Tuesday, September 7, 2010

0 ပံ့ပိုးမှုကို ထပ်မံပံ့ပိုးကြ

“သင်္ခါရတဲ့ ရပ်ထဲရွာထဲ ရပ်ကွက်ထဲဝယ် … ဖြစ်နေသမျှကို ပြောရအုံးမယ် xxx သချိုင်းလက်မှတ် ထွက်ဖို့အရေး … ဟိုမေး ဒီမေး … ဟိုပေး ဒီပေးနဲ့ xxx ရပ်ရေး ရွာရေး သာရေး နာရေးအတွက် … လုပ်စားနေတဲ့ ပွဲစားတွေ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး ရေးသားကာ တေးဆို - Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ကိုယ်ပြုသောကံ ပဲတင့်သံ ကိုယ်ထံပြန်လာမည်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်း၏ အဓိက ရည်ရွယ်ချက်မှာ နာရေးကိစ္စရပ်များတွင် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်ကို လုပ်ကိုင်စားသောက်နေကြသော အသုဘ ပွဲစားများ အကြောင်းကို အများပြည်သူ သိရှိအောင် ဖွင့်ချ ရေးဖွဲ့ထားသော ဟစ်ဟော့ တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

အဆိုပါ တေးသီချင်းအတွက် လိုအပ်သော စကားပြောအပိုဒ်များအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ကော်မတီဝင်များ၊ အသင်းသူ/သားများတို့မှ စကားလုံးများဖြင့် အသံသွင်း၍ ပူးပေါင်း ပါဝင်ခဲ့သည်။

“ဘီယာ ကြယ်သီး ပန်းကုံးတွေနဲ့ မုသား သူခိုး ကြီးစိုးနေမြဲ xxx ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်ကြလဲ … အတ္တတွေနဲ့ ငါးပါးမှောက်ဆဲ xxx ကိုယ့်သီလကိုယ်လုံ ယသပါပဲ … မင်းရဲ့သမိုင်း ၀ါးတားတားနဲ့ xxx ကိုင်းကြီးကြီးမှာ နားစမ်းပါဟဲ့ xxx အနိစ္စသဘောနဲ့ ကိစ္စချောမယ် xxx အကုသိုလ်တွေ မယူသွားပါနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ယသပါပဲ”

အထက်ပါ သီချင်းစာသားသည် တေးရေး - ကိုဦး၊ ကျော်သူ ရေးသားကာ တေးဆို - ကိုဦးနှင့် Cyclone ဟစ်ဟော့ အဖွဲ့သားတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် သီဆိုပေးထားသော “ဟိတ်” အမည်ရှိ Hip Hop တေးသီချင်းတစ်ပုဒ်မှ စာသားတချို့ ဖြစ်သည်။

ယင်း သီချင်းအတွက် စကားပြော စာပိုဒ်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကိုယ်တိုင် စကားလုံးများဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အသံသွင်း၍ ပူးပေါင်းပါဝင်ခဲ့သည်။


ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.