Tuesday, May 22, 2012

0 အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှတောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်

လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ၊ အိမ်များအား လျော်ကြေးပေးခြင်းမပြုဘဲ အများပိုင်ကုမ္မဏီဆိုပြီး အဏ္ဏ၀ါလွမ်းမှ ခင်စိုး ဦးစီးပြီးကျောက်ဆင်ချောင်းနှင့်သပေါ့ဆိမ့်ကြားသိမ်းပိုက်ခြင်း

အဏ္ဏ၀ါလွမ်းကုမ္မဏီပိုင်ရှင်ဖြစ်သူ ခင်စိုးမှ ယခင်မွေး/ရေ၀န်ကြီး ဦးမောင်မောင်သိမ်း၏ အကူအညီများစွာယူပြီး ထားဝယ်မြို့တွင် အများပိုင်ကုမ္မဏီတစ်ခုထောင်ပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ချောင်းနှင့် သပေါ့ ဆိမ့်ကြား အိမ် များ၊ တောင်သူများ၏လယ်မြေများ ၊ဥယျာဉ်ခြံမြေများအား ထိုက်သင့်သော လျော်ကြေးငွေများ ပေးခြင်းမရှိဘဲ မတရားသိမ်းပိုက်ခြင်းလုပ်ငန်းများအားဒေသခံထားဝယ်သားများအားဦးဆောင်ပြီးသိမ်းဆည်းခြင်း လုပ်ငန်းများအား စတင်ဆောင်ရွက်လျက်ရှိပါသည်။ ဒီသတင်းနဲ့ပတ်သက်ပြီးမှတ်တမ်းဓါတ်ပုံများအား ဆက်လက်တင်ပြသွားပါမယ်။

ခင်စိုးဆိုပြီးအထင်ကြီးပြီးနောက်ကတစ်ခေါက်ခေါက်လိုက်သော ထားဝယ်သားများ သတိတာထားပေးတော့ လို့အသိပေးခြင်းပါတယ်။ ခင်စိုးသမိုင်းကြောင်းကို ဘယ်လောက်သိကြသလဲ.... .အကျဉ်းချုပ်ပြောပြမယ်နော်.. .

တကယ်တော့ခင်စိုးက ကဒတ်ကြီးသားတစ်ယောက်ပါ...ယခင်ငါးသလောက်ဈေးကောင်းတဲ့အချိန်က ဘိန်းဖြူရာဇာတစ်ဦးပါ.ယခင်ထောက်လှမ်းရေးမှတ်တမ်းများကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်....ငါးသလောက်ဗိုက်အတွင်းဘိန်းဖြူထည့်ပြီး နိုင်ငံခြားကိုတင်ပို့တဲ့သူတစ်ယောက်ပါ။ ဒါကို ကယ်တင်ခဲ့သူက ဦးမောင်မောင်သိမ်းပါ။ အခုလည်း ဦးမောင်မောင်သိမ်း (၀န်ကြီးအငြိမ်းစား)နဲ့ပိုင်တယ်ဆိုပြီး ထားဝယ်မှ မတရားအများပိုက်ကုမဏီထောင်ပြီး မြေသိမ်းဆည်းခြင်းလုပ်ငန်းကိုစတင်နေပါပြီး နောက်ကလိုက်တဲ့ထားဝယ်သားများ သတိထားကြပါ။ အခုဆို ဟိုတယ်ဇုံဆိုပြီးလုပ်ကြတော့ ကျွန်တော်တို့မှာနေစရာမရှိတော့ဘူး၊ ဒေသဆိုင်ရာ အစိုးရတွေကလည်း

ခင်စိုးကိုအထင်ကြီးကြီးနဲ့ဖွံဖြိုးရေးလုပ်ငန်းများကိုအပ်ကြတယ် ။ ထားဝယ်သားများ မယုံရင်ကြည့်ကြပါ။ ဒေသခံတောင်သူများ/ဥယျာဉ်ခြံပိုင်ရှင်များ ကိုပြေလည်အောင်မလုပ်ပေးဘဲမြေသိမ်းဆည်းလိမ့်မယ် ပြီးရင် ဟိုတယ်ကို တစ်လုံးလောက်ဆောက်ပြီး မြေရောင်းစားလိမ့်မယ်။ အများပိုင်ကုမ္မဏီဆိုပြီးလုပ်တာက ထားဝယ်သား လက်တစ်ဆုပ်စာပါ ။ မတရားလုပ်ရဲလုပ်ကြည့် စောင့်ကြည့်နေတဲ့ထားဝယ်သားများက တစ်တိုင်းလုံးပါ။ ခင်စိုးကိုတော့ လုံးဝမယုံပါဘူး ထားဝယ်သားအခြားတစ်ယောက်ဆိုရင်တော့ ယုံတယ်.....အရေခြုံထားတဲ့ကောင်--ထားဝယ်အသင်းကိုထောင်တာကလဲ ဟန်ပြပါ...အတိတ်ကပြစ်မှုကြီးကို ပေါ်မှာစိုးလို့ လူမှုရေး လျှောက်လုပ်နေတာ....ထားဝယ်ကိုကြီးအပါအ၀င် ထားဝယ်သားအားလုံးက မင်းကိုစောင့်ကြည့်နေတယ် ....မဟုတ်တာလုပ်လို့ကတော့ ထားဝယ်မြေကို ခြေချဖို့မစဉ်းစားနဲ့--ကိုမွေးခဲ့တဲ့နေရာလေးတစ်ခုက တံတားငယ်တစ်စင်းတောင်ကောင်းအောင်မလုပ်ဘူးဘဲ ဟော်တယ်ဇုံ စောင့်အုံး မယ်ဆိုတော့ လုံးဝယုံကြည်စရာမရှိဘူး။ အကြောင်းပြချက်ကတော့ နိုင်ငံခြားသားတွေကို ရောင်းစားဖို့ ကြံနေတယ်ဆိုတာအထင်အရှားဘဲ.....ထားဝယ်သားအားလုံး စောင့်ကြည့်ပြီး သတင်းတင်ပေး ကြပါ။နောက်တစ်ခါကြရင် ဓါတ်ပုံနဲ့တင်ပြပါမယ်....ငါးသလောက်ဗိုက်ထဲက ဘိန်းဖြူထုပ်တွေကိုပြပါမယ်......

ထားဝယ်ကိုကြီး

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.