Saturday, October 29, 2011

0 လက်နက်ကိုင်တော်လှန်ရေး နှင့် ခံယူချက်ကင်းမဲ့သူအချောင်သမားများ။

ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာဟိုးယ္ခင်ကတည်းကဗိုလ်ချုပ်အောင်ဆန်းတို့လို တကသ ကျောင်းသား ခေါင်းဆောင်တွေရွေးချယ်ခဲ့ကြပြီးဗြိတိသျှကိုလိုနီစံနစ်ကိုတော်လှန်ခဲ့ကြသည်၊ ပြည်သူတွေ တိုင်း တပါးကျွန်ဘဝကလွတ်အောင်လုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်း စုကြည်က Non Violent လို့ကြွေးကြော်တာ ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရထားတဲ့သူရဲ့ လုပ်ရမဲ့လမ်းစဉ်ဘဲ၊ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ်ကိုလုပ်နေ တဲ့သူ တွေထဲကပါသံယောင်လိုက်ပြီးသူတို့ပါ လက်နက်မဲ့ လမ်းစဉ်လို့ ကြွေး ကြော်လာတဲ့အတွက် စစ်အာဏာရှင်တွေ ကို ဂဏန်းလက်မလို နှစ်ဖက်ညှပ်ပြီး စစ်ရေး လုပ်ရပ်တွေကတဖက်၊ လက်နက်မဲ့လူထုအုံကြွ လှုပ်ရှားမှုကတ ဖက်၊ ညှပ်တိုက် ရမဲ့ မဟာဗျူ အရလုပ်ဆောင်နိုင်မှုအလွန်အားနည်းနိမ့်ကျသွားခဲ့ရသည်။ ကျွန်တော်တို့အနေနဲ့ လက် နက်မဲ့လမ်းစဉ်နဲ့မြန်မာပြည်ကြီးဒီမိုကရေစီရသွား မယ်ဆိုရင်အရမ်းဝမ်းသာမှာဖြစ်ပါသည်၊ ဘာကြောင့်လဲ ဆို တော့ လူအသေအပျောက်နည်းလို့ ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းစဉ်ကိုအောင်မြင် စေချင် သည်၊အားလဲပေးသည် ဒါပေမဲ့ဘယ်အာဏာရှင်ကမှ အလွယ်တကူဆင်းပေးတယ် ဆိုတာ ထုံးစံမ ရှိဘူး၊ လူထုအုံကြွမှုနဲ့ ဖြစ်ဖြစ်လက်နက် ကိုင် တော်လှန်ရေးနဲ့ဖြစ် ဖြစ်အတင်းဆွဲချခဲ့ ရတာချဉ်းဘဲ၊ ဒါကြောင့်ဒေါ်စုကိုလှည့်စားပြီး အချိန်ဆွဲလာခဲ့ရင် ဆက်လုပ်ရမဲ့လက်နက်ကိုင်လမ်းစဉ်ကိုလဲ အင်အား ရှိအောင်ပြုစုပျိုးထောင်ထားဘို့လိုသည်။ ဒေါ်စုကိုယ်တိုင်ကလဲဒီမီုကရေစီရဘို့ နည်းလမ်းပေါင်းစုံသုံး ရမယ်ဆိုတာလဲ ပြောထားသည့်အတွက် ကိုယ်ယုံ ကြည်ရာကိုတစိုက်မတ်မတ်လုပ်ကြဘို့ဘဲလိုသည်။

ဆလိုင်းတင် မောင်ဦးနဲ့ကျွန်တော်တို့ဘာကြောင့်လက်နက် ကိုင်တော်လှန်ရေး ကို ရွေးချယ်ခဲ့သလဲ? ၁၉၈၈ ခုနှစ်မှာကျောင်း သားလူငယ်တွေဘာကြောင့်လက်နက်ကိုင် တော် လှန်ရေးကိုရွေး ချယ် ခဲ့ရတာလဲ? ဒီမေးခွန်းတွေကိုအောက်ကဗီဒီယိုဖေါ်ပြထားသည်။


လွန်ခဲ့သောနှစ် ၂၀ အတွင်းက ကျောင်းသားတပ်မတော်အင်အားတသောင်းကျော်မှဘာကြောင့်အင်အားများစွာ ကျဆင်းသွားခဲ့ရသလဲဆိုတာကိုဆက်လက်ရေးသားသွားပါအုံးမည်ဖြစ်သည်။

ထွန်းအောင်ကျော်

0 Battle of Crete သတ္တိရှင်ဆုဂုဏ်ပြု ချီးမြင့်ခံရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက် မိန့်ခွန်း(ရုပ်/သံ)



၂၀၁၁ ခုနှစ်ရဲ့ Oxi Day Battle of Crete ဆုကို ရရှိသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂရိနိုင်ငံ Crete တိုက်ပွဲမှာ နာဇီကျူးကျော်မှုကို အန်တုရင်ဆိုင်ခဲ့တဲ့ အမျိုးသမီးတွေလိုပဲ သတ္တိခွန်အား စိတ်ခွန်အား ပြည့်ဝတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ချီးကျူးပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ Oxi Day Foundation ရဲ့ မနေ့က နှစ်ပတ်လည်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို Oxi Day Battle of Crete ဆု ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ အမေရိကန်နိုင်ငံရေးအတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို ကိုယ်တိုင် မတက်ရောက်လာနိုင်တဲ့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် ကတော့ ဗွီဒီယိုနဲ့ အမှာစကားပေးပို့ပါတယ်။ Oxi Day Battle of Crete ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုယ်ကျိုးထက် အများလွတ်မြောက်မှုကို ဦးစားပေးသူ လူ့ဂုဏ်သိက္ခာတရားအတွက် တိုက်ပွဲဝင်နေသူဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်စနစ်နဲ့ဖိနှိပ်မှုကို တွန်းလှန်တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ သူမဟာ သူရဲ့တကိုယ်ရည် လွတ်လပ်မှုကို စွန့်လွှတ်ပြီး နေအိမ်အကျယ်ချုပ်ခံ ဆက်ပြီးတိုက်ပွဲဝင်ခဲ့သူပါ။ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီရေးနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တာဟာ၊ လူ့ဂုဏ်သိက္ခာတရား လူ့ရပ်တည်မှုအတွက် တိုက်ပွဲဝင်တာလို့ ပြောခဲ့ပါတယ်။”

အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အောက်လွှတ်တော် အမျိုးသမီးအမတ် Ileana Ros Lehtinen ကလည်း ချုပ်ချယ်ကန့်သတ်မှုတွေကြားက မိမိအမြင်အယူဆကို ရဲရဲဝံ့ဝံ့ ပြောဆို တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိကို ချီးကျူးသွားပါတယ်။

“Oxi Day Battle of Crete ဆု ချီးမြင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ဂုဏ်ပြုပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ မြန်မာစစ်အစိုးရရဲ့ ခြိမ်းခြောက် နှောက်ယှက်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ အစဉ်တစိုက် ခံနေရပေမဲ့ နှစ်၂၀ ကျော်ကြာအောင် သူဟာ သူရဲ့တိုင်းပြည်ပေါ်မှာ စိတ်အားရဲရင့်မှု သတ္တိခွန်အားတွေ ရှိနေခဲ့တာပါ။ ဒီလောက်ချုပ်ချယ်ကန့်သတ်မှုတွေ ကြားကနေ ပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အယူအဆနဲ့ သူ့ရဲ့ သတ္တိပြောင်မြောက်မှုတွေကို ဦးညွှတ် ဂုဏ်ပြုမိပါတယ်။”

အခမ်းအနားကို ကိုယ်တိုင်တတ်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီအရေး အစဉ်ထောက်ခံအားပေးလာခဲ့သူ အောက်လွှတ်တော်အမတ် Joseph Crowley က ၁၉၈၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံရေးဖြတ်သန်းလာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍတွေကို တတ်ရောက်လာသူတွေကို အချိန်အတော်ကြာ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလိုစွန့်လွှတ်ဆောင်ရွက်မှုတွေကြောင့်လည်း အမေရိကန် အထက်လွှတ်တော်ရော အောက်လွှတ်တော်အမတ်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုနဲ့ ဂုဏ်ပြုခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ချီးကျူးမှတ်သားလောက်စရာကောင်းတဲ့ အမျိုးသမီးပါ။ သူ့တိုင်းပြည်လွတ်မြောက်ရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာ အောက်လွှတ်တော်ရော အထက်လွှတ်တော် အမတ်တွေကပါ တညီတညွတ်တည်း အမေရိကန်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း အခုလိုပဲ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်တွေဟာ ကွန်ဂရက်အဆောက်အဦးကြီးထဲမှာ သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အခုပေးတဲ့ Oxi Day Battle of Crete ဆုဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီတွေအတွက် အတော်လေး ထိခိုက်သွားစေတဲ့ ဂရိနိုင်ငံ Crete တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းတွေကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ လွတ်မြောက်မှုနဲ့ ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတွေကို ပေးဖို့ရည်ရွယ်တာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တာဖြစ်ပါတယ်။
(VOA)

0 ခောတ်သစ် ဆောင်ပုဒ် (သို့) ရွှေအိုးပေးမှ ပညာရ။


နအဖရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိင်ငံတော်အခြေခံမူများတွင် ဥပဒေပုဒ်မ၂၈ ပုဒ်ခွဲ(ဂ)အရ နိင်ငံတော်သည်-
(ဂ)အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ်ဖော်ဆောင်မည် ဟုဆိုခဲ့သလို အစိုးရမှ ယခု စာသင်နှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာမူလတန်း ကျောင်းများ ၌ အခမဲ့ ကျောင်းအပ်နိင်ကြောင်း ကြေငြာထားသော ဆိုင်းဘုတ်များအား အခြေခံပညာမူလတန်း ကျောင်းများ အားလုံးလိုလိုတွင် တွေ့မြင် ခဲ့ကြရပါသည်။ထိုသို့ စိတ်ချမ်းမြေ့ ဖွယ်ရာ ပညာသင်ကြားမှုအခြေအနေ ပြောင်းလဲလာမှုအား ၀မ်းသာ မဆုံးခင်ပင် အချို့သော ကျောင်းများမှ ကျောင်းအပ်ခမယူသော်လည်း ဘိလပ်မြေ ဘယ်နှစ်အိတ် အလှူခံ ကြောင်း ဘိလပ်မြေအိတ်ဖိုး ဘယ်၍ဘယ်မျှ ကျကြောင်း နောက်ဆက်တွဲ သတင်းတွေ ကြားရပြန်တော့ဥပဒေကိုမသိတာလား၊ဥပဒေအသိမရှိတာလားလို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

သတင်းစာဖိုး
Report-card
စာမေးပွဲဖြေသောစာအုပ်
မေးခွန်း
သန့်ရှင်းရေး များအတွက်ပိုက်ဆံ ၁၀၀၀၀/ိတစ်သောင်းကျပ်တိတိယူလာပါရန်အသိပေးအပ်ပါသည်။

အထက်ဖော်ပြပါပုံမှာ 25.5.2011(တနင်္လာနေ့)တွင် အ.မ.က(၁)ဗဟန်း အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝင်းယဉ်၏ ညွှန်ကြားချက်ဖြင့် အခြေခံပညာမူလတန်း အ.မ.က(၁)ဗဟန်းမှ ဒုတိယတန်းစာသင်ခန်းများတွင် ဆရာ/ဆရာမများက စာသင်ဘုတ်ပေါ်တွင် ရေးသားပေးသည်ကို ကျောင်းသူ/ ကျောင်းသား များမှ မိဘများအားပြန်လည်ပြသရန်ကူးယူရေးသားလာခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ပါက်သက်၍ အ.မ.က(၁)ဗဟန်းကျောင်းမှ ဒုတိယတန်း ကျောင်းသူ / ကျောင်းသားများ၏မိဘအချို့မှာအလွန်ပင်အကျပ်ရိုက်နေကြရပါသည်။

“ကျွန်တော်က ဒီကျောင်းမှာ ကျောင်းသားသုံးယောက်ရှိတာ…..စီးပွားရေးကလဲ သိပ်မကောင်းဆိုတော့…ဘယ်လိုလုပ်ရမှန်းမသိပါဘူးဗျာ…”ဆိုတဲ့ကျောင်းသားဖခင် တစ်ဦးရဲ့စကားသံမှ မဆုံးသေးခင်မှာ………ကျောင်းသူတစ်ဦးရဲ့မိခင်နဲ့ဖခင်ကတော့“မပေးနိင်ဘူးဗျာ……..ဘယ်……အနုကြမ်းစီးခံနေရသလိုပဲ….အခမဲ့ပညာရေးလဲဆိုသေး ကျောင်းအပ်တုန်းကလဲ စေတနာရှိသလောက်လှူပါဆိုပြီး ၅၀၀၀ထက်နည်းရင် မျက်နှာတွေကပျက်နေလို့ ၅၀၀၀ကျပ် ထည့်ခဲ့ရတယ်။တက်နိင်တဲ့သူတွေက တော့ငွေ(၄/၅)သောင်းကနေ သိန်းကဏန်းထိ ထည့်သွားကြ တာပေါ့ဗျာ။ ရှင့်ကိုမပြောဖြစ်တာ။၎.၇.၂၀၁၁တုန်းကလဲ ဗလာစာအုပ်နဲ့ခဲတံဖိုးဆို ၃၀၀၀ကျပ် တောင်းလို့ ပေးလိုက်ရ သေးတယ်။နောက်တစ်ခါလဲပေးရသေး တယ်ဗျ။ ဘာဖိုးလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။အခုတစ်ခါ………………… ငွေတစ်သောင်းတဲ့ဗျာ။ ဒုတိယတန်းကျောင်းသူ/ကျောင်းသားတွေ ချည်းပဲ ကောက်တယ် ထား။ဒါလဲ ကျန် ကျောင်းသားတွေ လွတ်မယ်မထင်နဲ့နော်။အခု လောလောဆယ် ပြောတာ။ နှစ်တန်းကျောင်းသူ/ကျောင်းသားအခန်းချည်းကို (၅)ခန်း ရှိတယ်။ တစ်ခန်းကို ကျောင်းသူ/ကျောင်းသား၆၀အနည်းဆုံးရှိတယ်။(၅)ခန်းဆို တော့ ကျောင်းသား (၃၀၀) ပဲထား တစ်ယောက် တစ်သောင်းဆိုတော့ အယောက်(၃၀၀) ငွေသိန်း (၃၀)ဆယ် ဘယ် နေရာမှာ ဒီလောက်ကုန်မှာမို့လဲ။စာလေး ရေးပေးလိုက်တာ ဆရာမ တွေအတွက် တော့ ဘယ်ခက်မလဲ ဆော့ပင်လေးကိုင် ၀ှုက်ဘုတ်ပေါ်မှာ ရေး… ဒါပဲလေ… အဲ……အဲဒီငွေတော့ရဖို့ကတော့ ဒီမောင်တွေ ဒီမိတွေကတော့ ကုန်းတော့ ရုံးတော့ပဲဗျာ…မကျေနပ်ဘူးဗျာ…ကျုပ်အဖေကတော့ပေးကိုမပေးနဲ့ပြောတာဗျ။” အသံတွေနဲ့ဝေးရာထွက်သွားဖို့ဆုံးဖြတ်ပြီးထွက်လာစဉ်မှာပဲနားထဲကိုနှုတ်ဆက် ကြားလိုက်ရတဲ့ မိဘတစ်ဦးရဲ့စကားသံကတော့………..
“အင်း…ဖေကြီးရေ…တော်မှာလဲရှာလိုက်ရတာ ကျုပ်လဲထိန်းသိမ်းတာပါပဲတော် …

ကလေးပညာရေးဆိုတော့လဲအမေ့ဆေးဖိုးထဲကပဲလောလောဆယ်ထည့်သုံးရတော့မှာ ပါပဲရှင်…ပညာရွေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးသာ ကြားဖူးခဲ့တာ အခုသမီးတို့ ခောတ်ရောက်မှပဲ ရွှေအိုးပေးမှ ပညာရ လို့တောင်ပြောင်းရမလိုဖြစ်နေပါပြီတော်…”
ရယ်လိုက်ရမှလား ငိုရတော့မှာလား မသိအောင် မိဘတွေရဲ့ ညည်းတွားသံတွေကြား အပြုံးစတစ်ခုနဲ့ဆက်တွေးမိတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိင်ငံတော်အခြေခံမူများတွင်ဥပဒေပုဒ်မ ၂၈အရနိင်ငံတော်သည်-
(ဂ)အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်မည် ဆိုတာ ကျောင်းအပ်ခကိုပဲ အခမဲ့ ဖြစ်စေမှာလား ကျောင်းသင်ယူထောက်ကူပစ္စည်းတွေနဲ့ သတင်းစာဖိုးဆိုတာတွေ၊Report cardဖိုးတွေ၊စာမေးပွဲဖြေသောစာအုပ်ဖိုးတွေ၊ မေးခွန်း ဖိုးတွေ၊သန့်ရှင်းရေးဖိုးဆိုတာတွေရောမပါဘူးလား။
ပညာရေးဖြင့် ခောတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိင်ငံတော်သစ်ကြီးကို တည်ဆောက်မဲ့ နိင်ငံတော်သစ်မှာ ဆရာ မိဘတွေအပြန်အလှန် နားလည်ချစ်ခင် ယုံကြည်မှုတွေရှိဖို့ခုချိန်ခါမှာမှ မကြိုးစားနိင်ဘူး ဆိုရင်တော့ဖြင့် ပညာရွှေအိုး လူမခိုး…..ဆိုတဲ့ ဆိုရိုးကို ရွှေအိုးပေးမှပညာရ…..လို့သာ ပြောင်းရတော့မလိုဖြစ်နေပါကြောင်း ရေးသား တင်ပြအပ်ပါသည်။
သတင်းစာဖိုးအဖြစ်သတ်မှတ်ပေးထားသောစာရွက်(စုစုပေါင်းလေးရွက်)

ဝလုံး

0 ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို yangonchronicle ဘာသာပြန်သည်)

အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါတက္ကသိုလ်မှ နှစ်ပတ်လည် Wallenberg ဆုတံဆိပ် ချီးမြှင့်ခြင်းကို ခံရသည်။ အဆိုပါ ဆုတံဆိပ်မှာ ယင်းတက္ကသိုလ်ကျောင်းသားဟောင်း ဆွီဒင်သံတမန် Raoul Wallenberg သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးထောင်ပေါင်းများစွာကို ကယ်တင် ခဲ့ခြင်း အထိမ်းအမှတ် သတ်မှတ်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းအား ပိတ်ပင်ခံထားရခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်မပြုမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်း မပြုပေ။ ထို့ကြောင့် သူမသည် ပရိတ်သတ်အား အင်တာနက်မှတဆင့် တိုက်ရိုက် စကားပြောသည်။

“ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။ ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” ဟု ပရိတ်သတ်၏ မေးခွန်းများကို တိုက်ရိုက် ဖြေကြားခြင်းမပြုမီ၊ ကြိုတင်သွင်းယူထားသော မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။ “ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

“မတရားမှုကို စိန်ခေါ်ဖို့ သိပ်ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝတွေ ဆိုးဝါးစေတဲ့ လူမှုရေးနဲ့ စီးပွားရေးမှားယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ပြောရဲလိမ့်မယ် မထင်ပါဘူး” ဟု သူမက ဆိုသည်။

ယခုနှစ်အထိ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသော မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အခြား တိုင်းပြည် များက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများ ချမှတ်ထားခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေ ၅၄ သန်းရှိသော နိုင်ငံ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် မတ်လက အာဏာရလာပြီးနောက် မကြာသေးမီက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း အပါ အဝင် နိုင်ငံတကာ အရေးယူမှုများ ဖြေလျော့စေမည့် မူဝါဒများ ချမှတ်ခဲ့သည်။

အသက် ၆၆ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က ထူးထူးခြားခြား မခံစားရကြောင်း အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်မှ အမြဲတမ်း လွတ်မြောက်နေခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ သူမ၏ လွတ်မြောက်ခြင်းဆိုသည်မှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်အောင် အလုပ် လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူမက ပြောသည်။

“ကျွန်မတို့ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေမှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးကို အလေးအနက်ထား ပြောရတာကတော့ တခြားလွတ်မြောက်ခြင်း တွေ အတွက် တံခါးဖွင့်နိုင်မယ်၊ ဒါကို အဓိကသော့ချက်(master key) အဖြစ် မြင်လို့ပါပဲ” ဟု သူမက ဖြည့်စွက်ပြောသည်။

တိုက်ဆိုင်စွာပင် အမေရိကန်ပြည်ထောင်စုမှ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး အင်္ဂါနေ့က ခရီးစဉ် ပြီးဆုံးချိန်တွင် မည်သည့် အသေးစိတ်မျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဒဲရက်မစ်ချယ် (Derek Mitchell) ၏ ခရီးစဉ်ပြီး၍ ပြန်လည် ထွက်ခွာသွားသော်လည်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု ကိစ္စများ ပါဝင် နိုင်သည်ဟု ခန့်မှန်းမှုများသာ ရှိသည်။

တက္ကသိုလ်၏ Rackham ခန်းမတွင် ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် မည်သူကမျှ ဒေါ်အောင်ဆန်းစုကြည်အား မစ်ချယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း မရှိပေ။ Skype မှ တဆင့် သူမက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက်ခြင်းနှင့် အကြမ်းမဖက်သော တော်လှန်ရေးများ အကြောင်း၊ သူမ၏ စံပြပုဂ္ဂိုလ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများ ပါဝင်ခဲ့ သည်။

“အမေရိကန်မှာရော ဖိနှိပ်ခံရတဲ့သူတွေ မရှိတော့ဘူးလား၊ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ရုန်းထွက်ခဲ့ရတာပါ” ဟု သူမက ကြေညာသည်။ “စစ်မှန် တဲ့ ငြိမ်းချမ်းရေးမရှိပဲ၊ ဒီမိုကရေစီ မရနိုင်ဘူး” ဟု သူမက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီမရမှီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည်ဟု သူမက ပြောသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ၏ အစိတ်အပိုင်းအချို့သည် ဒီမိုကရေစီစံများနှင့် ညီညွတ်မှု မရှိခြင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူမက ဆိုသည်။

မီချီဂန်တက္ကသိုလ်သည် ၁၉၉၀ ခုနှစ်မှစ၍ Wallenberg တံဆိပ်ကို စတင် ချီးမြှင့်ခဲ့သည်။ နိုဘယ်လ်ဆုရှင်နှင့် ဒုတိယကမ္ဘာစစ်အကျဉ်းစခန်းမှ အသက်ရှင်ကျန်သူ Elie Wiesel က ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဆုကို ကိုယ်တိုင်တက်ရောက် မယူသူ ပထမဆုံး ဂုဏ်ပြုခံ ပုဂ္ဂိုလ်ဖြစ်သည်။

yangonchronicle

0 လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival)

လွတ်လပ်ခြင်းသည် လူသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးဖြစ်သည်။ လူသားဖြစ်ခြင်း၏ အရည်အသွေးကို တိုင်းတာမည်ဆိုလျှင် လွတ်လပ်စွာ ရေးသား ပြောဆို ထုတ်ဖေါ်ခွင့်သည် အခြေခံအကျဆုံး မှတ်ကျောက်တစ်ခုဖြစ်လိမ့်မည်။

“လွတ်လပ်ခြင်းအနုပညာ” ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် ...မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရ နှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။
ရိုက်ကူးသူတစ်ဦးချင်း၏ လွတ်လပ်ခြင်းအနှစ်သာရအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်သွားမည်ဖြစ်သည်။ အရွေးချယ်ခံရသော ရုပ်ရှင်ကားများကို ရုပ်ရှင်ပွဲတော်ကျင်းပသည့် ကာလအတွင်း ပြသသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ရုပ်ရှင်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်

ရည်ရွယ်ချက် ၁။ ။ လူတစ်ဦးတစ်ယောက်၏မွေးရာပါလွတ်လပ်ခြင်းကို အခြေခံ၍ ဖန်တီးထားသည့် အနူပညာကို ရုပ်ရှင်မှတစ်ဆင့် ဖေါ်ထုတ်ပြသရန်၊
ရည်ရွယ်ချက် ၂။ ။ လွတ်လပ်ခြင်း၏ အနှစ်သာရအပေါ် တစ်ဦးချင်းဖွင့်ဆိုမှုကို ရုပ်ရှင်မှတစ်ဆင့် ခံစားကြည့်ရှုနိုင်ရန်၊
ရည်ရွယ်ချက် ၃။ ။ တစ်ဦးချင်းတစ်ဖွဲ့ချင်း လွတ်လပ်စွာရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏အနှစ်သာရ နှင့် အတွေးအခေါ်အယူအဆများ ပြန့်နှံ့စေရန်၊
ရုပ်ရှင်ပွဲတော်အကြောင်းအရာ ။ ။ လွတ်လပ်ခြင်း (Freedom)
ရုပ်ရှင်အမျိုးအစား ။ ။ Documentary Film နှင့် Short Film
ပြသရန်ကြာမြင့်ချိန် ။ ။ တစ်မိနစ်မှတစ်နာရီ
ကျင်းပမည့်နေ့ ။ ။ ၁-၄ ဇန်န၀ါရီ ၂၀၁၂
ကျင်းပမည့်နေရာ ။ ။ ---------------------
အမှုဆောင်အဖွဲ့ ။ ။ (၁) ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ
(၂) ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဆုအမျိုးအစားများ ။ ။ (၁) အကောင်းဆုံး Documentary Film
(၂) အကောင်းဆုံး Short Film
(မှတ်ချက်။ ။ပြိုင်ပွဲဝင်ရုပ်ရှင်အရေအတွက်အပေါ်မူတည်၍ ဒုတိယ နှင့် တတိယဆုများ ကိုလည်း ချီးမြှင့် သွားပါမည်။)
ဆုချီးမြှင့်ပွဲအခမ်းအနား ။ ။ လွတ်လပ်ရေးနေ့ (၄-ဇန်န၀ါရီ-၂၀၁၂)
ပေးအပ်မည့်ဆု ။ ။ ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေကြေး
(မှတ်ချက်။ ။ ဆုများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှင့်မည်ဖြစ်ပါသည်။)
အကဲဖြတ်အဖွဲ့ဝင်များ ။ ။ (၁) ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ
(၂) ဒါရိုက်တာ မင်းထင်ကိုကိုကြီး
နောက်ဆက်တွဲအစီအစဉ်များ
အနူပညာအလုပ်ရုံဆွေးနွေးပွဲ ။ ။ ၂၉-ဇန်န၀ါရီ-၂၀၁၂ တွင် ပြိုင်ပွဲဝင် ရုပ်ရှင်ဖန်တီးသူများနှင့် အမေရိကန်နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားပါမည်။
အခွင့်အလမ်း ။ ။ ဆုရရုပ်ရှင်များကို သင့်လျော်သည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ဆက်သွယ်ပေးပို့သွားပါမည်။

အမှုဆောင်အဖွဲ့ဝင် (၁) အမှုဆောင်အဖွဲ့ဝင် (၂)
မောင်သူရ (ခေါ်) ဇာဂနာ မင်းထင်ကိုကိုကြီး

Prepared by Min Htin Ko Ko Gyi

ဇာဂနာ Facebook

Friday, October 28, 2011

0 လျှော့ရက်ခံစားခွင့်ပေးရေး အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှု (Update)

0 ကြော့ကွင်းထောင် သတ်ကွင်းလုပ်ဖို့  ဥပဒေဖြစ်နေသော်လည်း-
ဆောင်းပါးရှင်- ခိုင်အောင်ကျော် ( နယူးယောက် )


နိုင်ငံတ၀ှမ်း ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ကြရန် လွှတ်တော်အတွင်း ဥပဒေရေးဆွဲ စည်းဝေးနေကြပြီ ။ ဆိုတော့ ဖြစ်လာနိုင်ခြေ ရှိသည်များကို တွက်ချက်ထားနေသည်ကိုလည်း တွေ့ ရသည်။ ရဟန်းင်္သဃာတော်တွေကိုလည်း တားမြစ်ပိတ်ပင်တာတွေ တွေ့ ရသည်။ မည်သို့ ပင်ဆိုစေ ငြိမ်းချမ်းစွာ ဆန္ဒပြကြရန်အတွက် လွှတ်တော်အတွင်း ဆွေးနွေးခြင်းမှာ ကောင်းပါသည်လို့  ပြောရတော့မည် ။ သည်တော့ ကျွန်တော်တို့ က နိုင်ငံတကာ အတွေ့ အကြုံတွေကို ဖေါက်သည်ချပေးရန်လိုသည်။

ယခုဆွေးနွေးနေသူများမှာ ဆန္ဒကြောင့် ဆွေးနွေးနေခြင်းများဖြစ်၍ နိုင်ငံတကာ အတွေ့ အကြုံရှိသူများ မဟုတ်ကြ ။ တခုတော့ ရှိသည် ။ စစ်အစိုးရ၏ ရုပ်သေးအစိုးရထဲမှာ သမတဦးသိန်းစိန် အပါအ၀င် မောင်မင်းကြီးသား ၀န်ကြီးတွေမှာ နိုင်ငံတကာရောက် ဒီမိုကရေစီအတိုက်အခံများ၏ ဆန္ဒပြခြင်းများကို ရေရေလည်လည် နားလည်သည်။ သူတို့ မှာ မျက်ဝါးထင်ထင် ခံစားခဲ့ ကြပြီးပြီ ။ အရသာခံစား ခဲ့ ကြပြီးပြီ ။ သို့ သော် ကျွန်တော်ပြောချင်သည်မှာ အဓိက ဆန္ဒပြခဲ့ ကြသူများနှင့် နိုင်ငံတကာ အစိုးရများ၏ ဆောင်ရွက်ချားများကို ပြောချင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြမည်ဆိုပါက နယူးဒေလ်ီမြို့ လယ် ပါလီမန်အဆောက်အဦး နားမှာ လူစုလူဝေး စီတန်းလှည့်လည် ဆန္ဒပြခွင့်ရှိသည်။ ထိုင်သပိတ်ပြုလုပ်ခွင့် ရှိသည်။ မဏ္ဍပ်ထိုး၍ ညအိပ်ညနေ ဆန္ဒပြခွင့် ရှိသည်။ အစာငတ်ခံ ဆန္ဒပြခွင့် ရှိသည်။ အကယ်၍ အစာငတ်ခံ ဆန္ဒပြလျှင်ဖြင့် အစိုးရမှ ဆရာဝန်များကို စီစဉ်ပေးထားရသည် ။ လမ်းမပေါ်တွင် စီတန်းပြီး မိုင်ရှည်လမ်းလျှောက်သွားပြီးမှ မြို့ လယ် ဆန္ဒပြရန် ခွင့်ြ့ပုထားသောနေရာသို့  ပိုစတာထောင်ပြီး သွားခွင့်မပြုချေ ။ ပိုစတာမထောင်ဘဲမူ သွားရသည် ။

အသံချဲ့ စက်သုံးပြီး ဆိုင်းဘုတ်ထောင် ပိုစတာထောင်က ဆန္ဒပြခွင့်ကို ရဲတွင် ပါမစ်ခွင့်ပြုချက် ယူရသည်။ တပါတ်ကြိုတင်ပါမစ် တောင်းရခြင်းမျိုး ရှိတတ်သည်။ များသောအားဖြင့် အရေးပေါ်ဆန္ဒပြပွဲ ကြုံလာလျှင် ရဲထံတွင် လျှောက်လွှာများဖေါင်ဖြည့်ပြီး ပါမစ် ယူလိုက်ရုံဘဲ ရှိသည်။ မည်သူက တာဝန်ခံဆိုသည်ကိုမူ လက်မှတ်ထိုးပြီး ရေးထားခဲ့ ရုံဘဲ ဖြစ်သည်။ မည်သူက မည်သို့  ဟောမည် သို့ မဟုတ် မည်သူက မည်သည့်အကြောင်းအရာကို ဟောမည်ကို မည်သို့ မျှ ရေးစရာမလို ၊ သံတော်ဦးတင်စရာမလို ။ အဓိကမှာဆန္ဒပြခွင့်ကို ပါမစ် လျှောက်ထားခြင်းဖြစ်သည်။ အကြမ်းဖက်ခြင်း အဓိကရုဏ်းဖြစ်ခြင်းမျိုး မဟုတ်ဘဲ ဆန္ဒပြခြင်းကို မည်သည့်အစိုးရကမျှ မလိုက်လျှောစရာမလို ။ ကြောက်ရွံ့စရာမလို ။ ဒီမိုကရေစီနိုင်ငံများတွင် အတိုက်အခံပါတီနှင့် အစိုးရဆိုသည်မှာ ထာဝစဉ်ရှိသည်။ လွှတ်တော်အတွင်း ညီလာခံ၌ ပြောဆိုကြသလို့  ပြည့်သူ့ လွှတ်တော်ကိုယ်စားလှယ်များသည်လည်း ဆန္ဒပြရန် လမ်းပေါ်ထွက်လာကြတတ်သည်။ အစိုးရမှ စီစဉ်ခွင့်ပြုထားသော နေရာတွင် ဆန္ဒပြခွင့်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရှိ ဂျန်တားမန်တာ ပန်းခြံရှေ့ရှိ လမ်းမပေါ်တွင် ပြခွင့် ပြုထားသည် ။ လမ်းမကြီးတလျောက်ရှိ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြသူများမှာ နေ့ ရောညပါ ရှိသည်။ ညအိပ်ညနေ ပြနေသူများရှိသည်။

ဆန္ဒပြသူများမှာ သမတကိုကော ၀န်ကြီးချုပ်ကိုကော သက်ဆိုင်ရာကြေညာချက်များကို ပေးနိုင်သည်။ ယင်းကြေညာချက်များကို ပို့ ပေးနိုင်အောင် ရဲများက ကားနှင့် လိုက်ပို့ ပေးသည် ။ ဆန္ဒပြသူများက မည်သူမဆို ရဲကားနှင့်လိုက်ပါပြီး မိမိတို့ ပေးချင်သော သမတ ၊ ၀န်ကြီးချုပ်ရုံးတွင် စာလက်ခံဌါန၌ ပေးပြီးမှ ဆန္ဒပြနေသည့် နေရာကို ပြန်လာရသည်။ မြန်မာနိုင်ငံအစိုးရကို ဆန္ဒပြလျှင် ကြေညာချာကို မြန်မာသံရုံးထိ သွားနိုင်အောင် ရဲကားများမှ လိုက်လံပို့ ပေးရသည်။ တရုပ်နိုင်ငံကို ဆန္ဒပြလျှင် တရုပ်သံရုံးသို့  ရဲကားမှ လိုက်ပို့ ရသည်။ ရဲကားများမှာ လုံခြုံရေးအတွက် လိုက်ပါပို့ ဆောင်ပေးခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့ တွင် ဆန္ဒပြမည်ဆိုပါက တပါတ်ခန့်  ခွင့်ပြုချက်ပါမစ် ယူရသည်။ အင်တာနတ်ဖြင့် အီးမေးလ်ပို့ ကာ လျှောက်လွှာတင်လိုက်က ရသည်။ ပါမစ်ခ-၂၀ -ဒေါ်လာ ပေးရသည် ။ ယင်းကဲ့ သို့  အင်တာနတ်ဖြင့် လျှောက်သည့် ပါမစ်မှာ ဆိုင်းဘုတ်ထောင် ၊ ပိုစတာထောင်နှင့်
အသံချဲ့  စက် မိုက်ဖြင့် ဆန္ဒပြမည်ဆိုလျှင် ပေးရခြင်းဖြစ်သည် ။ အသံချဲ့ စက်မိုက်မပါဘဲ သံရုံးရှေ့သွားကာ ဆန္ဒပြမည်ဆိုလျှင် တပြားမှ ပေးစရာမလို ။ ကြေညာချက်တွေကို မြန်မာသံရုံးမှာ ပေးစရာမလို ။ အင်တာဗျူးတွေမှာ အင်တာနတ်တွေမှာ ပါရှိသားဖြစ်နေ၍ မြန်မာစစ်အစိုးရမှာ သိရှိပြီးသား။
ဆန္ဒပြနေသည်ဆိုရာမှာ သက်ဆိုင်ရာအကြောင်းများကို ဆောင်ရွက်စေလို၍ဖြစ်သည်။ ထို့ ကြောင့်ယင်းအစိုးရများမှာ သူတို့ နှင့် သက်ဆိုင်ရာဝန်ကြီးဋ္ဌါနများက ဆက်လက်ပြီး ဆောင်ရွက်ကြတတ်ရသည်။ ရေဒီိယိုများမှလည်း ဆောင်ရွက်မှု ပြီးစီးမှု ရှိမရှိ အသံလွှင့်နေတတ်သည်။ သတင်းစာများမှလည်း ဖေါ်ပြနေတတ်သည်။ မဆောင်ရွက်ပေးသမျှ ဆန္ဒပြနေတတ်သည်။ ဆန္ဒပြရန်အတွက် ပါမစ်တင်ပြီး စောင့်နေရမည့် အချိန်များကို မည်သူမျှ မစောင့်စားချင် ။ ထို့ ကြောင့် အရေးပေါ်ဆန္ဒပြကြမည်ဆိုလျင် ဆန္ဒပြခွင့် ပြုထားသောနေရာကိုသာ သွားစရာဘဲ ရှိကြသည် ။ ဆန္ဒပြနေသည်ဆိုရာမှာ အချိန်ကာလနှင့် အထူးတိုက်ဆိုင်သည်။ နိုင်ငံရေးပြသနာများကို မြန်မြန်ထက်ထက် လုပ်စရာများကို လုပ်ရသည့်အခါလည်း ရှိသည် ။ အချိန်ယူပြီး လုပ်ရသည့်အခါလည်း ရှိလည်း ရှိသည် ။ ထို့ ကြောင့် ဆန္ဒပြသောသူများအား အဆင်ပြေစေရန် သက်ဆိုင်ရာ ဒီမိုကရေစီနိုင်ငံများတွင် နေရာ ဒေသများကို ခွင့်ပြုချက်များရှိသည် ။ မည်သည့်နေရာတွင် လွပ်လွပ်စွာ ဆန္ဒပြခွင့် ထုတ်ဖေါ်ခွင့် ရှိသည်ဟု တရားဝင်ကြေညာထားလိုက်လျှင် ပြီးသွားသည့် ကိစ္စဖြစ်သည် ။ အဓိကမှာ ဒီမိုကရေစီအခွင့်အရေးများဖြစ်သည့် လွပ်လွပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ကို တကယ်တမ်းပေးမည်ဆိုသော အစိုးရနှင့်သာ စကားပြောစရာ ရှိသည်။
သမတဦးသိန်းစိန်အစိုးရအား ဆန္ဒပြလာမည်ကို စိုးရိမ်၍ ဟိုဟာမလုပ်ရ ၊ ဒီဟာ မပြောရ ၊ ပြောသူ့ သူများအား အစကပင် ကြိုတင် နာမည်စာရင်းပေးရမည် ဆိုသည်မှာ ရီစရာဖြစ်သည် ။ ဆန္ဒပြရာ၌ ခေါင်းဆောင်မည့်သူများကို အလွယ်တကူ ဖမ်းဆီးနိုင်အောင် နာမည်စာရင်းတွေ ပေးထားရမည်ဟု ခြိမ်းခြောက်နေခြင်းမှာ အဓိပ္ပါယ်မရှိ ။ ပြည်သူ့  အသံနားထောင်လိုသည်ဟု ဆိုသော သူများမှာ ပြည်သူများ၏ အသံကို နားစွင့်ရန်အတွက် ပြည်သူလူထု စုဝေးနေရာများကို ဖန်တီးပေးရန်သာရှိသည် ။ ဗဟိုသင်္ဃ့ာနာယက မှ မှားယွင်းနေခြင်းကို တွေ့ လျှင် တိုင်းနှင့်ပြည်နယ် မြို့ နယ်များမှ သင်္ဃာ့နာယကများမှ မှားယွင်းနေခြင်းကို တွေ့ နေကြလျှင် ရဟန်းတု သင်္ဃာတော်တုများကို တွေ့ လျှင် ရဟန်းသင်္ဃာများက ဆန္ဒအသီးသီးကို ထုတ်ဖေါ်ရန်လိုသည်။ သည်တော့ ရဟန်းသင်္ဃာတော်တွေကို မည်သည့်နေရာများမှာ စုရပ်အဖြစ် ထားပေးရမည်နည်း ။ ရဟန်းပျိုများမို့  ဆန္ဒမပြရဟုဆိုလျင် ဆန္ဒမပြရအောင် မိမိတို့ ကဘဲ ပြည်သူပြည်သားတို့ ၏ ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးရန်သာလိုသည် ။ နအဖစစ်အစိုးရ၏ -၂၀၀ရ- ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ယင်းသို့  ရဟန်းပျိုများအတွက် သီးသန့် နေရာ မရှိခဲ့ ၍ ဖြစ်ပေါ်လာခဲ့ သည်ဟု နားလည်သဘောပေါက်ထားရန်လိုသည်။ ကျင်းပနေဆဲ ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်-၆၆၄- ဦးရှိရာမှ -၃၃၃-ယောက်သော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံမှ ဥပဒေပြဒန်းမည်ဟု ဆိုသည်။ အမျိုးသားလွှတ်တော်မှာမူ လွှတ်တော်ကိုယ်စားလှယ်-၄၄၀- ဦး ရှိရာ -၂၂၄- ဦးသော လွှတ်တော်ကိုယစားလှယ်က ထောက်ခံအတည်ပြုမှ ဥပဒေဖြစ်မည်ဟု ဆိုသည်။ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖေါ်ခွင့်အတွက် ဥပဒေကို ပြင်ဆင် ဆွေးနွေးနေကြသောလွှတ်တော်ကိုယ်စားလှယ်များမျာ ယခုဥပဒေကို သေသေချာချာ တိကျစွာ ဆောင်ရွက်ပေးကြရမည် ။ ဥပဒေလည်းဖြစ်လာမည်ဟု ယူဆသည်။ ဤဥပဒေဖြစ်လာသောအခါ နောက်ကြောင်းပြန်ဖြစ်နေသော ဤဥပဒေ၏ ပြသနာများကိုမူ ချွင်းချက်မရှိ ဥပဒေဖြင့် ချက်ချင်း ဆောင်ရွက်ရမည်ဖြစ်သည် ။ ယင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့် ရှိလာသော သမတဦးသိန်းစိန်၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ နိုင်ငံရေးအကျဉ်းသားများသည် ဤဥပဒေကို အတည်ပြုပြီးသည်နှင့် အကျိုးခံစားခွင့်ကို ရရှိသွားပြီဖြစ်သည်။ အကြောင်းမှာ -၈၈- မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်- ကိုကိုကြီး တို့  နှင့် ကုန်ဈေးနှုံးကျဆင်းရေး ကော်မီတီ - ကိုကျော်ထင်တို့ မှာ ဤဥပဒေ၏ သားကောင်များအဖြစ်မှ ကင်းလွတ်သွားပြီဖြစ်သည်။ တခါက ဥပဒေမျိုးမရှိခဲ့ ၍ မင်းကိုနိုင်တို့  အုပ်စုမှာ လမ်းပေါ်ထွက် ဆန္ဒပြလမ်းလျောက်ခဲ့ မှူကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ ရခြင်းဖြစ်သည်။

ခုတော့ ဤဥပဒေကို ဤအစိုးရမှ အတည်ပြုလာသောအခါ ယခင်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ထားမှုကို မင်းကိုနိုင်တို့ မှာ လုံးဝမခံစားသင့်ပေ။ သို့ မတူ ပါမစ်မယူဘဲ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်ခြင်း ၊ အဓိကရုဏ်းဖြစ်စေခြင်းဖြင့် ယခုသမတဦးသိန်းစိန်အစိုးရက ထောင်ဒဏ်( ၆၅ ) နှစ်များတောင် ကျခံစေရမည်ဟု ကျင်းပနေဆဲ လွှတ်တော်မှ အတည်ပြုကြပေအုံးမည်လား ။ ကြော့ကွင်းထောင် သတ်ကွင်းလုပ်ဖို့  ဥပဒေကို ရေးဆွဲ နေကြသော်လည်း ယင်းကြော့ကွင်းမှာ ကိုယ်ကိုယ်တိုင်မိနေပြီ ဆိုသည်ကို သမတဦးသိန်းစိန်တို့  နားလည်ရတော့မည်ဖြစ်သည်။ မည်သို့ ပင်ဆိုစေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နိုင်ရန် နေရာဒေသအား သတ်မှတ်ခြင်းများကို အတည်ပြုလိုက်ခြင်းဖြင့်၎င်း၊ ဥပဒေပုဒ်မ သတ်မှတ်လိုက်ခြင်းဖြင့်  ၄င်း ၊ ယင်းဥပဒေကို အတည်ပြုပြီးသည်နှင့် မင်းကိုနိုင်တို့ မှာ လွတ်မြောက်လာရ မည်မှာ သေချာနေပြီဖြစ်သည်ဟု ပြောရတော့မည် ၊ အဘယ့်ကြောင့်ဆိုသော် မင်းကိုနိုင်တို့ မှာ ကျင်းပနေဆဲလွှတ်တော်၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သော ဥပဒေ၏ သားကောင်စစ်စစ်ဖြစ်နေလို့ ဆိုက မှားမည်မထင်။

ခိုင်အောင်ကျော် ( နယူးယောက် )

0 ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လူ(၅၆)ဦးပါဝင်သည့် ဆန္ဒပြပွဲတခုဖြစ်ပွား၊ ၄ ဦးထိန်းသိမ်းခံရ



Photo..Reuters
ထွန်းနေအောင်(မြစ်မခ)

အောက်တိုဘာလ(၂၇)ရက်နေ့ နံနက်ပိုင်း၊ ၉နာရီမိနစ် ၃၀ ကျော်ခန့်အချိန်တွင် ဗိုလ်တထောင်မြို့နယ် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လူ(၅၆)ဦးပါ ၀င်သည့် ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။

အဆိုပါဆန္ဒပြပွဲအား ရှေ့နေရန်နိုင်အောင်(ခ)ဖိုးဖြူမှ ဦးဆောင်၍လူ ၅၆ ဦးပါဝင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် လယ်ယာမြေဥပဒေလ/န(၃၉)အားပြင်ဆင်ရန်ကြန့် ကြာနေ ခြင်းကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။

ဆန္ဒပြချိန်တွင် တာဝန် ကျရဲမှူးနှင့်ဦးဆောင်သူရှေ့နေတို့မှ အပြန်အလှန်အချင်းများခဲ့ကြောင်း၊ ထို့ပြင် လုံထိန်းများမှ ဆန္ဒပြသူများထဲမှ အမျိုးသား လေးဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

Thursday, October 27, 2011

0 သမ္မတဦးသိန်းစိန်အာဏာရယူပြီးနောက်အင်းစိန်ထောင်တွင်း တတိယအကြိမ်မြောက်အစာငတ်ခံဆန္ဒပြမှုဖြစ်ပွား




0 Burma Land of Shadows(ရုပ်/သံ)

0 အင်းစိန်အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှုသတင်းထုတ်ပြန်ချက်

Hunger Strike 15 poiltical prisoners in Insein Prison

0 ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ The Lady ကားကို တရုတ်ပြည်မှာပြခွင့်မပြုဘူးတဲ့


It’s about the life of a woman who championed democracy in Burma. For viewers in China, though, the movie about Nobel Peace Laureate Aung San Suu Kyi may not be showing anytime soon. On popular video sharing sites like this one, pages with previews of the movie, titled “The Lady” have been removed. Some believe it’s because the film centers on democracy—a subject the Chinese regime would rather avoid.

Last Thursday, a blogger by the name of “Koara” said the Chinese regime’s State Administration of Radio Film and Television has banned all news, promos and footage on Aung San Suu Kyi’s film—apparently because the movie contains materials that “violated regulations.” That ban appears to now be in place, with netizens saying they can no longer find trailers for the film on video sharing sites.

“The Lady” stars Malaysian actress Michelle Yoeh, and is directed by Frenchman Luc Besson. It tells the story of how Aung San Suu Kyi pushed for democracy and human rights in Burma through non-violent means, but was placed under lengthy house arrest after leading her party to an election victory in 1990. Suu Kyi won the Nobel Peace Prize in 1991. She was officially freed nearly a year ago.

Shanghai lawyer Li Tiantian believes the Chinese regime is banning the film because Suu Kyi has become a symbol for something it fears.

[Li Tiantian, Shanghai Lawyer]:
“The regime is always scared of these things. They don’t need any particular reason, they’re just scared. More specifically, this is about a person who fought for her country’s democracy, stories like these are feared by the [Chinese] regime.”

The Chinese regime heavily regulates film and media content. In 2010, the 2D version of the movie Avatar was banned because authorities felt the storyline would remind viewers of the violent forced evictions that happen extensively throughout the country.

english.ntdtv.com

Wednesday, October 26, 2011

0 စပါးကြီးမြွေအရေခွံလဲချိန်


အခုတလော လူအတော်များများက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြင်မရှင်းဘဲ ရှိနေကြတယ်။ ကြံ့ဖွတ်အစိုးရအနေနဲ့ ကစားကွက်ကောင်းကောင်းနဲ့ ကစားလိုက်တော့ သံတမန်ရေးအရ သိသိသာသာ အောင်မြင်မှုရသွားတယ်။ အမေရိကန်အစိုးရက သဘောထားပျော့ပျောင်းလာတယ်။ အာဆီယံဥက္ကဋ္ဌနေရာအတွက် ထိုင်းက ကန့်ကွက်စရာမရှိကြောင်း ပြောလာတယ်။ မြန်မာလွှတ်တော်က အာဆီယံလွှတ်တော်အသင်းဝင်ဖြစ်လာတယ်။ ဂျပန်က မြန်မာ့နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံတယ်။ အရင်ပေးဖူးတဲ့အကူအညီ ပြန်ပေးဖို့ စိတ်အားထက်သန်နေပြီ။

ဒါပေမယ့် နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်နေတာကို ပြည်တွင်းပြည်ပအင်အားစုများကလည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံတကာအစိုးရများကလည်း အလေးမထားနိုင်ဘဲ ရှိနေကြတယ်။ လူအခွင့်အရေးလှုပ်ရှားသူအချို့ဆီကပဲ အော်လာကြတာကို တွေ့ရတယ်။ သူတို့အော်လာကြတာကလည်း အစိုးရတပ်တွေက လူသတ်လို့ မုဒိမ်းကျင့်လို့ ပေါ်တာဆွဲလို့ပါ။ ထိုးစစ်အကြောင်းကို အတွန့်တက်တာမဟုတ်ပါ။ ဒါက ဘာကို ပြသလဲဆိုရင် လူတွေက တိုင်းရင်းသားတွေရဲ့အရေးကိစ္စကို နံပါတ်တစ်အနေနဲ့ သဘောမထားလို့ပါပဲ။

နိုင်ငံရေးသမားအတော်များများက ဒီမိုကရေစီရရင် တိုင်းရင်းသားအရေးလည်း ပြီးပြည့်စုံပြီလို့ ယူဆကြတယ်။ ဒီမိုကရေစီအရင်ရအောင် ဘုံရန်သူကို တိုက်ကြရမယ်လို့ အချို့က ဆိုကြတယ်။ တိုင်းရင်းသားတွေက မိမိတို့အမျိုးသားရေးကိုပဲ ဦးစားပေးရင် အင်အားကို ခွဲထုတ်သလို ဖြစ်ပြီး ရန်သူရဲ့ ဖြိုခွင်းခြင်းကို ခံရမယ်လို့လည်း ပြောကြတယ်။ ဒါကတော့ တိုင်းရင်းသားတွေကို အကူတပ်ဖွဲ့လောက်ပဲ သဘောထားပြီး ဒီမိုကရေစီတိုက်ပွဲမှာ တိုင်းရင်းသားတွေက သိပ်ပြီး အားကိုးလို့မရဘူးလို့ မသိစိတ်ထဲမှာ ရှိနေလို့ပါပဲ။

တိုင်းရင်းသားတွေဘက်ကလည်း တိုင်းရင်းသားတွေရဲ့အရေးဟာ ဒီမိုကရေစီရေးမဟုတ်ဘူးလို့ ခံယူထားကြတယ်။ ဒီမိုကရေစီရေးဆိုတာက နိုင်ငံရေးစနစ်တစ်မျိုးပါပဲ။ မြန်မာနိုင်ငံရဲ့စနစ်က ဘာပဲဖြစ်နေဖြစ်နေ လူမျိုးတန်းတူရေးမရှိယင် တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ တိုင်းရင်းသားတွေက ယုံကြည်နေကြတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေအတော်များများကလည်း ဦးနုပါလီမာန်အစိုးရကတည်းက ရှိနေနှင့်တာကို ကြည့်ယင် ဒီအချက်က သိသာသွားတယ်။ နောက်ပြီး တိုင်းရင်းသားတွေက ဒီမိုကရေစီအင်အားစုတွေကိုလည်း ကြံ့ဖွတ်အမည်ခံစစ်အစိုးရလောက် သံသယမရှိပေမဲ့ အနည်းအကျဉ်းတော့ သံသယရှိနေကြမယ်လို့ ယူဆပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီမိုကရေစီအင်အားစုတွေမှာကိုးက အခြေအနေအရ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာ ရှိပေမဲ့ စစ်အစိုးရက လူမျိုးရေးအရ နည်းနည်းရန်တိုက်ပေးလိုက်တာနဲ့ မီးဟုန်းဟုန်းတောက်ကာ ပဋိပက္ခတွေ ဖြစ်လာစရာအကြောင်းရှိတယ်။

ဒါပေမဲ့ သေချာတာတစ်ခု ရှိတယ်။ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလည်း ထွန်းကားမှာမဟုတ်ဘူး။ လူမျိုးတန်းတူရေးလည်း ရှိမှာမဟုတ်ဘူး။ ဒီမိုကရေစီရေးအတွက် ယခုလက်ရှိမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ကြံ့ဖွတ်အစိုးရနဲ့ ပူးပေါင်းလုပ်ချင်တယ်။ စစ်အစိုးရနဲ့နှစ်ပေါင်း(၂၀)အတွေ့အကြုံရှိတဲ့ အပစ်ရပ်တိုင်းရင်းသားတွေက ခပ်ခွာခွာနေချင်တယ်။ ကြံ့ဖွတ်အစိုးရက ဒီမိုကရေစီအင်အားစုများနဲ့ နီးနီးကပ်နေပြီး တိုင်းရင်းသားတွေကို မသိမသာ ကွာသွားအောင် လုပ်နေတယ်။

ပြည်တွင်းတည်ငြိမ်ရေးလုပ်တုန်းက တိုင်းရင်းသားတွေရဲ့အကူအညီ များစွာ လိုအပ်ခဲ့တယ်။ ဒါကြောင့် အပစ်ရပ်လုပ်ခဲ့တယ်။ လက်ရှိမှာ စပါးကြီးမြွေက ပထမအရေခွံကို လဲလိုက်ပြီ။ တက်သစ်စအရေခွံကလည်း မမာသေးဘူး။ လှုပ်လို့မရသေးဘူး။ ဒီအချိန်မှာ သူက ပျော့ပျောင်းဟန်ဆောင်တယ်။ အဆိပ်မရှိသလို နေပြလိုက်တယ်။ အရင်က မြွေနဲ့ အခုလက်ရှိမြွေက မတူသယောင် ပြုမူတယ်။ သူ့အဆိပ်ကို လဲလိုက်တဲ့အရေခွံထဲ ပါသွားပြီလို့ ကမ္ဘာကထင်သွားအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကို ရဖို့ လိုနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အနားမှ ရှိနေသ၍ သူက စပါးကြီးမြွေပဲလို့ လူတွေက ထင်ကြမှာမဟုတ်ဘူး။ ဒါမှမဟုတ် အဆိပ်ရှိတဲ့မြွေကြီးပါလို့ လူတွေ သိကြပေမဲ့ ယဉ်ပါးလာတဲ့မြွေတစ်ကောင်ပဲလို့ ထင်ကြမှာပဲ။ ဒီတော့ သံတမန်ရေးအရ သူတို့က ကောင်းကောင်းလှုပ်ရှားလို့ ရသွားတယ်။ အောင်မြင်မှုလည်း ရနေတယ်။

ဒါပေမယ့် မြွေကြီးက မြွေကြီးပါပဲ။

မြွေကြီးဖြစ်မှန်းကိုလည်း သူ့လဲလိုက်တဲ့အရေခွံကို ကြည့်လိုက်ရင် သိတယ်။လူတွေအမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေက ကြံ့ဖွတ်အစိုးရဆီကို ပျော့ပျောင်းတဲ့နည်းနဲ့ ချဉ်းကပ်နေကြတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် မြွေကြီးက ညှို့ထားပြီး ချဉ်းကပ်လာတာကို မသိရဘူး။ စပါးကြီးမြွေဆိုတာ သူ့စည်းချလိုက်တာနဲ့ သူ့အညှို့ခံရတာပဲမဟုတ်ဘူးလား။ အားလုံးသော အတိုက်အခံတို့က သူ့စည်းမှာပဲ လှုပ်ရှားနေကြရတယ်ဆိုတာ သူ့လဲသွားတဲ့အရေခွံအတိုင်း လိုက်ကြည့်ယင် သိကြမှာပါ။

ဒီနေရာမှာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရပါလို့ ပြောနေကြတယ်။ အနည်းဆုံးက သူတို့က ဒီမိုကရေစီလမ်းကြောင်းပေါ် ဖြည်းဖြည်းချင်း လျှောက်နေပါတယ်လို့ ပြောနေကြတယ်။ သူတို့မှာ ခြေမပါလို့ပါ၊ ဖြည်းဖြည်းချင်းသွားမှ ဖြစ်မှာပါလို့ ပြောနေကြတယ်။ မြွေဆိုတဲ့သတ္တဝါမှာ ခြေမပါလည်း လူထက်တော့ မြန်သေးတယ်လို့ သိကြစမ်းပါ။

ဒီတော့ ဒီအစိုးရဲ့အရေခွံကို ခွာကြည့်ယင် ဒါတွေကို မြင်ရမယ်။ ဒီမိုကရေစီအစိုးရဟုတ်မဟုတ်၊ ဒီမိုကရေစီရေးကို အားပေးသူဟုတ်မဟုတ် ဆုံးဖြတ်ကြည့်ပါ။

ရွေးကောက်ပွဲလုပ်တုန်းက မဲစနစ်ကို ကြည့်ပါ။ မဲစနစ်ဆိုတာ...

မဲပေးမှုတန်းတူရေး (Vote equality)

၁။ ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး (Elected officials) ရှိရတယ်။ အဲဒီရွေးကောက်ပွဲကော်မရှင်က ကြံ့ဖွတ်လူတွေချည်းပဲ။

၂။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ (Free and fair elections)လည်း ဖြစ်ရမယ်။ ဒါလည်း လူတိုင်းသိတဲ့ ကိစ္စပဲ။ မဲလိမ်တယ်။ မဲခိုးတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတယ်။

ဒီတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးတာတောင် တန်းတူအခွင့်အရေးမရှိခဲ့ဘူး။

နောက်တစ်ခုပါ။ အဲဒီရွေးကောက်ပွဲကို ပြည်သူလူထုက ထိထိရောက်ရောက်နဲ့ ပါဝင်ခွင့်ရခဲ့သလား ဝေဖန်ကြည့်ပါ။

ထိထိရောက်ရောက် ပါဝင်ခြင်း (Effective Participation)

၁။ ကော်မရှင် (Elected officials)က သူတို့လူတွေ ဖြစ်နေတယ်။ ပြည်သူ့ဘက်က ရပ်တည်ခဲ့တာမဟုတ်ဘူး။

၂။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)လည်း လိုအပ်တယ်။ ဒါလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ စစ်ဖြစ်နေရတာနဲ့၊ မုန်တိုင်းဝင်နေတာနဲ့ မဲပေးသူအားလုံး မပါဝင်နိုင်ခဲ့ဘူး။

၃။ အစိုးရအာဏာအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် (Right to run for office)လည်း အရေးကြီးတယ်။ သိတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါသင့်ပါထိုက်တဲ့ လူထုခေါင်းဆောင်တွေက ဒီရွေးကောက်ပွဲမှာ ပါခွင့်မရခဲ့ဘူး။

၎။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)ဆိုတာကလည်း မရှိသလောက်ပါပဲ။

၅။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)လည်း မရှိပါဘူး။ သတင်းစာ၊ တီဗွီ၊ စာနယ်ဇင်းအကုန်လုံးကို ကြံ့ဖွတ်တို့က ထိန်းချုပ်ထားတယ်။

၆။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy)လည်း ရှိရတယ်။ ဒီလိုပြဌာန်းခွင့်မရှိဘဲ ရွေးကောက်ပွဲလုပ်ရင် တရားမျှတမှာမဟုတ်ဘူး။ နောက်ပိုင်း ရှိသမျှ အမျိးသမီးရေးရာ၊ စစ်မှုထမ်းဟောင်း၊ စွမ်းအားရှင်တို့ကလည်း ကြံ့ဖွတ်ရဲ့လက်ကိုင်တုတ်တွေပါပဲ။

ဒီတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လူတွေက ထိထိရောက်ရောက် အားရပါးရ ပါခဲ့ရတာမဟုတ်ဘူး။ Effective Participation လုံးဝ မရှိခဲ့ဘူးလို့ပဲ ပြောရမယ်။ နောက်ပြီး အဲဒီရွေးကောက်ပွဲအကြောင်းကို လူတွေက ဘာမှ မသိကြရှာပဲ မဲသွားပေးရခြင်းဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ လုံးဝလုပ်ခဲ့ခြင်းမရှိဘူး။

နားလည်မှုကို ကြွယ်ဝစေခြင်း (Enlightened understanding)

၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)ဆိုတာ ရှိရမယ်။ ကော်မရှင်ကို မဝေဖန်ရ၊ ကြံ့ဖွတ်ကို မဝေဖန်ရ၊ စစ်အစိုးရကို မဝေဖန်ရ၊ တစ်ပါတီနဲ့တစ်ပါတီကို မဝေဖန်ရ ဆိုတော့ မဟုတ်တဲ့စည်းကမ်းတွေက များနေတယ်။

၂။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)လည်း မရှိဘူး။ အခုန ပြောသလိုပဲ။ ရသမျှသတင်းတွေက ကြံ့ဖွတ်တွေ မဲဆွယ်တဲ့သတင်းတွေပဲ ရှိတယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ဆေးကုပေးတယ်ဆိုတော့ သတင်းဌာနတွေက အားကိုးလို့ မရတော့ဘူး။

၃။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy)လည်း မရှိဘူး။ ကြံ့ဖွတ်တစ်ပါတီပဲ လုပ်ပိုင်ခွင့် ရပြီး ကျန်တဲ့ ပါတီတွေကို ကော်မရှင်က ဥပဒေတွေနဲ့ ခြေတွေလက်တွေကို တုတ်နှောင်ထားလိုက်တယ်။

ဒီတော့ ပြည်သူတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲတုန်းက ဘယ်ပါတီကိုမှ ကောင်းကောင်းသိခဲ့ကြတာမဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘာမှမသိယင် သူတို့ရွေးကောက်ပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက သူတို့ကိုယ်စားဆုံးဖြတ်ပိုင်ခွင့်ရှိမရှိလည်း သိရှိကြတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နားလည်တဲ့လူက မရှိဆိုတော့ ပိုဆိုးခဲ့တယ်။

ကဲမြွေအရေခွံကို ဆက်ကြည့်ရအောင်ပါ။ နောက်တစ်ခုက

လုပ်ငန်းစဉ်များကို ကြီးကြပ်ခြင်း (Control of agenda)

၁။ ရွေးကောက်ပြီး ကော်မရှင်အရာရှိများ (Elected officials)

၂။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)

၃။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)

၎။ အစိုးရအာဏာအတွက် ဝင်ပြိုင်ခွင့် (Right to run for office)

၅။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)

၆။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)

၇။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy) ဆိုပြီး လုပ်ငန်းကြီးကြပ်မှုကလည်း စစ်အစိုးရလက်ထဲမှာပဲ ရှိခဲ့တယ်။ ရွေးကောက်ပွဲမှာ အထက်ဖော်ပြပါအချက်များအားလုံးက အတိုက်အခံတွေလက်ထဲမှာ မရှိဘူးဆိုတော့ ရွေးကောက်ပွဲကြီးကြပ်မှုဆိုတာကလည်း အစီအစဉ်ကျကျမကျကျ ဝေဖန်ပိုင်ခွင့်မှ မရှိတာပဲ။

ကိုင်း...ဒါဆိုယင်

အားလုံးပါဝင်ခြင်း (Inclusion)

၁။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)

၂။ အစိုးရအာဏာအတွက် ဝင်ပြိုင်ခွင့် (Right to run for office)

၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)

၎။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)

၅။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy) ဒါတွေလည်း မရှိခဲ့ဘူး။ အထက်မှာ ပြောသလိုပဲ။ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေအားလုံးက ပါဝင်ခဲ့တာမဟုတ်သလို လူတိုင်းကလည်း ဝင်ပြိုင်နိုင်တာမဟုတ်ဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လုံးဝမရှိဘဲ သတင်းဌာနတွေကလည်း မုဒိမ်းကျင့်ခံရတယ်။ အသင်းအဖွဲ့တွေက ကော်မရှင်လိုပဲ ဘက်လိုက်ကြတယ်။

စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အထက်ဖော်ပြပါနည်းလမ်းနဲ့ တက်လာတဲ့ လက်ရှိကြံ့ဖွတ်အစိုးရက အမျိုးသားပြန်လည်သွေးစည်းရေးလုပ်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုထိ အသိအမှတ်မပြုသေးသလို တစ်ဖွဲ့ချင်းမဟုတ်ဘဲ အားလုံးအတူတကွ စကားပြောချင်ပါတယ်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကောင်စီကိုလည်း ရှိလေသည့်ငပိမျှတောင် သိတာမဟုတ်ဘူး။

သူတို့ပြောပြောနေတဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာကလည်း နှစ်ပေါင်း(၂၀)မက ပြောခဲ့ပြီးပါပြီ။ ယုံကြည်မှုတည်ဆောက်ရေးလို့ ပြောပြောနေရင်းနဲ့ သူတို့က တစ်ဖက်သတ်နဲ့ သူတို့အကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီးပြီပဲ။ အဲဒီနှစ်ပေါင်း(၂၀)မျှအချိန်ကို အလဟဿဖြုန်းတီးပစ်ပြီး အခုမှ လွှတ်တော်မှာ ပြင်ကြပါလို့ ပြောနေပါတယ်။ ဒါဟာ စပါးကြီးမြွေက သူ့ညှို့ထားတဲ့ စည်းထဲကို ဝင်လာအောင် မျှားခေါ်လိုက်တာပါ။ သူတို့လွှတ်တော်က လူသတ်ကွင်းနဲ့ တူပါတယ်။ မသတ်သေးလို့ နည်းနည်းလေး လွတ်လပ်နေတာကို အဟုတ်မမှတ်ကြပါနဲ့။ ကြွက်ကလေးကို မသတ်ခင် ကြောင်က ဆော့ချင်သေးလို့ အသက်ရှည်နေရတာပါ။

လွှတ်တော်ကို လာကြပါလို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်စေချင်တယ်လို့ ပြောပြောနေတဲ့ တိုင်းရင်းသားညီနောင်(၅)ဖော်ပါတီတို့ကို နည်းနည်း ပြောချင်ပါသေးတယ်။ လွှတ်တော်က ၂၀၀၈-ခုဥပဒေဘောင်အတွင်းမှာ ရှိပါတယ်။ အဲဒီဥပဒေဘောင်ကလည်း လူသတ်လက်နက်တွေ တပ်ဆင်ထားပါတယ်။ လူသတ်လက်နက်တွေ အပြည့်အဝ တပ်ဆင်ထားတဲ့ လူသတ်ကွင်းနဲ့တူတဲ့ လွှတ်တော်မှာ လက်နက်မဲ့သူ အသင်လူသားတို့ ဘာလုပ်နိုင်မလဲ။

လက်ရှိအခြေခံဥပဒေအရ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လို့ အမည်ပေးထားပါတယ်။ ပြည်ထောင်စုနိုင်ငံလို့ နာမည်ပေးထားပါတယ်။ ဒါပေမယ့် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့လွှတ်တော် မရှိပါ။ အမှန်မတော့ အမျိုးသားလွှတ်တော်ဆိုတာ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်ရမှာပါ။ ပြည်သူ့လွှတ်တော်ကတော့ ပြည်သူတွေကို တိုက်ရိုက်ကိုယ်စားပြုတဲ့လွှတ်တော်ပေါ့။ ပြည်သူလွှတ်တော်ကတော့ လူဦးရေများတဲ့ပြည်နယ်နဲ့တိုင်းက လူဦးရေအရ အမတ်ဦးရေများများ ရကြမယ်။ ဒီလွှတ်တော်က ဥပဒေပြုလွှတ်တော် ဖြစ်ရမယ်။ ဒါပေမယ့် လူဦးရေနည်းတဲ့ ပြည်နယ်တွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အမျိုးသားလွှတ်တော်မှာ ပြည်နယ်တွေဆီက အညီအမျှ အမတ်တွေကို ရွေးကောက်တင်မြှောက်ပေးရပါတယ်။ ဒီလွှတ်တော်က ဥပဒေကြမ်းတစ်ခု သမ္မတဆီမရောက်သေးခင် ပြင်ဆင်သင့်တာကို ပြင်ဆင်ပေးလေ့ရှိတယ်။ လွှတ်တော်နှစ်ရပ်စလုံး သဘောတူမှ အဲဒီဥပဒေကြမ်းက သမ္မတလက်မှတ်ထိုးရပါတယ်။

အချို့နိုင်ငံမှာ ပြည်ထောင်စုစနစ်မဟုတ်ပါဘူး။ အမျိုးသားနိုင်ငံတစ်ခုဖြစ်တယ်။ အဲဒီနိုင်ငံမျိုးမှာ Polyarchy ဒါမှမဟုတ် Majority Rule အနေနဲ့ သွားလို့ရတယ်။ အများညီရင် ကျွဲုကို ဤဖတ်လို့ရတယ်ပေါ့။ ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ Majority Rule အနေနဲ့ပဲ မလုံလောက်တော့ဘူး။ လူမျိုးတိုင်းအတွက် တန်းတူရေးကလည်း အရေးပါတယ်။ ဒါကြောင့် ပြည်ထောင်စုနိုင်ငံလည်း ဟုတ်ရင်၊ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံလည်း ဟုတ်ရင် အောက်လွှတ်တော်လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော်က ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ Polyacrch or Majority Rule ကို စောင့်ထိန်းရတယ်။ အထက်လွှတ်တော်ခေါ် အမျိုးသားလွှတ်တော်က Equality အရ ရပ်တည်ရတယ်။ ဒါမှပဲ ဒီမိုကရေစီရေးလည်း ထွန်းကားပြီး လူမျိုးတန်းတူရေးလည်း ရှိနိုင်မယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံမှာ အဲဒီအရည်းအချင်း လုံးဝမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းမရှိသလို ပြည်ထောင်စုတစ်ခုအတွက် အင်မတန်အရေးပါလှတဲ့ တန်းတူညီမျှရေးလည်း မပါဝင်ပါဘူး။ အခြေခံဥပဒေတစ်ခုကို မှတ်ကျောက်တင်ချင်ရင်...


ဒီမိုကရေစီ ဘယ်လောက် ရှိသလဲ တိုင်းတာရတဲ့ပေတံ (စံ)များ

၁။ ပေါ်လစီချမှတ်တဲ့နေရာမှာ အစိုးရရဲ့အာဏာကို ရွေးကောက်ပွဲကနေ တက်လာတဲ့အရာရှိများလက်မှာ အခြေခံဥပဒေအရ အပ်နှံထားရမယ်။

၂။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများကို သင့်လျော်သလို မကြာခဏ ကျင်းပပေးယင် ချုပ်ခြယ်မှုလည်း အတော်လေး ကင်းပြီး အရာရှိများကိုလည်း ငြိမ်းချမ်းစွာနဲ့ ရွေးချယ်ရ၊ ဖြုတ်ပယ်ရတယ်။

၃။ ဒီရွေးကောက်ပွဲများမှာ အသက်ပြည့်သူအားလုံးက လက်တွေ့ကျကျ မဲပေးခွင့်ရှိရမယ်။

၎။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံခြင်းမှာ ပြည်သူ့အရာရှိများဖြစ်ဖို့အတွက် ဖြစ်လို့ ဒီရာထူးအတွက် အရွယ်ရောက်သူအားလုံးနီးပါးက ဝင်ပြိုင်ခွင့် ရှိသင့်တယ်။

၅။ လွတ်လပ်စွာ ပြောဆိုခွင့်၊ အထူးသဖြင့် ဌာနလက်ကိုင်အရာရှိတွေ အစိုးရအပြုအမူတွေ ရေးပန်းစားနေတဲ့ နိုင်ငံရေးစီးပွားရေးလူမှုရေးစနစ်တွေနဲ့ ကြီးစိုးနေတဲ့အယူအဆတွေကို ဝေဖန်နိုင်တဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လည်း နိုင်ငံသားတွေမှာ ထိရောက်တဲ့ဥပဒေနဲ့ ထားရှိရမှာဖြစ်တယ်။

၆။ သတင်းဌာနတွေနဲ့ပတ်သက်ပြီးလည်း သူတို့က လက်လှမ်းမီရမယ်။ အဲဒီသတင်းဌာနကို အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက မူပိုင်လုပ်ထားလို့ မရပါ။

၇။ နောက်ဆုံးအနေနဲ့ နိုင်ငံရေးပါတီများနဲ့ စိတ်ဝင်စားရာအဖွဲ့အစည်းများအပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုခုကို ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်ကိုလည်း ပြည်သူတွေကို ဥပဒေအရ ထိရောက်စွာ ပေးထားရတယ်။

ဒီစံ(၇)ချက်က ပညာရှင်များလက်ခံထားတဲ့နှုန်းတွေပါပဲ။ မြန်မာနိုင်ငံဖွဲ့စည်းပုံကတော့ ဒီစံနှုန်းတွေနဲ့ လုံးဝမကိုက်ညီဘူဆိုတာ ထင်ရှားလှပါတယ်။ နောက် အချိန်ရယင် အကျယ်တဝင့် ဆွေးနွေးသွားပါ့မယ်။ အထက်ဖော်ပြပါ (၇)ချက်နဲ့ လုံးဝမကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လို့ အဲဒီဖွဲ့စည်းပုံကို ပြင်နေမဲ့အစား အသစ်ပြန်ရေးတာပဲ ကောင်းပါတယ်။

ကဲ အဲဒီဖွဲ့စည်းပုံကို ပြင်ဆင်ချင်တာပဲဖြစ်ဖြစ်၊ ပြန်ရေးတာပဲဖြစ်ဖြစ် လက်ရှိကြံ့ဖွတ်အစိုးရ လုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို အနည်းငယ်သုံးသပ်ကြည့်ကြရအောင်ပါ။

လက်ရှိစစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ကို မတင်မကျသဘောမျိုးနဲ့ လွှတ်ထားတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ချိုးနှိမ်နေတဲ့အချိန် ဖြစ်တယ်။ ဒီတော့ စေ့စပ်ညှိနှိုင်းရေးဆိုတာ တစ်ဖက်သတ်လို ဖြစ်နေတယ်။ ဖွဲ့စည်းပုံရေးတုန်းကလည်း တစ်ဖက်သတ်ပဲ။ ရွေးကောက်ပွဲလုပ်တုန်းကလည်း တစ်ဖက်သတ်ပဲ။ အခု စေ့စပ်ရေးလုပ်နေတဲ့အချိန်မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်သလားဆိုတော့ မရှိုပါဘူး။ တစ်ဖက်သတ်ပါပဲ။

အမှန်တကယ် စေ့စပ်ရေးလုပ်တဲ့နေရာမှာ လိုအပ်တဲ့ စံနှုန်းတွေလည်း မရှိဘူး။ အမှန်တကယ်စေ့စပ်ရေးလုပ်ချင်ရင် အမှန်တကယ်လိုအပ်တဲ့ EXTRA-CONSTITUTIONAL နိုင်ငံရေးအဆောက်အဦးလည်း ထားရှိတာမတွေ့ရဘူး။ သူတို့က အများလက်မခံတဲ့ ၂၀၀၈-ခုဥပဒေကို အသေဆုပ်ကိုင်ထားတယ်။ နောက်ပြီး..RULE OF THE GAME လည်း မရှိဘူး။ ရရင်ရ မရရင်ချပဲ။ ပိုဆိုးတာက...


၁။ အမြစ်တွယ်နေတဲ့ ပဋိပက္ခများ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း (သို့) ရှောင်ရှားခြင်းများလည်း မရှိဘူး။ ဒါကတော့ Preventing or escaping deep-rooted conflict လို့ ခေါ်ပါတယ်။ ရှောင်ရမဲ့အစား အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ပါ့မယ်လို့ ကတိပေးတဲ့သူတို့ကိုယ်တိုင်က အတိုက်အခံတွေကို ဒုက္ခပေးမြဲပေးပြီး တိုင်းရင်းသားတွေကိုလည်း ပိုပြီး ထိုးစစ်ဆင်နေပါတယ်။

၂။ ကွဲပြားခြားနားမှုတွေကို အသိအမှတ်မပြုဘဲ တူတာကိုပဲ ပူးပေါင်းကြရအောင်လို့ အမြဲပြောလေ့ရှိပါတယ်။ ဒါတွေက တူတာကို ပြောရရင် သူတို့ကြိုက်တာကိုပဲ ပြောရာရောက်တာမို့ စေ့စပ်ရေးမဟုတ်ပါဘူး။ Differences in approach မရှိရင် ဒါက သင့်မြတ်ရေးမဟုတ်တော့ဘူး။


၃။ စေ့စပ်ရေးဆိုကတည်းက လမ်းတံတားဖောက်ဖို့အတွက်ပဲ ပြောရတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာကိုပဲ ပြောကြဆိုကြရမယ်။ အာဏာခွဲဝေမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ကြံ့ဖွတ်တွေက အဲဒါတွေ မပြောပါဘူး။ အဲဒီအချက်(၃)ချက်ကို အသေဆုပ်ကိုင်ထားပြီး စကားပြောတတ်တယ်။ အာဏာခွဲဝေမှုကို စနစ်တကျ လမ်းခင်းပေးထားတာ မရှိဘူး။ Promoting power sharing မပါရင် အဲဒါလည်း အချိန်ဖြုန်းတာပဲ။

၎။ အာဏာခွဲဝေမှုများကို စာရွက်ပေါ်မှာပဲ မထားရှိဘဲ အာဏာခွဲဝေမှုများကို အဲဒီနယ်မြေဒေသတွေမှာ လက်တွေ့ကျင့်သုံးတတ်အောင်လည်း အခွင့်အရေးပေးရတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပေးရတယ်။ ဒါတွေကို When power sharing can succeed လို့ ခေါ်ပါတယ်။

ဒီအချက်လေးချက်က ယေဘုယျအားဖြင့် ပါဝင်ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ပြီဆိုယင် ကျန်တဲ့အချက်တွေလည်း အများကြီးပါပဲ။ ဥပမာအချို့ကို ပြောရမယ်ဆိုယင်...တစ်ဖွဲ့နဲ့တစ်ဖွဲ့က အကြပ်အတည်းတွေကို နားလည်မှု မတူကြဘူး။ ဒါက commonly perceived deadlock ဖြစ်နေတယ်လို့ စာက ဆိုပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က အခွင့်အရေးအချို့ကို အမိအရ ဆုပ်ကိုင်ထားတာ ရှိတယ်။ ဘယ်လောက်မြဲမလဲ မသိရပေမဲ့ ဒါက Seizing opportunity တစ်ခုဖြစ်လို့ မဆိုးပါဘူး။ ဒါပေမဲ့ ပဋိပက္ခက အမြစ်တွယ်နေတာ ကြာလှပြီ။ ယုံကြည်မှုတည်ဆောက်ဖို့က ခက်နေတယ်။ The importance of trust ကို နားလည်လို့ Flexibility ပျော့ပျောင်းညင်သာမှုအချို့ ပြရတာကိုလည်း သဘောပေါက်ပါတယ်။ဒါပေမဲ့ အကြိုညှိုနှိုင်းမှုအစီအစဉ်တွေ The pre-negotiation agenda, ဆွေးနွေးစရာအချက်လက်များကို ရှာဖွေစုဆောင်းပြီး တိကျရေရာတဲ့ ဆွေးနွေးချက်ကလေးများ Developing a specific negotiation process ကိုလည်း ချမှတ်ရတယ်။

ကျန်တဲ့ ညှိုနှိုင်းစရာတွေကလည်း အများကြီးပါပဲ။ မည်သည့်ဆွေးနွေးပွဲမဆို ဆွေးနွေးမဲ့နေရာ ဆွေးနွေးမဲ့ခေါင်းစဉ် ဆွေးနွေးမဲ့အချိန်တွေကို ကန့်သတ်ထားရမှာပါ။ ဒါတွေမရှိဘူးဆိုရင် အသီးအပွင့်တွေ ခံစားရဖို့ မလွယ်ဘူး။

ဒါတွေကို ကြည့်ရင် လက်ရှိကြံ့ဖွတ်အစိုးရက အမှန်တကယ်ဆွေးနွေးချင်တာမဟုတ်ဘဲ ပြည်တွင်းပြည်ပကနေ ဘက်စုံလာတဲ့ ဖိအားတွေကြောင့် သူတို့ကလည်း အရေခွံလဲစဖြစ်လို့ အနည်းငယ် ပျော့ပျောင်းဟန်ဆောင်ပြီး နိုင်ငံရေးအမြတ်ထုတ်နေခြင်းမျှသာ ဖြစ်တယ်။

ဒီတော့ မြွေအရေခွံကို ကြည့်ပါ။ သူ့ချထားတဲ့စည်းကိုလည်း ကြည့်ပါ။ သူ့အရေခွံကို ကြည့်ရင် ဘာမြွေလဲ မေးမနေကြပါနဲ့။ တက်သစ်စအရေခွံက မာလာရင် အရင်အကွက်တွေ ပေါ်လာပြီး မြွေပွေးမြွေဟောက်စပါးကြီးမြွေဖြစ်ကြောင်း သိလာမှာပါ။ ဒါကြောင့် များများစားစား မမျှော်လင့်ကြပါနဲ့။

အတိုက်အခံများကသော်လည်းကောင်း၊ တိုင်းရင်းသားများကသော်လည်းကောင်း စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။ နွားကွဲရင် ကျားဆွဲမယ်။ စပါးကြီးမြွေကိုလည်း ရေမြွေလို့ မထင်ကြပါနဲ့။ အရေခွံလဲချိန်မို့လို့ ပျော့ပျောင်းတာကို တစ်သက်လုံး ဒီလိုပဲလို့ မထင်ကြပါနဲ့။ သိပ်ပြီး အနားမကပ်ကြပါနဲ့။ အနားကပ်ရရင်လည်း သတိဝိရိယရှိကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Ramanya Ravika Fbမှကူးယူဖော်ပြပါသည်...

0 စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေသော စီးပွားဖွံ့ဖြိုးသည့် တိုင်းပြည်


တရုတ်အစိုးရ အပါအ၀င် တရုတ် အရင်းရှင် ကုမ္ပဏီတွေနဲ့ အဓိက ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက်တော့ (moral collapse) စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေတဲ့ တရုတ်နဂါးကြီးကို အထူး သတိထားစရာလို့ တွေးမိပါတယ်။

ကျနော် ငယ်ငယ်က အဖေဟာ အိပ်ရာဝင်ခါနီး ပုံပြင် ပြောလေ့ရှိပါတယ်။ အဖေပြောတဲ့ ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င် နိပါတ်တော်တွေ ပါသလို ဒဏ္ဍာရီဆန်တဲ့ ပုံပြင်လေးတွေလည်း ပါလေ့ ရှိပါတယ်။ ခုထိ မမေ့နိုင်သေးတဲ့ ပုံပြင်တပုဒ် ကတော့ “ဂေါ်တူဂရိတ်နိုင်ငံ” ဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်လေးတခုပါ။

ဂေါ်တူကရိတ်နိုင်ငံဆိုတာ ဘင်္ဂလားပင်လယ်အော် အတွင်းမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူတွေ နေထိုင်ကြတယ်။ ဒါပေမယ့် နှစ်ကာလ ကြာလာတဲ့အခါ ဘာသာတရား ကိုင်းရှိုင်းမှု ပျောက်သွားပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်စီးသွားတဲ့ နိုင်ငံ ဖြစ်သွားတယ်။ ဘယ်အထိ ပျက်စီးသလဲဆိုရင် ဘုရားရှေ့မှာ အပေါ့အပါးနှင့် ဆီမီး ပူဇော် ထားခဲ့ပြီး မနက်မိုးလင်းလို့ သွားကြည့်ရင် မီးပူဇော်တဲ့ ဆီမီးခွက်ထဲမှာ ရွှေငွေတွေ ရတယ်လို့ ဆိုပါတယ်။ ရွှေငွေတွေ ရလိုတဲ့အတွက် နိုင်ငံသူ၊ နိုင်ငံသား အကုန်လုံး မီးပူဇော်ကြတယ်၊ အဲဒီလို ကိုယ်ကျိုးကြည့်ပြီး ဘာသာတရား ကိုင်းရှိုင်းမှု ပျက်လာတဲ့ အတွက် နဂါးကြီးက ကျွန်းရှိလူတွေကို ရေနှစ် သတ်ခဲ့တယ် လို့ဆိုပါတယ်။ ပုံပြင်ရဲ့ ဆိုလိုချင်တဲ့ အနှစ်သာရ ကတော့ တိုင်းသူပြည်သားတွေ ကိုယ်ကျင့်တရား ပျက်စီးသွားတဲ့ အတွက် တိုင်းပြည် ပျက်ရကြောင်းကို ပုံဖေါ်လိုပုံ ရပါတယ်။

လူမှုကွက်ယက်ပေါ်က လူသား ၄ ဒသမ ၄ သန်းရဲ့ မှတ်ချက်

အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံ ဖူရှန် မြို့ဈေးအတွင်းမှာ လမ်းလျှောက်နေတဲ့ ၂ နှစ် သမီးလေး ယူယူ( Yue Yue) ကို ဗန်ကားတစီးက ရုတ်တရက် တိုက်မိပါတယ်။ ကားတိုက်မိပြီး ကလေး မြေပေါ်ကို လဲကျသွားပါတယ်။ ကားဒရိုင်ဘာလည်း ကား တိုက်မိတာကို သိတဲ့အတွက် ရုတ်တရက် ကားကို ရပ်လိုက်ပါတယ်။ စက္ကန့်ပိုင်း လောက်မှာ ကားဒရိုင်ဘာဟာ ကားအောက်ကို ရောက်နေတဲ့ ကလေးကို မြင်လျက်နဲ့ နောက်ဘီးနှင့် တက်နင်းသွားတာကို ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွေမှာ မြင်လိုက်ရပါတယ်။

သိပ်မကြာခင်မှာပဲ ကုန်တင်ကား အသေးလေး တစ်စီးက ကလေးရဲ့ အောက်ပိုင်းကို တက်ကြိတ် သွားပြန်တယ်။ ၇ မိနစ်အတွင်း လူ ၁၈ ယောက်ဟာ ကားတိုက်ခံရပြီး တစာစာ အော်နေတဲ့ ကလေးအနား ဖြတ်သွားကြပါတယ်။ ဘယ်သူမှ ကယ်မယ့်လူ မရှိဘူး။ ၁၉ ယောက်မြောက် အဖွားအို တဦးက အော်ပြီး အကူအညီ တောင်းပေမယ့် ဘယ်သူမှ ပေါ်မလာဘဲ မိခင်ပေါ်လာမှ သူ့သမီးကို ချီသွားပါတယ်။

တရုတ်လူမျိုးတွေဆိုတာ ကွန်ဖြူးရှပ် အတွေးအခေါ် လွှမ်းမိုးတဲ့ လူမျိုးဖြစ်ပါတယ်။ ကွန်ဖြူးရှပ် ၀ါဒအရ ဆိုရင် ဒုက္ခ ရောက်နေတဲ့ သူကို ကူညီခြင်း၊ ဆွေမျိုးပေါက်ဖေါ် အချင်းချင်းရိုင်းပင်း ကူညီခြင်းဟာ ဒီဝါဒရဲ့ အနှစ်သာရပါ။ ဒါပေမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်လေး သွေးအိုင်ထဲ လူးလှိမ့်နေတာကို ကယ်မယ့်သူ မရှိ ဖြစ်နေတာကို ကြည့်ပြီး တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်းက လူမှုဗေဒပညာရှင်တွေ၊ ပြည်သူတွေဟာ ဒီနေ့ တရုတ်လူမျိုးတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို သုံးသပ်ပြောဆိုမှုတွေ ကမ္ဘာ့ မီဒီယာတွေမှာ ဖြစ်ပေါ် ခဲ့ပါတယ်။ Yue Yue ရဲ့ ဖြစ်ရပ်ကို ရုပ်သံမှာ ထုတ်လွှင့်ပြီး ဖေ့စ်ဘုတ် တခုမှာဆိုရင် လူ ၄ ဒသမ ၄ သန်းလောက် ၀င်ရောက် ဆွေးနွေးခဲ့ ကြပါတယ်။ ၀င်ရောက် ဆွေးနွေးသူ အများစုက တရုတ် လူ့အဖွဲ့အစည်းဟာ စီးပွားရေး တိုးတက်မှုနှင့်အတူ “Moral Collapse” ကိုယ်ကျင့် တရားဆိုင်ရာ ချွတ်ခြုံကျတဲ့ တိုင်းပြည်ဖြစ်နေပြီ လို့ ဆွေးနွေးခဲ့ကြတယ်။ နာမည်ကြီး သတင်းမဂ္ဂဇင်း Caixin ကတော့ တရုတ်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြစ်တင် ဝေဖန် ထားပါတယ်။


ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ နဂါးကြီးရဲ့ အန္တရာယ်ကို သတိထားကြ

ကိုယ်ကျင့်တရားမရှိတဲ့ နဂါးကြီး အရှက်ရသွားတဲ့ လစ်ဗျားအရေး

စစ်အေးခေတ် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ မိမိနိုင်ငံရဲ့ အကျိုးစီးပွား တခုတည်းကိုသာ ကြည့်တဲ့ ကိုယ်ကျင့်တရား မရှိတဲ့ လမ်းစဉ်ကို သုံးလာတာ ဆယ်စုနှစ် နှစ် ခု လောက် ရှိနေပါပြီ။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ လစ်ဗျားအရေးကို ကြည့်ပါ။ ၄၂ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ကဒါဖီကို ပြည်သူတွေ ဖြုတ်ချဖို့ လုပ်နေတဲ့အချိန်၊ ကုလသမဂ္ဂမှ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကြိုးစားနေချိန်မှာ တရုတ်က မသိသလိုနဲ့ ကြားနေခဲ့တယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်နှင့် နေတိုးက လစ်ဗျား ပြည်သူတွေကို ကာကွယ်တော့ တရုတ်က ကန့်ကွက်ခဲ့ပြန်တယ်။

အရေးသာလာတဲ့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ NTC ကလည်း အနာဂတ်မှာ တရုတ်နှင့် ရုရှားတို့အတွက် လစ်ဗျားမှာ နေရာ မရှိဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တယ်။ တရုတ်နိုင်ငံဟာ လစ်ဗျားမှာ ရေနံ တူးဖေါ်ရေးလုပ်ငန်း၊ မီးရထားလမ်းနှင့် အခြေခံ အဆောက်အအုံတွေမှာ ဒေါ်လာ ၁၈ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဒီလို မြောက်အာဖရိက နိုင်ငံငယ်လေး တခုက ကမ္ဘာ့ အင်အားကြီးနိုင်ငံ တခုကို ပြောလိုက်တာဟာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အရှက်ရစေပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စွမ်းအင် လိုအပ်ချက် ၃ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနေတဲ့ ရေနံသိုက်ကြီး တခုကို လက်လွတ် ဆုံးရှုံး လိုက်ရပါတယ်။တရုတ်ကြီး ဆီးရီးယား အရေးမှာ ၀င်ရှုပ်ပြီ

တူနီးရှားမှ စတင်ခဲ့တဲ့ အာရပ် လူထုအုံကြွမှုဟာ ဆီးရီးယား နိုင်ငံအထိ ပြန့်နှံ့ နေပါတယ်။ အာဏာရှင် အာဆတ်ကို သမ္မတ ရာထူးက ဆင်းပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ် နေပါတယ်။ အာဆတ်ကလည်း သူ့ရာထူး တည်မြဲရေးအတွက် လူထုကို အပြတ်ချေမှုန်း နေပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယား နိုင်ငံအတွင်း လူမဆန်စွာ သတ်ဖြတ်နေမှုကို ပြစ်တင် ရှုတ်ချဖို့ မဲခွဲ ဆုံးဖြတ်တဲ့ အခါမှာ တရုတ် နှင့် ရုရှား နှစ်နိုင်ငံတို့က ဗီတိုမဲနှင့် ပယ်ချခဲ့အတွက် အဆို ရှုံးနိမ့်ခဲ့ပါတယ်။ အခုဆိုရင် ဆီးရီးယားပြည်သူ့ အသက် ၃၀၀၀ ကျော် ဆုံးရှုံး လိုက်ရပါပြီ။

တရုတ်နှင့်ရုရှား နိုင်ငံတို့ဟာ လစ်ဗျားအရေးမှာ ကြီးမားသော သင်္ခန်းစာ ရရှိလိုက်ပါတယ်။ နောက်ထပ် ဒီလိုမျိုး အခွင့်အလမ်း ဆုံးရှုံးမှု ရှိလာမှာကို ထိတ်လန့်နေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဗီတိုမဲကို အသုံးပြုပြီး အာဏာရှင် ဘာရှာအယ်လ်အာဆတ်ကို ကာကွယ်မှု ပေးခဲ့ကြပါတယ်။

ကိုယ်ကျင့်တရား မရှိတဲ့ တရုတ်အစိုးရနှင့် ကုမ္ပဏီများ

မိမိနိုင်ငံ တခုတည်းရဲ့ အကျိုးစီးပွားကို ကြည့်တဲ့ တရုတ်ကြီးဟာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာသာ အရှက်ရစေတာ မဟုတ်ဘဲ ကိုယ်ကျိုးကြည့် စီးပွားရေး လုပ်ငန်းရှင်တွေ ကြောင့်လည်း တရုတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာမျိုး ရှိခဲ့ပါတယ်။ ကြီးမားတဲ့ အရှက်ရစေမှုကတော့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မယ်လမိန်း ဓါတ်သတ္တုပါတဲ့ နို့မှုန့်တွေကို ကမ္ဘာ့တ၀ှမ်း ဖြန့်ချိမှုကြောင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပါတယ်။ ကလေးငယ် ထောင်နှင့် ချီကာ ကျောက်ကပ် ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကလေးငယ် ခြောက်ဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကို ကြည့်ရင် တရုတ်အစိုးရကသာ ကိုယ်ကျိုးစီးပွား တခုတည်းကို သာကြည့်တာ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေမှာလည်း မိမိ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ဆိုပါက လူ့အသက်တွေကို အဓိက မထားဘဲ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ လမ်းစဉ်ကို လိုက်နေကြပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုဟာ သာမန်ရိုးရိုး ဖြစ်စဉ် မဟုတ်ဘဲ တရုတ် လူ့အဖွဲ့အစည်း တခုလုံးမှာ ကိုယ်ကျင့် တရား ချွတ်ခြုံ ကျနေတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ လူမမယ် ကလေးတဦး သေလုမျောပါး ဖြစ်နေတဲ့ ဖြစ်ရပ်ကို ၇ မိနစ်အတွင်း ဖြတ်သွားတဲ့ လူ ၁၈ ဦးက လျစ်လျူပြု ခဲ့ကြတာဟာ တရုတ်နိုင်ငံရဲ့ ပကတိ အခြေအနေ ဖြစ်တယ်လို့ အချို့သော လူမှုစိတ်ပညာရှင်တွေက သုံးသပ်ခဲ့ ကြပါတယ်။

သတိထားတော့ ဖွံဖြိုးဆဲနိုင်ငံတွေ

တရုတ်ပြည်တွင်း မီဒီယာတွေနဲ့ ဖေ့စ်ဘုတ်၊ တွစ်တာ လူမှုဆက်သွယ်ရေး ကွန်ယက်တွေ ကနေ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှင့် ကိုယ်ကျင့်တရား ပျက်စီးမှုကို အကြီးအကျယ် ထိုးနှက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၃၀၀ ကျော်ဟာ အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကျင်းပခဲ့တဲ့ အထူး အစည်းအဝေးမှာ တရုတ်ရဲ့ ပျက်စီး ယိုယွင်းနေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ဆွေးနွေး ခဲ့ဖွယ်ရှိပါတယ်။ တရုတ်လူမျိုးတွေနှင့် တရုတ်အစိုးရရဲ့ ကိုယ်ကျင့်တရား ပျက်စီးမှုက ကျနော်အဖေပြောတဲ့ “ဂေါ်တူကရိတ်” နိုင်ငံလို ကမ္ဘာ့လူဦးရေ ခြောက်ပုံတပုံ ရှိတဲ့ နိုင်ငံကြီးရဲ့ ကျဆုံးခန်းကို ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်အစိုးရ အပါအ၀င် တရုတ် အရင်းရှင် ကုမ္ပဏီတွေနဲ့ အဓိက ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက်တော့ (moral collapse) စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေတဲ့ တရုတ်နဂါးကြီးကို အထူး သတိထားစရာလို့ တွေးမိပါတယ်။

http://www.maukkha.org/index.php?option=com_content&view=article&id=1910&catid=131&Itemid=384 မှကူးယူဖော်ပြပါသည်။

0 ကား ၂ ကြိမ်တိတိအကြိတ်ခံရသော တရုတ်မှ ခလေးလေး သေဆုံးပြီ ( တရုတ်ပြည်မှာ လူ့ ယဉ်ကျေးမှု ထွန်းကားရဲ့လား )



တရုတ်ပြည်မ ကြီးမှာ ၂ နှစ် သမီးအရွယ် ကလေးမလေး တစ်ဦး ကား ၂ ကြိမ် အကြိတ်ခံလိုက်ရ ပါတယ်။ ပထမ တစ်ကြိမ် ကားတိုက်ပြီး သွေးတွေပေလူးကာ ကားလမ်းမပေါ် လဲကျနေတဲ့ ကလေးမလေးကို လမ်းသွား လမ်းလာ ဖြတ်သွား ဖြတ်လာ နေကြတဲ့ တရုတ်လူမျိုးတွေဟာ ဘာတစ်ခုမှ အကူအညီ မပေးခဲ့ကြပါဘူး။ သွေးအိုင်ထဲမှာ လှုးလှိမ့်နေရှာတဲ့ ကလေးမလေး အနီးမှာ ဖြတ်သွား ဖြတ်လာ လုပ်သွားခဲ့တာ လူပေါင်း ၁၈ ယောက် ရှိတယ်လို့  စီစီတီဗွီ ကင်မရာမှာ ဖော်ပြထားပါတယ်။ ဆိုင်ကယ် စီးသွား တဲ့သူ လမ်းလျောက် သွားတဲ့သူတွေနဲ့  စက်ဘီးစီးသွား သူတွေတောင် ရှောင်ကွင်းပြီး ဖြတ်ကျော်သွား တာကို တွေ့ ကြရမှာ ဖြစ်ပါတယ်။

ကားလမ်းပေါ်မှာ နာကျင်စွာ အော်ဟစ် ညီးညူနေတဲ့ အကူအညီမဲ့နေတဲ့ ကလေးမလေးဟာ နောက်ထပ်တစ်ကြိမ် ကားတစ်စီးက တက်ကြိတ် ပစ်လိုက်တာကို ခံလိုက်ရပါသေးတယ်။ ကလေးမလေးဟာ အောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်သတ်နေအေင် ကားကြိတ်ခံလိုက်ရပြီးနောက် အသက်မသေပဲ ဒဏ်ရာတွေနဲ့  လှုးလှိမ့်နေရှာပါတယ်။ ခဏ ကြာမှသာ သန့် ရှင်းရေး အလုပ်သမား တစ်ဦးရဲ့ အကူအညီကို ရသွားခဲ့ပါတယ်။ အင်တာနက် က ရှာလို့ ရတဲ့ သတင်းတွေကိုတော့ အောက်မှာ ဖော်ပြထား ပါတယ်ဗျာ။

တိရစ္ဆာန်တောင် အချင်းချင်း ဖေးမ တတ်ကြသေးပေမယ့် တရုတ်ပြည်မကြီးမှာတော့ ဒီလိုပဲ လျစ်လှူရှုကြပုံပါပဲ။

ညာဖက်က အကွက်မှာ ကလေးမလေး ကား ၂ ကြိမ် ကြိတ်ခံရတာကို မြင်တွေ့ ရမှာပါ။ ကျနော် ပထမ တစ်ခေါက် ကြည့်ဖြစ်တော့ “အော်... ကော်ပတ်ရုပ် ကားကြိတ်တာမို့  ထင်တယ်” လို့  ခပ်ပေါ့ပေါ့ တွေးပြီး ကြည့်ဖြစ် လိုက်ပါတယ်။ ဒီမနက်မှ ကလေးမလေး သေသွားပြီ ဆိုတဲ့ သတင်း တွေမှသာ လူကို ကား ကြိတ်တာပါလားလို့  ယုံကြည်မိပါတော့တယ်ဗျာ။

သေဆုံးပြီးကာစ ယွီယွီလေးပုံ ယနေ့ အင်တာနက်မှာ အထူး လူသိများတဲ့ ၂ နှစ်သမီး အရွယ် တရုတ်ပြည် နယ်တောင်ပိုင်း Foshan, Guangdong province က Weng Yue လေးဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်မှာ ကွယ်လွန် သွားခဲ့ပြီလို့သိရပါတယ်။

အားလုံးသိပြီးတဲ့အတိုင်း ဘင်ကား ၂ ကြိမ်ကြိတ်ခံခဲ့ရတဲ့ ခလေးမလေး Weng Yue ဟာ လူ ၁၈ ယောက်ရဲ့ ဥပေက္ခာပြုခြင်းကို သွေးအိုင်ထဲမှာ လူပ်ရှားရင်း ငိုကြွေးရင်း နဲ့ ကားကြိတ်ခံရပြီး တစ်ပတ်တိတိမှာ အစာအိမ် သွေးလွန် ခြင်းနဲ့ ခန္ဒာကိုယ် အစိတ်ပိုင်းများ ပျက်စီး ခြင်း စတဲ့ အဓိက အကြောင်းရာ တွေကြောင့် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ပထမဆုံး ဒီဗွီဒီယိုကို အင်တာနက်ပေါ် တင်ခဲ့တဲ့ တရုတ်ပြည်က နာမည်ကျော် ဘလော့တစ်ခု ဖြစ်တဲ့ Microbloggr on Sina's weibo က FAREWELL TO LITTLE YUE YUE,THERE ARE NO CAR IN HAVEN ကားတွေမရှိတဲ့ ကောင်းကင်ဘုံပေါ်မှာ ယွီယွီလေး အေးချမ်းစွာ အနားယူပါ ရယ်လို့ ဂရုဏာ ၊ ဒေါသ ၊ ခံပြင်းစိတ် ၊ တွေနဲ့ လူဦးရေများစွာ ဟာ ဆုတောင်းပေးခဲ့ ကြပါတယ်။

အထက်ပါ မှတ်တမ်းက တော်တော်များများ သိပြီး ၊ ကြည့်ပြီးဖြစ်တဲ့ အတိုင်း ယွီယွီ လေးဟာ ဗင်ကား ၂ စီးတိတိ အကြိတ်ခံရပေမယ့် အသက် မသေဆုံးသေးပဲ သွေအိုင်ထဲမှာ လူးလိမ့် အော်ဟစ် နေခဲ့ရပေမယ့် လူတွေရဲ့ ၁၈ ကြိမ်တိတိ ရှောင်ခွာ သွားမှုတွေကြောင့် အရွယ်နဲ့မမျှတဲ့ ဝေဒနာများနဲ့အတူ အသက်စွန်သွားခဲ့ရပါတယ်။

အလုပ်သမား မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ ထိုခလေးမ ယွီယွီ ရဲ့ အဖြစ်အပျက်ကို ကမ္ဘာက လူသားတွေ တောက်တစ်ခေါက်ခေါက် ၊ စုတ်တစ်သတ်သတ် ဖြစ်ခဲ့ရတဲ့ ထို ဗွီဒီယိုကို ကုန်မာပစ္စည်းဆိုင်ရဲ့ လုံခြုံရေး ကင်မရာမှတဆင့် ကမ္ဘာသိအောင် အင်တာနက်ကနေ လက်ဆင့်ကမ်းခဲ့ ပြီးတဲ့နောက်မှာ “တရုတ် လူ့အသိုင်းဝိုင်းကို ဘယ်လို ယာဉ်ကျေးမှု့ ၊ ဘယ်လို မေတ္တာတရား ၊ ဘယ်လိုလူ့  ဘောင်တွေနဲ့ တည်ဆောက် ထားခဲ့ကြသလဲ” ဆိုတဲ့ မေးခွန်းက သိန်းနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေမှာ မေးမြန်းခြင်းကို ခံခဲ့ရပါပြီ။

ထိုအဖြစ်ပျက် ဖြစ်ပွားတဲ့ southern city of Guangzhou ကလူဦးရေ ၁၀၀၀၀ ကျော်ကို နှလုံးသား အေးစက်နေသော လူသားများ ရယ်လို့ ကင်ပွန်းတပ် နေကြပါပြီ ။ ထို ကုန်မာ ဈေးတန်းထဲမှာ ရှိနေတဲ့ လူ ၂၀၀ ရဲ့ လက်တွေကိုတော့ ထံကျင်နေသော လက်ပိုင်ရှင်များ ရယ်လို့ လှောင်ပြောင်ခဲ့ ကြပါတယ် ။

အကူအသက်ရှု ကိရိယာတွေ ဦးနှောက်ထဲ သွေးယိုစီးမှု စီးဆင်းစေတဲ့ ပိုက်တွေ တန်းလန်းနဲ့  နာကျင်မှု ဝေဒနာတွေကို အသက် အရွယ်နဲ့  မမျှအောင် ခံစားပြီး သေဆုံးသွားရှာတဲ့ တရုတ်ပြည်မ ကြီးက ယွမ်ယွမ်ဆိုတဲ့ ကလေးမလေးရဲ့ ပုံ ဖြစ်ပါတယ်။

နောက်ဆုံး အမှိုက် လိုက်ကောက်စားတဲ့ အမျိုးသမီးကမှ ခလေးလေးကို လမ်းဘေး ခေါ်ရွေ့တဲ့ နေရာမှာ ခလေးဟာ ခါးကြိုး ခေါက်ကျနေတာ တွေ့လို့ အော်ဟစ် အကူညီ တောင်းခဲ့၍သာ မိခင်မှ ပြေးလာပြီး ခလေးကို ဆေးရုံပို့ဖို့ စတင်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါဟာ အင်မတန် လှုမှု့ကျင့်ဝတ် မညီမျှမှု့ တစ်ခုဆိုတာ ယနေ့ တရုတ်ပြည်က မျက်လွှာလေးချပြီး ဖြေရှင်းနေတဲ့ ၀န်ကြီးများအတွက် အရှက်ရစရာတွေ ဖြစ်နေခဲ့ပါတယ်။

ဒါကိုတောင် ထိုပတ်ဝန်းကျင်က ယွီယွီလေးရဲ့ မိခင်ကိုမသိကြပဲ သူမရှေ့မှာတင် ၂ နှစ်သား ယောက်ကျားလေး ဘိလပ်မြေသယ် ကားကြီးကြိတ်လို့ သေရှာပြီရယ်လို့ မှားယွင်း ပြောဆိုနေတာကို ခလေးမိခင်က သတင်းဌာနတွေကို ပြောပြခဲ့ပါတယ် ။ ယွီယွီလေးရဲ့ အဖြစ်ပျက် အင်တာနက်ကနေ တဆင့် ဟိုးလေး တစ်ကျော် ဖြစ်ပြီးကာမှ ၅ နှစ်သား တစ်ယောက်ကို ကားတိုက် ပြေးတာတွေ ၊ တစ်နှစ်သားလေး ခြေကျိုးတဲ့အထိ ကားကြိတ်တာတွေ စတဲ့ ခလေးတွေကို ဥပေက္ခာ ပြုမှု့တွေ အင်တာနက်မှာ ပျံနှံ့  ထွက်ပေါ်လာခဲ့ပါတယ်။

ထိုအဖြစ်ပျက်တွေဟာ ယွီယွီလေး နေထိုင်တဲ့ ခရိုင်တစ်ခုတည်းမှ ဖြစ်ခဲ့တာတွေ ဖြစ်ပြီး။ အခြားဒေသ တွေမှာလည်း အလားတူများစွာ ရှိနေတယ်ဆိုတဲ့ အကြောင်းတွေ က ထွက်ပေါ် လာခဲ့ပါတယ်။ မလေးရှားထုတ် The Star သတင်းစာက ယနေ့ ရေးသား ဖော်ပြမှု့များထဲမှာ တရုတ်ပြည်က မဲညစ်နေသော လူနေမှု့ စရိုက်ဆိုတဲ့ အလွန်ပြင်းထန်းသော အသုံးအနှုံးကို အသုံးပြုခဲ့ပြီး ကမ္ဘာတစ်လွှားက သတင်းစာများ ကတော့ ယိုယွင်းနေသော လူနေမှု့ရယ်လို့ အမည်တပ်ခဲ့တဲ့ ထို ကားတိုက်မှု့ကို ဧဒင်အဖွဲ့ သားတွေသိအောင် ယနေ့ ဘာသာပြန် တင်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ။
ဒါကတော့ Facebook မှာ Alwan Moe Sat ဘာသာပြန်ပေးထားတာပါ။

0 နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် အမေရိကန်အထူးသံအမတ် ဒဲရစ်မစ်ချယ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးအပ်ခဲ့


အောက်တိုဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအမတ် ဒဲရစ်မစ်ချယ်ဆီကို နိုင်ငံရေးအကျဉ်းသား ၅၅ ယောက် စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ နေ့လယ် ၁း၀၀ နာရီက ပေးပို့ခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အချိန်အခက်အခဲကြောင့် ၅၅ ဦးသာ စုပေါင်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာ ပါဝင်တဲ့ တောင်းဆိုချက် သုံးခုကတော့

(၁) နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်

(၂) တိုင်းရင်းသားဒေသတွေမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေကို အမြန်ဆုံးရပ်တန့်ပေးရန်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန်

(၃) ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာကို အမြန်ဆုံးကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ပေးနိုင်ရန် တို့ ဖြစ်ပါတယ်။

ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၅၅ ဦးထဲမှာတော့ ဆရာတော် သံဃာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကိုဇာဂနာတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလဲ ပါဝင်လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ကတော့ အစိုးရသစ်ရဲ့ လက်ရှိပြုလုပ်နေတဲ့ နိုင်ငံရေးဖြေရှင်းမှုတွေကို အတိုင်းအတာတခုအထိ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီ့ထက် ပိုမိုကျယ်ပြန့်တဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်တစ်ရပ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဆက်လက်ပြုလုပ်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးတာကိုလဲ လက်ခံကြိုဆိုတဲ့အကြောင်း ပြောပြသွားပါတယ်။

“အခုလို အိတ်ဖွင့်ပေးစာ ပေးရခြင်းရည်ရွယ်ချက်ကတော့ အမေရိကန်အထူးသံအမတ်အနေနဲ့ အခုလို တောင်းဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သဘောထားကို သိစေချင်တာရယ်၊ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုကိုလဲ တနည်းတဖုံ တိုးတက်မှုရှိအောင် ကူညီပေးစေချင်တယ်”လို့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုဇော်ရဲဝင်းက ပြောဆိုလိုက်ပါတယ်။

ဇာဏီ(Burma VJ Media Network)

0 အညတရသူရဲကောင်းဆုတံဆိပ်



မိတ်ဆွေများအားလုံးခင်ဗျား

ဂျပန်နိုင်ငံ တိုကျိုမြို့၊ ခိဘ ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်တွင်
မိမိတို့ အညတရသူရဲကောင်းဆုချီးမျြင့်ရေးကော်မတီ မှ ရံပုံငွေအဖြစ် မုန့်ဟင်းခါး၊ အကြော်စုံ နှင့် မြန်မာ့ရိုးရာ ထိုးမုန့်မျိုးစုံကို ရောင်းချခဲ့ပါသည်။

ထိုသို့ ရောင်းချခဲ့ရာတွင်...
ရောင်းရငွေ - 117,550 ယန်း
စုစုပေါင်းကုန်ကျငွေ - 100,400 ယန်း နှင့်
အမြတ်ငွေ - 17,150 ယန်း ရရှိခဲ့ပါသည်။

မေတ္တာ စေတနာရှေ့ထား၍ ပါဝင်ကူညီခဲ့သူများ၊ အားပေး သုံးဆောင်ခဲ့ကြသူများ အားလုံးအား
ကျေးဇူးအထူးတင်ရှိရပါကြောင်း မိမိတို့ ကော်မတီမှ ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

အဆိုပါ အမြတ်ငွေများ အားလုံးအား ဆုချီးမြှင့်ရေး လုပ်ငန်းစဉ် တခုတည်းတွင်သာ သုံးစွဲသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

ဆက်လက်၍ ပထမအကြိမ်မြောက် အညတရသူရဲကောင်းဆု ချီးမျြင့်ခြင်းခံခဲ့ရသူ (၃) ဦး၏ ဆုတံဆိပ် ပုံစံများအား ပေးပို့အပ်ပါသည်။

ဆုချီးမြှင့်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့က ဆုငွေကိုသာ ချီးမျြင့်ခဲ့ပြီး ဆုတံဆိပ်များ ချီးမြှင့်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။ယခုနောက်ပိုင်းကြမှ ပြန်လည်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

ဆုတံဆိပ်များအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုပါရန်။
ဒုတိယအကြိမ်တွင် ဆုငွေ ကျပ် (၁၀) သိန်းနှင့်အတူ ဆုတံဆိပ်ကိုပါ တပါတည်း ချီးမျြင့်သွားမည် ဖြစ်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်။
ဆုချီးမြှင့်မည့် နေ့ရက်နှင့် အခြားသော သတင်းအချက်အလက်များအား မကြာမီ အချိန်အတွင်း ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
မင်းထက်ဇော်
ကော်မတီဝင်
အညတရသူရဲကောင်းဆုချီးမြှင့်ရေးကော်မတီ
၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ (၂၄) ရက်။
81-090 3682 2028

0 ကိုဇာဂနာရဲ့ တထောင်ဝင်တထောင်ထွက်နိုင်ငံရေးအကျဉ်းသား ကူညီရေးခရီးစဉ်


သာယာဝတီမှာ..မိတ်ဆွေတွေနဲ့ ..တွေ့ ပါတယ်.။ခရိုင်တခုလုံးမှာရှိကြတဲ့..ရှစ်( ၈ )မြို့ နယ်က..လူမှုရေးအဖွဲ့ ( NLD ) လူငယ်တွေနဲ့ လည်း..တွေ့ ရပါတယ်..။

သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်းအဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ..။

ဇာဂနာ facebook

Tuesday, October 25, 2011

0 Apple ဖန်ဆင်းရှင် Steve Jobs' Commencement Speech at Stanford University (မြန်မာဘာသာပြန်)

0 ပြည်ကြီးတံခွန်မြို့ ရဲစခန်းမှ ဒုရဲအုပ်မောင်ဇော် မီးလောင်မှုကိုအကြောင်းပြု၍ ငွေညှစ်ယူ(တိုင်ကြားစာ)

ဖြစ်စဉ်ကတော့ 18-10-201ည 12:30 အချိန်လောက်က ပြည်ကြီးတံခွန်မြိုံ့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်။ သာယာဝတီမင်းကြီးလမ်းဒေါင့်၊ကျွဲဆည်ကန်ဆန်ကားကြီးဝင်းအနီး ရှိ ငြိမ်းချမ်းစတိုးဆိုင် ရှိအဲယားကွန်းမှ တဆင့် မီးလောင်မှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။

အဆိုပါမီးလောင်မှုဖြစ်သော်လည်း ဆိုင်ပိုင်ရှင်များမှ ၀င်ပေါက်တံခါး အားဖွင့်လှစ်ပေးခြင်းမရှိပဲ ပိတ်ထား ပါသည်။ လမ်ဘေးလမ်းယာမှ မြင်သူများမှပြောဆို၍ ရပ်ကွက်နေ မိဘ ပြည်သူများမှ သိရှိရ`၍ ပြောဆိုရာမှ
တံခါးဖွင့်လှစ်ပေးရာ..ကျွန်တော်တို့နှင့်အတူ ရပ်ကွက်နေ မိဘပြည်သူများမှဝိုင်းဝန်း၍ မီးကိုငြိမ်းသတ်ပေးခဲ့ ရာ..... ပြည်ကြီးတံခွန်မြို့ ရဲစခန်းမှဒုရဲအုပ်မောင်ဇော်နှင့်အတူ အမှတ်(၆)စစ်နယ်မြေတာဝန်ရှိသူများ၊ ရပ်ကွက်မီးသတ်တပ်ဖွဲဝင်းများရောက်ရှိလာခဲ့သည်။

ကျွန်တော်တို့မှ မီးလောင်မှုကိုငြိမ်းသတ်နိုင်ရန် အတွက် လုပ်ဆောင်နေစဉ် ဒုရဲအုပ်မောင်ဇော်မှ မင်းတို့ကသက်သေခံပစ္စည်းကိုဖျောက်ဖျက်ချင်တာလား မင်းတို့ကိုပါ အလိုတူအလိုပါအရေးယူနိုင်တယ်ဟု ပြောဆိုကာ ရပ်ကွက်နေ မိဘပြည်သူများမီးလောင်မှု ကိုကူညီဆောင်ရွက်နေ ငြိမ်းသက်နေသော်လည်း ၄င်းမှငေါက်ငမ်းကာပြောဆိုသည့်အတွက်ကျွန်တော်တို့မှာရပ်ကွက်အတွက်တောင်ကူညီလုပ်ဆောင်ပေးရန်
ဘာမှမတတ်နိုင်နိုင်ပါခင်ဗျာ.

ကျွန်တော်တို့ကြားဘူးထားသည်မှာ...........မီးလောင်မှုတစ်ခုဖြစ်ရန်အတွက် ဓါတုဗေဒနည်းလမ်းအရ
လိုအပ်သောလောင်စာ။ လိုအပ်အပူချိန်။ လေတို့ရှိမှမီးလောင်မှုတစ်ခုဖြစ်ပေါ်နိုင်ကြောင်းကို ကျောင်းစာသင်ခန်းစာများအရ...သိရှိရပါသည်။ သို့သော်လည်း ၄င်းတိုသည် ရဲတပ်ဖွဲ့ဝင်များဖြစ်နေခြင်း၊
အခင်းဖြစ်ချိန်တွင်တာဝန်ရှိနေခြင်းတို့ကြောင့်ဘာမှပြန်လည်ပြောဆိုနိုင်ခြင်းမရှိပဲငေါက်ငန်း သည်ကို သာခံခဲ့ရပြီး မိမိနေအိမ်သို့ မီးငြိမ်းမှပြန်လာခဲ့ရပါသည်ခင်ဗျာ။။။။။။။။။။။။

သို့သော်လည်းနောက်ရက်တွင်ထပ်မံကြားသိရသည်မှာ.မီးလန့်မှုဖြစ်ပွားခဲ့သည်...မန္တလေး ပြည်ကြီးတံခွန် မြို့နယ်ငွေတော်ကျီကုန်းရပ်ကွက်၊ ကျွဲဆည်ကန်ကားကြီးဝင်းလမ်းဝင်ပေါက်ရှိငြိမ်းချမ်းစတိုးဆိုင်မှ မီးလောင်မှုနှင့်ပါက်သက်၍တစ်ခြားတစ်စုံတစ်ရာပြသာနာမဖြစ်စေရန်အတွက် ရဲကင်းမှ ဒုရဲအုပ်မောင်ဇော် (ချမ်းမြသာယာရဲကင်းမှူးနှင့် အမှတ်(၆)စစ်နယ်မြေမှကုလားကြီး)တို့အား မြန်မာကျပ်ငွေ ဆယ့်တစ်သိန်းပေးလိုက်ရကြောင်းကြားသိရ၍ကျွန်တော်တို့မှ မကျေနပ်၍ အစ်ကိုတို့မှ တဆင့်
တိုင်ကြားခြင်းဖြစ်ပါသည်ခင်ဗျာ...

ကျွန်တော် ZAY YAR ကွန်ပြူတာတက္ကသိုလ်၊မန္တလေး။ ဒုတိယနှစ်မှ မှန်ကန်ကြောင်း
အသိအမှတ်ပြုပါသည်ခင်ဗျား ..အထက်ပါဖြစ်ရပ်တွင် ငွေကြေးကို ယူသော ဒုရဲအုပ်မောင်ဇော်အား
အရေးယူပေးရန်ဖြစ်ပါသည်ခင်ဗျား

Monday, October 24, 2011

0 ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ HOLIDAY - 4 မြန်မာပြန်


အားလပ်ရက် -၎

ကျွန်မ ပုဂံသွားရောက်ခဲ့တဲ့နေ့များကို ရေးသားနေစဉ် အဲဒိရှေ့ဟောင်းမြို့တော်မှာလုံးဝမကြားဘူးတဲ့ ဝမ်းနည်းကြေကွဲဘွယ်ဖြစ်ရပ်ဆိုးတခုဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးတ ယောက်ကို မော်တော်ဆိုင်ကယ်တက္ကစီမောင်းသမားက သတ်ဖြတ်လိုက်ခြင်းဟာ တစိမ်းတရံစာများ အပေါ် ပျူငှာစွာဆက်ဆံတယ်လို့ နာမည်ကြီးနေတဲ့အသိုင်း အဝိုင်းရှိ လူအများကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါတယ်။ ဒီ ရာဇဝတ်မှုဟာ တုန်လှုပ်ခြောက်ခြားမှုလှိုင်းကိုရိုက်ခတ်လိုက်ပါတယ်။ “ ဒီလိုဖြစ်ရပ် ဆိုးဟာ ဒီနေရာမှာ တခါမျှမဖြစ်ခဲ့ဘူးပါဘူး၊ ကျွန်တော်တို့တော့ နားကိုမလည်နိုင်ပါ။ ကျွန်တော်တို့ဟာ ဒီလိုလူစားတွေ မဟုတ်ကြပါ။ ကျွန်တော်တို့ဟာ အလွန်ကိုရှက်မိပါတယ်။”လို့ အခင်းဖြစ်ပွါးရာ ညောင် ဦးဒေသခံ အမျိုးသားတဦးက ကျွန်မတို့ကိုယ်စား ပြောကြားပေးလိုက်ပါတယ်။

လူသတ်တရားခံကို ဖမ်းမိလိုက်ပြီး ဥပဒေကြောင်းနဲ့အညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမင့် အမျိုးသမီးငယ်ကတော့ ပြန်လည်အသက်ရှင်လာမှာ မဟုတ်တော့ပါ။ သူမကိုသိခဲ့သူများနဲ့ချစ်ခင်ခဲ့သူ များကို ကျွန်မတို့က အထူးကြေကွဲဝမ်းနည်းကြောင်းစကား ပါးရမှာပါ။

အရာရာဟာ ထာဝစဉ်မရပ်တည်ပါ။ ဘယ်အရာမှ မတည်မြဲပါ။ ဒါဟာ ကျွန်ုပ်တို့ကို ဗုဒ္ဓက ဆုံးမပေး တာ နဲ့ ပုဂံကသင်ကြားပေးမှုပါ။ ယနေ့တိုင် မမှားပဲ သေချာနေတာက ထိန်းသိမ်းစောင့်ရှောက်ရမှာကို ကြိုးစားထိန်းသိမ်းစောင့်ရှောက်ရမှာပဲ ဖြစ်ပါတယ်။ ပုဂံရဲ့ မဝေးလှတဲ့အရပ်မှာ တနိုင်ငံလုံးက ဝိဉာဉ် များပူဇော်ရာဗဟိုဌာနဖြစ်တဲ့ မီးတောင်ဟောင်း ပုပ္ပါးတောင်ကလပ်ရှိပါတယ်။ ပုပ္ပါးရဲ့ နှစ်စဉ်ပွဲတော် ဟာ ယုံကြည်ကိုးကွယ်သူများကိုသာမက ဒီရိုးရာဓလေ့ကို လေ့လာဘို့ စိတ်အား ထက်သန်သူ သောင်းပေါင်းများစွာရှိတဲ့ ဧည့်သည်တွေကိုပါ ဆွဲဆောင်ပါတယ်။ ဒီရိုးရာဓလေ့ဟာ ပုဂံ ဘုရင်များ သူတို့အကြောင်းခြင်းရာများအပေါ် သေရေးရှင်ရေးရဲ့ နတ်ဘုရားများအဖြစ် ရပ်တည်ပူဇော်ခံကြတဲ့ အချိန်ကတည်းက စတင်ခဲ့တာပါ။

ရှေးဒဏ္ဍာရီအရ ဘုရင်အနော်ရထာလက်ထက်က တောင်တော်ပုပ္ပါးပေါ်မှာ ပန်းစားဘီလူးမ တ ယောက်ရှိခဲ့ပါသတဲ့။ ထူးခြားတဲ့တန်ခိုးများရှိတဲ့ တော်ဝင်ငယ်ကျွန်တယောက်ဟာ လူစွမ်းကောင်း ရဲ့လျင်မြန်မှုနဲ့ ပုဂံကလာပြီး ဘုရင်အနော်ရထာအတွက် ပန်းများလာစုဆောင်းခဲ့ပါတယ်။ မြော်လင့် ထားသလိုပါပဲ။ ဒီလူစွမ်းကောင်းဟာ မိမိကိုယ်ကိုတန်ခိုးနဲ့ လှပအောင်ဖန်ဆင်းထားတဲ့ဘီလူးမကို တွေ့မြင်သွားကာ ရည်ငံမိကြပါသတဲ့။ လူစွမ်းကောင်းနဲ့ဘီလူးမတို့ရဲ့ ပေါင်းသင်းမှုရဲ့အသီးအပွင့်က တော့ နောင်မှာ တောင်တော်ပုပ္ပါးကို စောင့်ရှောက်ကြရမဲ့နတ်ဝိဉာဉ်များဖြစ်လာမဲ့ ယောက်ျားအမွှာ ကလေးများဖြစ်ကြပါတယ်။

မီးတောင်ဟောင်းရဲ့ထိပ်အထိ စိတ်ဝင်စားဘွယ် ကျောင်းကန်တန်ဆောင်းများရှိနေတာကြောင့် ပွဲတော်ချိန်မဟုတ်ပေမဲ့လဲ ခရီးသွားတွေက ပုပ္ပါးကိုလာကြပါတယ်။ ကျွန်မတို့လဲ ပုပ္ပါးဘက်ကိုသွား ခဲ့ပါသေးတယ်။ တောင်ပေါ်တော့ မတက်ခဲ့ကြပါ။ တောင်ခြေမှာရှိတဲ့ အမျိုးသားပန်းခြံဥယျဉ်ကို သွားလည်ခဲ့ပါတယ်။ အသင့်အတင့်ဘတ်ချက်နဲ့ တည်ဆောက်ထားတဲ့ အသင့်အတင့်ဥယျဉ်ပန်းခြံပါ။ ဒါပေမင့် စိတ်အားထက်သန်ကာ တာဝန်ကျေပွန်လှတဲ့ဝန်ထမ်းရဲ့စိတ်ဓါတ်တွေကူးစက်မိတဲ့အလား ကျွန်မတို့လဲ စိတ်ဝင်းစားလျက် ပညာတွေရခဲ့ကြပါတယ်။

အမြင့်ပိုင်းဟာ ရာသီဥတု အထူးသာယာနေပါတယ်။ မီးတောင်မြေဟာ ရှားပါးတဲ့သစ်ပင်များနဲ့အပင် ငယ်များကို ထိန်းသိမ်းစိုက်ပျိုးဘို့ကောင်းပါတယ်။ နိုင်ငံခြားသစ်ခွများနဲ့ လိပ်ပြာများလဲ ပေါများလှပါ တယ်။ ဒီပန်းဥယျဉ်မှာ ဆေးဘက်ဝင်ဟင်းသီးဟင်းရွက်များနဲ့ ဘယဆေးပင်များကို အထူးစိုက်ပျိုး ပါတယ်။ ဒီပန်းဥယျဉ်ဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ သုတေသနပြုဘို့အတွက် စံပြဖြစ်ပါတယ်။ လေဟာအေးမြပါတယ်။ ကျယ်ဝန်းတဲ့သစ်သားကုန်းပတ်ပေါ်ကနေ မီးတောင်ရဲ့ အံ့မခန်းရှုခင်းကို ကျွန်မတို့ခံစားရသလို စိမ်းလန်းတဲ့ရှုခင်းကလဲ ရုက္ခဗေဒပညာရှင်များကို ဘဝင်ခိုက်ပီတိဖြစ်စေပါတယ်။

ပုဂံကို ဘယ်နှစ်ခေါက်ပဲလာလာ အသစ်အဆန်းတွေကိုတွေ့ရမှာကိုရော၊ စေတီပုထိုးများရဲ့မြို့တော်ရဲ့

ဆွဲဆောင်မှုကိုဖမ်းစားမဲ့ မှော်ပဉ္စလက်ကိုတွေ့ရမှာကိုပါ ပုဂံမှာစတည်းချတဲ့လေးရက်အချိန်ဟာ သင့် ကိုအမှတ်ရစေမှာပါ။ သူ့ရဲ့ရိုးရာအနုပညာများနဲ့လက်မှုပညာများ၊ ခြင်းလုပ်ငန်း၊ အိုးထိန်းသည်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း တွေဟာလဲ ဆွဲမက်စရာကောင်းပြီး အသုံးဝင်စရာများဖြစ်ကြပါတယ်။ ပုဂံဟာ မြန်မာ့ယွန်းပညာရဲ့ ရေခံမြေခံအရပ်ပါ။ နည်းပညာဟောင်းများကို ထိန်းသိမ်းထားလျက်ပါ။ ဒါပေမင့် နည်းပညာသစ်များကို ဖန်တီးဘို့ လိုအပ်ချက်ကိုလဲ သတိထားရှေ့ရှုနေကြပါတယ်။ တိုင်းတပါးက နည်းပညာကို ဆည်းပူးလို စိတ်ရှိနေကြပါတယ်။ အကြီးဆုံးယွန်းထည်လုပ်ငန်းဆိုင်ပိုင်ရှင် အမျိုးသမီး ဟာ မြန်မာ့ယွန်းပညာအတွက် တိုးတက်အောင်ကြံဆောင်နိုင်မဲ့နည်းလမ်းများကို ဂျပန်မှာသွားလေ့လာ ပါတယ်။

သမိုင်းပညာရပ်၊ ဆောက်လုပ်ရေးပညာရပ်၊ အနုပညာ နဲ့ သဘာဝအလှအပများကို ပုဂံက များစွာပေး လျက်ပါ။ ဒါပေမင့် အရေးကြီးဆုံးက သူရဲ့ဌာနေပြည်သူများပါ။ ဂုဏ်ယူရတဲ့ မြို့တော်ဟောင်းရဲ့ဌာနေ များရဲ့ လိုက်လျောညီထွေတဲ့ ညင်သာသိမ်မွေ့မှုနဲ့ ပျူငှာဖော်ရွေ မှုတွေ၊ သူတို့ရဲ့ချစ်စရာကောင်းတာ တွေဟာ အံ့မခန်းစရာပါပဲ။

တနေ့ခင်းမှာတော့ ကျွန်မတို့ နေ့လည်စာအတွက် “သာရဘ - ၃” စားသောက်ဆိုင်ကိုသွားခဲ့ပါတယ်။ သစ်ပင်များအရိပ်အောက်မှာ ခင်းကျင်းထားတဲ့ ရှည်လျားတဲ့ စားပွဲများနဲ့ထိုင်ခုံရှည်များရှိပေမင့် မြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင်များအနက် တခုပင်ဖြစ်ပါတယ်။ “သာရဘ - ၁”ဟာလဲ ဒီအဆင်အပြင် အတိုင်းရှိခဲ့ဘူးပါတယ်။ အခုတော့ မူလနေရာကနေ ရွေ့သွားခဲ့ပါပြီ။ သစ္စာရှိဖောက်သည်များကတော့ အခြားသစ်ပင်များအောက်မှာ ပြန်လည်ထွက်ပေါ်လာတဲ့ “သာရဘ - ၂” ဆီ ဦးတည်သွားကြပါတယ်။ “သာရဘ - ၂”လဲ ရွှေ့ပြောင်းသွားပါတယ်။ ဖောက်သည်ဟောင်းများက “သာရဘ - ၃”ကိုပဲ စွဲစွဲမြဲမြဲ အလေးထားအားပေးလျက်ရှိနေပါတယ်။

သစ်ပင်များရဲ့အရိပ်အောက်ကစားပွဲခုံများပေါ်က ထမင်းတနပ်ဟာ လူတွေဘာကြောင့် ဒီဆိုင်ရဲ့အစား အစာနဲ့ ဧည့်ဝတ်ကျေပွန် ဖော်ရွေမှုကို နှစ်သက်မက်မောနေရတယ်ဆိုတာကို သဘောပေါက်စေပါ တယ်။ ငွေကျပ် သုံးရာ(အမေရိကန် ၅၀ ဆင့်ထက်နည်းတဲ့ငွေ)နဲ့ ထမင်းမောက်မောက် တပန်းကန်၊ ချဉ်ပတ်၊ ခရမ်းချဉ်သီးအနှစ်ဖျော်ရည်စပ်စပ်၊ နှမ်းဖျော်ရည်ပြစ်ပြစ်၊ ငချဉ်၊ဟင်းသီးဟင်းရွက်အဖြုန်း စတဲ့ အရံဟင်းပွဲ ၅ ပွဲ ၆ ပွဲကိုအကြိုက်စားနိုင်ပါတယ်။ သာမန်စားသုံးသူတယောက်အတွက် လုံ လောက်တဲ့ ထမင်းတနပ်ဖြစ်ပါတယ်။ အသားနဲ့ငါးဟင်းပန်းကန်များကို စားပွဲများပေါ်မှာတင်ထား ပါတယ်။ အသားတုံး၊ ငါးတုံးများကို ကိုယ်ယူသလောက်ရှင်းရပါတယ်။

ပုဂံမှာနေခဲ့ရတဲ့ ကျွန်မရဲ့ရက်အနည်းငယ်ခရီးကို စာတအုပ်အဖြစ်ရေးနိုင်ပေမင့် ဒီအချိန်မှာရပ်နား လိုက်ပါ့မယ်။ အချက်အပြုတ်ဆိုင်ရာထက် ပိုကောင်းတဲ့ဘယ်လိုမှတ်ချက်ပေးရမှာပါလဲ။ ဒါကြောင့်ကျွန်မ ရိုးရိုးလေးပဲပြောပါ့မယ် - “သာရဘ ၃”ရဲ့ ရိုးစင်းတဲ့ သာယာကြည်နူးမှုကို သင် လာ ရောက်ပြီး အရသာခံကြည့်ကြပါ။ မြန်မာနိုင်ငံမှာ အားလပ်ရက်အဖြစ် ကိုယ်တိုင် လာရောက်ခံစား ကြည့်ပါ - လို့။

ဒေါ်အောင်ဆန်းစုကြည်

၂၀၁၁-၁၀-၂၃ (မိုင်အိနိချိ၊ ဂျပန်)

( ဂျပန်နိုင်ငံထုတ် မိုင်အိနိချိနေ့စဉ်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Holiday-4 ကို ပြန်ဆိုပါ သည်)

မောင်မောင်လှကြိုင်

၂၀၁၀-၁၀-၀၃

0 ပြည်တွင်းစစ်ဆိုတာ လူသတ်ပြီး တိုင်းပြည် ဘဏ္ဍာဖြုန်းတဲ့လုပ်ရပ်သာလျှင်ဖြစ်တယ် -
ဆောင်းပါးရှင်-မောင်မောင်ဝမ်း


ကျနော် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှုးအောင် နဲ့တွေ့ဆုံခဲ့တုန်းက သတိရမိတာလေးတခုပါ….သူက ဦးနေ၀င်းနဲ့ပတ်သက်ပြီး အမုန်းဆုံးအရာတခုကိုကောက်ချက် ပေးပါတယ်။

“ ငါ….. ကိုရှုမောင် ( ဦးနေ၀င်း ၏အမည်ရင်း) ကိုအမုန်းဆုံးအရာတွေထဲမှာ…ပြည်တွင်းစစ်မီးလှုံတာကို အမုန်းဆုံးပဲကွာ……………”

“ ဘဘ….ပြည်တွင်းစစ်မီးလှုံတယ်ဆိုတာ…ဘာလည်း ”

“ဆောင်းတွင်းအေးရင်..မီးလှုံကြတယ်မဟုတ်လား…..အအေးဓါတ်ကိုအကာကွယ်ရအောင်ပေါ့ကွာ….ဒီလိုပဲ…ကိုရှုမောင်က…သူ့ကိုအကာကွယ်ဖြစ်နေအောင်…စစ်တပ်ကိုကြီးထွားသထက်ကြီးထွားနေအောင်….ငြိမ်းလို့ရတဲ့မီးတွေကို မငြိမ်းပဲ…အငွေ့လှုံနေတာ….ဒါကိုဆိုလိုတာ…”

“ ငြိမ်းလို့ ရတဲ့မီးဆိုတာ ကရော..ဘာကိုဆိုလိုတာလည်း ဘဘ ”

“ ပြည်တွင်း ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်….ဘာပဲလုပ်လုပ်…သူက မရိုးသားဘူး…ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖျားချင်လို့သာ….ခေါင်းစဉ်လှလှ အမည်တတ်ထားတာ…အနှစ်သာရမှာက ဒီလိုမဟုတ်ဘူးကွ…..သူက အတိုက်အခံ လက်နှက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်မှာကို လိုလားတာမဟုတ်ဘူး….တကယ်တော့ အာဏာစက်ကျယ်ချင်လို့ရူးသွပ်ခြင်းတမျိုးပါကွာ……ဒီလူ့မှာအလွန်ရူးတာတခုရှိတယ်…အဲဒါဘာလည်းဆိုတော့…..အာဏာစက်ကျဉ်းမှာကို သူက အလွန်ကြောက်တာကွ ”

ကျနော့်နားထဲမှာ…ဗိုလ်မှုးအောင်..ပြောခဲ့တဲ့အာဏာစက်ကျဉ်းမှာကိုကြောက်တယ်ဆိုတဲ့စကားကစွဲထင်နေ မိတယ်…..တကယ်တော့ တော်တော်တရားကျစရာကောင်းတဲ့ အဖြစ်တွေပါ…ဒါတွေဟာ ပဒေသရာစ် စိတ်မကုန်သေးတဲ့ အတွေးအခေါ်များသာလျှင်ဖြစ်နေပါလိမ့်မယ်….ခေတ်အဆက်ဆက် ရိုက်သွင်းလာတဲ့ ၀ါဒဖြန့်ချီရေးတခုရှိသေးတယ်…နယ်ချဲ့ဆိုတဲ့အရာ…ကိုယ့်ကိုနယ်ချဲ့လာမှာကိုကြ…တွေးပြီးတောင်ကြောက်နေ ကြတယ်…ကိုယ်က နယ်ချဲ့ခဲ့တာကိုကြ…အားရပါးရချီးမွမ်းလို့မဆုံးဘူး….ဗမာ ဘုရင်တွေလက်ထက်မှာ သူများနယ်မြေအင်ပါယာတွေကိုသွားနယ်ချဲ့….သူရဲကောင်းကြီးတွေလုပ်ကြတဲ့လုပ်ရပ်ဟာ…ကောင်းတဲ့လုပ်ရပ်လားစဉ်းစားကြည့်ရအောင်ပါ……သူတို့သူရဲကောင်းဆိုတာ….

(အခုသူတို့လည်းမသိနိုင်တော့ပါဘူး…သေကုန်ကြပြီပဲဟာ)…..မသေပဲကျန်ရစ်အသက်ရှင်နေသေးတဲ့သူတွေမှာတော့ဘာမသိညာမသိ…အနှိပ်စက်ခံနေရတုန်း…အသတ်ခံနေရတုန်း(ထိုင်းနိုင်ငံမှာ…နှစ်ပေါင်းသုံးရာကျော်လောက်ကဖြစ်သွားတဲ့ကိစ္စက…အခုထိမြန်မာနိုင်ငံ သား တွေအတွက် ခံနေရဆဲ…..နယ်ချဲ့ခဲ့လို့ အဲဒီ့ သူရဲကောင်းတွေ အကျိုးရှိ မရှိတော့မသိဘူး….ထိုင်းနိုင်ငံမှာ အခု အလုပ်သွားလုပ်နေတဲ့ အလုပ်သမားများစွာတော့…အခုထိ ခံနေရတုန်းပါ )

အခုမြန်မာနိုင်ငံမှာလည်းပြည်တွင်းစစ်မီးတွေတောက်လောင်နေတော့…စဉ်းစားကြည့်မိတယ်…ဗိုလ်မှုး အောင်ပြောခဲ့ တဲ့စကားက မှန်နေပြီ…လက်ရှိ တက်လာတဲ့ အစိုးရသစ်ကလည်း….မြစ်ဆုံကိစ္စ ၊ နိုင်ငံရေးအကျဉ်းသားအနည်းငယ်လွှတ်ပေးတဲ့ကိစ္စတွေနဲ့…နည်းနည်းလေးချီးကျူးမယ်မှမကြံရသေးဘူး…… ကချင်အပါဝင်…တိုင်းရင်းသားနယ်မြေတွေဘက်မှာ…ထိုးစစ်တွေဆင်လိုက်တာ…သေလိုက်ကြတဲ့သူတွေ…ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနည်းလားဗျာ….သူတို့ အာဏာစက် ကျယ်ချင်တာနဲ့ ပေးဆပ်နေရတဲ့ စစ်သားတွေ ပြည်သူတွေ၊တိုင်းရင်းသားတွေ……လက်ရှိတပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်….ဒါဟာ ဖြစ်သင့်တဲ့ ၊ ဆင်နွှဲသင့်တဲ့ စစ်ပွဲတွေလား……..တိုင်းပြည်ဘဏ္ဍာတွေ အများကြီးဆုံးရှုံးနေယုံမက..လူတွေလည်းသေကျေ ဒုက္ခ ဆင်းရဲတွေနဲ့ ဆုံနေရပါပြီ……. တဘက်ထဲ တင်မဟုတ်…နှစ်ဘက်လုံး…တလောက ကေအိုင်အေက ဖမ်းမိတဲ့စစ်သားတွေကို… ဗွီဒီယိုမှာ ကြည့်လိုက်ရတော့…..စိုးရမ်ကြောက်လန့်နေတဲ့မျက်လုံးတွေ…အသွင်ပြင်အမူအရာတွေ…….ဘယ်သူ့မှာတာဝန်ရှိသလည်း…….ဒါဟာပြည်တွင်းစစ်မီးဖန်တီးနေသူမည်သူမဆို…တာဝန်ရှိ တယ်…..

ကျနော်ဆောင်းပါးလေးတပိုဒ် အင်တာနက်ကနေဖတ်လိုက်ရတာရှိတယ်….ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမဏီ အာဏာရှင်ကြီး ဟစ်တလာ အမြဲပျော်နေတတ်တဲ့ တချိန်ရှိတယ်တဲ့….သူ့ဘေးက စစ်ဗိုလ်ချုပ်တွေကကမ္ဘာ့မြေပုံကြီးကိုတုတ်နဲ့ထောက်ထောက်ပြီး…သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုအရောင်ခြယ်ရှင်းလင်းပြသနေချိန်ဆို….ဟစ်တလာမျက်နှာကြီးက၀င်းပနေတာပဲတဲ့….(ကျနော်ကတော့တွေးမိလိုက်ပါတယ်…နောက်ဆုံးစစ်ရှုံးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရမဲ့အဖြစ်ကို သူမှကြိုမသိနိုင်တာကိုး ) ။

နောက်ဆုံး….ကဒါဖီကိုပဲကြည့်ပါ….တခါကသူ့ကိုသူကြွေးကျော်ခဲ့ဘူးတယ်……အာဖရိက…ကဘုရင် များရဲ့ဘုရင်တဲ့….ဘယ်လောက်ရူးသလည်းဗျာ…..အဲသလိုလူက…သူ့ဇာတိမြို့အသားတွေရောင်းတဲ့ဆိုင်ငယ် လေးအအေးခန်းထဲက…မွေ့ယာပေါ်မှာဆန့်ဆန့်လေး…(.သေတာတောင်ထည်ထည်ဝါ၀ါ မသေရတဲ့အဖြစ်)…သူ အာဏာစက်ကျယ်ချင်တာနဲ့….အမျိုးမျိုးဝါဒဖြန့်…..လူတွေကိုသေခိုင်း….။

အခုလည်း လက်ရှိ မြန်မာအစိုးရက ကျန်တာတွေကိုတော့ ဘာပဲဖြစ်ဖြစ်အနည်းအကျဉ်း ဆောင်ကျဉ်းပေးထားပြီးခါမှ….တိုင်းရင်းသားလက်နှက်ကိုင်ကိစ္စတွေမှာ…အာဏာစက်ကျယ်ချင်နေတာလား…..ကချင်နယ်မြေကိုအကြီးအကျယ်ထိုးစစ်ဆင်ဘို့…..တရုတ်အကူညီနဲ့ဗမာစစ်သားတွေကိုတရုတ်နိုင်ငံထဲပို့………လူသတ်ဘို့ကြံစည်ကြပြန်ပြီ……ကေအိုင်အေကိုအပြီးသတ်ချေမှုန်းလို့ရနိုင်ပါသလား….စဉ်းစားကြည့်ရအောင်ပါ…..နယ်မြေတွေကိုသိမ်းပိုက်ယူလို့ရချင်ရင်ရနိုင်ပါတယ်….ဒါပေမဲ့ကချင်တိုင်းရင်းသားတွေရဲ့လွတ်မြောက်လိုတဲ့ယုံကြည်ချက်တွေကို…ချေမှုန်းလို့ရနိုင်ပါသလား….ထို့အတူပဲ….ကရင်၊ရှမ်း၊မွန်၊ရခိုင်၊ကယား….သူတို့တတွေရဲ့ယုံကြည်မှု့နှလုံးသားတွေကို ဘယ်လက်နှက်နဲ့ အမြစ်ပြတ်ချေမှုန်းကြမလည်း……

လူဆိုတဲ့..သတ္တ၀ါဟာ…လောကကိုမလွန်မြောက်သေးခင်မှာ…….လောဘ၊ဒေါသ၊မောဟတွေနဲ့ရှင်သန်နေရတာပါ……ဒါသဘာဝပါ…တခါတလေ…အလကားနေရင်းတောင်မှဒေါသကထွက်နေတယ်….ဘာဖြစ်လို့ လည်းဆိုတော့…အလိုမကျလို့…အလိုတွေကိုမဖြည့်ဆီးနိုင်လို့….လူတွေအတင်းပြောကြတယ်ဆိုတာ…မိမိဒေါသတွေကိုအစာကြွေးကြတာပါ…..မိမိဒေါသတွေဆိုတဲ့အစစ်အမှန်ကိုမမြင်ပဲ….သူများတွေကိုလက်ညှိုးထိုးပုံချ လိုက်တာ…….သာမာန်လူတွေမှာသိပ်ပြသနာမရှိနိုင်ပေမဲ့…အာဏာကိုဆုတ်ကိုင်ထားတဲ့သူတွေမှာ…ပြသနာအ ကြီးအကျယ်ရှိပါတယ်…..ကိုယ့်ရဲ့လောဘ ဒေါသ မောဟ တွေအတွက် သူများတကာတွေကို ခုတုန်းလုပ်မိတတ်ပါတယ်…..အဲဒီလိုလူမျိုးတွေရဲ့နိဂုံးတွေဟာကောင်းမွန်ပါသလား…….မဝေးသေးတဲ့ကာလ တွေကိုပဲ လှမ်းမျှော်ကြည့်ရအောင်………………………..

အီရတ်က ဆဒတ်ဟူစိန်ဟာ…..ကြိုးစင်ပေါ်ကိုအပြုံးမပျက်တက်သွားတာဟုတ်ပါရဲ့လား ( သူ့ကိုကြိုးပေးတဲ့ ဗွီဒီယိုခွေကိုကြည့်လိုက်ရင် သွေးလေ ချောက်ခြားနေတယ်ဆိုတာ သိနိုင်ပါတယ် )။ ထိုနည်းတူစွာပဲ….အိုစမာဘင်လာဒင်….သူလူတွေအများကြီးသတ်ခဲ့တုန်းက…သိပ်ဂုဏ်ယူသိပ်ပျော်ခဲ့မှာပါ…သူကတော့ တရားသောစစ်ပွဲလို့ထင်နေမိတာကိုး….ဒါပေမဲ့သူသေခါနီးမှာ….လုပ်ရဲရင် ခံရဲတယ် ဆိုတဲ့ စိတ်နဲ့ အသေခံသွားတာလား ( မဖြစ်မနေသေရတော့မဲ့အချိန်မှာတောင်…ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမကို ဓါးစာခံလုပ်သေးတယ်….) နောက် မနေ့တနေ့က……ကဒါဖီ….သူ့ကိုဖမ်းမိတဲ့ အချိန်မှာ သူ့ကို မသတ်ဘို့ တောင်းပန်ရှာတယ်………ဒါတွေကိုဆင်ချင်ကြည့်လိုက်ပါ……လူဟာကိုယ်လုပ်ရတဲ့အချိန်မှာသာ…လူတွေသေကြေပျက်စီးရတာကိုအရသာလုပ်ပီတိတွေဖြစ်နေနိုင်ပေမဲ့……..ကိုယ်ခံရမှာကိုသေလောက်အောင်ကြောက်တတ်ပါတယ်…ဒါသဘာဝပါ..ဒီလိုနဲ့နိဂုံးချုပ်သွားတဲ့သူတွေအားလုံးတူညီတာ..တခုရှိပါတယ်…….ဒါကတော့…သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအားလုံးဟာ…တရားသောစစ်ပွဲတွေချည်းပဲလို့ပြော နေခဲ့ကြတာပါပဲ……

ဒီနေ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မီးကြီးဟာ….တော်သင့်လောက်ပါပြီ….ဖြေရှင်းလို့မရနိုင်ဘူးဆိုတာ မရှိပါဘူး…….ငြိမ်းချမ်းစွာဖြေရှင်းလို့ရပါတယ်….ဒီလိုမဟုတ်ပဲ…အစောကဗိုလ်မူးအောင်ပြောသလို….မပြေလည်ချင်လို့ကိုမပြေလည်နိုင်တဲ့စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ထားမယ်ဆိုရင်တော့…….တိုင်းပြည်တိုးတက်ဘို့ဆိုတာ…နည်းနည်းလေးမှမစဉ်းစားပါနဲ့တော့….စကားတွေအဖတ်တင်ပါတယ်…..ပြည်တွင်းစစ်မီးဟာ…သမင်မွေး ရင် ကျားစားရင်း အခြေနေဖြစ်နေဦးမှာပါပဲ…ငါးကို ခေါင်းပိုင်းနဲ့ဖင်ပိုင်းယူဘို့အငြင်းပွားနေချိန်မှာ ကြားထဲက မြေခွေးက..ဒိုင်လူကြီးဝင်လုပ်ပြီး…အငြင်းပွားနေသူနှစ်ဦးကို…ခေါင်းနဲ့ဖင် အညီအမျှ ခွဲပေး လိုက်ပြီး သူက အလယ်က ၀မ်းဗိုက်သားယူသွားတဲ့…အဖြစ်လို….တရုတ်ကွန်မြူနစ် အစိုးရက ၀င်အုပ်သွားမှာမလွဲပါဘူး……

လွှတ်တော်ကျင်းပနေချိန်မှာ…..ပြည်နယ်ဒေသအသီးသီးကတိုင်းရင်းသားခေါင်းဆောင်များ…..ဒီကိစ္စကိုဘာလို့များ ကျယ်ကျယ်လောင်လောင် မဆွေးနွေးကြတာပါလိမ့်…….မြန်မာသတ်ပုံကျမ်း ကိစ္စလောက် အရေးမပါလို့လား……..ပြည်တွင်းစစ်အတွက် ကုန်ကျမဲ့ ငွေတွေ ၊တိုင်းပြည် ဘဏ္ဍာတွေကို တခြားဟာတွေ ခနထားဦးဗျာ…..နိုင်ငံသားတွေ ပညာတွေတော်ပြီး…တိုင်းပြည်ထူထောင်ရေးကိစ္စရပ်များမှာ အသုံးချနိုင်ဘို့ …ပညာတော်သင်တွေစေလွှတ်လိုက်မယ်ဆို….ဘယ်လောက်အကျိုးရှိလိုက်မလည်း…..။

တရုတ်နိုင်ငံကခေါင်းဆောင်ကြီး….တိန်ရှောက်ဖိန်ဟာ….၁၉၈၀ကာလများမှာအမျှော်အမြင်ကြီးမားစွာနဲ့….တရုတ်ပညာတတ်လူငယ်တွေကို နိုင်ငံတကာလွှတ် ပညာရပ်တွေသင်ကြားခိုင်း လေ့လာခိုင်းလိုက်တဲ့ အကျိုးဆက်ဟာ…ယခု တရုတ်နိုင်ငံကြီးကို အင်အားကြီးနိုင်ငံဖြစ်စေခဲ့ပြီမဟုတ်လား………

မြန်မာ့တပ်မတော်သားများအားလည်း မေတ္တာရပ်ခံချင်ပါတယ်……..ဒီနေ့ တပ်မတော် အရာရှိ အရာခံများဟာ ပညာတတ်တွေပါ……လူနည်းစုလက်တဆုတ်စာ အာဏာစက်ဝန်းကျယ်ချင်တာအတွက်နဲ့ အသက်ပေးနေရတာ…..တွေးကြည့်မယ်ဆိုရင်ရှက်စရာကောင်းပါတယ်…..ညံ့ရာရောက်ပါတယ်….အမှန်တရားကိုမြင်တတ်စေချင်ပါတယ်……

မိမိနိုင်ငံသားအချင်းချင်း….တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်နေတဲ့……စစ်ပွဲများကိုအမြန်ဆုံးရပ်တန့်ပေးပါ……ဒီစစ်ပွဲအတွက်ကုန်ကျနေတဲ့ငွေတွေဟာ….ပြည်သူတွေသွေးချွှေးနဲ့ရှာဖွေထားတဲ့ငွေတွေဖြစ်တယ်…..နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဘို့…ကတိက၀တ်တွေပေးပြီး…၀ိနည်းလွတ်..အနည်းငယ်လွှတ်ပေးသည့်တိုင်…နောက်ထပ်ဆက်လွှတ်ပေးဘို့ကိုလည်းကတိခံနေဆဲဖြစ်ပါတယ်…….သို့သော်တိုင်းရင်းသားအချင်းချင်းမသတ် ဖြတ်ပါဘူးဆိုသည့် ကတိကိုတော့…လွှတ်တော်အပါဝင် မည်သည့်နေရာမမျှ စိုးစဉ်းမျှ မကြားရပါ………….

ပြည်တွင်းစစ်များကို (မည်သည့်အကြောင်းပြချက်မျိုးမှ မပေးပဲ ) အမြန်ဆုံးရပ်ဆိုင်းပါ………
နိုင်ငံရေးအကျဉ်းသားများကို…..အမြန်ဆုံးပြန်လွှတ်ပေးပါ…..ပြည်သူတရပ်လုံးက ကျေးဇူးတင်နေကြမှမလွဲပါ….

သမ္မတ ဦးသိန်းစိန်အပါဝင် လုပ်ပိုင်ခွင့်ရှိသူများခင်ဗျား…


လေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Sunday, October 23, 2011

0 Abhaya - Burma's Fearlessness (ရုပ်/သံ)


Video..James Mackay

0 မြန်မာပြည်အထက်ပိုင်း စလင်း-ဆင်ဖြူကျွန်း ရေကြီးမှုအာဏာပိုင်တွေဘက်မှဘာအကူအညီမှ မပေးခဲ့ဘူးဟု ဒေသခံတွေက ဆို


(Burma VJ Media Network facebook မှ ...)

0 ၈၈ ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ထောင်တွင်းမှ ကိုယ်တိုင်ရေးဆွဲ ပေးပို့ခဲ့သောပုံ

ဒေါ်အောင်ဆန်းစုကြည် ထံ သို့ ၈၈ မျိုးဆက်ကျောင်သား ခေါင်းဆောင် ကိုဌေးကြွယ် (ဘူးသီးတောင်) ထောင်တွင်း ၌ ရေးဆွဲသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ဆီဆေး ပန်းချီကား ဓာတ်ပုံကို ၁၂.၁၀.၂၀၁၁ ဘူးသီးထောင် မှ လွှတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ မှ ကိုသိန်သန်းထွန်း(ခ) ကိုကိုကြီး မှ ပေးအပ်နေပုံ (Photo- Tinhlaing)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနနှင့်ပြင်ပပန်းချီပညာရှင်များမှ ဒီကနေ့ ပူးပေါင်းခင်းကျင်း ပြသသော “ THE PORTRAITS OF MYANMAR PEOPLE ART SHOW ပန်းချီပြခန်းမှပုံများအနက် အထူးအစီအစဉ်အနေဖြင့်ပြသထားသော ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရေးဆွဲပြီးဒေါ်အောင်ဆန်းစုကြည်ထံပေးပို့လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံ ဆီဆေးပန်းချီကား

ပန်းချီကား၏ ညာဖက်အောက်ထောင့်တွင် အင်္ဂလိပ်လို ဋ္ဌေးကြွယ်ဟု ရေးထိုးထားသော လက်မှတ် ပါရှိပါသည် ..
Photo..Ah Bayah facebook

0 ဧရာဝတီဆီမီးမျောပွဲ ဖိတ်ကြားလွှာ


ဧရာဝတီဆိုညဉ်းတဲ့သီချင်း နားစွင့်လိုက်ပါအုံး


တေးရေး+တေးဆို- တိန်ချမ်း (karaoke-mic.blogspot.com/)

ပဲခူးတိုင်းအနောက်ခြမ်းမှငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊လူအခွင့်အရေးတို့ထွန်းကားသောအနာဂတ်
မြန်မာနိုင်ငံတော် တည်ဆောက်ရေး အတွက် စိတ်အားထက်သန်စွာပါဝင်လိုသော လူမှုတက်ကြွ လှုပ်ရှားသူ လူငယ်များနှင့်မြန်မာ့ဒီမိုကရေစီကွန်ယက်မှကိုသူရ(ဇာဂနာ)နှင့်ကိုမျိုးရန်နောင်သိန်းတို့ရင်းရင်းနီးနီးတွေ့စုံကာ မျက်မှောက်မြန်မာနိုင်ငံရေးအခြေအနေနှင်ပတ်သက်၍သဘောထားအမြင် ဖလှယ်သည့်စကားဝိုင်းနှင့် ဧရာဝတီထာဝရရှင်သန်စေရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆန္ဒပြုရည်စူးလျက်ကျင်းပမည့်ဧရာဝတီဆီမီးမျောပွဲသို့ ကြွရောက်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ၂၄ရက်၊

အချိန်။နေ့လည်၂နာရီမှည၇နာရီဆီမီးမျောပွဲအထိ၊

ကျင်းပမည့်နေရာ။ပြည်မြို့၊အောင်မင်္ဂလာကျက်သရေကုန်းတောရကျောင်းနှင့်ဧရာဝတီမြစ်ကမ်းနဘေးတစ်နေရာ၊
ဆက်သွယ်ရန်- ကိုမင်းမင်း (၀၉၄၃၁၆၅၂၇၃)

Ohn Mar Oo FB

1 ခလရ -၁၂၁မှနမ်ဆမ်ယန်ကျေးရွာပြည်သူလူထု၏ အသက်၊အိုးအိမ်၊ကျွဲနွားများအားလုံးဖျက်ဆီးခဲ့သည့် ရုပ်သံ/ဓာတ်ပုံမှတ်တမ်း




source..http://jinghpawkasa.blogspot.com/

0 ဦးဟန်ညောင်ဝေက NLD ဦးတင်ဦးခြေထောက်ကို ဖက်ပြီး တောင်းပန်ရမယ်

ကျနော်စာရေးလျှင် တိကျသော အကြောင်းအရာများတွေနှင့် ရေးပြီးမှ ခေါင်းစဉ်ကို စာဖတ်သူများသိအောင် နောက်ဆုံးနိဂုံးမှာ ဖေါ်ပြတတ်သည်။ ခုတော့ ခေါင်းစဉ်ကို အယင်ရေးပြီးမှ နိဒန်းကို စရပါတော့သည်။ အကြောင်းကား ပြည်တော်ပြန်မောင်ဟန် အကြောင်းကို ရေးသားရ၍ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို စာတစောင် ပေတဖွဲ့ ဖြင့် ကျနော် မရေးချင် ။ ရေးလောက်ရအောင်ကလည်း သူကား နိုင်ငံရေးလောကတွင် ဘယ်လိုကောင်မျိုးမှ မဟုတ်။ သူ့ ဖခင်မှာ နိုင်ငံတော် သမတာကြီး စပ်ေ၇ွှသိုက်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ စဉ်က ဖမ်းဆီးထောင်ချခံခဲ့ ရသူဖြစ်သည်။ သူ့ အကိုတယောက် ယင်းအာဏာသိမ်းပွဲမှာ သေဆုံးခဲ့ ရသည်။ ယင်းဖြစ်ရပ်ကို ကျနော်သည် ကြုံရာဆောင်းပါးများတွင် မခံချိ မခံသာ ရေးခဲ့ သူဖြစ်သည်။ ကျနော်အမှန်စိတ်မကောင်းစွာဖြင်ရေးခဲ့ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေး ကောင်စီက အာဏာသိမ်းခဲ့ စဉ် ယခုလို အပြစ်မဲ့  လူငယ်တဦး သေဆုံးခြင်းကို အလွန်နှမြောစွာဖြင့် ရေးသားခဲ့ ခြင်းဖြစ်သည် ။ ယခုတော့ ယင်းသမတကြီးစပ်ရွှေသိုက်၏သားက သူ့ အဖေအပေါ် စာနာမှူများ ၊ သူ့ အကိုအပေါ် သနားကြင်နာမှုများကို တစစီ ဆွဲ ယူဖဲ့ ငင်သွားပြီ ။ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံရေး လောက၌ ၈၈ အရေးအခင်းတွင် အကွက်ချောင်းကာ ၀င်လာသူဖြစ်သည်။ သူဝင်လာသည်မှာ မြက်မြက်ကလေး စားပေါက်ရခြင်းနှင့် အကြံအဖန်အတွက်ဆိုလျှင် အကြောင်းမဟုတ်။ တကယ့်ပီဘိ အန္တရယ်တကောင် သဘွယ် ဗမာလူမျိုး များနှင့် တိုင်းရင်းသား လူမျိုးများကို ရန်တိုက်ပေးလာသူဖြစ်သည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကြားတွင် နိုင်ငံရေးအဖွဲ့ အစည်းများလည်း ရှိနေသည်။ ယင်းအဖွဲ့ များမှာ ၈၈ အရေးအခင်းဖြစ်ပြီးနောက် ABSDF ကျောင်းသားတပ်ဦးအဖွဲ့ ကလည်း ရှိနေသည်။ အခြားဗမာလူမျိုးများနှင့် နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း ရှိနေသည်။ ဦးဟန်ညောင်ဝေမှာ အနောက်နိုင်ငံမှ နေပြီး ထိုင်းနယ်စပ်ကိုဆင်းလာကာ ဗမာမပါသော တိုင်းရင်းသားလူမျိုးများ ကောင်စီကို ဖွဲ့ စည်းလိုက်တော့သည်။ ယင်းကို ENC ဟုခေါ်သည်။ ထိုင်းနယ်စပ်တွင် DAB ဆိုသော လက်နက်ကိုင်တပ်ပေါင်းစု မဟာမိတ်အဖွဲ့ ရှိသည်။ ယင်းအဖွဲ့ က သမိုင်းလိမ်သော ဘင်္ဂလီ မူဆလင်လူမျိုးတွေက အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် လျောက်ထားသည် ။ သို့ သော် DAB မှ လက်မခံကြောင်း သိရသည်။ သို့ သော် ဦးဟန်ညောင်ဝေ ဖွဲ့ စည်းသော ENC မှာ သမိုင်းလိမ် မူဆလင် လူမျိုးတွေကို အဖွဲ့ ဝင်အဖြစ် လက်ခံသည်ဟုဆိုသည်။ နောက် ရခိုင်လူမျိုးအဖွဲ့ ဖြစ်သော ANC မှ ပုဂ္ဂိုလ်များနှင့် အတူအကွ ထိုင်ပြီး ဓါတ်ပုံအတူတွဲရိုက်ကာ ရခိုင်လူမျိုးတွေကပင် လက်ခံသယောင်ယောင် လုပ်လိုက်သေးသည်။ တော်လှန်ရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ မဟာမိတ်ပြုလုပ်ဆောင်၇ွက်တတ်ရသည် ။

ENC မှာ ယင်းသို့  မဟုတ်။ အားလုံးသွေးကွဲအောင် လုပ်သလို တကယ်လည်း သွေးရော စိတ်ရော ကွဲ ကြပါသည်။
ဦးဟန်ညောင်ဝေသည် ရခိုင်ပြည်ကို မရောက်ဖူးပါဘဲ မည်သည့်အတွက်ကြောင့် သူတို့ အတွက် အလုပ်လုပ်ပေးရသနည်း ။ ရှင်းနေပါသည်။ သူတို့  ဆီက အကြံအဖန်ရနေ၍ဖြစ်သည်ဟု လူတွေက ထောက်ပြဝေဖန်နေကြတာကို တွေ့ ရသည်။ သူမည်သို့ မည်ပုံ ငွေကြေားထောက်ပံ့မှုများ ရသည်ကို ကျနော်မသိ ။ စိတ်လဲမ၀င်စား။ သူရလျှင် သူတော်လို့  ဖြစ်သည်ဟု စိတ်ထဲမှာ ထင်ထားသည်။ ကာဇစ်စတန်နိုင်ငံမှာ ဘင်္ဂလီမူဆလင်တွေ လူမျိုးတွေက သမိုင်းလိမ်နာမည်နှင့် ညီလာခံလုပ်တော့ ဦးဟန်ညောင်ဝေက ညီလာခံသွားရောက်တက်သည်။ ခေါ်သည့်သူက ခေါ်တော့ သွားတက်တာဘဲ ဖြစ်သည်။ သူ့ မှာ သူတို့ နှင့် ငွေကြေးမည်မျှ ရသည်ကို ကျနော်စိတ်မ၀င်စား ။ ဒေါ်လာ သိန်းပေါင်းများစွာ ကို သမိုင်းလိမ်မူဆလင်လူမျိုးတွေက ပေး၍ ရတော့လည်း သူတော်လို့ သာ ဟု ပြောချင်သည်။

ရခိုင်လူမျိုးတွေက ရခိုင်သမိုင်းတွေကော မြန်မာသမိုင်းတွေကိုပါ အကိုးအကားနှင့် ချပြ ရှင်းလင်းနေပါလျက် ယင်းရှင်းလင်းချက်ကို ဦးဟန်ညောင်ဝေက လက်မခံခြင်းလား သို့ တည်းမဟုတ် မသိကျိုးကျွန် ပြုနေခြင်းလား မပြောတတ် ။ တဖက်ဘင်္ဂလီမူဆလင်လူမျိုးတွေက တိုင်းရင်းသား လူမျိုးစုများဖြစ်အောင် ငွေတွေပုံပေးပြီး လုပ်နေခြင်းလားဆိုသည်ကို ဘာမျ မပြောဆိုလိုတော့ ။

ယင်းမှာ ဦးဟန်ညောင်ဝေ ပြသနာဖြစ်သည်။ ဘင်္ဂလီမူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် သတ်မှတ်မည့်သူမှာ လက်ရှိအစိုးရသာ ပတ်သက်သည်။ သမိုင်းဆရာကြီများ သုတေသီများ မဟုတ်။ သမိုင်းဆရာကြီးများ နှင့် သုတေသီများမှာ သူတို့  သိကျွမ်းသော အချက်အလက်များကို အကိုးအကားများ နှင့် တင်ပြကြပေမည်မှာ အမှန်ဖြစ်သည်။ ထို့ ကြောင့် ယခုအချိန်တွင် ဦးဟန်ညောင်ဝေမှာ ရန်ကုန်ရောက်နေပြီဖြစ်သည် ။ ရခိုင်သမိုင်းများနှင့် မြန်မာနိုင်ငံ မှန်နန်းရာဇ၀င်များကို ဦးဟန်ညောင်ဝေ လေ့လာနိုင်တော့မည်ဖြစ်သည် ။ ရခိုင်သမိုင်းဆရာများနှင့် သုတေသီတို့ က ဦးဟန်ညောင်ဝေနှင့် နဖူးတိုက်ဒူးတိုက် တွေ့ ဆုံ ဆွေးနွေးရတော့မည်။ တွေ့  ဆုံဆွေးနွေးရေးအတွက် သက်ဆိုင်ရာ သမတ ဦးသိန်းစိန် အစိုးရသည်လည်း ဆောင်ရွက် ပြုလုပ်ပေးရန်လိုသည်။ သို့  တည်းမဟုတ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်က ဦးဆောင် ပြုလုပ်ပေးရန်လိုသည်။ သို့ မဟုတ် ရခိုင်သမိုင်းဆိုင်ရာ ကော်မီမှ ဦးဟန်ညောင်ဝေနှင့် တွေ့ ဆုံ ဆွေးနွေးရန်လိုသည် ။ သို့ မဟုတ် ဦးဟန်ညောင်ဝေမှ ရခိုင်လူမျိုးတွေနှင့် တွေ့ ဆုံဆွေးနွေးရန် ကြိုးစားရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်ပနိုင်ငံတွင် ဦးဟန်ညောင်ဝေ ကြိုးစားခဲ့ သော သမိုင်းလိမ်မူဆလင်လူမျိုးတို့ အား တိုင်းရင်းသား လူမျိုးစုနွယ်အဖြစ် အသိအမှတ်ြ့ပုရန် ကြိုးပမ်းခြင်းမှာ မှားယွင်းခြင်းလားဆိုသည်ကို အဖြေရှာနိုင်ရန်ဖြစ်သည်။

တချိန်တည်းမှာပင် ပြည်တွင်းမှ အခြားလူမျိုးတွေက ပြည်ပမှ နာမည်တမျိုးဖြင့် တိုင်းရင်းသားလူမျိုးစုနွယ်
အဖြစ် အသိအမှတ်ပြုရေးကို ဦးဟန်ညောင်ဝေအား မျက်ဝါးထင်ထင် လေ့လာခွင့်ရအောင် ဖန်တီးပေးရန်လိုသည်။ မြန်မာနိုင်ငံအတွင်းတွင် ရခိုင်ပြည်နယ် အပါအ၀င် မည်သည့် နေရာဒေသ၌ မဆို ယင်းလူမျိုးများရှိသည်ဆိုဘျင် တွေ့ ခွင့်ပေးကာ လေ့လာမှတ်သားခွင့် ပြုလုပ်ပေးရန်လိုသည်။

ပြည်ပမှာကျတော့ ရိုဟင်ဂျာ လူမျိုးပါလို့  အော်ပြောနေ၍ မရ ။ ဆရာကြီး ဦးဟန်ညောင်ဝေကို ယင်းလူမျိုးများနှင့် တွေ့ ဆုံပေးရန်လိုသည်။ ယင်းလူမျိုးများနှင့် တွေ့ ဆုံလျင် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ပင် လက်ထက်ထိမ်းမြားမှု မရခြင်း ။ စီးပွါးရေးမပြုလုပ်နိုင်ခြင်း ။ခရီးသွားလာမှုမပြုနိုင်ခြင်း ။ ပလီတက်ပြီး ဘာသာရေးအရ ဆုတောင်းမပြုနိုင်ခြင်းတို့ ကို တကယ်ရှိမရှိ လက်တွေ့ ပြပေးစရာလိုသည်။ သမိုင်းအရ လူမျိုးတမျိုးသည် နှစ်ပေါင်းထောင်နှင့်ချီကာ နေထိုင်ခဲ့ သည်ဟု ဆိုလျင် သူတို့ မှာ ရှေးဟောင်းယဉ်ကျေးမှ အဆောက်အဦးများ ရှိရလိမ့်မည်ဖြစ်သည်။ ယင်းရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးများကို လေ့လာခွင့် ပြုလုပ်ပေးရန်လိုသည်။ အကယ်၍ ဦးဟန်ညောင်ဝေအား ယင်းလူမျိုးများက ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦ ။ နေထိုင်ချက်မြုပ်ရာဒေသများ နှင့် စာပေကျမ်းဂန်များကို ပြသနိုင်ခဲ့ က မည်သူမျှ ငြင်းချက်ထုတ်၍ ရမည်မထင်ချေ ။ သို့ အတူ ဦးဟန်ညောင်ဝေကလည်း ပြည်ပနိုင်ငံခြားတွင် သူ၏ ကြိုးစားဆောင်၇ွက်ခြင်းများမှာ အထူးတိုးတက်သွားမည်ဖြစ်သည်။ တခုတော့ ရှိသည် ။ ဦးဟန်ညောင်ဝေသည် ပုဂ္ဂိုလ်ရေးအရ လူမျိုးစွဲ ဒေါသထွက်ခြင်း မဖြစ်စေရဘဲ ပြုလုပ်ဆောင်ရွက်ပေးရန်လိုသည်။

ယခုတလော NLD ဒုဥက္ကဌ ဘဘဦးတင်ဦး၏ ဘင်္ဂလီမူဆလင်လူမျိုးများကို ခိုးဝင်လာသူများဟု ပြောခြင်းနှင့် ပတ်သက်၍ ၀ါကာအူဒင်ဆိုသူက RFA တွင် ရှင်းလင်းပြောသံများကြားရသည် ။ သူပြောမှ ပို၍ရှုပ်လာသောအခြေအနေများကို မြင်လာကြသည်။ နောက် သူတို့  လူမျိုးများ၏ အတွင်းအဉ္ဖတ္တသဏ္ဍန်တွေကို မြင်တွေ့ သွားကြရပြီ ။လွန်ခဲ့သော -၂၀၁၀- မေလ--၅- ရက်နေ့ က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ အရှေ့တီမော သမတ မစ္စတာရာမို့ စ်ဟိုဆေးက -၂၀၀၈- ဖွဲ့ စည်းအုပ်ပုံအခြေခံဥပဒေကို လက်မခံခြင်း- ၂၀၁၀- ရွေးကောက်ပွဲကို လက်မခံခြင်း ညီလာခံ တခုကို ပြုလုပ်ခဲ့ သည်။ ယင်းညီလာခံမှာ ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် ပြုလုပ်သော ညီလာခံဖြစ်သည် ။ ယင်းညီလာခံတွင် ဦးဟန်ညောင်ဝေမှ စစ်ရာဇ၀တ်ကောင် တရားခံအဖြစ် ခုံရုံးတင်ရာတွင် NLD ဒုဥက္ကဌ ဘဘဦးတင်ဦးကို စာရင်းတင်ထားရန် ညီလာခံ၌ ရဲရဲတောက်တင်ပြသွားသည် ။ သဘောက ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက် လူသတ်မှုဖြင့် စစ်ရာဇ၀၀်ကောင်အဖြစ် တရားစွဲရန် ပြုလုပ်စေခြင်းဖြစ်သည် ။ သို့ ဆိုလျှင် ယမန်တနေ့ က ဒေါကတာဝါဒင်အူကာမှ ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက်သတ်မှုများ ရှိခြင်းနှင့် ပါတ်သက်၍ ပြောသွားသလို ဘဘဦးတင်ဦးအား တောင်းပန်ရမည်ဟု ပြောဆိုခြင်းမှာ အင်မတန်မှ ဆပ်စပ်နေပါသည်ဟု ဆောင်းပါးရှင် အောင်သန်းဦး၏ ဆောင်းပါးမှာ ဖတ်ရှုရသည်။

ဦးဟန်ညောင်ဝေ၏ မွေးထားသောမျောက်တို့  သည် ယင်းသို့ ပြောသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုဦးဟန်ညောင်ဝေက ရန်ကန်ုရောက်နေပြီဖြစ်ရာ ဤကိစ္စကို တိကျစွာ ရှင်းလင်းရမည်ဖြစ်သည်။ ဘဘဦးတင်ဦးအား စစ်ခုံရုံးတွင် တင်ရန် ညီလာခံ၌ တင်ပြခြင်းသည် ဒီမိုကရေစီအတိုက်အခံများ၏ ဒီမိုကရေစီနိုင်ငံရေးတခုလုံးကို စော်ကား ခြင်းဖြစ်သည်။ ထို့ ကြောင့် ဘဦးတင်ဦးအား ဒူးထောင်ကာ ခြေသလုံးဖက်တောင်းပန်ခိုင်းရန် ပြုလုပ်ရန် လိုသည်။ ကျနော်တခုဘဲ ပြောချင်သည် ။ ဦးဟန်ညောင်ဝေက ဘဘဦးတင်ဦးကို ခြေထောက်ဖက်ပြီး တောင်းပန်ရမည် ဟု

ခိုင်အောင်ကျော် ( နယူးယောက် )

ပေးပို့သူ..SoeLunTun

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.