Saturday, May 26, 2012

1 ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွင်မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသောမြင်ကွင်း(ရုပ်/သံ)




ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲ တွင် ပါဝင်ဆန္ဒပြသူများအား မတရား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါသည်..။

ယခု အင်းကျီ အစိမ်းနှင့် လက်ထိပ်ခတ်ပြီး အရိုက်ခံရသူမှာ ကို...ဖိုးဖြူ(ခ)ကိုအောင်မိုးကျော်
ဖြစ်ပြီး ရဲတပ်ကြပ်ကြီးမှ ရင်ဘက်သို့ ဆောင့်တွန်းခံရသူမှာငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီးမမိခေးဖြစ်ပါတယ်။

ကိုဖိုးဖြူကကိုကျော်ဆွေကိုမတရားမလုပ်ပါနဲ့.ဒါကျနော်ဦးလေး၊သူကလူ့အခွင့်အရေးအပိုဒ်(19)၊အပိုဒ်(20) အရငြိမ်းချမ်းစွာဆန္ဒပြတာဖြစ်တယ်လို့ပြောသောကြောင့် မတရား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။
ကိုကျော်ဆွေ၏ဇနီးမမိခေးမှာကိုဖိုးဖြူ(ခ)ကိုအောင်မိုးကျော်ကိုမတရားရိုက်နှက်ဖမ်းဆီးခေါ်သွားတာကိုလိုက်လံခေါ်တာကြောင့်မတရာဆောင့်တွန်းခံရခြင်းဖြစ်ပါတယ်။

အရပ်ဝတ်ရဲထဲကဆိုင်ကယ်ဦးထုတ်အမဲ၊ဆိုင်ကယ်ဦးထုတ်နောက်တွင်တြိဂံပုံပါ၊လယ်ကတုံးလက်ရှည်အဖြူရောင်၊ဘေးလွယ်အိတ်နှင့်ပုဆိုးအပြာကွက်နှင်ံသူသည် ရွှေဝါရောင်တော်လှန်ရေးတွင်ကျနော်(ဇော်ထွန်း-HRDP)ကို ဖမ်းဆီးသော နယ်ထိန်းအင်ချက် ဇော်မင်းနိုင် ဖြစ်ပါသည်။
RFA မှ လက်ခံရရှိသောမေးလ်မှဖြစ်ပါတယ်..

1 comment:

  1. ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ပေါ်ရေး ဦးဆောင်သူ ကိုကျော်ဆွေရဲ့ ဇနီးမမိခေးကို မင်းခယောက်ကျား ရဲတပ်ကြပ်ကြီး တစ်ဦးမှ ဆောင့်တွန်းပုံကို တွေရတယ် သူကဘာရလို့ အဲဒီလောက်တက်ကြွနေတာလဲ သိချင်တယ်များ မရားလုပ်တာ မှန်ရင် တူသောအကျိုးပေးမှာ ရဲသားကြီးသိစေချင်တယ်။ မင်တစ်ဘ၀လုံး ဘာအမှားမှ မလုပ်ဘဲ နေသွားနိုင်ရင်တော့ ကောင်းတာပေါ့။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.