Saturday, October 27, 2012

0 ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)ဦးသန်းထိုက်နှင့် အဖွဲ့ဘုန်းတော်ကြီးများသီတင်းသုံးရာ ကျောင်းတိုက်အတွင်းမူးရစ်ရမ်းကားနေခြင်းတိုင်ကြားစာ

၂၂.၁၀.၂၀၁၂ နေ့ည(၉း၀၀)နာရီခန့်မှ (၁၁း၀၀)အထိ ကျောင်းပေါက်ဝဘုံဆွမ်းသိမ်းပွဲတွင်မဏ္ဍပ်ရှေ့တွင် မူးရစ်ရမ်းကားဆဲဆိုခြင်း ၎င်းဦးသန်းထိုက် နှင့်အပေါင်းအပါ (၆)ဦးမှ ထပ်မံပြုလုပ်ခဲ့ကြပါတယ်..

။၁။ဦးကျော်သောင်း(စစ်ထွက်)
၂။ဦးတင်အေး(လယ်သမား)
၃။ဦးသိန်းဦး(ဈေးရောင်း)
၎။ဦးဆန်းဦး(ရပ်ကွက်/စည်းမှူး)
၅။ဦးအေးထွန်း(ပန်းထိန်)
၆။ဦးကျော်ထွန်း(အလုပ်မရှိ) တို့ဖြစ်ကြပါသည်။ အသေးစိတ်သိရှိလိုပါက။ ဦးတေဇသိရိ(09401576592) သို့မေးမြန်းနိုင်ပါသည်။

ပေးပို့သူ.. နတ်သျှင်နောင်

0 အခြေခံဥပဒေကို ဖောက်ဖျက်လျှင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်သင့်သည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (National Democratic Party for Development) မှ ၂၅-၁ဝ-၂ဝ၁၂ နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် အကြောင်းပြချက် သက်သေ အထောက်အထား မရှိဘဲ စွပ်စွဲ ရေးသားထားသည်များကို အောက်ပါအတိုင်း တွေ့ရှိ သတိပြုမိပါသည်။

(၁) ရခိုင်တိုင်းရင်းသားတို့ကို အစွန်းရောက် ရခိုင်လူမျိုးဟု စွပ်စွဲရုံမက “ဒေသခံ အစ္စလမ်ဘာသာဝင်” ဆိုသော စကားလုံးကို တရားမဝင် သုံးစွဲ ရေးသားလာခြင်း။
(၂) ရခိုင်တို့က အစ္စလမ်ဘာသာဝင်တို့၏ နေအိမ်များကို မီးရှို့၊ လူသတ်၊ လုယက်သည်ဟု တဖက်သပ် ရေးသားလာခြင်း။
(၃) လုံခြုံရေးနှင့် ဥပဒေ ထိန်းသိမ်းဖို့ တာဝန်ယူထားသူတို့က အခင်းဖြစ်ပွားရာဒေသများရှိ အစ္စလမ် ဘာသာဝင်တို့ကို အကာအကွယ် မပေးဟု ရေးသားလာခြင်း။
(၄) ကယ်ဆယ်ရေးပစ္စည်းများကို အစွန်းရောက် ရခိုင်တို့က လုယူနေခြင်းကြောင့် အစ္စလမ်ဘာသာဝင်တို့အား အစာရေစာဖြတ်ပြီး သေစေရန် ရည်ရွယ်သည်ဟု ရေးထားခြင်း။
(၅) ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခသတင်းများကို ပြည်တွင်းမီဒီယာတချို့ကဘက်လိုက် ရေးသားသည်ဟု ဖော်ပြခြင်း။
(၆) လူမျိုးတုန်း သတ်ဖြတ်မှုဆီကို ဦးတည်လာနေသည်ဟု ရေးထာခြင်း။
(၇) အနိုင်ကျင့်မှုများ ရှိသည်ဟု ရေးထားခြင်း။
အထက်ပါအချက်များသည် မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကို ပိုမို ဖြစ်ပေါ်စေပြီး

0 တရားရုံးများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး မေးခွန်းမေးမြန်း

တရားရုံးအဆင့်ဆင့်၏ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်ထားသည်ကို သိရှိလို ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒီပဲယင်းမဲဆန္ဒနယ် မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုးညွှန့်က မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က တရားရုံးအဆင့်ဆင့်တွင် မရိုးသားမှုများ ခေတ်စားနေ ကြောင်း မြေပြင်သတင်းများအရ ကြားသိရကြောင်း ပြောဆိုချက်မှာ တရားရုံးအားလုံးကို ရိုးသားမှုမရှိဘဲ အဂတိလိုက်စားနေသည်ပာု ထင်ယောင်ထင်မှား ဖြစ်စေပါကြောင်း၊ မြေပြင်သတင်းများအရ ကြားသိရသည်ဆိုသည်မှာ တစ်ဆင့်ကြားသတင်းဖြစ်သည့်အတွက် တစ်ထစ်ချမှန်ကန်သည့် သတင်းပာု

0 တူရကီတပ်မတော်လေယာဉ်ကြီးနှစ်စီးက ရန်ကုန်ကို လာရခြင်းအကြောင်းသမ္မတရုံး ညွှန်ကြားရေးမှူးမှ အသိပေးထုတ်ပြန်


ဓာတ်ပုံ- ဥက္ကာကိုကို တူရကီနိုင်ငံမှ ရောက်ရှိလာသော စစ်လေယာဉ်(၂)စီး ကိစ္စမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဤလေယာဉ်(၂)စီးမှာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ပေးမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများသာ သယ်ဆောင်လာသော C-130 လေယာဉ်များ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးပေါ်တွင် ပါရှိသော ပစ္စည်းများ အားလုံးမှာ စားသောက်ကုန်များသာ ဖြစ်ပါသည်။ ယင်းလေယာဉ်(၂)စီးမှာ ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပါသည်။

(၂) ယနေ့(၂၆-၁၀-၂၀၁၂ရက်နေ့)တွင် ယင်းစားသောက်ကုန်များကို စစ်တွေသို့ မြန်မာ့လေကြောင်းမှ Charter Flight များဖြင့် ပို့ဆောင်ပေးလျက် ရှိပါသည်။ မြန်မာ့လေကြောင်း လေယာဉ်ဖြင့် (၃)ခေါက် အနည်းဆုံး သယ်ယူပို့ဆောင်ပေးရမည်ဟု ခန့်မှန်းထားပါသည်။

(၃) ယင်းစားသောက်ကုန်များကို ရခိုင်ပြည်နယ်အစိုးရလက်ဝယ်သို့သာ လွှဲပြောင်းပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက တာဝန်ယူ၍ ဒုက္ခသည်များ လက်ဝယ်အရောက် ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

    - Candy                2280 Boxes
    - Food                    960  Parcels
    - Biscuit              11000  Bags
    - Slipper                  500 Boxes
    - Clothing              1000 Packages
    - Toy                      500  Boxes

(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။

(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။
မှူးဇော်၏ Facebook စာမျက်နှာပါ ဖော်ပြချက်ဖြစ်ပါတယ်။ "မှူးဇော်" ခေါ် ဦးဇော်ဌေးသည် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။

0 ကိုယ်ချင်းစာစိတ်ထား လူသားများ

ကိုယ်ချင်းစာစိတ်ထား လူသားများ
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၁၂းဝဝ) နာရီအချိန်၌ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်၌ ဒဏ်ရာရရှိသူ (၃) ဦးမှ ဒဏ်ရာပြင်းထန်သူတစ်ဦးအား စစ်တွေဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဋ္ဌာနသို့ လွှဲပြောင်းကုသရန်အတွက် “ရခိုင်သဟာရ” နာရေးကူညီမှုအသင်း၏ ဒု-ဥက္ကဋ္ဌ ဦးမြင့်ကျော်မှဆက်သွယ်အကူအညီ တောင်းခံခဲ့၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူနာတင်ယာဉ်နှင့်အတူ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ခံ ဦးဖြိုးကိုကို၊ ရှေးဦးသူနာပြုစုနည်း သင်တန်းသား (၄) ဦးတို့သည် ၂၄.၁ဝ.၂ဝ၁၂ ရက်နေ့ ညနေ (၃း၂၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာရလူနာအား လေယာဉ်ပေါ်မှ လူနာတင်ယာဉ်ပေါ်သို့ ရွေ့ပြောင်းတင်ဆောင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ အလျင်မြန်ဆုံး ပို့ဆောင်ကူညီပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါပို့ဆောင်ခဲ့သူ လူနာရှင်၏ သမီးဖြစ်သူ မမို့မို့ခင်မှ “မြောက်ဦးအပိုင်မှာ အိမ်ခြေ (၈ဝဝ) ရှိတယ်။ ပူရိန်ရွာမှာတော့ ဘင်္ဂါလီတွေနဲ့ ရခိုင်လူမျိုးတွေ စုပေါင်းပြီးနေပေမယ့် ဘင်္ဂါလီတွေ များတယ်။ ၂၂.၁ဝ.၂ဝ၁၂ နံနက် (၁၂းဝဝ) နာရီလောက်မှာ ကျေးရွာမှာ ဘင်္ဂါလီတွေနဲ့ ရခိုင်တွေ ပဋိပက္ခဖြစ် တယ်။ ကျေးရွာမှာရှိတဲ့ ရခိုင်တွေက မြောက်ဦးက ရခိုင်တွေကို အကူအညီတောင်းတော့ အဲဒီမှာ အဖေနဲ့ ရခိုင် အချို့က ပူရိန်ရွာအတွက် မြောက်ဦးကသွားပြီး ကူညီပေးကြတယ်။ ပဋိပက္ခဖြစ်သွားတဲ့ နေရာကို သမီးတို့ မြောက်ဦးကရွာသားတွေရောက်တော့ ရခိုင်တွေတော်တော်များများ ဒဏ်ရာတွေနဲ့ ပြီးတော့ ရခိုင်လူမျိုး (၃) ယောက်လောက် သေနေတယ်ပေါ့။ အဖေကလည်း လူစုကွဲပြီးတော့ ကျန်ခဲ့တဲ့အချိန်မှာ ဘင်္ဂါလီ လူငယ် တစ်ယောက်ကနေပြီးတော့ အဖေကို ရခိုင်လူမျိုးထင်ပြီး စကားပြောနေကြရင်း အဲဒီလူငယ်ကနေပြီးတော့ အဖေကို အချွန်တစ်ချောင်းနဲ့ လက်ပြင်ရိုးနားက ကြွက်သားပေါ်ကိုထိုးပြီး ထွက်ပြေးသွားတယ်။ အဲဒီမှာ အဖေလည်း ရေမြောင်းထဲကို ထိုးကျပြီးတော့ ကျန်ခဲ့တာပဲ။
အနောက်ကနေလိုက်သွားတဲ့ မြောက်ဦးကလူတွေရောက်တော့အဖေကို ရေမြောင်းထဲမှာတွေ့လို့ မြောက်ဦးဆေးရုံကို ပို့လိုက်ကြတယ်။ အဖေ့က အဲဒီ ဒဏ်ရာနဲ့ အာရုံကြောထိပြီးတော့ ခါးအောက်ပိုင်း လှုပ်လို့မရဖြစ်ပြီး အရေးပေါ်လူနာအနေနဲ့ စစ်တွေဆေးရုံ ကနေပြီးတော့ အခုလို ရန်ကုန်ဆေးရုံကို လွှဲပြောင်းပေးခံခဲ့တာပဲ။ အခုလိုကူညီတဲ့အတွက် အကိုတို့ နာရေး အသင်းကိုလည်း ကျေးဇူးတင်ပါတယ်” ပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ဗြဟ္မစိုရ်တရား လေးပါးကို အခြေခံ၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ လူသားများဟူသောအမြင်ဖြင့် ဒုက္ခရောက် နေသူများအား အကူအညီပေးဆောင်နေသည့် အသင်းအဖွဲ့တစ်ခုအနေဖြင့် အထက်ပါဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားစွာ ကူညီပေးဆပ်လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Friday, October 26, 2012

0 လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ်

ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးစဉ်ကို နောက်ပြန်လှည့်သွားမှာတကယ်ကိုပဲ စိုးရိမ်ကြတယ်ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များဆိုတဲ့ အခန်း (၁၁) ကိုတော့ နည်းနည်းဖြစ်ဖြစ် လေ့လာကြည့်ကြစေချင်ပါတယ် ...။

ပုဒ်မ ၄၁၂၊ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန်လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို

0 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားသောတရားဥပဒေစိုးမိုးရေးကော်မတီက လက်ရှိဖြစ်ပေါ်နေသောရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ အရေးကြီး အဆိုတင်သွင်း

တရားဥပဒေစိုးမိုးရေးကော်မတီက လက်ရှိဖြစ်ပေါ်နေသောရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ လုံခြုံရေး အင်အား တိုးမြင့်ရန်နှင့် အဆင့်တိုးမြှင့်ရန်နှင့်ဥပဒေ ချိုးဖောက်ခြင်းနှင့်အခြေခံလူ့အခွင့်အရေး ချိုး ဖောက်ခြင်း တို့ကို တရားဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစေရန် အမြန်ဆုံး စီစဉ်ဆုံးဖြတ်ပေးရန် ပြည်ထောင်စု အစိုး ရသို့တိုက်တွန်းကြောင်းအဆိုအား ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေး ကြီး အဆိုအဖြစ်တင်သွင်းဆွေးနွေး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်းအရေးကြီး အဆိုမှာ ဒေါ်အောင်ဆန်းစုကြည်ကော် မတီဥက္ကဌ အဖြစ်ဆောင် ရွက်နေသော တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေး မှုကော်မတီ ကိုယ် စား အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်ဦးမန်းမောင်မောင်ဉာဏ်မှ တင် သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုမှာ ''တရားဥပဒေ စိုးမိုးမှုနှင့်တည်ငြိမ်းအေးချမ်းမှု သည် လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် တရားဥပ ဒေ စိုးမိုးမှုနှင့် တည်ငြိမ်းအေး ချမ်းမှုကို ဥပဒေအရလေ့လာသုံးသပ်ဆောင်ရွက်ရ မည်ဖြစ်သည်ဟု သက်မှတ်ထား ကြောင်း၊ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ပေါက်နေ သော ပဋိပက္ခများကြောင့် အသက် ဆုံးရှုံး ခြင်း၊ထိခိုက်ဒဏ်ရာရခြင်း၊ အိမ်များမီး လောင်ဆုံးရှုံခြင်းများဖြစ်ပေါ်လျှက်ရှိသည် ကို သိရှိ ကြပြီးဖြစ် မည်ဖြစ်ကြောင်း၊မြော က်ဦးမြို့နယ်တွင် လုံခြုံရေးတာဝန်ရှိသူများ ပင်ကျဆုံးနေသည်ကို ကြား သိရကြောင်း၊ ကျောက်ဖြူမြို့နယ်တွင် တစ်ဘက်နှင့်တစ် ဘက်အပြန်အလှန်မီးရှို့ခြင်းကြောင့် ထိ ခိုက် ဒဏ်ရာ ရရှိခြင်းဖြစ်ပေါ်နေကြောင်း၊ မြောက်ဦးမြို့နယ်တွင်ရဟန်းသံဃာနှင့်ရပ် မိရပ်ဖိများ ၏ညှိုနှိုင်း စေ့စပ်မှုကြောင့် တချို့ မှာ ပြန်လည်တည်ငြိမ်မှု ရရှိလာကြောင်း၊ ထို့ပြင်ပဋိပက္ခများ ဆက်လက်ဖြစ် ပေါ်နိုင် သည့်အခြေအနေများ ကို သုံးသပ်တွေ့ရှိ နေရသည့်အတွက် တရားဥပဒေ စိုးမိုးမှု နှင့်တည်ငြိမ်းအေးချမ်း မှုရရှိစေရေးအတွက် ဖြစ်နိုင်ချေရှိသည့် မြို့နယ်များတွင် လုံခြုံ ရေးလိုအပ်ချက် အရ တပ်ဖွဲ့ဖြည့်တင်းခြင်း၊ အသစ်တိုးမြှင့်ခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရန်နှင့်ဥပဒေချိုးဖောက် မှု၊ အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ပွင့်လင်းမြင သာ၍ အမြန် ဆုံးစီစဉ်ဆုံးဖြတ် ဆောင်ရွက်ပေး ရန် ပြည်ထောင်စုအစိုးရ သို့တိုက်တွန်း ကြောင်း'' ပြည်သူ့ လွှတ်တော် သို့ တင်သွင်းခဲ့သည်။

အဆိုပါအရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်က လက်ခံသဘောတူ သည့်အတွက် ယနေ့အစည်း အဝေး၌ပင် အဆိုပါအဆိုနှင့် ပတ်သက်၍လွှတ်တော်က လက်ခံဆွေးနွေး လျှက် ရှိကြောင်းသိရ သည်။

Yangon Media Group

0 ပန်းရဲ့လမ်းကွန်ရက်မှ ကိုနေမျိုးဇင်၏ UN ၀င်းအတွင်း ဖျော်ဖြေသော အောင်ဆန်းစိတ်ဓါတ် သီချင်း(၂၅-၁၀-၂၀၁၂ )(ရုပ်/သံ)

UN ရုံးမှာ တွေ့ရတဲ့ ပန်းရဲ့လမ်း ကွန်ရက်က ကဗျာဆရာ ကိုစောဝေ ။ ၂၅-၁၀-၂၀၁၂ ။

1 မြို.တော်ရန်ကုန် ..ကို..တခြားနိုင်ငံတကာမြို.တော်ကြီးများကဲ.သို. ..တိုးတက်စေချင်ပါသည် …

ငယ်စဉ်ကမြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် .. …မြန်မာ.အသံကနေ အကျိုးပြုသီချင်းလေးတပုဒ် နေ..စဉ်ကြားဘူးသည် .
ယာဉ်အန္တရာယ် စုပေါင်းကာကွယ်ပါမည် ..လမ်းစည်းကမ်းကိုလိုက်နာဖို.လိုပါသည် .. ယာဉ်စည်းကမ်း ကိုလိုက်နာဖို. လိုပါသည် ..ကျနော်တို.လည်းတာဝန်ရှိပါသည် ..၀ိုင်းဝန်းကာကူညီ …ကျမတို.လည်းတာဝန်ရှိပါသည် ..၀ိုင်းဝန်းကာကူညီ …မြို.တော်သာယာရေးအတွက်ဆောင်ရွက်နေပါသည် …" သီချင်းလေးအတော်ကောင်းသည် …ရည်ရွယ်ချက်လည်း ကောင်းသည် ….သံစဉ်လေးလည်းကောင်းသည် ယနေ.ချိန်ခါ..လက်တွေ.ကြုံတွေ.နေရသည်ကတော….သီချင်းနှင့်တခြားစီပါ ….

မြန်မာနိုင်ငံပြင်ပမှာနေစဉ်က ..ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ..မော်တော်ယာဉ်တွေ ဖုန်းတွေ ဈေးကျအောင်လုပ်နိုင်ပြီ လို. ..ဂုဏ်ယူဝံ့ကြွားတာဖတ်ဘူးခဲ.သည် ..

မော်တော်ယာဉ်တွေ အဆမတန်များပြားလာခဲ.လျှင် ..ရန်ကုန်မြို.တော် ရဲ.လမ်းမကြီးတွေပေါ်မှာ ..ယာဉ်ကြောပိတ်ဆို.မှု.ဒါဏ် ခံရမယ်. .ခရီးသွား.ပြည်သူတွေ ဒုက္ခ ကိုတော.သူ စဉ်းစားတွေးတော မိခဲ.မည်မဟုတ် …ရန်ကုန်မြို.မှာ ..လူဦးရေ ၆ သန်း ရှိသည် ..တနိုင်ငံ လုံး ရဲ. ၁၀ ပုံ တပုံနေထိုင်နေသည် ..ကိုယ်ပိုင်ကားစီးနိုင်သူဦးရေ မည်မျှ ရှိမည်နည်း ..လူနည်းစုသာကိုယ်ပိုင်ကားစီးနိုင်သည် ..ရန်ကုန်လူဦးရေ ၏ အများစုသန်းပေါင်းများစွာသည် နေ.တဒူဝ ခရီးသည်တင်မော်တော်ယာဉ် လိုင်းကား တိုးစီးနေရသည် … ဖတ်မိဘူးသော ..မှတ်တမ်းများအရ နေ.စဉ် ..လူနှစ်သန်းကျော် ဘတ်စ်ကား တိုးစီးနေရသည် ..

ဦးစိုးသိမ်း တို.လို အစိုးရ အဖွဲ. ပြည်ထောင်စု ၀န်ကြီးတယောက်လောက် ကို …ရန်ကုန်မြို. ..မြို.ထဲမှ လှိုင်သာယာ သွားတဲ. လိုင်းကား ..မြို.ထဲမှ တောင်ဒဂုံ ပြန်တဲ.လိုင်းကား ..မြို.ထဲမှ ရွှေပြည်သာပြန်တဲ.လိုင်းကား ..တခါလောက်စီးကြည်.စေချင်သည် .. ကားလမ်းပိတ်ဆို.မှု. ယာဉ်ကြောပိတ်ဆို.မှု.ဒါဏ်ကြောင်. ..အောက်ခြေ လူတန်းစား ဘတ်စ်ကားစီး ခရီးသည်တွေ မည်မျှ ဒုက© ရောက်နေသလဲ .. သိစေချင်သည် …ကိုယ်ပိုင်ကားလေးတွေ နဲ.သွားလာပြီး ..အဆင်ပြေနေတယ် မပြောကြပါနဲ. ..ဘတ်စ် ကားစီး အောက်ခြေ လူတန်းစား ..အခြေ အနေကိုလေ.လာစေချင်ပါတယ် ..

မကြာခင်က ရန်ကုန် ပြန်ရောက်တော. ရန်ကုန်မြို. ..လမ်းမပေါ် နေရာအနှံ. ..ဘတ်စ်ကား ..ကိုယ်ပိုင်ယာဉ် တကúစီ ..ကားအစုံဖြင်. .ရန်ကုန်လမ်းများစွာကို ..သွားလာ ကြည်.သည် .. နိုင်ငံခြားမှာ ..၁၁နှစ်တိတိ နေလာသော ကျနော် ရန်ကုန်ပြန်ရောက်တော...ရန်ကုန်မြို. .လမ်းမပေါ် ကားစီးလျှင်....မျက်စိ မှိတ်ပြီး ကားစီးနေရသည် ..မယုံမရှိပါနှင်. …အမှန်ပါ ..အလွန်ကြောက်စရာကောင်းသော အလွန်အနÅရယ်များသော..မော်တော်ယာဉ်မောင်းနှင်မှု. နှင်.လမ်းအသုံပြုမှု.စည်းကမ်း..လုံးဝ လိုက်နာမှု.မရှိသော..လမ်းဖြတ်ကူးသူများကြောင်. ..ကားစီးရသည်မှရင်တမမ …သည်းထိတ်ရင်ဖို နိုင်လှသည် …ရန်ကုန်မှာကားတွေ ကလည်း ..ကြုံသလိုမောင်းနှင်နေကြသည် ….လမ်းအသုံးပြုသူကြုံသလို ..လမ်းဖြတ်ကူးနေကြသည် ..ယာဉ်စည်းကမ်းလမ်းစည်းကမ်း ..လိုက်နာမှု. လုံးဝ မရှိ ..ကိုယ်ဖြစ်ကိုယ်ခံ သဘောမျိုး ..နဲ...မော်တော်ယာဉ်နှင်. လမ်းကို အသုံပြုနေကြသည် ..အဆင်ပြေသလို ..ဖြတ်သန်းကျင်လည် နေသော ..ဘ၀တွေ …ယာဉ်စည်းကမ်းလမ်းစည်းဆိုသည်မှာ ..မရှိ ..

ကျနော်နိင်ငံခြားမှာရှိနေစဉ် ..အီလဲဗင်းသတင်းတပုဒ် …ရန်ကုန်ကမ်းနားလမ်းမှာ ..ကွန်တိန်နာကားတိုက်ခံ ရလို. …ပေါင်ပြတ်ပြီး ..သေသွားတဲ.သတင်းဓါတ်ပုံနဲ.တကွ ..သတင်းဖတ်ရတော. ..တော်တော် ကြောက်လန်.သွားခဲ.ဘူးသည် ..တော်တော် ဆိုးတဲ. ..မော်တော် ယာဉ် ယာဉ်မောင်းပေါ. ..ဝေဖန်ခဲ.ဘူးသည် ..ခုချိန်မှာ ၇န်ကုန်ရောက်တော. ..မော်တော်ယာဉ်တွေ ..ယာဉ်မောင်းတွေ ကြီးပဲ အပြစ်တင်လို. …မရပဲ ..လမ်းဖြတ်ကူးသူတွေ..လမ်းပေါ်မှာသွားလာနေသူတွေ ပါ အားနည်းချက် ..များစွာ ရှိနေတာမျက်မြင်ကိုယ်တွေ. .တွေ.ရသည်

.. တန်၂၀ ..လေးသော ကွန်တိန်နာတစီး ..အရှိန်ဖြင်.မောင်နှင် လာစဉ် ..ဘရိတ်အုပ်ကြည်.ပါ ..အနည်းဆုံး ..ပေ ၃၀ ခန်. လေးဘီးလုံး ..ရပ်လျှက် တရွတ်တိုက် ပါသွားပြီး မှ ကားရပ်သွားမည် …ရန်ကုန်မှာ ..မော်တော်ယာဉ်ရှေ.မှ …ကားလမ်းဖြတ်ကူးနေသည်မှာ ..၅ပေ မကွာ အနေအထား ..ဘရိတ် ..ဖမ်း၇န်မည်သို.မျှ အချိန်မရ ..ဘရိတ်ဖမ်းလျှင်လဲ ..လူကိုတိုက်မိပြီးမှ ရပ်မည် ..ထို.ကြောင်. ..ကားလမ်းကူးသူမှ စိတ်ချရအောင်စောင်.ပြီးမှ လမ်းကူးသင်.သည် ..ကား၏ ဘရိတ်ကို အားကိုးပြီး ..ကားအရှိလျှော.မှာပဲ ဆိုပြီး ..လမ်းဖြတ်ကူးလျှင် ..ဘယ်လိုမှ စိတ်ချမရ ..တိုက်မိမည်သာလျှင်ဖြစ်သည် ..

တနာ၇ီ ..မိုင် ၃၀ ခန်.မောင်နင်လာသော ..ကွန်တိန်နာတင်မော်တော်ယာဉ် တစီးရှေ.မှ ..ရုတ်တရက် လမ်းဖြတ်ကူးလို. ယာဉ်တိုက်မှု. ဖြစ်လျှင် ..မောင်းသူ အပြစ် လား ..မိုက်ရူးရဲ .ဆန်စွာ လမ်းဖြတ်ကူးတဲ.သူအပြစ်လား ….ယာဉ်မောင်းသူမှာ ဒက်စတော. ဘရိတ်နင်းမည်ဆိုလျှင်တောင် ..အနည်းဆုံး ပေ ၃၀ ..လောက်မှာရပ်မည် ..သေချာပေါက်တိုက်မိ နိင်ပါသည် …

ရန်ကုန်လမ်းအားလုံးကို ..စိတ်ချလက်ချ လမ်းကူးနိုင်အောင် …အနÅmရယ်ကင်းရှင်းစွာလမ်းဖြတ်ကူးနိုင်အောင် စီမံ သင်.သည် … နိုင်ငံခြားနေစဉ် မီးပွှိုင်. မီးနီတာ ..သတိထားမိသည် ..ကြုံသလို မီးမနီ .. လမ်းတလျှောက် ..မီးပွှိုင်.အကုန် တောက်လျှောက် မီးနီသွားသည် …ပြီးတော. .အကုန် ပြန်စိမ်းသွားသည် ..မီးပွှိုင်.များမီးနီ နေလျှင် လမ်းဖြတ်ကူး …ကြ၇န် လမ်းကူးသူကိုမီးစိမ်း ပေးသည် …..လမ်းတလျှောက် ..မီးပွှိုင်.အားလုံး မီးနီနေလို. ..ယာဉ်အားလုံး ရပ်နားနေလျှင်. လမ်းကူးသူ စိတ်ချလက်ချ လမ်းကူးနိုင်ရန် အချိန်ရမည် …အနÅmရယ်ကင်းမည် သာလျှင်ဖြစ်သည်..၇န်ကုန်ယာဉ်သွားလာမှု.တာဝန်ရှိသူများ ..ယာဉ်ထိမ်းများ …ရန်ကုန်မြို.တော်စည်ပင်မှ ..တာဝန်ရှိသူများ .. အဆိုပါ စနစ်များ စနစ်တကျဖြစ်ရန် ..နိုင်ငံခြားတိုင်းပြည်များကိုလေ.လာ သင်.သည် လမ်းအသုံးပြုသူအားလုံး ကလည်း ..စည်းကမ်းလိုက်နာမှ အန္တရာယ် ကင်းမည် …

လမ်းစည်းကမ်း…မလိုက်နာခြင်းက.ရန်ကုန်ယာဉ်ကြောပိတ်ဆို .မှု. ..၏ ..အဓိက အကြောင်း အရင်း များစွာထဲကတခုဖြစ်သည် မော်တော်ယာဉ်များ ..စည်းမဲ.ကမ်းမဲ. မောင်းနှင်ခြင်း …မော်တော်ယာဉ်များဆိုရာတွင် ..ခရီးသည်တင် ရော ကိုယ်ပိုင်ယာဉ်များပါ..အပါ အ၀င်ဖြစ်သည် ..ခရီးသည် တင်ယာဉ်များ …ကြုံသလိုမောင်းနှင်သည် …ကြုံသလို ရပ်သည် ..ကြုံသလို ခရီးသည် အတင်အချ လုပ်သည်..ခရီးသည်တင်ယာဉ်များ ..မီးပွှင်.တွင်..ပွှိုင်.မိနေပါက ..တဖက်ယာဉ်ကြောမှ ဖြတ်ဝင်ကျော်တက်ပြီး ..ပီးပွှိုင်.နေရာလု ကျော်တက်သည် ..ဖြတ်ဝင်သည်
…မိမိယာဉ်ကြောမှားယွင်းသောနေရာမှ မီးပွှိုင်.ကိုချဉ်းကပ်ပြီး ..တစီးလောက်တစီးလောက် ..ခွင်.တောင်းပြီး .ယာဉ်ကြောလုသည် …အဆိုပါ ..ယာဉ်ကြောလုမောင်းနှင်ခြင်းကြောင်. ..ယာဉ်တိုက်မှု. မကြာခန ဖြစ်သည် …ကိုနေ.စဉ် မြင်တွေ.နေရသည်။ ရှေ့တစီး မီးပွှိုင်.မိနေလျှင် ..စည်းကမ်းလိုက်နာပြီး ..ယာဉ်ကြောမလုသင်…တဖက်ယာဉ်ကြောမှ မ၀င်သင်. ..စောင်.ဆိုင်း ရမည်သာလျှင် ဖြစ်သည် .. များသောအားဖြင်. ..ခရီးသည်တင်ယာဉ်များ ..မစောင်.ဆိုင်း စိတ်မရှည် ..ဖြတ်ဝင်သည် ကျော်တက်သည် ..ယာဉ်ကြောလုသည် ..မနေ.က လှည်းတန်းမှာ ယာဉ်ကြော လုမှု.ကြောင်.ယာဉ်တိုက်မှု.ဖြစ်သည် ..ဖြတ်ဝင်သည်. ကား ..ခေါင်းကိုတိုက်မိသွား သည် ..အရှိန်ဖြင်.မောင်းလာသည်. ..ယာဉ်ကြောမှန်ကားက ..ဘရိတ်ဖမ်းလို. လွတ်နိုင်မလွတ်နိုင်မစဉ်းစားဖြတ်ဝင်ပြီးယာဉ်ကြောလုတော.တိုက်မိသွားသည် .. တပါတ်လောက်အကြာကလည်း ..မြေနီကုန်း ..ဒဂုံစန်တာရှေ.မှာ …မီးပွှိုင်.လုယင်း ..လိုင်းကားနှစ်စီး …ဆဲဆို ၇န်ဖြစ်နေကြသည် …စိတ်ကုန်စရာကောင်းလှပါသည် …မဖြစ်သင်. ..ပါ ..အနည်းငယ်စောင်.စားပြီးစိတ်ရှည်ပါက ..အန္တရာယ် ကင်းနိုင်ပါသည် …

ကားပျက်ခြင်းကြောင်းယာဉ်ကြောပိတ်ဆို.ခြင်းကိုလည်း ..မကြာခဏတွေ.နေရသည် ..ခရီးသည်တင် ..ယာဉ်ကြီး တစီး ဥပမာ ဘတ်စ်ကား ..ပျက်ပြီး လမ်းလည်ခေါင် ရပ်နေသည် ..တနာ၇ီကြာသည် ..လာမဆွဲ …လမ်းဘေးမချ ..နှစ်နာရီကြာသည် လာမဆွဲ …လမ်းဘေးမချ …ပျက်သည်.ယာဉ်က လမ်းမပေါ်မှ မချ..လမ်းဘေး မဆင်း…တွန်းမချ ..တခြားယာဉ်တစီးဖြင်. .မဆွဲ ..အချိန်အကြာကြီး ရပ်နေသည် .. ယာဉ်ကြော ၃ ခုရှိသည်.လမ်းမ ပေါ် ..လမ်းဘေး ..တက်စီတစီး ..သို.မဟုတ် ..လမ်းဘေး ရပ်နေသည်. .. ယာဉ်တစင်း ..ရှိနေသည် ပျက်နေသည်.ယာဉ်က တစီး …၃ လမ်းမောင်းလမ်း ..တလမ်းသာ အသုံးခွင်. ရှိနေလျှင် ..ဘယ်လိုမှ ..အဆင်မပြေ ယာဉ်ကြောပိတ်ဆို. မည်သာလျှင် ဖြစ်သည် ..လမ်းပေါ်ပျက်နေသည်. ယာဉ် ..လမ်းဘေး ..ချဖို. ..ပျက်နေသည်.ယာဉ် ..ယာဉ်ကြောပေါ်မှာအမြန်ဆုံးဖယ်ရှားဖို. ..မည်သူ.တာဝန် နည်း …မော်တော်ကားမောင်းနှင်သူမှာတာဝန်ရှိသလို …သက်ဆိုင်ရာယာဉ်ကြောထိမ်းသိမ်းရေး ..တာဝန်ထမ်းဆောင်သူပေါ်မှာလဲ တာဝန်ရှိသည် ..ခက်သည်က ..ယာဉ်ကြောထိမ်းသိမ်းရေးတာဝန်ထမ်းဆောင်မည်.သူ(မော်တော်ပီကယ်) …တဦးတယောက်မှ ..မမြင်တွေ.မိ ..ပါ ..ထို.ကြောင်.ပျက်နေသည်.ယာဉ် ..မကြာသင်.ပဲ လမ်းပေါ်မှာ ..ကြာနေတော. ..ယာဉ်ကြောပိတ်ဆို.မှု. ..မကြာသင်.ပဲ ကြာနေတော.သည် …မည်သူ.တာဝန်ဖြစ်မည်နည်း ..သက်ဆိုင်ရာ တာဝန်ရှိသူတွေ ..သိသင်.သည် …

ယာဉ်ကြောပိတ်ဆို.မှု. ကျဆင်းစေရန် ..အတွက် ..အကြံ ပြုလိုသည်ကတော. ..ယာဉ်ကြောပိတ်ဆို.တတ်သည်. လမ်းမကြီးများကို ..ဖြတ်ဝင်သည်. လမ်းသွယ်များကို ..ပိတ်ပစ် ရန်ပါ … ဆိုလိုသည်မှာ …ညာဖက်ယာဉ်ကြောမှာရှိနေသည်.လမ်းသွယ်ကို ..ဘယ်ဖက်ယာဉ်ကြောသို. ..ဖြတ်ဝင်မည်. ..လမ်းလည် ဖြတ်သမ်းခွင်. ပိတ်ပစ်စေချင်ပါသည် ..မောင်းနှင်ခွင်.ပြုသောယာဉ်ကြောက ၃ ခု ..လမ်းလည်မှာ …ဘယ်ညာ ကွေ.ဖို. စောင်ဆိုင်းနေတာ ..နှစ်စီး …လမ်းဘေးမှာ ..ကားတစီးစီ ရပ်နေလျှင် …လမ်းကို အသုံးနိုင်သည်မှာ …တဖက်စီ ယာဉ်ကြော တခုလျှင် တစီးသာလျှင် အသုံးပြုနိုင်တော.မည် ..၆ လမ်းသွား လမ်းတခုမှာ ..တကယ် အသုံးပြုနေနိုင်သည်. ယာဉ်ကြောမှာ ..လမ်းတဖက်တချက်လျှင် တခုသာ ရှိသည် ..ထို.ကြောင်. ယာဉ်ကြောပိတ်ဆို.မည်သာလျှင်ဖြစ်သည် …လမ်းသွယ်များမှဖြတ်ဝင်ကြောပိတ်လိုက်လျှင် ..ယာဉ်ကြောပိတ်ဆို.မှု. များစွာ သက်သာနိုင်သည် ..

လမ်းဘေးဈေးသည် များ … ရန်ကုန်မြို. လမ်းဘေးဈေးသည်များ အခြေအနေမှာ ..အလွန်ဆိုးဝါးလှသည် ..တာမွေ ..မြေနီကုန်း ..မင်္ဂလာဈေး ..ပါတ်ဝန်းကျင် ..မြို.လည် ၁၉လမ်း .အနော်ရထာလမ်း .တော်တော် များများနေရာများမှာ ..လမ်းဘေးဈေးသည် က ယာဉ်ကြော နှစ်ဖက်မှာ ..ယာဉ်ကြောတခုစီ ဈေးရောင်းဖို.နေရာယူထားသည် ..မည်သည်.အတွက်ကြောင်. အဆိုပါ ပြသနာကိုမဖြေ ရှင်းကြသနည်း ..ယာဉ်ကြောပိတ်ဆို.မှု. ဖြစ်သည် ..လမ်းဘေးဈေးသည် ..လမ်းဘေးတလမ်းစာနေရာယူဈေးရောင်းနေသည် ..မျက်စိထဲမြင်နေရသည် ..မျက်စိဖြင်.မမြင်နိုင်တာမဟုတ် ..မည်သည်.အတွက် ..မဖြေရှင်းနိုင်သနည်း ..ယာဉ်သွားလာမှု.ကြပ်တည်းသောလမ်းဆုံလမ်းခွနေရာတွေ မှာ …လမ်းဘေးဈေးရောင်းတာ လမ်းမပေါ်..ယာဉ်ကြောပိတ်ပြီးဈေးရောင်းတာ…တားမြစ်သင်. သည် ..လမ်းဆုံတွေမှာအဓိကရောင်းနေတော. ..လမ်းဆုံတွေမှာ ..ယာဉ်ကြောပိတ်ဆို.မှု.ပိုဆိုး ကုန်သည် ..မည်သူ.မှာတာဝန်ရှိသနည်း …အာဏာပိုင်တွေ အုပ်ချုပ်သူတွေမှာတာဝန်ရှိပါသည် ..မည်သည်.အတွက်ကြောင်. မလုပ်ကြသနည်း ..

ဘတ်စ်ကားမှတ်တိုင်တွေမှာ ..ဘတ်စ်ကားတွေ ..ခရီးသည် အချိန်ကြာရှည်စွာစောင်.ဆိုင်း တင်နေခြင်းသည်လည်း ယာဉ်ကြောပိတ်ဆို.မှု. ..ဖြစ်ပွားစေပါသည် ..ခရီးသည်တင်ယာဉ်များ ..ခရီ:သည် ချလျှင် ခရီးသည် တင်လျှင် ..ယာဉ်နှစ်ထပ်ရပ်သည် ..လမ်းဘေးယာဉ်ကြောမှ ခရီးသည် အတင်အချ မလုပ် လမ်းလည်ယာဉ်ကြောမှ ခရီးသည် အတင်အချ လုပ်သည် ..ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု. လုံးဝ မရှိ ..အဆင်ပြေသလို ခရီးသည် အတင်အချ လုပ်နေတော. ..ယာဉ်ကြောပိတ်ဆို.မှု. ..ဖြစ်သည် …

နောက်ယာဉ်ကြောပိတ်ဆို.မှု. ဖြစ်စေသောအကြောင်းတွေထဲက တခုကတော. ..စည်းမဲ.ကမ်းမဲ. .တကúစီ များပါ .. တက္ကစီ တွေ ခရီးသည် စောင်.သည် ...လူစည်ကားရာ ဘတ်စကားမှတ်တိုင်မှာစောင်.သည် ...ခရီးသည်တင်က တက္ကစီ လမ်းဘေးမှာရှိနေတော. ..လမ်းလည်မှာ ရပ်သည် ခရီးသည်အတင်အချ လုပ်သည် .. တဖက် ၃ လမ်းမောင်းလမ်းမ ...တလမ်းသာ အသုံးပြုခွင်. ..ရ သည် ...ယာဉ်ကြောပိတ်ဆို.မည် သာလျှင်ဖြစ်သည် .. ခရီးသည် စောင်.ဆိုင်းခြင်းကြောင်.စည်းကမ်းမဲ. တကúစီ များ ..အရေးယူသင်.သည် ...ကြပ်မတ် သင်.သည် ..

သတင်းတပုဒ် ဖတ်လိုက်ရသည် ..ရန်ကုန်မှာ ဂုံးကျော်တံတားတည်ဆောက်ရေး တွေ လုပ်မယ် ..လို. သတင်းတွေ ထွက်ပေါ် စဉ် …တာမွေ ဂုံးကျော်တံတား တည်ဆောက်ရန် မလို …လမ်းချဲ.ထွင် လိုက်လျှင် ယာဉ်ကြော ပိတ်ဆို.မှု. ပြေလည်သွားမည် ဆိုသည် ..တာမွေ ..အ၀ိုင်း လမ်း ၅ ဂွ ဆုံ ဖြတ်သန်းကြည်.ပါ ..တာမွေဗလီလမ်းဆုံ ..မင်္ဂလာဈေးလမ်းဆုံ..ပါရမီလမ်းဆုံပြည်လမ်း..မြေနီဂုံးလမ်းဆုံ..တမေ.တမောလမ်းပိတ်ဆို.နေပါသည် မီးပွိုင်.မီးနီ.၂ကြိမ် ၃ ကြိမ်ပြန်မိ သည် ....ရန်ကုန်မှာလမ်းဆုံလမ်းဂွတွေ အကုန်လုံးနီးပါး ..ဂုံးကျော်တံတားတည်ဆောက်ဖို.လိုအပ်နေပါသည် ..ငွေကြေးမတတ်နိုင်လို. ..ဦးစားပေး စီမံကိန်းတခုမှ နောက်ဆုတ်ထားပါသည် ..လို.၀န်ခံ ခဲ.လျှင်လက်ခံပါသည် ..တည်ဆောက်ရန်မလို ဆိုသည်ကိုတော. ..လက်မခံနိုင် ..ဖြစ်နိုင်လျှင် လမ်းဂွဆုံ အားလုံး ..ဂုံးကျော်တံတားထိုးသင်.နေပြီ ...နောက်တိုးလာမည်. မော်တော်ယာဉ် စီးရေ တွက်ချက်ပြီး ..ရန်ကုန်မှာ ..လမ်းဆုံလမ်းဂွတွေ အားလုံးဂုံးကျော်တံတား ..တည်ဆောက်ဖို. စီမံ ကိန်းချသင်.သည် ..

ကားစီးရေ တိုးတက်မှု.ကိုရပ်တန်.အောင် ကားပါမစ်ပိတ် ရန် အကြံ ပြုသူများလည်း ရှိသည် ..သို.သော် ..သတိပြုစေလိုသည် ..ကမ္ဘာ ပေါ်မှာ ...သို.မဟုတ် ..အာရှမှာ ..သို.မဟုတ် အရှေ.တောင်အာရှမှာ ..လူဦးရေ အချိုးအစားနှင်. .တဦးခြင်းကားပိုင်ဆိုင်မှု.ခုချိန်ထိ မြန်မာပြည်ဟာ အနည်းဆုံး ပါ ..ကားစီးရေ တိုးတက်မှု. က ပုံမှန်ဖြစ်နေတာပါ ..ပုံမှန်ဖြစ်နေမှာပါ ..ရန်ကုန်မြို.တော်ရဲ.မော်တော်ကားလမ်းတည်ဆောက်သူေ တွ စနစ် မကျခဲ.ခြင်းနဲ. ..လမ်းအသုံးပြုသူတွေ စည်းကမ်းမရှိခြင်းကြောင်.ပါ ..လွန်ခဲ.သော ၁၀ စုနှစ် တခုလောက်ထဲက ကားပါကင်စနစ်တကျ ထားရှိပေးဖို.ကိစö လမ်းချဲ.ထွင် ဖို. မြေနေရာလုံလုံ လောက်လောက် ထားပေးရန်ကိစ္စ..တွေ ကြိုတင်ဖြေရှင်းသင်.သည် ...ခုချိန်မှတော. ..တိုက်တွေ ဖြိုပြစ်မှ လမ်းချဲ.လို.ရတော.မည် ...
ရန်ကုန်မြို.လမ်းတွေကို ...နှစ်ပေါင်းများစွာ စွန်ပစ်ထားခဲ.ခြင်းကြောင်.ခုလို..ပြသနာကြုံတွေ.နေရတာ ပါ ..
ရန်ကုန်မြို.မှာ …မြို.ပြင် ပါတ်လမ်း …အမြန်လမ်းမ ကြီးတွေ ရှိစေချင်သည် ..တည်ဆောက် သင်.သည် .ဆိုးလ်မှာတော.မြို.ပါတ် အမြန်လမ်းမကြီးတွေ အတော်လေးကောင်းမွန်စွာတည်ဆောက်ထားတာ ဖြတ်သမ်းသွားလာဘူးသည် ..ဥပမာ..လှိုင်သာယာမှ ..မြောက်ဒဂုံသွားမည်. ကား…မြို.ထဲ ..သမိုင်းလမ်းစုံ အင်းစိန် မဖြတ်ပဲ ..မြို.ပြင်မှ ပါတ်သွားနိုင်မည်. .ဒညင်းကုန်း လောက်မှ ကား သန်လျှင် သွားလျှင် ..မြို.တွင်းမ၀င် မြို.ပြင်မှ ပါတ်သွားနိုင်မည်..မြို.ပါတ် အမြန်လမ်းမ ကြီးတွေ ..တည်ဆောက်သင်. ပါသည် .မြို.ပြင်ဆိုတော. ..လမ်းတည်ဆောက်၇န်မြေနေရာအတွက် ပူပန်စရာမလို ..ရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးလိုမျိုး .ရန်ကုန်မြို.ပါတ်အမြန်လမ်းမကြီးတခုတည်ဆောက်သင်.ပါသည် ...သို.မှ သာ မြို.တွင်းဝင်သောကားနည်းပါးပြီးမြို.ထဲလမ်းမ များယာဉ်ကြောပိတ်ဆို.မှု.သက်သာမည် ....

နောက်ဆုံး အကြံပြုလိုတာကတော. ..ရန်ကုန်မြို.မှာ ..မဖြစ်မနေ ..SubWay လိုအပ်နေပြီ ဆိုတာပါပဲ ..မြို.ပါတ်ရထားလမ်း လိုအပ်နေပါပြီ ..မိုးပျံရထားလမ်း ..ဖေါက်မလား ..မြေအောက်ဖေါက်မလား .. SubWay ရထားလမ်း လိုအပ်နေပါပြီ …အမြန်ဆုံး ..တည်ဆောက်နိုင်ရန်အကောင်အထည်ဖေါ်သင်.ပြီ ..ရထားတစီးတင်ဆောင်နိုင်တဲ. ပမာဏ နဲ.ကားတစီး တင်ဆောင်နိုင်ပမာဏ ..မတူညီပါ ..ကားတစီး ..လူ၅၀ လောက်တင်ဆောင်နိုင်ပေမယ်. …ရထားတစီး ..လူထောင်ချီ ကိုအမြန်သယ်ယူပို.ဆောင်ပေးနိုင်ပါတယ် ..ယာဉ်ကြောပိတ်ဆို.မှု. မရှိလို.ရထားက အချိန်မှန် ၀င်နိုင်ထွက်နိုင်ပါတယ် SubWay စနစ်ဟာ..မော်တော်ကားထက်အားသာချက်တွေ အများကြီး ရှိပါတယ်..ငွေကြေးရင်းနီးမြုပ်နှံမှု.များပြားသော်လည်း တိုင်းပြည်အတွက် ..ရန်ကုန်မြီု.နေလူထုအတွက်..အကျိုးရှိတဲ.စီမံကိန်းတခုဖြစ်တာမို. ..အကောင်အထည်ဖေါ်သင်.ပါတယ် …ဘန်ကောက် ရထားလမ်း စင်္ကပူရထားလမ်း တိုကျိုမြေအောက်ရထားလမ်း ..ဆိုးလ် မြေအောက်ရထားလမ်းများလေ.လာပြီး .ကိုယ်နိုင်ငံ အတွက်အသုံးဝင်မယ်. ရထားလမ်းမျိုး ..လေ.လာ တည်ဆောက်သင်.ပါတယ် …ငွေကြေးတတ်နိုင်လျှင် …သို.မဟုတ် ..ပြည်ပ အကူအညီ ရလျှင် ..မဖြစ်မနေ အကောင်အထည်ဖေါ်သင်.ပါတယ် ..

နန်းကျဘုရင် . အစွန်.ပစ်ခံ မြို.တော်..တနိုင်ငံလုံးလူဦးရည်၏ ၁၀ပုံ တပုံနေသောမြို.လူဦးရေအများဆုံးမြို…နိုင်ငံ၏ကူးသန်း ရောင်းဝယ်ရေးမြို.တော် ….မြို.တော်ရန်ကုန် ..ကို..တခြားနိုင်ငံတကာမြို.တော်ကြီးများကဲ.သို. ..တိုးတက်စေချင်ပါသည် …

thuthuaung (MMCP)အားဒေါင်းမာန်ဟုန်မှ ကျေးဇူးတင်ရှိပါသည်..

0 EMG သတင်းထောက်၏ ကင်မရာ Memory Card သိမ်းဆည်းခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာအနီး မီးလောင်နေမှုနှင့် ချောင်းအတွင်း မီးလောင်နေသောလှေများ ကို တွေ့ရစဉ်)photo.EMG

ကျောက်ဖြူမြို့မှ သတင်းထောက်တစ်ဦး၏ ကင်မရာ memory ကဒ်အားကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ ယနေ့ ၂၅ ရက်နေ့ ၊နေ့လည် ၁နာရီခန့်အချိန်တွင် သိမ်းဆည်းသွားခဲ့ကြောင်း မျက်မြင်သက်သေများကပြောဆိုပါသည်။
ကျောက်ဖြူမြို့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုများနှင့်ပတ်သက်ပြီး EMG(Eleven media group)မှသတင်းထောက်သည် အချိန်နှင့် တစ်ပြေးညီ သတင်းများကိုဂျာနယ်တိုက်သို့အရောက်ပို့ပေးခဲ့ကြောင်းလည်းသိရသည်။ ဂျာနယ်တိုက်မှ တရားဝင်ခန့်ထားသော သတင်းထောက်တစ်ဦး၏ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင်ခြင်း၊နှောက်ယှက်ခြင်းများသည် ဂျာနယ် လွတ်လပ်ခွင့်များအား ပိတ်ပင်တားဆီးနေသည်ဟုတွေးမြင်ခံစားမိပါသည်။

ယင်းသို့ လုပ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ဂျာနယ်လစ်များပေါ်ထွက်လာရေးကို တားဆီးပိတ်ပင်နေ သကဲ့သို့ သက်ရောက်စေသည့်ပြင် အခြားသောသတင်းသမားများအားလည်း ခြိမ်းခြောက်ခြင်းများဖြစ်နေ ကြောင်း သိရှိရပါသဖြင့် RSV အနေဖြင့် ထိုလုပ်ရပ်အား ကန့်ကွက်ပါကြောင်းတင်ပြအပ်ပါသည်။

ထိုသတင်းထောက်သည် EMG မှကျောက်ဖြူတာဝန်ခံသတင်းထောက် ဦးရဲမင်းနိုင်ဖြစ်ပြီး ကင်မရာ memory ကဒ်အား သိမ်းဆည်းသွားသူမှာကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးကြောင်းလည်း ကဒ်သိမ်းယူသွားစဉ် မြင်တွေ့လိုက်ရသူများက ပြောပါသည်။

မီဒီယာသမားများအား ထိုသို့ ပြုလုပ်ခြင်းသည် ရခိုင်ပြည်နယ်အတွင်းမှအခြားသော မီဒီယာသမားများအ တွက် လည်းစိုးရိမ်စရာဖြစ်လာနိုင်ကြောင်းလည်းသုံးသပ်မိပါသည်။

Rakhine Straight Views

0 ရခိုင် အရေးအတွက် သံဃာတော်များ ဆန္ဒထုတ်ဖော်

ဆန္ဒပြ သံဃာတော်များ
ဆန္ဒပြ သံဃာတော်များ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများနှင့် ပတ်သတ်၍ ယနေ့ နေ့လည် (၁)နာရီက ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် သံဃာတော် အပါး (၁ဝဝ)ကျော်တို့က စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ ယင်း ဆန္ဒပြပွဲတွင်

(၁) နိုင်ငံတော် အစိုးရမှ ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အမြန်ဆုံး ကာကွယ်ပေးရန်။

(၂) ပြည်ထောင်စု တိုင်းရင်းသား သွေးချင်းအားလုံး ရခိုင် ပြည်သူလူထုအတွက် ဝိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်ပေးရန်။

(၃) ယခုဖြစ်စဉ် ဖြစ်ရပ်များသည် တရားမဝင် ကျူးကျော် အကြမ်းဖက် ဘင်္ဂါလီများ ကြောင့် ဖြစ်ပေါ်ခံရ သည်ကို ကမ္ဘာ့လူထု သိရှိစေရန်။ အစွန်းရောက် အကြမ်းဖက်ဝါဒကို လက်မခံနိုင်ကြောင်း စသည့် အချက်(၃)ချက် ကို တောင်းဆိုခဲ့ပြီး (၄၅) မိနစ်ကြာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Photo..dvb,မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်

0 ဆန္ဒတွေဖော်ထုတ်ဖို့ အော်စလိုမှာဇာဂနာရောက်နေတယ်။

မြန်မာပြည်မှာပိတ်ဆို့ခံထားရတဲ့ဆန္ဒတွေဖော်ထုတ်ဖို့အော်စလိုမှာဇာဂနာရောက်နေတယ်။
“ပိတ်ဆို့ခံထားရတဲ့လိုအင်ဆန္ဒတွေ”ဆိုတဲ့ခေါင်းစဉ်နဲ့အနုပညာနဲ့လွတ်လပ်စွာသဘောထားထုတ်ဖော်တ၊ဲ့နိုင်ငံတကာအနုပညာရှင်တွေရဲ့ဟောပြောတင်ဆက်မှုမှာပါဝင်ဖို့မြန်မာ့နာမယ်ကျော်လူရွှင်တော်ဇာဂနာအော်စလိုကိုရောက်နေပါတယ်။

နော်ဝေးနိုင်ငံအော်စလိုမြို့ကနာမည်ကျော်အော်ပရာအမျိုးသားဇာတ်ရုံကြီးမှာအောက်တိုလာ၂၅ရက်(ကြာသပတေး)နဲ့၂၆ရက် (သောကြာ)မှာသက်ဆိုင်ရာနိုင်ငံအာဏာရှိသူတွေရဲ့တားမြစ်ပိတ်ဆို့ထားတဲ့အခြေခံအခွင့်အရေးတွေကိုမီးမောင်းထိုးပြတဲ့သူတို့ရဲ့ အနုပညာတွေကိုဟောပြောရှင်းလင်းချက်တွေနဲ့အတူဖော်ထုတ်ပြသမှာဖြစ်တယ်။

အဲဒီမှာသီချင်း၊ပြဇာတ်၊ရုပ်ရှင်၊မှတ်တမ်းဗွီဒီယိုတွေလည်းပါဝင်မှာဖြစ်ပြီး၊လူရွှင်တော်ဇာဂနာကမြန်မာ့လက်ရှိနိုင်ငံရေးအခြေအနေကိုမှတ်တမ်းရိုက်ကူးထားတဲ့Documentaryရုပ်ရှင်ကားပိုင်းအတိုတွေပြသပြီးရှင်းပြမှာဖြစ်တယ်။

ဇာဂနာနဲ့အတူမှတ်တမ်းရုပ်ရှင်ဒါရိုက်တာမင်းထင်ကိုကိုကြီးလည်းလိုက်ပါလာတယ်။မူလကလိုက်ပါဖို့စီစဉ်ထားတဲ့ေ၇ွှသံစဉ် တီးဝိုင်းခေါင်းဆောင်နိုင်ငံရေးအကျဉ်းသားကိုဝင်းမော်ကတော့နိုင်ငံကူးလက်မှတ်(PassPort)မရလို့မပါလာပါဘူးလို့ ဇာဂနာရဲ့အပြောအရသိရတယ်။

၂ရက်တိုင်ကျင်းပမဲ့နိုင်ငံတကာအနုပညာရှင်တွေဟာအင်္ဂလန်၊အမေရိကန်၊တောင်အာဖရိက၊ပါလက်စတိုင်း၊အာဂျင်တီးနား၊ပြင်သစ်၊ ဒိန်းမတ်၊ဆွီဒင်၊နော်ဝေး၊ဂျာမဏီ၊အီတလီနဲ့အာရှနိုင်ငံကတိဘက်၊မြန်မာ၊မလေးရှားကအနုပညာရှင်ပေါင်း၅၀ကျော်ပါဝင်ပါတယ်။

ကိုညို(အော်စလို)

0 နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကြေငြာချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး အဆောက်အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။

၂။ အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ပါသည်။

၃။ အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထား သည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။

၎။ ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

၅။ လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလ လည်း ဖြစ်ပါသည်။

၆။ ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်

0 လက်ပတောင်းတောင်စီမံကိန်းမှ တာဝန်ကျ ရဲသားနှစ်ဦး နယ်ပြောင်းခံရသည့်အပေါ် ရိုက်ကူးခဲ့သူအသက်အန္တရာယ်စိုးရိမ်နေရသည့်သတင်းထောက်နှင့် အင်တာဗျူး(ရုပ်/သံ)

Video..Burma Vj media

Thursday, October 25, 2012

0 အကြောက်တရားကို ဇွတ်အတင်း သွတ်သွင်းပေးနေသော ပညာရေးစနစ် မရှိအပ်တော့ပါ။

တလောက taare zameen par ဆိုတဲ့ အိန္ဒိယ ပညာရေးစနစ်ကို ဝေဖန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကြည့်ပြီး ကျနော့်ရဲ့ ဒုတိယနှစ်က အဖြစ်အပျက်လေးတစ်ခု ပြန်သတိရမိတယ် ။ ကျနော်တို့က Eco အဝေးသင်ပါ ။ အနီးကပ် ၁၀ ရက်ကို ဒဂုံမှာတက်ရတယ် ။ စာမေးပွဲဖြေတော့လည်း ဒဂုံမှာပါပဲ ။ မှတ်မှတ်ရရ Eccount ဖြေတဲ့နေမှာပါ ။ အခန်းစောင့်မယ့် ဆရာမတစ်ယောက် ဒေါသတကြီးနဲ့ အခန်းထဲ ၀င်လာပြီး ဆူပူကြိမ်းမောင်လိုက်တာ သူပြောသွားတဲ့ စကားလုံးတွေကို ခုချိန် ထိ နားထဲက မထွက်နိုင်သေးဘူး ။

သူပြောသွားတာက "" မင်းတို့တွေဟာ ဒီကျောင်းက ကျောင်းသားတွေ မဟုတ်ဘူးဆိုတာ ငါအရင်ဆုံး သတိပေးပြောလိုက်မယ် ၊ အဲ့ဒီ့အတွက် ဒီကျောင်းက ဆရာတွေ လာမစော်ကားနဲ့ မရဘူး " ဆိုတာတွေရယ် "ကျောင်းမရှိတဲ့ ပေါက်လွတ်ပဲစားတွေ "ဆိုတာတွေနဲ့ "ပေါက်လွတ်ပဲစား" ဆိုတာခြင်းကို အပ်ကြောင်းထပ်နေအောင် ပြောကြာသွားတာပါ ။ အဲ့ဒီ့ဆရာမရဲ့ စကားကို ကန့်ကွက်တဲ့အနေနဲ့လည်း ကျနော်အပါအ၀င် ကျောင်းသား ကျောင်းသူ ၁၇ ယောက်လောက် (နောက်ထပ်အတန်းပြင် ထွက်လာသူတွေလဲရှိသေးတယ်) အခန်းပြင်ထွက်ပြီး စာမေးပွဲဖြေဆိုခြင်းကို ရပ်ဆိုင်းခဲ့ပါတယ် ။

နောက် ကျောင်းသားတွေအားလုံး လက်မှတ်ထိုးပြီး ပါချုပ်ထံလည်း စာပို့ခဲ့တယ် ။ ဘာမှတော့ ထူးထူးခြားခြားမရှိသွားပါဘူး ။ အောင်စာရင်းမှာ နာမည်တွေမပါတာကလွဲလို့ပေါ့ ။ နောက်မှကြားရတာတစ်ခုကတော့ ဟုတ်သလား မဟုတ်သလားတော့ မသေချာပါဘူး အဲ့ဆရာမဟာ ဗိုလ်မှုးကတော်ဆိုတာပါ ။ ဟုတ်ပါတယ် ကျနော်တို့ ဒီလိုပညာေ၇းစနစ်ကြီး တစ်ခုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ် ။ အနှိမ်ခံရမှုတွေ ၊ လူရာမ၀င်မှုတွေ ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ၊ ဘက်လိုက်မှုတွေ စတဲ့ ဆက်ဆံမှုတွေကြောင့် မုန်းတီးမှုတွေ နာကျည်းမှုတွေ သိမ်ငယ်စိတ်တွေ ကြောက်ရွံ့စိတ်တွေ ဒါတွေနဲ့ အသားကျစွာပဲ ကြီးပြင်းလာခဲ့တာပါ ။ အရွယ်ရောက်လို့ ကျောင်းစတက်တဲ့ အချိန်ကတည်း "တိတ်ကြစမ်း"ဆိုပြီး စားပွဲကို ကြိမ်လုံးနဲ့ တစ်ဖြောင်းဖြောင်းနဲ့ရိုက်တဲ့ အသံတွေဟာ ၅နှစ်သားကလေးတစ်ယောက်အတွက် ဘယ်လောက ကြီးမားတဲ့ ပြသနာလဲဆိုတာ တွေးကြည့်ကြပါတော့ ။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးကြီးဆုံးအချိန်တွေလို့ ပြောရမယ့် ၇ နှစ်ကနေ ၁၂ နှစ်အတွင်းဟာ ကြိမ်လုံးတွေ ချောက်လုံးတွေနဲ့ အလူးအလဲပါပဲ ။ သူများတွေကို မဝေဖန်ဘူး ကိုယ့်ကိုကိုယ်ပဲ ဝေဖန်ပြမယ် ။

ကျနော်ဟာဆတ်ဆတ်ထိမခံတတ်ဘူး ၊ လက်တုန့်ပြန်တတ်တယ် ၊ အလွယ်တကူ နာကျည်းတတ်တယ် ၊ ဒေါသထွက်လွယ်ပြီး စိတ်ကိုထိန်းချုပ်ရတာ သိပ်ကိုခက်ခဲတယ် ၊ လွယ်လင့်တကူ စကားကို လိမ်လည်တတ်တယ် ၊ သိမ်ငယ်စိတ်ကို ကာကွယ်တဲ့အနေနဲ့ မာနဆိုတာကို အမြင့်ကြီးထူထားတတ်တယ် ၊ ညှိနှိုင်းရခက်ခဲတယ် ၊ ပူပေါင်းဆောင်ရွက်တဲ့နေရာတွေမှာ အရမ်းအားနည်းတယ် ၊ ပြောရရင်တော့ ကုန်မှာတောင်မဟုတ်ပါဘူး ။ ပေါင်တောင် အတော်လေးနာသွားပီ လှန်ထောင်းလိုက်ရလို့ ။ ဒီပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ ကျနော်တို့ လူအဖွဲ့အစည်းကြီးဆိုရင်ရော ။ ပြောစရာတော့ ရှိပါတယ်

"မင်းကြုံဘူးတဲ့အတွေ့အကြုံနဲ့ လူတိုင်းကို မချိန်ထိုးနဲ"့ ဆိုတဲ့စကားပါ ။ ဆရာ ဆရာမတွေ တစ်ယောက်မှ အရည်အချင်းမရှိဘူးလို့တော့ သိမ်းကြုံး ပြောလို့တော့ မရပါဘူး သို့သော်လည်း အများစုက ကျောင်းသားတွေအပေါ် စစ်တပ်အုပ်ချုပ်ရေးစနစ်နဲ့ပဲ ကိုင်တွယ်နေတယ်ဆိုတာ ၀န်ခံရမှာပဲ ။ သင်ရိုးညွှန်းတမ်းတွေ အကုန်ပြောင်းပြီး ကျနော်တို့ ပညာရေးစနစ်ပြောင်းနေပါပြီလို့ ရှေးက၀န်ကြီးတွေ အားလုံး တလေသံထည်းထွက်ခဲ့တယ် ။ သင်ရိုညွှန်းတမ်းတွေက အရေးကြီးသလား သင်ကြားရေးစနစ်တွေက အရေးကြီးလား ။

ဒါကို ခု ပညာရေးစနစ်ပြောင်းလဲမယ်ဆိုတဲ့ လူကြီးတွေ ထည့်စဉ်းစားဖို့ လိုနေပြီ ။ လူလားမြောက်စ အသက် ၅နှစ်အရွယ်လောက်ကတည်းကွအရိုးစွဲသွားစေမယ့် အကြောက်တရားတွေဟာ အဲ့ဒီကြိမ်လုံးသံတွေက လာတာပဲ ။ ဒီနေ့ခေတ်မှာ လုံးဝမရှိသင့်တော့ပါဘူး ။ ဒါဟာ အကြမ်းဖက်မှုပဲ ၊ ဘယ်သူမှားမှား ဘယ်သူမှန်မှန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ အကြမ်းဖက်မှုပဲ ။ ခံရသူဘက်ကို အကာအကွယ်ပေးမယ့် ဥပဒေတွေလည်း ခိုင်ခိုင်မာမာရှိသင့်နေပီ ။ အာဏာရှင်စနစ်ကို အမှန်တကယ်သာ နိဂုံးချုပ်ချင်တယ်ဆိုရင်တော့ စာသင်ကျောင်းတွေကနေ အာဏာရှင်လေးတွေ မွေးထုတ်နေမှုကိုလည်း ချက်ချင်း ရပ်တန့်ရပါတော့မယ် ။

Kyaw Swar

0 "ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ကွယ်လွန်"

၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့တပ်မတော်အာဏာသိမ်းရာတွင်ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး(သခင်အောင်ကြီး-ပေါင်းတည်)သည် ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ် တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ ၊ ရှစ်မိုင်ရှိနေအိမ်၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဦးအောင်ကြီးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့မှစ၍ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်အထိတပ်မတော်၌ရာထူးအဆင့်ဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ဦးနေဝင်း၏ဆိုရှယ်လစ်ခေတ်တွင်တပ်မတော် မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်။ ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာ၌လည်း ဦးအောင်ကြီး ပါဝင်ခဲ့သည်။

သခင်အောင်ကြီး (ပေါင်းတည်) ကပေဖူးလွှာမဂ္ဂဇင်းတွင် "ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ" ဆောင်းပါး၌ ဒေါ်ခင်ကြည်အကြောင်းကို အောက်ပါအတိုင်းရေးသားခဲ့ဖူးသေးသည်။

"နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို ကိုယ်တိုင် မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး

1 သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့

သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့
ကျုပ်တို့ တိုင်းပြည်ဖြစ်နေပုံက ယာဉ်အိုယာဉ်ဟောင်းကြီးနဲ့ တူနေသလိုပါပဲ၊ ဟောင်းစုတ်နေတဲ့ ယာဉ်အိုကြီးဟာ ဟိုနားက ဖောက်လိုက်၊ သည်နားက ဖောက်လိုက်၊ ဒီဟာ ကောင်းသွားတော့ ဟိုဟာပျက်၊ ဟိုဟာကောင်းတော့ ဒီဟာ ပျက်။ မက္ကင်နစ်အိုကြီးလည်း ချွေးပြန်၊ ယာဉ်အိုကြီးက ဘယ်လိုလုပ်ကောင်းနိုင်မလဲ၊ လဲတော့ လဲပါရဲ့၊ ဒီဝပ်ရှော့ထဲမှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ လဲနေတာကိုး၊ အကောင်းဆုံးအကြံပေးရရင်တော့ ဘာမှ လဲဖို့ ကြိုးစားမနေနဲ့တော့၊ ဒီယာဉ်အိုယာဉ်ဟောင်းကြီး တစ်ခုလုံးဆွဲသွားပြီး သံရည်ကျိုစက်ကိုသာ အမြန်ပို့လိုက်ပေတော့။ ပြီးတော့ မျိုးဆက်သစ် စလစ်ကိုင်ပြိး အသစ်ဆုံးမော်ဒယ် ၂၀၁၂ မော်ဒယ်သာ မှာပေတော့။ ဒီယာဉ်အိုကြီးနဲ့တော့ ဘာဆိုဘာမှ လုပ်မရဘူးဆိုတာ အမြင်မှန် မြန်မြန်ရလေ တိုင်းပြည် မြန်မြန်တိုးတက်လေဆိုတာ သိစေချင်တယ်ဗျာ၊

(ကောင်းဆက်နိုင်၊ အံ့သြလွန်းလို့ သေတော့မယ်၊ ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၁၆၊ စာ-၁၂)

2 လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးစစ်ဆေးမှု ခံ နေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦးမှ တာဝန်ထမ်းဆောင်နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ် ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့် ရုပ်သံ သတင်း ထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။

မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ယင်းစီမံကိန်းနေရာတွင် တာဝန်ကျနေသည့် တပ်မတော်သားအချို့နှင့် တရုတ်နိုင်ငံမှ လာ ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်မှ တရုတ်နိုင်ငံသားဝန်ထမ်းများ အပါအဝင် ရဲတပ်ဖွဲ့ဝင်တို့၏ အခြေအနေ များ၊ အထက်အရာရှိများ၏ အခြေအနေများကို သတင်း ထောက်အား ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောကြားခဲ့ကြသည့် ဗီဒီယိုဖိုင်မှာ မြန်မာပြည်တဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီးနောက်ပိုင်း ပြည်သူ့ဝန်ထမ်း ရဲအုပ်အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့အား ယခုကဲ့သို့ ဖဖ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ပထမတော့ အမှတ် ၂ ရဲစခန်းမှာ ထားတယ်၊ တစ်မြန်မနေ့ကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်လို့ သိရ တယ်။ အခုတော့ သူတို့နှစ်ယောက်လုံး အဲဒီစခန်းမှာ မရှိတော့ဘူးလို့ သိရတယ်၊ သူတို့ကို တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေတယ်လို့ ထင်တယ်၊ ဒါ့ အပြင် သူတို့ကို အင်တာဗျူးလုပ်ခဲ့တဲ့ Golden Star စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ ၃၀ မိနစ်လောက်ကနေ ၁၉ ရက်နေ့ ၁၀ နာရီ လောက်အထိ ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့ တစ်ခွေပါတဲ့ ရဲအရာရှိက မုံရွာ အမှတ် ၂ ရဲစခန်းက ခေါ်ယူစစ်ဆေးတယ်ဆိုတာ သိရတယ်။ အင်တာဗျူးလုပ်ခဲ့တဲ့ သတင်းထောက်ကိုလဲ လူပုံသဏ္ဍန်တွေ၊ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ နာမည်တွေ၊ နေရပ်လိပ်စာတွေကို သိသလားဆိုတာ မေး မြန်းတယ်လို့ သိရတယ်”ဟု အမည်မဖေါ်လိုသူ ရုပ်သံသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကျနော်မေးတော့ ဆိုင်ပိုင်ရှင်က သူ့ကို စာတွေရိုက်ထားတဲ့ စာရွက် ၄၀ လောက်ရှိတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုး ခိုင်းတယ် ပြောတယ်။ သူက ဘာလို့ထိုးခိုင်းတာလဲမေးတော့ အစိုးရသက်သေ လုပ်ခိုင်းမလို့လို့ ပြောတယ်။ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကို လဲ ဖတ်ခွင့်မပေးဘူး ပြောတယ်။ ရဲနှစ်ယောက်ကိုလဲ အမှတ် ၂ ရဲစခန်းက အခန်းတစ်ခုထဲမှာ တွေ့တယ်လို့ ပြောတယ်ဟု ပြောပြခဲ့သည်။

“ကျနော် yangon.chronicle@facebook.com ဝဘ်ဆိုဒ်နဲ့ တင်ထားတာနဲ့ DVB မှာလွှင့်သွားတဲ့ သူတို့ရဲ့ အင်တာဗျူးတွေကို ကြည့်ရတယ်။ ပြည်သူ့ဖက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ထုတ်ဖေါ်ပြောကြားတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အခုလို ဖဖ်းဆီးအရေးယူမှုလုပ်တာ ကျနော် လုံးဝ လက်မခံပါဘူး။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေပြီလို့ ပြောနေတဲ့အခြေအနေမှာ အခုလုပ်ရပ်က အရမ်းကို အရုပ်ဆိုးလွန်းပါတယ်။ အခုဖြစ်ရပ် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အခြေအနေကို ဖြစ်သွားတယ်”ဟု ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို မျက် ခြေမပြတ် စောင့်ကြည့်လေ့လာနေသူ အလွတ်တန်းသတင်းထောက် ကိုညီမှ ပြောဆိုခဲ့သည်။

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို အောင်မြင်အောင် အစမှအဆုံး ဝိုင်းဝန်းကူညီခဲ့သူများထဲမှ တစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားမိသား စုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်က "လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဖက်က ရပ်တည်ပြီး ဦးပိုင်လီမိတက်ရဲ့ မတရားဖိနှိပ်ခိုင်းစေမှုတွေကို ထုတ်ဖေါ်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းနှစ်ယောက်ကို ဖဖ်းဆီးထားတယ်။ ဒါဟာ ပြည်သူ့ရဲဝန်ထမ်း တွေရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်"ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းမှ "ရဲဝန်ထမ်းတွေကို ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ပြည်သူ့ဖက်က ရပ်တည်လို့ ရဲဝန်ထမ်းတွေကို မဖမ်း ပါနဲ့၊ သေချာတာတစ်ခုက ရဲဝန်ထမ်းတွေလည်း အပြောင်းအလဲကို ပါဝင်ခွင့်မရှိဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အခု သူတို့ ဆိုး ဆိုးရွားရွား နှိပ်စက် စစ်ကြောခံနေရတယ်။ တစ်ယောက် ဆိုရင် အစာအိမ်ရောဂါဖြစ်နေတယ်။ မိသားစုနဲ့ လုံးဝဆက်သွယ်လို့မရဘူး၊ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့လုပ်ရပ်ကို သူတို့ကိုယ်တိုင် ပြည်သူ့အတွက် ရွေးချယ်ခဲ့တာဖြစ်လို့ စိတ်ဓါတ်မကျဘူးလို့ ကြားသိရလို့ လေးစားမိပါတယ်"ဟု ပြောပြခဲ့ သည်။

အဆိုပါ ပြည်သူ့ရဲဝန်ထမ်းနှစ်ယောက် ဖဖ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုံးနံပါတ် ၀၇၁ ၂၁၀၁၈ သို့ ဆက်သွယ်ပြီး တာဝန်ရှိသူ ရဲအုပ်ဝင်းကိုကိုအား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးဖြစ်သူ ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး လွတ်မြောက်ရေး အပါအဝင် ယခုကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးနိုင်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ နှစ်ခုစလုံးမှ ကြိုးစားသွားမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများထံ မှ သိရှိရသည်။

ရန်နိုင် (Yangon chronicle)

0 ဗိုလ်ကြီး ဟူသော ရာထူး၊နိုင်ငံရေး အကျဉ်းသား ဟူသော ရာထူး၊ယခုဝရမ်းပြေး တရားခံပြေး ဆိုသော ရာထူး

ယနေ့ ညနေက မင်္ဂလာတောင်ညွှန့် တရားရုံးတွင် နေမျိုးဇင်အား တရားခံပြေး ကြေငြာလိုက်ကြောင်း GW ကိုမိုဃ်းသွေး က ပြောပြနေစဉ်။ တရားရုံးမှ အပြန် တခါတည်း ကျနော့်ထံ လာရောက်တွေ့ဆုံပြီး ခါးနာနေသော ကျနော့်အား တရားသူကြီး အမိန့်အကြောင်းကို ရှင်းပြခဲ့ပါသည်။ မင်္ဂလာတောင်ညွန့် တရားရုံးမှ ယခုလေးတင်ပင် ကျနော် နေမျိုးဇင် အား တရားခံပြေး အဖြစ် ကြေငြာပြီး ဖမ်းမိန့် ၀ါးရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှ ကိုဝေလုက အသိပေး အကြောင်းကြားလာပါသည်။

နေ့ခင်း က တောင်ညွှန့် ရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်မောင်က ကျနော့်ကို လာရောက်ပါရန် ဆင့်ခေါ်စဉ်က ကျနော် ပြန်ကြားလိုက်ပါသည်။ ခါးနာ နေသောကြောင့် မည်သည့် ကားမျှ ထိုင်ပြီး မစီးနိုင်သေးကြောင်း။ ပြီးတော့ တရက်ကို တရုံးနှုန်းနှင့် ဆက်တိုက်ခေါ်လာလျှင်လည်း ကျနော် မသွားနိုင်ကြောင်း၊ လာခေါ်မည် ဆိုလည်း ဆေးရုံကားနှင့် လာခေါ်လျှင် အိပ်လျက် လိုက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ယခု အိမ်တွင် ပင် အိပ်နေသော ကျနော် တရားခံပြေး အဖြစ် ဘ၀ တွင် ရာထူး တခု ထပ်ရပေပြီ။

ဗိုလ်ကြီး ဟူသော ရာထူး။

နိုင်ငံရေး အကျဉ်းသား ဟူသော ရာထူး၊

ဝရမ်းပြေး တရားခံပြေး ဆိုသော ရာထူးကို ကျနော် ထပ်ရပြန်ပေပြီ။
မနက်ဖြန်တွင် ရွှေရောင် ပိတ်ကား ထက် ဘာတွေများ ဆက်ဖြစ်လာပါမည်လဲ စောင့်ကြည့် ကြပါအုံးစို့

( နေမျိုးဇင်)

0 ဂုတ်သွေးစုတ်နေတဲ့ ဦးပိုင်လီမိတက်။

ဂုတ်သွေးစုတ်နေတဲ့ ဦးပိုင်လီမိတက်။

၁။ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကို ကြိုးကိုင်ခြယ်လှယ်ပြီး တရားဥပေဒစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဟန့်တားနှောင့်ယှက်မှုပြုနေတဲ့ …

- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး ….

၂။ ပြည်သူပိုင် စက်ရုံအလုပ်ရုံများ၊ လယ်ယာမြေများနဲ့ မြန်မာ့မြေပေါ်မြေအောက်သယံဇာတတွေကို အတင်းအဓမ္မ သိမ်းပိုက်လုယူ လက်ဝါးကြီးအုပ် မောင်ပိုင်စီးပြီး လက်တဆုပ်စာ စစ်အာဏာရှင်တစုအကျိုးအတွက် စီးပွားရှာနေတဲ့ …

- မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) အပြီးအပိုင် ဖျက်သိမ်းရေး … ဒို့အရေး ….

၃။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်အရေးအတွက် ဒီမိုကရေစီစံချိန် စံညွှန်းများနဲ့ မကိုက်ညီတဲ့ …

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး … ဒို့အရေး ….

http://niknayman-niknayman.blogspot.jp/2012/10/blog-post_9757.htmlမှ

Wednesday, October 24, 2012

1 လက်ပန်းတောင်းတောင်ကပြည်သူ့ ရဲဝန်ထမ်း၂ ဦး အတွက်ကွန်ယက်တွေက ထုတ်ပြန်ချက်

0 ရန်ကုန်ယဉ်ကြောပိတ်ဆို့မှုပြဿနာ ဂျပန်ပါဝင်ကူညီဆောင်ရွက်

မော်တော်ကားအသစ်များ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်းဖြစ်ပေါ်လာသည့် ရန်ကုန် ယဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ဂျပန်ကားကုမ္ပဏီလီမိတက် (JCCL) မှ နည်းပညာကူညီဆောင်ရွက်မှုများပြုလုပ်နေကြောင်းသတင်းရရှိသည်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရလဒ်အဖြစ် ဂျပန် Company က ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်သို့ ၀င်ထွက်ရာလမ်းကြောင်းများတွင် ကားအရေအတွက် တွက်ချက်သိရှိနိုင်ရန် အာရုံခံကိရိယာများချထားခြင်း၊ မီးပွိုင့်ယဉ်ကြောပိတ်ဆို့မှုရှိ မရှိ၊ ယဉ်ထွက်ခွာနှုန်းများတိုင်းတာခြင်းလုပ်ငန်းများကို ဂျပန်နည်းပညာရှင်များကိုယ်တိုင် မြေပြင်စစ်ဆေးမှုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသည်။

စမ်းသပ်စစ်ဆေးမှုများကိုမကြာမီသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြနိုင်မည်ဖြစ်ပြီး၊လက်တွေ့ ဆောင်ရွက်သည့်အပိုင်းများကို မြန်မာအာဏာပိုင်များက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဝေဖန်သူများက ရန်ကုန်မြို့ယဉ်ကြောပိတ်ဆို့ရခြင်းမှာ ကားအစီးရေ အလွန်အမင်းများပြားလာခြင်းကြောင့် မဟုတ်ပဲ၊ ကားစီးရေနှင့် ကား Parking အချိုးအစားမလုံလောက်ခြင်း၊ စည်းကမ်းမဲ့ ယဉ်ရပ်နားမှုများ၊ ဘတ်စ်ကားလိုင်းများ၏ စည်းကမ်းမဲ့မှုများကြောင့် ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။ "အဓိကက ကားရပ်နားရာနေရာတွေကို စနစ်တကျမဖန်တီးပေးနိုင်တာပါ။ မြို့ထဲယဉ်အသွားအလာများတဲ့နေရာတွေကိုကားရပ်နားရာနေရာအဖြစ်ခွင့်ပြုထားတာတွေကို ပြန်ကြီးကြပ်သင့်တယ်။ ကားအသွားအလာများတဲ့ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်းတွေမှာ ကားParking လေလံပေးထားတဲ့ကိစ္စတွေကို တိုင်းဒေသကြီးအစိုးရက ပြန်စိစစ်သင့်တယ်။

ဘတ်စ်ကားလိုင်းတွေကြောင့် ကားပိတ်ရတဲ့ကြားထဲမှာ ကားParking ထိုးတဲ့ပြဿနာက တော်တော် ဆိုးတယ်။ ကားလမ်းက ၄ လမ်းသွားတာဆိုတယ်၊ ညာဘက်က ဘတ်စ်ကားလိုင်း၊ ဘယ်ဘက်ခြမ်းမှာက ကား Parking က နှစ်ထပ်ရပ်ထားတာဆိုတော့ သွားစရာလမ်းက တစ်လမ်းလောက်ပဲရှိတော့တယ်။ ပြီးရင် ကားတွေကလည်း စည်းမဲ့ကမ်းမဲ့ရပ်ထားတာ ကိုယ်သွားချင်တဲ့နေရာနဲ့ အနီးဆုံးဖြစ်ချင်တော့ Parking လွတ်လွတ် မလွတ်လွတ် ရပ်သွားတာပဲ။ Parking စောင့်တဲ့ ပုဂ္ဂလိကလေလံသမားတွေကလည်း ဘာမှ ထိန်းသိမ်းမှုလုပ်နိုင်တာမဟုတ်ဘူး။

ကားများများရပ်လေ သူတို့ပိုက်ဆံရဖို့လောက်ပဲသိတာ။ ရပ်ချင်သလိုရပ် ဘာမှမပြောဘူး။ တစ်ခါတစ်လေ ရပ်ထားတဲ့ကားပြန်ထွက်ဖို့ကို လမ်းပိတ်ပြီးတောင် ကားတားထားလိုက်သေးတယ်။ ဒါတွေကို တိုင်းဒေသကြီးအစိုးရက မသိကြဘူးလားမသိဘူး။ သူတို့တွေက လေလံကနေ ပိုက်ဆံရဖို့လောက်ပဲသိတယ်။ ပြည်သူတွေ ဘယ်လိုခက်ခက်ခဲခဲ သွားလာနေကြလဲဆိုတာမသိဘူး။ ပြီးတော့ ကားပိုင်ရှင်တွေကိုယ်တိုင်ကလည်း အတ္တကြီးတယ်။ ကိုယ်အဆင်ပြေရင် သူများဘာဖြစ်ဖြစ်ပဲ။ ကားကို ဈေးကြီးပေးပြီးဝယ်ထားတော့ လမ်းလေးတောင်ဆင်းမလျှောက်ချင်ကြတော့ဘူး။

လမ်းလျှောက်ရမှာကိုတောင် ဂုဏ်ငယ်သလိုထင်နေကြတာ။ သူများနိုင်ငံတွေမှာဆို ကားParking တွေသီးသန့်ထားတယ်။ ပြီးမှ သွားချင်တဲ့နေရာကို လမ်းလျှောက်သွားရတာ။ အုပ်ချုပ်သူကော၊ ပြည်သူတွေပါ စည်းကမ်းလိုက်နာဖို့ကောင်းတယ်။ ဂျပန်မကလို့ သိကြားမင်းဆင်းကူတောင်စိတ်ဓာတ်တွေ အောက်တန်းကျပြီးအတ္တကြီးနေကြရင်ယဉ်ကြောပိတ်ဆို့မှုတွေ ပြေလည်နိုင်မှာမဟုတ်ဘူး" ဟု နေ့စဉ် ယဉ်ကြောပိတ်ဆို့မှုဒဏ်ခံစားနေရတဲ့ ရုံးဝန်ထမ်းတစ်ဦးက ဝေဖန်ပြောကြားသွားပါတယ်။

People Development for Knowledge

0 လွှတ်တော်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သတင်းမီဒီယာများ၏ အမေးအဖြေ

သမ္မတကြီးပြောကြားခဲ့သောပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကိုထမ်းဆောင်သွားမည်ဟူသောပေါ်ပြူလာနယူးစ် ၏ မေးခွန်းအပေါ်“နောက်သက်တမ်းမှာအရွေးချယ်ခံချင်တဲ့မည်သူမဆိုအားလုံးကနေမျှမျှတတအခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှမရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ်မရှိသင့်ဘူးလို့ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြောကြားချက်အပေါ် “တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌမဟုတ်ဘူးလား”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေကြားခဲ့သည်။

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

နေပြည်တော် အောက်တိုဘာ ၂၃ ရက် ယနေ့ကျင်းပသောပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒ နယ် မှဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က"၁၉၇၅ခုနှစ်တွင်ပြည်သူ့လွှတ်တော်ဥပဒေအမှတ်၃အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ "' အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ပုဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ် ၊နောက်ပြီးတော့ ၁၇ ပေါ့၊ စသဖြင့် နိုင်ငံရေးအရ ကိုယ်မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းက လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ပြောသည်။

ပေါ်ပြူလာဂျာနယ်မှ

ရခိုင်ပဋိပက္ခပြန်ဖြစ်လာသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို “စိုးရိမ်မှုကတော့ရှိတာပေါ့။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာကတော့မှန်းလို့ရပါတယ်။အမေအမြဲပြောတယ်။ရခိုင်ပြည်နယ်ဟာအဓိကကတော့ ပြဿနာတွေဖြစ်လို့ရှိ ရင်မြန်မြန်ဆန်ဆန် ဒီပြဿနာတွေကို ပပျောက်သွား အောင် ဥပဒေစိုးမိုးရေးရှိရမယ်လို့။ တချို့ဒီဟာကိုမကျေနပ်ကြဘူး။ ဟိုလူ့အပြစ်ပြော ဒီလူ့အပြစ်ပြော ပြောချင်ကြတယ်။ ဒီလိုအပြစ်ပြောနေလို့လည်း ဒီပဋိပက္ခတွေက ချုပ်ငြိမ်းသွားမှာမဟုတ်ဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလူမျိုးစုနှစ်စု ဘာသာမတူတဲ့သူတွေကြားထဲမှာ ပဋိပက္ခဖြစ်တယ်ဆိုတာ ဟာ နေ့ချင်းညချင်းဖြေရှင်း လို့မရပါဘူး။ လပိုင်းနဲ့လည်း မရဘူး။ ဒါကအချိန်ယူရမယ်။ ဒီကြားထဲမှာအပူချိန်လျော့သွားအောင်လို့ ဒေါသတွေလျော့သွားအောင်လို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ အကြမ်းဖက်မှုတွေမဖြစ်အောင်လို့ တာဆီးဖို့ပိတ်ပင် ဖို့ဆိုတာ ဒါဥပဒေထိန်းသိမ်းရေးတာာဝန်ယူထားတဲ့သူတွေက လုပ်ရမယ့်ကိစ္စပဲ။ ဒါတွေထပ်ထပ်ပြီးဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြေလည်အောင်လုပ်မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။

တက္ကသိုလ်ဆီးနိတ်များတွင် ကျောင်းသားသမဂ္ဂပါဝင်ခွင့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရန် ဆောင်ရွက်ရန် မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိပါသလဲမေးခွန်းကို “ကျောင်းသားသမဂ္ဂဆိုတာ ရှိကို ရှိရမယ်။ တက္ကသိုလ်ဆိုတာ ဘ၀အတွက်ပြုပြင်ပေးတဲ့ဘ၀အတွက် လူငယ်တွေကိုပြင်ဆင်ပေးတဲ့နေရာ ပဲ။

အဲဒီတော့တက္ကသိုလ်ကနေထွက်သွားပြီးတော့ပိုပြီးတော့ကျယ်ဝန်းတဲ့လူ့အဖွဲ့အစည်းထဲရောက်သွားပြီဆိုရင်ဒီလိုသမဂ္ဂကိစ္စတွေ၊ အဖွဲ့အစည်းကိစ္စတွေနဲ့ယဉ်ပါးနေရမယ်။ ကျောင်းသားများစုဝေးရာ ကျောင်းသားသမဂ္ဂဖွဲ့တာကို ကြောက်တယ်၊ မနှစ်မြို့ဘူးဆိုတာက ကြောက်တဲ့မနှစ်မြို့တဲ့သူတွေရဲ့ အားနည်းချက်သာဖြစ်တယ်။ ကျောင်းသားတွေရဲ့အားနည်းချက်မဟုတ်ဘူး။ အန်တီကတော့ လွှတ် တော်မှာ အမြဲတမ်းတိုက်တွန်းသွားမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြား-

Eleven media group

0 လက်ရှိတာဝန်ရှိသူတွေက ကျွန်တော်/ကျွန်မတို့ အသုံးမကျလို့ တိုင်းပြည်စီမံခန့်ခွဲမှု ညံ့လို့ ပြည်သူတွေ ဆင်းရဲရတာပါလို့ တစ်ခါမှ ဝန်မခံဘူး။ (ကိုထိုက်)

တချိန်က သိပ်ရိုင်းတယ်လို့ နာမည်ကြီးခဲ့တဲ့ ဂျပန်တွေက ဒီနေ့ခေတ် မျက်နှာစာမှာ တွေ့သလောက်ကတော့ .ယဉ်ကျေးပါတယ်လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ .. လုပ်ရပ်တွေထက် ယဉ်ကျေးတာကို တွေ့ရတယ်။

ဂျပန် ဧကရာဇ်က ဒုတိယ ကမ္ဘာစစ်မှာ သူအမှားတွေ ကျူးလွန်ခဲ့ပါတယ်လို့ တောင်းပန်တယ်။

ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်က သူတို့ တိုင်းပြည်မှာ ပေးအပ်ထားတဲ့ တာဝန်ကို ကျေအောင် မလုပ်နိုင်လို့ တိုင်းပြည်ကို တောင်းပန်ပြီး .. ရာထူးက ဆင်းပေးတယ်။

ဖူကူယားမားစက်ရုံကထွက်တဲ့ညှူကလီးယားအဆိပ်သင့်မှုတွေကြောင့်လူတွေဒုက္ခရောက်ရတာ၊အိမ်ယာ ပြောင်းရွေ့ရတာတွေအတွက် စက်ရုံတာဝန်ရှိသူတွေက ပြည်သူကို ဦးညွတ်ခတွားပြီး တောင်းပန်တယ်။

ဟိုတယ်ဝန်ထမ်းအားကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ်ကျူးလွန်ခဲ့သူဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်(Photo..Popular Myanmar News Journal)

အခု မြန်မာပြည်မှာလည်း ဂျပန်က ဟော်တည် ဧည့်ဝန်ထမ်းကို ရိုက်မိတဲ့အတွက် .. လျှော်ကြေးပေးပြီး ဦးညွတ်တောင်းပန်ဖို့ ဝန်မလေးခဲ့ဘူး။

တရုတ် ဂျပန် ကျွန်းအငြင်းပွားမှု ပြဿနာဖြစ်နေပြီး .. တရုတ်ပြည်က ဂျပန်စက်ရုံတွေ၊ ဂျပန်လူမျိုးတွေကို တရုတ်တွေက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေချိန်၊ တရုတ် စစ်တပ်က ပင်လယ်ပြင်မှာ ဂျပန်ကို စစ်ရေး လေ့ကျင့်ပြနေချိန်မှာ ... တရုတ် သင်္ဘောတစ်စင်း မီးလောင်လို့ ဒုက္ခရောက်နေတာကို .. ဂျပန်ကနေ အရေးပေါ် ကယ်ဆယ်ပေးခဲ့ပြီး တရုတ် သဘောင်္သား ၆၄ ယောက် အသက်ဘေးက လွတ်ခဲ့ရတယ်။

ကျွန်တော်တို့ မြန်မာတွေ .. အဲဒီလို အမှားကို လူသူရှေ့ဝန်ခံခဲ့တဲ့ သမိုင်း ..ဒီနေ့အထိ မရှိသေးဘူးလို့ ထင်ပါတယ်။ ကိုယ့်ရန်ဘက်က လူဖြစ်ပေမယ့် .. လူသားချင်း အတူတူ လိုအပ်ရင် ကူညီကယ်တင်မယ်ဆိုတာမျိုး လက်ရှိကာလတွေမှာ ထင်ထင်ရှားရှား မတွေ့ဖူးသေးဘူး။

(ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တွေ ပြန်ထွက်တော့ မြန်မာတွေက ဂျပန် စစ်သားတချို့ကို အိမ်တွေမှာ ပုန်းအောင် အစာကျွေးပြီး ကူညီကယ်တင်ခဲ့တယ်ဆိုတဲ့ တဆင့်စကားတော့ ကြားဖူးပါတယ်။ တချိန်တုန်းက ရှေးမြန်မာတွေပါ။ ဒီနေ့မှာ အဲဒီလို လုပ်နိုင်ပါ့မလား။ အမုန်းတရား ရှေ့တန်းတင်တာကိုပဲ တွေ့နေရတတ်လို့ပါ။)

မြန်မာပြည်က အာဏာရှင် အဆက်ဆက်ကတော့ တောင်းပန်တာ မတွေ့ရဘူး။ လက်ရှိတာဝန်ရှိသူတွေက ကျွန်တော်/ကျွန်မတို့ အသုံးမကျလို့ တိုင်းပြည်စီမံခန့်ခွဲမှု ညံ့လို့ ပြည်သူတွေ ဆင်းရဲရတာပါလို့ တစ်ခါမှ ဝန်မခံဘူး။ အလိုက်တသိ ရာထူးက ထွက်တာ မရှိသေးဘူး။ (ငါ့လောက် ဘယ်သူမှ မသိဘူးလို့ ပြောတဲ့လူပဲ ရှိတယ်။)

အိမ်ယာတွေ ဇွတ်ပြောင်းခိုင်းလို့ ဒုက္ခရောက်နေသူတွေကို တရားဥပဒေနဲ့ အညီ တိုင်းပြည်တိုးတတ်ဖို့ လုပ်နေရတာပါလို့ ဇွတ်ပြောတဲ့ ခရိုနီတွေပဲ ရှိတယ်။

တစ်ယောက်နဲ့တစ်ယောက် တရားတဘောင် ရင်ဆိုင်လို့ .. အနိုင်အရှုံး တရားရုံးက ဆုံးဖြတ်ပေးပြီးလို့ သတ်မှတ်ပြီးရင် .. ၂ ဘက်လုံး အညိုးအတေး မထားဘဲ .. နားလည်၊ ခွင့်လွှတ်၊ တောင်းပန်ကြတာမျိုး .. လူထုကြားထဲမှာလည်း မတွေ့ဖူးဘူး။

ကျွန်တော်တို့ .. လူယဉ်ကျေးတွေ ဖြစ်ဖို့ ... ဂျပန်တွေကို အတော်များများ အတုယူရပါဦးမယ်လို့ သုံးသပ်မိပါတယ်။

Ko Htike Facebook

0 ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ. ( ဇော်သက်ထွေး )

ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ.တဲ့ ထိုစာလေးကိုဖတ်ပြီး ကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်။ ဘာလို.လဲဆိုတော့ လင်္ကျာထွန်းကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ. ကျွန်တော်လည်းသေဒဏ်ကျခဲ့ဖူးလို့ပါပဲ။

ဒါပေမယ့် ခုကျွန်တော်ကအပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေကို မမောတမ်းလုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်းကတော့ သာယာဝတီထောင်ထဲမှာအချိန်ကာလတွေကိုအထီးကျန်ဖြတ်သန်းလျက်ရှိပါတယ်။ကိုယ်ချင်းစာနာစိတ်နဲ.လင်္ကျာထွန်းအကြောင်းတွေးမိတဲ့ အခါ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးမှာသူပါဝင်လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေကို ပြန်ပြီးမြင်ယောင်လာပါတယ်။

၁၉၇၂ ခုနှစ်၊ ဧပြီလ (၅) ရက်နေ.မှာမွေးဖွားခဲ့တဲ့ လင်္ကျာထွန်းဟာ ၁၉၈၈ ခုနှစ်မှာ (၁၆) နှစ်သာသာပဲရှိပါသေးတယ်။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊ ၁ရ(၁)တွေနဲ. ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

လင်္ကျာထွန်းဟာ ထောင်ထဲမှာ ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ်ဘာသာတွေကိုလေ့လာခဲ့ပါ တယ်။ ၁၉၉၆ ခုနှစ် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဟော်တယ်နဲ.ခရီးသွားများဌာနမှာဘာသာပြန်အလုပ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကအဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က သူ.တိုင်းပြည်ကိုမချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားဆောင်ရွက်နေသူတွေနဲ. ပြန်လည်ချိတ်ဆက်လှုပ်ရှားခဲ့ပါတယ်။

လင်္ကျာထွန်းဟာ ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုအောင်ဒင် ( Burma Canpaign USA )၊ ကိုခင်လှိုင် (ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် ( ဦးလှရွှေ၏သား )၊ သုတအောင် (ကွယ်လွန်)၊ ကျော်ဇော ( ကဗျာဆရာကြည်ဦး၏သား ) တို.နှင့်ပူးပေါင်းပြီး လက်တွဲလှုပ်ရှားခဲ့တာပါ။ ၁၉၉၈ မှာ စစ်အုပ်ချုပ်ရေးကာလတလျှောက် အခွင့်အရေးတွေနစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် " ကျောင်းသားထုအခွင့်အရေး ကာကွယ်မှုကော်မတီ " ကို ဖွဲ.စည်းပြီး လှုံဆော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ABSDF တပ်ရင်း ၂၀ရ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန်.သား ကိုသိန်းနဲ.ခင်မင်ရင်းနှီးရာကနေ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု အရှိန်မြှင့်တင်ဖို. ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သို.သော်လည်း လင်္ကျာထွန်းဟာ ပြည်တွင်းမှာ ဖေါက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို.ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိပါဘူး။ ၁၉၉၈ ခုနှစ် မတ်လမှာတော့ လင်္ကျာထွန်းဟာ ပြည်တွင်းမှာအကြမ်းဖက်သူတွေနဲ.တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို. ကြံစည်တယ်ဆိုပြီး စစ်ထောက်လှမ်းရေးရဲ. ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်။

ဒီအမှုမှာ လင်္ကျာထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ.အတူ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ. သေဒဏ်အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန်.ကြောင့် သေဒဏ်ကနေ ပယ်ဖျက်ထားခဲ့ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက်မရှိပြစ်ဒဏ်ကို ခံနေရဆဲဖြစ်ပါတယ်။

လင်္ကျာထွန်းတစ်ယောက် ထောင်ထဲမှာ (၁၅) နှစ်ကျော်နေထိုင်ပြီးတဲ့ အချိန် သူ.အမှုတွဲတွေလည်း လွတ်မြောက်သွားကြပြီ။ သူနဲ.အတူ သေဒဏ်ကျထားတဲ့ ခင်လှိုင်လည်း အပြင်ပြန်ရောက်သွားပါပြီ။ သာယာဝတီထောင်ထဲမှာ လင်္ကျာထွန်း နဲ. ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ.အချိန်အထိ သားပြန်လာမယ့်လမ်းကို စောင့်မျှော်နေသူကတော့ အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ မိခင်ကြီး ဒေါ်ရီ ဖြစ်ပါတယ်။ ဒေါ်ရီ ရဲ.ကျန်းမာရေး အခြေအနေကလည်း ဆိုးဝါးနေပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်း သူ.သားပါမလာတဲ့အတွက် မိခင်တစ်ယောက်ရဲ.ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

သားရဲ.ထောင်ဝင်စာကို လေဖြတ်သွားပြီးကတည်းက သွားမတွေ.နိုင်တော့တဲ့အတွက် ခုတော့ လင်္ကျာထွန်းရဲ. အကိုကြီးကပဲ ပုံမှန်သွားတွေ.နေရပါတယ်။ လင်္ကျာထွန်းရဲ. ထောင်တွင်း ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်လျက်ရှိပါတယ်။ သူဝါသနာပါတဲ့ ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီးလေ့လာဆည်းပူးလျက်ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နိုင်ငံရေးဖိနိုပ်မှုများကြောင့် ကံဆိုးပြီးသေဒဏ်ကျခဲ့တဲ့ လင်္ကျာထွန်းဟာ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည် ဖော်နေတာ အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို. အချိန်တန်နေပါပြီ။ ၁၉၈၈ က ၁၆ နှစ်သား လူငယ်တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာမြန်မာနိုင်ငံရဲ. ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို. အချိန်တန်နေပါပြီ။

အသက် (၈၅) နှစ်အရွယ် မိခင်ဘေးမှာလည်း ခြေဆုပ်လက်နယ်ပြုလုပ်ခွင့်ကို သားတစ်ယောက်အနေနဲ. အခွင့်အရေးရသင့်နေပါပြီ။ ဆက်လက်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနံမည်ကို တွေ.ရရင် ကျွန်တော်တို.အားလုံး ကိုယ်ချင်းစာနာစိတ်နဲ. ပျော်ကြရမှာ သေချာပါတယ်။

အနာဂတ်မြန်မာအမျိုးသားတွေရဲ. စည်းလုံးညီညွှတ်မှုအလားအလာကို အားရကျေနပ်မိမှာအမှန်ပါပဲ။ ခုလို အခြေအနမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကို အားလုံးမမေ့ကြပါန.ဲလို.ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။

( ဇော်သက်ထွေး )

လင်္ကျာထွန်း၏မိခင် ဒေါ်ရီက နိုင်ငံတော်သမတထံပေးသောစာ ------------------------------------------------------------------ သို.
ဦးသိန်းစိန်
သမတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျွန်မအမည်မှာ ဒေါ်ရီဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီး ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေရသော မောင်လင်္ကျာထွန်း မိခင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို.နယ်၊ (၁၅) လမ်း၊ အမှတ်-၁၁၆ ( ၃လွှာ )၊ ၀ဲခန်းတွင်နေထိုင်သည့် ဗမာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပါသည်။

အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခုလက်ရှိအချိန်အထိဖြစ်ပါသည်။ သားနှင့်ပတ်သက်သောစွပ်စွဲချက်များသည် မမှန်ကန်ပါလို. အမေ့အနေဖြင့် ကျမ်းသစ္စာပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်ကဒုတိယအကြိမ်ဖမ်းဆီးပြီးခံခဲ့ရပါသည်။ ၄င်းတို.စွပ်စွဲသောအရာများတွင် အမေ့၏သားငယ်အတွက် တဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါသည်။

သားငယ်ကို သေဒဏ်ချပြီး(၃)လအကြာမှ သိရပြီး၊ရှေ.နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန်.ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို.ကြီးမားသည့် ပုဒ်မကြီးများနှင့်လူငယ်တစ်ယောက်၏ဘ၀ ယနေ.ထိတိုင်အောင် ဆုံးရှူံးခဲ့ရပါသည်။

မောင်လင်္ကျာထွန်းကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှု နှင့် ပုဒ်မ ၁ရ(၁)၊၅(ည) နှင့် ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့ပြီး၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၄င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့်ခရီးသွားဌာနတွင် ဘာသာပြန်အလုပ်ကိုလုပ်ကိုင်ပြီးနေချိန်တွင်၁၉၈၉ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို. သေဒဏ်ချမှတ်ခဲ့ပါသည်။

သူ.ကို အမေတို. ပထမဦးဆုံးထောင်ဝင်စာသွားတွေ.ချိန်တွင် သူပြောခဲ့သောစကားကို အမေ့တစ်သက်မေ့လို.မရပါ။ " အဖေနှင့်အမေ ကျွန်တော်ကိုယ်ကျွန်တော်မယုံဘူး။ ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ သူတို. မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာကျွန်တော်တို.နိုင်ငံမှာမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိတော့ဘူးလား "ဟူသော စကားဖြစ်ပါသည်။

ယခုအချိန်တွင် သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ်၊ စာမတတ်တဲ့သူတွေကို စာသင်၊ ဘာသာရေးတွေဖိဖိစီးစီးလုပ်၊ဂိုလ်အင်ကာတရားစဉ်တွေကိုလည်း အကြိမ်ကြိမ်ဝင်ပြီး လွတ်မယ့်ရက်ကို မသိတဲ့ထောင်တစ်သက်ကို ရင်ဝယ်ပိုက်ပြီးစောင့်မျှော်နေသည်မှာ အမှန်ပဲ။

ယခု ပြည်သူ.လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားလွတ်မြောက်ရေးအတွက်ကူညီနိုင်မည်ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့်စာပေတို.နှင့် တိုင်းပြည်ကို အုတ်တစ်ချပ်သဲတစ်ပွင့်ပမာကူညီခွင့်ပြုပေးနိုင်ပါစေ။သား မောင်လင်္ကျာထွန်းကပြောပါသည်။ သူ.ဘ၀ တစ်စိတ်တစ်ဒေသ ဟာ ထောင်တွင်းတွင်သာကြီးပြင်းခဲ့ပြီးပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူ.ရဲ.စာဖတ်စာရေးဝါသနာကြောင့် သူလေ့လာဖတ်ရှူမှု ကို ထောင်တွင်းတွင်သာပြုလုပ်နိုင်ပေမယ့်ထောင်တွင်းမှလည်း သူ.ထက်ပညာတတ်တွေ တွေ.ခဲ့ပြီး သူတို.ဆီကအလွတ်မခံ သင်ကြားမှတ်ယူနေသူတစ်ယောက်ဖြစ်ပါသည်။

အမေ့အနေဖြင့် သားမောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို. ယုံကြည်ချက်ရှိသော အကျဉ်းသားများ အားလုံးလည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါရန် မေတ္တာစေတနာဖြင့် တောင်းဆိုပါသည်။ သားငယ်၏အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ)ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ် (၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော်သမတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ(၁၃)ရက်နေ.ကလွတ်မြောက်လာသည့် အကျဉ်းသားထဲတွင် ပါဝင်ခဲ့သည်ကိုလည်း ကြားသိရှိခဲ့ရပါသည်။ ထို.ကြောင့် အမေ့အနေဖြင့်လည်းသားအတွက် မသေခင်ပြန်လည်ဆုံဆည်း မည် ဟု များစွာမျှော်လင့်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ (နိုင်) ၀၀၄၀၅၃
အမှတ်-၁၁၆/ ၃ ထပ် (၀ဲခန်း)၊ (၁၅) လမ်း
လမ်းမတော်မြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Tuesday, October 23, 2012

2 ပါတီနိုင်ငံရေးမလုပ် အမျိုးသားနိုင်ငံရေးသာပြုလုပ်သွားမည်ဟု ဦးခင်ညွန့်ပြော

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊ ဒဂုန်မြို့သစ်တောင် ပိုင်း၊ သီရိမင်္ဂလာမဟာစည်ရိပ် သာကျောင်းတိုက်၊ ဓမ္မကထိက တွံတေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတု မွေးနေ့၌ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ် ပါတီနိုင်ငံရေးမလုပ်ဘဲ အမျိုးသားနိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာနယူးစ်သို့ မိန့်ကြားသည်။

ဓမ္မကထိက တွံတေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတုမွေးနေ့ကို မန္တလေးမှ ဆရာတော်ဦးဝီရသူအပါ အ၀င် သံဃာတော်ကိုးပါးမွေးနေ့အခမ်းအနားကို ကြွရောက်ခဲ့ပြီး ဦးခင်ညွန့်မှာလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် ဦးခင်ညွန့်မှ ဆရာတော်ဝီရသူအား လာရောက်ရှိခိုးစဉ် ဆရာတော်မှ အကျဉ်းစံအရှုံးသမား၏ အညှင်းခံနှလုံးသားဆိုပေမယ့် အပြင်းအထန်အမုန်းမပွားဖို့မသင့်တော့ဘူး ဟု အားပေးစကားမိန့်ကြားခဲ့ကြောင်း ဆရာတော်က ဆက်လက်ရှင်းပြသည်။

အခမ်းအနားပြီးဆုံးသွားပြီးနောက် ဦးခင်ညွှန့်မှ ဆရာတော်ဝီရသူအား သီးသန့်လာရောက်တွေ့ဆုံပြီး သူ၏ဇာတိဖြစ်သော သန်လျင်ကျောက်တန်းတွင် ဖောင်ဒေးရှင်းတွေဖွဲ့စည်းရ်ျ အစီစဉ်ဆွဲကာ အလုပ်လုပ်နေပြီး ပါတီနိုင်ငံရေးကို မလုပ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ ပြုလုပ်သွားမည်ဟု ပြောသွားခဲ့ကြောင်း ဆရာတော် ဦးဝီရ သူမှ မိန့်ကြားသည်။

သီရိမင်္ဂလာမဟာစည်ရိပ်သာကျောင်းတိုက်သည် အမျိုးသားထောက်လှန်းရေးခေတ်တွင် ဦးခင်ညွန်မှ ကျောင်းများဆောက်လုပ်လှူဒါန်းခဲ့ကြောင်း တွံတေးဆရာတော် အရှင်ဧန္ဒကမှာ ဦးခင်ညွန့်၏ ဆရာတော်ဖြစ် ကြောင်း ဆရာတော် ဦးဝီရသူမှ ဆက်လက်မိန့်ကြားသွားခဲ့သည်။

ဖိုးလပြည့်

ဓာတ်ပုံ - ဦးဝီရသူ ဖေ့စ်ဘွတ်

0 ယနေ့ရခိုင်အရေးမတည်ငြိမ်မှုများဖြစ်ပေါ်မှု OIC အား အစိုးရက ၀င်ခွင့်မပြုခြင်းနှင့် ဆက်စပ်

မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာတွင် ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ဦးအစ္စမန်၏ နေအိမ်အညူ အဆိုပါကျေးရွာနေ ဘင်္ဂလီ(၁၀၀) ဦးခန့်မှ ၀ိုင်းဝန်းမီးရှို့ခဲ့ကြောင်း သိရှိရသည်။ ထိုသို့မီးရှို့ရခြင်းမှာ သရက်အုပ်ကျေးရွာမှာ သိမ်းတောင်(ရခိုင်)ရွာနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေရာ သိမ်းတောင် (ရခိုင်) ရွာသို့ မီးကူးစက်လောင်ကျွမ်းစေရန် ရည်ရွယ်မီးရှို့ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မီးလောင်စဉ် လေမှာ သိမ်းတောင် (ရခိုင်)ရွာဘက်မှ သရက်အုပ်(ဘင်္ဂလီ)ရွာဘက်သို့ တိုက်ခတ်သဖြင့် သရက်အုပ်ရွာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘင်္ဂလီနေအိမ်(၁၅၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၉ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မင်းပြားမြို့ သရက်အုပ်ကျေးရွာတွင် ဘင်္ဂလီများမှ မိမိတို့အိမ်ကို မီးပြန်ရှို့ရာမှ အစပြုခဲ့သည့် မငြိမ်မသက်မှုများမှာ ပြီးခဲ့သည့် အပတ်က OIC အဖွဲ့အား ပြည်သူများက ဆန္ဒပြ ကန့်ကွက်ပြီးနောက် အစိုးရက OIC အား ပြည်တွင်းတွင် ၀င်ရောက်ရုံးစိုက်ခွင့် မပြုခဲ့ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း လေ့လာသူများက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကာလကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သော လူမျိုးရေး မငြိမ်မသက်မှုများကြောင့် နိုင်ငံတကာ အစ္စလာမ်အကူအညီပေးရေးအဖွဲ့များက ၀င်ရောက်ရန်ဆိုင်းပြင်နေခြင်းဖြစ်သည်။ မတည်ငြိမ်မှုကို အကြောင်းပြကာ ဘာသာရေးအမြတ်ထုတ်သွားမှာကိုမိမိတို့ရခိုင်ပြည်သူများကမလိုလားကြောင်း၊အစ္စလာမ်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများဖြစ်လာမှာကို စိုးရိမ်သောကြောင့် အဆိုပါအဖွဲ့အစည်းများ ၀င်ရောက်လာမှာကို ကန့်ကွက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်နေ ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံအနှံ့ဆန္ဒပြပွဲများကြောင့်အစိုးရအနေဖြင့်အစ္စလာမ်မစ်အကူအညီပေးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC အား ပြည်တွင်းတွင် ရုံးစိုက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ထိုသို့ ပိတ်ပင်လိုက်ခြင်းကြောင့် ရခိုင်ဒေသနေ ဘင်္ဂလီလူမျိုးများ အနေဖြင့် မတည်ငြိမ်မှုကို ပြန်လည်ဖန်တီးပြီး အဆိုပါအဖွဲ့များက လက်ရှိအစိုးရအပေါ် နိုင်ငံတကာ အကြပ်ကိုင်မှုများဖြင့် ၀င်ရောက်ရုံးစိုက်ခွင့်ရအောင် နိုင်ငံတကာရှိ ဘင်္ဂလီ အကူအညီပေးရေးအဖွဲ့များက ကြိုးကိုင်ခိုင်းစေနေခြင်းဖြစ်သည်ဟု ရခိုင်ခေါင်းဆောင်များက စွပ်စွဲပြောကြားကြသည်။ "သူတို့ကို သူတို့ ရခိုင်တွေကနေ နှိပ်စက်ပြီး မီးဝိုင်းရှို့နေပါတယ်။

အနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်နေပါတယ်လို့ နိုင်ငံတကာကထင်မြင်လာအောင် ဖန်တီးနေတာပါ။ သွေးဆူနေတဲ့ ရခိုင်လူမျိုးတွေ အခုလို ထောင်ချောက်ထဲတိုးဝင်အောင် လုပ်ဆောင်နေတာပါ။ ရခိုင်ဒေသမတည်ငြိမ်မှ သူတို့ ၀င်လာစေချင်တဲ့ OIC လည်း အစိုးရကို ဖိအားပေးပြီး ၀င်လာလို့ရမယ်။ OIC ပေးတဲ့ငွေတွေ အကူအညီတွေနဲ့ နောက်ပိုင်းသူတို့လုပ်ချင်တဲ့ လက်နက်ကိုင်ပြီး ခွဲထွက်ခွင့်တောင်းဆိုတာတွေလုပ်ဆောင်နိုင်လာမှာပါ။ ဒါကို နိုင်ငံခြားမှာရှိတဲ့ ဘင်္ဂလီတွေကို ကြိုးကိုင်နေတဲ့သူတွေက အကွက်ကျကျနဲ့ စီစဉ်လုပ်ဆောင်နေတာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ သွေးအေးအေးနဲ့ သူတို့ထောင်ချောက်ထဲ မ၀င်မိဖို့ အရေးကြီးတယ်" ဟု ရခိုင်တိုင်းရင်သားလူမျိုးခေါင်းဆောင်တစ်ဦးကြေ့ပာကြားသွားပါတယ်။

ယနေ့မနက် မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာ မီးလောက်မှုမှာ အဆိုပါကျေးရွာနေ ဘင်္ဂလီများက မိမိတို့နေအိမ်ကို လုပ်ကြံမီးရှို့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းများမှ စစ်ဆေးတွေ့ရှိရသည် (သတင်းတင်ပြပြီး https://www.facebook.com/photo.php?fbid=437846139604962&set=a.308587945864116.72317.307904635932447&type=1&relevant_count=1) အဆိုပါမီးလောင်မှုကြောင့် ဘင်္ဂလီနေအိမ်အလုံး (၁၅၀) ခန့် လောက်ကျွမ်းခဲ့ပြီး အဆိုပါဖြစ်စဉ်မှစတင်ကာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များတွင် မငြိမ်သက်မှုများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှုများ၊ အကြမ်းဖက်မှုများဖြစ်ပွားကာ ညမထွက်ရအမိန့်များထုတ်ပြန်ထားရကြောင်းသိရှိရသည်။

People Development For Knowledge

0 မြန်မာ့ပြုပြင် ပြောင်းလဲမှုများ(သို့မဟုတ်) တပ်မတော် လမ်းကြောင်း ပြောင်းရခြင်း၏ အကြောင်းရင်း၎ချက်

ကိုယ်ကျိုးအတွက်ပါးနပ်သူ ဦးသန်းရွှေသည် အမည်ခံ အရပ်သား အစိုးရကို လမ်းခင်းပေးခြင်းဖြင့် သူ့ကို အ နိုင်ယူ လောက်အောင် အင်အားရှိသော နောက်ထပ်အာဏာရှင် တစ်ဦးမပေါ်စေရန် သေချာ စီမံခဲ့သည်။ ထို့အတွက် ယနေ့မြန်မာနိုင်ငံ၏ အာဏာသည် တပ်မတော်၊ အစိုးရ အုပ်စုကွဲများ၊ ပိုမိုတက်ကြွ လှုပ်ရှားလာသော လွှတ်တော်တို့အကြား ခွဲဖြန့်ပြန့်ကျဲသွားသည်။

ယခုအခါဦးသန်းရွှေသည်အာဏာရှိစဉ်ကစုဆောင်းခဲ့သောဓနဥစ္စာများဖြင့် ပျော်မွေ့ကာကန့်လန့်ကာ နောက်ကွယ်တွင် အေးဆေးငြိမ်းသက်စွာ နေထိုင်ရင်း သံယံဇာတပေါ်သော နိုင်ငံမှ အမြတ်ထွက်မည့် လုပ်ငန်းများကို ဘယ်သူကအာမခံချက်ပေးနိုင်မလဲ ဆိုသည်ကို စဉ်းစားဆုံးဖြတ်နေပုံရသည်။
Christian Science Monitorမှ 20 October 2012ရက်စွဲပါ “Reform in Myanmar: 4 reasons the military changed course” သတင်းကို ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း၅၀ အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရ များနှင့်ရက်စက်ကြမ်းကြုတ်မှုများ အဂတိ လိုက် စားမှုတို့ကို ခွဲခြား၍မရ နိုင်ပေ။ ကြမ်းတမ်းသော ပြည်တွင်းစစ်များ မူးယစ်ဆေးဝါးစီးပွားရေး လုပ်ငန်းများ အဓမ္မခိုင်းစေမှုများ၊ နှင့်အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် မှုဖြင့်စွပ်စွဲ ခံရသူ တပ်မတော် အာဏာရှင်ခေါင်းဆောင် ဆက်ဆက်သည် တစ်ချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံကို စီးပွားရေး မွဲပြာကျ အောင် ဆွဲချခဲ့ကြသည်။

လွန်ခဲ့သော တစ်နှစ်ကမူ တပ်မတော် အစိုးရကို ဖျက်သိမ်းကာ ဗိုလ်ချုပ်ဟောင်း အများစုဖြင့် ဖွဲ့စည်းထားသော အရပ်ဖက် အစိုးရဖြင့် အစားထိုးခဲ့ ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ တိုင်းရင်းသားစစ်တပ်များနှင့် အပစ်ရပ်စဲမှုများ စီးပွားရေး ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ သည်။

တပ်မတော်အစိုးရ လမ်းကြောင်းပုံစံ ပြောင်းလဲရခြင်း၏ အကြောင်းအရင်း ၄ချက်ကို အောက်တွင်ဆန်းစစ်ထားသည်။

အာဏာရှင် ခေါင်းဆောင်များ သူတို့ကိုယ် သူတို့ကာကွယ်ခြင်း

မနှစ်ကအထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီးဟောင်း သန်းရွှေသည် အာဏာလွှဲပြောင်း ချိန်တွင် သမိုင်းကြောင်းကို ငဲ့စောင်းကြည့် ခဲ့ပုံ ရသည်။ သမိုင်းအစဉ်အလာအရ မြန်မာ့အာဏာရှင် များသည် အဏာလွှဲပြောင်းပြီး နောက်ပိုင်းတွင် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရကာ ၎င်းတို့မိသားစုဝင် များသည်လည်း စုဆောင်းခဲ့သမျှ ပစ္စည်းဥစ္စာများကို စွန့်လွှတ်ကြရသည်။

နိုင်ငံအကျိုး သယ်ပိုးနိုင်သော်လည်း ကိုယ်ကျိုးအတွက်ပါးနပ်သူ ဦးသန်းရွှေသည် အမည်ခံ အရပ်သား အစိုးရကို လမ်းခင်းပေးခြင်းဖြင့် သူ့ကို အ နိုင်ယူ လောက်အောင် အင်အားရှိသော နောက်ထပ်အာဏာရှင် တစ်ဦးမပေါ်စေရန် သေချာ စီမံခဲ့သည်။ ထို့အတွက် ယနေ့မြန်မာနိုင်ငံ၏ အာဏာသည် တပ်မတော်၊ အစိုးရ အုပ်စုကွဲများ၊ ပိုမိုတက်ကြွ လှုပ်ရှားလာသော လွှတ်တော်တို့အကြား ခွဲဖြန့်ပြန့်ကျဲသွားသည်။

ယခုအခါဦးသန်းရွှေသည်အာဏာရှိစဉ်ကစုဆောင်းခဲ့သောဓနဥစ္စာများဖြင့် ပျော်မွေ့ကာကန့်လန့်ကာ နောက်ကွယ်တွင် အေးဆေးငြိမ်းသက်စွာ နေထိုင်ရင်း သံယံဇာတပေါ်သော နိုင်ငံမှ အမြတ်ထွက်မည့် လုပ်ငန်းများကို ဘယ်သူကအာမခံချက်ပေးနိုင်မလဲ ဆိုသည်ကို စဉ်းစားဆုံးဖြတ်နေပုံရသည်။

တရုတ်အပေါ် မှီခိုရမှုကို လျှော့ချခြင်း

အနောက်အုပ်စု၏ ပစ်ပယ်ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် အိမ်နီးချင်း ဗလကြီး(အင်အားကြီး) တရုတ်ပြည်အပေါ် ပို၍ပို၍ မှီခိုခဲ့ရသည်။ ဘီ ဂျင်းက နိုင်ငံတကာ နယ်ပယ်တွင် အကောင်းဆုံး သံတမန်ရေး အကာအကွယ်ပေး ခဲ့သောကြောင့် မြန်မာနိုင်ငံအတွက်မရှိမဖြစ် မဟာမိတ်ဖြစ်လာခဲ့သည်။ မြန်မာ ဗိုလ်ချုပ်ကြီးများသည် (တင်ဒါပိုင်ဆိုင်မှု မရှိ၍ ဈေးနှုန်းနှင့် အရည်အသွေး ကြိုက်သလို သတ်မှတ်နိုင်သော) စစ်လက်နက် ပစ္စည်းများကို တရုတ်ထံမှ ဝယ်ယူခြင်း) ၊ကုန်သွယ်မှုပမာဏ ၃၅ရာခိုင်နှုန်းကို တရုတ်နှင့်ပြုလုပ်ခြင်း၊ ဓာတ်အားဆာလောင်နေသော တရုတ်သို့ရေအားလျှပ်စစ် ရောင်းပေးရန် မြန်မာ နိုင်ငံတွင် အငြင်းပွားဖွယ် ရေလှောင်တမံကြီးများကို တရုတ်ကုမ္ပဏီများအား ဆောက်ခွင့်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မကြာမီနှစ်ပိုင်းများအတွင်း မြန်မာပြည်နောက်ပိုင်းသို့ တရုတ်စီးပွားရေး သမားများ၊ ကုန်သည်များ အလုံးအရင်းနှင့် လှိမ့်ဝင်လာခဲ့ကြသည်။ ၎င်း တို့ကို ဒေသခံများက မနှစ်သက်ကြပေ။ အမှန်စင်စစ် မြန်မာတို့သည် တရုတ်တို့ကို ရှေးကတည်းက ယုံကြည်မှုမရှိကြပေ။ ဘီကျင်းက လူအား၊ငွေအား၊ လက်နက်အား ထောက်ပံ့ပေးထားသော ဗကပတပ်များ (ယခုဝ၊ ကိုးကန့်၊ မိုင်းလား၊ တပ်ဖွဲ့များ)နှင့် အသက်ပေါင်းများစွာ ပေးဆပ်တိုက်ခိုက်ခဲ့ရခြင်းကို မြန် မာစစ်တပ်က မမေ့နိုင်သေးပါ။

ယခုအခါ တရုတ်နိုင်ငံအပေါ် အန္တရာယ်ကြီးမားစွာ အလွန်အကျွံမှီခိုရခြင်းကို လျှော့ချရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အနောက်နိုင်ငံ များထံမှ ပြိုင်ဆိုင်မှု အနည်းအကျဉ်းကို မိတ်ဆက်ပေးခြင်းသာ ဖြစ်ကြောင်း မြန်မာအစိုးရ ဆုံးဖြတ်ခဲ့ပုံရသည်။

သို့သော် ထိုသို့ပြုလုပ်ရန်အတွက် ဝါရှင်တန်နှင့် အီးယူ၏ စီးပွားရေး ပိတ်ဆို့မှု Sanctionများ ရုတ်သိမ်းပေးအောင် ဆွဲဆောင်စည်းရုံးဖို့ လိုအပ်လာ သည်။ အကောင်းဆုံး နည်းလမ်းမှာ နိုင်ငံရေး လောကကို စတင်တံခါးဖွင့်ပေးကာ မြန်မာတို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဟု ကမ္ဘာကို စည်းရုံး သိမ်းသွင်း ခြင်းဖြစ်သည်။ ထိုအခါ ရွေးကောက်ပွဲများ ထွက်ပေါ်လာသည်။

စီးပွားရေး ပြိုလဲမှုနှင့် အနောက်အုပ်စု Sanctionများကို အဆုံးသတ်ခြင်း

၁၉၈၈အထိ၂၆နှစ် အုပ်စိုးခဲ့သော ဦးနေဝင်းစစ်တပ်က မြောက်ကိုးရီးယားတို့နှင့် နည်းလမ်းရော ရလာဒ်ပါများစွာ ဆင်တူသည့် ‘မြန်မာဟန် ဆိုရှယ်လစ် လမ်းစဉ်’ကို ကျင့်သုံးခဲ့သည်။ မရှေးမနှောင်း စီးပွားရေးတံခါးဖွင့်မှုကြောင့်ရလာဒ် အချို့ထွက်ပေါ်လာခဲ့သော်လည်း မြန်မာအကြီးတန်း အာဏာ ပိုင်များ အရှေ့တောင်အာရှတစ်ခွင် ပို၍ပို၍ ခရီးထွက်ကြ သည်နှင့်အမျှ ၎င်းတို့နိုင်ငံ မည်မျှခေတ်နောက်ကျ နေသည်ကို နားလည်သိရှိ လာကြသည်။ တစ် ချိန်က ကမ္ဘာ့ဆန်အိုးကြီးဟု တင်စားခဲ့ဘူးသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး ဖြစ်နေပြီ။ ဤဖြစ်ရပ်သည် အမျိုးသားရေး အရှက်ရ စရာကိစ္စဟု မြန်မာခေါင်းဆောင်တို့ ရှုမြင်လာကြသည်။

မြန်မာနိုင်ငံသည် ၂၀၁၅လွတ်လပ်သော အာဆီယံ ဘုံဈေးကွက်သို့ဝင်ရန် ကတိပေးထားသည်။ အကယ်၍ ထိုသို့ ၂၁ရာစု စီးပွားရေး လောကကို လိုက်မှီနိုင်ဖို့ ဆိုလျှင် ဖြစ်နိုင်သမျှ ကဏ္ဍပေါင်းစုံမှ နိုင်ငတကာ အကူအညီရဖို့ လိုအပ်သည်။

ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ဖို့လိုလာပြီ။ အနည်းဆုံးအာဖြင် အနောက်အုပ်စု နိုင်ငံများ ကျေနပ်လောက်သည့် အတိုင်းအတာ ဖြစ်ရမည်။

အာရပ်နွေဦးနှင့် အနည်းငယ်သာ သက်ဆိုင်

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှသည် အာရပ်နွေဦး၏ အာရှပုံစံဟန်ပန် တစ်ခုမဟုတ်ပါ။ မြန်ာမဗိုလ်ချုပ်ကြီးများသည် (အမှန်စင်စစ် ဦးသန်းရွှေ တစ်ဦးတည်း) နှစ်ပေါင်းများစွာကပင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ပေါ်တွင်သူတို့ဘာသာ သူတို့လျှောက်ခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ အာဏာရှင်များ ကျဆုံးခြင်းကြောင့် ကြောက်စိတ်မဝင်ခင်ကပင် နှေးနှေးကွေးကွေး စခဲ့ခြင်းဖြစ်သည်။

ပို၍အရေးကြီးသော အချက်မှာ ပြုပြင်ပြောင်းလဲမှုများ သည်လူထုအုံကြွမှု ရလာဒ်အဖြစ်ထွက်ပေါ် မလာခြင်းပင်ဖြစ်သည်။ အမှန်စင်စစ် အာဏာရှင် တပ်မတော် အစိုးရ အဆက်ဆက်သည် ၁၉၈၈နှင့် ၂၀၀၇လူထုအုံကြွမှုကို အောင်မြင်စွာ (သို့မဟတ်) ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ကြ သည်။ မြန်မာ့အပြောင်းအလဲသည် အောက်ခြေလူထု တော်လှန်ရေးမှ ထွက်ပေါ်မလာဘဲ အာဏာရှင်တို့၏ ခွင့်ပြုမှုဖြင့် အပေါ်မှအောက်သို့ ဆင်းသက်လာ ခြင်း ဖြစ်သည်။ Top down reform processဟု ခေါ်ကြသည်။ အာဏာကို “ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်စေချင်သော” ကိုယ်ကျိုးစီးပွား အ ကြောင်းရင်း များကြောင့် ဗိုလ်ချုပ်ကြီးများက (အမှန်စင်စစ် ဦးသန်းရွှေ တစ်ဦးတည်းက) ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ် လက်ထက်ကနဦး ၃လခန့် အထနှေးပြီးမှ မြန်ဆန်လာရသော အကြောင်းအရင်းမှာမူ အာရပ်နွေဦးက ကြိမ်တံဖြင့် တို့လိုက်ခြင်းကြောင့် ဖြစ်သည်။

Yangon chronicle

0 သမ္မတ ဦးသိန်းစိန် ၏ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေ(ရုပ်သံ)


သမ္မတ ဦးသိန်းစိန် ၏ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေ ဗွီဒီယိုမှတ်တမ်း အပိုင်း ၁၄ ပိုင်း(မဇ္ဈိမ )ကို တဆက်တည်းကြည့်ရူနိုင်ပါတယ်။.

0 ကျော်သူကိုလည်း မယုံနဲ့

ကျော်သူကိုလည်း မယုံနဲ့
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး (အရေးပေါ်ကယ်ဆယ်ရေး) စသည့် လူမှုကူညီရေးလုပ်ငန်းများအား ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် နေ့မှစတင်၍ ယနေ့ချိန်ထိ (၁၂) နှစ်တိုင် ခရီးသို့ လျှောက်လှမ်းလုပ်ကိုင် ဆောင်ရွက်ပေးလျှက် ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာပြည်တွင်းမှအစပြု၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ အများပြည်သူ (၇) ရက်သားသမီးများတို့၏ ယုံကြည်စွာလှူဒါန်းထားသည့် အလှူငွေများဖြင့်သာ ကူညီမှုလုပ်ငန်းရပ်များ အဆင်ပြေစွာလည်ပတ်နိုင်ရန် စနစ်တကျ စီမံခန့်ခွဲသုံးစွဲလျှက်ရှိသည်။ တကယ်လိုအပ်လျှက်ရှိသည့် နေရာ ဒေသအသီးသီးရှိ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များအား ထိရောက်စွာတဆင့်ပြန်လည် ပေးကမ်းလှူဒါန်းလျှက် ရှိပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မည်သည့်နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများထံသို့ အလှူငွေ (အသုံးစရိတ်များ) တင်ပြတောင်းခံခြင်း၊ အလှူခံခြင်း မရှိခဲ့ချေ။ ယနေ့အချိန်ကာလများတွင် လူမှုရေးအဖွဲ့အစည်းများကိုအဓိကပစ်မှတ်ထား၍ လိမ်လည်မှုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအသုံးပြု၍ ငွေကြေးများလိုက်လံ တောင်းခံ လိမ်လည်နေကြောင်း သိရှိရ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၄.၁ဝ.၂ဝ၁၂ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေး (၄၁/၁၂) ဆုံးဖြတ်ချက်အရ ၂ဝ.၁ဝ.၂ဝ၁၂ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) ရဲစခန်းသို့ သွားရောက်၍ ၄င်းလိမ်လည်မှုအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အကြောင်းကြား၍ သိရှိပါကြောင်း ထောက်ခံချက်ပြုလုပ်ပြီး ၂၁.၁ဝ.၂ဝ၁၂ ရက်နေ့တွင် “အများပြည်သူများသိစေရန်” နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းသတင်းစာစာမျက်နှာ (၁၆)နှင့် ကြေးမုံသတင်းစာစာမျက်နှာ (၁၆) တို့တွင် ထည့်သွင်းကြော်ငြာ၍ အသိပေးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပရဟိတလူမှုရေး အသင်းအဖွဲ့များအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးမှုများ၊ ပြဿနာများ မဖြစ်ပွားရအောင် လူလိမ်၊ လူညာများရန်မှ ကင်းဝေးစေရန် သတိကြီးစွာထားရှိပြီး လုပ်ကိုင်ဆောင်ရွက်ကြရန် မေတ္တာစေတနာ ရှေ့ထား၍ လေးစားစွာ အသိပေးအပ် ပါသည်။

အောက်ဖော်ပြပါ ဖြစ်စဉ်ဖြစ်ရပ်များ (၃) ကြိမ်တိုင်တိုင်အပြင် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ကာလ အတွင်း၌ ယင်းဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရသည့် မုံရွာမြို့ရှိ “ဂရုဏာမြင့်မိုရ် နာရေးကူညီမှုအသင်း” မှ ၂၁.၁ဝ.၂ဝ၁၂ ရက်နေ့ထုတ် သတင်းစာမှ “အများပြည်သူများသိစေရန်” ဖတ်ရှုပြီး တယ်လီဖုန်းဆက်သွယ်ခဲ့ရာမှ ၄င်း နာရေးအသင်းသည်လည်း လိမ်လည်မှုခံရကြောင်း ထပ်မံသိရှိခဲ့ရသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ စေလွှတ်၍ အလှူခံခြင်း၊ အကူအညီတောင်းခံခြင်း မရှိချေ။ အသင်းမှ တာဝန် အရ စေလွှတ်ပါက အသင်းရင်ထိုး၊ အသင်းသားကဒ်ပြား၊ ရုံးစာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးဦး၏ တံဆိပ်တုံးလက်မှတ်များဖြင့် ပြည့်စုံစွာပေးအပ်၍ အသင်း၏ ကိစ္စအဝဝအား ဆောင်ရွက်လုပ်ကိုင်စေပါကြောင်း အများပြည်သူ စေတနာရှင်တို့အား အသိပေးအပ်ပါသည်။

အချုပ်ဆိုရသော် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ပေးဆပ်မှုများအား အားကျဂုဏ်ယူ နေကြသည့် နာရေးကူညီမှု အသင်းအဖွဲ့များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအား အသုံးပြု၍ အကူအညီတောင်းခံလာမှုအပေါ် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် တယ်လီဖုန်း ၅၈ဝ၁၃၃၊ ၅၈၁၃၆၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ သို့ ဆက်သွယ်စုံစမ်းကြရန်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အမည်နာမအား ပြောကြားရုံဖြင့်၎င်း၊ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့၏ ဆွေမျိုးမိတ်ဆွေဖြစ်ကြောင်း ကျေးဇူးရှင်ဖြစ်ကြောင်း ပြောကြားရုံဖြင့် အယုံမလွယ်သင့်ပေ။ ယင်း လူလိမ် ဦးစိုး မောင်ဆိုသူသည် နာရေးကူညီမှု အသင်းအဖွဲ့များသို့သာ အဓိကထား၍ လိုက်လံလိမ်လည်နေသူဖြစ်ကြောင်း သိရှိထားသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ပရဟိတ လူမှုရေး လုပ်ဖော်ကိုင်ဖက် အသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းကူညီကြိုးစား၍ ဖော်ထုတ်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖြစ်စဉ် - ၁

အောက်တိုဘာ(၂)ရက်နေ့ နံနက် (၇)နာရီခန့်တွင် သက်ရက်မြို့ “စေတနာဖြူ နာရေးကူညီမှု အသင်း”သို့ အကူအညီတောင်းရန် လာရောက်စုံစမ်းစဉ် အသင်းဝင် ဦးသိန်းဇော်ဦးမှ ဘဏ္ဍာရေးမှူး ဦးဆာထံ ခေါ်သွားခဲ့ပြီး ဘဏ္ဍာရေးမှူးမှ ဥက္ကဌဦးဝင်းတင်ထံသို့ အကူအညီတောင်းခံသူသည် ရန်ကုန် နာရေးကူညီမှု အသင်းမှဖြစ်ပြီး ၄င်းတို့ကား ရခိုင်သို့လှူဒါန်းရန် ပစ္စည်းများသွားရောက်ပေးပို့စဉ် ကားပျက်နေသဖြင့် အကူ အညီပေးရန် လာရောက်ပြောကြားပြီးအသင်းရုံး၌ဒု-ဥက္ကဌဦးလှဌေး၊ အတွင်းရေးမှူးဦးအောင်မျိုးထွန်း၊ တွဲဘက် အတွင်းရေးမှူး(၁) ဦးဇော်ထွန်းဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးဇော်ထွန်းမင်း၊ အမှုဆောင် ဦးမြင့်ဌေး (ခ) ပေါက်စီ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် တောင်းခံသူသည် ဦးစိုးမောင်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်မှူး ဖြစ်ကြောင်း၎င်းသည် မင်းလှမြို့မှတဆင့်ရခိုင်သို့လှူဖွယ်ပစ္စည်းများမီးစက်(၃)လုံးနှင့်သီတဂူဆရာတော်ကြီးမှလှူဒါန်းသည့် စောင်များပေးပို့ရန်အတွက်ထွက်ခွာလာစဉ် ပုသိမ်၊ မုံရွာလမ်း သရက်လမ်းဆုံ အနီးကံလည် တံတားမရောက်မီနေရာတွင် ကားပျက်နေသဖြင့် ၄င်းနှင့်ပါလာသူ (၁)ဦးမှ ရေတိုင်ကီပြုပြင်ရန်နှင့် ကား “လေး” များဝယ်ယူရန် အောင်လံနာရေးကူညီမှုအသင်းမှ အကူအညီပေးသူ (၁)ဦးနှင့်အတူဦးကုလားကြီးဝပ်ရှော့တွင် ပြင်ဆင်နေကြောင်း ၄င်းပြန်အလာစောင့်၍ ကားပြင်ဆင်ရေး၊ ကားပေါ်ပါ မီးစက် (၃) လုံးအား သရက်မြို့သို့သယ်ယူရေး၊ သရက်မှ အောင်လံသို့ပို့ဆောင်၍ ရန်ကုန်သို့ ဆက်လက် ပေးပို့နိုင်ရေးအတွက် အကူအညီပေးရန် တောင်းခံလာပါသည်။

“သရက်နာရေးကူညီမှုအသင်း” အနေဖြင့် အသင်းပိုင်နိဗ္ဗာန်ယာဉ်တစ်စီးနှင့် စည်ပင်မှ ခေတ္တလွဲပြောင်း ပေးအပ်ထားသည့် LIFAN ထော်လာဂျီယာဉ် တစ်စီးသာရှိ၍ မီးစက်သယ်ယူရန် ယာဉ်မရှိကြောင်း ပြောကြားရာ ဦးစိုးမောင် (လူလိမ်) ဆိုသူမှ နာရေးအသင်းမှ ကားများမသုံးလိုကြောင်း ပုပ္ပလိကကားကို ၄င်းအနေဖြင့် ငှားရမ်းလိုသဖြင့် ဆက်သွယ်ပေးရန်သာအကူအညီတောင်းခံခဲ့ပါသည်။သို့ဖြစ်ပါ၍ ယာဉ်ပိုင်ရှင် ဦးပေါက်စီ(ခ) မြင့်ဌေးမှ ခရီးစဉ်အား ငှားရမ်းမည်ဆိုပါက အသွားအပြန် (၁) သိန်းကျမည်ဖြစ်ကြောင်း ပြောကြားရာ နှစ်ဦးနှစ်ဖက်သဘောတူစွာဖြင့် ငှားရမ်းခဲ့ပြီးအသင်းရုံးမှ ကူညီဆောင်ရွက်ပေးရန် တွဲဘက် အတွင်းရေးမှူး (၁) ဦးဇော်ထွန်းဦးနှင့် အသင်းဝင် ဦးသိန်းဇော်ဦးနှစ်ဦးတို့အား လိုက်ပါဆောင်ရွက်ရန် တာဝန်ပေး စေလွှတ်ခဲ့ပါသည်။

အသင်းရုံးမှ နေ့လည်(၁)နာရီခန့်တွင် စတင်ထွက်ခွာသွားရာကွမ်းဝယ်ရန်ဆို၍ ခေတ္တရပ်နားစဉ် ကားဒရိုင်ဘာအား ဦးစိုးမောင် (လိမ်လည်)ဆိုသူမှ ကားပျက်နေသည့် အဖွဲ့မှလူများအတွက် လိုအပ်သည် များဝယ်ယူရန် ငွေကျပ် ၅ဝဝဝဝိ/- (ငါးသောင်းကျပ်) ကြိုထုတ်ယူလိုကြောင်း၎င်းရောင်းချမည့် ဒီဇယ်ဆီ (၁) ပေပါမှ ခုနှိမ်ပေးရန် ပြောကြားသဖြင့် ယာဉ်ပိုင်ရှင် ဦးမြင့်ဦး (ခ) ပေါက်စီ၏ အမျိုးသမီးထံမှ ငွေထုတ်ယူ၍ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် သရက်မြို့ ရဲစခန်း၌ မင်းတုန်းမှစခန်းမှူးနှင့် အဖွဲ့ပါလာသေးသဖြင့် ခေတ္တဝင်၍ တွေ့ဆုံလိုကြောင်းပြောပြီး စခန်းအတွင်း ဝင်ရောက်သွားခဲ့ပါသည်။ (၁ဝ)မိနစ် (၁၅)မိနစ်ခန့်အကြာစခန်းမှ ထွက်လာပြီး ဦးဇော်ထွန်းဦးတို့အား မင်းတုန်းသို့ ကြိုတင်သွားရန်နှင့် ၄င်းမှ မင်းတုန်းရဲအဖွဲ့ဖြင့် နောက်မှလိုက် လာမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုသဖြင့် ၄င်းအား ရဲစခန်းတွင်ထားခဲ့ပြီး ကားအဖွဲ့သည် နေ့လည် (၁း၃ဝ) နာရီအချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။

အသင်းရုံးမှ ထွက်ခွာစဉ် အတူသွားခဲ့ကြသော်လည်း အထက်စာပိုဒ်ပါ ဖြစ်စဉ်အားလုံးကို အသင်းရုံးတွင် ကျန်ရစ်သည့် ဥက္ကဌနှင့် EC အားလုံးမှာ သိရှိမှုမရှိခဲ့ဘဲ ပျက်နေသည့် မော်တော်ယာဉ်အား ရှာမတွေ့ကြောင်း သတင်းပေးပို့သည်။ ည (၆း၃ဝ) နာရီအချိန်ခန့်မှသာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သရက်မြို့ ရဲစခန်း၊ မင်းတုန်းမြို့ ရဲစခန်းအသီးသီး ဆက်သွယ်ဆောင်ရွက်မှုအရ လိမ်လည်မှုသာဖြစ်ကြောင်း သိရှိရ၍ ၄င်းပုဂ္ဂိုလ် သရက်မှ ထွက်သွား/မသွားသိရှိ၍ ပဲ့သော်ဆိပ်သို့ ဆက်သွယ်မေးမြန်းရာ နေ့လည် (၃းဝဝ) နာရီအချိန်ခန့်တွင် အောင်လံသို့ ကူးသွားကြောင်း သတင်းရရှိခဲ့ပါသည်။ (ယင်းဖြစ်စဉ် မှတ်တမ်းအားသရက်မြို့ “စေတနာဖြူ နာရေးကူညီမှုအသင်း”မှ ရေးသားပေးပို့ခြင်းဖြစ်ပါသည်။)

ဖြစ်စဉ် - ၂

ဒေါက်တာစင်သီတာမောင်မှနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စောင်အထည်(၆ဝဝဝ)အားရခိုင် ပြည်နယ်အတွက် ပေးအပ်လှူဒါန်းခဲ့ပြီးမုတ္တမမြို့နှင့် ပေါင်မြို့ကြား၌ကားပျက်သွားသည့်အတွက်သထုံမြို့တွင်ကားပစ္စည်းများအပ်နှံထားသည့်အတွက် ရွေးယူရမည်ဖြစ်သည်။ ထို့ကြောင့် ပေါင်မြို့ရှိ နာရေးကူညီမှု အသင်းသို့ ဝင်ရောက်အကူအညီတောင်းခဲ့ရာပေါင်မြို့ နာရေးအသင်းမှ တာဝန်ရှိသူများအား၎င်း ဦးစိုးမောင် (လူလိမ်)မှ မိမိသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်မှူး တစ်ယောက်ဖြစ်ကြောင်းပြောပြီး သထုံသို့ပြန်၍ ကားပစ္စည်းများရွေးယူရန်အတွက်ပေါင်မြို့ နာရေးအသင်းမှ ပိုက်ဆံ ၄ဝဝဝဝိ/- ကျပ်အား ကူညီ ပေးအပ်ပြီး ၄င်းမှ သထုံသို့သွားမည်။ ကားပျက်နေသည့် မုတ္တမနှင့် ပေါင်မြို့လမ်းပေါ်တွင် အဖော်တစ်ဦး ရှိနေသည့်အတွက် ၄င်းကားနေရာသို့ သွားရောက်စောင့်နေပေးရန် ပြောကြားခဲ့သည်။ ပေါင်မြို့ နာရေးအသင်း မှ တာဝန်ရှိသူများသည် ၄င်း ဦးစိုးမောင်(လူလိမ်) ပြောကြားလိုက်သည့် နေရာတွင် မည်သည့် ကားပျက်မျှ မတွေ့သည့်အတွက် အသင်းရုံးသို့ ပြန်ရောက်ခဲ့ပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ၄င်းနေရာဒေသသို့ အသင်း၏ ကိစ္စရပ်များအား သွားရောက်ခြင်း မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်အတွက် လိမ်လည်မှုဖြစ်ကြောင်းသိရှိရသည်။

(ယင်းဖြစ်စဉ်အား ပေါင်မြို့ နာရေးအသင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။)

ဖြစ်စဉ် - ၃ နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံသို့ ၁၂.၁ဝ.၂ဝ၁၂ ရက်နေ့ ည (၁ဝးဝဝ) နာရီအချိန်တွင် နတ္တလင်းမြို့ရှိ နာရေးကူညီမှုအသင်းမှတယ်လီဖုန်းဖြင့် ဆက်သွယ်၍ ၄င်းတို့ဆီသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ မော်တော်ယာဉ်မှူးဆိုသူတစ်ယောက်မှ ည (၇းဝဝ) နာရီအချိန်ခန့်တွင် ရခိုင် အတွက် ပစ္စည်းများသွားရောက် ပို့ဆောင်ရင်းလမ်းတွင်ကားပျက်သွားသည့်အတွက် အကူအညီ တောင်းခံ သည့်အတွက် နတ္တလင်းမြို့ရှိ နာရေးအသင်းမှ လူငယ်များတို့သည် ၄င်း ဦးစိုးမောင်(လူလိမ်)အားမိမိတို့၏ ကားဖြင့်ခေါ်ဆောင်၍ ကားပျက်နေသည့် ဇီးကုန်းနှင့် နတ္တလင်းမြို့ကြားသို့ မောင်းနှင်တင်ခေါ်သွားခဲ့သည်။ ထိုစဉ် နတ္တလင်းမြို့ရှိ NLD ရုံးသို့ဝင်ရောက်ရန် ကိစ္စရှိသည့်အတွက် ခေတ္တဝင်ရောက်ရန် ပြောကြားသည့် အတွက် NLD ရုံးသို့ ဝင်ရောက်ပြီးပြန်လည် ထွက်လာကာ နတ္တလင်း နာရေးအသင်းမှ တာဝန်ရှိသူများအား ကားပျက်နေသည့် နေရာသို့ အရင်သွားရောက်ရန် ပြောကြားပြီး ၄င်း ဦးစိုးမောင်(လူလိမ်)မှ NLD ရုံးအဖွဲ့နှင့် အနောက်မှ လိုက်လာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဇီးကုန်းနှင့် နတ္တလင်းမြို့ကြား၌ မည်သည့်မော်တော် ယာဉ်တစ်စီးမှ ပျက်နေခြင်းအားမတွေ့ရှိခဲ့သည့်အတွက် ည (၁ဝးဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ ဆရာမ ဒေါ်သန်းမြင့်အောင်မှ ၃.၁ဝ.၂ဝ၁၂ ရက်နေ့တွင် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ မော်တော်ယာဉ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် စာရင်းစစ်အဖွဲ့တို့ သွားရောက်ခဲ့ပြီးနောက် ထပ်မံ၍ အသင်းကိစ္စများဖြင့် သွားရောက်ခဲ့ခြင်း မရှိကြောင်းသိရှိရ၍ ၄င်းဖြစ်စဉ်လည်း လိမ်လည်မှု ဖြစ်ကြောင်းသိရှိ ရသည်။

(ယင်းဖြစ်စဉ်အား နတ္တလင်းမြို့ နာရေးအသင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။)

FFSS- နာရေးကူညီမှုအသင်း(ရန်ကုန်)

0 "ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများအားပြောကြားချက်"

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နေ့လည်ပိုင်းလွှတ်တော်တွင် တွေ့ရစဉ် (Photo..ခွန်ဒီးယမ်)

သတင်းတွေဘာတွေယူတဲ့အခါမှာပေါ့ သတင်းတွေမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာကအခြေအနေတွေဘာတွေ သုံးသပ်တဲ့အခါမှာ လေးလေးနက်နက်ကြည့်၊ အပေါ်ယံကြောမကြည့်နဲ့၊ နောက်တစ်ခုကလည်း လူတွေရဲ့လုပ်ဆောင်မှု အဖွဲ့အစည်းတွေရဲ့လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ အရှေ့၊ အနောက်ညီလားဆိုတာ အမြဲစစ်ဆေးနေ..အဲ့ဒါအရေးကြီးတယ်..ခုတစ်မျိုးခုတစ်မျိုးဆိုတဲ့ဟာမျိုးဟာ ဘယ်တော့မှစိတ်မချရဘူးဆိုတာသိရမယ်..နောက်ပြီးတော့ အပေါ်ယံကြောလေးကြည့်ပြီးတော့ ဆုံးဖြတ်ချက်နဲ့ဆိုလို့ရှိရင် အများအကျိုးမပေးဘူး..အများကိုတစ်ချိန်လုံးပဲသတိပေးနေတာ...

အထူးသဖြင့်မီဒီယာရဲ့လူငယ်တွေပေါ့နော်..အခုထဲကကိုယ့်ကိုယ့်ကို ဖြောင့်မတ်တဲ့လမ်းပေါ်တင်ထားကြပါ..နောက်အသက်ကြီးလားလို့ရှိရင်ပြောင်းရ ပြုရခက်တယ်.ဘာလို့်လဲဆိုတော့လူကပိုးဝင်သွားတတ်တယ်..နေရာ.အာဏာ.သြဇာ သာယာသွားနိုင်တယ်..အဲ့ဒါကို အမြဲသတိထားရမယ်..ကိုယ့်ကိုယ့်ကို လည်းသတိထား.သူများကိုလည်း ကြည့်ရမယ်..ဘယ်သူကပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေပြတတ်တယ်..

အဲ့တော့ ကိုယ့်ဘာကိုယ်ဒါကိုကြည့်တတ်ရမယ်..ရှေ့နောက်မညီတဲ့ကိစ္စတွေ အပြင်နောက်သာယာလာတဲ့ ကိစ္စတွေပေါ့နော်...မီဒီယာမှာလည်းဖြစ်တတ်တယ်...မီဒီယာမှာကျတော့ သတိထားရမှာက...အခုခေတ်က မီဒီယာကတော်တော်သြဇာရှိတယ်..လူတွေဟာ သြဇာရှိရင် မြောက်သွားတတ်တယ်..သူတို့ အဂလိပ်အဆိုအရဆိုလို့ရင်တော့.. Power Corrupt .သြဇာအာဏာဟာလူကိုပျက်စီးစေတယ်ဆိုတာအဲ့ဒါကိုပြောတာabsolute power ...absolute corrupt လုံးဝအာဏာရှိလို့ရှိရင် လုံးဝပျက်ဆီးစေတယ်

သြဇာအာဏာရှိခြင်းကိုက လူတွေကို ပျက်စီးစေတယ်..အဲ့တော့ ကိုယ်ကိုယ်ကိုယ်လည်းဒီဟာကို အမြဲဆင်ခြင်ရမယ်..မီဒီယာက အခုခေတ်မှာ သြဇာအာဏာရှိတယ်.. ငါတို့ကပြောလိုက်လို့ရှိရင် လူတစ်ယောက်ရဲ့ဘ၀ကိုပြောင်းလဲနိုင်တယ်ဆိုတာက အသိဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့.ဒါဟာတာဝန်...အဲ့တော့..ကိုယ့်ကြောင့်လူတစ်ယောက်ရဲ့ဘ၀ပျက်သွားမှာဆိုလို့ရှိရင်.ကိုယ့်ကြောင့်တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သွားမယ်..ဆိုတာ အမြဲပဲစဉ်းစားရမယ်....အဲ့တော့ အမေက လူငယ်တွေကိုပဲ ပြောရမှာပဲ ..လူကြီးတွေက တော့ အစထဲကအဲ့စိတ်ဓာတ်မရှိလို့ရှိရင် အခုမှပြင်ပေးလို့မရတော့ဘူး...ခေါက်ရိုးကျိုးကုန်ပြီ........

သတင်းစာဆရာကြီးတွေထဲမှာဆိုလို့ရှိရင်လူရိုသေရှင်ရိုသေပေါ့နော်တစ်သက်လုံး....ခိုင်ခိုင်မာမာနဲ့လုပ်သွားတဲ့ သတင်းစာဆရာကြီးတွေရဲ့နမူနာကိုယူပါ...အခုတချို့ဆိုလို့ရှိရင်ပိုက်ဆံရရေးပေါ့..ပိုက်ဆံရရေးလုပ်တဲ့အခါမှာ...တချို့ကိစ္စတွေ ကျတော့ ပြောရမယ်ဆိုလို့ရှိရင် ဥပဒေအရတော့ဘာမှလုပ်လို့မရဘူးပေါ့..ဒါပေမယ့်အတင်းအဖျင်းတွေဘာတွေ...ရိုးရိုးပုဂိုလ်တွေရဲ့ သူတို့ကိုယ်ရေးကိုယ်တာကိစတွေဖော်ထုတ်တာတွေဟာတကယ်တော့လည်းတိုင်းပြည်နဲ့လည်းမဆိုင်ဘူး..ကိုယ်ရဲ့နိုင်ငံ..ကိုယ့်ရဲ့အသိုင်းအ၀ိုင်းရဲ့အကျိုးအမြတ်နဲ့လည်း မဆိုင်ဘဲနဲ့လူတွေ ဖတ်လို့ကောင်းအောင်ဆိုပြီးရေးတာတွေက. ပုဂိုလ်တွေရဲ့ဘ၀တွေပျက်စရာရှိပါတယ်..

အဲ့ဒါတွေကျတော့ အမေ့အနေနဲ့.ဒါမြင့်မြတ်တဲ့မီဒီယာရဲ့လုပ်ကိုင်မှုမျိုးလို့မမြင်ဘူး. .ထောက်ပြသင့်တာထောက်ပြတာကတစ်မျိုးပေါ့နော်...ဒါပေမယ့် အလကားသပ်သပ်သတင်းထူးဆိုပြီးတော့ လူဝယ်ဖတ်အောင်လုပ်တာမျိုးတော့ တခြားသူတွေပေါ်မှာလည်း ကိုယ့်မှာ လူသားတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတာတော့ ကလေးတွေမှတ်ထားကြ..အမေတို့မီဒီယာကကံကောင်းတာဘာလဲဆိုတော့.အခုမှစတယ်ဆိုတော့ လူငယ်တွေအရမ်းများတယ်..လူငယ်တွေဆိုတော့ကိုယ်ကိုယ်ကိုတည့်သွားနိုင်တယ်..ခေါက်ရိုးကျိုးနေတဲ့လူတွေကတော့ ကျိုးနေပြီ.ဘယ်လိုမှလုပ်လို့မရတော့ဘူး."

ပြည်ထောင်စုလွှတ်တော်တွင် ယနေ့(၂၂.အောက်တိုဘာ.၂၀၁၂) ပြောကြားသွားခြင်း ဖြစ်သည်။

Ref- Monica Lynn

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.