(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)
Rambo ဇာတ်လမ်းတွင် အချို့အစိတ်အပိုင်းများကမှန်ကန်သည်။ အမေရိကန်အထူးတပ်ဖွဲ့များသည် ကာလကြာရှည်ကပင် သူပုန်များအား လေ့ကျင့်ပေးခြင်း၊ အစိုးရဆန့်ကျင်သူများအား အားပေးခြင်းများရှိခဲ့သည်။
ယနေ့အချိန်တွင်မူ အခြေအနေမှာ လုံးဝခြားနားသွားပြီ ဖြစ်သည်။အရေးယူမှုများလည်း ဖြေလျော့သွားခဲ့သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်တင်မြှောက်ခံရသောပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီ။ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းက ပြန်လည်ကြိုဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့သည် မြန်မာနိုင်ငံသို့သွားရောက်ကြပြီး ချစ်ကြည်ရေးအသစ်ကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ကြသည်။
နောက်ဆုံးတော့ ထိုအချက်များကို မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ခဲ့ပြီဟု အဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်သည်။ Tom Hanks နှင့်ရိုက်သော Big ဆိုသည့်ရုပ်ရှင်ကို ကြည့်ဘူးသူများရှိပါက သတိရပါလိမ့်မည်။ လူငယ်တစ်ဦးသည် တစ်နေ့ကြီးလာပါက လောကကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ခေတ်နောက်ပြန်ဆွဲနေသောနိုင်ငံ၊ အပယ်ခံနိုင်ငံဖြစ်နေခြင်းကြောင့်၊ လွန်ခဲ့သောလအနည်းငယ်ကအထိ ATM စက်များကို မြန်မာနိုင်ငံတွင် မတွေ့နိုင်သေးပေ။ မြန်မာနိုင်ငံသည် ငွေသားကိုသာကိုင်သုံးသော လူ့အဖွဲ့အစည်းဖြစ်နေသည်မှာ ကာလရှည်ကြာနေပြီဖြစ်ပြီး၊ နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်းမှာ ဝေးကွာလွန်းပြီး ထူးဆန်းလွန်းနေပေသည်။
ထိုအရာများအားလုံး စတင်ပြောင်းလဲနေပြီဖြစ်သည်။ တဖြည်းဖြည်းချင်း ဖြစ်သည်။ Hanks ရုပ်ရှင်ကားထဲကအတိုင်း ဖြစ်သည်။ တိုင်းပြည်နှင့် ယဉ်ကျေးမှုသည် ကမ္ဘာကြီးနှင့်ထိတွေ့ရာ၌ အစပထမတွင် အံဝင်လိမ့်ဦးမည်မဟုတ်ပေ။ အချိန်တော့ ယူရမည်ဖြစ်သည်။ ၎င်းတို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးနှင့် IT အခြေခံအဆောက်အဦးများတွင် ဆိုးရွားစွာလိုအပ်ချက်များရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ငွေပေး၊ ငွေယူနှင့် ကုန်သွယ်ရေးအတွက် သင့်တင့်လျောက်ပတ်သော ငွေကြေးစနစ်တစ်ခု လိုအပ်နေသည်။ အဆိုပါ အခြေခံလိုအပ်ချက်များမရှိဘဲနှင့် အမှန်တကယ် စီးပွားရေးလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ကြက်မနှင့်ကြက်ဥ ကစားပွဲသာဖြစ်နေသေးသည်။ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ ခုန်ဝင်လာမည့်အချိန်ကို စောင့်ကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော်အရေးယူမှုများသည် ဖြေလျော့သွားပြီး၊ ဈေးကွက်ကတံခါးဖွင့်ပေးခဲ့ပြီ ဆိုသော်လည်း၊ ၎င်းသည် ခြေခင်းလက်ခင်းသာသော စီးပွားရေးဝန်းကျင်အခြေအနေ ဖြစ်သည်ဟုဆိုလိုခြင်း မဟုတ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဘောတူညီမှုများမှာ နှေးကွေးနေဆဲ ဖြစ်သည်။
ရေရှည်တွင်မူ ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း(၆၀) ရှိပြီး၊ သယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းပြည်အရွယ်အစားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်တူညီနီးပါးရှိသော်လည်း တစ်ဦးချင်း GDP မှာ အရွယ်အစားနှင့်စာလျှင် နည်းပါးနေသည်။ အများကြီးတိုးတက်ကြီးထွားလာနိုင်သည့် အနေအထားတွင်ရှိသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သွန်ချလိုက်သလိုစီးဝင်လာမည် ဟု မျှော်လင့်နိုင်သည်။
စတော့အိတ်ချိန်းအသစ်ကလည်း ၂၀၁၅ တွင်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သယ်ဆောင်လာပြီး အရင်းအနှီးများတိုးမြှင့်နိုင်ရန် များစွာအထောက်အကူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စောစောနေရာရရန် ရောက်ရှိပြီးနေသူ များလည်း ရှိသည်။
အကယ်၍သင်သည် မြန်မာနိုင်ငံအကြောင်းကိုသိလိုပါက မြန်မာနိုင်ငံတွင် ပမာဏကြီးကြီးလုပ်ကိုင်လျက်ရှိသော စင်္ကာပူစာရင်းဝင်ကုမ္ပဏီ တစ်ချို့ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကုန်းတွင်းရေနံရှာဖွေခွင့်ရထားသော Interra Resources နှင့်မြန်မာ့ကျွန်းစိုက်ပျိုးရေးတွင် ကြီးစွာ ရင်းနှီး မြှုပ်နှံထားသော Ginnacle Import-Export တို့ ရှိသည်။
ကျွန်ုပ်သည် အများပိုင်ကုမ္ပဏီများအကြောင်း များများစားစားမသိရှိဘဲ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကလုပ်ကိုင်နေသူ အနည်းငယ်သာသိရှိသည်။ ထို့ကြောင့် စိတ်ဝင်စားပါက ဟောင်ကောင်ရှိ Boom Securities တွင် account ဖွင့်၍ ဝင်ရောက်ကြည့်ရှုနိုင်သည်။
Yangon chronicle
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်