Friday, October 26, 2012

0 EMG သတင်းထောက်၏ ကင်မရာ Memory Card သိမ်းဆည်းခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သရက်အုပ်ကျေးရွာအနီး မီးလောင်နေမှုနှင့် ချောင်းအတွင်း မီးလောင်နေသောလှေများ ကို တွေ့ရစဉ်)photo.EMG

ကျောက်ဖြူမြို့မှ သတင်းထောက်တစ်ဦး၏ ကင်မရာ memory ကဒ်အားကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးမှ ယနေ့ ၂၅ ရက်နေ့ ၊နေ့လည် ၁နာရီခန့်အချိန်တွင် သိမ်းဆည်းသွားခဲ့ကြောင်း မျက်မြင်သက်သေများကပြောဆိုပါသည်။
ကျောက်ဖြူမြို့တွင်ဖြစ်ပွားခဲ့သော မီးလောင်မှုများနှင့်ပတ်သက်ပြီး EMG(Eleven media group)မှသတင်းထောက်သည် အချိန်နှင့် တစ်ပြေးညီ သတင်းများကိုဂျာနယ်တိုက်သို့အရောက်ပို့ပေးခဲ့ကြောင်းလည်းသိရသည်။ ဂျာနယ်တိုက်မှ တရားဝင်ခန့်ထားသော သတင်းထောက်တစ်ဦး၏ ဓါတ်ပုံရိုက်ခွင့်ကို ပိတ်ပင်ခြင်း၊နှောက်ယှက်ခြင်းများသည် ဂျာနယ် လွတ်လပ်ခွင့်များအား ပိတ်ပင်တားဆီးနေသည်ဟုတွေးမြင်ခံစားမိပါသည်။

ယင်းသို့ လုပ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ဂျာနယ်လစ်များပေါ်ထွက်လာရေးကို တားဆီးပိတ်ပင်နေ သကဲ့သို့ သက်ရောက်စေသည့်ပြင် အခြားသောသတင်းသမားများအားလည်း ခြိမ်းခြောက်ခြင်းများဖြစ်နေ ကြောင်း သိရှိရပါသဖြင့် RSV အနေဖြင့် ထိုလုပ်ရပ်အား ကန့်ကွက်ပါကြောင်းတင်ပြအပ်ပါသည်။

ထိုသတင်းထောက်သည် EMG မှကျောက်ဖြူတာဝန်ခံသတင်းထောက် ဦးရဲမင်းနိုင်ဖြစ်ပြီး ကင်မရာ memory ကဒ်အား သိမ်းဆည်းသွားသူမှာကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးကြောင်းလည်း ကဒ်သိမ်းယူသွားစဉ် မြင်တွေ့လိုက်ရသူများက ပြောပါသည်။

မီဒီယာသမားများအား ထိုသို့ ပြုလုပ်ခြင်းသည် ရခိုင်ပြည်နယ်အတွင်းမှအခြားသော မီဒီယာသမားများအ တွက် လည်းစိုးရိမ်စရာဖြစ်လာနိုင်ကြောင်းလည်းသုံးသပ်မိပါသည်။

Rakhine Straight Views

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.