Thursday, May 31, 2012

0 လှိုင်သာယာစက်မှုဇုန်မှ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံတွင်လုပ်ခလစာ တိုးမြင့်ပေးရေး သပိတ်မှောက်နေကြသောအလုပ်သမများအားကိုနေမျိုးဇင်မှ သွားရောက်အားပေးခဲ့


ဂရိတ်ဝဲလ် Great well ဖိနပ်စက်ရုံမှ ယနေ့ သပိတ်မှောက် အလုပ်သမများ တောင်းဆိုနေပုံနှင့် မြန်မာ့လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ သွားရောက် အားပေးစကားများ ပြောကြားကာ မှတ်တမ်း ရိုက်ယူခဲ့သည်

လှိုင်သာယာ စက်မှုဇုန်မှ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံတွင် ဒုတိယနေ့မြောက်အဖြစ် လုပ်ခလစာ တိုးမြင့်ပေးရေး သပိတ်မှောက်နေကြသော အလုပ်သမများ အား ကိုနေမျိုးဇင်မှ သွားရောက်အားပေးခဲ့သည်။ မနက်ဖြန် မနက်တွင် ထို သပိတ်မှောက် အလုပ်သမ အနည်းဆုံးအင်အား တထောင်ခန့်အား မနက်စာဟင်းအဖြစ် ကြက်သားနှင့် အာလူး ဟင်းကို အလှူရှင် စင်ကာပူနိုင်ငံမှ ကိုကျော်စွာမင်းက ပေးပို့လှူဒါန်းထားပါသောကြောင့် သွားရောက် လှူဒါန်းပေးရင်း အားပေးစကားများ ထပ်မံပြောကြားဦးမည် ဖြစ်ပါသည်။

ကိုနေမျိုးဇင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.