Saturday, May 26, 2012

0 ဦးကျော်သူနှင့် မရွှေဇီးကွက်ဇနီးမောင်နှံနှင့်အတူ နယူးယောက်မှ မြန်မာမိသားစုများမှ လျှပ်စစ်မီးအတွက်ဆုတောင်းမှု၊Artistic Expressions from the Heart





နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေကြတဲ့ ဦးကျော်သူနှင့် မရွှေဇီးကွက် တို့ဇနီးမောင်နှံနှင့်အတူ နယူးယောက်မှ မြန်မာမိသားစုများမှ မြန်မာနိုင်ငံရှိ မြန်မာပြည်နိုင်ငံသားများနှင့်ထပ်တူ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးများ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ မိမိတို့၏ ရင်ထဲမှ ဆန္ဒများကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။

Kyaw Thu's First Breakout -- Artistic Expressions from the Heart

Exhibition by Kyaw Thu "ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ" ~

" I have been denied all rights to artistic creation in Myanmar since September 2007, when I offered alms and water to monks walking in peaceful protest and reciting prayers o...f love during the Saffron Revolution, all the way to my current visit to the United States. I would like to call it the first breakout, the first artistic expressions from the heart, to be able to publicly exhibit the heartfelt works I have painted during my visit to America. " Kyaw Thu (film actor, director, producer, painter, undertaker) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ" "

၂ဝဝ၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည်မှာ ငြိမ်းချမ်းစွာလမ်းလျှောက်မေတ္တာ ပို့ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရဟန်းတော်တွေကို ဆွမ်း၊ ရေချမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ အဲဒီ ၂ဝဝ၇ စက်တင်ဘာလကစပြီး အမေရိကန်အလည်အပါတ်ရောက်လာတဲ့ထိတိုင်အောင် ကျနော့် အနုပညာလုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်အမေရိကန်ကို အလည်ရောက်ခိုက်မှာ ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ်။ "

(ကျော်သူ) (ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ)

25th - 27th May 2012 Openning Reception May. 25th 6-8 pm May 26th - 27th 01:00 pm to 06:00 pm Closing Ceremony May. 27th 6-8 pm Place: PROJECT REACH 39 Eldridge Street, 4th Floor, New York NY 10002 Direction: Take the D or B to Grand Street, Walk one block down to Eldridge. It's Between Canal St. and Hester St.

Photo..ချမ်းလင်းနေ

0 "လူပျံတော်များကို ကြိုဆိုကြ"-
ရေးသူ-အရှင် ၀ီရသူ(မစိုးရိမ်)


ဝီရသူ(မစိုးရိမ်)

စာရေးသူ လူ့ပြည်ပြန်ရောက်မှ နာမည်ကျော် ရဟန်းပျိုများ လူပျံတော်ဘဝသို့ ကူးပြောင်းသွားသည်မှာ နှစ်ပါးပင် ရှိလေပြီ။ နှစ်ပါစလုံး ထင်ရှားကျော်ကြားသူများပင် ဖြစ်ပေသည်။ တစ်ပါးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူဖြစ်ပြီး၊ ကျန်တစ်ပါး မှာ သာသနာလောက၌ ထင်ရှားသူ ဖြစ်လေသည်။ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်လေးများ ဖြစ်ကြ၏။

တစ်ပါးကား- ဦးဂမ္ဘီရ ဖြစ်ပြီး၊ တစ်ပါးမှာ ဦးဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား) ဖြစ်ပေသည်။

“ဘောလုံးပွဲတရားနှင့် ဂမ္ဘီရပျားရည်”

ဦးဂမ္ဘီရနှင့် လူချင်းမတွေ့ဆုံးဖူးသော်လည်း အိုးဘိုမှာနေရစဉ်တွင် အဆက်အသွယ်ရှိခဲ့ပေသည်။ မိမိက ရှေးဦးစွာ ရောက်နှင့်နေသော ကျောင်းသားဟောင်းကြီး ဖြစ်သောကြောင့် သတင်းကြားသည်နှင့် လှမ်း၍ဆက်သွယ်ကာ မိတ်ဆက်စာပေး၍ အားပေးစကား ပြောခဲ့ဖူး၏။ အကြော်အလှော်များလည်း လှူလိုက်ပါ၏။

ဦးဂမ္ဘီရထံမှ ပြန်စာရခဲ့ပါ၏။ ၂၀၀၂-အင်းစိန်ရွာမမှာ “အမြဲရှုံးနေသော ဘောလုံးပွဲ” ဟောစဉ်က သူဟာအကြီးတန်း သင်တန်းသားအဖြစ် တရားနာခဲ့ရကြောင်း၊ ဓာတ်ပုံကင်မရာဖြင့် မှတ်တမ်းတင်သည့် ဦးဇင်းတစ်ပါးမှာ သူသာဖြစ်ကြောင်း၊ ပါဝင်လေ၏။

စာနှင့်အတူ ပျားရည်တစ်ဘူးလည်း ပါလာလေသည်။ တပည့်လည်းဖြစ်၊ ကပ္ပိယလည်းဖြစ်သူ အတူနေ မောင်ကြေး ရုပ်ကား “ဂမ္ဘီရပျားရည်”ဟု အမည်ပေးလေသည်။ ဦးဂမ္ဘီရ လှူလိုက်သောပျားရည် ဖြစ်သောကြောင့် ထိုကဲ့သို့ နာမည်ပေးခြင်း ဖြစ်၏။ “ဂမ္ဘီရပျားရည်” လျော့သွားလျင် တစ်ခြားပျားရည်နှင့် ရောကာ “ပွား”ထားပြန်၏။ ညနေတိုင်း ဆရာတော် “ဂမ္ဘီရပျားရည်” ဘုရားဟု ဆိုကာ ကပ်ရှာလေတော့၏။ ဦးဂမ္ဘီရကို ထိုသို့ပင် လေးစားကြည်ညိုကြလေသည်။

“စအဖကြောင့် စိတ္တဇဖြစ်ခဲ့ရလေသလော”

ဆက်လက်၍ ၎င်းစာထဲ၌ ငွေကြေးကိစ္စများကြောင့် သိက္ခာချထားခဲ့ရကြောင်း၊ ရဟန်းတစ်ပါး မဟုတ်တော့ကြောင်း လည်း ပါဝင်လေသည်။

သူ့စာဖတ်ရသူတိုင်းက “စိတ်ပုံမှန် မရှိတော့ကြောင်း” ကောက်ချက်ချကြ၏။ ဆက်လက်စုံစမ်းကြည့်ရာ စစ်ကြောရေး ကာလမှာ‘စအဖ’၏ ညှင်းပန်းနှိပ်စက်မှုကို အလူးအလဲ ခံခဲ့ရကြောင်း၊ အသက်က ငယ်ငယ်၊ လောကဓံကကြီးကြီး ဖြစ်နေသောကြောင့် လည်းကောင်း၊ တစ်ပါးတည်းနေရသည့် နေ့ရက်များကို ဖြတ်သန်းရခက်ခဲသောကြောင့်လည်းကောင်း စိတ်ကျန်းမာရေး မကောင်းတော့ဟု သိရပြန်ပါသည်။

“တစ်ယောက်တည်း ပေါက်ကွဲနေတဲ့သူ”


စာရေးသူက တရားအားထုတ်ဖို့ ဆန္ဒပြုလိုက်၏။ တရားအားမထုတ်ဖူးကြောင်းနှင့် အလုပ်ပေးတရား စာအုပ်များရှိက ပို့ပေးပါရန် စာပြန်သဖြင့် မဟာစည်ဆရာတော်ကြီး၏ “ဝိပဿနာရှုနည်းကျမ်း” စာအုပ်လေးကို ပို့ပေးလိုက်၏။

အသက်ကငယ်ငယ်၊ အတွေ့အကြုံကနုနု၊ စိတ်ဓာတ်ကပြင်းပြင်း၊ သမာဓိအလုပ်ကနည်းနည်း ဖြစ်နေ၍ အမြဲတမ်း တစ်ယောက်တည်း ပေါက်ကွဲနေပုံ ရလေသည်။ မကြာခဏ သူ့အကြောင်းသာ ကြားနေရလေ၏။

“တစ်ကိုယ်တော်တိုက်ပွဲ သူဆင်နွဲ”

သိပ်မကြာလိုက်ပါ။ ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြသံ ကြားရပါတော့၏။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး” အော်သည်။ “နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး”လည်း ကြွေးကြော်သည်။ တစ်ခြား နိုင်ငံရေးနှင့် ပတ်သက်သမျှလည်း အော်ဟစ်တောင်းဆိုသည်ဟု ကြားရ၏။

ယုံကြည်ချက်က မြင့်မား၊ ခံယူချက်က ပြင်းထန်လွန်း၍ ထင်သည်။ ထောင်ကချော့မော့၍ ကျွေးသည်ကိုပင် လုံးဝမစား၊ ထောင်မှူးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ကျွေးသည်ကိုလည်း တို့ထိ၍ပင် မကြည့်ပေ။ နေ့ရောညပါ ဝန်ထမ်းများ အလှည့်ကျ စနစ်ဖြင့် စောင့်ကြပ်အိပ်ကြရ၏။ တစ်ဆင့် ကြားသိရသည်မှာ ဦးဂမ္ဘီရသည် “ရေလည်း လုံးဝမသောက်”ဟု ဆို၏။ အစားမစား ရေမသောက်ဘဲ သုံးရက်တိတိနေသော်လည်း ကျန်းမာရေးက ကောင်းနေဆဲ။ ကြွေးကြော်သံများ အော်နိုင်ဆဲ။ စိတ်အားတက်ကြွ စွာ လက်သီးလက်မောင်း တန်းနိုင်ဆဲပင် ရှိနေသေး၏။

“မိမိပယောဂမှ ကင်းပါ့မည်လော”


မိမိသည်- သတင်းရလျှင် ရချင်း၊ ရွှေမောင်အိမ်သို့ သတင်းပို့လိုက်၏။ ကံကောင်းသည်ဟု ဆိုရမည်လော မသိ။ ရွှေမောင်အိမ်၌ ဦးဂမ္ဘီရ၏ မိသားစုရောက်နေလေသည်။ ညရောက်သည့်အခါ မယ်တော်ဒေါ်ရေးက ဆော်ကြွေးလေတော့၏။ ဦးဂမ္ဘီရ၏ တောင်းဆိုမှုက မြင့်မားလွန်းနေ၍ အစိုးရက လိုက်လျောမည့်ပုံ လုံးဝမရှိသည်ကို တွေ့ရ၏။ မဖြစ်နိုင်သည်ကို တောင်းဆိုရင်း အသက်တစ်ခု အဆုံးရှုံးမခံနိုင်သောကြောင့် တိုက်ရုံးသို့သွားကာ အရာရှိနှင့် တွေ့ဆုံလိုက်၏။ “ဦးဂမ္ဘီရနှင့် တွေ့ခွင့်ပေးပါ၊ အစာပြန်စားအောင် ပြောပေးပါ့မယ်”ဟု တင်ပြခဲ့၏။ မိမိက ညနေအချိန်မှာ တောင်းဆိုခဲ့ခြင်းဖြစ်၏။ တိုက်ဆိုင်သည်လော မပြောတတ် နောက်တစ်နေ့မနက် ထောင်ဖွင့်သည်နှင့် ‘ဦးဂမ္ဘီရ ထောင်ပြောင်းသွားကြောင်း’ သိလိုက်ရပေတော့၏။

လူချင်းမဆုံသလို မူချင်းလည်း မဆုံနိုင်တော့ပြီ”

၎င်းနောက် သူ့သတင်းတွေက အတော်စုံသည်။ ခန္တီးထောင်ရောက်သွားပြီဟု လည်းကောင်း၊ ကလေးထောင်ပြောင်းရ ပြန်ပြီ ဟူ၍လည်းကောင်း၊ ကလေးထောင်မှာ ဘာသံကြားရပြန်သည် ဟူ၍လည်းကောင်း၊ စုံ၍စုံ၍ နေပေတော့၏။

ဤသို့ဖြင့် 13.1.2012-ရက်နေ့တွင် မိမိတို့ လူ့ပြည်သို့ အတူပြန်ရောက်ကြ၏။ ထို့နောက် များမကြာမီ ဦးဂမ္ဘီရက ဖုန်းနံပါတ်မေးခိုင်း၍ ဟုဆိုကာ မေးလာကြ၏။ သို့သော် ယခုချိန်ထိ တစ်ခါမျှ မဆက်သွယ်ခဲ့ပါ။

ချိပ်ခွါ သတင်းတွေကြားရသည်။ ကမ္ဘာအေး သတင်းတွေကြားရသည်။ ပြန်ခေါ်ပြန်ထိမ်း သတင်းတွေ ကြားရသည်။ DVB-ထဲမှာလည်း ရုပ်သံ မြင်ကြားရပြန်၏။ မဂ္ဂင်ကျောင်းကိစ္စ ဒေါနှင့်မောနှင့် ပြောဆိုနေပုံများ ဖြစ်၏။

စာရေးသူနှင့် အမြင်ချင်း မတူရုံတင် မဟုတ်တော့ဘဲ သူ့လုပ်ရပ်ကြောင့် “ကမ္ဘာအေးဆရာတော်ကြီး များ နှင့် ပြည်သူလူထု၊ သံဃာထုတို့ အကုသိုလ်တိုးပွား အပြစ်ဆိုးဝါးလာမည့် အရေးကို တွေးပူနေချိန်တွင်” ပြည်တွင်းပြည်ပမှ ဦးဂမ္ဘီရလုပ်ရပ်အပေါ် ဝီရသူ၏ သဘောထားကို မကြာခဏ မေးမြန်းလာကြသဖြင့် “ဝီရသူ သဘောထား” ထုတ်ပြန်ကာ ထောက်ခံထိုက်သည့် အချက်ကို ထောက်ခံ၍၊ ရှုက်ချထိုက်သည့် အချက်ကို ရှုတ်ချခဲ့ပေသည်။ ထိုအခါ စာရေးသူအားလည်း ထောက်ခံကြ၊ ရှုတ်ချကြနှင့် ကောင်းကင် တိုက်ပွဲ ဆင်နွဲမိလျက်သား ဖြစ်နေကြ၏။ ပျော်စရာလည်း ကောင်းသည်ပင်။

တစ်နေ့ စာရေးသူ-အင်တာနက် အသုံးပြုနေစဉ် ဒကာတစ်ဦးက မက်ဆေ့ခ်ျ ပို့လာ၏။ ပြည်ခိုင်ဖြိုးမှ ဖြစ်မည်ထင်သည်။ Myanmar Express.ဆိုဒ်ပါ ဦးဂမ္ဘီရသတင်း ဖြစ်၏။ သင်္ကန်းလဲပုံ- ခေါင်းကွဲပုံများ စုံလင်လေသည်။ comment.ပေးထားသူများမှ တစ်ချို့စာများမှာ လွန်စွာကြမ်းတမ်း ရိုင်းပျသည်ကို တွေ့ရပေသည်။

နောက်ဆုံး၌ ဦးဂမ္ဘီရ လူဝတ်လဲသည့် သတင်းကြားရ၏။ ကျန်းမာရေးမကောင်းသောကြောင့်ဟု သိရ၏။ စိတ်ကျန်း မာရေးကို ဆိုလိုပုံရ၏။ နိုင်ငံရေးလောက၌ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသည့် နိုင်ငံ့သားကောင်းတစ်ပါး (ရဟန်းဘဝမှ လူ့ဘဝသို့) ဘဝပြောင်းသွားခဲ့ပေပြီတကား။
........................................
"လူပျံတော်များကို ကြိုဆိုကြ"အပိုင်း(၂)
“မစိုးရိမ်စာသင်သားနှင့် ဓမ္မာစရိယသင်တန်း”

စာရေးသူ မြစ်ကြီးနား၌ နေစဉ်ကဖြစ်သည်။ တပည့်လေးတစ်ပါး ထောင်ဝင်စာလာတွေ့၏။ ထိုတပည့်လေးနှင့်အတူ သတင်းတစ်ပုဒ်ပါလာ၏။ မစိုးရိမ်စာသင်သား (ဦးဣန္ဒာစရိယာဘိဝံသ) ဧရာဝတီတိုင်း ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းတိုက်၌ ဓမ္မာစရိယသင်တန်း သွားရောက်ပို့ချပေးကြောင်း၊ အထူးတရားပွဲမှာလည်း တရားဟောခဲ့ကြောင်း ဖြစ်၏။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းတိုက်၌ ကျင်းပသော နွေရာသီဓမ္မာစရိယ သင်တန်းကြီးကို စတင်တည် ထောင်သူမှာ စာရေးသူပင်ဖြစ်လေသည်။ စာရေးသူ၏ အဘိုးတော်သူ သက်တော်(၉၁)နှစ် သိက္ခာ(၇၂)ဝါရှိ ဆရာတော်ဦးဇာဂရ (ဘဘုန်း)ထံမှ အမွေရထားသည့် ကျောင်းတိုက်ကြီးဖြစ်၏။ ထိုကျောင်းတိုက်ကြီးကို သူငယ်ချင်းဖြစ်သူ ဦးဣဿရိယ (သာသနဓဇဓမ္မာစရိယ)အား အပ်နှံလှူဒါန်းကာ မိမိကိုယ်တိုင်ကား နွေရာသီမှာ သင်တန်းဖွင့် စာချ၍ ကူညီခဲ့လေသည်။ လေးကြိမ်မြောက်သာ ပို့ချရသေးချိန်တွင် ပါတော်မူခဲ့ရာ ယခုဆိုလျှင် ထိုသင်တန်းကြီးသည် (၁၃)ကြိမ်မြောက်ပင် ရောက်ရှိ၍ နေပေပြီ။ မိမိမရှိသော်လည်း မိမိနှင့်တန်းတူ အဘိဝံသဘွဲ့ရ ဆရာတော်များကို ပင့်ဖိတ်၍ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၏။ ထိုအထဲတွင် အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)လည်း ပါဝင်လေသည်။ စိတ်ထဲ၌ကြိတ်၍ ကျေးဇူးတင်နေမိ၏။

မစိုးရိမ်စာသင်သားကား စာရေးသူကဲ့သို့ပင် စီနီယာနှင့် ဂျူနီယာ စာသမား ကဗျာသမားတစ်ပါး ဖြစ်လေသည်။ စာရေးသူ သဟာယကျောင်း နာယကအဖြစ် ရောက်ရှိလာချိန်တွင် မစိုးရိမ်စာသင်သားက နာယကလောင်းအဖြစ် ပူးတွဲအုပ်ချုပ်သူ ဖြစ်လေသည်။ စီနီယာနှင့် ဂျူနီယာဟုသုံးလျှင် ရမည်လော မပြောတတ်ပေ။ စာရေးသူ ထေရဝါဒတိုက်ပွဲ၊ စာအုပ်ထုတ်စဉ်က စာရေးသူအားများစွာ အကူအညီပေးခဲ့လေသည်။

“ဖောက်သောလမ်းနှင့် လျှော်သောလမ်း”


စာရေးသူ အိုးဘိုတောရမှာ အဓိဋ္ဌာန်ဝင်စဉ် ဝိဘဇ္ဇဝါဒီ- ရေးသော “အမှားဝင်္ကဘာ”စာအုပ်ကို ဖတ်ရှုရ၏။ ဝိဘဇ္ဇဝါဒီ ဆိုသည်မှာ မစိုးရိမ်စာသင်သားပင် ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့ပေသည်။ သဘောကျခဲ့၏။ ထောက်ခံခဲ့၏။ အားပေးခဲ့၏။ သို့သော် လူချင်းကား အဆက်အသွယ် မရသေးပေ။

ထို့နောက် မိုးပြာအရှင်ဉာဏတို့၊ မြစ်ကြီးနား ဦးဝိစိတ္တသာရာဘိဝံသတို့ကို စွဲချက်တင်ကာ အဓမ္မဝါဒများကို ချေမှုန်းတိုက် ထုတ်လျက်ရှိကြောင်း သိရပြန်ပါ၏။ ပို၍ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပြန်ပါလေသည်။ သုတေသနတွေအားကောင်း၊ အထောက်အထားတွေပြည့်စုံ၊ အရေးအသားတွေပြတ်သား၊ အဆုံးအဖြတ်တွေ ခိုင်မာသည်ကိုထောက်က ယုံကြည်ချက်တွေ၊ ခံယူချက်တွေ မည်မျှမြင့်မား၊ မည်သို့ အားကောင်းမည်ဆိုသည်ကို ခန့်မှန်း၍ပင် ကြည့်နိုင်ပြီဖြစ်ပေသည်။

ကိုယ်ဖောက်သောလမ်း မဟုတ်သော်လည်း ကိုယ်လျှောက်သောလမ်းကို လျှောက်သူများဖြစ်၍ သာဓုခေါ်မိ၏။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် အဓမ္မဝါဒီကို ချေမှုန်းရကောင်းမှန်း သိသည့်အချက်နှင့်ပင် ကြည်ညိုလေးစားရလေသည်။

“သတင်းဆိုးမို့ မတိုးဝံ့တော့ပြီ”


ဤသို့ဖြင့် မဲဇာလွန်တောရမှ အဓိဋ္ဌာန်ပေါက်၍ ကျောင်းပြန်ရောက်သည်တွင် မစိုးရိမ်စာသင်သား သတင်းကို တိကျခိုင် လုံစွာ သိခဲ့ရပြန်လေသည်။ ဘဝပြောင်းတော့မည်၊ လူဝတ်လဲတော့မည် ဆိုသည့် သတင်းဖြစ်၏။

စာရေးသူမှာ သူ့ဖုန်းနံပါတ်ရှိသော်လည်း ဖုန်းမဆက်ဝံ့ပါ။ ရန်ကုန်သို့ အကြိမ်ကြိမ် အခါခါရောက်သော်လည်း သူ့ထံမသွားခဲ့ပါ။ သူ့ကိုတားမိလျှင် ဆရာလုပ်သည် ထင်မည်စိုးသောကြောင့် ဖြစ်ပါ၏။ တားမရမှန်း သိသော်လည်း တားမိမည်မှာ အမှန်ပင်။

“နောင်ရိုးအရှင် စာသင်သားဖြစ်လေသလော”


စာရေးသူနာယက မဖြစ်ခင် နာယကလောင်းဘဝ၌ သူငယ်ချင်းအဖြစ် ရှိစဉ်က လောကဓံကို မခံနိုင်၍ တိုက်ပြောင်းတော့မည့် အကြောင်း ကြားရသည့်အခါ မိမိကိုယ်တိုင် သူ့ထံသွား၍ လ-ပိုင်းလေးလောက် အောင့်အီးသီးခံပေးဖို့၊ မွေးနေ့ကျော်လွန်က အားလုံး အေးဆေးသွားတော့မည်ဖြစ်ကြောင်းပြောကာ မေတ္တာရပ်ခံ တားမြစ်ခဲ့ဖူးလေသည်။ ထိုစဉ်က သူသည် မိမိဆန္ဒကို လိုက်လျောခဲ့ဖူးလေသည်။

နောက်တစ်ကြိမ်၌မူ ဘုရင့်နောင် ဖောင်ဖျက်သည့် ‘နောင်ရိုး’အသွင်ဆောင်ကာ ‘ရန်ကုန်ပြောင်းတော့မည့် အကြောင်း လာလျှောက်လေ၏။’ စာအုပ်စာတန်းတွေလည်း အားလုံးပေးပစ်၊ စွန့်ကြဲပစ်ခဲ့ပြီးပြီဖြစ်၍ တားလည်းအကျိုးရှိတော့မည် မထင်ရကား လုံးဝမတားဖြစ်ခဲ့ပေ။ ယခင်တစ်ခါတားခဲ့ဖူးခြင်းကြောင့် မတားနိုင်စေရန် ယခုကဲ့သို့ တိတ်တစ်ဆိတ် ကြိုတင်စီစဉ်ခဲ့ ခြင်းလည်း ဖြစ်ပေမည်။

ယခု နောက်ဆုံးအကြိမ်၌ကား “မပြင်တော့ပြီ”ဟု ကြားရပြန်၏။ မိုးပြာဝါဒကို သုဓ်သင်နိုင်ခဲ့၍ သာသနာတော် တစ်ရပ်လုံးက ချီးကျူးကြ၊ ကြည်ညိုကြ လေးစားကြနှင့် အတော်ပင် အောင်မြင်ခဲ့သူတစ်ပါး ဖြစ်သောကြောင့် သာသနာရေးဌာနမှ အရာရှိတစ်ဦးက မိမိအား “ဦးဣန္ဒာစရိယကို ကျေးဇူးတင်ဖို့ကောင်းတယ်။ တကယ်ဆို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တောင် ပေးသင့်တာ”ဟူ၍ လျှောက်ဖူးလေသည်။ ထိုအရာရှိ လျောက်ထားသည့်အတိုင်း ဘွဲ့တံဆိပ်တစ်ခုခု ချီးမြှင့်မည်ဆိုလျှင် စာရေးသူ ဦးဆောင်က ဖြစ်နိုင်မည်ဟု ယူဆကာ လူဝတ်လဲမည့် အစီအစဉ် ပြင်ဆင်နိုင်ဖွယ်ရှိ/မရှိ စုံစမ်းရပြန်၏။ ထိုအခါ “နောင်ရိုး” စီမံကိန်းကြီး ဖြစ်နေကြောင်း တွေ့ရပြန်ပါသည်။

“ပါရမီကုန်ပြီဟူ၍သာ”

အချို့သော နိုင်ငံကျော်တွေလို ရှုပ်ပွေသံလည်း မကြားရ။ သာသနာတော်မှာ မပျော်မွေ့သူလည်း မဟုတ်။ သာသနာရေး ဆောင်ရွက်ချက်များ မအောင်မြင်ခြင်းဟူ၍လည်း မရှိပါဘဲ တားဆီးမရလောက်အောင် လူဝတ်လဲလိုစိတ်များ ပေါ်ပေါက်နေသည် မှာ အံ့သြစရာကောင်းနေပေ၏။ ပါရမီက ဤမျှသာဟူ၍သာ ပြောရတော့မလိုပင်။

“မစိုးရိမ်စာသင်သား လူထွက်သွားပြီလို့ ကြားတယ်” ဟုတ်ပါသလားဘုရား။ “ဆရာတော်သိပါသလား ဘုရား” “ဆရာတော်ကြားမိပါရဲ့လား ဘုရား” မေးခွန်းပေါင်းများစွာ ဖုန်းထဲမှ ကြားရ၏။ မူလအစီအစဉ်တော့ ရှိကြောင်း၊ ယခု-ထွက်မထွက်တော့ မသိရသေးကြောင်း ပြန်ဖြေရသည်က များလေသည်။ မယ်တော်ကြီး ဒေါ်ပေါရွှေထံ ဖုန်းဆက်မေးကြည့်မှသာ လျှင် အတိအကျ သိရပါတော့၏။ “9.5.2012-ရက်နေ့၌ လူထွက်သွားသည်။ တိုက်ခန်းတစ်ခုမှာနေသည်။ နေရပ်လိပ်စာ မသိရသေး၍ လူချင်းမတွေ့ရသေး”ဟုဆိုလေ၏။

နှမြောကြသူများလည်း ရှိမည်။ သနားကြသူများလည်း ရှိမည်။ ဝမ်းသာကြသူများလည်း ရှိမည်။ ပျော်ရွှင်ကြသူများလည်း ရှိမည်။ ထိုအထဲတွင် နှစ်မြောတသ ဖြစ်ကြသူကများလေသည်။ သီတဂူကြယ်တစ်ပွင့် အရှင်ပညာနန္ဒက ဝမ်းနည်းပက်လက် ပြောရှာ၏။ “နှမြောလိုက်တာကိုယ်တော် စာတတ်ပေတတ်ကြီး”ဟူ၏။

“ချီးကျူးထိုက်သော ရှင်လူထွက်”

အောင်မြင်ကျော်ကြား ရဟန်းတော်တစ်ပါး လူဝတ်လဲခြင်းနှင့် ပတ်သက်၍ နှမြောကြသည် ဖြစ်စေ၊ သနားကြသည် ဖြစ်စေ၊ စိတ်မဆိုးကြသည် ဖြစ်စေ၊ ဝမ်းမြောက်ပျော်ရွှင်အောင်ပွဲခံကြသည် ဖြစ်စေ၊ မည်သူက မည်သို့ပင် စိတ်ခံစားကြစေကာမူ၊ ထိုအရာများကို အလေးဂရုမပြုဘဲ လူထွက်ရဲသော ရဟန်းတော်များကို ချီးကျူးရမည် ဖြစ်ပေသည်။

“အချောင်စား အောင်းကောင်ကြီးများ”

ကျွန်ုပ်တို့ သာသနာတော်၌ လူထွက်ထိုက်သော အပြစ်များကျူးလွန်ထားပါလျက် လူမထွက်ဘဲ အောင်းပြီးမှိန်းနေကြ သူများ ရှိပါသည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ရဟန်းမဟုတ်တော့မှန်း သိပါသော်လည်း ပရိသတ်ကို ဆက်ဆံရာ၌ ဘာကောင်ကြီးလိုလို ညာကောင်ကြီးလိုလို အကောင်ကြီးထင်အောင် ခပ်တည်တည်ဖြင့် အကောင်လုပ်နေတတ် ကြပေသည်။ ထိုသို့ အောင်းပြီး အကောင်လုပ်နေသူများကို “အောင်းကောင်”ကြီးများဟု ခေါ်ပါသည်။

လူလည်းမထွက်ရဲ၊ လုပ်ကိုင်စားသောက်ရမည်ကိုလည်း ကြောက်လန့်နေပြီး၊ ရဟန်းသီလကိုလည်း မစောင့်ထိန်းချင်ဘဲ အချောင်စား အောင်းကောင်းကြီးများ ဖြစ်ပါ၏။

ထိုအောင်းကောင်ကြီးများ- သာသနာတော်၌ ရှိနေသောအားဖြင့် သာသနာလည်း အကျိုးမများ၊ ကာယကံရှင် ကိုယ်တိုင်လည်း အကျိုးမများ၊ တပည့်ဒကာ-ဒကာမများလည်း အကျိုးမများပေ။ ၎င်းတို့သည် နေ့စဉ် ပတ်ဝန်းကျင်ကို ငရဲပေးနေသကဲ့သို့ ၎င်းတို့ကိုယ်တိုင်လည်း နေ့စဉ် ငရဲလိုင်စင်ယူခြင်း ငရဲသက်တမ်းတိုးခြင်းများ ပြုလုပ်နေပြီးသား ဖြစ်ပေသည်။ သာသနာ့အမှိုက် သာသနာ့ အညစ်အကြေးများ ဖြစ်ပါ၏။

ရှုတ်ချထိုက်သူမှာ ထိုအောင်းကောင်ကြီးများ ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် DNA-နည်း၊ CID-နည်းတို့ဖြင့် သန့်ရှင်းပစ်ရမည် သာဖြစ်ပါသည်။

“ဧရာမသတ္တိခဲ”

လူဝတ်လဲလျှင် လက်ညှိုးထိုးခံရမည်ကို သိပါလျက်၊ တံတွေးကွက်ထဲ ပက်လက်မျောရတော့မည်ကို သိပါလျက်၊ ဆင်းရဲချို့တဲ့ နိမ့်ကျစွာ နေထိုင်ရတော့မည်ကို သိပါလျက်၊ အောင်းကောင်ကြီးများလို အောင်းမနေကြဘဲ လာမည့်ဘေးပြေးတွေ့ ကာ လောကဓံကို ရင်ဆိုင်ရဲသည့် သတ္တိဖြင့် လူဝတ်လဲသူများသည် ဧရာမသတ္တိခဲကြီးများ ဖြစ်ကြပါသည်။ ထိုသတ္တိခဲများသည် အောင်းကောင်ကြီးများလို တစ်ဘဝတစ်နပ်စာအတွက်သာ ကွက်ကြည့်သူများမဟုတ်ဘဲ သံသရာဘေးကို မျှော်တွေးကာ လက်ရှိအခွင့်အရေးများကို စတေးဝံ့သူများ ဖြစ်ပါသည်။ ဤအချက်တစ်ခုတည်းနှင့်ပင် ၎င်းတို့၏ သိက္ခာသမာဓိကို လေးစားဖွယ် ကောင်းနေပေတော့၏။

မပျော်၍ လူထွက်သည်ကို ဘုရားမရှုတ်ချပါ။

မထိုက်တန်ဘဲ အပူဇော်ခံနေသည့် ဒုဿီလများကိုသာ ဘုရားရှုတ်ချခဲ့ပါသည်။ (အဂ္ဂိက္ခန္ဓောပမသုတ်၊ ဥပေါသထ သုတ်တို့ သက်သေတည်နေဆဲ ဖြစ်ပါသည်။)
“ပြုပြင်ကြပါ ရွှေမြန်မာ”

စာရေးသူတို့ ပြည်သူအများစုသည် ဘုန်းကြီးတစ်ပါးလူထွက်ပြီဆိုလျှင် မေးငေါ့ကြ၏။ ကဲ့ရဲ့ကြ၏။ လက်ညှိုးထိုးကြ၏။ ရှုတ်ချကြ၏။ အပြစ်တင်ကြ၏။ ဤသည်မှာ ရိုးရာတစ်ခုလို ဖြစ်နေပေသည်။

“ကိုရင်ဝတ်စဉ် ရဟန်းခံစဉ်က သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ”သာ ရွတ်ဆိုခဲ့ရပေသည်။ ရှင် ရဟန်းဘဝဖြင့် သာသနာ့ဘောင်မှာ တစ်သက်ပတ်လုံး ပျော်ရွှင်စွာ နေပါ့မည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ အာမခံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ဝန်ခံကတိလက်မှတ်ထိုးခြင်းမျိုး လုံးဝမရှိပါ။ မပျော်၍ ထွက်ခြင်းအတွက် လက်ညှိုးထိုး အပြစ်တင်စရာမလိုပါ။ မနေနိုင်လျှင် မည်သူမဆို ထွက်ခွင့်ရှိသူသာ ဖြစ်ပါသည်။ ဘုရားလက်ထက်တော်တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် လူထွက်သွားကြသည့် ဖြစ်ရပ်သာဓကများ များစွာရှိသည်ကိုလည်း သတိမူရမည် ဖြစ်ပါသည်။ ဤသာဓကများကြောင့် ရှေးရိုးစွဲ အဆိုးမြင်မှုများကို စွန့်လွှတ်ရမည် ဖြစ်ပါသည်။

“တွေးဆလို့ ဖေးမကြ”

လူဝတ်လဲလာသော - သာသနာမှာ မပျော်မွေ့ မနေနိုင်၍ လူ့ဘ၀သို့ ကူးပြောင်းလာသူများသည် သာသနာအပေါ်လည်း ပြန်လည်ကျေးဇူး ပြုနိုင်မည့်သူများ ဖြစ်ပါသည်။ ရပ်အကျိုး ရွာအကျိုးသယ်ပိုးကြဦးမည့် မျိုးချစ်ပုဂ္ဂိုလ်များလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ စပ်ကူးမတ်ကူးကာလ၌ တွေ့ကြုံရမည့် လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် ပတ်သက်သည့် ဒုက္ခ သုက္ခ အ၀၀ကို လက်တွဲခေါ်ယူခြင်း၊ ကူညီဖြေရှင်းခြင်းဖြင့် လူ့ဘောင်လောကအသစ်သို့ အလွယ်တကူ ၀င်ရောက်ခွင့် ပေးခြင်းသည်သာလျှင် သာသနာနှင့် လူမျိုးအတွက် ကောင်းသော စွမ်းသော ဆေးတစ်ခွက်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်

ဦးပဉ္စင်းဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ် မန္တလေး

Email.wirathu2012@gmail.com

24.5.2012

0 မြန်မာ့မြေက သံယံဇာတ မြန်မာတွေသာရပါစေ (ရုပ်/သံ)


တောင်ဒဂုံ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲ တွင် ဖယောင်းတိုင်မီး ထွန်းပြီး လျပ်စစ်မီး လုံလောက်အောင် ပေးပါရန် တောင်းဆိုသည့် ပထမနေ့တွင် တာဝန်ရှိ ရဲတပ်ဖွဲ့မှ ကိုနေမျိုးဇင်နှင့်အဖွဲ့အား တားမြစ်ကြောင်း လာပြောနေစဉ် ၊
နိုင်ငံတကာကနေ လက်ရှိမိမိတို့ နိုင်ငံရဲ့ တိုးတက်အသွင်ပြောင်းလာမှုတွေကို ကြိုဆိုဂုဏ်ပြုနေတဲ့ ဒီနေ့အချိန်မှာ မှောင်လို့ ငိုတဲ့ ကိုယ့်သားသမီးတွေကို မီးထွန်းချော့မော့ ခြင်း မလုပ်ပဲ ဘေးအိမ်က ဖဲဝိုင်း ပြည့်တန်ဆာဝိုင်း တွေ အတွက် မီးသွားထွန်းပေးနေတဲ့ မိဘဆိုးလိုတော့ မဖြစ်စေချင်တာ အမှန်ပါ

ဒီမနက် ထုတ် ဖေးဘရိတ် နယူးစ် favourite news journal မှာ ရန်ကုန်မြို့ မြို့နယ် အနှံ့မှာ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီးတောင်းဆိုတဲ့ အဖွဲ့ခေါင်းဆောင်တွေကို အရေးယူထားတယ်ဆိုပြီး သတင်းပါလာပါတယ်တဲ့။ မိတ်ဆွေ တယောက်က လှမ်းပြောတာပါ။ အရေးယူထားတယ်ဆိုတဲ့ လူတွေ နံမည်စာရင်းမှာ ကျနော်လည်း ပါနေပါတယ်တဲ့။ ကျနော်တော့ ခုထိ မဖတ်ရသေးပါ။ ရဲစခန်းကတော့ ခုချိန်ထိ တရားဝင် ကျနော့်ကို လာပြောတာ ဖမ်းဆီးတာ မရှိသေးပါ။ ဒါပေမယ့်... ရဲမြို့နယ်မှူးကတော့ လူစုလူဝေးနဲ့ နေရင် ဥပဒေ ဖေါက်ဖျက်တာမို့ ဥပဒေ အတိုင်း အရေးယူမယ်လို့တော့ ကျနော့်ကို ပြောလိုက်ပါတယ်။
မှောင်မဲနေတဲ့ လမ်းတလျောက် အလင်းပျောက်နေလို့ အခက်ခဲကြုံနေရတဲ့ လူသားတွေ အတွက် အလင်းဖယောင်းတိုင်ကိုင်ပြီး ရပ်တည်ဖို့ သွားနိုင်ဖို့အတွက် ဘယ်သူတဦးတယောက်ကိုမှ ခွင့်တောင်းစရာ မလိုပါဘူး။ ဘယ်သူကမှလည်း တားမြစ်ချုပ်ချယ်လို့ မရပါဘူးလို့ ကျနော်ပြောခဲ့ပါတယ်..

ကျနော်တို့ နိုင်ငံက စနစ်သစ် ခေတ်သစ်ကို ဦးတည်သွားနေပါတယ်။ ဒါတွေကို ကျနော်တို့အားလုံးက လိုလားနှစ်သက်စွာ ၀မ်းမြောက်စွာလည်း ကြိုဆိုပါတယ်။ ပြည်သူ့အတွက် အကျိုးကောင်းမွန်ရာကို ဆောင်ကြဉ်းပေးမယ့် အစိုးရသစ်နဲ့လည်း လိုအပ်တဲ့နေရာတွေမှာ တိုင်းပြည်ဖွံ့ဖျြိးတိုးတက်ဖို့ လက်တွဲလုပ်ဆောင်ရန်လည်း အသင့်ရှိပါတယ်။

ဒီလိုအချိန်မှာ ကျနော်တို့က နိုင်ငံသားတွေ အနေနဲ့ ရသင့် ရထိုက်တဲ့ အမိမြေက ထွက်တဲ့ သယံဇာတကို ပြည်ထောင်စုသားတွေ သုံးခွင့် ထိတွေ့ခွင့်မရပဲ တိုင်းတပါးက မောင်ပိုင်စီး အားလုံးသိမ်းကျုံးယူနေကြချိန် မိမိတို့မှာ အမှောင်ထဲမှာ ဆင်းရဲမှုကြီးစွာနဲ့ နေကြရပါတယ်။

နိုင်ငံသားတွေ အတွက် ရသင့်တဲ့ လျှပ်စစ် အလင်းရောင် လုံလောက်အောင် ပေးဖို့ နိုင်ငံသား တွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ငြိမ်းချမ်းသော နည်းနဲ့ စိတ်ဆန္ဒကိုဖေါ်ထုတ်ပြသ တောင်းဆို တာဟာ ဘယ်သူ့ကိုမှ ထိခိုက် အနှောက်အယှက် ဖြစ်စေခြင်းမရှိပါ။ ကျနော်တို့ ဆူပူ အကြမ်းဖက် အော်ဟစ်တဲ့လုပ်ရပ် တခုမှ မလုပ်ပါ။
အားလုံး တညီတညာထဲ အားလုံး လမ်းခွဲခါနီး ဖယောင်းတိုင်မီးတွေ မငြိမ်းသတ်မှီ နှုတ်က ဖွင့်ဟရွတ်ဆို ဆုတောင်းတဲ့ စကား တခွန်းပဲ ရှိပါတယ်။
ဒါကတော့ ....

မြန်မာ့မြေက သယံဇာတ မြန်မာတွေ သာ ရပါစေ
.......ဆိုတဲ့ ရင်တွင်းခံစားချက် တခုပါပဲ။

ဒီလို အေးချမ်းစွာ ဘယ်သူ့ကိုမှ ထိခိုင်စေခြင်းမရှိပါဘဲလျှက် အရေးယူ ဖမ်းဆီးမယ် ထောင်သွင်း အကျဉ်းချမယ်ဆိုလည်း ကျနော်တို့ကတော့ ခေါင်းမော့ ရင်ကော့ပြီး တည်ကြည်စွာနဲ့ပဲ အချုပ်ခန်းတွင်း လှမ်းဝင်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ရဲ့ အုပ်ချုပ်ပုံ မျက်နှာဖုံးကတော့ ထင်းကနဲ လင်းကနဲ ဖြစ်သွားစေမယ့် ဖြစ်စဉ်တွေပဲလို့ ကြိုပြောထားချင်ပါတယ်။

နိုင်ငံတကာကနေ လက်ရှိမိမိတို့ နိုင်ငံရဲ့ တိုးတက်အသွင်ပြောင်းလာမှုတွေကို ကြိုဆိုဂုဏ်ပြုနေတဲ့ ဒီနေ့အချိန်မှာ မှောင်လို့ ငိုတဲ့ ကိုယ့်သားသမီးတွေကို မီးထွန်းချော့မော့ ခြင်း မလုပ်ပဲ ဘေးအိမ်က ဖဲဝိုင်း ပြည့်တန်ဆာဝိုင်း တွေ အတွက် မီးသွားထွန်းပေးနေတဲ့ မိဘဆိုးလိုတော့ မဖြစ်စေချင်တာ အမှန်ပါခင်ဗျာ။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်

0 အလုပ်သမားများဆန္ဒပြမှုသည် အလုပ်သမားလှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေဟုဆို


(YPI)
ယခုနှစ် ဖေဖေါ်ဝါရီလတွင်စတင်ခဲ့ကာ ယခုလအတွင်း တပြိင်နက်ထဲဆိုသလိုဖြစ်ပွားလျှက်ရှိသည့် စက်ရုံ အလုပ်သမား ဆန္ဒပြမှုများသည် အလှုပ်သမား လှုပ်ရှားမှုကြီးတခုသို့ ဦးတည်နေကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရှေ့နေဦးဋ္ဌေးက ပြောသည်။

“အခု တလောဖြစ်ပွားနေတဲ့ စက်ရုံတရုံချင်း အလုပ်သမား ဆန္ဒပြနေတာတွေဟာ အလုပ်သမားလှုပ်ရှားမှုတခုကို ဦးတည်နေတယ်” ဟု ဦးဋ္ဌေးက YPI သို့ပြောသည်။

လုပ်ခလစာတိုးပေးရေးကို အဓိကထား တောင်းဆိုသည့် စက်ရုံအလုပ်သမား ဆန္ဒပြမှုများ ယခုလအတွင်း ရုတ်တရက် မြင့်တက်လာပြီး ယခုလောလောဆယ် စက်ရုံ ၉ ရုံ တပြိုင်နက်ထဲ လုပ်ခလစာတိုးရရန် တောင်းဆိုဆန္ဒပြလျှက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ယခုလဆန်းတွင် စတင်ခဲ့သည့် လှိုင်သာယာ စက်မှုဇုန်ရှိ ဟိုက်မို ဆံပင်တုစက်ရုံ အလုပ်သမားဆန္ဒပြမှုမှ စတင်ကာ ဂရင်းရွိုင်ရယ် အရက်ပုလင်းသွတ်စက်ရုံ၊ စံပယ်ပွင့် ၊ ပုလဲ ၊ နေမင်းအောင် ၊ YJ အထည်ချုပ်စက်ရုံတို့သို့ ကူးစက်သွားပြီးနောက် ယခင်သီတင်းပတ်ကုန်တွင် ငွေကံ့ကော် အထည်ချုပ်စက်ရုံ နှင့် မြောင်းတကာ စက်မှုဇုန်ရှိ သံမဏိ စက်ရုံ၊ တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီး အထည်ချုပ်စက်ရုံများ အထိ လုပ်ခတောင်းဆိုရေး ဆန္ဒပြလျှက်ရှိကြသည်။

ယင်းတို့အနက် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတရုံနှင့် မြောင်းတကာ သံမဏိစက်ရုံတို့မှ အလုပ်သမားတချို့က တောင်းဆိုချက်များရရှိရေးအတွက် အစာငတ်ခံဆန္ဒပြမှုများအထိ စတင်ဖြစ်ပွားလာနေသည်။
လက်ရှိဖြစ်ပွားနေသည့် အလုပ်သမားအရေးကိစ္စများကို ဖြေရှင်းဖို့ ခက်ခဲရခြင်း၏ အဓိက အားနည်းချက်တခုမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်မရှိသည့် အချက်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးက ထောက်ပြသည်။

ယခုလပိုင်းအတွင်း လုပ်ခလစာတိုးပေးရေးနှင့်ပတ်သက်၍ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းသည့်အခါ အလုပ်ရှင်နှင့် အလုပ်သမားဝန်ကြီးဋ္ဌာနမှ အရာရှိများက အနိမ့်ဆုံး အလုပ်သမား သတ်မှတ်ချက်မရှိသည့်အချက်ကို လက်ညှိုးထိုး နေသည့်အတွက်လည်း ပြေလည်မှုမရရှိနိုင်ပဲ ဖြစ်နေရသည်ဟု ၎င်းက ဆိုသည်။

မေလ ၂၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြနေသည့် တိုက်ကြီးမြို့နယ်ရှိ အမ်ဂျီအီးအထည်ချုပ်စက်ရုံမှ အလုပ်သမ မဆုမြတ်နိုင်က “ ကျွန်မတို့ လက်ရှိ အခြေခံလစာ ၆ ထောင်ကို ၁၅၀၀၀ တောင်းတာ မရပါဘူး၊ အဲဒီနောက် ညှိပေးတဲ့ လူကြီးတွေက နည်းနည်းလျော့ပါဦးဆိုလို့ ၁၀၀၀၀ ထိ ကျွန်မတို့လျော့ပေးခဲ့တယ်၊ ဒါလည်း မလိုက်လျောဘူး” ဟု အလုပ်ရှင်က မလိုက်လျောသည့် အကြောင်းကို ရှင်းပြသည်။

မကြာသေးမီက အလုပ်သမား ဖြန်ဖြေရေး ဥပဒေထွက်ရှိပြီးဖြစ်သော်လည်း ယင်းဥပဒေက လတ်တလော ဖြစ်ပွားနေသည့် အလုပ်သမား လစာတိုးပေးရေး တောင်းဆိုမှု ပြဿနာများကို ပြေလည်အောင် မဖြေရှင်းနိုင်ပဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ဦးဋ္ဌေးက “တနေ့ ၈နာရီအလုပ်လုပ်တာကို တရက် ကျပ် ၁၀၀၀ တောင် မပေးနိုင်တာက လတ်တလော အခက်အခဲ မပြေလည်နိုင်တာပဲ” ဟု အလုပ်သမားများ တောင်းဆိုသည့် အခြေခံလစာ တနေ့ ကျပ် ၁၀၀၀ ကို တိုးမပေးနိုင်သည့် အဖြစ်ကို ထောက်ပြသည်။

၎င်းက ယခုအဖြစ်အပျက်သည် အမျိုးသားရေး အသွင်ဆောင်လာပြီး အားလုံး ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်သည်ဟုလည်း ဆိုသည်၊ ၎င်းတို့အနေဖြင့်လည်း အလုပ်သမားများအား သည်းခံဖို့နှင့် ငြိမ်းချမ်းစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလျှက်ရှိကြောင်း ပြောဆိုသည်။ ။

Yangon press international

0 နေပြည်တော်က လူထု အခက်အခဲဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဒေသခံများနှင့် ကွင်းဆင်းဆောင်ရွှတ်ဆွေးနွေး




နေပြည်တော်ဒေသခံတွေကြုံတွေ့နေရတဲ့ လယ်ယာမြေ အသိမ်းခံရ တာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေ၊ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတစ်ချို့ ကိစ္စရပ်များကို ဒေသခံများနဲ့ဆွေးနွေးနေကြတယ်လို့သတင်းရရှိပါတယ်..

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများလည်းရှိနေပါတယ်..

ဓာတ်ပုံသတင်းပေးပို့သော ကိုခိုင်ခန့်အားကျေးဇူးတင်ရှိပါသည်..

1 ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင်မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသောမြင်ကွင်း(ရုပ်/သံ)




ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။

ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကို...ဖိုးဖြူ(ခ)ကိုအောင်မိုးကျော်
ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီးမမိခေးဖြစ်ပါတယ်။

ကိုဖိုးဖြူကကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့.ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်(19)၊အပိုဒ်(20) အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။
ကိုကျော်ဆွေ၏ဇနီးမမိခေးမှာကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီးခေါ်သွားတာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။

အရပ်ဝတ်ရဲထဲကဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက်တွင်တြိဂံပုံပါ၊လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင်ံသူသည် ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကို ဖမ်းဆီးသော နယ်ထိန်းအင်ချက် ဇော်မင်းနိုင် ဖြစ်ပါသည်။
RFA မှ လက်ခံရရှိသောမေးလ်မှဖြစ်ပါတယ်..

1 ဂျပန်နိုင်ငံက သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြည်သူကို ဘယ်လိုတောင်းပန်အလေးထားဆက်ဆံတယ်ဆိုတာ မြန်မာအစိုးရသိဖို့(ရုပ်/သံ)




အမှန်ဆို ဒီလျှပ်စစ်မီး မပေးနိုင်တဲ့ ကိစ္စကို လူထုကျေနပ်အောင် ဖြေရှင်းနည်းက အရမ်းလွယ်လွန်းတယ်လို့ ကျွန်မ ထင်တယ်...။ ဓာတ်အားပေးတိုင် တတိုင်လောက် မိုင်းကွဲတာနဲ့ မြန်မာတနိုင်ငံလုံး မှောင်မဲသွားတယ်ဆိုတဲ့ ဆင်ခြေမျိုး၊ မိုးမရွာလို့၊ ရေမရှိလို့ဆိုတဲ့ လူရ...ယ်စရာကောင်းတဲ့ ဆင်ခြေမျိုးတွေ မပေးသင့်တော့ပါဘူး။ ခုလို မီးမှန်မှန်မရတာလည်း ၂၄ နှစ်တောင် ရှိနေပါပြီ။ ဒီဆင်ခြေတွေနဲ့ ၂၄ နှစ်စာ ဒုက္ခခံခဲ့ရတဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးလို့ မရနိုင်ပါဘူး။

တကယ်ဖြစ်ရမှာက ပြည်သူလူထု ကျေနပ်အောင် ၀န်ချတောင်းပန်သင့်ပါတယ်။ ပြည်သူကို တကယ် စေတနာရှိတဲ့အစိုးရ၊ ပြည်သူ့လိုအပ်ချက်ကို တကယ် ဖြည့်ဆည်းပေးချင်တဲ့ အစိုးရဆိုရင် အရင်က လုပ်နည်းကိုင်နည်းတွေ မှားခဲ့တဲ့အတွက်၊ အနာဂတ်ရေရှည်စီမံချက်တွေ လိုအပ်ချက်ရှိခဲ့တဲ့အတွက် အခုချိန်မှာ နားလည်ပေးဖို့နဲ့ ရေရှည်စီမံကိန်းတွေ ဘယ်လိုလုပ်နေပါပြီဆိုတဲ့ တိကျသေချာတဲ့ ပလန်တွေနဲ့ ရှင်းပြသင့်ပါတယ်။ မြန်မာလူမျိုးတွေ မရိုင်းပါဘူး။ အနှစ် ၂၀ ကျော်တောင် သည်းခံနေနိုင်ခဲ့သေးတာပဲ...။ တခုပါပဲ... အရင်က အမှားတွေ၊ လိုအပ်ချက်တွေကို ၀န်ခံပြီး ခဏလောက် သည်းခံနားလည်ပေးဖို့ တောင်းပန်သင့်ပါတယ်။

မိုဘိုင်းဂျန်စက်တွေနဲ့ လျှပ်စစ်ပေးမယ်ဆိုတာ ယာယီဖြေရှင်းနည်းသာ ဖြစ်ပါတယ်။ ဒီနည်းဟာ လက်တွေ့မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ လူတွေကို ခဏတာ မျက်စေ့လှည့်ပြ ငြိမ်အောင် လုပ်ရုံသပ်သပ်ပဲ ရှိပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ကုန်ကျစားရိတ်က နည်းမှာ မဟုတ်တဲ့အတွက် လိုငွေတွေပြနေတဲ့ နိုင်ငံအတွက် မထောင်းသာလှပါဘူး။ ဒီလို ပြဿနာရဲ့အရင်းအမြစ်ကို သေချာ မရှင်းဘဲ လတ်တလော ယာယီ ပြေလည်ဖို့သာ ရည်ရွယ်ပြီး အပေါ်ယံ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းခဲ့ပေါင်းလည်း များနေပါပြီ။ အဲဒီအတွက် အမှားပေါင်းများစွာနဲ့ ငွေကြေးများစွာ ဆုံးရှုံးခဲ့ပြီးပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ ပြည်သူတွေပဲ နစ်နာတာပါ။

အဲဒီတော့ ပြည်သူတွေကို လူမိုက်စကား၊ လူပိန်းစကားတွေ မစာမနာ ပြောဆိုကြတာ ရပ်တန်းက ရပ်ပြီး တိုင်းပြည်အနာဂတ်အတွက် တကယ်စဉ်းစား အလုပ်လုပ်ကြပါတော့လို့သာ...

Hm SoeMinn,ကာတွန်း.ဟာဂျူလီကသာ
Video..zayyar20283

0 "ထာဝရငြိမ်းချမ်း 67"လတ်မှတ်ရေးထိုးတောင်းဆိုလှုပ်ရှားမှု ဖွင့်လှစ်ခြင်း အခမ်းအနား (ဓာတ်ပုံ)၂၅.၅.၂၀၁၂


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ စစ်တိုက်တော်တဲ.သူတွေကို ကိုးကွယ်တဲ.၀ါဒ ရှိနေတဲ.သူတွေ ခေါင်းဆောင်နေသမျှ ငြိမ်းချမ်းရေးမရဘူးတဲ.(ဆိုလိုတာကတော.မီးတွေထိန်ထိန်လင်းနေတဲ. နေပြည်တော်က စစ်သူကြီးအရုပ်လးရုပ် ကို ဆိုလိုတာပါ ဗိုလ်ချုပ်ကျတော.အဲ.ဒီ.အရုပ်တွေထဲမှာ မပါတာ) အဲ.ဒါတွေထောက်ပြပြောဆိုသွားတာပါ အကျဉ်းပြော ထားတာပါ

ဒီနေ့တော်ဝင်နှင်းဆီ မှာ G Wကစီစဉ်တဲ့ထာဝရငြိမ်းချမ်းရေး ၆၇ အခမ်းအနားကို အလွှာပေါင်းစုံမှ တက်ရောက်ကြပြီးပြည်တွင်းစစ်ရပ်ဖို့အဆိုပြုလက်မှတ်ေ၇းထိုးကြပါတယ်(နံနက်၈း၀၀မှ၁၂း၀၀) ၂၅.၅.၂၀၁၂
ငြိမ်းချမ်းရေး ၆၇ အခမ်းအနားမှ ကိုမင်းကိုနိုင် ကိုဌေးကြွယ်တို့ ရဲ့ မိန့်ခွန်း


Photo..Myominthwin,Ever Peace 67

0 ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင်ပွဲတွင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး



ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး ယနေ့ မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ NLDမြို့ နယ်ရုံး ကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က “ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ တွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင် ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ၊ လမ်းဘေး ဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလားနှင့် ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင
် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား” စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်ဖြေရာ … ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်မရ၍ မီးပျက်ခြင်း မဟုတ်နိုင်ကြောင်း မီးမပေးနိုင်သည့် အကြောင်းကို သတင်းစာ၌ ရှင်းလင်းထားကြောင်း ၊ လမ်းဘေးဈေးသည် များ ကိစ္စကိုလည်း စည်ပင်အနေဖြင့် ဈေးသည်များနှင့် တိုင်ပင်လုပ်ဆောင်၇န် မေတ္တာရပ်ခံခဲ့သည်။ တတိယ မေးခွန်းဖြစ်သည့် ၀န်ကြီးများနှင့်ပတ်သက်သော မေးခွန်းအား လက်ရှိ ပြည်သူများ အသိပင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲသည်။

မိုးမြင့်မြတ်
ဓါတ်ပုံ -အောင်ကျော်လတ် (AF)၊ အောင်ဇော်မင်း ( AF )
Popular myanmar news journal

Friday, May 25, 2012

0 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသဂ္ဂများအဖွဲ.ချူပ် မှ ( ကျောင်းသားသဂ္ဂအဆောက်အဦး ) ပြန်လည်တည်ဆောက်ရန် ကြေညာချက်။

0 ပြည်မြို့24.May 2012 တတိယမြောက်နေ့ ငြိမ်းချမ်းစွာ ၂၄နာရီလျှစ်စစ်မီးရရှိရေး ဆန္ဒပြမိဘပြည်သူများအား အာဏာပိုင်များမှ စတင်ဖမ်းဆီးရိုက်နှက်(ဓာတ်ပုံ)




ဖမ်းဆီးထားသူ ၆ ဦးအား ပြည်သူ လူထုရဲ့ အိမ်မပြန်လူစုမခွဲဘဲ ပြည်ထောင်အရှေ့မှာ ထပ်မံတောင်းဆိုဆန္ဒပြမှုကြောင့် အာမခံဖြင့်လွှတ်ပေးလိုက်လေပြီ။

ဓာတ်ပုံ..flygon thapyay
ပြည်မြို့မှာ ဒီကနေ့မနက်ပိုင်းက သုံးရက်မြောက်ဆန္ဒပြခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ကြိုတင် ပြင်ဆင် စီစဉ်ပြီး တော့ကို အတင်း ၀င်ရောက်ရိုက်နှက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး တဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်ထောင်ထဲမှာ ချုပ်ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေက ထောင်ရှေ့ကို လိုက်သွားကြပြီး စုဝေး စောင့်ဆိုင်း နေခဲ့ကြတာ လူ ၂,၀၀၀ လောက်ထိ ရှိခဲ့တယ်လို့ အဲဒီမှာ ရှိနေသူတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ နေ့လည် ၂ နာရီကျော် မှာတော့ အဲဒီလူ ၆ ယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာသူ တဦးဖြစ်တဲ့ ကိုကျော်ဆွေက -

"လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကနေပြီးတော့ ကျနော်တို့ကို အာမခံလိုက်တယ်ပေါ့။ ခံဝန်လုပ်ပေးတော့ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုကို သူတို့က ခွင့်မပြုပဲနဲ့ ပြတယ်၊ အဲဒီအတွက် ဒီဥစ္စာကို သူတို့က အပြစ်ရှိတယ်၊ ပုဒ်မ (၁၈) အရ အရေးယူပါ့မယ်ဆိုပြီးတော့ ကျနော်တို့ကို အမှုဖွင့်တာပေါ့။ အမှုမပေးသေးတဲ့ သဘောပါပဲ။ တရားရုံးက တရားစွဲမယ် ထင်ပါတယ်။ ကျနော်တို့က အဲဒါကို မသိသေးပါဘူး။ တရားစွဲလည်း ကျနော်တို့က အများအတွက် လုပ်တဲ့အတွက် တရားစွဲတာ ကျနော်တို့ ခံမှာပါပဲ။"

အတင်း ၀င်ပြီး ရိုက်နှက်တာကို အပြင်းထန်ဆုံး ခံခဲ့ရသူကတော့ ကိုဝင်းနိုင် ဆိုသူပါ။ သူ အရိုက် ခံရပုံနဲ့ နောက်ပိုင်း ဖြစ်ရပ်တွေကို သူက အခုလို အသေးစိတ် ပြန်ပြောပြပါတယ်။

"ကျနော့် ကျောကုန်းကို ၂ ချက်၊ ခါးကို ၁ ချက်၊ နောက်ပြီး ဘေးတစောင်းကို ၁ ချက်၊ နောက် ခေါင်းကို ၁ ချက်ရိုက်တဲ့အချိန်မှာ ကျနော် လက်ကို ကာလိုက်တယ်။ အဲ . . ဗိုက်ကို စောင့်ကန်တော့ရင်ဗျာ၊ ကျနော့်ကို ကတ္တရာနဲ့ ခေါင်းနဲ့ ကျမှာစိုးလို့ ရဲတွေက အင်္ကျီကိုပိတ်ပြီးတော့ အားရပါးရ ပိတ်စွဲထဲ့လိုက်တာ ကျနော်
ကြယ်သီး ပြုတ်သွားတယ်။ အင်္ကျီကလည်း ပြဲသွားတယ်။ ကျနော့်ကိုဗျာ အဲဒီလို သူတို့က ၀ိုင်းချုပ်တယ်၊ ပြီးလည်ပြီးရော ခြေထောက်က လူ ၄ ယောက်စွဲတယ်၊ လက်က ၄ ယောက်စွဲပြီးတော့ရင် ကျနော့်ကို အချုပ်ကားပေါ်ကိုဗျာ၊ ခွေးကိုတင်နည်း ပစ်တင်လိုက်တာ ဗုံးဆိုပဲ။ အဲဒီမှာ ကျနော်က ခေါင်းနဲ့ အချုပ်ကားနံရံနဲ့ ကျတယ်။ ဒါပေမယ့် ကျနော့်လွယ်အိတ်ခံနေတော့ ခေါင်းက နဲနဲပဲ ထူပူသွားယုံပဲ ရှိတာ။ အဲဒါပြီးတော့ ကျနော်တို့ကို မြို့ထဲပတ်ပြီးတော့ အချုပ်ကားကြီးနဲ့ ခေါ်သွားတယ်ဗျ။ ကျနော်တို့ ၆ ယောက်ပေါ့။ ထောင်ထဲ တန်းထဲ့တယ်ဗျ၊ ထောင်ထဲကို။ ထောင်ထဲကျတော့ ကျနော်တို့က ထောင်ပိုင်ကြီးရုံးခန်းအောက်မှာ နေရတယ်။"

ပြည်မြို့ဘက်မှာ အဲဒီလို အကြမ်းဖက် နှိမ်နင်းတာတွေရှိခဲ့တာကြောင့် ရန်ကုန်မြို့က ပြီးခဲ့တဲ့ရက်ပိုင်း ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့သူ တွေကြားမှာ စိုးရိမ်မှုတွေဖြစ်လာပြီး တချို့ဆိုရင် အာဏာပိုင်တွေ ခေါ်ယူစစ်ဆေးမှာကို မလိုလားတဲ့အတွက် တိမ်းရှောင် နေကြပါတယ်။ အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်မျိုးတွေ တခြားနေရာတွေမှာပါ ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ကိုညီထွေးလေးက ဗွီအိုအေကို ပြောပါတယ်။

"အခု ပြည်မှာဖြစ်သွားတဲ့ကိစ္စဆိုရင် ဒါဟာ ခနတဖြုတ် ထိန်းတယ်ဆိုတာ ဒါဟာ အခုလောလောဆယ်မှာ ရှိသင့် ရှိထိုက်တဲ့ဟာလို့ ပြောနိုင်ပေမယ့် ဒီလူတွေကို ထပ်မံပြီး တစုံတရာ ဒုက္ခ မပေးစေချင်ဘူး၊ ဒါဟာ လူထုတွေ လိုအပ်ချက်ကို တောင်းဆိုနေကြတာ။ ပြီးတော့ ကိုယ်ထိလက်ရောက် သူတို့ အရင်တုန်းကအတိုင်း နှိမ်နင်းခဲ့တာကို ကျနော်တို့ မကြိုက်ဘူးဗျ။ ဒီလိုဟာတွေက ပြည်မှာ စဖြစ်ပြီး ဒိပြင်နေရာတွေမှာလည်း ဖြစ်လာနိုင်တယ်လေ။ အဲဒါကြောင့်မို့ ကျနော်တို့ စိုးရိမ်မှုတော့ ရှိပါတယ်ဗျ။"

နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက် တတိယမြောက်ရက်မှာ လူ ၁၅ ယောက်ထက်မနည်းကို ရဲအထူး သတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းတာတွေ ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာတော့ ဆန္ဒပြပွဲကြီးတွေ ထပ်မဖြစ်တော့ဘဲ ဒီကနေ့မနက်ပိုင်းမှာ အသေးလေးတခု ပဲရှိခဲ့ပါတယ်။ အဲဒီအခြေအနေကို သိထားတဲ့ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ဒေါ်အမာနီက -

"မနက်ပိုင်းတုန်းကတော့ ဆီဒိုနားရှေ့မှာ အီလက်ထရစ် (Electric) တစီးနဲ့လာပြီးတော့ မီးသီးတွေ ပါးစပ်ထဲကို ကိုက်တယ်တဲ့။ ၀ါယာကြိုးတွေ ပါးစပ်ထဲမှာ ကိုက်ပြီးတော့ ဆန္ဒပြသွားတာ ရှိတယ်။ မနက်ကတော့ သူတို့ကိုတော့ ရဲစခန်းထဲကိုတော့ ရဲစခန်းထဲကို ပြန်ခေါ်သွားတယ်လို့ ပြောတယ်။"

မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ လျှပ်စစ်မီး အပြည့်အ၀ ပြန်ပေးနိုင်အောင် ပြည်ပကနေ မီးစက်တွေမှာထားသလို ပျက်စီးနေတဲ့ ဓာတ်အားတိုင်တွေကိုလည်း အလျင်အမြန် ပြင်ဆင်နေတယ်လို့ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေက ပြောထားပါတယ်။ အခု တော့ မန္တလေးမြို့မှာ ဆန္ဒပြပွဲတွေ မတိုင်ခင်ကထက်စာရင် အချိန်မှန်လေး ပျက်၊ အချိန်မှန်လေး လာနေတယ်လို့ ဒေါ်အမာနီက ပြောပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်မြို့မှာကတော့ ခုချိန်ထိ ပုံမှန် ပြန်မဖြစ်သေးဘဲ ပျက်ချိန် များနေတုန်း၊ လာမယ်ဆိုတဲ့အချိန်မှာ မလာဘဲ ရှိနေတုန်းပဲလို့ မြို့ခံတွေက ပြောပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ တရားဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့သဘောမျိုး မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ်မီး အပြည့်အ၀ ပြန်လည်ရရှိရေး တာဝန်ရှိသူတွေဘက်က အပြင်းအထန် ကြိုးစားနေသလို လူထုဘက်က စိတ်ရှည်သည်းခံပြီး လျှပ်စစ်မီးကို ခြိုးခြံ ချွေတာပြီးတော့ သုံးစွဲခြင်းအားဖြင့် ပူးပေါင်း လုပ်ဆောင်ပေးဖို့ကိုလည်း ပန်ကြား ထားပါတယ်။(VOA)

2 ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါပြောတဲ့ နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်


U koko hlaing audioFile by thanwinhtut
အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေ ကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။
ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါတဲ့ ဒါဆို အဆင်ပြေသွားမယ်တဲ့ ။ ဘယ်လိုပြောရမှန်းတောင်မသိ ဒီလို အကောင်းစား အကြံဥာဏ်တွေကြောင့် - - အင်းထားပါတော့ ကျွန်တော်ကတော့မေးစရာမေးခွန်းတွေ စီပြီးထွက်ကျလာတယ် ။

- လျှပ်စစ်မီးဟာ ဘာကြောင့်မလုံလောက်တာလဲ ?

- ပိုနေလို့ တောင် သူများနိုင်ငံကို ရောင်းစားနေတယ်ဆို ဘာလို့အခုမလုံလောက်ရတော့တာလဲ ?

- မိုးရွာမှ လျှပ်စစ်မီးရမည့် ဘ၀ကို ကျွန်တော်တို့မလိုချင်ပါ ။ ဘေးနိုင်ငံများနှင့်ယှဉ်လျှင် မိုးရာသီတစ်ခုထဲ တန်းတူလျှပ်စစ်ရမည့်အခြေအနေဖြစ်နေပါသည် ။ ဒါကြောင့် ဘာကြောင့် မိုးရွာမှပဲ လျှပ်စစ်မီးအပြည့်ပေးနိုင်ပြီး နွေနှင့်ဆောင်းမှာရော လျှပ်စစ်မီးပေးဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား ?

- ဂျပန်လို ဖွံ့ဖြိုးတိုးတက်ပြီး နည်းပညာခေတ်ရှေ့ပြေးနေတဲ့နိုင်ငံနဲ့ ဖွံ့ဖြိုးဆဲ အမှောင်ဘ၀ကနေ ရုန်းထွက်နေရတဲ့ မြန်မာကို အခုလို ယှဉ်မပြောစေချင်ဘူး ။ မယှဉ်နိုင်လို့မဟုတ်ဘူး ။ အခြေအနေ ဘက်ပေါင်းစုံ ကနေ နှစ်ပေါင်းများစွာ မျက်စိတွေမှိတ် နားတွေ ပိတ်ခံထားရတဲ့ ဘ၀တွေမို့ ။

-ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး ဆိုလျှင် ကျွန်တော့်ဆီ မိုး ရာသီ မိုးမရွာပဲ မိုးခေါင်နေပါက မည်သို့လုပ်မည်နည်း ။ ? မိုးမရွာပဲ ရေမရှိပဲ လျှပ်စစ်ပေးနိုင်အောင် ကြံဆောင်ရမည်မဟုတ်ပါလား ။

“ ကျွန်တော်တို့အားလုံး ၂၄ နာရီပတ်လုံး လျှပ်စစ်မီး လိုချင်ပါသည် ။ အကြောင်းပြချက်များသည် စစ်မှန်သော ဖြေရှင်းချက်ကို မပေးနိုင်ပါ ။ ထို သို့အကြံကောင်းဥာဏ်ကောင်း ( မီးပိတ်ထားလိုက်ကြပါ ဖယောင်းတိုင် နှင့်နေကြပါ ) ဆိုတာကိုလည်း ပြည်သူများက ကျေးဇူး များစွာ ထပ်ခါထပ်ခါ တင်နေသည် ။ ”



"ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။"

“ "သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲက Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့မရဘူး။ ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး။ မိုးက အခုဆိုတော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ။"

နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က
့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ

သက်တန့်ချို
Source : EMG
Photo : Weeklyeleven

0 လျှပ်စစ်မီးရရှိရန် ပြည်မြို့ ဒုတိယနေ့ဆန္ဒပြမှု ရိုက်နှက်ဖမ်းဆီးမှုများရှိ

ယနေ့နံနက် (၉) နာရီတွင် စတင်ခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့ လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝရရှိရေး ဒုတိယနေ့ ဆန္ဒပြမှုတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။

ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)

ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)

ပြည်မြို့တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လူနှစ်ထောင်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ ပထမနေ့တွင် အာဏာပိုင်တို့နှင့် ညှိနှိုင်းမှုဖြင့် အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့သော်လည်း ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြကြရာတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“မနေ့က စပြီး ဆန္ဒပြတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့ကနေပြီး လူတစ်ထောင်ကျော်နဲ့ ဒီနေ့ စထွက်တယ်။ စထွက်ထွက်ချင်းပဲ HRDP ကိုကျော်ဆွေနဲ့ NLD ကိုဝင်းလှိုင်တို့ကို ရိုက်နှက်ပြီး ခေါ်သွားတယ်။ ဆန္ဒပြတဲ့လူတွေကလည်း သူတို့နှစ်ဦးကို ရဲလက်က ပြန်လုယူကြတယ်။ ဒါပေမယ့် မရဘူး။ ပါသွားတယ်” ဟု ဆန္ဒပြမှုတွင် ပါဝင်သူက ပြောသည်။

ဆန္ဒပြခေါင်းဆောင်နှစ်ဦးအား အာဏာပိုင်လုံထိန်းရဲများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့ကြကြောင်း သူက ဆက်ပြောသည်။

သူက “(၁၀) နာရီခွဲလောက်မှာ တကြိမ် ထပ်ပြီး ရိုက်နှက်ဖမ်းဆီးမှု လုပ်တယ်။ ဆောက်လုပ်ရေးဝိုင်းလမ်းချိုး၊ ထွန်းသီလမ်းထဲမှာပါ။ ဒီတခါတော့ ကိုဇော်ထွန်း၊ ကိုကျော်ဆွေ၊ ကိုမြင့်အေးအပါအဝင် ၆ ဦး ပါသွားတယ်” ဟု ပြောသည်။

ယခု သတင်းရေးသားနေချိန်တွင် ရိုက်နှက်ဖမ်းဆီးခံရသူများအား အာဏာပိုင်များက အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့၊ ညတွင် လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိရေးအတွက် မန္တလေးမြို့မှ ပြည်သူများက ဖယောင်းတိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စတင်ဆန္ဒပြခဲ့ကြသည်။ ယခုအခါ ရန်ကုန်၊ မုံရွာ၊ သုံးခွအပါအဝင် မြို့ကြီးအချို့တွင် လျှပ်စစ်မီးရရှိရေးအတွက် ညဘက်၌ ဖယောင်းတိုင်မီးများဖြင့် ဆန္ဒပြနေကြပြီး ပြည်မြို့တစ်မြို့တည်းတွင်သာ နေ့ဘက်၌ ဆန္ဒပြနေခြင်းဖြစ်သည်။

http://www.yoma3.org

0 မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)လူမှု့ရေးဖောက်ပြန်မှု့များနှင့် ငွေကြေးအလွှဲသုံးစားမှု့များ နောက်ကွယ်တွင်....

ဆက်လက်ဖတ်ရှုရန်






Thursday, May 24, 2012

0 အလုပ်သမားများဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကြေညာချက်ထုတ်ပြန်။

0 ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့

ငါးဦးထက် ပိုပြီး စီတန်းလှည့်လည်ခွင့် မရှိကြောင်း အနောက်ပိုင်းခရိုင် ရဲမှူးရဲ့ ဖြန့်ဝေစာ..http://www.mutdfan.com/news_images/DSC_0381.jpg

သမီးတို့ကျောင်းလေးလည်း မီးမလာပါဘူးတဲ့။ မိုးမှောင်ကျတဲ့နေ့တွေမှာ(ဒုတိယနေ့ရန်ကုန်)ဓာတ်ပုံ- ဥက္ကာကိုကို



ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ...ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။

စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ပြည်သူလူထုထံ တရားဝင် သတိပေးထားပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူ ၅ ဦးထက်ပိုသည့် လူစုဝေးခြင်းကို ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ စာဖတ်ပြပြီးနောက်တွင် ကိုဟန်ဝင်းအောင်က ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ရပါမယ်ဟု ဆိုကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို စတင်လိုက်ကြသည်။

ယင်းနောက် ဆန္ဒထုတ်ဖေါ်သူများက ဆူးလေဘုရားလမ်းအတိုင်း အနော်ရထာလမ်းဘက်သို့ လျှောက်လာပြီး ဂုံးကျော်တံတားကို ဖြတ်ကျော်ကာ ဆူးလေစေတီဘက်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ဂုံးကျော်တံတား မတက်မီ ရဲတပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် တားမြစ်သော်လည်း ကိုဟန်ဝင်းအောင်တို့က မိမိတို့သွားမည့် လမ်းကြောင်းကိုရှင်းပြသည့်နောက် ရဲများက ဂုံးကျော်တံတားအဆင်းဘက်မှ စောင့်၍ လမ်းရှင်းပေးကာ ဆန္ဒထုတ်ဖေါ်သူများကို ထပ်မံတားမြစ်ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။

ယနေ့ ဆန္ဒထုတ်ဖေါ်သူ အရေအတွက်မှာ ယမန်နေ့ထက် ၃ ဆခန့်များပြားကာ စုစုပေါင်း လူ ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။ ။

Yangon press international

0 ဒဂုံမြို့သစ် အရှေ့ပိုင်း အန်အယ်ဒီရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ လျှပ်စစ်မီးအကြောင်း ကောက်နှုတ်ချက်(ရုပ်/သံ)


သဘာဝအရင်းအမြစ်ပေါများတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမှန်မှန် မရတာဟာ စနစ်မမှန်လို့ဖြစ်တဲ့ အကြောင်းနဲ့ပြည်သူလူထုတွေအတွက် ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ မြို့ကြီးတွေ မှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတွေ၊ မီးမလာမှုတွေနဲ့ပတ်သက်ပြီး မနေ့က ဒဂုံမြို့သစ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်ပွဲမှာ ပြည်သူလူထုကို ပြောကြားလိုက်တာပါ။
ိdvb

0်"ထာဝရငြိမ်းချမ်း 67" လက်မှတ်ရေးထိုးလှုပ်ရှားမှုဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ


ပြည်တွင်းစစ်ရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုတခုကိုပြည်သူများအားလုံး လက်တွဲပါဝင်ဖော်ဆောင်ကြမည်ဖြစ်ပါသဖြင့် မေလ ၂၅ရက်နေ့နံနက်၁၀နာရီမှ၁၂နာရီအတွင်း တော်ဝင်နှင်းဆီစားသောက်ဆိုင်၊သီရိခန်းမသို့ကြွရောက်ချီးမြှင့်ပါဝင်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။
Generation Wave

EP67 Announcement Letter

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.