Sunday, October 28, 2012

0 မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်ကြောင့် တောင်ငူတက္ကသိုလ် ပထမနှစ် ကျောင်းသူလေး မသူသူအောင် ရဲ့အဖြစ်ဆိုး

တောင်ငူမြို့ရဲ့ ၀က်သားဒိုင်း ကိုမျိုးလွင် ရဲ့လူမိုက်တစ်စု နဲ့စည်ပင်ဝန်ထမ်းတစ်ချိုရဲ့လုပ်ရပ်တွေကြောင့် မသူသူအောင်(ရူပဗေဒ)ပထမနှစ်ကျောင်းသူအသက်(၂၀)နှစ်ဟာဆယ်နှစ်ဘီးကားကြိတ်၍ သေဆုးံခဲ့ရပါတယ်။

ဖြစ်စဉ်မှာ 23.10.2012 ရက်နေ့မနက် ၃ နာရီလောက်တွင် ၀က်သားမှောင်ခိုသွားပို့ရန် သူငယ်ချင်းတစ်ယောက်နှင့်ထွက်လာစဉ် ပြည်တော်သာလမ်းထိပ်အရောက်မှာကိုမျိုးလွင်ဆိုသူရဲ့လက်သပ်မွေးလူမိုက်တစ်စုနဲ့စည်ပင်ဝန်ထမ်းတို့ပူးပေါင်းပြီး မသူသူအောင်နှင့်သူငယ်ချင်းတို့အား ဆိုင်ကယ်ဖြင့်လိုက်တိုက်၊သံတုပ်ဖြင့်လိုက်ထိုးသဖြင့် ဆိုင်ကယ်ချင်းချိတ်မိပြီး တဖက်မှလာသော် ၁၂ ဘီးကားအောက်ဝင်သွားရာ မသူသူအောင်(သေဆုးံ)သူငယ်ချင်းက(အရေးပေါ်အခြေနေ)မျိုးလွင်၏လူမိုက်တပည့်တစ်ဦး သေဆုးံခဲ့ပါသည်။

မသူသူအောင် သေဆုးံမှုတွင်ကိုမျိုးလွင်(၀က်ဒိုင်)နှင့်လူမိုက်တစ်စု၊စည်ပင်ဝန်ထမ်းတွေရဲ့ မင်းမဲ့စရိုက်ဆန် မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာရဲစခန်းများမှလဲယခုအချိန်ထိ ထိရောက်တဲ့အရေးယူမှုမျိုးလုပ်ဆောင်ပေးချင်း မရှိသေးဘူးလို့ကြားသိရပါတယ်။မျိုးလွင်(၀က်ဒ်ုင်)နှင့်လူမိုက်တစ်စုဟာ တောင်ငူမြို့ပေါ်တွင်သက်ဆိုင်ရာ ရဲစခန်းစည်ပင်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး စည်ပင်ဥပဒေနှင့်မလုပ်ဆောင်ပဲမိမိတို့သဘောအတိုင်လုပ်ဆောင်နေကြပါတယ်လို့ဝက်သားမှောင်ခိုလုပ်ကိုင်နေသောဈေးသည် များပြောပြလို့သိရပါတယ်။

မသူသူအောင် ဟာ တောင်ငူမြို့ရဲ့ ၀က်ဒိုင်မျိုးလွင်ရဲ့လူမိုက်တစ်စုနဲ့စည်ပင်ဝန်ထမ်းတစ်ချို့က မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်ကြောင့် မှောင်ခိုဝက်သားလိုက်ပို့တာကို အတင်းဆိုင်ကယ်နဲ့လိုက်ဖမ်းလို့ကားကြိက်ခံလိုက်ရတာပါ ။

အသုဘလိုက်ပို့တဲ့ပြည်သူလူထု ကနေပြီး အမှန်တရား ဖေါ်ထုတ်ပေး လို့ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ပြည်သူလူထု ၅၀၀၀ကျော်လောက်နဲ့ တောင်ငူတက္ကသိုလ်ကဆရာ/ဆရာမများနှင့်ဗမာနိုင်ငံလုးံဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (တောင်ငူခရိုင်)မှအဖွဲ့ဝင်များလိုက်ပါပို့ဆောင်ခဲ့ပါတယ်။

အသုဘပို့ဆောင်ရာလမ်းတစ်လျှောက်ရဲ၊ sb၊ စရဖ၊ ရဲသတင်းပေးများမှဓါတ်ပုံရိုက်စောင့်ကြည့်ခဲ့ပါတယ်။ မသူသူအောင်ရဲ့အဖြစ်ဆိုးကိုကြားသိရတဲ့သူ့ရဲ့အဖိုးပါအသက်ဆုးံရူးံခဲ့ရပါတယ်။ ၂၅.၁၀.၂၀၁၁၂ ရက်နေ့မှာပဲမြေအဖိုးနှစ်လောင်းလုးံ တောင်ငူအနောက်သုသာန်မှာပဲမီးသဂြုလ်ခဲ့ပါတယ်။ တောင်ငူမြို့ခံလူထုကတော့ မသူသူအောင်ရဲ့အမှုကိုအာဏာပိုင်များအနေဖြင့်ဘယ်လိုကိုင်တွယ်မလဲလို့စောင်ကြည့်လျှက်ရှိနေပါတယ်။

(၀က်ဒိုင် မျိုးလွင်ရဲ့လူမိုက်တစ်စု၊စည်ပင်ဝန်ထမ်းတို့ ရဲ့မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်ကို တောင်ငူခရိုင် ဗ.က.သ များအဖွဲ့ချုပ်မှ လုးံဝကန့်ကွက်ပါတယ်)

ကိုအောင်ထက်( တောင်ငူခရိုင် ဗ.က.သ များအဖွဲ့ချုပ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.