Saturday, August 28, 2010
0 ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဗိုလ်ချုပ်ကြီးကိုကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့အကြောင်း
ဦးရော်နီညိမ်း။ ။ ပထမဆုံး ဗိုလ်မှူးကို ကျနော်တို့ မေးချင်တာကပေါ့နော်၊ အခု အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ်(၁၈)က ဖြစ်တဲ့အတွက်ကြောင့်မို့လို့၊ ဗိုလ်မှူးတို့ စစ်တက္ကသိုလ် အပတ်စဉ်(၂၀) နဲ့ဆိုရင် (၂) နှစ်လောက်ပဲ ကွာတာကို ကျနော်တို့ တွေ့ရတော့ ဒါဟာ ခေတ် ပြိုင်လို့လည်း လှမ်းမြင်ကြည့်လို့ ရပါတယ်။ အဲဒီတော့ ကိုယ်နဲ့ ခေတ်ပြိုင်တစ်ယောက်ပေါ့နော်၊ ကိုယ့်ထက် (၂)နှစ်လောက်ပဲ စီနီယာကျတဲ့လူ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းကို ဗိုလ်မှူးသိရှိသလောက် ဝေဖန် အကဲဖြတ် သုံးသပ်ပေးပါ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ မွန်ပြည်နယ် သထုံဇာတိပါခင်ဗျ၊ စစ်တက္ကသိုလ် အပတ်စဉ်(၁၈) တက်တဲ့အချိန်အခါမှာ ‘အောင်ဇေယျ’ တပ်ခွဲက ပါ။ အဲဒီတော့ ကျနော်တို့နဲ့ တပ်ခွဲ တစ်ခွဲတည်း အတူတူဖြစ်ပါတယ်။ သူက တပ်စု(၈)ပါ ခင်ဗျ။ စစ်တက္ကသိုလ် တက်စဉ်အတွင်းမှာတော့ သာမန် ဗိုလ်လောင်းတစ်ယောက် အနေနဲ့ပဲ ကျနော်တို့ သိရပါတယ်ခင်ဗျ။ သူ စစ်တက္ကသိုလ် ဆင်းပြီးတော့ ခမရ (၂)၊ တပ်မ (၄၄) မှာ သူ တပ်ခွဲမှူးဗိုလ်ကြီး ဘ၀နဲ့ပေါ့လေ၊ ၁၉၈၃ - ၈၄ ခုနှစ်က မဲသဝေါ တိုက်ပွဲ မှာ KNU ရဲ့ မဲသဝေါစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ သူ “သူရ”ဘွဲ့ ရပါတယ်။ အဲဒီ “သူရ”ဘွဲ့ ရပြီးတဲ့နောက်ပိုင်းမှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးချစ်ဆွေ (ကိုယ်ရေးအထ္တုပ္ပတ္တိ စာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် ကစထ ၂ - ကစထမှူး၊ ၁၉၉၇ သစ်တောဝန်ကြီးရာထူးမှ ဖယ်ရှားခံရသူ) ရဲ့ ကစထ မှာ စစ်ဦးစီးမှူး တတိယတန်း G-3 ဖြစ်ပါတယ်။ အဲဒီတော့ နောက် ပိုင်း G-2 ဖြစ်တယ်။
ဘယ်ဘက်ကပုံမှာ စစ်အာဏာရှင်လက်သစ်သူရမြင့်အောင် မော်လမြိုင်တိုင်းမှူးဖြစ်စဉ်ကပုံ. .. ညာဘက်ကပုံမှာ ယခုလက်ရှိပုံ
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကစထ ဆိုတာ “ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့” ပေါ့နော်၊ ၁၉၈၈ မတိုင်ခင်က မြန်မာပြည် မြောက်ပိုင်းနဲ့ တောင်ပိုင်း ကို နှစ်ခုထဲ ခွဲထားပြီးတော့ ကစထ (၁)၊ (၂) ဆိုပြီး ရှိခဲ့တဲ့အထဲက ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ ကိုင်ခဲ့တဲ့ ကစထ (၂) ကိုဆိုလိုတာလား ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီနောက်ပိုင်း ဗိုလ်မှူးသူရမြင့်အောင်ဟာ ကက(ကြည်း)စစ်ဆင်ရေးဌာနရဲ့ G-2 တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မှာ ကျနော်သိရသလောက်က ခလရ (၃၅)၊ သာယာဝတီမှာ ယာယီတပ်ရင်းမှူး တာဝန်ပေးခံရတာ သိရပါတယ်။ သာယာဝတီ (၃၅) တပ်ရင်းမှူးကနေမှ စစ်တက္ကသိုလ်နည်းပြမှူးချုပ် ရာ ထူးကို သူပြောင်းရွှေ့သွားရပါတယ် ခင်ဗျ။ အဲဒီ နည်းပြမှူးချုပ်ကမှ တဆင့် ဗျူဟာမှူးဖြစ်ပါတယ်။ အဲဒီအချိန်အခါမှာ စကခ တွေ အများကြီး ဖွင့်တဲ့အခါကျတော့ စကခ (၁၃) မှာပဲ သူ ဗျူဟာမှူးကော၊ တပ်မမှူးကော စကခ(၁၃) မှာပဲ ဖြစ်တယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ စကခ ဆိုတာ ကျနော်တို့ ခြေမြန်တပ်မတွေနဲ့ အင်အားအညီ နာမည်သာပြောင်းပြီး ဖွဲ့စည်းတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်” ၊ သူတို့ စကခ အကြီးအကဲတွေကိုလည်း တပ်မမှူး လို့ပဲခေါ်ကြတဲ့ နာမည်တစ်မျိုးနဲ့ ထပ်ဖွင့်တဲ့ ခြေမြန် တပ်မတွေလား ခင်ဗျား။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ သူ အဲဒီ ဘုတ်ပြင်း ရဲ့ တပ်မမှူးပါ။ ကျနော်ပြောပြောနေတဲ့ "ခရစ္စတီးကျွန်း လူသတ်ပွဲကြီး" ကိစ္စမှာ ဗိုလ်ချုပ်မြင့်အောင်ဟာ အဲဒီ အချိန်တုန်းက တပ်မတော်(ကြည်း)ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီ ကွပ်ကဲမှုအဖွဲ့မှာ တာဝန်ယူရပါတယ်ခင်ဗျ။ အဲဒီအချိန်တုန်းက ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ (ရေ) က ဗိုလ်ချုပ်ကြည်မင်းတို့ ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မြင့်ဆွေတို့နဲ့ အတူတူပါပဲခင်ဗျ။ ဘာလို့ ကျနော် မှတ်မှတ်ရရ ပြောရသလဲဆိုတော့ အဲဒီ ခရစ္စတီးကျွန်းမှာ လူတွေ ကို သတ်ခိုင်းတုန်းက ကက(ကြည်း)ကနေပြီးတော့မှ ညပိုင်းမှာ အမိန့်လာတဲ့ အချိန်အခါမှာ၊ ကျနော်တို့ အစည်းအဝေးလုပ်ကြတယ်ပေါ့လေ။ ဗိုလ်ချုပ်ကြည်မင်းက အစည်းဝေး လုပ်တဲ့ အချိန်ခါမှာ ဗိုလ်ချုပ်သူရမြင့်အောင် ကနေပြီးတော့မှ “ခင်ဗျားတို့ အနေနဲ့ ဘာမှ ပြန်မေးမနေနဲ့ပေါ့" လေ၊ "အထက်က အမိန့်အတိုင်း သတ်စရာရှိ သတ်ပေါ့၊ သတ်ခိုင်းလိုက်ပေါ့” ဆိုတဲ့ ဟာမျိုးကို ထောက်ခံပြီးတော့ ပြောတဲ့လူမျိုး ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီ အစည်းအဝေးမှာ ဗိုလ်မှူးလည်း တက်ရောက်ခဲ့တာပေါ့။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီ ဇာဒက်ကြီးကျွန်း မှာပါခင်ဗျ၊ အဲဒီအစည်းအဝေးမှာ ကျနော်တို့လည်း ပါပါတယ် ခင်ဗျ။ ကျနော်တောင်မှ တော်တော်လေးကို အံ့သြတဲ့အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေကော၊ ကလေးတွေကော၊ မီးနေသည်ကောပါတဲ့ အရပ်သားတွေ ဗျာ၊ innocent people တွေကို သတ်ခိုင်း တာတွေ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ဒီ ဗိုလ်ချုပ်မြင့်အောင်ဟာ စကခ (၁၃) ဘုတ်ပြင်းရဲ့ တပ်မမှူးကနေ နောက်တခါ ကျနော်တို့ ဒီမှာ သူ့ရဲ့ profile ကိုပြန်ကြည့်တော့ မော်လမြိုင်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကို သူ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး ခင်ဗျ၊ စကခ(၁၃) တပ်မမှူးကနေမှ သူ တပ်မ(၂၂) တပ်မမှူး။ ဖားအံမှာ ဖြစ်ပါတယ် ခင်ဗျ။ ဖားအံမှာ တပ်မ(၂၂) တပ်မမှူး ပြီးတဲ့အခါကျမှ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်)မှာ တိုင်းမှူးပါ။ နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (မော်လမြိုင်) ကနေမှ အနောက်တောင်တိုင်း စစ်ဌာနချုပ် (ပုသိမ်)ကို တိုင်းမှူး အဖြစ် ပြန်ပြောင်းရပါတယ်။ နောက် အနောက်တောင်တိုင်း တိုင်းမှူး (ပုသိမ်)ကမှ တဆင့် အခု လက်ရှိရာထူး၊ စစ်ရေးချုပ်ရာထူးကို သူရတဲ့ အနေအ ထားမျိုး ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု တပ်မတော်မှာ ဒုတိယအကြီးဆုံးနဲ့ တတိယအကြီးဆုံး ဖြစ်လာကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်း အောင်လှိုင်တို့ဟာလည်း ဗိုလ်မှူးနဲ့ ဆိုလို့ရှိရင် တစ်နှစ်ပဲ ကွာပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ်(၁၉) က ဆင်းတဲ့အခါကျတေ၊့ ခေတ်ပြိုင်လိုပဲ ကျနော်တို့ ကြည့်မြင်လို့ ရပါတယ်။ အဲဒီ အခါကျတော့ သူတို့နဲ့ ပတ်သက်လို့ကော သူတို့ ဖြတ်သန်းမှု၊ သူတို့ ဒီနေရာထိ ရောက်လာတဲ့ ဟာနဲ့ သူတို့ ဒီရှေ့မှာ တပ်ကို ဘယ်လိုဦးဆောင်နိုင်မယ်ဆိုတာ ဗိုလ်မှူး ဘယ်လိုမြင်ပါ သလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကိုကိုက ကျနော်တို့ တပ်စု(၉)၊ ‘အောင်ဇေယျ’တပ်ခွဲ ကပါ။ ကိုကိုရဲ့ စိတ်နေစိတ်ထားကတော့ ကျနော်တို့ ဗိုလ်လောင်းဘ၀မှာ နေစဉ်တုန်းက တော့ ကိုကိုဟာ လူညစ်တစ်ယောက် မဟုတ်ဘူးခင်ဗျ။ ဒီလူဟာ လူကောင်းတစ်ယောက်ပါ။ ကျနော်တို့ ဗိုလ်လောင်းဘ၀မှာ သူ့ကိုတော့ ကျနော် အကောင်းမြင်ပါတယ်ခင်ဗျ။ သူနဲ့ ကျနော်နဲ့ ပြန်ဆုံတော့ သူ စစ်ရုံးမှာ ကက(ကြည်း)G-1 ဘ၀မှာ ကျနော်တို့ ပြန်ဆုံပါတယ်။ ကိုကိုရဲ့ စိတ်နေစိတ်ထားက ကောင်းပါတယ်။ စိတ်ရင်းစေတနာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပါ။ ကျနော် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့ပြောရရင် မင်းအောင်လှိုင်ကတော့ ‘နော်ရထာ’တပ်ခွဲမှာ နေခဲ့တဲ့လူပါ။ ကျောင်းမှာ ကတည်းကိုက ကျနော်တို့က nick name ပေးထား တာပဲလေ၊ “ကြောင်ချီး”ဆိုပြီး ကျနော်တို့ ပေးထားတာပဲ၊ ပျော့ပျော့လေးနဲ့ နံတဲ့ လူ။ သူ့ရဲ့အဆက်အသွယ်က သူ တပ်မ (၈၈) က တဆင့်ပေါ့လေ၊ ဒါ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ connection တောက်လျှောက် ရတဲ့အနေအထား မျိုးပါ။ မင်းအောင်လှိုင်ဟာ တပ်မ (၈၈) born တစ်ယောက်ဗျ၊ ဒါကြောင့်မို့လည်း မြှောက်စားခံရတဲ့ အနေအထားမျိုး ဖြစ်လိမ့်မယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ ကျနော်တို့ ပြန်ကြည့်ရင် ဦးနေ၀င်းတုန်းက သနက (၄) ပေါ့နော်၊ သူ့လူတွေ ချည့်ပဲ။ “တပ်ရင်း (၄)၊ တပ်ရင်း (၄)” ဆိုပြီးတော့၊ အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တပ်မ (၈၈) တပ်မမှူး ဖြစ်ခဲ့တော့ သူရဲ့ ခြံပေါက်တွေကြီးပဲ။ သူအနားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင် နှင့် ယခုအနားပေးခြင်းခံရသော စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်) ဆိုရင်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကတော့ တပ်မ(၈၈) ဆိုလို့ အားလုံးတော့မသိနိုင်ပါဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေအောက်မှာ ခုဏက ကိုရော်နီပြောတဲ့ ဗိုလ်ချုပ် တင်အေးတို့ အရင် ဗိုလ်ချုပ်ကျော်ဝင်း (၂၀၀၄တွင် ရာထူးမှ ဖယ်ရှားခြင်းခံရသူ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ်)တို့၊ နောက် အခု ဗိုလ်ချုပ်နေ၀င်း (ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စစ်ဘက်လက်ထောက်) တို့ပေါ့ဗျာ၊ အစစ တပ်မ (၈၈) ဖွဲ့တဲ့နေရာမှာ ဆင့်ကဲဆင့်ကဲပေါ့ ဗျာ၊ ‘ဒီကောင်လေးကတော့ ကျနော်နဲ့ နေခဲ့တယ်၊ ဒီကောင်မဆိုးပါဘူး” ဆိုပြီး recommendation နဲ့ ဒါမျိုးတွေ ပါလာတဲ့ သဘောမျိုးပါ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗမာ့တပ်မတော်ဟာ တစ်ချိန်တုန်းက ဦးနေ၀င်းကနေ ပြီးတော့မှ မြှောက်စားခဲ့တဲ့ တပ်ရင်း (၄) ကလူတွေ ကြီးပဲ ဖြစ်ခဲ့လို့၊ တပ်ရင်း (၄) ခေတ်ကို ရောက်ခဲ့သလို၊ အခုကော တပ်မ (၈၈) ခေတ်ကို ရောက်သွားတယ်လို့ ပြောလို့ရလား ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြောလို့ ရပါတယ်ခင်ဗျ။ တကယ်လည်း ခုဏက ပြောသလို ဗိုလ်ချုပ်ကြီးသန်းရွှေနားမှ ယခင်ကကော ယခုကော လက်ရှိဝန်းရံနေတဲ့ ပုဂ္ဂိုလ်တွေ အများစုပေါ့လေ၊ ရာထူးကြီးကြီးပိုင်းက ဒီ တပ်မ (၈၈) ရဲ့ အဆက်အသွယ်တွေပါပဲ၊ နည်းနည်းလေး ရာထူးငယ်တဲ့လူတွေသာ အနောက်တောင်တိုင်းတို့ ဘာတို့ အဲဒီလောက်က ဗိုလ်ချုပ်ကြီးသန်းရွှေ တိုင်းမှူး ဘ၀မှာတွေခဲ့တဲ့လူ။ တပ်မ(၈၈) ကတော့ ဗိုလ်ချုပ်ကြီး သန်းရွှေ အနေနဲ့ ခလရ (၁) မှာ အဲဒီမှာ တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ နောက် တပ်မ (၈၈)မှာပဲ ဗျူဟာမှူး၊ ဒုတပ်မမှူး၊ တပ်မမှူး ဖြစ်ခဲ့တဲ့ အခါကျတော့ သူ့ရဲ့ မိခင်တပ်မလို ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ဘယ်သူပဲ ဖြစ်ဖြစ် တပ်မ (၈၈) ကဆို လက်ခံတဲ့ အနေအထားမျိုး ရှိပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီတော့ အခု စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဟာ တပ်မတော်မှာ အကြီးဆုံးပေါ့ နော်။ မြန်မာ့ တပ်မတော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီ။ သူဟာ အခု အသက်အရွယ်အရ ဆိုရင်လည်း (၅၅) လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ နောက်ထပ် (၅)နှစ်ပေါ့နော်၊ အနည်းဆုံးကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆက်ဖြစ်နေဦးမှာပဲ။ နိုင်ငံရေးအပြောင်းအလဲတွေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆင်ထားတဲ့ အတိုင်းပဲ ရှိနေဦးမယ်ဆိုရင်၊ အဲဒီအခါကျတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခေါင်းခေါက်ပြီး အခုရွေးလိုက်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် သူ့နေရာကိုဆက်ခံတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ ၊ တပ်မတော်ကို ဘယ်လိုထိန်းကျောင်းပြီးတော့ စစ်ရေးစစ်ရာမှာရော၊ နောက်တစ်ခါ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်မယ်ဆိုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ဟာလည်း ပြဌာန်း ထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၊ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် အနေနဲ့ တိုင်းပြည်ကိုပါ နိုင်ငံရေးအရ ဘယ်လိုများဦးဆောင်မှု ပေးသွားနိုင် မယ်လို့ ဗိုလ်မှူး သုံးသပ် ကြည့်မြင်လို့ ရပါသလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသူရမြင့်အောင် အနေနဲ့တော့ ဒီနိုင်ငံရေးပိုင်းမှာတော့ ဦးဆောင်နိုင်မယ့် အနေအထားမျိုး မရှိပါဘူး။ ခုကလည်း ကိုရော်နီ ခုဏက ပြော သလိုပါပဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ ဆင်ထားတဲ့ အကွက်အတိုင်းကို၊ သူတို့က နင်းပေးရ တဲ့ အနေအထားမျိုးပါ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့လည်း ပထမ သူ နဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ တူတူဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစိန်အောင် (၈၈၈၈ အချိန် ကစထ(၂) ကစထမှူး၊ ၁၉၉၇ တွင် အမှတ်(၁)စက်မှု ၀န်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး) တို့၊ နောက် ဗိုလ်ချုပ်ကြီး ဖုန်းမြင့် (၈၈၈၈ အချိန် လပခ (တောင်ငူ) တိုင်မှူး၊ ၁၉၉၇တွင် ပြည်ထဲရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ)၊ တို့ အပါအ၀င်ပေါ့လေ၊ နောက် ဗိုလ်ချုပ်ထွန်းကြည် (မကြာ သေးခင်က ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ် ရေးခဲ့သူ။ ၈၈၈၈ အချိန် နမခ(မန္တလေး) တိုင်းမှူး၊ ၁၉၉၇တွင် ကုန်သွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံရ သူ)တို့ ဗိုလ်ချုပ်မြင့်အောင် (၈၈၈၈ အချိန် နတခ တိုင်းမှူး၊ ၁၉၉၇တွင် လယ်/ဆည်ဝန်ကြီး ရာထူးမှ ဖယ်ရှားခံရသူ၊ ယခု ကွယ်လွန်ပြီး)တို့ကို တစ်သုတ် သူရှင်းလိုက်ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၉၇ ပေါ့နော်၊ အဲဒီတုန်းက ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။ ရှင်းပြီးတဲ့အခါမှာ အဲဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်ဝင်းမြင့် (အတွင်းရေးမှူး -၃ အဖြစ်မှ ၂၀၀၁ တွင် ရာထူးမှ ခယ်ရှားခံရသူ) တို့၊ နောက် ဗိုလ်ချုပ် တင်လှ (တပ်မတော်ရေးရာဝန်ကြီး၊ ဒုဝန်ကြီးချုပ်မှ တို့ ၂၀၀၁ တွင် ရာထူးမှ ခယ်ရှားခံရသူ) ဗိုလ်ချုပ် ခင်ညွန့် တို့ပေါ့လေ။ ပိုပြီးတော့မှ တောက်ပြောင်လာတဲ့ အနေအထားမျိုး ကျနော်တို့ တွေ့ရပါမယ်။ နောက်ပိုင်း ၂၀၀၁ ခုနှစ်လောက်ကျတော့ ဗိုလ်ချုပ် ရွှေမန်းတို့ ကို ပွဲထုတ်လာတဲ့ အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ အခုလည်း ဒါ ဗိုလ်ချုပ် ရွှေမန်းတို့ ဟာ အချိန်တွေက ကြာလာတဲ့အခါမှာ စစ်တပ်မှာ သူတို့ အာဏာတည်ဆောက်မယ်ဆိုရင် တည်ဆောက်နိုင်တဲ့ အခြေအနေလည်း ရောက်လာ တယ်။ ဒီ့အပြင်မှာ ၂၀၀၈ ခုနှစ်လောက်က ဗိုလ်ချုပ်ရွှေမန်းသာ တိုင်းပြည်ကိုခေါင်းဆောင်ရင် မဆိုးဘူးဆိုတဲ့ အသံလေးတွေ ထွက်လာတဲ့ အခါမှာ ဗိုလ်ချုပ်ရွှေမန်းဟာ ပထမ ဦးစီးချုပ် ရာထူးကို သူ့ကိုမှန်းထားပေမယ့် ဦးစီးချုပ် မရတော့ဘူးပေါ့ဗျာ။ ဘာဖြစ်မလဲ ဆိုတာကတော့ ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ထဲမှာပဲ ရှိပါတယ်။ ပြန်ကြည့်ရင် ဟိုယခင်ပေါ့လေ ဦးနေ ၀င်းခေတ်တုန်းက ပုံစံ အတိုင်းပါပဲ။ တစ်သုတ်ပြီး တစ်သုတ်သာ လူတွေလဲ သွားပေမယ့် ဦးနေ၀င်းကတော့ ကျန်စမြဲ ဖြစ်သလို အခုဒါ ဗိုလ်ချုပ်ကြီး တွေ ဘယ်လောက်ပဲ ပြောင်းသွား ပြောင်းသွား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အာဏာကတော့ ဆက်ပြီးတော့မှ ရပ်တည်မယ့် အနေအထားမျိုးပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်မှူးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တော့ ဒီအတွဲလိုက်ကြီးပေါ့နော်။ အခု ဒါ ‘နောက်တစ်တွဲ လူလဲ’ ဆိုပြီးတော့ ထားခဲ့တဲ့ဟာမှာ၊ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဦးဆောင်ပြီးတော့မှ ဒီအတွဲလိုက်ကြီး ဘာဆက်လုပ်မယ်လို့ ထင်သလဲခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ လုပ်လေ့လုပ်ထ ရှိ တဲ့ သဘောတွေကို သိနေတဲ့ အတွက်ကြောင့်မို့ လို့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်တော့ အခုဒါ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ အရပေါ့နော် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က အမတ်တွေကို ထည့်ရမယ် ဆို တာ ပါလာတာရှိပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော်က နေပြီးတော့မှ ၂၅ ရာခိုင်နှုန်းသော အမတ်တွေကို တပ်မတော်က ရွေးချယ်ပေးမယ်ဆိုတာကို အားလုံးက နားလည်ထားခဲ့ကြတာက တပ်မ တော်က လက်ရှိတာဝန်ယူထားတဲ့ စစ်ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေပဲ ၂၅ ရာခိုင်နှုန်းကို ၀င်မယ်၊ ကျနော်တို့လက်ရှိ ဦးသိန်းစိန် ဦးဆောင်တဲ့ ၀န်ကြီးများ အဖွဲ့ကတော့ သူတို့ က တိုက် ရိုက်ခန့်အပ်တာမဟုတ်ဘူး။ သူတို့က အမတ်ဖြစ်မလား မဖြစ်ဘူးလား ဆိုတာက ရွေးကောက်ပွဲ ရလဒ် ပေါ်မှာမှ ဖြစ်လာမှာ။ ဒါပေမယ့် အခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အခု အတွဲလိုက် ကြီးက ဒုတိယဗိုလ်ချုပ်ကြီးတွေ ထွက်ပေးလိုက်တာ အခု ၅၀ ကျော်တန်းတွေကနေ သူ့အထိပေါ့နော် ၇၇ လောက်အထိ သက်တမ်းကိုထွက်ပေးလိုက်တာ ဟာ၊ အခုအတိုင်းဆိုလို့ ရှိရင် တပ်မတော်ကနေ စိတ်ကြိုက်ခန့်အပ်မယ့် ၂၅ ရာခိုင်နှုန်းသော အမတ်ဆိုတာ ယူနီဖောင်းဝတ်ထားသော တပ်မတော် အရာရှိတွေ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် သူကြိုက်တဲ့လူ သူခန့်လို့ ရတယ် ဆိုတဲ့ အနေအထားမျိုး ဖြစ်မနေဘူးလား ခင်ဗျ။ အဲဒီတော့ ဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကမှ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း တို့ စသည်ဖြင့် အဲဒီပုဂ္ဂိုလ် တွေနဲ့ အခု အတွဲလိုက်ကြီး ထွက်သွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား တွေအကုန်လုံးကို အမတ် အနေနဲ့ ၂၅ ရာခိုင်နှုန်းအနေနဲ့ ခန့်လို့ရတယ် ဆိုတဲ့ အနေအထားမျိုးကို သွားနေတာလား ခင်ဗျား။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော့်အမြင်ပြောရရင်ပေါ့လေ၊ စစ်ရာထူးခန့် အမိန့် အပေါ်မှာ မူတည်ပါတယ်။ စစ်ရာထူးခန့်ချုပ်ရုံးက ထွက်တဲ့ အမိန့်မှာ ကျနော်တို့ နှစ်ခုပေါ့လေ၊ တစ်ခုက အရံ အင်အားစာရင်း တင်သွင်းတယ်ဆိုတာ ကျနော်တို့ တပ်မတော်မှာ တစ်ခုရှိတယ်။ အနားပေးတာလား ဆိုတဲ့ဟာကိုတော့ ကွဲကွဲပြားပြား ကျနော်တို့ မသိရသေးပါဘူး။ တကယ်လို့ ခုဏက ပြောသလိုပေါ့ လေ။ အရံ အင်အား စာရင်း တင်သွင်းတယ် ဆိုလို့ရှိရင် ကျနော်တို့ စစ်တပ်က လုံးဝထွက်သွားတယ်လို့ ပြောလို့မရပါဘူး။ သူတို့က တပ်မတော်မှာ ရှိတဲ့ တာဝန်တွေကိုသာ သူက ထမ်းဆောင်ရခြင်းမှရှိပေမယ့် အရပ်ဘက်မှာတော့ သူက တွဲဘက် သဘောမျိုးနဲ့ သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အရံ အင်အား စာရင်း တင်သွင်းတယ်ဆိုရင်တော့ ယူနီဖောင်း ချွတ်ချင်မှ ချွတ်ဦးမှာပေါ့။ ဆိုတော့ အဲဒီ အနေအထားမျိုး ဖြစ်ပါလိမ့်မယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ပြည်သူ့လွှတ်တော်မှာ လျာထားတာက အမတ် ၄၄၀ မှာ ၁၁၀ ၊ ၂၅ ရာခိုင်နှုန်းသော အမတ်တွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေဆိုတဲ့ဟာမှာ အရပ်သားတွေလည်း ဖြစ်ချင်ဖြစ်မယ်ဆိုတဲ့ သဘောပေါ့။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အခု နားယူသွားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ် ကြီးတွေ အကုန်လုံးဟာ အရပ်သားတွေ ဖြစ်သွားကြပြီ။ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က သူတို့ကို ဒီ ၂၅ ရာခိုင်နှုန်းသော ကာကွယ်ရေးဦးစီးချုပ် စိတ်ကြိုက်ခန့်တဲ့ အမတ်တွေ အနေနဲ့ ခန့်လို့ မရဘူးလား ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ်။ ။ တပ်မတော်က ခန့်မယ့် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ နေရာမှာ ခုဏက ကိုရော်နီပြောသလိုပေါ့၊ အားလုံးက ယူနီဖောင်း ၀တ်ရမယ်လို့တော့ မဆိုလိုပါဘူး ခင်ဗျ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပေးတဲ့ စာရင်းအတိုင်းပဲ ဒါ လွှတ်တော်က လက်ခံရမယ့် အနေအထားမျိုး ရှိပါတယ်။ လုံးဝ အငြိမ်းစားယူရင်တော့ ယူနီဖောင်း ချွတ်ရမှာပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ၀န်ကြီးဌာန တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ စစ်ဦးစီးမှူး ဒုတိယတန်း G-2 တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးတော့ ၀ါရှင်တန်ဒီစီ မြို့တော် မြန်မာသံရုံးရဲ့ သံရုံး ယာယီ တာဝန်ခံနဲ့ သံမှူးကြီး တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ဖူး တဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ မြန်မာ့နိုင်ငံရေး ဆက်နွှယ်နေပုံတွေကို သုံးသပ်လေ့လာ တင်ပြသွားတာ ဖြစ်ပါတယ်ခင်ဗျား။ နောက်သီတင်ပတ် စက်တင်ဘာလ (၅) ရက်၊ တနင်္ဂ နွေနေ့ မနက် "တပ်မှူးတပ်သား ပြောစကား" ကဏ္ဍမှာတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၄) ကဆင်းပြီးတော့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့တဲ့ ဗိုလ်ကြီ;ဟောင်း စိုင်းဝင်းကျော်ရဲ့ မြန်မာ့တပ်မတော် မှာ အခု အသစ် တက်လာကြတဲ့ ဒုတိယတန်း စစ်ခေါင်းဆောင် စစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် တင်ပြသွားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျား။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
(VOA)
1 အလွမ်းများနှင့်ဧရာဝတီဇာတ်ကားအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှပေးစာ
0 စစ်အာဏာရှင်တိုက်ချက်ရေး လူထုလှုပ်ရှားမှု ကော်မတီ
အထက်ဗမာပြည် ကျောင်းသားလူငယ်အင်အားစု(တာဝန်ခံကျော်စိုးမိုး)
ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။
0 ဂျပန်နိုင်ငံတွင်မကြာမှီပြသတော့မည့် အလွမ်းများနှင့်ဧရာဝတီဇာတ်ကား
၂၀၀၈ စက်တင်ဘာ လတွင် မြန်မာနိုင်ငံတွင် အသေအပျောက်များစွာဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းအခြေခံ
ဇာတ်ကား ကို ဂျပန်နိုင်ငံမှ ဒါရိုက်တာ သစ်သား၊တွဲဘက်ဒါရိုက်တာ အောင်လင်းနိုင် ၊ဇာတ်ကားထဲတွင်ပါဝင်
သရုပ်ဆောင်ခဲ့သော ဦးဝင်းရွှေ နှင့် ကိုထွန်းဝေ တို့ နှင့် ဒေါင်းမာန်ဟုန်မှတွေ့ ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
မေး။ ။ပထမဦးဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားအနေနဲ့ ဒီဇာတ်ကား ကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါလား?
ဖြေ။ ။(သစ်သား) ရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းတွင်ရှိသော အနုပညာရှင် များဖန်တီး ရိုက်ကူးချင်ကြသောနာဂစ်မုန်တိုင်းအခြေခံဇာတ်ကားကိုကျွန်တော်တို့အနေနဲ့ဂျပန်နိုင်ငံရောက်ဝါသနာရှင်များနှင့် ပူးပေါင်းပြီးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
မေး။ ။ဘယ်လို ခံစားချက်နဲ့ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာလဲ?
ဖြေ။ ။ဗမာပြည်ထဲမှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလဲမိဘမဲ့ဖြစ်ခဲ့ကြရတယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ ဟာ ဘေးကင်းရာကို ရောက်နေခဲ့ကြတယ်။ဒီလို ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ တွေအတွက်တခုခု ပေးဆပ်ချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီးတော့ တိုင်းသူပြည်သားတွေ ပူဆွေးနေတဲ့အချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေကတော့ ကူညီတာထောက်ပံ့တာတွေလုပ်ရမည့်အစား မိမိတို့ အာဏာတည်မြဲရေးအတွက်သာကြိုးပမ်းနေခဲ့တယ်။ဒါတွေကို ကမ္ဘာအရပ်ရပ်ကသိအောင်ဖော်ထုတ်လို တဲ့ဆန္ဒနဲ့ရိုက်ကူးရခြင်းဖြစ်တယ်။
မေး။ ။ အလွမ်းများနှင်ဧရာဝတီဇာတ်ကား မှာ တွဲဘက်ဒါရိုက်တာ နှင့် တည်းဖြတ် ကို တာဝန်ယူထားသူ တစ်ယောက်အနေနဲ့ ဒီဇာတ်ကားကိုဘယ်လို အခက်အခဲတွေကြားကနေ ရိုက်ကူးခဲ့ရတယ် ဖန်တီးခဲ့ရတယ်ဆို တာသိပါရစေ။
ဖြေ။ ။(အောင်လင်းနိုင်) ပထမဆုံး အနေနဲ့  Location အခက်အခဲပေါ့ ။ ကျွန်တော်တို့ က နေရာဒေသတစ်ခုရဲ့ အကြောင်းကို နောက်ခံထားပြီးရိုက်ကူးတဲ့အခါ မှာအဲဒီ ဒေသနဲ့ ပြောင်းပြန် အနေအထားမှာရှိတဲ့ နေရာမှာ ရိုက်ရတာဆိုတော့ (ဥပမာအားဖြင့် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာရိုက်ရတာဆိုတော့ နေရာအထားအသိုအခက်အခဲရှိပါတယ်။ နောက်ဒီဇာတ်ကားမှာ စက်ပိုင်းဆိုင်ရာ ပညာရှင် တွေမပါဝင်ဘူး။စက်ပိုင်းဆိုင်ရာ ပညာရှင်တွေမှာ အဓိကကတော့ camera man နဲ့ lighting ပိုင်းဆိုင်ရာပညာရှင်တွေ မပါဘူး။ဦးဌေးသစ်ရော ကျွန်တော်ပါ ပရော်ဖက်ရှင်နယ် ကင်မရာသမား မဟုတ်ဘူး။ အဲဒီအတွက် camera workတွေနားလည်ကောင်းနားလည်မယ်။ ဒါပေမဲ့ ကင်မရာ ပညာရှင်တစ်ယောက်ရဲ့ အယူအဆ အမြင်တွေတော့ မရနိုင်ဘူး။ရုပ်ရှင် ကားတွေရဲ့ အနှစ်သာရဖြစ်စေတဲ့ ကရိန်း ထရော်လီ စတာတွေမပါဝင်ဘူး။တကယ်တမ်း ဗီဒီယို ဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ် ရိုက်မယ်ဆိုရင်တော့ ဒါတွေ စနစ်တကျ သုံးဖို့ တော့လိုလိမ့်မယ်။နောက်တစ်ခုက အသံပိုင်းဆိုင်ရာ recording ကောင်းကောင်းမလုပ်နိုင်ဘူး။ ဒါကြောင့်မလိုအပ်တဲ့ noiseတွေပါနေလိမ့်မယ်။ဒါကိုdubbing(နောက်ခံတေးဂီတ)
နဲ့တတ်နိုင်သလောက်ဖိထားပါတယ်။အခက်အခဲတွေကတော့အများကြီးပေါ့..ဒါပေမဲ့အဲဒီအခက်အခဲတွေကြားကနေ အားလုံးဝိုင်းကူညီကြတဲ့အတွက် ဒီဇာတ်ကားလေးဖြစ်လာတာပါ။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ ဒီဇာတ်ကားမှာ ဘယ်character ကနေ သရုပ်ဆောင်ထားပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ) ကျွန်တော်က မြစ်ဝကျွန်းပေါ်ရွာလေးတစ်ရွာက ရှေ့ မီနောက်မီ ရွာသားတစ်ယောက်၊ရွာမှာ တပ်နဲ့ လက်ပါးစေကြံ့ဖွ့ံတွေနိုင်လိုမင်းထက်
လုပ်နေတာကိုမကျေနပ်တဲ့သူ၊သူတို့ ကိုပွင့်ပွင့်လင်းလင်းဆန့် ကျင်ရင်လည်း ကိုယ့်အန္တရာယ်ရှိတာကြောင့် အခွင့်ရရင်ရသလို ဆန့် ကျင်တဲ့ရွာသားတစ်ဦး
အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့အခန်းတွေမှာ ဘယ်အခန်းကိုအားအရဆုံးဖြစ်မိပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ)ကလေးငယ်တွေကို စာပေဗဟုသုတ သင်ပေးတဲ့အနေနဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်သင်ပေးတဲ့အခန်း ရယ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ပြောပြတဲ့အခန်းနဲ့  လာမည့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ရွာသားသုံးယောက်ဆွေးနွေးတဲ့အခန်းတွေကို အားရပါတယ်။
မေး။ ။ ဒီဇာတ်ကားမှာ ကိုထွန်းဝေကတော့ ဘယ်အခန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသလဲ
ဖြေ။ ။(ကိုထွန်းဝေ) ဗမာပြည်မှာနာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ကလေးစစ်သားစုဆောင်းရေးအတွက် ပြန်ပေးဆွဲတဲ့အခန်းမှာပါဝင်ခဲ့ပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားက ဘာများ ပြောချင်ပါသလဲ?
ဖြေ။ ။ပြောချင်တာကတော့ စစ်အစိုးရ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီမတရားတဲ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထုက ဆန့် ကျင် တယ်ဆိုတဲ့အကြောင်း ကို မီးမောင်းထိုးပြထားပါတယ်။
videoနှင့်ကြော်ငြာပေးပို့သောကိုထွန်းဝေအားအထူးကျေးဇူးတင်ရှိပါသည်။
0 နိုင်ငံသူ-နိုင်ငံသားတိုင်း မိမိပိုင်ဆိုင်နေတဲ့ စွမ်းအားများနဲ့ တာဝန်ယူကြမယ်ဆိုရင်...
မိတ်ဆွေတို့...
ရက်ပေါင်း (၇၀)သာလိုတော့တယ်... စစ်အာဏာရှင်ဆက်လက်ရှင်သန်ခွင့် ပြုမယ် ၊ မပြုနိုင်ဘူး ဆိုတာ ပြပိုင်ခွင့် ရှိထားတဲ့ ပြည်သူလူထုအတွက် အခွင့်အလမ်းတစ်ရပ်ကို လူထုက ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်မယ်ဆိုရင် - အသုံးပြုကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး လမ်းပေါက်ပွင့်သွားမှာပါ...ဒီနေရာမှာ မြန်မာနိုင်ငံသူ-နိုင်ငံသား တစ်ဦး-တစ်ယောက်တိုင်း တာဝန်ယူ ပါဝင်တတ်ဖို့ အရေးကြီးပါတယ်၊ လက်တွေ့ လုပ်ဆောင်နိုင်တဲ့ လုပ်ရပ်နဲ့စတင် တာဝန်ယူလို့ ရပါတယ်။
၂၀၀၈ခုနှစ် စစ်အာဏာရှင်အလိုကျ အခြေခံဥပဒေကို လက်မခံနိုင်တာက အကြောင်းတစ်ရပ်၊၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှာ မိမိစိတ်ကြိုက် ရွေးချယ်စရာ လူပုဂ္ဂိုလ် ပါဝင်မှု မရှိတာကြောင့်၊စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုကို မလိုလားတာကြောင့်၊မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောမယ်၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်မယ်၊ အမှန်တရားအတွက် ရဲရဲဝံ၀ံ တိုက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချပြီး လက်တွေ့ကျကျ တာဝန်ယူ အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံသူ-နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုရင်...၂၀၁၀ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး လမ်းကြောင်းအဖြစ် တွေမြင်ကြရမှာ သေချာတယ်။
ကြောက်နေတယ်ဆိုတာကို ပြန်ပြီး လေးလေးနက်နက် တွေးကြည့်ပါ... ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်လများ အိမ်တွင်းမှာ ဖမ်းဆီးချုပ်နှောင်ထားမှုကို ခံနေရတယ်၊ အသက်အရွယ်ကြီးရင့်နေတဲ့ ပုဂ္ဂိုလ်တွေ-အင်အားချီနဲ့နေတဲ့သူတွေ-အမျိုးသမီးငယ်တွေ-ရဟန်းသံဃာတွေ ကျန်းမာရေး ချို့တဲ့သူတွေ ၊ အမှန်းတရားအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းချခံတားရသူတွေ ၂၀၀၀ကျော်၊ ဖမ်းဆီးညင်းပန်းနှိပ်စက် အကျဉ်းချမှုကို နှစ်ရှည်လများ ခံနိုင်ရည်ရှိနေ ကြတာဘဲ၊ မိမိတို့ အနေနဲ စုပေါင်းတိုက်ပွဲဝင်မယ်ဆိုရင် လက်ရှိအခြေအနေမျိုးကို ကျော်လွန်မှာ သေချာတယ်၊ အဆိုးဆုံးက အချိန်တိုသာလျှင် ဖမ်းဆီးညင်းပန်းမှု ခံရမှာဖြစ်တယ်လို့ စဉ်းစားလိုက်ကြရင် လက်ရှိကြောက်နေပါတယ်ဆိုတဲ့ အကြောင်းအရာဟာ ကြောက်စရာဖြစ်တော့မှာ မဟုတ်ပါဘူး။
ရေတိုမိမိခံစားရမှာကို တွေးကြောက်ပြီး ရှောင်လွဲနေခဲ့ကြရင်... မိမိအပါအ၀င် အနာဂတ်မျိုးဆက်နဲ နိုင်ငံတော်ကြီးဟာ မိမိ မတွေ့ကြုံစေချင်တဲ့ အဖြစ်အပျက်ဆိုးနဲဘဲ ဆက်လက်ရင်ဆိုင် နေရမှာဖြစ်တာကြောင့် ဒီအချိန်ကာလမှာ ဘယ်သူ တာဝန်ယူသည် ဖြစ်စေ - မဖြစ်စေ၊ မိမိတစ်ဦးတစ်ယောက် အနေနဲ ရဲရဲဝံ၀ံတာဝန်ယူမယ်လို့ စိတ်ဓါတ်ပိုင်းဖြတ်ထားနိုင်မယ်ဆိုရင်... အောင်မြင်မှုမှတ်တိုင် တစ်ခုတိတိကျကျ စိုက်ထူလိုရမှာ သေချာတယ်။
ရေရှည် တွေးကြည့်မယ်ဆိုရင် တိုင်းပြည်မှာ ပျက်သုန်းနေတဲ့ စိတ်ဓါတ် - ယိုယွင်းပျက်ဆီးနေတဲ့ လုပ်ရပ်တွေနဲ ဒီအတိုင်း ရေငုံနူတ်ပိတ် လက်ပိုက်ကြည့် နေကြမယ်ဆိုရင်... မြန်မာနိုင်ငံတော်နဲ လူမျိုးတွေဟာ ဆယ်စုနှစ်များအတွင်းမှာ လုံးဝပျောက်ကွယ် သွားနိုင်သလို... ကမ္ဘာသူ-ကမ္ဘာသားအပေါင်း ပိုင်ဆိုင်နေတဲ့ ငြိမ်းချမ်းမှုတွေကို ခြိမ်းချောက်တဲ့ နေရာဌာနအသစ် ဖြစ်လာနိုင်တယ်၊... မြန်မာနိုင်ငံနဲလူမျိုးကို နိုင်ငံတစ်ကာအသိုင်းအ၀န်းက တန်ဖိုးထား အလေးပေး ဆက်ဆံမယ့် အနေအထားများ ဆုံးရှုံးသွား နိုင်ပါတယ်။
ကိုယ့်တိုင်းပြည်-ကိုယ့်လူမျိုး ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ရပ်တည်နိုင်ဖို့ ကျနော်တို့အားလုံး ယခုအချိန်အခါမှာ ပြတ်ပြတ်သားသား အားစိုက်လုပ်ဆောင် နိုင်ကြဖို့ လိုနေပါပြီ၊ မကောင်းမှု-ဒုက္ခ-ပြဿနာတွေကို နောင်လာနောင်သား မျိုးဆက်သစ်တွေဆီ လက်ဆင့် မကမ်းမိစေဖို့... ကျနော်တို့ အားလုံးမှာ တာဝန်ရှိသလို၊ လက်ရှိနေထိုင်ကျင်လည်နေတဲ့ မိမိတို့ လုပ်ရပ်နဲစိတ်ဓါတ်တွေကို ပြန်လည်ဆန်းစစ်ဖို့ အချိန်ရောက်နေပြီ၊ မြန်မာနိုင်ငံသူ-နိုင်ငံသားတွေ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀နဲ ရှင်သန်နေကြမယ်၊ ရှောင်လွဲနေကြမယ်၊ တာဝန်မဲ့နေကြမယ်၊ ဆင်ချေပေးရင်း ပုန်းခိုနေကြမယ်၊ အပစ်ပြောရင်း စိတ်ဓါတ်အင်အား ကုန်ခမ်း နေကြမယ်၊ သတင်း-အတင်း ပြောရင်း အချိန်ကုန်နေကြမယ်၊ ...ဆိုရင်တော့ မြန်မာနိုင်ငံတော် ဘာလဲ-ဘယ်လဲဆိုတဲ့အဖြေ မေးနေစရာလိုမယ် မထင်တော့ပါဘူး။
နိုင်ငံသူ-နိုင်ငံသားတိုင်းမှာ အရည်အချင်းတွေ-စွမ်းအားတွေ-လုပ်ပိုင်ခွင့်တွေ ပိုင်ဆိုင်ထားကြပြီး ဖြစ်တယ်၊ ဒါကို အသုံးမပြုဘဲ ထားကြမှာလား၊ အတွေးချော်ပြီး တစ်ဦးတစ်ယောက်တည်း လုပ်နေလို့ ဘာမှ ဖြစ်မလာ နိုင်ဘူးဆိုပြီး စိတ်ဓါတ်ကျ နေမှာလား၊ တွေးခေါ်စဉ်းစားချက်တွေ ပြောင်းလဲပြီး ဖောက်ထွက် ဖန်တီးကြမှာလား၊ အနာဂတ် (...)နှစ်အတွင်းမှာ မြန်မာနိုင်ငံတော်နဲ လူမျိုးတွေကို လွတ်လပ်-ငြိမ်းချမ်း-တိုးတက်စွာ မြင့်တွေ့ရမယ်လို့ ယုံကြည်ချက် တည်ဆောက်ပြီး တိုက်ပွဲဝင်မှာလား၊ မိမိလုပ်နိုင်တဲ့ စွမ်းရည်မြှင့်တင်ပြီး တိုင်းပြည်နဲလူမျိုးအတွက် တာဝန်ယူမှာလား၊ မိမိနဲမိသားစုအတွက်ဘဲ လုပ်ဆောင်ရင်း ပြဿနာဒုက္ခ အရပ်ရပ်ကို မိမိထံ ဖိတ်ခေါ် နေမှာလား၊ မိမိ့ရဲမျိုးဆက်တွေဆီမှာ ထားခဲကြမှာလား၊ တစ်ဦးချင်း ဆုံးဖြတ် တာဝန်ယူမှုက တိုင်းပြည် အနာဂတ် အတွက် အဖြေ ဖြစ်မယ်။
ဒါကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး မိမိလုပ်နိုင်ရာ တာဝန်ကို စူးစိုက်ထမ်းဆောင်ရင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြဖို့ ထပ်မံတိုက်တွန်း ဖိတ်ခေါ်ရင်း...
ကျနော်တင်ပြ တိုက်တွန်းချက်များအပေါ် ဆွေးနွေး-ပူးပေါင်း-ပါဝင် လိုပါက အောက်ပါလိပ်စာ-ဖုန်းနံပါတ်-အီးမေးဖြင့် ဆက်သွယ်နိုင်ပါတယ်။
အခုလို ဖတ်ရှူခြင်း-အလေးထားစဉ်းစားခြင်း-ဆုံးဖြတ်အကောင်အထည်ဖော်ခြင်းများအတွက် တင်ကြို၍ အထူးကျေးဇူးတင်ကြောင်း တင်ပြလိုပါတယ်။
လေးစားစွာဖြင့်
ညီညီအောင်
Email: freeburma18@gmail.com
Phone: (301) 519-1907
Cell: (703) 731-1167
18118 Royal Bonnet Circle
Montgomery Village, MD - 20886
0 AmnestyInternational(UK)၏ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမှု
Desmond Tutu holds up his palm displying the name of the imprisoned Burmese opposition leader Aung San Suu Kyi.
Desmond Tutu said:
“For me, Honorary Elder, Daw Aung San Suu Kyi is the living symbol of the Burmese people’s hope and courage. She is the embodiment of their determination to live in freedom, health and prosperity. That is why I have written her name on my hand.
“There are thousands of others who are also imprisoned and detained in Burma. Each of them is a sign of great hope, determination and courage. Please join Amnesty, the Elders and our fellow activists by naming each of Burma’s political prisoners, by holding that person’s name up and demanding their release.
“We condemn the ongoing detention of political prisoners. We call on Burma’s neighbours to make it clear to the military authorities that they must be released and that the people must be able to exercise their freedoms safely in the run-up to the elections on November 7.
“At every Elders meeting we always keep an empty chair for Daw Suu Kyi but she has never been able to join us. Work with us in the spirit shown by Burma’s activists, for the day when she and her fellow activists will be free.”
0 ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်
မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင်ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟုသတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း တိုင်းပြည် ၏ |အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟုရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။
မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု သတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီး
သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း တိုင်းပြည် ၏ အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟု
ရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ နေရာ ကို ဆက်ခံသူမှာ ယခင်က စစ်ရေးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်
ဖြစ်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကို က ဆက်ခံ သည် ဟု သတင်းရရှိသည်။
ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း မှာ လည်း အလာတူ နှုတ်ထွက် သည့် ထဲ တွင်
ပါဝင်ပြီး သူ၏ နေရာကို ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဆက်ခံသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ အသက် ၇၇ နှစ် အရွယ်ရှိပြီး ဒု ဗိုလ်ချုပ်မှုးကြီး မှာ အသက် ၇၃ နှစ် အရွယ်ရှိပြီ
ဖြစ်သည် ။၎င်းတို့ နှစ်ဦး စလုံးသည့် စစ်တပ် ရာထူးနေရာ များ ကို ချုပ်ကိုင် ထားရာဉ် စစ်တပ် စည်းမျဉ်းများ ဖြစ်
သည့် အသက် ကန့် သတ် ချက် ကို ကျော် လွန် နေပြီ ဖြစ်သည်။
လက်ရှိ ရာထူး နေရာ များမှ နှုတ်ထွက် သွားသည့် စစ်ခေါင်းဆောင် များသည် ၎င်းတို့ နေထိုင်ရာ နေပြည်တော်
တိုင်း မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင် မည့်သူများ ဖြစ်သည်။
(freedomnewsgroup.com)
0 ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှကိုမျိုးရန်နောင်သိန်း၏ ပြည်သူလူထုသို့ပန်ကြားချက်
0 မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ ဦးဥာဏ်ဝင်းသို့ မှာကြားချက် (၉) ချက်
၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီးလှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်၊နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပါယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူးအဲ့ဒါကိုကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမ္မတကိုလွတ်တော်ကမလွမ်းမိုးနိုင်ဘူး သမတ ကပဲအားလုံးကိုလွမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။
Friday, August 27, 2010
0 ဂျီမေးလ်မှ ဖုန်းခေါ်နိုင်ပြီ၊ အမေရိကန်၊ ကနေဒါ အခမဲ့ဖြစ်၊ မြန်မာနိုင်ငံသို့ တစ်မိနစ် ၃၅ ဆင့်ကျမည်
(မိုးမခ)
တင့်လွင်
အင်တာနက် Search engine (ရှာဖွေရေး အင်ဂျင်) ကုမ္ပဏီများအနက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီနှင့် လူသုံးအများဆုံး အခမဲ့ ဂျီမေးလ်ဝန်ဆောင်မှု ပေးသည့် ဂူးဂဲလ် Google သည်လည်း VOIP စီးပွားရေးနယ်ပယ် သို့ယနေ့မှ စတင်ဝင်ရောက်ပြီ ဖြစ်သည်။
ဂူဂဲလ် ကုမ္ပဏီသည် ယမန်နေ့မှ စတင်စမ်းသပ်သုံးစွဲနေပြီး ယနေ့ တရားဝင်ဖွင့်လှစ် ကြေညာလိုက်သည့် ဂူးဂဲလ်၏ ၀န်ဆောင်မှု အသစ်တွင် မိမိ၏ ဂျီမေးလ် အကောင့်မှ နိုင်ငံအသီးသီးရှိ ကြိုးဖုန်း (landline phone)၊ မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယခုစတင်လိုက်သည့် ၀န်ဆောင်မှု အသစ်ဖြင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ပြီး အခြားနိုင်ငံ အသီးသီးသို့ ခေါ်ဆိုမှုနှုန်းထားများကိုမူ ဂူးဂဲလ်ဝက်ဆိုက် https://www.google.com/voice/rates တွင်ကြည့်ရှုနိုင်သည်။
မြန်မာနိုင်ငံရှိ ဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၃၅ ဆင့်(ကျပ် ၃၅၀ ၀န်းကျင်) ကျသင့်မည်ဖြစ်သည်။ စင်္ကာပူသို့ခေါ်ဆိုလျင် ၂ဆင့်(၂၀ ကျပ်ဝန်းကျင်) သာကျသင့်မည်ဟု သိရသည်။
ယခုဝန်ဆောင်မှုကို သုံးစွဲလိုပါက ရှေးဦးစွာ မိမိဂျီမေးလ် စဖွင့်သည့်အခါ ၀န်ဆောင်မှု အသစ်ကို သုံးစွဲလိုခြင်းရှိမရှိ မေးမြန်းသည့် မေးခွန်းပေါ်လာမည်ဖြစ်သည်။ ထို မေးခွန်းမေးသည့် new! make phone call from Gmail အားကလစ်လုပ်ပြီးနောက် ဂျီမေးလ်၏ voice and video chat ဆော့ဝဲကိုအင်စတောလ် လုပ်ရမည် ဖြစ်သည်။ အင်စတောလ် လုပ်ပြီးနောက်တွင် အင်တာနက် ဘရောက်ဆာအား တကြိမ်ပိတ်ပြီး ပြန်ဖွင့်သည်မှ စတင်ကာ သုံးစွဲနိုင်ပြီဖြစ်သည်။
ယခု ဂျီမေးလ် အင်တာနက်ဖုန်းမှ ရန်ကုန်ရှိဖုန်းသို့ ခေါ်ဆိုကြည့်သည့်အခါ +17607058888 အ၀င် နံပါတ်ဖြင့် ဖုန်းမြည်လာသည်ကို တွေ့ရသော်လည်း မိမိ၏ မေးလ်အကောင့်ထဲတွင် ငွေမဖြည့်ထားသည့် အတွက် ယခုလောလောဆယ် ပြောဆိုမရသေးဟု ရန်ကုန်မြို့မှ သုံးစွဲသူ တစ်ဦးကပြောသည်။
အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများဆီသို့ ခေါ်ဆိုသည့် နည်းပညာကို voice over internet protocol VOIP ဟုခေါ်ဆိုပြီး လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုအတွင်း တရှိန်ထိုးကြီးထွားလာရာ ယခုအခါ ရန်ကုန်မြို့တွင် စင်္ကာပူ အခြေစိုက် Pfingo အင်တာနက်ဖုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခေါ်ဆိုသည့် ၀န်ဆောင်မှုကို အင်တာနက်ဆိုင် အများစုက ၀န်ဆောင်မှုပေးလျက်ရှိကြသည်။
နိုင်ငံအပေါ်မူတည်ပြီး အနည်းဆုံး တစ်မိနစ်ကို ကျပ် ၅၀မှ အများဆုံးကျပ် ၅၀၀ အထိပေးရသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဖြင့် ပြည်ပသို့ခေါ်ဆိုလျင် တစ်မိနစ် အနည်းဆုံး ကျပ် ၉၀၀မှ အများဆုံးကျပ် ၄၅၀၀ အထိကျသင့်မည် ဖြစ်သည်။ VOIP စနစ်ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှုများ ပေါ်လာပြီးနောက် ပြည်ပသို့ မြန်မာ့ဆက်သွယ်ရေး ဖုန်းဖြင့်ခေါ်ဆိုမှု မရှိသလောက် နည်းသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
Pfingo အင်တာနက် ဖုန်းစနစ်ကဒ်ဖြည့်သွင်းမှုကို ယခင်က စင်္ကာပူနိုင်ငံ သို့မဟုတ် အွန်လိုင်းမှ ငွေပေးချေနိုင်သော်လည်း ယခုအခါ ကြိုတင်ငွေပေးကဒ်များအား ရန်ကုန်မြို့ကွန်ပျူတာပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ပြီဖြစ်သည်။ စင်္ကာပူ ၁၂ ဒေါ်လာတန် Pfingo ကဒ်တစ်ကဒ်ကို ကျပ်ငွေ ၈၇၀၀ ဖြင့်ရောင်းချလျက်ရှိသည်ဟု သိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အင်တာနက်သုံးစွဲမှု ပျံ့နှံ့လာခြင်းနှင့် အတူ VOIP စနစ် ပေါ်ပေါက်လာခြင်းကြောင့် ကမ္ဘာ့အနှံ့မှ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ ၀င်ငွေသိသာစွာ လျော့ကျသွားခဲ့ရပြီး အဆိုပါကုမ္ပဏီကြီးများ ရေရှည်ရပ်တည်ရေးအတွက် နည်းလမ်းရှာကြံလျက်ရှိကြသည်။
ဘန်ကောက်မြို့တွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတစ်ဦးက မိသားစုရှိရာ အင်္ဂလန်သို့ ဖုန်းဆက်သွယ်ရန် ယခင် တစ်လလျင် ဒေါ်လာ ၁၀၀မှ ၁၅၀ ထိသုံးစွဲခဲ့ရသော်လည်း အင်တာနက်နှင့် VOIP ပေါ်ထွက်လာပြီးနောက်တွင် အင်တာနက် ဆက်သွယ်မှု အဖိုးအခမှ လွဲ၍ ဖုန်းဆက်သွယ်မှု အတွက် တပြားတချပ်မျှ သုံးစွဲစရာ မလိုတော့ဟုပြောဆိုသည်။
0 မိုးရွာရွာ နေပူပူ
ယနေ့ တစ်နေကုန် ရွာသွန်းနေသော မိုးရေစက်များကြားမှ ဗဟန်းမြို့နယ် မင်းကွန်းတောရ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ သက်တော် (၆၄) နှစ်၏ ရုပ်ကလပ်တော်အား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသားများသည် စတီးရွှေကရ၀ိတ်ဖောင်မှ တစ်ဆင့် ပင့်ဆောင်၍ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မောင်းနှင်ပို့ဆောင်မည့် နိဗ္ဗာန်ယာဉ်ပေါ်သို့ ပင့်ဆောင်ကာ ရေဝေးသုဿန်တွင် အန္တိမဈာပန အခမ်းအနား ကျင်းပပေးခဲ့သည်။ ဤသို့ ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ်အပြင် ဆရာတော်ကြီး၏ ပုံတော်နှင့် ပန်းခြင်းများ တင်ဆောင်ရန်အတွက် အသင်းမှ မော်တော်ယာဉ်တစ်စီးဖြင့် အသင်းသားများ လိုက်ပါ၍ ရှေ့ပြေးဦးဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မိုးရွာရွာ၊ နေပူပူ၊ အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင်မက တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ အခမဲ့ ကုသိုလ်ဖြစ် အများပြည်သူတို့အတွက် ထမ်းရွက်ပေးနေရသော၊ ပေးဆပ်ပေးနေရသော ကုသိုလ်ဖြစ် လူမှုရေးအသင်းအဖွဲ့ပင် ဖြစ်တော့သည်။
ကိုကျော်သူ
0 ပျံသန်းကြမည့် ဂီတသူရဲကောင်းများ
လူဆိုသည်မှာ ထင်းပုံကို တည် မီးလိုက်လို့ စား အကြွင်းက ပြာပဲ xxx ခွဲချိန်တန် ခွဲကြရမယ် ဒို့လိုလူတိုင်းပဲ xxx နှုတ်ဆက်ခြင်းရဲ့အစ . . . နှုတ်ဆက်ခြင်းရဲ့အဆုံး xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ
အထက်ပါ သီချင်းစာသားကတော့ တေးရေး - ကိုနေ၀င်း (မောင့်လပြည့်ဝန်း) ၏ နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “အိုးထိန်းစက် သံသရာ” အမည်ရှိ တေးသီချင်းဖြစ်သည်။
May all be happy
Share my love, peace and harmony
May all be happy
Share your love, peace and harmony.
Let the world will be free.
အထက်ပါ သီချင်းစာသားကတော့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂီတပညာရှင် ကိုရဲလွင် ကိုယ်တိုင် ရေးစပ်သီဆိုပေးထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် “SHARE MY LOVE” အမည်ရှိ တေးသီချင်းဖြစ်သည်။
ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင် များအား မေတ္တာဖြင့် ပြန်လည်ပေးအပ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု DVD အခွေများတွင် ထည့်သွင်းကုသိုလ်ယူကြမည် ဖြစ်သည်။ ယခင်က စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့သည် ကျွန်တော်တို့နှင့်အတူ လက်တွဲပေးဆပ် ခဲ့ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ဖြစ်ကြသည်။
ယခု ကိုနေ၀င်းနှင့် ကိုရဲလွင်တို့သည်လည်း ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူအတွက် ပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ ဖေးမမှုများကို စိတ်ဝင်တစားဖြင့် မိမိတို့ တတ်ကျွမ်းသော ဂီတပညာရပ်ဖြင့် တစ်ဖက်တစ်လမ်း ကျွန်တော်တို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ ဖြစ်ကြသည်။ အဆိုပိုင်းတွင်မက ဂီတအတီး ပညာရှင်များ ဖြစ်ကြသော မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ ကိုဇော်မျိုးထွဋ်၊ ယူနီဗာဆယ် စတူဒီယိုမှ ကိုဇော်နှင့်အဖွဲ့ အပြင် ကိုရဲလွင်မှလည်း ကိုနေ၀င်း တေးသီချင်းအား ၀င်ရောက်တီးခတ် ပံ့ပိုးကူညီအားဖြည့် ကုသိုလ် ယူခဲ့ကြသည်။
ဂီတပညာရှင် အများစုတို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ် များရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 “ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့်NLD ခေါင်းဆောင်များသို့တိုက်တွန်းအားပေးနှိုးဆော်လွှာ”-
ရေးသူ-မောင်ချင့်ချိန်
လေးစားရပါသောဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ၊ နအဖစစ်အုပ်စုရဲ့တဘက်သတ် လက်ခမောင်းခတ်စိန်ခေါ်မှုတွေနဲ့ ၊ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့မချိတင်ကဲဖြစ်နေမှုတွေကြောင့် တိုက်တွန်းအား ပေးနှိုးစော်လွှာအဖြစ် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အောင်သီးအောင်ပွင့်အဖြစ်ပေါ်ထွက်လာခဲ့တဲ့NLDဟာ ၁၉၉၀ထဲက လူထုရဲ့တပ်ဦးပါတီ ဖြစ်ခဲ့တာပါ ၊ လူထုကလဲ ၁၉၉၀ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ပါတီအဖြစ်ရော၊ခွပ်ဒေါင်းအလံကိုတရားဝင်ကိုင်ဆွဲခွင့် ရခဲ့တဲ့ပါတီအဖြစ်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ပါတီအဖြစ်နဲ့ပါ ခုချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး ၊ လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေး ၊ အာဏာရှင်ဆန် သောအစိုးရမျိုး နောင်ဘယ်သောအခါမှမပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး ၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ၊ ပြည်သူလူထု၏ဘ၀ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုအကျိုးပြုနိုင်စေရေးဆိုတဲ့ မှန်ကန်တဲ့ဦးတည် ချက်တွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုအားလုံးရဲ့ဦီးဆောင်ပါတီအဖြစ်တည်ရှိခဲ့ သလို စစ်အာဏာရှင်တွေရဲ့ အဓိကထားဖြိုခွင်းတိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလဲ မြင်သိခံစားရပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ကျွန်တော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ်မျှော်လင့် အားထားခဲ့ဘူးပါတယ် ၊ ၁၉၉၀ကစလို့ နှစ်၂၀ဆိုတဲ့အချိန်ကာလမှာ မချင့်မရဲအားမလိုအားမရဖြစ်ခဲ့ရတာတွေချည်းသာ ဖြစ်ပြီး NLD ကိုယ်တိုင်ကလဲ အာဏာပိုင်တွေရဲ့တဘက်သတ်ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ်အရာမထင်ဖြစ်ခဲ့ရသည့် အတွက် ပြည်သူအပေါင်းအားအနူးအညွတ်တောင်းပန်ခဲ့တာကို ၂၀၁၀ခု ၊ ဧပြီလ (၆)ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာတွေ့ခဲ့ရပါတယ် ၊ အဲဒီကြေငြာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ဒီမိုကရေစိအရေးတော်ပုံကို မည်သည့်အခါမှကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဆိုတာကြောင့်ရော ၊ အဲဒီမတိုင်ခင် မတ်လ၂၉ ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲယုံကြည်မှု ခိုင် ခိုင်မြဲမြဲဆက်လက်ဖြစ်တည်စေခဲ့ပါတယ် ။
ဒါပေမဲ့ လက်ခုတ်လက်ဝါးတီးပြီးအားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးတဲ့အတွက်လဲ သို့လောသို့လော ဖြစ်နေမိဆဲပါပဲ ၊ ဒီမိုကရေစီအင်အားစုအားလုံးကထောက်ခံတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆုတ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေသွေဖီနေပြီလို့လဲ မြင်နေမိပါတယ် ၊ စစ်အုပ်စုကလဲ ၁၉၉၀ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချ လိုက်ပြီဆိုတဲ့အကြောင်း နိုဝင်ဘာ(၇)ရက်နေ့ကိုရွေးကောက်ပွဲရက်သတ်မှတ်ကြေငြာလိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ် ၊ ဒီအတွက် စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခု ဖြစ်ပေမဲ့ မပြည့်စုံ သေးဘူးလို့တော့ထင်ပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ဘုန်းကြီးစာချလုပ်တယ်လို့မထင်စေချင်ပါ ၊ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ်၂၀ ကပျော့ပြောင်းမှုတွေကိုမြင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလိုဖြစ်မှာစိုးလို့ သတိပေးအကြံပြုရခြင်းသာဖြစ်ပါတယ် ၊ စစ်အုပ်စုဟာ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်းဥပေက္ခာပြုတာလဲ နှစ်၂၀ရှိပါပြီ၊ဘယ်နိုင်ငံကိုမှဂရုမစိုက်ပဲ လုပ်ချင်သလိုလုပ် ရွှေ့ချင်သလိုရွှေ့ ခဲ့တဲ့ အမျိုးသားညီလာခံNCဆိုတာကိုလဲ ၁၅နှစ်ကြာအချိန်ဆွဲခဲ့ပြိးပါပြီ ၊ အနိုင်အထက်ပြုခြိမ်းခြောက်မှု ၊ မဲလိမ်မဲခိုးမှု တွေနဲ့လဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင်လုပ်သွားခဲ့ပြီးပါပြီ ၊ ကြံ့ဖွတ်အဖွဲ့ကို ပါတီ အဖြစ်ပြောင်း ၊ စစ်ဗိုလ်ချုပ်တွေအရေခွံချွတ် ပြောင်ပြောင်တင်းတင်းလုပ်နေပါပြီ ၊ ဒါကိုပဲ ရွေးကောက်ပွဲကိုသပိတ်မှောက် တယ် ၊ မဲသွားမပေးသပိတ်မှောက်ကြဆိုနေကာမျှနှင့် စစ်အုပ်စုလုပ်ရပ်များကိုဟန့်တားနိုင်ပြီ ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိမ်းသိမ်းထားနိုင်ပြီ ၊ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်ထားနိုင်ပြီ မယူဆစေချင်ပါ ။
စစ်အုပ်စုကနည်းလမ်းစုံဖြင့်ထိမ်းချုပ်ထားသော ၀န်ထမ်းများ ၊ စစ်သားများ ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွားပေးကြ မှာပဲဖြစ်ပြီး စစ်အုပ်စုကလဲ ဘယ်သူမဲလာပေးပေးမပေးပေး (၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြုခဲ့သလို) ကြံ့ဖွတ်၇၅%စစ်ဗိုလ် ၂၅% လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေငြာမှာပဲဖြစ်ပါတယ် ၊ ၁၉၉၀ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့ကထဲက ၊ တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်ခဲ့ကထဲက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမဲ့လုပ်ကြံဇတ် ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ် ၊ လူထုခေါင်းဆောင်ရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ် စောင့်ကြည့်နေ ဘို့ လိုမယ်ဆိုတဲ့မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ထင်ပါတယ် ၊ စောင့်ကြည့်နေဘို့မလိုတော့သလို သပိတ် မှောက်ကန့်ကွက်နေယုံနဲ့လဲ မရပါဘူး ၊ ပျက်အောင်ကိုဖျက်ရမှာပါ ၊ NLD ကဦးဆောင်ပြီး ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ် ကိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကိုတားဆီးရမှာလို့ထင်ပါတယ် ။
ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ နိုင်ငံရေးဆိုတာဆုံးခန်းတိုင်သည်မရှိပေမဲ့ ခုအခြေ အနေကတော့ ဗမာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့ကြီးတစ်ခု ၊ NLD ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အခြေအနေ ၊ ပြည် သူတွေကိုယ့်ကံကြမ္မာကိုဖန်တီးရတော့မဲ့အချိန်ပဲလို့ထင်ပါတယ် ၊ ကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့် ခုပဲရွေးကောက် ပွဲသက်တမ်းနှစ်၂၀ကို ပြည်သူတွေအားလုံး ခါးခါးသီးသီးဖြတ်သန်းခဲ့ရပြိးပါပြီ ၊ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့်သင့်ပါသေးရဲ့လား ၊ နိုင်ငံတကာက၀င်ကူရှင်းပေးဘို့ မျှော်လင့်ချင်ပါသေးသလား ၊ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုးအနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ခေါင်းစဉ်တပ်လာမဲ့ စစ်အုပ်စုဒါဏ်ကို ကျွန်တော်တို့ပြည်သူတွေ နောင် ဘယ်လောက်ထပ်ခံကြရဦ့းပါမလဲ ။
၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုမဖြေရှင်းပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်မပေးပဲ လုံးဝ ရွေး ကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကိုစိန်ခေါ်သင့်ပါပြိ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစိအင်အားစုတွေနဲ့ချိတ်ဆက်ပြီး ၊ နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက်ပြီး စစ်အုပ်စုသူ့သဘောသူဆောင်လုပ်မဲ့ နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မဲ့ လူထုတိုက်ပွဲကြီးကို ဦးဆောင်မှုပေးဘို့အချိန်ရောက်ပါပြီဆိုတာ တိုက်တွန်းအားပေး နှိုး စော်လိုက်ရပါတယ် ။
တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်
မောင်ချင့်ချိန်
Thursday, August 26, 2010
0 ၂၀၁၀ ရွေးကောက်ပွဲ သုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲကို နအဖမှ ၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် အတွေ့ အကြုံပေါ်တွင် မူတည်၍ ကြိမ်းသေနိုင်ရန် စီစဉ်နေသည်ကို ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ ထင်ရှားလာသည်။ ထင်ရှားသည့် ဥပမာများမှာ ----
(၁) ရွေးကောက်ပွဲဝင်မည့် အတိုက်အခံနိုင်ငံရေး ပါတီများထဲမှ နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်သည့် ဦးသုဝေခေါင်းဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင်များ စာရင်းကို ရွေးကောက်ပွဲ ကော်မီရှင်သို့ ပေးအပ်ရပြီး ၎င်းကော်မီရှင်က ထောက်လှန်းရေးကို တဆင့်ပေးပို့၍ ပါတီဝင်များ၏ ကိုယ်ရေးရာဇဝင်ကို တအိမ်တက်ဆင်း လိုက်လံကောက်ယူပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းကို ပြုလုပ်လျှက်ရှိခြင်း။ လူပေါင်းသန်းနှင့်ချီ၍ အဖွဲ့ဝင်ဖြစ် နေသော ကြံ့ဖွံ့ပါတီဝင်များကိုမူ ထိုကဲ့သို့ ပြုလုပ်ခြင်း မရှိခြင်း။ ဤလုပ်ရပ်သည် အတိုက်အခံ ပါတီဝင်များကို ၎င်းပါတီမှ ကြောက်လန့်၍ နှုတ်ထွက်စေခြင်း၊ နှုတ်ထွက်ရန် ဖိအားပေးခြင်း၊ သွယ်ဝိုက်၍ ချိမ်းခြောက်ခြင်းဖြစ်သည်။
(၂) NLD ပါတီ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံမတင်ခြင်းကို သဘောတူလက်ခံခဲ့ပြီးမှ တစင် ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Forces (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ အုပ်စုအား အစိုးရက ပါတီမှတ်ပုံ တင်ခြင်းကို လက်ခံအတည်ပြုပြီးခါမှ ရွေးကောက်ပွဲကော်မီရှင်က ၎င်းတို့အား နေပြည်တော်သို့ ခေါ်ယူပြီး အုပ်ချုပ်သူများနှင့် ပူးပေါင်းလုပ်ပါ့မည် နောက်နောင် ဤသို့သော် ပြစ်မှုကို ကျူးလွန် မည်မဟုတ်ပါဟု ဝန်ခံလက်မှတ် ရေးထိုး၍ အသနားခံစာတင်ရမည်ဟု ဦးချိုးလိုက်ခြင်းသည် ရွေးကောက်ပွဲကော်မီရှင်၏ သခင်အားရ ကျွန်ပါးဝလုပ်ရပ်ဖြစ်ပြီး NDF ခေါင်းဆောင်ပိုင်းတွင် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်နိုင်သည့် အခြေအနေကို ဂုဏ်သိက္ခာညှိုနွမ်းသွားစေရန် တမင်ရည် ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။ အကယ်၍ ဒေါက်တာသန်းငြိမ်းတို့က လက်မှတ်မထိုးနိုင်ဟု ငြင်းလျှင် ရွေးကောက်ပွဲကော်မီရှင်က ၎င်းတို့ကို ပေးအပ်ထားသော အာဏာကို သုံး၍ ဦးခင်မောင်ဆွေတို့ (၄) ဦးကို ရွေးကောက်ပွဲဝင်ခွင့်ကို ပိတ်ပင်ရန် ရည်ရွယ်ပုံရသည်။ NDF ခေါင်းဆောင်များ NLD နောက်ခံရှိသဖြင့် ရွေးကောက်ပွဲတွင် နိုင်နိုင်ချေရှိနေခြင်းကို တမင်ရိုက် ချိုးခြင်းသာဖြစ်သည်။
(၃) ရခိုင်ပြည်နယ် မြေပုံမြို့တွင် ကြံ့ဖွတ်ပါတီဖွင့်ပွဲသို့ အနောက်ပိုင်းတိုင်းမှုး ဗိုလ်ချုပ်သောင်း အေး လိုက်ပါပြီး တမြို့လုံးကို ၎င်းအမိန့်ဖြင့် ကြံ့ဖွတ်အလံများစိုက်ထူ၍ ကြိုဆိုခိုင်းခဲ့သည်။ မြေပုံမြို့နယ်ကြံ့ဖွတ်ပါတီစည်းရုံးရေးအတွက် ငွေကျပ်သိန်း (၂၀)၊ တယ်လီဖုန်းအလုံး (၁၅) လုံး၊ ဆိုင်ကယ် (၂) စီး၊ စပိဘုတ် (၁) စီးကို ပေးအပ်သွားခဲ့သည်ကို ကြည့်လျှင် ၎င်းငွေကြေး ပစ္စည်းများသည် နိုင်ငံတော်ပိုင် ငွေကြေးပစ္စည်းများသာဖြစ်သည်၊ ဗိုလ်ချုပ်သောင်းအေး ပိုင်မဟုတ်။ ထိုအချက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) အပိုဒ် (၁၅) (ဈ) ၌ “နိုင်ငံတော်ပိုင်ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း” ရှိလျှင် ကော်မီ ရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု အတိအလင်းဆိုထားသည်။ သို့ရာတွင် ရွေးကောက်ပွဲကော်မီရှင်က စုံစမ်းစစ်ဆေးခြင်းကိုသော်၎င်း၊ အရေးယူဆောင်ရွက်ခြင်းကို သော်၎င်း အလျဉ်းမတွေ့ရပေ။
(၄) တဖက်မှလည်း ဥပဒေအခန်း (၃) အပိုဒ် (၁၅) (စ) ၌ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့တို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊ သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိလျှင် မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု ဆိုထား ပြန်သည်။ ဤအချက်သည် အတိုက်အခံ နိုင်ငံရေးပါတီများအား ပြည်ပရှိ ဒီမိုကရေစီ လိုလားသော နိုင်ငံများ၊ မျိုးချစ်မြန်မာများ၊ အဖွဲ့အစည်းများက ငွေကြေးပံ့ပိုးပေးမှုကို ဗြောင်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး တဖက်မှလည်း ၎င်းတို့ကြံ့ဖွတ်ပါတီကို နိုင်ငံတော် ဘဏ္ဍာထဲမှ လိုအပ်သလောက်ကို ထောက်ပံ့ပြီး အနိုင်ရရန် အရှက်ကင်းမဲ့စွာဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။(၅) တိုင်းရင်းသားပါတီများနှင့် ပတ်သက်၍လည်း ဒေါက်တာတူးဂျာဦးစီးသည့် ကချင်တိုးတက် ရေးပါတီ (KSPP) နှင့် ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSPP) တို့အား ပါတီတည် ထောင်ခွင့် လျှောက်ထားသော်လည်း တည်ထောင်ခွင့်မပေးပဲ ဆိုင်းငံ့ထားပြီး မကြာသေးခင် ကမှ မှတ်ပုံတင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီက ကချင်ပြည်နယ် (UDPKS) ကိုမူ ချက်ချင်းမှတ်ပုံတင်ခွင့် ချပေးလိုက်သည်။ အဘယ်ကြောင့် ချပေးခဲ့သည်ကို လေ့လာ ကြည့်သောအခါ ၎င်းပါတီကို နအဖနှင့် ကြံ့ဖွတ်ပါတီက ထူထောင်ပေးခဲ့ပြီး ၎င်း UDPKS ပါတီ ခေါင်းဆောင်တို့မှာ ယ္ခင်ကြံ့ဖွတ်အသင်းဝင်များဖြစ်သည်။ တဖန် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်တွင်လည်း မှတ်ပုံတင်မရှိသူများကို ရွေးကောက်ပွဲအမှီ မှတ်ပုံတင် လုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်လွမ်းမောင်တို့က စည်းရုံးရေး ဆင်းလျှက်ရှိသည်။ ယ္ခုအချိန်ထိ တရားဝင်စည်းရုံးရေးဆင်းနေသည်မှာ ကြံ့ဖွတ်ပါတီတခု တည်းသာဖြစ်သည်။
(၆) ဒုတိယပညာရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဘာသာခြားတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား “ အနာဂါတ် နိုင်ငံတော်မှာ ကျောင်းသားကျောင်းသူတွေ သွေးထွက်သံယို ဖြစ်တာ မမြင်ချင်ရင် ကြံ့ဖွတ်ကို မဲပေးပါ” ဟု ပြောကြားချက်သည်၊ ငါတို့အာဏာမရလျှင် အာဏာပြန်သိမ်းမည်ဟု ဆိုလိုသည်။ ထိုကြောင့် ၁၉၉၀ ခုနှစ်တုံးကလို ၎င်းတို့ မနိုင်လျှင် အာဏာအပ်မည်မဟုတ်ဟု သုံးသပ်သည်။
ရွေးကောက်ပွဲ ကျင်းပရန်ရက်သည် (၃) လ မပြည့်၊ ထို (၃) လမပြည့်တပြည့် ကာလတွင် နိုင်ငံရေးပါတီများက မှတ်ပုံတင်ခြင်း၊ အဖွဲ့ဝင်စာရင်းကို အသေးစိတ်တင်ပြခြင်း၊ ကိုယ်စားလှယ်လောင်းအတွက် ရွေးကောက်ပွဲဝင်ကြေးများပေးသွင်းခြင်း၊ စည်းရုံးရေးအတွက် အခန်းများငှါးရမ်းရခြင်း၊ ရွေးကောက်ပွဲကောက်မီရှင်ကို (၇) ရက်ကြို၍ အကြောင်းကြားရခြင်း၊ လမ်း၊ ရပ်ကွက်များတွင် ဟောပြောခွင့်မရခြင်း၊ ကျောင်းခန်းမများ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ များတွင် ဟောပြောခွင့်ကို ပိတ်ပင်ခံထားရခြင်းများ ကြုံတွေနေရစဉ် တဖက်မှလည်း ကြံ့ဖွတ် ပါတီက နယ်မြေတိုင်းတွင် တံခါးမရှိ ဓားမရှိ၊ အစစ်အဆေးကင်းရှင်းစွာ စည်းရုံးရေး ဆင်းနေခြင်း၊ နေပြည်တော်တွင် အစိုးရပေးထားသော အဆောက်အဦကြီးတွင် ကြံ့ဖွတ်ပါတီ ရုံးကို ဖွင့်လှစ်ပြီး အစိုးရထောက်ပံ့ငွေများ၊ မော်တော်ယဉ်များ၊ အဆောက်အဦများကို သုံးစွဲချင်တိုင်း သုံးစွဲခွင့်ရနေသလို ကြံ့ဖွတ်အသင်းဝင် (၈) သန်းကျော်ကို ကြံ့ဖွတ်ပါတီ အမာခံများအဖြစ် အသွင်ပြောင်းပြီး ကြံ့ဖွတ်အသင်းရုံးခန်းများကို ကြံ့ဖွတ်ပါတီရုံးခန်းများ အဖြစ် အသုံးပြုခွင့်ရနေပေသည်။ ထို့ပြင် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်သည် နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးကိုလည်းယူထားသဖြင့် အစိုးရသည် ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲ မစခင်ကတည်းက ဖြစ်နေသဖြင့် ၎င်းအစိုးရသည် ကြံ့ဖွတ်ပါတီ အနိုင်ရရန် နည်းမျိုးစုံဖြင့် အစိုးရအာဏာကို အသုံးပြုကာ တဖက်သတ်အသုံးချ အနိုင်ယူမည့်ပွဲဟု သုံးသပ်မိသည်။
(၇) စာပေစီစစ်ရေးတွင် ရေတပ်မှ ဒုဗိုလ်မှုးကြီး မျိုးမြင့်မောင် တာဝန်ယူပြီးနောက်ပိုင်း စာနယ်ဇင်းများကို ပိုမိုတင်းကြပ်စွာ ပြုလုပ်လာခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်မှုများကို ဗြောင်းပိတ်ပင်ခဲ့သည်။ ထို့ပြင် အစိုးရထုတ်သတင်းစာများက “ မည်သူမဆို နိုင်ငံတော်တည် ငြိမ်းရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဟောပြောခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း” ပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ နှစ် ၂၀ အထိ ကျခံရမည်။ ကျူးလွန်သော အဖွဲ့ကိုလည်း ဖျက်သိမ်းမည် ဟု ဖော်ပြခဲ့သည်။ အထက်ပါ အချက်သည် ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ပြောဆိုစည်းရုံး ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက် ဟန့်တားမှုပင်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် အတိုက်အခံ နိုင်ငံရေးသမားများ၏ အားနည်းချက်များကို ထောက်ပြဝေဖန်ပိုင်ခွင့်ရှိသည်။ ထိုမှသာ မည်သူ မှန်သည်၊ မည်သူမှားသည်၊ မည်သူကရိုးသားတည်ကြည်သည်၊ မည်သူက ကလိန်ကကျစ် ဆိုသည်ကို လူအများက သိကြမည်ဖြစ်သည်။ မည်သူက ရပ်ရွာတိုးတက်ရေးကို လုပ်နိုင်မည်။ တိုင်းပြည်တိုးတက်ရေးကို လုပ်နိုင်မည်။ စီးပွားရေးစံနစ်ကို ကောင်းမွန်စွာနားလည်သည် တို့ကို သိမှသာ ပြည်သူက မည်သူ့ကို မဲပေးရမည်ကို ပြုလုပ်နိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် နအဖမှ အခန်း (၃) အပုဒ် ၁၅ (ဃ) ၌ “လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့် တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း” ကို ပြုလုပ်ခဲ့လျှင် ၎င်းပါတီအား မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဟု ဆိုးထားခဲ့သည်။
ရွေးကောက်ပွဲဆိုသည်မှာ မည်သူမှန်သည် မည်သူမှားသည်၊ မည်သူက ကိုယ်ကျင့် တရား ကောင်းသည်၊ မည်သူက မကောင်း၊ မည်သူက နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေးအမြင် ရှိသည်တို့ကို တဖွဲ့နှင့် တဖွဲ့ နှိုင်းယှဉ် စကားစစ်ထိုးသော ပွဲဖြစ်သည်။ ထိုသို့ပြောကြားရာတွင် လူဖြစ်သဖြင့် ပုဂ္ဂိုလ်ရေးများ၊ ယ္ခင်က ပြုလုပ်ခဲ့သော အပြစ်အနာအဆာများ၊ ဆုံးဖြတ်ချက် အမှားရှိပါက အတိုက်အခံဖက်မှ ၎င်းအချက်များကို တင်ပြပိုင်ခွင့်ရှိသည်။ သို့မှသာ ပြည်သူက မိမိရွေးချယ်မည့်သူသည် အရည်အချင်းရှိသူ တည်ကြည်သူအဖြစ် သိနိုင်မည်ဖြစ်သည်။ သို့ရာတွင် အထက်ပါပြဋ္ဌာန်းထားချက်အရ သူခိုးကို ခိုးပါသည်ဟုပြောခဲ့သော်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေသည်ဟု စွဲချက်ဖြင့် အရေးယူခံရတော့မည်ဖြစ်သည်။
(၈) ပို၍ဆိုးသည်မှာ ရွေးကောက်ပွဲရက် သတ်မှတ်ပြီးနောက် နာဂစ်မုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေး ကူညီလုပ်ကိုင်ပေးနေသည့် သုံးပွင့်ဆိုင် အမာခံအုပ်စု ခေါ် Tripartite Core Group (TCG) တွင် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံ၊ အိမ်နီးချင်း နိုင်ငံများနှင့် မြန်မာလူမှုရေးအဖွဲ့များ ပါဝင်သည်။ ၎င်း TCG အုပ်စုကို ၎င်းတို့လုပ်ငန်းစဉ် ဖြစ်သည့် ပြန်လည်ထူထောင်ရေးကိစ္စပြီးပြီဖြစ်ကြောင်း ထိုမှတဆင့် ဖွံ့ဖြိုးရေးကို ဆက်လက် ပြီး အစိုးရမှ လုပ်ဆောင်သွားမည်ဟု နအဖမှ ပြောဆိုပြီး အဖွဲ့လုပ်ငန်းကို ရပ်ဆိုင်း အဆုံးသတ်စေခဲ့သည်။ နာဂစ်မုန်တိုင်းတွင် အသက်ရှက်ကျန်ရစ်သူ ၈၀၀,၀၀၀ ခန့်မှာ ယနေ့ ထိ မလုံမခြုံသေးရာ အမိုးအကာတို့ဖြင့် နေထိုင်နေကြရတုံးဖြစ်သည်။ TCG ၏ နေရာတွင် လူမှုရေးဝန်ကြီးဋ္ဌာနနှင့် ထောက်ပံ့ရေးနှင့် ပြည်လည်နေရာချထားဋ္ဌာနတို့မှ တာဝန်ယူရပြီး နာဂစ်လွန်ပြန်လည်ထူထောင်ရေး အလုပ်တို့ လုပ်ရမည်ဖြစ်သော်လည်း နအဖမှ မလိုအပ် တော့ဟုဆိုသည်။
ထိုကဲ့သို့ ကူညီမှုကို ရပ်ဆိုင်းလိုက်သဖြင့် လူမှုရေးကူညီမှု ပြုလုပ်နေသည့်သူများ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြရသည်။ ဗီဇာအသစ်လျှောက်သူများအနည်းဆုံး (၄) လမှ ၂ နှစ်အထိ ပြည်ဝင်ခွင့်ရရန်စောင့်ရသည်။ ထိုကြောင့် နာဂစ်ဒါဏ် ခံစားနေရသော ဒုက္ခသည် များကို ကူညီပံ့ပိုးမှုများ၊ များစွာကျဆင်းသွားခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်မလာဘဲ ပို၍ အတိဒုက္ခရောက်ကြရသည်။ TCG ထွက်သွားပြီးနောက် နိုင်ငံခြားမှ ကူညီသူများကို ဗီဇာထုတ် ပေးမှု ၁၀ပုံ တပုံကိုသာ ခွင့်ပြုခဲ့သည့်အတွက် နိုင်ငံခြားမှ ကူညီသူ အဖွဲ့များ များစွာနည်းပါး သွားခဲ့ရသည်။ ဤသို့ပြုလုပ်ခြင်းမှာ အကြောင်း ၂ ချက်ကြောင့် ဖြစ်နိုင်သည်။ ပထမအချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို အကြမ်းဖက်နှိမ်နင်းမှုများ၊ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုများ၊ အတိုက်အခံပါတီတို့အား အစိုးရမှ နှောက်ယှက်မှုများကို နုင်ငံခြားသားများ မသိစေနိုင်ရန် ရည်ရွယ်ပုံရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဋ္ဌာနလက်ထောက် ဒါရိုက်တာ Phil Robertson က ပြောကြားခဲ့သည်။
နောက်တချက်မှာ နိုင်ငံခြားထောက်ပံ့မှု ပြတ်တောက်၍ ငတ်မွတ်ဆာလောင်နေသော ဒုက္ခသည်များကို ကြံ့ဖွတ်ပါတီမှ စားကြွင်းစာကျန်များပေး၍ ၎င်းတို့ပါတီကို မဲပေးရေးအတွက် အခွင့်အရေးတရပ်အဖြစ် လုပ်ဆောင်ရန်ဖြစ်သည်။ တချက်ခုတ် ၂ ချက်ပြတ်ဖြစ်သည်။ မဲဆန္ဒ ပေးပွဲ မမျှတမှု၊ ညစ်ပတ်မှုတို့ကို သတင်းပေးပို့နိုင်သည့် နိုင်ငံခြား ဝန်ထမ်းများကို ပြည်တွင်း၌ နည်းနိုင်သမျှ နည်းအောင်ပထုတ်လိုက်ပြီး ကူညီထောက်ပံ့မှု မရသဖြင့် ငတ်မွတ်အတိဒုက္ခ ရောက်နေကြနေသူများကို ငွေကြေး အစားအသောက်၊ အိမ်သောက်ပစ္စည်းတို့ဖြင့် မဲဆွယ် စည်းရုံးခွင့်ကို တဖက်သတ် ကြံ့ဖွတ်ပါတီက ရရှိတော့မည်ဖြစ်သည်။
နိဂုံးအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် ကြံ့ဖွတ်ပါတီလွတ်လွတ်ကျွတ်ကျွတ် မဲ အပြတ်အသတ် နိုင်ရရေးကို ဦးတည်စီစဉ်ထားသည့် ဖွဲ့ဖြစ်သည်။ ဗိုလ်သန်းရွှေက ၁၉၉၀ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို သင်္ခန်းစာယူ၍ ၂၀၁၀ တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရန် စံနစ်တကျ ဒေါင့်စုံမှစဉ်းစား တွေးခေါ်ပြီး မနိုင် နိုင်အောင်ညစ်နည်းပေါင်းစုံဖြင့် ပြုလုပ်ထား ကြောင်း ထင်ရှားစွာတွေ့နေရသည်။
(၁) ရွေးကောက်ပွဲဥပဒေနှင့် NLD ပါတီကို ကန့်သတ်လိုက်ခြင်း။
(၂) ရွေးကောက်ပွဲကော်မီရှင်ကို အလုံးစုံအာဏာကုန်ပေး၍၎င်း ကော်မီရှင်၏ ဆုံးဖြတ်ချက် သည် အပြီးဖြစ်စေရမည် စောဒကတက်ပိုင်ခွင့်မရှိဟု နအဖကိုယ်စား တဖက်လှည့် ညစ်ပတ် နည်းသုံးစွဲခြင်း။
(၃) လူထုကြည်ညိုသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်များ၊ ခွန်ထွန်ဦး၊ ဗိုလ်ချုပ်ဆေထင်စသော တိုင်းရင်းသားခေါင်းဆောင်များကို ထိန်းသိမ်း ထားခြင်း၊ စည်းရုံးရေးစွမ်းရည် ပြည့်ဝသောနိုင်ငံရေးသမားများကို ထောင်သွင်းအကျဉ်းချ ထားခြင်း။
(၄) တိုင်းရင်းသားများ ထောက်ခံသည့် ခေါင်းဆောင်များ ပါတီမှတ်ပုံတင်ခြင်းကို လက်မခံဘဲ ချန်လှပ်ထားခြင်း။
(၅) အတိုက်အခံပါတီများအား စည်းရုံးရေးဆင်းခြင်းကို ကန့်သတ်ချက်မျိုးစုံဖြင့် ပိတ်ပင် ထားခြင်း။
(၆) တိုင်းပြည်ကဏ္ဍ၊ အဆောက်အဦတို့ကို ကြံ့ဖွတ်ပါတီတခုတည်းကိုသာ အသုံးပြုခွင့်ပေး ခြင်းနှင့် အစိုးရရေဒီယိုရုပ်မြင်သံကြားတို့မှ ကြံ့ဖွတ်ပါတီအတွက် ဂရိုဘယ်များ ချမှတ်ပြီး အသံလွှင့်ပေးခြင်းတို့ကိုလျို့ဝှက်စွာ စီစဉ်ထားခြင်း။
(၇) ကြံ့ဖွတ်အသင်းသည် နိုင်ငံရေးပါတီမဟုတ် ထို့ကြောင့် ၎င်းအသင်းသည် လူထုစည်းဝေး ပွဲကြီးများ ပြုလုပ်ခြင်း၊ ဝန်ထမ်းများကို အသင်းဝင် အဖြစ် အတင်းအဓမ္မ ဝင်စေခြင်း။ အသင်းဝင်များကို အခွင့်ထူးပေး၍ ချီးမြှောက်ခြင်းတို့ဖြင့် မြို့နယ်တိုင်းတွင် အစိုးရစားရိတ်ဖြင့် ရုံးခန်းများဖွင့်လှစ်၍ လူထုကို တဖက်သတ်စည်းရုံးခဲ့ပြီးမှ ရွေးကောက်ပွဲကျင်းပခါနီးတွင် ကြံ့ဖွတ်အသင်းမှ ကြံ့ဖွတ်ပါတီသို့ ပြောင်းလဲလိုက်ခြင်းသည် အရှက်ကင်းမဲ့၊ ဂုဏ်သိက္ခာ မရှိသော လုပ်ရပ်ဖြစ်သည်။ ထိုသို့ဗြောင်လိမ်ဗြောင်စားလုပ်သည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မည်သည့်အကျိုးကျေးဇူးမျှ ရနိုင်လိမ့်မည်မဟုတ်ချေ။
နိုင်ငံရေးပါတီများအနေနှင့် ပြုလုပ်နိုင်သည့်နည်းမှာ
(၁) ရွေးကောက်ပွဲ စည်းရုံးရေးကာလ (၃) လအတွင်း လူထုကို တတ်နိုင်သမျှ ထိုးဖောက် စည်းရုံးရန်။
(၂) ရွေးကောက်ပွဲရောက်ရန် နီးကပ်သည်နှင့် တပြိုင်တည်း သပိတ်မှောက်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ညီညွတ်စွာ ထုတ်ဖေါ်ပြောဆို၍ သပိတ်မှောက်ကြရန်။
(၃) မိမိစည်းရုံးထားသည့် လူထုနှင့် ရွေးကောက်ပွဲမှသည် လူထုလှုပ်ရှားမှုသို့ ဆိုသည့် အသွင် ပြောင်းလဲပစ်ရန်။
(၄) NLD ပါတီ CRPP တို့နှင့် တွဲဘက်၍ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းနိုင်ရန်အတွက် ကြိုတင် ညှိုနှိုင်းထားကြရန် လိုအပ်သည်။ အတိုက်အခံများ မည်ကဲ့သို့မျှ မနိုင်ရန် နည်းမျိုးစုံသုံး၍ ဗြောင်ညစ်ပတ်ထားသော ရွေးကောက်ပွဲအား လူထုတိုက်ပွဲဖြင့်သာ တိုက်၍ လူထုအစိုးရတရပ် ပေါ်ပေါက်လာရန် ပြုလုပ်ကြဘို့ အချိန်ရောက်ပြီဟု တိုက်တွန်းလိုက်ရပေသည်။
ထွန်းအောင်ကျော်
1 ယုံကြည်စရာတစက်မရှိပါ (သီချင်းစာသားနှင့်အတူ)
videoဖန်တီးသူမှာ ကိုသော်(ဂျပန်)ဖြစ်ပြီး ပြည်တွင်းပြည်ပမှလာရောက်လည်ပတ်ကြသောမိတ်ဆွေများအား သီချင်းစာသားနှင့်အတူနားထောင်စေလိုသောဆန္ဒဖြင့်ကျနော့်အနေဖြင့် ကြိုးစားပြီးပြုပြင်ဖန်တီးထားခြင်းဖြစ်ပါသည်။။ နားထောင်ကြစေလိုပါတယ်။
0 အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင်း
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲ ၀င်ခွင့်ရဖို့အတွက် ကော်မရှင်မှာ ပထမတကြိမ် ခွင့်တောင်းလွှာ တင်ခဲ့ရပြီးနောက် အခုတခါ ထပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ကတိမျိုး ထပ်ပြီး တင်ခိုင်းတဲ့အတွက် ဒါကို သူ့အနေနဲ့ မတင်နိုင်တဲ့အကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
“တင်ဖို့အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဥပဒေကို လိုက်နာပါ့မယ်ဆိုပြီး ပါတီထောင်၊ ပါတီမှတ်ပုံတင်လည်း ချပေးထားပြီး ကျူးလွန်ခဲ့တဲ့ အမှုလည်း ခံပြီးပြီ၊ လွတ်လည်း လွတ်နေပြီ၊ သာမန်ပြည်သူ တယောက်လည်း ဖြစ်နေပြီ၊ ပါတီ Founder တွေ အဖြစ်လည်း ပါနေပြီ။ အဲဒါကို ထပ်ပြီးတော့ ဟိုတုန်းက ဒီအပြစ်တွေ ရှိခဲ့တယ် ဆိုတာကို အလိုအလျောက် ပယ်ဖျက်ပေးရမယ့် အစား ကျနော်တို့ကိုလာ ကြိုးနဲ့ချီတယ်။ ခင်ဗျားတို့ တင်ပြရမယ်၊ တင်ပြမှ၊ ဒီဥပဒေကို လိုက်နာမှဆိုပြီး ပုဂ္ဂိုလ်ရေး ထပ်ပြီးတော့ ကြိုးနဲ့ချီတာ။ ဒါကြောင့် ကျနော်ကတော့ မတင်ပါဘူး။
“ဘာကြောင့်လဲဆိုတော့ ဒါဟာ မှတ်ပုံတင်တုန်းက ပါပြီးသား ကိစ္စတွေကို နောက်တခါ ဒုတိယအကြိမ် ထပ်ပြီး တောင်းတာမို့ ဥပဒေအရ ကြည့်ရင်လည်း သဘာဝရုပ်တိ မကျဘူးလို့လည်း ထင်ပါတယ်။ နိုင်ငံသား အခွင့်အရေးကိုလည်း ပိတ်ပင်တယ်လို့ ယူဆတဲ့အတွက် ကျနော်က ပြန်လည်တင်ခြင်း မရှိပါဘူး။ တခြားပုဂ္ဂိုလ်တွေတော့ ဘယ်သူတင်မယ်၊ မတင်ဘူးဆိုတာ ကျနော် မသိပါဘူး။”
တကယ်လို့ ဆရာ ပြန်မတင်တဲ့အခါမှာ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စကို ထိခိုက်လာမယ် ဆိုရင်ရော။
“ကျနော်မှ ရွေးကောက်ပွဲ မ၀င်တော့တဲ့ဟာ၊ ဘာထိခိုက်စရာအကြောင်း ရှိမလဲ။ ကျနော့်ကိစ္စပဲ၊ ပါတီကိစ္စ မဟုတ်ပါဘူး။ ကျနော်က ၁၂၂၊ ၁၂၄ ပုဒ်မနဲ့ ကျလို့ နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၁၇ နှစ် ကျနော် ကျခံခဲ့ပြီးပြီ။ ကျခံခဲ့တာ သူတို့ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ ဒီအပြစ်ကြွေးကို ဆပ်ပြီးပြီ။
“ဆပ်ပြီးတဲ့ လူတယောက်က လွတ်လပ်တဲ့ ပြည်သူဘ၀ကို ရောက်သွားတာတောင်မှ လိုက်ပြီးတော့ ကန့်သတ်တာဟာ ပြည်သူလူထုရဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်လို့ ယူဆလို့ ကျနော်က ထပ်ပြီး တင်ခြင်း မရှိပါဘူး။ အသနားခံရမယ်ဆိုလည်း မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော် ရွေးကောက်ပွဲကိုလည်း ၀င်ဖို့ အကြောင်းမရှိပါဘူး။ ထပ်လည်း တင်ဖို့ အကြောင်းမရှိပါဘူး။ ပါတီကို ထိခိုက်စရာ မရှိပါဘူး။ ဒါ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။”
ဟုတ်ကဲ့၊ ကျနော် သေချာအောင် ထပ်မေးပါရစေ၊ ဆရာ ရွေးကောက်ပွဲ မ၀င်တော့ဖို့ ဆုံးဖြတ်ပြီးပြီပေါ့။
“ဟုတ်ပါတယ်။ ကျနော် မတင်ရင် ၀င်လို့မရဘူးလေ။ ကျနော် ထပ်ပြီးတော့ ဒါတွေတင်မှ ၀င်ရမှာကိုး။ ၀င်ချင်ရင် တင်ပါဆိုတာ မ၀င်ချင်ရင် မတင်နဲ့ဆိုတော့ ကျနော်က မေးပါတယ်၊ ၀င်ချင်ရင် တင်ရမယ်ဆိုရင် မ၀င်ချင်ရင် မတင်ရဘူးလားဆိုတော့ မ၀င်ချင်ရင် မတင်လို့ရတယ်ဆိုတာ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။ လူတဦးတယောက်ကို ကန့်သတ်တဲ့ ကိစ္စတွေပါ။ ပါတီနဲ့ မဆိုင်ပါဘူး။”
မနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းကတဆင့် ကျနော်တို့ သိရပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းပါတယ်တဲ့၊ ရွေးကောက်ပွဲဟာ လျစ်လျူရှုထားလို့ မရဘူး၊ စိတ်မ၀င်စားလို့ မရဘူး၊ ကြည့်နေဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအပြောအပေါ်မှာ ဆရာ ဘယ်လိုနားလည်ပါသလဲ၊ ဆရာ့သဘောထားကရော အဲဒါကို ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အခုလည်း ကျနော်တို့ ခေါင်းဆောင်အဖြစ် ကျနော်တို့က သတ်မှတ်ထားတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးပဲလေ။ နောက်ပြီးတော့ ကမ္ဘာမှာလည်း အသိအမှတ် ပြုခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် တဦးပဲလေ။
“အစကတည်းကိုက ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘယ်တုန်းကမှ ပြစ်မှားခြင်း မရှိခဲ့ပါဘူး။ ဒေါ်စုက ဒီမိုကရေစီ ကျင့်စဉ်တွေကို ဘယ်တော့မှ သွေဖည်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော်တို့ ဒါမျိုးကို မစဉ်းစားခဲ့မိပါဘူး။
“ဒေါ်စုပြောတဲ့ဟာက ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူမယ့်ပွဲ ဖြစ်တယ်။ ပြည်သူတွေ ပါဝင်ပတ်သက်မယ့် ဟာကို ဒေါ်စု လျစ်လျူမရှုဘူး ဆိုတာကို ပြောတဲ့ကိစ္စပါပဲ။ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တဲ့ ပွဲတပွဲကို ဒီမိုကရေစီခေါင်းဆောင် တယောက် အနေနဲ့တော့ ဘယ်တော့မှ မပြစ်ပယ်ဘူးဆိုတဲ့ သဘောကို ရောက်တယ်လို့ ကျနော် ယူဆပါတယ်။”
အခုလက်ရှိ အခြေအနေမှာ ဆရာတို့ NDF ပါတီအနေနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဘယ်လောက်ဝင်ဖို့ အခြေအနေ ရှိပါသလဲခင်ဗျ။
“ကျနော်တို့ကတော့ ၁၀၀ တော့ ကျော်လိမ့်မယ် ထင်တာပဲ။ သို့သော်လည်း အခက်အခဲတွေ ဖြတ်ကျော်တဲ့ အခါကြတော့ ၁၀၀ လောက်မှာ သွားတင်လိမ့်မယ် ထင်တယ်။ အစကတော့ ၁၂၀ လောက် ရမလား၊ ၁၃၀ လောက် ရမလား၊ မှန်းဆတာပေါ့ဗျာ။ အခက်အခဲတွေ အများကြီး ကြုံနေရတဲ့ အခါကြတော့ တင်ပြီးတာတောင် ပယ်တာ ရှိရင်ရှိဦးမယ်လေ။ အဲတော့ အောက်ခြေ ၁၀၀ လောက်ကတော့ ကျန်လိမ့်မယ်လို့ ယူဆပါတယ်။”
ဆရာက ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့ NDF ပါတီရဲ့ ခေါင်းဆောင်အနေနဲ့တော့ ဆက်ရှိနေမှာလား ခင်ဗျာ။
“ဟုတ်တယ်၊ ကျနော်က NDF ပါတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်၊ နိုင်ငံရေး ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်။ ကျနော်ကတော့ မှတ်ပုံတင်တာ ကျနော့်ကို ခေါင်းဆောင်အနေနဲ့ တင်ပေးပါဆိုလို့ ကျနော် ခေါင်းဆောင်အနေနဲ့ သွားတင်ရတာကိုး။ ကျနော်တို့ ပါတီဝင် ၁၉ ဦးက ကျနော့်ကို ခေါင်းဆောင် မြှောက်လိုက်တာကိုး။ မြှောက်တော့ ကျနော်က ခေါင်းဆောင်ပါပဲ။ ရွေးကောက်ပွဲဝင်တာ၊ မ၀င်တာနဲ့ မဆိုင်ပါဘူးခင်ဗျ။”
NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်တော့ဖို့ သူဆုံးဖြတ်လိုက်တဲ့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားအပေါ် သူ့သဘောထားတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။
ထင်ရှားသော နိုင်ငံရေးသမားများအနက် ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ၏ ရုပ်သေးဟု သတ်မှတ်ကာ စစ်အစိုးရက မတရား ကန့်သတ်မှုများ ပြုသည်ဟုဆိုပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အစောပိုင်းက စွန့်ခွာသွားသူတဦးမှာ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်း ဖြစ်သည်။
(VOA)
Wednesday, August 25, 2010
0 အရေခွံလဲပွဲ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ပြောနေကြလို့ အခုလက်ရှိ အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတဲ့ အမည်ကို
သေချာ စဉ်းစားကြည့်မိတယ်။ ဘယ်လိုများ အမည်ပေးရင်ကောင်းမလဲဆိုပြီး...
ရွေးကောက်ပွဲ ဆိုတဲ့ အမည်အစား လက်ရှိမတရားသိမ်းပိုက်ထားတဲ့ အာဏာကို တရားဝင် ဖြစ်အောင် ပြည်သူလူထုကု အတင်းထောက်ခံခိုင်းတဲ့ လုပ်ဆောင်ချက် ဒါကြောင့် "အရေခွံလည်းပွဲ "လို့ဘဲ ခေါ်စေချင်တယ်။
မြွေဆိုတာ အချိန်တန်ရင် အရေခွံလည်းလေ့ရှိတယ် ။ ဒါပေမယ့် အဆိပ်ပြင်းတဲ့ မြွေတစ်ကောင် အရေခွံလဲလိုက်တာနဲ့ သူရဲ့ ဂုဏ်သတ္တိစွမ်းအင်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး အခုအစိုးရ သုံနူန်းတဲ့ ရွေးကောက်ပွဲဆိုတာလည်း မြွေအရေခွံလဲသလိုပါဘဲ ။ ယူနီဖောင်းလေးချွတ် လိုက်တာနဲ့ သူတို့လုပ်ခဲ့တဲ့ မတရားမှုမှန်သမျှကို ပြည်သူက လက်ခံ နိုင်တယ်လို့ ထင်နေတာ သူတို့တွေရဲ့ အတွေးပါ ။ သူတို့တွေ အရေခွံလည်းကြပေမယ့် သူတို့ရဲ့ ပင်ကို မကောင်းဆိုးဝါး ၀ါဒတွေကို အခုချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေကြတာလည်း အားလုံးအသိပါ ။ ၂၀၀၈ အခြေခံဥပဒေထုတ်ကတည်းက တရားမျှတမှုဆိုတာ ပါမလာတာ သိပြီးသားပါဗျာ ။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ သေချာစဉ်းစားစေချင်တယ် ။ ရှုံးမယ်မှန်းသိရဲ့သားနဲ့ ၀င်ပြိုင်တာ မကောင်းဘူးဗျ ။ မြတ်သော အရှုံသမားဆိုတာ အမှန်တရားအတွက် တိုက်ပွဲဝင်ပြီး ပြည်သူလူထု ကောင်းစားရေးကို ရှေ့ရှုထားတဲ့ သူတွေကို ခေါ်ဆိုတာပါလို့ ကျွန်တော် နားလည်ထားပါတယ်။
ဒီမိုကရေစီ ကို အခုကျင်းပမယ့်ရွေးကောက်ပွဲ ၀င်မှ ရမယ်ထင်နေတာကိုက အတွေးအခေါ်လွဲချော် နေကြတာပါ ။ လက်ခံကြတာလူတစ်စု ၊ သူတို့ အကြောင်းပြမှာက တစ်နိုင်ငံလုံးမဲပေးပြီး သူတို့ကြံ့ဖွတ်ပါတီ အနိုင်ရတယ်လို့ကြေငြာမှာ အားလုံးသိပြီးသား ။ ဒါကိုဘဲ ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ လူထုကိုစည်းရုံးပြီး ထောက်ခံခိုင်း ပြောဆိုခိုင်း နေတာတော့ တကယ့်ကို မှားနေပြီဗျာ ။ကျွန်တော့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုအရေခွံလဲပွဲ ကို ၀င်တဲ့ ပါတီတော်တော် များများက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါတာကို အခွင့်ကာင်း တစ်ရပ်နေနဲ့ ယူဆပြီး ၀င်ရောက်ယှဉ်ပြိုင်ကြတာ ပါဘဲ ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရထားတဲ့ NLD သာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင် အခုဝင်တဲ့ပါတီ အားလုံး အပြတ်အသတ်ရှုံးမှာကို သူတို့ သိရှိနေကြလို့ပါဘဲ ။
ရွေးကောက်ပွဲ ကို မဲမပေးရင် ဘာဖြစ်လာနိုင်သလဲ ဆိုတာကို သေချာတွေး ကြည့်ကြရအောင် ။
သူတို့ လုပ်သမျှ ထောက်ခံပေးမယ့် သူရှိသလို့ သူတို့ရဲ့ အမှားတွေကို လက်မခံသူတွေ များစွာ ရှိနေသေးတယ်ဆိုတာကို သူတို့ သဘောပေါက် လာကြလိမ့်မယ်။
သူတို့လုပ်သမျှ ပြည်သူလူထုက ခေါင်းငုံ့ခံနေမှာ မဟုတ်ပါဘူး ဆိုတာကို သူတို့ သိရှိနားလည် လာကြလိမ့်မယ် ။
ဒါဆိုရင် ပြည်သူလူထု လက်ခံနိုင်မယ့် နည်းလမ်းတွေကို သူတို့ စဉ်းစားလာကြလိမ့်မယ်။
အမှန်တရားကို လက်ခံလိုသူတွေ များလာတာ ဟာ အမှားလုပ်သူတွေ အတွက်နေရာ မရှိပါဘူးဆိုတာ လက်တွေ့ပြကြဖို့ ဘယ်သူ့ကိုမှ မဲမပေးဘဲ ဥပက္ခာ ပြုထားလိုက်တာ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံး ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပြသတာပါဘဲ ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အရေခွံလဲပွဲကို လက်မခံကြပေမယ့် ရွေးကောက်ပွဲဆိုရင် တော့ လက်ခုပ်တီးပြီး အားပေးမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်တို့ ပြည်သူလူထု ကလည်း တရားမျှတမှုရှိပြီး ပြည်သူဆန္ဒ အစစ်အမှန် ဖော်ထုတ်နိုင်တဲ့ ရွေးကောက်ပွဲဆို ၀မ်းသာအားရ ကြိုဆိုကြမှာပါ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
0 နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော
မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။
အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ဝန်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။
ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။
(RFA)
Tuesday, August 24, 2010
0 ဂျပန်နိုင်ငံတွင်မကြာမှီပြသတော့မည့် အလွမ်းများနှင့်ဧရာဝတီဇာတ်ကား
၂၀၀၈ စက်တင်ဘာ လတွင် မြန်မာနိုင်ငံတွင် အသေအပျောက်များစွာဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းအခြေခံ
ဇာတ်ကား ကို ဂျပန်နိုင်ငံမှ ဒါရိုက်တာ သစ်သား၊တွဲဘက်ဒါရိုက်တာ အောင်လင်းနိုင် ၊ဇာတ်ကားထဲတွင်ပါဝင်
သရုပ်ဆောင်ခဲ့သော ဦးဝင်းရွှေ နှင့် ကိုထွန်းဝေ တို့ နှင့် ဒေါင်းမာန်ဟုန်မှတွေ့ ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
မေး။ ။ပထမဦးဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားအနေနဲ့ ဒီဇာတ်ကား ကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါလား?
ဖြေ။ ။(သစ်သား) ရိုက်ကူးရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းတွင်ရှိသော အနုပညာရှင် များဖန်တီး ရိုက်ကူးချင်ကြသောနာဂစ်မုန်တိုင်းအခြေခံဇာတ်ကားကိုကျွန်တော်တို့အနေနဲ့ဂျပန်နိုင်ငံရောက်ဝါသနာရှင်များနှင့် ပူးပေါင်းပြီးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
မေး။ ။ဘယ်လို ခံစားချက်နဲ့ ဒီဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာလဲ?
ဖြေ။ ။ဗမာပြည်ထဲမှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလဲမိဘမဲ့ဖြစ်ခဲ့ကြရတယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ ဟာ ဘေးကင်းရာကို ရောက်နေခဲ့ကြတယ်။ဒီလို ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ တွေအတွက်တခုခု ပေးဆပ်ချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီးတော့ တိုင်းသူပြည်သားတွေ ပူဆွေးနေတဲ့အချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေကတော့ ကူညီတာထောက်ပံ့တာတွေလုပ်ရမည့်အစား မိမိတို့ အာဏာတည်မြဲရေးအတွက်သာကြိုးပမ်းနေခဲ့တယ်။ဒါတွေကို ကမ္ဘာအရပ်ရပ်ကသိအောင်ဖော်ထုတ်လို တဲ့ဆန္ဒနဲ့ရိုက်ကူးရခြင်းဖြစ်တယ်။
မေး။ ။ အလွမ်းများနှင်ဧရာဝတီဇာတ်ကား မှာ တွဲဘက်ဒါရိုက်တာ နှင့် တည်းဖြတ် ကို တာဝန်ယူထားသူ တစ်ယောက်အနေနဲ့ ဒီဇာတ်ကားကိုဘယ်လို အခက်အခဲတွေကြားကနေ ရိုက်ကူးခဲ့ရတယ် ဖန်တီးခဲ့ရတယ်ဆို တာသိပါရစေ။
ဖြေ။ ။(အောင်လင်းနိုင်) ပထမဆုံး အနေနဲ့  Location အခက်အခဲပေါ့ ။ ကျွန်တော်တို့ က နေရာဒေသတစ်ခုရဲ့ အကြောင်းကို နောက်ခံထားပြီးရိုက်ကူးတဲ့အခါ မှာအဲဒီ ဒေသနဲ့ ပြောင်းပြန် အနေအထားမှာရှိတဲ့ နေရာမှာ ရိုက်ရတာဆိုတော့ (ဥပမာအားဖြင့် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာရိုက်ရတာဆိုတော့ နေရာအထားအသိုအခက်အခဲရှိပါတယ်။ နောက်ဒီဇာတ်ကားမှာ စက်ပိုင်းဆိုင်ရာ ပညာရှင် တွေမပါဝင်ဘူး။စက်ပိုင်းဆိုင်ရာ ပညာရှင်တွေမှာ အဓိကကတော့ camera man နဲ့ lighting ပိုင်းဆိုင်ရာပညာရှင်တွေ မပါဘူး။ဦးဌေးသစ်ရော ကျွန်တော်ပါ ပရော်ဖက်ရှင်နယ် ကင်မရာသမား မဟုတ်ဘူး။ အဲဒီအတွက် camera workတွေနားလည်ကောင်းနားလည်မယ်။ ဒါပေမဲ့ ကင်မရာ ပညာရှင်တစ်ယောက်ရဲ့ အယူအဆ အမြင်တွေတော့ မရနိုင်ဘူး။ရုပ်ရှင် ကားတွေရဲ့ အနှစ်သာရဖြစ်စေတဲ့ ကရိန်း ထရော်လီ စတာတွေမပါဝင်ဘူး။တကယ်တမ်း ဗီဒီယို ဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ် ရိုက်မယ်ဆိုရင်တော့ ဒါတွေ စနစ်တကျ သုံးဖို့ တော့လိုလိမ့်မယ်။နောက်တစ်ခုက အသံပိုင်းဆိုင်ရာ recording ကောင်းကောင်းမလုပ်နိုင်ဘူး။ ဒါကြောင့်မလိုအပ်တဲ့ noiseတွေပါနေလိမ့်မယ်။ဒါကိုdubbing(နောက်ခံတေးဂီတ)
နဲ့တတ်နိုင်သလောက်ဖိထားပါတယ်။အခက်အခဲတွေကတော့အများကြီးပေါ့..ဒါပေမဲ့အဲဒီအခက်အခဲတွေကြားကနေ အားလုံးဝိုင်းကူညီကြတဲ့အတွက် ဒီဇာတ်ကားလေးဖြစ်လာတာပါ။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ ဒီဇာတ်ကားမှာ ဘယ်character ကနေ သရုပ်ဆောင်ထားပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ) ကျွန်တော်က မြစ်ဝကျွန်းပေါ်ရွာလေးတစ်ရွာက ရှေ့ မီနောက်မီ ရွာသားတစ်ယောက်၊ရွာမှာ တပ်နဲ့ လက်ပါးစေကြံ့ဖွ့ံတွေနိုင်လိုမင်းထက်
လုပ်နေတာကိုမကျေနပ်တဲ့သူ၊သူတို့ ကိုပွင့်ပွင့်လင်းလင်းဆန့် ကျင်ရင်လည်း ကိုယ့်အန္တရာယ်ရှိတာကြောင့် အခွင့်ရရင်ရသလို ဆန့် ကျင်တဲ့ရွာသားတစ်ဦး
အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။
မေး။ ။ ဦးဝင်းရွှေအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့အခန်းတွေမှာ ဘယ်အခန်းကိုအားအရဆုံးဖြစ်မိပါသလဲ?
ဖြေ။ ။(ဦးဝင်းရွှေ)ကလေးငယ်တွေကို စာပေဗဟုသုတ သင်ပေးတဲ့အနေနဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်သင်ပေးတဲ့အခန်း ရယ် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း
ပြောပြတဲ့အခန်းနဲ့  လာမည့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ရွာသားသုံးယောက်ဆွေးနွေးတဲ့အခန်းတွေကို အားရပါတယ်။
မေး။ ။ ဒီဇာတ်ကားမှာ ကိုထွန်းဝေကတော့ ဘယ်အခန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသလဲ
ဖြေ။ ။(ကိုထွန်းဝေ) ဗမာပြည်မှာနာမည်ဆိုးနဲ့ ကြော်ကြားတဲ့ ကလေးစစ်သားစုဆောင်းရေးအတွက် ပြန်ပေးဆွဲတဲ့အခန်းမှာပါဝင်ခဲ့ပါတယ်။
မေး။ ။နောက်ဆုံးအနေနဲ့ ဒါရိုက်တာဦးသစ်သားက ဘာများ ပြောချင်ပါသလဲ?
ဖြေ။ ။ပြောချင်တာကတော့ စစ်အစိုးရ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီမတရားတဲ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထုက ဆန့် ကျင် တယ်ဆိုတဲ့အကြောင်း ကို မီးမောင်းထိုးပြထားပါတယ်။
videoနှင့်ကြော်ငြာပေးပို့သောကိုထွန်းဝေအားအထူးကျေးဇူးတင်ရှိပါသည်။
0 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးမဝေနှင်းပွင့်သုန်နှင့် ဘီဘီစီအင်တာဗျူး-ရုပ်/သံ
Waihnin Pwint Thon, leading campaigner and daughter of jailed 88 Generation Student leader Mya Aye, talks about Burma's upcoming elections on BBC World News
ဗီဒီယိုကြည့်ရန်ပုံလေးကိုနှိပ်ပေးပါ။
0 ၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
(မိုးမခ)မှ ကူးယူဖော်ပြပါသည်။ ။
ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။
ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။ ဒီလို …
ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။
နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။
ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။
ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။
မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။
အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …
ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။ စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။
အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။
သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။
ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။
ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။
ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။
ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။
ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။
ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။
ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။
ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။
ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Monday, August 23, 2010
0 “ကလေးစစ်သားဖြစ်ခဲ့ရသူ၊စစ်တပ်ကိုစွန်ခွာခဲ့သူတယောက်ရဲ့ရင်ဖွင့်စကားများ”
မိုးစက်(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)
မောင်ကျောင်းသား မေးမြန်းစာစီ ကူညီတင်ပြပေးပါသည် ။
(၁)
ဒီလိုဗျ..၊ ကျွန်တော်က နအဖတပ်မှာ ကလေးစစ်သားလဲဖြစ်ခဲ့ဘူးသလို ၊ ရေတပ်မှာ ( တပ်ကြပ်ရကာနီး )ဒုတပ်ကြပ်ဘ၀ထိဖြတ်သန်းလာခဲ့တဲ့ ၊ တပ်မှာနှစ်ကျော့ ပြန်စစ်သားဖြစ်ခဲ့တဲ့ တပ်မတော်သားဟောင်းတစ်ယောက်ပါ ၊ ကျွန်တော်ကြုံတွေခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေ ၊ နာကျည်းစရာတွေကို အများပြည်သူကို တင်ပြချင်တာကြောင့် ခုလို ရေးသားဖေါ်ပြလိုက်ရတာပါ ။
ကျွန်တော့နာမည်ရင်းက ဆန်းမင်းထွေး ပါ ၊ ဇာတိက ရန်ကုန် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ၁၃၃ ရပ်ကွက်ကပါ ၊ မိသားစု ဘ၀အခြေအနေကြောင့် ငါးတန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ၊ ကိုယ့်ဘ၀ကိုယ်ကျောင်းမှ အသက်ရှင်ရပ်တည်နိုင်မှာဖြစ်တာကြောင့် ၁၂ နှစ်သားအရွယ် ကလေးဘ၀နဲ့တင် စားပွဲထိုး ၊ ရပ်ကွက်ထဲ ရေရောင်း ၊ ဓါတ်ဆီဆိုင် စာအုပ်ထပ်ပေး ၊ ဈေးရောင်း ၊ ရေခဲထုတ်ရောင်း ၊ ဖရဲသီးစိတ်ရောင်း ဘ၀စုံအလုပ်စုံမှာ ဖြတ်သန်းကျင်လည်ခဲ့ရပါတယ် ။
၁၉၉၉ ခုနှစ် (အသက်၁၄နှစ်) မှာ ၊ ရထားပေါ်ဈေးလိုက်ရောင်းရာကနေ ၊ ရွှေညောင်ဘူတာအရောက် ရထားပေါ်ကအဆင်းမှာ အမြှောက်တပ်တခုက တပ်ကြပ် တစ်ယောက်က “ ညီလေး ..မင်းဘယ်ကလဲ”လာမေးပြီး ၊ ဈေးလှည့်ရောင်းနေသူတယောက်မှန်း လဲသိရော “ခုလိုပင်ပင်ပန်းပန်းလုပ်နေမဲ့အစား တပ်ထဲဝင်လိုက် ပါလားကွ ၊ မင်းဘ၀ပြောင်းလဲသွားမယ် ” ၊ တပ်မှာ အခွင့်အရေးတွေဘယ်လိုရှိတယ်ဆိုတာမျိုး ပြောပြီးစည်းရုံးလာပါတယ်၊ မလုပ်ချင်ပါဘူးငြင်းလိုက်တော့“မင်းမှာ မှတ်ပုံတင်မပါဘူးမလား ၊ မင်းကိုခုဖမ်းလိုက်လို့ရတယ် ၊ ထောင်ထဲရောက်သွားမယ်”ဆိုတာမျိုးတစစခြိမ်းခြေက်ပါတော့တယ် ၊ အဲဒိတုံးက ကလေးဆိုတော့ ကြောက်တာပေါ့ ၊ “အဖမ်းတော့မခံပါရစေနဲ့ ၊ စစ်ထဲဝင်ဆိုဝင်ပါ့မယ်”ဆိုပြီး သူခေါ်သွားရာနောက်လိုက်သွားဖြစ်ပါတယ် ။
တောင်ကြီးမြို့ကြိုးတံတားနားက စစ်သားစုဆောင်းရေးနေရာလေးတခုမှာ ကျွန်တော့ကိုထားသွားပါတယ် ၊ ရောင်းစားခဲ့တဲ့ သဘောမျိုးပါ ၊ စစ်သားစုပေးရင် ပေးတဲ့ (အဲဒီတုံးက ငွေဘယ်လောက်ပေးမှန်း ၊ ဆန်အိတ်ပေးမှန်းမသိသေးပါဘူး) ပိုက်ဆံတွေယူပြီး သူထွက်သွားပါတယ် ၊ ထောင်ကျသွားသလို ဘယ်မှလဲ မထွက်ရပဲကျန်နေခဲ့ပြီး တပါတ်လောက်နေမှ ကျန်တဲ့ စုဆောင်းခံထားရသူတွေနဲ့အတူ (စုစုပေါင်း ၇ ယောက်)ကို တပ်ကြပ်ကြီးတယောက်ဦးစီးပြီး မန္တလေးက စစ်သားစုဆောင်းရေးကို ပို့လိုက်ပါတယ် ၊ အမှန်က စုထားတာ ၉ ယောက်ပါ ၊ ၂ ယောက်က ကြားရက်မှာထွက်ပြေးသွားခဲ့တာပါ ။ အဲ့ဒီထဲမှာ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးအရွယ်တွေ ကျွန်တော်အပါဝင်၆ယောက်ရှိပါတယ် ၊ အသက်ပြည့်ပြီ်းတာ တစ်ယောက်ထဲပါ ပါတယ် ။
မန္တလေးစစ်သားစုဆောင်းရေးရောက်တော့ ကျွန်တော်ပိုပြီးဝမ်းနည်းသွားတယ် ၊ အရမ်းလဲလန့်သွားပါတယ်၊ အဲ့ဒိမှာစုထားတဲ့လူ အားလုံး၂၀၀၀ကျော်လောက် ရှိပါတယ် ၊ အဲ့ဒိထဲမှာအသက်မပြည့်ပဲစုဆောင်းခံရတဲ့လူက ပိုများပါတယ် ၊ ကျွန်တော်တို့ ရောက်သွားတော့ အဲ့ဒိကတာဝန်ခံအဆောင်မုးက စည်းကမ်းချက်တွေ ပြောပါတယ် ၊ အဓိက က ထွက်မပြေးဘို့ပါ ၊ ပြီးတော့ ထမင်းသွားစားခိုင်းပါတယ် ၊ ထ္မင်းစားဆောင်ရောက်တော့ အန်ချင်စိတ်ကို မနည်းမျိုသိပ် ထားရတယ် ၊ ကျွန်တော့်အတွက်တော့ အရှင်လပ်လပ် ငရဲခန်းထဲရောက်နေသလိုပါပဲ၊ ထ္မင်းက လုံးတီးဆန်၊ ၀က်စာလို နီရဲပျော့ပြဲပြီး တူးစော်ကလဲနံ ၊ မနပ်တဲ့ ဟာကမနပ်ဘူး၊ ဟင်းကျတော့လဲ မုံညင်းရွက်ရေလုံပြုပ်မှာ တီကောင်ကပါလာသေးတယ် ၊ ငါးခြောက်လေး၂ကောင်နဲ့ကျွေးတယ် ၊ အဲ့ဒိထက်ဆိုးတာက အိပ်ဆောင်ပြန်ရောက် တော့ ဂျပိုးမွေ့ရာ ခြင်ပန်ကာနဲ့အိပ်ရမယ်လိုပြောကြတယ် ၊ ဘာကိုဆိုလိုမှန်းမသိဘူး ၊ ညကျမှ အဖြေပေါ်တယ် ၊ ကြမ်းပြင်ကဂျပိုးကကိုက် အပေါ်က ခြင်ကကိုက်နဲ့ တညလုံးကောင်းကောင်း အိပ်မရပဲမိုးစင်စင်လင်းခဲ့ရတယ် ၊ ပိုဆိုးတာက အပေါ့အပါးသွားချင်ရင်တောင်နေ့ဘက်ဆို အပေါ်အကျီချွတ်ပြီး ဘောင်းဘီတိုလေးနဲ့ သွားရတယ် ၊ ညဘက်ဆိုရင် တကိုယ်လုံးချွတ်ပြီ်း သွားရတယ် ၊ ထွက်ပြေးမှာစိုးလို့ အချုပ်သားတွေလိုလုပ်ထားတာပါ ၊ အရင်ရောက်နှင့်တဲ့ အရွယ်ခပ်ကြီးကြီးတွေ ကို ၀ါးရင်းတုတ်နဲ့ကင်းစောင့်ခိုင်းထားပြီး အိမ်သာသွားရင်နောက်ကလိုက်ခိုင်း ထားသလို ရိုက်ခွင့်လဲပေးထားပါတယ် ။
စုဆောင်းရေးမှာနှစ်ရက်နေပြီးတော့ ပထမဆုံးစလုပ်ရတာက ပုဇွန်ကန်တူးရတာပါ ၊ လူတယောက်ကိုတကျင်း(ဆယ်ပေပတ်လည်တစ်ပေအနက်)တူးရပါတယ် ၊ မပြီးရင်မပြန်ရပါဘူး ၊ ပြီးမှကိုပြန်ရတာပါ ၊ ၁၃နှစ်၁၄နှစ်ကလေးတွေကို အရွယ်နဲ့မမျှတဲ့အလုပ်တွေခိုင်းတာများ ၊ ရုပ်ရှင်တွေထဲက ဖက်စစ်တွေချွေးတပ်ဆွဲခိုင်း တာကျနေတာပါပဲ ၊ အရွယ်နဲနဲကြီးတဲ့သူတွေကလုပ်နိုင်ပြီး စောစောပြန်ရကြတော့ ပြန်သွားပြီးစားသောက်ထားနှင့်တာမှာ ကျွန်တော်တို့လိုမလုပ်နိုင်မကိုင်နိုင်လို့ ညနေခြောက်နာရီကျော်မှပြီးတဲ့သူတွေ ပြန်ရောက်တော့ စားစရာဟင်းမရှိတော့ပါဘူး ၊ ထမင်းနဲ့ ငါးပိရေကြဲကိုပဲစားရပါတော့တယ် ။
အဲဒီလို ပုဇွန်ကန်တူး ၊ အဆောက်အဦးဆောက် ၊ ရေမြောင်းဖေါ် ၊ သစ်ပင်ခုတ် ၊ ခြုံရှင်း အလုပ်မျိုးစုံတလလောက် ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရှမ်းပြည်မြောက်ပိုင်းက တိုင်းဗိုလ်(၈)လေ့ကျင့်ရေးတပ် ၊ နမ့်စံရေကျ ဆိုတာကို သင်တန်းတသုတ်စာလူ၂၄၀ ပို့တာမှာ ပါသွားပါတော့တယ် ၊ ရောက်တာနဲ့ စစ်တပ်လုပ်နည်းလုပ်ဟန် တွေအတိုင်း အရပ်တိုင်း ပေါင်ချိန်လုပ်ပါတယ် ၊ ထောက်၂၅ ပစ္စည်းခေါ်တဲ့ စစ်ဝတ်တန်စာထုတ်ပေးပါတယ် ၊ နောက်နေ့မှာ သင်တန်းဖွင့်ပွဲလုပ်ပြီး စစ်သင်တန်း တွေ စတက်ရပါတော့တယ် ၊ မနက်ဆိုလေးနာရီခွဲထရပြီး ငါးနာရီထိုးမှာတန်းစီရပါတယ် ၊ တန်းစီချိန်မှာ နောက်ဆုံးတန်းစီသူ ၉ ယောက်က အပြစ်တခုခုပုံမှန်ပေး ခံရပါတယ် ၊ တနေကုန်မှာ ထမင်းစားချိန်တွေမှာ တစ်နာရီလောက်ပဲနားရပြီး အချိန်ပြည့်သင်တန်းတက်နေရတာပါ ၊ သင်နေစဉ် မိနစ်၄၀ လောက်မှာတခါ ၅မိနစ် ပေးနားတာမျိုးတော့ရှိပါတယ် ၊ ညနေ ၄နာရီမှာ သင်တန်းပြီးပြီး ၅နာရီထိလုပ်အားပေးဆိုပြီး မြောင်းပေါက် ၊ ထင်းခွဲ ၊ စိုက်ခင်းရေလောင်းအလုပ်တွေ လုပ် ရပါတယ် ၊ စနေတနင်္ဂနွေသင်တန်းပိတ်ရက်တွေမှာတော့ တနေကုန်လို လုပ်အားပေးရပါတော့တယ် ၊ တောင်ပေါ်ပြောင်းခင်းတွေကနေ ပြောင်းဖူးအိတ်တွေကို ထမ်းချရပါတယ် ၊ နွားလှည်းမှာ ပြောင်းဖူးအိတ်တွေတင်ပြီး နွားမဟုတ်ပဲ သင်တန်းသားရဲဘော်တွေနဲ့ ၀ိုင်းဆွဲခိုင်းတာမျိုးတွေလဲရှိပါတယ် ၊ ညနေစာစားပြီးလို့လဲ အနားမရပါဘူး ၊ ညပိုင်း ၇ နာရီကနေ ၁၀နာရီထိုးတဲ့အထိ ပြောင်းဖူးတွေကိုအခွံခွာရပါတယ် ၊ တပ်မတော်သားလို့မဖြစ်ခင် သင်တန်းသားဘ၀မှာထဲက နိုင်ငံနဲ့ လူမျိုးအတွက်မဟုတ်ပဲ တပ်ကအရာရှိတွေရဲ့အကျိုးစီးပွားအတွက် အဲဒီလို မတရားခိုင်းစေခံရမှုတွေရှိခဲ့တာပါ ။
ကျောက်ခဲရေညှစ်ဆိုသလို အတင်းအကြပ်ခိုင်းစေမှုတွေကြောင့် ဒါဏ်မခံနိုင်သူတွေ ထွက်ပြေးကြပါတယ် ၊ ပြန်မိလာတဲ့အခါ သင်တန်းမှုးအရာရှိကနေစပြီး သင်တန်းအရာခံဗိုလ် ၊ သင်တန်းဆရာတွေအဆင့်ဆင့်က သေလောက်အောင် ပုံနေအောင်ရိုက်ပါတယ် ၊ ပြီးရင် တန်းစီကွင်းမှာ သင်တန်းသားအားလုံးကို တန်းစီ ခိုင်းပြီး ထွက်ပြေးတဲ့သူကို အားကောင်းမောင်းသန်၂ယောက်ကို လက်တွေခြေတွေကိုကိုင် မှောက်ပေးခိုင်းထားပြီး သင်တန်းသားတွေအလှည့်ကျ တယောက် တချက်စီရိုက်ရပါတယ် ၊ ရဲဘော်ချင်းမို့ညှာတာစိတ်နဲ့ အားမပါပဲရီုက်မိတဲ့သူကို ပြန်မှောက်ခိုင်းပြီး ဒီလိုနာအောင်ရိုက်ရတယ်ကွလို့ ရိုက်ပြပါတယ် ၊ ပြီးရင် ထမင်း စားဆောင်နားကမြေပြင်မှာ ထိပ်တုံးခတ်ပြီး တပါတ်ဆယ်ရက်ထားပါတယ် ၊ အရိုက်ခံရတယ်ဆိုတာမှာ ပြေးသူရဲ့တပ်စိတ်တပ်စုကရဲဘော်တွေပါ အရိုက်ခံ ကြရတာပါ ၊ အဲဒီလို ကြောက်နေအောင် ညှင်းပန်းနှိပ်စက်မှုတွေနဲ့လည်း ထွက်မပြေးရဲအောင်လုပ်ထားပါတယ် ။ အိမ်တွေကိုခိုးဆက်သွယ်လို့ မိဘတွေလိုက်လာ တဲ့အခါ ငွေတောင်းသလောက်ပေးနိုင်တဲ့သူတွေကတော့ မိဘတွေနဲ့တွေ့ခွင့်ရသလို တချို့ပြန်တောင်ပါသွားကြပါတယ် ၊ ငွေမပေးနိုင်ရင်တော့ တွေ့ခွင့်တောင် မပေးပါဘူး ။
ကျွန်တော်တို့သင်တန်းက ၄/၂၀၀၀ ပါ ၊ သင်တန်းမဆင်းခင်တလလောက်အလိုမှာ ကိုယ်ပိုင်နံပါတ်ကျပါတယ် ၊ ကျွန်တော့ကိုယ်ပိုင်နံပါတ်က တ/၁၄၇၈၃၇ ပါ ။ သင်တန်းကာလ စုစုပေါင်းလေးလခွဲအပြီးမှာတော့ သင်တန်းဆင်းရပါတယ်၊ ပြီးတော့ ခမရ (၅၀၆)သီပေါ-နမ့်မလိုင်အပိုင်ကိုပို့လိုက်ပါတယ် ၊ ရောက်ရောက်ချင်း တပ်ရင်းမှာ လုပ်အားပေးလိုက် ၊ ကင်းစောင့်လိုက်နေရပြီး နှစ်လလောက်နေတော့ ကျောက်မဲကို ဒုတပ်ကြပ်တစ်ယောက် ၊ ကျွန်တော်တို့ရဲဘော်သုံးယောက် ၊ တိုက်/စည်းသင်တန်း တစ်လသွားတက်ရပါတယ် ၊ သင်တန်းကပြန်ရောက်ပြီး တပါတ်မှာပဲရှေ့တန်းပါသွားပါတော့တယ် ။
ရှေ့တန်းပါသွားချိန်မှာ ကျွန်တော့အသက်က ၁၅ နှစ်ပဲရှိသေးပါတယ် ၊ ရွက်ဆစ်အဖွဲ့တွေနဲ့တိုက်ရပါတယ် ၊ MA1သေနတ်တစ်လက်၊ကျည်၂၄၀ ၊ ခေါက်ပေါက်တူး တစ်လက် ၊ ဓါးမတစ်ချောင်း နဲ့ ရိက္ခာတစ်ပါတ်စာကိုသယ်ပိုးရပါတယ် ၊ တစ်တောဝင်တစ်တောင်တက် မနိုင်ဝန်ထမ်းပြီးသွားနေရလို့ ပင်ပန်းလာလွန်းတော့ သတ်ချင်လဲသတ်လိုက်ပါတော့ဆိုပြီး ပစ်လှဲနေတာမှာ စစ်ကြောင်းမှုး ဗိုလ်ကြီးရဲ့ထိုးကြိတ်ကန်ကျောက်တာခံရပါတယ် ၊ တပ်စိတ်တစ်စိတ်ထဲက အကြီးတွေက ၀ိုင်းကူသယ် တွဲခေါ်လုပ်ကြပါတယ် ၊ ရှေ့တန်းမှာသုံးလလောက်နေပြီး ငှက်ဖျားဖြစ်လာတော့ တပ်ကိုပြန်ပို့လိုက်ပါတယ် ။ နောက်တန်းတပ်ရင်းပြန်ရောက်ပြီး ဆေးကုရင်း နှစ်လလောက်အကြာမှာ ပထမအကြိမ်ထွက်ပြေးခဲ့ပါတော့တယ် ။
(၂)
တပ်ကနေသီပေါ ၊ သီပေါကကနေမန္တလေး ရထားစီးပြီးထွက်ပြေးခဲ့ပါတယ် ၊ မန္တလေးဘူတာမှာ တောင်းစားနေတဲ့အဖိုးအဖွားနှစ်ယောက်က သနားလို့ကျွေးတဲ့ ထမင်းတောင်စားခဲ့ရပါသေးတယ် ၊ ပြီးတော့ ရန်ကုန်ရထားစီးပြန်ခဲ့တာမှာ တောင်ငူဘူတာနားရောက်တော့ လက်မှတ်စစ်ခံရပါတယ် ၊ လက်မှတ်မရှိတော့ ဖမ်းထားပြီး တောင်ငူဘူတာရောက်တဲ့အခါ ရုံပိုင်ကြီးရုံးခန်းကိုခေါ်သွားပါတယ် ၊ ရုံပိုင်ကြီးက ဘူတာထဲမှာသန့်ရှင်းရေးလုပ်ခိုင်းပါတယ် ၊ ပြီးတော့ ဆုံးမစကား ပြောပြီးပြန်လွှတ်လိုက်ပါတယ် ။
ဘူတာထဲမှာ ရထားစောင့်နေတုန်း လူကြိးတယောက်ရောက်လာပြီး ကောင်လေးမင်းအလုပ်လုပ်မလားလာမေးပါတယ် ၊ ဘာအလုပ်လဲဆိုတော့ ကွမ်းသီးကောက် ရမှာ တခြင်း၂၀၀ ရမယ်တဲ့ ၊ ဆယ်ရက်လောက်လုပ်ပြီး ပိုက်ဆံစုပြီးမှပြန်ရင်ကောင်းမယ်ဆိုပြီး လိုက်သွားပါတယ် ၊ တောင်ငူမြို့တနေရာရောက်တော့ အိမ်တအိမ် မှာဝင်ပြီး ဒီမှာတယောက်ခေါ်လာပြီဆိုပြီးပြောပါတယ် ၊ အဲဒီကမိန်းမကြီးတယောက်က ကျွန်တော့ကိုကြည့်ပြီး ဖြစ်ပါ့မလားပြောပါတယ် ၊ ကျွန်တော်ကလဲ ကွမ်း သီးကောက်တာကိုပြောတာမှတ်ပြီး ကျွန်တော်လုပ်နိုင်ပါတယ်လို့ပြောလိုက်တော့ ၀ိုင်းရီကြပါတယ် ၊ အေး မင်းလုပ်နိုင်ဘို့အဓိကပဲ ၊ ခုတော့သွားနားနေလိုက်ဦး ဆိုပြီး အခန်းတခုထဲကိုခေါ်သွားပါတယ် ၊ ကျွန်တော့ကိုခေါ်လာတဲ့သူကို ငွေတချို့ပေးပြီး နောက်လဲဒီလိုအချဉ်လေးတွေများများခေါ်ခဲ့ဘို့မှာတာကြားရတော့ ကျွန်တော့စိတ်ထဲဘ၀င်မကျဖြစ်သွားပါတယ် ၊ အခန်းထဲမှာ ကျွန်တော်နဲ့ရွယ်တူလေးတွေကနေ အသက်၃၅/၄၀လောက်ထိ အရွယ်စုံ လူ၂၀လောက်ရှိနေပါတယ် ၊ အဲဒီထဲကတယောက်က ကျွန်တော့ကိုနေရာပေးပါတယ် ၊ အပေါ့ပါးသွားဘို့နေရာပြပေးပါတယ် ၊ ကျွန်တော်က သူတို့ကို အကိုတို့ကွမ်းသီးကောက်တာ တနေ့ ဘယ်လောက်ဘိုးကောက်ရလဲဗျ ၊ မေးကြည့်တော့ ငါတို့ကကွမ်းသီးကောက်ရတာမဟုတ်ဘူး၊ပေါ်တာမိထားတာတဲ့ ၊ မင်းပြီးတော့သိမှာပါတဲ့ ၊ ဟာ .. ဘယ်လို ဖြစ်တာလဲ ကျွန်တော် တော်တော်အံ့သြသွားတယ် ၊ ထမင်းစားချိန်အပြင်ထွက်လာဘို့ခေါ်တော့ ကျွန်တော်ပြောလိုက်တယ် ၊ ကျွန်တော်မလုပ်တော့ဘူး ၊ ပြန် တော့မယ်ဆိုတော့ ဗလကောင်းကောင်းအိမ်ရှင်ယောက်ကျားတယောက်က ကျွန်တော့မျက်နှာကိုလက်သီးနဲ့ထိုးပြီး အေး မင်းအခုဒါဘာလဲသိပြီမဟုတ်လား ၊ ဒီမှာ အ၀င်ပဲရှိတယ် ၊ အထွက်မရှိဘူးကွ ၊ မင်းတို့ထက်မိုက်လို့ဒီအလုပ် လုပ်စားနေတာ ၊ ထွက်ပြေးရင်သေဘို့သာပြင်ထားဆိုပြီး အခန်းထဲပြန်ထည့်ပိတ်ထားပါတယ် ၊ ထမင်းလဲမကြွေးတော့ပါဘူး ၊ ကျွန်တော်လဲကြောက်တော့ ဘာမှမပြောရဲဘူး ၊ ကျန်တဲ့အကြီးတွေတောင် ငြိမ်နေကြတာကိုး ၊ ဘာလဲဗျာ .. ဗမာပြည်မှာ ဥပဒေမရှိတော့ဘူးလား ၊ အတင်းအဓမ္မစစ်သားစုဆောင်းတာလဲခံရ ၊ ပေါ်တာဆွဲတာလဲခံရနဲ့ ၊ လွတ်လပ်ရေးရပြီးတဲ့နိုင်ငံမှ ဟုတ်ရဲ့ လားဗျာ ။
အဲဒီလိုနဲ့ ညနေသုံးနာရီလောက်မှာ ကျွန်တော်တို့ကို ဟိုင်းလတ်ကားတစီးပေါ်တင်ပြီး ကရင်ပြည်နယ် ဘောကလိဆိုတဲ့နေရာကိုခေါ်သွားပါတယ် ၊ အဲဒီမှာစစ်တပ် လဲရှိနေပြီး ကျွန်တော်တို့ကို စစ်တပ်စခန်းချတဲ့စေတီကြီးတစ်ဆူဘေးက အိမ်ကြီးမှာထားပါတယ် ၊ အဲဒီမှာ ကျွန်တော်တို့အရင် အရွယ်စုံလူလေးဆယ်လောက် ရောက်နှင့်နေပါတယ် ၊ အဲဒီမှာ အိပ်ရင်လဲမြေကြီးပေါ်ကိုယ့်ပုဆိုးကိုယ်ခြုံအိပ် ၊ စားတော့လဲဖက်ပေါ်ပုံစားပါပဲ ၊ အပေါ့အလေးတောင် စဥ့်အိုးကြီးနှစ်လုံးထားပေး ထားပါတယ် ၊ အငယ်တွေထဲက အလှည့်ကျသွန်ရပါတယ် ၊ တရက်ကျတော့ တယောက်ကိုဆန်နှစ်ပြည်စီသယ်ပြီး စစ်တပ်စခန်းချတဲ့ဆီသွားရပါတယ် ၊ ကျွန်တော် တို့ကိုထား ထားတဲ့အိမ်ရှင်နဲ့ ဗိုလ်ကြီးတယောက်နဲ့ အပြန်လှန်စကားပြောကြပြီး ကျွန်တော်တို့က စစ်တပ်ထဲမှာနေခဲ့ကြရပါတော့တယ်။
ညသန်းခေါင်ကျတော့ ကျွန်တော်တို့ကိုနှစ်ယောက်စီတွဲခိုင်းပြီး လက်တဘက်စီတွဲလျက်ကြိုးတုပ်ပါတယ် ၊ ထွက်ပြေးရင်ပစ်သတ်မယ်ပြောပါတယ် ၊ ဗိုလ်ကြီးကိုယ် တိုင်က သူ့ရဲဘော်တွေကိုထွက်ပြေးတဲ့ကောင်ပစ်သတ်လို့ တခါထဲအမိန့်ပေးလိုက်တာပါ ၊ ပြီးတော့သယ်ရမဲ့ လက်နက်ကြီးကျည်တွေ ၊ ကျည်ဆံတွေ ၊ ရိက္ခာထုတ် တွေ ၊ ဝေပေးပါတယ် ၊ ပြီးတော့ စစ်ကြောင်းနဲ့အတူ ညဖက်ကြီးပဲ ခရီးထွက်ရပါတော့တယ် ။
ငှက်ဖျားပျောက်ကာစမှာတပ်ကထွက်ပြေးလာခဲ့တဲ့ကျွန်တော် တပ်သားတုန်းကထက်ပိုတဲ့ အလေးအပင်တွေထမ်းပိုးပြီး တတောင်ဆင်းတတောင်တက်မှာ သုံးရက် မြောက်လဲကျရော ခနခနလဲတော့တာပါပဲ ၊ ချော်လဲလို့မထနိုင်ရတဲ့အထဲ ငါကိုင်တုပ်ဆဲပြီး သေနတ်ဒင်နဲ့ထုတာ စစ်ဖိနပ်နဲ့ကန်တာကိုပါထပ်ခံရပါတယ် ၊ တောင်း ပန်လို့လဲမရပါဘူး ၊ ငါ-ိုးမသား တွေ , မင်းတို့ကိုခေါ်ခိုင်းထားတာ ပိုက်ဆံပေးထားရတယ်ကွ ၊ အလကားခေါ်တာမဟုတ်ဘူး ၊ မင်းတို့တန်ရာတန်ကြေးပြန်ပေး ရမယ်တဲ့ ၊ အလိုလိုနေရင်း ငွေဝယ်ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀ ပြန်တွေးလိုက်တိုင်းစိတ်နာစရာပါဗျာ ။
ဆယ်ရက်လောက်သွားနေရပြီးမှ တောထဲမှာထိုင်ထားတဲ့ ဗျူဟာစခန်းတခုကိုရောက်ပါတယ် ၊ အဲဒီမှာတညအိပ်ရပြီး နောက်နေ့မနက်မှာ နောက်တန်းပြန်မဲ့ စစ် ကြောင်းနဲ့ ကျွန်တော်တို့ကိုပြန်ထည့်ပေးလိုက်ပါတယ် ၊ အပြန်လမ်းမှာ ကျွန်တော်ငှက်ဖျားပြန်ထလာပြီး လမ်းဆက်မလျှောက်နိုင်ဖြစ်ပါတယ် ၊ စစ်သား တယောက် က ခရီးကြာတယ် ၊ မသွားနိုင်ရင်ပစ်သတ်လိုက်လို့ပြောပါတယ် ၊ စစ်သားတယောက်ကမျက်နှာကို သေနတ်နဲ့ချိန်ပြီး အသေခံနေခဲ့မလား ၊ ဆက်လိုက်မလား မေးပါတယ် ၊ ကျွန်တော်တကယ်မလျှောက်နိုင်တာပါဆရာရယ်ပြောတာကို ရင်ဝဆောင့်ကန်လိုက်ပါတယ် ၊ အတူပါတဲ့ ဘ၀တူနှစ်ယောက်က “သူတကယ်ဖျားနေ တာပါဆရာ ၊ ကျွန်တော်တို့တွဲခေါ်ပါ့မယ် ”ဆိုမှ အေး ၊ ဒါဆိုလဲ ခရီးမဖင့်စေနဲ့ ၊ မဟုတ်ရင်ဒီကောင့်ကိုသတ်မိလိမ့်မယ် ဆိုပြီးထွက်သွားပါတယ် ။
လမ်းမှာတစ်ရက်ပြီးတစ်ရက် တောင်တစ်တောင်ပြီးတစ်တောင်ဖြတ်သန်းပြီး ကျွန်တော်လည်းသတိရတစ်ချက်မရတစ်ချက်နဲ့ စစ်တပ်စခန်းချရာ ဗောကလိကို ပြန်ရောက်ခဲ့ပါတယ် ။ ကျွန်တော်တို့အရင်နေခဲ့ရတဲ့ ဂိုထောင်လိုအိမ်ကြီးထဲမှာပဲပြန်နေရပါတယ် ၊ အဲဒီအိမ်မှာ စစ်တပ်မှာသုံးတဲ့ ပယ်ဒီဇင်းခေါ်တဲ့ ငှက်ဖျား ဆေးတွေတိုက်ပါတယ်၊သုံးရက်လောက်နေပြီး ကျွန်တော်နဲနဲသက်သာလာတော့ ဒီကောင် ဒီခန္ဓာကိုယ်ဒီကျန်းမာရေးနဲ့အလုပ်မဖြစ်ပါဘူး၊ ပြန်သာလွှတ်လိုက်ပါလို့ စစ်ဗိုလ်တယောက်ကပြောတာကြောင့် အိမ်ရှင်ကသူ့သားနှစ်ယောက်ကို တောင်ငူဘူတာလိုက်ပို့ခိုင်းပြီး ပိုက်ဆံငါးရာပေးရထားပေါ်တင်လွှတ်လိုက်ပါတယ် ၊ ကျွန်တော်လဲ ရထားပေါ်ရောက်တာနဲ့ စိတ်ဒုံးဒုံးချအိပ်လိုက်တာ ရန်ကုန်ရောက်လို့သူများနှိုးမှပဲ နိုးပါတော့တယ် ၊ ဒီလိုနဲ့ သေအံ့မူးမူးအခြေနေဆိုးတွေကနေ လွတ်မြောက် အိမ်တခေါက်ပြန်ရောက်ခဲ့ပါတော့တယ် ။
(၃)
အိမ်ပြန်ရောက်သွားတော့ ကျွန်တော့အိမ်မှာ ကျွန်တော့မိသားစုမဟုတ်သူတွေနေ နေကြတယ် ၊ ကျွန်တော့မိသားစုက ပြောင်းသွားပြီလေ ၊ ဘယ်ပြောင်းသွားလဲ မသိကြဘူးတဲ့ ၊ ကျွန်တော်လဲ အဖေဖွင့်ထားတဲ့ တောင်ဥက္ကလာက လမ်းဘေးကွမ်းယာဆိုင်လေးကို သွားလိုက်တယ် ၊ အဖေ့ဆိုင်ရောက်တော့ ကျွန်တော့ကိုကြည့် ပြိး အဖေမမှတ်မိဘူး ၊ အိမ်နဲ့ဝေးကွာသွားခဲ့ရတဲ့ တနှစ်ဆိုတဲ့ကာလမှာ ကျွန်တော့ရုပ်တော်တော်ပြောင်းသွားခဲ့တာကိုး ၊ “အဖေ” လို့ ကျွန်တော်ခေါ်လိုက်မှ သေချာစူးစိုက်ကြည့်ပြီးမှတ်မိသွားတယ်ထင်တယ် ၊ ဆိုင်ပြင်ထွက်လာပြိး “ ဟာ..သားကြီး ၊ မင်းဘယ်လိုဖြစ်လာတာလဲ ၊ အဖေတို့စိတ်ပူနေတာကွ ၊ မင်းဈေးရောင်းသွားပြီးပြန်မလာတာ ၊ သတင်းလဲမကြား ဘယ်စုံစမ်းရမှန်းလဲမသိနဲ့ မင်းအမေဆို နေ့ရှိသရွေ့မင်းအတွက်မျက်ရည်ကျနေတာ ၊ ညညလဲမအိပ်ဘူး၊ မင်းပုံစံကလူနဲ့တောင်မတူဘူး ၊ မင်းဘယ်တွေသွားပြီးဘာတွေဖြစ်လာတာလဲ၊အဖေ့ကိုပြောစမ်း” ဆိုတော့ ကျွန်တော်လဲဖြစ်ခဲ့တာအလုံးစုံ အဖေ့ကိုပြောပြပါတယ်။
အဖေက တောက်ခေါက်ပြီး “လူမဆန်လိုက်တာကွာ ၊ အေးလေ ..ပြီးခဲ့တာပြီးပြီပေါ့ ၊ သူတို့အုပ်ချုပ်နေတာပဲ ၊ ဥပဒေရှိတာမှမဟုတ်တာ ၊ ဘယ်မှလဲတိုင်ရတာမှ မဟုတ်ပဲ ၊ ငါ့သားနေပြန်ကောင်းလာအောင်သာကြိုးစား ၊ မင်းပုံကအားမရှိဘူး ၊ အစားတခုခုစားလိုက်ဦး”ဆိုပြီး လ္ဘက်ရည်နဲ့မုန့်မှာကျွေးပါတယ် ၊ ဒါပေမဲ့ ကျွန်တော့ဝမ်းက အစာလက်မခံပါဘူး ၊ စားတာတွေအကုန်ပြန်အံပါတယ် ၊ အဖေက သားဘယ်လိုဖြစ်တာလဲ ၊ ဖြည်းဖြည်းချင်းကုန်အောင်စားလိုက်လေတဲ့ ၊့  သားဘယ်လိုမှမစားနိုင်ပါဘူးအဖေရယ်ဆိုတော့ မဖြစ်သေးပါဘူး ၊ ဆေးခန်းပြမှပါဆိုပြိး ဆိုင်ပိတ် ဆိုက္ကားငှားပြီးကျွန်တော့ကို အိမ်ခေါ်သွားပါတယ် ၊ အဖေက အိမ်ရှေ့ကနေ အမေ့ကို ဟေ့ဒီမှာ ဘယ်သူပြန်ပါလာလဲလာကြည့်ပါဦးကွ ၊ ဒီမှာလာကြိုပါဦးဆိုတော့ အမေပြေးထွက်လာပြီး အကြာကြီးကြောင်ကြည့်နေပါတယ် ၊ ပြီးတော့ကျွန်တော့ကိုဖက်ပြိး ချုန်းပွဲချငိုတော့တာပါပဲ ၊ အဖေက ကဲပါကွာ..မင်းသားပြန်ရောက်လာပြီပဲ ၊ငိုမနေပါနဲ့တော့ ၊ ကလေးလဲဖျားလာတာ နားပါစေဦး ၊ ငါအပြင်သွားလိုက်ဦးမယ် တဲ့ ၊ အမေက အရိုးပေါ်အရေတင်ဖြစ်နေတဲ့ကျွန်တော့ကိုယ်ကို ရေအေးနဲ့ရေနွေးစပ်ပြီး ရေပါတ်တိုက်ပေးအ၀တ်လဲပေးလုပ်ပေးပြီး နားနေခိုင်းပါတယ် ၊ ညနေအဖေပြန်လာတော့ ပိုက်ဆံနဲနဲပါလာပြီး အမေ့ကို ရော့ ကလေးကိုဆေးခန်းသွားပြပေးလိုက်တဲ့ ၊ ငါဆိုင်ပြန်ထွက်မှပါဆိုပြိး ပြန်ထွက်သွားပါတယ် ။
အမေကဆိုက္ကားတစ်စီးငှားပြီး ကျွန်တော့ကိုဆေးခန်းလိုက်ပို့ပေးပါတယ် ၊ ဆရာဝန်ကိုဖြစ်ကြောင်းရယ်ကုန်စင်ပြောပြပြီးတဲ့အခါ ၊ ဆရာဝန်ကလဲစမ်းသပ်ပြီးတဲ့အခါ အမေ့မှာပါတဲ့ပိုက်ဆံလေးနဲ့မလောက်အောင် ကုန်ကျမှာဖြစ်နေပါတယ် ၊ သနားတတ်တဲ့ဆရာဝန်မို့ ပါသလောက်ပဲယူပြီး ဆေးထိုးပေး သောက်ဆေးတွေပေး လုပ်ပါတယ် ၊ ဒီလိုနဲ့ ဆေးခန်းတွေပြောင်း ဆရာဝန်အများကြီးကိုအသနားခံလုပ်ပြီး သုံးလေးလနေတော့မှ ပြန်ကျန်းမာပါတယ် ၊ နဲနဲလေးပြန်ကောင်းလာတာနဲ့ ဆေးကုဘို့တင်ခဲ့တဲ့ကြွေးတွေအတွက် ၊ မိသားစုအတွက် အလုပ်ပြန်လုပ်ရပါတော့တယ် ။
ပထမတော့ ရပ်ကွက်ထဲကမုန့်လုပ်တဲ့အိမ်မှာ လခစားဝင်လုပ်ရင်း ညဘက်ကိုဆိုက္ကားနင်းပါတယ် ၊ နောက်ပိုင်းတော့ဆိုက္ကားပဲတနေကုန်နင်းပါတော့တယ် ၊ ကိုယ်ဘာသာ ဆိုက္ကားလေးရိုးသားစွာနင်းစားနေတော့လဲ သူတို့နဲ့မလွတ်ပါဘူး ၊ ရဲက သတင်းပေးလုပ်ပေးရမယ် လုပ်လာပါတယ် ၊ ဆိုက္ကားနင်းရင်း ပြေးလေးပြေး သတင်း ၊ မူးယစ်ဆေးဝါးသတင်း ၊ နိုင်ငံရေးလုပ်သူများသတင်း ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းကစားဒိုင်သတင်း ၊ ဘာပဲဖြစ်ဖြစ် ဆိုက္ကားနင်းရင်း ရတဲ့သတင်းစု ပေးဘို့ခိုင်းတာပါပဲ ၊ တနေ့ ရ၀တဥက္ကဌကလှမ်းခေါ်ပြီး ရပ်ကွက်အရံမီးသတ်လုပ်ဘို့ပြောပါတယ် ၊ “မလုပ်ချင်ပါဘူးဥက္ကဌရယ်” ပြောတာမရပါဘူး ၊ “မင်းအတွက် လဲအဆင်ပြေစေရမှာပါကွ”ဆိုပြီးအတင်းပြောနေတာနဲ့ မလုပ်လဲရမှာမဟုတ်တာကြောင့် ရပ်ကွက်အရံမီးသတ်ဖြစ်ခဲ့ရပြန်ပါတယ် ။
အဲဒီမှာ ဒုက္ခရောက်ရပြန်တာပါပဲ ၊ ကိုယ့်မိသားစုအလုပ်ကိုယ်မလုပ်ရတော့ပဲ မီးစစ် ၊ ဧည့်စာရင်းစစ် ၊ ဘာလုံခြုံရေးတာဝန်မှန်းမသိတာတွေလုပ် ၊ ရဲတွေနဲ့ လှည့်ကင်းလိုက် ၊ သန့်ရှင်းရေး ၊ လုပ်အားပေးဆိုတာတွေလဲပါသေး ၊ နေ့တိုင်း ရဲကင်းမှုးတပ်ကြပ်ကြီးခိုင်းတဲ့ အရက်ဆိုင် ၊ ဓါတ်ဆီမှောင်ခိုဆိုင် ၊ နှလုံးထီဒိုင် ၊ ဘောလုံးပွဲလောင်းတဲ့ဒိုင် ၊ တည်းခိုခန်းတွေဆီက ဆက်ကြေး(လိုင်းကြေး)လဲ သွားတောင်းပေးရဆိုတော့ ကိုယ့်အတွက် ဘယ်အချိန်သွားလုပ်တော့မလဲ ၊ တနေ့ တနေ့ ခွဲတမ်းလိုလို မုန့်ဖိုးလိုလိုရတဲ့ လေးငါးရာနဲ့ ဘာမှလုပ်မရဘူး ၊ သူတို့ကျတော့ ရသမျှအကုန် မယားကြီးမယားငယ်ခွဲပေးနေတာ ၊ရဲမြို့နယ်မှုးကို တစ်သိန်းခွဲ ၊ စခန်းမှုးကိုတစ်သိန်း ၊ အပိုင်ဒုရဲအုပ်နယ်ထိန်းကို တစ်သိန်း ၊ ရဲကင်းမှုးနေရာချထားပေးတဲ့အတွက် တပ်ကြပ်ကြီးက လစဉ်ပေးနေရပါတယ်တဲ့ ၊ ရ၀တ ဥက္ကဌတွေကိုလဲ ခွဲတမ်းပေး ဘီယာတိုက်ရသေးသလို အောက်ကရဲ ၊ မီးသတ်တွေကိုလဲ မျှကျွေးနေရတာမို့ နားလည်ပေးကြပါဆိုပြီး တနေ့ဝင်ငွေ လေးငါးသောင်း ထဲက လေးငါးရာလေးပဲပေးပြီး ခိုင်းပဲခိုင်းတတ်ကြတာပါ ။
ရပ်ကွက်ထဲကလူတွေက မျက်စေ့နောက်လာပြီး မခေါ်ချင်မပြောချင်ဖြစ်လာတာကလွဲရင် ကျွန်တော့အတွက် ဘာမှအကျိုးမရှိတာကြောင့် မီးသတ်ထဲကပြန်ထွက် ဘို့စိတ်ကူးပြီး ဥက္ကဌကိုပြောလိုက်ပါတယ် ၊ ဥက္ကဌက “ မင်းက ရပ်ကွက်အတွက် ဒီလောက်လေးမှမလုပ်ချင်ဘူးလား ၊ ဒီလောက်မှမလုပ်ချင်ရင် ဒီရပ်ကွက်ထဲ မနေနဲ့ ၊ မင်းကိုလဲ ပေးကျွေးနေတာပဲတဲ့” တဲ့ ၊ “ဘာမှပေးကျွေးနေတာမဟုတ်ဘူး ၊ ဘာရပ်ကွက်အတွက်မှလဲမဟုတ်ဘူး ၊ ဘာခံစားခွင့်မှမရှိပဲ ကျွန်တော်တို့ပဲ ငတ်နေတာ” ပြောတော့ စကားတွေများကြရော ၊ မင်းငါ့အကြောင်းသိမယ်တဲ့ ၊ ကျွန်တော်လဲ ထပြန်လာတာပေါ့ ၊ ည(၇)နာရီလောက်ကျတော့ ရ၀တရုံးက တယောက်ရောက်လာပြီး ရုံးကို ခုလိုက်ခဲ့ပါတဲ့ ၊ ဘာကိစ္စလဲဆိုတော့ ရုံးရောက်ရင်သိမှာပေါ့တဲ့ ၊ ရုံးလဲရောက်ရော ရဲနှစ်ယောက်က ကျွန်တော့ကို လက်ထိပ်ခတ် တာခံလိုက်ရရော ၊ ဘာဖြစ်လို့ခတ်တာလဲဆိုတော့ “မင်းက စစ်ပြေးဆိုတာ ငါတို့သိတယ် ၊ ငါတို့အတွက်မလုပ်ပေးချင်မှတော့ မင်းထောင်ထဲမှာသာနေပေါ့ကွာ”တဲ့၊ ဘယ်လိုမှတောင်းပန်လို့မရပဲ ကျွန်တော့ကိုအချုပ်ထဲ ထည့်လိုက်ပါတယ် ။
နောက်နေ့ကျတော့ လသာအချုပ်ကိုပို့ပါတယ် ၊ လသာအချုပ်မှာ တစ်ပါတ်နေပြီးတော့ လေတပ်ကတပ်ထိမ်းကားတစ်စီးနဲ့ ကျွန်တော့ကိုလာခေါ်ပါတယ် ၊ ကား ပေါ်မှာ ကျွန်တော်လိုစစ်ပြေး ၃ယောက်ပါ ပါသေးတယ် ၊ ပြီးတော့ ရဲစခန်းတွေဝင်ပြီးခေါ်တာ စစ်ပြေး ၉ယောက် ဖြစ်သွားပါတယ် ၊ ပြီးတော့ သမိုင်းက အမှတ်-၃ တပ်မတော်တပ်ထိမ်းကိုပို့လိုက်ပါတယ် ၊ အဲဒိမှာ ကျွန်တော်တို့ကို နာမည်မေး ၊ ကိုယ်ပိုင်နံပါတ်မေး ၊ တပ်ရင်းမေးပြီး မှောက်ခိုင်းပြီးဆယ်ချက်စီရိုက်ပါတယ် ၊ အ၀င် ဆယ်ချက်အထွက်ဆယ်ချက် ထုံးစံလုပ်ထားပါသတဲ့ ၊ အဲဒီမှာ အချုပ်ခန်း၇ှစ်ခန်းရှိပြီး အခန်းတိုင်းမှာ အမှုမျိုးစုံနဲ့ရဲဘော်တွေ ရှစ်ယောက်ကိုးယောက်စီ ရှိနေ ပါတယ် ၊ အဲဒီအချုပ်မှာ နေ့တိုင်းမနက်၇နာရီကနေ ညနေ၅နာရီထိ ထမင်းစားချိန်ကလွဲရင်မနားတမ်းအလုပ် လုပ်ရပါတယ် ၊ ကျွန်တော်က စိုက်ခင်းတွေ ရေ လောင်းရပါတယ် ၊ တစ်လထားပြီးတော့မှ အမှတ်(၁)စစ်ကြောရေးတပ်ကိုပို့လိုက်ပါတယ် ၊ ပြန်ထွက်တော့လဲ မှောက်ပြီးဆယ်ချက်ရိုက်ခံပြီးမှ ကားပေါ်တက် ရပါတယ် ။
အမှတ်(၁)စစ်ကြောရေးရောက်တော့လဲ ဒီလိုပဲ အရိုက်ခံရပြန်တာပါပဲ ၊ အလုပ်တွေလုပ်ရပြန်တာပါပဲ ၊ အဲမှာက ညဘက်ပါ အလှည့်ကျကင်းစောင့်ရပါသေးတယ်၊ ပုံစံပေးထားတာတဲ့ ၊ ကင်းအမှတ်စဉ်အော်လို့ တိုးရင်လဲအရိုက်ခံရပါတယ် ၊ စကားသံကျယ်တယ်ဆိုပြီးလဲ အရိုက်ခံရပါတယ် ၊ ရှိသမျှ အမေနှမအမတွေ ကိုင်တုတ် ပြီးလဲ အဆဲခံရပါတယ် ၊ ဆိုးတဲ့ကင်းမှုးက တမျိုးမဟုတ်တမျိုးအပြစ်ရှာပြီးရိုက်သလို မူးတဲ့ကင်းမှုးကလဲ တမျိုးမဟုတ်တမျိုးရစ်ပါတယ် ၊ တစ်လခွဲလောက် အချုပ် ခံထားရပြီးမှ ကျွန်တော့ကိုအမှုစစစ်ပါတယ် ၊ အဲဒီမှာ ကျွန်တော်အရမ်းအံ့သြသွားရပါတယ် ၊ အမှုစစ်တဲ့တပ်ရင်းမှုး (ဒုဗိုလ်မှုးကြီး)ပြောတာကြည့်လေ ၊ မင်းက ခွင့်မဲ့ဖြစ်တာမကြာသေးဘူးဆိုတော့ ပြန်လုပ်လိုက် ၊ ဒါဆိုတပ်အချုပ်လောက်ပဲကျမယ် ၊ ပြန်လုပ်မလားတဲ့ ၊ ဟာမဟုတ်ဘူးအဘ ၊ ကျွန်တော် ခုအချုပ်ထဲ ရောက်တာတောင် သုံးလရှိတော့မယ် ၊ ပြေးခဲ့တာလဲ တနှစ်လောက်ရှိပါပြီခင်ဗျာလို့ပြောလိုက်တော့ အဲဒါတွေပြောမနေနဲ့ ၊ ဒီမှာ မင်းမှတ်တမ်းမှာ ခွင့်မဲ့ပျက် ကြေငြာထားတာ တစ်လကျော်လောက်ပဲရှိသေးတယ် ၊ အရေးကြီးတာက မင်းပြန်လုပ်မလုပ်စဉ်းစားဘို့ပဲ ၊ မင်းအရင်တပ်မှာမလုပ်ချင်ရင် ငါတပ်ပြောင်းပေးမယ် ၊ ခုတပ်မတော်မှာ လစာတွေလဲတိုးနေပါပြီကွ ၊ မင်းပြန်လုပ်သင့်တယ် ၊ စဉ်းစားထားကွာ ဆိုပြီးနောက်တပါတ်မှ အမှုပြန်စစ်ဘို့ ပြန်ချိန်းလိုက်ပါတယ် ။
အချုပ်ထဲပြန်ရောက်တော့ အတူနေသူတွေက အခြေအနေ၀ိုင်းမေးကြပါတယ် ၊ ကျွန်တော်ပြန်ပြောပြတော့ အားလုံးက “အဲဒါပေါ့ကွ ၊ နိုင်ငံတော်ကို ချစ်ချင်ယောင် ဆောင်ပြီးခိုးနေကြတယ်ဆိုတာ ၊ ငါတို့တပ်ကထွက်ပြေးတယ် ၊ ပြဿနာတက်မှာစိုးတော့ ဘယ်သူမှပြေးပြီစာရင်းမပြပဲ ငါတို့လစာတွေ ၊ ရိက္ခာတွေ ၊ ခံစားခွင့်တွေ ကို နှစ်နဲ့ချီထုတ်စားနေတာ ၊ ခုမိလာပြီ ပြဿနာပေါ်ပြီဆိုမှ တစ်လဘက်ဒိတ်လေးပြပြီး ခွင့်မဲ့ပျက်ကွက်လုပ်တာ ၊ ဒါ အရာရှိတွေတတ်တဲ့ ငါတို့ကိုနင်းပြီးခိုးစားတဲ့ နည်းတွေအများကြီးထဲက တနည်းပဲရှိသေးတယ် ၊ ရှေ့တန်းမှာ သေစရာရှိငါတို့ပဲသေတာ ၊ ချမ်းသာတော့ သူတို့အရာရှိတွေပဲချမ်းသာနေတာ ၊ ဘယ်ရဲဘော်မှ ပြောင်ပြောင်ယောင်ယောင်မရှိဘူး ၊ အရာရှိတွေချမ်းသာဘို့ ငါတို့ကလှေကားထစ်လုပ်ပေးမနေတော့ဘူးကွာ” ပြောကြပါတယ် ၊ ထောင်ကျမှာစိုးလို့ ချီတုံချတုံ ဖြစ်နေတဲ့ကျွန်တော် ရဲဘော်ကြီးတွေပြောတာစဉ်းစားပြီး ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ပါတယ် ၊ “ထောင်ပဲအကျခံတော့မယ် ၊ အသေမခံတော့ဘူး” ။
ဒီလိုနဲ့ နောက်တပါတ်ပြန်စစ်တဲ့အခါ ကျွန်တော်က ပြန်မလုပ်တော့ဘူးဆိုတာပြောပါတယ် ၊ ဗိုလ်မှုးကလဲ ပြန်စဉ်းစားပါဦး အကြိမ်ကြိမ်ပြောပါတယ် ၊ နောက်ဆုံး ဘယ်လိုမှပြန်စည်းရုံးလို့မရတော့ဘူးဆိုတဲ့အချိန်မှာ အသက်(၁၆)နှစ်ဝန်းကျင်သာရှိတဲ့ကျွန်တော့ကို ထောင်(၁)နှစ်ချလိုက်ပါတော့တယ် ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ဒါဏ်ရာတွေအများကြီးရခဲ့ရတဲ့ ကျွန်တော့အသိမှာ စစ်တပ်ဆိုတာ ဥပဒေကို လိုတမျိုးမလိုတမျိုးလုပ်တတ်တယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်သားမိလိုက်ပါတယ် ။
အင်းစိန်ထောင်ရောက်တော့ ပထမတော့ (၄)ဆောင်ပုံစံခန်းမှာနေရပါတယ် ၊ တပါတ်လောက်နေပြီးတော့ ထောင်ဆေးရုံမှာဆေးစစ်ပြီးတော့ အသက်မပြည့်ဘူး ၊ ကလေးဆိုပြီး (၃)ဆောင်ခလေးခန်းကို ပို့လိုက်ပါတယ် ၊ ကလေးတွေထဲမှာ ကျွန်တော်က လူကောင်ကြီးအသက်ကြိးဖြစ်တာကြောင့်ရော စစ်သားဖြစ်တာကြောင့် ရော ဗာရာ(တန်းစီး ၊ ပုံစံပြ၊ တောင်ယာ ၊ မလ္လာ ၊ ရေကန် ၊ ဖိုကြိး ဘုတ်ကိုင်စတဲ့ ထောင်ဝါဒါကို အုပ်ချုပ်မှုပိုင်းကူရတဲ့ အကျဉ်းသားတွေထဲက အငယ်ဆုံးရာထူး) လုပ်ရပါတယ် ၊ ကျွန်တော်က ညစောင့်ဗာရာပါ ၊ အင်းစိန်ထောင်မှာ ခွန်နှစ်လနေပြီးတော့ မိတ္ထီလာထောင်ကို တခြားအကျဉ်းသား၂၀၀လောက်နဲ့အတူ ပြောင်းရပါ တယ် ၊ မတ္ထီလာထောင်မှာ သုံးလလောက်နေပြီး ထောင်လျှော့ရက်၂လလောက်ရတာကြောင့် ကျွန်တော်ပြန်လွတ်ခဲ့ပါတယ် ။ ထောင်ကပြန်လွတ်လွတ်ချင်း တောင် မိတ္ထီလာမှာ စစ်သားတယောက်က ညီလေးစစ်ထဲဝင်မလား လာလုပ်နေပါသေးတယ် ၊ ထောင်လွှတ်လက်မှတ်ပြပြီး ခုပဲစစ်ပြေးမှုနဲ့ထောင်ကထွက် လာတာဆိုမှ ပြန်လှည့်ထွက်သွားပါတယ် ၊ ဘာကြောင့်များ ဒီလောက် အဓမ္မစစ်သားစုချင်နေရတာလဲဗျာ…။
အိမ်ပြန်ရောက်တော့ အမေက ကျွန်တော့စိတ်နဲ့ အိပ်ယာထဲလဲနေပါတယ် ၊ ကျွန်တော့ကိုတွေ့တော့အမေ ထုံးစံအတိုင်းငိုပါတယ် ၊ ကျွန်တော်က အမေမငိုနဲ့ ၊ ကျွန်တော်ယောက်ကျားပဲ ၊ ဘာမှမဖြစ်ဘူးအမေ့ကိုပြောတော့ အမေက ငါ့သားလေးငယ်ငယ်လေးနဲ့ကံဆိုးရှာလိုက်တာနော်တဲ့ ၊ အဲဒီတုံးက အမေ့ကို ဘာမှပြန်မ ပြောဖြစ်ခဲ့ပေမဲ့ ခုနေအသိမျိုးသာရှိခဲ့ရင် ပြန်ပြောမိခဲ့မှာ “အမေရယ် ..ကျွန်တော် ကံဆိုးတာမဟုတ်ပါဘူး ၊ စနစ်ဆိုးထဲက သားကောင်တယောက်ဖြစ်ရတာပါ ၊ ဘာရာဇ၀တ်မှုမှလဲမကျူးလွန် ဘယ်သူ့အပေါ်မှလဲမကောင်းမလုပ်ရပဲ ကျွန်တော့ဘ၀ဒီလိုတွေတွေ့ကြုံခဲ့ရတာ ၀ဋ်မဟုတ်ဘူးအမေ ၊ စစ်ဗိုလ်ချုပ်တွေကိုယ်ကျိုး ရှာဘို့ ချနင်းခံရတဲ့ အပြစ်မဲ့ပြည်သူမြောက်များစွာထဲ ကျွန်တော်လဲအပါဝင်ဖြစ်ခဲ့တာပါအမေရယ် ”…လို့ ။
ကျွန်တော်ပြန်ရောက်တဲ့နေ့ကစပြီး အမေထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ် ၊ ကျွန်တော်လဲဘ၀ရပ်တည်ရေးအတွက် ဆိုက္ကားနင်းရပြန်ပါတယ် ၊ လူတွေ ကလဲ စစ်ထွက် ထောင်ထွက်ဆိုပြီးမခေါ်ချင်မပြောချင်ကြဘူး ၊ ဘ၀ကြီးစိတ်ပျက်စရာပါဗျာ ၊ ကိုယ်ကျူးလွန်ရတာလဲမဟုတ်ပဲ စစ်ထဲထောင်ထဲတွေရောက်ခဲ့ရတာ၊ လူတွေက နားလည်မပေးနိုင်ကြပါဘူး၊ အဖြစ်မှန်သေချာသိကြရရင်တော့ ဘယ်လိုနေမလဲပဲ ။
ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့ ၊ ကျွန်တော့ဘ၀ကလဲ ပြဿနာနဲ့ကင်းကင်းကိုမနေရပါဘူး ၊ တနေ့ဆိုက္ကားနင်းနေရင်းလှည့်ကင်းပတ်လာတဲ့ ရဲစက်ဘီးနဲ့ ကျွန်တော့်ဆိုက္ကားမတော်တဆငြိရော ၊ ကျွန်တော်ဆင်းတောင်းပန်တာကိုမရပဲ ဆဲဆိုပြီးလှိမ့်ထိုးလာရော ၊ အသားနာလာတော့ကျွန်တော်လဲ ဘယ်လိုမှသီးမခံနိုင် တော့ပဲ ဆိုက္ကားမှာညရေးညတာဆောင်ထားတဲ့တုတ်နဲ့ရိုက်ပလိုက်ရော ၊ ပြီးတာနဲ့ အုံနာအိမ်နင်းပြေးဆိုက္ကားအပ်ပြီး ညတွင်းချင်းပြေးတာပဲ။ ဗိုလ်တထောင်ဘုရား မှာ ညအိပ်ပြီးမနက်ကျ ဘုရားရှေ့ကထွက်လာတော့ ရေတပ်ကအသိတယောက်နဲ့တွေ့လို့ အကျိုးအကြောင်းပြောပြတော့ သူက “ဒီလိုဆိုညီလေး တပ်ထဲသာ ပြန်ဝင်လိုက်တော့ ၊ မဟုတ်ရင်မင်းကွိုင်တက်မယ် ၊ ဒို့တပ်မှာတော့လူသတ်ပြီးပြေးလာတဲ့သူတောင်အေးဆေးပဲ ၊ မင်းစစ်တပ်ယူနီဖေါင်းသာဝတ်ထား ၊ ရဲလောက် ကိုပါးခေါ်ရိုက်လို့ရတယ်”တဲ့ ၊ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်လတ်တလောဘေးကင်းပြီးရောဆိုပြီး “အဖမ်းမခံရရင်ဝင်မယ်ဗျာ”ဆိုတော့ ငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားတာ သံလျှက်စွန်းရေတပ်ဝန်းအပြင်ကလဘက်ရည်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါရော ၊ အဲဒီမှာ သူကကျွန်တော့ကိုအသက်တွေ ၊ အတန်းတွေ မေးပါတယ် ၊ စာတရွက် နဲ့လိုက်မှတ်ပါတယ် ၊ အဲဒီအချိန် ကျွန်တော့အသက်က ၁၈နှစ်ပြည့်ဘို့လိုနေပါသေးတယ် ၊ သူကအသက်ကို ၁၈ ပြည့်ပြီးပြီပြော ၊ ပညာအရည်အချင်းကို ခုနှစ်တန်း လို့ပြောသင်ပေးပါတယ်၊ ပြီးတော့သူရေးထားတဲ့စာရွက်ပေါ်လက်မှတ်ထိုးခိုင်းပြီး ရေတပ်စုဆောင်းရေးကအရာရှိတယောက်(ဗိုလ်ကြီးထင်ကျော်)နဲ့ ၀င်တွေ့ပါတယ်၊
အဲဒီဗိုလ်ကြီးဆီက လက်မှတ်တစောင်သူ့ဘာသာလုပ်လာပြီး ရေတပ်ဆေးရုံမှာ ကျွန်တော့ကိုဆေးသွားစစ်ပါတယ် ၊ ပေါင်မပြည့်ဘူး ၊ ပြီးတော့ဆေးကျပါတယ် ၊ သူကဘာမှမပူနဲ့ပြောပြီး ပိုက်ဆံဝင်ပေးတော့ ဆေးအောင်သွားပါတယ် ၊ ပြီးတော့တပ်တွင်းသက်သာဆိုင်ကိုခေါ်သွားပြိး ကျွန်တော့ကိုဆံပင်ညှပ်ခိုင်းထားပါတယ် ၊ ပြီးရင်လဘက်ရည်ဆိုင်ကိုလိုက်လာခဲ့ပြောပြီးထွက်သွားပါတယ် ။
အမှန်က ကျွန်တော်နောက်တစ်ကြိမ်ထပ်ရောင်းစားခံရတာပါ ၊ သူကကျွန်တော့အရင်သွားပြီး ဈေးသွားဖွင့်နေတာပါ ၊ ဆေးအောင်ပြီးသား ၊ အသက်လဲ ပြည့်တယ်၊ခုနှစ်တန်းတတ်တယ် ၊ စီဂရုထားလို့ရတယ်ဆိုပြီးဈေးဖွင့်နေတာပါ ၊ ကျွန်တော့ကိုတပ်ထဲသွင်းဘို့ သူကလေးသောင်းခွဲတောင်းတာ လေးသောင်းနဲ့ဈေး တည့်သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာ သူနဲ့စကားပြောတဲ့သူတွေ(ရေတပ်စုဆောင်းရေးတာဝန်ယူထားသူတွေပဲ)နဲ့ ပြိးရင်လိုက်သွားလိုက်တော့ဆိုပြီး သူထွက် သွားပါတယ် ၊ လဘက်ရည်ဆိုင်မှာထိုင်နေတုန်းပဲ တပ်ကြပ်ကြီးတယောက်ထပ်ဝင်လာပါတယ် ၊ ကျွန်တော်နဲ့အတူရှိနေသူတွေက “ဆရာကြီး ၊ ဒီမှာတယောက်ရှိ တယ် ၊ ယူမလား ”မေးလိုက်ပါတယ် ၊ ကျွန်တော့အချက်အလက်တွေကိုကြည့်ပြီး တပ်ကြပ်ကြီးက “မင်းတို့ဘယ်လောက်နဲ့ယူလိုက်တာလဲ”မေးပါတယ် ၊ “ကျွန်တော်တို့လေးခွဲနဲ့ခေါ်ထားတာ ၊ ဆရာကြီးယူမယ်ဆို ငါးသောင်းတော့ပေး”ဆိုပြီးပြန်ပြောရာက တည့်သွားတော့ အဲဒီဆရာကြီးနဲ့လိုက်သွားလိုက်တော့ဆိုပြီး လွှဲလိုက်ပါတယ် ၊ သေချာစဉ်းစားကြည့်ရင် ပြည့်တန်ဆာမကို ခေါင်းတွေ အငှားထည့်ချိန်ဈေးစကားပြောနေသလိုပါပဲ၊မတတ်နိုင်ဘူလေ ၊ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတော့လဲ ငြိမ်နေပြီး ခေါ်ရာလိုက်ခဲ့ရတာပါပဲ ။
ဆရာကြီးနဲ့လိုက်သွားပြိး သံလျှက်စွန်းရေတပ်စစ်သားစုဆောင်းရေးမှာ တစ်လလောက်နေရပါတယ် ၊အဲဒီမှာ စုဆောင်းခံထားရသူ ၁၁ယောက်ရှိပါတယ် ၊ အသက်
မပြည့်သေးတဲ့သူ ၃ယောက်ရှိပါတယ် ၊ ကျွန်တော်နဲ့ ၁၂ ယောက် အဲဒီမှာရှိတဲ့တပ်ရံပုံငွေဆိုတဲ့ခေါင်းစဉ်နဲ့လုပ်နေတဲ့ အုန်းဆီစက်မှာအလုပ်လုပ်ရပါတယ် ၊ ၀င်းသူဇာဆိုင်တွေကိုလိုက်ဖြန့်တဲ့ အုန်းဆိဗူးတွေကို ပါကင်လုပ်ပေးရပါတယ် ၊ စုဆောင်းရေးမှာရှိနေထဲက ကိုယ်ပိုင်နံပါတ်ကျပြီး ယာယီရေးတစ်ရာကဒ် (အဖြူ) ထုတ်ပေးထားပါတယ် ၊ ကိုယ်ပိုင်အမှတ် ရေ/၃၅၈၈၁(ပည၉၄)ပါ ၊ ပြီးတော့ ဟိုကဒီကစုလာတဲ့ရဲဘော်သစ် ၂၄၀ နဲ့ အမှတ် ၁ လေ့ကျင့်ရေးသင်တန်းကျောင်း (ဖေါင်ကြီး) ကိုပို့လိုက်ပါတယ် ၊ အဲဒီမှာရောက်ရောက်ချင်းတန်းစီိတော့ ရဲပြေးစစ်ပြေးပါရင်လက်ထောင် ၊ ဘာမှမလုပ်ဘူး ၊ တာဝန်ပေးဘို့သက်သက်ပဲ ၊ ခုမပြောပဲ နောက်မှ သိရင်တော့အရေးယူခံရမယ်ပြောပါတယ် ၊ လူ၃၀လောက်လက်ထောင်ကြပါတယ် ၊ ကျွန်တော်ကမထောင်ပဲ ငြိမ်နေလိုက်ပါတယ် ၊ လက်ထောင်တဲ့ စစ်ပြေးတွေရဲပြေးတွေကို တကယ်လဲအရေးမယူပါဘူး ၊ စစ်သင်တန်းတောင်မတက်ခိုင်းတော့ပဲ စားဖိုဆောင်ပို့တာ ၀ါးခုတ်ခိုင်းတာလုပ်ပါတယ်(ရတဲ့ဝါးကို သင်တန်းဆရာတွေနဲ့သင်တန်းမှုးရောင်းစားတာပါ) ၊ ကျွန်တော်တို့သင်တန်းက အပါတ်စဉ် ၅/၂၀၀၄ ပါ ၊ ကျွန်တော်က ခွဲ၂ ၊ တပ်စု၃ ၊ ဒုတပ်စုမှုးပါ ၊ ပထမသင်တန်းကျောင်းကလိုပါပဲ ၊ အလုပ်လုပ်လိုက် ၊ စစ်ပညာသင်လိုက် ၊ ပြေးတဲ့ကောင်ကိုရိုက်လိုက်ပါပဲ ၊ အရင် တိုင်းဗိုလ် ၈ ထက်တောင်ရက်စက်တယ်ထင် ရပါသေးတယ် ။ လေးလခွဲသင်တန်းပြီးတော့ ပညလာခွဲပြီး အေဂရုဘီဂရုစီဂရု လာခွဲပါတယ် ၊ ပည ကအဲဒီတော့မှရတာပါ ၊ ကျွန်တော်က ပည၉၄ ယာဉ်မောင်း သင်တန်းရတာပါ ၊ အဲဒီကနေ သီလ၀ါဆိပ်ကြီးက ရေတပ်သင်တန်းကျောင်းမှာ ရေကျွမ်းသင်တန်းတစ်လတက်ရပါတယ် ၊ ပြိးတော့ အဲဒိကနေ ရွှေဘို တထပ(၂) ကို အယောက် ၃၀ ယာဉ်မောင်းသင်တန်း သုံးလခွဲသွားတက်ရပါတယ် ။ သင်တန်းဆင်းတော့ ဧရာဝတီရေတပ်စခန်းဌာနချုပ် ၊ ရေတပ်ပင်မပစ္စည်းထိမ်းတပ် (ရပပ)ကိုပြန်ရောက်လာပါတယ် ။
သင်တန်းမတက်ခင်က သင်တန်းဆင်းရင် ခွင့်တစ်လဆီရမယ်ပြောပေမဲ့ တကယ်တန်းကျတော့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်(တရခ)ကို တိုင်းပြောင်းပါတယ် ဆိုပြီး ခွင့်တပါတ်ပဲပေးလိုက်ပါတယ် ၊ ခွင့်ကနေပြန်ရောက်တော့ လမ်းတင် FiveStar ဂိတ်ကိုခေါ်သွားပြီး လကုန်ရက်ထုတ်ရမဲ့လစာကိုထုတ်မပေးပဲ ပို့ပေးလိုက် မယ်ပဲပြောပါတယ် ၊ လမ်းမှာတာဝန်ခံခေါ်သွားတဲ့တပ်ကြပ်ကြီးက မင်းတို့မှာလစာတွေပါတာပဲဆိုပြီး လမ်းစရိတ်အတွက်ပေးလိုက်တဲ့ငွေကိုလဲထုတ်မပေးပဲဝိုက် ထားလိုက်တော့ လစာထုတ်ခဲ့တဲ့သူတွေက၀ယ်စားရပေမဲ့ ကျွန်တော်နဲ့နောက်တယောက်(လှမင်းစိန်)ကတော့ ၂ရက်နဲ့တနပ်ထမင်းငတ်ခဲ့ပါတယ် ။ တပ်သားဘ၀ ကတော့ နေရာတိုင်းအနိုင်ကျင့်ခံဘ၀တွေပါပဲ ။
တနသာင်္ရီရေတပ်စခန်းဌာနချုပ်ရောက်တော့ လေ့ကျင့်ရေးမှာစုငွေဆိုပြီးတစ်လနှစ်ထောင်ဖြတ်ထားတဲ့ငွေရော ၊ မထုတ်ခဲ့ရတဲ့လစာရော ပန်ကြားလွှာရေးပြီး တောင်းပါတယ် ၊ လှမင်းစိန်က လစာပါလာပေမဲ့စုငွေမပါလာပါဘူး ၊ ကျွန်တော်ကဘာမှမပါလာပါဘူး ၊ ထပ်ပြီးပန်ကြားလွှာတင်တော့ ဘယ်လိုလွဲလဲမသိဘူးဆိုတဲ့ မရေမရာအဖြေပဲရပြီး နှစ်လနေတော့ အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း ၊ ပြင်စဘုကျွန်း ကိုရောက်သွားပါတော့တယ် ။ အဲဒီမှာ ပည(၁၄)လုံခြုံရေးတာဝန်ယူ ထားသူတွေက နောက်မှရောက်လာသူတွေကို ပညခွဲခြားပြီးနှိမ်ပါတယ် ။ အဲဒီအချိန်ကျွန်းစခန်းမှုးက ဗိုလ်မှုးစိုးလင်းအေးပါ ၊ ဗိုလ်ကြီးက နောက်ပိုင်းမန္တလေးစည် ပင်ပြောင်းသွားတဲ့ အောင်ဆန်းထွန်းပါ ၊ စခန်းတာဝန်ခံကဒုအရာခံဗိုလ် ဆရာကြီးခင်မောင်မြင့်(လက်ရှိမောရ၀တိရေတပ်စခန်းဌာနချုပ်/မော်လမြိုင်မှာ)၊ ဖြစ်ပါတယ် ၊ အဲဒီမှာ တပ်စုလေးစုခွဲထားပါတယ် ၊ ရန်နိုင်(ပင်လယ်ပြင်ထွက်တဲ့စစ်သဘောင်္) ၊ တပ်ရင်ကင်း ၊ဖက်ထိပ် ၊ ရေတပ်အခေါ်ဝပ်ကင်းဗာရီ ၊ အလှည့်ကျ လုပ်ရပါတယ် ။
ရေတပ်မှာနေတာကတော့ စားသာပါတယ် ၊ ကျွန်းတွေမှာသစ်ခိုးထုတ်တဲ့ သစ်စင်တွေလိုက်ဖမ်းပြီး ရတဲ့သစ်တွေေ၇ာင်းစားပါတယ် ၊ ခိုးလှေတွေဖမ်းတယ် ၊ ပိုက်ဆံကောက်တာလဲရှိတယ် ၊ မရရင်ပြေးရင်ပစ်မြှုတ်တယ် ၊ လှေဖမ်းမိရင် ရေတပ်စခန်းဌာနချုပ်ကိုမအပ်ပဲ စခန်းကလူတင်ဖြောင်လိုက်တာလဲရှိတယ် ၊ နိုင်ငံ တော်ကိုအအပ်ပြရင်လဲ အကုန်ဖြုတ်ယူထားပြီး အပ်တယ်အမည်ခံယုံအခွံပဲအပ်ပါတယ် ၊ ဘယ်လိုရှာရှာဝင်ငွေချည်းပါပဲ ၊ အရာရှိအဆင့်က တစ်လကို သိန်း၃၀ ကျော်ဝင်ငွေရှိပြီး ရဲဘော်တွေကတော့ ငါးသောင်းကနေ တစ်သိန်းနိးပါးလောက် အလျင်းသင့်သလိုအပိုငွေ ရပါတယ် ။ ၀င်ငွေရှိတဲ့နေရာမို့ ရဲဘော်တွေကရေရှည် နေချင်ရင် ဌာနချုပ်(ရေးရုံး)ကို ပိုက်ဆံပေးရပါတယ် ။
ကျွန်တော်ကသီိးသန့်လာဒ်မထိုးတော့ အဲဒီစခန်းမှာ ၁ နှစ်လောက်နေတော့ ဌာနချုပ်မှုးအဲဒီအချိန်ဗိုလ်မှုးချုပ် (အခု ဧရာဝတိရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်ချုပ် ) ၀င်းရှိန် လာစစ်တော့ ၊ ယာဉ်မောင်းတွေများနေတယ်ဆိုပြီး ဌာနချုပ်မော်တော်ယာဉ်ကို အပြောင်းပါသွားပါတယ် ၊ အဲဒိမှာ ယာဉ်စက်ပြင်အကူလုပ်ရပြီး ဒုဗိုလ်မှုးကြိးတင်ဦး (AQ1)ကားကို တွဲဘက်မောင်းပေးရပါတယ် ၊ တစ်လကို စာရင်းမှာ ဆီကိုယ်တာ ၆ ဂါလံရပေမဲ့ တကယ်တမ်း ၂ ဂါလံပဲရပြီး G2က ဖြတ်အုပ် တာခံရပါတယ်၊ ကျွန်တော်တို့ကားသမားတွေကလဲ ကုန်းတက်ကနိုင်ငံတော်အတွက် ကုန်းဆင်းကကိုယ့်အတွက်ဆိုပြီး Free ပဲလှိမ့်ရိုက်ပြီး ရသလောက်ခိုးတာပါပဲ၊
အဲဒီမှာလဲ ၁ နှစ်နေရပြိး မိခင်တပ်ဖြစ်တဲ့ အမှတ် (၅၂)ရေတပ်ပစ္စည်းထိမ်းတပ် ပြန်ရောက်သွားပါတယ် ၊ အဲဒီမှာ ယာဉ်နောက်လိုက်နဲ့ပဲနေရပါတယ် ၊ တပ်မှုးကပဲ ဖြတ်အုပ်ထားတော့ အဲမှာတော့ ဘာခွဲတမ်းမှမရပါဘူး၊ အဲဒီကနေ ၁ နှစ်လောက်နေပြန်တော့ မလိကျွန်းကိုအပြောင်းပါသွားပြန်ပါတယ် ၊ ပထမတော့ ကျွန်းပါတ် လမ်းဖေါက်နေတဲ့လုပ်ငန်းခွင်အတွက် ကွန်ဒေါင်းလေးမောင်းရပါတယ် ၊ အဲမှာလဲ ရွာသားတွေကိုအတင်းအဓမ္မလုပ်အားပေးခေါ်ခိုင်းတာပါပဲ ၊ ရောက်ပြီး ၃ လ လောက်မှာ ကျွန်တော် ဒုတပ်ကြပ်ဖြစ်ပါတယ် ။
အဲဒိကနေ ၆၃ ကြိမ်မြောက် တပ်မတော်နေ့စစ်ရေးပြအခန်းအနားအတွက်ဆိုပြီး တော်လှန်ရေးပလိပ်လျှောက်ဘို့ တနသာင်္ရီရေတပ်စခန်းဌာနချုပ်ကနေတဆင့် ရန်ကုန်ကိုပို့လိုက်ပါတယ် ၊ ရန်ကုန်ရောက်တော့ ရေတပ်သဘောင်္ကျင်းကအဆောင်မှာနေပြီးလေ့ကျင့်ရပါတယ် ၊ ဒါပေမဲ့လူများနေလို့ဆိုပြိးအင်အားလျှော့တဲ့အထဲ မှာကျွန်တော်ပါသွားပြီး ဌာနချုပ်ကိုပြန်ရပါတယ် ၊ အဲဒီကနေ မလိကျွန်းပြန်ရောက်တော့ ရန်ကုန်ကိုအပြောင်းထွက်ထားတယ်လုပ်ပြန်ပါတယ် ၊ မင်းလိုက်လာတဲ့ သဘောင်္နဲ့ပြန်လိုက်သွားဆိုပြီးပြန်ထည့်ပါတယ် ၊ အဲဒီအချိန်လကုန်ဘို့၂ ရက်အလိုဆိုတော့ လစာထုတ်သွားမယ်ပြောတာမပေးလိုက်ပါဘူး ၊ ရန်ကုန်ရောက်တော့ တက္ကစီငှားပြီးအိမ်အရင်ပြန်သွားပြိး အဖေ့ဆိကပိုက်ဆံတောင်ပေးရပါတယ် ၊ နောက်နေ့မှ တပ်သွားသတင်းပို့ပါတယ် ။
ပင်မရေတပ်ပစ္စည်းထိန်းတပ်(ရပပ)မှာ .ယဉ်နောက်လိုက်လုပ်ရပါတယ် ၊ ခံပြင်းတာက ကိုယ့်ထက်အများကြီး Junior ကျတဲ့ ၄၀(ကိုယ်ပိုင်နံပါတ်အစ)က ကားတက်မောင်းနေရပြီး ကိုယ်ကနောက်လိုက်ပဲလုပ်နေရတာပါ ။ ဒါတောင် တပ်ကြပ်အတွက် စာရင်းပါနေပြီလို့ဖြစ်နေပြိးသားပါ ၊ တရားဝင်ကြေးနန်း မ၀င်သေး တာပဲရှိပါတယ် ၊ နာဂစ်မုန်တိုင်းဖြစ်တော့ အရာရှိနဲ့အရာခံတွေကိုကျတော့ ကိုယ့်အိမ်ပြင်ဘို့အိမ်ပြန်ခွင့်ပေးပြီး ကျွန်တော်တို့ကိုကျတော့ တပ်ပြန်လည်တည် ဆောက်ရေးလုပ်ရမယ်ဆိုပြိး အိမ်ပြန်ခွင့်မပေးပါဘူး ၊ ကျွန်တော့မှာ မိသားစုအခြေအနေလေးသိချင်တာတောင် သိခွင့်မရပါဘူး ၊ ဒိကြားထဲ မေလ(၆)ရက်နေ့မှာ တပ်တွင်းမိသားစုအကုန်လုံးခန်းမ၀င်ရမယ်ဆိုပြီး အဲဒီမှာလူကြီးတွေကောင်းမယ်စီစဉ်ထားတဲ့ ဖွဲ့စည်းပုံဥပဒေကိုထောက်ခံရမယ် ၊ ထောက်ခံမဲမပေးမနေရပဲလို့ တပ်မှုးကပြောပါတယ် ၊ (၇)ရက်နေ့ကျတော့ ကျွန်တော်တို့(၅) ယောက်ကို ဆရာကြီးတစ်ယောက်အင်ချပ်ထားပြီး အလုပ် လုပ်ဖို့လွတ်လိုက်ပါတယ် ၊ ကျွန်တော် တို့ (၅)ယောက်ထဲက(၂)ယောက်ကနေခဲ့တယ် ၊ ကျွန်တော့တို့(၃)ယောက်က ပူပန်စိတ်တွေနဲ့ကိုယ့်အိမ်ကိုယ်ခိုးပြန်ကြတယ် ၊ ကျွန်တော့အိမ်ရောက်သွားတော့ အိမ်က အနောက်ဖက်တစ်ခြမ်းကပြိုကျနေတယ် ၊ ကျွန်တော့်လည်းအိမ်မှာဝိုင်းကူရင်းနဲ့တပ်ကိုမပြန်ဖြစ်ဘူး ၊ ၁၁ရက်နေ့ကျမှတပ်ကိုပြန်ဖြစ်တယ် ၊ ကျွန်တော် တပ်ကိုပြန်ရောက်တော့ တပ်ရေးဗိုလ်ကြီးက ရုံးခန်းထဲခေါ်ဆူပါတယ် ၊ ကျွန်တော်တို့လည်း သတိဆွဲပြီးငြိမ်နေပါတယ် ၊ နောက်တော့ ကျွန်တော့တို့ကို တာဝန် ခံတဲ့ဆရာကြီးကို ဒီကောင်တွေပြန်သွားတာခင်ဗျားကြီးမသိဘူးလား ၊ ခင်ဗျားတော်တော်စောက်သုံးမကျတဲ့လူပဲ ၊ တပ်ကလစာလိမ်ယူပြီး တပ်မှာဘာလုပ်ဖို့နေ နေလည်းလို့ပြောတော့ ကျွန်တော်တို့လည်းသီးမခံနိုင်ဖြစ်လာတာနဲ့ “ ဗိုလ်ကြီးအပြစ်ရှိတာကျွန်တော်တို့ပါ ၊ ပြောချင်ရင်ကျွန်တော်တို့ကိုပဲပြောပါ ၊ ဆရာကြီး ကိုတော့အဲဒီလိုမပြောပါနဲ့”လို့ပြောတော့ “မင်းတို့ကဘာကောင်တွေလဲ ၊ မနေ့ကမဲပေးရမယ်ဆိုတာမင်းတို့မသိဘူးလား၊ ဒါစစ်စည်းကမ်းဖောက်ဖျက်တာပဲ၊ မင်းတို့က အာဏာဖီဆန်တာလား ၊ စစ်တပ်မှာအမိန့်ပဲရှိတယ် မင်းတို့နားမလည်ဘူးလား” ဆိုပြီး စ ထိုးပါတယ် ၊ ကျွန်တော်တို့လည်းအပြစ်လုပ်မိထားတော့ ငြိမ်ခံနေပါသေးတယ် ၊ နောက်တော့ တရားလွန်လာတော့ သီးမခံနိုင်ဖြစ်ပြီး ကျွန်တော်တို့သုံးယောက်လဲ ပြန်ပြီးဝိုင်းထိုးလိုက်တယ် ၊ အရင်က မကျေနပ်တာတွေ ပါပေါင်းပြီး ၀ိုင်းရိုက်ကြတာဘာဖြစ်ပြီးကျန်ခဲ့လည်းတော့မသိဘူး ၊ ကျွန်တော်တို့သုံးယောက်လည်း ရိုက်ပြီးတစ်ယောက်တနေရာဆီထွက်ပြေးခဲ့ပါတယ် ။ ဒီလိုနဲ့ ကလေးစစ်သားနှစ်ကျော့ပြန်ဖြစ်ခဲ့ရတဲ့ ကျွန်တော့ရဲ့နအဖတပ်သားဘ၀ ပြီးဆုံးခဲ့ပါတယ် ။
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ စစ်ဗိုလ်တွေရဲ့ကိုယ်ကျိုးရှာမှုတွေကြောင့် စစ်သားဆိုတဲ့ခေါင်းစဉ်ဆိုးကြီးနဲ့ ကျွန်တော့လို မိတကွဲဖတကွဲဘ၀ပျက်ခဲ့ ရသူတွေ အများကြီးရှိနေတယ်ဆိုတာ ပြည်သူလူထုကြီးသိအောင် ဆရာမောင်ကျောင်းသားကနေတဆင့် ပြောပြတင်ပြလိုက်ရပါတယ် ။
မိုးစက်
(ဒုတပ်ကြပ်/ပင်မပစ္စည်းထိမ်းတပ်-တပ်မတော်ရေ)
မျှဝေသော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.