Saturday, September 11, 2010

0 ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း။


အကြောင်းအရာ ။ ။ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်အမှတ်(၂)ရက်ကွက်အေးချမ်းသာယာ
ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးမှ စီပွားရေးလုပ်ငန်းရှင်များကို ညှိုနှိုင်းဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံခဲ့ကြောင်းကို ထို ရပ်ကွက်နေ လုပ်ငန်းကြီးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြလာပါသည်။

အကြောင်းအရာ အပြည့်အစုံမှာ မန်နေဂျာ ဖြစ်သူမှ ကျွန်တော်တို့ ကို ၂၈.၈.၂၀၁၀ ရက်စွဲ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ရဝတ ရုံးသို့ လာကြရန်ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မန်နေဂျာများမှာလည်းနေ့လည် ၁ နာရီခန့် ရဝတ ရုံးသို့ အရောက်သွားခဲ့ကြပါသည်။ နေရာကတော့ အမှတ် ၂ ရက်ကွက် မရမ်းကုန်းမြို့နယ် ပေါ်တော်မူ ဘုရားဝင်းထဲမှာပါ။ ကျွန်တော်တို့ မန်နေဂျာ များ ရောက်ရှိလာသောအခါ ဘာအစည်းအဝေးလဲလို့ မေးသောအခါ ဘာမှ မဟုတ်ပါဘူးလို့ ရဝတ အတွင်းရေးမှုး ဦးစိုးနိုင် ဆိုသူမှ ပြောပါသည်။

ငါတို့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မင်းတို့ လုပ်ငန်းရှင်တွေ ဆီမှာ အလှူခံမလို့ဟု ပြောပါ သည်။ ရွေးကောက်ပွဲတွင် မဲပေးမည့် အမည်စာရင်းတွေမိတ္တူကူးတာရယ်၊စာအုပ်ချုပ်တာရယ်၊အတွက်ပိုက်ဆံလို လို့ ကောက်တာဟုပြောပါသည်။ အဲတော့ ကျွန်တော်တို့မှ ဘယ်လောက်သတ်မှတ်ထားပါသလဲ ဟုမေးသောအခါ မင်းတို့စေတနာရှိသလောက်ရပါတယ်ဟုပြန်လည်ဖြေကြားပါသည်။မည်သည့်အကြောင်းအရာနှင့်အစည်းအဝေး ခေါ်သည်ကို မသိခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံအများကြီးမပါလာပါ ။

ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံထည့် ခဲ့ရ ပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှုးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေထည့်လိုက်သော ပိုက်ဆံ နှင့်ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်းလေးတောင်ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင်တွေကို လွတ်လိုက် ဟုဆိုပါသည်။

ကျွန်တော်တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံပြန်ယူကာ ထို့ထက်မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင်လာရပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကိုဆန္ဒ အမှန်ကိုလည်း ထုတ်ဖော်ပြသ ၍ လည်း မရသလို မိမိတို့၏ ပိုက်ဆံများကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း မက ကောက်ခံနေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။

ပေးပို့လာသော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 ဆရာတော် ဦးပညာစာရနှင့်ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံမေတ္တာရပ်ခံစာ


ဆရာတော် ဦးပညာစာရနှင့်ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများက တိုင်းမှူးကြီးထံ မေတ္တာရပ်ခံစာ

ရခိုင်ယဉ်ကျေးမှု သမိုင်းဝင် အမွေအနှစ်များကို ဖျက်ဆီးမှု၊ ရခိုင်လူမျိုး ကလေးငယ်များ ရာနှင့် ချီပြီး အစုလိုက် အပြုံလိုက် လူမျိုးပြောင်းမှု၊ ဆရာတော် အသျှင် ပညာစာရ ဖမ်းဆီးမှု စသည့် လုပ်ရပ်များအား ဆန့်ကျင်သော ပြည်တွင်း၊ ပြည်ပရောက် ရခိုင်လူမျိုးများ အားလုံး နအဖ စစ်အာဏာရှင်တို့၏ မတရားသော လုပ်ရပ်များကို ဆန့်ကျင်ကြရန် နိုင်ငံတကာရောက် ရခိုင်လူမျိုးများ အဖွဲ့အစည်း(World Arakanese Community) မှ တိုက်တွန်းနေကြောင်း သိရှိရသည်။

စစ်တွေတရားရုံးတွင် အမှု (၇) မှုနှင့် တရားစွဲဆိုထားပြီး တရားလိုပြ သက်သေများ စစ်ကြောရေး စခန်းနှင့် တရားရုံးတွင် ထွက်ဆိုချက် မတူညီမှုကြောင့် ဆရာတော် ပညာစာရအား အရေးယူရန် အခက်တွေ့နေပြီး ရုံးချိန်းအား မကြာခဏပေးကာ နောက်ထပ် သက်သေများကို အပူတပြင်း ရှာဖွေနေကြကြောင်း စစ်တွေ တရားရုံးမှ လာသော ခိုင်လုံသော သတင်းများအရ သိရသည်။
ဆရာတော်လွတ်မြောက်ရေးအတွက် ဤနေရာ သို့ ၀င်ရောက်ပြီး လက်မှတ်ရေးထိုးနိုင်ပါသည်။
ပေးပို့သူ ။ ။ min aye kyaw( www.arakanreview.net)

0 ကြောက်စိတ်မှသည် ယုံကြည်မှုသို့...

ရွေးချယ်စရာ မရှိလို့ - ပြည်သူတစ်ဦးအနေနဲ မဲသွား မပေးတာလဲ... မိမိ လုပ်ပိုင်ခွင့်ပါ၊ မိမိဆန္ဒ မပါဘဲ အတင်း လုပ်ခိုင်းတာကို - အမိန့်ပေး ခိုင်းစေတာကို ဆန့်ကျင်တာလဲ... မိမိ လုပ်ပိုင်ခွင့်ပါ၊ လူ့တိရစ္ဆာန် မဟုတ်ကြဘူး - ကျွန်စိတ်ဓါတ်နဲ့အသက်ရှင်သန်နေတာ မဟုတ်ဘူးလို့ ပြောနေယုံနဲ မလုံလောက်ဘူး၊ လက်တွေ့ကျကျ ဖော်ပြနိုင်တဲ့ လုပ်ရပ်တွေနဲ သက်သေထူရမယ်။

နိုင်ငံသားတွေ စိတ်ကူးယဉ်နေယုံနဲ့ တိုင်းပြည်တိုးတက် ပြောင်းလဲစရာတော့ မဖြစ်နိုင်ဘူး၊ လက်တွေ့ ပါဝင်ဆောင်ရွက်မှ မိမိလိုလားတဲ့ အနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးနိုင်မယ်ဆိုတာ နားလည်သိရှိယုံနဲ့ မဖြစ်တော့ဘူး၊ နောက်တစ်လှမ်းတက်ပြီး သက်သေပြ - လက်တွေ့ လုပ်ကြရမယ်။ မိမိ့ရဲ ကြောက်စိတ်ကို (မိမိကိုယ်ကို) ယုံကြည်မှုဖြစ်အောင် ပြောင်းလဲခြင်းနဲ စတင်နိုင်ကြမယ်ဆိုရင်... ပြည်သူမျာ့းရဲ အနာဂတ်ဟာ ပြည်သူ့ လက်ဝယ်မှာ ရှိမှာအမှန်ပါ။

မြန်မာနိုင်ငံသားများ ပါဝင်မှုအကြောင်း ဖိတ်ခေါ်မှုတွေ တိုက်တွန်းခြင်း ရောက်လာတိုင်း လူထုအသံလား၊ ပြည်သူ့အသံလား၊ တွေဝေသူတွေ ပြောနေတာလား၊ မခွဲခြားနိုင်ဘဲ ကြားနေရတာက အကြောက်တရားကြီးသွားပြီတဲ့...သြော်တကယ်ဘဲလား၊ ဒါဆိုရင် စစ်အာဏာရှင်စနစ် တစ်နှစ်အတွင်းပြုတ်ကျမှာ အမှန်ပါဆိုတာကို သက်သေပြနိုင်ဖို့ ဒီလထဲနံမည်ကြီးလူသိများတဲ့ (၉-၁၁)နဲ ၁၉၈၈ခုနှစ် လူသုံးထောင်ကျော် သေကြေပျက်စီးခြင်း အတူတူ ဘာတွေက ကွာခြားနေလဲ၊ ..... တကယ်တော့ အကြောက်တရားကို တုန့်ပြန်ခြင်း။

စက်တင်ဘာလထဲရောက်လာတာနဲ့ကမ္ဘာတ၀ှမ်းလုံး အကြောက်တရားအတွက် ပြန်လည်တုန့်ပြန်ပုံတွေ ဆက်စပ်စဉ်းစားကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လူပေါင်း ၃ထောင်ကျော် အသတ်ခံလိုက်ရတဲ့ ၁၉၈၈ခုနှစ်၊ အမေရိကန်နိုင်ငံ - နယူးယောက်မြို့ ၂၀၀၁ခုနှစ် (၉-၁၁) သေဆုံးပျက်စီးမှုကြီးက ကမ္ဘာနိုင်ငံသားတွေ့ရဲ ကြောက်ရွံ တုန်လှုပ်မှုကြီးကို မွေးဖွားပေးလိုက်တာနဲအတူ တုန့်ပြန်မှုတွေလဲ ပေါ်ပေါက်လာတာပါဘဲ။

ဖိနှိပ်သူ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်သူတွေက မြန်မာနိုင်ငံသား ၃ထောင်ကျော်ကို သတ်ဖြတ်ချေမှုန်းပြီး၊ ချယ်လှည်ချင်တိုင်း ဖိနှိပ်ချင်တိုင်း စိတ်ထင်ရာလုပ်ပြီး နေနေတဲ့ အဖြစ်ကြောင့် သန်း၅၀ကျော်တဲ့ ပြည်သူလူထု နိုင်ငံသားတွေ ကြောက်ရွံသွားပြီး အမှန်တရားအတွက် ရပ်တည် တုန်ပြန်မှုတွေ နည်းပါးသွားကြတာလား၊ တွေးစရာ-မေးစရာ-လုပ်စရာတွေ ဖြစ်လာပါတယ်။

ကမ္ဘာကြီးကတော့ နောင်တကြိမ်ထပ်မံပြီး (၉-၁၁) အခြေအနေမျိုး မဖြစ်ဖို့ ကြောက်ရွံလာတာကြောင့် ကာကွယ်မှု စနစ်အသစ်တွေ ရုပ်ပိုင်း-စိတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲ ဖြည့်စွတ်နေသလို... ဖြစ်ပေါ်နိုင်တဲ့ နေရာ-ဌာန-လူပုဂ္ဂိုလ်တွေ(အတွေးအခေါ်)ကို နှိမ်နင်းဖို့ လိုအပ်တဲ့ ပြင်စဉ်တိုက်ခိုက်မှုအတွက် စစ်သားပေါင်းများစွာ ရင်းနှီးပြီး အနာဂတ်အတွက် ကာကွယ်နေကြတယ်၊ လှုံခြုံရေးနဲ ယုံကြည်မှုအတွက် ပြင်စဉ်တည်ဆောက် နေကြတယ်... ဘာလိုလဲ၊ သူတို့လဲ ရေရှည်အတွက် စိုးရိမ်ကြောင်ကြလို့ အခုလို ရင်းနှီးပြီး မိမိကိုယ်ကို မိမိပြန်လည်ပြီး ယုံကြည်မှုဖြစ်ထွန်းလာအောင် လုပ်နေတဲ့ တည်ဆောက်နေတဲ့ လုပ်ငန်းစဉ် တွေပါဘဲ။

ကျနော်တို့ နိုင်ငံသားတွေ့ရဲ ရေတိုကြောက်ရွံမှုတွေကိုလဲ... စစ်မှန်တဲ့ရေရှည်ကာကွယ်မှုဖြစ်ရေးအတွက် လုပ်ငန်းစဉ်တွေကို စီမံကိန်းအဖြစ်ချမှတ်ပြီး အကောင်အထည် ဖော်နိုင်မယ်ဆိုရင်တော့ ယုံကြည်မှုအပြည့်နဲ နိုင်ငံသားတွေ ပြန်လည်မွေးဖွား ရှင်သန်လာမယ်၊ စစ်အာဏာရှင် ဆိတ်သုန်းရေး-ပျက်သုန်းရေး လုပ်ငန်းစဉ်များလဲ အားကောင်းလာမယ်၊ နိုင်ငံတော်ပြုပြင် တိုးတက်ပြောင်းလဲရေးတွေလဲ အရှိန်အဟုန်ပြင်းပြင်းနဲ ဖြစ်ထွန်းလာနိုင်တယ်။

နှိုင်းယှဉ်ကြည့်ပါ... မြန်မာနိုင်ငံသားတွေက ကြောက်တယ်လို့ဆိုကြပေမယ့် တကယ်ကို အမှန်တရားနဲအနာဂတ်ကို ချုံငုံတွေးခေါ် အဖြေထုတ်ကြည့်တဲ့ ကြောက်ရွံမှု မဟုတ်တာကြောင့်၊ ယနေ့ဖြစ်ပေါ်နေတဲ့ ရေငုံ နူတ်ပိတ် လက်ပိုက် ခေါင်းငြိမ့် ရှောင်လွဲနေခြင်းဆိုတဲ့ အပြုအမှုတွေ မြန်မာနိုင်ငံသားတွေဆီမှာ ဆက်လက်ရှင်သန်ခွင့် ရှိနေတာပေါ့၊ မြန်မာနိုင်ငံ့ရဲ အနာဂတ် တစ်ခုလုံးအတွက် ရာသက်ပန် အလွန်အန္တာရာယ်ဖြစ်မယ့် လုပ်ရပ်တွေကို ရဲရဲကြီး လုပ်ဆောင်ရင်း ရှင်သန်နေထိုင်ကြတာ တွေနေရတယ်။

အနာဂတ်-မျိုးဆက်-နိုင်ငံနဲ့လူသား အားလုံးအတွက် အလွန်ကြောက်ရွံဖို့ကောင်းတဲ့ လုပ်ရပ်-ဖြစ်စဉ်ဆိုတာ မသိ-မမြင်ကြသေးတော့ လတ်တလော ဖိနှိပ်ခံရမှာဆိုတဲ့ ကြောက်ရွံမှုကို အကာအကွယ်ယူပြီး အချိန်တို ရင်းနှီးမှုကို ရှောင်လွဲရင်းနဲ မိမိကိုယ်ကိုမိမိ ယုံကြည်မှု ဆုံးရှုံးခံနေကြတာကို ကျနော်တို့ လက်မခံ နိုင်ပေမယ့် မြင်တွေ့ နေရတယ်။

မိမိတို့နိုင်ငံသားတိုင်း အမှန်တရားနဲ့ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းအားကို အသုံးပြုပြီး ရှောင်လွဲ-ရေငုံ-လက်ပိုက်-နူတ်ပိတ်-ခေါင်းငြိမ့်နေခြင်းကို ရပ်တန်းကရပ်ပြီး၊ ပြည်သူတစ်ဦး တစ်ယောက်တိုင်း မိမိပိုင်ဆိုင်တဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ စဉ်းစား-တွေးခေါ်-ဆုံးဖြတ်ခြင်း၊ တင်ပြခြင်း၊ ဆွေးနွေးခြင်း၊ ပါဝင်ဖော်ဆောင်ခြင်းကို ပွင့်လင်းမြင်သာစွာ စွမ်းဆောင် နိုင်ကြမယ်ဆိုရင် မကြာမှီ ယုံကြည်မှု အပြည့်နဲ နိုင်ငံသားတွေအဖြစ် ပြောင်းလဲစွာ တွေ့မြင်ရမယ်လို့ ယုံကြည်တယ်။

တိုတိုပြောရရင် မိမိမှာရှိနေတဲ့ ပေဖြစ်တုန်းခံပြီး တူဖြစ်မှနှံမယ်ဆိုတဲ့ အတွေးအခေါ်တွေ မြောင်းထဲ ပစ်လိုက်ပါ၊ ရှေ့ကနွားက ကောက်ကောက်သွားလို့ နောက်နွားကောက်ကောက် လိုက်ရပါတယ်ဆိုတဲ့ တင်ပြမှုတွေ ဖျောက်ဖျက် ပစ်လိုက်ပါ၊ အကြောက်တရားကြောင့် စစ်ဖိနပ်အောက်မှာ ရောက်နေရတယ်ဆိုတဲ့ ဆင်ချေပေးမှုတွေ မီးရှို့လိုက်ပါ၊ လူ့တန်ဖိုးဆိုတာ လုပ်ရပ်နဲ တိုင်းတာနေတာပါ ရုပ်ဝတ္ထု-ငွေကြေးနဲ ဆုံးဖြတ်နေတဲ့ အကြောင်းအရာ မဟုတ်ပါဘူး၊ ခေဏတာ ကြောက်ရွံမှုကို စွန့်လွှတ်ပြီး အနာဂတ် (ဘ၀) တစ်သက်တာ လှုံခြုံရေးအတွက် အမှန်နဲအမှား-အသိတရားပေါ် ရှင်သန်ရပ်တည်ပြီး၊ မြန်မာနိုင်ငံသားတွေ အကြောင်းပြ ဆင်ချေပေးမှု စိတ်ကွယ်ရာက ရုန်းထွက်မှသာ...

ညီညီအောင်

0 Images of attacks in Karen State(ရုပ်/သံ)







0 မနေ့က ရန်ကုန်မြစ်စိုးရိမ်ရေအမှတ်ကျော် (မြင်ကွင်းဓာတ်ပုံများ)




ပဲခူးပြီးတော့ ရန်ကုန်မြစ်စိုးရိမ်ရေအမှတ်ကျော်လာပါပြီ။ ၁၀-၉-၂၀၁၀ သောကြာနေ့ကမ်းနားလမ်းက မြင်ကွင်းတခုပါ။

photo by Ap

0 ပဲခူးကျောင်းသားလူငယ်၂ဦးသေဆုံးမှု ပစ်လေ့ပစ်ထ(ဖြစ်လေ့ဖြစ်ထ)ရှိသည်ဟုဖော်ပြသောသောကြေးမုံသတင်းစာ



(ပြည်သူတွေကို တပ်မတော်ကတောင်းပန်တဲ့သဘောမဟုတ်ဘဲ ခြိမ်းခြောက်လေသံပါသောကြေးမုံသတင်းစာပါရေးသားချက်)

သေဆုံးသွားတဲ့ ပဲခူးမှကျောင်းသား လူငယ်၂ယောက်ရဲ့ နာမည်ကိုဖေါ်ပြပြီးတော့ ဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုတဲ့ တပ်မတော်ထဲက သေနတ်သမားရဲ့ နာမည်ရယ်။ တပ်မတော်ထဲက လူသတ်တရားခံ ဗိုလ်ကြီး ဘယ်သူဘယ်ဝါဆိုတာကို မရေးပြထားပါလား။ ပြီးတော့ ထိုဖြစ်ရပ်သည် ဖြစ်လေ့ဖြစ်ထရှိသောဖြစ်စဉ်မျိုးသာဖြစ်တယ်လို့သတင်းစာထဲမှာဖော်ပြထားခြင်းအားဖြင့် စစ်တပ်ဟာပြည်သူလူထုကို မကြာခဏ အခါအားလျော်စွာ မကြာမကြာပစ်သတ်နေကြောင်း ပြစ်မှုကျူးလွန်ကြောင်းဝန်ခံနေရာရောက်နေပါတယ်။ ပဲခူးမှကျောင်းသား လူငယ်၂ယောက်ရဲ့အမှုကို အသတ်ခံရချိန်တွင် ရဲမှစစ်ဆေးခွင့်လည်းမရှိ သတင်းစာရှင်းလင်းပွဲလုပ်ပိုင်ခွင့်လည်းမရှိခဲ့ပါ။

တိုင်းပြည်ကာကွယ်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပါမယ်ဆိုပြီး ကိုင်ခွင့်ရထားတဲ့ လူကိုသေနိုင်စေတဲ့ လက်နက်နဲ့ အလွဲသုံးစားလုပ်ပြီး မကျေနပ်စိတ်အတွက် အသုံးချတဲ့ ရန်ပွဲပဲ။
အာဏာ အလွဲသုံးစားလုပ်သလို လက်နက်ကိုပါ အလွဲသုံးစားလုပ်တဲ့ စစ်ဗိုလ်စစ်သားတွေပါ။ အဲဒါကို ဘာ့ကြောင့် တပ်ထဲက အကြီးအကဲတွေက ကာယကံရှင် မိသားစုကို ငွေ၁၀သိန်းပေးပြီး အမှု့ကိုကျေအေးပေးဖို့ ဖြေသိပ့်ရသလဲဆိုတာကိုပါ နားမလည်နိုင်ဘူး။ ဒီလောက် အာဏာကို အလွဲသုံးစားလုပ်ခဲ့တဲ့ အရာရှိတယောက်ကို အရေးယူဖို့ ဥပဒေကို မကျင့်သုံးရဲကြတော့ဘူးလား။ မစဉ်းစားတတ်တော့ဘူး။

သိသလောက် စစ်မှုထမ်းအားအရေးယူအပြစ်ပေးတာကို လူသိရှင်ကြားထုတ်ပြန်တဲ့ အမှု ၂ ခုရှိခဲ့ပါတယ်။
အဲ့ဒါတွေကတော့ -

၁။ ဗိုလ်ကြီးအုန်းကျော်မြင့် ရဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု နဲ့ 
၂။ ဗိုလ်မှူးချုပ်တင်ဦး( လန်ဘားကြီး၊ မျက်မှန်တင်ဦး )ရဲ့  အမှု တို့ ဖြစ်ပါတယ်။

စစ်ခုံရုံးနဲ့ပတ်သက်ပြီး တရားဝင် လူသိရှင်ကြား သတင်းထုတ်ပြန်တယ်ဆိုတာ မရှိခဲ့ပါဘူး..ဗိုလ်ကြီးအုန်းကျော်မြင့်အမှုကို စီရင်တာကလည်း အထူးတရားရုံးဆိုပြီး အရပ်ဖက်တရားရုံးမှာ စီရင်တဲ့အမှုမို့ပါ၊ လန်ဘားကြီးအမှုရဲ့နောက်ပိုင်း မရှေးမနှောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဝန်ကြီးဦးဘိုနီအမှုမှာလည်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါသေးတယ်၊ လူသိရှင်ကြားထုတ်ပြန်ခဲ့တယ်ဆိုတာကလည်း မ.ဆ.လ အစိုးရလက်ထက်မှာမို့လို့ပါ၊ အခုနောက်ပိုင်း စစ်အစိုးရခေတ် အင်းစိန်ထောင်တွင်း အထူးတရားရုံးတွေနဲ့ စီရင်ခဲ့တဲ့ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်း တို့ရဲ့အမှုမှာလည်း အစိုးရပိုင် မီဒီယာတွေက တရားဝင် သတင်းထုတ်ပြန်ခဲ့တာရှိခဲ့ဖူးပေမယ့် အရင်ဆုံး သတင်းထုတ်ပြန်နိုင်ခဲ့တာ ပုဂ္ဂလိကတစ်ပိုင်း မြန်မာတိုင်းမ် ဂျာနယ်ပါ..၊ အထူးတရားရုံးနဲ့ တိုးတိုးတိတ်တိတ် စီရင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အမှုတို့ မတရားသက်သက် အနိုင်ကျင့်ပြီးထောင်ချခဲ့တဲ့ အရှင်ဂမ္ဘီရ၊ ကိုမင်းကိုနိုင်၊ ကိုနေဘုန်းလတ်၊ ကိုသူရခေါ် ဇာဂနာ တို့အပါအဝင် အမှုတော်တော်များများကိုတော့ အထူးတရားရုံးနဲ့ စီရင်ခဲ့ပေမယ့် တရားဝင် သတင်းထုတ်ပြန်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး၊ အဲဒါက စစ်အစိုးရ အုပ်ချုပ်တာခြင်းတူပေမယ့် န.ဝ.တ၊ န.အ.ဖ နဲ့ မ.ဆ.လ တို့ရဲ့ ကွာခြားချက်တစ်ခုပါ..

ဒေါင်းမာန်ဟုန်

0 ပဲခူးမှ အရပ်သားလူငယ်များကို စစ်တပ်မှ ပစ်သတ်မှုအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာကို ဖော်ပြလိုက်ပါသည်။
နအဖခေါင်းဆောင်များ သိစေရန်
အမှန်တရားနှင့် တရားမျှတမှုကို လိုလားသော တပ်မတော်သားများ သိစေရန်
မတရား ဖိနှိပ်ခံနေရသော ပြည်သူလူထုတရပ်လုံး သိစေရန် တတ်နိုင်သမျှ လက်ဆင့်ကမ်း ဖြန့်ချိပေးစေလိုပါသည်။
ဤစာကို ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ယနေ့ (၁ဝ-၉-၂ဝ၁ဝ)နေ့ ညနေ (၃) နာရီခွဲခန့်တွင် တိုကျိုရှိ မြန်မာသံရုံး၏ စာတိုက်ပုံးထဲသို့ ထည့်၍ မြန်မာသံအမတ်ကြီး မှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးအပ်လိုက်ပါသည်။
ပြည်သူတရပ်လုံး နိုင်ငံရေး နိုးကြားလာအောင် ကြိုးပမ်းကြပါစို့။

....................................

သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

ဥက္ကဌ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ

မြန်မာနိုင်ငံ။

စက်တင်ဘာ ၁ဝ ရက်၊ ၂ဝ၁ဝ ခုနှစ်

  1. အကြောင်းအရာ ။ ။ ပဲခူးမြို့တွင် တပ်မတော်သားအချို့က ဥပဒေမဲ့ ရက်စက်ကြမ်းတမ်းစွာ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အရပ်သား လူငယ်နှစ်ဦး သေဆုံးခဲ့ရသည့် အဖြစ်အပျက်မှ အဖြစ်မှန်ကို တရား ဥပဒေအတိုင်း ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုခြင်း။

၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၄ ရက်ည သန်းခေါင်ယံတွင် ပဲခူးမြို့တွင်း ဖြစ်ပွားခဲ့သည့် တပ်မတော်သား များနှင့် အရပ်သားလူငယ်အချို့အကြား ခိုက်ရန်ဖြစ်ပွားမှု၌ တပ်မတော်သားများက လက်နက်အားကိုး ဖြင့် ဥပဒေမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် အောင်သူဟိန်း (၂၂နှစ်) နှင့် စိုးပိုင်ဇော် (၁၈နှစ်)တို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ဂျပန်နိုင်ငံတွင် အခြေစိုက်သည့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော ကျွန်ုပ်တို့သည် အဆိုပါ အဖြစ်အပျက်ကို ကြားသိရသည့်အတွက် လွန်စွာ တုန်လှုပ်သွားခဲ့ရသည်။ ဤကိစ္စမျိုးသည် လုံးဝ လက်မခံသင့်သောကိစ္စ၊ နောက်နောင် မဖြစ်သင့်သောကိစ္စ ဖြစ်သည့်အပြင် နောက်နောင် မဖြစ်အောင် ကြိုတင် ကာကွယ်သင့်သောကိစ္စလည်း ဖြစ်သည်ဟု ကျွန်ုပ်က စွဲမြဲစွာယုံကြည်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် တပ်မတော်သားအချို့က စစ်တပ် အရှိန်အဝါသုံး၍ လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အနိုင်ကျင့်နေသည်ကို ဤအဖြစ်အပျက်က ကောင်းစွာ မီးမောင်းထိုးပြနေသည်။ ထို့အပြင် ပြည်သူလူထုအား ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက် စေခြင်း ဖြစ်သည့်အတွက် အထူးသဖြင့် နိုင်ငံအတွက် အလွန်အရေးကြီးသော ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လွတ်လပ်လပ် သမာသမတ်ကျစွာ ကျင်းပနိုင်ရန် နှစ်လတာ မျှသာ လိုတော့သော အချိန်အခါမျိုး ဖြစ်သဖြင့် ကျွန်ုပ်တို့က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ပြည်သူလူထု၏အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်သည် ယခုအခါ တပ်မတော်၏ စစ်စည်းကမ်းများကိုပင် ဖောက်ဖျက်လျက် ပြည်သူလူထုအား စစ်မြေပြင်မှ ရန်သူပမာ သတ်ဖြတ်ရဲသည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ တပ်မတော်၏ အကြီးအကဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးတွင် လုံးဝ တာဝန်ရှိသည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်းအမှတ် ၅၉ မှ တပ်မတော်သားအချို့၏ ယခုကဲ့သို့သော လုပ်ရပ်သည် နိုင်ငံတကာ ဂျီနီဗာ သဘောတူညီမှုများနှင့် နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည့် စစ်ရာဇဝတ်မှုများကိုလည်း အတိအလင်း ဖောက်ဖျက်လျက်ရှိသည်။

ထို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရသည့် အဖြစ်အပျက် အခြေအနေမှန်ကို ပြည်သူသို့ အတိအလင်း ထုတ်ပြန် ရှင်းလင်း ကြေညာရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးရန် ကျွန်ုပ်တို့က အလေးအနက် တောင်းဆိုလိုက်သည်။

မြန်မာ့ဒီမိုကရေစီ အင်အားစု
ဂျပန်နိုင်ငံ

Friday, September 10, 2010

0 ပဲခူး လူမဆန်မှု မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်ဝင်းအတွင်းစာဖြန့်


မြေသြဇာ ရဲဘော်များမှ အိမ်သာ အတွင်း ကပ်နေသောပုံ


ပြည်သူသာ အမိ ပြည်သူသာ အဖ ထုတ်ပြန်ကြေငြာချက်

ဒီလိုလည်း အခြေအနေ ကို စောင့်ကြည့်ရသေးတယ်။


ဆိုင်ကယ်ရပ်နားထားရာ နေရာလည်း မချန်ခဲ့ဘူး




အဆောင်တွေထဲထိ ယူလာပြီး သေချာ ဖတ်ရှု့လေ့လာနေသော ကျောင်းသားတဦး




စာမေးပွဲ စမယ်ဆိုတဲ့ အချိန်ဇယား ဘုတ်မှာလည်း ကပ်ခဲ့တယ်။








ပဲခူးတိုင်း ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းတွင် ဖြစ်ပွါးခဲ့သည့် စစ်တပ်၏ လူမဆန်မှုများနှင့်ပတ်သတ်ပြီး စစ်အစိုးရ တာဝန်ရှိသူမှ ပြည်သူလူထုတရပ်လုံးကို တရားဝင် တောင်းပန်ရန်နှင့် မည်သို့မည်ပုံ အပြစ်ပေး အရေးယူထားတယ်ဆိုတာများကို ပြောကြားပေးရန် တောင်းဆိုချက်၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေငြာချက်နှင့် ပြည်သူသာ အမိ၊ပြည်သူသာ အဖ ဆိုသည့် ထုတ်ပြန်ကြေငြာချက်များ ကို မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ကျား/မအိမ်သာများ၊ဆိုင်ကယ်ရပ်နားရာနေရာများနှင့် လူနေဆောင်များ အတွင်းသို့ လူထုတရပ်လုံးနှင့်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့ မှ လိုက်လံကပ်ခြင်း၊ဝေငှခြင်းများပြုလုပ်ခဲ့ကြပါသည်။

အကောင်းဆုံးမြေသြဇာ-

(www.thebestmanure.org)

0 ဘီဘီစီ မြန်မာပိုင်း ဌာန ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတာ မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပြောကြား


ဘီဘီစီ မြန်မာပိုင်းဌာနကို ဖျက်သိမ်းပစ်မယ် ဆိုတဲ့ အစီအစဉ်တွေ ၊ ဆုံးဖြတ်ချက်တွေ မရှိပါဘူးလို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်က ပြောပါတယ်။

အဲဒီလို တခြား ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ သတင်းဌာနတွေ ပိတ်ပစ်ဖို့ ဆိုရင် ဝန်ကြီးဌာနဆိုင်ရာ အတည်ပြုချက် ရယူဖို့ လိုပြီး ဘီဘီစီ မြန်မာပိုင်း ဌာန ပိတ်ပစ်ဖို့တင်ပြလာတာတွေ မရှိသလို ၊ အထက်ကလည်း ပိတ်ပစ်ဖို့ သဘောတူ ထားတာမျိုး လုံးဝ မရှိပါဘူးလို့ မစ္စတာဟိတ်ခ်ကလွှတ်တော်ကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိသျှ အစိုးရက ပိတ်ပစ်ဖို့ စီစဉ်နေတဲ့ သတင်းဌာနတွေ ထဲမှာ ဘီဘီစီ မြန်မာပိုင်း ဌာနလည်း ပါတယ် ဆိုတဲ့အကြောင်း သတင်းစာတစောင်မှာ ဖော်ပြခဲ့ ပြီးတဲ့နောက် မစ္စတာဟိတ်ခ်ရဲ့ တုန့်ပြန် ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေက ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်အတွက် ထောက်ပံ့နေတာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ဘဂျက် လိုငွေပြနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘီဘီစီရဲ့ အသုံးစရိတ် အနည်းဆုံး ၂၅ ရာခိုင်နှုန်း လျော့ချသုံးစွဲရမယ်လို့ ဆိုထားကြောင်း သိရပါတယ်။ (bbc)

ဘီဘီစီ မြန်မာပိုင်း ဌာန ဖျက်သိမ်းဖို့ ဆုံးဖြတ်ထားတာ မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကပြောကြား(ဘားမားတူဒေး)

0 မဲပုံးလို့ သူတို့ပြောတဲ့အမှိုက်ပုံးတွေကို တိုင်းနှင့် ပြည်နယ် မဲဆန္ဒနယ်တွေကို ပို့နေပြီ


နောက်ဆက်တွဲ သတင်းအနေဖြင့် ကြားသိရသည်မှာ စာပေပညာရှင်၊ စာအုပ်ထုတ်ဝေသူ၊ သုတစွယ်စုံစာအုပ်ကို ထုတ်ဝေရေးသားနေသော (ဒေါက်တာတင်ထွန်းဦး)က ကြံ့ဖွတ်ပါတီကနေ၊ ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမယ်လို့ သိရပါတယ်။ ဒေါက်တာတင်ထွန်းဦးသည် ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့်ဖွံ့ဖြိုးရေး ဗဟုသုတစာပေများစွာကို ရေးသားခဲ့သော စာပေပညာရှင်တဦးဖြစ်ပါတယ်။ သို့သော် ယင်းစာပေပညာရှင်ကြီးကို ၄င်း၏စာပေပရိတ်သတ်မှ ထူးချွန်ထက်မြက်သော ပညာရှင်တယောက်အဖြစ် ယုံကြည်ထားခဲ့ကြရာ ယခုမူအထင်နှင့်အမြင် တက်တက်စင်အောင် လွဲချော်သွားခဲ့ပါသည်။ ယခုကဲ့သို့စာတတ်၊ ပေတတ်ပညာရှင် ကြီးပင် နအဖစစ်အစိုးရ၏ ခါးပိုက်ဆောင်တပ်ဖြစ်သော ကြံ့ဖွတ်ပါတီအတွင်းသို့ မည်သို့မည်ပုံ ရောက်ရှိသွားပါသလဲဟု ပြည်သူအများက စဉ်းစားရ အလွန်ကြပ်သွားပါသည်။ အများလက်ခံ ယုံကြည်ထားခဲ့သော စာပေပညာရှင် ဒေါက်တာတင်ထွန်းဦး မှ ပြည်တွင်းမှ ထုတ်ဝေသောဂျာနယ် တစ်ခုသို့ အင်တာဗျူး ဖြေကြားခဲ့ပုံလေးကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

မေး။ ။၂၀၁၀ မတ်လ ၈ ရက်မှာ ရွေးကောက်ပွဲဥပဒေများ ထွက်လာပါတယ်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ရွေးချယ်ပွဲက မေလ ၁၆ ရက် နဲ့ ၁၇ ရက်မှာလုပ်ခဲ့ပါတယ်။ စာပေနှင့်စာနယ်ဇင်းမှာ ဒေါက်တာတင်ထွန်းဦး ၀င်အရွေးခံခဲ့တယ်ဆို တော့ စာနယ်ဇင်းရွေးပွဲ အချိန်ထိ နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးမရှိခဲ့ဘူး ထင်တယ်...

ဒေါက်တာတင်ထွန်းဦး။ ။ အဲ့ဒီစာပေနှင့် စာနယ်ဇင်းအဖွဲ့မှာ ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ မေလ လောက်တုန်းက နိုင်ငံရေးနယ်ပယ်ကို ၀င်ရောက်ဖို့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူးတဲ့ အဲ့လိုဖြေကြားခဲ့ပါတယ်။ ဒီလိုပညာတတ်၊ စာတတ်၊ ပေတတ်ပုဂ္ဂိုလ်တယောက် အနေနဲ့ အမျှော်အမြင်ရှေ့ကို စဉ်းစားဆုံးဖြတ်တဲ့ အသိဥာဏ်ပညာတွေဟာ ဘယ်ဝယ်ဘယ်ဆီ ရောက်သွားပါသလဲ ဒေါက်တာရယ်လို့ မေးလိုက်ချင်ပါတယ်။ ဒီလိုစာတတ်၊ ပေတတ်၊ ပညာရှင်တွေက အမှန်တရားကို မသိချင်ယောင်ဆောင်၊ ဂုဏ်ငွေစည်းစိမ် ရာထူးအတွက် တပ်မက်စွာနဲ့ နအဖစစ်အစိုးရ ခိုင်းသမျှကို ခေါင်းညိမ့် ကျွန်ခံနေမယ်ဆိုရင်၊ ဒီလိုလူတွေဦးဆောင်မဲ့ မြန်မာပြည်ရဲ့အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေသည် တိုးတက်လာစရာ မရှိသည့်အပြင် ဆုတ်ယုတ် သထက်ဆုတ်ယုတ် သွားမှာ သေချာနေပါကြောင်း၊ ယင်းကဲ့သို့ပုဂ္ဂိုလ်မျိုးများနှင့် လက်ရှိ ၀င်အရွေးခံမဲ့ပါတီတွေကို ပြည်သူတွေအနေနဲ့ ယုံကြည်သင့်ပါသလား၊ ဆန္ဒမဲ ပေးသင့်ပါသလား ဆိုတာကို အသေအချာ စဉ်းစား ဆုံးဖြတ်တော် မူကြပါခင်ဗျာ။

လေးစားဦးညွှတ်လျှက်
BP

0 ပဲခူးမြို့  ကျောင်းသားနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မီတီမှ တောင်းဆိုချက်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiluQ4LRinwyQz3leib0vv8eSOK793CcUCLYhTpi-q575q_YtBX0GRgozarjSNh-LmI6iEWVDA7Ccbtqe_t4Tor4PGuD9zLhCvII0JIETfD5MVefKJaNqq2punfJ_RkFNu3qkLghgVXEFk/s1600/Demands.JPG

0 မျိုးဆက်သစ် ရွက်ပုန်းသီးများ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးလုပ်ငန်းများ ပေးဆပ်ထမ်းဆောင်နေရာတွင် နာရေး၊ ဆေးကူညီမှု၊ ပညာရေး၊ စာကြည့်တိုက်၊ အင်္ဂလိပ်စာသင်တန်း၊ ပန်းချီသင်တန်း စသဖြင့် သင်တန်းများကို အခမဲ့ ပို့ချလျှက်ရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူမှုရေးသမားများကို ဖော်ထုတ် မွေးထုတ်ပေးလျှက် ရှိသည်။ ထိုသို့ မွေးထုတ်ပေးလျှက်ရှိရာတွင် ယခုဆိုလျှင် အလှူရှင်များ (ပြည်တွင်းပြည်ပ) အတွက် အသင်း၏လုပ်ဆောင်ချက်များ၊ အများပြည်သူအပေါ် ကူညီပံ့ပိုး ထမ်းဆောင်ပေးမှုများ၊ အများပြည်သူတို့၏ အလှူငွေတို့ဖြင့် အများပြည်သူအတွက် ပေးဆပ်မှုများ၊ ပညာဒါနပေးမှုများ စသဖြင့် ပါဝင်သော အသင်း၏ပေးဆပ်မှု DVD အခွေများတွင် နောက်ခံ သီချင်း အဖြစ် ထည့်သွင်းရန် စေတနာဖြင့် ဂီတပညာရှင်များမှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက်၎င်း၊ အများပြည်သူအတွက်၎င်း ရေးသားသီဆို တီးခတ် အသံသွင်းပေးမှုများတွင်လည်း နာမည်ကြီး ဂီတ ပညာရှင်များ၊ တက်သစ်စ ဂီတပညာရှင်များ ပါဝင်ကြသလို မျိုးဆက်သစ် ဂီတ၀ါသနာရှင်များပါ ပါဝင်ကုသိုလ်ယူ သီဆိုကာ ပေးဆပ်ကြသည်။

“ဗြဟ္မစိုရ်နှလုံးသားနဲ့ လက်တွေဟာ ဗြဟ္မစိုရ်နှလုံးသားနဲ့ လက်တွေပါ xxx သောကကြားမှာ ဒုက္ခမပွေစေဖို့ ကူညီလို့ ပေးဆပ်ကာ ဖေးမကူမည် xxx မွေးကတည်းက နောက်ဆုံး ခရီးတိုင်ဆီ မျက်ရည်ခင်း နှုတ်ဆက် ခရီးတိုင်ဆီ … မျက်ရည်ခင်း နောက်ဆုံး ခရီးတိုင်ဆီ”

အထက်ပါ သီချင်းစာသားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတစ်ဦး ဖြစ်သည့် ကိုပေါက်(နန္ဒ၀န်)က ရေးစပ်ပြီး အဆိုပိုင်းအား ကိုပိစိ မှ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “မျက်ရည်သုတ်မယ့်လက်များ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“သူ့ရဲ့ဘ၀ဟာ အများအကျိုးအတွက်ဆို … ရှိသမျှ အားလုံးစွန့်လွှတ်မဲ့လူမျိုး … ရုပ်ဝတ္ထုတွေ မစွဲလန်း

တော့ပါ xxx ပေးဆပ်ခြင်းနဲ့ အသက်ဆက်ရှင်ဖို့ … ငွေဂုဏ်တွေလဲ သူမသိတော့ပါ … အဆောင်

အယောင်တွေလဲ သူမရှိတော့ပါ”

အထက်ပါ သီချင်းစာသားကတော့ တေးရေး - သားထွေး ရေးစပ်ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသား ကိုကိုဦး၏ ဇနီးဖြစ်သူ ထက်ထက်စိုး (OTL)က နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ပေးဆပ်သူများ (၂)” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

“ပန်းများပွင့်တော့ လိုက်ကောက်ခဲ့သူ … သူဟာအရာရာတိုင်းကို အနစ်နာခံရင်း … နှစ်သိမ့်တတ်သူ လူသားတစ်ဦးရယ်ပါ xxx ဗြဟ္မစိုရ်တရားများသာ သူရင်ထဲမှာ ရှင်သန်ရင်း … ပန်းတွေ မကြွေဖို့ တောင်းဆုမပြည့်တောင် အမြဲတမ်းရပ်တည်ကာ အကောင်းဆုံးရပ်တည်ကာ”

အထက်ပါ သီချင်းစာသားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားတစ်ဦး ဖြစ်သည့် ကိုကိုဦးက ရေးစပ်ပြီး အဆိုပိုင်းကိုလည်း နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသူ စောဉ္ဇာစိုးက နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ပန်းကောက်သူ” အမည်ရှိ တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ထိုကဲ့သို့ ဂီတကို ၀ါသနာပါသော လူမှုရေးသမားများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ စေတနာရှေ့ထား၍ အခွင့်အရေး ကြုံကြိုက်ပါက ကျွမ်းကျင်သော ဂီတပညာရှင်တို့နှင့် ပူးပေါင်း၍ ဖော်ထုတ်ပေးလျှက် ရှိသည်။ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုကဏ္ဍတစ်ရပ် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား - ဦးကိုကိုဦးနှင့် ဇနီးဖြစ်သူ မထက်ထက်စိုး (OTL)၊ အသင်းသူ - မစောသဉ္ဇာစိုးတို့အား တတ်ကျွမ်းသော ဂီတပညာရှင်များ၏ ဖေးမမှု၊ လက်တွဲ ခေါ်ယူပေးမှုတို့ဖြင့်၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပံ့ပိုးမှုတို့ဖြင့်၎င်း၊ ဥက္ကဌ ဦးကျော်သူ၏ အားပေးမှုတို့ဖြင့်၎င်း လူမှုရေးဂီတ ရွက်ပုန်းသီးများကို မွေးထုတ်ပေးလျှက် ရှိသည်။

မေတ္တာဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုး ကူညီကြသော ဂီတပညာရှင်များအားလုံး အားလုံးတို့အား အများပြည်သူကိုယ်စား၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုယ်စား အထူးကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင် ထားရှိပါကြောင်း . . . . ။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 ဘဘ ဦးတင်ဦး၏ အကိုကြီး ကွယ်လွန်ရှာပြီ

လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။


သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

Thursday, September 9, 2010

0 ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း သံဃာတော်များ စုပေါင်း မေတ္တာပို့ ကြွချီလာစဉ်။
ဓာတ်ပုံ ASSOCIATED PRESS

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း သံဃာတော်များ စုပေါင်း မေတ္တာပို့ ကြွချီလာစဉ်။ စက်တင်ဘာ ၂၄၊ ၂၀၁၀။

လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တာ ၃ နှစ် ပြည့်ပါတော့မယ်။ ၃ နှစ် ကြာလာပြီ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ရွှေဝါရောင်စိတ်ဓာတ် ရှိနေဆဲပဲလို့ သံဃာ့လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ ဆရာတော်တွေက မိန့်ပါတယ်။ ရဟန်းရှင်လူ ပြည်သူတွေ သွေးမြေကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ အရှိန်က ၃ နှစ်အကြာမှာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေပါသေးလဲဆိုတာ သိရဖို့ မြန်မာနိုင်ငံက သံဃာ့လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံဃာတော် ၂ ပါးကို တွေ့ဆုံမေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်၊ ၂၀၀၇ ခုနှစ်က အခုလို စက်တင်ဘာလထဲမှာပဲ သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းခဲ့တာပါ။ ဒီလို ရဟန်းရှင်လူတွေ သွေးမြေကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ပြည်သူတွေက မေ့လျော့သွားကြပါပြီလား၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရဟန်းသံဃာတော်တွေက ဒီနေ့အထိ သူတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ကိန်းအောင်းနေတုန်း ရှိနေသေးတယ် ဆိုတာကို ဦးဇင်းတို့ သိရတယ်၊ ကြားရတယ်။ ထို့အတူပဲ တချိန်ချိန်မှာတော့ သံဃာတော်များဟာ ပြန်ပြီး ပေါ်ထွက်လာလိမ့်မယ်လို့ လူတွေကလည်း သံဃာတော်တွေရဲ့ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေတယ်။ ဒါကြောင့် အခုချိန်မှာ နအဖအစိုးရကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ စောင့်ကြည့်မှုတွေ ရှိနေတဲ့ ကြားထဲကပဲ သံဃာတော်တွေက လှုပ်ရှားမှုတွေ ရှိနေတာ တွေ့ရတဲ့ အတွက်ကြောင့်၊ လူတွေကလည်း မျှော်လင့်နေတယ် ဆိုတဲ့ဟာတွေ ကြားရတဲ့ အတွက်ကြောင့် ဒီအပေါ်မှာ ဒီနေ့အထိ စိတ်ဝင်စားမှု ရှိနေသေးတယ်၊ လျော့မသွားသေးဘူးလို့ ဦးဇင်းတို့ အဲဒီလို သိပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်ပွားပြီးကတည်းက စလို့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် ချုပ်ချယ်မှုတာတွေ အဆက်မပြတ် ရှိခဲ့သလို ခုချိန်ထိလည်း လျော့မသွားသေးတဲ့ အကြောင်းကိုတော့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ အရှင် ဂေါသိတက အခုလို မိန့်ပါတယ်။

“ကန့်သတ်မှုတွေကတော့ အများကြီးပါ။ အခုလို စက်တင်ဘာ နီးလာလေလေ ကန့်သတ်မှုတွေ များလာလေလေပဲ။ သံဃာတော်တွေကို ဟိုမသွားရ၊ ဟိုမလာရ၊ ဒီမသွားရ၊ ဒီမလာရဆိုတဲ့ ပိတ်ဆို့မှုတွေတော့ များတယ်။ ဒါပေမဲ့ ဘယ်လိုပင်၊ ဘယ်လောက်ပင် များပါစေ၊ အထဲထဲမှာ ဦးဇင်းတို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ တတ်နိုင်တဲ့ နေရာက၊ သူတို့ တတ်နိုင်တဲ့ဘက်က တိုင်းပြည်အတွက်၊ ကိုယ့်ရဲ့ ဒကာ၊ ဒကာမတွေအတွက်၊ သာသနာအတွက် လုပ်နေတယ် ဆိုတာကိုတော့ ဦးဇင်း ပြောချင်ပါတယ်။”

မြန်မာစစ်အစိုးရက သံဃာတော်တွေအပေါ် ဘယ်လိုပဲ ကန့်သတ်မှုတွေ လုပ်လုပ် မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူတွေ ကြားမှာတော့ ရွှေဝါရောင်စိတ်ဓာတ် အလွယ်တကူ ပျောက်သွားမှာ မဟုတ်သလို ပြည်တွင်း ပြည်ပက သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ ဆက်ပြီး ရှိနေသေးတယ်လို့လည်း ဒီဆရာတော် ၂ ပါးစလုံးက မိန့်ပါတယ်။

အခုချိန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေသလို ရွေးကောက်ပွဲတွေဟာ လွတ်လပ် တရားမျှတပြီး အများပါဝင်နိုင်ခြင်း မရှိတာကြောင့် ဒီရွေးကောက်ပွဲတွေတွေကို လက်မခံကြောင်းနဲ့ ခုလိုချိန်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရွှေဝါရောင်က အရှိန်တွေဟာ ဒီနေ့အထိ ရှိနေတုန်းပါပဲ။ ပြည်သူ ပြည်သားတွေကလည်း သံဃာတော်တွေက ဘာပြောသလဲ၊ သံဃာတော်တွေက ဘာလုပ်နေလဲ ဆိုတာကို သံဃာတော်တွေရဲ့ အပေါ်မှာ ပြည်သူတွေက မျှော်လင့်နေကြတယ်၊ စိတ်ဝင်စားနေကြတယ်။ ထို့အတူပဲ သံဃာတော်များကလည်း အခြေအနေ ပေးလာရင် ပေးလာတာနဲ့အမျှ လုပ်ဖို့ ပြင်ဆင်တာတွေ ရှိတယ်။

“ဒါကြောင့် ဒီနေ့ ဒီကာလမှာဆိုရင် သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ တော်တော် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲ နီးနေပြီ။ ရွေးကောက်ပွဲ နီးနေတဲ့ အချိန်မှာ သံဃာတော်တွေက မက်ဆေ့ခ်ျ ပေးနိုင်ရပါမယ်၊ ဒီအချိန်မှာ။ ဘာကြောင့်လဲဆိုရင် ပြည်သူ ပြည်သားတွေက သံဃာတော်တွေရဲ့ စကားကို နားစွင့်နေတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ နအဖလုပ်မယ့် ရွေးကောက်ပွဲမှာ ဘယ်နည်းနဲ့မှ မဲမပေးသင့်ပါဘူး။ ဒီလို မဲမပေးသင့်ဘူးဆိုတဲ့ အကြောင်းကို သံဃာတော်များကလည်း ဟောပြောဖို့၊ သွန်သင်ဖို့၊ ညွှန်ပြဖို့ လိုသလို ပြည်သူများကလည်း စစ်အစိုးရက သူ အာဏာတည်မြဲရေးအတွက် လုပ်မယ့်မဲကို လုံးဝ မဲမပေးဘဲနဲ့ သပိတ်မှောက်ဖို့ ပြောချင်ပါတယ်။

“ဒါဟာ ရွှေဝါရောင်ကို သက်သေထူတာ ဖြစ်သလို ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သက်သေထူတာ ဖြစ်တယ်။ ဒါကြောင့် မဲမပေးဘဲ နေဖို့ သံဃာများရဲ့ကိုယ်စား ပြည်သူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ သံဃာတော်များကလည်း ဟောပြောပေးဖို့အတွက် လျှောက်ထားချင်ပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့မှာ သံဃာတော် အပါး ၅၀၀ ကျော် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြနေတာကို စစ်အစိုးရ အာဏာပိုင်တွေက ရိုက်နှက် ဖြိုခွဲမှုတွေ လုပ်ခဲ့ရာကနေ မြန်မာနိုင်ငံအနှံ့ ရဟန်းရှင်လူ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြမှုတွေကို မြန်မာစစ်အစိုးရက အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

(VOA)

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစု၊၈၈မျိုးဆက်၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်တို့၏ထုတ်ပြန်ချက်

Joint Statement No-9-2010 of ABMA+88+ABFSU_Bur

0 သေနတ်နဲ့  အချက်ပေါင်းများစွာ မတရား ပစ်သတ်ခံခဲ့ရလို့  သေဆုံးခဲ့ရတဲ့ ပဲခူးမြို့  ကျောင်းသားနှစ်ဦး၏ ဈာပန ဗွီဒီယို မှတ်တမ်း (Burma Today video) ။


(Burma Today video)

Wednesday, September 8, 2010

0 စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်


စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်
ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။

ပြည်သုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။
(RFA)

0 ဂန္ဓာလရာဇ်သွား ဗိုလ်သန်းရွှေ


ရဲဘော်ဖိုးသံချောင်း / ၀၇ စက်တင်ဘာ ၂၀၁၀(ခောတ်ပြိုင်)

ဗိုလ်သန်းရွှေတယောက် ကုလားပြည်သွားပြီးနောက် တရုတ်ပြည်ဆီကိုကူးပြန်ပြီ။ (၇၀) ကျော်၊ (၈၀) နီးပါးကြီး တယ်လဲ ခရီးထွက်လှပါကလား။ ပုံမှန်အခြေအနေဆိုရင်တော့ ကုလားပြည်နဲ့တရုတ်ပြည် ဆိုတဲ့ နိုင်ငံကြီးနှစ်ခုအကြား တည်ရှိနေပြီး အဲဒီအချက်ကို အခွင့်ကောင်းယူ လှုပ်ရှားလုပ်ကိုင်နေသူမို့ ဒီလိုကူးလားသန်းလားလုပ်တာဟာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ပြောစရာဖြစ်နေတာက အချိန်ကာလပါ။ ရွေးကောက်ပွဲနဲ့ ဒါလောက်နီးနေတဲ့အချိန်ကျမှ သွားတာဖြစ်နေတော့ သံသယဖြစ်မှုတွေ အများကြီး ပေါ်ထွက်တော့တာပါပဲ။ လျှို့ဝှက်လုပ်ကိုင်တာ၊ နိုင်ငံတကာနဲ့ ကိုယ့်ပြည်သူလူထုကို အမှန် အတိုင်းမပြောဘဲ စဉ်းစားခိုင်းထားရတာအပေါ်မှာ အကျေနပ်ကြီးကျေနပ်လေ့ရှိတဲ့ နအဖဗိုလ်ချုပ်တွေရဲ့ လုပ်နည်း လုပ်ဟန်အတိုင်းမို့ သို့လော-သို့လောတွေ အပုံအပင်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီခရီးမှာ သူတို့ဟာ တရုတ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ရွေးကောက်ပွဲအကြောင်း ထုံးစံအတိုင်း ဗာရာဏသီချဲ့ပြီး ရှင်းပြမှာသေချာပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေဟာ ဗိုလ်သန်ရွှေ ရှင်းမပြလည်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်မှာ မဟုတ်ဘူးဆိုတာကိုလည်း နအဖခေါင်းဆောင်တွေက သိပြီးသားဖြစ်ပါတယ်။ တခါတရံတော့ သံသမန်လုပ်ငန်းဆိုတာဟာ ဟန်ဆောင်တာတွေချည်းပါလားလို့တောင် ထင်စရာဖြစ်စေပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေ အခုလိုသွားလိုက်တော့ ဟိုခေါင်းဆောင်တွေရဲ့ ပါးစပ်ကပြောတာကို နားနဲ့ဆက်ဆက်ကြားရတယ်ဖြစ်မှာပေါ့။ ဟိုလူကြီးတွေအဖို့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှမပြောဘဲ မသိလိုက်မသိဘာသာ နေလိုက်မယ်ဆိုတာမျိုး လုပ်လို့မရတော့ဘူး ဖြစ်သွားမှာ သေချာပါတယ်။

ဒီခရီးစဉ်မှာ ဗိုလ်သန်းရွှေအနေနဲ့ တရုတ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့စောင့်ကြည့်ပါ၊ ကြံ့ဖွံ့ပဲနိုင်မှာပါ” လို့ ပြောမပြော သိချင်စရာတော့ ကောင်းပါတယ်။ စကားပြောရင်း လေရလာ၊ အရှိန်ရလာရင်တော့ ပြောထွက်သွားနိုင်ပါတယ်။ ဘာပဲပြောပြော ဗိုလ်သန်းရွှေတို့က ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူ့ရဲ့ခရီးစဉ်ဟာ နောက်တက်မယ့် အစိုးရအတွက် တင်ကြိုပြီး ရွှေလမ်းဖောက်တဲ့ အဓိပ္ပာယ်တော့ မုချဖြစ်မှာပါ။ စဉ်းစားရမှာက “ကျနော်တို့မရှိလည်း နောက်တက်မယ့် ကျနော့်လူတွေကိုလည်း ကျနော့်လိုပဲ သဘောထား အားပေးပါ” လို့ ပြောမလား၊ နောင်မှာ “ကျနော်တို့ကို တောင်ရှည်ပုဆိုးနဲ့ တွေ့ရင်လည်း အခုယူနီဖောင်းဝတ်ထားသလိုပဲ ဆက်ဆံပါ၊ အားပေးပါ” လို့ ပြောလေမလား ဆိုတဲ့အချက်ပါ။ ဒါကြောင့်မို့ ဒီတခေါက် ဗိုလ်သန်းရွှေရဲ့ခရီးစဉ်မှာ ခေါ်သွားသူတွေထဲမှာ နောက်တက်မယ့်အစိုးရရဲ့ ထိပ်သီးတွေပါနိုင်တယ်လို့ အကဲခတ်တွေက တွက်ပြီး စောင့်ကြည့်နေကြပါတယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးတို့ကအစ မြန်မာပြည်က စစ်အုပ်စုအဆက်ဆက်ရဲ့ သဘောကို လက်ဖ၀ါးပေါ်တင်ကြည့်သလို သဘောပေါက်နေတဲ့ တရုတ်ခေါင်းဆောင်တွေကတော့ ပြုံးပဲနေလိမ့်မယ်လို့ ယူဆရပါတယ်။

ဗိုလ်သန်းရွှေတို့ဟာ အခုလိုအခြေအနေမှာ အမေရိကန်ရဲ့ထောက်ခံမှုကို အသေအလဲလိုချင်နေတာဖြစ်ပေမယ့် သူတို့ဟာ တရုတ်ဆိုတဲ့ ညာဘက်လက်ထဲက ကိုင်းကို တခဏမှ လက်မလွှတ်ပါကြောင်း၊ အမေရိကန်နဲ့တရုတ်တို့အကြားမှာ ခလောက်ဆန်လိုစိတ်၊ ကစားလိုစိတ်မရှိကြောင်း သိအောင် တရုတ်ခေါင်းဆောင်တွေ သိအောင် တနည်းနည်းနဲ့ပြောမယ်လို့ ယူဆရပါတယ်။ အလားတူပဲ ဗိုလ်သန်းရွှေတို့ဟာ ကုလားနဲ့တရုတ်အကြား အောင်သွယ်တော်အခန်းက ပါမှာလည်း မဟုတ်တာသေချာပါတယ်။ သူ့ကြောင့် အဲဒီနိုင်ငံကြီးနှစ်ခု ပြဿနာတက်တာ မဖြစ်အောင်ပဲ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။

အားလုံးစိတ်ဝင်စားနေကြတဲ့ နောက်တချက်ကတော့ နယ်ခြားစောင့်တပ်လုပ်ရေးကို လက်မခံသေးတဲ့ အပစ်ရပ် အဖွဲ့တွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို တရုတ်ခေါင်းဆောင်တွေ စိုးရိမ်ပူပန်နေကြတာကတော့ အမှန်ပါပဲ။ စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးဆိုပြီး ပြောလိုက်ကတည်းက နယ်စပ်တလျှောက် တရုတ်ဘက်မှာ ဖြစ်ပေါ်လာနိုင်ကောင်းတဲ့ ဒုက္ခသည်ကိစ္စအတွက် အကြီးအကျယ် အလုပ်တွေရှုပ်ကုန်တာကိုကြည့်ရင် တရုတ်တွေဘက်က ပူပန်မှုကို သဘောပေါက်နိုင်ပါတယ်။ နအဖခေါင်းဆောင်တွေကလည်း တရုတ်ဘက်က ခေါင်းဆောင်တွေ မြန်မာပြည်ကိုလာရင်ဖြစ်စေ၊ သူတို့ ခေါင်းဆောင်တွေ တရုတ်ပြည်ကိုသွားရင်ဖြစ်စေ ဒါဟာ တရုတ်-မြန်မာနယ်စပ်က အပစ်ရပ်အဖွဲ့တွေကို ချေမှုန်းခွင့် ကိစ္စကို ပြောကြတာပဲ၊ မကြာခင်ချတော့မယ်ဆိုတဲ့ သတင်းမျိုးတွေ လွှင့်လေ့ရှိတာကိုလည်း အခုနောက်ပိုင်းမှာ အတော် တွေ့နေ၊ ကြားနေရပါတယ်။

ဒီတော့ ဒီခရီးစဉ်မှာ အဲဒီကိစ္စကို ဗိုလ်သန်းရွှေတို့အနေနဲ့ တခုခုပြောကိုပြောရမှာ သေချာပါတယ်။ လက်ရှိ အခြေအနေအရတော့ နအဖစစ်ဗိုလ်တွေအနေနဲ့ ပြောတဲ့အခါမှာ မာမာမပြောလောက်ဘူးလို့ပဲတွက်ရပါတယ်။ ဒါကျုပ်တို့ပြည်တွင်းရေး ဖြစ်တယ်ဆိုတာမျိုးတောင် ပြောမှာမဟုတ်ပါဘူး။ တရုတ်ခေါင်းဆောင်တွေ စိတ်မပူအောင် ကြောင်ချေးလို အပျော့ဆွဲ ဆွဲပါလိမ့်မယ်။

ဘာပဲပြောပြော နအဖစစ်အုပ်စုကတော့ သူတို့တတွေ နိုင်ငံတကာမှာ လှုပ်ရှားလုပ်ကိုင်နိုင်ကြောင်း တကမ္ဘာလုံးကို ပြသနိုင်တယ်လို့ လက်မထောင်မှာ သေချာပါတယ်။ နောက်ပြီး ဒီနေ့လို သူတို့ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေအမျိုးမျိုး ထွက်နေချိန်မှာ (သူတို့က တမင်လွှင့်ထားတာတွေ) ဒင်းတို့ထိပ်သီးတတွေ “ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရည်တပြင်တည်း၊ ရှေးကထက်ပိုချစ်ကြပါကြောင်း ကမ္ဘာကို ကြေညာတာလည်း ဖြစ်ပါတယ်။

နအဖရဲ့ အဲဒီမာနဟာ လာမယ့်ရွေးကောက်ပွဲပြီးလာရင် ပိုလို့သာ ထောင်လာစရာရှိပါတယ်။ ရွေးကောက်ပွဲကိုဝင်ပြီး လွှတ်တော်ထဲကနေ အဲဒီမာနကို ချိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စောင့်ကြည့်ပါ။ လွှတ်တော်ထဲ ရောက်သွားသူတွေသာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်ဖို့များပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ တထောင့်သုံးရာငါးဆယ်ပြည့်-ရှစ်လေးလုံးအရေးတော်ပုံကြီးက ဗိုလ်နေ၀င်းကို မျက်ရည်ပေါက်ပေါက်ကျ၊ ငိုသံပါကြီးနဲ့ ကိုယ့်ယောင်ကိုယ်ဆွဲပြီး နန်းထဲကထွက်သွားစေခဲ့တာကို ဘယ်တော့မှမမေ့ပါဘူး။ အဲဒီအရှိန်နဲ့ တရုတ်သံရုံးအပါ သံရုံးပေါင်းစုံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာတွေ့ကြတာကရော မေ့နိုင်စရာတဲ့လား။

Tuesday, September 7, 2010

0 တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ

တိုင်းပြည်တစ်ပြည် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်များ၏ အခန်းဂဏ္ဍသည် လွန်စွာအရေးပါလှသည်။ ယနေ့ ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကို စနစ်တကျ ဖျက်စီးရန် အာဏာရှင်တို့မှ အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိတယ်။ ထို့အတူ ကျွန်ူပ်တို့မှလည်း အနာဂတ်မျိုးဆက်သစ်များ ၏ အသိညဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားသည့် လူငယ်မျိုးဆက်များ ဆက်လက်တည်ရှိနေ ရန် အစွမ်းကုန် ကူညီပေးသင့်သည် ။ အာဏာရှင်တို့ ၏ ယုတ်မာ ပက်စက်မှုကား ပြည်သူလူထု အားလုံးသိပြီးသည့် အတိုင်းပြောစရာပင် မလိုတော့ချေ ။ ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာကြလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။

ဤနေရာတွင် အဓိကပြောလိုသည်မှာ ပထမဦးစွာ လူငယ်မျိုးဆက်သစ်များကို လမ်းမှန်ပြပေးနိုင်ရန် လွန် စွာ အရေးကြီး ၏ ။

၎-၉-၁၀ ည က ဖြစ်ပွားခဲ့သော ကိစ္စမျိုးတွင်လူငယ်များ ၏ အသက်ကို တန်ဖိုးမထားဘဲ ထင်ရာ စိုင်းလိုက်ကြသည့် လူတစ်စုကြောင့်အပြစ်မဲ့ ပြည်သူလူထု သွေး မြေကျခဲ့ရပြန်လေပြီ ။ ထိုကိစ္စသည် သာမန်အနေအထားဖြင့် ကြည့်လျှင် ရန်ဖြစ်ရာမှ စသည်ဟု ဆိုသော်လည်း ပုဂ္ဂိုလ်ရေး ပြဿနာများတွင် လက်နက်ကိုင်ကာ ဖြေရှင်းနိုင်သည့် တိရစ္ဆာန်စိတ်ပေါက်နေကြသော လူများကြောင့် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ် အတွက် လုံခြုံမှု မရှိဟု ပြည်သူလူထု တရပ်လုံး နားလည် သဘောပေါက်သင့်သည် ။

ပြည်သူလူထု ဘ၀ အသက်အိုးအိမ် စည်းစိမ်ချမ်းသာ ကို တိုက်ရိုက်ထိပါးတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေလိုက်ရင် နောင်ဆိုဒီထက် ဆိုးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့လာကြမှာ မုချဧကန်ပါဘဲ ။အာဇာနည်တို့သွေး ၊ ပြည်သူလူထု၏ သွေး ၊ ရဟန်းသံဃာများ၏ သွေး၊ ကျောင်းသားများ၏ သွေး ၊ သွေးမျိုးစုံလည်း မြန်မာမြေကြီးပေါ်မှာ ကျခဲ့ရလေပြီ။

နောင်ထိုသို့ သွေးမြေကျ စတေးခံ ဘ၀တွေကို မလိုလား ကြရင်တော့ အခုချိန်မှာ ပေါင်းစည်းညီညွှတ်ရေး ကို အထူးကြိုးစားကြမှ ဖြစ်မယ် ။

ကျွန်ူပ်တို့ အနေဖြင့် ယခုချိန်တွင် ပြည်သူဆန္ဒများကို ရဲဝင့်စွာ ဖော်ထုတ်သင့်သည် ဟု ထင်မြင်ယူဆမိလေသည် ။ ထိုသို့ ဆန္ဒဖောက်ထုတ် ရာတွင် စုစည်းမှု သည် အရေးကြီးသည် ။ တနိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက် ပိုမိုထိရောက်မည် ဖြစ်သည် ။ ထိုသို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လိုလျှင် ပထမ ဦးစွာ ပြည်သူများအား သတင်းအချက် ပြည့်စုံစွာ ဖြန့်ဖြုးပေးနိုင်ရမည် ။ ထိုသို့ သတင်းအချက်အလက် ပြည့်စုံစွာ ဖြန့်ဖြူးရန် ပြည်တွင်းမှ လူများသည် အဓိက ကျသည် ။ အထူးသဖြင့် လူငယ်များကို ပြုစုပျိုးထောင်ကာ တိုင်းပြည်အခြေအနေမှန်ကို သိရှိလာအောင်

အမြန်ဆုံး ၀ိုင်းဝန်း ကြိုးစားသင့်ပေသည် ။ တိုင်းပြည်အတွက် အရေးပေါ်တာဝန်ကို ထမ်းဆောင် ရန် လူငယ်မျိုးဆက်သစ်များ အားထားကြရမည်ဖြစ်၍

ယနေ့ တိုင်းပြည်ကို အလွန်ချစ်မြတ်နိုးသည့် လူငယ်မျိုးဆက်တခု အား အောက်ပါမေးခွန်းများကို ကိုယ်တိုင် ဖြေကြား၍ မိမိတို့ သိလိုသော အချက်အလက်နှင့် သဘောထား အမြင်များကို ၀င်ရောက်ဆွေးနွေးပေးကြရန် ကျွန်ူပ်မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ ထို့အတူ နိုင်ငံ အကျိုးသယ်ပိုးလိုသော မြန်မာနိုင်ငံသားများ အားလုံးကိုလည်း နိုင်ရာတာဝန်များ ထမ်းဆောင်ပေးကြရန် အထူးပင် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

လူတိုင်းတွင် အားနည်းချက် ၊ အားသာချက် တို့ ရှိကြသည်မှာ လောက ဓမ္မတာပင်ဖြစ်သည် ။ မိမိတို့ အကျွမ်းကျင်ဆုံးနှင့် စိတ်အား အထက်သန်ဆုံးသောကဏ္ဍများတွင် ၀င်ရောက် လုပ်ကိုင်ကြပါက ပိုမိုထိရောက်မည် မှာ မလွဲဧကန်ပင်ဖြစ်ပါသည် ။

ပြည်သူလူထု ဆိုတာ နိုင်ငံတိုင်းမှာ အင်အား အကြီးဆုံးအဖွဲ့အစည်းပါဘဲ ။ တိုင်းပြည်တပြည် ပြုပြင်ပြောင်းလဲရေးဆိုတာ ပြည်သူလူထုပေါ်မှာ ဘဲမူတည်နေတာပါ ။ လူထုအားကို ကျော်လွှားနိုင်တဲ့ အာဏာရှင်ဆိုတာ သမိုင်းမှာ မရှိခဲ့ပါဘူး ။ အားလုံးဝိုင်းဝန်းကြိုးစားမယ်ဆိုရင် ကျွန်ူပ်တို့ တိုင်းပြည်အနာဂတ်မှာ အခုလို ဒုက္ခဆိုးမျိုးတွေကို နောက်ထပ် ကြုံတွေ့လာစရာ အကြောင်းမရှိပါဘူး ။

(၁ ) ယနေ့ပြည်သူလူထု ကြီးစွာသော ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားနေရသည်မှာ အာဏာရှင်လူတစ်စုကြောင့်ပါဟုဆိုလျှင် ထိုအာဏာရှင် လူတစ်စုကို ဖယ်ရှားရန် သင့်တွင်ကော တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသလား။

၂ ) တာဝန်ရှိသည်ဟု ထင်မြင်ယူဆခဲ့လျှင် မည်သည့်တာဝန်ကို သင်ယူနိုင်ပါတယ်လို့ စဉ်းစားကြည့်ဖူးပါသလား ။

၃ ) သင်ယူနိုင်မည့် တာဝန်အား လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ဖူးပါသလား ။

၎ ) တိုင်းပြည်နဲ့ ဖွံ့ဖြိုးတက်မှုဟာ အနာဂတ်မျိုးဆက် လူငယ်များ အပေါ်မှာ မူတည်ပါတယ်ဆိုတာ သင်လက်ခံယုံကြည်ထားလျှင်

ထို အနာဂတ် မျိုးဆက်သစ်များ ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို သင်လမ်းပြခဲ့ဘူးပါသလား ။

သင်သည် လည်းတိုင်းပြည်ကို ချစ်သော ကြောင့် သင်နိုင်ရာတာဝန်ထမ်းဆောင် လိမ့်မည် ကျွန်ူပ်သင့်ကို ယုံကြည်ပါသည် ။

အထိရောက်ဆုံး လက်တွေ့လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ပြည်သူလူထု အနေနဲ့ အမြန်ဆုံးသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရန်

နိုင်ငံရေးပညာရှင်များ အားလုံးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား အားလုံးကို ၀င်ရောက်ဆွေးနွေး အကြံပေးကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 ကျောင်းသားလူငယ် နှစ်ဦး သေဆုံးရမှု ပဲခူးမြို့နယ်လူထုမကျေနပ်၍ မနေ့က ရင်ခွဲရုံသို့စုရုံးရောက်ရှိ




မောင်အောင်သူဟိန်း ၏ အဒေါ်မှဖွင့်ဟပြောဆိုချက်အသံဖိုင်

မောင်စိုးပိုင်ဇော်၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ

မောင်အောင်သူဟိန်း ၏ အသုဘ ရှု တရားတော်နာဖိတ်ကြားလွှာ



photo။ ။ Freedomnewsgroups

0 ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ

“သင်္ခါရတဲ့ ရပ်ထဲရွာထဲ ရပ်ကွက်ထဲဝယ် … ဖြစ်နေသမျှကို ပြောရအုံးမယ် xxx သချိုင်းလက်မှတ် ထွက်ဖို့အရေး … ဟိုမေး ဒီမေး … ဟိုပေး ဒီပေးနဲ့ xxx ရပ်ရေး ရွာရေး သာရေး နာရေးအတွက် … လုပ်စားနေတဲ့ ပွဲစားတွေ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး ရေးသားကာ တေးဆို - Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ်ထံပြန်လာမည်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်း၏ အဓိက ရည်ရွယ်ချက်မှာ နာရေးကိစ္စရပ်များတွင် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ကို လုပ်ကိုင်စားသောက်နေကြသော အသုဘ ပွဲစားများ အကြောင်းကို အများပြည်သူ သိရှိအောင် ဖွင့်ချ ရေးဖွဲ့ထားသော ဟစ်ဟော့ တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အဆိုပါ တေးသီချင်းအတွက် လိုအပ်သော စကားပြောအပိုဒ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ကော်မတီဝင်များ၊ အသင်းသူ/သားများတို့မှ စကားလုံးများဖြင့် အသံသွင်း၍ ပူးပေါင်း ပါဝင်ခဲ့သည်။

“ဘီယာ ကြယ်သီး ပန်းကုံးတွေနဲ့ မုသား သူခိုး ကြီးစိုးနေမြဲ xxx ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ကြလဲ … အတ္တတွေနဲ့ ငါးပါးမှောက်ဆဲ xxx ကိုယ့်သီလကိုယ်လုံ ယသပါပဲ … မင်းရဲ့သမိုင်း ၀ါးတားတားနဲ့ xxx ကိုင်းကြီးကြီးမှာ နားစမ်းပါဟဲ့ xxx အနိစ္စသဘောနဲ့ ကိစ္စချောမယ် xxx အကုသိုလ်တွေ မယူသွားပါနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ယသပါပဲ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး၊ ကျော်သူ ရေးသားကာ တေးဆို - ကိုဦးနှင့် Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ဟိတ်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်းအတွက် စကားပြော စာပိုဒ်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကိုယ်တိုင် စကားလုံးများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသံသွင်း၍ ပူးပေါင်းပါဝင်ခဲ့သည်။


ကိုကျော်သူ

0 “သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“မောင်ကျောင်းသား”

ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်ကပစ်သတ်လို့ အပြစ်မဲ့ကျောင်းသားလူငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံမဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက် ၊ အသားတဆတ်ဆတ် တုန်နေအောင်ဒေါသထွက်ခံစားလိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီးထင်တိုင်းကြဲနေလိုက်တာကွာ ၊ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့အသက်ဟာ တိရိတ္ဆာန်တွေလောက်မှတန်ဘိုး မရှိတော့ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်းသတ်နေတာကို ငါတို့ကျောင်းသားလူငယ်တွေ ဒီလိုပဲငြိမ်ခံနေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေးယူထားတဲ့နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ်ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလိုရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေကအချက်ပေါင်းများစွာပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသားလူငယ်နှစ်ယောက်ဖြစ်တဲ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။

ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊မင်္ဂလာလမ်း၊အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့သားမောင်အောင်သူဟိန်းက၆ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ် ကွက်၊မြလမ်း၊အိမ်အမှတ်၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့သားမောင်စိုးပိုင်ဇော်က၄ချက်ထိမှန်ခဲ့ပါ တယ်၊မြလမ်းထိပ်မှာပဲပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲ ရဲလမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ် ကိုစမ်းချင်တဲ့ကောင်စမ်း သေချင်းဆိုးနဲ့သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ် ၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင်ထွက်သွားပြီး ဘယ်သူမှထွက်ကြည့်လို့မရအောင်ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကိုဆေးရုံသယ်တာ တောင် ကောင်းကောင်းမွန်မွန်ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ဖြစ်သလိုသယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀နေ့မှာချက်ချင်းအသုဘစီစဉ်ဘို့ အာဏာပိုင်တွေကဖိအားပေးခဲ့ပါတယ် ၊ မိဘတွေအဝေးရောက်နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ ၊ အိမ် ပြန်သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာမိသားစုဝင်တွေက အာဏာပိုင်အဆင့်ဆင့်ဆီခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကိုဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူးတမြို့လုံးအုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံ ကို သတင်းစုံစမ်းသွားရောက်လေ့လာကြပေမဲ့ ရဲလုံခြုံရေးအများအပြားနဲ့အရပ်ဝတ်ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့ ။


သတင်းအပြည့်အစုံဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန်မတိုက်နိုင်သေးတဲ့အခြေအနေကိုပဲ တနုံ့နုံ့တွေးအားမလိုအားမရဖြစ်နေမိပါတယ်၊ စစ်အာ ဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲခံစားဘူးပါရဲ့ ၊ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး ၊ ကြားလိုက်ရတိုင်းနာတယ် ၊ မြင်လိုက်ရတိုင်းနာတယ် ၊ တွေးမိ တိုင်းလဲနာတယ်ဗျာ ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းဇိမ်တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်း စာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင်ပန်ဆောင်ပြောပြောနေတဲ့စကားတွေ ဘယ်မှာလဲ ၊ ဒါလားတရားဥပဒေစိုးမိုး တာ ၊ ဒါလားပြည်သူတွေကိုကာကွယ်စောင့်ရှောက်တာ ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကိုပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူမမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလိုလုယက် ၊ မုဒိန်းကျင့်လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိပြောင်ပြောင်တင်းတင်းအတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေဗွီံဒီယိုတွေထဲတွေ့ဘူးတဲ့ ဖက်စစ်ခေတ်ဂျပန်တွေထက်ဆိုးလာတော့မယ် ။

“စစ်တပ်ဆိုတာ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့အနိုင်ကျင့်ဖိနှိပ်ဘို့မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှမဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာသက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည်ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကိုဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာစီးတဲ့သွေးတွေမခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက်ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်းခဲ့တဲ့မြေပေါ် သွေးသစ် တွေအကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသားလူငယ်တွေ ခုလိုရက်ရက်စက်စက်အသတ်ခံရ မှုမျိုးကို မကြုံဘူးမခံစားဘူးလို့ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူစဉ်းစားကြဘို့လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲသွေးသားထဲကပါနာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံးလူထုအုံကြွမှုကြီးဆက်ဖြစ်ပြီး စိန်လွင်လိုစစ်ခေါင်းဆောင်အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော်ကိုစိုးနိုင်ကစလို့ ၁၉၈၈မတ်လမှာအသတ်ခံ ခဲ့ရတဲ့ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာအသတ်ခံခဲ့ရတဲ့ကျောင်းသားတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရ တဲ့ကျောင်းသားလူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာမတရားရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင် ဘာမှာပစ်သတ်ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲတောင်ထဲမှာကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင်တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့တာဝန်မကျေသေးပါဘူး ၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကိုမဖြစ်စေသေးသမျှ ကျွန်တော်တို့တာဝန်ကြေပြီမခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။

စစ်အာဏာရှင်သက်တာရှည်ခဲ့ပြီ ၊ အနိဌာရုံတွေများပြီ ၊ လူပုံအလယ်ရက်ရက်စက်စက်ပစ်သတ်တာမျိုးကြောင့်မဟုတ်ပဲလဲ စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ် ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော ၊ ဆေးကုသစရိတ်မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီးတဖြည်းဖြည်းသေ ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီးမဖွားနိုင်လို့သေတယ် ၊ မြွေဆိပ်မိလို့သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့သေတယ် ၊ ဆေးရုံဆေးခန်းကိုမရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေဘာဖြစ်နေနေ ငတေမာပြီးရောကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။

နာတယ်..၊ လက်ထိပ်ကတင်မဟုတ်ဘူး ၊ ရင်ထဲအသဲထဲသွေးသားထဲကပါနာတယ် ၊ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံရ တာမျိုး ပိုနာတယ် ၊ မကြေ..ဘယ်တော့မှမကြေ..တစ်သက်တစ်ကမ္ဘာမကြေ..။

စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ

မောင်ကျောင်းသား

Monday, September 6, 2010

0 ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု ၂ ခုနဲ့ NLDတရားစွဲဖို့ပြင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့  စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့  ပြင်ဆင်နေပြီလို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ အဲဒီ ပါတီမှတ်ပုံတင် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီအဟောင်းတွေက ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ခဲ့လို့ရှိရင် ပါတီ အလိုအလျောက် ပျက်ပြယ်တယ်ဆိုပြီး ပါတယ်လေ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြဌာန်းချက်ဟာ ၁၉၈၈ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ NLDနဲ့ မဆိုင်ဘူး၊ NLDအပေါ်မှာ အကျုံးမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLDဟာ အဲဒီအချိန်က တရားဝင် ရပ်တည်လာတယ်၊ ဘာပြစ်မှုမှ မရှိဘူး။ အဲဒီတော့ တရားဝင် ရရှိတဲ့ အခွင့်အရေးတွေဟာ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေအရ ဆက်လက်ခံစားထိုက်တယ်၊ ဒီ အခြေခံအချက်အပေါ်မှာ အစိုးရကို တရားစွဲဖို့ ကျနော်တို့ ကြိုးစားနေတာပါ”

နိုင်ငံရေးပါတီ ရပ်တည်ပိုင်ခွင့်က သီးခြား တမှုဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ်တမှု စွဲဆိုမှာဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရကို တရားစွဲဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုအတွက် အချောသတ် ပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်အတည်ပြုချက် ရယူပြီး မကြာခင်မှာပဲ စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
(RFA)

Sunday, September 5, 2010

1 ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး



သေဆုံးသွားသော အောင်သူဟိန်း၏ဓာတ်ပုံ

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သားများနှင့် ရန်ဖြစ်ကြပြီး နောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ ထို့နောက်ပြန်လာပြီး စစ်သား(၁၀)ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာ သေနတ်ဒဏ်ရာဖြင့် အောင်သူဟိန်းက၆ချက်ထိ--စိုးပိုင်ဇော်က၄ချက်ထိပြီးနေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်းသတင်းရရှိပါသည်။ ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့အကောင်တွေ သေချင်းဆိုးနဲ့သေလိမ့်မယ်"လို့အော်ဟစ်ကြိမ်းမောင်းသွားကြောင်းမျက်မြင်သက်သေများက ပြောဆိုကြပါတယ်။ သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ပြန်လည်ယူဆောင်ရန်တောင်းဆိုခဲ့ခြင်းကို အာဏာပိုင်များကတားမြစ်နေကြောင်းသိရှိရပါသည်.
သေဆုံးသွားသော စိုးပိုင်ဇော်၏ဓာတ်ပုံ

videoနှင့်ဓာတ်ပုံသတင်းအတွက် ဦးအေးမြင့် (လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.