Saturday, September 24, 2011

0 မြန်မာနိုင်ငံမှာ အပြောင်းအလဲ မဖြစ်နိုင်လို့ GJC ပြော


မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ တချို့က ပြောပေမယ့် ကမ္ဘာ့ တရားမျှတရေး အဖွဲ့ (Global Justice Center) ကတော့ မြန်မာနိုင်ငံမှာ အပြောင်း အလဲ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ အောက်မှာ ဘယ်နိုင်ငံရေး တိုးတက်ပြောင်းလဲမှု မှ မဖြစ်နိုင်ဘူးလို့ Global Justice Center အဖွဲ့က ဥက္ကဌ လည်းဖြစ် နိုင်ငံတကာ ဥပဒေ ပညာရှင် လည်းဖြစ်တဲ့ မစ္စက် ဂျဲနက် ဘန်းရှုက ဘီဘီစီကို ပြောပါတယ်။

ဒီ အခြေခံ ဥပဒေ မှာ စစ်တပ် နဲ့စစ်တပ်ခေါင်းဆောင် တွေ က နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာတွေကို သီးခြားရယူထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။တကယ်တမ်း အရပ်သားအစိုးရပဲ အာဏာရလာရင်တောင် ဒီ ဖွဲ့စည်းပုံ အရဆိုရင် ဥပမာအားဖြင့် ကုလသမဂ္ဂ ကနေ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အရေးယူ ပါလို့ညွှန်ကြားရင်တောင် အစိုးရ အနေနဲ့အရေးယူ နိုင်တဲ့ အခြေ အနေ မရှိဘူးလို့သူက ပြောပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာတော့မယ် မျှော်လင့်နိုင်ကြောင်း မကြာခင် ကာလတွေအတွင်း ပြောကြားခဲ့ပါတယ်။

နောက်ပြီး နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ (ICG) ကလည်း မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေရောက်နေလို့နိုင်ငံတကာ အသိုင်း အဝိုင်း ကနေ မြန်မာနိုင်ငံ နဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှု ကို အမြင့်ဆုံး အဆင့် အထိ လုပ်ကြဖို့အကြံပြုထားပါတယ်။
(bbc)

0 မြစ်ဆုံတမံ ဆက်ဆောက်ရန် မြန်မာအစိုးရ ခိုင်မာစွာ ရပ်တည်လျက်ရှိ


Photo..myathwayni.com
( UPI သတင်းမှ 22 September 2011 ရက်စွဲပါ “ Myanmar stands firm on Myitsone dam ” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ပေါ်မှ ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် ရေအားလျှပ်စစ်တမံ စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ်လျက်ရှိသည်။

မြန်မာတပ်မတော်အစိုးရနှင့် China Power Investment Corp ( CPI ) တို့၏ ဖက်စပ်ကြိုးပမ်းမှုဖြစ်သော မြစ်ဆုံရေလှောင်တမံသည် လျှပ်စစ်ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချမည်ဟု မျှော်လင့်ထားကြသည်။ တရုတ် - မြန်မာ တာဝန်ရှိသူများ၏ သဘောတူစာချုပ်အရ စီမံကိန်း အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို CPI က ရရှိလိမ့်မည်ဟု ဆိုသည်။

CPI သည် ဧရာဝတီနှင့် မြစ်လက်တက်များပေါ်တွင် နောက်ထပ်တမံ ၆ ခု တည်ဆောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်မြေပေါ်မှ မြစ်ဆုံတမံသည် ဧရာဝတီမြစ်၏ သဘာဝဂေဟစနစ်များကို ပျက်စီးစေလိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထုတ်ဖေါ်သတိပေးလျက်ရှိပြီး ယခုအခါ အရေအတွက် တိုးပွားလာသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ ပညာရှင်များ၊ လွှတ်တော်အမတ်များနှင့် တပ်မတော်အရာရှိဟောင်းများက ယင်းစီမံကိန်းကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်နေကြပြီဟု Asia Times On line သတင်းက ဆိုသည်။

ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ နေထိုင်သူ ၁၅၀၀၀ ကျော်ခန့်မှာ စနစ်ကျသော ပြန်လည်နေရာချထားမှု အစီအစဉ်များ မရှိပဲ အဓမ္မ ရွှေ့ပြောင်း ခဲ့ကြရသည့်အပြင် မြစ်အောက်ဖက်မှ သန်းနှင့်ချီသော နေထိုင်သူများအပေါ်ဆိုးကျိုးသက်ရောက်လာလိမ့်မည်ဟု Kachin Development and Networking Group က သတိပေး ပြောဆိုထားသည်။

မြစ်ဆုံတမံကြောင့် ရေလွှမ်းမည့် ဧရိယာသည် စင်ကာပူနိုင်ငံထက် ပို၍ ကြီးမားကြောင်း KDNG အုပ်စုက ထုတ်ဖေါ်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်လက အိတ်ဖွင့်ပေးစာတွင် အငြင်းပွားဖွယ် ရေလှောင်တမံစီမံကိန်းကို ပြန်လည် အကဲဖြတ်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။

ဧရာဝတီမြစ်သည် နိုင်ငံ၏ အရေးပါဆုံး ပထဝီ ဝိသေသ လက္ခဏာ တစ်ခုဖြစ်ပြီး ကြီးကျယ်သော သဘာဝအဝေးပြေး လမ်းတစ်ခု၊ စားနပ်ရိက္ခာထုတ်လုပ်ပေးရာ ရင်းမြစ်တစ်ခု၊ ရေနေသတ္တဝါပေါင်းစုံတို့ ပျော်စံရာ ဌာနေတစ်ခု ဖြစ်သည်ဟု သူမက ပေးစာတွင် ရေးသားထားသည်။

တရုတ် CPI ကော်ပိုရေးရှင်းက အကုန်အကျခံ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်၌ပင် “ရေလှောင်တမံ များစွာကြောင့် ဧရာဝတီမြစ်ကြောင်း ပြိုကွဲမှုသည် မြစ်အထက်ပိုင်းသာမကပဲ ဝေးလံသော မြစ်အောက်ဖက် ဒေသများအထိ ဆိုးဝါးသော လူမှုနှင့် ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် ” ဟု ဖေါ်ပြထားသည်။

ဧရာဝတီမြစ်ဆုံလိုနေရာတွင် ယခုလို ကြီးမားလွန်းသော ရေလှောင်တမံကြီး တည်ဆောက်ရန် အကြောင်းမရှိပါ ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

၎င်းမြစ်ဆုံနေရာသည် ငလျှင်ဒဏ် စိုးရိမ်ရသော စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၆၂ မိုင်ပင် ကွာဝေးခြင်း မရှိဟုလည်း အကဲဖြတ် အစီရင်ခံစာက သတိပေးသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများက အစိုးရအား စီမံကိန်းကို ပြန်လည် အကဲဖြတ်သုံးသပ်ရန် တိုက်တွန်းဖို့ ကြိုးစားနေကြချိန်တွင် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ခုခံပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ဆက်လုပ်မှာပါ။ လုံးဝ နောက်ပြန်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက ကန့်ကွက်နေပေမယ့် စီမံကိန်းကို ရပ်ပေးမှာ မဟုတ်ပါဘူး ” ဟု ဝန်ကြီး ဦးဇော်မင်းက ရဲတင်းစွာ ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ်က စတင်ခဲ့သော စီမံကိန်းကို ၂၀၁၈ တွင် တည်ဆောက်မှု အပြီးသတ်မည်ဟု ဆိုသည်။

yangonchronicle 2011

0 ထိုင်း ၊အိန္ဒိယ၊ ဂျပန် -သာသနာ့ဥသျောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ လေးနှစ်မြောက်ရွှေဝါရောင် ကြေငြာချက်

0 “တွေးရခက်ကြီးပါ ဦးပီတာ လင်းပင်။

လူသိထင်ရှား ရှိကြတဲ့ အထဲက ပထမဆုံး ပြန် ၀င်သူတွေကို ပြရရင် သီး ၄-သီး အငြိမ့်အဖွဲ့ က ကိုဂေါ်ဇီလာတို့ ပါ။ ဟော အခု ၁၉။၉။ ၂၀၁၁ တနင်္လာ နေ့ က ပြည်ပရောက် စင်ပြိုင် အစိုးရ အဖွဲ့ က ၀န်ကြီးဟောင်း ဦးပီတာလင်းပင်ဟာ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။


စစ်တပ်ရဲ့အကွက်ဆင်လှည့်ကွက်ထဲမ၀င်ရအောင်လုပ်ရမယ်လို့ပြောခဲ့တဲ့ ဦးပီတာ လင်းပင်ရဲ့ တချိန်တုန်းကစကား
ဖိုးသောကြာ
၂၀၁၁ ခုနှစ် မတ်လ ၅ ရက် ၆ ရက် က အမေရိကန်ပြည်ထောင်စု၊ အင်ဒီရားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရက်တစ် အင်အား စုများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးပီတာလင်းပင် (ယာ) ကို တွေ့မြင်ရစဉ်။ Photo: Burma Today

မြန်မာ့ နိုင်ငံရေးကတော့ တနေ့ ရွှေ ၊ တနေ့ ငွေ ဆိုသလို အကောင်း ဘက်ကို ဦးတည်မည်လော၊ အလိမ် စခန်း ဘက် ဦးလှည့် ပြန်ဦးမည်လော ခန့် မှန်း လို့  မရအောင် ဖြစ်နေပါတယ်။

တခါသေဖူး ပျဉ်ဖိုး နားလည် ဆိုသလို ခိုင်း နှိုင်းရမလား၊ -`ခဲမှန် ဖူးသည့် စာသူငယ်´ လို နမူနာ ပေးရမည်လော အလိမ် အညာ ခံရပေါင်းများတဲ့ ပြည်သူတွေ-နဲ့  နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကတော့ မယုံကြည် နိုင်အောင် ဖြစ်နေကြ ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည်တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက် နေပြီလို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည် ညီလာခံမှာ ပြောကြား လိုက်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် မိန့်ခွန်း တိုက်ရိုက်ပြော ဆိုခဲ့တာပါ။
တကယ်လို့ မြန်မာ့အရေးကို ကမ္ဘာက ကူညီချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကမ္ဘာက လေ့လာသိရှိဖို့ လိုပါတယ်။ အဲဒီလို သိရှိနေနိုင်ဖို့ သတင်းစာထဲပါတာလောက် ဖတ်ယုံမဟုတ်ဘဲ အဖြစ်အပျက်တွေ နောက်ကိုလည်း မျက်ခြေမပြတ် လိုက်ပြီး ကြည့်နေဖို့ လိုအပ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ၂၀၁၁ ခုနှစ် ညီလာခံကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် စက်တင်ဘာလ ၂၁ ရက်တွင် တိုက်ရိုက်မိန့်ခွန်း ပြောဆိုနေစဉ်။(AFP)

လက်ရှိ ဦးသိန်းစိန် အစိုးရအပေါ် အကောင်း-အဆိုး အမြင် ၂ မျိုးနဲ့  မြင်နေကြရမှာ ယုံကြည် သူတချို့ ကတော့ မြန်မာပြည်ထဲ ပြန်ဝင် နေကြပါပြီ။

လူသိထင်ရှား ရှိကြတဲ့ အထဲက ပထမဆုံး ပြန် ၀င်သူတွေကို ပြရရင် သီး ၄-သီး အငြိမ့်အဖွဲ့ က ကိုဂေါ်ဇီလာတို့ ပါ။ ဟော အခု ၁၉။၉။ ၂၀၁၁ တနင်္လာ နေ့ က ပြည်ပရောက် စင်ပြိုင် အစိုးရ အဖွဲ့ က ၀န်ကြီးဟောင်း ဦးပီတာလင်းပင်ဟာ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။

သူ ပြန်သွားတဲ့ သတင်းတွေကို ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ အစရှိတဲ့ မြန်မာ အသံလွှင့်ဌာနတွေကလည်း- အမေရိကန်ရောက် ၉၀ ရွေးကောက်ပွဲ လွှတ်တော်အမတ် မြန်မာနိုင်ငံပြန် ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆက်တိုက် ထုတ်လွှင့်နေကြတာ ကြားနေရပါပြီ။

ဦးပီတာလင်းပင်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ သူပါ။ သူဟာ ထိုင်း၊ အမေရိကန် စတဲ့ ပြည်ပနိုင်ငံတွေမှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၁ နှစ် ကြိုးပမ်း ဆောင်ရွက် ခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရရဲ့ ကမ်းလှမ်းချက် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်သွားတဲ့ ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံမှုတွေကို ထောက်ခံကြိုဆိုပြီး၊ ကူညီ ဆောင်ရွက် လို တဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ကြောင်း အပါအ၀င် ဦးပီတာလင်းပင် ပြည်ပအသံလွှင့် ဌာန တခု ဖြစ်တဲ့ က RFA ကို ထုတ်ဖော်ပြောကြား ရာမှာတော့ -
“ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရ သမ္မတကြီးတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ လုံးဝ လမ်းစ ပွင့်ပြီဆိုတာ ယုံကြည်တဲ့ အတွက်ကို ကြိုဆိုခဲ့တယ်။ လက်တွေ့ပြချင်တဲ့ အနေနဲ့ ကျနော် မြန်မာပြည် ပြန်လာချင်တယ်၊ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ချင်တယ် ဆိုတာကို သံအမတ်ကြီးက တင်ပေးပါတယ်။ နောက် သုံးလေးရက် နေတဲ့ အခါမှာ သမ္မတကြီး ကိုယ်တိုင်က ကျွန်တော်ရဲ့ တင်ပြချက်ကို လက်ခံပါတယ်” လို့ ထုတ်ဖော် ရင်ဖွင့် ရှာပါတယ်။

ဦးပီတာလင်းပင်ဟာ ပြည်ပအခြေစိုက် NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူမြန်မာနိုင်ငံကို ပြန်ဖို့အတွက် နယူးယောက်မြို့ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။

ဦးပီတာလင်းပင် မြန်မာနိုင်ငံ ပြန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က NCGUB ရဲ့ သဘောထား ကတော့ --“ဒါကတော့ ဦးပီတာလင်းပင်ရဲ့ ဒီကနေ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားထဲက ဖြစ်ပေါ် တိုးတက်မှုတွေက အကောင်းဘက်ကို ဦးတည်နေတယ်လို့ သူယုံကြည်လို့ ပြန်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါက လက်ရှိ အခြေအနေတွေဟာ တကယ်ပဲ အကောင်းဘက်ကို ဦးတည် နေသလား ဆိုတာကို စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ်” တဲ့။


ဒါတွေက အကြမ်းဖျင်း ရေဘူယျ ဖြစ်စဉ်တွေပါ။
ထူးခြားချက်ကတော့ သူ မြန်မာ ပြည်ကို ပြန်မယ့်အကြောင်း ပြည်ပရောက် နာမည်ကြီး နိုင်ငံရေး သမားတွေ ဖြစ်တဲ့ မောင်မောင်ကျော်၊ နေတင်မြင့်၊ ထွန်းအောင်ကျော်၊ ဦးနွယ်အောင်( ဂျာမဏီ) တို့နဲ့ တိုင်ပင်ပြီး မှ ပြန်တာလို့  ဗွီအိုအေ အင်တာ ဗျူးမှာ ထုတ်ဖော်ပြော ဆိုပါတယ်။

နောက်ထူးခြားချက်တရပ်က သူ မြန်မာပြည် ပြန်တာကို ဝေဖန်မှာ မကြောက်ကြောင်း၊ သူ့ ကို ဝေဖန်မဲ့ သူဟာ ပြည်ပမှာ စားခွင့်ရ၊ နေတဲ့ သူတွေက ကသာ ဝေဖန်မှာ ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ ဖြစ်ထွန်း မှု မရှိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့  ပူးတွဲ လုပ်ဆောင်နေကြတဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ယုံကြည်ပြီး ပြန်တာ ဖြစ်ကြောင်း ဗွီအိုအေ သတင်းဌာနကို ထပ်မံ ဖွင့်ဟ ပြောဆို ပြန်ပါတယ်။



ဒီနေရာမှာ ကျွန်ုပ် သဘောနဲ့ ဦးပီတာ လင်းပင် ပြောဆို ချက် ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။
ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ ဖြစ်ထွန်း မှု မရှိဆိုတာ မမှန်ပါ။
တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီးရှိပါတယ်။ အနှစ်ချုပ် ထောက်ပြရသော်--

ပြည်သူတွေ ဆင်းရဲ တွင်းက လွတ်အောင် ကယ်တင်မယ်၊ ပြည်ပမှာ ပြည်တွင်းမှာထက် နိုင်ငံရေး ပိုလုပ်နိုင်မယ်လို့ အော်ဟစ်ပြီး ထိုင်းဘက် ထွက်လာတဲ့ ပြည်ပ အတိုက်အခံတွေ လုပ်ရပ် ပြန် ကြည့်ရင်-
(က ) အမေရိကန်ကမ္ဘာ့ ပုလိပ် ငပွကြီး မြန်မာ့ အရေး ၀င်မရှုပ်ရေးသည် ပထမ
(ခ) တရုတ် အကူအညီနဲ့ မြန်မာ့ အရေး ဖြေရှင်း အောင်ပွဲခံရေးသည် ဒုတိယ
(ဂ) နှာခေါင်းရှည် အဖြူကောင်တွေဆီက ရသမျှ ငွေကြေးနှင့် ရနိုင်သမျှ အကူအညီ ရအောင်ယူရေး၊ ညာဝါးရေးသည် တတိယ
(ဃ) မြန်မာ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေးသည် စတုတ္တ-
ဖြစ်တယ် ဆိုတာ မျက်စိဖွင့် နားစွင့်ထားတဲ့ နိုင်ငံရေးနားလည် သူတိုင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား နေတာ သိနိုင်မြင်နိုင်ပါတယ်။

အဲဒီ အချက်တွေအရ သူတို့ လုပ်ရပ် အောင်မြင်မှုကို လေ့လာကြည့်ရင်--
၁-ပြည်ပရောက် အတိုက်အခံတွေလုပ်လို့ တော်လှန်ရေး နှစ် (၂၁)ကျော် သက်တမ်း ရှည်တဲ့ အထိ သူတို့ ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့ မျှော် အနောက်မုန်း ၀ါဒ ကို မြန်မာ ပြည်သူတွေ မသိအောင် ဟန်မပျက် ရပ်တည်လာတာ အောင်မြင်မှု တခုပါ။

၂။ ပြည်ပရောက် အတိုက်အခံတွေ လုပ်လို့  အမေရိကန် သမ္မတ ဂျော့ရှ်ဘု ရဲ့ ၂၀၀၆ တွင် ဒီမိုကရေစီ မြင်စေရမည် စီမံ ကိန်း ပျက်ခဲ့ရပါတယ်။
ဒါကြောင့် အမေရိကန်တွေ ၂၀၀၆ မှာ ကတည်းက မြန်မာ ပြည်ကို ဒီမိုကရေစီ ရအောင်လဲ မလုပ်နိုင်၊ မြန်မာပြည်အတွင်း ထဲထဲဝင် နိုင်ငံရေး စီးပွါးရေး တိုးချဲ့ မလာနိုင်တာပါ။
တရုတ်ကသာ စီးပွါးရေး နိုင်ငံရေး ပြည်တွင်းရော ပြည်ပမှာပါ ချုပ်ကိုင် လာတာ ပိုမြင်လာရပါတယ်။

၃။ ပခုက္ကူက စလိုက်တဲ့ စနက်မီးကို ထိုင်းနယ်စပ်ပြည်ပကလူတွေ မီးအထိုးကောင်းလို့ ၂၀၀၇ ရွှေ ၀ါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေ ဆန္ဒ ပြကြ တယ်။ ဒါကို ပြည်ပရောက် အတိုက် အခံတွေ အလုပ်ကောင်းလို့ စစ်တပ် ရက်စက်မှု ကမ္ဘာက ပိုသိပြီး ခွင်ရိုက်တတ်တဲ့ အဖွဲ့ တွေ နာမည်ကောင်းရ ထောက်ပန့် ကြေးတွေရ ခဲ့ပါတယ်။

၎။ ၂၀၀၈ နာဂစ် မုန်းတိုင်း ကြီးမှာ -ပြည်ပရောက် အတိုက်အခံတွေ နှုတ်ဆိတ်နေကြ၊ အသံတွေ တိုးညှင်းနေခဲ့လို့ လုပ်လို့ အမေရိကန် နဲ့ အပေါင်းအပါ ကူညီရေး စစ်သင်္ဘောတွေ ၀င်ဖို့ အခက်အခဲရှိခဲ့ပြီး ကူညီရေး မအောင်မြင်ခဲ့ပါ။
သူတို့ အသံကျယ်ကျယ်နဲ့ ၀င်ရေး ၀ိုင်းအော်ခဲ့ကြရင် အဲဒါကို အထောက်အထား ယူပြီး ၀င်ရောက်နိုင်ခဲ့ရင် အခြေအနေ တမျိုး ဖြစ်နိုင်ပါတယ်။
အမေရိကန်နဲ့ အပေါင်းအပါများ ခမျာ နအဖ စစ်အစိုးရကလည်း လက်မခံ ၊ ပြည်တွင်း အဓိက အတိုက်အခံ ပါတီတွေကလည်း ၀င်လာဖို့ အသံမထွက်။ ပြည်ပ အတိုက်အခံတွေကလည်း တုန်ဏှိဘာဝေ- တေမိ လက်သစ်တွေလို လုပ်နေကြခဲ့တာ ဆိုတော့ ၀င်ဖို့ အားမရှိ ဖြစ်ခဲ့ပါတယ်။

၅။ စိုင်ရှင်ကို အကြောင်းပြပြီး အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ စတဲ့ ဥရောပ နိုင်ငံတွေ မြန်မာ ပြည်ထဲဝင်ရောက် ရင်းနှီး မြှုပ်နှံတာကို သပိတ်မှောက်ကြ ကန့် ကွက်ကြလို့  မြန်မာ ပြည်က ပြန်ထွက်သွားကြရတယ်။
ဒါပေမယ့် တရုတ်က တဖြည်း ဖြည်း ရင်းနှီး မြှုပ်နှံ လာတာကိုကျတော့ နှုတ်ဆိတ်နေလိုက်ကြတာ အခုဆို တရုတ်ဟာမြန်မာ ပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံ ဖြစ်လာပါတယ်။
မြို့ကြီးတွေရဲ့ အဓိက အချက်အချာ နေရာတိုင်းမှာ တရုတ်မျက်နှာတွေ မမြင်ချင်အဆုံး ဖြစ်ခဲ့ရတယ်။

၆။ တရုတ်က ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို မြန်မာပြည်တွင်းမှာ ကန့် ကွက်ကြ၊ အော်ဟစ်ဝေဖန်ကြ၊ အဖမ်းခံ ဆန္ဒပြကြပေမယ့် ဧရာဝတီဟာ မြစ်ကနေ ချောင်း ဖြစ်ရမှာကို ပီတီ ဖြာပြီး တရုတ် အောင်မြင်မှုကို တစိမ့်စိမ့် ပီတီ ဖြာနေသလားမသိ။ ပြည်ပရောက် ရဲရဲတောက် ဆရာကြီးတွေ က နှုတ်ဆိတ်နေကြတယ်။ မြစ်ဆုံ စီမံကိန်းသာ ဆက်လက် တည်ဆောက်ခွင့်ရခဲ့ရင် အရှေ့ မျှော်တွေရဲ့ နောက်တိုး အောင်မြင်မှု တခုဖြစ်ဦး မှာပါ။

တကယ်တော့ စစ်အစိုးရနဲ့ ပြည်ပ ရဲရဲတောက် အတိုက်အခံတွေဟာ ခေတ်သစ် နီရိုကိုလိုနီတွေဆိုပြီး နှခေရှောင်း၊ အဖြူကောင်တွေ မုန်းကြတာ၊ တရုတ် အားကိုးပြီး အင်အား ကြီးထွား အောင် လုပ်ချင်တာချင်း တူညီကြတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ဖြစ်ခဲ့တာပါ။

ဦးသိန်းစိန်၊ဦးရွှေမန်းတို့ နဲ့ အပြိုင် ပြည်ပရောက် အမတ်တွေရော၊ နိုင်ငံရေးမှာ ဦးထုပ်ဆောင်းခွင့်ရ-မိုက်ခွက်ကိုင် ပြောခွင့်ရတဲ့ သူတွေရောရဲ့  တိုးတိုး တိတ်တိတ် ခိုးကြောင်ခိုးဝှက်တရုတ်သွား တောလား တွေက သက်သေခံ နေပါတယ်။

အရှေ့ မျှော် အနောက်မုန်း သမားတွေ ရဲ့  အဲသလို အောင်မြင်မှု တွေကို ဦးပီတာလင်းပင် တကယ်မသိတာလား၊ မသိဟန်ဆောင်အောင်ပြီး ပြည်ပရာက် နိုင်ငံရေး သမားတွေ ဘာအောင်မြင်မှု မှ မရှိဘူးလို့ ပြောလေသလား။

သူများတွေ ဒီမိုကရေစီဖော်ဆောင်ရေး ရံပုံငွေကို လှီးဖြတ်၊ ခိုးဝှက်ကြသလို ``မင်းသွေး မင်းဆက် လင်းပင်မင်းသားကြီးရဲ့´´ ဂုဏ်တော်ငဲ့ပြီး ဦးပီတာလင်းပင် မခိုးဘူးဆိုတာ လက်ခံနိုင်ပေမယ့် ပြည်ပမှာ အထက်က ဖော်ပြထားတဲ့ အောင်မြင်မှုတွေ လုပ်တာ ကျွန်တော်မသိပါ ဆိုတာ မဖြစ်နိုင်ပါ။

အဓိက လိုရင်း ချုပ် ပြောရမည်ဆိုပါက--
ထိုင်းနယ်စပ် ရောက်ပြီး စင်ပြိုင်အစိုးရ ဖွဲ့စမှာ ယူအင် အစည်းအဝေး အတွင်း ထိုင်ခွင့်ရစဉ်က ဖြစ်စေ၊
အမေရိကန် သမ္မတေ၈ျာ့ဘုရှ်၏လ၂၀၀၆ မှာ ဒီမိုကရေစီမြင်စေရမည် စီမံချက်မှာ ဖြစ်စေ၊
ရွှေဝါရောင် တော်လှန်ရေးမှာ အဓိက ကူညီနိုင်မယ့် နိုင်ငံတွေ အင်အား လစ်ဗျားတွေလို အသုံးချနိုင်ခဲ့ရင် ဖြစ်စေ၊
နာဂစ်ကူညီရေးမှာ အမေရိကန် စစ်သင်္ဘောတွေ ၀င်ဖြစ်ရောင် ၀ိုင်းဝန်း ဆောင်ရွက်တွန်းအားပေးခဲ့လျှင်ဖြစ်စေ
ပြည်ပရောက် စင်ပြိုင် အစိုးရနှင့်တကွ မြန်မာ့ အတိုက်အခံတို့ စွမ်းစွမ်းတမံ အသုံးချ အမြတ်ရအောင် လုပ်နိုင်ခဲ့လျှင် မြန်မာ့ အရေးဟာ လစ်ဗျားမှာထက် အဖြေရလဒ်ကောင်း ထွက်မှာ သေချာပါတယ်။

အကယ်၍သာ လစ်ဗျား အတိုက်အခံတွေလို ပြတ်သားတဲ့ မျိုးချစ်စိတ် နဲ့ ဒီမိုကရေစီ ဘယ်လို နည်းနဲ့ ရရ အောင်ပွဲရရှိရေးဘက် ဦးတည်ခဲ့ရင်ရှိခဲ့ရင် ပြည်သူတွေ ဒီမိုကရေစီရ မရသွားနိုင်ပေဖူးလား။

လင်းပင်မင်းသားကြီး ရဲ့ သွေး ဦးပီတာ လင်းပင်ရေ-
တွေးရခက်ကြီးပါခင်ဗျ။

ဖိုးသောကြာ
--၂၃-စက်တင်ဘာ -၂၀၁၁

hittai.netမှ ကူးယူဖော်ပြပါသည်...

0 ရွှေဝါရောင်သွေးမှတ်တမ်း(PRMG-2011)


ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်(ရွှေဝါရောင်သွေးမှတ်တမ်း)သီချင်း­ကို ညီမင်းသစ်ကခံစားသီဆိုပြီးကိုသော်(ဂျပန်)မှပုံဖော်ခံစားတင်ပြထားပါသည်။အသက်ပေးတိုက်ပွ­ဲဝင် သွားကြသောရဟန်းရှင်လူ၊ပြည်သူအပေါင်းအားဂုဏ်ပြုဦးညွတ်ကာအလေးပြုပါသည်။
Video..ကိုသော်(ဂျပန်)

0 နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (IRRAWADDY FOREVER) တို့ပူးပေါင်း စီစဉ်သော “လူငယ်နှင့် ဧရာဝတီ”


ရန်နိုင်၊ ဥာဏ်ဥာဏ်(မြစ်မခ)

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (IRRAWADDY FOREVER) တို့ပူးပေါင်း စီစဉ်၍ “လူငယ်နှင့် ဧရာဝတီ” ခေါင်းစဉ်အမည်ဖြင့် အခမ်းအနားတစ်ခုပြုလုပ်ခဲ့သည်။

နံနက် ၁၀ ၌စတင်မည်ဟု ကြေညာခဲ့သော်လည်း အခမ်းအနား တက်ရောက်သူဦးရေမှာ များပြားခဲ့သောကြောင့် နေရာထိုင်ခင်းများ ပြန်လည်ပြင်ဆင်ပေးရသည့်အတွက် နာရီဝက်နီးပါး နောက်ကျပြီးမှ အခမ်းအနားအား စတင်ခဲ့သည်။

အဆိုပါပွဲအား နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ပင်ကျင်းပခဲ့ပြီး ပွဲအားလက်ခံကျင်းပပေးသော ဦးကျော်သူမှ အဖွင့်မိန့်ခွန်းအား ၅ မိနစ်ခန့် ပြောကြား၍ အခမ်းအနားကို စတင်ခဲ့သည်။

ထို့နောက် ဧရာဝတီနှင့်ပတ်သတ်သော ဥပဒေရေးရာများအား ဦးမျိုးမြင့်မှ စာတမ်းဖတ်ကြားခဲ့ပြီးနောက် ကဗျာဆရာများနှင့် အဆိုတော်များမှ ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများ၊ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြကာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များဖြစ်ကြသော ဦးအုန်း၊ ဒေါ်ဒေဝီသန့်စင်တို့မှလည်း ဧရာဝတီနှင့် ပတ်သတ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဟောပြောခဲ့ကြသည်။ ထို့ပြင် သတင်းစာဆရာလူထုစိန်ဝင်း၏ အမှာစကားကိုလည်း ပရိုဂျက်တာဖြင့် ပြသခဲ့သည်။

ယင်းအခမ်းအနားတွင် ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများရွတ်ဆိုကြရွတ်ဆိုကြရာ၌ ကဗျာဆရာ လင်းသဏ်ညီက တေးဆိုနှင့် တေးရေးဆရာ ထူးအိမ်သင်၏ “ရာဇဝင်များရဲ့သတို့သမီး” သီချင်းစာသားအား ကဗျာအဖြစ်ပြန်လည်ဆိုခဲ့ပုံအား ပြောပြခဲ့သည်။

“ဒီသီချင်းက ဧရာဝတီနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်တွေများကြီးပါတယ် ကျွန်တော်က အဲဒီအတွက် ဒီသီချင်းထဲက ကျွန်တော် ဆဒ္ဒရှိတဲ့ အပိုဒ်လေးကို ကဗျာအဖြစ်ပြန်ဆိုထားတာပါ။ ကျွန်တော့်အနေနဲ့လည်း ဧရာဝတီမြစ်ကြီးကိုလည်း လက်ရှိအတိုင်းပဲ စီးဆင်းစေချင်တဲ့ဆဒ္ဒ ရှိတယ်” ဟု ကဗျာဆရာ လင်းသဏ်ညီက ပြောသည်။

အဆိုပါပွဲ၌ နာရေးကူညီမှုအသင်း စတင်ထူထောင်သူ ဦးကျော်သူမှလည်း ၎င်းရေးစပ်ထားသော ဧရာဝတီနှင့်ပတ်သတ်သော ကဗျာတစ်ပုဒ်အား သက်ဆိုင်သောရုပ်ပုံများဖြင့် ပရိုဂျက်တာ ပိတ်ကားပေါ်၌ လာရောက်သောဧည့်ပရိတ်သတ်များအား ဖွင့်ပြခဲ့သည်။

“တော်တော်များများကတော့ ‘ဧရာဝတီ’ ကို ‘မိခင်ဧရာဝတီ’ ဆိုပြီးတော့ တင်စားထားတယ်။ ကျွန်တော်ကတော့ ‘ဖခင်ဧရာဝတီ’ ဆိုပြီးတော့တင်စားထားပါတယ်။ ဒါကလည်း ကျွန်တော် ‘နိုင်းနိုင်းစနေ’ ရဲ့ ဘလော့ဝတ္တုကို အမှတ်တမဲ့ဖတ်ပြီးတဲ့အချိန်မှ ဒီအကြောင်းအရာက ခေါင်းထဲဝင်လာတာပါ” ဟု ဦးကျော်သူက ပြောပြခဲ့သည်။

Friday, September 23, 2011

0 မင်းတို့ကြောင့်ငါတို့တိုင်းပြည်ရေတိမ်မှာနှစ်နေပြီ (တေးဆို-လားရှိုးသိန်းအောင်)


မင်းတို့ကြောင့်ငါတို့တိုင်းပြည်ရေတိမ်မှာနှစ်နေပြီ ။ BECAUSE OF YOU,YOU,AND YOU WE ARE DOOMED OUR COUNTRY IS IN SHAMBLES .

0 တရုတ်ကိုလိုနီဖြစ်တော့မယ့် လက္ခဏာအစလား


ရန်ကုန်မြို့၊ မင်္ဂလာဈေးရှေ့၊ ကြက်လျှာစွန်းမီးပွိုင့်ထောင့်မှ အဖြစ်အပျက်တစ်ခုကို ကျွန်တော်တင်ပြပါမယ်။ တရုတ်ပြည်မှ ဘယ်ပုံဘယ်နည်းဝင်ရောက်လာမှန်းမသိသော တရုတ်အမျိုးသားတစ်ဦးသည် ပလက်ဖောင်းပေါ်တွင်ဈေးရောင်း နေသည်မှာရက်သတ္တ ၁ ပတ်ခန့်ရှိပြီဖြစ်သည်။

ထိုသူသည်တရားဝင် ခရီးသွားဗီဇာဖြင့် ၀င်ရောက်လာသည်ဘဲထားဦး၊ နိုင်ငံခြားမှခရီးသွားဗီဇာဖြင့် ၀င်ရောက်လာသော နိုင်ငံခြားသား တစ်ဦးပြည်တွင်းတွင် ဈေးရောင်းချခွင့်မရှိပေ။ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရုံးဟာလည်း အဲဒီမင်္ဂလာမွန်ဈေးအပေါ်ထပ်မှာဘဲရှိပါတယ်။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကရော အိပ်နေကြသလား။ သူတို့ကဒီကိစ္စကိုတကယ်ဘဲမသိလို့လား၊ မသိကျိုးကျွန်ပြုနေတာလား။


Htoo Tay Zar (video)

ဒီတရုတ်ဟာမြန်မာပြည်မှတရုတ်မဟုတ်တာတော့သေချာတယ်။ ဘာလို့လဲဆိုတော့ ဗမာစကားတလုံးမှ မပြောတတ်ပါဘူး။ သူ့နားမှာနားကျပ်နဲ့ စပီကာတပ်ပြီးတော့ တရုတ်လိုရောင်းနေတာပါ။ ဓါတ်ပုံမှာ အသေအချာမြင်နိုင်ပါတယ်။

ဒီကိစ္စဟာပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ပါ။ ဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားရင် တဦးစ၊ နှစ်ဦးစကနေ တဖြည်းဖြည်းဝင်ရောက်လာပါလိမ့်မယ်။ မြန်မာပြည်တရုတ်လက်အောက်ကိုရောက်တော့မယ့် ကနဦးလက္ခဏာဖြစ်လိမ့်မယ်။ ဒါကြောင့်ဒီကိစ္စကိုဘယ်လိုကိုင်တွယ်အရေးယူမလဲဆိုတာကို သက်ဆိုင်ရာမှ သိရှိစေရန်တင်ပြလိုက်ပါတယ်။
(ထပ်ဆင့် Share လုပ်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်)
Ko Kyi Win

0 အာဏာရှင်စံနစ်လား။စည်းကမ်းရှိသောဒီမိုကရေစီလား

ဦးဝင်းချို

အခုတလောကျနော်စိတ်ထဲမကောင်းဘူးဗျာ။(အမှန်ကစိတ်ဆိုးရမှာ။စိတ်မဆိုးချင်လို့)အဲဒီအတွက်စိတ်ပျက်လာတယ်။ဒါလည်းစိတ်ညစ်တာကိုအကျင့် မလုပ်တော့ တဲ့ အခါ့ မညစ်ပတ်တော့ ဘဲတခါတည်းကို ပျက်စီးသွား တော့ တာ။ပျက်တဲ့ စိတ်တွေများလာရင် စိတ်ကုန်သွားတော့ မယ်။
ကျနော်စိတ်မကုန်ချင်သေးဘူး။ဒါကြောင့် ဒီစာကိုရေးတာပါ။ကျနော့် စာကိုဖတ်တဲ့ မိတ်ဆွေများနဲ့ အုပ်ချုပ်သူအာဏာပိုင်များခင်ဗျား။ကျနော်လူပင်ပန်း၊စိတ်ပင်ပန်းခံပြီးရေးထားတဲ့ ဒီစာကို အားနာပါးနာ ဘဲ ဖြစ်ဖြစ် သေသေချာချာဖတ်ဘို့ တောင်းပန်ပါတယ်ခင်ဗျား။
(၂၀၁၀)ရွေးကောက်ပွဲအပြီး ကျနော်တို့ နိုင်ငံဟာ စည်းကမ်းပြည့် ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်မယ်အထင်နဲ့ ကျနော်ကတစ်သီးပုဂ္ဂလကိုယ်စားလှယ်ဆိုပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကိုဝင်ခဲ့ တာ။အခွင့် ထူးခံလူတန်းစားတွေကိုပြည်သူ့ ဆန္ဒနဲ့ အညီရွေးကောက်ခံရတဲ့ 
ကိုယ်စားလှယ်တွေကပြည်သူ့ ကိုယ်စားဖယ်ရှားပေးမယ်ထင်လို့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လိုဘဲဖြစ်ဖြစ် လက်ခံပေးတာ။ ရွေးကောက်ပွဲအပြီးမှာလာဘ်စားမှုတွေ။ဆင်းရဲနွမ်းပါးမှုတွေ ၊ဘယ်လိုဘဲရှိရှိ၊ အာဏာရှင် စံနစ်ကို တော့ ဦးတည်မှာမဟုတ်တော့ ဘူး ဆိုရင်ဘဲတော်ပြီလို့ သဘောထားခဲ့ တာ။

ရွေးကောက်ပွဲမတိုင်ခင်အချိန် ဒလမြို့ နယ်မှာတရားဟောစဉ်က အာဏာရှင်စံနစ်ကို ကျနော်ကတတ်သလောက်မှတ်သလောက်နဲ့ ပြောခဲ့ ဘူးတယ်။(၁)ဥပဒေပြုရေး (၂)အုပ်ချုပ်ရေး (၃)တရားစီရင်ရေးဆိုတဲ့ အာဏာ(၃)ရပ်ဟာအပြန်အလှန်ထိန်းကျောင်းရမယ်။မထိန်းကျောင်းနိုင်အောင်(သို့ )သီးခြားဆောင်ရွက်ခွင့် မရှိအောင်ချုပ်ကိုင်ရင် အာဏာရှင်စံနစ်အစပျိုးလာပြီ။ခေါင်းထောင်လာပြီလို့ ပြောခဲ့ တယ်။
ချုပ်ကိုင်လေ့ ရှိတာကလည်းအုပ်ချုပ်ရေးအာဏာပိုင်တွေကဘဲလုပ်လေ့ ရှိတယ်လို့ လည်းပြောခဲ့ တယ်။ အဲဒါမှားလား။ မှားမယ်မထင်ဘူး။မှားရင်အဲဒီအချိန်ကတည်းက ကျနော့် ကိုအရေးယူရမှာ။
ကဲ ၊ကျနော်တို့ ရဲ့ စည်းကမ်းပြည်ဝသောဒီမိုကရေစီနိုင်ငံကလည်းအာဏာရှင်စံနစ်ဆီကိုများ ဦးတည်ချင်နေသလားလို့ ။ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၅၄။(က) နဲ့ (ခ) မှာပြဌာန်းထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည်ရွယ်ပြီးဝင်းချို ။နေမျိုးဝေ။စိုးကြည်။မင်းအောင် ကျနော်တို့ (၄)ယောက် ဆန္ဒပြချင်တယ်။စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်ကိုဦးတည်တယ်ပြောထားတာကိုး။“့ စည်းကမ်းမရှိဘူး။”
”မင်းတို့ နဲ့ မတန်ဘူး”ဆိုတာမျိုးမဖြစ်ဘို့ အတွက်ဘယ်လိုပြရမလဲ။လမ်းညွှန်ပေးပါလို့ တောင်းဆိုတယ်။ မရဘူး။ မရရင်ကျနော်တို့ ကလည်းမပြဘူး။ကျနော်တို သိချင်တာကဖွဲ့ စည်းပုံအခြေခံဥပဒေ တကယ် အာဏာသက်ရောက်ပြီလားသိချင်တာ။မသက်ရောက်သေးဘူး။ဒါဆိုရင်ဘယ်လောက်အချိန်ယူမလဲ။ တိကျတဲ့ အချိန်သတ်မှတ်ချက်တော့ ရှိသင့် တာပေါ့ ။အစိုးရတရပ် ပီပီပြင်ပြင်ရှိပြီဘဲ။အဲဒါက(၂၀၁၁)ဇွန်လ (၅)ရက်နေ့ က။(ပြည့် ပြည့် စုံစုံသိချင်ရင်အဲဒီအချိန်ကသတင်းတွေ မှာပြန်ရှာကြည့် ကြပါဗျာ)
မနေ့တနေ့ကonlineပ်ါမှာသတင်းတက်လာတယ်။“ဧရာဝတီအတွက်”တရုပ်နိုင်ငံသံရုံးရှေ့  မှာဆန္ဒပြမယ်တဲ့ ။ကျနော်စီစဉ်တဲကိစ္စမဟုတ်ပေမဲ့ ဦးတည်ချက်ချင်းတူတယ်။အားပေးမယ်ဆိုပြီးသွားပါတယ်။့ လားလား မနည်းပါလား။ဆန္ဒပြမဲ့ သူတွေမဟုတ်ဘူး။လုံခြုံရေးတွေ။သံရုံးရှေ့ နားကျနော်ငှားလာတဲ့ တက္ကစီရပ်လိုက်တာနဲ့ ဝေါကနဲလုံခြုံရေးကားရောက်လာတယ်။ထားပါလေ။သူကသူုအလုပ်သူလုပ်တာဘဲ။
ကိုယ်လည်းကိုယ့် အလုပ်ကိုယ်လုပ်ရမှာဘဲ ဆိုပြီး “ဧရာဝတီ” တီရှပ်ဝတ်ထားတာ ဘယ်သူများရှိသလဲ လိုက်ရှာရတာပေါ့ ။ ကျနော်ဖုံးဆက်ပြီးချိန်းထားတဲ့ ကိုစိုးကြည်(သံလျင်)ရောက်လာတယ်။ကျနော်တို့ လဘက်ရည်ဆိုင်ထိုင်တယ်။လိုက်ပတ်ရှာတယ်။ဘယ်သူမှမတွေ့ တော့ အိမ်ပြန်ကြတယ်။

အဲဒါက“ပထမနေ့”။ကျနော်ဆန္ဒပြဘို့အစီအစဉ်မရှိဘူး။အစီအစဉ်ရှိရင်လည်းကျနော်ကကြေငြာပြီးမှလုပ်တယ်။အဲဒါ၁၉-၉-၂၀၁၁။နောက်ရက်၂၀-၉-၂၀၁၁ရက်နေ့ ဒေးဒရဲဘက်ခရီးထွက်တယ်။ အဲဒီခရီးစဉ်က တပတ်လောက် ကြိုစီစဉ်ထားတာ။

အဲဒီနယ်ကရွာသားတွေပြောစကားနားထောင်ဘို့ ။(ရွာကကိစ္စ သီးသန့် ရေးပါမယ်။ကိုနေမျိုးဝေ ရေးပါလိမ့် မယ်။)ရွာကိုရောက်နေတုံးရန်ကုန်မှာဆန္ဒပြတယ်ဆိုတဲ့ အသံတွေကြားတယ်။““တရုပ်သံရုံးရှေ့ မှာ ဆန္ဒပြကြတယ်။”“တယောက်ကိုချုပ်ပြီးဖမ်းသွားတယ်” “မဟုတ်ဘူး။(၄)ယောက်”။
ဘာတွေမှန်းကိုတိတိကျကျမသိရဘူး။အဲဒါနဲ့ရန်ကုန်ကိုဖုံးဆက်ပြီးသတင်းမေးရတယ်။(ရွာမှာဖုံးရှိတယ်။အင်တာနက်တော့ မရှိဘူး။ဖျာပုံမြို့ နယ်။ဒေးဒရဲအပိုင်။မငေးကြီးကျေးရွာလို့ ခေါ်ပါတယ်။)on line ပေါ်ကရတဲ့ သတင်းကိုမိတ်ဆွေက ပြောပြတယ်။ကိုအောင်သိန်းလှလို့ ခေါ်တယ်။
တောင်ဥက္ကလာမှာနေတယ်ပြောတယ်။ဖမ်းသွားတာလည်းအမှန်ဘဲတဲ့ ။ဒါပေမဲ့  မပါတာက သူ့ ကို ဘယ်ခေါ်သွားသလဲ။ဘယ်မှာချုပ်ထားသလဲ။ဘာပုဒ်မတပ်ပြီးချုပ်သလဲ။သူ့ ဘက်ကဘယ်သူတွေလိုက်ပြီး
ဥပဒေ အရကာကွယ်ပေးနေသလဲ။ “အဲဒါတွေမပါဘူး”ရတယ်။ရန်ကုန်ပြန်ရောက်ရင်စုံစမ်းမယ်လို့ စဉ်းစားပြီးအိပ်ပျော်အောင်အိပ်လိုက်တယ်။
၂၁/၉/၂၀၁၁နေ့ညရန်ကုန်ပြန်ရောက်တယ်။သိချင်တာတွေကိုစုံစမ်းကြည်တယ်။ဘယ်သူသိလဲ။ဘယ်သူမှမသိဘူးဆိုတော့ ကျနော်မေးရတော့ မယ်။
ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ၃၇၆။အရပြဌာန်းထားတဲ့ ““နိုင်ငံသားတို့ ရဲ့ ခံစားခွင့်”ကို“ နိုင်ငံတော်လုံခြုံရေး” ဆိုတာ နဲ့ ဆင်ခြေပေးမှာလား။“အများပြည်သူအကျိုးငှာ ”လို့ အကြောင်းပြမှာလား။“ဖွဲ့ စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်ပြီ”ဆိုပြီးကြေငြာတာမမှန်သတင်းလား။
ဒါဆိုရင်တော့ အာဏာရှင်စံနစ်ကိုဦးတည်နေပြီနော်။သမ္မတကြီးပြောထားတာတွေနဲ့ အာဏာပိုင်တွေ လုပ်နေတာနဲ့ လွဲနေပြီ။အပြောနဲ့ အလုပ်ထပ်တူညီမှကောင်းမယ်။
(၂၀၁၀)ရွေးကောက်ပွဲအပြီးမှာရွေးချယ်ခံရတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရယ်။ခန့် အပ်ခံရတဲ့ အာဏာပိုင်တွေရယ်ဟာပြည်သူ့ ဆန္ဒကိုတကယ်လေးစားတယ်ဆိုရင်။စည်းကမ်းပြည့် ဝတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ချင်တာဆိုရင်ဘယ်သူတားတားဆက်လုပ်မယ်။ U N လည်းတားခွင့် မရှိဘူး။လို့ ပြောတဲ့ လျှပ်စစ်ဝန်ကြီးကိုဒီအတိုင်းမြှောက်စားနေတာတော့ မဖြစ်သင့် ဘူး။နောက်ပြီးဖွဲ့ စည်းပုံအခြေခံဥပဒေအာဏာသက်ရောက်နေပြီလို့ ရိုးရိုးသားသားထင်မြင်ပြီးနိုင်ငံသားအခွင့် အရေးနဲ့ အညီဆန္ဒဖေါ်ထုတ်ခဲ့ တဲ့ “ကိုအောင်သိန်းလှ”နဲ့ ပတ်သက်ပြီးပြည်သူတွေသိအောင်သတင်းထုတ်ပြန်
ပေးရလိမ့် မယ်။အရေးယူခွင့် မရှိဘူး။အဲသလိုမဟုတ်ဘဲပြည်သူတွေကို အာဏာရှင်လိုဆက်ဆံတဲ့ လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကိုမြှောက်စားနေသေးတယ်။

ဖွဲ့ စည်းပုံအခြေခံဥပဒေကိုအားကိုးအားထားပြုဘ်ု့ ကြိုးစားနေတဲ့ ပြည်သူတွေ ဦးကျိုးသွားအောင် နောက်ထပ်ဘယ်သူမှဆန္ဒမပြရဲအောင်“သံရုံးဆန္ဒပြခဲ့ တဲ ကိုအောင်ကျော်လှ”ကို (လူမသိ၊သူမသိ) တရားစီရင်မယ်ဆိုရင် ကျနော်တို့ နိုင်ငံဟာ ဒီမိုကရေစီ စံနစ်ကိုဦးတည်တာမဟုတ်ဘဲ အာဏာရှင်စံနစ်စံနစ်ကိုဦးတည်တာဖြစ်သွားပြီ။

ပြည်သူတွေကိုအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရဆိုရင် A S E A N မှာဥက္ကဌလုပ်ဘို့ သင့် တော်ပါ့ မလားလို့ တခြားနိုင်ငံအစိုးရတွေစဉ်းစားကြမှာပါ။ဒီစာကို on line ပေါ်မရောက်ခင် ဖတ်မိတဲ့ မိတ်ဆွေတွေက “မင်းအဖမ်းခံရလိမ်မယ်”လို့သတိပေးကြပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ အချို့ သောအစိုးရအဖွဲ့ ဝင်တွေဟာပြုပြင်၊ပြောင်းလဲလိုတဲ့ ဆန္ဒရှိသူတွေဖြစ်တယ် ဆိုတာကို ကျနော်ယုံကြည် ပါတယ်။ အမှန်တကယ်အရေးယူသင့် တဲသူတွေကို အရေးမယူပါဘဲ နိုင်ငံကောင်းစေချင်တဲ့ ဆန္ဒနဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီးရေးခဲ့ တဲ့ ကျနော်အဖမ်းခံရတယ်ဆိုရင် လည်းကျနော်တို့ နိုင်ငံသားပြည်သူတွေ ကို ဘ၀နဲ့ ရင်းပြီး သတိပေးခဲ့ ပြီးသားဖြစ်သွားပါပြီ.

အာဏာရှင်စံနစ်ကိုဦးတည်နေတာကျိန်းသေသွားပြီ။
အာဏာရှင်စံနစ်ကိုဦးတည်နေတာတိကျသွားပြီ။
အာဏာရှင်စံနစ်ကိုဦးတည်နေတာခိုင်လုံသွားပါပြီ
။ ဒီလောက်ပါဘဲ။

ကျနော်ဦးဝင်းချိုပါ။ဖုံးနံပါတ်၀၉-၈၀၃၃၅၅၄နဲ့ ၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄ကိုဆက်သွယ်နိုင်ပါတယ်။

Thursday, September 22, 2011

1 Save Ayeyarwady ပန်းချီ/ဓာတ်ပုံ ပြပွဲ

ယခုလ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိGallery 65 တွင် The Sketch of A River Art Exhibition အမည်ရှိပန်းချီ၊ ကာတွန်း၊ ဓါတ်ပုံ ၊ လက်ရာများပါဝင်သော အနုပညာလက်ရာပြပွဲတစ်ခုကို
ကျင်းပခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တက်ရောက်သူနှစ်ထောင်နီးပါးရှိသည်။

အဆိုပါ အနုပညာလက်ရာပြပွဲတွင်ဧရာဝတီမြစ်ဧ။် အလှအပများ ၊ အကျည်းတန်လာတော့မည့် အနရာယ်များ ကိုပါထည့်သွင်းဖော်ညွှန်းထားသည့် လက်ရာများစွာအပါအ၀င် ကဗျာဆရာတချို့ကလည်း ဧရာဝတီကို ဖွဲ့ဆိုသော ကဗျာများကို ရွတ်ဆိုပေးခဲ့ကြသည်။

ပြပွဲတွင် အနုပညာရှင် စုစုပေါင်း ၅၄ ဦင်္းဧ။်လက်ရာပေါင်း ၁၄၂ ခုကို တွေ့မြင်ရပြီး နာမည်ကြီးအနုပညာရှင်များအပါအ၀င် တက်သစ်စ ပန်းချီဆရာ ၊ ဓါတ်ပုံဆရာများလည်းပါဝင်ခဲ့ကြသည်။ အဆိုပါပြပွဲတွင် လာရောက်ကြည့်ရှုအားပေးသူများဧ။် ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆို သံများကို ဖော်ပြပေးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်)

ဒီလို အားလုံးလာရောက်ကြတဲ့အတွက်အင်မတန်ဝမ်းသာပါတယ်။ ပြပွဲတစ်ခုမှာတင်မဟုတ်ဘဲနဲ့ တကယ် ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်ထိန်းသိမ်းေ၇းအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒီိ ကိစ္စဟာကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကိုအခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေးအခန်းကဏ္ဍဟာ များလာနိုင်ပါတယ် ကျမတို့ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို အခြေခံပြီး ပြည်ထောင်စုညီညွှတ်ရေးကိုလုပ်ဆောင်ဖို့ ကျမအနေနဲ့ဆုတောင်းပါတယ်။အားလုံးအနေနဲ့လည်းဖြည့်ဆည်းပေးပါ။
ဒေါ်သန်းသန်းနု ( ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေမှူး)

ဒီပြပွဲကိုကြည့်ရတာ ကြည်နူးဖွယ်ရာတွေ ကိုတွေ့ရသလို ၀မ်းနည်းစရာတွေလည်းရှိတယ်ပုံတစ်ပုံမှာဆိုရင် ရှုခင်းက အခုမမြင်ရတော့ဘူးတဲ့။ အဲဒီပုံကလွန်ခဲ့တဲ့လေးငါးနှစ်က လောက်ရိုက်ထားတာ ။ အခုဆိုရင် အဲဒီပုံမှာ
ရေကာတာဆောက်ဖို့အလုပ် သမားတွေနေတဲ့နေရာတွေတွေ့ရသလိုသူတို့စွန့်ပစ်ထားတဲ့အမှိုက်ပုံပါရိုက်ပြ
ထားတာ။

ကျမတို့ငယ်ငယ်ကမြစ်ဆုံရောက်ဖူတယ် ရှုခင်းတွေက အရမ်းသာယာ သလို ရေကလည်း အရမ်းကြည်တယ်။ အဲဒီအခြေအနေနဲ့ခုနဲ့ကတခြား စီဖြစ်သွားပြီဧရာဝတီဟာမြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်လို့အင်မတန်
အရေးကြိးတဲ့အတွက်အခုလိုအနုပညာရှင်တွေ စုစည်းတင်ပြတာ အရမ်းကျေးဇူးတင်တယ်။ဝန်ကြီးပြောသွားတာ ကပိုလျှံတယ်ပြောတယ် ။ တကယ်တော့ ပြည်ပကို သာပို့ဖို့မလိုအပ်ဘူးဆိုရင် မြစ်ဆုံဆည် ဟာ ဆောက်စရာမလိုဘုး။ခုတော့ဆက်လုပ်မယ်ဆိုရင် အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ ဒီကရတဲ့အကျိုးအမြတ်ကလည်းမြန်မာတစ်နိုင်ငံလုံးတင် မဟုတ်ဘူး။ပြည်နယ် ကဒေသခံတွေ အတွက်တောင်အကျိုးကျေးဇူးမခံစားရဘူးဆိုတော့ဝမ်းနည်းစရာကောင်းတယ။်ဒါမဖြစ်သင့်ဘူး။

ဦးအုန်း(သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်)

ဒီပွဲကတော့ ဘာပွဲမှ နဲ့မတူဘူး အလွန်ထူးခြားကောင်းမွန်ပါတယ်။မြစ်ဆုံကိစ္စကတော့ မလုပ်ဘူးဆိုရင်တော့ အန်ကယ်သဘောအကျဆုံးပေါ့။ တကယ်တော့ရေကာတာတစ်ခုဟာ ပေ ၅၀ အထိဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဘာမှမထိခိုက်ဘူး။တကယ်လို့ ပေ ၅၀ ထက်ပိုပြီး ပေ ၁၀၀ ၊ ၂၀၀ ကတော့ သဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ မြစ်ကြောင်းထိန်းသိမ်း ဖို့ဆိုတာလည်း ရေကာတာရဲ့အထက်ငါးမိုင်အောက်ငါးမိုင်ဆိုတာ တကယ်တော့မလုံလောက် ဘူး။ မြစ်ကြောင်းတစ်လျှောက်လုံး ကိုထိန်းရမယ်။ မြစ်ကျိုးတွေတစ်လျှောက်လည်း စက်ရုံတွေ ကို control လုပ်ရမှာဖြစ်သလို စွန့်ပစ်ပစည်းတွေကိုလည်းမစွန့်ခင်မှာ အနရာယ်ကင်းပါတယ်ဆိုတာမျိုး လည်းရှိသင့်တယ်။

အခုမြစ်ဆုံရေကာတာဆောက်ဖို့ ရွာတွေရွှေ့ပြောင်းရတဲံအတွက်အဲဒီဒေသမှာ လူမှုရေးပြသနာတွေ လည်းဖြစ်တယ်။ သူတို့ရဲ့ဘုရားကျောင်း တို့ဘာတို့ရွှေ့ပြောင်းရတာမျိုးကျတော့လည်းဘာသာရေး နဲ့ဆိုင်တဲ့social problem တွေပေါ့ ။ ဒါကြောင့် အစိုးရဟာ ပြည်သူ လူထုကျေနပ်အောင် လုပ်ပေးရမယ်။ ဒါဟာအစိုးရရဲ့တာဝန်ပဲ။
ရဲတိုက်(သရုပ်ဆောင်)

ကျနော့်အနေနဲ့ မြစ်ကြီးကို အမြန်ဆုံး ပြန်လည် ကျမ်းမာစေချင်တယ်။ ကျနော်တို့ ငယ်ငယ်တုန်းက ရှိခဲ့သလို ကျန်းမာတဲ့မြစ်တစင်းပြန်ဖြစ်စေချင်တယ်။

အနဂ္ဂ (အဆိုတော်)

တကယ်တော့ ကျွန်တော်တို့ ဖန်တီးနေတဲ့အနုပညာဆိုတာ သဘာဝတရားနဲ့ဆက်စပ်နေတယ်။ဒီတော့ ကျွန်တော်တို့အားလုံးလက်တွဲမဖြုတ်ဘဲ နားလည်မှုတွေဆက်ရှိသွားမှာပါ။

အနုပညာဟာ နားလည်မှု ၊ခံစားချက် နဲ့ အသိစိတ်တွေပေါင်းပြီးလုပ်ရတာမို့ကျွန်တော်တို့ လက်တွဲမဖြုတ်ပါဘူး။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်ပြီး သိတာ နားလည် လာတာ၎နှစ်လောက် ပဲရှိသေးတယ်။ခုဆို ပလတ်စတစ်သုံးတာလျှော့တယ်။

လက်ဆောင်ပေးရင်လည်း ပလတ်စတစ် ကိုရှောင်တယ်။ လောလော ဆယ်တော့ အပင်တော့ မစိုက်နိုင် သေးပေမယ့် အပင်ကို မနှောက်ယှက်ဘူး။

သတင်းစာတွေထဲကပြောနေတဲံပြည်သူ့အသံဆိုတာ ဒီကနေသွားမှာပါ။ ကမ္ဘာပေါ်မှာ လက်ရှိဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့နိုင်ငံတော်တော်မျူားများက အစိုးရတိုင်းဟာကတိတွေပေးတတ်ကြတယ်။

အဲဒီ ကတိတွေ နဲ့ပဲရွေးကောက်ပွဲအတွက်မဲဆွယ်ကြတယ်။တကယ်လုပ်ပေးမယ်ဆိုပြီးပေါ့။ ဒီတော့ ကျွန်တော်ပြောချင်တာက အခုကျွန်တော်တို့အဲဒီကတိတွေထဲမှာ မနစ်မွန်းဖို့လိုတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ်
ကတိတွေပေးပြီးမနှစ်သိမ့်ဖို့လိုတယ်။


မေသင်္ကြန်ဟိန်(မြစ်မခ မီဒီယာ၊ အယ်ဒီတာ)

Gallery 65 က ဓါတ်ပုံပြပွဲကိုသွားတော့ ကျမ အားတက်လာခဲ့တယ်။ ဧရာဝတီကို ချစ်တဲ့သူ ဘယ်လောက်များသလဲ၊ကယ်တင်ဖို့ တောင်းဆိုနေတဲ့သူ ဘယ်လောက်များနေသလဲဆိုတာ။ ဒါတောင် ရန်ကုန်တမြို့တည်းမှာ ရှိတဲ့သူတွေထဲကတချို့တ၀က်ပဲ လာနိုင်ကြသးတယ်။ယုံကြည်ပါတယ် သန်း ၆၀ ကျော်သော ပြည်သူတွေကလည်း ဧရာဝတီကို ကယ်တင်ချင်တဲ့ စိတ်နဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြမှာပါ။

ဦးမြင့်သိန်း( ပြပွဲလာရောက်ကြည့်ရှုသူ ပရိသတ်တစ်ဦး)

ဧရာဝတီပေါ်ကိုလူတိုင်းလုပ်ကိုင်စားသောက်တဲ့သူတွေဟာ အလွန်းများတဲ့အတွက်ဧရာဝတီကို သဘာဝအတိုင်း ဆက်စီးစေချင်တယ်။ဧရာဝတီကို လူသားတွေအတွက် အကျိုးရှိတဲ့ စီးဆင်းနေမှုကို အဟန့်အတားဖြစ်စေ တဲ့ကိတ်စမှန်သမျှကို ကန့်ကွက်တယ်။


ပြည်သူတဦး

ဒီပွဲကိုလာကြည့်ဖြစ်တာ အင်မတန်အားရတယ်။ အနုပညာလက်ရာတွေကလည်းထူးခြားကောင်းမွန်သလို လူထုလူတန်းစားတော်တော်များများလာကြည့်တာတွေ့ရတယ်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အ
ပါအ၀င်နိုင်ငံရေးပါတီတွေလည်းလာကြတာတွေ့ရတော့ အင်မတန်ထူးခြားမွန်မြတ်တဲ့ပွဲလို့ခံယူမိတယ်။ ခုဆိုရင် အရင်က နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်ဘူးလို့မှတ်ယူထားတဲံသူတွေတောင် ဧရာဝတီနဲ့ပတ်သတ်လာရင် ကဲကဲဆတ်တုန့်ပြန်နေကြပြီ။ကျမဆိုရင် ကျောင်းသားတွေဆီကကော သူငယ်ချင်းလုပ်ဖော်ကိုင် ဖက်တွေ ဆီကကောဧရာဝတီကို ချစ်မြတ်နိုးချင် ကာကွယ်ချင်တဲ့စကားသံတွေ ကြားနေရတယ်ဘာပဲပြောပြော ဧရာဝတီကိစ္စ ဟာ ပြည်သူတိုင်းမှာ တစ်ဦးတစ်ယောက်တိုင်းမှာတာဝန်ရှိပါတယ်။
ပိုင်ပိုင်၊ ကျော်ဇင်မန်း(မြစ်မခ)


Photo.Shwe Myitmakha

Wednesday, September 21, 2011

0 အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတိုက်ရိုက်စကားပြော(ရုပ်/သံ)


ဒီကနေ့ အမေရိကန် နယူးယောက်မြို့မှာတိုက်ရိုက်ထုတ်လွှင့်ကျင်းပသွားခဲ့တဲ့ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးအပါအ၀င် အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန်နဲ့အတူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်အမေးအဖြေစကားပြောခဲ့ပါတယ်.

အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်တဲ့နေရာမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းရတာမို့ အလွန်ခက်ခဲသိမ်မွေ့ပြီး သိပ်မကြာခင်မှာတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်းအလဲတွေ မြင်ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က နယူးယောက်မှာ ကျင်းပတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် မှန်ကန်တဲ့ အားပေးထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ အမေရိကန် ပြည်ထောင်စုကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ မနေ့တုန်းက ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့နေရာ အဓိက ဆွေးနွေးသူ ၂ ဦးကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့ ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်မြို့ကနေ ဗွီဒီယိုကတဆင့် တိုက်ရိုက် ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံဟာ အပြောင်းအလဲအတွက် လမ်းစကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမှာ ပြောသွားပါတယ်။

“သိပ်မကြာခင်မှာပဲ အပြောင်းအလဲတွေ တွေ့လာရတော့မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲနဲ့ ပတ်သက်လို့ စကားတွေ အတော်လေး ပြောခဲ့ပြီးပါပြီ။ လူတွေက သိသာမြင်သာတဲ့ ရလဒ်ကို မြင်ချင်ကြတယ် ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ အပြောင်းအလဲတွေရဲ့ အစကို ပျိုးနိုင်ပြီလို့ ဆိုရမှာပါ။”



တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ တခါတခါ အတော်လေး ခက်ခဲပါတယ်။ နှစ်ဘက်စလုံးက ညှိနှိုင်းရေးအတွက် ပြင်ဆင်ရပါတယ်။ ယူချင်တာကြီးပဲ မဟုတ်ဘဲ ပေးရမှာလည်း ရှိပါတယ်။ အပေးအယူ လုပ်ရမှာပါ။ အဲဒီမှာ နှစ်ဘက်စလုံးအတွက် သင့်တင့်မျှတတဲ့ အဖြေရဖို့ လိုပါတယ်။ ဒါကြောင့် သိပ်ကို ခက်ခဲသိမ်မွေ့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျမအနေနဲ့ကတော့ ဒီအခြေအနေအပေါ် သတိထားပြီး အကောင်းဘက် မြင်ပါတယ်။ နိုင်ငံအတွက် သိပ်ကို အရေးကြီးတဲ့၊ စစ်စစ်မှန်မှန် အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ ဆက်လုပ်သွားရမှာပါ။”


ဆွေးနွေးပွဲမှာရှိတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ရပ်တည်လှုပ်ရှားမှု အပေါ်မှာ ချီးကျူး ပြောခဲ့သလို သမ္မတဟောင်း ဘေလ် ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် လှမ်းနှုတ်ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြု ချီးကျူး ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာက လူသိများတဲ့ သူ့လိုပုဂ္ဂိုလ်တွေ ရှိပေမဲ့ မထင်မရှား ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေရဲ့ ဘ၀ဟာ ပိုပြီး တန်ဖိုးကြီးတယ်လို့ ပြောခဲ့ပါတယ်။

“ဒီလူတွေဟာ မထင်မရှား ဖြစ်နေကြတဲ့ အညတရ စစ်သည်တွေလို့ ဆိုရမှာပါ။ ကမ္ဘာကသိတဲ့ ကျမလို လူမျိုးတွေထက် သူတို့ဟာ ပိုပြီး တန်ဖိုးရှိပါတယ်။ ကျမတို့အတွက် ကမ္ဘာက ပိုပြီးသိလေ အကာအကွယ် ပိုရလေပါပဲ။ ဒီလူတွေကျတော့ ကမ္ဘာက မသိကြဘူး။ ဒါကြောင့် သူတို့ရဲ့ သတ္တိ၊ သူတို့ရဲ့ စွန့်လွှတ်မှုဟာ အင်မတန် ကြီးမားပါတယ်။ ဒီလိုလူတွေနဲ့ အတူလုပ်ရတာ ခွန်အားတွေ တိုးစေပါတယ်။”

မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အပြောင်းအလဲတွေနဲ့ အညီ မြန်မာနိုင်ငံအပေါ် သင့်တော်တဲ့ မူဝါဒ ပြောင်းလဲမှုတွေ လုပ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မှန်ကန်တဲ့ အားပေးထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ တိုက်တွန်းခဲ့သလို ပြီးခဲ့တဲ့ မြန်မာ့အရေး ရပ်တည်ပေးခဲ့မှုတွေ အတွက်လည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ အတောအတွင်း ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ရပ်တည် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စုကို အထူး ကျေးဇူးတင်ကြောင်း ဒီနေရာမှာ ပြောလိုပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အားလုံးလည်း ဒီထက်ပိုပြီး လုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်အပေါ် မှန်ကန်တဲ့ အားပေး ထောက်ခံမှုမျိုး လုပ်ခြင်းအားဖြင့် ကျမတို့ ရုန်းကန်မှုအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ မှန်ကန်တဲ့ အားပေးထောက်ခံမှုကို ဘယ်လိုလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ရမယ့် ကိစ္စကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။”



ဒီမိုကရေစီဆိုတဲ့ စကားနဲ့ ပတ်သက်လို့တော့ ဒါဟာ အနောက်နိုင်ငံတွေ သုံးတဲ့ စံနှုန်းလို့ အချို့ ပြောတာကို ဒေါ်အောင်ဆန်းစုကြည်ရော တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးတို့ကပါ ငြင်းပယ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ တည်ငြိမ် လုံခြုံမှုအတွက် ဒီမိုကရေစီစနစ်ရှိမှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းဟာ မိမိတို့ကိုယ်မိမိ လုံခြုံမှုရဖို့၊ လွတ်လပ်ဖို့၊ ပျော်ရွှင်ချမ်းမြေ့ဖို့ လိုလားကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒက်စ်မွန် တူးတူးတို့ ၂ ဦးဟာ လူပုဂ္ဂိုလ်ချင်း တခါမှ မဆုံဘူးပေမဲ့ အခု ဆွေးနွေးပွဲမှာ တဦးနဲ့တဦး အပြန်အလှန် နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး ပြောခဲ့သလို တက်ရောက်လာသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတ်တပ်ရပ်ပြီး တလေးတစား ဂုဏ်ပြုခဲ့ကြပါတယ်။
ဗုဒ္ဓဟူး, 21 စက်တင်ဘာ 2011

VOA

0 RFA နဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းအကြောင်း စာရေးဆရာကြီးလူထုဦးစိန်ဝင်းရဲ့ပြောဆိုချက်



လွတ်လိမ့်မယ် အထင်နဲ့..(Facebook ဟာဂျူလီ ကသာ)
Facebook..Thaung hein.

0 သံရုံးရှေ့  တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့  နောက်ဆက်တွဲများ


Photo.www.panoramio.com
အောင်မျိုးထွန်း

ရန်ကုန်တရုတ်သံရုံးရှေ့မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာ ကောလဟာလ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ မနေ့က(၂၀- ၉- ၂၀၁၁)၊ နေ့လည် ၁း ၃၀ နာရီ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ် (၉၄)၊ ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန်မာလို “ဧရာဝတီလျှပ်စစ်စီမံကိန်းရပ်ဆိုင်းပေးပါ” စာသားပါတဲ့ သူ့ ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တရုတ်ကုမ္မဏီတစ်ခုရဲ့ ပါဝင်ပတ်သက် နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ကို လာရောက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတို့ အပြင်မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ အဆိုပါ တစ်ကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့် ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် အဖြစ် ရပ်တည်နေထိုင်လာခဲ့ပြီး အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ဗီဇာရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အမေရိကန်သို့ သွားရောက်ရေးဟာ အကြောင်း မညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့မှ ရန်ကုန်သို့ ပြန်ရောက်ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့  သိပ်စကားမပြောတော့ဘဲ တစ်စုံတစ်ခုကို အမြဲတွေးတော စဉ်းစားနေတတ်သူလို့ စုံစမ်းသိရှိရပါတယ်။ သူဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှု များကို ဆောင်ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ ရဲ့  ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ သူတောင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့  ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်လို့  သိရပါတယ်။

ယခုအခါ သူ့ကို ဘယ်ပုံဘယ်နည်း ဆက်လက် ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြတာဝန်ခံ ခိုင်းထားတယ်လို့သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်ပြီး သူ့ရဲ့နောက်ကွယ်မှာ နိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်ခြင်း ရှိနိုင်ချေ နည်းပါးတယ်လို့  သိရပါတယ်။

သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံ ကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား ဆန္ဒပြတဲ့ ပထမဆုံး တစ်ကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့ ပြည်ပအခြေစိုက်သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့်စေလိုသူများက ကိုအောင်သိန်းလှရဲ့ တစ်ကိုယ်တော်ဆန္ဒပြမှု အပေါ် လက်ရှိ အစိုးရဘက်က ဘယ်လို ကိုင်တွယ် ဆောင်ရွက်မလဲဆိုတာ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအရ အာမခံချက်ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီအစိုးရအနေနဲ့ ကိုအောင်သိန်းလှကို ပြန်လွှတ်ပေးမလား၊ ဆက်လက် ဖမ်းဆီးထားပြီး ဥပဒေတစ်ခုခု အကြောင်းပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြ ပြီး နေပြည်တော်လွှတ်တော်တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့မကြာမီကမှ ဖွဲ့စည်းလိုက်တဲ့ အငြိမ်းစား ၀န်ထမ်းကြီးများပါဝင်တဲ့ “လူ့အခွင့်အရေးကော်မရှင်” တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက် အလားအလာတွေကို “ကိုအောင်သိန်းလှအရေး”က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ရဲ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍ ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ် ရွှေ့ဆိုင်းထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါတယ်။

ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့ ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ဆန္ဒပြဆို ထုတ်ဖော်နိုင်ခွင့်ဟာ မဖြစ်မနေ ပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်
သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူ အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ လူသားဘ၀ အခြေခံရပိုင်ခွင့် တစ်ခုကို ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့်ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက်တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေးကြကြောင်း သိရှိရပါတယ်။

အောင်မျိုးထွန်း

၂၁- ၉- ၂၀၁၁

0 အတိတ်မှတရုတ်နိုင်ငံသင်ခန်းစာနှင့်လက်ရှိအင်ဒိုနီးရှားပြုပြင်ပြောင်းလဲမှုကိုမြန်မာယူသင့်

ဆောင်းပါးရှင်-ထွန်းအောင်ကျော်

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သည်မြန်မာနိုင်ငံနှင့် ဆင်တူသည်။ ကိုလိုနီဘဝ ရုန်းကန်မှုများအတွင်း တွင်လည်းကောင်း၊ ဂျပန်ဝင်ရောက်မှုတွင်လည်းကောင်း၊လွတ်လပ်ရေးရပြီးကာလတွင်လည်းကောင်း တူညီ ကြ သည်။ နောက်ဆုံး ဦးနေဝင်းအာဏာသိမ်းခြင်းနှင့်အတူဆူဟာတို အာဏာသိမ်းခြင်းသည်လည်း မြန်မာက ရှေ့မှ ပြေးလျက်ရှိသည်။ သို့ရာတွင် မြန်မာ၏စစ်ဗိုလ်ချုပ်များက လက်ဝဲသူငယ်နာမစင်ဘဲ ဆိုရှယ်လစ် လိုက်ကြသဖြင့် တိုင်းပြည်ချွတ်ခြုံကျပြီးလူမွဲနိုင်ငံဘဝသို့ သက်ဆင်းသွားရသည်။ လက်ဝဲဝါဒီများ၏ ငွေရှင်ကြေး ရှင်များအပေါ် ရွံရှာမုန်းတီးမှု၊စီးပွားရေးလုပ်ငန်းရှင်းအပေါ် တဖက်သတ် မနာလိုတတ်သည့် မစ္ဆရိယစိတ်ကြောင့် ၎င်းပုဂ္ဂလိက လုပ်ငန်းရှင်လေးများကအစ အရင်းရှင်တံဆိပ် အတပ်ခံရပြီး ကွမ်းယာဆိုင်၊ ပစ္စည်းရောင်း ပုဂ္ဂလိကဆိုင်များ၊ကားပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိက ဓါတ်ဆီဆိုင်လေးများအသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များပါမကျန် အရင်းရှင် ဆိုင်းဘုတ်တပ်ပြီး ပြည်သူပိုင် သိမ်းခြင်းကိုမြိန်ရည်ရှက်ရည်ပြုလုပ်၍ ချမ်းသာခြင်းသည် အပြစ်တခုအဖြစ် အပြစ်ဒါဏ်ပေး ဆုံးမလိုက်ကြသည့်အတွက်မြန်မာနိုင်ငံကြီး ကမ္ဘာအဆင်းရဲဆုံးနိုင်ငံဘဝသို့ ကျရောက်ခဲ့သည်ကို မည်သူမျှ မငြင်းနိုင်ချေ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံကမူကွန်မြူနစ်များကို သုတ်သင်ရှင်းလင်းလိုက်သဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ ဂျပန်နိုင်ငံတို့ က ဝိုင်းဝန်းကူညီကြသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံသို့ မိမိတပ်များစေလွှတ်ပြီး
တိုက်သည့် တိုင်အောင် မနိုင်ဘဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့် အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ
ဗိုလ်ချုပ်ဆူဟာတို သူ့စွမ်းရည်နှင့်သူ ကျွန်မြူနစ်တို့ကို နှိမ်နှင်းပစ်လိုက်သဖြင့်အထင်တကြီး ဆူဟာတို လိုသော စစ်ရေး အကူ အညီများ စီးပွားရေးထောက်ပံ့မှုများကို ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံကို မူလလက်ဝဲဆိုရှယ်လစ် အတွေး အခေါ်ဖြင့် မြန်မာ့နည်း မြန်မာ့ဟန် လူမွဲလမ်းစဉ်သို့
ချီတက်နေခြင်းအတွက် လစ်လျှူရှုထားခဲ့သည်။

ဆူဟာတိုသည် အာဏာရှင်စံနစ်ဖြင့်အုပ်ချုပ်နေလင့်ကစား ဈေးကွက်စီးပွားရေးစံနစ်ကို ဖွင့်ပြီး သူနှင့် နီးစပ်သူ များနှင့် လက်ဝါးကြီးအုပ် စီးပွားရေးကို ပြုလုပ်ခဲ့သည်။ (Crony Capitalism)လက်ဝါးကြီးအုပ် စီးပွားရေးတွင်ကျွမ်းကျင်သော အင်ဒိုနီးရှားပြည်ဖွါး တရုတ်စီးပွားရေးသမားများနှင့် ပုလင်းတူဗူးဆို့လုပ်၍
မိမိသားသမီးများ ဆွေမျိုးများဖြင့် ကြွယ်ဝချမ်းသာလာခဲ့သည်။

အနောက်အုပ်စု၏ထောက်ပံ့မှုဖြင့်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) (FDI)ကြောင့်လည်းကောင်း၊လက်ဝါးကြီးအုပ် အရင်းရှင်စံနစ် ကြောင့်လည်းကောင်း အင်ဒိုနီးရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့ရသည်။ သို့ရာတွင် ဆူဟာတိုသည် အာဏာကို လက် လွှတ်ရန် မစဉ်းစားဘဲသူတည်ထောင်ထားသည့် ဂေါ်ကာပါတီ (Golkar) ကိုအသုံးချ၍ ဆက်တိုက် (၆) ကြိမ်တိုင်တိုင် သမတပြုလုပ် အုပ်ချုပ်ခဲ့သည်။

စီးပွားရေးတိုးတက်လာသဖြင့် ပြည်သူတို့ အသင့်အတင့် ချောင် လည်လာကြသော်လည်း အဓိက စီးပွားရေး ကို လက်ဝါးကြီး လုပ်ထားကြသော ဗိုလ်ချုပ်များ၊ အခွင့်ထူးခံ စီးပွားရေးသမားများနှင့် ဆင်းရဲ ချမ်းသာ ကွာဟမှုများနှိုင်းယှဉ်မရလောက်အောင် ကြီးမားခဲ့သည့်အတွက် အင်ဒိုနီးရှား များက အလွန်အမင်း ချမ်းသာ နေသောတရုတ်များကို လူမျိုးရေးအရ မုန်းတီးလာခဲ့ပြီး တရုတ်များနှင့် လူမျိုးရေး အဓိကရုဏ်းများဖြစ်လာခဲ့ကြသည်။

မြန်မာနိုင်ငံ။

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ကိုကြည့်လျှငလက်ဝဲယိမ်းများ၏အစွန်းရောက် အရှေ့မျှော်ဝါဒကြောင့် လက်ဝဲသူငယ်နာမစင်ဘဲ မဲမဲမြင်ရာအရင်းရှင်တံဆိပ်ကပ်၍ချမ်းသာခြင်းကိုပင် အပြစ်တခုအဖြစ် ဦးတည် တိုက်ခိုက်ခဲ့သဖြင့် အားလုံးမည်သူမျှ မချမ်းသာနိုင်တော့ဘဲလူမွဲများအဖြစ် ကျရောက်လာခဲ့ရသည်။ ဆင်းရဲချမ်းသာကိစ္စကို ယထာဘူတကျကျစဉ်းစားလျှင်ကလိမ်ကျ၍ ချမ်းသာသူများရှိသော်လည်း ရိုးသားစွာ လုံ့လဝီရိယစိုက်ထုတ်၍ ကျိုးစားလုပ်ကိုင်မှုကြောင့်လည်းကောင်းပညာဉာဏ်ထက်မျက်မှုကြောင့်လည်းကောင်း ကြီးပွါးချမ်းသာလာသော လူများလည်း ရှိကြောင်းတွေ့ရမည်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်အရှင်းရှင်ဟု ပြောရလောက် သောသူများ ထိုအချိန်ကလက်ညှိုးထိုးပြစရာမရှိချေ။

အစွန်းရောက်လက်ဝဲသူငယ်နာစွဲကပ်နေသူတို့က အရင်းရှင်များဟု သမုတ်၍ မစ္ဆရိယစိတ်ဖြင့် မုန်းတီးမှုသည်
မြန်မာနိုင်ငံကြီးကို အတိဒုက္ခရောက် စေခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ကျရောက်သွားရသည့် ၁၉၈၇ ခုနှစ်သည် ကိုယ့်လူမျိုးကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေသည့် ဗမာလူမျိုးတိုင်းကိုရှော့ဖြစ် (တုန်လှုပ်) စေခဲ့သည်။ ဦးနေဝင်းသည် နှစ်စဉ် နိုင်ငံခြားတိုင်းပြည်များသို့သွားရောက်ပြီး စည်းဇိမ်ခံ နေသော်လည်း သူ့အစိုးရဝန်ကြီးများနှင့် အစိုးရ အရာရှိများတိုင်းပြည်မှ ပြည်ပသို့ ထွက်ခွင့်ကို တင်းကြပ်စွာ ပိတ်ပင်ထားသည့်အတွက် အိမ်နီးချင်းနိုင်ငံများ
အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှား၊ စင်္ကာပူတို့၏ တိုးတက်ဖွံ့ဖြိုးနေမှုကို မြန်မာပြည်သူများ
မသိရှိ ဘဲ မျက်စိပိတ် နားပိတ် ဖြစ်နေခဲ့သည်။ ဦးနေဝင်းသည် အိမ်နီးချင်းနိုင်ငံများ လျှင်မြန်စွာ
တိုးတက်နေမှုကို မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း မြန်မာနိုင်ငံ တိုးတက်လာရေးကို ဦးစားပေး စဉ်းစားခြင်းမပြုခဲ့ခြင်းသည်သူ၏ အတ္တစိတ်ကြီးမားမှုကို ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်လစ်စံနစ်သည် တိုင်းပြည်ကို စုတ်ပြတ်ချွတ်ခြုံကျစေသည်ကို သိသိကြီးနှင့် တိုးတက်သော နိုင်ငံများကဲ့သို့ စံနစ်ပြောင်းရန်
ကြိုးစားခြင်းထက် မိမိအာဏာတည်မြဲရေးကိုသာ တစိုက်မတ်မတ်ပြုလုပ်ခဲ့သည်။ အဓိက ဦးနေဝင်း၏
စိတ်နေသဘောထားမှာ အမျက်စောင်မန်ကြီး၍ မိမိထက်သာသူ ဘယ်သူ့ကိုမှ မမြင်ချင်သောစိတ်ဖြစ်သည်။

ဦးသန့် ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးဘဝဖြင့် မြန်မာပြည်လာလည်သောအခါ ဦးသန့်နှင့် တွေ့ဆုံစကား
မပြောချင်သဖြင့် ငပလီသို့ ထွက်သွားခဲ့သည်။ ဦးသန့်က သူနှင့်တွေ့ရန်ငပလီသို့ လိုက်လာကြောင်း
ကြားသည့် အခါ ငပလီမှ ချက်ချင်း ရှောင်ထွက်သွားခဲ့ပြန်သည်။ မြန်မာပြည်တွင် ချမ်းသာသူမရှိစေရ၊ မိမိထက်သာသူ မရှိစေရဆိုသည့် သူ၏ အတ္တကြီးမှုကြောင့် မြန်မာနိုင်ငံ အောက်တန်းနောက်တန်းကျသည့်
ဘဝသို့ ကျရောက်ခဲ့ရသည်။

နဝတ/နအဖ လက်ထက်တွင်မူ စစ်ဗိုလ်ချုပ်များ

ဆူဟာတို၏ လက်ဝါးကြီးအုပ် စီးပွားရေးစံနစ်ကို အတုခိုးကျင့်သုံးလာကြသည်။ တေဇ၊ စတီဖင်လော၊
ဆရာကျောင်း၊ မက်စ်ဇော်ဇော်စသည့် စီးပွားရေးသမားများကို မွေးမြူ၍ ဝေစားမျှစား လုပ်လာကြသည်။ဦးနေဝင်းလက်ထက်က ထိန်းချုပ်ထားခဲ့သော သဘာဝ အရင်းအမြစ်များကို ဖောဖောသီသီ ထုတ်ရောင်းခြင်းဖြင့်ခေတ်ပျက်သူဋ္ဌေးများ ဖြစ်လာကြပြီး ချမ်းသာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုဆိုသည့် ရောဂါဆိုးကြီးကိုတပြည်လုံးသို့ ကူးစက်သွားစေခဲ့သည်။ သဘာဝရင်းမြစ်များ ထုတ်ရောင်းလျှင် နိုင်ငံခြားငွေ
သန်းချီရသည့် ငွေရပေါက်တခုကိုသာ မြင်သော စစ်ဗိုလ်ချုပ်များသည် သူထက်ငါ သစ်ကွက်များ၊
ငါးဖမ်းကွက်များ၊ ဓါတ်ငွေ့ကွက်များကို ထုတ်ရောင်းသော်လည်း လူသားရင်းမြစ် (Human
Resource) ကို အရည်အသွေးကောင်းအောင် ပြုလုပ်ပေးဘို့ ပျက်ကွက်ခဲ့ကြသည်။ ပျက်ကွက်ရခြင်းမှာလည်း
အရည်အသွေးမြင့် လူသားရင်းမြစ်တို့ မွေးထုတ်ရာ တက္ကသိုလ်ကျောင်းများသည်စစ်အာဏာရှင်တို့၏ အဓိက ရန်သူပညာတတ်ကျောင်းသားများကို မွေးထုတ်ရာ ဒေသဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။ အဆင့်မြင့်တက္ကသိုလ်ကျောင်းများထက် တက္ကသိုလ်ကျောင်းသားများ မစုဝေးနိုင်စေရန်

“ဘွဲ့မြန်မြန်ရ အေးတာဘဲ” ပေါ်လစီဖြင့် ကျင့်သုံးခဲ့ခြင်း ကြောင့်အရည်အသွေးနိမ့်ကျ သည့်လူသား အရင်း မြစ် များသာ မွေးထုတ်နိုင်ခဲ့ပြီးအရည်အသွေးနိမ့်ဘွဲ့ရအလုပ် လက်မဲ့များသာပေါများလာခဲ့ရသည်။ နှစ်ပေါင်းများစွာ အမျှော်အမြင်နည်းနည်းဖြင့်အနာဂါတ်တိုင်းပြည်အညွန့်အဖူးလူသား အရင်း အမြစ်များကိုအာဏာဆုပ်ကိုင် နိုင်ရေးအတွက်စတေးရင်း ဖြုန်းတီးခဲ့ပြန်သည်။

တိုင်းပြည်၏ ကုန်ချောထုတ်လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့သော စစ်ဗိုလ်ချုပ်များသည် လက်ဝါးကြီးအုပ် စီးပွားရေးစံနစ်တွင်လည်းကုန်ချောထုတ်စက်ရုံများ တည်ဆောက်ခြင်းထက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊အိန္ဒိယတို့မှ လူသုံးကုန်များကို တင်သွင်းခြင်းဖြင့်သာ တိုင်းပြည်လိုအပ်ချက်များကို
ဖြည့်တင်းခဲ့သည့်အတွက် ကုန်ကြမ်းရောင်း ကုန်ချောဝယ်နိုင်ငံအဖြစ်မှ မတက်နိုင်ခဲ့ချေ။

အင်ဒိုနီးရှား

ဆူဟာတိုသည် တဖက်မှ အနောက်နိုင်ငံများထောက်ပံ့မှုဖြင့် စီးပွားရေးလုပ်ငန်းများကို မိသားစု စီးပွားရေး အသွင်ဖြင့် လက်ဝါးကြီးအုပ်ထားပြီးတိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲပေးရန် စိတ်မဝင်စားဘဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကို အနောက်နိုင်ငံများက ဝိုင်းဝန်းကူညီ ထောက်ပံ့ကြသဖြင့်စီးပွားရေးတိုးတက်လာခဲ့သော်လည်း ဒီမိုကရေစီနိုင်ငံ ဖြစ်မလာခဲ့ဘဲ စစ်အာဏာရှင် လက်အောက်မှပြည်သူများ မထွက်နိုင်ဘဲ ရှိခဲ့ရသည်။ သို့ရာတွင် အာရှစီးပွားရေးကပ် ကျရောက်သည့်အခါ
အင်ဒိုနီးရှား စီးပွားရေးပျက် ကပ်ဆိုက်ခဲ့ပြီး ဆူဟာတို ဆင်းပေးခဲ့ရသည်။ ဤအချက်သည်စီးပွားရေး ပူးပေါင်း ကူညီထောက်ပံ့မှုသည် စစ်အာဏာရှင်စံနစ်ကို အားပေးခြင်းဖြစ်ပြီးစစ်အာဏာရှင်စံနစ်ကိုသက်တမ်း ရှည်စေကြောင်း ခိုင်မာသည့် အထောက်အထားတခုပင်ဖြစ်သည်။

စီးပွားပျက်ကပ်ကသာ စစ်အာဏာရှင်များကို တိုက်ထုတ်နိုင်ပေသည်။ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး ပိတ်ဆို့မှု သည် စစ်အာဏာရှင် စံနစ်ကို ဒီမိုကရေစီစံနစ်သို့ပြောင်းလဲစေသည့် တွန်းအားကြီးဖြစ်သည်ကို မမေ့သင့်ပေ။ စီးပွားရေး ပိတ်ဆို့မှုကိုရုတ်သိမ်းပါ၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်ခြင်းကသာဒီမိုကရေစီစံနစ်ကိုသွားနိုင်သည်ဟုပြောနေကြသူများ သည် စိတ်ကူးယဉ်နေသူများသာဖြစ်သည်။

မေလ၂၁ ရက် ၁၉၉၈ ခုနှစ် တွင်ဆူဟာတိုပြုတ်သွားပြီးနောက် အင်ဒိုနီးရှား နိုင်ငံသည် ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲသွားခဲ့ပေသည်။အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ စီးပွားရေးပညာရှင်စရီမာလယန်နီအင်ဒြာဝတီ (Sri Mulyani Indrawati) က ဒီမိုကရေစအပြောင်းအလဲ မှာ အသစ်တက်လာတဲ့ အာဏာပိုင်တွေဟာ အတိတ်နေ့ရက်တွေ ပြီးဆုံးသွားခဲ့ပြီးဆိုတာကို
သေသေချာချာ ပြသဖို့လိုတယ်လို့ ဆိုပါသည်။ “အပြောင်းအလဲကို တရားဝင်ပြသဖို့လိုပါတယ်၊ ဥပဒေသစ်တွေကိုလူသိရှင်ကြားမှာ ရှင်းအောင် လုပ်ဖို့ လိုပါတယ်၊ အသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေမယ့်အသေးအမွှားလေးတွေကအစ ဂရုစိုက်ရပါမယ်၊ အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးရေးရဲ့ ဆူးငြောင့်ခလုတ်ဖြစ်တဲ့အတွက်အစိုးရသစ်ဟာ ဒီကိစ္စကို နှိမ်နင်းဖို့ လုပ်ထုံးလုပ်နည်းတွေ၊ အဖွဲ့အစည်းတွေကို အမြန်ဖွဲ့စည်းတည်ဆောက်ဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုဟာ အများကြိုက်အင်အားကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။

ဒါတွေလုပ်လို့ အခက်အခဲကြုံလည်း ခေါင်းဆောင်အသစ်တွေအနေနဲ့ လက်လျော့လိုက်စရာ အကြောင်း မရှိ ပါ ဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ ဒေသအဖွဲ့အစည်းတွေ၊ ဆင်းရဲသားတွေနဲ့ မျက်နှာမွဲတွေရဲ့ ကိုယ်စားလှယ်တွေ၊

အမျိုးသမီးကိုယ်စားလှယ်တွေကို ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ပါဝင်ခွင့်ပေးသင့်ပါတယ်။”

“အင်ဒိုနီးရှားမှာ မီဒီယာလွတ်လပ်ခွင့်ကအစ၊တရားမျှတတဲ့ရွေးကောက်ပွဲနှင့် အဂတိလိုက်စားမှုဆိုင်ရာ ဥပေဒအလယ်၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊စီးပွားရေးအရ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်နဲ့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေအဆုံး၊ဥပဒေပေါင်းတရာလောက်ကို တနှစ်ခွဲကာလအတွင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ နိုင်ငံ့ဗဟိုဘဏ်ရဲ့ လွတ်လပ်ခွင့်ကိုအာမခံနိုင်မယ့် ပြည်သူ့ဘဏ္ဍာရေး ဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။” ဆိုခဲ့ပြီး စံနစ်ဟောင်းရဲ့လက်ကျန်လုံခြုံရေးတပ်ဖွဲ့၊ မလွတ်လပ်တဲ့ တရားစီရင်ရေးတွေကလည်း ရှိနေတတ်တယ်လို့သတိပေးခဲ့ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ အကျင့်ပျက်ချစားမှုတိုက်ဖျက်ပစ်ဘို့အတွက်ရှိနေတဲ့ တရားသူကြီးဟာ နံမည်ပျက် ပေါင်းများ နေ လို့ လွတ်လပ်တဲ့တရားသူကြီးတယောက်ကို ခန့်အပ်ပေးခဲ့ရကြောင်း၊နောက် ဆင်းရဲသားတွေကို ဦးစားပေးတဲ့ လုပ်ငန်း (Pro-poor agenda) အစီအစဉ်တွေကို အကောင်အထည်ဖေါ်တဲ့နေရာမှာလဲ
လူထုကိုပဲ ကိုယ်ထူကိုယ်ထ လုပ်ခိုင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ထို့အပြင် စီးပွားရေးလုပ်ငန်းတွေဖန်တီးမဲ့ အဓိက အင်အားစုဖြစ်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်
စွန့်စားတီထွင်သူတွေအကြိုက် စီးပွားရေး ရေခံမြေခံကောင်းတွေ ဖန်တီးပေးဘို့လိုပါတယ်။

(မှတ်ချက်။ စီးပွားရေးရေခံမြေခံကောင်းတွေ ဖန်တီးပေးဘို့ဆိုတဲ့နေရာမှာမြန်မာပြည်အတွက်ရန်ကုန်နဲ့မြို့ကြီး တွေ၊စက်မှုဇုံတွေမှာလျှပ်စစ်ဓါတ်အားအပြည့်အဝရဘို့လိုပါတယ်) သူက

“ တာဝန်ခံမှုမရှိ၊ လူမှုအသိုက်အဝန်းတခု လုံးမပါဝင်တဲ့စီးပွားရေး အောင်မြင်မှုဆိုတာ ရေရှည်မခံပါဘူး” ဟု ဆိုခဲ့ပါသည်။ အစိုးရသစ်အနေနဲ့ အခွင့်အလမ်းနည်းပါးသူတွေကို ကာကွယ်ဘို့ ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ဆုံးအနေနဲ့သူမလက်အောက်တွင် ဝန်ထမ်း ၆ သောင်း ၄ ထောင်ထဲတွင် အခွန်စံနစ်ကို ခေတ်မီအောင်လုပ်မယ်အချိန်တွင် တနိုင်ငံလုံးတွင် အမှန်တကယ် အရည်အချင်းရှိတဲ့ ကျွမ်းကျင်သူ ရှာလို့မရအောင်ဖြစ်ခဲ့ရပါသည်ဟု ဆိုခြင်းသည် အာဏာရှင်ဆူဟာတို လက်ထက် စီးပွားရေးတိုးတက်လာခဲ့သော်လည်း

အရည်အချင်းပြည့်ဝသည့် ပညာရှင်များ ပေါ်ထွန်းအောင် ပညာရေးစံနစ်မရှိခဲ့ခြင်းကို သက်သေပြခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ဘွဲ့ရလူငယ်များစွာ ရှိသည်။ သို့ရာတွင် ထိုဘွဲ့ရလူငယ်များသည်ခေတ်မီနိုင်ငံများတွင် သင်ကြားနေသည့် ခေတ်နှင့်အညီ ပညာရေးစံနစ်ထက် ရှေးရိုးစံနစ်ဟောင်းအပြင်အာဏာရှင်များ အကျိုးတွက် ပြဋ္ဌာန်းထားသည့် ပညာရေးစံနစ်တွင်မွေးဖွားလာခဲ့ကြရသဖြင့် တိုင်းပြည်တိုးတက်ရန် လုပ် ဆောင်နိုင် မည့် အရည်အချင်းရှိသူ ရှားပါးပေလိမ့်မည်။

သူမက အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပမှ အကူအညီများလိုအပ်သော်လည်း ကိုယ့်နိုင်ငံရဲ့ အရေးဖြစ်တဲ့အတွက်
ဘယ်တော့ လက်မြှောက်အရှုံးမပေးခဲ့ကြောင်း ကိုယ့်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကိုကိုယ့်ဘာသာ တာဝန်ယူ မလုပ်ခဲ့ရင် အင်ဒိုနီးရှားဟာခပ်လွယ်လွယ်ဘဲ ကျဆုံးသွားလောက်ပါပြီ။ ဒီသင်ခန်းစာဟာ အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်းအတွက်ခေါင်းထဲမှာ ထည့်ထားသင့်တဲ့ ကိစ္စတခုပါပဲဟု ဆိုခဲ့ပါသည်။

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဟောင်းစရိမာလယန်နီ၏ လက်တွေ့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံအရ ပြောကြားချက်မှာ အလွန်အတုယူစရာကောင်းသည်။

ယနေ့ ဒီမိုကရေစီစံနစ်ကို ပြောင်းနေပါပြီဟု ပြောနေသော ဦးသိန်းစိန်အစိုးရအနေနှင့်ဆူဟာတို၏ စီးပွားရေးကို လက်ဝါးကြီးအုပ်စံနစ်နှင့် ဖွင့်ထားပြီး တဖက်မှလည်း အာဏာကိုကြိုးကိုင်ရယူထားသည့် လမ်းကြောင်းမှ သွေဖီ၍ ဆူဟာတိုလွန်ကာလ အင်ဒိုနီးရှား ဒီမိုကရေစီအစိုးရသစ်လမ်းကြောင်းသို့
သတ္တိရှိရှိ လိုက်ရဲဘို့လိုသည်။ စစ်အာဏာရှင်စံနစ် အုပ်ချုပ်မှုသည် အမှန်တကယ် အတိတ်တွင်
ကျစ်ရစ်ခဲ့ပြီဆိုသည်ကို သက်သေပြနိုင်ဘို့လိုသည်။ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးရွှေမန်းကသူသည် ဒီမိုကရေစီဘက်တော်သားဖြစ်သည်ဟု ပြောဆိုသွားသည်ကို ကြိုဆိုပါသည်။ ဒီမိုကရေစီဘက်တော်သားဖြစ်ကြောင်းအပြောနှင့်မဟုတ် အလုပ်နှင့် သက်သေပြစေလိုပါသည်။



(၁)အပြောင်းအလဲကိတရားဝင်ပြသဘို့နှင့် ယခင်စစ်အာဏာရှင်စံနစ်နှင့် ကွဲပြားခြားနားကြောင်းကို ပြသသည့် အနေနှင့်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးခြင်းပြုဘို့လိုသည်။

(၂) တရားဥပဒေစိုးမိုးရေးနှင့်လာဒ်စားမှု တိုက်ဖျက်ရေးအတွက် သီးခြားလွတ်လပ်သည့် တရားသူကြီးတဦးကို ခန့်အပ်ပေးဘို့လိုသည်။တရားသူကြီးသည် ပြည်သူလူထု သဘောထားပေးသည့် ဘက်လိုက်မှုကင်းသော ယခင်အစိုးရနှင့် ကင်းရှင်းသောတရားသူကြီးဖြစ်ဘို့လိုပါသည်။ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း အစိုးရသြဇာအာဏာမှ လုံးဝလွတ်ကင်းရန်လိုပေသေးသည်။

အင်ဒိုနီးရှားကဲ့သို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဘို့ လိုသေးသည်။ဆင်းရဲမှု တိုက်ဖျက်ရေးဆွေးနွေးပွဲအပြင်

(၃) လူထုလူတန်းစား အဖွဲ့အစည်းများကို အစိုးရဆုံးဖြတ်ချက်တိုင်းတွင် ပါဝင်ခွင့်ပေးခြင်းကို လုပ်ဆောင်နိုင်ဘို့ လိုသည်။ သို့မှသာ ဝန်ကြီးဦးဇော်မင်းကဲ့သို့ယခင်အစိုးရလုပ်ရပ်များကို ကာကွယ်ရင်း ပြည်သူဘာပြောပြော နောက်မဆုတ်ဘဲ ဆက်လုပ်မည်ဆိုသည့်လူမိုက်စကားပြောခြင်းမျိုးကို ပြတ်ပြတ်သားသား ဟန့်တားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည်ဒီမိုကရေစီနည်းကျ ရွေးချယ်ပေးလိုက်သော အစိုးရ တက်လာသည်ဟုပြောပြီး ပြည်သူတွေဘာပြောပြောလက်ခံမှု ရှိရှိ၊ မရှိရှိ ငါ့တော့ ငါလုပ်ချင်သည်ကို ဆက်လုပ်မည်ဟု ပြောခြင်းသည် ဒီမိုကရေစီအစိုးရမျိုးတွင်မရှိချေ။ ငါလုပ်ချင်သည်ကို ဆက်လုပ်မည်ဟု ပြောခြင်းသည် စစ်အာဏာရှင်လက်အောက်တွင်သာ ရှိသည်။

ထို့ကြောင့် ဝန်ကြီးဇော်မင်းကို လက်ရှိအစိုးရအနေနှင့် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြင့်ဒီမိုကရေစီစံနစ်ကို အလေးထားသော အစိုးရဖြစ်ကြောင်း သက်သေပြဘို့လိုသည်။



နောက်ဆုံးတင်ပြချင်သည်မှာ

ဆူဟာတိုအစိုးရသည် လူထုအုံကြွမှုဖြင့် ပြုတ်ကျသွားပြီး လူထုကိုယ်စားပြု အစိုးရတက် လာခြင်း ဖြစ်သော် လည်းမြန်မာနိုင်ငံတွင်မူ စစ်အာဏာရှင်များ ပြုလုပ်ပေးသည့် ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ လူများ
စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအသွင်ကူးပြောင်းလာသဖြင့် များစွာ ကွားခြားမှုရှိသည်။ သို့ရာတွင်
ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီစံနစ်ကို တကယ်ပြောင်းလဲလိုပါက ဆူဟာတိုလွန် အစိုးရလုပ်ရပ်များကို
သတ္တိရှိရှိပြုလုပ်ရန် ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီသော ပွင့်လင်းမြင်သာမှု(Transparency) ရှိဘို့၊ ဗဟိုချုပ်ကိုင်မှု လျော့ချမှု၊ စီးပွားရေးအရလွတ်လပ်စွာပြိုင်ဆိုင်ခွင့်နဲ့ လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေများကို ဆက်တိုက်ပြဋ္ဌာန်းခြင်း၊

မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဥပေဒေပေါင်းများစွာ ပြဋ္ဌာန်းပြီးယခင်အာဏာအလွန်အကျွံ သုံးစွဲမှုများကို ဟန့်တားပယ်ဖျက်ခြင်းတို့ကို ပြုလုပ်၍ အမှန်တကယ်ပြောင်းလဲပြီဖြစ်ကြောင်းရိုးသားစွာ လုပ်ဆောင်နိုင်ဘို့ လိုပါသည်။

နိဂုံး။
တရုပ်၏အတိတ်ကနမူနာကိုယူကြပါ။

နိဂုံးအားဖြင့် တရုတ်အားကိုး၍ကိုယ့်လူမျိုးများကို လစ်လျှူရှုခဲ့သော နဝတ/နအဖ အစိုးရ၏ လုပ်ရပ်များသည် တချိန်က တရုတ်တို့၏အတွေးအခေါ်တိမ်ခဲ့သဖြင့် တရုတ်ပြည်ကို ဂျပန်ကဲ့သို့ ကျွန်းနိုင်ငံ ငယ်လေး ကပင် ဝင်ရောက်သိမ်းပိုက်ခြင်းခံခဲ့ရသည်ကိုနာမူနာယူရန် အောက်ပါသမိုင်းဖြစ်ရပ်မှန် ကောက်နှုတ်ချက်ကို ရေးသား၍ ကိုယ့်တိုင်းပြည်ကိုချစ်ကြပါ၊ ကိုယ်ပြည်သူကို တန်ဘိုးထားလေးစားပါ၊ ကိုယ့်သဘာဝရင်းမြစ်များကို ထိမ်းသိမ်းပါဟုတင်ပြလိုက်ပါသည်။

မိမိကိုယ်ကို
အင်အားရှိအောင်ပြုလုပ်ခြင်း( Self Strengthening by Li Hung Chang)

လီဟန်းချင် ၁၈၂၃-၁၉၀၈ (Li

Hung- Chang [1823- 1908]) သည် ကိုယ့်အင်အားကိုယ် တည်ဆောက်ဖို့လိုကြောင်း ကို ထပ်ခါတလဲလဲ
ပြောကြားခဲ့သည့် တရုတ်ဗိသုကာကြီးဖြစ်သည်။ သူက “ယခုလက်ရှိ အခြေအနေအရ လူအရိုင်းအစိုးများဟု
ပြောနေသူများကို ကျွန်ုပ်တို့က သူတို့နဲ့ သင့်တင့်လျောက်ပတ်အောင် နေနိုင်ဘို့ လိုအပ်နေပြီဆိုတာကို
ပြခဲ့တယ်” ဟု တရုတ်နိုင်ငံခြားတိုင်းပြည်များနှင့် စစ်ဖြစ်ရာတွင် ရှုံးနိမ့်ခဲ့ရသည့်၁၈၄၀- ၄၂ ၊ ၁၈၆၀ နှင့် ၁၈၈၅ ခုနှစ်တို့ကို ရည်ညွန်းပြောကြားခဲ့သည်။ “ပြည်တွင်းအခြေအနေကိုသုံးသပ်ရမယ်ဆိုရင် ငါတို့ဌာန ဆိုင်ရာ တွေအားလုံးကို ပြုပြင်ပြောင်းလဲဘို့ လိုပြီ၊ အကယ်၍

ငါတို့ဟာ ရှေးရိုးဝါဒီများအဖြစ်သာ ခေါင်းမာနေခဲ့ပြီး ပြောင်းလဲဘို့ကို ငြင်းဆန်ခဲ့ရင်ငါတို့နိုင်ငံတော်ရဲ့ စိတ်ဓာတ်ဟာ တနေ့ထက်တနေ့ နိမ့်ကျသွားမှာဘဲဖြစ်တယ်” နိုင်ငံခြားတိုင်းပြည်တွေဟာ ပြုပြင်ပြောင်းလဲ မှုတွေ တခုပြီးတခုပြုရင်း လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီးဖြစ်တယ်။

ဒလဟော စီးဆင်းလာတဲ့ အထက်မြစ်ညှာက ရေးစီးကြောင်းလို ပြောင်းလဲတိုးတက်နေခဲ့တယ်။ တရုတ်ကတော့မိမိတို့ရဲ့ ရှေးရိုးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ ဒီလို
ဆုပ်ကိုင်ထားလို့ တိုင်းပြည်ပျက်စီးမှာကို ရှေးရိုးသမားတွေကတော့ စိုးရိမ် ကြောင့်ကျမှုမရှိခဲ့ပါဘူး။
အို ကောင်းကင်ဘုံနဲ့ လူသား “ကျွန်တော်တို့ ဒါကိုဘယ်လိုနားလည်အောင် ပြောကြား ရပါ့မလဲ”
အနောက်နိုင်ငံသားတွေကဘယ်လိုသေနတ်ကောင်းတွေလုပ်ရမယ်၊ ဘယ်လို အမြှာက်တွေလုပ်ရမယ် ဘယ်လိုရေနွေးငွေ့မောင်းသင်္ဘောကြီးတွေတည်ဆောက် ရမည်၊ ဒါမှသာ ငါတို့တရုတ်တွေကို လွှမ်းမိုးလို့ ရမယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာငါတို့တရုတ်တွေက “ဒီအရိုင်းအစိုင်းတွေကို မောင်းထုတ်ကြ၊ သူတို့ကို မဆက်ဆံနဲ့ ငါတို့ပိုင်နက်ကနှင်ထုတ်ကြ” လို့ အော်နေတာဟာ တကယ်တော့ အဓိပ္ပါယ်မဲ့ ပြောခြင်းနဲ့ စိတ်ကူးယဉ်ဆန်လှပါတယ်။

ငါတို့ လက်နက်နဲ့ နည်းပညာမရှိဘဲ ဘယ်လို ငြိမ်းချမ်းစွာနေနိုင်မှာလဲ။ ကိုယ်အင်အား ကိုယ်တည်ဆောက်ခြင်းဆိုတဲ့ နည်းမှာ သူတို့ဘာတွေ လုပ်နေတယ်၊ တီထွင်နေတယ် ဆိုတာတွေကို လေ့လာသင်ကြားခြင်းနဲ့သူတို့ဘာတွေကို မှီခိုအားယူထားတယ်ဆိုတွေကို ယူတတ်ဘို့ဘဲ” ဟု ဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုလုပ်ရမည်ဟု အယူအဆကို လက်ခံသူများ ရှိသော်လည်း အများစုမှာ အနောက်ဆန့်ကျင်ရေး ရှေးရိုးသမား(Conservative) များဖြစ်ကြသည်။ တရုတ်နိုင်ငံမှ ပညာတော်သင် တက္ကသိုလ် ကျောင်းသား ၁၂၀ ကိုဟာ့ဖို့ဒ် (Hartford) မြို့ ကော့နတီးကတ် (Connecticut) ပြည်နယ်သို့ ၁၈၇၂ ခုနှစ်က ပို့လိုက်သော်လည်း၎င်းတို့အားလုံးကို ၁၈၈၁ ခုနှစ်တွင် ပြည်လည် ခေါ်ယူ ခဲ့သည်။ ပြန်ရောက်လာသော ကျောင်းသားများကိုအနောက်နိုင်ငံနှင့် အဆက်အသွယ်ရှိသူများ၊ ပြုပြင်ပြောင်း လဲရေးအတွက် အကြံဉာဏ်ပေးခြင်းများကိုလည်းသံသယဖြင့်အနောက်၏ ဖောက်ပြန်သော အတွေးအခေါ်ဝင် နေသူ များအဖြစ်မြင်ပြီး တချို့ မီဂျီဂျပန်ခေတ် ပြုပြင်ပြောင်းလဲမှုအတိုင်းအလျင်အမြန်ပြောင်းလဲဘို့ တိုက်တွန်း သူများကို အတင်းအကြပ်ရာထူးမှ အနားယူစေခြင်းဖြင့်ပိတ်ပင်ခဲ့သည်။

ဂျပန်ရေတပ်က ၁၈၉၄ ခုနှစ်တွင်တရုတ်ပြည်ရေတပ်ကြီးကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး ငြိမ်းချမ်းရေးလက်မှတ် ထိုးပွဲ ဖြစ်သောရှင်မင်နိစကီ (Treaty of Shiminoseki) စာချုပ်ကို ၁၈၉၅ ခုနှစ်တွင် တရုတ်ဘက်မှ သံအဖွဲ့ခေါင်းဆောင်(Li Hung Chang) လီဟောင်းချန်က သူနှင့် ရန်ဘက်ဂျပန်သံအဖွဲ့ခေါင်းဆောင် (Ito
Hirobumi) အီတိုဟီရိုဘူမီကို “တရုတ်နဲ့ ဂျပန်ဟာ အိမ်နီးခြင်းတွေဖြစ်တယ်၊ ဒါ့အပြင် စာအရေးအသား
စံနစ်ကလဲ အတူတူဘဲဖြစ်တယ်၊ ဘာကြောင့် ငါတို့ ရန်သူတွေ ဖြစ်ကြရတာလဲ” “ငါတို့ကြားမှာ ငြိမ်းချမ်းရေးနဲ့သဟဇာတဖြစ်ရေးကို လိုလားတယ်၊ ဒါမှသာ ငါတို့ အာရှတိုက် လူဝါမျိုးတွေဟာ အနောက်ဥပရောပကလူဖြူတွေရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မှာဖြစ်တယ်” လို့ ပြောတဲ့အခါ အီတိုဟီရီုဘူမီက

“လွန်ခဲ့တဲ့ ၁၀ နှစ်က ငါမင်းကို ပြုပြင်ပြောင်းလဲပါလို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာကြောင့်
အကြောင်း အချက်တခုမှ မပြောင်းလဲဘဲ အခုထိ ရှိနေခဲ့တာလဲ၊ ဘာကြောင့် မပြောင်းလဲခဲ့တာလဲ”
ဟု ပြန်မေးတဲ့အခါ လီက “ငါ့နိုင်ငံမှာရှိတဲ့ ကိစ္စတွေက ရှေးရိုးဓလေ့ထုံးစံတွေကို ဦးစားပေး
ဖက်တွယ်ထားလွန်းလို့ ငါလုပ်ချင်သလို မလုပ်နိုင်ခဲ့ပါဘူး၊ ငါဒီအတွက် အရှက်ရပါတယ်၊ ငါ့မှာ
ဒီလိုပြုပြင်နိုင်ဘို့ သြဇာအာဏာမရှိလို့ပါဘဲ” ဟု ဝန်ခံခဲ့သည်။



နိဂုံးအားဖြင့် တရုတ်ပြုပြင်ရေးသမား(LiangCh’i-ch’ao) လင်ချီချို (၁၈၇၃-၁၉၂၉) ၏ ပြောစကားကို တင်ပြလိုပါသည်။ လင်ချီချိုမှာ ကင်ယူဝေ(K’ang Yu-Wei) ၏ လုပ်ဘော်ကိုင်ဘက်တဦးဖြစ်ပြီး တရုတ်ပြည်ကြီး ဂျပန်ကို ၁၈၉၆ ခုနှစ်တွင်ရှုံးနိမ့်ခဲ့ရသည့်အတွက် ထိုစဉ်က တရုတ်ပြည်ကြီး၏ အခြေအနေကို အောက်ပါအတိုင်း တင်စား၍ရေးသားဖေါ်ပြခဲ့ပေသည်။

ပြုပြင်ပြောင်းလဲရေး
(Reform by Liang Ch’i-ch’ao)

ပြုပြင်ပြောင်းလဲရေး မလိုလားအပ်ဘူးလို့ပြောနေတဲ့သူတွေက “ရှေးထုံးစံအတိုင်းလုပ်ကြ၊ ရှေးလူကြီးတွေကို လိုက်နာကြလို့ဆိုတယ်”အရာရာဟာ ထုံးတမ်းဓလေ့တွေအောက်မှာ အလဟဿဖြစ်နေတာကို သူတို့ရဲ့ နှလုံးသားထဲမှာ ဘာမှ မဖြစ်သလိုအေးစက်စက်ထိုင်ပြီး ကြည့်နေကြတယ်။ ဥပမာ- အလွန်ကြီးမားတဲ့ နှစ်ပေါင်းတထောင်ကျော်လောက်ကခန်းနားတဲ့ ရဲတိုက်ကြီးရှိတယ်၊ ဒီရဲတိုက်ကြီးရဲ့ ကျောက်ပြားတွေ၊ အုတ်တွေဟာ ဆွေးမြေ့နေပြီ၊ထုတ်တွေ၊ ဒိုင်းတွေ၊ ယက်မတွေဟာလဲ ဆွေးမြေ့တိုက်စားနေပြီ၊ ဒါပေမဲ့ ဒီရဲတိုက်ကြီးဟာ ကြီးမားခန့်ငြားအံ့သြစရာကောင်းနေတုံးပါဘဲ။ ဒါပေမယ့် လေနဲ့မိုးနဲ့ ကျလာတဲ့အခါ ဒီအဆောက်အဦကြီးဟာ ပြိုကျသွားမှာဖြစ်တယ်။ဒါပေမယ့် ဒီရဲတိုက်ကြီးထဲမှာ နေတဲ့လူတွေဟာ ပျော်ရွှင်စွာ ကစားနေကြသူ ကစား၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်သူကအိပ်နေကြတယ်။ တချို့ဒီအကြောင်းကို သိသူတွေကတော့ ခါးသည်းစွာ ငိုကြွေးဘို့ဘဲသိကြတယ်။

သူတို့ရဲ့ လက်တွေကို ပိုက်ပြီး သေရမယ့်အချိန်ကို ဘယ်လိုကုစားရမယ်ဆိုတာကို မတွေးဘဲ စောင့်နေကြတယ်။အနည်းငယ်နားလည်တဲ့ သူတွေတချို့ကတော့ အက်ကြောင်းတွေကို ဖါထေး၊ ရေယိုပေါက်တွေကို ပိတ်၊နံရံတွေကို ပြန်လည်မွန်းမံပြီး ဒီနေရာမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို တတင်္ဂမှာဘဲဖြစ်ဖြစ်နေနိုင်အောင်။ ကောင်းမွန်တဲ့အကြောင်းအရာ တစုံတခုများ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

သူတို့ဟာလဲ စံနစ်ဟောင်းကို မှီတွယ် နေသူများသာဖြစ်တယ်။ ဒီလိုအတွေးအခေါ်ရှိလူစား သုံးမျိုးသုံးစားလုံးဟာဒီရဲတိုက်ကြီးထဲမှာ နေနေကြတယ်။ ဒါပေမယ့် ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်လာတဲ့ တနေ့မှာတော့သူတို့အားလုံးဟာ အတူတကွ သေးဆုံးသွားကြတော့မှာ ဖြစ်တယ်” နိုင်ငံတနိုင်ငံဟာလဲ ဒီအတိုင်းဘဲ”လို့ လင်ချီချိုက ရင်နာစွာ ရေးသားခဲ့ပါသည်။

တရုတ်နိုင်ငံဟာ ခေတ်နောက်ကျနေတဲ့အတွက်သူ့ထက်အဆများစွာ သေးငယ်တဲ့ ဂျပန်ကျွန်းနိုင်ငံလေးရဲ့ ကျွန်ဖြစ်ခဲ့ရတာ သမိုင်းသင်္ခန်းစာများဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ခေတ်နောက်ပြန်ဆွဲပြီး အောက်တန်း နောက်တန်းကျနေတဲ့ နိုင်ငံကိုတရုတ်လို နိုင်ငံကြီးက ချမ်းသာပေးပါ့မလား? တရုတ်စစ်တပ်လွှတ် တိုက်ရန်ယနေ့ခေတ်တွင် ဖြစ်နိုင်ချေနည်းပါးသော်လည်း(မဖြစ်နိုင်ဟုတော့ဒက်ထိပြောမရ)

တဖြေးဖြေး လူမျိုးအရ ဝါးမြိုခြင်းနှင့် စီးပွားရေးအရ ကျွန်ပြုခြင်းကို မလွဲမသွေ လုပ်မည်ဖြစ်သည်။
လုပ်လည်း လုပ်နေခဲ့သည်။

ထိုအခြေအနေမှလွတ်မြောက်ရန် ဦးသိန်းစိန်အစိုးရအနေနှင့် အတိုက်အခံများအပေါ် သဘောထား ကြီးကြီးထား ပြီးရိုးသားစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီမိုကရေစီအနှစ်သာရများကို အလေးထားသော အားဖြင့်အုပ်ချုပ်ရေးဌာနများတွင် ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီသော ဥပဒေများကို ပြဋ္ဌာန်းခြင်း၊အတိုက်အခံနိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး၍ ၎င်းတို့၏ အမြင်များကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးမှုပေးခြင်း၊ သတင်းမီဒီယာများကို လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချီခွင့်ပေးခြင်းတို့ကိုရဲဝံ့စွာပြုလုပ်ခြင်းဖြင့် အတိုက်အခံဟူသည် မိမိ၏ လုပ်ဘော်ကိုင်ဘက်အမြင် မတူညီသော်လည်း၎င်းတို့ရှုဒေါင့်မှ တိုင်းပြည်ချစ်စိတ်ဖြင့် မိမိတို့အမြင်ကို တင်ပြသော လုပ်ဖော်ကိုင်ဖက်များသာဖြစ်ကြောင်းနှလုံးသွင်းပြီး ချီတက်လက်တွဲကြမည်ဆိုလျှင် မြန်မာနိုင်ငံကြီးတရုတ်ကျွန် ဘဝမှလည်းကောင်း၊အခြားလူမျိုးခြားတို့ ၏ စီးပွားရေးကျွန်ဘဝမှလည်းကောင်း အချိန်တိုတိုဖြင့် ရုန်းထွက်နိုင်ကြမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်

ထွန်းအောင်ကျော်

မှီးငြမ်းစာများ-

(၁) DVB မှ ထုတ်ဝေသည့်
Indonesia’s Lessons for the Asia ဘာသာပြန်ဆောင်ပါး “အတိတ်နှင့်လမ်းခွဲလိုက်ပါ”

(၂) A history of Asia,

Rhoads
Murphey, University of Michigan, Harper Collins Publishers, 1992, P.311,
312, 313.

0 (၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေမြတ်နိုးသူများ စာပေဟောပြောပွဲ (တိုကျို-ဂျပန်)

National Day

Tuesday, September 20, 2011

0 ဦးသိန်းစိန် အစိုးရ ဘိန်းမှောင်ခိုသမား ၁၆ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့်လွှတ်ပေး


တာကလူး(နိရဉ္စရာ)
-----------
ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

"သူတို့က ရှမ်းပြည်မြောက်ပိုင်းက "၀" လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဘိန်းမှောင်ခိုမှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းဆီးပြီးတော့ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ သူတို့ အတွက် လွတ်ရက်စေ့ဖို့က အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမယ့် နေပြည်တော်ကလာတဲ့ အမိန့်အရ အထူးလျှော့ရက်တွေ ပေးပြီး ဒီ သောကြာနေ့ နံနက် ၇း၀၀ နာရီကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေ စစ်တွေ၊ စစ်တွေကနေ သူတို့ရဲ့ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပို့ပေးလိုက်တယ်လို့ ကြားသိရပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘလောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။

" သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကို အထူးလျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေးသမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇ၀တ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။

0 မဝင်းမော်ဦး၈ုဏ်ပြုတေး " လွှတ်လပ်မှအမျှဝေ "

2 ဒို့ပိုင်တဲ့ ဒို့မြေ ဒို့ပြည်ကို ဒို့ပဲ ကာကွယ်ကြရမှာပါ

(အောင်မိုးဝင်း)

Chi Bwe Hydro Power Dam Photo via demowaiyen

မြန်မာပြည်ဟာ အပျက်ဘက်ကို ကုန်းဆင်းအတိုင်း လှိမ့်လာတာ ဆယ်စုနှစ် ၅ စုရှိနေပါပြီ။ အခု ၂၀၁၁ -၂၀၁၂ ဘက်ဂျက်လိုငွေဟာ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ (ကျပ်ဘီလီယံ ၂,၃၀၀ ကျော်) ရှိနေတယ်ဆိုတာ မဇ္ဈိမသတင်းအရ သိရပါတယ်။ ဆိုလိုတာက နိုင်ငံဟာ အရှုံး ကျပ်ဘီလီယံ ၂,၃၀၀ ကျော် နေပါတယ်။ နိုင်ငံကြီးတနိုင်ငံအတွက် ပြဿနာ မရှိနိုင်ပေမယ့် မြန်မာနိုင်ငံလို ရုန်းကန်နေရတဲ့ နိုင်ငံအတွက် အလွန်များလှပါတယ်။ ကျပ်ဘီလီယံ ၂,၃၀၀ အပြင် နိုင်ငံတကာကနေ နှစ်စဉ်နှစ်တိုင်း ချေးယူထားတဲ့ အခြား အကြွေးတွေ ဘယ်လောက် ရှိနေမလဲဆိုတာ လျှို့ဝှက်ထားတာတွေကြောင့် စီးပွားရေးပညာရှင်တွေတောင် တွက်ချက်ခန့်မှန်းရ ခက်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများဆုံးကတော့ တရုတ်အစိုးရကို တော်တော်များများ အကြွေးတင်ထားပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ကမ္ဘာနိုင်ငံတွေဟာလည်း သူ့ပြဿနာနဲ့သူ ရုန်းကန်နေရတာပါ။ တရုတ်နိုင်ငံအတွက် ထွက်ပေါက်တခုအနေနဲ့ အသုံးခံနေရတာကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံပါပဲ။ မြန်မာနိုင်ငံကို တရုတ်ပြည်က နောက်ဖေးပေါက်အဖြစ်သုံးဖို့ စီမံကိန်းချ လုပ်ဆောင်လာတာ ကြာပါပြီ။ မြန်မာပြည်ထဲမှာ တရုတ်စကား၊ တရုတ်စာပေ ထွန်းကားအောင်လည်း စနစ်တကျ လုပ်ဆောင်နေဆဲပါ။ မြန်မာအမျိုးသမီးတွေဟာလည်း တရုတ်ပြည်ဖက်ကို ရောင်းကုန်တခုလို တင်ပို့ခံနေရတာလည်း ကြာပါပြီ။ တရုတ်ပြည်အနာဂတ်အတွက် ကြိုတင် ရင်းနှီးထားတာပါ။ လူမျိုးရေးထက် တရုတ်နိုင်ငံရဲ့ပေါ်လစီလို့ ယုံကြည်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို အိုလံပစ်ပွဲမတိုင်ခင် ရောက်ခဲ့တုန်းက မြန်မာပြည်ထဲက သစ်၊ ကျောက်မျက်ရတနာ အဖိုးတန် အရင်းအမြစ်တွေ တရုတ်နိုင်ငံဖက်ကို အလုံးအရင်းနဲ့ သွင်းနေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အခုလဲ မြန်မာပြည်မြစ်တွေမှာ ဆည်တွေ၊ ရေကာတာဆောက်လုပ်ရေး လုပ်ငန်းတွေကို အကြွေးနဲ့နှိမ်ပြီး လာဆောက်လို့ သဘာဝပတ်ဝန်းကျင်တခုလုံး ပျက်ဆီးရတယ့်အပြင် ပတ်ဝန်းကျင်ဒေသတခုလုံးက သစ်ဝါးမကျန် သဘာဝအရင်းအမြစ်တွေကို ကိုယ့်ပစ္စည်းလိုသဘောထား သယ်ထုတ်နေတာတဲ့သတင်းတွေ ထွက်ပေါ်လာပြီး လွှတ်တော်ထဲမှာတောင် တင်ပြတယ်လို့လည်း ကြားပါတယ်။

တရုတ်အစိုးရနဲ့ စီးပွားရေးသမားတွေဟာ သူတို့တိုင်းပြည်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးနေရာ ကြာပါပြီ။ ကူမင်းမြို့ကို သုံးကြိမ်တိုင်တိုင်ရောက်ခဲ့စဉ်က လေယာဉ်ပေါ်ကနေ အောက်ကိုကြည့်လိုက်တိုင်း စိတ်မချမ်းသာပါဘူး။ တောင်ကြီးတွေကို စက်အားနဲ့ တအားဖြိုဖျက်ပြီး လမ်းတွေဆောက်၊ စက်ရုံတွေဆောက်ဖို့အတွက် မြေပြင်ညီအောင်လုပ်နေတာဟာ မြင်မကောင်းပါဘူး။ အရေခွံခွာထားတဲ့ သားကောင်တကောင်လို သွေးသံတရဲရဲနဲ့ပါ။ ကူမင်းမြို့တခုလုံးမှာလဲ ရှေးဟောင်းရက်ကွက်တွေကို ဖျက်ပြီး အထပ်မြင့်အိမ်ရာတွေဆောက်ပြစ်နေတာလည်း လူ့ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ပျက်စီးကုန်တာတွေ တွေ့ရတော့တည်း ဝမ်းနည်းမိခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဟာ မဟာအင်အားကြီး နိုင်ငံတခုပါ။ အမေရိကန်အစိုးရရဲ့ အကြွေးရှင်နိုင်ငံလည်းဖြစ်ပါတယ်။ တရုတ်သမ္မတ အမေရိကန်ကိုလာတုန်းက တိဘက်လူမျိုးတွေနဲ့အတူ အိမ်ဖြူတော်ရှေ့မှာ သွားဆန္ဒပြတုန်းက သတိထားမိတာကတော့ ကိုရွှေတရုတ်ကြီး ဆန္ဒပြနေတာတွေကို မမြင်နိုင်အောင်လို့ အိမ်ဖြူတော် မျက်နှက်စာဖက်ကို ပိတ်ကားအဖြူကြီးနဲ့ ကာထားပေးခဲ့ပါတယ်။ မျက်နှတော်မညိုးစေလိုဘူးနဲ့ တူပါတယ်။ကျနော်အခုနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာလည်း တရုတ်လူမျိုး အများအပြားလာပြီး အခြေချနေထိုင် စီးပွားလုပ်နေကြပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ တရုတ်တန်း ၅ ခုဟာလည်း တနေ့တခြား ကြီးထွားလာနေပါတယ်။ တရုတ်နိုင်ငံမှာ တယောက်ပဲမွေးရတာမို့ အမေရိကန်များ အများအပြားမွေးကြပါတယ်။ ရတဲ့အခွင့်အရေး အကုန်ယူကြပါတယ်။ ရှေ့လူ နောက်လူ မကြည့်ပါဘူး။ အတ္တလွန်ကဲကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ နောက်ပြဿနာတခုကတော့ မက္ကဆီကိုနိုင်ငံကနေ တရားမဝင် လာရောက်အခြေချနေထိုင်မှုပါ။ ဆင်းရဲတဲ့ မက္ကဆီကိုကနေ ချမ်းသာကြွယ်ဝတဲ့ အမေရိကန်ကို လာရောက် ပြောင်းရွှေ့နေထိုင်ကြတာ မဆန်းပါဘူး။ မြန်မာနိုင်ငံသားတွေလဲ ထိုင်းနိုင်ငံထဲကို တရားမဝင် နေထိုင်နေကြသလိုပါပဲ။ ဒါပေမယ့် ဆင်းရတဲ့ မြန်မာနိုင်ငံမှာထဲကို ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကနေ တရားမဝင် လာရောက်နေထိုင်နေကြတာကတော့ သဘာဝ မကျလှပါဘူး။ စီမံချက်ရှိရှိ လုပ်ဆောင်နေတယ်လို့မြင်တာကို မှားမယ်မထင်ပါဘူး။

ကျနော်တို့ရဲ့ တိုင်းပြည်ဟာ အပျက်ဖက်ကိုပဲ ဦးတည်သွားနေပါတယ်။ ကိုယ့်ဘက်ကနေ အကာအကွယ်ပေးမယ့် မိတ်ဆွေတွေ အထူးလိုအပ်နေပါတယ်။ မဟာမိတ်ကောင်း ဖွဲ့ရမယ့်အချိန်ဖြစ်နေပါပြီ။ အကျနှေးအောင် အကျမနာအောင် စဉ်းစားနေရတဲ့အချိန်ဖြစ်နေပါပြီ။ ဝိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး ကောင်းသောအနာဂက်ဆီသို့ လက်တွဲသွားရင်း ကာကွယ်ကြပါစို့။

ဖြည့်စွက်။ ။ အာဖရိကမှ တရုတ်ခြေလှမ်းများ http://www.youtube.com/watch?v=_G18WUTOTF0

0 လှိုင်သာယာရှိအမေ့အိမ်(အခမဲ့)ပညာဒါနကျောင်းသို့သွားရောက်လှူဒါန်းခဲ့သောအဆိုတော်အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့မွန်မြတ်သောအလှူ (ဓာတ်ပုံသတင်း)


Photo/ annegga Facebookမှ

Monday, September 19, 2011

1 မိုးညှင်းမြို့နယ်တွင် ဧရာဝတီ (မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး) အကြောင်းဗဟုသုတဖြန့်ဝေခဲ့သော ဦးဝင်းချိုရဲ့  ဟောပြောပွဲဗီဒီယို


မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆို ထားတဲ့ ဦးဝင်းချို(တစ်သီးပုဂ္ဂလ)ရဲ့ရေးသားချက်တွေကို http://www.dawnmanhon.com/2011/09/blog-post_1765.htmlနဲ့http://www.dawnmanhon.com/2011/09/blog-post_5429.html မှာ ဖတ်ရူနိုင်ပါတယ်..

VIDEOဖိုင်ပေးပို့သော ဆရာဦးဝင်းချိုအားဒေါင်းမာန်ဟုန်မှအထူးကျေးဇူးတင်ရှိပါတယ်..

0 မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်တန့်ရန် ရန်ကုန်ရှိတရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်

မြန်မာအစိုးရနှင့်တရုတ်ကုမ္မဏီဖြစ်သည့် CPI တို့ သဘောတူလက်မှတ်ရေးထိုးထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်းအား ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတစ်ရပ် ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ အမှတ်(၁) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် Save the Irrawaddy စာသားပါ တီရှပ်များ ဝတ်၍ ငြိမ်သက်စွာ ဆန္ဒပြရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲကို စီစဉ်သူများဆီမှ သတင်းစကား ရရှိထားသူတစ်ဦးက ပြောသည်။

“၁၁ နာရီ တရုတ်သံရုံးရှေ့ကို အကျီင်္ဝတ်ပြီး လာဖို့ ပြောထားတယ်။ ကျွန်တော်လို လာမယ့်လူတွေ များတယ်ဆိုတာလည်း ကြားတယ်။ ဒီမြစ်ဆုံ ကိစ္စကတော့ သဘောမတူကြောင်း ပညာရှင်တွေပြောသလို ကျွန်တော်တို့ လူငယ်တွေကလည်း သဘောမတူကြောင်း တစ်ခုခုလုပ်ပြသင့်တယ် ထင်တယ်”ဟု အသက် ၂၂ အရွယ်လူငယ်တစ်ဦးက ဆိုသည်။

နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်ဘက်ရှိ မြစ်ဆုံဒေသတွင် ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ ပြည်သူ တစ်သောင်းကျော် နေရာပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရှိရသည်။

မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်း ဧရိယာသည် စင်ကာပူနိုင်ငံခန့် အရွယ်အစားရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကာ၂၀၀၉ ခုနှစ် မှ စတင်ဆောက်လုပ်နေသည်။ ရှစ်နှစ် ကြာမည့် ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေး စသည်များ ထိခိုက်ပျက်စီးနိုင်ကြောင်း ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြပြောဆိုထားသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် မြန်မာ (BANCA) ကျွမ်းကျင်ပညာရှင် ၉၀နှင့် တရုတ်ပညာရှင် ၁၀ ဦးပါဝင်သည့် လေ့လာရေး အဖွဲ့ကလည်း စာမျက်နှာ ၉၀၀ ကျော် ပါရှိသည့် အစီရင်ခံစာတစ်ရပ်အား သက်ဆိုင်ရာသို့ ပေးပို့ထားသည်။

လာမည့် စက်တင်ဘာ ၂၆ ရက်တွင်လည်း လန်ဒန်ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံကိစ္စအား လုပ်ဆောင်နေခြင်းကို ဆန္ဒပြရန် လန်ဒန်ရောက် မြန်မာအသိုင်းအဝိုင်းအား နှိုးဆော်ထားကြောင်း သိရသည်။

YC(KS)yangonchronicle 2011

0 ‎"ဖြတ်သာသွားတယ် မနားတယ်" (သီချင်းရေးသူ-ဆရာစိုင်းခမ်းလိတ်)


ဒီသီချင်းက လောပိတ ကထွက်တဲ့ ငွေရောင်လျှပ်စစ်ဓါတ်အားလိုင်း ကြေးနန်းကြိုးကြီးတွေဟာ
မြို့တွေရွာတွေကိုဖြတ်သွားပေမယ့် မီးမရတဲ့အတွက် အမှောင်ထဲမှာနေသားကျနေကြသလို
ဖြစ်နေကြရတဲ့ ပြည်သူတွေ ကိုယ်စား ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တာပါ၊

"ဖြတ်သာသွားတယ် မနားတယ်"
တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့
...
ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

အိမ်မှာခဏလေးဖြစ်ဖြစ် နားပါကွယ်

ဖြူစင်စေတနာရှေ့ထား ဖိတ်မိတယ်

တွင်တွင်သာ သူ့ခေါင်းကို ခါရှာတယ်

ဖြတ်သာသွားတယ် မနားတယ်....

အရှေ့ဘက်ကထွက်တဲ့ ကုန်တွေပါရင် ဝယ်ဦးမယ်

မလောင်ပေမယ့် လင်းတဲ့ မီးစာရယ်..

ရောင်းခွင့် မရသေးရင်လည်း နေပါစေတော့ကွယ်

အမှောင်မှာနေတာကျင့်သားရပြီပဲ...

တောင်ကိုကျော်လို့ တောကိုဖြတ်ကာရယ်

နေခြည်မှာ ငွေရောင်တောက်တဲ့ ဖိနပ်နဲ့

ဘယ်ဆီကို ဘုရားဖူးလည်မယ် ကြံရွယ်

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ရှမ်းပြည်က အိုဘယ့် ခရီးသည်.....

လောပိတ အိုဘယ့်ခရီးသည်......

ဖြတ်သာသွားတယ် မနားတယ်.....

Chocho Myaing Facebookမှ

1 “မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ”ဆိုတဲ့ သူတွေသိဘို့ 

ကျနော်ဝင်းချိုပါ။မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆို ထားတဲ့ ဦးဝင်းချို(တစ်သီးပုဂ္ဂလ)ပါ။

ဒီရက်ထဲမှာကျနော်စာမရေးဖြစ်ဘဲတခြားသူတွေရေးတဲ့ စာတွေ။ စကားတွေကိုဘဲဖတ်နေ၊ နားထောင်နေခဲ့ပါ တယ်။ ခုတော့ ပြောချင်လာတာနဲ့ ဝင်ပြောဖြစ်ပါပြီ။လျှာရှည်တတ်တော့ စာရှည်သွားရင်လည်း သည်းခံပြီးဆုံးအောင်ဖတ်ပြီးတော့ မှပြတ်ပြတ်သားသားဝေဘန်ကြပါအုံး။

“မြစ်ဆုံဆည်”ကိစ္စကိုပြောဆိုကန့် ကွက်ကြတဲ့ သူတွေထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ။ စာပေပညာရှင်တွေ။ဆည်တည်ဆောက်ရေးပညာရှင်တွေ။----ပညာရှင်တွေအစရှိသဖြင့် ပါသလိုကန့် ကွက်သူတွေမှားတယ်(သို့ )လက်ခံသင့် တယ်လို့ ပြောဆိုနေကြတဲ့ သူတွေကတော့ အုပ်ချုပ်သူ။သူတို့ နဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်းပေါ့ ဗျာ။ဒါဆိုရင်ပြောလို့ ရတဲ့ အချက်က အုပ်သူနဲ့ အုပ်ချုပ်ခံပညာရှင်တွေဟာ အယူအဆ မတူကြဘူး (ရပ်တည်တဲ့ ဘက်မှမတူကြဘဲကိုးဗျ)

ကျနော်အတွက်တော့မြစ်ဆုံဆည်နဲ့ပတ်သက်ပြီးစပြောကတည်းကနိုင်ငံသားအခွင့်အရေးကိုပြောတာ တခြား အကြောင်းအရာကစပ်မိစပ်ရာပြောရင်းပါလာတာ။ကျနော်ကပညာရှင်မှမဟုတ်တာ။ နိုင်ငံရေးသမားက နိုင်ငံရေးစကားဘဲပြောရမှာပေါ့ ။ နိုင်ငံတော်အရေးနဲ့ ချီတဲ့ အကြောင်းအရာတွေမှာ “ဆိုးကျိုးကိုအဓိကခံစားရမဲ့ ပြည်သူတွေ”ကိုပါဝင်ပတ်သက်ခွင့် မရှိစေဘဲ ပေးတာယူ။ ကျွေးတာစား။ ခိုင်းတာ လုပ်။ ခံမပြောနဲ့ ဆိုတဲ့ အဆင့် မှာဘဲထားဘို့ ကြိုးစားနေတာလား။အဲဒါဆိုရင်စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့ စကားလုံးမသုံးနဲ့ ။ဒီမိုကရေစီဘက်တော်သားလို့ လည်းမသုံးနဲ့ ။ဖွဲ့ စည်းပုံအခြေခံဥပဒေကိုမြောင်းထဲလွှင့် ပစ်နေကြပြီဘဲ။
လွှတ်တော်ကိုယ်စားလည်တွေ။ဝန်ကြီးတွေအပါအ၀င်အုပ်ချုပ်ရေးယန္တရားထဲမှာပါဝင်သူတွေကိုယ်တိုင်လက်နက်ကိုင်ပြီးပြည်သူကိုအုပ်ချုပ်ကြတော့ ။ကျနော်တို့ ကလည်းသည်းခံနိုင်ရင်ခံမယ်။မခံနိုင်ရင် အသက်စွန့် ပြီးတော်လှန်မယ်။ ဒီလမ်းကိုရွေးချယ်နေတာတော့ မဟုတ်လောက်ဘူးထင်လို့ ပြည်သူ့ အသံ။ပြည်သူ့ ဆန္ဒကိုဥပဒေနဲ့ အညီ တင်ပြနေတာပါ။
ကျနော်ဘယ်သူ့ ကိုမှ ပုဂ္ဂလဓိဌာန်ပုတ်ခတ်အပြစ်ပြောလေ့ မရှိတာကိုကျနော့် စာတွေမှာတွေ့ နိုင် ပါတယ်။ကျနော်တို့ ယဉ်ကျေးမှုမှာလည်းကြီးသူကိုရိုသေ။ဆိုတာနဲ့ အစချီထားတာကိုးဗျာ။ နောက်ပြီး ကျနော်တို့  နိုင်ငံရေးကလည်း(၁၉၆၂)ခုနှစ်ကျနော်လေးနှစ်သားကတည်းကအာဏာနဲ့ အမိန့် နဲ့ အုပ်ချုပ်ခဲ့ ရတာကိုအထိုင်ကျနေပြီဆိုတော့ သူတို့ ဟာဥပဒေကိုလေးစားလိုက်နာဘို့ ထက်အမိန့် နာခံတတ်ဘို့ ကိုဘဲ လေ့ ကျင့် ခဲ့ ရတာ။အဲဒီသူတွေကခေါင်းဆောင်လုပ်အုပ်ချုပ်တာကလည်းနှစ်ပေါင်း(၅၀)ဆိုတော့ “ရေဘူး ပေါက်တာ မလိုချင်ဘူး။ရေပါတာဘဲလိုချင်တယ်”ဆိုတဲ့ စကားမျိုးကဆိုရိုးတောင်ဖြစ်သွားပြီ။

ပြည်သူတွေကလည်းမှားမှားမှန်မှန်ပြန်ပြောချင်စိတ်မရှိတော့ ဘူး။ဒါပေမဲ့ “နေသေးသပ။ ချုံထဲကချိုသွေးတမြမြ”ဆိုရင်တော့ ဘယ်သူ့ အတွက်မှကောင်းတဲ့ အလားအလာမဟုတ်တာအမှန်ပါဘဲ။ အဲဒီတော့ ပြည်သူတွေပြောရဲဘို့ ။ပြောချင်စိတ်ရှိလာဘို့ ။ ချက်ကျလက်ကျပြောတတ်အောင်။ နောက်ပြီးတာဝန်ရှိသူ၊ အာဏာပိုင်တွေကလည်းဥပဒေကိုလေးစား၊လိုက်နာသူတွေဖြစ်လာအောင်တတ် နိုင်သလောက်ကြိုးစားနေတာဘဲဖြစ်ပါတယ်။

ဝေဘန်ခွင့် မပေးဘဲကျနော်တို့ ပြည်သူတွေကိုနှစ်ပေါင်း(၂၀)ကျော်စက်ရုပ်လိုထား၊အုပ်ချုပ်ခဲ့ ပြီးပြီဘဲ။ကျေနပ်ပါတော့ ။ကျနော်တို့ နိုင်ငံတကယ်တိုးတက်စေချင်တယ်ဆိုရင် ပြည်သူတွေရဲ့ အမြင်ကိုမတားဆီးနဲ့ ။အလေ့ အကျင့် မရှိလို့ အပြောမှားပြီးအမှားပြောရင်တောင်မှခွင့် လွှတ်ပေးသင့် ပါတယ်။“သူတို့ ခမျာများပြောခွင့် မှမရခဲ့ ကြတာ”

ဒါပေမဲ့  ဒီမိုကရေစီတောင်မှစည်းကမ်းပြည့် ဝသော ဒီမိုကရေစီစံနစ်ကိုပြည်သူတွေအတွက်ရျေ့ ဆောင်ရမယ့် အုပ်ချုပ်သူအာဏာပိုင်တွေကတော့ လက်လွတ်စပါယ်ပြောပြီးပြည်သူကိုစော်ကားခွင့် မရှိဘူးလို့ ကျနော်ကတော့ ပြောချင်တယ်။ဘာကြောင့် လည်းဆိုရင် သူကသန်း(၆၀)ထဲက တယောက်ဆိုတာထက်ပိုသွားပြီ။ကျနော်တို့ အတုယူရမယ့် လက်တဆုပ်စာ ခေါင်းဆောင်ထဲက တယောက်ဖြစ်သွားပြီ။အဲဒီတော့ အပြောအဆိုဆင်ခြင်ပါဗျာ။

လုပ်ပိုင်ခွင့် တွေယူထားပြီးတာဝန်မယူတတ်တဲ့ သူတွေကြောင့် ကျနော်တို့ နိုင်ငံ ဒီဘ၀ ရောက်တာ။ စကားမစပ်ပြောပါရစေအုံး။

ဦးဌေးဦးပြောသွားတဲ့ စကားထဲမှာ““အရင်က ကျွန်တော်လယ်/ဆည်ဝန်ကြီးဟောင်းလုပ်ခဲ့ ပါတယ်။ မျိုးစုံပြောပါတယ်။ကျွန်တော်ဆည်တခုဆောက်ပြီးတိုင်း။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပျက်စီးမယ်တို့ ဘာတို့ ပြောကြတာပေါ့ ။အကျိုးရှိတာလည်းရှိပါတယ်။တဖက်ကလည်းရေမြုပ်သွားတာလည်းရှိပါတယ်”တဲ့ ဗျ။သတ္တိကိုလည်းချီးကျူးပါတယ်။

မှားတာတွေရှိခဲ့ တယ်ဆိုတာကိုဝန်ခံတာဘဲဗျာ။ဒါပေမဲ့ ရေမြုပ်ခဲ့ တာတွေအတွက်တာဝန်ယူစရာမလိုခဲ့ ဘူးဆိုတာကိုလည်းတွေ့ ရမှာပါ။ကျနော်တို့ ပြည်သူသန်း(၆၀)ထဲမှာလည်းတာဝန်ယူဘို့ မလိုရင်လုပ်ပိုင်ခွင့် လိုချင်တဲ့ သူတွေရှိမှာပါဘဲ။

ကဲကျနော်တို့ ပြည်သူတွေဖြေကြည့် ကြပါအုံး။ “““အမှားတွေအတွက်တာဝန်ယူစရာမလိုဘူးဆိုရင်ဝန်ကြီးမလုပ်ချင်ဘူးလား။””ဗျာတို့ 
သည်းခံဖတ်ရှုသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။“အပြောကတော့ ဟုတ်ပါရဲ့ ။ဘာများလုပ်ခဲ့ ဘူးလို့ လဲ”ဆိုတဲ့  comment မျိုးတွေရေးပြီးအားပေးသူတွေကိုလည်းကျေးဇူးတင်တာပါဘဲဗျာ။

ကျနော်ခါတော်မီတော့ မဟုတ်ပါဘူးဗျာ။ နော။ ဘယ်ပါတီနဲ့မှမပတ်သက်။ ဘယ်သမဂ္ဂမှမ၀င်ဘူးပါဘူး။(၁၉၈၈)ခုနှစ်အရေးတော်ပုံ ကာလမှာ ပင်လယ်ထဲရောက်နေတဲ့  သင်္ဘောသား ဆိုတော့ ပြည်ပမှာပထမဆုံးမြန်မာနိုင်ငံသံရုံးကိုဆန္ဒပြတဲ့ အဖွဲ့ မှာပါခဲ့ ပါတယ်။၁၈/၉/၈၈မှာ န-၀-တ အာဏာသိမ်းတယ်။ကျနော်တို့ မြို့ မရွာသင်္ဘောက၁၉-၈-၈၈ မှာမြန်မာနိုင်ငံပြန်ရောက်တယ်။

အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ ( L /S )ကို ဥက္ကဌေိုလ်ကြီးဇော်ညွန် ။အတွင်းရေးမှုးဦးဝင်းချိုနဲ့ ရန်ကုန်မြို့ (၃၅)လမ်းကအခန်းကျဉ်းလေ့းမှာစတင်ဖွဲ့ စည်းခဲ့ ပါတယ်။ကျနော်(၂၁)ဦးကော်မီတီဝင်ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်းစိန်ရောက်တုန်းကလက္ခဏာဆရာနံမယ်ကြီးဆရာစံဇာဏီဘိုနဲ့ လည်းကြိုးတိုက်(၂)မှာတူတူဘဲပေါ့ ဗျာ။အလုပ်သမားသွေးစည်းညီညွတ်ရေး ( L/S )ကိုလည်းနောက်လူတွေ ဆက်လက်တာဝန်ယူကြတယ်ပေါ့ ။အဲဒီတုန်းကပြောဖြစ်တာက လူ့ အခွင့် အရေး။အလုပ်သမားအခွင့် အရေး။အခုကနိုင်ငံသားတို့ ၏မူလရပိုင်ခွင့် များနှင့် တာဝန်များ။ဒီလောက်ဘဲကွာသွားတာပါ။


အခု“ဧရာဝတီ”အကြောင်းပြောနေရတာပြည်သူတွေကိုဘာမှပြောစရာမလိုဘူး။ပေးတာယူ။ကျွေးတာစား။ခိုင်းတာလုပ်။ဆိုတဲ့ အမူအကျင့် တွေ။အပြောအဆိုတွေပါလာလို့ ဒီလောက်ရှုတ်ထွေးကုန်တာ။ဘယ့် နှယ်ဗျာကမ္ဘာတည်သရွေ့ ရှိသင့် တဲ့ အမျိုးသားရေးလက္ခဏာမို့ ပါ။စဉ်းစဉ်းစားစားလုပ်စေချင်ပါတယ်လို့ ပညာရှင်တွေဒီလောက်ပြောနေတာကို ဘယ်သူတားတားဆက်လုပ်မယ်ဆိုရင်။ဟုတ်ကဲ့ ကျနော်တို့ ကလည်းဖမ်းချင်ဖမ်း။သတ်ချင်သတ်။ကန့် ကွက်မယ်လို့ ပြောရမှာပါ။

ဘာဘဲပြောပြောအခုအများနဲ့ တိုင်ပင်ဆွေးနွေးမယ်ဆိုတဲ့ သဘောထား။ အသံရလာတယ်။ အင်မတန်ဝမ်းသာဘို့ ကောင်းပါတယ်။ကျနော့် အတွက်တော့ ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောတယ်။ ပြည်သူရဲ့အသံကိုနားထောင်တယ်။နိုင်ငံတော်အာဏာဟာ ပြည်သူထံကဆင်းသက်တယ်ဆိုတာကို ယုံကြည် လက်ခံတဲ့  အစိုးရဘဲရှိသင့် တယ်လို့ (ဖွဲ့ စည်းပုံအခြေခံဥပဒေရှီပြီးပြီဆိုတော့ )သဘောထားတယ်။ဒါပေမဲ့  on line ပေါ်ကမိတ်ဆွေများကတော့ လွှတ်တော်မှာ တင်ပြပြီးကိုယ်စားလှယ်တွေမဲခွဲရင်ပြည်-ခိုင်ဖြိုးပါတီကမဲအသာစီးနဲ့ အနိုင်ယူသွားမှာစိုးရိမ်နေတာကိုလည်းသတိထားမိတယ်။“ဧရာဝတီ”ကိုဖျက်ဆီးမဲ့ ဒီစီမံကိန်းဆက်လုပ်ခွင့် ရသွားနိုင်တယ်ပေါ့ ဗျာ။ကျနော့် အမြင်ကတော့ ပြည်သူတွေညီညွတ်ရင် လွှတ်တော် မှာ ဒီအဆိုတင်ရင်လည်းရှုံးရမယ်။အဲသလိုယုံတယ်။
“လွှတ်တော်ကိုယ်စားလှယ်”ဆိုတာကိုယ်စားပြုတဲ့ပြည်သူတွေရဲအသံကိုနားထောင်ရမှာ။မြို့နယ်တွေမှာပြည်သူတွေသိအောင်ရှင်းလင်းပြောပြ။ပြီးရင်ဆန္ဒမေးမြန်း။လွှတ်တော်မှာတင်ပြ။ဒီလိုဘဲဖြစ်ရမှာလေ။ငါတကော ၊ကောလို့ မရဘူး။အဲသလိုမဟုတ်ဘဲ“ဧရာဝတီ”အရေးကိုပြည်သူကိုမတင်ပြဘဲ ငါအတော်ဆုံး။ ငါအတတ်ဆုံး။ပြည်သူ့သဘောမလိုဘူး။ငါ့ သဘောနဲ့ငါဆုံးဖြတ်မယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိမှာမို့ လာ။

ဒါဆိုရင်လည်း“ဧရာဝတီ”ကိုသစ္စာဖေါက်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို၁ုံးမဘို့ “ဖွဲ့ စည်းပုံအခြေခံဥပဒေ”မှာ ပုဒ်မ(၃၆၉)နဲ့ ပုဒ်မ(၃၉၆)ရှိပါသေးတယ်။ မှတ်ထားဗျာ။ လွယ်လွယ်လေး။ သုံးလုံးနံပါတ် ပေးတာတော့ မဟုတ်ဘူး။(၃၆၉)နဲ့ (၃၉၆)ဟုတ်ပြီနော်။

ပုဒ်မ(၃၆၉)(ခ)သက်ဆီုင်ရာမဲဆန္ဒရှင်များသည်လွှတ်တော်တရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ရှိသည်။ လို့ ဆိုပါတယ်။

ပုဒ်မ(၃၉၆)(က)လွှတ်တော်ကိုယ်စားလှယ်တဦးကိုအောက်ပါအကြောင်းတရပ်ရပ်ကြောင့် တာဝန်မှရုပ်သိမ်းခွင့် ရှိသည်။

(၁)နိုင်ငံတော်၏ကျေဒဇူးသစ္စာကိုဖေါက်ဖျက်ခြင်း။

(၂)ဤဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် တရပ်ရပ်ကိုဖေါက်ဖျက်ကျူးလွန်ခြင်း

(၃)အကျင့် သိက္ခာပျက်ပြားခြင်း

(၄)ဤဖွဲ့ စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏အရည်အချင်းပျက်ယွင်းခြင်း။

(၅)ဥပဒေအရပေးအပ်သောတာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း။

ကဲ ချောင်းးဆိုးရင်ကွမ်းရွက်နဲ့ သောက်။ဗိုက်နာရင်ဆီလေးနဲ့ လူး။ထိခိုက်မိရင်သူ့ ချည်းဘဲအုံ။ ပြည်သူထံက အာဏာသက်ဆင်းဘို့ စီစဉ်ထားတာပါလို့ ကျနော်ကတော့ ဒီလိုဘဲမြင်ပါတယ်။

အော် ပုဒ်မ(၃၉၆)(ခ)ကိုမေ့ တော့ မလို့ ။

သက်ဆိုင်ရာမဲဆန္ဒရှင်၏မူလမဲဆန္ဒရှင်များအနက်အနည်းဆုံးတစ်ရာခိုင်နှုံးတိုကတာဝန်မှပြန်လည်ရုတ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင် ထံတင်ပြရမည်။
ဆိုလိုတာကတော့  မဲဆန္ဒရှင်တစ်သိန်းရှိတဲ့ မြို့ နယ်က မဲဆန္ဒရှင်ပြည်သူတစ်ထောင်ဘဲကန့် ကွက်ဘို့ လိုတယ်။အဲဒါ “ဖွဲ့ စည်းပုံအခြေခံဥပဒေ”ကပေးထားတဲ့ နိုင်ငံသားအခွင့် အရေး။ ကဲ“ဧရာဝတီ”ကို သစ္စာဖေါက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုပြည်သူ့ ကိုယ်စားလှယ်အဖြစ် လက်မခံနိုင်ဘူး။ ဥပဒေအရခုခံကာကွယ်ချင်တယ်ဆိုရင်။

ဦးဝင်းချိုဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄
၀၉-၈၀၃၃၅၅၄ ကိုခေါ်လိုက်နိုင်ပါတယ်။လာရောက်ဟောပြောဘို့ ဖိတ်ခေါ်ရင်လည်းလာပါတယ်။

0 ကားထဲကိုဝင်ပြေးတဲ့ မီဒီယာကိုမီဒီယာနဲ့တိုက်မယ်ဆိုတဲ့ ဦးကျော်ဆန်း


ဗွီအိုအေကို ဒီတစ်ခါတော့ တကယ်ကို ချီးကျူးမိသွားတယ်ဗျာ

ပထမအချက်က ဒီလို နေရာမျိုးမှာ အမျိုးသားသတင်းထောက်အစား အမျိုးသမီးသတင်းထောက် ကို သုံးလို.နောက်တစ်ချက်က အဲ့ဒီသတင်းထောက်ရဲ. အရည်အချင်း ကြည့်လိုက်ရတာကတော့ မိနစ်ပိုင်းလေး အဲ့ဒီထဲမှာကိုပဲ ကြည့်တတ်ရင် ထင်သာမြင်သာရှိတဲ့ မြန်မာပြည်ပြောင်းလဲပုံကို ဖော်ကျူးသွားတာ သတင်းတင်ပြပုံနဲ. မေးခွန်းတွေအားလုံးက အပြုသဘောဆောင်တာတွေကြီးပါပဲ လှပပါပေတယ် သူ.အရည်အချင်းကို အကောင်းဆုံး တွေ.လိုက်ရတာကတော့ ပိုင်ပြီဟေ့ ဆိုပြီး ပစ်ပြေးပြေးတဲ့ ဦးကျော်ဆန်း ခမျာ ပြေးမလွတ်ပဲ ကားထဲ ကို ကားကနဲဖြစ်ပြီး ဝင်သွားရအောင် ပြန်ပစ်လိုက်နိုင်တဲ့ အချက်ပါပဲ

မြင်တာတွေကတော့ ဦးရွှေမန်းကြီးလဲ ခေါင်းပေါင်းကြီးဖားယားဖားယားနဲ.ဟောလိဝုဒ်အက်တင် တွေအတင်းလုပ်ယူနေရတာတွေ ရခိုင်အမတ်က ပြောချင်ပေမယ့် သူ.ခမျာ မျက်တောင် တစ်ဖျက်ဖျက်ခတ်ပြီး စဉ်းစားနေရရှာပုံတွေ ၊ ဟို တစ်မတ်သား အုပ်စု ဖြေရခက်ပြီး ဆင်ဝေ.ရန်ရှောင်ဖြေနေရရှာပုံတွေ နောက်ဆုံးမှာတော့ သူပြောဖူးတဲ့ မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုပြီး ဒီတစ်ခါတော့ ပိုင်ပြီဟေ့ ဆိုပြီး သူတို.ထဲမယ် သူ.ကိုယ်သူ သမ္ဘာ အရင့်ဆုံးဆိုပြီး ဘလိုင်းကြီးလှမ်းပစ်တဲ့ ဦးကျော်ဆန်းရဲ. ပုံစံတွေ အားလုံးပေါင်းကြည့်တော့ အခု မြန်မာနိုင်ငံရဲ. ပြုပြင်ပြောင်းလဲရေး ဇာတ်ကားကြီးကို ယုံရခက်ကြီးလို.ပဲ လောလောဆယ်နံမည်တပ်ချင်ပါတယ်
မီဒီယာကို မီဒီယာနဲ. တိုက်မယ်ဆိုတဲ့ အတိုင်း ဦးကျော်ဆန်းကြီးက ရအောင်တွတ်ပြီး ကားထဲ ဝင်ပြေးတယ် ဒါပေမယ့်လဲ ဗွီအိုအေက မမကြီးကလဲ ဦးကျော်ဆန်းကြီးကားထဲမရောက်ခင် ထိအောင် လှမ်းပစ်လိုက် နိုင်တယ်..တကယ်ကို ချီးကျူးပါတယ်ဗျာ

Chitpa(MMCP)

Sunday, September 18, 2011

0 တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ The ladyရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးMichelle Yeohရဲ့ပြောပြချက်


Video..Euronews

0 မြန်မာနိုင်ငံသားလက်လုပ်လက်စားအခြေခံလူတန်းစားများ၏ စားဝတ်နေရေးအကြပ်အတည်းဖြေရှင်းပေးရန်တိုင်ကြားစာ

lanbay
ဗမာ့ကျောင်းသားလူငယ်

0 ကမ္ဘာ့ဒီမိုကရေစီနေ့တွင်ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆက်သွယ်ရေးလူငယ် ကိုနေလင်းဦးအဖမ်းခံရ

0 အလွမ်းများနှင့် ဧရာဝတီ


ဝေးကွာနေတဲ့ နေရာကနေ အမိမြန်မာပြည်ရဲ့ နာကြီးချက်တွေ ကို အတတ်နိုင်ဆုံး ၀ိုင်းဝန်းပံ့ပိုးကြတဲ့တနည်း အားဖြင့် ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက် လာတဲ့ဧရာဝတီ လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာဘဲ။မှန်ပါတယ် ဧရာဝတီ ဆိုတာ အမိမြန်မာပြည်ရဲ့ ပင်မ အသက်သွေးကြောမြစ်ကြီးလို့ ဆိုရပါမယ်။
ဧရာဝတီ မှာ အလွမ်းတွေ ၊ ဒဏ်ရာတွေ ၊ အံကြိတ်တောက်ခေါက်သံတွေ ၊အညတြတွေရဲ့  သောက အမောတွေနောက်က ညည်းတွားသံတွေပြည်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ ဧရာဝတီလိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်းတောက်ပနေတယ်ဆိုတာ သက်သေခံပြီးဖြစ်ပါတယ်၊၊

တကယ်တော့ ဒီလို တေးသံ ၊ အလွမ်း ၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့ တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲကတစိပ်တပိုင်းလို့လဲဆိုနိုင်ပါတယ်။ကျွန်တော်ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု ၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေဆဲဖြစ်မယ်ဆိုတာ နေရာတိုင်း မြန်မာတွေရှိတဲ့နိုင် ငံတိုင်းမှာ တွေ့ မြင်နေရအုံးမှာပါဘဲ။
အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြ ပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကိုမြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင်ဇာတ်သွင်းနေတဲ့ အတွက်မြန်မာပြည်သူတွေဘယ်တော့မှလက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိချည်းနှင့် အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာဖြစ်ပါတယ်။ ဒါကို မှတ်တမ်းတခု ရာဇ၀င် အဖြစ် ရေးဖွဲ့ ချင်ကြတဲ့ အနုပညာရှင်၊ စာပေတော်လှန်ရေးသမားများရဲ့ ကြိုးစားအားထုတ်မှုကို လက်ကမ်းကြိုဆိုရင်း ဒီကဗျာ လေးနှင့် ကျွန်တော် အသက်သွင်း ပြီးတင်ပြလိုပါတယ်၊၊နောက်တစ်ခုကတော့ ဧရာဝတီကို ဘယ်သူမှ မပိုင်ပေမယ့် မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ဧရာဝတီ ရဲ့ အတိတ်လှိုင်း

နွေခေါင်ခေါင် နေပူထဲမှာ

စစ်တုရင် မကစားဖူးတဲ့ တရုပ်စုတ်တွေရဲ့ ဒဏ်

ပွဲပြီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ ငါ့ကံကြမ္မာက
မင်းလက်ထဲကမှောက်ဖဲတစ်ချပ်တဲ့လား ။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့ စွာ စီးဆင်းနေတဲ့

မိခင်ဧရာ မြစ်ကြီး ကို ချစားခံရတော့မတဲ့
တရုတ်ကြီးရဲ့ အပြုံးက

သိန်းစိန်အမုန်းထက် ကြောက်ဖို့ကောင်းတယ် ။



ပြည်သူတွေ အားကိုး ကျေးဇူးတရားကြီးမား
အတိတ်တွေ စီးဆင်းနေတဲ့
အမေဧရာဝတီရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်

ဗိုလ်ချုပ်ကြီးများရဲ့ အိမ်မက်ဟာ
တရုပ်သိုင်းကားကြည့်ပြီဲး့ ခြောက်လှန့်ခံနေရဆဲပဲ ။



ဘုရားသခင်ဖန်ဆင်းထားသလို ဘဲ

ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
အလွမ်းရဲ့ ကြယ်တွေငိုတော့မယ်
မိုးတွေ တေးဆိုတဲ့အခါ
ဧရာဝတီ ရဲ့ အတိတ်လှိုင်းဟာ မေခနဲ့ မလိခမြစ်ပုရပိုဒ်မှာ
ကြေကွဲခြင်း ဆိုင်းသံကို မကြာခင်တီးခတ်လိမ့်မယ် ။



တိမ်ပြာတွေ မီးတောက်ခဲ့တဲ့

ဧရာဝတီ ရဲ့ အတိတ်လှိုင်း
မြို့ရိုးမှာ
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ

အလွမ်းမျာနှင့် ဧရာဝတီ ရေ။

ထွန်းဝေ တိုကျို ။9.17.2011

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.