော်ထားသော လွှတ်တော်မှလည်း မြေယာများသိမ်းဆည်းခံရမှုများ စုံစမ်းရေး ကော်မရှင် ကိုဖွဲ့စည်းခဲ့သည်။ လယ်သမားအရေးများ ထထကြွကြွဖြစ်လာသောအခါ ယခင်က နည်းလမ်းအမျိုးမျိုးဖြင့် မြေယာများ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သူများကပင် မြေယာကိစ္စများကိုင်တွယ် ဆောင်ရွက်ရန် အဖွဲ့အစည်း များဖွဲ့စည်းပြန်သည်။

သိမ်းဆည်းခံ လယ်သမားများအရေးနှင့် ပတ်သက်၍ ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတင်ထွတ်မှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ပြီး လယ်သိမ်းခံပြဿနာများအရေး မကြုံစဖူး အကြုံထူးစွာ လွှတ်တော်ကိုယ်စားလှယ်များပါဝင်ဆွေးနွေးအတည်ပြုပြီး မြေယာသိမ်းဆည်းခံရမှုများစုံစမ်းရေး ကော်မရှင်ကြီးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာခြင်းကို လယ်ယာမြေကိစ္စများ လိုက်ပါဆောင်ရွက်နေသည့် နိုင်ငံရေး အင်အားစုများကလည်း ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး စုံစမ်းရေး ကော်မရှင်အနေဖြင့် မည်သို့ဆောင်ရွက်သင့်ပုံ၊ စုံစမ်းရေးကော်မရှင် တွင်ပါဝင်သင့်သူများ၊မပါဝင်သင့်သူများစသည်ဖြင့် ဝေဖန်ထောက်ပြပြောဆိုခဲ့ကြသည်။ လယ်ယာမြေစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရေး ဆွေးနွေးပွဲတွင် လယ်မြေများသိမ်းဆည်းမှုတွင် ပါဝင်သူ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦး ကလည်း ပါဝင်ဆွေးနွေးခဲ့သေး သည်။

ထိုသို့ဖြင့် ပေါ်ပေါက်လာပြီဖြစ်သော စုံစမ်းရေးကော်မရှင်အနေဖြင့် မည်သည့်အတိုင်းအတာအထိ ထိထိရောက်ရောက်ဆောင်ရွက်မည်ကို မျှော်တလင့်လင့်ရှိနေသောငြား မျှော်လင့်သလို ဖြစ်မလာသည့်အပေါ် လယ်သမားများသည် ကြမ်းမြဲကြမ်းပြနေကြရသည်။ လယ်သမားအရေး ဆောင်ရွက်သူများက ပြည်သူ့အကျိုး အမှန်တကယ် ကြည့်မည့်သူဆိုလျှင် မည်သည့်ပါတီမည်သည့်အဖွဲ့စည်းမှ ဖြစ်နေပါစေကြိုဆိုကြောင်း ထောက်ခံကြောင်းဖြင့် ကောင်းချီထောပနာ ပြုခဲ့ကြသော်လည်း ကော်မရှင်တစ်ရပ်အဖြစ်သာ ပေါ်ပေါက်လာ ခဲ့ပြီး လုပ်ငန်းဆောင်တာ ဆောင်ရွက်မှုတွင် နှေးကွေးလေးကန် ထိုင်းမှိုင်းကြောင်းကို သိရှိလာကြသည်။

သို့ဖြစ်၍ အားကိုးအားထားပြုဖွယ်ရာ မရှိဖြစ်နေသော နစ်နာသူပြည်သူများမှာ ပြည်သူ့လက်နက်ကို သာစွဲကိုင်၍ လုပ်ဆောင်သင့်သည်များကို သိသင့်သိထိုက်သူ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိနိုင်ရေး အပင်ပန်း အဆင်းရဲခံ ဆန္ဒဖော်ထုတ်မှုများ စဉ်ဆက်မပျက် လုပ်ကိုင်ဆောင်ရွက်နေသော်ငြား တာဝန်ရှိသူများဘက်မှ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေဆဲပင် ဖြစ်သည်။

လယ်သမားအရေး ဆောက်ရွက်သူများအနေဖြင့် ဆက်လက်လေ့လာဖော်ထုတ်ကြရမည်မှာ လယ်ယာ မြေစုံစမ်းရေး ကော်မရှင်တွင် ပါဝင်သူတို့သည် လယ်ယာမြေဥပဒေများကို သိရှိနားလည်သူများ ဖြစ်၏လော့၊ လယ်သိမ်းယာသိမ်း ပုဂ္ဂိုလ်များနှင့် ပါတနာများလော့၊ ၎င်းတို့ကိုယ်တိုင် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှု များရှိနေခြင်းကြောင့် ထိထိရောက်ရောက် မဆောင်ရွက်ခြင်းလော့ စသဖြင့် လေ့လာဖော်ထုတ်ကြရပေတော့ မည်။ လွှတ်တော်တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုးပြု ကော်မတီများ ၊ ကော်မရှင်များ ဖွဲ့စည်း ထားပြီးဖြစ်သော်လည်း အမှုပေါင်း သောင်းခြောက်ထောင်ဖြင့် ဥပဒေမဲ့လုပ်ရပ်များ ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ၊ အာဏာအလွဲသုံးစားမှုများကို ပြည်သူပြည်သားတို့မှ စာတစ်တန် ပေတစ်တန် တင်ပြနေသော်လည်း ဖြေရှင်းဆောင်ရွက်ပေးရာတွင် အလွန်နှေးကွေးထိုင်းမိုင်းဆဲဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတို့နစ်နာဆုံးရှုံးခဲ့ရသော လယ်ယာမြေသိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်ကိုလည်း ရိုးသားမှု ရှိပါ၏လော့ဟု မေးမြန်းရမည့် အချိန်သို့ရောက်ရှိလာပါပြီ။ ဖြစ်ပေါ်လျှက် ရှိသော မြေသိမ်းခံယာသိမ်းခံကိစ္စများကို မည်မျှသိရှိပါပြီနည်း။ သိရှိပြီးသော်လည်းမည်သည့်အတွက်ကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန်လက်နှေးနေရပါသနည်း။ မြေသိမ်းယာသိမ်း ကော်မရှင်နှင့် မြေသိမ်းယာသိမ်း ကုမ္ပဏီများ လက်ဝါးချင်း ရိုက်နေခြင်းလော့။ မြေယာစုံစမ်းရေး ကော်မရှင် ရိုးသားပါ့မလား ဆိုသော မေးခွန်းကို ရိုးသားလျှင်လည်း ရိုးသားပါကြောင်း ၊ မြေသိမ်းယာသိမ်းပုဂ္ဂိုလ်များနှင့် ပတ်သက်မှုရှိနေ၍ ဖြေရှင်းဆောင်ရွက် ပေးရန် လက်တုန်းနှေးနေရခြင်းဖြစ်လျှင်လည်း . . . . ပြည်သူ့အသံကို ကပြောင်းကပြန် လုပ်ဆောင်ရန် မသင့် ကြောင်းဖြင့် မေးခွန်းထုတ်လိုက်ရပါသည်။

နောင်တော်လေး

Friday, November 2, 2012

0 ကူသူမဲ့ ကယ်သူမဲ့ ဆန္ဒဖော်ထုတ်ပွဲ ၃ ရက်မြောက်နေ့

လှိုင်သာယာမြို့နယ် ပဒံလယ်သမားတွေဟာ တရားဝင်ခွင့်ပြုချက်နှင့် အညီ ဆန္ဒဖော်ထုတ်ခဲ့ ကြပြီး ၎င်းတို့၏ တောင်းဆိုချက်များကို မည်သူကမျှ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသည့် အပေါ် ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ရာ (၃)ရက်မြောက်နေ့ကို ရောက်ရှိလာသည့် တိုင် ဖြေရှင်းဆောင်ရွက်ပေးမည့်သူ မရှိကြောင်း ၊ တာဝန်ရှိသူ မည်သူကမျှ တာဝန်ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
The Season News

1 သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု


          ၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ  တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။ ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့်

0 ကရုဏာလက်လူငယ်များ၏သီတင်းကျွတ်မီးထွန်းပွဲတော်အလှူ(ဓာတ်ပုံ)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကျောက်ဖရုံသီး
ကျောင်းသားသမဂ္ဂအလံအားဆီမီးပူဇော်ထားပုံ

ကရုဏာလက်လူမှုအကျိုးပြုလူငယ်များသည်၂၀၁၂သီတင်းကျွတ်လပြည့်နေ့ တွင်သန်လျင်မြို့ ကျိုက်ခေါက်စေတီတော်ရင်ပြင်လျောင်းတော်မူတန်ဆောင်း၌ ဘုရားဖူးလာပြည်သူများအားလပြည့် နေ့ မနက်ပိုင်းတွင်ကြာဇံကြော် စတုဒီသာကျွေးမွေးခြင်း ညပိုင်းတွင်ကောက်ညှင်းပေါင်းစတုဒီသာကျွေးမွေး ခဲ့ကြပြီး ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား ဆီမီးထွန်းညှိပူဇော်ခြင်း၊ဓမ္မာစကြာင်္ရွတ်ဖတ်ပူဇော် ခြင်းများပြုလုပ်ခဲ့ကြ၍ သစ်သီးပန်းအလှများပြုလုပ်ကပ်လှူခဲ့ကြ ပါသည်။ကရုဏာလက်လူမှုအကျိုးပြုလူငယ် များ၏လှူဒါန်းမှုကုသိုလ်ကောင်းမှုအစုစုအား ကမ္ဘာသူ၊ကမ္ဘာသားများနှင့်မြန်မာနိုင်ငံကြီး ငြိမ်းချမ်းသာယာစေရန် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီး၏ ရင်ပြင်တွင်ဆုတောင်းမေတ္တာပို့ အမျှဝေခဲ့ကြပါသည်။

0 ခရိုင်တရားရုံးအတွင်း ဓမ္မသတ်ရွာသားများ ဆန္ဒထုတ်ဖော်

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာမှ ဒေသခံ မွန်လူမျိုး(၃၀၀)ဦးခန့်သည်၊ မော်တော်ယာဉ်(၁၂)စီး၊ ဆိုင်ကယ်(၂၀)စီး ခန့်နှင့် မော်လမြိုင်ခရိုင်တရားရုံး ပရ၀ုဏ်သို့ရောက်ရှိလာပြီး ဗီနိုင်းပိုစတာများကိုင်ဆောင်လျက် တရားရုံး အဆောက်အဦရှေ့တွင် ရပ်ကာ ““အမှန်တရားပေါ်ပေါက် ရေး – ဒို့အရေး””၊ ““ဦးစိုးသိန်း လွှတ်မြောက်ရေး – ဒို့အရေး”” ဟူသော ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင် သော လုံခြုံရေးအဖွဲ့က လူစုခွဲရန်ပန်ကြားခဲ့မှုကြောင့် နေ့လည် ၁၂ နာရီခန့်တွင် မော်လမြိုင်မြို့တွင်းသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ နေရပ်သို့ ပြန်လည်ထွက်ခွါသွားကြောင်းသိရသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရခြင်းမှာကျေးရွာရှိ မူလတန်းကျောင်းပိုင်မြေနေရာအား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းမှအကွက်စိတ်ရောင်းချခဲ့မှုအပေါ် မကျေနပ်သဖြင့် ကျေးရွာ လူထုကိုယ်စား ဦးစိုးသိန်းမှ ဦးဆောင်တိုင်ကြားခဲ့ပြီးနောက် မမှန်မကန်တိုင်ကြားသည်ဟူသော စွပ်စွဲချက်ဖြင့် ဦးထွန်းလင်းမှ ပြန်လည် တရားစွဲခဲ့ရာ ကျိုက်မရော မြို့နယ်တရားရုံးက ဥပဒေပုဒ်မ (၅၀၀)ဖြင့် ဦးစိုးသိန်းအား ထောင်ဒဏ်(၆)လ ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ ဦးမင်းစိုးမြင့်က““ကျွန်တော်တို့ရွာသားတွေအနေနဲ့ ဦးစိုးသိန်းကို ထောင်ဒဏ်ချမှတ်ခဲ့တာကို မကျေနပ်လို့ ဥပဒေနဲ့ အညီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြဖို့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရုံးကိုတင်ပြတယ် ခွင့်ပြုချက် မရဘူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ထပ်တင်တယ် ပယ်ချခံထိတယ်၊ဒါ ကြောင့် မော်လမြိုင်ခရိုင် တရားရုံး မှာ ဒီအမှုနဲ့ပတ်သက်ပြီး အယူခံဝင်ခဲ့တာပါ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ တစ်ကြိမ်၊ ၂၄ ရက်နေ့မှာတစ်ကြိမ် ရုံးထုတ် စစ်ဆေးပါတယ်၊ ဒီနေ့က ၃ ကြိမ်မြောက်ရုံးထုတ် စစ်ဆေးတာပါ၊ ဦးစိုးသိန်းဟာ သူ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ရွာအတွက် အနစ်နာခံပြီး ထောင်ကျခဲ့ရတာပါ၊ မြို့နယ်ကချမှတ်ထားတဲ့ အမိန့်နဲ့ ပြစ်ဒဏ်ဟာ မမျှဘူး ဖြစ်နေပါတယ်၊ ကျွန်တော်တို့ အားလုံးက ဒီအဖြစ်အမှန် မပေါ်ပေါ်အောင်ဆက်လက်ဖော်ထုတ်သွားပါမယ်””ဟုသံတော်ဆင့်ကို ပြောကြားခဲ့သည်။

အဆိုပါအမှုအား မော်လမြိုင် ခရိုင်တရားရုံးမှ ပြစ်မှုဆိုင်ရာ အယူခံအမှုအမှတ်(၂၈/၂၀၁၂)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကာ နိုဝင်ဘာလ(၈)ရက်နေ့သို့ ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်း သိရသည်။

မြန်မာသံတော်ဆင့်

0 Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Windows 8 သည်ဈေးသက်သာခြင်း

ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ

1 အဖိုးမဖြတ်နိုင်သော အစားထိုးရလာဒ် (ကျော်သူ)

အဖိုးမဖြတ်နိုင်သော အစားထိုးရလာဒ် (ကျော်သူ)
ကျွန်တော်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံရှိ ဝါရှင်တန်မြို့တော်တွင် အမေရိကန်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသော National Endowment for Democracy (NED) အဖွဲ့မှချီးမြှင့်သော ဒီမိုကရေစီ စွမ်းဆောင်သူများဟူသော 2012 Democracy Award ဆုအား လက်ခံရယူရန် သွားရောက်စဉ်က ကျွန်တော်၏လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ရင်ထိုးတံဆိပ်အား အမေရိကန်နိုင်ငံတွင် TAXI မောင်း နေသော အီသီယိုပီးယားလူမျိုး၏ တောင်းဆိုချက်ကြောင့် ကျွန်တော်အမြတ်တနိုး ဂုဏ်ယူစွာချိတ်ဆွဲ ထားသော အမေစု (ဒေါ်အောင်ဆန်းစုကြည်)၏ ရုပ်ပုံပါရင်ထိုးအား ပေးလိုက်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ယခင်ကျွန်တော်ကိုယ်တိုင်ရေးသားခဲ့သော“လွမ်းလို့ကျန်ရစ်ခဲ့ရပြီအမေ”ဟူသော ဆောင်းပါးတွင် ရေးသားခဲ့ပြီးဖြစ်သည်။

အမေစုကို မြန်မာပြည်သူလူထု၊ လူကြီး၊ ကလေးမကျန် သိရှိကြသလို ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ တိုင်းပြည်များရှိ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအပြင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အီသီယိုပီးယား နိုင်ငံရှိ ပြည်သူများပါမကျန် သိရှိကြခြင်း၊ ကြည်ညိုကြခြင်းတို့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူ/သား များအဖို့ များစွာဂုဏ်ယူဖွယ်ဖြစ်သည်။ ထို့ပြင် “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဆောင်းပါးတွင် ရေးသား ခဲ့သော ဖြစ်ရပ်မှန်တွင် (အီသီယိုပီးယားလူမျိုး TAXI DRIVER အလွန်တောင်းတ လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရင်ထိုးအား ကျွန်တော်သည် သူ၏လက်ထဲသို့ ပေးလိုက်သောအခါ သူသည် ချက်ချင်းဆိုသလို သူ၏မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားသခင်ပုံတော်တို့အား မြတ်မြတ်နိုးနိုး ချိတ်ဆွဲကာ မော်တော်ကား Dash Board နေရာတွင် အမေစုရုပ်ပုံ ရင်ထိုးအား ချိတ်ဆွဲထားလိုက်သည်။ အမေစုအား ကမ္ဘာ့ပြည်သူ အပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟူသမျှ လေးစား အသိမှတ်ပြုကြသည်မှာ အမေစု ရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့် သစ္စာတရား၊ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စစ်မှန်သည့် မေတ္တာတရားတို့၏ စွမ်းပကားတို့မှာ အရှိန်အဝါ ထုထည်ကြီးမားမှုကို လက်တွေ့ပြသ လိုက်ခြင်းဖြစ်သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့ သည် အမေရယ်” ဟူ၍ ကျွန်တော်ရေးသားခဲ့ဖူးသည်။ ထိုစဉ်အခါက ကျွန်တော်၏ သက်မဲ့ ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခု ဖြစ်ပေါ်ခံစားခဲ့ရသည်။ သို့သော် ယင်းတဒင်္ဂ ဆုံးရှုံးမှုသည် လူစိမ်းတစ်ယောက်၏ မြတ်နိုးစွာတန်ဖိုးထားရှိမှုကို မြင်တွေ့ခဲ့ရ၍ ဝမ်းသာပီတိ ကျေနပ်စွာဖြစ်မိသည်။ တစ်စုံတစ်ယောက်မှ မိမိပိုင်ဆိုင်သောအရာဝတ္ထုတစ်ခုအားလိုချင် တောင်းတမှုကိုမိမိမှ ပြန်လည်၍ ပေးအပ်ခြင်း(ပေးဆပ်ခြင်း)တို့ကို ဆောင်ရွက်ခြင်းကြောင့် မိမိတွင် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သော်လည်း တစ်စုံတစ်ယောက်သောသူမှာ သူ၏ဆန္ဒပြည့်ဝသွားမှုကို ကြည့်ရှု မြင်တွေ့ခဲ့ရသောအခါ မိမိသည်လည်း ထိုတစ်စုံတစ်ယောက်၏ ကြည်နူးဝမ်းသာမှုတို့ကို ပြန်လည်၍ ကူးစက်ခံစားစေနိုင်သကဲ့သို့ ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် ယင်းကဲ့သို့ ပေးဆပ်မှု၏ ရလဒ် ဖြစ်သော ပီတိကိုယ်သာ စားသုံးရသည် မဟုတ်ပါလား။

ယင်းဖြစ်ရပ်မှန် ဖြစ်စဉ်ဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ကျွန်တော်တို့၏ NED ဆုပေးပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ဆုပေးပွဲတို့ ပြီးဆုံး သွားသောအချိန်တွင် ကျွန်တော်သည် အမေရိကန်နိုင်ငံရှိ သုဿန်များကို လိုက်လံလေ့လာပြီး မြန်မာ နိုင်ငံသို့ ပြန်ရတော့မည်ဖြစ်သောကြောင့်ကျွန်တော်၏ညီဝမ်းကွဲရှိရာ လော့အိန်ဂျလစ်မြို့ နေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့သို့ မထွက်ခွာမှီ (၂) ရက်ခန့်အလိုတွင် ကျွန်တော်နေထိုင်ရာ လော့အိန် ဂျလစ်မြို့ နေအိမ်သို့ စာတိုက်မှတဆင့် ပါဆယ်ထုတ်တစ်ထုတ် ကျွန်တော့်နာမည်နှင့် ရောက်ရှိလာခဲ့ သည်။ ကျွန်တော်သည် ထိုပါဆယ်ထုတ်အား ဖွင့်ကြည့်သောအခါ ကျွန်တော် မမျှော်လင့်သော၊ မထင် မှတ်သော၊ တန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား မြင်တွေ့ရတော့သည်။ ယင်း ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ ဆုတံဆိပ်ကြီးအား ကျွန်တော် ရင်းနှီးစွာ၊ အကျွမ်းဝင်စွာ၊ မကြာခဏ ယခုရက်ပိုင်းအတွင်း မြင်တွေ့ခဲ့ဖူးသည်။

စင်စစ် ယင်းဆုတံဆိပ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် အတွက် အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ရွှေတံဆိပ်ပုံစံတူ တစ်ခုပင်ဖြစ်တော့သည်။ ယင်းပါဆယ်ထုတ်နှင့် အတူ တွဲပါလာသော စာအိတ်အား ဖွင့်ဖတ်ကြည့်သောအခါ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ (ဗာဂျီးနီးယား) မြို့နေ မြန်မာလူမျိုးဖြစ်သော ဒေါက်တာစိန်ဝင်းနှင့် ဇနီး ဒေါက်တာတင်မိုးသူတို့မှ ကျွန်တော်နှင့် ကျွန်တော် ၏ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့၏ လူမှုရေး လုပ်ဆောင်မှုများအား အထူးကျေးဇူးတင် ဂုဏ်ယူ မိပါကြောင်းနှင့် ယခုပေးလိုက်သော လက်ဆောင်ပစ္စည်းမှာလည်း အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သော DEDICALTED TO PROMOTING FREEDOM AND DEMOCRACY IN BURMA ဟူသော ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သော ရွှေတံဆိပ်ဆု ပုံစံတူတစ်ခုဖြစ်သည့်အပြင် ယင်းရွှေတံဆိပ်ပုံစံတူ စုစုပေါင်း (၁ဝဝ) ခုသာ အမေရိကန်နိုင်ငံ အစိုးရ US Government Mint မှထုတ်လုပ်ခဲ့ကြောင်းနှင့် ယင်း ကုမ္ပဏီမှ ဆုတံဆိပ် (၁ဝဝ) ထဲမှ မိမိတို့ ကြိုတင်မှာယူဝယ်ထားခဲ့ကာ ဦးကျော်သူတို့ ဇနီးမောင်နှံအား မိမိတို့မှ ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရ ပို့ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်ကို အံ့သြဝမ်းသာ စွာဖြင့် ဖတ်ရှုရတော့သည်။ ထို့ကြောင့် ယခင်ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော အမေဒေါ်စု ရုပ်ပုံရင်ထိုးမှ နေ့ချင်းညချင်း ကမ္ဘာ့နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံအစိုးရမှ ချီးမြှင့်သည့် အမေစုရုပ်ပုံပါ ပုံစံတူတံဆိပ်ကြီး အဖြစ် ပြောင်းလဲသွားမှုကို တွေ့မြင်ခံစားမိတော့သည်။

ကျွန်တော်၏ သက်မဲ့ပိုင်ဆိုင်မှု တစ်ခုအား အခြားလူစိမ်းတစ်ဦးအား ပေးလိုက်ရ၍ တဒင်္ဂဆုံးရှုံးမှု ကွက်လပ်တစ်ခုသည် နေ့ချင်းရက်ချင်း အတွင်း ကျွန်တော့်အဖို့ အဖိုးမဖြတ်နိုင်သော ရလာဒ်တစ်ခု၊ တန်ဖိုးကြီးမားလှသော ကွက်လပ်တစ်ခုကို ပြန်လည်အစားထိုး ရရှိခဲ့ခြင်းပင်ဖြစ်ပေသည်။ ကျွန်တော်ရေးသားခဲ့သော “လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ” ဖြစ်ရပ်မှန်ဆောင်းပါး၏ နောက်ဆုံးစာပိုဒ်ဖြစ်သည့် “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုသည့်စကား မှန်ကန်လှပေတော့သည် အမေရယ်” ဟူသောစကားသည်လည်း ကျွန်တော့်အဖို့ လုံးဝ ဥဿုံ မှန်ကန်လှပေတော့သည်။

ကျော်သူ

Thursday, November 1, 2012

0 အမေရိကမှာ စန္ဒီမုန်တိုင်းနဲ့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဖြစ်ခဲ့တုန်းက ခေါင်းဆောင်တွေရဲ့ နွေးထွေးသည့် ဆက်ဆံမှု လုပ်ဆောင်ချက်ဒီလိုကွာခြားလှပါတယ်..

ဒုတိယသက်တမ်းအတွက် သမ္မတရွေးကောက်ပွဲမဲဆွယ်ရေးကို မေ့ထားပြီး မုန်တိုင်းဒဏ်သင့်နေတဲ့ နယူး၈ျာစီပြည်နယ်က မုန်တိုင်းသင့်သူတွေကို ကယ်ဆယ်ရေးစခန်းမှာ သမ္မတအိုဘားမားက သွားရောက်နှစ်သိမ့်အားပေးနေပါတယ်

မြန်မာပြည်မှာလဲ နာဂစ်ဆိုတဲ့ မုန်တိုင်း တိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီ့အချိန် အဲ့ဒီအခါက အစိုးရနဲ့ ပြည်သူဆိုတာကတော့.....

photo..Burma-Newselite

0 အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ

”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့်တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ်တစ်ခုခုရဖို့ပဲ စိတ် ကူးရှိတော့တယ်”

ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်းမြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေးပညာအဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှုပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန်လုပ်ကျွေးမှုပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များအပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေးခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် ….

”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ CV Form တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော်များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ငွေကြေးပိုင်းဆိုင်ရာတွေ မေးတယ်။ မေးတဲ့အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။

ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။

အလုပ်လက်မဲ့ ၆ သန်း

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။

တက်စရာသင်တန်းတွေက များ

”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2 အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။ မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။

ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင်တန်း များ တစ်ခေတ်ဖြစ်လာခဲ့သည်။ ”ကျွန်ေ တာ် ကွန်ပျူတာသင် တန်းတက်ခဲ့တယ်။ LCCI တက်ခဲ့ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ တစ်နှစ်လောက် Service Centre မှာ လုပ်ခဲ့တယ်။ ကျွန်တော် သင်ခဲ့ တာနဲ့ ပတ်သက်လို့ ဒါပဲ လုပ်ခဲ့ရ တယ်။ ကုမ္ပဏီက အကြောင်း ကြောင်းကြောင့် နားသွားတော့ ကျွန်တော် အလုပ်လက်မဲ့ဖြစ်တယ်။ အကြာ ကြီးနေလို့ အလုပ်ပြန်ရတော့ သင် ထားတာတွေနဲ့ ဘာမှ မဆိုင် ဘူး။ ဦးလေးရဲ့ ထောက်ခံချက်နဲ့ အလုပ်တစ်ခု ရတယ်ဆိုတာပဲ အဖတ်တင်တယ်။ ဒါဆို ဘာလို့ ကျွန်တော်ပညာသင်မလဲ။ အလုပ် ရှာတဲ့ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ်ဦးက ပြောသည်။”LCCI Level 3 လက်မှတ် ရှိမှဆိုပြီးေ ခ်ါတယ်။ အင်တာဗျူး တော့ သူတို့ပေးတဲ့ လစာနဲ့ ကိုယ် သင်ထားရတာနဲ့ မတန်ဘူး။ ကိုယ် က ပညာလိုချင်ရင်တော့ တန်ပါ တယ်”ဟု အလုပ်ရှင်နှင့် အလုပ်သ မားကြား လိုအပ်ချက် ကွာခြားမှုကို ရှင်းပြသည်။

တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။

”အဲဒီပွဲတွေမှာ အလုပ်လာ လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။

ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေဂျင်စီကို ယုံမိလို့

”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။ အဲဒီမှာ အလုပ်ရှာတဲ့ အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။

ဥပဓိရုပ်ရှိဖို့လို

လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကို သဘောမတွေ့ ကြောင်း၊ အထူးသဖြင့် ကွမ်းစား သော အမျိုး သားများကို အလုပ်ရှင် အတော်များများက ငြင်းပယ်လေ့ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သို့သော် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်ဆံရသော အလုပ် အကိုင်ရရှိလိုသူ လူငယ်အတော် များများက အလုပ်အကိုင် တစ်ခု ရရန်အတွက် ၄င်းတို့၏ လက်ထဲ တွင် ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ် တစ်ထပ်ကြီး လို အပ်နေသည်ဟုသာ တွေးနေ သည်။ မိမိ လုပ်ကိုင်လိုသည့် အလုပ် အကိုင်အတွက် ကျွမ်းကျင်မှု(Skill) ကို ထည့်တွက်သူမှာ အနည်းအကျဉ်းသာရှိသည်။ လုပ် ငန်းရှင် အချို့ကလည်း မိမိ၏ လုပ်ငန်းခွင် လိုအပ်ချက်ထက် မလိုအပ်သော သင်တန်းဆင်းလက် မှတ်များကို တစ်ပွေ့တစ်ပိုက် တောင်းတော့သည်။

ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ

”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူကို ရွေး ချယ်ခန့်နိုင်ဖို့ လိုတယ်”ဟု မည် သည့်ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ်မှ မရှိဘဲ လက်ရှိ တွင် အချိုရည်နှင့် စား သောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု၌ မန် နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။သို့သော် ကွန် ပျူတာဘာသာ ရပ်ဖြင့် ကျောင်းပြီးထားသူ တာမွေ မြို့နယ်မှ မပြည့်ပြည့်ဟိန်းက အမြင်တစ်မျိုးဖြစ်သည်။ ၄င်းအမြင် သည် အထက်က ဆိုခဲ့သလို မလို လားအပ်သော သင်တန်းဆင်း လက်မှတ် လိုချင်သည့် လုပ်ငန်း ရှင်များနှင့်အတူတူပင်ဖြစ်သည်။”ကိုယ်လိုချင်တဲ့ လုပ်ခလစာနဲ့ နေရာကောင်းကောင်းလိုချင်ရင်တော့ Certificate တွေ အများကြီးလိုမှာ ပါ။ တခြားသူတွေကိုလည်း အကြံ ပေးချင်တာက ကိုယ့်မှာ ကျောင်း ပြီးလို့ ဘွဲ့ရထားရုံနဲ့ အလုပ်လွယ် လွယ်ကူကူမရဘူးဆိုတာပဲ”ဟု မပြည့်ပြည့်ဟိန်း က သူ၏ အမြင်ကို ပြောသည်။

ကျောင်းပြီးလို့ ဘွဲ့တစ်ခုရထား ရုံနဲ့ အလုပ်တစ်ခု ရဖို့ မလွယ်သလို သင်တန်းဆင်းလက်မှတ် တစ်ပွေ့ တစ်ပိုက်နှင့် ရထားသည့် အလုပ် သည်လည်း အလုပ်သမားရော အလုပ်ရှင်အတွက်ပါ ထိခိုက်ပြီး နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုး မရှိနိုင်ပါ။ထို့အတွက် မြန်မာပြည် တွင်းက သင်တန်းဆင်းလက်မှတ် တစ်ထပ်ကြီးနှင့် ဘွဲ့ရလူငယ်များ အတွက် ဘာသာစကား (အထူး သဖြင့် အင်္ဂလိပ်စာ) တစ်ရပ်နှင့် မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင် အတွက် တတ်မြောက်ထားမှု၊ ထိုအထဲတွင်ဝါသနာပါ ပေါင်းထည့် ပါကယင်းလုပ်ငန်းထဲက လိုချင် သောရာထူးကို တစ်နေ့ရမည်မှာ သေချာသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြီး မသတ်သေး၍ သိသာသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာသေးသ ဖြင့် ပြောရန် စောနေသေးသည်။ ယခု ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ က စိတ်ဝင်စားနေ သည်မှာ သဘာ ဝသယံဇာတ ထုတ်ယူရေးလုပ်ငန်း များသာဖြစ်သည်။ လူအင်အား (တစ်နည်း အလုပ်သမားအင်အား) အများအပြားသုံးရသည့် ကုန် ထုတ်လုပ်မှု လုပ် ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်သည်။ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို တရစပ် ပြောနေသည့် သမ္မတ ကြီးအပါအဝင် အစိုးရတာဝန်ရှိသူ များအနေဖြင့် အမှန်တကယ် ဆင်း ရဲနွမ်းပါးမှုလျှော့ချရန်မှာ အထက်က ပြောခဲ့သလို လူသားအရင်းအမြစ် များစွာသုံးနိုင်၊အလုပ်အကိုင် အခွင့်အလမ်းပိုမိုရနိုင်သော ကုန်ထုတ် လုပ်မှု လုပ်ငန်းကို နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန် အလှန် ရင်းနှီးမြှုပ်နှံနိုင်ရန် မက်လုံး ပေးခြင်း သို့မဟုတ် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခွင့်အရေးများကိုဥပဒေပြုရာ၌ ထည့်သွင်းရေးဆွဲဖို့ လိုနေခြင်းပင် ဖြစ်သည်။

ယင်းသည်တိုင်းပြည်၌ အလုပ် အကိုင် အခွင့်အလမ်း ရှားပါးမှု ကြောင့် ဝေလေလေဖြစ်နေသော လူငယ်များအတွက်၊ အစိုးရအတွက် အကောင်းဆုံးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တစ်ခုဖြစ်လာ နိုင်သည်။ ထို့ပြင် အသက်မွေးသင်တန်းကျောင်းများလည်း ကြို တင်စီစဉ်ထားသင့်သည်။ သို့မှသာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် လုပ် သား၏ လုပ်ငန်းခွင် စွမ်းဆော င်နိုင် မှုအတွက် လိုအပ်ချက်များ တစ် ထပ်တည်းကျနိုင်မည်ဖြစ်သည်။အချို့က ပြောသည်။ ပြည် တွင်း ၌ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿ နာကြုံရနိုင်သည်ဟု ထင်ကြေးပေး နေကြသည်။

ယင်းထင်ကြေးသည် အနည်းစုသာဝင်လာနိုင်သော နည်း ပညာဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်လိမ့်မည်။ကုန်ထုတ် လုပ်ငန်း၌လုပ်ငန်း တစ်ခု ကျွမ်းကျင်ရေးသည် အဓိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာမှကုန်တိုက်ကြီးများ ဟိုတယ် ကြီးများ လာရောက်ရင်းနှီးလုပ်ကိုင် ပါကများစွာသော လုပ်ငန်းလိုအပ် ချက်များ ပေါ်လာမည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများစွာလည်း ရှိ နေသေးသည်။ ဘာသာစကားနှင့် မိမိလုပ်လိုသော လုပ်ငန်းအေ ကြာင်း သိလျှင် ထိုအလုပ်သမားအတွက် အလုပ်မရ နိုင်စရာမရှိ။

မိုးမြင့်မြတ်ရေးဖွဲ့သည်။(Popular Myanmar News Journal )

သတင်းအချက်အလက် – ဝေယံမိုးမြင့်၊ မေဇင်ဝင်း၊ ထက်ထက်မိုးမြင့်၊ အိမ်စည်စိုးစံ

0 ၀ါဝါ၀င်းကုမ္ပဏီ အရှေ့မှ ဆန္ဒဖေါ်ထုတ်မှု ဦးဝင်းချိုနှင့် မေးမြန်းမှု (ရုပ်/သံ)

လသာမြို့နယ် ။ စဉ့်အိုးတန်းလမ်းထိပ် အနော်ရထာလမ်းပေါ်။ ဒီကနေ့ ၃၁-၁၀-၂၀၁၂ ဗုဒ္ဓဟူး နေ့ တွင် ၀ါဝါ၀င်းကုမ္ပဏီ အရှေ့မှ ဆန္ဒဖေါ်ထုတ်မှု ။ ဦးဝင်းချိုနှင့် မေးမြန်းမှု ရုပ်သံဖိုင် ။
Video..Ah Ba Yah

္ပမတရား လယ်မြေ သိမ်းဆည်းခံထားရခြင်းကို ဖြေရှင်းပေးရန် မထ တမ်း ဆန္ဒပြနေသော ၀ါဝါ၀င်း ကုမ္ပဏီ ရှေ့တွင် ဆန္ဒပြနေသူများနှင့် ရဲတပ်ဖွဲ့များ တင်းမာနေပြီး။ ယခု နောက်ဆုံး ည ခုနှစ်နာရီ သတင်း အရ၊ မြို့နယ် ထွေအုပ်မှ လူစုခွဲရန်နှင့် ဆန္ဒပြခွင့်ကို ရုပ်သိမ်းပြီးကြောင်း၊ ဆက်လက်ပြီးဥပဒေအရအရေးယူ ဆောင်ရွက်ဖွယ်များကို ဆက်လက် ဆောင်ရွက် မည်ဖြစ်ပါကြောင်း လက်မှတ်များကို လာထိုးခိုင်းနေရာ ။ လယ်သမားများက ထိုးပေးလိုက်ပြီး၊ညဉ့် အမှောင်ထု အောက် လမ်းဘေး ပလက်ဖေါင်းပေါ်တွင် ဆီမီးငယ်များထွန်းကာ ဘုရားရှိခိုး ဆုတောင်းနေကြကြောင်း၊ မကြာမှီ အချိန် အနည်းငယ်အတွင်း အကြမ်းဖက် ဖြိုခွဲခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း။ လယ်သမားများဘက်က တော့ မတရား သိမ်းခံထားရသော သူတို့ လယ်ယာမြေများ အရေး ပြန်လည်ဖြေရှင်းပေးခြင်း မရှိသရွေ့ မထ တမ်း ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုနေရာတွင် လယ်သမားများနှင့် အတူ ရှိနေသော ဦးဝင်းချို (ဖုန်း 0973206838 ) က ပြောကြားပါသည်။

သတင်း မီဒီယာများ ဦးဝင်းချိုထံ ဆက်သွယ်မေးမြန်းပြီး တောင်သူလယ်ယာမဲ့ များ အရေးကို ၀ိုင်းဝန်း ကူညီနိုင်ကြပါသည်။ လယ်သမားများ စားဝတ်နေရေးအတွက်လည်း တပိုင်တနိုင် သွားရောက်ကူညီနိုင်ကြပါသည်။ ယခု အခင်းဖြစ်ပေါ်နေသော နေရာမှာ စဉ့်အိုးတန်း လမ်းထောင့် တွင်ဖြစ်ပါသည်။
Nay myo zin

1 မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းဆက်ကြောင်းပေါ်မှ အရေးပါသောတံတားပြီးစီး

Photo..Mizzima
တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် တပ်မတော်အစိုးရနှင့် အပေးအယူဂိမ်းကစားရင်း မျှော်လင့်မထားဘဲ ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကြီးမားဆုံးဆုလာဘ်အဖြစ် ရရှိသွားခြင်းဖြစ်သည် ဟု မြန်မာ့ရေးရာအကဲခတ်လေ့လာသူများ က ပြောကြား
(IANS News မှ 24 Oct 2012 ရက်စွဲပါ “Bridge Completed For Myanmar-China gas pipeline” သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လင်ကန်းမြစ်(မဲခေါင်မြစ်ဖျားပိုင်း)ဖြတ်တံတားကို ဗုဒ္ဓဟူးနေ့က တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ရာလာမည့်နှစ်တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားသော မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပြီးသတ်ရန် အဓိကအဆင့်တစ်ခု ပြီးမြောက် သွားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Ximhua သတင်းဌာနကကြေညာသည်။

၎င်းတံတားသည် ဘိုရှန်မြို့တော်နှင့် ဘိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုအကြားနယ်နမိတ်တွင် တည်ရှိသည်။ “ဒီတံတားဟာ ပိုက်လိုင်း တစ်လျောက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှုတ်ထွေးတဲ့ပထဝီသွင်ပြင် အနေအထားကြောင့် အခက်ခဲဆုံးအင်ဂျင်နီယာ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ ပါတယ်”ဟု တံတားတည်ဆောက်သူ

1 နာဂစ် ဗိုလ်ချုပ်မှုးကြီး၊ သူ့ရဲ့ ဖေးဗရိတ် နာဂစ်ဝန်ကြီးချုပ်တို့ရဲ့ စေတနာနဲ့ ၂၀၁၅ လူထု ရဲ့ ရေချိန်

၁၉၉၀ တုန်းကလိုပဲ နိုင်ပါမယ် ။ ဒါပေမယ့် အာဏာ မလွှဲပေးဘူး ။ ဒီလိုဆို ဘာလုပ်ကြမလဲ စဉ်းစားထားရမယ့် အချက်တစ်ခုဖြစ်ပါတယ် ။

စန္ဒီ တိုက်ခတ်နေတဲ့အချိန် အားလုံးက နာဂစ် ဗိုလ်ချုပ်မှုးကြီး ရဲ့ စီမံခန့်ခွဲမှုနဲ့ ယနေ့ သမ္မတ နာဂစ်ဝန်ကြီးချုပ် ရဲ့ လုပ်ရပ်တွေ ပြန်သတိထားမိသွားကြပါတယ် ။ ဒီကနေ့အထိလည်း သမ္မတ ဟာ သမ္မတတစ်ယောက်နဲ့ညီင်္တဲ့ တိတိပပ တာဝန်ခံမှုမျိုး မတွေ့ရသေးတာ နာဂစ်ဗိုလ်ချုပ်မှုးကြီးရဲ့ ဇယားကျကို မလွန်ဆန်နိုင်သေးတာပေါ်လွင်နေပါတယ် ။

ဖုန်းကဒ်တွေ အလကားပေးချင်တာပါ ဆိုတာမျိုးက အိမ်က ဘကြီးထီပေါက်ရင် ဘာဝယ်ပေးမယ်ပြောသလို ဘာမှ ရေရေရာရာ မပြောနိုင်တဲ့အပြင် ( သမ္မတ တစ်ယောက် မသုံးသင့်တဲ့ အသုံးအနှုန်းပါ " အလကား"ဆိုတဲ့ ဟောဟာရအစား တခြား မရှိတော့ဘူးလား) ဦးမြင့်တို့ ဦးကျော်ဝင်းတို့ ကျောင်းသားသမဂ ပြန်ဆောက်ဖို့ အကြိမ်ကြိမ်လျှောက်ထားတာတွေကိုလည်း

0 ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများရှိနေကြောင်းသိရှိရသဖြင့်၎င်းတို့ကို ဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦးအိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။

၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။
ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများတွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။

၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေး အတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြစေလိုပါသည်။

၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Wednesday, October 31, 2012

0 ရာဇ၀တ်မှုတိုးလာနေတဲ့ ရန်ကုန်

မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိရန် လွှတ်တော်တရားဥပဒေ စိုးမိုးရေး ကော်မတီက ကြိုးစားဆောင်ရွက်နေသော်လည်း အခုလပိုင်း အတွင်း ရန်ကုန်မြို့တွင် လူသတ်မှု ရိုက်နှက်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွါးလျှက် ရှိပြီး လုံခြုံမှု မရှိကြောင်း ရန်ကုန်မြို့ခံများကြား ပြောဆိုနေကြသည်။

ပြီးခဲ့သည့်နှစ်က ပုဇွန်တောင်မြို့နယ်တွင် ဇာတ်လမ်းဆန်သောလူသတ်မှုနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် စားသောက်ဆိုင်တွင်း ၀င်ရောက်ပြီး ဓါးဖြင့် ခုတ်သတ်သည့်အမှုများက မြို့နေလူထုအား သွေးပျက်ခြောက်ခြားစေသည် ဟု ပြောဆိုကြသည်။ ရန်ကုန်တက္ကသိုလ်(ပင်မ)နားရှိ အင်းယားကန်ဘောင် က စားသောက်ဆိုင်များကို လာရောက်ဖျက်ဆီး ရိုက်နှက် သတ်ဖြတ်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်အပတ် အင်္ဂါနေ့ညတုန်းကလည်း ပြိုင်ကားမောင်းလာသူ လူငယ်များက လမ်းဘေး သီချင်းဆိုသူများကို ရိုက်နှက်မှုတခု နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွါးခဲ့သေးသည်။

ယခုကဲ့သို့ လက်ရဲဇက်ရဲဖြစ်လာရခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကို ပြနေသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ပြောဆိုသည်။ ယ္ခုအခါ ရန်ကုန်မြို့တွင် နိုက်ကလပ်များ ပွဲလမ်းသဘင်များတွင် မူးယစ်ဆေးသုံးစွဲ အကျင့်ပျက်မှုများက လူငယ်တွေကြား အလွယ်တကူ ခိုက်ရန်ပွါးစေသည်ဟု ယူဆကြသည်။ ဒါ့အပြင် ငွေကြေးတတ်နိုင်သည့် လူငယ်များကလည်း ရာဇ၀တ်မှုကို ငွေကြေးဖြင့်ဖြေရှင်းလို့ရသည်ဆိုသော အသိများဝင်နေသည့် အတွက် ရာဇ၀တ်မှုကို ပို၍ကျုးလွန်လာကြသည်ဟု ရဲဝန်ထမ်းဟောင်းတဦးက ပြောဆိုသည်။

လူသတ်မှု လူသေဆုံးမှုဖြစ်ပါက ထောင်ဒဏ်အနှစ်၂၀ မှ တသက်တကျွန်းထိ ကျနိုင်သော်လည်း တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့များကရော တရားရုံးများကပါ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်း မရှိသောကြောင့် အမှုအခင်းများ တိုးပွါးနေရကြောင်း အငြိမ်းစားတရားသူကြီးတဦးကလည်း ပြောသည်။ ယခုလ အစပိုင်းတွင် လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ က ရဲစခန်းများနှင့် တရားရုံးများကို ရှောင်တခင် ၀င်ရောက်လေ့လာ စစ်ဆေးသော်လည်း အဖြစ်မှန်ကိုဖုံးပြီး အဆိုပါကော်မတီကိုပါ လိမ်လည်လှည့်ဖျားသည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်ကို သတင်းများတွင် တွေ့ရသည်။

ရန်ကုန်မြို့နေ ပြည်သူများ လုံခြုံမှုအေးချမ်းမှုရရှိဖို့အတွက် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီက အစည်းအဝေးများ ပြုလုပ်နေရုံနှင့်မပြီးပဲထိရောက်သည့်အရေးယူဆောင်ရွက်မှုများ ဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့သော သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို ၊ ရာဇ၀တ်မှုပပျောက်ရေးကို တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေသည့်ဝန်ထမ်းများအကြား ဆုပေးဒဏ်ပေး စနစ်များကျင့်သုံးပြီး ရာဇ၀တ်မှု လျော့ကျရေး အလေးထား ဆောင်ရွက်ရန် လိုကြောင်း ပြည်ပရောက် အဆင့်မြင့်အစိုးရ အရာရှိတဦးကလည်း ဝေဖန်ပြောဆိုလိုက်သည်။

Burma Newselite

0 အမေရိကန်ရွေးကောက်ပွဲနှင့် စန္ဒီမုန်တိုင်း (သတင်းသုံးသပ်ချက်)

ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာ တိုက်ခတ်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး မုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ။

လက်ရှိမှာသမ္မတအိုဘားမားနဲ့မစ်ဒ်ရွမ်နီတို့ရဲ့မဲအခြေအနေကတူသလောက်ဖြစ်နေပြီးရွမ်နီကတောင် နှာတဖျားလောက်သာနေတယ် လို့ ပြောလို့ ရပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေကိုလိုက်ပြီး လူထုရဲ့ စိတ်ဝင်စားမှုက ကွာခြားပါတယ်။ ဒီနှစ်မှာတော့ စီးပွားရေးကျဆင်းနေတာမို့ ဘယ်သမ္မတက တိုင်းပြည်ရဲ့ စီးပွားရေးပြန်ပြီး ဦးမော့လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ အများစုက စိတ်ဝင်စားကြတာပါ

သမ္မတ အိုဘားမားလက်ထက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတဲ့ ကိစ္စကို သမ္မတ အိုဘားမားရဲ့ ချို့ယွင်းချက် အဖြစ် ရီပါပလီကင်ပါတီက အဓိက ပစ်မှတ်ထား ပြောဆိုနေခဲ့ပါတယ်။ အလုပ်လက်မဲ့ဦးရေ များနေစဲ အနေအထား၊ ရေရှည်စွမ်းအင်ထုတ်နိုင်မဲ့ နေရောင်ခြည်သုံးစွမ်းအင်၊ လေအားသုံးစွမ်းအင်ထုတ်တာတွေမှာ ငွေအများအပြား ရင်းနှီးမြုပ်နှံပြီး အမြတ်မရတာတွေ၊ ဒေ၀ါလီခံတော့မယ့် ကားထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရက ငွေစိုက်ထုတ်ကူညီခဲ့တဲ့အတွက် စက်ရုံဆက်ပြီး လည်ပတ်နေပေမဲ့ စီးပွားရေးရှုထောင့်ကကြည့်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် - စသဖြင့် အိုဘားမားရဲ့ ဆုံးဖြတ်မှု မှားယွင်းတယ်လို့ ပြစ်တင် ပြောဆိုတာတွေ ရှိပါတယ်။

တဘက်ကလည်း ရီပါပလီကင်သမ္မတ ဘွရှ်လက်ထက် ၈ နှစ်တာကာလ အတွင်းမှာ စတင်ခဲ့တဲ့ အီရတ်စစ်ကြောင့် တင်ခဲ့အကြွေးတွေကြောင့် နလံထနှေးခဲ့သလို ကမ္ဘာ့ငွေကြေးပြဿနာ တကမ္ဘာလုံးကိုရိုက်ခတ်ချိန်မှာ အမေရိကန်နိုင်ငံကိုလည်း ရိုက်ခတ်ခဲ့တာကြောင့် အခုလက်ရှိ ရှိနေတဲ့ အခြေအနေဟာ ဘယ်သမ္မတ တက်တက် ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုတဲ့ တုန့်ပြန်မှုတွေလည်း ရှိနေပါတယ်။

အခုမုန်တိုင်းစတင်ချိန်မှာ သမ္မတ အိုဘားမားက အရင်သမ္မတ ဘွရှ်တုန်းကလို အချိန်စောင့်တာမျိုး မရှိဘဲ ချက်ခြင်းတုန့်ပြန်လိုက်တဲ့ အပေါ် လူတွေ အတော်ချီးကျူးပြောဆိုတာ တွေ့ရပါတယ်။ အရင် သမ္မတဘွရှ်လက်ထက်က မုန်တိုင်း (ကက်သရီးနာ) တိုက်တော့ ချက်ခြင်းတုန့်ပြန်တာမရှိခဲ့တဲ့အတွက် လူတွေ ဒုက္ခပိုရောက်ခဲ့သလို အပျက်အစီးလည်း ပိုများခဲ့ပါတယ်။ အခုတကြိမ် အိုဘားမားက ချက်ခြင်းတုန့်ပြန်ချိန်မှာ အခြေအနေကို အသေအချာ မသိသေးချိန်မှာ တုန့်ပြန်တာ စောလွန်းတယ်လို့ ဘွရှ်လက်ထက်က မုန်တိုင်းအရေးပေါ် အခြေအနေ ကိုင်တွယ်ခဲ့သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့် မုန်တိုင်းက ထင်ထားတာထက်ကိုတောင် ပိုမို ပြင်းထန်နေပါတယ်။ အခုလို အလျင်အမြန်တုန့်ပြန်မှုကြောင့်လည်း လူတွေရဲ့အသက်အိုးအိမ်ကို များစွာကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် မုန်တိုင်းဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ်တခုဖြစ်တဲ့ နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်တီက အိုဘားမားကို ဒီကနေ့မှာ ချီးကျူးပြောဆိုလိုက် ပါတယ်။ သတင်းမီဒီယာတွေနဲ့ မေးမြန်းချက်တွေမှာ သူက သမ္မတဟာ တချိန်လုံးသူတို့နဲ့အတူရှိနေပြီး ကူညီလုပ်ဆောင်ခဲ့တာကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ပါတယ်။ သူဟာ ရီပါပလီကင်ပါတီက သြဇာရှိသူဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုချက်ဟာ အတော့်ကိုတာသွားတယ်လို့ သတင်းသုံးသပ်သူတွေ က ဆိုပါတယ်။

မုန်တိုင်းစတိုက်တဲ့အချိန်မှာ အိုဘားမားက မုန်တိုင်းအရေးဟာ ပထမဦးစားပေးဖြစ်ကြောင်း အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေငြာခဲ့ပြီး လျှပ်စစ်မီးပြန်ရရေးလုပ်ဆောင်ရာမှာလည်း ဆေးရုံ၊ ကျောင်းနဲ့ မဲရုံကို အစဉ်လိုက် ဦးစားပေးဆောင်၇ွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့အမျှလုပ်နေရချိန် မုန်တိုင်းခရီးဆက်ရာ ပြည်နယ်တွေမှာ နှင်းထု ၃ ပေအထိကျနေစဲမို့ မပြီးဆုံးသေးပါဘူး။ ရွေးကောက်ပွဲစချိန်မှာတောင် နေရာအတော်များများမှာ မီးတွေက ပျက်နေအုန်းမှာ ဖြစ်ပြီး လူတွေကလည်း အရေးပေါ်စခန်းတွေမှာ နေရဆဲ ဖြစ်နိုင်ပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ မုန်တိုင်းကိစ္စအပေါ် ကိုင်တွယ်ပုံတွေကြောင့် ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှု ဘယ်လောက်ရှိနိုင်မလဲ။ လေ့လာသူတွေကတော့ ဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပေါ် သိသိသာသာ သက်ရောက်မှုရှိမယ်လို့ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း စန္ဒီမုန်တိုင်းဟာ ရာစုနှစ်အတွင်း မကြုံစဖူး ရိုက်ခတ်မှု ကြီးမားလှတဲ့ နိုင်ငံတော် ပြဿနာကြီးတရပ်ဖြစ်လာတာမို့ လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ဒီရက်ပိုင်းအတွင်း ဘယ်လို ကိုင်တွယ်နိုင်မလဲဆိုတာက အဆုံးအဖြတ် ပေးနိုင်ပါတယ်။

လာမယ့် ၄ နှစ် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူမယ့်သူကို စန္ဒီမုန်တိုင်းက ရွေးသွားနိုင်တယ်လို့ ပြောဆိုသံတွေ အတော်ညံလာတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာတွေအနေနဲ့တော့ အမြင်ဆန်းနေမလားမသိဘူး။ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့ Mitt Romney ဟာ ပုံမှာ တွေ့ရတဲ့အတိုင်း မုန်တိုင်းဒုက္ခသည်တွေအတွက် အလှူခံနေပါတယ်။ အလှူတွေကို ကိုယ်တိုင်သယ်ပိုးနေပါတယ်။ (Burma-Newselite ရဲ့ သတင်းသုံးသပ်ချက်)

0 တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ
ဆန္ဒပြစဉ်က အာဏာပိုင်များအနေဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများသာ ရိုက်ကူးခဲ့ပြီး တစုံတရာ နှောင့်ယှက်ခဲ့ခြင်း မရှိသော်လည်း ဆန္ဒပြပြီး နောက်တနေ့ဖြစ်သော အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှူး ဦးလှထွန်းက ရှေ့နေဦးမြင့်အေးအား နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးမြင့်အေးနှင့်အတူ ဆန္ဒပြစဉ်က ဓာတ်ပုံရိုက်ရန် ဗီနိုင်းပိုစတာကို ကူကိုင်ပေးခဲ့သူ ကိုရေခဲနှင့် ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အမိန့်မရဘဲ ဆန္ဒပြလို့ဆိုပြီး မနေ့က နေ့လည် ၂ နာရီမှာ လာဖမ်းသွားပါတယ်။ ည ၉ နာရီလောက်မှာ

0 ဓမ္မရံသီ ၏ ကောင်းမှုတော်

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၃ဝ)ရက်နေ့ နံနက်တွင် ကျောက်တံတားမြို့နယ်၊ ၃၅ လမ်း(အထက်)ရှိ “ဓမ္မရံသီဓမ္မရုံ”၌ ၃၅ လမ်း လမ်းသား/သူများ၊ မိဘ ပြည်သူအလှူရှင်များတို့မှ စုပေါင်းကာ လူမှုရေးအသင်းအဖွဲ့များဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့တို့အား အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူငွေ (၆) သိန်းကျပ်နှင့် ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် (၁ဝ) သိန်းကျပ် စုစုပေါင်း (၁၆) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကချင်ပြည်နယ် ဒုက္ခသည်များထံသို့ ကိုမင်းကိုနိုင် (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့မှတဆင့် အလှူငွေ (၁ဝ) သိန်းကျပ် တိတိတို့အား အသီးသီး လှူဒါန်းခဲ့ကြပါသည်။

အဘိဓမ္မာအခါတော်နေ့ရက်တွင် ယခုကဲ့သို့ ကောင်းမှုမြတ်ဒါနများကို ပြုလုပ်ကြသော ၃၅ လမ်း မိဘ ပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများ၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများကိုယ်စား သာဓု ခေါ်ဆိုလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

0 ဦးသိန်းစိန်နှင့် ၎င်း၏အာဏာရပါတီဟု မဆိုနိုင်သော ပါတီတို့ကြားရှိ စိတ်ဝင်စားဖွယ်ဆက်ဆံရေး

( 26 october 2012 ရက်စွဲပါ The Foreign policy မှ Min Zin ရေးသားသော The Curious relationship between Burma’s president and his not quite ruling party ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံမှ အရပ်သားစစ်စစ် သမ္မတ မဟုတ်သော ဦးသိန်းစိန်သည် ပြီးခဲ့သည့် အပတ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တနင်္ဂနွေနေ့က ပြည်တွင်းမီဒီယာများနှင့် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ USDPသည် 2010 ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်း အနိုင်ရခဲ့ရာ ဝေဖန်သူများက တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြသည်။

ဦးသိန်းစိန်သည် ထူးခြားမည့် သတင်းများကိုလည်း ရှောင်ရှားခဲ့သည်။ ၎င်းသည် ကချင်ပြည်နယ်မှ စစ်ပွဲအကြောင်း၊ အများမျှော်လင့်နေသော ရင်းနှီးမြှပ်နှံမှု ဥပဒေ၊ ဖြစ်လာနိုင်သည့် အမေရိကန်-မြန်မာ စစ်တပ်ဆက်ဆံရေးနှင့် အခြားအကြောင်းအရာများကို အမြင်ကျယ်သော စကားလုံးများသုံး၍ ဖြေ ကြားခဲ့သည်။ ၎င်း၏ အဖြေစကားများအနက် စာရေးသူအား သတိပြုစေသော အဖြေတခုမှာ USDPနှင့် ၎င်း၏ဆက်ဆံရေးကို ဖြေကြားသော စကားဖြစ် သည်။ ၎င်းအားမေးမြန်းသော မေးခွန်းမှာ တိုင်းပြည်၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ၎င်း၏ပါတီမှ လွှတ်တော်ကိုစားလှယ်များအားတိုက်တွန်းမည်လော ဟူသော မေးခွန်းဖြစ်သည်။ ”အခြေခံဥပဒေအရ သမ္မတဟာ သူရဲ့သက်တမ်းအတွင်းမှာ ပါတီရဲ့လုပ်ငန်းများတွင် ပါဝင်ခွင့် မရပါဘူး။ သူတို့ ဘာလုပ်ပါလို့ သွားပြီး တိုက်တွန်းလို့ မရပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ USDP ကလွှတ်တော်ကိုယ်စားလှယ်များ၊ အခြားပါတီတွေ ကလွှတ်တော် ကိုယ်စား လှယ်များ အပေါ်မူတည်မှာပါ ” ဟုဖြေကြားခဲ့ပါသည်။

၎င်းသည်အခြေအနေအရ လိုအပ်သောကြောင့် မေးခွန်းကိုရှောင်၍ ဖြေကြားသွားခဲ့ပါသည်။ သို့သော် ၎င်း၏အဖြေသည် စိတ်ဝင်စားဖွယ် ကောင်း သည့် နိုင်ငံရေးအရ သက်ရောက်မှုများ ဖြစ်လာနိုင်သည်။ စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်ရသော ကိစ္စသုံးခုကို မီးမောင်းထိုး ပြလိုပါသည်။

ပထမအချက်အားဖြင့် ၂၀၀၈ အခြေခံဥပဒေအရ ရှုမြင်ထားခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၆ရက်နေ့က ဦးသိန်းစိန်အား (USDP) ဥက္ကဌ အဖြစ် အားလုံး သဘောတူညီမှုဖြင့် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်းသည် အခြေခံဥပဒေနှင့် မညီပေ။ သမ္မတရုံးမှ ညွှန်ကြားရေးမှုးကမူ ဦးသိန်းစိန်သည် ပါတီ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် အခြေခံဥပဒေနှင့်ညီကြောင်း ကာကွယ်ပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ပြောကြားမှုမှာ ဆင်ခြေ ပေးခြင်းမျှသာ ဖြစ်သည်။ USDP၏ နှစ်ပတ်လည် အစည်းအဝေးသို့ သမ္မတ တက်ရောက်ခြင်းသည် ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ခြင်းမရှိဟု မည်သူ ပြောနိုင်အံ့နည်း။ ဦးသိန်းစိန်သည် ကိုယ်စားလှယ်ရာပေါင်းများစွာကို နှုတ်ဆက်ခဲ့ပါသေးသည်။ ၎င်း၏အိမ်အပြန်လမ်းတွင် မိတ်ဆွေအားရပ်၍ နှုတ် ဆက်သည့် အဆင့်မျိုးထက် သာလွန်ပေသည်။

ဒုတိယကိစ္စရပ်မှာ ဦးသိန်းစိန်သည်မကြာသေးမီက BBC ၏ Hardtalk နှင့် အင်တာဗျူးတွင် ကြော်ငြာဆန်ဆန် လူထုဆက်ဆံရေး သတင်းစကားကို ပြန်လည်၍ ပြောကြားခြင်းဖြစ်သည်။ ဦးသိန်းစိန်က ပြောကြားရာတွင် အကယ်၍ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံခဲ့ပါက ၎င်းအနေဖြင့်လည်း လက်ခံမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ သို့သော် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် အမည်စာရင်း တင် သွင်း ခွင့်ကို တားဆီးထားသည်။

ဦးသိန်းစိန်သည်Hardtalkအင်တာဗျူးတွင်၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတအဖြစ် တွေ့မြင်ရရေး ပြဿနာမရှိကြောင်း ရှင်းပြခဲ့ သည်။ အဆိုပါအင်တာဗျူးသည် မြန်မာနိုင်ငံတွင်းမှ ပြည်သူများနှင့် စောင်ြ့ကည့်လေ့လာနေသူများအပေါ် မျှော်လင့်ချက်များ (မျှော်လင့်ချက် အမှားများ ဖြစ်ဖို့ များပါသည်) ဖြစ်ပေါ်စေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် ဦးသိန်းစိန်၏ အဆိုပါ မှတ်ချက်ကို သတင်းစာ ရှင်း လင်းပွဲတွင် တုံ့ပြန်ခဲ့သည်။ သူက သမ္မတအဖြစ် တိုင်းပြည်ကို ဦးဆောင်ရန်ဆန္ဒရှိကြောင်း၊ သူ၏ပါတီသည် အခြေခံဥပဒေတွင် သူ့အားသမ္မတ ဖြစ်ရန် ကန့်သတ် ထားမှု များကိုပြင်ဆင်နိုင်ရန် လုပ်ကိုင်သွားမည် ဟု ဆိုပါသည်။ ၂၀၁၅ ခုတွင် သူ၏ပါတီ NLD သည် လွှတ်တော်၌ ၇၅ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် တိုင် စစ်တပ်မှ ၂၅ရာခိုင်နှုန်း ရှိနေသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမှုရရန် မလွယ်ကူပေ။ လက်ရှိအားဖြင့် သူ၏ပါတီသည် လွှတ်တော်တွင် နေရာရထားမှုမှာ ၇ရာခိုင်နှုန်းထက် နည်းပါသည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတအား ၎င်း၏သြဇာ အသုံးပြု၍ လုပ်ဆောင်ရေးကို မျှော်လင့်နေသည့်ပုံ ရှိသည်။ ဦးသိန်းစိန်ကမူ ယခင်ပြောကြားခဲ့မှုအပေါ် ၎င်းက စတင် လုပ်ဆောင်မည် မဟုတ်ဘဲ ပြည် သူများအပေါ်သာ တာဝန်များ ပုံချကာ ဦးတည်ချက် ပြောင်းခဲ့သည်။

ဦးသိန်းစိန်၏ အခြေခံ ဥပဒေကို ကိုးကား၍ သူ့ပါတီ၏အလုပ် လုပ်ကိုင်ခြင်း မရှိကြောင်း ပြောကြားမှုမှ ဖြစ်ပေါ်လာသော တတိယ အရေးကြီးသော သက်ရောက်မှုမှာ ဦးသိန်းစိန်သည် လက်ရှိပြုပြင်ပြောင်းလဲမှုများကို အဘယ်ကြောင့် လုပ်ကိုင်ရသနည်း ဆိုသည်ကို ရှင်းလင်းပြသည့်သဘော သက်ရောက် သွားခြင်းပင် ဖြစ်သည်။ သမ္မတသည်လည်းကောင်း၊ ကက်ဘိနက် ရာထူးများ ပေးခြင်းခံရ သူများသည် လည်းကောင်း၊ USDPကို တရားဝင် တာဝန်ခံရခြင်း မရှိပေ။ ၎င်းတို့သည် USDP ချမှတ်ထားသော အစီအစဉ်များကို လိုက်၍်လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် USDP၏ မူဝါဒများကို အကောင်အထည် ဖော်နေခြင်း မဟုတ်ပေ။

ထိုအချက်သည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် USDPသည် သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ သူ၏အဖွဲ့နှင့်၎င်း ယှဉ်လျှင် များစွာ ခေတ်နောက်ပြန်ဆွဲသော အယူအဆရှိသည်။ USDP သည် ၂၀၁၂ နှစ် ကြားဖြတ်ရွှေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူ၏ပါတီ အနိုင်ရ မည်ကို ကြိုတင်သိမြင် ခဲ့သည့်အလျှောက် ၊ NLDပါဝင်မှုကို ဆန့်ကျင်ခဲ့ကြသည်။ USDPသည် ၎င်း၏ပါတီဝင်များ ဖြစ်သော အစိုးရအဖွဲ့မှ ပုဂ္ဂိလ်များ ပါတီ တာဝန် ထမ်းဆောင်ခွင့် ပြန်ရရန် အခြေခံဥပဒေပြင်ဆင်ရေးကို တိုက်တွန်းခဲ့ပါသေးသည်။ သို့သော် သမ္မတသည် အဆိုပါ အဆိုပြုမှုများကို ပယ်ချနိုင်ခဲ့သည်။ ၎င်းသည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကမ္ဘာသို့ ၎င်း၏ပြုပြင်ပြောင်းလဲမှုများကို သက်သေပြ လိုသောကြောင့်ဖြစ်သည်။

USDP၏ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက တရုတ်မီဒီယာသို့ ပြောကြားခဲ့ရာတွင် သမ္မတ၏ အရေးကြီးသော ဆုံးဖြတ်ချက် အချို့သည် ၎င်း၏ ကိုယ်ပိုင်အိုင်ဒီယာသာဖြစ်ပြီး ပါလီမန်၏ ဆုံးဖြတ်ချက်များ မပာုတ်ကြောင်း ပြောခဲ့သည်။ ၎င်းကဆက်လက် ပြောကြားရာတွင် ပါတီသည် သမ္မတ၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ သူကတရုတ်နှင့် မြန်မာဆက်ဆံရေးကို ပြတ်တောက်အောင် ကြိုးစားနေတာပါပာု ဦးအောင်သိန်း လင်းက ပြောသည်။ ၎င်းမှာဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဆန့်ကျင်မှတ်ချက် ပြုမှုများကြောင့် ၎င်း၏နေရာမှ ဖယ်ရှားခံခဲ့ရသည်။

ထိုနေရာတွင် USDPသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာရပါတီ မပာုတ်ပာု ဆိုရမည်ဖြစ်သည်။ ထိုအချက်သည် ဦးသိန်း စိန်က ၎င်း၏မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များအား ပညာရှင်များအပေါ် မှီခိုလုပ်ဆောင်ရန် ဖြစ်လာသည်။ အခြေခံဥပဒေပါ ဥပဒေများ၏ ဖွဲ့စည်း ထားပုံက ဦးသိန်းစိန်အား ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြုလုပ်ရာတွင် ပါတီ၏ ကန့်သတ်ထားမှုများ မရှိဘဲ လုပ်ဆောင်ခွင့် ရစေခဲ့သည်။

Yangon chronicle

1 စူပါမုန်တိုင်း Sandy ကြောင့်ဘယ်သောအခါမှ မအိပ်စက်သည့်မြို့ကြီးဟု လူသိများသည့် နူးယောက်ခ်မြို့ကြီး အမှောင်အတိ ဖုံးလွှမ်း

အတုယူစရာတခုပါ... ခေါင်းဆောင်ပီသသူ...ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူ... ချစ်စရာကောင်းတဲ့စိတ်ဓါတ်ရှိတဲ့သူ...သမ္မတအိုဘားမား ...
မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဖျက်သိမ်းပြီး စန္ဒီမုန်တိုင်းအရေး ကြိုတင် စီစဉ်စရာ ရှိတာတွေကို ဦးဆောင် စီမံခန့်ခွဲနိုင်ဖို့ အိမ်ဖြူတော်ကို မိုးထဲရေထဲမှာ ပြန်လာခဲ့တဲ့ သမ္မတအိုဘားမား (အောက်တိုဘာ ၂၉)Photo..BBC

မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတုန်းက ပြည်သူတွေအားလုံးဒုက္ခရောက်နေချိန်မှာ အခုပြဿနာဖြစ်နေတဲ့ ဒီမိုကရေစီမကျတဲ့ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုအတည်ပြုဖို့ အာဏာနဲ့ စစ်အစိုးရက အတင်းအကြပ်ပြည်သူလူထုကိုမမှန်ကန်တဲ့နည်းနဲ့နည်းပေါင်းစုံ လုပ်ခဲ့တယ်.

.ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို စောင့်ရှောက်ရမဲ့အစား အာဏာတည်မြဲရေးအတွက်ပြုလုပ်ခဲ့ကြတယ်.. ဒီ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရက ဆက်လက်ဖက်တွဲထားဆဲဆိုတာ အားလုံးမမေ့ကြပါနဲ့။ City that Never Sleeps (သို့) ဘယ်သောအခါမှ မအိပ်စက်သည့်မြို့ကြီးဟု လူသိများသည့် နူးယောက်ခ်မြို့ကြီးသည် တနင်္လာနေ့ညပိုင်းတွင် စူပါမုန်တိုင်း Sandy ကြောင့် အမှောင်အတိ ဖုံးလွှမ်းသွားခဲ့ရသည်။

သမ္မတအိုဘာမားမှ နူးယောက်ခ်မြို့နှင့် Long Island တို့အား သဘာဝဘေးသင့် အရေးပေါ်အခြေအနေရှိ ဒေသများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

နူးယောက်ခ်မြို့နှင့် Long Island သည် စူပါမုန်တိုင်း Sandy ၏ ဘေးဒဏ်အား အဆိုးဆုံး ခံစားခဲ့ရသည့် ဒေသများဖြစ်ပြီး လက်ရှိအချိန်၌ ဒေသခံ ၂ သန်းနီးပါမှာ လျှပ်စစ်မီးပြတ်တောက်နေသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက တက်ရောက်လာသည့် ရေများသည် စံချိန်တွင် အမြင့်များသို့ ရောက်ရှိခဲ့ပြီး နူးယောက်ခ်မြို့ရှိ ကားနှင့် ရထားသွား ဥမင်လှိုင်ခေါင်းများ အားလုံးနီးပါး ရေပြည့်သွားခဲ့ရသည်။

အာဏာပိုင်များက နူးယောက်ခ်မြို့၏ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများနှင့် Subway များ ပြန်လည် လည်ပတ်ရန် မည်မျှကြာမည်ကို မပြောကြားသော်လည်း ရက်အတန်ကြာ ကြာမြင့်မည်မှာ သေချာနေသည်။

Shwelone

Tuesday, October 30, 2012

0 ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူတွေ- ကိုညို(Oslo)

“ဇာဂနာ့ကျင်ငယ်ရေမှာသာတဲ့လ
မင်းကိုနိုင်ရဲ့သေရေးရှင်ရေးနဲ့
ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူတွေ
အဲဒီညမှာလအရမ်းသာတယ်။
သံတိုင်တွေကြားကအိပ်မပျော်နိုင်သေးတဲ့အကျဉ်းသား၊ဟိုငေးဒီကြောင်၊
ငုတ်တုတ်ထိုင်လိုက်၊လမ်းထလျှောက်လိုက်၊အပြင်ဘက်က“၀ါကာ..၀ါကာ
အေ့အေ့..”သီချင်းနဲ့ဘုန်းကြီးတရားသံကရောထွေးပြီးထောင်နံရံကိုဖောက်လာတယ်။
သံတိုင်အပြင်ဘက်မှာလရောင်တွေဖိတ်လျှံကျနေတာဝင်းဝင်းလက်လက်။
ထောင်နံရံမျော်စင်လည်းပျိုးပျိုးပြက်ပြက်။
သံတိုင်ထဲကလူ..
လရောင်ကိုသတိပြုမိသွားတယ်။လပြည့်ညလည်းဖြစ်ချင်ဖြစ်မယ်။
သံတိုင်နားကပ်ပြီးစောင်းငဲ့မော့ကြည့်တယ်၊လ၀န်းကိုမမြင်ရ။
သံတိုင်အပြင်ဘက်လက်ဆန့်ပြီးလရောင်ကိုခံကြည့်တယ်၊
လရိပ်ကသူ့လက်ဖျားနဲ့တစက်ကလေးမှမထိဘူး။
နည်းနည်းလေးရှေ့တိုးနိုင်ရင်တော့
သူမြင်ချင်တဲ့လပြည့်ဝန်းကိုတွေ့နိုင်မယ်။
သံတိုင်နဲ့ပါးကပ်နိုင်သမျှကပ်၊လက်ကိုဆန့်တန်းပြီးအပြင်ထုတ်ပေမဲ့
လရိပ်ကစိမ်းစိမ်းကားကားပဲ။မထိမတို့နိုင်တဲ့လရောင်ကိုပိုပြီးငတ်မွတ်လာတယ်။
ပိုမြင်ချင်လာတယ်။ဒီညတော့လပြည့်ပြည့်ကိုမြင်မှဖြစ်မယ်၊
ဒီလကို။မမြင်ရမချင်းမအိပ်တော့ဘူးလိုဆုံးဖြတ်လိုက်ပုံရတယ်။
အကြံရတယ်။အခန်းဒေါင့်ကိုသွားပြီးကျင်ငယ်စွန့်တဲ့ဂန်ဖလားကိုဆွဲပြီး
သံတိုင်အပြင်ဘက်ထုတ်လိုက်တယ်။ပြီးတော့အဲဒီခွက်ထဲရှုရှုပန်းထည့်လိုက်တယ်။
ပြီးတော့ဂန်ဖလားကိုလရောင်ကျနေတဲ့နေရာထိတိုးရွှေ့လိုက်တယ်။
လှုတ်ခတ်နေတဲ့အဖြူရောင်အရိပ်တွေကကျင်ငယ်ရေထဲဝါးတားတားပေါ်လာတယ်။
ခွက်ထဲကကျင်ငယ်ရေဘောင်ဘင်ခတ်တာငြိမ်သက်သွားတော့ဝိုင်းဝိုင်းစက်စက်လမင်းကြီးဟာ
ကျင်ခွက်ထဲမှာပြည့်လို့သာလို့။သံတိုင်ကြားကမလွတ်လပ်တဲ့အကျဉ်းသား၊ကျင်ခွက်ထဲကလရိပ်ကို
အငမ်းမရကြည့်လိုက်တယ်။လပြည့်ညကိုအားရပါးရခံစားလိုက်တယ်။
---------
အဲဒီ Short Film လေးကိုဒါရိုက်တာဇာဂနာက“မမြင်ရတဲ့လ”လို့နာမည်ပေးထားတယ်။
“အကျဉ်းခန်းထဲမှာ
လရောင်ကိုမြင်နိုင်တဲ့အခွင့်အရေးမရှိသလို၊သောက်စရာရေတောင်မရှိဘူး၊ဒီဇာတ်လမ်းကို

0 ထိလို့ မရသူများ (The Untouchables) (ရုပ်ရှင်)
ဆောင်းပါးရှင်-ငြိမ်းချမ်းအေး

The Untouchables ရုပ်ရှင်ကြည့်ရူလိုသူများအတွက် တင်ပေးလိုက်ပါတယ်..

ဗမာပြည်မှာလည်း “ဘာလူစကိုနီ အကြီးစားတွေ”..၊ “အယ်လ်ကပုန်းထက် ပိုသာဆိုးတွေ” နှစ်ပေါင်းများစွာ ရှင်သန်ကြီးထွားခွင့်ရနေခဲ့..၊ ရနေဆဲ.. ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ကိုရောင်းစား၊ ကိုယ်ကျိုးရှာ၊ အာဏာနဲ့ငွေကြေးကို အလွဲသုံးစားလုပ်ပြီး ဥပဒေအထက်မှာ တသက်လုံးနေခွင့်ရနေတယ်။ သူတို့ ရရှိခံစား၊ စံစားနေရတဲ့ စည်းစိမ်ဥစ္စာ၊ လောကနိဗ္ဗာန်ဟာ ပြည်သူတွေဆီက ဓါးပြတိုက်သလို အဓမ္မ နည်းနဲ့ ယူထားတဲ့အရာတွေသာ ဖြစ်တယ်။ သူတို့ဟာ ဒီလိုရလာတဲ့ ငွေကြေးနဲ့ အာဏာကို ခိုင်သထက်ခိုင်မြဲအောင် ထပ်ဆင့်တည် ဆောက်ပြီး တိုင်းပြည်မှာ လူပေါ်လူဇော်လုပ်၊ လူကြီးလူကောင်း၊ သူတော်စင် သူတော်ကောင်း၊ ဘုရားဒါကာ ဟန်အပြည့်နဲ့နေထိုင်ခွင့် ရနေ တယ်။
ဒီနေ့နိုင်ငံတကာသတင်းတပုဒ်မှာ ဝမ်းမြောက်ဖွယ်သတင်းတခု တွေ့ရတယ်။ အီတလီဝန်ကြီးချုပ်ဟောင်း၊ မီဒီယာလုပ်ငန်းရှင်ဘီလျံနာသူဌေးကြီးတဦးဖြစ်တဲ့ကမ္ဘာ့ထိတ်တန်း ဘောလုံးကလပ် အေစီမီလန်အသင်း ပိုင်ရှင် ဘာလူစကိုနီ တယောက် သူ့သက်တမ်းတလျှောက် အကျင့်ပျက်လာဘ်စားမှု၊ အသက်မပြည့်သူနဲ့ လိင်ဆက်ဆံမှု အစရှိတဲ့ ရာဇဝတ်မှုမျိုးစုံ အစွပ်အစွဲခံ၊ တရားစွဲခံခဲ့ရတာတွေကို လွတ်အောင်ရှောင်ခဲ့နိုင်ပြီး ခုကျမှပဲ အခွန်ရှောင်မှုနဲ့ အပြစ်ပေးခံရတော့တယ်။ ဒါ တောင် သူအယူခံဝင်မှာရယ်..၊ သူရဲ့ကျယ်ပြန့်တဲ့ သြဇာအာဏာနဲ့ ဓနအင်အားကြောင့် တကယ်ထောင်ထဲဝင်ရဖို့က မသေချာသေးဘူး။

သူရဲ့ အေစီမီလန်ဘောလုံးအသင်းအပေါ် အားပေးမှု၊ ချစ်မြတ်နိုးမှုကို ဘောလုံးပရိသတ်..၊ အေစီမီလန်အသင်းအားပေးသူ တယောက်အနေ နဲ့တော့ အသိအမှတ်ပြုပါတယ်..။ ဒါပေမယ့် အကျင့်ပျက်ခြစားမှုတွေ တင်းကြမ်းပြည့်နေတဲ့ အရင်းရှင်ကမ္ဘာမှာ ဥပဒေအထက်က အမြဲနေ ထိုင်ခွင့်ရနေတဲ့ ဒီလိုလူမျိုးဆိုတာ ဒီထက်ပိုတဲ့ အပြစ်ပေးမှုမျိုးနဲ့ ထိုက်တန်ပါတယ်..။ ဘာပဲဖြစ်ဖြစ် အခုလို တခုခုနဲ့ရအောင် အပြစ်ပေး နိုင်ပြီဆိုတော့ ဝမ်းသာရပါမယ်။

အမေရိကားရဲ့ အရက်ရောင်းချ၊ ထုတ်လုပ်ခွင့်ပိတ်ပင်တဲ့ Prohibition ကာလ (၁၉၂၀-၁၉၃၃) မှာ စနစ်တကျအုပ်စုဖွဲ့ကျူးလွန်တဲ့ Organised Crime တွေကြောင့် ချမ်းသာသြဇာရှိခဲ့တဲ့ ချီကာဂိုက နာမည်ကျော် မာဖီးယားခေါင်းဆောင် အယ်လ်ကပုန်း (Al Capone) ကို သူကျူး လွန်ခဲ့တဲ့ မြောက်မြားလှတဲ့ရာဇဝတ်မှုတွေနဲ့ အပြစ်မပေးနိုင်ခဲ့ဘဲ.. အခွန်ရှောင်မှုနဲ့ကျမှ နောက်ဆုံး သူ့ကိုထောင်ထဲထည့်နိုင်ခဲ့ပြီး အယ်လ် ကပုန်းဘဝ ထောင်ထဲမှာပဲ အဆုံးသတ်ခဲ့ရဖူးတယ်။

ဒီအဖြစ်အပျက်ကိုနောက်ခံထားပြီး ၁၉၈၇ မှာ ဟော်လီးဝုဒ် က “ထိလို့မရသူများ” ဆိုပြီး ရုပ်ရှင်ဇာတ်လမ်း ရိုက်ခဲ့ဖူးတယ်။ “ထိလို့မရသူများ” ဆိုတဲ့ ခေါင်းစဉ်က ဥပဒေအထက်ကိုရောက်နေလို့ ဘယ်လိုမှအရေးယူအပြစ်ပေးလို့မရဖြစ်နေ တဲ့ နိုင်ငံ့မျက်နှာဖုံး..၊ မြို့မျက်နှာဖုံး..၊ ဂုဏ်သ ရေရှိ၊ လူကြီးလူကောင်း (လို့ဆိုကြတဲ့) အအေးခန်းထဲက သူခိုး၊ ဓါးပြ အကြီးစားကြီးတွေကိုဆိုလိုတာ ဖြစ်တယ်။

နောက် အဓိပ္ပာယ်ဆိုလိုချက်တမျိုးက ဇာတ်လမ်းထဲမှာ (အပြင်က တကယ်ပါဝင်လှုပ်ရှားခဲ့တဲ့ ဥပဒေဘက်တော်သားလူတွေကိုအခြေပြုတဲ့) အယ်လ်ကပုန်းကို တရားဥပဒေရှေ့မှောက်အရောက်ပို့နိုင်ဖို့ ကြိုးစားတဲ့အဖွဲ့ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ သမာဓိ၊ အကျင့်စာရိတ္တကို ဂုဏ်ပြု မှည့်ခေါ်ခြင်းလည်း ဖြစ်တယ်။ သူတို့အဖွဲ့ဟာ အယ်လ်ကပုန်းရဲ့ ခြိမ်းခြောက်မှုမျိုးစုံ၊ အသက်အန္တရာယ်အထိ လုပ်ကြံမှုမျိုးစုံ နဲ့ လာဘ်ထိုးမှု တွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက် “ထိလို့မရသူများ” လို့ ချီကာဂိုမှာ နာမည်ကျော်ခဲ့တယ်။ ဒီအဖွဲ့မှာ ဗဟိုပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အဖွဲ့ကြီး (အက်ဖ်ဘီအိုင်) က အယ်လ်ကပုန်းကို ဖမ်းနိုင်ဖို့ ချီကာဂိုကို အထူးတာဝန်နဲ့ စေလွှတ်လိုက်တဲ့ အထူးစုံထောက် (ကီဗင်ကော်စနာ) နဲ့ သူ့လက်ထောက်ရယ်..၊ ဒေသခံ အကျင့်သိက္ခာရှိ၊ လာဘ်မစားတဲ့ ပင်စင်ယူခံနီး ရဲအိုကြီးတယောက် (ရှောင်ကွန်နရီ) ရယ်..၊ ရဲသင်တန်း ကနေပြီး ဒီတာဝန်အတွက် စိတ်ကြိုက်ရွေးခေါ်လိုက်တဲ့ ရဲအရာရှိပေါက်စတယောက် (အင်ဒီဂါစီယာ) ရယ် ပါဝင်တယ်။ အယ်လ်ကပုန်း အဖြစ် ရောဘတ်ဒီနီယိုကသရုပ်ဆောင်တယ်။

(စကားချပ် – ဒီဇာတ်ကားဟာ ဂျိမ်းစဘွန်းမင်းသားကြီး ရှောင်ကွန်နရီရဲ့ တခုတည်းသော အော်စကာ (ဇာတ်ပို့) ဆုရဇာတ်ကား ဖြစ်တယ်။)

အထူးစုံထောက် ချီကာဂိုကို စရောက်လာတဲ့အချိန်မှာ ချီကာဂိုကို အယ်လ်ကပုန်းက အုပ်ချုပ်နေတယ်လို့တောင်ဆိုနိုင်တယ်။ ပြည်နယ် အစိုးရတဖွဲ့လုံး၊ တရားရေး ဌာန၊ ရဲအပါအဝင် ဥပဒေအဖွဲ့အစည်းအားလုံးဟာ အကြီးအကျယ် အကျင့်ပျက်ခြစားနေပြီး နေရာတိုင်းကို အယ်လ်ကပုန်းက ထိန်းချုပ်ထားနိုင်တယ်။ သာမန်ပြည်သူ လက်လုပ်လက်စားတွေဟာ အယ်လ်ကပုန်း မာဖီးယားအဖွဲ့ရဲ့ မတရားညှင်းဆဲ၊ ဆက်ကြေးကောက်၊ မိုက်ကြေးခွဲဒဏ်နဲ့ အနိုင်ကျင့် လုယက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်မှုဒဏ်တွေကို ခါးစည်းခံနေရတယ်။ ဒေသခံ ရဲအဖွဲ့ ကိုယ်တိုင်က အယ်လ်ကပုန်းဘက်ကရှိနေတဲ့ အဲလိုအနေအထားမှာ အထူးစုံထောက်ဟာ ဒီ ဒေသခံရဲအဖွဲ့ကလူတွေနဲ့ပဲ အယ်လ်ကပုန်းကို ဖမ်းဖို့ကြိုးစာနေရတဲ့အတွက် မအောင်မမြင်ဖြစ်နေတယ်။

တနေ့မှာ မထင်မှတ်ဘဲ သီလသမာဓိစင်ကြယ်တဲ့ အတွေ့အကြုံရှိ ရဲအိုကြီးတယောက်ရဲ့ ပူပေါင်းပါဝင်ကူညီမှုရခဲ့တယ်။ ရဲအိုကြီးရဲ့ အကြံ ဉာဏ်နဲ့ အကျင့်ပျက်ခြစားနေတဲ့စနစ်အဖွဲ့အစည်းထဲကို မဝင်ရသေးတဲ့၊ တနည်းအားဖြင့် စနစ်နဲ့ပတ်ဝန်းကျင်က အကျင့်ပျက်စေအောင် ဖျက်စီးခြင်းမခံရသေးတဲ့ ရဲသင်တန်းတက်နေဆဲ ရဲအရာရှိလောင်း အသစ်စက်စက်တယောက်ကို အဖွဲ့ထဲကို ခေါ်တာဝန်ပေးခဲ့တယ်။ ဗဟို အစိုးရကလည်း အထူးစုံထောက်အတွက် လက်ထောက်တယောက် ပို့ပေးခဲ့တယ်။

သူတို့အဖွဲ့ အမျိုးမျိုးကြိုးစားပြီး အယ်လ်ကပုန်းရဲ့ အရက်မှောင်ခိုအပါအဝင် တရားမဝင်လုပ်ငန်းတွေကို ဖမ်းဆီးစစ်ဆေးကြပေမယ့် အယ်လ်ကပုန်းရဲ့ တပည့်အဆွယ်အပွားတွေကိုသာ ထောင်ချအပြစ်ပေးနိုင်ပြီး ခေါင်းဆောင်အယ်လ်ကပုန်းကို တရားရုံးတင် ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှာမရဖြစ်ကြရတယ်။ အထူးစုံထောက်ရဲ့ လက်ထောက်က စာရင်းအင်း ပညာရှင်လည်းဖြစ်တော့ သူ့အကြံပေးမှုနဲ့ နောက်ဆုံးမှာ အယ်လ်ကပုန်းကို နှစ်ပေါင်းများစွာ ဝင်ငွေခွန်ရှောင်နေမှုနဲ့ တရားရုံးတင် စစ်ဆေး နိုင်ခဲ့ပြီး ထောင်ဒဏ်အပြစ်ပေးနိုင်ခဲ့တယ်။ သူရဲ့မာဖီးယားဂိုဏ်းလည်း အင်အားနည်း ယိမ်းယိုင်ပျက်စီးသွားခဲ့ရတယ်။ ဒီလိုနဲ့ ချီကာဂိုက သာမန်လူထု လူတန်းစားအသီးသီးလည်း အထိုက်အလျောက် တရားဥပဒေစိုးမိုးမှု အကျိုးကျေးဇူးတွေကို ပြန်လည်ခံစားရရှိလာရတယ်။

ဗမာပြည်မှာလည်း “ဘာလူစကိုနီ အကြီးစားတွေ”..၊ “အယ်လ်ကပုန်းထက် ပိုသာဆိုးတွေ” နှစ်ပေါင်းများစွာ ရှင်သန်ကြီးထွားခွင့်ရနေခဲ့..၊ ရနေဆဲ.. ဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ကိုရောင်းစား၊ ကိုယ်ကျိုးရှာ၊ အာဏာနဲ့ငွေကြေးကို အလွဲသုံးစားလုပ်ပြီး ဥပဒေအထက်မှာ တသက်လုံးနေခွင့်ရနေတယ်။ သူတို့ ရရှိခံစား၊ စံစားနေရတဲ့ စည်းစိမ်ဥစ္စာ၊ လောကနိဗ္ဗာန်ဟာ ပြည်သူတွေဆီက ဓါးပြတိုက်သလို အဓမ္မ နည်းနဲ့ ယူထားတဲ့အရာတွေသာ ဖြစ်တယ်။ သူတို့ဟာ ဒီလိုရလာတဲ့ ငွေကြေးနဲ့ အာဏာကို ခိုင်သထက်ခိုင်မြဲအောင် ထပ်ဆင့်တည် ဆောက်ပြီး တိုင်းပြည်မှာ လူပေါ်လူဇော်လုပ်၊ လူကြီးလူကောင်း၊ သူတော်စင် သူတော်ကောင်း၊ ဘုရားဒါကာ ဟန်အပြည့်နဲ့နေထိုင်ခွင့် ရနေ တယ်။

လှပဖြူစင်သယောင်ရှိတဲ့ ပုလဲလုံးလေးတွဟာ တကယ်တော့ ကမာကောင်လေးတွေ သေလုမြောပါးခံစားပေးဆပ်ပြီးမှ ဖြစ်လာတဲ့ သွေး မျက်ရည်တွေဖြစ်တယ်။ အလားတူပဲ တိုင်းပြည်ရဲ့ ဘဏ္ဍာ၊ ဓန၊ အရင်းအမြစ်တွေကို စိတ်တိုင်းကျ လက်ဝါးကြီးအုပ် ယူငင်သုံးစွဲ၊ ရောင်းချ၊ ကိုယ်ကျိုးစီးပွားရှာခွင့်ရပြီး ချမ်းသားကြွယ်ဝလာတဲ့ ပိုက်ဆံနဲ့ အဆောင်အယောင် ပစ္စည်းဥစ္စာတွေဟာလည်း ပစ္စည်းမဲ့လူတန်းစား နင်းပြား လယ်သမား၊ အလုပ်သမား နဲ့ သာမန် ပြည်သူတွေရဲ့ သောကမျက်ရည်၊ မောဟ ချွေးပေါက်၊ ဒေါသနဲ့ နာကြည်းရင်းထွက်ခဲ့ရတဲ့ သွေးစက် တွေသာ ဖြစ်တယ်။

ဒီလို ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေ စွန်းထင်းနေတဲ့ သူတို့ရဲ့ စည်းစိမ်၊ အာဏာနဲ့ အတ္တ၊ လောဘ၊ ရမ္မက်ကြီးတဲ့ လက်ကြီးတွေရဲ့ ထိန်း ချုပ်မှုကို တချိန်ချိန်မှာတော့ တွန်းလှန်ဖယ်ရှားပြီး သူတို့ကို တရားဥပဒေရဲ့ အောက်ကို ပြန်ရောက်အောင် ကြိုးစားရမယ်။ ဒါမှသာ ဒီမိုကရေ စီနဲ့ တရားဥပဒေစိုးမိုးရေးအကြောင်းကို အာပေါက်မတတ် အော်အော်နေကြတဲ့ ဒီလိုခေတ်မှာ တကယ့်ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းရဲ့ အနှစ်သာရ၊ အသီးအပွင့်ကို အဖိနှိပ်ခံနင်းပြား ပြည်သူအပါအဝင် တိုင်းပြည်ရဲ့လူထု၊ လူတန်းစားအသီးသီး ခံစား စား သုံးခွင့်ရမှာ ဖြစ်တယ်။

လက်တွေ့မှာ ဒီလိုရရှိနိုင်ဖို့က စနစ်ကို အမြစ်ပြတ် တော်လှန်ပြောင်းလဲနိုင်တဲ့ စိတ်ကူးနဲ့ ဦးဆောင်မှုရှိတဲ့ ခေါင်းဆောင်လိုတယ်။ “ထိလို့မ ရသူများ” ထဲကလိုဆိုရင် အထူးရဲစုံထောက်လိုပေါ့။ ဒါ့အပြင်ခေါင်းဆောင်ကို ပံ့ပိုးပေးနိုင်တဲ့ အမျှော်အမြင်ရှိ၊ အကျင့်၊ သီလ၊ သိက္ခာ၊ သမာ ဓိပြည့်စုံတဲ့ ဒုတိယခေါင်းဆောင်တွေလည်းလိုတယ်။ “ထိလို့မရသူများ” နဲ့ဆိုရင် ရဲအိုကြီးနဲ့ လက်ထောက်လိုပေါ့။

အသားကျ အမြစ်တွယ်နေတဲ့ ပြင်းထန်အားကြီးတဲ့စနစ်ဆိုးတခုကို တွန်းလှန်ဖြိုဖျက်ရာမှာ အဓိကအကျဆုံးကတော့ “ထိလို့မရသူများ” ထဲ က စနစ်ဆိုးရဲ့ဖျက်ဆီးခြင်းမခံရသေးတဲ့ ရဲအရာရှိပေါက်စလို အရည်အချင်းပြည့်၊ ပညာ၊ စာရိတ္တ၊ သတ္တိ မှတ်ကျောက်တင်ခံနိုင်တဲ့ လူငယ် လူရွယ် နောက်လိုက်ကောင်းတွေ အများအပြားပေါ်ထွန်းလာဖို့ဖြစ်တယ်။

ဒီသုံးချက် အလုံးစုံပြည့်စုံလာရင် စနစ်ဆိုးနဲ့လူဆိုးတွေကို အမြစ်ပြတ်တော်လှန်၊ မြေမြှုပ်သင်္ဂြိုဟ်နိုင်မှာ ဖြစ်တယ်။

ဒီသုံးချက်၊ တနည်းအားဖြင့် လူအုပ်စု အမျိုးအစားသုံးစုဟာ စနစ်ဆိုးရဲ့ ခြိမ်းခြောက်ခြင်း၊ လာလ်လာဘ/ရာထူးတွေနဲ့ မြူဆွယ်ခြင်း စတဲ့ ဖျက်ဆီးခြင်းပုံစံမျိုးစုံကိုတော့ ကြံကြံခံ ခိုင်နိုင်ဖို့လိုတယ်။ သူတို့ဟာ “ထိလို့မရသူများ” ဖြစ်ဖို့ မဖြစ်မနေလိုတယ်။ ဘယ်လို အရာမျိုးနဲ့မှ ဖျက် ဆီးလို့မရတဲ့ ဒေါင်ဒေါင်မြည် “ထိလို့မရသူများ” ဖြစ်ဖို့တော့ လိုတယ်။ ဒါမှသာ ဥပဒေရဲ့အထက်ရောက်နေတဲ့ အခြား “ထိလို့မရသူများ” လူ တန်းစားနဲ့ စနစ်ဆိုးကိုပပျောက်အောင် တော်လှန်ပြုပြင်ဆောင်ရွက်နိုင်မှာဖြစ်တယ်။

“ထိလို့မရသူများ” ဆိုတာဟာ လောကပါလတရားနဲ့ ပြည်စုံတဲ့ တရားဥပဒေဘက်တော်သား ပြည်သူနဲ့ ပြည်သူ့ဝန်ထမ်းတွေသာ ဖြစ်ရမှာ ဖြစ်တဲ့အတွက် ခုလောလောဆယ် အချိန်အထိ “ထိလို့မရဖြစ်နေဆဲ” ဖြစ်တဲ့ ဗမာပြည်ရဲ့ သူတော်ကောင်းယောင်ဆောင် ကောင်းစားနေဆဲ စစ်ရာဇဝတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ၊ သူခိုးဓါးပြအကြီးစားတွေ၊ ပြည်သူ့ဂုတ်သွေးကိုစုပ်ရင်း မိုက်ရိုင်း ထွားကျိုင်းနေတဲ့ သွေးစုပ်ဖုတ် ကောင်လိုကောင်တွေ ဥပဒေလက်အောက်ရောက် ထိုက်တန်တဲ့ အပြစ်ပေးမှုမျိုး အမြန်ဆုံးစီရင်နိုင်ဖို့ ကြိုးစားကြပါစို့…။ အနည်းဆုံးတော့.. အခွန်ရှောင်မှုနဲ့ ဖြစ်ဖြစ်ပေါ့..။

1 နင့်တို့ရေကို ခွေးတောင်မသောက်ဘူး (လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၆ရွာမှရွာသူရွာသားများနှင့် တွေ့ဆုံညှိနှိုင်းပွဲတွင် ကျေးရွာပေါင်း၂၆ရွာမှတစ်ရွာလျှင်၂ ယောက်နှုန်းဖြင့်ကိုယ်စားတက်ရောက်လာသည့် ကျေးရွာသားများနှင့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှ တာဝန်ခံ ဦးမြင့်အောင်၊ ဦးပိုင် ကုမ္မဏီမှ လူများနှင့် တွေ့ဆုံပွဲတွင် ကြေးနီစီမံကိန်းဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အပြောအဆို မိုက်ရိုင်းခက်ထန်သည် စကားလုံးများကြောင့် ဆွေးနွေးပွဲ ပျက်ပြားခဲ့ရ။ ၀က်မှေးကျေးရွာသူမသွဲ့သွဲ့ဝင်းမှစံပယ်တောင်ကြေးစီမံကိန်းကြောင့်ဆိုးကျိုးခံစားရသည့်အနီးပတ်ဝန်းကျင်ရွာများတွင် သောက်ရေတွင်းများ သောက်မရအောင် အက်ဆစ်ဓါတ်ပျော်ဝင်နေသည့်ကြောင့် အချဉ်ဓါတ်များပြီ သောက်မရအောင် ဖြစ်နေသည့်ကို တင်ပြရာ မယုံရင် လိုက်သောက်ကြည့်ပါ အမှန်တကယ့်ကို တွေ့ရလိမ့်မည်ဟု ဆွေးနွေးပြောဆိုခြင်းပေါ် ကြေးနီစီမံကိန်း တာဝန်ခံ ဦးမြင့်အောင်မှ နင့်တို့ရေကို ခွေးတောင်မသောက်ဘူး ဟု ပြန်လည်ဖြေကြောင်း။ ယင်းဖြေကြားချက်ကို မသွဲ့သွဲ့ဝင်းမှ ဟုတ်တယ် မှန်ပါတယ် ခွေးတောင်မသောက်ရေကို ကျမတို့ သောက်နေရတယ် ဟု ပြန်လည် ဖြေကြားခြင်းဖြင့် အဆုံးသတ်ခံသည်.. သတင်းနှင့်ဓာတ်ပုံ..Aung nay myo

0 မြန်မာ့ နိုင်ငံရေးသုံးသပ်ချက်-Lin Htet

မြန်မာနိုင်ငံရေးသုံးသပ်ချက်ဟုဆိုလျင် လက်ရြှိဖစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်များအရ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့သော် အမျိုး သားညီလာခံကို ချန်လှပ်ထားရန်မဖြစ်နိုင်ပေ။ ထိုညီလာသို့ တက်ရောက်ခဲ့ကြသော ညီလာခံကိုယ်စားလှယ်များ တင်သွင်းခဲ့ကြသော စာတမ်းများနှင့် အခြေခံဥပဒေရေးဆွဲရာတွင် ရည်ညွန်းကိုးကားသင့်သော အခြေခံမူများနှင့်ယနေ့ကျင့်သုံးနေသောအခြေခံဥပဒေမှာတစ်ထပ်တည်း ဖြစ်ခြင်းမဖြစ်ခြင်း ဖြင့်လည်း ဒီမိုကရေစီအစိုးရသစ်၏ ဆန္ဒသဘောထားများကို ထက်ဟပ်တိုင်းတာနိုင်မည်ဟု ရိုးသားစွာ ယုံကြည်မိသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ညီလာခံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော် အမျိုးသားညီလာခံတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တင်သွင်း သော အဆိုများနှင့် ၉၀ အာဏာရပါတီ၏ တင်သွင်းချက်အခြေခံမူ (၁၂)ချက်တို့ကို အခြေခံဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားခဲ့ခြင်း ရှိမရှိနှင့် အခြေခံ မူ ၁၀၄ချက်တို့တွင် ထိုအချက်များပါဝင်မူ ရှိမရှိတို့ကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ယခုအချိန် ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိသေး သော ကချင်တိုင်းရင်းသားများအနေဖြင့်လည်း အမျိုးသားညီလာခံသို့ ကိုယ်စားလှယ်ငါးဦးစေလွတ်ပြီး စာတမ်း(၉)စောင်နှင့် အချက်(၁၉)ချက်ကို တင် သွင်းခဲ့သော်လည်း ယခုအချိန်ထိ စစ်မှန်သောပြည်ထောင်စုကိုသာ တောင်းဆိုတိုက်ပွဲဝင်နေရစဲပင် ဖြစ်သည်။

အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး၊ ထိုအခြေခံဥပဒေဖြင့်ပင် ထိုနိုင်ငံ၏ နိုင်ငံရေးစနစ်ကို တိုင်းတာလေ့ရှိကြ သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တပြည်ထောင်စနစ်၊ ပြည်ထောင်စုစနစ်နှင့် တဝတ်တပြတ် ပြည်ထောင်စုစနစ်ဟူရ်ျ အမျိုးမျိုးကျင့်သုံးကြသော်လည်း တိုင်းရင်းသားလူမျိုးပေါင်းစံ၊ မတူညီသောယဉ်ကျေးမူပေါင်းစုံ ၁၃၅မျိုးဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တဝတ်တပျက် ပြည်ထောင်စုစနစ်ထက်ပင် လျော့နည်းသောအခွင့်အာဏာများသာ ပြည်နယ်များသို့ ပြည်ထောင်စုအစိုးရ ကပေးထားခြင်းမှာ တိုင်းရင်းသားများ၏ မကျေ နပ်ချက်များဟူသော မီးစာကို အခြေခံဥပဒေဟူသော လောင်စာဆီဖြင့် အထိတထိထားလိုက်ခြင်းဖြင့် မြန်မာ့အနာဂါတ်အရေးမှာ ရင်လေးဖွယ်ကောင်းလှ သည်။

ပြည်ထောင်စုအစိုးရက လက်နက်ကိုင်တိုင်းရင်သားများအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ရွေးကောက်ပွဲဝင်ပြီးနောက် အခြေခံဥပဒေကို လွတ် တော်အတွင်း ပြင်ဆင်နိုင်ပါသည်ဟု အကြိမ်ကြိမ်ပြောဆိုနေသော်လည်း (၉၅)ချက်သော ဖွဲ့စည်းပုံ၏ ပေးထားချက်များမှာ ၇၆ရာခိုင်နူန်းသော လွတ်တော် ကိုယ်စားလှယ်များနှင့် ပြင်ဆင်ရန် အတည်ပြုပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရသည်အထိ ပြင်ဆင်ရန်ခက်ခဲနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရသည်။

တပ်မတော်အစိုးရမှ အစဉ်တစိုက် ခွဲထွက်ရေးသမားများဟု မှတ်ယူနေသော တိုင်းရင်းသားများမှာ မင်းကြီးမဟာဗန္ဒုလ အာသံပြည်ကို ချီတက် နှိမ်နှင်းချိန်လိုက်ပါနှိမ်နှင်းခဲ့သော ကချင်ဒူဝါးကြီးများ၊ သီပေါမင်းပါတော်မူချိန် ဂေါဝန်ဆိပ်ကမ်းတွင် အင်္ဂလိပ်လက်အောက်မှ ကယ်တင်ရန် ကြိုးပမ်းခဲ့သော ဓါးရိုးပေါ် လက်တင်၊ အံတင်းတင်းကြိတ်မျက်နှာများနှင့် ရှမ်းတိုင်းရင်းသားများ၊ နိုင်ငံတကာမှ ရန်ကုန်အစိုးရဟုခေါ်ဆိုနေချိန် တပ်မတော်အစိုးရဘက်မှ ရောင်စုံသောင်းကျန်းသူများကို ၀င်ရောက်တိုက်ခိုက်ပေးခဲ့သော ချင်းတိုင်းရင်းသားစစ်သားများဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့မြင်ရသည်။

သမ္မတကြီး ဦးသိန်းစိန်၏ မြေရှင်ပဒေသရာဇ်စနစ်သို့ ဦးတည်နေသော ဒီမိုကရေစီအပြောင်းအလဲ

၂၀၁၀ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအကူးအပြောင်းအလဲကာလ နိုင်ငံတော်သမ္မတကြီးနှင့် ၎င်း၏ အကြံပေးအဖွဲ့ဝင် ပညာရှင်ကြီးများ၏ဒီမိုက ရေစီမိန့်ခွန်းများနှင့်အတူကပ်လျက်ပါရှိလာသောအရာမှာ အောက်ခြေလူတန်းစားနင်းပြားများဖြစ်သော မြန်မာနိုင်ငံလူဦးရေ၏၇၀ရာခိုင်နူန်းရှိ တောင်သူလယ်သမားများ၏သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးလူပ်ရှားမူများပင် ဖြစ်သည်။

လယ်ယာမြေတိုက်ပွဲများ မြန်မာပြည်အနှံ့အပြားတွင် ဖြစ်ပွားနေသော်လည်း ပြည်ထောင်စုအစိုးရ၏ ဖြေရှင်းချက်များမှာ ထိရောက်မူမရှိသည့်အပြင် တစ်နှစ်အတွင်း နှစ်ကြိမ်ရေးဆွဲလိုက်ရသော လယ်ယာမြေ ဥပဒေမှာ လွတ်တော်တွင်းရှိ အမတ်မင်းအများစုမှာ မည်သည့်လူတန်းစားကို ကိုယ်စားပြု၍ ဥပဒေများရေးဆွဲနေသည်ဆိုသည်မှာ ထင်ရှားလွန်းလှသည်။

အဆိုပါမြေယာသိမ်းဆည်းမူများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းလိုက်သော မြေအသုံချမူစုံစမ်းစစ်ဆေးရေးကော်မရှင်မှာလည်း တိကျသော စုံစမ်း စစ်ဆေးမူများမှ သဘောထားကြေငြာချက်များထုတ်ပြန်ခြင်းကို ယခုတိုင် မတွေ့ရှိရသေးပေ။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်ရောက်လာမှီ အစိုးရပိုင်းနှင့် ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးသမားလုပ်ငန်းရှင်ကြီးများမှာ များစွာသော မြေဧကများ ကို ကိုင်ဆောင်ပြီး မြေရှင်ပဒေသရာဇ်ကြီးများကဲ့သို့ ပြည်ပရင်းနှီးမြုပ်သူများကို ခပ်ပြုံးပြုံးပင် စောင့်ကြိုနေလေသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်ဟူသည် ဒီမိုကရေစီစံနူန်း

ဆေးရောင်စံခြယ်သထားသော ချကိုက်၊ပိုးစားနေသည့် အိမ်အိုဟောင်းကြီးကဲ့သို့ပင် မြန်မာ့မီဒီယာလောကအရေးမှာလဲ ရင်လေးဖွယ်ကောင်းလှ သည်။

မီဒီယာလွတ်လပ်ခွင့်ဟူသောဆိုင်းပုဒ်ကို ကိုင်ဆောင်ကြွေးကြော်ပြီး ထွက်ပေါ်လာသောသတင်းဂျာနယ်များအနက် ၁၀ဆောင်တွင် (၇)ဆောင် ခန့်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပါတီကြီးတခုမှ ပါတီဝင်လူချမ်းသာများမှ ၎င်းတို့အကျိုးစည်းပွား ကို ဖော်ဆောင်ရန်အတွက် ပြည်သူကို အယုံ သွင်းနေကြသော လက်မည်းကြီးများကို စေ့စေ့ကြည့်ပါက ခပ်ရေးရေးမြင်နိုင်ပါသည်။

မီဒီယာလွတ်လပ်ခွင့်ဟူသော ဒီမိုကရေစီစံနူန်းကို နိုင်ငံတကာနှင့်ချိန်ဆက်ပြီး ၎င်းတို့အကျိုးစီးပွားကို ထပ်မံဖော်ဆောင်လိုသော ဒီမိုကရေစီ အစိုးရကြီးမှ တစုံတခုသောအတိုင်းအတာအထိ ခွင့်ပြုထားသော်လည်း ၎င်းတို့အကျိုးစီးပွားဖြစ်သော မြန်မာစီးပွားရေး ဦးပိုင်၊ အမျိုးသားကြီးပွားတိုးတက် ရေးကုမ္မဏီ အစရှိသော စစ်ဗိုလ်ချုပ်အဟောင်းအသစ်လူထွတ်များနှင့် ၎င်းတို့ယောက်ဖ၊ ယောက္ခမပိုင်ကုမ္မဏီများကို ထိခိုက်မိသောအခါမျိုးတွင် ခွေးကို အမှီးနင်းမိသကဲ့သို့ အစွယ်တဖွေးဖွေး၊ မာန်တဖီဖီဖြင့် ဖြစ်နေခြင်းမှာ လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းသမားကိုရဲရင့်၏ အသက်ကို ရန်ရှာခြင်းအား ထောက်ရူခြင်းဖြင့် သိသာထင်ရှားလှသည်။

တည်ဆဲဥပဒေများ မိုးဦးကျမိုများကဲ့သို့ မကြာခဏထွက်ပေါ်လာသော ဒီမိုကရေစီရွှေနိုင်ငံတော်ကြီးတွင် အသစ်ပေါ်ထွက်လာမည့် မီဒီယာဥပ ဒေဟူသော အဆိပ်ရည်စိမ်ပန်းသီးဖြင့် သတင်းမီဒီယာသမားများ၏ မသိစိတ်ထဲသို့ ကြောက်စိတ်၊ ချုပ်နှောင်သောစိတ်တစုံတရာကို ထပ်မံ ထည့်သွင်း ပေးလိုက်ဦးမည် ဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်လိုသော ဒီမိုကရေစီအစိုးရတရပ်အနေဖြင့် လူမျိုး၊ဘာသာဟူသောစံနူန်းများဖြင့် မတိုင်းတာပဲ နိုင်ငံသားစိတ်ဓါတ်ဖြင့်သာတိုင်းတာသောတိုင်းရင်းသားပေါင်းစုံပါဝင်နိုင်သော ပြည်ထောင်စုတပ်မတော်တစ်ရပ်ဖော်ဆောင်ရန်မှာ တိုင်းရင်းသားများ နှင့် ယုံကြည်မူတည်ဆောင်ခြင်း ပထမခြေလှမ်းဟု ရိုးသားစွာ မှတ်ယူမိသည်။

လက်နက်ကိုင်တပ်များနေရာချထားရေးမှာ အချိန်ယူလုပ်ဆောင်ရမည့်အရာဖြစ်သည်ဟု သိထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် ယုံကြည်မူတည်ဆောက်ခြင်း ပထမအဆင့်ကိုဖော်ဆော်နိုင်ပါက ၎င်းတို့ကို တပ်သားသစ်များအနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း ၎င်းတို့ သက်ဆိုင်ရာတပ်များတွင်ရှိသော ယခင်ရာထူးများအတိုင်း လျောက်ထားခွင့်ပြုခြင်း၊ ပြည်နယ်လုံခြုံရေးတပ်အနေဖြင့် ပြည်ထောင်စုတပ်မတော် လောက် အင်အားမကြီးသောလက်နက်များတပ်ဆင်ပေးခြင်း၊စစ်မူထမ်းအဖြစ်မလုပ်ကိုင်လိုတော့သူတိုင်းရင်းသာလက်နက်ကိုင်တက်ဖွဲ့ဝင်များ၏ အလုပ်အကိုင်အခွင့်လမ်းများကိုဖန်တီးပေးခြင်းဖြင့် ပြည်ထောင်စုအစိုးရအနေဖြင့် ငြိမ်းချမ်းရေး၏နောက်ဆုံအဆင့်ဖြစ်သော ငြိမ်းချမ်းရေးထိမ်းသိမ်း ရေး(peace keeping)လုပ်ငန်းစဉ်များကို ဆောင်ရွတ်နိုင်မည်ဟု မျှော်လင့်မိသည်။

ခေတ်မှီအောင်ကမ္ဘာကြည့်ကြည့်ပါ

နိုင်ငံတစ်နိုင်ငံ၏ရှေ့ရေးမှာ လည်းကောင်းနှင့်ပေါင်းသင်းဆက်ဆံနေသော နိုင်ငံစုံကော်ပိုရေးရှင်းများနှင့် များစွာသက်ဆိုင်နေပြီး အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၏ အကျိုးစီးပွားမျှတသော နိုင်ငံခြားရင်းနှီးမြုပ်နှံမူဥပဒေ များ ကောင်းမွန်စွာရေးဆွဲနိုင်ရန်နှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းများနှင့် ချိတ်ဆက်နိုင်သော နိုင်ငံရေးစနစ်၊ ဘဏ်စနစ်တို့ရှိမည်ဆိုပါက ရိုးသားပွင့်လင်းသော ဒီမိုကရေစီအစိုးရနှင့် လက်တွဲလုပ်ဆောင်လို သူနိုင်ငံစုံကော်ပိုရှင်းများမှာ အနှေးနှင့်အမြန်ရောက်ရှိ လာပြး မြန်မာနိုင်ငံတည်းဟူသော ပလပ်ခေါင်းကို ကမ္ဘာမူပြုခြင်းဟူသောမီးဘုတ်တွင် ချိတ်ဆက် ခြင်းဖြင့် အာဆီယံနိုင်ငံများ အလယ်တွင် ပြန်လည်ထည်ဝါနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

အထက်ပါအရာများဖြစ်ပေါ်လာစေရန် ဒီမိုကရေစီအစိုးရသစ်ကြီးအနေဖြင့် အခြေခံရိုးသားမူသာ ထင်သာမြင်သာရှိရန် လိုအပ်ပါသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းမှာ အမှောင်ထဲမှထွက်ပေါ်လာသူများကို အဆင်သင့်စောင့်ကြိုလျက်ရှိသည်ဆိုသည်မှာ သမိုင်းသက်သေများရှိပြီးဖြစ်၍ ထိုနိုင်ငံများ၏ ဆိုးမွေကောင်းမွေများကို အတုယူုရန်သာ ရှိပါသည်။

Yangon chronicle

0 အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ်သူကျောင်းသား၊ ကျောင်းသူများ၊စုံတွဲများနှင့် ပြည့်တန်ဆာလုပ်ကိုင်သောအမျိုးသမီးများသာ နေ့ညမပြတ်ဝင်ထွက်သွား နေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူ များ သားကောင်းသမီးပျိုများ အတွက် များစွာအနှောက်အယှက် ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး၏ပြောပြချက် အရ သိရှိရသည်။

“အဲဒီကြိုးကြာဟိုတယ်ကိုလာတဲ့ တွေက ဒီအိမ်ရာလမ်းကိုသုံးနေတော့ အိမ်ရာထဲက လူကြီးလူကောင်းတွေ၊ သားကောင်းသမီးပျိုတွေအတွက် အများကြီးနစ်နာတယ်ဗျာ။ ပြီးတော့ သူ့ဟာက စီးပွားဖြစ်ဟိုတယ်လုပ်ငန်းလို့ သာပြောတယ်။ ကျောင်း သား၊ ကျောင်းသူစုံတွဲတွေ၊ ပြည့် တန်ဆာတွေပဲနေတာဒီတော့ရွာနာတာပေါ့။ ပြီးတော့ပတ်ဝန်း ကျင်နဲ့

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.