Friday, May 25, 2012

2 ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါပြောတဲ့ နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်


U koko hlaing audioFile by thanwinhtut
အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေ ကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။
ဖယောင်းတိုင်တွေ ထွန်းပြီး မီးကို ခြွေတာပါတဲ့ ပိတ်ထားလိုက်ပါတဲ့ ဒါဆို အဆင်ပြေသွားမယ်တဲ့ ။ ဘယ်လိုပြောရမှန်းတောင်မသိ ဒီလို အကောင်းစား အကြံဥာဏ်တွေကြောင့် - - အင်းထားပါတော့ ကျွန်တော်ကတော့မေးစရာမေးခွန်းတွေ စီပြီးထွက်ကျလာတယ် ။

- လျှပ်စစ်မီးဟာ ဘာကြောင့်မလုံလောက်တာလဲ ?

- ပိုနေလို့ တောင် သူများနိုင်ငံကို ရောင်းစားနေတယ်ဆို ဘာလို့အခုမလုံလောက်ရတော့တာလဲ ?

- မိုးရွာမှ လျှပ်စစ်မီးရမည့် ဘ၀ကို ကျွန်တော်တို့မလိုချင်ပါ ။ ဘေးနိုင်ငံများနှင့်ယှဉ်လျှင် မိုးရာသီတစ်ခုထဲ တန်းတူလျှပ်စစ်ရမည့်အခြေအနေဖြစ်နေပါသည် ။ ဒါကြောင့် ဘာကြောင့် မိုးရွာမှပဲ လျှပ်စစ်မီးအပြည့်ပေးနိုင်ပြီး နွေနှင့်ဆောင်းမှာရော လျှပ်စစ်မီးပေးဖို့ တခြားနည်းလမ်း မရှိတော့ဘူးလား ?

- ဂျပန်လို ဖွံ့ဖြိုးတိုးတက်ပြီး နည်းပညာခေတ်ရှေ့ပြေးနေတဲ့နိုင်ငံနဲ့ ဖွံ့ဖြိုးဆဲ အမှောင်ဘ၀ကနေ ရုန်းထွက်နေရတဲ့ မြန်မာကို အခုလို ယှဉ်မပြောစေချင်ဘူး ။ မယှဉ်နိုင်လို့မဟုတ်ဘူး ။ အခြေအနေ ဘက်ပေါင်းစုံ ကနေ နှစ်ပေါင်းများစွာ မျက်စိတွေမှိတ် နားတွေ ပိတ်ခံထားရတဲ့ ဘ၀တွေမို့ ။

-ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး ဆိုလျှင် ကျွန်တော့်ဆီ မိုး ရာသီ မိုးမရွာပဲ မိုးခေါင်နေပါက မည်သို့လုပ်မည်နည်း ။ ? မိုးမရွာပဲ ရေမရှိပဲ လျှပ်စစ်ပေးနိုင်အောင် ကြံဆောင်ရမည်မဟုတ်ပါလား ။

“ ကျွန်တော်တို့အားလုံး ၂၄ နာရီပတ်လုံး လျှပ်စစ်မီး လိုချင်ပါသည် ။ အကြောင်းပြချက်များသည် စစ်မှန်သော ဖြေရှင်းချက်ကို မပေးနိုင်ပါ ။ ထို သို့အကြံကောင်းဥာဏ်ကောင်း ( မီးပိတ်ထားလိုက်ကြပါ ဖယောင်းတိုင် နှင့်နေကြပါ ) ဆိုတာကိုလည်း ပြည်သူများက ကျေးဇူး များစွာ ထပ်ခါထပ်ခါ တင်နေသည် ။ ”



"ဂျပန်မှာ Nuclear Facility တွေ ပြတ်သွားတယ်။ အဲ့ဒါနဲ့ ကြောက်လန့်ပြီး Nuclear Plant တွေအကုန်ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခုပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူက ခြိုးခြံချွေတာတယ်။ အဲ့ဒီတော့ စေတနာနဲ့ ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။"

“ "သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲက Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run လို့မရဘူး။ ရေနဲ့ Run ရတာ ဖြစ်တဲ့အတွက် ရေမရှိရင် ဘာမှ မဖြစ်ဘူး။ မိုးက အခုဆိုတော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ။"

နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က
့(မေလ ၂၄ ရက်နေ့) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ

သက်တန့်ချို
Source : EMG
Photo : Weeklyeleven

2 comments:

  1. ခင်ဗျားတို့ ဒီလိုခေါင်းမျိုးနဲ့ သမတ အကြံပေးလုပ်နေတဲ့ ကောင်ကိုအံ့သြနေကြတာလား၊ ကဘာမှာတော့ ဦးသန့်ခေါင်း၊ အိုင်းစတိုင်းခေါင်း အစရှိသဖြင့် နာမည်ကြီးသပေါ့ဗျာ၊ အခုတော့ ကျုပ်တို့ဆီမှာ သမတ အကြံပေးခေါင်းဆိုပြီး နာမည်ကြီးအုံးမှာပေါ့၊ အဲဒါမျိုး ခေါင်းကို ဘာခေါင်းခေါ်လဲသိလား မြဲမြဲမှတ်ထားကြ - - ဖါခေါင်းခေါ်တယ်

    ReplyDelete
  2. ခွေးမသား...
    အဲလိုပြောရမှာက..ပြည်သူတွေကိုမဟုတ်ဘူး..
    မင့်ပထွေး..စစ်ခေါင်းဆောင်သောက်ပေါတွေကိုပြော၇မှာ
    သာမန်ပြည်သူတွေမှာ..ချွေတာစရာမီးကိုမလာတာ..လေ..
    ဂျပန်မှာချေါတာတယ်ဆိုတာက..ဘုရင်ကစပြီ..အဏာရှိတဲ့..သူတွေအကုန်
    စပြီ..ချွေတာပြတာလေ..အခု..မင်းအမလင်တွေနေတဲ့..နေပြည်တော်
    မှာမီးပျက်လာ...မင်းသွားသွားပြီ..လျာနဲ့..၇က်နေတဲ့..သောက်ရူး..
    စစ်ဗိုလ်ချုပ်တွေအိမ်မှာမီးပျက်လား...ဂျပန်နဲ့..မနိုင်းနဲ့..သောက်ရူး..ဂျပ
    န်က..ဒုက္ခရောက်နေတဲ့..သူတွေကို..ဘုရင်ကိုယ်တိုင်ဒူးလေးထောက်ပြီင်္
    အားပေးစကားပြောတာမင်းမတွေ့ဘူးလား..လူလူချင်းတန်တူဆက်ဆံတယ်
    မင်းတို့ကောင်တွေကိုဒါကြောင့်တရုတ်တွေ ကသောက်ပေါတွေသောက်အ
    တွေလိုဆက်ဆံနေတာကိုငါတို့မသိဘူးများအောင့်မေ့နေလာ..

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.