Saturday, June 2, 2012

1 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ မနက်ပိုင်းထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိ



မဲဆောက်လေယာဉ်ကွင်း၌ အန်တီစုကို စောင့်ကြိုနေကြ









Photo..AP ,Yamonnar,Kyaw Soe Win
ဒေါ်စုတို့ရောက်မဲ့ မဲဆောက်လေဆိပ်မှာ မြန်မာလူမျိုးထောင်နဲ့ချီပြီး မနက်အစောကြီးထဲက လာကြိုနေကြပါတယ်.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ဆုတောင်းသံတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းတွေက မနက်၈ နာရီလောက်ကထဲက စတင်နေပါပြီ... မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ဒေါ်စုစီးလာတဲ့ Nok Air လေယာဉ်လဲဆိုက်ရော ပြည်သူတွေရဲ့ ကြိုဆိုတဲ့ လက်ခုတ်သံတွေကို တခဲနက်ကြားလိုက်ရပါတယ်.. ခနကြာတော့ ဒေါ်စုစီးလာတဲ့ကားတန်း ထွက်လာပါ တယ်.. လေဆိပ...်ဝင်းအပြင်မှာစောင့်နေတဲ့သူတွေက အမိုးဖွင့်ကားနဲ့ထွက်လာမယ်ထင်ပေမဲ့ ဒေါ်စုနဲ့ ဒေါက်တာငယ်ငယ်က မှန်လုံကားကို စီးလာပါတယ်...မောင်းလာတဲ့ကားက မြန်လွန်းတဲ့အတွက် ဒေါ်စုကို သေသေချာချာတောင်မတွေ့ရပါဘူး.. လက်ကလေးကိုသာ ကားထဲကထုတ်ပြီး နူတ်ဆက်ပါတယ်.. အခုတော့ ဘဲကလော် စခန်းကို ထွက်ခွာသွားပါပြီ..

စက္ကန့်ပိုင်းလောက်သာ ဒေါ်စုကို မြင်ရပေမဲ့.. ကျက်သရေရှိလိုက်တာ.. တွေ့ရတာသေပျော်ပါပြီ. အမေစုလက်ကလေးကို ထိခွင့်ရလိုက်တယ်ဆိုတဲ့အသံတွေကို ကြားရတဲ့အအခါ ကြည်နူးမိပါတယ်.. မျက်ရည်တွေဝိုင်းနေတဲ့သူတွေလဲ အများကြီးပေါ့..

ဒေါ်စန္ဒာမင်းကတော့ ဒေါ်စုနောက်က ကားမှာ တစီးသပ်သပ်ဖြစ်ပါတယ်.. နူတ်ဆက်လိုက်ပေမဲ့ ကြားမယ်တော့ မထင်ဘူး.

အခုထိမြန်မာအလုပ်သမားတွေ ဒေါက်တာစင်သီယာရဲ့ မယ်တော်ဆေးခန်းမှာ စောင့်နေဆဲပါ.. ဒေါ်စုအပြန်မှာဝင်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြပါတယ်.. ဘာဘဲဖြစ်ဖြစ် မဲဆောက်မြို့ရဲ့ မင်္ဂလာရှိတဲ့ နေ့ကလေးတနေ့ပါ...
Aung myo min- Human Rights Education Institute of Burma (HREIB)

0 ''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''


''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''
ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ဖိတ်ခဲ့ပါတယ်.......ကျမ ပထမ တော့ စက်ခလုပ်တွေကြည့်ပြီးအံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစားသွားပါ တော့တယ်............ .အခုဘာတွေခြာနားနေပြီဆိုတာသိလိုက်ရပါတယ်..ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင် နဲ့ပတ်သက်ပြီး ပေါ်လစိကောင်းကောင်းလိုနေတယ်ဆိုတာပါဘဲ...............

ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ကျွန်မတို့နိုင်ငံသားအားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။

ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကိုထိန်းသိမ်းသောအားဖြင့်ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုတတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ

မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်။ မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား တယ်

မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမားတွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေးခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမဲ့လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ .

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုတာတွေဟာ မြန်မာပြည်ကခပ်တိမ်တိမ်လူတွေတွေးသလိုအဖေကြောင့်ကျော်ကြားတဲ့သူ.အပြင်မှာမမြင်ဘူးတဲ့လူမိုလို့အထူးအဆန်းတွေ့ချင်တာဆိုတာတွေကမှားယွင်းကြောင်းအခုနိုင်ငံတကာအသိုင်းအဝိုင်းကသံတမန်တွေပညာရှင်တွေကသက်သေပြလိုက်ပါပြီ...

သူတို့ဟာဒီလိုစိတ်ရှိတဲ့လူတွေမဟုတ်တဲ့အတွက်ဟီလာရီကလင်တန်ကိုလဲဒီလိုမဆက်ဆံခဲ့သလို..ဟောလီဝုဒ် မင်းသား မင်းသမီးအကျော်အမော်တွေကိုလဲဒီလိုသဲသဲလှုပ်နေမဲ့လူတန်စားမဟုတ်ပါဘူး..
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင်နေချင်ကြတာပါ..

မြန်မာအစိုးရအနေဖြင့်လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်တရားဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင်သွားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသည်တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံ သူများအတွက်လုံခြုံစိတ်ချရသောအာမခံချက်လိုအပ်ကြောင်း..

။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ”

မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ တွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ...

မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း“ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်”

ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။

http://www.facebook.com/photo.php?fbid=237630356346980&set=a.166792386764111.31251.100003000533611&type=1

Friday, June 1, 2012

0 ဒီကနေ့ကျင်းပခဲ့တဲ့ World Economic Forum မှာ ပြောကြားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် (ရုပ်သံ/ဓာတ်ပုံ)


Myanmar opposition leader Aung San Suu Kyi, right, speaks next to Bangladesh Federation of Woman Entrepreneurs' President Rokia Rahman during the World Economic Forum on East Asia

pro-democracy leader Aung San Suu Kyi (L) and the World Economic Forum's founder and executive chairman Klaus Schwab

Photo..Reuters
ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း (အစ/အဆုံး)


0 ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခရီးစဉ်မှာ ပျော်ရွှင်စွာ ကြိုဆိုမှုများ




Photo..AP
(30 May 2012 ရက်စွဲပါ BBC News မှ Jonah Fisher ရေးသားသော Repturous welcome for Aung San Suu Kyi's historic trip ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာသည် အမိုးပေါ်တွင်လည်းကောင်း၊ ပြတင်းပေါက်များတွင် ခေါင်းပြူ၍လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို မြင်ခွင့်ရရန် စောင့်ဆိုင်းလျက် ရှိသည်။

အများစုသည် မြို့တော် ဘန်ကောက်မှ တောင်ဖက် မိုင် ၂၀ (၃၀ ကီလို)ဝေးသော မဟာချိုင်၏ လမ်းမပေါ်တွင် စုဝေးနေကြခြင်းဖြစ်ပြီး ငါး၊ အစားအသောက်ပြုပြင်သော စက်ရုံများတွင် လုပ်ကိုင်နေရာမှ တစ်ရက် ခွင့်ယူလာကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ လာတာပါ" ဟု အနီးအနားတွင် အလုပ်လုပ်ကိုင်သူ တင့်လွင်ဦးက ပြောသည်။

"သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့်လာတာပါ။ သူ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ဆိုသည်။ မဟာချိုင်မှ မြန်မာရွေ့ပြောင်း လုပ်သားထုကြီးသည် ပျော်ရွှင်နေကြသည်။

ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသည်နှင့် တူနေသေးတော့သည်။ ဒီမိုကရေစီ တေးသံများ ပျံ့လွင့်နေသည်။

အချို့သည် "မြန်မာပြည် လွတ်လပ်ခွင့်ပေးပါ"၊ "အိမ်ပြန်ချင်ပြီ" စသည့် ပိုစတာများ၊ အလံများ၊ဝှေ့ယမ်းလျက်ရှိပြီး အချို့က ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ဝတ်ဆင်ထားသည်။

"ဘာမှ အားမငယ်ပါနဲ့။ သမိုင်းက အမြဲတမ်း ပြောင်းနေတာပါ။ ဒီနေ့ ကျွန်မ အားလုံးကို ကတိ တစ်ခုတော့ ပေးနိုင်ပါတယ်။ အားလုံးအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားမယ် ဆိုတာပါပဲ" ဟု သူက လူအုပ်ကြီးသို့ ပြောသည်။

ဓမ္မာရုံကဲ့သို့ အဆောက်အဦးထဲတွင် များပြားလှသော လူထဲမှ အချို့ကို ရွေးချယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ်အနည်းငယ်တွေ့ခွင့် ရကြသည်။

မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံတွင် လုပ်ခအနည်းဆုံးနှင့် ခေါင်းပုံဖြတ် အခံရဆုံး ဖြစ်သည်။ ယင်းတို့က တင်ပြလိုသည်များကို ပြောဆိုကြရာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရပိုင်ခွင့်များကို လေ့လာရန်နှင့် ရအောင်လုပ်ကြရန် ပြောဆိုခဲ့သည်။

"သူတို့အားလုံး တညီတည်း ပြောကြတာ တစ်ခုက မြန်မာနိုင်ငံကို ပြန်ချင်တယ်ဆိုတာပါပဲ" ဟု သူက သတင်းစာဆရာများသို့ ပြောသည်။

"ဒါ ကျွန်မတို့ တာဝန်ပါပဲ။ သူတို့ ပြန်လာချင်တဲ့အချိန် ပြန်လာလို့ရအောင် ဖန်တီးပေးရမယ့် တာဝန် ကျွန်မတို့မှာရှိပါတယ်"ဟု သူကဆိုသည်။

မြန်မာဒုက္ခသည် ၁၃၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်။

ယင်းတို့သည် ထိုင်းနိုင်ငံတွင် ဆောက်လုပ်ရေး၊ စက်ရုံများ၊ ငါးဖမ်းလုပ်ငန်းများတွင် တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ကိုင်လျက် ရှိသည်။

အပြင်ရှိ လူအုပ်ကြီးမှာ အမှန်တရားနှင့် အကောင်းမြင်မှုများ ရောလျက် စိတ်လှုပ်ရှားနေကြသည်။ နိုင်ငံရေးနှင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများသည် အလုပ်အကိုင် ရရှိရေးကို ဖြစ်လာစေရန် မလွဲမသွေ အချိန်ယူရဦးမည် ဖြစ်သည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် ဖြစ်လာရင် ဒီမှာ အလုပ် လာလုပ်စရာ မလိုတော့ဘူး"ဟု ဈေးထဲတွင် ငါး သန့်ရှင်းရေး အလုပ်လုပ်သူ ရန်နိုင်က ပြောသည်။

ရန်နိုင် ဖြစ်လိုသော အရာမှာ အစောဆုံး လာမည့် သုံးနှစ်အတွင်း ဖြစ်လာနိုင်စရာ မရှိပေ။

ထိုသို့ ဖြစ်လာနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ပါတီသည် အခြေခံဥပဒေပြောင်းလဲမှုများ ရှိလာရန် တွန်းအားပေးရမည် ဖြစ်သည်။ လက်ရှိအားဖြင့် လွှတ်တော်တွင် ၂၅% ကို စစ်တပ်အတွက် နေရာပေးထားရသည်။

ယခုအချိန်တွင်မူ စီးပွားရေး၏ အဓိပ္ပာယ်ကို ရိုးရိုးလေး စဉ်းစားပါက အရှေ့တောင်အာရှ၏ စီးပွားရေး ဌာနကြီးဖြစ်သော ထိုင်းနိုင်ငံသည် အလုပ်ရှာရန် ဆွဲဆောင်နေသော ဒေသတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ခိုင်ထူးကျော်သည် ငါးသေတ္တာ စက်ရုံတွင် အလုပ်လုပ်ရာ တစ်ရက်လျှင် ဘတ် ၃၀၀ (၈ဒေါ်လာ/ ၅ ပေါင်) ရရှိသည်။ ယင်းမှာ ထိုင်းနိုင်ငံ စံဖြင့် ကြည့်လျှင်ပင် လုပ်ခနည်းလှသည်။ သို့သော် ယင်း၏ တိုင်းပြည်ထက် စာလျှင် ဝင်ငွေကောင်းနေသေးသည်။

"ဗမာပြည် ပြန်သွားပြီးတိုင်း၊ ဒီကို ပြန်လာချင်တယ်။ ဒီမှာ ဝင်ငွေ ပိုကောင်းနေလို့ပါပဲ"ဟု ယင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုသမိုင်းဝင်ခရီးစဉ်၏ အဓိက ဖြစ်စဉ်မှာ သောကြာနေ့တွင် စီးပွားရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမှု ဖြစ်သည်။

သူသည် မဟာချိုင်သို့ ဦးစွာ လာရောက်၍ မြန်မာရွေ့ပြောင်း လုပ်သားများကို မိန့်ခွန်း ပြောကြားခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အလေးထားမှုများ ဘယ်မှာရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်သည်။

yangonchronicle 2011

0 ဒေါ်အောင်ဆန်းစုကြည် မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ဆုံ



"ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူပြည်သားတွေ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာ ဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်လို့ ရှိရင်တော့ ကျွန်မတို့ နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ "

"တကယ်တော့ သံရုံးမှာရှိတဲ့ အရာရှိတွေသာ ကျွန်မတို့ရဲ့သံတမန်မဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံသားအားလုံးဟာ ကျွန်မတို့ရဲ့ သံတမန်တွေ ဖြစ်တယ်။ ဒီတော့ ကိုယ့်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အတွက် ကိုယ်ကလည်း သိက္ခာရှိရှိ နေရမယ်။"

မေလ ၃၁ ရက်နေ့ မဟာချိုင်ကို ဒုတိယအကြိမ် လာရောက်ပြီး နိုင်ငံသား
စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့တဲ့အထဲကကောက်နှုတ်ချက် (RFA)

0 မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

Photo..(Bangkok Post)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ခုနက (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းအောင်လို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ ဆွေးနွေး တာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွေ့ပြောင်း အလုပ်သမားတွေအတွက် ပြေလည်ရေးပေါ့။ ဥပမာအားဖြင့်ဆိုရင် သားသမီး တွေကို အမျိုးသားပိုင်ထိုင်းကျောင်းတွေမှာ စာသင်နိုင်ရေး စသဖြင့်ပေါ့နော်။ ဒီဟာ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်လို့ ကျွန်မကို ပြောပါ တယ်။

ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင် ထားရတဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ် လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေး သရွေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေ ကို ဘယ်လိုအမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လိုအပြေလည်ဆုံး လုပ်နိုင်မလဲဆို တာ ကျွန်မတို့ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့ မယ်။ ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့ တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်။

ကျွန်မတို့ရဲ့ တာဝန်ဟာ ကျွန်မတို့ရဲ့ အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာချင်တဲ့ အခါကျလို့ရှိရင် လုံလုံ ခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့ နား လည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေး ဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ် လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွား မှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့ ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ တည် ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာ ရှိရှိ မနေနိုင်သရွေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြော နိုင်ပါဘူး။

ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစား နေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အ ခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာ ရှိနေသေးသရွေ့ကတော့ အတတ်နိုင်ဆုံး အဆင် ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ။ မနေ့ကလည်း မဟာချိုင်ကို လာပြီးတော့ ပြောသွားတယ်နော်။ ကျွန်မ တို့ဟာ ဘာပဲပြောပြော ဧည့်သည်တွေပဲ။ ဧည့်သည်တွေဆိုတော့ ကိုယ်ဟာ ဧည့်သည်ရဲ့ ကျင့်ဝတ်နဲ့ ညီအောင်လို့ နေကြရမယ်။ အဲတာတော့ ကျွန်မက ပြန်ပြီးတော့ သတိပေးပါရစေ။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။ တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသားအားလုံးဟာ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့် အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ။

ကျွန်မအနေနဲ့ (ထိုင်းနိုင်ငံ) ဒုတိယဝန်ကြီးချုပ်ကို ပြောတဲ့အခါမှာ ကျွန် မတို့နိုင်ငံသားတွေ ဒီမှာ အလုပ်လုပ် နေ တဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လို့ လုပ်ပေးပါလို့ ကျွန်မမေတ္တာရပ်ခံခဲ့ပါတယ်။ ဒါမှ ကိုယ့်ရဲ့လုပ် ပိုင်ခွင့်တွေ ကိုယ်သိမှ ဥပဒေအရ ကိုယ့်ကိုကိုယ်ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာကို နားလည်လာမှာပါ။ နောက်တစ်ခုကတော့ ကျွန်မ သတိပေးချင်တာကတော့ ကျွန်မတို့ မြန် မာနိုင်ငံကရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တခြား မြန်မာနိုင် ငံသူ၊ နိုင်ငံသားတွေဟာ အချင်းချင်းညီညီညွတ်ညွတ်နေဖို့ ကြိုးစားကြပါ။ အချင်းချင်းညီညွတ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ တစ်ဦးအပေါ် တစ်ဦး စာနာပါ။ နားလည်မှုပေးပါ။ ကိုယ်ရဲ့ နိုင်ငံနဲ့ပတ်သက်လို့ ကိုယ်ဂုဏ်ယူနိုင် တဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့က ကြိုးစားသလို နိုင်ငံကလည်း ကျွန် မတို့ ပြည်သူတွေအတွက် ဂုဏ်ယူနိုင်အောင်လို့ ကျွန်မတို့ ပြည်သူပြည်သား တွေကလည်း ကြိုးစားပေးပါလို့ ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ အခုကျွန်မ ထိုင်းနိုင်ငံကို လာတာကတော့ အစည်းအဝေးတက်ဖို့ လာ တာပေါ့နော်။ အစည်းအဝေးတက်ဖို့လာတာဆိုပေမဲ့ အမှန်ပြောရမယ်ဆိုလို့ ရှိရင် ကျွန်မတို့အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေကတော့ ကျွန်မ တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ကျွန်မတို့ရဲ့ ဒုက္ခသည်တွေရဲ့ ဘဝ အခြေအနေတွေကို ကျွန်မအနေနဲ့ သုံးသပ်ပြီးတော့ ဘယ်လိုနည်းနဲ့ သက် သာအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို လေ့လာဖို့ ကျွန်မလာတာဖြစ် ပါတယ်။

နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန် မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွေ့ပြောင်းအလုပ်သမား တွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ဝန်ကြီးဌာနတွေ ကျွန်မတို့ဆက်ပြီးတော့ လုပ် ပါမယ်။ ကျွန်မတို့နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန် မတို့ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။

ကြိုးစားပါ့မယ်လို့ ပြော လို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခုချက်ချင်းလက်ငင်း လုပ်ပေး စေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မက ကတိတွေပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲတာကြောင့်မို့လို့ အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မ တို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံးကြိုးစားပါ့မယ်လို့ ပြောပါရစေ။ အားလုံးကျန်းမာချမ်းသာကြပါစေ။
Eleven media group

0 ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချူပ် Prime Minister Yingluck Shinawatra တို့  Royal Thai Navy Convention hall ၌ ယနေ့ တွေ့ ဆုံစဉ်



Photo..Reuters

Thursday, May 31, 2012

1 “ကစားမလား။ နားမလား။” (စိမ်းခက်စိုး)

ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ကျွန်တော်ဟာ နှစ်ကာလတစ်ခုကြာ မိမိယုံကြည်ချက်ကြောင့် သော် လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှား မှုကြောင့်သော် လည်းကောင်း မတရားဖမ်းဆီးအထိန်း သိမ်းခံရာ ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဖြစ်လဲ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ချို့နဲ့ လူမှုရေးလုပ်ငန်းနယ်ပယ် တော် တော်များများမှာ ထိတွေ့လုပ်ကိုင်ခွင့်ရ ရှိခဲ့ပါတယ်။ လူမှုရေးမှာ သူတို့တွေ တက်ကြွလှုပ်ရှားပါဝင် လာတာ ဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ နိမ့်ကျလာနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အလွန်ဘဲကောင်းမွန် သလို၊ ပိုလည်းထိရောက်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ပြည်တွင်းမှာ ပိုမိုနိုးကြားလာစေတာလည်း အားလုံးမျက်မြင်ပါဘဲ။

အဲဒီမှာ ကျွန်တော်သုံးသပ်မိတာတစ်ခုရှိပါတယ်။ အခုထောက်ပြဆွေးနွေးချင်တာ ကတော့ နိုင်ငံရေး အကျဉ်းသားဟောင်း သို့မဟုတ် မြန့်မာဒီမိုကရေစီဖြစ်ပေါ်တိုးတက်လာရေးအတွက် မိမိဘဝကို အသက် ကိုပဓါနမထားဘဲ ဦးဆောင်လှုပ်ရှားနေ တယ်လို့၊ လှုပ်ရှားခဲ့တယ်လို့ မိမိကိုယ်ကိုခံယူထား တဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းတွေ၊ ပါတီဝင်တွေကို ပြောချင် ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ လူတော်တွေ မရှား တာတော့သေချာတယ်။ လူကောင်းတော့ တော်တော်လေး ရှား ပါတယ်လို့ ကျွန်တော်ပြော ချင်ပါ တယ်။ ဘာလို့ကျွန်တော်အဲလိုပြောရလည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့လူမှုနယ်ပယ် အ သီးသီးမှာ လူတော်တွေ အများကြီးပါ။ ဒါပေမယ့် အဲဒီလူတော်တွေဟာ တိုင်းပြည်ရဲ့အခြေအနေနဲ့ အံဝင်ခွင် ကျရပ် တည် ဦးဆောင် နိုင်တဲ့ လူကောင်းတွေဖြစ်မလာကြပါဘူး။ အတ္တဗဟိုပြုပြီး တော်နေသူတွေအများကြီးပါ။ ဒါကို လုံးဝ လက် မခံဘူးဆိုရင်တောင် ငြင်းမရတဲ့အမှန်တရားတစ်ခုလို့တော့ သုံးသပ်မယ် လို့ယုံကြည် ပါ တယ်။ နောက် ဒါဟာ လူ့သဘာဝဘဲ လို့ လည်း ပြောလို့ရပါတယ်။

ကျွန်တော်ပြောချင်တာက ဒီလိုပါ။ ခုနင်ကပြောခဲ့သလို ၅နှစ်တာအတွင်းမှာ အခွင့်သင့်လျှင်သင့်သလို အတူတူပူးပေါင်း လုပ်ဆောင် လာခဲ့တဲ့နေရာမှာ ကျွန်တော် ဘာသွားတွေ့ရသလဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေအားလုံး (ကျွန် တော်ထိတွေ့ဆက်ဆံခဲ့ရသူတော်တော်များ များကိုဆိုလိုပါသည်) သူတို့ရဲ့အတိတ်မှာ စိတ်ဒဏ်ရာကြီးကြီး မားမားကြီးကို ရ ရှိခဲ့ရှာသူတွေဖြစ်နေပြီး တခါတလေ သို့မဟုတ် အမြဲလိုလိုအဲဒီစိတ်ဒဏ်ရာရဲ့ အထိုင်မှာ မိမိကိုယ်ကိုအခြေတည်ပြီး ကိုယ့် ကို ထိတွေ့လာသမျှကို တုန့်ပြန်ပြုမူလိုက်သလိုဖြစ်နေ တာကိုလည်း သွားတွေ့ရပါတယ်။

ဥပမာ-လမ်းဘေးထမင်းဆိုင်မှာ စားကြတော့ ဆိုင်ရဲ့မသန့်ရှင်းမှုကို သာမန်လူတစ်ယောက်က ညည်းတွား လိုက်စဉ်မှာဘဲ နိုင်ကျဉ်း(နိုင်ကျဉ်းလို့ဘဲ အတိုကောက်ဆက်လက်သုံးသွား ပါရစေ)တစ်ယောက် က ထောင် ထဲမှာဆို ဒိထက်ဆိုးတာပေါ့ အခုတည်းက အဲဒါတွေစားနိုင်အောင်ကျင့်ထား..စသည်ဖြင့် အခြေတည်ပြီး သူ့ရဲ့ထောင်တွင်းဖြတ်သန်းမှုကို သူ့ပင်ကိုယ် စိတ်က မထိန်းချုပ်လိုက်မိခင် မသိလိုက်ခင်မှာ ဘဲ ပြောချ သွားတာမျိုးတွေ။ အခက်အခဲအဆင်မပြေမှုတစ်ခုခုနဲ့ တိုးလာတဲ့ အခါမျိုးမှာ ငါတို့ကိုအဲလိုလာ မချိုး နဲ့ ထောင့်အပြင်တန်းမရှိဘူး အဆုံးထိတိုးပစ်လိုက်မယ်ဆိုတာမျိုးနဲ့ ပြဿနာကို အချွန်အ ချွန်ခြင်း တည်ပြီး မျက်နှာ ချင်းဆိုင်ပစ်လိုက်တာ။

နောက် ငါတို့ထောင်ထွက်ခြင်းဘဲယုံတယ်ဆိုတာမျိုး၊ ပွဲလမ်းတွေ၊ အခန်းအနားတွေမှာ နိုင်ကျဉ်းတွေ များသွားရင် လုပ်တဲ့ ပွဲက ဦးတည်ချက် ပျောက် သွားပြီး နိုင်ကျဉ်းအချင်းချင်း ဟိုစုစု စုစု၊ ဒီစုစု စုစု စကားပြောနေတာတွေ။ တခြားသူ တွေကို မိတ်သဟာရမလုပ်ဘဲ တည်တည်ငုတ် ငုတ်ကြီး ထိုင်နေတာ မျိုးတွေ၊ ငါတို့သာ ဘဝအပျက်ခံ၊ အဆုံးအရှုံးခံပြီး ပေးဆပ်ခဲ့ ရတာ မင်းတို့ကအလကားဆိုတဲ့အတွေးတွေ၊ အပြောတွေ၊ အပြုအမူတွေဟာ ပြင်ပအထိအတွေ့တွေကို စိတ်ဒဏ်ရာရဲ့ ချက်ချင်းတုန့်ပြန်ပြုမှုတွေကနေ ကန်ထွက်လာတာပါ။ အေးအေးဆေးဆေးပြန် သုံးသပ်ကြည့်ရင် အဲလိုပေးဆပ် အနစ်နာ ခံခဲ့လို့လည်း လူတွေရဲ့အားကိုးယုံကြည်ခြင်း၊ အသိအမှတ်ပြုခြင်းတွေကို အခြားသူများထက် ပိုခံရတာ မဟုတ်ပါလား။

ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ အိပ်နေတဲ့မြွေပွေးတစ်ကောင်ရှိတဲ့အခန်းထဲမှာ ရွှေထုပ် လိုက်ရှာနေ ရသ လို အခြေအနေပါ။ ရွှေထုပ် ရှိမယ်၊ မရှိမယ်။ ရှာတွေ့မယ်၊ မတွေ့မယ်က မသေချာပေ မယ့် ခြေလှမ်းမတော်ရင် အိပ်နေတဲ့ မြွေ ပွေးကိုနင်းမိပြီး အကိုက်ခံရမယ့် အခြေအနေမျိုးပါ။ အဲလိုအခြေ အနေ မျိုးမှာ ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့စိတ် တွေဟာ ကြည်ရှင်းဖြတ်လပ်နေမှဖြစ်မှာပါ။ ကျွန်တော် တို့ အချင်းချင်းခိုင်မာကျစ်လစ်နေမှဖြစ်မှာပါ။ ထက်၊ အောက်၊ ဘေး ဘယ်၊ ညာမှာ ဟာကွက်နည်းနိုင် သမျှနည်းအောင် ပြည့်စုံနေမှဖြစ်ပါမှ။ ဒေါက်တိုင်ကလည်း ဒေါက်တိုင် အလျောက်၊ ပလ္လင် ကလည်းပလ္လင် အလျောက်၊ ခြံစည်းရိုးကလည်းခြံစည်းရိုးအလျောက် ခိုင်မာသေချာနေမှသာ ကျွန်တော်တို့ဆာလောင်မွတ် သိပ်နေတဲ့ အိုအေစစ်ကိုရှာတွေ့ကြမှာပါ။

ကမ္ဘာပေါ်မှာ ရေဘေး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဘဲဖြစ်ဖြစ်၊ စစ်ပွဲအမျိုးမျိုးတွေ၊ နိုင်ငံရေးလုပ်ကြံမှုတွေ စတဲ့ လူလုပ်တဲ့ဘေးဒုက္ခအန္တရာယ်ကြောင့် ဘဲဖြစ်ဖြစ် ဘေး ဒုက္ခတွေဖြစ်ပေါ်လာပြီဆိုရင် အကြောင်း တရားရဲ့ ပရမတ္တသဘောအရ အကျိုးတ ရားတွေ ဖြစ်ပေါ် လာတတ်ကြတာပါ။ အဲလိုဖြစ်ပေါ်လာရာမှာ သဘာဝဘေးအန္တ ရာယ်ကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုး ခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ကိုင်တွယ်ချဉ်းကပ်ဖို့ရာမှာတော့ လူလုပ်တဲ့ဘေး ဒု က္ခကြောင့် ခံစားရရှိတဲ့ စိတ်ဒဏ်ရာက ပိုပြင်းပြီးကိုင်တွယ်ရခက်ပါတယ်။ သဘာဝဘေးမှာခံစားရသူတွေအတွက် စာဖတ် သူဖြစ်ဖြစ်၊ စာရေး သူကျွန်တော်ဖြစ်ဖြစ် ဝင်ရောက်ဖြေလျော့ပေးလျှင်အဆင်ပြေနိုင်ပေမယ့် လူလုပ် တဲ့ဘေးကြောင့် ခံစားရ တဲ့စိတ်ဒဏ်ရာကိုကျတော့ ပြုလုပ်သူနဲ့ ပြုလုပ်ခြင်းခံရသူ ကာယကံရှင်တွေ အချင်း ချင်း ကုသကြမှာသာ အပျောက်ပိုမြန် ပါတယ်။

အဲဒီလိုအခြေအနေအထိ ရောက်ခွင့်မရသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲမှာ စိတ်ဒဏ်ရာခံ စားနေရတဲ့၊ ခံ စားခဲ့ရတဲ့ နိုင်ကျဉ်းတွေကို ဝန်းရံပေးနေကြတဲ့သူအချင်းချင်းမှာလည်း အရမ်းတာဝန်ရှိ ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစု ဝင်တွေ၊ ဇနီးသားသမီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာ သူတို့ကို နားထောင်ပေးနိုင်တဲ့၊ နှစ်သိမ့်ပေးနိုင်တဲ့ စိတ်အနေပြည့် ဝရပါမယ်။ အဲဒါတွေမပြည့်ဝ ရင် နှစ်ဦးနှစ်ဘက်စိတ်ဆင်းရဲရသလို သူ့ရှေ့လျောက်ဘဝခရီးကို စိတ်ဒဏ်ရာတွေနဲ့ဖြတ်သန်း ရမှာပါ။

အားလုံးမှတ်မိကြမှာပါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနှစ်ဦးမှာလွတ်ခဲ့တဲ့ သူတွေရဲ့ပုံတွေကိုမီဒီယာတွေ မှာမြင်ရတော့ အား လုံး မှာမျက်ရည်ကိုယ်စီနဲ့ စာရေးသူဆို သားငယ်က သူ့ရင်ခွင်ထဲတိုးဝှေ့ပွေ့ဖက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းနဲ့ သူ့သမီးလေး ပွေ့ဖက်နေတဲ့ပုံ၊ ကိုဇော်သက်ထွေး သူ့ဇနီးနဲ့ သမီးငယ်လေးပွေ့ဖက်ပြုံးရွှင်နေတဲ့ ပုံကိုတွေ့တော့ မျက်ရည် လည်လောက်အောင် ကို ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ကာယကံရှင်သူတို့တွေရင်ထဲမှာဆို ဘယ် လိုနေကြ မလဲ။ သူတို့တွေအဖမ်းခံရချိန်မှာဆို ကလေးတွေက နို့မပြတ်သေးတဲ့ လသား အရွယ်၊ မိခင်ဖခင် ရင်ငွေ့ကို တမ်းမက်ရ တဲ့အရွယ်လေးတွေဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နှစ်ကိုဆယ်စုနှစ်ချီပြီး လင်ပြစ်၊ သားပြစ်ပြီး တိုင်း ပြည်အတွက် ပေးဆပ်ခဲ့ရသူတွေပါ။

ကဗျာဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ပိုဒ်ပါ။
“‘လူ’ ဆိုတာ..
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို ပိုသတိရတတ်တယ်…။” (တာရာမင်းဝေ-မီးတောင်ရစ်သမ်ကဗျာရှည်မှ)

ဟုတ်ပါရဲ့ လူဆိုတာ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ သရဲခြောက်ရာညတစ်ညကိုသာ သတိယပြီး ညတွေကိုဖြတ်သန်းရတာ ဓမ္မ တာပါ။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုသူတို့ ရင်ဆိုင်ခဲ့ရတဲ့ အခြောက်ခံခဲ့ရတဲ့ အတိတ်တစ္ဆေညတွေဟာ ကျွန်တော် တို့ သာမန်လူတွေ တွေးထင်ထားတာထက် ရှည်လျားခဲ့သလို၊ ကြမ်းလည်းကြမ်းတမ်းခဲ့ကြရပါတယ်။ မိတ်ဆွေတစ် ယောက်ကပြော တယ် ထောင်က လွတ်လာလာချင်းတုန်းကဆို ကားသံကြားရင်တောင် ငါ့ကိုပြန်လာခေါ်တာလားဆိုပြီး ညညလန့်နိုးတယ်။ ခဏလောက်မေးစရာရှိလို့ပါဆိုပြီး လူငယ် ဘဝတစ်ခုလုံးကို ထောင်ထဲမှာ မြှုပ်နှံပစ်လိုက်ရတာဆိုတော့ ထစ်ခနဲဆို စိတ်ကထောင်ထဲကနေ့နဲ့ လက်တလောအခြေအနေတွေကို ပြန်ညှိနေရတယ်ဗျတဲ့။ အမတစ်ယောက်ဆိုရင် စာရေးသူ ကိုးတန်းကျောင်းသားဘဝ ပထမဆုံးကျောင်းအပ်တဲ့နေ့မှာ သူ့ကိုနောက်ဆုံးတွေ့လိုက်ရပြီး နောက်၁၁နှစ် ကျော် ကြာမှ သူ့ကိုအပြင်လောကမှာပြန်တွေ့ရတယ်။ သူ့ကိုဖမ်း သွားတုန်းက ဒုတိယနှစ်ကျောင်းသူ တစ်ကယ့်လူငယ်ဘဝအစ အ ရွယ် အပြင်လော ကကိုပြန်ရောက်တော့ အသက် ၃၀ကျော်အရွယ်။ သူဥာဏ်ကစားခဲ့တဲ့ ခေတ်တွေဟာ သူ့ကိုထားခဲ့ တယ်။ တစ်ယောက်ဆို ဆယ်စုနှစ်နီးပါထောင်ကျပြီး သူပြန်လွတ်လာတဲ့နေ့ဟာ သူ့ချစ်ဇနီးရဲ့ နောက် အိမ်ထောင်ပြုတဲ့နေ့။ သူတို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဟာ ဝထ္တုထက်လည်း ဆန်းတယ်။ ခယောင်းလမ်းထက်လည်း ကြမ်းခဲ့ ကြတယ်။

နိုင်ကျဉ်းတွေ ပြန်ချေချခွင့်ရတဲ့ခေတ်ကျတော့ တိုးတက်သယောင်နဲ့ကသောင်းကနင်းဖြစ်နေတဲ့ခေတ်။ မျိုးဆက်ကွာဟာမှု လက်ငင်းကို သူတို့ရင်ဆိုင်ရတယ်။ တချို့ဆို မိသားစုက အစိပ်စိပ်အမွှာမွှာပြိုကွဲသွားပြီ။ ဖအေမအေတွေရဲ့ နောက်ဆုံး ခရီးဆိုတာ သူတို့ထောင်ထဲမှာရှိခဲ့ နှစ်အချို့မှာကျန်ခဲ့ပြီ။ စီးပွားရေးယိမ်းယိုင်နေ တဲ့ လင်၊ သားဇနီးတွေနဲ့ ဘဝကိုအနိုင်နိုင် ဖြတ်သန်းနေရတဲ့ မိသားစုဝင်တွေရဲ့ ကိုယ့်အပေါ်လေးစားစိတ်နဲ့ မိသားစုတာဝန်မကျေလို့ စိတ်ကုန်နေရှာတဲ့ ဆက်ဆံရေး ကြားကို ပြန်ခုန် ချရအခြေအနေတွေ။ သားသမီးတွေက ခပ်စိမ်းစိမ်းဖြစ်သွားကြသလို ကိုယ်တိုင်လည်း မိသားစုတာဝန် မ ကျေသူအဖြစ်ရယ်၊ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေလိုသူအဖြစ်ရယ်ကြားမှာ ညတိုင်းသက်ပြင်း ချနေရတဲ့အခြေအနေ။ အ ကျဉ်းထောင်တွေထဲမှာ ဖြတ်သန်းခဲ့ရတဲ့နေ့ညတွေဆိုတာလည်း လသာညတွေ မဟုတ် ခဲ့ကြပါဘူး။ အခါကြီးရက်ကြီးတစ်ခု မှာ သီချင်းတွေဖွင့် သူတို့ကိုမျက်နှာဖုံးစွပ်ရိုက်ခဲ့တာမျိုးကစ မိုင်ရာချီရှိတဲ့ တစ်လမှတစ်ခါတောင်ထောင်ဝင်စာ မှန်မှန်မတွေ့ နိုင်တဲ့မိဘဆွေမျိုးအလာကိုမျှော်နေတုန်း မိုင်ရာချီအဝေးကရောက်လာတဲ့ မိဘဆွေမျိုးတွေကို ထောင်ဝင်စာပိတ်တယ် ဆိုပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာမျိုးတွေ၊ အိမ်သာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်လျောက်မှု မေ့လျော့ခံခပ်ကြမ်း ကြမ်းနေ့ ညတွေကို ဖြတ်သန်းပြီး ပြန်လာခဲ့ရသူတွေပါ။ ဒါဟာ တကယ့်သေရာပါမယ့် စိတ်ဒဏ်ရာတွေပါ။


ဝန်းကြရံကြရင်းဖြင့် ခေတ်ကြီးတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် ကြယ်တွေဖူးပွင့်ကြ
ဝန်းကြရံကြရင်းဖြင့် ပွဲတွေလမ်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် သတင်းပလင်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် အလင်းတွေတွေ့လာ
ဝန်းကြရံကြရင်းဖြင့် အကူအညီတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် ငြိမ်းချမ်းခြင်းတွေဖြစ်လာ
ဝန်းကြရံကြရင်းဖြင့် အပြုံးတွေဖြစ်လာ



တချို့က ဝန်းရံခံရရင်း အသက်ရှုကြပ်ကြ
တချို့က ဝန်းရံခံစဉ် သေဆုံးသွားကြ
တချို့က ဝန်းရံခံရင်း အမှန်အမှားပျောက်ဆုံးသွားကြ
တချို့က ဝန်းရံခံရစဉ် အိမ်ပြန်မရောက်ကြ
တချို့က ဝန်းရံခံရရင်း သွားရမည့် လမ်းပျောက်သွားကြ
တချို့က ဝန်းရံခံရစဉ် ဝန်းရံသူကိုမေ့သွားကြ
တချို့က ဝန်းရံခံရရင်း တိုးဝှေ့ဖြတ်ကျော်
တချို့က ဝန်းရံခံရစဉ် ဝန်းရံသူတို့က ရှာမတွေ့ကြ
တချို့က ဝန်းရံခံရရင်း အိပ်မက်တွေဆက်မက်ကြ
တချို့က ဝန်းရံခံရစဉ် သောက်စားပျော်ပါး
တချို့က ဝန်းရံခံရရင်း မီးတွေတဖြပ်ဖြပ်ပွင့်
တချို့က ဝန်းရံခံစဉ် ကိုယ့်လူကိုယ်နင်းမိ


တကယ်တော့ ကျွန်တော်တို့ဟာ တစ်ယောက်ကိုယ်တစ်ယောက်၊ တစ်ဖွဲ့ကို တစ်ဖွဲ့၊ နယ်ပါယ်တစ်ခုကို တစ်ခု အပြန်အလှန် ပတ်သတ်ဆက်နွယ်ဝန်းရံနေကြတာပါ။ ဝန်းရံခြင်းဟာ ရှုပ်ထွေးနေသလိုရှိပေမယ့် သူ့အဆင်၊ သူ့အကွက်နဲ့ သူ့တန်ဖိုးသူရှိ ကြတာမို့ သေချာကြည့်ရင်လှပါတယ်။ ဝန်းရံရင်း အသက်ရှုကြပ်၊ အချင်းချင်းနင်းမိပြီး အဆုံးအရှုံးဖြစ်မသွားစေဖို့ အားလုံး မှာ တာဝန်ရှိပါတယ်။ ဝန်းရံခြင်းဟာ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီကိုလည်း သာယာဖြောင့်ဖြူးစွာရှာဖွေ တွေ့နိုင်စေပါ တယ်။ တစ်ယောက်ကိုယ်တစ်ယောက် ဝန်းရံရင်း မိမိတို့လိုချင်တောင့်တနေတဲ့ ခေတ်ကိုတည်ရမယ့်အချိန်ပါ။

တစ်ယောက်ကိုယ်တစ်ယောက် ကျော်နင်းမိစေမယ့်၊ တစ်ယောက်ကိုယ်တစ်ယောက်ကျွေး၊ ချစားမိစေတဲ့ အခြေအနေတွေ၊ အဖြစ်အပျက်တွေ ကို တတ်နိုင်သမျှရှောင်ပြီး ကိုယ်နဲ့တကွ ကိုယ့်ကိုမျှော်လင့်တောင့် တခဲ့သော သူတွေ၊ ကိုယ်နဲ့လုပ်ဖော် ကိုင်ဖက်တွေအတွက် ပိုယုံကြည်သည် ထက် ယုံကြည်စရာကောင်း လာတဲ့ အခြေအနေမျိုးတွေ ဖန်တီးတည်ဆောက်ပေးနိုင် တဲ့ သူတွေဖြစ်ဖို့ဆိုတာ ကိုယ်ဒဏ်ကိုယ် လျှာနဲ့ရဲရဲပြန် လျှက်ပြီး ကိုယ့်ကိုယ်ကိုကုသရမယ့်အချိန်လို့ အားပေးချင်ပါတယ်။


နောက်အဲဒီလို စိတ်ဒဏ်ရာတွေရခဲ့တာဟာ မိမိအမှားကြောင့်မှမဟုတ်တာ၊ မိမိရဲ့ အားနည်းချက်ကြောင့်မှ မဟုတ်တာ။ မိမိရဲ့ အပြစ်တစ်ခုကြောင့်မှ မဟုတ်တာ။ အဲဒါတွေဟာ တသက်လုံးပြေပျောက်သွားမယ်လို့ မပြောနိုင်ပေမယ့် ဒဏ်ရာပို ကြီး မလာအောင်တော့လုပ်လို့ရပါတယ်။ အဲဒါကတော့ ခဏနားလိုက်ပါလို့ အကြံပေးလိုတာပါ။ နားတယ်ဆိုတဲ့အချိန်မှာ ဘယ်အရာမှကိုခေါင်းထဲမထည့်ဘဲ နားပစ်တာ၊ ပတ်သတ်လာနိုင်ခြေရှိရာတွေကို ထားခဲ့ပြီး နားတာမျိုးကိုဆိုလိုတာပါ။ နား ရင် အားပြန်ဖြစ်ပါတယ်။ ကိုယ့်အသံကိုယ်ပြန်ကြားသလို တခြားသူတွေရဲ့ အသံတွေလည်း ကြည်လင်လာပါတယ်။ အဝေး ကိုပိုပြီး ပြန်မြင်လာပါတယ်။ ထောင်ထဲ မှာနေခဲ့ရတဲ့အချိန်တွေဟာ နားချိန်တွေမဟုတ်ပါ ဘူး။ ထောင်ထဲမှာနေခဲ့ရ ချိန်တွေ မှာ အတွေးတစ်ခုရရင် တိုက်ပိတ်ခံနံရံတွေ နဲ့ ထောင် ဝတ် စုံတွေပေါ်မှာ ရေးခဲ့ရတာပါ။ အခုအတွေးတစ်ခုရရင် တစ်ကမ္ဘာ လုံးကို ချပြလို့ရပါတယ်။ နားတဲ့ချိန် မှာရလာတဲ့အတွေးကို ချက်ချင်းပြေးလုပ် လို့ရပါတယ်။

ခု နားနေတဲ့အချိန်မှာ သံခြေကျင်းတွေ၊ မထိုင်ချင်ထိုင်ချင်ပုံစံတွေ၊ စာဖတ်လို့၊ စာရေးလို့ အပို့ခံရမယ့် စစ်ခွေးတိုက်တွေ မပါ တော့ ပါဘူး။ ကျေးငှက်လေးတွေရဲ့အော်သံလေးတွေ၊ ကလေးတွေဆော့သံ ဆူညံသံလေးတွေ၊ အမေ့ဘုရားရှိခိုးသံတွေ၊ တီဗီက လာနေတဲ့သတင်း၊ ဇာတ်လမ်းတွဲအသံတွေ၊ သီချင်း သံတွေ၊ အိမ်ရှေ့ကနေ အော်ဟစ်နုတ်ဆက်သွားမယ့် သူငယ် ချင်း မိတ်ဆွေအသံတွေသာ ခင်ဗျားရဲ့ဘေး မှာ ဝန်းရံနေတာပါ။ တစ်ခါတလေ နိုင်ငံရေးလုပ်လို့ဆိုပြီး ထားခဲ့တဲ့ ငယ်ရည်း စားတွေအကြောင်းလည်း ဟာသလေးနှောပြီးတွေးချင် တွေးလို့ရနေပါသေးတယ်။ အဲဒါကြောင့် ခေတ္တနား လိုက်ပါ။ နောက် ကျွန်တော်တို့ နိုင်ကျဉ်းမဟုတ်ခဲ့ဖူးတဲ့ သာမန်လူတွေဟာလည်း နိုင်ကျဉ်းတွေကို အားကိုးလွန်ခြင်း အားဖြင့်၊ မျှော်ကိုးလွန် ခြင်းအားဖြင့် ဖိအားအများကြီးမပေးမိအောင် စနစ်တကျအပြန် အလှန်ဝန်း ရံ ပေးစေချင်ပါတယ်။

ကိုယ်တိုင်ကုမှ ပျောက်မယ့် ဒဏ်ရာကြီးပြည်တရွှဲရွှဲနဲ့ သူများဒဏ်ရာကုဖို့ဆိုတာ အလွန်ဘဲအန္တရာယ်များ လှပါတယ်။ နားဖို့ အားပေးပါတယ်။ ရှေ့လျောက် အလုပ်တွေအများကြီးလုပ်ရဦးမှာပါ။ အလုပ်တွေ အများကြီးလုပ်ဖို့ လူတွေကို ရှင်းရှင်းလင်း လင်း သိဖို့ ခဏနားလိုက်ပါ။ ခပ်ဝေးဝေးက ခွာကြည့်ကြည့်ပါ။ ဘယ်သူဟာ ဘာနဲ့သင့်တော်ပြီး တာဝန်တွေကို ဘယ်လိုဝေ ယူကြမလဲဆိုတာမျိုးတွေကိုကြည်ကြည် လင်လင်တွေးလာနိုင်မှာလို့ မြင်ပါတယ်။ နောင်လာမည့် အနာဂတ်မှာ ကျွန်တော် တို့တွေရဲ့ တိုင်းပြည်အတွက် ပိုလင်းနိုင်တဲ့ကြယ်တွေ၊ လမ်းပြနိုင်တဲ့ကြယ်တွေကို ဘယ်လိုနည်းနဲ့မှ ထပ်ပြီးအဆုံးအရှုံး မခံ ချင်တော့ပါဘူး။ အလုပ်တွေ အများကြီးလုပ်ဖို့ တစ်ရက်၊ တစ်ပတ်၊ တစ်လဆို တဲ့ အချိန်လေးကို စိတ်လွတ်ကိုယ်လွတ် နား ချ ပစ်လိုက်ဖို့ မတွန့်တိုပါနဲ့၊ ခေါင်းမမာပါနဲ့၊ လစ်လှူမရှုပါနဲ့လို့ပြောရင်း ကျွန်တော့် ဆွေးနွေးမှုကိုရပ်ပြီး စာဖတ်သူဆီက ပြန် လာမယ့်အတွေးအမြင်တွေကို စောင့်နေပါဦးမယ်။


စိမ်းခက်စိုး
(ကြာသာပတေး) မေလ ၃၁၊ ၂၀၁၂
နံနက် - ၀၁း ၀၈ နာရီ

0 တာမွေဈေး မီးရှို့ခံရမည့်အရေး ဈေးသူ/ဈေးသားများ စိုးရိမ်မှုမြင့်တက်

မီးရှို့ခံရသည်ဟုသတင်းထွက်နေသော စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေး
Photo.. shwelone.com
တာမွေ(ယာယီ)ဈေး မပြောင်းရွှေ့ရရေးအတွက် ပါဝင်ပတ်သက်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားသော်လည်း ဆွေးနွေးခွင့် မရရှိသေးသည့်အတွက် အခြားဈေးများကဲ့သို့ မီးရှို့ခံရမည်ကို စိတ်မအေး ဖြစ်နေရကြောင်း ယင်းဈေးသူဈေးသား များ၏ ပြောကြားချက်အရ သိရသည်။

"အရှေ့မှာတခြားဈေးတွေ မီးရှို့ခံခဲ့ရတဲ့ သာဓကတွေရှိတယ်။ အခုလည်း တိုင်းဒေသကြီးအစိုးရက ဆွေးနွေးညှိနှိုင်းဖို့ စာထုတ် ထားတာတောင် ဆွေးနွေးခွင့် မရသေးဘူး။ ပြီးတော့ ကျွန်တော်တို့ဘက်ကလည်း ပြောင်းရွှေ့မပေးနိုင်ဘူး ပြောထားတဲ့အတွက် မီးရှို့ခံရဖို့က ကျိန်းသေသလောက် ရှိနေပြီ။ အဲဒါကြောင့် မီးဘေးလုံခြုံရေးအတွက် အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးကိုငှားရမ်းထားတယ် "ဟု တာမွေ (ယာယီ)ဈေး ဈေးသာယာရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့်စာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် တာမွေမြို့နယ်၊ တာမွေယာယီဈေး ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းပါ အစီအစဉ်ကို ဈေးသူဈေးသားများ၊ ရန်ကုန်မြို့တော် စည်ပင် နှင့် ဂမုန်းပွင့် ကုမ္ပဏီလီမိတက်တို့မှ အကောင်းဆုံးဖြေရှင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားသော်လည်း ယခုအချိန်အထိ ဆွေးနွေး ရန် ကမ်းလှမ်းမှုတစုံတရာ မရှိခြင်း၊ ပြောင်းရွှေ့လျှင် ဆောက်လုပ်မည့်ဈေးရုံသစ်ပုံစံ ဗီနိုင်းကားချပ်များကို ယခုအချိန်ထိ ဖြုတ်သိမ်းမှုမရှိခြင်း စသည်တို့ ကြောင့် မရွှေ့ပြောင်းရတော့ဟူသော စကားမှာမရေမရာဖြစ်နေကြောင်း ဈေးသူဈေးသားများက ဆိုသည်။

ဈေးအသစ် ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများမီးလောင်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် ၎င်းတို့ဈေးမီးလောင်မှု မဖြစ်ပွားစေရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ဇွန်လမှစတင်ကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသာယာရေးအဖွဲ့ဝင်များက ညဘက်တွင် စောင့်ကြပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

"ဈေးသူဈေးသားတွေသာ စိုးရိမ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း တာမွေဈေး မီးရှို့ခံရမှာကို ကြောက်နေကြတယ်။ တကယ်လို့ မီးရှို့ ခံရ ပြီဆိုရင် မီးကကြီးလာပြီး ဈေးအပြင် ကျွန်တော်တို့တိုက်ဘက်ပါ မီးကူးလာမှာကို ကျွန်တော်တို့တိုက်မှာ နေတဲ့သူတွေအာလုံး လန့်နေကြတယ်။ ပြီးတော့ စမ်းချောင်း၊ ရှမ်းလမ်းဂွဈေး မီးလောင်တုန်းကဆိုရင် စမ်းချောင်းမီးသတ်နဲ့ ဂွဈေးဆိုတာ တကယ့်နီးနီးလေး၊ ဒါပေမယ့် အရင်ဆုံးရောက်လာတာက မရမ်းကုန်းမီးသတ်လို့ သိရတယ်။ ဒါကို ဘာလို့ထည့်ပြောရတာလဲဆိုတာ နားလည်သဘောပေါက်မှာပါ "ဟု တာမွေ(ယာယီ)ဈေး၏ ဘေးကပ်လျက်တွင် ရှိသည့် လျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ်တွင် နေထိုင်သူတစ်ဦးကလည်း ၎င်း၏ သဘောထားကို လှစ်ဟပ်ပြသသည်။

"အခုလည်း ဈေးသာယာရေးအဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဆိုပြီး စာထွက်လာတယ်။ အဲဒီထဲမှာ ပါတဲ့အချက် တချို့ ကို သဘောမကျဘူး။ ကျွန်တော်တို့ကို ခြိမ်းခြောက်တဲ့သဘော သက်ရောက်နေတယ်။ နောက်တစ်ခုက ဒီစာမှာ ရုံးတံဆိပ်တွေ၊ ဌာနမှူး လက်မှတ်တွေ မပါ တဲ့အတွက် ဒါကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက ထုတ်တယ်လို့ လက်မခံနိုင်ဘူး" ဟုအဆိုပါ ဈေးသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ စာထဲတွင် ဈေးများ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ၌ ဝင်ရောက်စွက်ဖက်ခြင်း၊ ဟန့်တားခြင်းမပြုရန်၊ ဈေးများဌာန၏ ညွှန်ကြား ချက်အရ လုပ်ဆောင်နေသော ဈေးတာဝန်ခံ၏ လုပ်ငန်းများအပေါ်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း မပြုရန်၊ ဈေး သာယာရေးအဖွဲ့အနေဖြင့် အထက်ပါ စည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း ခံရမည် စသည့်တို့အပါအဝင် အချက်ရှစ်ချက် ပါဝင်ကြောင်း သိရသည်။

ဈေးအသစ်ပြန်တည်ဆောက်မည်ဟု သတင်းထွက်ပေါ်နေသော ဈေးများဖြစ်ကြသည့် တောင်ဥက္ကလာပမြို့နယ် ငွေယမုံဈေး၊ (၁၀) ရပ်ကွက် ဈေးသည် ဧပြီလ ၉ ရက်နေ့တွင်လည်းကောင်း၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး(ခေါ်) ဂွဈေးသည် မေလ ၁၈ ရက်နေ့တွင် လည်းကောင်း မီးလောင် ကျွမ်းခံခဲ့ရသည်။

Moe Z
transparencymyanmar2010

0 လှိုင်သာယာစက်မှုဇုန်မှ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံတွင်လုပ်ခလစာ တိုးမြင့်ပေးရေး သပိတ်မှောက်နေကြသောအလုပ်သမများအားကိုနေမျိုးဇင်မှ သွားရောက်အားပေးခဲ့


ဂရိတ်ဝဲလ် Great well ဖိနပ်စက်ရုံမှ ယနေ့ သပိတ်မှောက် အလုပ်သမများ တောင်းဆိုနေပုံနှင့် မြန်မာ့လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ သွားရောက် အားပေးစကားများ ပြောကြားကာ မှတ်တမ်း ရိုက်ယူခဲ့သည်

လှိုင်သာယာ စက်မှုဇုန်မှ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံတွင် ဒုတိယနေ့မြောက်အဖြစ် လုပ်ခလစာ တိုးမြင့်ပေးရေး သပိတ်မှောက်နေကြသော အလုပ်သမများ အား ကိုနေမျိုးဇင်မှ သွားရောက်အားပေးခဲ့သည်။ မနက်ဖြန် မနက်တွင် ထို သပိတ်မှောက် အလုပ်သမ အနည်းဆုံးအင်အား တထောင်ခန့်အား မနက်စာဟင်းအဖြစ် ကြက်သားနှင့် အာလူး ဟင်းကို အလှူရှင် စင်ကာပူနိုင်ငံမှ ကိုကျော်စွာမင်းက ပေးပို့လှူဒါန်းထားပါသောကြောင့် သွားရောက် လှူဒါန်းပေးရင်း အားပေးစကားများ ထပ်မံပြောကြားဦးမည် ဖြစ်ပါသည်။

ကိုနေမျိုးဇင်

Wednesday, May 30, 2012

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ခရီး အောင်မြင်စွာပြီးဆုံး(ရုပ်/သံ-ဓာတ်ပုံ)







ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ခရီး အောင်မြင်စွာပြီးဆုံး
ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် ဧရိယာသို့  ၈း၃၀ ဝန်းကျင်ခန့် က ဝင်ရောက်လာပါတယ် ။
မူလကဗဟို လုံခြုံရေးမှ ရဲကား အနည်းငယ်ဖြင့် ဝင်လာသော်လည်း စောင်းစိုင်းနေသော မြန်မာပြည်သား များ အင်အားများက တစစများပြားနေမှုကြောင့် မဟာချိုင်ခရိုင် ရဲတပ်ဖွဲ့ မှ လုံခြုံရေးအတွက် ရဲကားများ အင်အာ...းများကို အချိနှ်င့် အမျှ တိုးခဲ့ နေသည်ကို မြင်နေရပါသည် ။ နံက် ၉ နာရီ အချိန်တွင် ပုဇွန်ဈေးသို့  အမေစု ကားတန်း စတင်ရောက်ရှိလာပါသည် ။ မြန်မာနိုင်ငံသား အားလုံးလိုလိုက ပန်းစီးကလေးများနှင့် အမေစုကို ကြိုဆိုရန် အဆင်သင့်စောင့်နေကြပါသည် ။ အစဦးပိုင်းတွင် အမေစုက ကားအတွင်းမှ မြန်မာလူထုကို ပြုံးပြီး ကြည့်နေရာမှ ပုဇွန်ဈေးအမီးတွင် အမိုးကို ဖွင့်ပြီး အပြင်သို့ ထွက်ခါ နှုတ်ဆက်ခဲ့ပါသည် ။

လူထုကလဲ တခဲနက် အမေစု ကျန်းမာပါစေ လို့  ဆုတောင်းကြပါစေ ။ ထိုနောက် ပုဇွန်ဈေးကို ကားနှင့် တပတ်လှည့်ကြည့်ရှု့ ပြီး ခွန်ခုဈေးအဝင် အလုပ်သမားအန္တရယ်ကာကွယ်စောင့်ရှောက်ရေး ရုံးများရှိရာ ၄ထပ်တိုက်သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ် ။ ထိုတိုက်ပေါ်မှ အမေစု မြန်မာလူထုကို နှုတ်ခွန်ဆက်စကား ပြောခဲ့ပါတယ် ။ ထိုင်းရုပ်မြင်သံကြား အမှတ် ၅ အမှတ် ၇ တို့ မှ တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွင့် ပေးခဲ့ပါတယ် ။

အမေစု မြန်မာလို ပြောသည်ကို မွန်လူမျိုး ကရင်လူမျိုး စကားပြန်များက ထိုင်းဘာသာစကားဖြင့် တိုက်ရိုက် ဘာသာပြန်ပေးကြပါတယ် ။ ပုဇွန်ဈေးဘေးရှိ အဝေးပြေးလမ်းမကြီး မှီ ၃ နာရီခန့်  ကားမောင်းမရအောင် လူထုနှင့် ပိတ်သွားပါသည် ။ မီတာ ၁၀၀၀ အကျယ်လမ်းမ ကြီးတလျှောက် ၅ ကီလိုမီတာ အရှည် ကွင်းပြင် တို့ တွင် လူတန်းအုပ်ကြီး ပြည့်ညပ်သွားခဲ့သည် ။တဦးနှင့် တဦး ကပ်ပြီး ထိုင်မရဖြစ်ခဲ့ပါသည် ။
ဖုန်းဆက်ပြီး သတင်းယူလို့ မရဖြစ်ခဲ့သည် ။
ထိုနောက် အမေစု ကို ဖိတ်ခေါ်လာသော တာဝန်ရှိ ထိုင်းမြန်မာ အဖွဲ့ အစည်း များနှင့် နာရီဝက် ဆွေးနွေးကြပါသည်။
( လူတိုင်း သိရှိသင့်သည်များကို ဆက်လက်ထုတ်ပြန်ပေးပါမည် )
အံသြဖွယ်ရာက မြန်မာလူထုကြီး အမေစုကို စောင့်စိုင်းနေစဉ် ကမ္ဘာမကြေ သီချင်းကို မတိုင်ပင်ဘဲ ဆိုခဲ့ကြပါသည် ။
ဆွေးနွေးပွဲ အပြီး အမေစုက မြန်မာပြည်သား လူထုကိုနှုတ်ဆက်ပြီး ဘန်ကောက်သို့ နေ့ လည် ၁၁ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ပါသည် ။
တရားဝင် မှတ်ပုံတင် လူ ၂ သိန်း နှင့် တရားမဝင်နေထိုင်ကြသော မြန်မာပြည်သား တွေကတော့ သူတို့ ရဲ့  မရေရာကျွန်ဘဝက အနာဂါတ်တွေ အတွက် အမေစုလမ်းပြမှု နောက်က လိုက်ကြဖို့  မျှော်လင့်နေကြပါတယ် ။

htay tint
Photo.. AP , Getty images

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ရောက်ရှိ (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်လေဆိပ်ရောက်ရှိပုံကို ထိုင်းရုပ်မြင်သံကြားက တင်ပြ





Photo. Reuters..video-Dvb.Thai

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ် စတင်(ဓာတ်ပုံ/ရုပ်သံ)





Photo ..Reuters.Yangon media group


ဒေါ်အောင်ဆန်းစုကြည် သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ဦးစိုးဝင်း (လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။

လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သိကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ကို လာရောက် ကြိုဆို မည် ဖြစ်ကြောင်း သိရ သည်။

ယခုခရီးစဉ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ထွက်ခွာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

Yangon media group
ဘန်ကောက်လေဆိပ်ရောက် ဒေါ်အောင်ဆန်းစုကြည် (Credit itv AND APTN)


ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဘန်ကောက် စံတော်ချိန် ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ လေဆိပ်အပြင်ကို ထွက်လာခဲ့ပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်ရှိနေတဲ့ ဘီဘီစီ မြန်မာပိုင်းဌာန ဌာနမှူး ဒေါ်တင်ထားဆွေက အခုလို သတင်းပေးပို့ ထားပါတယ်။

Tuesday, May 29, 2012

0 အိန္ဒိယ၀န်ကြီးချုပ် နှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


photo..ap

အိန္ဒိယဟာ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း မထောက်ခံဘဲ အစိုးရနဲ့သာ နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ ၀န်ကြီးချုပ်အဖြစ် ရန်ကုန်ကို ရောက်လာတဲ့ မစ္စတာ မန်း မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပါတယ်။ အိန္ဒိယက ကျောင်းသားတွေ အပါအ၀င် အိန္ဒိယ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်ပါသလဲ။ နားဆင်နိုင်ပါတယ်။
အိန္ဒိယဟာ အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း မထောက်ခံဘဲ အစိုးရနဲ့သာ နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းခဲ့ပါတယ်။ အခုတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ ၀န်ကြီးချုပ်အဖြစ် ရန်ကုန်ကို ရောက်လာတဲ့ မစ္စတာ မန်း မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပါတယ်။ အိန္ဒိယက ကျောင်းသားတွေ အပါအ၀င် အိန္ဒိယ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို မြင်ပါသလဲ။ နားဆင်နိုင်ပါတယ်။

မှတ်ချက်. .အိန္ဒိယ ၀န်ကြီးချုပ်နဲ့တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF သို့တက်ရောက်ရန် ယနေ့ညပိုင်း ၇း၄၅ နာရီမှာ TG-306 နဲ့ ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်လေဆိပ်သို့ ည ၉ နာရီမှာ လေယာဉ်စိုက်ရောက်မှာ ဖြစ်ပါတယ်။

0 ဖောက်ထုတ်ပစ် -သီချင်း




NAY ZAW

1 ကမာရွတ်မြို့နယ်(၁)ရပ်ကွက်ပရဟိတလူငယ်များစာပေဟောပြောပွဲ-၁၉.၅.၂၀၁၂ ဇာဂနာ အပိုင်း(၁)(ရုပ်/သံ)



DVB entertainment
သတ္တိကောင်းပုံ ပြိုင်ကြတာများ...အမေရိကန်က ဘရိတ်မပါတဲ့ကားတစီးအပါအ၀င် ကားအစင်း ၁၀ စီးကို လူ ၁၀ ယောက်ကို မောင်းခိုင်းလိုက်တယ်.. အဖြေက ၁ ယောက် ဆေးရုံပေါ်ရောက် ၉ ယောက် လူနာ သွားကြည့်ကြတယ်..
အဲ ဗမာတွေကြတော့အစိုးရသတင်းပေးတယောက်ပါတဲ့ လူ၁၀ယောက်ထဲမှာ အစိုးရမကောင်းကြောင်းတွေ ထိုင်ပြောကြတယ် .. အဖြေက ၉ ယောက်ကို ၁ ယောက် ထောင်ဝင်စာ လာတွေ့ ရတာပေါ့.. (အဖမ်းခံရမယ် သိသိကြီးနဲ့  မကြောက်မရွံ့  သတ္တိရှိကြတာ ..)

19-5-2012 ကမာရွတ်မြို့ နယ် (၁) ရပ်ကွက် ပရဟိတလူငယ်တွေ ဦးဆောင်ကျင်းပတဲ့ ပထမအကြိမ် စာပေဟောပြောပွဲမှာ နိုင်ငံသား ဆိုတာနဲ့ ပတ်သက်လို့  အကျယ်တ၀င့်ဆွေးနွေးတင်ပြခဲ့တဲ့ ဆရာ မောင်သူရ ခေါ် ဇာဂနာရဲ့  ဆွေးနွေးတင်ပြမှု အပိုင်း ၁ ပါ..ကျန်တဲ့ ၂ ပိုင်းကိုလဲ ဆက်လက် ဖေါ်ပြပေးပါ့မယ်..။

0 ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ -၂-
ရေးသူ-ဒေါ်အောင်ဆန်းစုကြည်

Letterfrom Burma: Flowers in her hair 2


၁၉၄၁ ခုနှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာစစ်ကြီးဟာ မြန်မာနိုင်ငံကိုရှေ့ရှုရောက်ရှိလာခဲ့ပါတယ်။ အရှေ့ တောင်အာရှကို ဂျပန်စစ်တပ်ကဖြတ်သန်းလာတာနဲ့အမျှ ရန်ကုန်မြို့ဟာလဲညလယ်တွေမှာမကြာခဏ ဗုံးကြဲခံလာရပါတယ်။ ကျွန်မမိခင်ရဲ့ အန္တရာယ်ရင်ဆိုင်နေရတဲ့ကြားထဲ မပူမပန်လှုပ်ရှားနေမှုကြောင့် လုပ်ဖော်ကိုင်ဘက် သူနာပြု ဆရာမတွေရဲ့ အထင်ကြီးမှုနဲ့စိတ်အနှောက်အယှက်ဖြစ်မှုကို ခံရပါတယ်။ ဗုံးခိုကျင်းထဲမသွားခင် သူ ဟာ မရမက သေသပ်လှပစွာ ဝတ်စားခြယ်မှုန်းနေတတ်ပါတယ်။ လုံခြုံစိတ်ချရမဲ့နေရာကို မျက်ရည်စက်လက် သုတ်သီးသုတ်ပြာသွားနေကြတဲ့သူငယ်ချင်းတွေက သူမ ရဲ့အရူးထ အမူအရာကို မြည်တွန်တောက်တီးလုပ်ကြပါတယ်။ သူကတော့ “တကယ်လို့ သေသွားရင်လဲ လှလှပပ အဆင်းနဲ့ပဲ သေသွားချင်တယ်” လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်။

အဆုံးစွန်ကြိုးပမ်းရုန်းကန်နေရတဲ့အခြေအနေတွေအောက်မှာတောင် စံနှုန်းများကိုဆုပ်ကိုင်ထားလိုတဲ့ မေမေ့ရဲ့ဆုံးဖြတ်ချက်ကို ဒီအချက်ကဖော်ညွှန်းနေခဲ့တာပါ။ သူမရဲ့နောက်ဆုံးနေ့များအထိ ခေါင်းမူး ခြင်းရဲ့ အားကုန်ခမ်းနွမ်းနယ်မှုများကို မကြာခဏ မေမေခံစားနေခဲ့ပါတယ်။ လက်တွေ့မှာခံစားနိုင်စွမ်း မရှိနိုင်တဲ့ အချိန်မှာတော့ မေမေဟာ မနက်ပိုင်းမှာ အိပ်ရာကထပြီး၊ မျက်နှာသစ်၊ အဝတ်အစားလဲ၊ ခေါင်းကို သပ်ယပ်စွာ ဖြီးသင် ထုံးဖွဲ့ကာ မျက်နှာမှာ သနပ်ခါးလိမ်းခြယ်သလျက် တနေကုန် အိပ်တော့ တာပါပဲ။ ဘဝမှာကြုံတွေ့လာမဲ့စိန်ခေါ်မှုများကို သူမရဲ့သတ္တိနဲ့ဂုဏ်သိက္ခာတို့က တွန်းလှန်ပစ်နိုင်ဘို့ကို ပဲ ဆန္ဒပြုခဲ့ပါတယ်။

၁၉၄၁ ခုနှစ်မှာ ဗြိတိသျှတွေ ရန်ကုန်မှစတင်ဆုတ်ခွါသွားစဉ် ရန်ကုန်ဆေးရုံကြီးမှလူနာများကို ရေ ကြောင်းမှ တဆင့် ကာလကတ္တား(ခိုးလ်ကတ္တား)သို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြောင်းရွှေ့ပေးခံရသူ များကို စေတနာ့ဝန်ထမ်းအဖော်ပြုလိုက်ပါမဲ့သူနာပြုများတွင် မေမေလဲပါဝင်ခဲ့ပါတယ်။ ဂျပန်စစ်တပ် ရောက်မလာခင် မြန်မာပြည်ကလွတ်မြောက်သွားလိုသူ သင်္ဘောပေါ်ပါ ဆေးဝန်ထမ်းအများစုဟာ မြန်မာနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့ရဲ့စိုးရိမ်ကြောက်ရွံ့မှုများကို မေမေက စာနာနားလည်ပေးခဲ့ ပါတယ်။ အိန္ဒိယမှာပဲ စစ်အတွင်းနေထိုင်မယ်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလဲ မဝေဘန်ခဲ့ပါဘူး။ မေ မေကတော့ သူ့နိုင်ငံရဲ့ကံကြမ္မာကိုပဲမျှဝေခံစားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ ကာလကတ္တားရဲ့ရှုခင်း များကိုကြည့်ခဲ့ရတဲ့ ပူပင်ကြောင့်ကြမှုကင်းတဲ့ ရက်သတ္တပတ် အနည်းငယ်ကြာ ပြီးနောက် မြန်မာနိုင်ငံ ကို နောက်ဆုံးသင်္ဘောဖြင့် မေမေပြန်လာခဲ့ပါတယ်။ ဆေးရုံတွေအားလုံး ပိတ်ထားတဲ့ အတွက် မြောင်းမြကို ပြန်လာခဲ့ပါတယ်။ ဒါကတော့ ဝမ်းနည်းကြေကွဲဘွယ် အိမ်အပြန်ဖြစ်ခဲ့ပါတော့တယ်။ မေမေမရှိခင်အချိန်အတွင်းမှာ သူ့မိခင်ဟာ အဆုတ်အအေးပတ်ရောဂါ နမိုးနီးယားနဲ့ ကွယ်လွန်သွားခဲ့ တာကြောင့်ပါ။

မေမေဟာ အလဟဿ ဝမ်းနည်းပူဆွေးမှုကို အချိန်ကြာရှည်စွာ ယစ်မူးနေသူတဦးမဟုတ်ခဲ့ပါ။ မေမေ ဟာ ငယ်ရွယ်ပြီး ကြ့ကြံ့ခံနိုင်ရည်ရှိသူဖြစ်ပါတယ်။ စစ်ကလဲဖြစ်ပွါးနေပါတယ်။ ပြည်သူလူထုလဲ ခံစား နေကြရပါ တယ်။ ခံစားနေမှုများမှ လျော့ပါးပျောက်ကွယ်အောင်ဆောင်ရွက်ပေးရမှာက သူ့ရဲ့ အသက် မွေးကြောင်း မဟုတ်ပါလား။ နိုင်ငံတဝှမ်းလုံးမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အထူးတလည်လိုအပ်နေ လျက်ပါ။ ရန်ကုန် မြို့မှာ စစ်အတွင်း အခြေခံအုပ်ချုပ်ရေးကို ထူထောင်ပြီးပြီးခြင်း ဆရာဝန်တစုဟာ ရန်ကုန်ဆေးရုံကြီးကို ပြန်ဖွင့်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွမ်းကျင်သူများခေါ်ဆိုလိုက်တဲ့အခါ မေမေ ဟာချက်ခြင်းပဲ စာရင်းပေး တုန့်ပြန် လိုက်ခဲ့ပါတယ်။ စိတ်ဒုံးဒုံးချလျက် ကျန်းမာရေးဝန်ဆောင်မှုပေးမဲ့ ရဲဝံ့သတ္တိရှိလှတဲ့အဖွဲ့မှာ သူနာပြုချုပ်အဖြစ် ပါဝင်တာဝန်ယူခဲ့ပါတယ်။

၁၉၄၂ ခုနှစ် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာတွေအထဲမှာ ကျွန်မဖေဖေလဲပါလာခဲ့ပါတယ်။ သူဟာ ဂျပန်တွေ နဲ့ အတူ မြန်မာနိုင်ငံအတွင်းချီတက်လာခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ် ဖြစ်ပါတယ်။ သူဟာ ကြမ်းတမ်းမှု၊ အစာရေစာချို့တဲ့မှုနဲ့ ငှက်ဖျားရောဂါကြောင့် ပင်ပန်းနွမ်းနယ် လျက်ရှိနေပါတယ်။ သူဟာ စိတ်လှုပ်ရှားနေပြီး၊ အံကြိတ်ကာ ကတ်တီးကတ်ဖဲ့ခေါင်းမာ စွာ ချဉ်းကပ်ရန်ခက်ခဲသူဖြစ်နေပါတယ်။ ဖေဖေ့အတွက်တာဝန်ချထားပေးတဲ့ သူနာပြုငယ်ဟာ သူ့ လူနာဟာ ကြောက်စရာကောင်းပြီး ပေကတ်ကတ်နိုင်ကြောင်းတွေ့မြင်လာခဲ့ပါတယ်။ အမှန်ပါပဲ။ ယခုလို ထင်ရှားပြီး ခက်ခဲတဲ့အမျိုးသားတယောက်ကို ကိုင်တွယ် ဆက်ဆံနိုင်စွမ်းမှုဟာ သူနာပြုချုပ် ဆီမှာပဲရှိနိုင်ပါတယ်။ ဒါကြောင့် မေမေက လွှဲပြောင်းယူခဲ့ပါတယ်။ ဖေဖေကလဲ အပြည့်အဝနဲ့ အမြဲ တမ်းအဖြစ် လွှဲပြောင်းပေးခြင်း မျိုးပဲ ဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မေမေလက်ထပ်ချိန်မှာ အသက် ၂၀ နှောင်းပိုင်းအတွင်းမှာပါ။ ကိုယ်ဟန်ကြော့ရှင်းလျက် ယုံကြည် ချက်ခိုင်မာစွာ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်ချမ်းမြေ့မှုများဖြင့် လန်းဆန်းနေပါတယ်။ မေမေဟာ အလှကြီးလို့တော့ မဆိုသာပါဘူး။ ဘဲဥပုံမျက်နှာပေါက်၊ ကျယ်ပြန့်တဲ့မျက်ခုံးနဲ့ ကြီးမားပြီး အရည်လဲ့တဲ့ မျက်ဝန်း၊ ပင်ကိုယ်ဟန်ပန် အာရုံနဲ့ ချစ်မွေး တို့ကြောင့် မေမေဟာ ထူးထူးခြားခြား ဆွဲ ဆောင်မှုရှိသူတဦးဖြစ်ပါတယ်။ ကျွန်မဘခင်ကိုတွေ့ မြင်ရတဲ့အထိတော့ မေမေဟာ သူ့လုပ်ငန်းမှာပဲ အာရုံဝင်နှစ်မြုပ်နေလျက်ပါ။ လက်ထပ်ရေးကိစ္စကို အလေးထား ပုံမပေါ်ပါဘူး။ မေမေ့ရဲ့အိမ်ထောင် သည်ဘဝကိုဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူနာပြုငယ်များက စိတ်အား ထက်သန်စွာ မကြိုဆိုခဲ့ကြ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မျိုးချစ်ပုဂ္ဂိုလ်တဦး သူရဲကောင်းတဦးဖြစ်တာတော့ မှန်ပါတယ်။ ဒါပေ မင့် မျိုးချစ်ပုဂ္ဂိုလ် သူရဲကောင်းတွေဟာ လင်သားကောင်းတွေတော့ သေချာပေါက် မဖြစ်တတ်ပါဘူး။ တကယ်လို့ သူဟာ မယားကိုရိုက်နှက်နှိပ်စက်တတ်သူဖြစ်ရင်ကော။ “မပူကြပါနဲ့လေ…တို့ကို သူရိုက် ရင် သူ့ကိုထားရစ်ခဲ့ပြီး သူနာပြုပဲ ပြန်လာလုပ်မှာပါ”လို့ မေမေကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အငယ်များကို ပြောခဲ့ပါတယ်။

ဆရာဝန်များဟာလဲ မေမေလက်ထပ်မဲ့ကိစ္စကို အားလုံးက အတူတကွမပျော်ရွှင်ကြပါ။ ဗိုလ်ချုပ်ကို သူတို့ အမှန်တကယ်လေးစားကြပါတယ်။ ဗိုလ်ချုပ်အနေနဲ့ မယားကောင်းကိုရထိုက်ကြောင်းလဲ သံသယ မရှိကြပါ။ ဒါပေမင့် အရည်အချင်းအရှိဆုံး အထက်တန်းသူနာပြုတဦး ဆုံးရှုံးရမဲ့အရေးမှာ ကတော့ ကျေနပ်ဝမ်းသာစရာတော့မဟုတ်လှပါ။ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးကတော့ အဘိုး အတန်ဆုံးခွဲစိတ်ခန်းလက်ထောက်တဦး ဆုံးရှုံးရပြီလို့ ညည်းတွားခဲ့ပါတယ်။ တူညီတဲ့အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမဲ့ အစားထိုးနိုင်သူတဦးကိုတွေ့ဘို့ဆိုတာ အလွန်ခဲယဉ်းကြောင်းလဲ တတွတ်တွတ် ပြောခဲ့ပါတယ်။ ကျွန်မမိဘများရဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့် ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုလုပ်ရပါတယ်။ သူနာပြုများအဆောင်မှာနေဆဲဖြစ်တဲ့မေမေဟာ အိပ်ရာမှထပြီး ခွဲစိတ်ခန်း ဝင်ကူခဲ့ရပါတယ်။ ခွဲစိတ်မှုပြီးသွားတော့ အထက်တန်းခွဲစိတ်ဆရာဝန်ကြီးက “သူကတော့ သူနာပြုတွေအနက် စံတင်လောက်သူပါပဲ။ လက်ထပ်ရက်မတိုင်ခင်ညမှာတောင် ဉာဉ့်နက်နက် အချိန် တွင် ခွဲစိတ်ခန်းဝင်ပေးရသေးတယ်နော်”လို့မှတ်ချက်ချခဲ့ပါသေးတယ်။ ဆရာဝန်ကြီးကပဲ မေမေရဲ့ ဘဝသစ်ရဲ့ပထမနေ့ကို ရင်မဆိုင်ရမီ သွားအိပ်စေခဲ့ပါတယ်။

ကျွန်မဘခင် အသတ်မခံရမီအထိ ကျွန်မမိဘများမှာ အိမ်ထောင်ရေးသက်တမ်း ၅ နှစ် မပြည့်ခဲ့ပါ။ ကျွန်မမိခင် က ရိုးရိုးလေးပဲ ကျွန်မကိုပြောခဲ့ပါတယ်၊ သူတို့ဇနီးမောင်နှံနှစ်ဦး အလွန်ပျော်ရွှင်စွာပဲ အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်…တဲ့။ သူတို့ပျော်ရွှင်စွာနေထိုင်ကောင်း နေထိုင်ခဲ့ပေမင့် လွယ်ကူမှုမရှိတဲ့ သို့မဟုတ် ငြိမ်းအေးမှုမရှိ တဲ့အချိန်များလဲ ရှိခဲ့ပါတယ်…တဲ့။ ကျွန်မဖေဖေဟာ စစ်အတွင်းတပ်မတော်ရဲ့အကြီးအကဲဖြစ်ရုံသာမက နောက်ဆုံးအထိ လွတ်လပ်ရေးလှုပ်ရှားမှု ရဲ့ အဦးဆုံးခေါင်းဆောင်ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ဘဝဟာ ကြမ်းတမ်းကာ အန္တရယ်များလှပါတယ်။ မေမေ ကတော့ ကြေကွဲဘွယ်အဆုံးသတ်ခဲ့ရတဲ့အထိ မျှဝေခံစားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၂ ခု မေ ၂၇

မိုင်အိနိချိနေ့စဉ်၊ ဂျပန်

[၂၀၁၂ မေ ၂၇ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter

from Burma: Flowers in her hair 2
ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။]

မောင်မောင်လှကြိုင်

၂၀၁၂-မေ-၂၈

0 ထိုင်းနိုင်ငံတခ်တခ်ခရိုင်ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒေါ်အောင်ဆန်းစုကြည်ထံပေးစာ

The Former Political Prisoners List in Um Pi Em Refugee Camp
သို့ /
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရန်ကုန်မြို့  နေ့ စွဲ- ၂၈-၅-၂၀၁၂
အကြောင်းအရာ။ ။ထိုင်းနိုင်ငံတခ်ခရိုင် ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းတွင် ရောက်ရှိခိုလှုံနေသောမြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒုက္ခသည်စခန်းများ၏ လက်ရှိအခြေအနေကိုသိရှိနိုင်ပါရန် တင်ပြအစီရင်ခံခြင်း။

လေးစားရပါသော အန်တီစုခင်ဗျား

ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် ကျင်းပမည့် (World Economic Forum) အစည်းဝေးသို့ တက်ရောက် ပြီး နောက် ၂၀၁၂ ဇွန်လ (၂) ရက်နေ့ တွင် မယ်လဒုက္ခသည်စခန်းသို လာရောက်မည့်အစီအစဉ်ကို
သိရှိရ ပါသဖြင့် ထိုင်းနိုင်ငံ တခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း(၃)ခု၏ လက်ရှိအခြေအနေကို အကျဉ်းအား ဖြင့် သိရှိနိုင်ရန်တင်ပြအစီရင်ခံအပ်ပါသည်။ အဆိုပါစခန်း(၃)ခုမှာ မယ်လ၊အုန်းပြန်နှင့် နိုးဖိုးဒုက္ခသည်စခန်း တို့ ဖြစ်ကြပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ လူဟောင်းများ (Registered Refugees) နှင့် ဒုက္ခသည် အဖြစ် အသိအမှတ်မပြုခံရသေးသူ လူသစ်(Unregistered Refugees) ဟု သတ်မှတ်ထားသော နှစ်မျိုးနှစ်စားသော ဒုက္ခသသည်များ အခြေချနေထိုင်ကြပါသည်။

ကရင်ဒုက္ခသည်များမှာ အများစုဖြစ်ပြီး ကျန်တိုင်းရင်းသားများလည်း လူနည်းစုအဖြစ်ရှိနေကြပါသည်။
မယ်လဒုက္ခသည်စခန်းမဲဆောက်မြို့ မြောက်ဘက်ကီလိုမီတာ (၄၀)ခန့် အကွာတွင်တည်ရှိပြီး ဒုက္ခသည်ဦးရေ (၃၀,၀၀၀)ခိုလှုံနေပြီး လူဟောင်း (၁၂,၀၀၀) နှင့် လူသစ်ဦးရေ ( ၁၈,၀၀၀) ခန့် ရှိကြောင်းခန့် မှန်းခြေအရသိရှိရပါသည်။ အကြီးဆုံးစခန်းဖြစ်ပြီးတည်ရှိခဲ့သည်မှာ (၂၀) နှစ်ခန့် ရှိပြီဖြစ်ပါသည်။ UNHCR နှင့်ထိုင်းအာဏာပိုင်တို့ မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုသည့်(Refugee Status Process) ကို ၂၀၀၅ ခုနှစ်က နောက်ဆုံးပြုလုပ် ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှ ဒုက္ခသည်စခန်းသိုရောက်ရှိလာသူများမှာ လူသစ် (Unregistered) များဖြစ်ကြပါသည်။

အုန်းပြန်ဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက်ကီလိုမီတာ (၈၀) အကွာ ပေ (၃၀၀၀) ကျော်မြင့်သော တောင်တန်းပေါ်တွင်
တည်ရှိ ပြီး လူဦးရေ (၁၇,၀၀၀) ခန့် ခိုလှုံနေခါ လူဟောင်း (၁၁,၀၀၀) နှင့် လူသစ် (၆,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရသိရှိရပါ သည်။ ရာသီဥတုဆိုးရွားသော တောင်ထိပ်တောင်စောင်းပေါ်တွင် တည်ရှိသည့်နေထိုင်သွားလာမှုပင်ပန်းခက်ခဲသော စခန်းတစ်ခု ဖြစ်ပြီး လွန်ခဲ့သော(၁၁)နှစ်ကတည်ထောင်ခဲ့ ပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၆ ခုနှစ် နှစ်ဆန်းတွင် UNHCR နှင့် ထိုင်းအစိုးရတို့ မှ နောက်ဆုံးပြုလုပ်ပေးခဲ့ပါသည်။

၂၀၀၆ခုနှစ်နောက်ပိုင်းမှရောက်ရှိခိုလှုံလာသူအားလုံးသည်လူသစ်များဖြစ်ကြပါသည်။ လွန်ခဲ့သော (၃) လခန့် 
ကဤစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅၀၀) ကျော်မီးသင့်ခဲ့ပါသည်။

နို့ ဖိုးဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ (၁၆၀) အကွာကြာအင်းဆိပ်ကြီး နယ်စပ်တွင်တည်ရှိပြီး လူဦးရေ(၁၂,၀၀၀) ခန် ခိုလှုံနေခါ လူဟောင်း (၄၀၀၀) နှင့် လူသစ် (၈,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရ သိရှိရပါသည်။
(Refugee Status Process) ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် UNHCR နှင့် ထိုင်းအစိုးရမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေး(Refugee Status) အတွက်ပဏာမစုံစမ်းစီ စစ်ခြင်း (Pre-Screening Process) ကို လုပ်ဆောင်ခဲ့ပါသည်။ သို့ ဖြစ်၍နို့ဖိုးဒုက္ခသည်စခန်းမှာလူဟောင်းဒုက္ခသည်နှင့်ပဏမစုံစမ်းစီစစ်ခြင်းပြီးထားသည့်လူသစ်ဒုက္ခသည်များနေထိုင်သည့် စခန်းဖြစ်ပါသည်။

အထက်ဖော်ပြပါစခန်း (၃) ခုတွင်မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ နှင့်မိသားစုဝင်များသည်
အကြောင်းအားလျော်စွာ ရောက်ရှိခိုလှုံနေကြရပါသည်။၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလများ ၌လည်း ၎င်း၊၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကာလနှင့် နာဂစ်မုန်တိုင်း လွန်ကာလများ၌၎င်း၊ ၂၀၁၀ ရွေးကောက်ပွဲအကြိုနှင့်အပြီးကာလများ၌၎င်း၊နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်မှုများကြောင့် အာဏာပိုင်အဖွဲ့ စည်းများ၊ ထောက်လှမ်းရေးအဖွဲ့ အစည်းများ၏ စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူ ခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များကျခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင် ရန် မိသားစုနှင့်အတူ (သို့မဟုတ်)တစ်ကိုယ်တည်းကိုယ်လွှတ်ရုံးရှောင်ရှားပြီးမှ မိသားစုဝင်များကနောက်မှ လိုက်ပါ၍ ပေါင်းစည်းခြင်းဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြပါသည်။ တစ်ဘက်နိုင်ငံသို့ ရောက်ရှိပြီးနောက် မဲဆောက်မြို့ တွင်ဦးစွာခိုအောင်းခဲ့ကြပြီး မိမိနှင့်သက်ဆိုင်သည့် အဝေးရောက်ပါတီနှင့်အဖွဲ့ အစည်းမျာနှင့်၎င်း ၊ UNHCR /AAPP စသည့်အဖွဲ့ အစည်းများနှင့်၎င်း အကူအညီရယူရန်ဆက်သွယ်ခဲ့ကြရပါသည်။ မိမိတို့ 
နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ မှာ မဲဆောက်မြို့ ၌နေထိုင်ရာတွင် ထိုင်းရဲတို့ မှဖမ်းဆီးမိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရပါက လွန်စွာအန္တရာယ်ကြီးသောကြောင့် UNHCR / AAPP စသည့်အဖွဲ့ အစည်းတို့ ကညွှန်ကြားကူညီစီစဉ်ဆောင်ရွက်ပေးသည့်အတိုင်း လှုံခြုံစိတ်ချရသည့် ဒုက္ခသည် စခန်းများသို့ မဲဆောက်မှရွှေ့ ပြောင်းပြီးရောက်ရှိခိုလှုံနေထိုင်ခဲ့ကြသည်မှာ နှစ်နှစ်ကျော် သုံးနှစ်မှ ငါးနှစ်အထိရှိနေကြပြီ ဖြစ်ပါ သည်။ စခန်းသုံးခုတွင်လက်ရှိအချိန်၌ခိုလှုံနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
မယ်လစခန်း - (၁) ဦးနှင့်မိသားစု (လူဟောင်း- Registered Refugee ဖြစ်ပါသည်။)
အုန်းပြန်စခန်း- (၄၈) ဦးနှင့်မိသားစုများ (လူသစ်များ- all Unregiatered Refugees ဖြစ်ပါသည်။)
နို့ ဖိုးစခန်း - (၁၂) ဦးနှင့်မိသားစုများ (လူသစ်များ- Pre-Screening Completed Unregistered Refugeesဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ မယ်လစခန်းတွင် နည်းပါးရခြင်းမှာ ထိုစခန်း၏လူနေမှုစရိတ်စက
အလွန်ကြီး မြင့်မှုကြောင့် UNHCR နှင့် AAPP တို့ မှနိုင်ငံရေးအကျဉ်းသားဟောင်းအများစုကို အုန်းပြန်နှင့်နို့ ဖိုးစခန်းတို့ သာဝင်ရောက် ခိုလှုံ ရန် အကြံပေးညွှန်ကြားမှုကြောင့် ဖြစ်ပါသည်။ လူသစ်ဒုက္ခသည်များသည် လူဟောင်းဒုက္ခသည်များကဲ့သို့ ပင် TBBC (Thai Burma Border Consortium) မှထောက်ပံ့သည့် ရိက္ခာ(Food Ration)ဆန်၊ဆီနှင့်မီးသွေးများရရှိကြပါသည်။
လက်ရှိအခြေအနေ
အုန်းပြန်စခန်း (၄၈) ဦးနှင့် နို့ ဖိုးစခန်း (၁၂) ဦးပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း (၆၀) ဦးနှင့်မိသားစုဝင်တိုသည်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရေသေးသောလူသစ် (Unregistered Refugees) များဖြစ်ကြပါသည်။ ကရင်ရွေပြောင်းဒုက္ခသည်များနှင့်လည်းပတ်သက်မှုမရှိခြင်းကြောင့် မကြာမီအချိန်တွင်ဖြစ်လာနိုင်သည့်မြန်မာနိုင်ငံကရင်ပြည်နယ်နယ်စပ်တွင် ကရင်အဖွဲ့ အစည်းတို့ ၏ ပြန်လည်နေရာချထားခြင်းအစီအစဉ်များနှင့်လည်းသက်ဆိုင်မှုရှိမည်မဟုတ်ပါ။

အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် ကဲ့သို့ ကြေငြာချက်များကို လက်ရှိအစိုးရမှ ထုတ်ပြန်၍ခေါ်ယူခြင်းမပြုသည့် အတွက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံသို့ ပြန်နိုင်မည့်အခြေအနေမှာလည်း မရှိဖြစ်နေပါသည်။
မြန်မာနိုင်ငံနှင့်နှစ်ရှည်လကြာကွဲကွာနေသူများဖြစ်၍ ပြန် လည်အခြေချရာတွင်လည်းများစွာသော
အခက်အခဲများရှိနေမှာဖြစ်ပါသည်။ ပင်ပန်းဆင်းရဲစွာ ဒုက္ခသည်စခန်းများတွင်နေထိုင် နေကြရ၍ မိသားစုဝင်တို့ ၏ပညာရေး၊ကျန်းမာရေး၊လူမှုရေး ဆုံးရှုံးမှုများစွာရှိနေပြီး အနာဂတ်ပျောက်ဆုံးနေကြပါသည်။

အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် မြန်မာနိုင်ငံ၌
စစ်မှန်သောဒီမိုကရေစီ မရရှိလျှင်
စစ်မှန်သောလူ့ အခွင့်အရေးမရှိလျှင်
စစ်အာဏာရှင်စနစ်အမြစ်မပြတ်လျှင်
အမိနိုင်ငံသို့ ပြန်ရန်လွန်စွာခက်ခဲနေကြသူများ
ဖြစ်ကြပါသည်။ သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ ပြန်၍မရသေးသည့်အခြေအနေတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို UNHCR နှင့် ထိုင်းအစိုးရတို့ မှသီးခြားဒုက္ခသည် POC Status(Refugee Status for Person of Concern) အဖြစ်အသိအမှတ်ပြု၍ လုံခြုံစိတ်ချသည်ရသည့် အချိန်အတိုင်းအတာတစ်ခု အထိထိုင်းနိုင်ငံတွင် ဆက်လက်ခိုလှုံနေထိုင်ခွင့်ရရှိနိုင် ရန် ကူညီဆောင်ရွက်ပေးစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြုံတောင့်ကြုံခဲနှစ်
(၂၀)အတွင်းပထမဆုံးပြည်ပခရီးစဉ်တွင်ထိုင်းနိုင်ငံခေါင်းဆောင်များ၊နိုင်ငံတကာခေါင်းဆောင်များ၊နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် တွေ့ ဆုံရာတွင်ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းဒုက္ခသည်များ၊ ရွေပြောင်းအလုပ်သမားများ နှင့် အခြေအနေခြင်းမတူညီသည့် ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏အရေးကိစ္စကို အကောင်းမွန်ဆုံးကြိုးပမ်း ဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ သင့်လျော်မည့်ညွှန်ကြားလမ်းညွှန်မှု
များကိုလည်း အကြံပြုပေးပါရန် တောင်းခံအပ်ပါသည်။ ပြည်သူများအတွက် အမိနိုင်ငံဒီမိုကရေစီ အလျှင်အမြန် ရရှိစေရန်ဦးဆောင်ထမ်းရွက်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားကိုးယုံကြည်စွာဖြင့်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အုန်းပြန်ဒုက္ခသည်စခန်း
မှတ်ချက် ။ စာကြွင်း၊ UNHCR သည်နိုင်ငံရေးအကျဉ်းသားဟောင်းများကို
ယခင်က POC Status ဖြင့်ဒုက္ခုသည်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။
သက်ဆင်အစိုးရလက်ထက်တွင် UNHCR ၏လုပ်ပိုင်ခွင့်ကိုရပ်ဆိုင်းခဲ့ပါသည်။

Monday, May 28, 2012

1 ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း(Joke)

ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။

ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာမြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၂ ) ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ၀န်ကြီးရာထူးများအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်းယူစရာမလိုသော ကြောင့် ဤလိုအလုပ်မျိုး တခြားနိုင်ငံများတွင် မရှိသောကြောင့် ယခုနှစ်ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၃ ) ပြဿနာများအား အလွန်လျှင်မြန်စွာဖြင့် အကောင်းဆုံးဖြေရှင်းပေးနိုင်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။လျှပ်စစ်ဓာတ်အား လွန်စွာနည်းပါးစွာရရှိမှုကြောင့် ပြည်သူများမှ ဖယောင်းတိုင်များထွန်းညှိပြီး အစိုးရမင်းများသတိပြုမိစေရန် ငြိမ်းချမ်းစွာလှည့်လည်ပြီး မိမိတို့၏ဆန္ဒများအားဖော်ထုတ်ခဲ့သောကြောင့်လျှပ်စစ်ဓာတ်အားပေးရေးဌာနသည် အလွန်လျှင်မြန်စွာဖြင့် သတင်းစာရှင်းလင်းပွဲအားပြုလုပ်ပြီးတာဝန်ရှိသူ အရာရှိတစ်ဦးမှ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အား တကယ်မရှိ၍ မပေးနိုင်ခြင်းသာ ဖြစ်ပါကြောင်း လျှပ်စစ်ဓာတ်အား ရရှိလိုပါက ( မိုးနတ်မင်း ) ထံတွင်သာ ဆုတောင်းကြရန်ဟု ပြောကြားရှင်းလင်း၍ ပြဿနာ ထိရောက်လျှင်မြန်စွာ ဖြေရှင်းပေးလိုက်ရာ ပြည်သူများမှာ မိမိတို့၏ အထက်တွင် အားကိုးစရာအစိုးရအရာရှိမင်းများသာရှိသည်ဟု ထင်ရာမှ၊ ယခုမူ အစိုးရမင်းများ၏ အထက်တွင် ( မိုးနတ်မင်းကြီး )ရှိနေသေးကြောင်း သိရ၍ အားတက်သွားပြီး ( မိုးနတ်မင်း ) ထံ ထပ်မံတိုင်တည် ဆုတောင်းရာ ၊ပြည်သူများ၏ ဆန္ဒ ပြင်းပြမှုကြောင့် မိုးနတ်မင်းမှာ မနေသာတော့လောက်အောင် မိမိထိုင်ရာ ကျောက်ဖျာတင်းမာလာ၍ မိမိ၏ခုံနေရာလေး ပျောက်မည်စိုး၍ ငါကိုယ်တော်လည်း အမြန်သတင်းစာ ရှင်းလင်းပွဲ လုပ်မှ ဖြစ်တော်မူတော့မည်ဟု နှလုံးပိုက်ပြီးသကာလ online သတင်းစာရှင်းလင်းပွဲလုပ်ရန် online ပေါ်တက်၍ မိမိ၏ facebook acconunt အားဖွင့်ရာ internet connection မှာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင် ( ၁၀ ) လုံး၏ foundation များချိတ်ဆွဲထားသည့်အလား ယခင်နေ့များထက်ပင် ပို၍လွန်စွာလေးလံနေပြီး ( မိုးနတ်မင်း )လည်းလွန်စွာ စိတ်ပျက်ပြီး internet connection ကောင်းလာရန်လည်း မိမိကိုယ်တိုင် ( မိုးနတ်မင်း ) ဖြစ်နေသော ကြောင့် ဘယ်သူ့ဆီတိုင်တည်ဆုတောင်းရမှန်း မသိဖြစ်နေစဉ် မိဘအလစ်တွင် ချစ်သူနှင့်ခိုးတွေ့ရန် ခဏလစ်ထွက်လာသည့် မိန်းကလေးနှယ် connection မှာလည်းဝုန်းကနဲဆိုပြီး အနည်းငယ်လေး မြန်လာတုန်း ( မိုးနတ်မင်း )လည်း အမြန်ပင် သတင်းစာရှင်းလင်းပွဲလေးအား လုပ်လိုက်ရသည်။ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံမှာ " မင်းတို့တောင့်တလွန်းလို့ငါကိုယ်ထင်ပြရတာကွ။

မင်းတို့ဘာသာမင်းတို့ လျှပ်စစ်ဓာတ်အားတွေပိုလျှံတယ်ဆိုပြီးနိုင်ငံခြားကို စွမ်းအင်တွေ၊ ဓာတ်ငွေ့တွေရောင်းစားခဲ့ပြီးခုမှ ငါ့ဘာလို့လာတောင့်တနေရတာလဲ????? " ဟု internet connection ကိုကြောက်၍ တိုတို တုတ်တုတ်online သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြည်သူများဖြေရှင်းပေးခဲ့ရ သော ကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၄ ) ကမ္ဘာပေါ်တွင် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများ အများဆုံးတပ်သင့်သော အဖွဲ့များအဖြစ်သော်လည်းကောင်း၊ မိမိတို့ပြည်သူများပါ် စာနာသနားကြင်နာတတ်သောသူများ အဖြစ်သော်လည်းကောင်း မြန်မာနိုင်ငံမှ အစိုးရဌာနများ၊ ရဲအရာရှိများ၊၎င်းတို့နှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအား ရွေးချယ်လိုက်ရသည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။အထက်ပါအဖွဲ့အစည်းများသည် အလုပ်အလွန်လုပ်သောကြောင့် အလုပ်၏ပင်ပန်းမှုဒဏ်ကိုခံရပြီး မျက်စိများမှုန်၊ နားများလေးသွားသောကြောင့်လားမသိ။ ၎င်းတို့အဖွဲ့အစည်းများ၊ ၎င်းတို့အောက်ရှိ အဖွဲ့အစည်းများ၊၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၊ လူများသည် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ဆိုင်များတွင်းသို့ အုပ်စုလိုက်ဝင်ရောက် ရမ်းကား၊ နှောင့်ယှက်ဖျက်ဆီးသည်များကို ပြည်သူများမှ တိုင်ကြားသော်လည်း၊ လူပေါင်းများစွာမှသိရှိသော်လည်း၊အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ လူပုဂိုလ်များသည်၎င်းတို့ မသိပါ၊ မမြင်ပါ၊ မကြားပါဟုပြောကြားဖြေရှင်းခြင်း၊သာမာန်ရန်ဖြစ်မှုပါဟုပြောကြားပြီး မသိချင်ယောင်ဆောင် နေ သည်ကိုတွေ့ရှိရခြင်း။

သာမာန်ရိုးရိုးပြည်သူပြည်သားများကိုမူ၊ အာဏာရှင်များ၊ ၎င်းတို့နှင့်မကင်းရာမကင်းကြောင်း ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများမှလည်းကောင်း ၊အနိုင်ကျင့်၊ ဖိနှိပ်နှိပ်စက်သည့်ဒဏ်ကို မခံနိုင်၍အဆုံး ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကိုမူ ဆူပူနှောင့်ယှက်ဖျက်ဆီးသူများဟုသော် လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများဟူ၍လည်းကောင်း ကင်ပွန်းတပ်၊ ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်၊ ပေါင်းစုံတပ်ပြီးသကာလ ကိုယ့်နိုင်ငံမှ တပ်စရာပုဒ်မကုန်သွား၍ ဤလောက်နဲ့အားမရသေးပဲ အခြားနိုင်ငံမှ ပုဒ်မများပါငှားရမ်းပြီးထပ်တပ်လို့ရပါက ထပ်တပ်ပြီး ဖမ်းရင်ကောင်းမလားဟုစဉ်းစားသေးသော်လည်း၊ ကိုယ့်နိုင်ငံသားမို့ ညှာလိုက်ပါ့မယ့်ဆိုပြီး ကိုယ့်နိုင်ငံတွင်သာရှိသော ပုဒ်မ၊ ပုဒ်ထီး၊ ပုဒ်အခြောက်လောက် ဖြင့် သာ ဖမ်းဆီးသည်ကိုထောက်ချင့်ခြင်းအားဖြင့်အထက်ပါအဖွဲ့အစည်းများသည် ပါဝါမျက်မှန်များ၊ နားကြားကိရိယာများအများဆုံးတပ်သင့်သောအဖွဲ့အစည်းများအဖြစ်သော်လည်းကောင်း၊မိမိတို့ပြည်သူများအပေါ် စာနာသနားကြင်နာတတ်သောသူများအဖြစ်သော်လည်းကောင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၅ ) ကမ္ဘာပေါ်တွင် မျှတသောတရားစီရင်ရေးစနစ်ရှိသော နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။ မကြာသေးမီကဖြစ်ပွါးခဲ့သော နာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက်တစ်ယောက်အား လူပုံအလယ်တွင် ပါးရိုက်ခဲ့သောဖြစ်ရပ်အားအမှုဖွင့်ရာ ပါးရိုက်ခဲ့သောဖြစ်စဉ်တွင်လူသက်သေများရှိသော်လည်း တရားစီရင်ရေးအား ပိုမိုတိကျစေရန်ကြိုးပမ်းသည့် အနေဖြင့် ဤလောက်နှင့်လက်မခံနိုင်ပဲ ပိုမိုတိကျစေရန် ဆေးစာယူခိုင်းရာ ဆေးရုံသို့ရောက်သောအခါ
ဒဏ်ရာမရှိ၍ ဆေးစာမရမှာစိုးရိမ်သောကြောင့် ကိုယ့်ပါးကိုယ်ပဲပြန်ရိုက်ပြီးဆေးစာယူရင်ကောင်းမလား၊ ဒါမှမဟုတ် မိမိပါးကိုရိုက်ခဲ့သော မင်းသမီးကိုပဲ တောင်းတောင်းပန်ပန်နဲ့ဆေးရုံသို့ပင့်ဖိတ်ပြီး ဆေးစာရေး ပေးမည့် တာဝန်ရှိသူရှေ့မှောက်တွင်ဆေးစာရအောင် ထပ်ရိုက်ခိုင်းရမလားမသိအောင် ခေါင်းစားသွားစေ အောင် အလွန်တရာ စေ့စပ်သေချာသော မှုခင်းစစ်ဆေးပုံကြောင့်သော်လည်းကောင်း၊ဆေးစာရရှိ၍ တရားရုံးသို့ရောက်ရှိသော အခါတွင်လည်း ဤလိုအမှုကိုပင် တရားရေးမဏ္ဍိုင်လွဲချော်မည်စိုးရိမ်သောကြောင့် တစ်နှစ်ကျော်အောင် အသေးစိတ်တိတိကျကျမလွဲမချော်ရလေအောင်စစ်ဆေးပြီး သကာလ
တရားစီရင်ရေး စနစ်၏အလွန်တရာကောင်းမွန်မှု၊ ဥပဒေများ၏ မျှတမှန်ကန်မှုတို့ ကြောင့် တရားခံသည် မည်သို့မျှမငြင်းနိုင်တော့ပဲ ဥပဒေ၏ဆုံးမအရေးယူခြင်းကိုခံရပြီး ( ဒဏ်ငွေ တစ်ထောင် ) အားပိုးစိုးပက်စက် ပေးဆောင်စေကာ နှောင်းလူများ ဤသို့မလုပ်နိုင်စေရန် စံပြစီရင်ထုံးအနေဖြင့် အမိန့်ချမှတ်ခဲ့ပြီး ဥပဒေ၏ အထက်တွင်ဘယ်သူမှမရှိဟူသော ဆောင်ပုဒ်အတိုင်း ဖော်ဆောင် အကောင်အထည် ဖော်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၆ ) ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံတွင် ရောင်းချနေသော phone များ၊ ကားများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို မြန်မာပြည်တွင်ရောင်းချနေသောဈေးနှုန်းဖြင့် တခြားကမ္ဘာ့နိုင်ငံများတွင် သွားရောက်ရောင်းချပါက ဘယ်သူမှဝယ်ယူနိုင်မည်မဟုတ်ပေ။ ဤသို့တခြားနိုင်ငံတွင် မည်သူမျှမ၀ယ်ယူနိုင်သော ဈေးနှုန်းဖြင့်ရောင်းချမှုကို မြန်မာနိုင်ငံသားများသည် ၀ယ်ယူနိုင်သောကြောင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံအားရွေးချယ်လိုက် ရခြင်းဖြစ်သည်။

( ၇ ) မြန်မာနိုင်ငံသည် ကမ္ဘာ့အတော်ဆုံး၊ အကျွမ်းကျင်ဆုံး စီးပွါးရေးသမားများပေါ်ထွက်ရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာ ရနိုင်သော ပစ္စည်းများ၊ ဘယ်သူမှမ၀ယ်မည်စိုး၍ သုံးစွဲသူများကို အောက်ကျနောက်ကျခံပြီး မိမိပစ္စည်းသုံးအောင် အလကားပေးပြီး မနည်းရုံးကန်ယှဉ်ပြိုင်နေရခြင်းတို့ဖြင့် မိမိတို့လုပ်ငန်းလည်ပတ်အောင်မနည်း လုပ်နေရ သော်လည်း၊ မြန်မာနိုင်ငံတွင်မူ ထိပ်ပိုင်းတာဝန်ရှိသူအချို့နှင့် စီးပွါးရေး လုပ်ငန်းရှင်ကြီးအချို့သည် အခြားနိုင်ငံများတွင် တစ်ရာ၊ တစ်ထောင်လောက်သာရနိုင်သော ပစ္စည်းများကို မိမိတို့နိုင်ငံတွင် အဆပေါင်း သောင်း နဲ့ချီရအောင်ရောင်းပြသွားပြီး၊ စားသုံးသူများမှလည်း ဤပစ္စည်းများကို မျက်နှာငယ်လေးများဖြင့် အဟောက်ခံ၊ အဟစ်ခံ တိုးဝှေ့ဝယ်ယူရပြီး ရောင်းချသူများ၏ ခြေသလုံးဖက်ပြီး မ၀ယ်ယူရသည်ကိုပင် ၎င်းတို့မှ သဘောထားကြီးမားလှပေသည်ဟုအောင့်မေ့ကျေးဇူးအထူးတငရှိပြီး ၀ယ်ယူရလေအောင် မိမိတို့၏စီးပွါးရေးပညာဘယ်လောက်ကျွမ်းကျင်ကြောင်းကိုပြသသွားပြီး၊အခြား ကမ္ဘာ့နိုင်ငံများမှ မျက်လုံး အပြူးသား နဲ့ အံ့သြ မှင်တက်ပြီး လေးစားသွားရလောက်အောင် ပြသနိုင်သောကြောင့် နိုဘယ်လ်ဆု ပေးရေးအဖွဲ့သည် မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်ကြီးများအား ( စီးပွါးရေး နိုဘယ်လ်ဆု ) ပင်ပေးရင်ကောင်းမလားဟု နိုဘယ်လ်ဆု ပေးရေးအဖွဲ့ကိုပင်ခေါင်းစားအောင် ပြုလုပ်နိုင်သောကြောင့် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၈ )စွန့်ပစ်အမှိုက် ပစ္စည်းများအား အလေအလွင့်မရှိရလေအောင် ကမ္ဘာပေါ်တွင် အကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။ ။တချို့သော နိုင်ငံများသည် မိမိနိုင်ငံတွင်ထားရှိပါက အန္တရာယ်ရှိသောကြောင့်လည်းကောင်း၊ စွန့်ပစ်စရာနေရာမရှိသောကြောင့်သော်လည်းကောင်း၊ အမှိုက်အဖြစ် ဖျက်ဆီးလိုက်ပါကလည်းတစ်ပြားမှမရပဲဆုံးရှုံးမည့်အတူတူ ၊ဘယ်နိုင်ငံမှမယူသော ၎င်းတို့နိုင်ငံ၏ အမှိုက်များ အား ၊အလကားလည်းစွန့်ပစ်ပြီးသားလည်းဖြစ်၊ ပိုက်ဆံလဲရ တစ်ပြားရရ၊ တစ်ပဲရရဆိုပြီးမြန်မာနိုင်ငံသို့ တင်ပို့လိုက်ရာ မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လုပ်ငန်းရှင်အချို့သည် ဤအမှိုက်များအား သိသိကြီးနှင့် သော်လည်းကောင်း၊ မသိလိုက် မသိဘာသာသော်လည်းကောင်း ပြည်တွင်းတွင် အလေအလွင့်မရှိရလေအောင် စနစ်တကျ စီမံခန့်ခွဲပြီး အလေအလွင့်မရှိ ရောင်းချနိုင်သောကြောင့် စွန့်ပစ်အမှိုက် ပစ္စည်းများအားအကောင်းဆုံးစီမံခန့်ခွဲမှုအရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ရွေးချယ်လိုက်ရခြင်းဖြစ်သည်။


( ၉ ) မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧည့်သည်များနေပျော်ရာ၊ ဧည့်သည်အများဆုံးနေထိုင်ရာ နိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာပေါ်တွင် ဤလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေအများဆုံးရှာဖွေပေးရာ နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်း အခြားပြည်နယ်၊ တိုင်းမဆိုထားနဲ့ဦး၊ ဟိုဘက်လမ်းနှင့် ဒီဘက်လမ်းညအိပ်ညနေသွားနေလျှင်ပင် ဧည့်စာရင်းတိုင်ရပေသည်။

ဤသို့ကြောင့် မြန်မာနိုင်ငံသားများသည် နိုင်ငံသားဆိုသော်လည်းဧည့်သည်များဖြစ်နေသောကြောင့် ဧည့်သည်အများဆုံးနေထိုင်ရာ တိုင်းပြည်ဖြစ်ခြင်းထိုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအား အားကိုး စရာမလိုပဲ ဧည့်စာရင်းတိုင်ကြားခ ၀င်ငွေဖြင့်ပင် တိုင်းပြည်အားအခွန် ၀င်ငွေအား တိုးပွါးအာင် ပြုလုပ် ပေးနိုင် သောကြောင့်အခြားဒီမိုကရေစီနိုင်ငံများ အတုယူ လေ့လာနိုင်စေရန် ဧည့်သည်အများဆုံး နေထိုင်ရာ နိုင်ငံအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

( ၁၀ ) ကမ္ဘာပေါ်တွင် အပြောနှင့်အလုပ်ညီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရှိဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံအား ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။


ရွေးချယ်ရသော အကြောင်းအရင်း။ ။မြန်မာပြည်၏ ကျန်းမာရေး ဌာနမှ ၎င်းတို့ကျန်းမာရေးဌာနသည် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနကဲ့သို့မဟုတ်ပဲ အပြောနှင့်အလုပ်ညီသော ဌာနဖြစ်ကြောင်း ၊ဤသည်အား အတည်ပြုပေးပါရန် ဖိတ်ခေါ်သောကြောင့်ကျွန်ုပ်တို့၏ ကမ္ဘာ့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့သည် နိုင်ငံပိုင်ဆေးရုံများ၊ ကျန်းမာရေးဌာနများသို့ ရုပ်ဖျက်ပြီးသွားရောက်စစ်ဆေးရာ တကယ်ပင် အပြောနှင့်အလုပ်ညီသော ၀န်ကြီးဌာနအဖြစ် ကျွန်ုပ်တို့ စံချိန်စံညွှန်း စစ်ဆေးရေးအဖွဲ့မှကန့်ကွက်သူမရှိ ချက်ချင်း အသိအမှတ်ပြုလိုက်ရပေသည်။မပြု၍ မဖြစ်ပေ။

၎င်းတို့၏ ကျန်းမာရေးဝန်ကြီးဌာနဆောင်ပုဒ်ဖြစ်သော ( " စရိတ်မျှပေး ကျန်းမာရေး " ) ပေါ်လစီကို အောက်ခြေ၀န်ထမ်းမှစပြီး အထက်ဆုံးပုဂိုလ်အထိ လွန်စွာလိုက်နာကျင့်သုံးသောကြောင့် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့မှာ် အပြန်လေယာဉ်ခကိုပင် သံရုံးမှချေးသွားရသောကြောင့်ပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည်ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးပေးခန်းများသို့ဝင်ရောက်ရာ ( " စရိတ်မျှပေး ကျန်းမာရေး " )ဆိုသော ဆောင်ပုဒ်အတိုင်း
ကျွန်ုပ်တို့စစ်ဆေးရေးအဖွဲ့သည် တံခါးပေါက်စောင့်ဝန်ထမ်းမှစပြီး အပေါ်ဆုံးအကြီးဆုံးပုဂိုလ်အထိ မိမိတို့တွင်ပါလာသော( ဒင်္ဂါးပြား )လေးများအား မျှပြီးပေးခဲ့ရသောကြောင့် ဖြစ်သည်။ ဆေးရုံမှ ပြန်ထွက်ခ မတောင်းသည်ကိုပင် ကျေးဇူးတင်ခဲ့ရသေးသည်။

ထိုကြောင့်မြန်မာပြည်၏ ကျန်းမာရေး ဌာနများ၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေး ၀န်ကြီးဌာနအား အပြောနှင့်အလုပ်ညီသော ဌာနအဖြစ် တညီတညွှတ်တည်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ဤသို့ ဂုဏ်ယူစရာကောင်းသော စံချိန်များ ဆက်လက်ထိန်းသိမ်းနိုင်ရန၊် စံချိန်များ ဒီထက်ပိုမို၍ တိုးတက်စေရန် မြန်မာနိုင်ငံရှိ အထက်ပါ စံချိန်ရှင်များသည် ဆက်လက်၍်ကြိုးပမ်းလျှက် ရှိသည်။

ဤသို့ဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ချီးမြှင့်သော ဆုများအားလုံးကို သိမ်းပိုက်သွားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ဤစံချိန်များရရှိအောင် မည်သို့ကြိုးစားအားထုတ်ထားသည်ကို လေ့လာရအောင် အခြားနိုင်ငံများမှ အစိုးရအဖွဲ့ဝင်များ၊ သံတမန်များ၊ NGO များ၊ ပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်ရန်ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။

3 ၂၀၁၂ခုနှစ်တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ကို ကချင်ပြည်သူတဦးဖြစ်တဲ့ ကိုလဖိုင်နော်မိန်း(Kachinland News)ရရှိ


၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။

ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင်လည်း ၁ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် B.D ဘွဲ့ထပ်မံ ရယူခဲ့သည်။ ကျောင်းတက်နေချိန်တွင် ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မန္တလေး အဝေးသင်တက္ကသိုလ်မှလည်း သမိုင်းဘာသာအဓိကဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။

ကျောင်းတက်နေချိန်အတွင်း ကချင်ဘာသာမဂ္ဂဇင်းများတွင် အသိပညာပေးဆောင်းပါးများ ရေးသားခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ မွေးရပ်မြေ မန်ဒုံကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုတော်ဆောင်အဖြစ် ပြန်လည်ဆက်ကပ်ပြီး၊ ရှမ်းပြည်နယ်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ဌာန၏ တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးအဖိုးအခကို မကြည့်ဘဲ ဆောင်ရွက်တတ်သူဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် အမှုတော်ဆောင်ရင်း ဒေသဖွံ့ဖြိုးရေး၊ လူငယ်များအား ပြုစုပျိုးထောင်ရေးတို့ကို အာဏာပိုင်များ၏ဖိနှိပ်ခံ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ဦးဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရသည်။ ဒေသခံရွာသူ/သားများကို မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများအတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏခံရသူဖြစ်ပါသည်။

၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင်တည်ထောင်ခဲ့သည်။

၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်အတွင်း ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာလအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာပါဝင်ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။
naw ming 06 naw ming 07
လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစုစောင့်ရှောက် ပေးနေရသည်။

လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှုအပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက်ရှင်သန်ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတစ်ဦးလည်းဖြစ်သည်။

www.citizenofburma.org

Sunday, May 27, 2012

0 ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု လူအင်အားပိုမိုများပြားလာ





ပုသိမ်မြို့တွင် လျှပ်စစ်မီးမှန်မှန်ရရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုတတိယနေ့ကို ယနေ့ည ၇နာရီ ၂၀မိနစ်မှ စတင်ခဲ့ကြရာ ယမန့်နေ့က လုပ်ဆောင်ခဲ့ကြသည့် အတိုင်း တိုင်းလျှပ်စစ်ရုံးရှေ့မှ စတင်ကာ ရွှေမုဋ္ဌော ဘုရားထိ လမ်းလျှောက်ကိုင်ဆောင်ခဲ့ကြသည်။

ယနေ့ည စတင်ရာနေရာ၌ လူ ၈၀၀ ခန့်က ဖယောင်းတိုင် စတင်ထွန်းညှိပြီး မြေနုလမ်း၊ မင်းကြီးလမ်း မှတဆင့် မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့များသို့ ဖြတ်ကျော် ကာ နောက်ဆုံး ရွှေမုဋ္ဌောဘုရားတွင် သွားရောက် ဆီမီးပူဇော်ပြီး ၈နာရီ ၄၀ မိနစ်၌ လူစုခွဲခဲ့ကြသည်။ လုံခြုံရေးရဲများ တိုင်းလျှပ်စစ်ရုံးရှေ့တွင် ညနေစောင်းမှ စတင်ချထားသော်လည်း ဖယောင်းတိုင် ထွန်းညှိသူများအား နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ။

သတင်းဓာတ်ပုံ..Laypyay aung, ကိုထက်(ပုသိမ် hrdp)

1 မပြောချင်လို့လည်းမရ ။ ပြောရဦးမယ် ။


ဒီကနေ့ မနက် လမ်းပေါ်ထွက်ပြီး သတင်းစနည်းနာကြည့်တော့ .......
သတင်းတစ်ခုထွက်လာပါတယ် ။
မနေ့ ( ၂၆-၅-၂၀၁၂ စနေနေ့ ) က လမ်းမတော်မြို့နယ် အမှတ် ( ၅ ) ရပ်ကွက်ထည်းမှာ ခြိမ်းချောက် အကျပ်ကိုင် တဲ့ လုပ်ရပ်တစ်ခု သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြုလုပ်ခဲ့တယ်ဆိုပဲ ။
လုပ်ပုံက တော့ရပ်ကွက်အတွင်းက လ္ဘက်ရည်ဆိုင်က ပိုင်ရှင်တွေ စားသောက်ဆိုင်ပိုင်ရှင်တွေ တာဝန်ရှိသူ ကိုယ်စားလှယ်တွေကို ခေါ်ပြီး ပြောသတဲ့ ။ကိုရဲလွင်ဦးစီးတဲ့ အဖွဲ့ ကိုသိသလား ပေါ့ ။

သီချင်းတွေလိုက်ဆိုပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် အလှူခံပေးနေတဲ့အဖွဲ့ကလေတဲ့ ။
ဆိုင်ပိုင်ရှင်တွေ က ကြားတော့ကြားဖူးပါတယ် လို့ ဖြေကြတယ် ။
( အထက်ကညွှန်ကြားချက် ) ကြောင့်ပါ လို့ပြောပြီး ။
ကိုယ်သဘောနဲ့ကိုယ် အဲ့ဒီအဖွဲ့ သီချင်းဆိုဖို့ ကိစ္စ ( လက်မခံပါဘူး )
++++++++++++++++++++++++++++++++++++++++++++
ရပ်ကွက်က အုပ်ချုပ်ရေးရုံးကို အရင် အသိပေး ခွင့်တောင်းမှု ယူပါ့မယ် ။
++++++++++++++++++++++++++++++++++++++++++++++++
ဆိုတဲ့ ကိုယ်တိုင် ခံဝန် ကတိပြုချက်တွေ လက်မှတ်ထိုးခိုင်းသတဲ့ ။
ကိစ္စကတော့ အဲ့ဒါပါပဲ ။
သမ္မတကြီးနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင် လူကြီးမင်းများကို မသိလို့ မေးကြည့်ချင်တယ် ။
အဲ့ဒီညွှန်ကြားချက်မျိုး တကယ်ပဲ ပေးခဲ့သလား ။ မပေးခဲ့ဘူးလား ။
ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်ယူလုပ်ဆောင်နေသူတွေကို အနှောက်အယှက်ပေးတာဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု မရှိလို့ပဲလား ။
ဒါမှမဟုတ် သမ္မတကြီးနဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင် လူကြီးများကို သိက္ခာမရှိအောင် နာမည်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ အောက်ခြေက အုပ်ချုပ်ရေးမှူးတွေက လုပ်နေတာလား ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြဖို့တော့ လိုနေပါပြီ ။

ပြည်သူလူထုကို ကိုယ့်ကြိုးနဲ့ ကိုယ်ပြန်ချည်ခိုင်းတဲ့ ခြိမ်းချောက် လက်မှတ်ထိုးခိုင်းတဲ့ လုပ်ရပ်မျိုးတွေ ၊ ငြိမ်းချမ်းရေးကိုဟန့်တားတဲ့လုပ်ရပ်တွေ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မလိုလားပဲ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို အောက်ခြေက အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို လုပ်ဆောင်ဖို့ ဘယ်သူမှန်းမသိတဲ့ ( အထက်က ) ဆိုတဲ့သူတွေက တကယ်ပဲ အမိန့်ပေးစေခိုင်းနေတာလား ။

ဒါမှမဟုတ် သမ္မတကြီး လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဖျက်လိုဖျက်ဆီး မလေးမစားနဲ့ အောက်က လူတွေ တမင်လုပ်နေတာလားဆိုတာကို သိဖို့ ( လမ်းမတော်မြို့နယ် ) အမှတ်( ၅ ) ရပ်ကွက်နဲ့ အမှတ် ( ၄ ) ရပ်ကွက် အုပ်ချုပ်ရေး ရုံးတွေကို သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်းစုံစမ်း အဖြစ်မှန်ကို အဖြေရှာပေးဖို့ အထူးလိုအပ်နေပါသည် ။ ( ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင်ပေါ့ )"

Ah Ba Yah

0 မြန်မာပြည်၊ လျှပ်စစ်နဲ့ မဆုံးနိုင်သောစိန်ခေါ်မှုများ။



မြန်မာပြည်မှာ ဟိုးအရင်ကတည်းကနေ ယနေ့အထိ ကြုံတွေ့နေရတဲ့ လျှပ်စစ်လုံလောက်အောင် မပေးနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေသေချာချာသာ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေချပြီး လုပ်ဆောင်မယ်ဆိုရင် ပြေလည်နိုင်မဲ့အရာတွေလို့ ယူဆပါတယ်။

အစ


ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လို အရင်းအမြစ်တွေကနေ လျှပ်စစ်ကို ထုတ်လုပ်သလဲဆိုတာကို လေ့လာကြည့်ရင်......

၁.) Fossil fuels လို့ ဆိုတဲ့ Coal, Natural gas, Petroleum စတာတွေနဲ့လည်ပတ်တဲ့ စက်ရုံ၊

၂.) Nuclear Fission နဲ့လည်ပတ်တဲ့ Nuclear Powerစက်ရုံ၊

၃.) Renewable Energy လို့ဆိုတဲ့...

i) Biomassနဲ့ လည်ပတ်တဲ့ စက်ရုံ၊

ii) Solar Power နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ၊

iii) Geothermal power နဲ့လည်ပတ်တဲ့ စက်ရုံ၊

Ocean thermal energy conversion(OTEC)နဲ့ လည်ပတ်တဲ့ စက်ရုံ၊

၎.) Hydroelectric ရေစွမ်းအင်သုံး စက်ရုံ၊

၅.) Wind turbine လေစွမ်းအင်သုံး စက်ရုံ၊

၆.) Waste-to-Energy စွန့်ပစ်ပစ္စည်းတွေ နဲ့ လည်ပတ်တဲ့ စက်ရုံ တွေဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

အဲဒီထဲကမှ ရွေးထုတ်ပြီး ပြောချင်တာက ကျနော်တို့ ဒေါ်လာသန်း ၃၅၀ လောက်ဖြုန်းနိုင်ရင် ၁-၂ နှစ်အတွင်း မီဂါဝပ် ၅၀၀လောက်ထုတ်နိုင်တဲ့ Combined Cycle Power Plant (CCPP) တလုံးကောင်းကောင်းရနိုင်ပါတယ်။

Combined cycle power plant (CCPP) ဆိုတာက

၁.) Gas Turbine Generator (GT)

၂.) Steam Turbine Generator (ST)

၃.) Heat recovery steam generation (HRSG-Boiler)

စတာတွေကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းအင်အလေအလွင့်မရှိရအောင် စက်ရုံကို Efficiency အမြင့်ဆုံးရနိုင်သလောက် ရအောင် လည်ပတ်သုံးစွဲရတာဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူအနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Technology တခုလည်းဖြစ်ပါတယ်။

Natural Gas
ဒါပေမဲ့ အရေးကြီးတာက အဲဒီ CCPP ကို Supply အဓိကလုပ်ပေးတဲ့ Natural gas လုံလုံလောက်လောက်ရှိရဲ့လားဆိုတဲမေးခွန်းပါပဲ။ ။

Natural gas ကလည်း မြေကြီးတွင်းထဲက ထွက်လာတာနဲ့ တိုက်ရိုက်ပိုက်နဲ့ဆက်ပြီးသုံးစွဲလို့မရပါဘူး။
Treatment လိုပါသးတယ်။ Gas composation ကို အချိုးကျရောစပ်စေပြီးမှ စက်ရုံကိုပို့ပေးလို့ရတာပါ။ အဲဒီတော့ Natural Gas processing plant လိုပြန်ပါပြီ။

အဲဒီအတွက်ကတော့ အခုအခါ တခြားနိုင်ငံတွေကို Gas ရောင်းစားနေတော့သိပ်ပူစရာမရှိလောက်ဘူး ထင်ပါတယ်။

အကြောင်းတခုခုကြော့် Gas မရှိရင်၊ Gas supply ပြတ်တောက်သွားခဲ့ရင် စက်ရုံ လည်ပတ်လို့ရအောင် Secondary Fuel Supply (e.g. Diesel) ကိုလည်းထားပေးရပါမယ်။

Training and Support

အဲဒီ CCPP စတင်ပြီးလည်ပတ်ဖို့ ပညာရှင်တွေလိုပါတယ်။မြန်မာတွေ မညံပါဘူး။ ဟုတ်ပါတယ် ကျနော်တို့ မညံ့ကြပါဘူး။

ဒါပေမဲ့ Proper Training တော့လိုအပ်ပါတယ်။ အဓိကကျတဲ့ Operation, Instrument and control, Mechanical and Electrical maintenance စတာတွေမှာ ကျွမ်းကျင်သူတွေ တကယ်လိုအပ်ပါတယ်။ Overhaul maintenance ရှိခဲ့ရင်လည်း ကိုယ့် In-house maintenance team နဲ့တင်မလုံလောက်ပဲ တခြားအပြင်က Contractors တွေကိုပါ ခေါ်ပြီး အချိန်မှီပြီးစီးအောင်လုပ်ရပါတယ်။

အဲဒီလို ပံ့ပိုးနိုင်တဲ့ Outsources O&M company တွေ, Manpower supplierတွေ ကျနော်တို့မှာမရှိသေးပါဘူး။

Asset Management

Spear parts တွေ၊ စက်အပိုပစ္စည်းတွေကိုလည်း အဆင်သင့် ပြင်ဆင်၊ ဖြုတ်လဲ၊ တပ်ဆင်နိုင်အောင် အမြဲထားရပါမယ်။ ပြဿနာဖြစ်မှ ပစ္စည်းထွက်ဝယ်ဖို့၊ order မှာဖို့၊ quotation တောင်းဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် Logistic ကောင်းကောင်း၊ Asset management ကောင်းကောင်းရှိဖို့၊ ရှိနေဖို့ လိုအပ်ပါတယ်။

ဥပမာ။ ။ စက်ရုံရဲ့ critical ဖြစ်တဲ့ motor တလုံး ပြဿနာတက်ပါပြီဆိုပါတော့။ motor ကကွိုင်ပြန်ရမဲ့ အခြေအနေဆို စက်ရုံကို အချိန်ကြာကြာ ပိတ်ပြီး ကွိုင်ပြန်ပတ်မလား၊ အသစ်တလုံးနဲ့ချက်ချင်းအစားထိုးပြီး နာရီပိုင်းအတွင်း စက်ရုံကိုလည်ပတ်မလားဆိုတဲ့ စိန်ခေါ်မူတွေရှိလာပါပြီ။ ။

Specialist Support

နောက်ထပ်တခု အရေးကြီးတာတခုက ဒီစက်တွေရဲ့ Specialists တွေကို ကိုယ်ရဲ့ စက်ရုံမှာ အမြဲတမ်း standby 24/7 ထားပေးရပါတယ်။

ဥပမာ။ ။ Gas turbine က Samsung or GE or Mitsubishi or Alstom ဆိုပါစို့။ အဲဒီစက်တွေရဲ့ Specialistတွေကို ဆိုလိုတာပါ။

အဲဒါမှ Gas Turbine, Steam Turbine, Heat recovery steam generation (HRSG- Boiler), transformers, High voltage breakers, Sub-station စတာတွေ တခုခု ပြဿနာဖြစ်တာနဲ့ သူတို့က ထဲထဲဝင်ဝင် ချက်ချင်းဖြေရှင်းနိုင်မှာပါ။

တချို့သော အရေးကြီးတဲ့ Operation Control Logic တွေကို စက်တွေရဲ့ Supplier က သူတို့ စက်တွေရဲ့ လှို့ဝှက်ချက်အနေနဲ့ ထားတတ်တော့ သူတို့ Support ပေးတဲ့ Specialists team ကထားဖို့ လိုကိုလိုပါတယ်။

Water Treatment Plant

Heat recovery steam generation (HRSG- Boiler) လည်ပတ်ဖို့အတွက် Treatment လုပ်ထားတဲ့ ရေလိုအပ်ပါတယ်။ Water treatment Plant (Demineralization Water) လိုကို လိုအပ်လာပါပြီ။ အများသုံးအတွက် ပုံမှန် ဖြန့်ဝေနေတဲ့ ရေကို Process water အဖြစ်နဲ့ တိုက်ရိုက် သုံးလို့မရပါဘူး။

PH ကို ၉ လောက်အထိမြှင့်ထား၊ conductivity ကိုလည်း ၀.၀၅ ucm လောက်အထိ အနိုမ့်ဆုံး လျှော့ချပေးဖို့လိုပါတယ်။ အဲဒါမှ Heat recovery steam generation (HRSG- Boiler) က Water Steam cycle Piping, Water-Steam drums, Steam Turbine Blades တွေရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်မှာဖြစ်ပါတယ်။

Treatment Water/ Process water Quality ကို အမြဲတမ်း စစ်နေနိုင်ဖို့အတွက် Laboratory နဲ့ ကျွမ်းကျင်တဲ့ Station Chemists တွေ၊ Lab Tech တွေ လိုကို လိုလာပါပြီ။

Treatment လုပ်ဖို့အတွက် လိုအပ်တဲ့ Chemicals တွေကို အချိန်မှီပံ့ပိုးနိုင်မဲ့ Supplier တွေ မရှိမဖြစ်လိုလာပါပြီ။

Electricity Supply

နောက်ဆုံးတချက်အနေနဲ့ စက်ရုံကထွက်လာတဲ့ လျှပ်စစ်ဓါတ်အားကို National grid ထဲကို ပို့ရန်အတွက် delivery System လည်းလိုလာပါပြီ။ စက်ရုံကထွက်လာတဲ့ Voltage မြှင့်ထားတဲ့ လျှပ်စစ်ဓါတ်အားကို (e.g 230kV) သယ်ဆောင်ပေးနိုင်တဲ့ delivery system ကိုလည်း အဆင့်ထပ်မြှင့်ရန်လိုလာပါပြီ။ ။ လိုအပ်တဲ့ Sub-station တွေ၊ Voltage Transformers တွေကိုလည်း နိုင်ငံအနှံအပြားမှာ တပ်ဆင်ဖို့လိုအပ်လာပါပြီ။ ။

ကျနော်တို့မှာ မရှိသေးပါ။

တကယ်တမ်းကျတော့...........................

ကျနော်တို့မှာ ဘာမှမရှိပါ။

ကျနော်တို့မှာ ဘာမှမပြင်ဆင်ရသေးပါ။

ကျနော်တို့မှာ ဘာမှအဆင်သင့် မဖြစ်သေးပါ။

မြင်နိုင်ကြပါစေ။ ။


နိဂုံး

ကျနော်ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် အကြံတခုအနေနဲ့ recommend လုပ်ချင်တာကတော့Waste-to-energy ဖြစ်တဲ့ Incineration plant ဆောက်ဖို့ပါပဲ။ ။

Incineration plant ဆိုတာက အမှိုက်တွေ၊ စွန့်ပြစ်ပစ္စည်းတွေကို အရမ်းမြင့်တဲ့ Temperature တခုမှာလောင်ကျွမ်းစေခြင်းပဲဖြစ်ပါတယ်။ အဲဒီလို High Temperatureနဲ့ လောင်ကျွမ်းတဲ့အခါ energy ထွက်လာပါတယ်။ အဲဒီ energy ကို သုံးပြီး Boiler မှတဆင့် Electric power ကို ထုတ်ယူသုံးစွဲစေခြင်းဖြစ်ပါတယ်
အကယ်၍သာ Incineration plant ဆောက်ဖြစ်ခဲ့ရင် ရန်ကုန်မှာ ဖြစ်နေတဲ့ အမှိုက်စွန့်ပြစ်ရေးပြဿနာကိုလည်း တစိတ်တပိုင်း ပြေလည်သွားမှာဖြစ်သလို မြို့အတွက် လိုအပ်တဲ့ လျှပ်စစ်ပြဿနာကိုလည်း တစိတ်တပိုင်းပဲဖြစ်ဖြစ် ဖြေရှင်းပေးသွားနိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။ ။

မစ္စတာမောင်ကိုသက်

မေလ ၂၇ ရက် ၂၀၁၂
တနင်္ဂနွေနေ့

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.