Saturday, February 26, 2011

0 ၂၀၀၇ စက်တင်ဘာ-ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်မအောင်မမြင်ဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းအချက်များ


တစ်ခါမှ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေမရေးဖြစ်ပါဘူး။ ဘာလို့လည်းဆို အဓိကကတော့ မရေးကိုမရေးချင်လို့ပါ ဒါပေမယ့်ဒီတစ်ပုဒ်မှာတော့ စက်တင်ဘာအရေးအခင်း ဘာလို့ကျရှုံးခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီးမူရင်းစာရေးသူက ပြောထားတဲ့အချက်တွေကို ကြိုက်လို့ တစ်ပုဒ်လုံးဘာသာပြန်ဖြစ်သွားတာပါ။ ခင်ဗျားတို့လည်း ဖတ်တဲ့အခါကြရင် အဲဒီအချက်တွေကို သတိထားပြီး ဖတ်စေချင်တယ်။

နှစ်ရက်လုံးလုံး ထမင်းစားတဲ့အချိန်ရယ်၊ အိမ်သာတက်တဲ့အချိန်ရယ်၊ အိပ်တဲ့အချိန်ရယ်ကလွဲလို့ ကျန်တဲ့အချိန်တွေတော်တော်များများကို ရင်းနှီးပြီးရေးခဲ့ရတာပါ။ ဖတ်ကြည့်ပါ။ ကြိုက်ရင် comment မှာ တစ်ခုခုရေးခဲ့ပါ။ ထောက်လှမ်းရေးကိုလည်း လက်မတို့ကြပါနဲ့ဦး။ ဘာလို့လည်းဆိုတော့ ကြောက်ကြောက်နဲ့ပဲ ဆက်လုပ်နေရလို့ပါ။

Oxford University Press, USA မှနေထုတ်ဝေပြီး Adam Roberts နှင့် Timothy Garton Ash တည်းဖြတ်တဲ့
CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present
စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို
Poe C ကနေ မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျောအောင်ပြန်ထားတာဖြစ်ပါတယ်။

စည်သူအောင်
The Moment of the Monks
ဒီနေရာမှာ

0 မမှန်သူစံစား မှန်သူခံစား




ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပပျောက်အောင် သူတော်ကောင်းဓာတ်ကိန်းဝပ်ကြသော လူအပေါင်းတို့ တဆင့်ဖြန့်ဝေးပေးကြရန် နှိုးဆော်လိုက်ပါသည်။

ပေးပို့ပေးသော dhammaswy dhammagdyအားကျေးဇူးတင်ရှိပါသည်..

0 ခံစားမှု၏နိဂုံး

ခံစားမှု၏နိဂုံး


သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်း တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်း တူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။
တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကို ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
သမိုင်းကို ပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကို အတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများ တိုးတက်ကြီးပွား အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကို မွေးဖွားနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ကမ္ဘာမြေပြင်ကြီး သွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကို မွေးဖွားပေးစေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကို ဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော “ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
တုံ့ပြန်မှုကို တန်ပြန်စေနိုင်သလို
တန်ပြန်မှုကို ရိုက်ချိုးနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”
တကယ်တော့ …. ခံစားမှုဟာ
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကို ငယ်အောင်လုပ်
ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါ ဥပဒေသ
      မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသ ဖြစ်တော့မှာ။
တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူး ခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကို အကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့     ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲ ပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
        ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
          ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
          ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။
၂၂.၂.၂၀၁၁ (03:00 am)
                              ကျော်သူ 
(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကို စိတ်ဓါတ်မကျ စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ စိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာ ပေါ်ပေါက်လာတဲ့ ခံစားမှု)

0 ပိုင်ရှင်မဲ့များ



ပိုင်ရှင်မဲ့များ
      နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန္ဓေတည်ခဲ့ပုံမှာ ကျေးဇူးရှင် စာရေးဆရာ/ဒါရိုက်တာကြီး ဘဘ ဦးသုခ ဆေးရုံတက်စဉ်အချိန်ကာလမှ စတည်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ ဆေးရုံကုတင် နံဘေး တွင် ဆေးဝါးလာရောက်ကုသနေသော အမေအိုကြီးကို အမေအိုကြီး၏ မိသားစုမှ နေ့စဉ် အမေအိုကြီး အား လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ အမေအိုကြီး၏ မိသားစုသည် ဆင်းရဲနွမ်းပါးလှသော မိသားစုဖြစ်သည်။ တစ်ရက်တွင် အမေအိုကြီး၏ မိသားစုအား သက်ဆိုင်ရာဆရာဝန်ကြီးမှ အမေအို ကြီးအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လိုပါက ခေါ်ဆောင်သွားနိုင်ပြီဖြစ်ကြောင်း ဆေးဝါးကုသမှု အပိုင်းကဏ္ဍသည်လည်း အစွမ်းကုန်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သို့သော် အမေအိုကြီး၏ ရောဂါသည် ကျွမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့မှစ၍ အမေအိုကြီး၏ မိသားစုသည် ဆေးရုံသို့ လာရောက်ခြင်း မပြုခဲ့သည်ကို ဘဘ ဦးသုခ သတိထားမိသည်။ အကြောင်းမှာ အမေအိုကြီးအား မိသားစုမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပါက အမေအိုကြီးအား ပြုစုဂရုစိုက်မည့် အဖော်မရှိခြင်း အမေအိုကြီးအား ကျွေးမွေးပြုစုရမည့် စရိတ်မရှိခြင်း၊ အမေအိုကြီး ဆုံးပါးသွားပါကလည်း အမေအိုကြီး အား မီးသင်္ဂြိုလ်ရန် စရိတ်၊ အသုဘစရိတ်၊ နိဗ္ဗာန်ယာဉ်ငှါးခစရိတ် စသည့် စသည့် ကုန်ကျစရိတ်များ မတတ်နိုင်၍ ဖြစ်ကြောင်းဟု နောက်ပိုင်းတွင် သိရှိခဲ့ရတော့သည်။ အမေအိုကြီးမှာ ယင်းဆေးရုံတွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီး ပိုင်ရှင်မဲ့အနေဖြင့် ဆေးရုံမှ သင်္ဂြိုလ်ပေးခဲ့ရသည်။
      ထို့ကြောင့် ထိုစဉ်အခါက ဘဘ ဦးသုခသည် အခြားသော (ခရစ်စယာန်၊ ဟိန္ဒူ၊ အစ္စလာန်) စသည့် ဘာသာများတွင် နာရေးကူညီမှုလုပ်ငန်းများ ရှိနေခဲ့ပြီး မြန်မာပြည်တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးများအတွက် နာရေးကူညီမှုလုပ်ငန်း ဟူ၍ မရှိသေးသောကြောင့် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စေတနာရှင်လူမှုရေးသမားများနှင့် ပူးပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော (အခမဲ့) နာရေးကိစ္စများကို ဖေးမကူညီ ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများဖြစ်ပေါ်လာပါက (အခမဲ့) မီးသင်္ဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်းတို့ကို အလူမီနီယမ်အခေါင်းများ၊ မှန်ခေါင်းများဖြင့် ကူညီမှုကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုင်ရှင်ရှိ သေဆုံးသွားသူများအပြင်၊ ပိုင်ရှင်မဲ့ (အမည်၊ လိပ်စာ၊ မိသားစု) မသိသူများ၏ ရုပ်အလောင်းများကိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်သင်္ဂြိုလ်ခြင်း၊ သက်ဆိုင်ရာရင်ခွဲရုံများသို့ ပို့ဆောင်ပေးခြင်းများကို ပေးဆပ်လျှက်ရှိသည်။ 
      ပိုင်ရှင်မဲ့များသည် လမ်းဘေးတွင် သေဆုံးခြင်း (အဆိပ်မိခြင်း၊ လုယက်ခံရခြင်း၊ ခိုက်ရန်ဖြစ် ပွားခြင်း)၊ ရေနစ်သေဆုံးခြင်း၊ ရထားကြိတ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသည့်တို့ဖြစ်သည်။ ယင်းတို့သည် မိသားစုနှင့် တကွဲတပြားဖြစ်နေသော လမ်းဘေးတွင်လေလွင့်နေသော ကလေးငယ်များ လူငယ်/ရွယ်များနှင့် သားသမီးတို့မှ စွန့်ပစ်ခြင်းခံခဲ့ရသည့် မိဘများတို့ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဖြစ်ရပ်များသည် မဖြစ်ပေါ်သင့်၊ မမြင်သင့်၊ မကြားသင့်ပေ။ လောကဓံ၏ ရိုက်ပုတ်ခြင်း ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးလှသည်။ အမှန်စင်စစ် ပိုင်ရှင်မဲ့ ဟူသည် မရှိသင့်သော စကားရပ်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိလာ ကတည်း က ပိုင်ရှင်များရှိကြသည်။
      မည်သို့ဖြစ်စေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တာဝန်မှာ သေဆုံးသွားသူ တို့၏  ရုပ်အလောင်းများကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးရန်သာ ဖြစ်ပေသည်။ ကမ္ဘာမြေပြင်ပေါ်တွင် အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ … စတဲ့ စတဲ့ ၀ိရောဓိစစ်ပွဲများတွင် ကျဆုံးသွားသော၊ ဆုံးပါးသွားသော သူများ၏ ရုပ်အလောင်းများအား လူလူချင်း စာနာစိတ်မွေးကာ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ ကူညီဖေးမသွားကြဖို့ အရေးကြီးလှ ပေသည်။
ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

0 ၁၀မိနစ်ကျော်ကျော်သာပြုလုပ်တဲ့ပြည်ထောင်စု လွှတ်တော် ကျပ် ၆ သိန်းစီခွဲတမ်းထုတ်ပေးပြီးရပ်နား

(azawgyi)
အင်း လွှတ်တော်ကြီး ကျင်းပ နေတာ ရက်စွဲ နဲ့ ဆို တလ ကျော်ကြာ ရှိတော့ မယ် ဗျာ။ဒီ နေ့ တော့ ပြည်ထောင်စု လွှတ်တော် က ခန နား သွားပြီး ၊ မတ်လ ၁ ရက် နေ့ မှာပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် တွေ ခွဲ ပြီး ဆက် လုပ် ကြ ဦး မှာ ပါ။

ပြီး ခဲ့ တဲ့ လွှတ်တော် က တော့ သတင်း ကြည့် ရ တာ ပျင်း တောင် လာ ပြီ ဗျာ ။တနေ့ တနေ့ ဘာ များ ထူး မလဲ ကြည့် လိုက် ရင် ၊ ပထမ လွှတ်တော်ပုံ ပြ တယ်။
ပြီး ရင် ဘတ်ကားသေးသေး လေး တွေ နဲ့ လူ တွေ ရောက် လာ တာ ပြ တယ်။ပြီး ရင် လှေကားထစ် တွေ အများကြီး တက် နေ ရ တာ ပြ တယ် ၊
ပြီး ရင် အတန်းဒင့် ဆိုင်းထိုး ကြ တာ ကို ပြ တယ် ၊ ပြီး ရင် သတင်းကြေငြာသူ ကထောက်ခံကြာင်း ဖတ်ပြတယ် ၊ ပြီး ရင် အားလုံး လက်ခုတ်တီး တာ ပြတယ် ၊ပြီး ရင် ၊ ပြီး ပါ ဘီ ပေါ့ ဗျာ။

ဘယ် နေ့ ပြ ပြ ၊ တသွေ မတိမ်း ပါ ဘဲ ၊ နောက် က သတင်း ဖတ် သူ က ရွက် စွဲ ဖတ်၊မပြောရင် ၊ ဘယ် နေ့ က သတင်း ပြ ပြ ၊ အဆင် ပြေ ပါ တယ် ၊ နေ့ တိုင်း အတူတူ ဘဲ မို့ပါ..တနေ့ လုံးနေ မှ လွှတ်တော် အစည်းဝေးကြာချိန် က ၁၀ မိနစ် ကျော်ကျော် လေး ပါ။
ဒါတောင် သတင်း ထဲ ကြည့် ရ တာ ၊ ရှေ့ဆုံး က ဒုတ်ကြီး ကိုင် လာ တဲ့ သူ ရယ်.အလယ် က လွှတ်တော် နာယက ရယ် ၊ နောက် ဆုံး က ၊ နာယကထိုင်ဘို့ ကုလားထိုင် မ ပေးမဲ့ သူ ရယ် ၊ သူ တို့ ၃ ယောက် ၊ တလှမ်းချင်း လှုပ်စိ ၊ လှုပ်စိ ၊ နဲ့ ၊ အခန်း ထဲ ကြွ လာတာ က တင် ငါးမိနစ် ကုန်သွားပါဘီ ၊ သူ တို့ ၃ ယောက် လမ်းလျောက် လာ တာ နဲ့ တင် ၊
အဝင် တခါ အထွက် တစ်ခါ ဆို တော့ အစည်းအဝေးချိန် ၁၀ မိနစ် က ပြီး သွား ပြီ ပေါ့ ဗျာ ။

ဟန်ကျတယ် ဗျာ ၊ လွှတ်တော် အမတ်မင်း လုပ် ရ တာ ၊ တနေ ကုန် မှ ၁၀ မိနစ် ဆို တာအင်မတန် လုပ်ပျော် ပါတယ် ၊ ကျွန်တော် တောင် လွှတ် တော် မှာ အလုပ်လေး များ ရ မလားစိတ် ဝင်စား ပါ တယ် ၊ ၁၀ မိနစ် လောက် လုပ် ယုံ နဲ့ လခ ကောင်း ကောင်း ရ မယ် ဆိုရင်လေ၊ ဒါ လဝမ် ဘဲ လုပ် ရ ၊ လုပ် ရ ၊ တံ မျက်စည်း ဘဲ လှည်း ရ ၊ လှည်း ရ ပါ ခင် ဗျာ ၊
လွှတ်တော် မှာ အလုပ် တခု တော့ ၊ ရ ချင် နေ သ ပ ဗျာ ။ ဒီ နေ့ ဘဲ ၊ အမတ်မင်း တို့ ၊တတွေ ၊ နေ့တွက် တလ စာ က ၃ သိန်း ၊ လစာ က ၃ သိန် ၊ နဲ့ တယောက် ၆ သိန်းလက် ဝယ် ရ လို့ အို ကေ သွားကြ ပါ ဘီ။ ဒီ လောက် နဲ့ တော့ ကြေနပ် မယ် မထင် ပါခင်ဗျာ ၊ လွှတ်တော် နာယက ရှေ့ က လူကြီးထမ်းလာ တဲ့ ၆ ပိသာစီး တဲ့ ဒုတ်မျိုးတယောက် တချောင်း ရ ကြမယ် ဆိုရင် တော့ ၊ အတိုင်း ထက် အလွန် တံခွန် နဲ့ ကုတ်ကားပေါ့ ပါ ခင် ဗျာ ၊ ထောက် ခံ ရ ကျိုး နပ် ကြ ရ သ ပ ဗျာ ။

ခုချိန် အထိ တော့ တိုင်းရေးပြည်ရာ ဆွေးနွေး ကြ တာ ၊ မယ် မယ် ရ ရ ၊ မကြား ရ သေး ပါဗျာ ၊ နေ့ တိုင်း တော့ ကန့် ကွက် သူ မရှိ ၊ ထောက် ခံ သံ သာ ကြား ရ ပါ တယ်။
အခု ရာထူး များ က တော့ ၊ အရင် က တဲ့ က၊ ခွဲတမ်း ချ ပြီး ထင် ပါ ရဲ့ ဗျာ။နဂို က ဘယ် ထဲ မှာ မပါ ၊ ဘယ် နိုင်ငံ ရေး မှ မလုပ် ဘဲ ၊ ကိုယ့် စီးပွား ကိုယ် ရှာ စားနေကြ ပြီး ၊ ရွေးကောက်ပွဲ နီးခါ မှ ၊ ကိုယ် စားလှယ် ထ ဖြစ် သွား သူ တွေ က၊ အင်မတန်
သနား စ ရာ ကောင်း နေ ပါ ဘီ ခင် ဗျာ ၊ နဂို သူ တို့ စီးပွား ကို က တလ ၃ သိန်း မကဝင်ငွေ ရှိ ပြီးသား လူ တွေ ပါ။ အမတ် လုပ် မှ စီးပွား ဖြစ် တာ မဟုတ်ပါဘူး ၊

ရွေးကောက် ပွဲ ထဲ ပါ ဘို့ အိမ် ကို လာ ခေါ်ပြီး အမတ် စာရင်း အသွင်း ခံ ရ တော့ ၊အိမ် က သူ တို့ မိန်းမ တွေ က ၊ နိပ်ဟ ၊ အိမ် က လူ ကို ဝန်ကြီး ခန့် မလို့ လား မသိ ၊အင်း ၊ စိန် တလုံး ၊ နားကပ်ကြီးတော့ ပန် ရ ချီသေး ရဲ့ ဆို ပြီး ၊ ထင် တလုံး နဲ့ ၊
မျက်နှာ လေး ၊ တမော့ မော့ ၊ စိတ် ထဲ မှာ တရွ ရွ ပေါ့ ဗျာ။

ခုများတော့ ၊ ခန့် စရာ ၊ ရာထူး တွေ က လဲ ကုန်သလောက် ရှိ နေ ပြီ၊ နဂို ခွဲတမ်း အတိုင်းအပို မပါ ၊ ပါ စရာ လဲ ၊ မကျန်တော့ ဆို တော့ ၊ ကိုင်း ၊ အခု တော့ ၊ ဘယ့် နဲ့ ရှိ ပါ စဆိုပြီး ၊ အမတ်မင်း လူသစ်တန်း တို့ ၊ တယောက် မျက် နှာ တယောက် ကြည့် ပြီးသက် ပြင်း တွေ သာ ၊ အခါ ခါ ချ နေ ကြ ရ ပေါ့ ဗျာ ။

ဒါပေမဲ့ စိတ် မပျက်ကြပါနဲ့ ခင်ဗျာ ၊ လာမဲ့ မတ်လ ၁ ရက် နေ့ မှာ လွှတ် တော် ၂ ခုခွဲကျင်းပချိန် ရောက်ရင် ၊ ဘာ ရေးရာ ကော် မတီ ၊ ညာ ရေး ရာ ကော်မတီ တွေ အများကြီးထပ် ဖွဲ့ ဦး မှာ ပါ။ အဲ ဒီ အခါ ကျ ၊ အမတ်မင်း တို့ တဦး မှ ရာထူး မရ ၊ မရှိစေ ရ ပါဘူးတယောက် တမျိုး ၊ မရိုး ရ အောင် ၊ ရာထူး တွေ ရ ကြ ဦး မယ် ကြား နေ ရ ပါ တယ် ။

အဲ ၊ ဒီ ရေး ရာ ကော်မတီတွေ ဖွဲ့ ပြီး သွား ရင် ၊ အခု ရာထူးရပြီး သား ဆရာကြီး တွေ ကိုထပ်ပြီး ကြီးကြပ် လမ်းညွှန် မဲ့ ၊ ဆရာ့ ဆရာ ကြီး များ ကော်မတီ ထပ် ဖွဲ့ ဦး မယ် လို့ လဲ ၊ကြားပါတယ် ၊ အဲဒီ ဆရာ့ ဆရာကြီး များ အဖွဲ့ က မှ တကယ့် ကို ( ရွှေ ) ဖြစ် ပါ လိမ့်မယ်...
အရင် တုံး က လဲ ( ရွှေ )၊ အခု လဲ ( ရွှေ )၊ နောင် ကို လဲ ( ရွှေ )၊ ဘဲဖြစ်နေအောင် ပါ ဘဲ တဲ့ ၊ ခင် ဗျ ။

တိုင်းရေး ပြည်ရာ ဆောင်ကျဉ်း ကြ မဲ့ အမတ် မင်း များ ခင် ဗျာ ၊ ဥပဒေသစ် တွေ ဘာတွေမတင် သွင်း နိုင် သေး လဲ ၊ အခု ရှိ နေ တဲ့ ဥပဒေ တွေ အပေါ် လူ တွေနားမလည် နိုင်ကြတာတွေ ကို မေးခွန်းလေး တွေ များ များ မေး ပေးကြ ပါ ခင် ဗျာ ၊ အခုကြားနေ ရတဲ့ရသုံးခန့် မှန်းချေ ငွေစာရင်း ဥပဒေ ၃/၂၀၁၁ ဆိုတာ လေး က ဘယ် လိုလဲ ဆိုတာပါ။အခုဟာ က မြန်မာပြည် ထဲ က ဥပဒေ ကို အမေရိကန် အသံ က ကြေညာပေး မှပြည်တွင်း က လူ တွေ က သိ ရ တာ ဆို တော့ ၊ မ နိပ် သေး ပါ ခင် ဗျာ ။

မေးခွန်းတွေ များများမေး မှ လူတွေ ရဲ့ တကယ့် အသံ ကို လွှတ်တော် က ကြားနိုင်မှာပါ..ကမောက် ကမ ဖြစ် နေ တာတွေ ပုံပေါ်လာ မှာ ပါ ၊ ရှေ့ေ နာက် အကျိုးအကြောင်းမညီ ညွတ်တာတွေ ၊ ထင်သာ မြင်သာ မရှိ တာတွေ ၊ ပွင့်လင်းမှု မရှိတာတွေ ၊
တိုင်းပြည်အတွက် အကျိုး မဲ့ နေတာတွေ ကို တွေ့ လာ နိုင် မှာ ပါ။
ဘာ တွေမေး ရ မလဲ ၊ အမတ်မင်းတို့ သိ ချင် ကြ ရင် လဲကျူးပစ်ကြီး ထဲ စာ မှန် မှန် လာ ဖတ် ကြည့် စမ်း ကြ ပါ ခင် ဗျာ ။

အခု များတော့ ကုန်ဈေး က တဖျောက်ဖောက် တက် လိုက် တာ ပါ ဗျာ ၊ ဟို လူ့ မေး လိုက်လဲ ရွှေဈေး ဒေါ်လာဈေး တက် လို့ ၊ အကြောင်းပြ ချက် က မရိုးနိုင် ပါ ခင် ဗျာ။
လစာ တွေ တိုးမယ် အသံကြား လို့ က တော့ မပျော် နိုင် ပါ ၊ ဟာ ကွာ ၊ ဒုတ် ခ တော့ရောက်ကြ ဦး မယ် ဘဲ ၊ စိတ် ထဲ ထင် ပါ တယ် ၊ ဘယ့် နဲ့ ဗျာ ၊ ဘေး က အိမ်နီးချင်း နိုင်ငံဘယ် နိုင်ငံ ကို ဘဲ ကြည့် ကြည့် ၊ ကုလားပြည် လဲ တရူးပီတန် လေး နဲ့ အကြွေစေ့ လေး နဲ့တရုပ် နိုင်ငံ က လဲ တယွမ်တန် နဲ့ အကြွေစေ့ လေး နဲ့ ၊ ယိုးဒယား က လဲ တဘတ် တန် နဲ့
အကြွေစေ့ လေး နဲ့ ၊ ဘယ် ခေတ် မဆို ၊ သူ့ ငွေ ကြေး က ဘယ် အချိန် သုံး သုံး ၊ ဘယ် နေရာ သုံး သုံး ၊ တန်ဘိုး မပျက် ၊ အသုံး ခံ ပါ တယ်။

အရင်ကြားဘူး တဲ့ ၊ အနိမ့်ဆုံး နေ့စားခ ၃ ကျပ် ၁၅ ပြား ဘဲ ၊ ပြန် ရ ချင် ပါ တယ်။အဲဒီ အချိန် က ထမင်း အဝစား ပြား (၃၀) ဆို သ ကိုး ခင် ဗျ။အခု များ နေ့စားခ အနဲဆုံး ၁၀ဝ၀ကျပ် တိုးပြီး ပေး နေ တာ တောင် ခပ်ညံ့ညံ့ ထမင်း တနပ်
က ၁၅၀ဝ ပါ။ အလုပ် လုပ် ပီ ဆို မှ တော့ အနည်းဆုံး ၊ တယောက်စာ ထမင်း ၂ နပ် ဘိုးက တော့ ဖြစ်သင့် တာပေါ့ ဗျာ ၊ မိသားစု ဝမ်းရေး မပြေလည် နိုင် တောင် ၊အလုပ် လုပ်သူ အတွက် တော့ တနေ့ စာ ထမင်း စား နိုင် သင့် တာပေါ့။ ဒါလေးတွေ ကိုလွှတ်တော် ထ ၊ဲ မေး ပေး ၊ စမ်းပေး ၊ ဆွေးနွေး ပေး ကြ ပါ ဦး ၊ အမတ် မင်း တို့ ခင် ဗျာ ။

သတင်းစကား ကြား နေ ရ သလို အနိမ့်ဆုံး လစာ ၁ သိန်း ဖြစ် သွား လို့ က တော့အခု ကိုင် နေ တဲ့ တထောင် တန် က ၊ ၁ ကျပ် တန် အဆင့် ၊ ဘဝ ပြောင်း သွား လို့ပလာစတာတွေ ၊ ကော်တွေ ၊ ဖန်တရာ တေ နေ တဲ့ စက်ကူစုတ် ဖြစ် ရ ဦး မယ် ထင် ပ ဗျား ။

( မြန်မာကျူးပစ် ကွန်မြူနတီ ဖိုရမ် မှ ကူးယူဖော်ပြပါသည် )

0 အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

ကဒါဖီဖြုတ်ချရေးအတွက်လစ်ဗျားရှိဆန္ဒပြပြည်သူများနှင့်အတူပူးပေါင်းပါဝင်လာသော စစ်မှုထမ်းဟောင်းတဦးအား လှိုက်လှိုက်လှဲလှဲဝိုင်းဝန်းကြိုဆိုနေကြပုံBENGHAZI, LIBYA (Photo-Getty images)

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစားပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းကတဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးအတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှုကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေအပေါ် နှိမ်နင်းရာမှာ စစ်တပ်အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ်ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ်ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲဆီကို မြန်မာအစိုးရ အနေနဲ့ ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ (VOA)

0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီများ


By: National League for Democracy

0 ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏မိန့်ခွန်းကောက်နူတ်ချက်များပါသော ၂၀၁၁အင်္ဂလိပ်-မြန်မာပြက္ခဒိန်

2011 Birthday Gift
 Download Mediafire Link
Download Ifile Link
suuchitthu.blogspot.com/

Friday, February 25, 2011

0 အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ရခိုင်၊ ကရင် မျိုးချစ် ရဲဘော် (၃၄) ယောက် အပြီးတိုင်လွတ်မြောက်ရေး ဂျပန်ရှိုမြန်မာ့ဒီမိုကရေစီအင်အားစုများ အိန္ဒိယသံရုံးရှေ့တွင်ဆန္ဒပြ


ဓာတ်ပုံပေးပို့သော ကိုမင်းညိုဝမ်း (Moethaukkye)အားကျေးဇူးတင်ရှိပါသည်...

(၁၉၉၈) ခုနှစ် ဖေဖေါ်ဝါရီ (၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း (ဒ်) ဖေါ့ကျွန်း အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှု ရရှိပြီး ရေတပ် အထောက်စခန်း တည်ဆောက်ရန် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ ကာကွယ်ရေးဌာန တာဝန်ခံ၊ ရခိုင်ပြည် တပ်မတော် (Arakan Army – AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ အပါဝင် ရခိုင်ရဲဘော် (၂၇) ဦး၊ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ်အပါအ၀င် ကရင်ရဲဘော် (၁၃) ဦး စုစုပေါင်း (၄၀) ဦး ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွာလာခဲ့ကြသည်။

ဖေဖေါ်ဝါရီ (၁၀) ရက်နေ့တွင် လန်း(ဒ်)ဖေါ့ကျွန်းသို့ ဆိုက်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ ထောက်လှမ်းရေးများ၏ လှည့်စားမှုကြောင့် (NUPA) မှ ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင်နှင့် (KNU) မှ ဖဒိုမူးလွယ်၊ ဗိုလ်ကြီး မြင့်ဆွေတို့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ကျန်ရှိနေသည့် ရခိုင်၊ ကရင် (၃၆) ဦးတို့သည်လည်း မျှော်လင့်ချက်မဲ့ကာ ညှင်းပမ်းနှိပ်စက် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ ပို့ဒ်ဘလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစုံတရာမရှိဘဲ (၈) နှစ်ကြာမျှ ချုပ်နှောင်ထားခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရခိုင်ရဲဘော် (၁) ဦးနှင့် ကရင်ရဲဘော် (၁) ဦး ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအနကို ယနေ့အချိန်ထိ မရရှိခဲ့ဘဲ လုပ်ကြံ သတ်ဖြတ် လိုက်သည်ဟုလည်း ယူဆလျက် ရှိနေကြသည်။

(၂၀၀၆) ခုနှစ်တွင် လူ့အခွင့်အရေးတိုက်ပွဲဝင် ရှေ့နေ နန္ဒိတဟာ (က) ဆာနှင့် မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင် မျိုးချစ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုများကြောင့် ပို့ဒ်ဘလေးယား အကျဉ်းထောင်မှ ကာလက္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ တရားရုံးတော်နှစ် (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် အမှုကို အပြီးသတ် စီရင်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း လက်ရှိ အမှုသည် အိန္ဒိယဥပဒေကြောင်းအရ အတိုင်းအတာတခုထိ ပြီးစီးခဲ့ပြီဟု ယူဆနိုင်သော်လည်း အပြီးပိုင် လွတ်မြောက်ရေးအတွက် အခက်အခဲ ရှိနေသေးကြောင်း သိရှိရပါသည်။

Ref; Arakan review

0 ချိတ် ထမီ

ချိတ်ထမီ

Thursday, February 24, 2011

0 ယုံရခက်ကြီး ဇေကမ္ဘာ

သာသနနုဂ္ဂဟအသင်းနဲ့ ပက်သက်လို့  ၂၀၁၀ အစောပိုင်း လ တွေထဲကသတိပြုမိနေပါတယ်။

ဒီနေ့  ဘီဘီစီဘန်ကောက်ရုံးခွဲက ဦးဝင်းမြင့်နဲ့  ဇေကမ္ဘာဦးခင်ရွှေ အင်တာဗျူးကိုနားထောင်ရပါတယ်။ နှစ်ဘက်စလုံးက မရအရယူကြ၊ ကျားကုတ်ကျားခဲခုခံကြနဲ့ ကြားရတာ အင်မတန်စိတ်ဝင်စားစရာပါ။

တခါတလေ ရန်ဖြစ်နေသလားလို့ တောင် ထင်ရပါတယ်။

ကျွန်တော် ၃ လ နီးပါးလောက် ရန်ကုန်နဲ့ ဝေးခဲ့စဉ်က သံဃာတော်တွေရှိတဲ့နေရာနဲ့ နီးခဲ့ပါတယ်။ သံဃာတစ်ပါးက သာသန နုဂ္ဂဟ အသင်းနဲ့ ပက်သက်ပြီး မှတ်ချက်ပေးခဲ့ပုံက

ဦးခင်ရွှေ မက လို့  ဘယ်သူဘဲ လုပ်လုပ်..နိုင်ငံရေးအရောင်အသွေးကင်းစင်မယ်ဆိုရင်ကြိုက်တယ်။ ကြံ့ဖွံ့ ပါတီရဲ့ အနာဂတ်သြဇာထူထောင်ရေးအတွက် ခြေလှမ်းအစ ဆိုရင်တော့သံဃာထုက ကန့် ကွက်သွားရမှာဘဲ...” လို့ မိန့် ကြားခဲ့ပါတယ်။

တစတစနဲ့  မြို့ နယ်တွေက တဆင့် ရပ်ကွက်တွေထဲအထိ ဒီ အသင်း ဖွဲ့ စည်းရေး ကိစ္စတွေမကြာခင် ရောက်လာတော့မှာပါ။ အခုတောင် ကျွန်တော့်ရပ်ကွက်မှာ သိုးသိုးသန့် သန့် ကြားနေရသလောက်က ကြံ့ ဖွံ့ ပါတီက သိမ်းကြုံးဝါးမြိုတော့မယ့် လက္ခဏာ တွေ့ ရပါတယ်။

“ နိုင်ငံရေးနဲ့ ပက်သက်ခဲ့တယ်ဆိုရင် ကျွန်တော် ဒီအသင်းကိုဖျက်ပစ်လိုက်မယ်...” ဆိုတဲ့ ဦးခင်ရွှေရဲ့ စိန်ခေါ်သံကိုလည်း စောင့်ကြည့်နေပါတယ်။
ဘီဘီစီဦးဝင်းမြင့်ကိုလည်း ဒီလိုပြောလာအောင် လှလှပပ မေးတတ်ခဲ့တာအတွက်လည်း အသိအမှတ်ပြုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လို့ ဒီအသင်းရဲ့ရှေ့ ရေး  နောက်ရေးဟာ
ဗုဒ္ဓဘာသာဝင် နိုင်ငံသားအားလုံးအတွက် သိပ်အရေးကြီးပါတယ်။ ခုရှုပ်မှနောင်ရှင်း ဆိုတဲ့ 
မြန်မာစကားပုံ ရှိတယ် မဟုတ်လား။ ကြံ့ဖွံ့ အသင်း ကနေ ကြံ့ဖွံ့ ပါတီဖြစ်လာခဲ့သေးတာဘဲ။

လူထုနဲ့ သံဃာတော်တွေ စိုးရိမ်မယ်ဆိုလည်း အပြစ်မပြောနိုင်ပါဘူး။

၈၀ % ကျော်က ကြံ့ဖွံ့ ပါတီဝင်တွေ လုံးဝမဟုတ်ပါဘူး...လို့ ဦးခင်ရွှေကရဲရဲကြီးအာမခံသွား
ပါတယ်။  ဒါဆိုရင် ဒီအသင်းရဲ့ ခေါင်းဆောင်ပိုင်းမှာ ဦးဆောင်နေတဲ့သူတွေရဲ့နံမည်ကို ထုတ်ပြန်
ပေးဖို့ လိုပါတယ်။

ကမ္ဘာမှာ ဗုဒ္ဒဘာသာဝင်တွေ လုံးပါးပါး လာပြီး တခြားဘာသာဝင်တွေ ကြီးထွားလာတာကို
ကျွန်တော်တို့  သတိမမူဘဲ မနေနိုင်ပါဘူး။ ထေရ၀ါဒစစ်စစ် ဆိုရင်ပိုခက်ခဲလှပါတယ်။ တစ်ဘက်က
ဒါကိုလည်း တွေးမိပါသေးတယ်။ သာသနာတော်ထွန်းကားပြန့် ပွားအောင် စေတနာသန့် သန့် နဲ့ 
လုပ်ဆောင်နေတဲ့ တခြားသော ဘာသာရေးအဖွဲ့ အစည်းတွေ ရှိပြီးသားဆိုတာ အားလုံးသိကြပါတယ်။

သာဓု ခေါ်စရာဆို ကျွန်တော်တို့ အားလုံး ရှေ့ ထွက်ပြီး သာဓု ခေါ် ဖို့ အသင့်ပါ။

ဒါပေမယ့်...ဇေကမ္ဘာဦးခင်ရွှေ ဆိုတာ နေပြည်တော်က ကြံ့ဖွံ့ ပါတီရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်သဖွယ် ဖြစ်နေတော့ ဒီအသင်းနဲ့ ပက်သက်လို့ ယုံရခက်ကြီး လို့  အားလုံးကရှုမြင် နေကြကြောင်းပါခင်ဗျာ။

အောင်မျိုးထွန်း

1 ကနေဒါနိုင်ငံ ကာလ်တန် (Carleton) တက္ကသိုလ်က ချီးမြှင့်ခြင်းခံရတဲ့ ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အခမ်းအနားတွင်ပြောကြားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ဗွီဒီယိုမိန့်ခွန်း


ကနေဒါနိုင်ငံ ကာလ်တန် တက္ကသိုလ်မှာ ကျင်းပတဲ့ အဲဒီ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ပွဲကို တက္ကသိုလ် အဓိပတိ အပါအ၀င် ကနေဒါ လွှတ်တော်အမတ်တွေ၊ ကနေဒါ အစိုးရပိုင်းက အရာရှိတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဆုချီးမြှင့်ခံရသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီပွဲကို ရောက်မလာနိုင်ပေမဲ့ ဗွီဒီယိုကတဆင့် တတ်ရောက်လာသူတွေကို မိန့်ခွန်းစကား ပြောပါတယ်။ လွတ်လပ်မှုနဲ့ လုံခြုံမှုဟာ တပြိုင်နက်တည်း ရှိဖို့လိုသလို အဲဒီအတွက်ဆိုရင် ဥပဒေစိုးမိုးမှုဟာ မဖြစ်မနေ အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ဥပဒေဆိုတာ လူသားတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေအနက် တခုဖြစ်တယ် ဆိုတာကို လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမ အခိုင်အမာ သဘောပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာဟာ တရားမျှတတဲ့ ဥပဒေ ဖြစ်ရပါမယ်။ အဲဒီလို တရားမျှတတဲ့ ဥပဒေတွေကို ကျင့်သုံးမှသာ လူသားတွေဟာ တကယ့်ကို ယဉ်ကျေးတဲ့ လက္ခဏာ ပေါ်လာမှာပါ။ အခုလို ကျမကို ဥပဒေရေးရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်လိုက်တာဟာ ကျမကို ယဉ်ကျေးတဲ့ လူသားတဦး အနေနဲ့ ယူဆ သတ်မှတ်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုအတွက် ဥပဒေ အထောက်အကူပြု အဖွဲ့ဆိုတာကို ဖွဲ့စည်းခဲ့သလို ဒီအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား အမှုတွေအတွက် အထူးတာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောပါတယ်။ တရားရေး လွတ်လပ်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့က ဆောင်ရွက်တဲ့အမှု အတော်များများဟာ အနိုင်မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီအတွက် စိတ်ဓာတ်မကျဘဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေအတွက် ရပ်တည်မှု ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် အခုချီးမြှင့်တဲ့ ဆုကိုလည်း အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ကိုယ်စား လက်ခံရယူလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

“ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြုရေး အဖွဲ့ရဲ့ ကိုယ်စား လက်ခံရယူတယ်လို့ ခံစားရပါတယ်။ ဒီအဖွဲ့အကြောင်းကို အနည်းငယ် ရှင်းပြချင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒါမျိုးဟာ ပထမဆုံး ဖွဲ့စည်းတဲ့ ဥပဒေရေးရာအဖွဲ့ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၉၅ ခုနှစ် တုန်းက စတင်ဖွဲ့ခဲ့ပါတယ်။

“နိုင်ငံရေး ရာဇ၀တ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ အမှုကို ကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းခဲ့တာ ပါ။ ဒီအမှုမျိုးတွေကို ကျမကတော့ ရာဇ၀တ်မှုရယ်လို့ မမြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေး အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့ အမှုတွေ ဖြစ်တာကြောင့် နိုင်ငံရေး ရာဇ၀တ်မှုတွေလို့ ကျမကတော့ ခေါ်ချင်ပါတယ်။ အာဏာပိုင်တွေကတော့ သူတို့ကို ရာဇ၀တ်မှု ကျူးလွန်တယ်ဆိုပြီး ထောင်ထဲ ထည့်ခဲ့ပါတယ်။”

ဥပဒေဆိုတဲ့နေရာမှာ တရားမျှတမှု လိုအပ်သလို တရားမျှတတဲ့ ဥပဒေ ဖြစ်မှသာ လူ့ယဉ်ကျေးမှု လက္ခဏာ ရပ် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဥပဒေ စိုးမိုးရေးအတွက် ကျမတို့ ရပ်တည် ဆောင်ရွက်ပါတယ်။ ဘယ်တိုင်းပြည် ဘယ်လို လူ့အဖွဲ့အစည်းမှာ မဆို ဥပဒေစိုးမိုးမှု မရှိဘဲ လုံခြုံဘေးကင်းမှု မရှိနိုင်ဘူးလို့ ကျမတို့ ယုံကြည်ပါတယ်။ စစ်မှန်တဲ့ လုံခြုံမှု မရ ရင်တော့ စစ်မှန်တဲ့ လွတ်လပ်မှု မရှိနိုင်ပါဘူး။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှု ဆိုတာဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုတွေ ဖယ်ထုတ်ထားတဲ့ လုံခြုံဘေးကင်းမှုသက်သက် ဆိုတာဟာလည်း ပြီးပြည့်စုံမှု မရှိပါဘူး။ လွတ်လပ်မှုနဲ့ လုံခြုံဘေးကင်းမှုဟာ တပြိုင်နက်တည်း ရှိရမယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးအတွက် ကျမတို့အနေနဲ့ အခိုင်အမာ ရပ်တည် ဆောင်ရွက်နေပါတယ်။”

ကနေဒါနိုင်ငံ အော်တ၀ါမြို့က ကာလ်တန် တက္ကသိုလ်မှာ ကျောင်းသားဦးရေ ၂၄,၀၀၀ လောက်ရှိပြီး အဲဒီက ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ ဆောင်ရွက်ပေးလေ့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးဆိုတဲ့ ယုံကြည်ချက် အပေါ်မှာ သူမကိုယ်တိုင် လွတ်လပ်မှုကို အနစ်နာခံ ပေးဆပ်ပြီး ဆောင်ရွက်နေတဲ့ ရာစုနှစ်အတွင်း ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တာကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်တာ ဖြစ်တယ်လို့ ဆုချီးမြှင့်တဲ့ တက္ကသိုလ်ရဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသား အဖြစ်လည်း ချီးမြှင့်ခံခဲ့ ရဖူးပါတယ်။
စာစု(VOA)

0 ဒေါသသင့်သော နေ့များ(အောင်မိုးဝင်း)

ငါတို့ရဲ့ ဧည့်သည်တွေကို ပြန်ပေးဆွဲတဲ့ သူ
မင်းကိုလည်း မင်းရဲ့ အိမ်က ငြင်းပယ်လိမ့်မယ်
ဒီချိုးဖောက်မှုတွေဟာ အစ္စလာမ်ဘာသာ ရဲ့ ကျင့်ဝတ်တွေကို
ဆန့်ကျင်ခြင်းလည်းဖြစ်တယ်…………..
ပြတ်ရွေ့တောင်တန်း၊ မီးတောင်-ချော်ရည်၊ အာရေဗီးယန်းကျွန်းဆွယ် နဲ့ ပင်လယ်နီ၊ ရာစုနှစ်အလိုက်အားပြိုင်ခဲ့ကြတဲ့
အင်ပါယာစစ်ပွဲများတဲ့လေ----
အဲ့ဒီမှာ ကျနော်နေတဲ့ အေဒင်ဆိပ်ကမ်းမြို့လေးရှိတယ်။
၁၉၁၈ ခုနှစ်မှာ ယီမင်နိုင်ငံမြောက်ပိုင်း ဟာ အော်တိုမန်အင်ပါယာဆီက လွတ်လပ်ရေးရခဲ့ပေမဲ့ တောင်ပိုင်းကိုတော့ ဗြိတိန်က ဆက်လက်အုပ်ချုပ်ခဲ့တယ်။ အေဒင်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးက ယီမင်တောင်ပိုင်းရဲ့မြို့တော်ဖြစ်ခဲ့တယ်။ စစ်အေးတိုက်ပွဲပြင်းထန်လာတာနဲ့အတူ
ကွန်မြူနစ်တွေ ဦးဆောင်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကလည်း အာရေဗီးယန်းကျွန်းဆွယ်နားက မီးတောင်တွေလိုပေါက်ကွဲနေခဲ့တယ်။ အာရပ်မာ့က်စ်ဝါဒီတွေရဲ့ ပုန်ကန်မှုတွေကို ထိတ်လန့်လာတဲ့ ဗြိတိန်နယ်ချဲ့ဟာ ယီမင်နိုင်ငံတောင်ပိုင်းကိုလက်လွှတ်ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ တောင်ပိုင်းဒေသဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ်ယီမင်နိုင်ငံတော်ဖြစ်လာခဲ့တယ်။
(၂)
“ ဘုရားသခင်သည်သာ ကြီးကျယ်မြင့်မြတ်ဆုံးဖြစ်တယ်” ဆိုတဲ့ ဝတ်ပြုဆုတောင်းသံတွေဆီကို ၂၀ ရာစုရဲ့အင်ပါယာအသစ်တွေ ကပုံသဏ္ဍန်တမျိုးနဲ့ ချည်းကပ်ခဲ့ကြပြန်တယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ်ကွန်မြူနစ်တွေရဲ့နိုင်ငံရေး၊စစ်ရေးပြင်ဆင်ကူညီမှုတွေ ကအေဒင်ဆိပ်ကမ်းလေးဆီမှာ ခြေရာခြင်းထပ်နေခဲ့တယ်။ ဆိပ်ကမ်းကုန်သွယ်မှုနဲ့နိုင်ငံတကာလေဆိပ်တွေမှာ အနီရောင်ကြယ်ရိပ်တွေ
လွှမ်းမိုးနေခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသဆီက ပုန်ကန်ထကြွသူအားလုံးကို အကူအညီပေးခဲ့တယ်။
ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှု့နဲ့အတူ၊ စစ်အေးတိုက်ပွဲက ဝရုန်းသုန်းကားပြီးဆုံးသွားခဲ့တယ်။
ယီမင်နိုင်ငံတောင်ပိုင်းဆီမှာ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေးပြဿနာတွေ က ပွက်ပွက်ဆူနေတယ်။
အာဖကန်နစ္စတန်စစ်ပွဲကို အနိုင်ရလိုက်တဲ့ မူဂျာဟာဒင်းလွတ်မြောက်ရေးသမားတွေကလည်း ယီမင်နိုင်ငံဆီကိုပြန်လာကြတယ်။
လူသစ်စုဆောင်းကြတယ်။ ယီမင်နိုင်ငံတောင်ပိုင်းအတွက် လွယ်လွယ်ကူကူ အသွင်ကူးပြောင်းနိုင်မဲ့ နိုင်ငံရေးအခြေအနေသစ်တွေမရခဲ့ဘူး။ ယီမင်နိုင်ငံနှစ်နိုင်ငံပြန်လည်ပေါင်းစည်းခဲ့ပေမဲ့ ဆာလောင်ငတ်ပြတ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊နိုင်ငံရေးလက်ဝါးကြီးအုပ်ခံရမှုတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။၁၉၉၄ မှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြန်တယ်။
(၃)
သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ ဂျော်ဒန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ( အယ်လ်အေ) နဲ့ အမေရိကန်စစ်ရေယာဉ်တွေကိုတိုက်ခိုက်မဲ့အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ရဲ့ အကြံအစည် (၃) ခုကို ကြိုတင်ဖေါ်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အော်ကိုင်းဒါးအဖွဲ့ဟာအေဒင်ဆိပ်ကမ်းဆီမှာ လောင်ဆာဆီဖြည့်ဖို့ ကမ်းကပ်နားခိုနေတဲ့ အမေရိကန်စစ်ရေယာဉ်တစင်းကိုတော့ အောင်မြင်စွာဖေါက်ခွဲတိုက်ခိုက် နိုင်ခဲ့ကြတယ်။  အမေရိကန်စစ်သားအများအပြားကျဆုံးခဲ့ရတယ်။
ယီမင်သမ္မတ “အဗ္ဗဒူလာဆာလက်” အတွက်တော့ အကွက်ကောင်းပဲ။
အကြမ်းဖက်သမားတွေကို အကြောင်းပြပြီး၊ ဆိုရှယ်လစ်ဝါဒီတွေ၊ လွတ်မြောက်ရေးတောင်းဆိုနေသူတွေ၊
စာနယ်ဇင်းသမားတွေအားလုံးကို အော်ကိုင်းဒါးနဲ့ပတ်သက်နေသူများခေါင်းစဉ်တပ်ပြီး နှိပ်စက် ဖိနှိပ်တော့တယ်။
ဒီတပတ် လွတ်လပ်တဲ့ အာရှအသံ ( RFA) ရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ယီမင်နိုင်ငံရဲ့လူထုလှုပ်ရှားမှုတွေကိုတင်ပြထားပါတယ်။
သောတရှင်များခင်ဗျား
ယီမင်နိုင်ငံရဲ့ သမ္မတဖြစ်သူ “အဗ္ဗဒူလာဆာလက်” က အခြေခံဥပဒေကို မထောက်ခံတဲ့သူတွေ၊ ပါလီမန်ရွေးကောက်ပွဲကို ဝင်မပြိုင်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကို နိုင်ငံရေးလုပ်ကြံသတ်ဖြတ်ပစ်လိုက်သူတွေ ဖြစ်တယ် လို့ မထေမ့ြဲမင်ပြောခဲ့ဘူးပါတယ်။
ယီမင်နိုင်ငံဟာ တူနီရှားလိုဖြစ်မှာ မဟုတ်ဘူး လို့လည်း ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ အာရပ်ကမ္ဘာတခုလုံးဆီမှာလွတ်လပ်မှု၊ တန်းတူညီမျှမှု တွေကိုတောင်းဆိုတိုက်ဝင်နေတဲ့ လူထုအသံတွေက ပင်လယ်ရေအောက်ကြမ်းပြင်ဆီမှရုန်းတက်လာတဲ့ ဆူနာမီလှိုင်းတွေလို အရှိန်ပြင်းထန်စွာ ရောက်ရှိ နေခဲ့ပါတယ်။
ယီမင်နိုင်ငံဟာ၊အော်တိုမန်အင်ပါယာ ဆီမှ လွတ်လပ်ရေးရခဲ့ပေမဲ့ ၁၉၆၇ အထိနိုင်ငံရဲ့တောင်ပိုင်းကို ဗြိတိန်က ဆက်လက်အုပ်ချုပ်ထားခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ တောင်ပိုင်းယီမင်ဟာ ကွန်မြူနစ် နိုင်ငံတခု ဖြစ်လာခဲ့ပြီး၊ဆိုဗီယက်၊တရုတ်နိုင်ငံတွေဆီမှအကူအညီတွေကို ရယူခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလအတွင်းမှာအရှေ့အလယ်ပိုင်းဒေသဆီမှ ပုန်ကန်ထကြွသူအများအပြားကိုအကူအညီပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ယူနီယံပြိုကွဲမှုဟာ ကွန်မြူနစ်ယီမင်နိုင်ငံတောင်ပိုင်းကို အခက်အခဲကြုံစေခဲ့ပါတယ်။
၁၉၉၀ခုနှစ်မှာတော့မြောက်ပိုင်းယီမင်နဲ့ပြန်လည်ပေါင်းစည်းခဲ့ပြီးယီမင်သမ္မတနိုင်ငံတော်ကိုထူထောင်ခဲ့ပါတယ်။
“ ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးမှာ ရှုပ်ထွေးတဲ့ရပ်တည်ချက်တွေနဲ့ရင်ဆိုင်လေ့ရှိတယ်။
၁၉၉၀မှာ အီရတ်ခေါင်းဆောင်ဆဒမ်ဟူစိန်က ကူဝိတ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်တဲ့အခါ၊ယီမင်သမ္မတ “အဗ္ဗဒူလာ ဆလက်” ကထောက်ခံအားပေးခဲ့တယ်။ ဒါကြောင့်လည်း၊ ပါရှန်းပင်လယ်ကွေ့က အိမ်နီးချင်းနိုင်ငံတွေနဲ့ပြဿနာတက်နေခဲ့ရပြီး ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ ပါဝင်ခွင့်မရခဲ့ဘူး။ဆဒမ်ဟူစိန်ရဲ့ကျူးကျော်မှုကိုပြန်လည်တိုက်ထုတ်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ
မဲခွဲကြတော့လည်း ယီမင်နိုင်ငံက စစ်ရေးအရအရေးမယူဖို့အတွက်ဆန့်ကျင်မဲပေးခဲ့ပြီး ဆဒမ်ဟူစိန်နဲ့မဟာမိတ်ဖွဲ့ခဲ့တယ်”တကယ်တော့ ယီမင်တောင်ပိုင်းဒေသဟာ အော်ကိုင်းဒါးအကြမ်းဖက်သမားများရဲ့အခြေစိုက်စခန်းတွေတည်ရှိသလို၊ နိုင်ငံခြားသံတမန်တွေကို
ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေကလည်းမြောက်ပိုင်းမြို့တော်ဆန်နား အထိပြန့်နှံ့နေခဲ့ပါတယ်။ နှစ်နိုင်ငံပြန်ပေါင်းအပြီး၁၉၉၃မှာရွေးကောက်ပွဲကျင်းပပေးခဲ့ပေမဲ့ အဗ္ဗဒူလာဆလက်ရဲ့ အထွေထွေပြည်သူ့ကွန်ဂယက်ပါတီကသာအများဆုံးအနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်ကိုမကြိုက်နှစ်သက်တဲ့ ဆိုရှယ်လစ်တောင်ပိုင်းသားတွေရဲ့ ငြင်းပယ်မှုတွေကြောင့် ၁၉၉၄မှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။
“၂၀၀၀ ခုနှစ်မှာ အော်ကိုင်းဒါးအကြမ်းဖက်သမားများကယီမင်နိုင်ငံရဲ့အေဒင်ပယ်လယ်ဆိပ်ကမ်းမှာ၊ လောင်ဆာဆီဖြည့်နေတဲ့အမေရိကန်ရေတပ်ယာဉ်ကိုဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက်အမေရိကန်ရေတပ်စစ်သား(၁၉)ယောက်သေဆုံးခဲ့ပြီး(၃၆)ယောက်ဒဏ်ရာရခဲ့တယ်။
ယီမင်သမ္မတ “အဗ္ဗဒူလာဆလက်”ကလည်း အကြမ်းဖက်သမားများအပေါ်စစ်ဆင်ရေးဆိုတ့အဲ ကြောင်းပြချက်နဲ့တောင်ပိုင်းယီမင်သားတွေကိုအပြင်းအထန်ဖိနှိပ်တော့တယ်”
၁၉၇၈ ကတည်းက ယီမင်နိုင်ငံမြောက်ပိုင်းမှာပထမဆုံးသမ္မတဖြစ်လာခဲ့တဲ့ “အဗ္ဗဒူလာဆာလက်” ဟာ ဒေသနှစ်ခုကိုပေါင်းစည်းခဲ့ပေမဲ့ အာဏာမှလက်လွှတ်အနားယူဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ သူ့လက်ထက်မှာ သမ္မတသက်တမ်းကို (၄) နှစ်မှ (၆) နှစ်အထိ ပြောင်းလဲခဲ့သလို၊အခြေခံဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် သက်တမ်းကုန်ဆုံးခဲ့ပေမဲ့ ပြည်သူလူထုရဲ့တောင်းဆိုချက်ကြောင့် သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်ရတာပါလို့ ပြောဆိုပြီးဆက်လက်အာဏာယူခဲ့ပြန်ပါတယ်။ “ အတိုက်အခံပါတီတွေကတော့ သူ့ရဲ့ရွေးကောက်ပွဲကိုနည်းပေါင်းစုံသုံးပြီး တိုက်ဖျက်ဖို့ကြိုးစားတယ်။
ရွေးကောက်ပွဲသပိတ်မှောက်တဲ့အဖွဲ့တွေရှိသလို၊ ပါလီမန်ထဲမှာဝင်တိုက်မယ်ဆိုတဲ့အဖွဲ့တွေလည်းရှိတယ်။ အဗ္ဗဒူလာဆလက်ကသမ္မတရာထူးကို ရာသက်ပန်လုပ်လို့ရမဲ့ အခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့အခြေခံဥပဒေကိုမထောက်ခံတဲ့သူဟာ ကိုယ့်ဘာသာနိုင်ငံရေးလုပ်ကြံသူတွေဖြစ်တယ် လို့ကောက်ချက်ချပြီးရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးက ချွတ်ခြုံကျနေပြီ။ ယီမင်နိုင်ငံကို ကျဆုံးပျက်သုဉ်းနေတဲ့နိုင်ငံအဖြစ်သတ်မှတ်ခြင်းခံတယ်။ အလုပ်လက်မဲ့နှုန်းက (၆၀)ကျော်လောက်ရှိပေမဲ့ အစိုးရထိပ်ပိုင်းတွေကတော့ခြစားအကျင့်ပျက်မှုတွေနဲ့ ချမ်းသာကောင်းစားနေကြတယ်။”
နှောင်ကြိုးမဲ့ အမျိုးသမီးစာနယ်ဇင်းသမားများအဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်သူ“ တဝါကယ်ကားမင်း” ကတော့ တူနီးရှားနဲ့အီဂျစ်နိုင်ငံမှလူထုလှုပ်ရှားမှုလှိုင်းတွေရဲ့အတိမ်အနက်ကိုစတင်သဘောပေါက်နေပါတယ်။ယီမင်နိုင်ငံတငွ်းမှာ တောင်ပိုင်းသားတွေရဲ့ ပုန်ကန်မှု၊ ဆလက်အစိုးရရဲ့ အာဏာလက်ဝါးကြီးအုပ်ထားမှုအပေါ် ရှီးယားမွတ်စလင်တွေရဲ့မကျေနပ်မှုတွေကို ခံစားသိရှိနေပါတယ်။
“ ယီမင်နိုင်ငံမှာ လိုအပ်နေတဲ့အရာတခုက၊ လူထုလှုပ်ရှားမှုတခုဖြစ်တယ်။ ကျမတို့ပြည်သူတွေဟာ ယီမင်အစိုးရရဲ့ခြစားမှု၊အာဏာအလွဲသုံးစားလုပ်မှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖေါ်ပြသမှုတွေ လုပ်ကိုလုပ်ရမယ်။
အဘက်ဘက်က ယိုယွင်းနိမ့်ကျနေတဲ့ နိုင်ငံကိုပြန်လည်ကယ်ဆယ်ဖို့ဆိုတာ “အဗ္ဗးဒူလာ ဆလက်”နှုတ်ထွက်ပေးမှဖြစ်နိုင်မယ်။
ဒါကြောင့် “လူထုရဲ့ဒေါသသင့်သောနေ့” အဖြစ် မြို့တော်ဆန်းနားမှာ စုဝေးကြဖို့ ကျမတို့တတွေ အချက်ပေးတပ်လှန့်လိုက်ကြတယ်။”
“ လူထုက အင်အားသုံးမဖယ်ရှားခင် မင်းအနေနဲ့ထွက်ခွါပေးပါ” ဆိုတဲ့ကြွေးကြော်သံတွေက ယီမင်နိုင်ငံရဲ့မြို့တော် ဆန်နားဆီမှတဆင့်အေဒင်ပင်လယ်ဆိပ်ကမ်းဆီထိ ပဲ့တင်ထပ်လာခဲ့ပါတယ်။လုံခြုံရေးရဲတပ်ဖွဲ့တွေကလည်း သောင်းချီနေတဲ့လူအုပ်ထဲကို မျက်ရည်ယိုဗုံးခွဲ၊
ပစ်ခပ်နှိမ်နင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အာရပ်ကမ္ဘာဆီကပြန့်နှံ့လာတဲ့ မီးစတွေရဲ့အရှိန်တွေကို ရပ်တန့်ပစ်လို့မရနိုင်ဘူးဆိုတဲ့ အချက်ကိုလည်း အဗဒူလာ ဆလက်တယောက် ကောင်းကောင်း သဘောပေါက်နေပါတယ်။
ဒါကြောင့် သူ့အနေနဲ့ ၂၀၁၃ ရွေးကောက်ပွဲမှာ ဝင်ရောက်မပါဝင်တော့ပါဘူး လို့ ဂတိဝန်ခံချက် ပေးလိုက်လျောလိုက်ရပါတော့တယ်။
သောတရှင်များခင်ဗျား
အခြေခံဥပဒေကိုပါလီမန်တွင်းမှာ တဖြည်းဖြည်းပြင်ယူမယ်ဆိုတဲ့အသံတွေကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းတုံးကယဉ်ပါးကျွမ်းဝင်ခဲ့ဘူးပါတယ်။ ခုတော့ အဲ့ဒီအသံတွေပျောက်ဆုံးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကျမ်းသစ္စာကြိမ်ဆိုတဲ့အသံတွေကသာနေရာယူခဲ့ပါတယ်။ ယီမင်ပြည်သူတွေကတော့ ပြည်သူလူထုအပေါ်၊ဂတိပျက်ခဲ့သူတေနွ့ဲခြစားအကျင့်ပျက်နေသူတွေကို
ဖယ်ရှားပစ်ရမဲ့အချိန်ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေဟာ “ ဒေါသသင့်သောနေ့အဖြစ်”ပြောင်းလဲပေါက်ကွဲလာခဲ့ပြီး မြို့တော် ဆန်နားဆီမှာ လူထုမီးစတွေကူးစက်ပြန့်နှံ့နေခဲ့ပါတယ်။
သောတရှင်တို့လည်း ဒေါသစိတ်နဲ့တိတ်တဆိတ်ပေါက်ကွဲနေရတဲ့ အခြေအနေတွေ မှ လွတ်မြောက်နိုင်ကြပါစေ။
အောင်မိုးဝင်း

Wednesday, February 23, 2011

0 နအဖဗိုလ်ချုပ်ကြီးတွေအတွက်လိုက်ဖက်သော ချိတ်ထမိန်အဆင်လေးတွေ


Operation Burma စစ်အာဏာရှင် ဆန့် ကျင် ရေး ကွန်ယက် မှ ဖန်တီး
ထား သည့်ဗီဒီယို

Tuesday, February 22, 2011

0 လစ်ဗျား စစ်တပ်နှစ်ခြမ်းကွဲပြီး လူထုဘက်ရပ်၊ ကဒါဖီ ရဲ့သားမှ မှားပါတယ်ဟု ၀န်ခံ


လစ်ဗျားနိုင်ငံ ဒုတိယမြို့တော် ဘန်ဟာဇီ တွင် ၅ ရက် ဆက် ဆန္ဒပြမှုအတွင်း လူ ၂၀၉ ဦး သေဆုံးပြီး ၉၆၀ ကျော် ဒဏ်ရာရရှိပြီးနောက် လစ်ဗျားစစ်တပ် နှစ်ခြမ်း ကွဲသွားခဲ့သည်။  အများစုက အဏာရှင် ကဒါဖီ အပေါ်
ကာလရှည် သစ္စာခံမှု ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပြီး လူထုဘက် မားမားမတ်မတ် ထွက်ရပ် လာခဲ့ကြသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆန္ဒပြသူတွေက သေဆုံးသူများရဲ့ အလောင်းများ ပခုန်းပေါ်ထမ်း စီတန်း ဆန္ဒပြကြစဉ်  ရဲများက  ၀င်ပစ်ခတ်ပြီး ၂၅ ဦး ထပ်သေဆုံးခဲ့သည်။ ဆန္ဒပြသူ အချို့ကလည်း ကားများတွင် ပေါက်ကွဲစေတဲ့ လက်နက်များ တပ်ဆင်ပြီး ရဲစခန်းများနဲ့ စစ်တပ်ဝင်း အချို့ကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့သည်။ မြို့တော် ထရီပိုလီ တွင်လည်း ဆန္ဒပြမှုများ စတင်ဖြစ်ခဲ့ပြီး လုံထိန်းများနှင့် ထိပ်တိုက်တိုးမှုများ ဖြစ်လျက်ရှိသည်။
ယခု ဘန်ဟာဇီမြို့ကို ဆန္ဒပြလူထုကြီးက သိမ်းပိုက်လိုက်ပြီး စစ်တပ်မှ တစ်ဝက်ကျော် ခွဲထွက်လာပြီး ၀ိုင်းရံပေးလျက် ရှိသည်။ လစ်ဗျား အစိုးရက သတင်းဆက်သွယ်ရေးလိုင်းများ လုံးဝဖြတ်တောက်ထားသောကြောင့် ဖြစ်ပေါ်နေတဲ့ အသေးစိတ် အခြေအနေ သတင်းများမှာ အီဂျစ်လောက် မလွယ်ကူဘဲ သတင်းမုဆိုးတို့ အသည်းအသန် လိုက်နေကြရ သည်။
အာရပ်အဖွဲ့ချုပ်ရှိ လစ်ဗျားသံအမတ်က နှုတ်ထွက်ကြောင်း ကြေငြာလိုက်ပြီး “လစ်ဗျားမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတွေ ဖြစ်ပွားခဲ့တယ်။ တိုင်းပြည်ဟာ စိုးရိမ်ရတဲ့ အခြေအနေရောက်သွားအောင် အစိုးရက ဖန်တီးလိုက်ပြီ၊ ကဒါဖီ အာဏာ ဆုပ်ကိုင်ထားမယ့်ရက်က တစ်ရက် နှစ်ရက်ထက် မပိုတော့ဘူး။ သူ့မှာ လူထုမရှိတော့ဘူး၊ စစ်တပ်ထဲက အများစု လူထုဘက် ရောက်ကုန်ပြီ” ဟု CNN ကို ပြောခဲ့သည်။
မွမ်မာ ကဒါဖီရဲ့ သား ဆေးဖ် အယ်လ် အစ္စလာမ် က အစိုးရ ရုပ်သံကနေ ဆန္ဒပြသူများဘက် ပါသွားတဲ့ စစ်တပ်များကို အပစ်တင် ပြောဆိုခဲ့သည်။ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တဲ့ ရဲတွေကို အသေချာ ထရိန်နင် ပေးထားမှု မရှိတဲ့အတွက် အမှားများစွာလုပ်ခဲ့ကြောင်း ၀န်ခံပြီး “တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အချိန်ကြပါပြီ” ဟု ပြောဆိုခဲ့သည်။ သူ မိန့်ခွန်း ပြောနေစဉ် ထရီပိုလီ မြို့တော် လမ်းမများပေါ် လူအများထွက် ဆန္ဒပြကြသည်။
ကဒါဖီ သားက ပြင်ပနိုင်ငံရောက် အတိုက်အခံများက အီဂျစ်စတိုင် ဖေ့စ်ဘွတ် တော်လှန်ရေးကို အတုခိုးပြီး လစ်ဗျားမှာ မငြိမ်မသက် လုပ်ကြတယ်ဟု စွတ်စွဲခဲ့သည်။ လစ်ဗျားက လူတိုင်း လက်ထဲမှာ လက်နက်ရှိနေတာကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ကြောင်း  သတိပေး ပြောဆိုခဲ့သည်။
ဘန်ဟာဇီ နဲ့ ထရီပိုလီမြို့ကြီးများတွင်တော့ ဆန္ဒပြသူများက “အရက်သမား သားအဖ၊ သူခိုး သားအဖ အုပ်ချုပ်တာ အလိုမရှိ” ဟု အော်ဟစ် ကြွေးကြော်နေကြသည်။
မောက္ခနိုင်ငံတကာရေးရာ၊ Source: BBC & CNN

0 အင်တာနက်အွန်လိုင်းပေါ်မှ စတင်ခဲ့တဲ့တရုပ်နိုင်ငံ Jasmine Revolution အရေးအခင်း (ဓာတ်ပုံ/ရုပ်သံ)


အရှေ့အလယ်ပိုင်းတခွင်မှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေလို တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက ခပ်မြန်မြန်ပဲ နှိမ်နင်းလိုက်ပါတယ်။

အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ လမ်းတွေပေါ်မှာလည်း ရဲတွေ ပိုဖြန့်ချထားသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ အင်တာနက်ကနေ နှိုးဆော်တာတွေကို ပိတ်ထားလိုက်တာပါ။

ဒီ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက နှိုးဆော်နေကြလဲဆိုတာ ဘယ်သူမှ သိပုံမရပေမဲ့ အင်တာနက်မှာ နှိုးဆော်တဲ့စာ အများစုကတော့ အစိုးရနဲ့ သဘောထား ကွဲလွဲပြီး ပြည်ပမှာ အခြေချ နေထိုင်ကြသူတွေရဲ့ ဝက်ဘ်ဆိုက်တွေက လာတဲ့ပုံ ရှိပါတယ်။

တရုတ်အစိုးရကလည်း တူနီးရှားကနေ စံပယ်တော်လှန်ရေးအဖြစ် အစပြုပြီး အဲဒီကနေ အီဂျစ်၊ ပြီးတော့ အရှေ့အလယ်ပိုင်း တခွင်ကို ပျံ့နှံ့သွားတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြတာတွေကို အစိုးရက ထိန်းချုပ်ထားပါတယ်။ အင်တာနက်မှာလည်း အဲဒီအကြောင်း ရှာဖတ်လို့ မရအောင် ပိတ်ထားပါတယ်။
စာစု (VOA)

0 S.W.I.S.S Presents a Charity Show in Honour of Aung San Suu Kyi

0 အခေါက်အပွေး၊ အသွေးအရောင်နှင့်စေ့ထားသည့်တံခါး (မျိုးမြင့်ချို)


ကျနော်စစ်သင်တန်းတက်တော့ စက်ပစ်ကွင်းဆင်းရ၏။ ကိုက်သုံးရာအကွာတွင် လေးပေပစ်မှတ်ကိုထောင်ထားပြီး တယောက်ကို ကျည်ဆံ ၅တောင့်နုန်းဖြင့် ပစ်မှတ်၏ဗဟိုချက်တည့်တည့်ကို ပစ်ခိုင်းခြင်း။ ၅တောင့်လုံး မှန်အောင်ပစ်နိုင်သူအား “ကျည်စု”ဆု ပေး၏။ ၅တောင့်လုံး မှန်သူများလည်းရှိ၏။ ဗဟိုကိုထိတန်သလောက်ထိပြီး လေးပေပစ်မှတ်၏ အခြားနေရာများကို ထိသည်များလည်းရှိ၏။ ရည်ရွယ် ချက်က “ဗဟိုချက်ကို ပစ်ရန်နှင့်ထိရေး”။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့က န.ဝ.တ၊ န.အ.ဖ စစ်အုပ်စုထိပ်သီးများ၊ ဆွေတော်မျိုးတော်များ၊ ယင်းတို့၏ ပုလင်းတူဗူးဆို့များအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးအပိတ်အဆို့ အဟန့်အတားလုပ်ထားသည်ကို လူတိုင်းသိပြီးသားဖြစ်၏။ ထိုတွင် ယင်း တို့၏နိုင်ငံခြားဘဏ်များရှိ ငွေသားနှင့်အခြားအပ်နှံထားသည့်ပစ္စည်းများပါ ထုတ်မရတော့။

န.အ.ဖက ထိုလုပ်ဆောင်မှုကို “စီးပွားရေးပိတ်ဆို့မှု” ဆိုသည့်ဝေါဟာရဖြင့် လူထုအားမှိုင်းတိုက်၏။ ဗူးလုံးနားမထွင်းဖြစ်အောင် လုပ် ထား၏။ လူထုနားတွင် “စီးပွားရေးပိတ်ဆို့မှု” ဟုကြားလိုက်သည်နှင့် စိတ်တွင် “ငါတို့ကိုပိတ်ဆို့ထားတာပါလား” ခံစားစေလိုရင်းဖြစ်၏။ သဘောက “ဗဟိုချက်အားချိန်၍ ပစ်ခြင်းနှင့်ထိရေး” ကို “လေးပေပစ်မှတ်အား ပစ်ခြင်းနှင့်ထိရေး” ဖြစ်သယောင် ဝါဒဖြန့်ခြင်း။

တလျှောက်လုံး သူတို့ကိုင်ထားသည့် မီဒီယာများမှ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဟု ကယောင်ကတမ်း အော်သံများညံနေ အောင်ကြားရသလို၊ တဖက်မှလည်း “စီးပွားရေးပိတ်ဆို့မှုကြောင့် တိုင်းပြည်ကြီးဘယ်လောက်ပျက်စီး” ဟုပြောနေပြန်၏။ မည်သို့ နားလည်ရ မည်နည်း။ မမှုသူသည် နာကျင်သည်ဟုငြီးတွားပြီး ပျက်စီးပါပြီဟုမပြော။

“တိုင်းပြည်ကြီးပျက်စီး”နေသည်မှာလည်းမှန်၏။ “စီးပွားရေးပိတ်ဆို့မှု” အလုပ်ခံထားရသည်လည်းမှန်၏။ သို့သော် “စီးပွားရေးပိတ် ဆို့မှုနှင့်တိုင်းပြည်ကြီးပျက်စီးခြင်း” ကို တတွဲတည်းကြည့်ပါက “လုံးရိုက်သည့်အမြင်နှင့်ဝေဝါးသည့်ကောက်ချက်” သာထွက်မည်။ ၁၉၆၂မှ ၁၉၈၈ အထိ ဗမာပြည်ကို ဘယ်သူမှစီးပွားရေးအပိတ်အဆို့မလုပ်။ မရှိ။ တချိန်က အရှေ့တောင်အာရှတွင် အကြွယ်ဝဆုံးတိုင်းပြည်သည် ဘာ ကြောင့် ၁၉၈ဝ ဝန်းကျင်ရောက်တော့ “ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ”စာရင်းဝင်သွားရသနည်း။ တိုင်းပြည်ကြီးပျက်စီးရ၏။ မည်သူ ဖျက်ဆီး သနည်း။

ဒီဘက်ခေတ် နှစ် ၂ဝ ကျတော့ ဘာကြောင့်အပိတ်အဆို့တွေ ကြုံလာရသနည်း။ ဒီဘက်ခေတ် အနှစ် ၂ဝ ခရီးတွင် တိုင်းပြည်ကြီး ပို၍ယိုယွင်းပျက်စီးလိုက်လာသည်မှာ ပြောစရာမရှိ။ ပြည်ပထွက်အလုပ်လုပ်ကြရသူများ၊ တတိယနိုင်ငံတွင်အခြေချနေရသူများ၊  ပြည့်တန်ဆာ များ၊ အိမ်ဖေါ်များ၊ ဒုစရိုက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလုပ်အားပေး၊ ကလေးစစ်သား၊ ပေါ်တာ၊ တောင်းရမ်းစားသောက်ရသူများ၊ ရောဂါဘယများ၊ မူးယစ်ဆေးဝါး၊ တကြော့ပြန်ပြည်တွင်းစစ် စသည်တို့နှင့် လုံးလည်လိုက်နေကာ အဆင်းရောအချင်းပါ အဖျက်ဆီးခံနေရ၏။ ခါးမလှဝမ်းမဝ။ နိုင်ငံနှင့်လူမျိုး၏ဥပဓိ (Identity of nation and nationality) မြင်မကောင်းအောင်ပုံပျက်ရ၏။ မည်သူဖျက်သနည်း။

ယခု သူတို့ လမ်းပြမြေပုံနောက်ဆုံးခြေလှမ်း ပြီးလုပြီ။ ယခင်က သူတို့ပြောချင်သည့်စကားကို သူတို့နှုတ်ကထွက်ရ၏။ ယခု သူတို့ စကားအတွက်ပါးစပ်အငှားလည်းရပြီ။ လွှတ်တော်တွင်းက အငှားပါးစပ်တို့ကိုပြောခိုင်း၏။ ပြောလည်းပြော၏။ ပါးစပ်အငှားနှင့်ပြောတာက “တာ” ပိုသွားမည်ကိုလည်းသိ၏။ သူတို့တုန်းက “တို့မမှုပါ” နှင့် “တိုင်းပြည်ကြီးပျက်စီး”လောက်ပဲ ပြောလို့ရသည်။ ပြောလို့ကောင်းသည်။ အငှားပါးစပ်နှင့်ကျတော့ “တို့မမှုပါ” ထဲ့ပြောလို့မကောင်း။ မဖြစ်။ ဆိုတော့ “ဘာမှမထိရောက်ပါ” “လူထုသာနာသည်” ဆိုပြီး ပြင်ပြောခိုင်းရ၏။

လူထုက အခုမှကောက်ကာငင်ကာ “ထ”နာခြင်းမဟုတ်။ ၆၂ ခုကတည်းက နာလာသည့် အနာဟောင်းအနာဆွေး။ သွေးတိတ်ဖို့ ခက်၏။ အနာ၏ဇစ်မြစ်ကိုသိသိနှင့် ဆေးချက်မှန်ကိုမပေးပဲ ရေမန်းဆီမန်း ဥုံဖွအပ်ချလောင်းဖြင့်မရ။ နောက်တချက်က မထိရောက်ဆိုခြင်း။ မှန်၏။ စီးပွားရေးပိတ်ဆို့မှုတခုတည်းဖြင့် နိုင်ငံတခု၏စီးပွားရေး၊ နိုင်ငံရေးအဆောက်အဦတခုလုံး ပြောင်းလဲသွားရသည့်သာဓက ကမ္ဘာပေါ် တွင်မရှိခဲ့။ ခေါင်းဆောင်တို့၏ နိုင်ငံရေးရေချိန်နှင့်အဆုံးအဖြတ်၊ လူထု၏လိုက်ပါနိုင်မှု၊ နိုင်ငံတကာအခင်းအကျင်းနှင့်အခြေအနေ စသည်တို့ ကို ပိတ်ဆို့မှုနှင့်ပေါင်းစပ်ခဲ့ခြင်းကြောင့်သာ အပြောင်းအလဲဖြစ်ရ၏။

၅ တောင့်လုံးမမှန်သဖြင့် မထိရောက်ဟု ပြောလို့မဖြစ်။ မထိရောက်ဆိုလျှင် ဘာလို့အချိန်ကုန်လူပန်းအာညောင်းခံကာ “ရုပ်ပေးပါ၊ ရုပ်ပေးပါ” ဟု အငှားပါးစပ်တို့က တစာစာအော်ကြရသနည်း။ ရှင်းပါသည်။ အရောင်အသွေး အမွှေးအတောင်တူသည့်ငှက်များ အုပ်စုဖွဲ့ပျံသန်း ကြခြင်းဖြစ်၏။

ပိတ်ထားတာကိုဖွင့်ပေးပါဟု အော်နေခြင်းသည် လက်တွေ့နိုင်ငံရေး၏ ပကတိလိုအပ်ချက်မဟုတ်။ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ တောတွင်းကပြန်လာလိုသူများ ဘေးသီရန်မခပြန်လာနိုင်ရန်၊ ၊ အချိန်ကာလတခုသတ်မှတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲများလုပ်ရန်သာ လက်တွေ့၏တောင်းဆို လိုအပ်ချက်ဖြစ်၏။ ထိုသို့ဆိုလျှင် ဖွင့်ပေးပါ ပြောစရာမလို။ စေ့ထားသည့်တံခါး အလိုလိုပွင့်၏။
မျိုးမြင့်ချို

Monday, February 21, 2011

0 ရန်ကုန်တွင်ပြုလုပ်သော (၆၃)ကြိမ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားဓာတ်ပုံသတင်း

Sunday, February 20, 2011

0 နာဂိုယာမြို့တွင် ကျင်းပသည့် ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့အောင်ပွဲ


နာဂိုယာ၊ ဖေဖေါ်ဝါရီ (၂၀)

မွန်တိုင်းရင်းသားတို့၏ ၆၄နှစ်မြောက်နှင့် ဂျပန်နိုင်ငံတွင် ၁၉ ကြိမ်မြောက်အဖြစ် ကျင်းပသည့် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့တွင် နာဂိုယာမြို့၌ ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှု တို့ကို ပိုမိုထိမ်းချုပ်ခံလာရချိန်တွင် လွတ်မြောက်နယ်မြေ ဂျပန်နိုင်ငံ၌ မိမိတို့ယဉ်ကျေးမှု၊ ဓလေ့စရိုက် များနှင့် မကျေနပ်ချက်များကို အမျိုးသားနေ့အခမ်းအနား၌ ထုတ်ဖော်ပြောဆို နိုင်ခြင်းအတွက် အတိုင်းမသိဝမ်းသာမိကြောင်းး ပုညကာရီမွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဦးမင်းမျိုးချစ်က ပြောပြသည်။

“ဒီလောက်တောင် ဖိနှိပ်နေတဲ့ မြန်မာပြည်တွင်းက စစ်ခေါင်းဆောင်အာဏာရှင်တွေရဲ့လက် အောက်မှာ မပြောနိုင်တဲ့ အရာတွေကို ဒီနေရာမှာ လွတ်လာစွာဖွင့်ပြောနိုင်ခဲ့တယ်၊ အာဏာရှင်အဆက် ဆက် ကျနော်တို့တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်ခဲ့မှုတွေကို ထုတ်ဖော်နိုင်ခဲ့တယ်။ မွန်အမျိုးသားတွေအ ပါအ၀င် အခြားသောတိုင်းရင်းသားတွေကို ဖိနှိပ်နေမှုတဲ့ မကျေနပ်ချက်တွေကို ဖွင့်ပြောနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်”ဟု ယင်းဥက္ကဋ္ဌက ပြောပြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် မွန်အမျိုးသားအလံတော်ကိုအလေပြုခြင်းအပါအ၀င် သဘာပတိများ စကားပြောခြင်းနှင့် ပြည်တွင်းအခြေစိုကှ်မွန်ပြည်သစ်ပါတီမှပေးပို့သော ၆၄ နှစ်မြောက်မွန်အမျိုးသားနေ့သ၀ဏ်လွှာ အပါအ၀င် ပလောင်ဝ်၊ ကရင်နှင့်အခြားသောတိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမှာစကားပြောကြားခြင်းများပါဝင်ခဲ့သည်။

ပြည်တွင်း၌ လွတ်လပ်စွာကျင်းပခွင့် မရတောသည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်တနေရာတွင် လွတ်လပ်ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပ နိုင်ခြင်းကြောင့် လူများစွာ မလာရောက်နိုင်လင့်ကစား အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင် သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက ပြောပြသွားသည

သမိုင်း အစစ်အမှန်ကို ခေတ်ကာလ အလိုက် အပိုင်းအခြားဖြင့် မွန်လူမျိုးတို့၏ ဖြစ်တည်မှု အကြောင်း၊့ မွန်တိုင်းရင်းသားးများ ဆင်းသက်ဖြစ်တည်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများကို ကိုမင်းဝင်းတေဇ မှလည်ကောင်း၊ အိုဆာကာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဂျပန်လူငယ်တဦးဖြစ်သည့် Wada Sanမှ မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်ကိုယ်တိုင်သွားရောက် လေ့လာခဲ့သော ရှာဖွေတွေ့ရှိချက်များကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကျင်းပလေ့ရှိသည့်တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနားဒုတိယပိုင်းတွင်ဘ မွန်အမျိုးသားရေး စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေတင်ဆက်သီဆိုမှုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းရေးသားပေးပို့သူ - သန့်မျိုးထွေး(မိုးသောက်ကြယ်)

0 ခြေချောင်း လက်ချောင်း ၂၆ ချောင်းပါ မြန်မာကလေးငယ် (videoရုပ်/သံ)


In Mayanmar, there is a girl who was born with 12 fingers and 14 toes.This girl is only 16 months old.Her parents are trying to claim the record hearing "Guinness World Record holder" and their neighbor is helping her mother to claim it.

There are also names of two people in India who have 12 fingers and 14 toes each and it is also recorded on the website of Guinness World Record.
ခြေချောင်းလက်ချောင်း အများအပြားရှိသည့် မြန်မာကလေးသတင်းကို နိုင်ငံတကာရှိ သတင်းဌာနပေါင်း ၁၀ဝ ကျော်က ရေးသား ထုတ်လွှင့် နေကြသည်။ထိုကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ​၁ နှစ် ၄ လအရွယ် လဲ့ရတီမင်း ဖြစ်သည်။
ကလေးဖခင် ကိုညီညီထွန်းသည် စင်္ကာပူရှိ သင်္ဘောကျင်းတခုတွင် ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မည်ဟု ဗဏ သတင်းက ဆိုသည်။
မလဲ့ရတီမင်းသည် ၂၀၁၀ပြည့်နှစ်၊ ဩဂုတ် ၁၈ရက်တွင် အသက် ကိုးလ တင်းတင်းပြည့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ဘယ်ညာ လက်တစ်ဖက် စီတွင် လက်ချောင်း ခြောက်ချောင်း စီပါ၍ စုစုပေါင်း လက်ချောင်း ၁၂ ချောင်း ပါရှိသည်။ သူမ၏ ဘယ်ညာ ခြေတစ်ဖက်စီတွင် ခြေချောင်း ခုနစ်ချောင်းစီပါ၍ စုစုပေါင်း ခြေချောင်း ၁၄ ချောင်း ရှိပါသည်။ သူမ တွင် လက် ချောင်း ခြေချောင်း အားလုံး စုစုပေါင်း ၂၆ ချောင်း ရှိသည်။

မလဲ့ရတီမင်းကို တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကြီး၌ ဒေါက်တာ ဒေါ်မြတ်သန္တာအောင် က ၂၀ဝ၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄၅ မိနစ် တွင် အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ ဖခင် ဦးညီညီထွန်း (ခေတ္တစင်ကာပူ) နှင့် မိခင်ဒေါ်ဖြိုးမင်းမင်းစိုး တို့တွင် သမီးကြီး မကေဇင်သန့် (သုံးနှစ် သုံးလ) နှင့် သမီးငယ် မလဲ့ရတီမင်း (ကိုးလ ကျော်) သမီး နှစ်ဦးသာ ရှိသည်။

ခြေချောင်း လက်ချောင်း အများအပြား ပါဝင်သည့် လဲ့ရတီမင်းကို ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းတွင် ပါဝင်နိုင်ရန် မိသားစုက ကြိုးစားနေသည်ဟု ဆိုသည်။

credit..Moemakha and AP

0 စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)

တပ်မှူးတပ်သား ပြောစကား (၀၄၈)


မြန်မာ့တပ်မတော်ရဲ့အမိန့်နာခံမှုနဲ့ ပတ်သက်ပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးတို့နဲ့ ဆက်သွယ် မေးမြန်းထားတာတွေကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၅)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အမိန့်မနာခံတာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးကနေ ဖယ်ရှားပြီး မကြာခင်မှာ၊ ဗိုလ်ချုပ်ကြီး သူရရွှေ မန်း ကိုယ်တိုင်လုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောသွားတဲ့ စကားတခွန်းက “ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အထက်က ပေးအပ်တဲ့ အမိန့် တွေကို မနာခံတာတွေက ရှိသေးတယ်။ အဲဒါကိုတော့ နောက်မှပြောမယ်”ဆိုပြီး အခန်းဆက်ဝထ္ထုလိုလိုဘာလိုလိုနဲ့လုပ်သွားတာ (၇)နှစ်လောက် ရှိပြီ။ အဲဒီတော့ သူပေးတဲ့ အမိန့်ကို မနာခံဘူးလို့ ဆိုလိုချင်တာလား၊ ဗိုလ်ချုပ်မှူးကြီး ပေးတဲ့အမိန့်ကို မနာခံဘူး လို့ဆိုချင်တာလား၊ ဘာများဖြစ် ခဲ့လို့ ဘာအမိန့်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က မနာခံဘူးလို့ ဗိုလ်ချုပ်ကြီးရွှေမန်းက ဆိုလိုတယ်လို့ ဗိုလ်မှူး ဘယ်လိုယူဆပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်တုန်းကတော့ ကျနော်တို့သိသလောက် ကျနော်တို့ ရှိစဉ်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရာထူးကို (ဒုတိယ) ဗိုလ်ချုပ်ကြီးမြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ) ပေါ့လေ၊ သူ့ကိုလွှဲပေးဖို့ ဆိုတာမျိုးကို ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ ကျနော်တို့ ကြားရပါ တယ်။ တိုက်ရိုက်တော့ မဟုတ်ဘူးဗျ။ သူ တိုက်ရိုက် လူတစ်ယောက်ကို ဒဲ့သွားပြီးတော့မှ အဲဒီလို သူမပြောရဲဘူး။ ကြား လူကနေပြီး ပြောခိုင်းတာ။ အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ထောက်လှမ်းရေး အဖွဲ့အစည်းဟာ သူနဲ့ တိုက်ရိုက်အလုပ်လုပ်နေတဲ့လူတွေ ဖြစ်တယ်။ နောက်ပြောင်းလာမယ့် ဗိုလ်ချုပ်ကြီးမြင့်ဆွေ(DSA 15, 1973)ကလည်း အများကြီး junior ကျတယ်။ အဲဒီအချိန်မှာ (ဒုတိယတပ်မတော်ထောက်လှမ်းရေးမှူးချုပ်) ဗိုလ်ချုပ်ကျော်ဝင်း (OTS 38, 1968) တို့နဲ့ ဗိုလ်ချုပ် မြင့်ဆွေတို့ seniority အများကြီးကွာတယ်။ ဒါကို တချက် ထောက်ပါတယ်။ ဒုတိယတခါ ထပ်ပြီးတော့မှ စရဖ(တပ်မတော်စစ်ဖက်ရေးရာလုံခြုံ ရေး) ချုပ်လုပ်သွားတဲ့ ဗိုလ်ချုပ်(ဒုတိယဗိုလ်ချုပ်ကြီး) ရဲမြင့် (DSA 15, 1973) (ယခု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်) ပေါ့လေ၊ သူ့ကို MI Chief ဆိုပြီးတော့မှ ထပ်ပြီးခန့်ဖို့ဆိုပြီး ပြောလာပြန်တယ်။ အဲဒီအချိန်တုန်းကလည်း အလားတူပဲ ဗိုလ်ချုပ်ခင်ညွန့်က လက်မခံခဲ့ဘူး ပေါ့ဗျာ။ လက်မခံတဲ့ သဘောမျိုးနဲ့ ကိုသူရမြင့်အောင်လိုပဲ အသာလေး ငြင်းထုတ်ခဲ့တဲ့ အနေအထားမျိုး ရှိတယ်။ နောက်တခါ….

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကျနော်တို့ ၂၀၀၄ ခုနှစ်က ကြည့်ရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးတစ်ဦးဟာ သူ့ကို ရာထူးစွန့်လွှတ်ခိုင်းတာ ကို သူ မစွန့်လွှတ်နိုင်ဘူးလို့ အမိန့်ကို မနာခံခဲ့ဘူး။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဒါကို ဆိုလိုပြီး ပြောသွားတယ်လို့ အခု ဒါ ဗိုလ်မှူးရဲ့ ပြောကြား ချက်အရ ကျနော်တို့ သိရပြီ။ နောက် (၇)နှစ်လောက်ကြာတဲ့ အခါမှာ (ဒုတိယ)ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူ့ကို ‘မင်း ကာကွယ်ရေးဝန်ကြီး လုပ်” ဆိုတာကို မလုပ်နိုင်ဘူး ဆိုပြီးတော့ အခု အမိန့်မနာခံပြန်ဘူး။ အဲဒီတော့ ဒီ ဗိုလ်ချုပ်ကြီးလောက် အဆင့်တွေက အမိန့်မနာခံတဲ့ဟာ စဖြစ် နေပြီလို့ ပြောလို့ ရလားခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ပြောလို့ရပါတယ်။ အခုနောက်ပိုင်းဖြစ်လာမယ့် ဗိုလ်ချုပ်ကြီးတွေလည်း ထွက်လာပါဦးမယ်။ စောင့်ကြည့်ပါ ခင်ဗျ။ အခြေအနေအရပေါ့လေ။ ကိုယ့်ရဲ့မိသာစုအရေးကို ကြည့်ပြီးတော့သာ အခြေအနေအရ နေနေရတာပါ။ ဘယ်သူမှတော့ အခုလို ဖြစ်နေတဲ့ အနေ အထားမျိုးကို မကြိုက်ကြပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တခု ကျနော်တို့ သိချင်တာပေါ့နော်။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေးဝန်ကြီးကို ငြင်းတယ် ဆိုတော့ ဟိုတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကဆိုရင် ဒုတိယ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦး ကျော်ထင်က လုပ်တဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က လုပ်ခဲ့တယ်။ အဲဒီအချိန်ကတော့ ဗိုလ်ချုပ် ကြီးစောမောင်အနေနဲ့ပေါ့ နော်။ အဲဒီ အချိန်တုန်းက ဘာမှ ပြဿနာမရှိဘူး။ ၀န်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်။ အခု ပြဿနာဖြစ်ရတဲ့ (cause) အကြောင်းရင်းက ခုန ၀န်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်မှာ ဘယ်သူက ဘယ်လိုပိုပြီး powerful ဖြစ်နေလို့လဲ။ နောက်တခါ ကိုယ့်အထက်က ကိုယ့်အပေါ်မှာ powerful ဖြစ်မယ့်နေရာကို ကိုယ့် junior လာပြီးထားတာကို မခံနိုင်ဖြစ်တဲ့ သဘောလား။ ဘယ်လို မြင်ပါသလဲခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါလည်း ပါပါတယ် ခင်ဗျ။ ၀ါစဉ်ပေါ့လေ၊ ဘယ်သူကမှ ကြီးတဲ့လူက ငယ်တဲ့လူရဲ့ အောက်မှာ မလုပ်ချင်ပါဘူး ခင်ဗျ။ ကြီးတဲ့လူ ဖယ်သွားမှသာ ငယ်တဲ့လူက တက်ရပါတယ်။ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဗိုလ်ချုပ်ကြီးဖြစ်တာမှန်သော်လည်း သူရဲ့အထက် က ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)၊ ဒုချုပ် (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်) ၊ ညှိကွပ် (တပ်မတော် ညှိနှိုင်းကွပ်ကဲရေး မှူး ကြည်း-ရေ-လေ) ပေါ့ဗျာ။ ဒါတွေက သူ့ရဲ့အထက်မှာ ရှိနေမယ့်အခါကျတော့၊ ကိုမြင့်အောင်လို့ senior တော်တော်ကျနေတဲ့ ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ junior ကျတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့အောက်မှာ သူ လုပ်ဖို့အတွက်ကတော့ ၀န်လေးပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ အခု အဲဒီ junior နဲ့ senior ကိစ္စကိုကြည့်တဲ့အခါမှာ အဲဒီလိုမျိုး senior တွေကို နှိမ်ထားလိုက် ပြီးတော၊့ ကိုယ်ပိုပြီး နိုင်နိုင်နင်းနင်း ကိုင်လို့ရမယ့် ကိုယ့်ကို မော်မကြည့်ရဲတဲ့ seniority အရမ်း ပြတ်တဲ့ junior တွေကို ဆွဲဆွဲတင်ပြီး လုပ်တာ ဟာ တော်တော်ကြာနေပြီ။ ၁၉၉၇ မှာတော့ ပိုပြီး ရှင်းရှင်းလင်းလင်းပဲ။ junior တွေဆွဲတင်ပြီး senior တွေအပေါ်မှာ တင်ပစ်လိုက်တာ၊ အခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဆိုတာ ၁၉၉၇ မှာ ဖွဲ့စည်းလိုက်တဲ့အခါ၊ senior ဗိုလ်ချုပ်တွေ အကုန်လုံးရှိနေတာကို သူ တို့အောက်က လူတွေကို အပေါ်ဆွဲတင်ပြီး၊ အပေါ်ဆုံး အမြင့်ဆုံး စစ်ကောင်စီ ဖွဲ့ခဲ့တာ၊ ကျနော်တို့ တွေ့ရတယ်။ အဲဒီကနေစပြီးတော့ အဲဒီလိုမျိုး seniority ကို ဂရုမစိုက်ဘဲနဲ့ လုပ်လာတာ ဆက်တိုက်ပဲ။ အခုထိ တွေ့ရတာပေါ့နော်။ အဲဒီအခါကျတော့ ဒါတွေဟာ ဘယ်တော့တုန်းက စဖြစ်ပြီး တော့၊ ဒီဟာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်တာတွေ၊ ဗိုလ်မှူး စစ်ရုံးမှာ ရှိနေတုန်းက ကြားခဲ့ဖူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။အဲဒါ စတာကတော့ န၀တ ဗိုလ်ချုပ်ကြီးတွေပေါ့လေ၊ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘတို့ အဖွဲ့ တွေပေါ့၊ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မတိမ်မယိမ်းပါ။ ဗိုလ်ချုပ်ကြီးထွန်းကြည် တို့ဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကိုသန်းရွှေပဲ ခေါ်တာ။ န၀တဥက္ကဌဖြစ်တဲ့ အထိလည်း ကိုသန်းရွှေပဲ ခေါ်ကြတာကိုး။ ရေရှည်ကျတဲ့အခါကျတော့ သူ အဲဒီဒဏ်တွေ ပေါ့လေ၊ သူ့ကို ပုခုံးချင်းယှဉ်တယ်၊ သူ့ကိုဂရုမစိုက်ဘူး ဆိုတာမျိုး တွေးခေါ်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ န၀တကို ရှင်းစဉ်တုန်းကလည်း မူလပြဿနာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေတင် မဟုတ်ဘူး။ ကျန်တဲ့ သူနဲ့ တန်းတူရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကိုပါ အားလုံးဖယ်ပြီးတော့မှ ရှင်းပစ်လိုက်တာပါ။ အဲဒီ နောက် ပိုင်းမှာ သတိထားမိပါလိမ့်မယ်။ တိုင်းမှူးတွေက အထက်က၊ ၀န်ကြီးတွေက အောက်က၊ ဆိုတဲ့ ဥစ္စာဟာ။ အဲဒီ နောက်ပိုင်းမှာမှ ဖြစ်လာတဲ့ ဖြစ်စဉ်ပါ။ အဲဒါကို သူက အငယ်တွေကို ဦးစားပေးသယောင်ယောင်နဲ့ အပေါ်တင်ပြီးတော့ အကြီးတွေကို နှိပ်ကွပ်လိုက်တဲ့ အနေအထားမျိုး ရှိပါ တယ်။ အဲဒီလမ်းစဉ်က ၁၉၉၇ နောက်ပိုင်းကတည်းက စကျင့်သုံး လာတာ အခုထိပဲ ဆိုပါတော့ဗျာ။

ဦးရော်နီညိမ်း။ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ ကာကွယ် ရေးဝန်ကြီးအဖြစ် တင်မြှောက်ခံရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ကိုလည်း၊ အဲဒီအချိန်က လွှတ်တော် ရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ပတ်သက်ပြီး မေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အန်ကယ် ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကနေပြီးတော့မှ ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ပေါ်လာပါပြီလား ခင်ဗျ။

ဦးတင်ဦး။ ။ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ် ဖြစ်တာက ၁၉၇၂ ခုနှစ်။ ၁၉၇၄ ခုနှစ်ကျတော့ သူတို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လုပ်ပြီး တော့ ပထမဦးဆုံး လွှတ်တော် ခေါ်တယ်။ အဲဒီအခါမှာ ကျနော်က ဗိုလ်မှူးချုပ်ကနေ ဗိုလ်ချုပ်ကြီး တခါတည်း ဖြစ်သွားတာ ခင်ဗျ။ ၁၉၇၄ ခုနှစ် လွှတ်တော်အစည်းအဝေး ကျင်းပတဲ့ မတ်လထဲမှာပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီတော့ ဒုချုပ်(ကြည်း) ကနေပြီးတော့၊ ကာကွယ်ရေးဦးစီးချုပ် အရင်ဖြစ်ပြီး နောက်တော့မှ လွှတ် တော်အစည်းအဝေးပေါ်လာပြီးမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ထပ်ပြီး ပူးတွဲ ခန့်အပ်ခံရတာလား ခင်ဗျ။

ဦးတင်ဦး။ ။ ဟုတ်တယ်။ ဗိုလ်ချုပ်(ဗိုလ်ချုပ်ကြီး)စန်းယုတို့ (ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ်သို့) တက်သွားတဲ့အခါကျတော့၊ အဲဒီနေရာမှာ ကျနော်က ကာကွယ်ရေးဦးစီးချုပ် ဖြစ်တာပေါ့။ ပြီးတော့မှ ၀န်ကြီးက သပ်သပ်။ နောက်တော့ လွှတ်တော်ခေါ်တဲ့အချိန် ၀န်ကြီးတွေ ခန့်တော့မှ ကာကွယ်ရေးဝန်ကြီး ဖြစ်တာခင်ဗျ။

ဦးရော်နီညိမ်း။ ။အန်ကယ် အဲဒီတုန်းက ဒီ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီး လုပ်ရမယ်လို့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ထဲမှာ ပြဌာန်းထားတာလား ဒါမှမဟုတ် ဦးနေ၀င်းရဲ့ တချက်လွှတ် အမိန့်နဲ့ပဲ ပါတီရဲ့ CEC (Central Executive Committee - ဗဟိုအလုပ် အမှုဆောင်ကော်မီတီ) အစည်းအဝေးကနေ ဆုံးဖြတ်တာလား။ အဲဒါက ဘယ်လိုပါလဲ ခင်ဗျ။

ဦးတင်ဦး။ ။ အမှန်ကတော့ ကာကွယ်ရေးဦးစီးချုပ် သပ်သပ် ခန့်လည်း ရတယ်။ ကာကွယ်ရေးဝန်ကြီးကို သပ်သပ် ခန့်ရင်လည်း ရတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ တပါတီ စနစ်ဆိုတဲ့အတွက်ကြောင့်မို့ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တခါထဲ တွဲပေး လိုက်တာပါပဲ။ ဥပဒေမှာကတော့ ကာကွယ်ရေးဦးစီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီးဖြစ်ရမယ် ဆိုတာမျိုးတော့ မဆိုလိုဘူး။ (၁၉၆၂) တော်လှန် ရေးကောင်စီ အာဏာသိမ်းတုန်းကလည်းပဲ အဲဒီလို အစဉ်အလာမျိုးဖြစ် လာတော၊့ အဲဒီအစဉ်အလာပေါ် မူတည်ပြီး ဖြစ်သွားတဲ့ သဘောပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ့်ကို နှစ်ခုစလုံး ပူးတွဲ တာဝန်ပေးအပ်တဲ့အပေါ်မှာ၊ အဲဒီအချိန်တုန်း က မကျေနပ်တဲ့လူ တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ရှိခဲ့ပါသလား ခင်ဗျ။ ၀န်ကြီးကော ကာကွယ်ရေးဦးစီးချုပ်ကော တဦးထဲကို ပေးတယ် ဆိုပြီးတော့။

ဦးတင်ဦး။ ။ အဲဒီလိုတော့ မရှိဘူးခင်ဗျ၊ ဒါပေမယ့် ဒီ ကာကွယ်ရေးဝန်ကြီး မဲခွဲတဲ့ အချိန်မှာ (လျှို့ဝှက်မဲပေးသည့်) ခလုပ်တွေနဲ့ နှိပ်တဲ့ အချိန် မှာ ကျနော့်ကျတော့ ကန့်ကွက်မဲ နည်းနည်းပိုများတယ် ခင်ဗျ။ ကန့်ကွက်မဲ (၁၁) မဲလား (၁၂) မဲလား ပါတယ်။ အဲဒါတော့ ထူးခြားတဲ့ သဘောရှိ တယ်။ မဲပုံးထောင်တဲ့အခါမှာ အမှား နဲ့ အမှန်ပဲ၊ ကြိုက်တာနဲ့ မကြိုက်တာ ခြစ်ဖို့ပဲ ရှိတယ်။ တယောက်တည်းပဲ။ အဲဒီ တယောက်တည်း nominate လုပ်တာကို မကြိုက်ရင် cross လုပ်၊ ကြိုက်ရင် အမှန် ခြစ်၊ ဒါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ်က ကာကွယ်ရေးဦးစီးချုပ်ကော ကာကွယ်ရေးဝန်ကြီးပါ တာဝန်ယူတဲ့အချိန်မှာ၊ဒုချုပ်(ကြည်း) ကို ဘယ်သူ့ကို တာဝန်ပေးပါသလဲ။

ဦးတင်ဦး။ ။ ဒုချုပ်(ကြည်း) ဆိုတာက၊ အဲဒီတုန်းက မူလ ကျနော်တို့ တင်ထားတာကတော့ ဗိုလ်မှူးကြီးတင့်ဆွေ (နောင် စက်မှု(၁) ၀န်ကြီး အငြိမ်းစားဗိုလ်မှူးချုပ် ဦးတင့်ဆွေ) ခင်ဗျ။ ဗိုလ်မှူးကြီးတင့်ဆွေကို အားလုံး သဘောတူပြီး နောက်ပိုင်းကျမှ ဗိုလ်မှူးကြီးတင့်ဆွေကို ကာကွယ်ရေး ဒုဝန်ကြီး ပေးလိုက်ပြီးတဲ့နောက်၊ ဗိုလ်မှူးကြီးကျော်ထင်ကို ဒုချုပ်(ကြည်း) ပေးလိုက်ပြီးတော့၊ ဗိုလ်မှူးချုပ်ကျော်ထင် ဆိုပြီး ဒုကာကွယ်ရေးဦးစီး ချုပ်(ကြည်း)တာဝန် ပေးလိုက်တာ ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အန်ကယ်တို့ အချိန်တုန်းကလည်း၊ ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဖြစ်လာ မယ်၊ တပ်မတော်မှာ ဒုတိယအကြီးအကဲ ဖြစ်လာမယ်၊ လို့ အားလုံးက မျှော်လင့်နေတဲ့အချိန်မှာ သူက မဖြစ်ဘဲနဲ့ ဒုဝန်ကြီးဖြစ်သွားပြီးတော့၊ တခြားတယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးကျော်ထင်က ဒုချုပ်(ကြည်း) ဖြစ်လာတဲ့အပေါ်မှာ “ကျနော်တော့ ဒုဝန်ကြီး မလုပ်နိုင်ပါဘူး၊ ကျနော် ဒီတာ ၀န်ကို မယူနိုင်ပါဘူး” ဆိုတဲ့ကိစ္စမျိုး ပေါ်ခဲ့ဖူးပါ သလား ခင်ဗျ။ အခုတော့ ပေါ်တယ်လို့ သတင်းက ထွက်နေပါတယ်။

ဦးတင်ဦး။ ။ မပေါ်ပါဘူး ခင်ဗျ။ အဲဒီ ဥစ္စာက နည်းနည်းလေး ရှုပ်ထွေးတဲ့ သဘောရှိတယ်။ ဒီလိုပါ၊ အဲဒီဟာနဲ့ပတ်သက်ပြီး လွှတ်တော်ခေါ်ခါ နီးမှာ ကျနော်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ်ဆိုတော့၊ ဒုချုပ်(ကြည်း)အဖြစ် ကျနော်တို့ ဗိုလ်မှူးကြီးတင့်ဆွေကို nominate လုပ်တယ်။ ဗိုလ်မှူးကြီးတင့်ဆွေက အတည်ဖြစ်လောက်တဲ့အထိ ဖြစ်သွားပြီ ခင်ဗျ။ ဖြစ်သွားပြီးတော့မှ အဲဒီမှာ လွှတ်တော်ခေါ်နေတုန်းပဲ ထင်ပါတယ်ခင်ဗျ၊ အဲဒီလိုအချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်ချုပ်စန်းယုက တင်ပြလာတာ ရှိတယ်ခင်ဗျ။ သူ့ရဲ့ဆန္ဒကတော့ ဗိုလ်ချုပ် ကျော်ထင်ကို ပေးချင်တယ်ဆိုတဲ့ သဘော။ ဗိုလ်မှူးကြီးတင့်ဆွေကိုတော့ လောလောဆယ်မှာ မပေးချင်သေးတဲ့ သဘောပေါ့။ အဲဒီလို ဖြစ်တယ် ခင်ဗျ။ အဲဒီအခါမှာ ဒါနဲ့ပတ်သက်လို့ ကျနော်ကတော့ ဗိုလ်မှူးကြီးတင့်ဆွေကိုပဲ ပေးချင်တယ်ဆိုပြီးတော့၊ တော်တော်လေးပဲ ပြောတာရှိတယ်။ သို့သော် နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ကာ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဒါဟာ ကျနော်တို့ ဒီ No. 1 ကြီး (ဦးနေ၀င်း) ပေါ့ ဗျာ၊ သူ့ရဲ့ သဘောဆန္ဒအတိုင်းလုပ်ဖို့ ကောင်းတယ်။ သို့သော်လည်းပဲ မနစ်နာရအောင် ဒီလိုလုပ်ရင် ကောင်းမယ်ဆိုပြီး အကြံတခုပေးတယ် ခင်ဗျ။ အဲဒီအကြံက ဘယ်သူပေးလဲဆိုတော့ကာ၊ ဗိုလ်မှူးကြီးကြည်မောင်က ပေးတယ်ခင်ဗျ။ ဒါကလည်း သူတို့ အောက်မှာ ပြောပြီးဆိုပြီး ထင်ပါတယ် ခင်ဗျ။ ဗိုလ်မှူးကြီးကြည်မောင်က “ဒီလိုလုပ်ပါလား ကာကွယ်ရေး ဒုဝန်ကြီးဟာလည်းပဲ အဆင့်မြင့်တာပဲ။ အဲဒီတော့ သူ့ (ဗိုလ်မှူးကြီးတင့်ဆွေ) ကို ဒုဝန်ကြီးပေးလိုက်ပြီးတော့ ဗိုလ်ချုပ်ကျော်ထင်ကို ဒုကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်မယ် ဆိုပြီး ပြောလိုက်တဲ့အခါမှာ အားလုံးက ကောင်း သားပဲ ဆိုပြီးတော့ လက်ခံလိုက်ပြီးတော့ အဲဒီလို တင်လိုက်တယ် ခင်ဗျ။ ဒါပေမယ်လို့ နောက်ဆုံး ထွက်လာတဲ့အခါကျတော့ ဗိုလ်မှူးကြီးတင့် ဆွေ မပါ လာပြန်ဘူး ခင်ဗျ။ မပါလာဘူးဆိုတာက ဗိုလ်မှူးကြီးတင့်ဆွေဟာ ဒုဝန်ကြီးအဖြစ်နဲ့ကို မပါလာဘူး။ အဲဒီအခါမှာ ကျနော် တော်တော် လေးပဲ စိတ်ထိခိုက်တာနဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်း (အငြိမ်းစားဗိုလ်မှူးချုပ် ဦးစိန်ဝင်း)ကို ကျနော်က သွားပြောတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ ‘စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၆)’ ကိုတော့ နောက်သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်းတွေ မှာ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ‘တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကနေ ဆက်ပြီး ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင် ကြပါ။ ကျနော် ရော်နီညိမ်းပါ။
(V0A)

0 Good and evil in Myanmar

ကနေဒါသတင်းထောက်Mark MacKinnon interviews Aung San Suu Kyi, အပိုင်း(၁)


ကနေဒါသတင်းထောက်Mark MacKinnon interviews Aung San Suu Kyi, အပိုင်း(၂)
At least 3,000 people were killed when Myanmar's army opened fire on demonstrators in 1988 during peaceful protests that had seen Ms. Suu Kyi emerge as the face of the country's pro-democracy movement. Deadly force was again used to quell the monk-led Saffron Revolution in 2007.

“Because the Burmese army does shoot down the people, it's not very likely that people will want to go onto the streets,” Ms. Suu Kyi said by telephone from the ramshackle two-storey shack in central Rangoon that is the office of her National League for Democracy (NLD). “But on the other hand, one cannot say that the Burmese army is always going to shoot at the people.”

The 1991 Nobel Peace Prize winner also gave a spirited defence of the international sanctions against her country, which have been called into question since Myanmar's recent transition – at least on paper – from military to civilian rule and Ms. Suu Kyi's own release last year after two decades spent mostly under house arrest. She said it was too soon to “reward” Myanmar's rulers, as the regime's real direction remains unclear.

She said the sanctions must be having an effect or else the government – which recently hinted that Ms. Suu Kyi and the NLD could meet “a tragic end” in supporting them – wouldn't be so obsessed with lifting them.

And she dismissed arguments that the sanctions are worsening the gap between rich and poor: “I think [the disparity] is because of the fact that what we have in Burma is not an open, market economy, but capitalist cronyism. … The real reason why a middle class has not emerged has nothing to do with sanctions at all. It's because a very privileged class is taking up all the best economic opportunities.”

She applauded Canada, which has imposed the stiffest sanctions, calling herself a “co-citizen” because the House of Commons gave her honorary citizenship in 2008. “But,” she added, “I would certainly like to have discussions with Canada about the sanctions [and] how we should handle them … how, when and under what circumstances sanctions should be modified. I did suggest that perhaps we should have a professional team look into the effects of sanctions. It would provide us with a useful basis for discussion.”

The 65-year-old, who is recovering from a recent illness that kept her bedridden for nearly three weeks, has spent the bulk of the time since her November release meeting with small groups of people at the NLD headquarters. She has yet to travel outside Rangoon. A senior party member told The Globe that the NLD is anxious not to provoke the regime: When Ms. Suu Kyi last tried to travel outside Rangoon, in 2003, her convoy was attacked and she was placed back under arrest. While she said there are no conditions placed on her release, she said she could not contemplate another campaign-style tour until she got through a backlog at home.

She also said modern communications, many of which she had never used before her recent release, mean she does not have to spend as much time meeting supporters face to face. She now has her first home Internet connection. But she complained that the account, supplied by a state-owned Internet provider at a cost of more than $1,000, is too slow for her to access social-networking sites – the ones pro-democracy activists have famously used in countries such as Egypt and Iran.




“I think we need to – what do you call it – raise the megabyte? Because we've been given such a low megabyte that it's not a very effective line. So we've applied for a stronger link-up,” she said. “As soon as the conditions are right, I want to have both Facebook and Twitter.”

(www.theglobeandmail.com)

0 သတင်းစာဆောင်းပါးကနေ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်

မြန်မာ့အလင်းသတင်းစာပါ ဖားမင်းဆွေ၏ရေးသားချက်

မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ခံနေရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအပေါ် ဝေဖန် တိုက်ခိုက်တဲ့ ဆောင်းပါး တွေ အစိုးရ သတင်းစာတွေ ထဲမှာ ခုတလော ဆက်တိုက် ရေးသား ဖေါ်ပြလာနေရာမှာ ဒီကနေ့စနေနေ့ထုတ် သတင်းစာပါ ဆောင်းပါးထဲမှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မြန်မာ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက် ခဲ့ကြောင်းနဲ့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုတ်သိမ်းရေးကို ဆန့်ကျင်နေတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီအနေနဲ့ဝန်ချ တောင်းပန်သင့်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ NLD ဗဟို အလုပ်အမှုဆောင် ဦးနိုင်းနိုင်း ကတော့ ၁၉၉၈ခုနှစ် စစ်အစိုးရ အာဏာလွှဲလိုက်ချိန်ကတည်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တာ ဖြစ်ပြီး ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖြစ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က ဖန်တီးခဲ့တာ မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစုံတရာ ဝန်ချ တောင်းပန်ဖို့မလိုဘူးလို့ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ဘေးထွက် ဆိုးကျိုးအနည်းအပါး ရှိနိုင်မှာ ဖြစ်ပေမဲ့ တိုင်းပြည်ကို မြန်မာ အစိုးရက ကောင်းစွာ အုပ်ချုပ်အောင်၊ စီးပွားရေး အကျိုးကို လူထု ခံစားနိုင်အောင်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မရှိအောင် ရည်ရွယ်ပြီး သက်ဆိုင်ရာ ကမ္ဘာ့နိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့တာကြောင့် ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ NLD အနေနဲ့ လေ့လာ ကောက်ချက် ချခဲ့တာ လို့လည်း ပြောပါတယ်။

တခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ရင့်ကျက်ပြီးသား နိုင်ငံကြီးတွေရဲ့ စံနှုန်း စံထားတွေ အရ ဒီကိစ္စတွေကို အကြောင်းပြပြီး ဒီမိုကရေစီရေး နုနယ်တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်တာဟာ မသင့်တော်ဘူး ဆိုတဲ့ ဆောင်းပါးပါ ဝေဖန် ရေးသားချက် ဟာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေ နားမလည်ဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်တာမို့ မြန်မာပြည်သူတွေကို စော်ကားရာ ကျတယ်လို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

မြန်မာ ပြည်သူတွေအနေနဲ့ ခေတ်မှီ နည်းပညာတွေနဲ့ အမှီလိုက်ပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်း နိုင်အောင် ကြိုးစားနေကြပြီး အုပ်ချုပ်သူ ယန္တရားကြီးးကြောင့်သာ အခုလို ဖြစ်နေရတာလို့ဆိုပါတယ်။အစိုးရပိုင် သတင်းစာ တဆင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD အပေါ် ဝေဖန် တိုက်ခိုက်မှု တွေ လုပ်နေတဲ့ ဒီဆောင်းပါးတွေဟာ ပြည်သူတွေရဲ့ သဘောတရားကို ကိုယ်စားပြုတဲ့ ဆောင်းပါးတွေ မဟုတ်ဘူးလို့လည်း ဦးနိုင်းနိုင်း က ပြောပါတယ်။
(ဘီဘီစီ)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.