Wednesday, May 30, 2012

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ် စတင်(ဓာတ်ပုံ/ရုပ်သံ)





Photo ..Reuters.Yangon media group


ဒေါ်အောင်ဆန်းစုကြည် သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ဦးစိုးဝင်း (လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။

လုံခြုံရေးအရာရှိ ဦးခွန်သာမြင့် သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သိကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ကို လာရောက် ကြိုဆို မည် ဖြစ်ကြောင်း သိရ သည်။

ယခုခရီးစဉ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပသို့ ထွက်ခွာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

Yangon media group
ဘန်ကောက်လေဆိပ်ရောက် ဒေါ်အောင်ဆန်းစုကြည် (Credit itv AND APTN)


ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဘန်ကောက် စံတော်ချိန် ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ လေဆိပ်အပြင်ကို ထွက်လာခဲ့ပါတယ်။ သုဝဏ္ဏဘူမိ လေဆိပ်ကို ရောက်ရှိနေတဲ့ ဘီဘီစီ မြန်မာပိုင်းဌာန ဌာနမှူး ဒေါ်တင်ထားဆွေက အခုလို သတင်းပေးပို့ ထားပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.