Tuesday, May 29, 2012

0 ထိုင်းနိုင်ငံတခ်တခ်ခရိုင်ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒေါ်အောင်ဆန်းစုကြည်ထံပေးစာ

The Former Political Prisoners List in Um Pi Em Refugee Camp
သို့ /
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ရန်ကုန်မြို့  နေ့ စွဲ- ၂၈-၅-၂၀၁၂
အကြောင်းအရာ။ ။ထိုင်းနိုင်ငံတခ်ခရိုင် ဖုတ်ဖရမြို့ နယ် အုန်းပြန်ကရင်ဒုက္ခသည်စခန်းတွင် ရောက်ရှိခိုလှုံနေသောမြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်း(၄၈)ဦးမှဒုက္ခသည်စခန်းများ၏ လက်ရှိအခြေအနေကိုသိရှိနိုင်ပါရန် တင်ပြအစီရင်ခံခြင်း။

လေးစားရပါသော အန်တီစုခင်ဗျား

ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် ကျင်းပမည့် (World Economic Forum) အစည်းဝေးသို့ တက်ရောက် ပြီး နောက် ၂၀၁၂ ဇွန်လ (၂) ရက်နေ့ တွင် မယ်လဒုက္ခသည်စခန်းသို လာရောက်မည့်အစီအစဉ်ကို
သိရှိရ ပါသဖြင့် ထိုင်းနိုင်ငံ တခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း(၃)ခု၏ လက်ရှိအခြေအနေကို အကျဉ်းအား ဖြင့် သိရှိနိုင်ရန်တင်ပြအစီရင်ခံအပ်ပါသည်။ အဆိုပါစခန်း(၃)ခုမှာ မယ်လ၊အုန်းပြန်နှင့် နိုးဖိုးဒုက္ခသည်စခန်း တို့ ဖြစ်ကြပြီး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူ လူဟောင်းများ (Registered Refugees) နှင့် ဒုက္ခသည် အဖြစ် အသိအမှတ်မပြုခံရသေးသူ လူသစ်(Unregistered Refugees) ဟု သတ်မှတ်ထားသော နှစ်မျိုးနှစ်စားသော ဒုက္ခသသည်များ အခြေချနေထိုင်ကြပါသည်။

ကရင်ဒုက္ခသည်များမှာ အများစုဖြစ်ပြီး ကျန်တိုင်းရင်းသားများလည်း လူနည်းစုအဖြစ်ရှိနေကြပါသည်။
မယ်လဒုက္ခသည်စခန်းမဲဆောက်မြို့ မြောက်ဘက်ကီလိုမီတာ (၄၀)ခန့် အကွာတွင်တည်ရှိပြီး ဒုက္ခသည်ဦးရေ (၃၀,၀၀၀)ခိုလှုံနေပြီး လူဟောင်း (၁၂,၀၀၀) နှင့် လူသစ်ဦးရေ ( ၁၈,၀၀၀) ခန့် ရှိကြောင်းခန့် မှန်းခြေအရသိရှိရပါသည်။ အကြီးဆုံးစခန်းဖြစ်ပြီးတည်ရှိခဲ့သည်မှာ (၂၀) နှစ်ခန့် ရှိပြီဖြစ်ပါသည်။ UNHCR နှင့်ထိုင်းအာဏာပိုင်တို့ မှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုသည့်(Refugee Status Process) ကို ၂၀၀၅ ခုနှစ်က နောက်ဆုံးပြုလုပ် ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှ ဒုက္ခသည်စခန်းသိုရောက်ရှိလာသူများမှာ လူသစ် (Unregistered) များဖြစ်ကြပါသည်။

အုန်းပြန်ဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက်ကီလိုမီတာ (၈၀) အကွာ ပေ (၃၀၀၀) ကျော်မြင့်သော တောင်တန်းပေါ်တွင်
တည်ရှိ ပြီး လူဦးရေ (၁၇,၀၀၀) ခန့် ခိုလှုံနေခါ လူဟောင်း (၁၁,၀၀၀) နှင့် လူသစ် (၆,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရသိရှိရပါ သည်။ ရာသီဥတုဆိုးရွားသော တောင်ထိပ်တောင်စောင်းပေါ်တွင် တည်ရှိသည့်နေထိုင်သွားလာမှုပင်ပန်းခက်ခဲသော စခန်းတစ်ခု ဖြစ်ပြီး လွန်ခဲ့သော(၁၁)နှစ်ကတည်ထောင်ခဲ့ ပါသည်။ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၆ ခုနှစ် နှစ်ဆန်းတွင် UNHCR နှင့် ထိုင်းအစိုးရတို့ မှ နောက်ဆုံးပြုလုပ်ပေးခဲ့ပါသည်။

၂၀၀၆ခုနှစ်နောက်ပိုင်းမှရောက်ရှိခိုလှုံလာသူအားလုံးသည်လူသစ်များဖြစ်ကြပါသည်။ လွန်ခဲ့သော (၃) လခန့် 
ကဤစခန်းတွင်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၅၀၀) ကျော်မီးသင့်ခဲ့ပါသည်။

နို့ ဖိုးဒုက္ခသည်စခန်း
မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ (၁၆၀) အကွာကြာအင်းဆိပ်ကြီး နယ်စပ်တွင်တည်ရှိပြီး လူဦးရေ(၁၂,၀၀၀) ခန် ခိုလှုံနေခါ လူဟောင်း (၄၀၀၀) နှင့် လူသစ် (၈,၀၀၀) ခန့် ရှိကြောင်း ခန့် မှန်းခြေအရ သိရှိရပါသည်။
(Refugee Status Process) ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းကို ၂၀၀၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်နှစ်ဆန်းပိုင်းတွင် UNHCR နှင့် ထိုင်းအစိုးရမှ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုရေး(Refugee Status) အတွက်ပဏာမစုံစမ်းစီ စစ်ခြင်း (Pre-Screening Process) ကို လုပ်ဆောင်ခဲ့ပါသည်။ သို့ ဖြစ်၍နို့ဖိုးဒုက္ခသည်စခန်းမှာလူဟောင်းဒုက္ခသည်နှင့်ပဏမစုံစမ်းစီစစ်ခြင်းပြီးထားသည့်လူသစ်ဒုက္ခသည်များနေထိုင်သည့် စခန်းဖြစ်ပါသည်။

အထက်ဖော်ပြပါစခန်း (၃) ခုတွင်မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ နှင့်မိသားစုဝင်များသည်
အကြောင်းအားလျော်စွာ ရောက်ရှိခိုလှုံနေကြရပါသည်။၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလများ ၌လည်း ၎င်း၊၂၀၀၈ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကာလနှင့် နာဂစ်မုန်တိုင်း လွန်ကာလများ၌၎င်း၊ ၂၀၁၀ ရွေးကောက်ပွဲအကြိုနှင့်အပြီးကာလများ၌၎င်း၊နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သတ်မှုများကြောင့် အာဏာပိုင်အဖွဲ့ စည်းများ၊ ထောက်လှမ်းရေးအဖွဲ့ အစည်းများ၏ စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူ ခြင်းခံရပြီး နှစ်ရှည်ထောင်ဒဏ်များကျခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင် ရန် မိသားစုနှင့်အတူ (သို့မဟုတ်)တစ်ကိုယ်တည်းကိုယ်လွှတ်ရုံးရှောင်ရှားပြီးမှ မိသားစုဝင်များကနောက်မှ လိုက်ပါ၍ ပေါင်းစည်းခြင်းဖြင့် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြပါသည်။ တစ်ဘက်နိုင်ငံသို့ ရောက်ရှိပြီးနောက် မဲဆောက်မြို့ တွင်ဦးစွာခိုအောင်းခဲ့ကြပြီး မိမိနှင့်သက်ဆိုင်သည့် အဝေးရောက်ပါတီနှင့်အဖွဲ့ အစည်းမျာနှင့်၎င်း ၊ UNHCR /AAPP စသည့်အဖွဲ့ အစည်းများနှင့်၎င်း အကူအညီရယူရန်ဆက်သွယ်ခဲ့ကြရပါသည်။ မိမိတို့ 
နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ မှာ မဲဆောက်မြို့ ၌နေထိုင်ရာတွင် ထိုင်းရဲတို့ မှဖမ်းဆီးမိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရပါက လွန်စွာအန္တရာယ်ကြီးသောကြောင့် UNHCR / AAPP စသည့်အဖွဲ့ အစည်းတို့ ကညွှန်ကြားကူညီစီစဉ်ဆောင်ရွက်ပေးသည့်အတိုင်း လှုံခြုံစိတ်ချရသည့် ဒုက္ခသည် စခန်းများသို့ မဲဆောက်မှရွှေ့ ပြောင်းပြီးရောက်ရှိခိုလှုံနေထိုင်ခဲ့ကြသည်မှာ နှစ်နှစ်ကျော် သုံးနှစ်မှ ငါးနှစ်အထိရှိနေကြပြီ ဖြစ်ပါ သည်။ စခန်းသုံးခုတွင်လက်ရှိအချိန်၌ခိုလှုံနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း မိသားစုများမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
မယ်လစခန်း - (၁) ဦးနှင့်မိသားစု (လူဟောင်း- Registered Refugee ဖြစ်ပါသည်။)
အုန်းပြန်စခန်း- (၄၈) ဦးနှင့်မိသားစုများ (လူသစ်များ- all Unregiatered Refugees ဖြစ်ပါသည်။)
နို့ ဖိုးစခန်း - (၁၂) ဦးနှင့်မိသားစုများ (လူသစ်များ- Pre-Screening Completed Unregistered Refugeesဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ မယ်လစခန်းတွင် နည်းပါးရခြင်းမှာ ထိုစခန်း၏လူနေမှုစရိတ်စက
အလွန်ကြီး မြင့်မှုကြောင့် UNHCR နှင့် AAPP တို့ မှနိုင်ငံရေးအကျဉ်းသားဟောင်းအများစုကို အုန်းပြန်နှင့်နို့ ဖိုးစခန်းတို့ သာဝင်ရောက် ခိုလှုံ ရန် အကြံပေးညွှန်ကြားမှုကြောင့် ဖြစ်ပါသည်။ လူသစ်ဒုက္ခသည်များသည် လူဟောင်းဒုက္ခသည်များကဲ့သို့ ပင် TBBC (Thai Burma Border Consortium) မှထောက်ပံ့သည့် ရိက္ခာ(Food Ration)ဆန်၊ဆီနှင့်မီးသွေးများရရှိကြပါသည်။
လက်ရှိအခြေအနေ
အုန်းပြန်စခန်း (၄၈) ဦးနှင့် နို့ ဖိုးစခန်း (၁၂) ဦးပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း (၆၀) ဦးနှင့်မိသားစုဝင်တိုသည်ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရေသေးသောလူသစ် (Unregistered Refugees) များဖြစ်ကြပါသည်။ ကရင်ရွေပြောင်းဒုက္ခသည်များနှင့်လည်းပတ်သက်မှုမရှိခြင်းကြောင့် မကြာမီအချိန်တွင်ဖြစ်လာနိုင်သည့်မြန်မာနိုင်ငံကရင်ပြည်နယ်နယ်စပ်တွင် ကရင်အဖွဲ့ အစည်းတို့ ၏ ပြန်လည်နေရာချထားခြင်းအစီအစဉ်များနှင့်လည်းသက်ဆိုင်မှုရှိမည်မဟုတ်ပါ။

အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် ကဲ့သို့ ကြေငြာချက်များကို လက်ရှိအစိုးရမှ ထုတ်ပြန်၍ခေါ်ယူခြင်းမပြုသည့် အတွက် ဂုဏ်သိက္ခာရှိစွာ မြန်မာနိုင်ငံသို့ ပြန်နိုင်မည့်အခြေအနေမှာလည်း မရှိဖြစ်နေပါသည်။
မြန်မာနိုင်ငံနှင့်နှစ်ရှည်လကြာကွဲကွာနေသူများဖြစ်၍ ပြန် လည်အခြေချရာတွင်လည်းများစွာသော
အခက်အခဲများရှိနေမှာဖြစ်ပါသည်။ ပင်ပန်းဆင်းရဲစွာ ဒုက္ခသည်စခန်းများတွင်နေထိုင် နေကြရ၍ မိသားစုဝင်တို့ ၏ပညာရေး၊ကျန်းမာရေး၊လူမှုရေး ဆုံးရှုံးမှုများစွာရှိနေပြီး အနာဂတ်ပျောက်ဆုံးနေကြပါသည်။

အထူးသဖြင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် မြန်မာနိုင်ငံ၌
စစ်မှန်သောဒီမိုကရေစီ မရရှိလျှင်
စစ်မှန်သောလူ့ အခွင့်အရေးမရှိလျှင်
စစ်အာဏာရှင်စနစ်အမြစ်မပြတ်လျှင်
အမိနိုင်ငံသို့ ပြန်ရန်လွန်စွာခက်ခဲနေကြသူများ
ဖြစ်ကြပါသည်။ သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ ပြန်၍မရသေးသည့်အခြေအနေတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို UNHCR နှင့် ထိုင်းအစိုးရတို့ မှသီးခြားဒုက္ခသည် POC Status(Refugee Status for Person of Concern) အဖြစ်အသိအမှတ်ပြု၍ လုံခြုံစိတ်ချသည်ရသည့် အချိန်အတိုင်းအတာတစ်ခု အထိထိုင်းနိုင်ငံတွင် ဆက်လက်ခိုလှုံနေထိုင်ခွင့်ရရှိနိုင် ရန် ကူညီဆောင်ရွက်ပေးစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြုံတောင့်ကြုံခဲနှစ်
(၂၀)အတွင်းပထမဆုံးပြည်ပခရီးစဉ်တွင်ထိုင်းနိုင်ငံခေါင်းဆောင်များ၊နိုင်ငံတကာခေါင်းဆောင်များ၊နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် တွေ့ ဆုံရာတွင်ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းဒုက္ခသည်များ၊ ရွေပြောင်းအလုပ်သမားများ နှင့် အခြေအနေခြင်းမတူညီသည့် ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏အရေးကိစ္စကို အကောင်းမွန်ဆုံးကြိုးပမ်း ဆောင်ရွက်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ သင့်လျော်မည့်ညွှန်ကြားလမ်းညွှန်မှု
များကိုလည်း အကြံပြုပေးပါရန် တောင်းခံအပ်ပါသည်။ ပြည်သူများအတွက် အမိနိုင်ငံဒီမိုကရေစီ အလျှင်အမြန် ရရှိစေရန်ဦးဆောင်ထမ်းရွက်နိုင်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အားကိုးယုံကြည်စွာဖြင့်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အုန်းပြန်ဒုက္ခသည်စခန်း
မှတ်ချက် ။ စာကြွင်း၊ UNHCR သည်နိုင်ငံရေးအကျဉ်းသားဟောင်းများကို
ယခင်က POC Status ဖြင့်ဒုက္ခုသည်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။
သက်ဆင်အစိုးရလက်ထက်တွင် UNHCR ၏လုပ်ပိုင်ခွင့်ကိုရပ်ဆိုင်းခဲ့ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.