Thursday, October 25, 2012

0 ဗိုလ်ကြီး ဟူသော ရာထူး၊နိုင်ငံရေး အကျဉ်းသား ဟူသော ရာထူး၊ယခုဝရမ်းပြေး တရားခံပြေး ဆိုသော ရာထူး

ယနေ့ ညနေက မင်္ဂလာတောင်ညွှန့် တရားရုံးတွင် နေမျိုးဇင်အား တရားခံပြေး ကြေငြာလိုက်ကြောင်း GW ကိုမိုဃ်းသွေး က ပြောပြနေစဉ်။ တရားရုံးမှ အပြန် တခါတည်း ကျနော့်ထံ လာရောက်တွေ့ဆုံပြီး ခါးနာနေသော ကျနော့်အား တရားသူကြီး အမိန့်အကြောင်းကို ရှင်းပြခဲ့ပါသည်။ မင်္ဂလာတောင်ညွန့် တရားရုံးမှ ယခုလေးတင်ပင် ကျနော် နေမျိုးဇင် အား တရားခံပြေး အဖြစ် ကြေငြာပြီး ဖမ်းမိန့် ၀ါးရမ်း ထုတ်လိုက်ကြောင်း တရားရုံးမှ ကိုဝေလုက အသိပေး အကြောင်းကြားလာပါသည်။

နေ့ခင်း က တောင်ညွှန့် ရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်မောင်က ကျနော့်ကို လာရောက်ပါရန် ဆင့်ခေါ်စဉ်က ကျနော် ပြန်ကြားလိုက်ပါသည်။ ခါးနာ နေသောကြောင့် မည်သည့် ကားမျှ ထိုင်ပြီး မစီးနိုင်သေးကြောင်း။ ပြီးတော့ တရက်ကို တရုံးနှုန်းနှင့် ဆက်တိုက်ခေါ်လာလျှင်လည်း ကျနော် မသွားနိုင်ကြောင်း၊ လာခေါ်မည် ဆိုလည်း ဆေးရုံကားနှင့် လာခေါ်လျှင် အိပ်လျက် လိုက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ယခု အိမ်တွင် ပင် အိပ်နေသော ကျနော် တရားခံပြေး အဖြစ် ဘ၀ တွင် ရာထူး တခု ထပ်ရပေပြီ။

ဗိုလ်ကြီး ဟူသော ရာထူး။

နိုင်ငံရေး အကျဉ်းသား ဟူသော ရာထူး၊

ဝရမ်းပြေး တရားခံပြေး ဆိုသော ရာထူးကို ကျနော် ထပ်ရပြန်ပေပြီ။
မနက်ဖြန်တွင် ရွှေရောင် ပိတ်ကား ထက် ဘာတွေများ ဆက်ဖြစ်လာပါမည်လဲ စောင့်ကြည့် ကြပါအုံးစို့

( နေမျိုးဇင်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.