Sunday, October 21, 2012

0 လူထုအဆုံးအဖြတ်ကို ရဲရဲဝံ့ဝံ့ ခံယူရဲတဲ့ အလေ့အထ ( အောင်ဟိန်း)

NLD တွေ အစုလိုက် အပြုံလိုက်ထွက်တဲ့ သတင်းတွေ က ပွနေပြန်ပါတယ်။ဒီလို အဖွဲ့ဝင်တွေ ထွက်တာမျိုးဟာ တစ်ခောတ်တစ်ခါက ၁၉၉၀ရွေးကောက်ခံ NLD အမတ်တွေ ထွက်တာမျိုးကို ပြန်ပြောင်းသတိရစရာပါ ။ သတင်းစာတွေထဲမှာ အဆက်မပြတ် ဖော်ပြခဲ့တာပါ ။

တခြားကတော့ မသိဘူး ။ ကွန်တော်တို့ ဇာတိ က ဖြစ်စဉ်ကတော့သိပ်ထူးခြားတယ် မထင်ပါ ။ ဒေါင်းသေ ဆိုတဲ့ ရွာကလေးက ပါတီဝင်တွေထွက်တယ် ဆိုတာ အဲဒီရွာ ကဘယ်နား အဲဒီရွာက လူဦးရေ ဘယ်လောက် ဆိုတာ အဲဒီဒေသ မှာမွေးတဲ့ သမ္မတပြန်ကြားရေး FaceBook ဖြစ်နေတဲ့ ကိုဇော်ဌေး (မှုးဇော်)တောင် ကောင်းကောင်း သိပါတယ် ။ အဲဒီဒေသရဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဘာတွေလုပ်နေသတုန်းလဲ ။ သိကို သိပါတယ် ။
တစ်ခုပါပဲ ။ ပြည်သူလူထု ဆန္ဒနဲ့အညီ ခုနေ ၂၀၁၅ အထိ မစောင့်ပဲအစိုးရ၊ လွှတ်တော် နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကာက်ပွဲ တစ်ခု လုပ်ရဲပါသလား မေးချင်ပါတယ် ။

တခြားပါတီတွေ မပြောနဲ့ ။ စစ်တပ် ရဲ့ နောက်ခံ ပါတီကြီး ဖြစ်ခဲ့တဲ့မ ဆ လ ၊ တ ဆ ညကို တောင် ဒီကနေ့ ကြံ့ဖွံ့ ပါတီကြီးရဲ့ ခေါင်းဆောင်ဆိုသူတွေ က စီနီယာ ဂျူနီယာ ရိုသေခြင်းမရှိ လက်ထဲ အာဏာရှိလို့ မိုးကောင်းတုန်းရွာ ညစ်တတ်တဲ့ အလေ့အထတွေဟာ ရေရှည်မခံပါဘူး ။

ဦးသန်းရွှေဟာ နောက်ဆုံးလက်ကျန် မ ဆ လ CEC ပါ ။တ ဆ ည နာယကကြီး ဆိုတာ သူနဲ့ လယ်ဗယ်တန်း မ ဆ လ CEC ပါပဲ ။ကုန်ကုန်ပြောရရင် မ ဆ လ ခောတ်ကမှ သံလွင် အရှေ့ခြမ်းမှာ လူအင်အား လက်နက်အင်အားမမျှပဲ ကူမင်တန်တွေကို ဖိုက်ခဲ့တဲ့ ဗိုလ် တွေအများကြီးထွက်ခဲ့သေးတာပါ ။

ဒီကနေ့ခောတ်မှာတော့တိုင်းရင်းသားတော်လှန်ရေးနဲ့ ကျောင်းသားတပ်မတော်လောက် အချင်းချင်း ကြီးနိုင်ငယ်ညှင်း တိုက်ပြီး ဘာဘွဲ့တွေ ညာဘွဲ့တွေ ယူလာကြတာပါ ။ ဒီပုံ ဒီအချိုးမျိုးနဲ့ နောက်ထပ်ဂျူနီယာ တွေကလည်း ရှေ့လူတွေကို ဖြို ဖို့ (သို့) သူ့ အလိုလိုပြိုသွားတဲ့အခါချက်ချင်း မခန့်လေးစား (ခင်ဗျာတို့ ခောတ် ကုန်ပြီ ဆိုတဲ့သဘော )လက်သစ်တွေအဖြစ် အရှို အရှို ရင်ဘတ်တွေ ကော့ ထွက်လာကြမှာပါပဲ ။ ယုတ်ဆွအဆုံး စစ်သမိုင်းပြတိုက်တောင်မှ ဗိုလ်ချုပ်ဓါတ်ပုံတွေ မစုံမလင် နဲ့ စစ်လှောင်ကျောင်းကြီးပမာ မခန့်ပဲရှိချေတော့မှာပါ ။

အရင်ခောတ်က ဆိုက်ဝါး နည်းဟောင်းကြီးတွေ ရိုးနေပါပြီ ။ခောတ်သစ် စနစ်သစ်ကြီးမှာ နည်းသစ်ကလေးများ ရှာကြပါဦး ။ ဒီမိုကရေစီ နိုင်ငံကြီးများဆီက ပြိုင်ဘက်ပါတီတွေအပေါ် တစ်ဘက်နဲ့တစ်ဘက် ဘယ်လို အလေးထားတန်ဖိုးထားပြီး လူကြီးလူကောင်းဆန်ဆန်လူထုအဆုံးအဖြတ်ကို ရဲရဲဝံ့ဝံ့ ခံယူရဲတဲ့ အလေ့အထတွေ မွေးမြူကြပါဦး။ မဲရုံးတာသေချာတာနဲ့ ပြိုင်ဘက်အပေါ် ချီးကျူးရဲတဲ့ ၊ တိုင်းကျိုးပြည်ပြုအလုပ်များကို ပြိုင်ဘက်ရဲ့ ဦးဆောင်မှုနောက်က နေရာမရွေး ထမ်းရဲတဲ့သတ္တိတွေလည်း မွေးကြည့်ကြပါဦး ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.