Saturday, February 25, 2012

0 "ပြန်လည်ဆုံတွေ့ခြင်း - ပေါင်းစည်းမှု - ၁" - မြန်မာပြည်မှစာ
ရေးသူ-ဒေါ်အောင်ဆန်းစုကြည်


အန်တီစုရဲ့ကချင်မနောမြေ စည်းရုံးရေးခရီးစဉ်မြင်ကွင်း(Photo-Min kyaw khine)
၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါး(ဘာသာပြန်)
ဖေဖော်ဝါရီလကို နှစ်တနှစ်ရဲ့ အလွန်အကောင်းဆုံးလလို့ ကျွန်မ အမြဲတမ်းတွေးခဲ့ပါတယ်။ ကျွန်မရဲ့ဘခင်၊ ကျွန်မမိခင်ဘက်ကအဘိုး၊ အေဘရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ကျွန်မချစ်ခင် လေးစားရဆုံး အမျိုးသားကြီးများဟာ ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့ကြတာပါ။ ဒါကြောင့် ကျွန်မငယ်စဉ် ကတည်းက ဖေဖော်ဝါရီလကို ကောင်းမြတ်ခြင်းနဲ့ သူရ သတ္တိရဲ့လ လို့ ရှုမြင်ခဲ့တာပါ။ ဖေဖော်ဝါရီလရဲ့ ကျက်သရေကို ထပ် လောင်းပေါင်းဖြည့်ပေးလိုက်တာကတော့ လင်ကွန်းရဲ့မွေးနေ့ဖြစ် တဲ့ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့နဲ့ တထပ်တည်းကျနေတာပါပဲ။ အဲဒီနေ့ကို နိုင်ငံရဲ့လွတ်လပ်ရေးအတွက် အားထုတ် ကြိုးပမ်းမှုတွေစုပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားလူမျိုးစုများစွာအတွင်း သဘောတူညီချက်စာချုပ် တခုကိုလက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မကြုံစဖူး ထူး ကဲတဲ့ နိုင်ငံရေးခြေလှမ်းတရပ်ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်းပြည်ကရွာ ကလေးကိုအစွဲပြုမှည့်ခေါ်ခဲ့တဲ့ “ပင်လုံစာချုပ်”ဟာ ညီညွတ်ရေးအတွက် ပြီးပြည့်စုံတဲ့လုပ်နည်းပုံစံတခု မဟုတ်ခဲ့ပေမင့် ပြည်ထောင်စုစိတ်ဓါတ်ရဲ့ အနှစ်သာရအဖြစ်တော့ ကိုယ်စားပြုခဲ့ပါတယ်။

ဒီနှစ်ရဲ့ဖေဖော်ဝါရီလဟာ ကျွန်မရဲ့မြော်လင့်ချက်များကို မပျက်ပြယ်စေခဲ့ပါဘူး။ ကြားဖြတ်ရွေး ကောက်ပွဲအတွက် အဲန်အယ်လ်ဒီရဲ့စည်းရုံးလှုံ့ဆော်ရေးများကို ဇန္နဝါရီလအကုန်မှာ မြန်မာနိုင်ငံ တောင်ဘက်အမြီးဖျားရှိ ထားဝယ်မြို့တွင် မင်္ဂလာရှိရှိ နိမိတ်အကောင်းဆုံး ဆောင်ရွက်ခဲ့ရပါတယ်။

၂၃ နှစ်အတွင်း အဲဒီအရပ်ကို ပထမဆုံးသွားရောက်ခဲ့တာပါ။ ပျော်ရွှင်စရာလဲ ကောင်းခဲ့ပါတယ်။ တနင်္သာရီတိုင်းမှပြည်သူများရဲ့ ထောက်ခံအားပေးမှုဟာ အရေအတွက်အင်အားနဲ့ စိတ်ဓါတ်ခိုင်မာမှု မနိမ့်တာကိုတွေ့မြင်ရလို့ စိတ်အားတက်ကြွခဲ့ရပါတယ်။ ဖေဖော်ဝါရီရဲ့ပထမပတ်အတွင်းမှာ ကျွန်မတို့ ပါတီရဲ့စည်းရုံးလှုံ့ဆော်ရေးဟာ ဟန့်တားမှုအနည်းငယ် ရှိလင့်ကစား သင့်တင့်တဲ့အရှိန်အဟုန်ရလာ ခဲ့ပါတယ်။ လူထုစုရုံးမှုအတွက်သင့်တင့်တဲ့နေရာအခက်အခဲများကြောင့် မန္တလေးကိုသွားဘို့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမင့် ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိန်မြို့နဲ့ ကျွန်မမိခင်ရဲ့မွေးရပ် မြေဖြစ်တဲ့ မြောင်းမြမြို့တွေကိုတော့ စီစဉ်ထားတဲ့အတိုင်း သွားဖြစ်ခဲ့ပါတယ်။

ရန်ုကန်မြို့ကနေ နံနက်စောစော ကျွန်မတို့ စတင်ထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်ရွာတွေက အားပေးထောက်ခံသူအများအပြားဟာ အဲန်အယ်လ်ဒီ အလံငယ်လေးများဝှေ့ရမ်းရင်း ပန်းများနဲ့ မျိုးကွဲ လက်ဆောင်များပေးခြင်းများဖြင့် နှုတ်ဆက်နေကြတဲ့အတွက် ခရီးပင့် နှေးကွေးစေခဲ့ပါတယ်။ လက် ဆောင်တွေအထဲမှာ ရိုးရာဆေးရေးပုသိန်ထီးများပါတဲ့အတွက် နေ့လည်ပိုင်းမှာ အသုံးဝင်ခဲ့ပါတယ်။ ပုသိန်ကိုရောက်တော့ သတ်မှတ်ချိန်ထက်နောက်ကျနေခဲ့ပါတယ်။ နေကလဲ အတော်ကိုပူနေပါပြီ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးက ထိုနေ့တွင်ကျောင်းတက်ရက်မပျက်ကွက်ရန်၊ အရပ်ဘက်ဝန်ထမ်းများကို လဲ ခွင့်မယူရန်၊ ပုသိန်ကောလိပ်မှကျောင်းသားများကိုလဲ ထိုနေ့တွင် စာမေးပွဲငယ်တခုကျင်းပကာ မပျက်မကွက်ဖြေဆိုရန်နဲ့ ပျက်ကွက်ပါက အတန်းတင်စာမေးပွဲကိုဖြေဆိုခွင့်မရှိဟူ၍ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒီလိုဆောင်ရွက်ချက်များဟာ ကျောင်းသားလူငယ်များနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ကျောင်းများအတွင်းမှာသာရှိနေစေဘို့နဲ့၊ ကျောင်းသားကျောင်းသူများနဲ့ အရပ် ဘက်ဝန်ထမ်းများ အဲန်အယ်လ်ဒီကို သူတို့ရဲ့ထောက်ခံအားပေးမှုကို ထွက်ကာဖော်ထုတ်မပြနိုင် အောင် တွက်ချက် လုပ်ကိုင်ထားကြောင်း ပေါ်လွင်လျက်ရှိနေပါတယ်။ ဒါပေမင့် ကျွန်မတို့ပါတီကို လာရောက်နှုတ်ဆက်တဲ့လူအုပ်ထဲမှာ လူငယ်အတော်များများ အင်အားပြ ပါဝင်တာတွေ့ရပါတယ်။ လူထုဟောပြောပွဲပြုလုပ်မဲ့ ဘောလုံးကွင်းကိုသွားတဲ့အခါမှာလဲ မော်တော်ဆိုင်ကယ်တန်းကြီးဟာ ကျွန်မတို့နဲ့အတူပါလာပါတယ်။ မြောင်းမြအသွား ဖုံထူတဲ့လမ်းတလျှောက်လုံးလဲ မော်တော်ဆိုင်ကယ် တော်တော်များများဟာ ကျွန်မတို့ကို အဖော်ပြုလိုက်ပါခဲ့ကြပါတယ်။ အဆိုးရွားဆုံးဆင်းရဲတွင်းမှာ နစ် မြုပ်နေကြတဲ့ ရွာသိမ်ရွာငယ်လေးများစွာကို ကျွန်မတို့ဖြတ်ခဲ့ကြပါတယ်။ ပြင်းပြတဲ့နေရောင်နဲ့ ဖုံထူထူ ကြားထဲက အားကိုးတကြီးနဲ့ ဝင်းလဲ့တောက်ပတဲ့အပြုံးများနဲ့ ဌာနေတို့ရဲ့ အားတက်သရောကြွေးကြော် ခေါ်ယူနှုတ်ဆက်သံများက အသည်းခိုက်စရာပါပဲ။ လုံခြုံစိတ်ချရတဲ့ဝန်းကျင်မှာ လိုက်လျောညီထွေရှိ တဲ့ လူနေမှုအဆင့်အတန်းကို ကျွန်မတို့ရဲ့ ပြည်သူလူထုတို့ရရှိဘို့ ကူညီရေးအတွက် ကျွန်မတို့ အစွမ်း ကုန်ကြိုးပမ်းကြရမယ်ဆိုတဲ့ ကျွန်မတို့တာဝန်ကြိးကို အိမ်ကိုသယ်ယူဆောင်ကြဉ်းခဲ့ရပါတယ်။ မြော် လင့်ထားခဲ့တဲ့အတိုင်း မြောင်းမြလူထုဟာ ကျွန်မကို ကြာရှည်စွာ ကွဲကွာနေတဲ့ မိသားစုဝင်တ ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ မြို့နယ်ရဲ့ ရာနှုန်းများများဟာ ကရင်လူမျိုးများဖြစ်ကြပါတယ်။ သူတို့ အတော်များများဟာ ကျွန်မတို့ရဲ့ လူထုစည်းဝေးပွဲကို အရေအတွက်များစွာပါဝင်ခဲ့ကြပါတယ်။ အထူး သဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းဟာ အများကြည်ညိုလေးစားတဲ့ ကရင်ကျောင်းဆရာတဦး ဖြစ်နေလို့ပါပဲ။ ရောင်စုံဝတ်စုံများဟာ ပျော်ရွှင်မြူးကြွခြင်းအာရုံကို ပိုမိုစေပါတယ်။ မွန်းတည့်နေဟာ ကြင်နာခြင်းကင်းစွာ ကျွန်မတို့အပေါ်ကျရောက်နေတဲ့ကြားထဲက သူတို့ရဲ့အားတက်သရောရှိနေခြင်းနဲ့ စိတ်ဓါတ်တက်ကြွခြင်းတို့ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။

အများသုံးတဲ့ မြန်မာစကားတခုဟာ ရေရဲ့အစက်များလို့ အဓိပ္ပါယ်ရတဲ့ “ရေစက်”ဖြစ်ပါတယ်။ “ဒါဟာ ရေစက်ပဲ” ဒါမှမဟုတ် “ဒါဟာ ရေစက်ကြောင့် ဆုံတွေ့ရတာပဲ”လို့ တယောက်ကိုတယောက် ပြောခဲ့ ရင် အဓိပ္ပါယ်ကတော့ ကျွန်မတို့ချင်းမှာ ကောင်းမွန်တဲ့ကံကြမ္မာနှောင်ဖွဲ့မှုကြောင့် အတူတကွ ပြန်လည် တွေ့ဆုံရတာလို့ ဆိုလိုပါတယ်။ ရိုးရာအနေနဲ့ အလှူတခုပြုလုပ်ပြီးတဲ့အခါမှာ ရေခွက်တခုမှရေအချို့ကို ခွက်တခုအတွင်းသို့ တစက်ခြင်း ချပြီး နောက်တော့ အဲဒီရေများကို ကျွန်မတို့ရဲ့ ကောင်းမှုကုသိုလ်ကို သက်သေပြုမဲ့ မြေကြီးထဲသို့ သွန်ချလိုက်ပါတယ်။ ဒီအလုပ်ရဲ့ကောင်းမှုကုသိုလ်ကို မျှဝေခံစားချိန်မှာ အတူရှိနေကြတဲ့သူများဟာ သံသရာခရီးမှာ “ရေစက်”ရဲ့ ဖွဲ့နှောင်မှုကြောင့် တဖန်ပြန်လည် ဆုံတွေ့ ကြရပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်ကတော့ ကရင်ပြည်သူများနဲ့ကျွန်မအတွက် “ရေစက်”အချိန်ပဲဖြစ်ပါတယ်။ အဲ ဒီလရဲ့ ၇ ရက်မှာတော့ ကရင်ပြည်သူများကို ကျွန်မမိခင်ရဲ့ဇာတိမြို့မှာ တွေ့ဆုံခဲ့ရပါတယ်။ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ရောက်ရှိခဲ့တဲ့ ကရင့်အမျိုးသားတပ်ပေါင်းစု/က ရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်မရဲ့အိမ်မှာတွေ့ဆုံ ဧည့်ခံ ခဲ့ပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ရန်ကုန်မှာ ကျွန်မနဲ့တွေ့နိုင်ဘို့ ကရင့်အမျိုး သားတပ်ပေါင်းစု/ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုဌာနချုပ်မှ စာကို လက်ခံရရှိ ချိန်မှာ မယုံနိုင်လောက်အောင်ကို ဖြစ်မိရပါတယ်။ နှစ်ပေါင်း နှစ်ပေါင်းများစွာ ပြည်ထောင်စုရဲ့ ငြိမ်းချမ်း ရေးနဲ့ စည်ပင်သာယာဝပြောရေးအတွက် ကျွန်မတို့ ရဲ့အောင်ပွဲအတွင်း မိတ်ဆွေများနဲ့ ရဲဘော်ရဲဘက် များလို့ထင်မှတ်ထားခဲ့ရသူများနဲ့ တွေ့ဆုံရတဲ့ အခွင့်အရေးကို နောက်ဆုံးမတော့ ရရှိလိုက်ရပါတယ်။ အဲဒိနှစ်ပေါင်းများစွာအတွင်းမှာတော့ ပထဝီအနေအထားအရဖြစ်စေ၊ နိုင်ငံရေးအခြေအနေများအရဖြစ် စေ သူတို့နဲ့ အနေဝေးအလှမ်းကွာနေခဲ့ကြပါတယ်။ အင်အားပြည့်ကိုယ်စားလှယ် ၁၄ ယောက်အဖွဲ့ ရောက်ရှိလာတဲ့အချိန်တိုအတွင်းမှာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများကြားမှာ မလိုလားအပ်တဲ့အတား အဆီးများကိုဖန်တီးပေးထားတဲ့ အခြေအနေများကြောင့် ကျွန်မတို့ရဲ့ စိတ်နှလုံးတွေဟာ မဝေးကွာကြ တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်

မိုအိနိချိသတင်းစာ၊ ဂျပန်။ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၂

(၂၀၁၂ ဖေဖေဖ်ာဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)

မောင်မောင်လှကြိုင်
http://mdn.mainichi.jp/perspectives/news/20120224p2a00m0na001000c.html
၂၀၁၂-၀၂-၂၅

0 လွှတ်တော်ကိုယ်စားလှယ်အမတ်တွေရဲ့ ခံစားခွင့်တဲ့...

ကာတွန်း.. ဟာဂျူလီ(ကသာ)

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။

Popular Myanmar News Journal

0 ABSDF ကျောင်းသားဥက္ကဌ ကိုထွန်းအောင်ကျော် ဂျပန်သို့ ရောက်ရှိ...



၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့ ဖေဖေါ်ဝါရီ လ၂၄ရက် သောကြာနေ့ တွင်တိုကျို နာရီတာ လေဆိပ်သို့  ရောက်ရှိလာခဲ့ပါသည်။

အဆိုပါ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တခုကို လည်း ကျင်းပပြုလုပ်သွားရန် ရှိကြောင်း သိရှိရပါသည်။

ကိုထွန်းအောင်ကျော်မှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ် ပေါ်ပေါက်လာခြင်း နှင့် ကျောင်းသားများ၏ အခန်းကဏ္ဍ၊ စစ်အာဏာရှင်စံနစ်နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်(၅၀)၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအ နေများကို

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ABSDF ရဲဘော်ဟောင်းများက ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြောင်း။ ဟောပြောပွဲသဘောမျိုး မဟုတ်ပဲ အပြန်အလှန် ဆွေးနွေးမည့် အစီအစဉ်များနှင့် အနှစ်သာရရှိရှိ ကျင်းပသွားမည့် အကြောင်း ပွဲစီစဉ်သူ တဦးမှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသားများမည်သူမဆို ပါဝင်ဆွေးနွေးနိုင်ပါသည်။

ကျောင်းသားစိတ်ဓါတ် လူတိုင်းရှိရန်လိုအပ်သည်။

လွတ်လပ်ရေးရအောင်ကြိုးစားခဲ့ကြသူတွေဟာကျောင်းသားဘ၀ကစသန္တေတည်လာခဲ့တာ

ကျောင်းသားသမဂ္ဂရှိမှကျောင်းသား

အခွင့်အရေးကိုဖေါ်ဆောင်နှိင်မည်။

အာဏာရှင်ကိုအမြစ်ဖြတ်ဘို့ ကျောင်းသားစိတ်ဓါတ်(ခွပ်ဒေါင်းစိတ်ဓါတ်)ခိုင်မြဲရန်လိုအပ်သည်။

ခွပ်ဒါင်းစိတ်ဓါတ်မြင့်မားစေဖို့ ပါဝင်ဆွေးနွေးကြပါစို့ 

ဆွေးနွေးပွဲကို မတ်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိပါတယ်...

http://www.youtube.com/user/zayyar20283?feature=watch မှ တင်ဆက်ပေးပါမည်...တင်ဆက်မည့်နေ့ တွင် ဗွီဒီယို ကြည့်ရှုနိုင်ရန် http://hdvideonewsjp.blogspot.com/ နှင့် BCJP ဘားမားကမ်ပိန်း ဂျပန် ၊http://www.dawnmanhon.com/တို့ တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ကိုသန်းဆွေ (မြေနီကုန်း) - 03 6479 6784

ကိုသာထက် (ကိုသောင်းလှိုင်) - 090 3242 1988

ကိုညီညီလွင် - 090 2157 3906

ကိုခင်မောင်ထွေး - 080 3456 4935

ကိုထွန်းဝေ - 080 3099 1503

မလေးလေး - 090 9828 2240

ကိုထွန်းအောင်ကျော် သည်ဂျပန်မှခရီးစဉ်ပြီးဆုံးပါက ကိုရီးယားသို့  ဆက်လက်သွားရောက်ဆွေးနွေး မည်ဖြစ်သည်။
တိုကျို နာရီတာလေဆိပ်တွင် ရဲဘော်ဟောင်းများနှင့်အတူ တွေ့ ရစဉ်...

ပေးပို့သော ကိုထွန်းဝေ-ဂျပန်(တိုကျို)အားကျေးဇူးတင်ရှိပါသည်..

1 "လူသုံးမျိုး" -
ရေးသူ-လူထုစိန်ဝင်း


"မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ " နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့လူစားများရဲ့ ပါးစပ်ကအမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာမကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်းကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ၊ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ် ဆိုတာတွေ့ရလိမ့်မယ်။

သက်သက်ရမယ်ရှာတာ

တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာမရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အ မြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်းရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်းမဟုတ်ဘူး။

စစ်မဖြစ်ဘူးတဲ့ နိုင်ငံမရှိ

မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီးကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတာ ဖြစ်တယ်။

လူလားမမြောက်သေးလို့

ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း၊ မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေးမရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်တယ်။

ထင်းစည်းဥပမာ

တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေးဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာလွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။


ဘုံအကျိုးစီးပွားအတွက်

လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်းခံစား ရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။

ဒီမိုကရေစီကျင့်စဉ်

ဘုံအကျိုးစီးပွားချင်း တူရင်တွဲလုပ်တယ်။ မတူရင်တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းကသွားသလို၊ သူလည်းသူကြိုက်တဲ့ လမ်းကသွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်းသူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။


လူသုံးမျိုး

ဒီလိုပြောတဲ့အတွက် အားလုံးဟာမိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာသောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ်မပေါင်းသင်းချင်ရင်တောင်၊ ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူးထင်ပါတယ်။

အမှားကိုမြင်လို့ပြုပြင်ရင်

တချို့ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့လူဆိုးပဲ၊ ဒါပေမဲ့ မတရားနိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်းမလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကားမပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆက်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။


ငတေမာပြီးရော

တချို့ကျတော့ သောက်စားမူးယစ်မှုမရှိဘူး၊ လောင်းကစားမလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမဲ့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့ စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေလုပ်တတ်တယ်။

မောရုံသာအဖတ်တင်

ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ဘယ်အခါမှ အပေါင်းအသင်းမလုပ်အပ်သူတွေညဖစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသားသတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။

လူသုံးမျိုး" ဆောင်းပါးက ၂၁.၀၂.၂၀၁၂ ထုတ် News Watch Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

0 မြန်မာနိုင်ငံတိုးတက်အောင်လုပ်မယ်ဆိုတဲ့ လွှတ်တော်တမတ်တန်းက(ရွေးမကောက်ခံ)တပ်မတော်သား ကိုယ်စားလှယ်ကြီးများ အိပ်နေပုံများဗျာ..

Friday, February 24, 2012

0 မြစ်ကြီးနားမနောကွင်းရောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)








Photo,,AP.Reuters

0 ပင်လုံစိတ်ဓါတ်နဲ့ ငြိမ်းချမ်းရေးကို အရယူရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် ခရီးစဉ်မှာ ပြောကြား(ရုပ်/သံ)

1 ကိုဇာဂနာနဲ့ ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်/သံ)


(Media Credit – ကိုမိုက်မင်းမင်း၊ Eagle Video Production)

1 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကချင်ပြည်နယ် လူထုကြီးမှ ကြိုဆို





Photo..AP.Reuters
ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့ အိုးတန်းဘောလုံးကွင်းတွင် ပြောကြားသည့်  မိန့်ခွန်းအပြည့်အစုံ အသံဖိုင် (dvb)

ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်
ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)

နမ္မတီး-မိုးကောင်းလမ်းမှာ ကလေးလေးတွေ တော်တ်ာများတာပဲ။ လူကြီးတွေ ဘယ်ရောက်နေမှန်းတောင်မသိဘူး။ (ရယ်သံများ)

နောက်မျိုးဆက်သစ်တွေက တက်တက်ကြွကြွရှိနေတယ်ဆိုတော့ ကျွန်မတို့ အင်မတန်မှအားတက်ပါတယ်။ ကျွန်မတို့ပါတီက စပြီးထူထောင်ကတည်းက လူကြီးလူငယ် လူလတ်မရွေး အားလုံးရဲ့အင်အားတွေကို စုပြီးတော့ ဒီမိုကရေစီရဖို့လုပ်ခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုကျွန်မတို့ ကချင်ပြည်နယ်မှာဆိုရင် ဒီမိုကရေစီပြည်ထောင်စုရဲ့ တန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ လူတွေနားလည်ကြပြီထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှာပါ။

အခုကချင်ပြည်နယ်မှာ မငြိမ်းမချမ်းဖြစ်နေရတာဟာ ကချင်ပြည်နယ်တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ၀မ်းနည်းကျေကွဲစရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ကိုယ်ခန္ဓာကြီးတစ်ခုလို့ပဲ စဉ်းစားရမယ်။ တစ်နေရာကနာနေလို့ရှိရင် နောက်တစ်နေရာကလည်းခံရတာပဲ။ လက်ညှိုးလေးနာရင် လည်း သိတာပဲ။ ခေါင်းနာနေရင်လည်းသိတာပဲ၊ ခါးနာနေရင်လည်းသိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပေါင်းတစ်စည်းထဲဖြစ်လို့။ ကျွန်မတို့တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်တဲ့နိုင်ငံမို့လို့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီလုပ်သွားဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ပါဝင်ပြီးဆင်နွဲတဲ့အခါမှာ အဓိက ကိစ္စသုံးခုကိုရှေ့တန်းထားပါတယ်။ အဲဒီသုံးခုကဘာလဲဆိုတော့ ပထမကတော့ တရားဥပဒေစိုးမိုးရေး။ တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ကျွန်မတို့တွေ အလေးထားရလဲဆိုတော့ မိုးကောင်းမြို့နယ် နယ်သားများအများကြီးနားလည်မှာပါ။ ဥပမာဆို လို့ရှိရင် မိုးကောင်းမှာဆိုရင် မိုးကောင်းတင်မကပါဘူး။ ဒီတစ်ဘက်လုံးမှာ လယ်မြေတွေ ယာမြေတွေကို မတရားသဖြင့် ၀ယ်ယူခဲ့တာ၊ သိမ်းဆည်းခဲ့တာဟာ ဒါဟာဥပဒေစိုးမိုးရေးမရှိခဲ့လို့။ (ဟေးးးးး)

ဥပဒေစိုးမိုးရေးရှိလို့ရှိရင် ကိုယ့်လယ်ယာပဲဖြစ်ဖြစ်၊ မြေကွက်ကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်တဲ့ပစ္စည်းကို ဥပဒေလက်မဲ့ဘယ်သူမှ မတရားသိမ်းလို့မရဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်အောင်လို့ ပြောချင်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖြစ်အောင်လို့ ကျွန်မတို့ကြိုးစားနေတာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေကို ကိုင်ပြီးတော့ ပြည်သူတွေကို စိုးမိုးဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဥပဒေက စိုးမိုးဖို့ဖြစ်ပါတယ်။ (ဟေးးးးး)

ဒါကြောင့် ကျွန်မတို့ဟာတရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်တာဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုက ထူးထူးထွေထွေ ထောက်ပြနေစရာမလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်ကိုလိုအပ်တယ်ဆိုတာ ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည်မယ်လို့ထင်ပါတယ်။ (ဟေးးးး)

ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ ဒါဆိုရင် ပြည်သူကိုစော်ကားရာရောက်ပါတယ်။ လွယ်လွယ်ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုေ စ်ာကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။ မဲတောင်းတယ်ဆိုတာ ပြည်သူလူထုအတွက် အမှန်တစ်ကယ်လုပ်ပေးနိုင်ဖို့ အခွင့်အရေးတောင်းတာပဲဖြစ်တယ်။ အခွင့်အရေးဆိုတာကလည်း ခုချိန်ထိ မစဉ်းစားသေးဘူး။ လွှတ်တော်ထဲမှာ လစ်လပ်တဲ့နေရာ ၄၈နေရာပဲရှိတယ်။ ၄၈နေရာမှာအောင်နိုင်ဖို့ ကျွန်မတို့ အင်မတန်ကြိုးစားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတခုအဖြစ် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားလို့ရပြီဆိုတာ အခုဆို နှစ်လလောက်ပဲရှိပါသေးတယ်။ အဲဒီ နှစ်လလောက်ထဲမှာ ကျွန်မတို့ရဲ့ပါတီကို ဦးမော့လာပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေဦးဆောင်ခဲ့ရတာ အင်မတန်မှခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ပြည်သူရဲ့ထောက်ခံမှုအနေနဲ့ ဒီအခြေအနေကို ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်မက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါဆိုတာ ကျွန်မတို့ကို အခွင့်အရေးပေးပါလို့။ ကျွန်မတို့တွေ စပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စပြီးတော့ ခြေတစ်လှမ်း လှမ်းပါရစေလို့။ နောက်တစ်လှမ်းလို့ပြောတော့ ရှေ့တစ်လှမ်းကရောလို့ မေးဖွယ်ရှိပါတယ်။ ရှေ့တစ်လှမ်းက အနှစ်နှစ်ဆယ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။

ကျွန်မတို့က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတာ ခုကလေးတွေပါခဲ့ရင်သိမယ်။ လူကြီးတွေလည်းသိမယ်။ ၁၉၉၀ဆိုတာ၂၂နှစ်ရှိသွားပြီ။ လူငယ်တွေ၊ ကလေးတွေ၊ အများက မမွေးသေးဘူး။ ၁၉၉၀တုန်းက ရွေးကောက်ပွဲကိုသိမှာ မဟုတ်ဘူး။ ၉၀ရွေးကောက်ပွဲက ဘာကအရေးကြီးသလဲဆိုတော့ အဲဒီရွေးကောက်ပွဲမှာ ဒီမို ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၉ တုန်းက ဖွဲ့စည်းပြီးတော့ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပါတီတွေလည်း အများကြီးဝင်ရောက်ကြပါတယ်။ ဒီမိုကရေစီရှိတဲ့ရွေးကောက်ပွဲကို ၀င်လာတဲ့ပါတီတွေလည်း အများကြီးရှိပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ၈၀ရာနှုန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။ လွှတ်တော်အတွင်း မရောက်ရှိခဲ့သော်လည်း အဖွဲ့ချုပ်က ဘယ်တော့မှအားမလျော့ခဲ့ပါဘူး။ ကျွန်မတို့တွေရဲ့ မူဝါဒတွေကိုလည်း လက်မလွှတ်ခဲ့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရဖို့အတွက် ကျွန်မတို့ဆက်လုပ်သွားပါမယ်။ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လားဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီးရပ်တည်နိုင်တာပါ။

အဲဒီလိုတည်ရှိနိုင်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

မိုးကောင်းမြို့နယ်အတွက် ရွေးချယ်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပုံရွေးချယ်နည်း ရှင်းပြစရာရှိပါတယ်။ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘယ်ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် လာပြီးတော့စည်းရုံးလို့ရှိရင် ပြည်သူတွေဟာ မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ လူအုပ်ကြီးထဲမှာ တစ်ဦးချင်း မေးဖို့အခွင့်အရေးမရှိဘူး။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလိုချင်တယ်။ ဘာလို့လိုချင်သလဲဆိုတာကို ရှင်းပြရမယ်။ ကျွန်မတို့က ဒေါ်ခင်ကြည်ကို မိုးကောင်းမှာ ကိုယ်စားလယ်လောင်းအဖြစ်နဲ့ ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ အဖွဲ့ချုပ်မှာ အခြေခံမူတွေရှိပါတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေလေးစားနိုင်လောက်အောင် ရှိရမယ်။ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ပြည်သူတွေလေးစားမှ ကျွန်မတို့ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမယ်ဆိုတာ သိပြီးသားပါ။ အဖွဲ့ချုပ်ထဲမှာဆိုရင် သိက္ခာရှိရှိနဲ့ လျှောက်ခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ၄၈ယောက်ကို ဘယ်လိုရွေးမလဲလို့ ကျွန်မတို့စဉ်းစားရပါတယ်။ ပထမအချက် ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းတွေက ဘာတွေလည်းဆိုရင် အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အဲဒီအထဲမှာ တစ်ခု အနည်းဆုံး ပိုင်ပိုင်နိုင်နိုင်ရှိရမယ်။ မဟုတ်ဘူးဆိုရင် ပြည်သူတွေရဲ့တာဝန်တွေ ၀တ္တရားတွေကို ဘယ်လုပ်နိုင်မလဲ။ စေတနာရှိလို့လည်း မပြီးသေးဘူး၊ အလုပ် လုပ်တတ်ကိုင်တတ်မှ ဖြစ်မှာပါ။ စေတနာလည်းရှိပြီး လုပ်တတ်ကိုင်တတ်ရင် အကောင်းဆုံးပဲ။(Yangon press international)

Thursday, February 23, 2012

0 ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက်တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံပို့သည့်စာ

Photo..EMG
ဝန်ကြီးချူပ်

တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်း

အကြောင်းအရာ။ ။ ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း

ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက်အကောင်အထည်ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းစီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။ စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေခန့်ထားရေးကိစ္စရပ်များတွင် AGS ( Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ်တာဝန်ယူဆောင်ရွက်နေပါသည်။ AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင် လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊ ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့် ကျနော်တို့လုပ်သားများအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။ ကန်ဘောက်ဒေသရှိ အခြားစီမံကိန်းမှ ကုမ္ပဏီလုပ်သားများထက် အဆမတန်နည်းပါးသော လုပ်အားဖြစ်သည့် တစ်နေ့ (၄၀၀၀) ကျပ်နှုန်းဖြင့်သာရရှိခြင်း၊ လုပ်သားများအတွက် အန္တရာယ်ကင်း ၀တ်စုံများနှင့် အခြားဆက်စပ်အသုံးအဆောင်များ လုံလောက်အောင်မပေးခြင်း၊ အလုပ်ချိန်အတွင်း ခေတ္တခဏမျှပင် နားချိန် မပေးခြင်း၊ အသွားအပြန်ကြိုပို့ကားစီစဉ်ပေးရာတွင် အဆင်မပြေခြင်း၊ လုပ်သားလိုအပ်မှု ဦးရေအား ကြိုတင်အသိ မပေးပဲ လုပ်ငန်းခွင်ရောက်ပြီးမှ ဦးရေဆုံးဖြတ်ကာ မလိုသူများကို ပြန်လွှတ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ လုပ်ငန်းခွင်အတွင်းသောက်သုံးရေမရရှိခြင်း စသော အခက်အခဲများအား ခံစားနေရပါသည်။ လုပ်ငန်းခွင်အတွင်း ဆူပူအော်ငေါက်ကာခိုင်းစေခြင်း၊ ခြေထောက်ဖြင့် ညွှန်ပြခြင်းစသည့် ရိုင်းပြသော အပြုအမူများဖြင့် ဆက်ဆံခိုင်းစေ ပါသည်။

AGS Co.ltd မှ လုပ်သားခေါ်ယူရာစာတွင် အန္တရယ်ကင်းဝတ်စုံ ပံ့ပိုးပေးမည်၊ ကျန်းမာရေးစစ်ဆေးပေးမည်ဟု ကတိက၀တ်များရှိသော်လည်း ပြည့်စုံသော အန္တရယ်ကင်းဝတ်စုံများအပါအ၀င် အခြားဖြည့်ဆည်းပေးရမည့် မျက်မှန်၊ ဖိနပ်၊ သောက်ရေစသောကိစ္စများအား ဖြည့်ဆည်းပေးခြင်းမရှိပါ။ အချိန်ပို လုပ်အားခကိုလည်း ပုံမှန်နေ့စားနှုန်းထား အတိုင်းသာဖြစ်ပြီး အခြားကုမ္ပဏီများ ပေးရိုးပေးစဉ်ဖြစ်သော ထပ်ဆောင်းပေးခြင်းမရှိပါ။ အလုပ်သမားဆိုင်ရာ ဥပဒေများကို မလိုက်နာပဲ အသက် (၁၈) နှစ်အောက်ကလေးများအား ခေါ်ယူခန့်ထားခြင်းများ လည်း ကြုံတွေ့နေရ ပါသည်။

ကန်ဘောာက်ဒေသရှိ ယခုစီမံကိန်းနှင့် လုပ်ငန်းတူ အခြားကုမ္ပဏီနှစ်ခုဖြစ်သော TOTAL နှင့် PETRONAS ကုမ္ပဏီများ တွင် လုပ်ကိုင်နေသော လုပ်သားများမှာ လုပ်ခနေ့စားအနိမ့်ဆုံး ၁၀၄၀၀ ကျပ်ခန့် (၁၃ ဒေါ်လာ) ရရှိပြီး အန္တရာယ် ကင်းဝတ်စုံ (၆) လတစ်ကြိမ်ထုတ်ပေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တကျပြုလုပ်ပေးခြင်း၊ အကြိုအပို့ ကားအစီအစဉ်နှင့် အခြားခံစားခွင့်များရရှိခံစားရပါသည်။ အလုပ်ခွင့်၊ ကျန်းမာရေးခွင့်၊ ရှောင်တခင်ခွင့်များလည်း ရရှိခံစားနိုင်ပါသည်။

ကန်ဘောက်ဒေသတွင် အခြေခံကုန်ဈေးနှုန်းမှာ အခြားဒေသများထက်ကြီးမြင့်ခြင်း ( မီတာခ တစ်ယူနစ် ၆၅၀ ကျပ်၊ရေတစ်ပီပါ ၁၀၀၀ ကျပ်) ကန်ဘောက်အနီးအနားရွာများမှ လုပ်သားများ လုပ်ငန်းခွင်သို့လာရန် ကြိုပို့ကား မရှိသောကြောင့် ခရီးစရိတ်ကုန်ကျမှုတို့ကြောင့် လက်ရှိလုပ်ခလစာမှာ လုံလောက်ခြင်းမရှိပါ။ လုပ်ခလစာနှင့် အခွင့်အရေးများအတွက် တောင်းဆိုခဲ့သော်လည်း ပြန်လည်အရေးယူဆောင်ရွက်ပေးခြင်းမျိုးမရှိပဲ တောင်းဆိုသူများ အား အလုပ်နားစေခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ဖြင့်သာ တုံ့ပြန်လျှက်ရှိပါသည်။

ကျနော်တို့လုပ်သားများမှ တောင်းဆိုထားသော အချက်များမှာ

အခြားကုမ္ပဏီများကဲ့သို့ အများတန်းတူ လစာရရှိရန်

ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေရှိရေး

ကြိုပို့ကားအစီအစဉ်၊

နောက်တစ်နေ့အတွက်လိုအပ်သော လုပ်သားဦးရေအား ကြိုတင်အသိပေးရန်

ကြမ်းတမ်းစော်ကားသော အပြုအမူများဖြင့် လုပ်သားများအား မဆက်ဆံရန်

အလုပ်သမားခံစားခွင့်နှင့် အခြားအထွေထွေခံစားခွင့်များရရှိရန် တို့ဖြစ်ပါသည်။

မိမိတို့ဒေသခံ အလုပ်သမားများမှာ မိမိတို့ဒေသတွင် ဆောင်ရွက်နေသော နိုင်ငံ၏ ၀င်ငွေရရှိရေးကို အဓိက ဆောင်ရွက်ပေးသည့် စီမံကိန်းများတွင်ပင် လုပ်သားအဖြစ်ဝင်ရောက် လုပ်ကိုင် အသက်မွေးရန် မလွယ်ကူပဲ ခက်ခဲသော အနေအထားဖြစ်ပါသည်။ ကျနော်တို့ လုပ်သားများအပေါ် မှီခိုနေရသော မိသားစုများ၏ စားဝတ်နေရေး အတွက်လည်း ပူပန်နေရပါသည်။ အများတန်းတူလုပ်ခလစာ၊ အခွင့်အရေးနှင့် ခံစားခွင့်များလည်း မိမိတို့ဒေသခံ လုပ်သားများ အနေဖြင့် ရရှိခံစားလိုပါသည်။ ထို့ကြောင့် ကျနော်တို့၏ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများနှင့် အခြေအနေအရပ်ရပ်အားတင်ပြပြီးလိုအပ်သလို ညှိုနှိုင်းဆောင်ရွက်ပေးပါ ရန် လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။

နစ်နာသူ အလုပ်သမားများ၏ လက်မှတ်များကိုလည်း ပူးတွဲပါအတိုင်း တင်ပြအပ်ပါသည်။

မိတ္တူကို

တိုင်းဒေသကြီးအစိုးရအဖွဲ့

စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ( တနင်္သာရီတိုင်ဒေသကြီး)

အလုပ်သမားရေးရာဦးစီးဌာန

ရေဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ

Asia Guiding Star Co.ltd

PTTEP

International Labor Organization

နိုင်ငံရေးပါတီများ

လူမှုရေးအသင်းအဖွဲ့များ

သတင်းမီဒီယာများ

မှတ်ချက်..ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများ ၎င်းတို့၏ အခြေခံအခွင့်အရေးအတွက်
တနင်္သာရီတိုင်း ၀န်ကြီးချုပ်ထံ ပို့သည့်စာကို ပေးပို့လိုက်ပါတယ်.
မိတ်ဆွေများ မေးမြန်းနိုင်သည့် သတင်းအရင်းအမြစ်များမှာ

ဦးခင်စိုး(ဒေသခံအလုပ်သမားအရေး စိတ်ပါဝင်စားသူ ) - ၀၉-၄၉ ၃၄၃၃၀၁
ကိုစိုးကို ( အလုပ်သမားခေါင်းဆောင် ) - ၀၉-၄၉၂၄၇၅၉၅
ကိုနိုင်လင်းထွန်း (Asia Guiding Star မှ အလုပ်သမားတာဝန်ခံ) - ၀၉- ၄၉၈၆၅၀၂၂

0 ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒေါ်နေရီဗဆွေ ဒီချုပ်NLDသို့ ဝင်ပြီ


ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူးဒေါ်နေရီဗဆွေအား ပါတီသို့ လာရောက် လျှောက်လွှာတင်စဉ်ကတည်းက ပါတီဝင်အဖြစ်လက်ခံထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဒီချုပ်ရုံး၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက
ပြောသည်။ ''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့တွေ့ပါ တယ်။

ကျွန်တော်တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု ဦးဥာဏ်ဝင်း က ပြောသည်။ လက်ရှိ၌ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်သည် လျှောက် လွှာတင်ထားသူများအား ပါတီဝင်အဖြစ် တစ်နေ့လျှင် ဦးရေ တစ်ရာခန့် ထုတ်ပြန်ပေးနေ ကြောင်း သိရသည်။ ''ကျွန်တော်တို့က လျှောက် လွှာတင်တဲ့ဟာ အားလုံးလက်ခံ တယ်။ တချို့တွေ စိစစ်မယ်ဆို တာက NLD ပါတီမှာ လုပ်ဖူး တယ်။ ပြန်ထွက်သွားတယ်။ ဒါမျိုးရှိတဲ့ သူတွေ သူ့အခြေအနေ နဲ့ စိစစ်မယ်။ ကျန်တဲ့ သာမန် ကိစ္စ ဘယ်သူ့ကိုမှ မစိစစ်ဘူး'' ဟု ဦးဥာဏ်ဝင်းကရှင်းပြသည်။ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ၏သမီး ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝ
ရွေးကောက်ပွဲမတိုင်မီက ဦးသုဝေ ဦးစီးတည်ထောင်သော ဒီမိုကရက် တစ်ပါတီ(မြန်မာ)
တွင် ပါဝင်ခဲ့ပြီး ၄င်းနှင့်အတူ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီး
ချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ခဲ့သည်။

ယင်းနောက် ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်ရွေး ကောက်ပွဲ၌ စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သို့ ဒေါ်နေရီဗဆွေဝင်ရောက်ခြင်းနှင့် ပတ်သက် ၍ ဖေဖော်ဝါရီ ၁၉ ရက် က ၄င်းအား ပေါ်ပြူလာနယူးစ် မှမေးမြန်းရာ ပါတီဝင် ဖြစ်မဖြစ် မည်သို့မျှ မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည်၎င်းတို့ ပါတီမှ နုတ်ထွက် ၍ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီအမည်ဖြင့် ၂ဝ၁ဝရွေးကောက်ပွဲ ဝင်ခဲ့သူ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မြတ်ဥာဏစိုး အား ပါတီဝင်အဖြစ် ပြန်လည် လက်ခံကာ ၄င်းတို့ပါတီ၏ ပထမဆုံး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဖေဖော်ဝါရီ ၂ဝ ရက် နေ့က ကြေညာခဲ့သည်။''ကျွန်တော် ပြည်သူကို မလိမ် ချင်ပါဘူး။ခမောက်ဆိုတာ NLD ရဲ့ကိုယ်ပွားတစ်ခုပါ။ ဒါကြောင့် ဒီပါတီကို ဝင်ခွင့်ပြန်လျှောက် တာ'' ဟု ဒေါက်တာမြတ်ဥာဏ စိုးက ၄င်းအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်အ ဖြစ်အသိအမှတ်ပြုကြေညာ ချက်နှင့် NDF ပါတီမှ နုတ်ထွက် ခဲ့ရခြင်းအပေါ် မှတ်ချက်ပြုပြော
ကြားခဲ့သည်။

ဦးခင်မောင်ဆွေနှင့် ဒေါက် တာသန်းငြိမ်း ဦးဆောင်သော NDF ပါတီသည်၂ဝ၁ဝ ရွေး ကောက်ပွဲ၌ လွှတ်တော်ကိုယ် စားလှယ် ၁၆ ဦး ရွေးချယ်ခံခဲ့ ရသော်လည်းလွှတ်တော်ကိုယ် စားလှယ်အချို့မှာ ယခုအခါပါတီ မှ နုတ်ထွက်သွားပြီ ဖြစ်သည်။

(Popularnews journal)

0 နှလုံးသားတွေလှူတဲ့နေ့



နှလုံးသားတွေလှူတဲ့နေ့

၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတ ဖျော်ဖြေ ပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များ အနေဖြင့်လည်း မုဒိတာပွား၍ သာဓု မခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေလှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှုမပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများစုံစည်း ရာပွဲ ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသား အဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားအား ကြေကွဲစွာဖြင့် ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ် ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။ ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါန မတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် လက်ဆောင် ပေးအပ်ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)မှ ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ၈၈ ကျောင်းသားအဖွဲ့ နှစ်ခုတို့၏ ထူးခြားသော ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည် ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ရောက်လျှင်ရောက်ခြင်း စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီး သော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ် နေသည်ကို သိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့်လှူဒါန်းမှုကို ပြုလုပ်ချင် ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားတွင် တစ်လက်စ တည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ် အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင် လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်း ဦးလှိုင်အား လာရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင် စစ်ဘေးဒုက္ခသည်များ အတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက်လှူဒါန်းမှုများကို ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု တို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေလှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရပါသည်။

ကိုကျော်သူ

Wednesday, February 22, 2012

0 hahaha Gtalk Virus !!!

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)(ဒေါင်းမာန်ဟုန်)

၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။

၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ ခင်ဗျားစက်မှာ ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါ။ နောက်များ သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါ။
thityaraik

0 ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုသန်းခေါင်စာရင်း မိသားစုဝင် အမိုး ဒေါ်သန်းသန်းလေးရဲ့ ဝမ်းသာ ပီတိသံ


အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်းတင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအများကြီးပြောတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်သန်းသန်းလေးက ပိုးကရင်ဘာသာစကားဖြင့် “ဆခုတ်ဆတား” (ကျေးဇူးတင်ပါတယ်) လို့  ပေါ်ပြူလာဂျာနယ်ကို ပြောကြားခဲ့ပါတယ်။
Popular Myanmar News Journal

Tuesday, February 21, 2012

0 လှိုင်သာယာတိုင်ရီဖိနပ်စက်ရုံ ယနေ့ (၂၀-၂-၂၀၁၂)ထိ ဆက်လက်ဆန္ဒပြနေဆဲ




နေ့လည်စာ ခေါက်ဆွဲထုတ်များ ဝေငှနေကြစဉ်
နေပူကျဲကျဲမှာ ဒီလိုသူတို့ရဲ့အလုပ်သမားအခွင့်အရေးကို တောင်းဆိုကြစဉ်
စက်ရုံမှလစာထုတ်ပေးသော စာရွက်

တိုင်ရီဖိနပ်စက်ရုံမှ ၁၅ ရက်နေ့မြောက်ဆန္ဒပြပွဲကို ၂၀-၂-၂၀၁၂ နေ့ကဆက်လက်ပြုလုပ်ကြသည်၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် စက်ရုံတာဝန်ရှိသူများက မည်သို့မျှ လာရောက်မဖြေရှင်းကြပါ၊ အများစုမှာမိန်းကလေးများဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှ မြန်မာအလုပ်သမကလေးများ၏ ထိုက်တန်သောလုပ်ခလစာနှင့်မဟုတ်ဘဲ၊ တိုင်းတပါးမှလာရောက်တည်ထောင်သောစက်ရုံမှ မတရားနှိမ်ချခိုင်းစေခြင်းကို ဘယ်သူတာဝန်ယူဖြေရှင်းမည်ဆိုသည်ကို ယခုအချိန်အထိမသိရသေးပါ၊

Political prisoner

1 ★ အခြေခံကောင်းမှ နိုင်ငံကောင်းမည် ★-
ရေးသူ-ဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)


လူ့အဖွဲ့အစည်း မြန်ဆန်စွာ တိုးတက်ကောင်းမွန်ဖို့ ...

လူ့အဖွဲ့အစည်းတခုကို တိုးတက်ကောင်းမွန်စေလိုလျှင် အုပ်ချုပ်ရေး၏ အထက်ပိုင်းကျသော အစိုးရအဖွဲ့ဝင်များ သည် အမှန်ကို အမှန်အတိုင်း သိရှိနိုင်ရေးအတွက် ကြိုးပမ်းနေကြကြောင်း ထုတ်ဖော်ပြောဆိုနေချိန် တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ထိုအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်မည်ဆိုပါက ကျနော်တို့နိုင်ငံတွင် အခြေအနေမှာ တိုးတက်မြန်ဆန်လာလိမ့်မည်ဟု ထင်ပါသည်။

ပြုပြင်ပြောင်းလဲရေး ထိရောက်မှုရှိစေရန်


အောက်ခြေတွင် ဖြစ်ပျက်နေသမျှကို အမှန်အတိုင်းသိမှ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်မည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အဆင့်ရှိ သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်သည်ပင် အောက်ခြေပြည်သူများနှင့် ထိတွေ့ကာ နှုတ်ဆက်အားပေး စကားတွေပြောနေကြသော်လည်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ရပ်ကွက်ပြည်သူများနှင့် စိမ်းသလိုဖြစ်နေကြသည်ကိုလည်း တွေ့ရသည်။ ရပ်ကွက်သားအများစုမှာ သူတို့အုပ်ချုပ်ရေးမှူး ဘယ်သူဖြစ်သည်၊ ဘာလုပ်နေသည်ကို သေသေချာချာ မသိဘဲ ရှိနေကြသည်။ ထူးချွန်ထက်မြက်ပြီး ရပ်ကွက်ကျေးရွာနှင့် တသားတည်းရှိသော အုပ်ချုပ်ရေးမှူးများလည်း ရှိပါသည်။ သို့သော် အရေအတွက်အားဖြင့် နည်းပါးနေသေးသည်ဟု ဆိုနိုင်သည်။

အပြောင်းအလဲအစနှင့် စီးပွားရေးအခြေအနေ

ကျနော် ဆိုလိုသည်မှာ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အခြေခံအကျဆုံး နေရာများဆီသို့ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိရေးမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်ပေါ် မူတည်နေသည်ဟူသော သဘောဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေးမှာ ပိတ်ဆို့မှုများ ဖွင့်ပေးလိုက်လျှင်တောင်မှ ချက်ချင်းကြီး ကောင်းလာနိုင်ဖို့ မဖြစ်နိုင်သေးပေ။ ဒါကိုလည်း ပြည်သူလူထုက နားလည်ကြမည်။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားကြရမည်ဖြစ်သည်။ သို့သော် အရည်အချင်းရှိသမျှ ထုတ်သုံးပိုင်ခွင့်ရှိဖို့တော့ လိုအပ်ပါသည်။

“ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများ ကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။”

လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးခြင်း

ယခုအချိန်အခါသည် အသွင်းကူးပြောင်းရေးသဘောဆောင်သည့် ကာလဖြစ်သဖြင့် အထက်အဆင့်ဆင့်မှ ချမှတ်သော မူဝါဒများကို ကျေညက်အောင်လုပ်ပြီး အခြေခံ ရပ်ကွက်ကျေးရွာပြည်သူများကို ရင်းနှီးနွေးထွေးစွာ ပြန်လည်ဝေငှပေးပြီး ပူးပေါင်း အကောင်အထည်ဖော်ကြရမည့် အချိန်ဖြစ်သည်။ ယခင့်ယခင်ကာလများကလို သူလန့် ကိုယ်လန့် အခြေအနေများ ပပျောက်အောင်ဆောင်ရွက်ပြီး ပြည်သူနှင့် တသားတည်းဖြစ်သော ပြည်သူ့အုပ်ချုပ်ရေးမှူးတွေ ဖြစ်လာရန် အရေးကြီးနေပြီဟု ကျနော် ထင်ပါသည်။

ပြည်သူတွေ ခွန်အားဖြစ်စေဖို့ ...


ကျနော်တို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လောလောဆယ် အများပြည်သူ လိုအပ်နေသည်မှာ ခွန်အားပေးသည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ကျနော် ထင်ပါသည်။ ဒီမိုကရေစီအစိုးရသည် နိုင်ငံသားတဦးစီ၏ အခွင့်အရေးကို အကာအကွယ်ပေးထားကြောင်း၊ နိုင်ငံသားများတွင် ရှိရမည့် အခွင့်အရေးများကို ပိုင်ဆိုင်ရမှာဖြစ်ကြောင်း ကျေးရွာ၊ ရပ်ကွက်သားများကိုလည်း သဘောပေါက်အောင် ရှင်းပြသင့်သည်။

စိုးရိမ်မှုတွေနဲ့ ခေတ်ကုန်ပြီ

ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ၄င်းတို့ကိုယ်တိုင် လိုက်နာရမည့် စည်းကမ်းဥပဒေများကို သေချာတတ်ကျွမ်းရမည့်အပြင် ပြည်သူလူထုကိုလည်း ဥပေဒေလေးစားလိုက်နာသူများ ဖြစ်အောင် စည်းရုံးတတ်ရမည်။ တယောက်နှင့်တယောက် အပြန်အလှန် သတိပြုစောင့်ကြည့်ကာ အပြန်အလှန် စိုးရိမ်ကြောက်လန့်နေရသော ခေတ်ကုန်ပြီဟု ကျနော် ဆိုချင်ပါသည်။

အကြောက်တရား ကင်းရှင်းမှသာ ...

ချစ်၍ ကြောက်ခြင်း(ချစ်ကြောက်)သည်လည်းကောင်း၊တခုခု ပေးမည်လောဟု မျှော်လင့်ချက်ထား၍ ကြောက်ခြင်း (မျှော်ကြောက်) သည်လည်ကောင်း၊ ရွံရှာမုန်းတီးမှုကို မြိုသိပ်၍ ကြောက်ခြင်း (ရွံကြောက်) သည်လည်းကောင်း၊ အဖြေမှန်တခုခု ရဖို့ ဝေးကွာစေသည်။ ထို့ကြောင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ပေါ်ပေါက်လာရန် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကြားထဲမှ အမှန်ကို ရှာဖွေနိုင်မှသာ အထက်အဆင့်ဆင့်အတွက် မှန်ကန်သော မူဝါဒကို ချမှတ်နိုင်မည်ဖြစ်သည်။

ပြည်သူလူထုနှင့် အနီးကပ်ဆုံး ဆက်ဆံနေရသော အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူကို အကြောက်တရားကင်းဝေးအောင်အကောင်းဆုံး ဆောင်ရွက်ပေးပါက နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုမှာ ချောမွေ့မြန်ဆန်မှာ သေချာပါသည်။ ။

-ဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

0 စစ်ဘေးဒုက္ခသည်များပြန်လည်ထူထောင်ရေးရံပုံငွေလူငယ်အနုပညာပွဲတော်



ကချင်က သူငယ်ချင်းတွေအတွက် ရည်စူးတဲ့ရန်ပုံငွေပွဲလေးပါတတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။

ငြိမ်းချမ်းရေး၊ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူငယ်တွေ တက်ကြွစွာပိုမိုပါဝင်လာစေဖို့ ရည်ရွယ်ချက်နဲ့ပါ။
လူငယ်အနုပညာပွဲတော်ပါ

၂၆ ရက်နေ့မှာပန်းချီပြပွဲက နေ့ဘက် မနက် ၁၀ နာရီက နေ ညနေ ၄ နာရီထိ
ဘယ်သူမဆိုလာကြည့်လို့ရတယ်..နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ပန်းချီကားတွေကို ဈေးချေ၇ာင်းမယ် ။ဘယ်သူမဆိုလာကြည့်လို့ပါဝင်ပြသလို့ ရတယ်။
လူငယ်အနုပညာဝါသနာရှင်၊ ပညာရှင်တွေရဲ လက်ရာတွေ တစ်ဝကြီး ခံစားကြည့်ရှုနိုင်မယ်။

ညဘက်က လက်မှတ်ရောင်းမယ့် Culture Show နဲ့ Music Concert ည ၆နာရီကနေ ၁၁ နာရီထိ

လက်မှတ်က ၂၅၀၀နဲ့အဆိုတော်တွေက ချိုပြုံး၊ ကေဂျာနူး၊ ချစ်သုဝေ၊ နောနော်၊ ဂျီလတ်၊
စိုင်းအောင်ထီးခမ်း၊လင်းနစ်
The outsider
the myth
the nature music bands
ဂီတမိတ်
BARS ကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားများမိတ်သဟာယ အဖွဲ့ တွေရဲ့ Musical Performances
ညဘက် ရှိုးက လက်မှတ်တစ်စောင် 2500 ကျပ်နဲ့ ပွဲေ၇ာက်မှ ၀ယ်လို့ရတယ်

message ကို Share ပေးပါ
message ကို Share ပေးပါ
ပွဲ မှာ လုပ်အားပေးလူငယ်များ လိုအပ်နေပါတယ် စိတ်ပါဝင်စားရင် 09 431 35
009 ကို ဖုန်းဆက်ပေးပါ

Save the war victims

0 ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ပြည်သူအများ စိုးရိမ်


ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ စည်းရုံးရေးခရီးစဉ်ထွက်ခွာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြည်သူအများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အနည်းဆုံး ခရီးတစ်ခေါက် ထွက်ခွာမည်ဟု ကြေငြာထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလုံခြုံရေးအတွက် သူမကိုယ်တိုင် ဂရုစိုက်ခြင်းမရှိသည်ကို တွေ့မြင်နေရကြောင်း ယင်း၏ခရီးစဉ်များကို လိုက်ပါသတင်းယူလေ့ရှိသည့် သတင်းစာဆ ရာ တစ်ဦးက ဆိုသည်။

“လမ်းတွေမှာ ပန်းစည်းတွေပေးတာတို့၊ နမ်းတာတို့က အန္တရာယ်များတယ်။ ဒီလိုမလုပ်သင့်ဘူး။ ဘေးမှာက လုံခြုံရေးလည်းမရှိတော့ အကွက် ချောင်းနေတဲ့သူတွေက အန္တရာယ် ပြုလိုက်နိုင်တယ်။”ဟု ၎င်းက ပြောကြားသည်။

ခရီးစဉ်ထွက်နေစဉ်အချိန်တွင်း လမ်းမှစောင့်ကြိုနေသည့် ပြည်သူများနှင့်ထိတွေ့ရန် ကားရပ်ခိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စေ ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

လူချစ်၊လူခင်များသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါတီအောင်နိုင်ရေး ခရီးထွက်ခွာနေခြင်းကြောင့် သူမနှင့် သူမ၏ပါတီ လွှတ်တော်ထဲ ရောက်ရှိလာခြင်း မရှိစေရန် ကြံရွယ်နေသူများက လုပ်ကြံရန်မှာ အခွင့်အလမ်းများစွာ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့သူ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားမယ်ဆိုတဲ့လမ်းကြောင်းကို သူမရဲ့လုံခြုံရေးတွေအနေနဲ့ သိထားသင့်တယ်။ ပြီးတော့ သူသွားမယ့် လမ်း ကြောင်းမှာ ဘယ်နေရာက လူပြတ်တယ်။ ရွာမရှိဘူး။ ဘယ်နေရာက အထပ်မြင့်တွေ ၀ိုင်းနေတယ်။ ဘယ်လမ်းကနေ သွားမယ်ဆိုရင် တံတားအောက်ကို ဖြတ်သင့်တယ်ဆိုတာတွေ ကြိုပြင်ဆင်သင့်တယ်။ ပြီးတော့ သူမကို ပြည်သူတွေ ပန်းစည်းပေးရင် သူ့အစား လုံခြုံရေးတစ်ယောက်က အရင်ယူသင့် တယ်”ဟု ယင်းရဲအရာရှိက ဆိုသည်။

တိုင်းပြည်၏ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေသည့် သူမသည် ယခုအချိန်တွင် အစွန်းရောက်သမားများ၏ အန္တာရယ်ကို စိုးရွံ့သင့် ကြောင်း ၎င်းမှဆက်လက် ပြောကြားသည်။

“သူမရဲ့ လုံခြုံရေးတွေ လုပ်သင့်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြားမှာ ကြားခံဖြစ်သင့်တာပဲ၊ ဒါမှ သူမအတွက် အန္တရာယ်လျော့မယ်” ဟု ယင်းရဲအရာရှိက အကြံပြုသည်။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ရပ်များတွင် ဒီမိုကရေစီ အားကောင်းပြီး၊ လုပ်နိုင်စွမ်းအားနည်းပါက လုက်ကြံသတ်ဖြတ်မှုများ ဖြစ်တတ်သည်မှာ ဖြစ်လေ့ဖြစ် ထရှိသည့် အခြေအနေဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံဖြိုးရေးအဖွဲ့မှ ဦးတင်မောင်သန်း(သင့်ဘဝ)က ဆိုသည်။

KS( transparency myanmar )

Monday, February 20, 2012

0 နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲမှ ကန့် သတ်ချုပ်ခြယ်မှုများ အပေါ် ဦးကျော်သူ ၏ သဘောထားအမြင်


\
“ကျွန်တော် တို့ လူမှုရေး အသင်းကို ဘာကြောင့် ဒီလို ချုပ်ခြယ် ပြီး ဟန့် တားတာတွေ လုပ်နေလည်း ဆိုတာ ကျွန်တော် နားမလည် နိုင်တော့ဘူး”

ဖေဖေါ်ဝါရီ လ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဆောင်းဦးလှိုင်၏ နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲတွင် သက်ဆိုင်ရာ အာဏာရှိသူများ က လာရောက် ကြည့်ရှုသော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသားများ ကို အသင်း၏ တူညီ ဝတ်စုံများ ဝတ်လာသည့် အတွက် ပွဲအတွင်း ဝင်ခွင့်မပြုပဲ အဝတ်အစားများ ပြန်လဲခိုင်းခြင်း၊ နာရေး ကူညီမှု အသင်းကို စင်ပေါ်၌ အလှူငွေ လက်ခံယူခွင့် မပြုခြင်း စသည့် ကန့်သတ် ချုပ်ခြယ်မှု တွေကို ပြုလုပ်ခဲ့ပါသည်။

Burma vj medianetwork

1 ဒဏ်ရာရဘောလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနှိင်တဲ့ ဦးဇော်ဇော်


အလှူအတန်းရက်ရော တဲ့ ဦးဇော်ဇော်
ပိုက်ဆံတွေကို အုပ်လိုက် ဝေတဲ့ ဦးဇော်ဇော် (ကောင်မလေးများသာ)
မြန်မာနိုင်ငံဘောလုံးဥက္ကငှ ဦးဇော်ဇော်...
ဒဏ်ရာရဘာလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနှိင်တဲ့ဦးဇော်ဇော်
လူကိုလူလိုတန်ဖိုးထားစမ်းပါ ခင်ဗျား.....
မော်ရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်ဟု သိရသည်။

ကမ္ဘောဇ အသင်းက ၆-၂ဖြင့် အနိုင်ရရှိ ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဒုတိယပိုင်း ပွဲချိန် ၆၃မိနစ်ခန့်၌ မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဘောလုံး ယှဉ်လုရင်း ဒူးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအား ထူးကျော်နှင့် လူစားလဲ အပြီးတွင် ဆေးအဖွဲ့မှ ဒဏ်ရာ ပြင်းထန်သည်ဟု ယူဆကာ ဆေးရုံသို့ ပို့ဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပဒုမ္မာ ကွင်းအတွင်း ဆေးရုံကား အဆင်သင့် ရှိမနေခြင်းကြောင့် ၁၅မိနစ် ကြာခန့် စောင့်ဆိုင်း နေခဲ့ရကာ အဆုံးတွင် အခြား အဆင်ပြေသည့် ကားတစ်စီးဖြင့် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကိုယ်တိုင် တွေ့မြင်ခဲ့ကြသည့် ပွဲကြည့် ပရိသတ်များ အကြား ဝေဖန်သံများ ထွက်ပေါ် လာခဲ့ကာ အားကစား မီဒီယာ တစ်ဦးကလည်း "ဆေးရုံကား မရှိဘူး ဆိုရင်တောင်မှ ပွဲတွေမှာ ဒဏ်ရာ ပြင်းထန်ခဲ့ရင် ဘယ်ဆေးရုံကို ဘယ်လို ပို့ဆောင်မယ် ဆိုတာမျိုး ကြိုပြီး စဉ်းစားစီစဉ် ထားသင့်ပါတယ်။ အခုတော့ ကစားသမားက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတာတောင် ဘာကို ဘယ်လို လုပ်ရမှန်းမသိ၊ ဆေးရုံကားလည်း မရှိနဲ့ ဖြစ်ခဲ့ရပါတယ်၊ အသက် အန္တရာယ် ရှိနိုင်တဲ့ ထိခိုက်မှုမျိုး ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ" ဟု ဖွင့်ဟ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ကလည်း အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် အာဆီယံ လူငယ် ပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် ထိုင်းကစားသမား တစ်ဦး သတိလစ် သွားခဲ့ရာ ကွင်းအတွင်း ဆေးရုံကား ရှိသော်လည်း ၀င်းတံခါး သော့ခတ်ထား၍ ၅မိနစ်ကြာခန့် စောင့်ဆိုင်း ပြီးကာမှ ကွင်းအတွင်းမှ ထွက်ခွာခွင့် ရခဲ့သည်။ ထို့ကြောင့်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသည့် ကစားသမား များအတွက် ကြိုတင် ပြင်ဆင်မှု အားနည်းချက်များ ရှိနေခြင်း အပေါ် ယခုကဲ့သို့ ဝေဖန်သံများ ထွက်ပေါ် ခဲ့ခြင်းလည်း ဖြစ်သည်။

Onesky Oneworld

0 " သမိုင်းတရားခံ " -
ရေးသူ-ဆရာတော်ဝီရသူ

မြန်မာနိုင်ငံသာသနာရေးလောက၊ဘာသာရေးရေးလောကမှာ အကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဝင်ဆရာတော်များရဲ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများအကြောင်းနဲ့ အဂတိ လိုက်စားမှုများအကြောင်းကို ရှင်ရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေသားထားတဲ့ " သမိုင်းတရားခံ "လို့အမည် ပေးထားတဲ့စာတမ်းတစောင်ကို အင်တာနက်ဝက်ဆိုင်တွေပေါ် တင်ထားတာကို ရှားရှားပါးပါးဖတ်ရပါတယ်။ ရေးသူကတော့ မကြာခင်ကမှ မြစ်ကြီးနားအကျဉ်းထောင်ကလွတ်မြောက်လာခဲ့တဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ၊သဟာယကျောင်း ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ ဖြစ်ပါတယ်။

သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ့ ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝန့် ပြတ်သားလှပါတယ်။ ဟုတ်သည်မဟုတ်သည်မှန်သည်မှားသည်ကတော့မိမိဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ဘို့ အကြံပြုပါတယ်။နောက်ဆုံးမှက်ချက်အနေနဲ့ ဆရာတော်ကဒီစာတမ်းရေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုတင်ပြထားပါတယ်။

"ကျွန်ုပ်သည် ကျွန်ပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထား အမြင်ကျဉ်းလျင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံဝင်ရောက်နေသည့် ဂီလာနသာသနာကို အချိန်မီ မကုစားပါလျင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင် ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လို့ ဆိုရင် သမိုင်း၏တရားခံအစစ် သည် သင်ကိုယ်တိုင် ဖြစ်ပလိမ့်မည်။

ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ် မပြောင်းသေးလျင် တခေါက်ဂျောင်း ရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ဗိ ခြေဦးလှည့်ခွင့်ပေးတော် မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။"

မဟန အဖွဲ့ ကြီးအတွင်း၌ မဟာယနအချိုးချိုးနေသော ပါရာဇိကဂျိုးကြီးများပါဝင်နေတယ်
လို့ ----မစိုးရိမ်ဆရာတော်က ထုတ်ထိုးအိုးပေါက် ဝေဖန်ဖွင့်ချပြခဲ့ပါတယ်။
79811789-wirathu-dhamma

0 ရွှေည၀ါဆရာတော် ဦးပညာသီဟ ရဲ့ကျောင်းဆောင်သစ်(ဓာတ်ပုံ)


Photo.. Thu ya myo facebook

Sunday, February 19, 2012

0 ၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည်

photo..myanmarnewshub.com
ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀၀ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော်ရရှိနေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။

´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂၀ရက်နေ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက the messenger သို့ ပြောသည်။
ယင်းသို့ပေးပို့ရာတွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့ သွားမည် ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများကို ပေးပို့သွားမည်ဖြစ်ပြီး မိတ္တူများကို လက်ခံတစ်စုံ ထားရှိ မည့် အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ထံသို့လည်း ပေးပို့မည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နှင့် ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံဒေသအတော်များများမှ ပြည်သူများ၏ ထောက်ခံချက်လက်မှတ်များအပြင် အစိုးရ၀န်ထမ်းများ၊ စစ်တပ်အဖွဲ့အစည်းများ၊ စာပေနှင့် စာနယ်ဇင်အသိုင်းအ၀န်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးတွင် ဆက်သွယ်ရေးသည် အရေးကြီးဆုံးနေရာက ပါဝင်ပြီး အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် လူတန်းစားမရွေး ဖုန်းသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်သူများလည်း တန်းတူခံစားနိုင်ရန်အတွက် ပြည်သူများ၏ကိုယ်စားတောင်းဆိုခြင်း ဖြစ်သည်ဟု စာရေးဆရာ ဗအုပ်ခိုင်က the messenger သို့ ပြောခဲ့သည်။

ငွေကျပ် ၅၀၀၀ တန်ဖုန်းများကို ပြည်သူများကိုင်ဆောင်ခွင့် ရရေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်သူများအပေါ်ထားရှိသည့် စေတနာသာမူတည်သည်ဟု ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့ပြီး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်း ပြည်သူများမျှော်လင့်လျက်ရှိသော ငွေ ၅၀၀၀ တန်ဖုန်းများမှာ ဆက်သွယမှုကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်နေခြင်းနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိခြင်းတို့ကြောင့် လတ်တလောတွင် ချထားပေးရန်ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဇင်မာဝင်းဇံ(The Messenger News Journal )

0 ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ (ရုပ်/သံ)


နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျောင်းတိုက်ကနေ ထွက်ခွာပေးရ မယ့် ရွှေည၀ါ ဆရာတော်ဦးပညာသီဟ ရဲ့ နောက်ဆုံးနှုတ်ဆက်တရားပွဲ နဲ့  ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှုတ်ဆက်ပူဇော်ပွဲကို ဆရာတော်ကို လေးစားကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေ၊ စာသင်သားရဟန်းတော်တွေ၊မယ်သီလရှင်တွေ၊နိုင်ငံရေး အကျဉ်းသားဟောင်းရဟန်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပရိတ်သတ်ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအတွင်းမှာ ရွှေည၀ါဆရာတော်က တရားချီးမြင့်ခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျ တို့ မှ နှုတ်ဆက်ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။

ရွှေည၀ါဆရာတော်က အခုလို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ လိုက်လျောခဲ့ရတာဟာ လက်ရှိစာသင်သား သံဃာတော်တွေရဲ့ ပညာရေးကို မထိခိုက်စေလိုတာနဲ့ ၊လက်ရှိသွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာထိပ်တိုက်တွေ့ ဆုံမှုတွေ မဖြစ်စေလိုတာ တွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။ဆရာသံဃာကို တပည့်ဒကာဒကာမတွေကသာ ပိုင်ဆိုင်ပြီး ဖိတ်ကြားသည့်သူ ရှိသည့်နေရာသို့ သွား ရောက်ခဲ့ရသည့် အပေါ်တွင် မဟန အဖွဲ့ ၏ ဆုံးဖြတ်ချက် မှာ တရားမျှတမှုမရှိကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ဆရာတော်မှာထောင်သွင်း အကျဉ်းကျ ခံရဖူးပြီး မိမိတို့ လို နိုင်ငံရေးအကျဉ်းသားဟောင်း ဘ၀တူပင် ဖြစ်ကြောင်း၊ယခုလို အဖြစ်မျိုးထပ်မံကြုံတွေ့ ရသည့် အပေါ်တွင် ၀မ်းနည်းမိရကြောင်း ပြောကြားခဲ့ပါတယ်။ သာဓုကျောင်းတိုက်ကနေ ယနေ့ တနင်္ဂနွေ နေ့ မှာ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဟာ မှော်ဘီ ရှိ ခြံဝန်းတခုမှာ ခေတ္တယာယီသွားရောက် သွားရောက် သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။
မှော်ဘီ ၀ါးကျောင်း ရောက် ရွှေည၀ါဆရာတော်(ရွှေညဝါဆရာတော်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် ဝန်းကျင်ခန့်တွင် ခေတ္တ သီတင်းသုံးမည့် မှော်ဘီမြို့နယ် ဆီစက်မှတ်တိုင် အလွန် သဲအင်းဂူဆိုင်းဘုတ်မှ သုံးမိနစ်ခန့် ဝင်ရသည့် မြေနေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အဆိုပါ နေရာတွင် ကြက်ခြံနှစ်ခြံနှင့် တဲငယ်တစ်လုံးသာ ရှိပြီး ယခုအခါ ဝါးဖြင့် ယာယီ ကျောင်းသင်္ဃန်း ဆောက်လုပ်ရန် ပြင်ဆင်နေကြကြောင်း၊ ဆရာတော်အား လိုက်လံပို့ဆောင်ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပရိတ်သတ်မှာ ထုံးဖြူးထားသည့် ကြက်ခြံအတွင်း ဖျာကြမ်းများ ခင်း၍ နားနေကြကြောင်း (The Voice Weekly )
Burma vj Media network

0 ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်အရှင်ဂမ္ဘီရအား အရေးယူမယ်လို့ သတင်းစာတွင်ဖော်ပြ

အရှင်ဂမ္ဘီရအား ဓမ္မစက်ဖြင့် မဆောာင်ရွက်တော့ဘဲ အာဏာစက်ဖြင့် ဆောင်ရွက်တော့မည့် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ သတင်းကို ဖတ်ရှုနေသည့် ရွှေည၀ါဆရာတော် အရှင်ပညာသီဟကို သာဓုကျောင်းတိုက်မှ မထွက်ခွာမီ တွေ့ရစဉ်။

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းကိုပါ ထိပါးစော်ကားမှုများ ကျုးလွန်ခဲ့ကြောင်း၊ ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည် ဟူသော သတင်းခေါင်းစဉ်ဖြင့် ယနေ့ထုတ်အစိုးရပိုင်သတင်းစာတွင် ပါရှိခဲ့ခြင်းဖြစ်သည်။
ဦးဂမ္ဘီရအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

(ဓာတ်ပုံ-ဝေယံ) 7 days news journal

1 သမိုင်းပေးတာဝန်

လှိုင်သာယာတိုင်ရီဖိနပ်သပိတ်ဝင် အလုပ်သမ မိန်းကလေးများနေထိုင်သည့် အဆောင်များကို ရေဖြတ်ထားသည်။(photo..Thuyamyo)
သင့်မိတ်ဆွေအပေါ်မှာ ပြုတဲ့ မတရားမှုကို ကိုယ်နဲ့ မဆိုင်သလို လျစ်လျူပြုရင် အဲဒီမတရားမှုဟာ တနေ့မှာ သင့်အပေါ် ရောက်လာပါလိမ့်မယ်။ မတရားမှုတခုကို အောင်အောင်မြင်မြင် ကျူးလွန်ခွင့်ရသွားခဲ့သူဟာ အစွယ်ကို သွေးလူးသွားတဲ့ကျားလို မတရားမှုကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ပါလိမ့်မယ်။

လူ့အဖွဲ့ အစည်းထဲက လူတယောက် အပေါ်မှာ အစိုးရကိုယ်တိုင်က ဒါမှမဟုတ် တခြားတစုံတယောက်က ကျူးလွန်တဲ့ မတရားမှုဟာ အဲဒီလူ့အဖွဲ့ အစည်းဝင် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မတရားမှုကို ကာကွယ်ဖို့ တိုက်ဖျက်ဖို့ဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲသလို တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့ရင် တခြားသူတွေ အပေါ်မှာပါ မတရားမှုကို ဆက်လက် ကျူးလွန်လာပါလိမ့်မယ်။ ဒါဟာ ဒီနေ့မှ သိရတဲ့ အသစ် အဆန်းမဟုတ်ဘူး။ သမိုင်းတလျောက်လုံးမှာ ကမ္ဘာတလွှား နိုင်ငံ အနှံ့အပြားမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရဖူးတဲ့ သင်ခန်းစာပါ။

တိုင်ယီ ဘိနပ်စက်ရုံမှာ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ရရှိရေး၊ အလုပ်သမား အခွင့်အရေး ရရှိရေး အတွက် တောင်းဆိုတိုက်ပွဲဝင်ကြ တာ အားလုံး အသိပါ။

တကယ်တော့ အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေဆိုတာဟာ မြန်မာနိုင်ငံကစက်ရုံတွေတင်မကပါဘူး။ ကမ္ဘာတလွှားမှာပါ လူ့အခွင့် အရေး အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်လွန်းကြတဲ့ အတွက် နာမည်ပျက်နဲ့ ကျော်ကြားကြပါတယ်။ ဥရောပ ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ GAP၊ Nike၊ Adidas တို့လို ကုမ္ပဏီကြီးတွေတောင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်ကြလွန်းလို့ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး ဆောင်ရွက်သူ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝိုင်းဝန်း ကန့်ကွက်ကြတာ၊ အလုပ်သမား တွေက ဆန္ဒပြတောင်းဆိုကြတာဟာ အကြိမ်ကြိမ်အခါခါပါ။ ဂါးဒီးယန်းတို့လို၊ ဘီဘီစီတို့လို ထိပ်တန်းမီဒီယာကြီးတွေထဲမှာလည်း အကြိမ်ကြိမ် အခါခါ ပါခဲ့ဖူးပါတယ်။ တရုတ်ကုမ္ပဏီတွေကတော့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ကြတဲ့ အထဲမှာ တခြားကုမ္ပဏီတွေထက် နာမည်ပိုပျက်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အထည်ချုပ်စက်ရုံ၊ ဘိနပ်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြဿနာတက်ကြတာဟာ အကြိမ်ကြိမ်ပါပဲ။ စက်ရုံတွေမှာ အိုဗာတိုင်ပေးရမှာကြောက်လို့ အခြေခံလစာကို မတန်တဆ လျော့ချထားကြတာကို အားလုံး အသိပါ။ ဈေးကွက်ပေါက်ဈေးအရ အခြေခံလစာသိပ်နည်းနေရင် အလုပ်သမားရှာမရမှာ စိုးတဲ့ အတွက် အခြေခံလစာအစား ခရီးစရိတ်၊ ရှားပါးစရိတ်၊ စားသောက်စရိတ်ဆိုတာမျိုးတွေနာမည်တပ်ပေးပြီး အခြေခံလစာကိုတော့ လျှော့ထားကြ ပါတယ်။ ဒီညစ်ကွက်ကလည်း လှိုင်သာယာမှာ လုပ်နေကျ ညစ်ကွက်ကြီးလိုလိုဖြစ်နေပါပြီ။

အလုပ်သမားတွေ အိမ်သာတက်ရင် အလုပ်ချိန်လျော့မှာ စိုးလို့ တနေ့ကို အိမ်သာ ဘယ်နှမိနစ်ပဲ တက်ရမယ်လို့ ကန့်သတ် ချုပ်ချယ်တာ လည်း အဲဒီစက်ရုံတွေပါပဲ။ ရေသောက်တာကို ဘယ်နှကြိမ်ထက် မပိုရလို့ ကန့်သတ်ချုပ်ချယ်တာလည်း ဒီစက်ရုံတွေပါပဲ။ အလုပ်သမားကို အလုပ်မပေးနိုင်လို့အားနေရင် သူတို့တာဝန်နဲ့ မဆိုင်တဲ့ ကြမ်းတိုက်မြက်နှုတ်ခိုင်းတာလည်း ဒီစက်ရုံတွေပါပဲ။ ဒီလုပ်ရပ်တွေဟာ အလုပ်သမားတွေကို လခပေးငှားရမ်းခိုင်းစေတာနဲ့တောင်မတူတော့ပဲ လခပေးပြီး ကျေးကျွန်ငှားရမ်းထားတာနဲ့တောင် တူနေပါတယ်။

အလုပ်ခွင် အခြေအနေတွေလည်း ကြည့်ကြဦး။ တော်တော်များများက သွပ်မိုးဂိုဒေါင်ကြီးတွေပုံစံမျိုး။ အင်မတန် ပူလောင်တဲ့ နိုင်ငံမှာ အလုပ်သမားတွေ ဘယ်လိုအလုပ်လုပ်နေရတယ်ဆိုတာ စာနာစဉ်းစားကြည့်ကြပါတော့။

အလုပ်လုပ်ရတဲ့ ရက်နဲ့ နာရီတွေကလည်း မတန်တဆ။ တလကို ၂၅ ရက် ၂၆ ရက် အလုပ်လုပ်ကြရတယ်။ ညနက်သန်းကောင် အလုပ်လုပ်ကြရတယ်။ ၁၈၈၆ ခုနှစ်ကတည်းက တနေ့အလုပ်လုပ်ချိန် ၈ နာရီထက် မကျော်လွန်ရေးကို အမေရိကန်ပြည်ထောင်စု ချီကာဂိုမှာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပေမဲ့ ကျနော်တို့ဆီမှာ အလုပ်သမားတွေဟာ သားနဲ့ အမိ၊ မောင်နဲ့ နှမ တွေ့ဆုံချိန်တောင်မရ လောက်အောင် အလုပ်ခွင်ရဲ့ လခစားကျွန်စနစ်ယန္တရားထဲမှာ ဘဝတွေကုန်လွန်နေကြရတုန်းပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာတချို့ စက်ရုံ မှာ အိုဗာတိုင် မဆင်းမနေရ သတ်မှတ်ချက်မျိုးရှိနေပြန်တယ်။ တချို့စက်ရုံတွေမှာ အလုပ်သမားတွေကို အမြဲတန်းလခစားဝန်ထမ်း အဖြစ် မခန့်ထားပဲ နေ့စား အဖြစ်ခန့်ထားပြီး၊ အချိန်ပို မဆင်းရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ စည်းကမ်းချက်မျိုးသတ်မှတ်တယ်။ နေ့စား အလုပ်သမား အဖြစ် ခန့်ထားပြီး၊ ခွင့်ရက်ခံစားခွင့် မပေးဘဲ ထားတာမျိုးလည်းရှိတယ်။

ဒီလောက်ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်တဲ့ကြားထဲမှာ နောက်ထပ် လဲရာကို သူခိုးထောင်းတဲ့ လုပ်ရပ်က တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှင်က အလုပ်ပိတ်ပြီး အဲဒီပိတ်ရက်ကို လစာမပေးဘဲ ဖြတ်တောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အလုပ်သမား ညွှန်ကြားရေးမှူးချုပ်ဆိုသူကရော ဘယ်ဘက်က ရပ်တည်ပါသလဲ။ ကျနော်တို့ တိုင်းပြည်က အစိုးရ အလုပ်သမားအဖွဲ့အ စည်းကိုယ်စားလှယ်တွေဟာ ခေတ်အဆက်ဆက်မှာ စစ်ထောက်လှမ်းရေး ကိုယ်စားလှယ် အဖြစ်သာရပ်တည်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် စက်ရုံမှာ အလုပ်လုပ်ခဲ့စဉ်က အလုပ်သမားရုံးအရာရှိနဲ့ စကားပြောခဲ့ဖူးပြီး သူတို့သဘောထားကို ထင်ထင်ရှားရှား သိခဲ့ရဖူးတယ်။ ကျနော်က စက်ရုံရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ တာဝန်ယူရတဲ့ အတွက် အလုပ်ရှင်ရဲ့ ကိုယ်စားလှယ်လို့ သဘောထားပြီး အလုပ်သမားရုံးအရာရှိက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဖြစ်လာတိုင်းမှာ အလုပ်သမားတွေဘက်က ဘာလိုချင်သလဲ။ တယောက်ယောက်က တာဝန်ယူပြီး ထွက်ပြောလို့ သူတို့ကခိုင်းတယ်။ အဲဒီလူကို ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အရေးယူတယ်။ ဖိနှိပ်တယ်၊ ဖြိုခွဲတယ်။ ခေါင်းဆောင်တဲ့သူမရှိဘူးဆိုတာ ဟုတ်ကိုမဟုတ်ဘူး၊ အမြဲတန်း ခေါင်းဆောင်ရှိတယ်၊ အဲဒီခေါင်းဆောင်ကို ဖော်ထုတ် အရေးယူရမယ်လို့ သူတို့ကို အထက်က ညွှန်ကြားထားကြောင်း ပြောပါတယ်။ အဲဒီညွှန်ကြားချက်တွေကို ပေးတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေသူ ဦးအောင်ကြည်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ဒီလို မတရားဖိနှိပ်ညှင်းပန်းခံနေရတဲ့ သူတွေဘက်မှာ အခု ကိုဖိုးဖြူ၊ မစုစုနွေး၊ ကိုဟန်ဝင်းအောင်တို့ ရပ်တည် အကူအညီပေးကြတယ်။ ဆွီဒင်နိုင်ငံက ဆွီဒင် ဆိုရှယ်ဒီမိုကရက် ကျောင်းသားများ အဖွဲ့၊ ဆွီဒင် ဆိုရှယ်ဒီမိုကရက် လူငယ် အဖွဲ့ တို့ကတောင် နိုင်ငံတကာ သွေးစည်းညီညွတ်မှုကို ပြသတဲ့ အနေနဲ့ စာနာထောက်ခံကြောင်းစာပေးပို့ပါတယ်။ ဒါပေမဲ့ ရှက်စရာ ကောင်းတာက ကျနော်တို့ရဲ့ ဒီမိုကရေစီ သူရဲကောင်းကြီးများအဖို့မှာ မြင်လျက်အကန်း၊ ကြားလျက် အဆွံ့၊ သိလျက် မဝံ့ဖြစ်နေကြတဲ့ အချက်ပါပဲ။

ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာက ဆုပေါင်း ရာချီရထားတဲ့ ဒီမိုကရေစီမိခင်၊ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ သူအာဏာရဖို့ မဲဆွယ်တဲ့ အလုပ်ကိုပဲ လုပ်နေပါတယ်။ သူ့ကို အားပေးကြတဲ့ သောင်းချီတဲ့ လူပရိသတ်ကြီးရှေ့မှာ ကျမကို မဲပေးရမယ်နော် ဒါပဲ ဆိုတဲ့ စကားမျိုးတွေလောက်ကိုပဲ မရှက်မကြောက်ပြောနေပါတယ်။ ဒါ…ဒီမိုကရေစီ ခေါင်းဆောင်တဲ့လား။ ဒါ….လူထုခေါင်းဆောင်တဲ့လား။ ပြည်သူလူထုကြီးကချစ်လွန်းလို့ အမေစု၊ အမေစုအခေါ်ခံရတဲ့သူ၊ အများပြည်သူရဲ့ ဆင်းရဲဒုက္ခနဲ့ ပရိဒေဝ သောကမီးတွေကို ငြှိမ်းသတ်ပေးမယ်လို့ မျှော်လင့်ခြင်းခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလိုကိစ္စမျိုးတွေမှာ တခွန်းတပါဒတောင် မဖွင့်မဟရဲတာက ဦးသိန်းစိန်ကို ကြောက်လို့လား၊ ဦးသန်းရွှေကိုကြောက်လို့လား၊ ဒါမှမဟုတ် အာဏာရမ္မက် ငမ်းငမ်းတက်နေလို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။

ဒီနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာ ရပ်နေသလဲ၊ ဘယ်သူ့ဘက်မှာ ရပ်နေသလဲဆိုတာဟာ မဖြစ်မနေမေးခွန်းထုတ်ရ မယ့် ပုစ္ဆာတခုဖြစ်လာပြီ။

ဦးသိန်းစိန်ဘက်က ရပ်မှာလား။ အလုပ်သမား၊ လယ်သမား ဆင်းရဲသား ပြည်သူလူထုကြီးဘက်က ရပ်တည်မှာလား။

အာဏာရှင် ဘက်က ရပ်မှာလား၊ ဒီမိုကရေစီဘက်က ရပ်မှာလား။

မသေချာပေမဲ့ စွန့်စားရမှာပဲ ဆိုတဲ့ သူ့ရဲ့ လွှတ်တော်တွင်းဝင်ပြီး ဒီမိုကရေစီ ကံစမ်းမဲထိုးမယ့် အစီအစဉ်ကြီးအတွက် အလုပ်သမားလယ်သမားတွေရဲ့ အရေးကို စတေးလိုက်တော့မှာလား။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်လိုက်လို့ ဘာမှ ဆုံးရှုံးစရာမရှိပါဘူးဆိုတာ ဟုတ်ပါရဲ့လား၊ ပြန်စဉ်းစားဖို့သင့်ပါပြီ။

အခုဆိုရင် အလုပ်သမားအရေးကို ဥပဒေကြောင်းအရ တရားစွဲ ဖြေရှင်းကြရမလို ဖြစ်လာပါတယ်။ ဒီအခြေအနေဟာလည်း အားရစရာ မရှိပါဘူး။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတာ အားလုံးအသိပါ။ အလုပ်သမားအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေ တွေလည်း လုံလုံလောက်လောက်မရှိပါဘူး။ အဆိုးဆုံးကတော့ အစိုးရကိုယ်တိုင်က အလုပ်သမားတွေ၊ တက်ကြွသူတွေကို ဖိနှိပ်ညှင်းပန်းနေတဲ့ အချက်ကြောင့် တရားစွဲဖြေရှင်းနည်းဟာ ကိုယ့်အတွက် အခွင့်မသာတဲ့ နည်းလမ်းပါ။ တကယ်တော့ အလုပ်သမားအရေးကို အလုပ်သမားတွေနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်၊ ILO၊ ၈၈ မျိုးဆက်နဲ့ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေ ဝိုင်းဝန်းပံ့ပိုးတောင်းဆိုကြမှ အောင်မြင်မှုရမှာပါ။ အားလုံးတက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ခဲ့ရင် တိုင်ယီ တခုတည်း အတွက် မဟုတ်ဘဲ၊ အလုပ်သမား အားလုံးအတွက် အောင်ပွဲရသွားနိုင်ပါတယ်။ ဘယ်သူမှ မပံ့ပိုးရင် ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ အရေခြုံအစိုးရက အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေကို ဘဝပျက်အောင် ဖျက်ဆီးကြပါလိမ့်မယ်။

လူ့တယောက်ရဲ့ တန်ဖိုးကို သမိုင်းက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲလို့ ဆရာဗန်းမော်တင်အောင်က ပြောခဲ့ဖူးတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပုခုံးပေါ်ကို သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ကျေပွန်သလဲဆိုတာ စဉ်းစားစရာဖြစ်လာပြီ။ ဆရာဗန်းမော်တင်အောင်ကို ကိုးကားလို့ ကျနော့်ကို လက်ဝဲဆန်တယ်လို့ တချို့ကထင်ချင်ထင်ကြမယ်။ အရင်ဆောင်းပါးတွေမှာ လူထုလှုပ်ရှားမှုကို ထောက်ခံလို့ လက်ဝဲဆန်တယ်လို့ ဝေဖန်တာမျိုးကိုလည်း ကြုံခဲ့ရဖူးတယ်။ ကမ္ဘာ့ပြည်သူလူထုကြီးက လူထုလှုပ်ရှားမှုကို တက်တက်ကြွကြွဆောင် ရွက်နေချိန်မှာ လူထုလှုပ်ရှားမှု ပြောတိုင်း လက်ဝဲတံဆိပ်ကပ်နေတာကတော့ မဆလ ဆန်လွန်းတယ်။ မဆလ၊ နဝတ၊ နအဖ ကနေ ကြံ့ဖွံ့အထိ စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ကို ဆန့်ကျင်လာရင် လက်ဝဲတံဆိပ်ကပ်တာ ထုံးစံပဲ။ ဒီ့အတွက်ဘာမှ တုန်လှုပ်စရာမရှိဘူး။ လက်ဝဲဆန်တာ လက်ယာဆန်တာက အဓိကမဟုတ်ဘူး။ မှန်သလား၊ မှားသလား၊ တရားသလား၊ မတရားဘူးလားဆိုတာကသာ အခရာဖြစ်ပါတယ်။

တကယ်လို့များ လူထုခေါင်းဆောင်၊ အများကြည်ညိုနေတဲ့ ခေါင်းဆောင်ဟာ လမ်းလွဲပေါ်ရောက်နေပြီဆိုရင် ဘာဖြစ်မလဲ။ ကျနော်တို့ ဘယ်လို ရုန်းကန်ကြရမလဲ။ ဘယ်လောက်အန္တရာယ်ကြီးမလဲ။ သေသေချာချာ စဉ်းစားကြဖို့လိုပြီ။ ပြတ်ပြတ်သားသား ဝေဖန်ကြဖို့လိုပါပြီ။

ကျနော်တို့ နိုင်ငံရေးမှာ ဝေဖန်ရေးလိုအပ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မပြောဝံ့၊ မဆိုဝံ့၊ မဝေဖန်ဝံ့ပါဆိုတဲ့ နုံချာချာ စိတ်ထားတွေကို ကျနော်တို့ အဝင်ခံလို့ မဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရ အကြိုက်ဖြစ်မယ်ဆိုတဲ့ ရှေးဆန်တဲ့ အတွေးအခေါ်ကိုလည်း စွန့်သင့်ပြီ။ သိပါ၊ မြင်ပါရက်နဲ့ ကျနော်တို့ မပြောဘဲ နေရင် ကျနော်တို့ပါရောပြီး တရားခံဖြစ်သွားနိုင်တယ်။ နောင် အနှစ်နှစ်ဆယ်မှာ ခင်ဗျားတို့ တာဝန်မကျေလို့ ကျုပ်တို့ စစ်ကျွန်ဘဝမှာ နေရတယ်လို့ နောက်မျိုးဆက်က ကျနော်တို့ကို လက်ညှိုးထိုးတာခံရလိမ့်မယ်။ ဒေါ်စုမှားရင် ဒေါ်စုကိုချစ်တဲ့ပြည်သူလူထုပါတွေဝေယိမ်းယိုင်သွားလိမ့်မယ်။ ဒီအဖြစ်မျိုးကို လက်ပိုက် ကြည့်မနေကြပါနဲ့လို့ ခေါင်းဆောင်တွေကို ကျနော်တိုက်တွန်းချင်ပါတယ်။

ဒီနေ့အချိန်မှာ အရေးပါတဲ့ နေရာတွေမှာရောက်နေသူတွေ key players တွေ stakeholders တွေ အနေနဲ့ ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းချပြကြဖို့၊ ကြိုက်မကြိုက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုကြဖို့ အချိန်တန်ပြီလို့ဆိုချင်ပါတယ်။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ခင်ဗျား မပြောလိုက်တဲ့ စကားတခွန်းကြောင့် လည်း သမိုင်းမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ ပြောရေးဆိုခွင့်ကို တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချစေချင်ပါ တယ်။

ဘာ့ကြောင့် ဒီစကားကို ကျနော်ပြောရပါသလဲ။ မကြာခင်တုန်းက ဥပမာလေးတခုကို ပြန်ပြောချင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ဖြစ်ရပ်ပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး၊ မှတ်ပုံတင်ရေး မတင်ရေး နဲ့ ပတ်သက်ပြီး မဲခွဲကာနီး အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင်ရေး၊ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်တဲ့ အသံ သိပ်များများစားစား မကြားခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ဝန်ခံလက်မှတ်ထိုးမယ့် လုပ်ရပ်ဟာ စစ်အာဏာရှင်စနစ်ကို အညံ့ခံ အလျော့ပေးတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်တာမျိုး သိပ်ရှားပါးခဲ့ပါတယ်။ ဒီတော့ နိုင်ငံရေး ခေါင်းဆောင် အများအပြားဟာ ဝင်ရေး၊ တင်ရေး၊ အညံ့ခံရေးကို ထောက်ခံနေကြသလားလို့ ထင်မှတ်စရာဖြစ်ခဲ့ပါတယ်။

( မှတ်ချက်။ ။ ဦးဝင်းတင်နဲ့ စီအာပီပီ ခေါင်းဆောင်တချို့ကလူသိရှင်ကြားမဟုတ်ပေမဲ့ အတွင်းကြိတ်ဝေဖန်ခဲ့တာမျိုးတော့ ရှိခဲ့တယ်လို့ ကြားရပါတယ်။ ဘယ်လောက်မှန် သလဲ၊ ဘယ်အတိုင်းအတာအထိ ဝေဖန်ခဲ့သလဲတော့ မသိရပါ။)

ဒါပေမဲ့ တကယ်တန်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ မဲခွဲဆုံးဖြတ်အပြီး၊ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက် ကျအပြီးမှာ ကြေညာချက်တွေ အများအပြား ထွက်ပေါ်လာပါတယ်။ အဲဒီကြေညာချက်တွေ အရ နိုင်ငံရေးခေါင်းဆောင်အများစုဟာ ဝင်ရေး၊တင်ရေးကို မနှစ်သက်ကြဘူးဆိုတာတွေ့လာရပါတယ်။ တချို့က မကြိုက်ကြောင်း အတိအလင်းပြောကြပါတယ်။ တချို့ကတော့ မကြိုက်ပေမဲ့ ဒေါ်စုကိုတော့ ဝန်းရံသွားမယ်လို့ ဆိုကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (အဲဒီတုန်းက မင်းကိုနိုင်တို့ မလွတ်သေး)၊ သံဃာ့တပ်ပေါင်းစု ( အသျှင်ဂမ္ဘီရ မလွတ်သေး)၊ ဗကသအဖွဲ့ချုပ် ( ကျော်ကိုကိုတို့မလွတ်သေး)၊ ဗကသနိုင်ငံခြားရေးကော်မတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ SNLD၊ မွန်၊ ရခိုင် အပါအဝင် စီအာပီပီ အဖွဲ့ဝင် ပါတီများ၊ ပြည်ပအခြေစိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံအဖွဲ့အစည်းတွေ စသဖြင့် တော်တော်များများဟာ ဝင်ရေး၊တင်ရေးကို သိပ်မနှစ်သက်ကြတာ တွေ့လာရပါတယ်။

အဖွဲ့အစည်း အသီးသီးရဲ့ ကြေညာချက်တွေကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ ဘာ့ကြောင့် နှောင့်နှေးခဲ့ကြသလဲ။ သူတို့ဘာ့ကြောင့် စောစောစီးစီး ထုတ်ဖော်ပြောဆို ဝေဖန်ဖို့ ဝန်လေးခဲ့ကြသလဲ။ အဲဒီအချိန်မှာ လူထုဟာ ခေါင်းဆောင်မှုလိုအပ်နေပါတယ်။ မဲမခွဲခင်မှာ ခေါင်းဆောင်အားလုံးရဲ့ ဆွေးနွေးဝေဖန်အကြံပေးတင်ပြမှုတွေ လိုအပ်နေခဲ့ပါတယ်။ လူထုရှေ့မှောက်မှာ နိုင်ငံရေး အမြင်အမျိုးမျိုးကို ရှင်းလင်းချပြဖို့ လိုအပ်ခဲ့ပါတယ်။ တကယ်လို့သာ အဲဒီအချိန်တုန်းက ဝင်ရေး၊ တင်ရေးကို မနှစ်သက်ကြတဲ့ ခေါင်းဆောင်တွေဟာ သူတို့သဘောထားကို လူထုသိအောင် ချပြနိုင်ခဲ့ရင်၊ စောစောစီးစီး ချပြဖို့ ရှင်းလင်းပြောပြဖို့ မပျက်ကွက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း မဲခွဲတဲ့ အခါ ဆုံးဖြတ်ချက်ဟာ တမျိုးတဖုံဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သမိုင်းဟာ တမျိုးတဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် စောစောတုန်းကပြောခဲ့တာပါ။ ခင်ဗျားပြောလိုက်တဲ့ စကားတခွန်းကြောင့် သမိုင်းကို အပြောင်းအလဲ ဖြစ်စေနိုင်သလို၊ ခင်ဗျား မပြောဖြစ်လိုက်တဲ့ စကားတခွန်းကြောင့်လည်း သမိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါတယ်။

ခုတော့ ခေါင်းဆောင်အသီးသီးဟာ အပြောသိပ်နောက်ကျခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအကြောင်းအမျိုး မျိုးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မို့ မဝေဖန်ရဲတာဆိုတဲ့ အကြောင်းတချက်များ ပါနေခဲ့လေမလားလို့ သံသယဝင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာ ထောက်ခံမှု၊ လူထုထောက်ခံမှု သိပ်ကြီးပါတယ်။ ဒီထောက်ခံမှု အရှိန်အဝါကို မလွန်ဆန်ရဲလို့ များ မဝေဖန်ခဲ့ကြသလားလို့ သံသယဝင်မိပါတယ်။

တကယ်တော့ လူအများထောက်ခံတိုင်း မှန်တယ်လို့ အခါခပ်သိမ်းမှာ တရားသေယူဆလို့ မရပါဘူး။ လူအများထောက်ခံပေမဲ့ မှားနေတဲ့ ကာလမျိုးတွေရှိတတ်ပါတယ်။ များတိုင်းလည်း မမှန်သလို နည်းတိုင်းလည်း မမှားပါဘူး။ ဒီလိုပြောလိုက်လို့ လူအများရဲ့ ဆန္ဒကို ဆန့်ကျင် ပြီး ဇွတ်လုပ်ဖို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ လူအများကို အမှန်ရောက်လာအောင် အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ စည်းရုံးယူရမယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။

လူများစု လူထုကြီးဆိုတာ မှန်ကန်တဲ့ ဦးဆောင်မှု လိုပါတယ်။ ရှင်းလင်းပြောကြားပေမယ့်သူ လိုအပ်ပါတယ်။ လူထုကို အပြိုင်အဆိုင် စည်းရုံးတင်ပြမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ စည်းရုံးဦးဆောင်မှုမရှိရင် လူထုရဲ့ အားပေးထောက်ခံမှုတွေဟာ လည်း ယာယီအားဖြင့် ချွတ်ချော်တိမ်းမှားမှုတွေ၊ ခေတ်နောက်ကျမှုတွေ ရှိတတ်ပါတယ်။

ဥပမာတချို့ ပြောရရင် လူများစုလူထုကြီးမှာ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုကြီးကျော်၊ မနှဲလေးကိုးကွယ်မှုမျိုးတွေရှိတတ်တာမျိုးပါ။ ဂျော်ဒန်နိုဘရူနိုက နေကို ကမ္ဘာကပတ်တယ်၊ ကမ္ဘာကြီးလုံးတယ်ပြောခဲ့တာကိုလည်း လူအများစု လူထုကြီးကချက်ချင်း မထောက်ခံ ခဲ့ပါဘူး။ ခေတ်နောက်ပြန်ဆွဲတဲ့ ကိုယ်ကျိုးရှာ ဘာသာရေး ခေါင်းဆောင်တွေကိုသာ ထောက်ခံခဲ့ကြလို့ ဂျော်ဒန်နိုဘရူနိုဟာ အသတ်တောင်ခံခဲ့ရဖူးပါတယ်။

ဒုတိယကမ္ဘာစစ်ကြိုကာလမှာ ဂျာမန်တွေအပေါ်မှာ မဟာမိတ်အင်အားစုတွေက ဗာဆိုင်းစာချုပ်နဲ့ မတရားဖိနှိပ်ချုပ်ချယ်ထားတဲ့ အချိန်မှာ ဟစ်တလာဟာ ဗာဆိုင်းစာချုပ်ကို စက္ကူစုတ်လိုသဘောထားခဲ့တဲ့ အတွက် ဂျာမန်ပြည်သူတွေက တခဲနက် ထောက်ခံခဲ့ကြ ဖူးပါတယ်။ မဲပေးရွေးကောက်ခဲ့ပါတယ်။ အမေရိကန် ဗြိတိန်ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တချို့ကတောင် ဟစ်တလာကို လေးစားရုံသာမက အထင်ကြီး အားကျခဲ့ပါတယ်။ ဒီနေ့ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာ ပြနေသလို အဲဒီခေတ်မှာ ဟစ်တလာကို လူတိုင်းက အရူးလို့ ထင်နေတာမျိုး မဟုတ်ပါဘူး။

အဲဒီတုန်းက ဟစ်တလာနဲ့ နာဇီဝါဒဟာ ကမ္ဘာ့ပြည်သူတွေကို ဒုက္ခ အကြီးအကျယ်ပေးမယ်ဆိုတာ လူထုက ကြိုတင် မသိမြင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဟစ်တာလာရဲ့ အန္တရာယ်ကို ထောက်ပြ ဝေဖန်ခဲ့သူတွေလည်း ရှိတော့ ရှိခဲ့ပါတယ်။ ဆိုလိုတာက တချို့ အချိန်တွေမှာ အမှန်တရားဘက်မှာ ထောက်ခံသူလူနည်းစုသာရှိတဲ့ အချိန်မျိုးကြုံရတတ်ပါတယ်။ အဲသလို အချိန်မျိုးမှာ လူနည်းစုအတွက် ရင်ဆိုင်ရတဲ့ အခြေအနေဟာ ခက်ခဲကျပ်တည်းတတ်ပါတယ်။ စိတ်ထိခိုက်နာကျင်စရာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲသလို အခက်အခဲ အကျပ်အတည်းမျိုးကို သည်းခံပြီး စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင် ဖြတ်ကျော်မှုမျိုးသာ မလုပ်ကြရင် အတွေးအခေါ်မှား တွေဟာ ကာလရှည်ကြာ သရဖူဆောင်းသွားကြမှာပါ။

ဒီနေ့အချိန်အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်ယီ အလုပ်သမားအရေး ဥပေက္ခာပြုမှု၊ ရွေးကောက်ကိုယ်စားလှယ် ရွေးချယ်ရာမှာ ဒီမိုကရေစီနည်းမကျတဲ့ ဆောင်ရွက်ချက်တွေ၊ ကိုယ်စားလှယ်ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး… ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဟုတ်မဟုတ်ပဲ အရေးကြီးပါတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ညှိုးထောင်
ခေါင်းညိမ့်တွေချည့်ပဲ ရွေးချယ်ခဲ့တာတွေ၊ ပါတီပြန်လည်ဖွဲ့စည်းရာမှာ အပြိုင်မထားတဲ့ (ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့) အာဏာရှင်စနစ်ဆီ ဦးတည်သွားနိုင်တဲ့ ဖွဲ့စည်းပုံ ပုံဖော်မှုတွေ၊ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စကို အစိုးရဘက်က ကြားဝင်ပေးဖို့ မတောင်းဆိုလို့ ဘာမှ လုပ်လို့မရပါဘူးဆိုပြီး လက်ပိုက်ကြည့်နေတာတွေ၊ အစိုးရ အလိုတော်ရိ ကရင်သစ္စာဖောက် ဗိုလ်ထိန်မောင် အဖွဲ့နဲ့ကျမှပဲ တိုင်းရင်းသားတွေကို အလွန်ချစ်တဲ့ ပုံနဲ့ အတင်းဖက်ပြနေတာတွေ၊ လူထုတရပ်လုံးရဲ့ အကြီးအကျယ် ထောက်ခံမှုရနေပါရက်နဲ့ မဲထည့်ရမယ်နော် ဆိုတာထက် ဘာတခုမှ ပိုပြီး စည်းရုံးလမ်းညွှန်မှု မပြုလုပ်တာတွေ နဲ့ ပတ်သက်ပြီး ဘဝင်မကျသူတွေ တော်တော်များများ ရှိနေကြမယ်ထင်ပါတယ်။ ကိုယ်ဘက်မှာ လူနည်းစု ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ထုတ်မပြောသူတွေလည်း အများအပြားရှိနိုင်ပါတယ်။ ဘဝင်မကျရင် ဘဝင်မကျကြောင်း ထုတ်ဖော်ပြောဆိုကြဖို့သင့်ပါပြီ။

ဒီအခြေအနေကို ဒီအတိုင်း ဆက်လွှတ်ထားရင် ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာအချင်းချင်း သွေးစည်းညီညွတ်ရေးလုပ်သွားပြီး တိုင်းရင်းသားတွေကို ဥပေက္ခာပြုထားတယ်၊ ချောင်ထိုးထားတယ်လို့ တိုင်းရင်းသားတွေက တနေ့မှာ ထင်မြင်လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် စစ်အစိုးရ အကြိုက်ဖြစ်သွားမှာပေါ့ ဆိုတဲ့ ဆင်ခြေဟာ မှန်ကန်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူး။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အသက်ဝင်ရေး အတွက် မရှိမဖြစ် လိုအပ်ချက်လို့ သဘောထားပြီး စစ်အစိုးရဟာ တနေ့ ရွှေဥတလုံးကျဥပေးမယ့် ငန်းမကြီးပမာ တယုတယမွေးမြူထားချင်လာပြီဖြစ်ပါတယ်။ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီကို အလံထူ၊ နိုင်ငံတကာ ကိုချော့မြူပြီး၊ ပြည်သူကိုဖိနှိပ်၊ ဒေါ်စုကရေငုံနှုတ်ပိတ်ဆိုတဲ့ ဖြစ်စဉ်ကြီးကို ကျနော်တို့ကလည်း လက်ပိုက်ကြည့်နေမယ်ဆိုရင် သားစဉ်မြေးဆက်တိုင်အောင် စစ်ကျွန်အဖြစ် နွံနစ်သွားနိုင်ပါတယ်။

စစ်အစိုးရ အကြိုက်ဖြစ်မှာစိုးလို့ ဒေါ်အောင်ဆန်းစုကြည်ကို မပြောမဆို မဝေမဖန်ဘဲထားရင် အခြေအနေဟာ ဒီမိုကရေစီ ပန်းတိုင်နဲ့ တနေ့တခြား ပိုပြီး ဝေးကွာလာနိုင်ပါတယ်။

ဒါ့ကြောင့် တာဝန်သိသိနဲ့ ဝေဖန် အကြံပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာလည်း သမိုင်းပေးတာဝန်တရပ်ဖြစ်ပါတယ်။


ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

0 ကျော်ရ လှော်ရ တို့ဘ၀..


ကာတွန်း..ဟာဂျူလီ(ကသာ)

3 ကိုဆောင်းဦးလှိုင်ရဲ့ ပွဲမှ ဖြစ်ရပ်မှန်ကိစ္စ

Photo..shwethanzin
ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုေ စာစောသွားခဲ့ပါတယ်.
ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကို ထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်.

(ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ.

အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်. အဲဒီယူနီဖောင်းတွေချွတ်ပေးပါ. အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.)

ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်.

ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ. ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်. ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး.

ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်

ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)

1 ကြွေလွင့်ခဲ့သော ကြယ်ပွင့်များအား တိုင်တည်ခြင်း-
ရေးသူ-နန်းအောင်ထွေးကြည် (မငယ်)


(၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ABSDF-NB တွင်ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍ ...)

ကိုကြီးရေ ... ဒီနေ့ နှစ် ၂၀ ပြည့်ခဲ့ပြီ။ မငယ် တနေ့မှ မေ့မရပါဘူး။ ကိုကြီးနဲ့ ဂီတအကြောင်းတွေ ပြောခဲ့ပြီး အတူတီးခဲ့၊ ဆိုခဲ့ကြတာတွေကို သတိရနေဆဲပါ။ ဂစ်တာတီးပြီး ‘ကြွေရဲသောကြယ်များ’ သီချင်းဆိုမိတိုင်း မငယ် ငိုခဲ့မိတာကြောင့် ဂစ်တာမကိုင်ဖြစ်တာ Australia ရောက်ကတည်းကပါ။

မှတ်မိသေးတယ်။ ကိုကြီး မငယ်ကို ဘဏ္ဍာရေးသင်တန်းတက်ခိုင်းတော့ မငယ်ကို တီးတိုးပြောခဲ့တယ်။ မငယ် မင်း ငါ့ကို မျက်နှာငယ်အောင် မလုပ်နဲ့နော်။ KIA ကြားမှာ ကျောင်းသားတပ် သိက္ခာတက်အောင်လုပ်။ မငယ်ကလည်း ဟုတ်ကဲ့လို့ ဆိုခဲ့တယ်။ မိဘလက်ထက်မှာ ၁၀ တန်းကို အောင်ဖို့ အကြိမ်ကြိမ်ဖြေဆိုလာခဲ့တဲ့ မငယ်ဟာ ကိုကြီးကို ကြည့်ပြီး အင်းပါလို့ ပြောခဲ့တယ်။ မငယ် ကတိတည်ပါတယ်နော်။ အဲဒီသင်တန်းမှာ မငယ် ဆုရခဲ့တယ်လေ။ ကိုကြီးက မငယ်ကို ပြုံးကြည့်ပြီး ပြောတယ်။ ဂုဏ်ယူတယ်တဲ့။ ယူနီဖောင်းတောင် အသစ်တစုံ ရလိုက်သေးတယ်။


မှတ်မိသေးတယ်။ ABSDF (NB) ရဲ့ မိုင်းဖောက်ခွဲရေးသင်တန်းကို မငယ်ကို တက်ရောက်သင်စေဖို့ ရွေးချယ်ခဲ့ပြန်တယ်။ မင်းက စိတ်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိတယ်။ အန္တရာယ်ကြီးတဲ့သင်တန်း။ ဒါပေမယ့် မင်းကို ယုံကြည်တယ်။ ကောင်းကောင်းသင်တဲ့။ မငယ်လည်း ကောင်းကောင်းသင်ယူခဲ့ပါတယ်။ သူများထောင်တဲ့ မိုင်းကို မငယ် ကျော်နိုင်ခဲ့ပေမယ့် မငယ်ထောင်တဲ့ မိုင်းကို မောင်မောင်ကြွယ် ထိသွားလို့ ပြစ်ဒဏ်အနေနဲ့ အရိုက်ခံလိုက်ရသေးတယ်။ အဲဒီဖောက်ခွဲရေးသင်တန်း နောက်ဆုံးနေ့မှာပဲ မငယ် အဖမ်းခံခဲ့ရတယ်လေ။“ကိုကြီးရေ ... အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလည်း မလွတ်သေး။ ၈၈ ခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများလည်း အထဲမှာ အကျဉ်းချခံနေရဆဲ။ မငယ်တို့လို ထောက်လှမ်းရေးလို့ အစွပ်စွဲခံပြီး အနှိပ်စက်ခံထားရတဲ့ ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် ... စသော မြောက်ပိုင်းမှ ကျောင်းသားများလည်း စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ အနှစ် ၂၀ ချခံထားခဲ့ရတယ်။ သူတို့မျက်နှာတွေကို ထောက်ရှုပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။”

မှတ်မိသေးတယ်။ မငယ်တို့အားလုံး အဖမ်းခံရပြီး Ronald အောင်နိုင်နဲ့ မျိုးဝင်းတို့ အဆိပ်တွေ ထုတ်ခိုင်းတာ ဘယ်သူမှ မထုတ်ပေးနိုင်တော့ မငယ်တို့ကို လက်ဖြတ်ဖို့ လုပ်တဲ့နေ့လေ။ မငယ်တို့အားလုံးရဲ့လက်မှာ ယမ်းပျော့တွေ ချည်ထားပြီး ရော်နယ်အောင်နိုင်တို့က သူတို့လိုချင်တာတွေ ထုတ်မပေးရကောင်းလားဆိုပြီး ကိုကျော်ဝေလက်ကို မိုင်းခွဲပြီး ဖြတ်ခဲ့တယ်။ ကိုကြီး၊ ကိုရဲလင်းနဲ့ မငယ်တို့အားလုံး တောင်းပန်ကြတော့မှ နောက်ထပ် အချိန်တပတ် ခွင့်ပေးပြီး မငယ်တို့ကို ဆွေးနွေးတိုင်ပင်ခိုင်းတဲ့နေ့လေ။ အဲဒီနေ့ဟာ ဒီနေ့အတွက် သမိုင်းဝင်မယ့်နေ့တနေ့ ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ် ကိုကြီး။ ဆွေးနွေးပွဲမှာ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို တယောက်တပေါက် ပြောဆိုနေကြပေမယ့် အားလုံးဟာ တယောက်ကို တယောက်ကြည့်ပြီး ငါလည်း မင်းလိုပဲဆိုတဲ့ အသိနဲ့ အော် ဒုက္ခ ဒုက္ခ ဘယ်လိုမှ အဖြေရှာမရဖြစ်နေချိန်မှာ ကိုကြီးက မငယ်နား ရောက်လာပြီး မငယ်ကို လက္ခဏာတောင်းကြည့်တယ်လေ။ အဲဒီမှာ ကတိဆိုတာ ဖြစ်ခဲ့တာပေါ့။

ရဲဘော်ကိုထွန်းအောင်ကျာ် (ယာမှ ဒုတိယ - ခါးထောက်လျက် ပြုံးနေသူ)

မှတ်မိသေးတယ်။ ကိုကြီးက ပြောတယ်။ မငယ် မင်းမသေနိုင်ဘူး။ မင်း လွတ်သွားလိမ့်မယ်။ မင်းမှာ ဥပစ္ဆေတကကံ မပါဘူး။ မင်းလက္ခဏာမှာ ထူးခြားချက်ရှိတယ်။ တနေ့ မင်း ငါတို့အားလုံးရဲ့ သမိုင်းကို ပြောပေးနော်တဲ့။ မငယ်က ကိုကြီး အခု လက်မှာ မိုင်းချည်ထားတဲ့သူတွေကို ကြည့်လိုက် အားလုံး အသတ်ခံရမယ့်သူတွေ။ မငယ်လည်း သေမှာပဲဆိုတော့ ... မင်းသစ္စာဆိုပါတဲ့ အသုံးမကျတဲ့ကျမ ဘုရားမှာ သစ္စာမဆိုတတ်လို့ မငယ် ပါဠိလို မသိဘူးဆိုတော့ ကိုကြီးက ပြုံးပြီး မလိုဘူးလေ၊ ကိုယ်ဟုတ်ရင် ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးပေါ့တဲ့။ ဘုရားကို တိုင်တည်ပါတဲ့ ဆိုတော့ မငယ်လည်း ဟုတ်ကဲ့ ကိုကြီးလို့ ကတိပေးမိပြန်တယ်နော်။ ကိုကြီးရေ ... တကယ်ပဲ မငယ် သေဒဏ်ထဲမှာ ပါခဲ့ပေမယ့် နောက်ဆုံးစက္ကန့်မှာ မငယ် လွတ်ခဲ့တယ်။ မငယ်ကို သတ်ဖို့တောင် ဆွဲထူပြီးပြီ။

ကိုကြီးရေ ... အချိန်ကာလ နှစ်၂၀ အထိ စောင့်စားခဲ့ရတာ ခွင့်လွှတ်ပါ။ နိုင်ငံရေးကို ပြန်ကြည့်တော့ ဒေါ်စုလည်း မလွတ်သေး။ ၈၈ ခေါင်းဆောင်များနဲ့ နိုင်ငံရေးသမားများလည်း အထဲမှာ အကျဉ်းချခံနေရဆဲ။ မငယ်တို့လို ထောက်လှမ်းရေးလို့ အစွပ်စွဲခံပြီး အနှိပ်စက်ခံထားရတဲ့ ကိုရဲလင်း၊ ဘိုဘို၊ ထိန်လင်း၊ မိုးကြီး၊ ရာပြည့် ... စသော မြောက်ပိုင်းမှ ကျောင်းသားများလည်း စစ်အစိုးရကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ် ၇ နှစ်နဲ့ အနှစ် ၂၀ ချခံထားခဲ့ရတယ်။ သူတို့မျက်နှာတွေကို ထောက်ရှုပြီး မငယ် မြိုသိပ်ထားခဲ့ရတာပါ။ လွတ်လပ်တဲ့ တိုင်းပြည်မှာ နေနေရပြီး ငါ့စိတ်တွေ အကျဉ်းကျနေတဲ့ဟာလို့ ထိန်လင်း အင်္ဂလန် ရောက်ခါစက မငယ် သူ့ကို ဖွင့်ပြောခဲ့တယ်။ ကတိပေးထားပြီး အကောင်အထည်မဖော်ဖြစ်လို့ တခါတရံ အိပ်မက်ဆိုးမက်တယ်။ အိပ်မက်မက်ပြီးတိုင်း ငိုရလို့ တညလုံး မအိပ်နိုင်ဘဲ မိုးလင်းခဲ့ရတဲ့ ညတွေ အများကြီးရှိခဲ့တယ် ကိုကြီး ...။

ကိုကြီးရေ ... ရောက်ရာနေရာက ကြည့်လိုက်ပါနော်။ ABSDF (NB) ကျောင်းသားများ ပြုလုပ်တဲ့ပွဲကို ကိုမင်းကိုနိုင်နဲ့ ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ဆုတောင်း အမျှဝေခဲ့ကြပြီး ကိုကြီးရဲ့ အထက်မြန်မာပြည် ဗကသမျိုးဆက်သစ်တွေနဲ့ မြောက်ပိုင်းကျောင်းသားဟောင်းတွေ လက်တွဲပြီး ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြပြီ။ ပြည်ပမှ မကဒတ ရဲဘော်ဟောင်းတွေနဲ့ ပြည်တွင်းမှ မိဘပြည်သူတွေလည်း ၀မ်းနည်းစွာဖြင့် ဆုတောင်းမှုတွေ ပြုနေကြပြီ။

ကိုကြီးရေ ... မပြီးဆုံးသေးပါဘူး။ ပြီးဆုံးတဲ့နေ့အထိ မငယ်တို့အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိထပ်ပေးလိုက်ပါတယ်။

ကိုကြီးတို့အတွက် ကုသိုလ်ပြု အမျှဝေသံကြားရင် သာဓုခေါ်ကြပါ။


ကိုကြီးထွန်းအောင်ကျော်နှင့်တကွ ABSDF မြောက်ပိုင်းတွင် ကျဆုံးခဲ့သောသူများ ကောင်းရာသုဂတိလားကြပါစေ။ ၀ိညာဉ်များ လွတ်မြောက်ကြပါစေ။ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး စနစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရပါစေနဲ့လို့ ဆုတောင်းမေတ္တာပေးပို့လျက် ...

နန်းအောင်ထွေးကြည် (မငယ်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.