Saturday, March 31, 2012

0 နေပြည်တော် ဟိုတယ်ဇုံတွင် မဲစာရင်းဖျောက်မှုများ ဖြစ်ပေါ်နေ

ကြားဖြတ်ရွေးကောက်ပွဲ၏ မဲဆန္ဒနယ်တစ်ခုဖြစ်သော နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မဲစာရင်းဖျောက်မှုများ ရှိနေကြောင်း သိရသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်ဝန်ထမ်းများမှာ မဲစာရင်းဖျောက်ထားမှုများကြောင့် မဲပေးခွင့်နှင့် လွဲချော်ဖွယ် ရှိနေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦး၏ သတင်းပေးပို့မှုအရ သိရှိရသည်။

ဒက္ခိဏသီရိမြို့နယ်ရှိ ဟော်တယ်ဇုန်မှ ဟော်တယ်ဝန်ထမ်းများမှာ 2010 ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့် ရရှိခဲ့သော်လည်း ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ယနေ့ မတ်လ 31 ရက်နေ့ နံနက်ပိုင်းအထိ သက်ဆိုင်ရာ ဟော်တယ် အုပ်ချုပ်ရေးမှူးများထံသို့ မဲစာရင်းများ လာရောက်ပေးအပ်ခြင်း မရှိသေးကြောင်း အဆိုပါ ဟော်တယ်ဝန်ထမ်းမှ သတင်းပေးခဲ့ခြင်းဖြစ်သည်။

“ဒီဟော်တယ်ဇုန်ထဲမှာ လူဦးရေ လေးထောင်လောက်ရှိပါတယ်။ 2010 တုန်းက မဲပေးခဲ့ရပေမယ့် အခု ရွေးကောက်ပွဲမှာတော့ အခုထိ မဲစာရင်းရောက်မလာသေးဘူး။ ကော်မရှင်ရုံးကို သွားစုံစမ်းတော့လဲ သက်ဆိုင်ရာ ဟိုတယ်တာဝန်ခံဆီကို ပို့ပေးမယ်။ သိချင်တာရှိရင် ကော်မရှင်ကို ဖုန်းဆက်မေးပါ။ လူကိုယ်တိုင်လာစရာမလိုဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့မနက်အထိတော့ ဘယ်သူ့ဆီကိုမှ မဲစာရင်းတွေ မရောက်သေးသလို မဲပေးခွင့်ရှိမရှိလဲ သေချာမသိဘူး။ မဲပေးရင် ဘယ်မှာပေးရမှန်းလဲ မသိသေးဘူး”ဟု အဆိုပါ ဟိုတယ်ဝန်ထမ်းမှ ပြောသည်။

ကော်မရှင်ရုံးတွင် တွေ့ရသော NLD ပါတီဝင်တစ်ဦးထံမှ တောင်းယူကြည့်ရှုခဲ့ရာ မဲရုံအမှတ် ၂/၂ တွင် မဲပေးခွင့် ရှိသူဦးရေမှာ ၃၀၀ ဦးသာ ရှိကြောင်းကိုလည်း အဆိုပါ ၀န်ထမ်းမှ ပြောပြခဲ့သည်။

အဆိုပါ ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းဦးရေမှာ ၄၀၀၀ နီးပါးခန့်ရှိပြီး ကြံခိုင်ရေးပါတီ၏ ပြိုင်ဘက်အဖြစ် NLD ပါတီမှ ဦးနိုင်ငံလင်းက ၀င်ရောက်အရွေးခံမည်ဖြစ်သည်။

ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် အများဆုံးနေထိုင်ကြသူများမှာ တောင်သူများ ဖြစ်ပြီး အစိုးရနှင့် စီးပွားရေး ကုမ္ပဏီကြီးများ၏ အဓမ္မ လယ်ယာမြေသိမ်းဆည်းမှုများကို အများဆုံးခံစားနေရကြောင်း၊ ထို့ကြောင့် NLD အနေဖြင့် တောင်သူများအကျိုးအတွက် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောကြားခဲ့ဖူးသည်။

ဒက္ခိဏသီရိ မြို့နယ်သည် ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးမြင့်လှိုင်၏ မဲဆန္ဒနယ်မြေ ဖြစ်ကြောင်း သိရသည်။

burma free

0 Envoy ဂျာနယ်မှအဆိုတော်လေးဖြူကိုတောင်းပန်


Photo..Messenger News Journal

0 နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာမှ နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆို


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင်တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာတာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။

အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့ မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက်နေ့ည ၁၀နာရီခွဲအချိန်တ...ွင် ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ ဦးမင်းသူ၏ မဲဆွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိလာခြင်းဖြစ်သည်ဟုသိရှိရသည်။
" ကိုယ့်အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့ တောင်းဆိုလိုက်တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူးလို့ပြန်ဖြေတယ်။ အစ်ကိုက အထက်ကဘာညွှန်ကြားထားလဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ ဧည့်ရိပ်သာထဲမှာ တည်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီလှုပ်ရှားသူတွေက ရာနိုင်ငံရေးသမားတွေမဟုတ်ဘူးလားလို့ မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေးသမားတွေတည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက်ယူရတယ် ဒါကြောင့်ခုချက်ခြင်း ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး
ကဆိုသည်။

၎င်း ၁၈ဦး သည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲအချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ် ၌တည်းခိုလျှက်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ဆက်လျှင်း၍ popular News Journal ကစည်ပင်ရိပ်သာသို့ဆက်သွယ်မေးမြန်းရာ " တည်းခိုခွင့်မပြုလိုက်တာမှန်ပါတယ်။ သူတို့တည်းတုန်းကတော့
သာမန်ခရီးသွားတွေလို့ထင်မိပါတယ်။ ၂၈ ရက်နေ့ရောက်တော့မှ NLD ကလူတွေဖြစ်နေတယ်။ NLD ကလူတွေဖြစ်တာလည်းပြဿနာမရှိပါဘူး။
ဒါပေမယ့် တရားဝင်အသိပေးပြီးတည်းဖို့တော့လိုပါတယ်။ အခုဖြစ်သွားတာက ၂၈ရက်နေ့မှာ NLD စည်းရုံးရေးကားတွေနဲ့ ဧည့်ရိပ်သာအတွင်းဝင်လာပြီး ရပ်သာဝင်းပတ်လမ်းတွေထဲ ကားပါတ်မောင်ကြတယ်။ ဒါမျိုးလုပ်တာကိုတော့ ဘယ်ပါတီကိုမှ ခွင့်ပြုလို့မရပါဘူး။ ဒါကြောင့်နောက်နေ့တွေမှာ အဲ့ဒီလိုလုပ်နေမယ်ဆိုရင်ဆက်တည်းဖို့အတွက် ကျွန်တော်တို့ဘက်က ခွင့်ပြုလို့မရဘူးဆိုတာ ပြောလိုက်တယ်။ စည်ပင်ဧည့်ရိပ်သာမှာ နိုင်ငံရေးသမားတွေ တည်းမယ်ဆိုရင် ကျွန်တော်တို့က
ခွင့်ပြုချက်တောင်းပြီးမှ လက်ခံလို့ရတဲ့စည်းမျဉ်းတွေရှိနေပါတယ်။ ဒီစည်းမျဉ်းတွေဟာလဲ ခုမှ ရုတ်တရက်ပေါ်လာတာတော့မဟုတ်ပါဘူး။
ကျွန်တော်တို့တာဝန်မထမ်းဆောင်ခင်ကတည်းက ရှိနေတဲ့စည်းမျဉ်း စည်းကမ်းတွေပါ။
အခုကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်နေတာ ခုနှစ်လရှိနေပြီဆိုတော့ ဒီစည်းကမ်းထုတ်ထား ခုနှစ်လရဲ့အထက်မှာပဲရှိနေပါတယ်။ ခုလိုတည်းခိုခွင့်မပြုလိုက်တာက အဲ့ဒီစည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းနေတာရယ်။ ဧည့်ရိပ်သာအတွင်း ပတ်လမ်းထဲမှာ နိုင်ငံရေးပါတီ အလံတင်ကားတွေ လှည့်လည်လို့ဖြစ်ပါတယ် " ဟု ၄င်းဧည့်ရိပ်သာ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

စွမ်းရဲထွတ် + စံကျော်(Popular Myanmar News Journal)

0 ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ


ယနေ့နံနက်(၃၀-၃-၂၀၁၂) က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထောက်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်ရဲ့ ကားကို လေးဂွဖြင့် အပစ်ခံရသဖြင့် ကားရှေ့လေကာမှန်ကွဲ(photo.Burma vj medianetwork)
မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ၀မ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” –

ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။

VOA

1 ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု


မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက် တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ... ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌ
လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက် မခံရ သည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေ ကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့ ဦးဆောင်ချီတက်နေသည်ဟုဆိုသည့် တည်ဆဲအစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ်တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထားသေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကိုတွေ့ရှိရသောအခါ အဆိုပါပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်မှာ သံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏လုပ်ရပ် သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှုများစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ်ဖော်ပြနေသည်ကို စိတ်ပျက်စွာတွေ့မြင်နေရသည်။

By -myat thein tun

Friday, March 30, 2012

0 မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

0 နိုင်ငံကျော် ရုပ်ရှင်ဂီတအနုပညာရှင်များ၏ ပြင်ဦးလွင်၊စစ်ကိုင်း၊ပုလဲမြို့နယ် NLDမဲဆွယ်စည်းရုံးဖျော်ဖြေရေးမြင်ကွင်းဓာတ်ပုံများ



ဓာတ်ပုံ..သံသာဝင်း

2 နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း [သွန်းနေစိုး]


 နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။ တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။

ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မိန်းမပျိုလေးတစ်ယောက် သနားစဖွယ် အမှတ်မထင်သေဆုံးသွားခဲ့တာပါပဲ။
ဒါပေမဲ့ ဒီ့ထက်မကတဲ့ သတိထားစရာတွေ ရှိနေတယ်။

သတင်းတွေကို လိုက်ဖတ်တယ်။နန်းဝိုးဖန်က တရားလိုတဲ့။

သူ့ဆီက လူတစ်ယောက် မတရားအလွဲသုံးစားလုပ်သွားတာကို သူ တရားစွဲမိကာမှ ဘယ်နှယ့်လုပ် သူက ခံရရှာသလဲ?ကျနော်တို့ တိုင်းပြည်က လည်သူ စားစတမ်းလား?
ရိုးသားသူတွေအဖို့ ပြဿနာတစ်ခုခုဖြစ်ရင် ဒီလိုပဲ ငုံ့ခံကြရတော့မှာလား?

ဒါကို ထုံးတမ်းစဉ်လာတစ်ခုလိုဖြစ်မသွားစေချင်ဘူးဆိုရင် ကျနော်တို့အားလုံး ဒီကိစ္စကို လေးလေးနက်နက် ၀ိုင်းဝန်းဖို့ လိုမယ်။

ကိုလိုနီခေတ်အကျင့်ဆိုးတွေကို ဖျောက်ဆိုတဲ့စာတမ်းကို ကျနော်တွေ့ဘူးသလိုပဲ။ဒါပေမဲ့ တကယ်တမ်း အဲဒီလို အကျင့်ဆိုးတွေ ဖျောက်နိုင်ရဲ့လား။

ကိုလိုနီခေတ်တုန်းက ပုလိပ်ဆိုတာတော့ အတော်ဆိုးတာပဲ။ ဂွင်ဖန်လိုက်တာကလည်း နူရာဝဲစွဲ လဲရာ ပုလိပ်ထောင်းခဲ့တယ်။

“တရားလိုဖြစ်တဲ့ မနန်းဝိုးဖန်ကို ဘာလို့ တနေကုန်၊ တညလုံး စစ်ရသလဲ။ တရားလိုကို တရားခံလို ဘာကြောင့် စစ်တာလဲ။ ဒါတွေ မေးခွန်းထုတ်စရာတွေပဲ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။ ဆိုတဲ့စာသားတစ်ခုကို သတင်းတစ်ပုဒ်ဆီမှာ ဖတ်ရတယ်။

ကျနော်တို့လည်း အဲဒီမေးခွန်းကို ရိုးသားစွာ သိချင်မိပါတယ်။ဒီလို သနားကမား ကောင်မလေးတစ်ယောက် ကို တစ်ညလုံး စစ်လို့ရသလား?

စစ်ခွင့်ရှိသလား?

ဒီမိုကရေစီဆိုတဲ့နိုင်ငံတော်ကြီးမှာ ဒါမျိုးကို ခွင့်ပြုထားပါသလား?

ကျနော်ပြောချင်တာက တစ်ခုတည်းပါ။ဒီကိစ္စကြောင့် အဲဒီတုန်းက စစ်တဲ့ ဒုရဲအုပ် အလုပ်ပြုတ်သွားမယ်။
ထောင်ကျကောင်းကျမယ်။ ဒါပဲ။ဒီလောက်နဲ့ ပြီးသွားမှာကို မြင်နေတယ်။အပြစ်အားလုံး အဲဒီ ရဲအုပ်အပေါ် ပုံချလိုက်လိမ့်မယ်။

တကယ်ဖြစ်သင့်တာက အတွင်းလှိုက်စားနေတဲ့ ပြဿနာကို ဖြေရှင်းရမှာ ...

ဒီလိုလုပ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်အောင်၊ အားနည်းတဲ့ ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်တာမျိုး မဖြစ်အောင် တားဆီးရမှာ။

နိုင်ငံတကာမှာတော့ ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာရင် ဟိုးထိပ်ဆုံး ၀န်ကြီးကစပြီး နှုတ်ထွက်ရတာမျိုး တွေ့ကြုံ မှတ်သားဘူးပါတယ်။
တည်ဆဲအစိုးရအဖွဲ့တွေတောင်မှ ကုလားထိုင်လှုပ်သွားတတ်သတဲ့။အဲဒီလောက်ထိ ကျနော် တောင်းဆိုလိုခြင်း မဟုတ်ပါ။ဒါပေမဲ့ ပွဲပြီးမီးသေဖြစ်သွားမှာတော့ မကြိုက်ရိုး အမှန်ပါ။

နောက်ထပ်အပြစ်မဲ့ပြည်သူတွေ အနှိပ်စက်မခံရအောင် ထိထိရောက်ရောက်ကိုင်တွယ်သင့်တယ်။

တကယ်တော့ ဒီမိုကရေစီစနစ်မှာ (ဒီမိုကရေစီစနစ် စစ်စစ်မှာ) အာဏာဆိုတာ ပြည်သူက နှင်းအပ် ထားတာပါ။

ပြည်သူက ယုံကြည်စိတ်ချအောင် တနည်းပြောရရင် ပြည်သူနောက်ကျောလုံအောင် အာဏာပိုင်တွေက နေထိုင်ပြသင့်တယ်။

ပြည်သူက ကျီးလန့်စာစားဘ၀နဲ့ တထိတ်လန့်လန့်နေရရင် ဒါ အာဏာရှင်အုပ်ချုပ်ရေးပဲဖြစ်လိမ့်မယ်။

အခုကာလ ပြည်သူတွေဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို တကယ်တမ်းအားကိုးဝံ့ပါပြီလား။
ရုံးပြင်ကနားရောက်ရမှာကို ကျနော်တို့ မြန်မာတွေ တော်တော်ကြောက်တတ်ကြပါတယ်။
အချိန်ကုန်တယ်။ လူပန်းတယ်။ ထိုင်နေအကောင်းသွား ထလိုက်မှ ဆေးအတွက်လေး ဆိုသလိုဖြစ်ရမယ် ဆိုတာမျိုးတွေ ကျနော်တို့အားလုံးရဲ့ ရင်ထဲမှာ ရှိကြပါတယ်။
ဒါဘယ်သူ့ကြောင့်ပါလဲ။ ဘယ်သူတွေက ချွတ်ယွင်းအားနည်းနေလို့လဲ။

တနည်းအားဖြင့်ကြည့်ရင်တော့ နန်းဝိုးဖန်ရဲ့ ဖြစ်ရပ်ဟာ အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ယုံကြည်မှုကို ရယူနိုင်စရာ အခွင့်အလမ်းလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ဒါကို ထိထိရောက်ရောက်ကိုင်တွယ်ပြခဲ့ရင် ပွင့်လင်းမြင်သာမှုအပြည့်နဲ့ြ့ပည်သူတွေဆီ ချပြခဲ့ရင်သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်တာမျိုးလုပ်ပြခဲ့ရင်ပြည်သူ့ယုံကြည်မှုကို တမုဟုတ်ချင်းရကြမှာပါ။

ကျနော်တို့မြန်မာတွေက ခွင့်လွှတ်လွယ်တတ်ကြပါတယ်။

ဒါပေမဲ့ အခုတော့ ကျနော်တို့မျှော်လင့်တာနဲ့ ဆင့်ကျင်ဘက်။

ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ် .... လို့ သတင်းထောက်တစ်ယောက်ကို ခြိမ်းခြောက်ကြောင်းကြားရတော့ ဒါ ဒီမိုကရေစီနိုင်ငံတဲ့လားလို့ပဲ အော်မေးချင်မိတော့တယ်။

ထပ်ပြောပါဦးမယ်။

ကျနော့်ဆန္ဒကတော့ ဒီကိစ္စကို ပြီးလွယ်ပျောက်လွယ်ဖြစ်မသွားစေချင်ပါ။ဟို အလွဲသုံးစားလုပ်သွားတယ် ဆိုတဲ့လူ ကို လည်း လွတ်မသွားစေချင်ပါ။

ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်တဲ့အားနက်ဟဲမင်းဝေးရဲ့ နာမည်ကြီး ၀တ္ထုတစ်အုပ်ကို မူတည်ပြီး စကားတစ်ခွန်းကြားဘူးပါတယ်။

ခေါင်းလောင်းထိုးသံတစ်ခုကြားတဲ့အခါ ဘယ်သူ့အတွက် ထိုးတာလဲလို့ မေးမနေပါနဲ့မင်းအတွက် ထိုးတာဖြစ်တယ်။လူတိုင်းအတွက် ထိုးတာဖြစ်တယ်တဲ့။

အခု နန်းဝိုးဖန်းဆိုတဲ့အသက်၁၉နှစ်သာ ရှိသေးရှာသူ ရှမ်းမကလေးဟာညကြီးအချိန်မတော် အစစ်ဆေးခံရ ရင်း သေဆုံးသွားခဲ့ရှာပါပြီ။

သူက ပြောနေတယ်။သတိထားကြပါ။သူ့လိုအဖြစ်တွေ အများကြီးရှိနေသေးပါသတဲ့။


Thorn Nay Soe သွန်းနေစိုး

1 ‘စနစ်ဆိုးနဲ့ စစ်ဂျိုးခွါစို့’ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့သံချပ်

















အသံဖိုင်.. အညာနွေတမာမြေ

0 စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲ

0 ပူပြင်းသောနေရောင်အောက်က မအူပင်ခွပ်ဒေါင်းချစ်သူများနှင့်ဂီတအနုပညာရှင်များ၏ NLD အောင်နိုင်ရေးမဲဆွယ်ခရီးစဉ်


တောက်မဲ့မီး တရဲရဲ မီးမီးခဲ

ဘရိတ်ကီ







Photo..Kyaw Swa Htoon

Thursday, March 29, 2012

0 ENVOY ဂျာနယ် (စင်ရော်မောင်မောင်ပိုင်ဂျာနယ်)တွင် ဖော်ပြထားသည်ဆိုသော နိုင်ငံကျော်အဆိုတော်လေးဖြူ၏ အင်တာဗျူးမှာလုပ်ကြံဖန်တီးထားခြင်းဖြစ်


လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ် မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါကြောင်း IronCross၏ Facebookစာမျက်နှာတွင်ဖော်ပြထားပါတယ်..

0 စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ


စ၊ လယ်၊ ဆုံး ပေးဆပ်မှုများ

၂၈.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) ညနေ(၄း၀၀)နာရီချိန်တွင် (၈၈ကျောင်းသားခေါင်းဆောင်)များ ဖြစ်ကြသော ကိုဂျင်မီ နှင့် မနီလာသိန်းတို့ မိသားစုဝင်များ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိ လာကာ အလှူငွေကျပ်(၅သိန်း) နှင့် အဝေးထိန်းခလုတ်ပါ လူနာကုတင်၊ အိမ်သာပါ လူနာသုံးထိုင်ခုံ၊ ရေမြုပ်မွေ့ယာ တို့ကိုလာရောက်လှူဒါန်းခဲ့သည်။ ကွယ်လွန်သွားရှာပြီဖြစ်သော မနီလာသိန်း၏ဖခင် ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန် ရတနာပုံဆန်စက်(ဖျာပုံ) အသက်(၈၁)နှစ်အား ရည်စူး၍ လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး တို့ကို (အခမဲ့)ကူညီကုသပေးလျှက်ရှိရာ နေ့စဉ် လူနာဦးရေ (၂၀၀) ကျော်တို့အား ကုသိုလ်ဖြစ် ဆရာဝန်ပေါင်း (၅၀)ခန့်တို့သည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ အကြင်နာတရားများ ပွားများကာ လူသားချင်းစာနာစိတ်နှင့် ကုသ ပေးလျှက်ရှိသည်။

၂၁.၃.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နံနက်စောစောပိုင်း၌် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်း ၏ဖခင်ဖြစ်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်သည် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်သွေးကြောပေါက် ဝေဒနာခံစားနေရသဖြင့် ရန်ကုန်မြို့ရှိဆေးရုံတွင် ဆေးကုသခံရန်လူနာအား ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် အခက်အခဲများစွာရှိနေသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် သယ်ဆောင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ပါသည်။

စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်၊ စွန့်စားမှုများစွာဖြင့် ကြိုးပမ်းနေကြသော (၈၈မျိုးဆက်ကျောင်းသားများ)တို့၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ရှိသူများသည် နံနက်(၁၀း၀၀)နာရီအချိန်တွင် ဖျာပုံမြို့သို့ သယ်ဆောင်ရန် သွားခဲ့ကြသည်။ ယင်းကုသိုလ်ရေးသည် ရပ်ဝေးသို့ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယခင်က ရန်ကုန်မြို့တွင်း၌သာ ကူညီမှုပြုခဲ့ သော်လည်း ယခုအခါတွင် အများပြည်သူအတွက် ပေးဆပ်ခဲ့သော (၈၈မျိုးဆက်ကျောင်းသူ)မနီလာသိန်း၏ ဖခင်ဖြစ်သောကြောင့် အထူးအစီအစဉ်အဖြစ် ဖျာပုံမြို့သို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။ နေ့လည် (၁၂း၃၀) အချိန်တွင် ဖျာပုံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိ သူများသည် (၁၂း၄၀)အချိန်တွင် ဦးသိန်း(ခ) ကန့်ခိန့်ဘန်အား အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ဖျာပုံမြို့မှ ပြန်လည်ထွက်ခွာခဲ့ ပါသည်။

ဖျာပုံမြို့နှင့်ဒေးဒရဲသည် (၁၆) မိုင်သာရှိသော လမ်းခရီးအား တစ်နာရီကြာ ခက်ခက်ခဲခဲ မောင်းနှင် ခဲ့ရာ အသွားခရီးတွင် (၂း၃၀)နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း အပြန်ခရီးတွင် (၄း၀၀)နာရီခန့် ကြာမြင့် ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လမ်းခရီးသည် ကြမ်းတမ်းသည့်အတွက် လူနာအား ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် ဖြေးညှင်းစွာ မောင်းနှင်ခဲ့ရာ ညနေ (၄း၁၀)နာရီ အချိန်မှသာ ရန်ကုန်မြို့ရှိ (ဗဟိုစည် အထူးကုဆေးခန်း) သို့ရောက်ရှိခဲ့ကြသည်။

သို့ရာတွင် ၂၅.၃.၂၀၁၂ (တနင်္ဂနွေနေ့) ၌ ဦးသိန်း(ခ)ကန့်ခိန့်ဘန်သည် အစာအိမ်ဝေဒနာမှာ ပြင်းထန် လွန်း၍ နံနက် (၅း၅၅) နာရီတွင် (ဗဟိုစည် အထူးကုဆေးခန်း)၌ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးပို့ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ ကျန်ရစ် ခဲ့သော ဦးသိန်း(ခ) ဦးကန့်ခိန့်ဘန် အသက်(၈၁)နှစ်၏ ရုပ်ကလာပ်အား ရေဝေးသုဿန်အအေးခန်းရှိရာသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ပေးခဲ့သည်။

၂၇.၃.၂၀၁၂ နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်) အစီအစဉ်ဖြင့် ကွယ်လွန်သူ၏ တရုတ်ထုံးတမ်းအစဉ်အလာအရ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့သည်။ ကွယ်လွန်သူ ဦးသိန်း(ခ)ဦးကန့်ခိန့်ဘန်အား ၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသား/သူများနှင့် ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့မှစည်ကားသိုက်မြိုက်စွာ လိုက်လံပို့ဆောင် သင်္ဂြိုလ် ပေးခဲ့ကြပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူသားတို့၏ နောက်ဆုံး ခရီးအား ကာယကံရှင်မိသားစုတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပေးဆပ်နေရသလို၊ နာမကျန်းသောလူနာများ အတွက်ပါ အသက်သာဆုံး ကူညီဖေးမမှုများကို ပြုလုပ်ပေးဆပ်ခဲ့ရသည့်အပြင် လူ့လောကသို့ ရောက်ရှိကာ ပညာ သင်ကြားရမည့်အရွယ်တွင် ပညာရေးအားလည်းမလစ်ဟင်းစေရန် တဖက်တလမ်းမှ ပံ့ပိုးကူညီ သင်ကြား ပေးခြင်းများ၊ ဘွဲ့ရရှိပြီး အလုပ်အကိုင်မရရှိသေးသော လူရွယ်လူငယ်များအား အလုပ်အကိုင် ရရှိရန်အတွက် အခြေခံသင်တန်းများဖြစ်သော ကွန်ပျူတာပညာရပ်၊ စာရင်းကိုင် ပညာရပ်၊ ဟိုတယ်နှင့်ခရီးသွားပညာရပ်၊ ဒီဇိုင်နာပညာရပ်၊ အင်္ဂလိပ်စာ အရေး အဖတ် အပြော သင်တန်းများ အခမဲ့ပို့ချသင်ကြားပေး ခဲ့ရသောကြောင့် လူ့ဘ၀တွင် စ၊ လယ်၊ ဆုံး ကူညီဖေးမ ပေးဆပ်ခွင့်ရရှိမှုများ အပေါ် ကျေနပ်ပီတိ ဖြစ်ရကာ အများပြည်သူ တို့အား မိမိတို့လုပ်ဆောင်မှုများ၊ ပေးဆပ်ခဲ့မှုများအပေါ် အမျှ … အမျှ … အမျှ ဟူ၍ပေးဝေငှ လိုက်ပါတော့သည်။

ကိုကျော်သူ

0 ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်


မဲရုံကနေ ကိုက် ၅၀၀ အတွင်း ၀င်ရောက် သတင်းယူတာ၊နိုင်ငံရေးပါတီတွေ အနေနဲ့ ၀င်ရောက် မဲဆွယ်တာလုပ်ရင် တရားစွဲအရေးယူခြင်း ခံရမယ်လို့ ရွေးကောက်ပွဲကော်မရှင် က သတင်းစာရှင်းလင်းပွဲ မှာ သတိပေးလိုက်ပါတယ်။(DVB)

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေး ကောက်ပွဲ ကာလတိုအတွင်း မဲရုံမှ ကိုက်ငါးရာအကွာ၏ ပြင်ပကသာ ဓာတ်ပုံရိုက်ယူခွင့်နှင့် သတင်းမေး မြန်းရရှိမှာဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။''ခင်ဗျားတို့ကို ဓာတ်ပုံဝင်ရိုက်ပါ၊ မရိုက်ပါနဲ့လို့တော့ ဘာမှမပြောချင်ပါဘူး။ တကယ်လို့ ကိုက် ၅ဝဝ အတွင်း သတင်းဝင်ယူရင် အနှောင့် အယှက်မရှိရင် ပြဿနာမရှိဘူး။ အနှောင့်အယှက်ဖြစ်လာရင်တော့ အရေးယူမှာပဲ''ဟု ၄င်းက ပြော သည်။

သတင်းရယူရေး၏ အဓိက ဆောင်ရွက်ချက်နှစ်ခုဖြစ်သော ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမေးမြန်း ခြင်းတို့ကို ကိုက် ၅ဝဝ ပြင်ပက သာ ပြုလုပ်ခွင့်ပေးထားသဖြင့် ၄င်း အခွင့်အရေးသည် မီဒီယာသမား များ သတင်းရယူရေးကို ကန့်သတ် ပြီးမှ ထားပေးသည့် အခွင့်အရေး ဖြစ်နေသည်ဟု ပြည်တွင်းမီဒီယာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မဲရုံနှင့် ကိုက် ၅ဝဝ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ယူခွင့် မပေး ထားသော်လည်း လျှို့ဝှက်၊ လွတ်လပ်စွာ မဲပေးမှု အနှောင့်အယှက် မဖြစ်ပါက ဝင်ရောက်ရိုက်ကူးခွင့် ရှိသည့်သဘာ သက်ရောက်သော စကားလုံးများကို ဥက္ကဋ္ဌက သုံးနှုန်း ကာ မီဒီယာသမားတို့၏အမေးကို ဖြေကြားခဲ့သည်။

''ဥပဒေအရ မဲရုံကနေ ကိုက် ငါးရာအတွင်းမှာ အနှောင့်အယှက် ဖြစ်စေရင် ရွေးကောက်ပွဲဥပဒေနဲ့ ငြိမယ်၊ ခုနက ကိုက်ငါးရာအပြင်မှာ ဆိုရင် လွတ်လပ်စွာမေးခွင့်ရှိပါတယ်။
ကျွန်တော်က လုပ်ပါ မလုပ်ပါနဲ့ မပြောဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ပါတီက ဒီလိုမေးတာဟာ မဲဆွယ်စည်းရုံးနေပါတယ်လို့ ပြောရင် မကောင်းဘူးလေဗျာ။ ဒီလို ပြော လာရင် ရွေးကောက်ပွဲ ဥပဒေအရ အရေးယူခံရမှာပဲ''ဟု ပြောကြား သည်။ ယခုတစ်ကြိမ် ရွေးကောက် ပွဲတွင် သတင်းရယူခွင့် သည် ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ယှဉ်ကြည့်ပါက မီဒီယာ၏ အခန်း ကဏ္ဍပိတ် ဆို့ အမှောင်ချလိုက်သည် သဘော သက်ရောက်နေပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလက မဲရုံများအတွင် ဝင်ရောက်၍ သတင်းမေးမြန်းခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများအတိုင်းအတာ တစ်ခုအထိ ခွင့်ပြုခဲ့သည်ဟု သိရသည်။

''ရွေးကောက်ပွဲမှာ သတင်းရ ယူဖို့အတွက် သတင်းထောက်ရဲ့ ဓာတ်ပုံပါတဲ့ ကတ်ပြားတွေ ထုတ် ပေးမယ်လို့ သိရတယ်။ ဒီကတ်ပြား က သာမန်ကြည့်ရင် သတင်းရယူ နိုင်ရေး အသိမှတ်ပြု ကတ်ပြားလို့ သဘောရပေမယ့် အခု ကန့်သတ် ချက်နဲ့ဆိုရင် ''ကျွန်တော် သတင်း ထောက်ပါ'လို့ အော်ဟစ်ကြေညာပြီး ကိုယ့်အခွင့်အရေးကိုယ် ပိတ် ပင်တဲ့ကတ် ဖြစ်နေပြီဗျာ။ ဒီတော့ အဲဒီကတ်တွေက သတင်းရရှိရေးကို အထောက်အကူ မပြုတဲ့အပြင် အနှောင့်အယှက်ပေး မယ့်ကတ်တွေ လို့ သဘောသက် ရောက်နေပြီ။ မဲရုံနဲ့ ကိုက် ၅ဝဝ ဝေးတဲ့ နေရာ ကနေ သတင်းယူရမယ်ဆိုတော့ သတင်းကောင်းစုံအောင် ဘယ်လို လုပ်ရမလဲ မသိတော့ဘူး'' ဟု အထက်ပါ ပြည်တွင်းမီဒီယာတစ်ခု ၏ တာဝန်ရှိသူက ပြောသည်။

Popular Myanmar News Journal

0 “မဲဆန္ဒရှင်လမ်းညွှန်” (ကြားဖြတ်ရွေးကောက်ပွဲလမ်းညွှန်)

11-4r
ယခုတစ်ပတ် 7Day News ဂျာနယ်ရှိ ဧပြီ ၁ ရက်၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲလမ်းညွှန်အဖြစ် “မဲဆန္ဒရှင်လမ်းညွှန်” အထူးအချပ်ပိုကို ဖော်ပြလိုက်ပါတယ်..

0 နိုင်ငံကျော်အနုပညာရှင်များရဲ့ NLD ရွေးကောက်ပွဲအောင်နိုင်ရေးခရီး

စစ်ကိုင်း NLD အောင်နိုင်ရေးပွဲသို့ သွားရောက်ဖျော်ဖြေမည့် အနုပညာရှင်များအား စစ်ကိုင်းတံတား အနီးတွင် အမှတ်တရ...(Andy Chen-Aung Win Htut)
နိုင်ငံကျော်အနုပညာရှင်များရဲ့ NLD ရွေးကောက်ပွဲအောင်နိုင်ရေးခရီး (ဓါတ်ပုံ-မောင်ဘဦး)

0 ကော့မှူးကြံ့ဖွံ့၏ မဲထည့်နည်း ပယ်မဲသဘောဆောင်ဟု မြို့ခံများပြောဆို


ရန်ကုန်တိုင်း၊ ကော့မှူးမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP မှ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည့် မဲထည့်ပုံထည့်နည်း ရှင်းလင်းပြောပြမှုမှာ မဲများကို ပယ်မဲဖြစ်အောင် လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။

မြို့ခံအမျိုးသမီးကြီးတစ်ဦးက “ဒီနေ့ ကြံ့ခိုင်ရေးပါတီက မဲထည့်ပုံ၊ ထည့်နည်းအကြောင်းပြောတယ်။ ဒေါ်စုကိုကြိုက်ရင် အမှန်ခြစ်ပြီး ကြံ့ ခိုင်ရေးကို မကြိုက်ရင် အမှားခြစ်ထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးကို မကြိုက်လို့ အမှားခြစ်ခိုင်းမှတော့ ဒါ ပယ်မဲ ဖြစ်သွားမယ်လေ။”ဟု ပြော သည်။

ကော့မှူးမြို့၊ မြို့မရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးတွင် ယနေ့မနက် ၉နာရီမှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် မဲထည့်နည်းရှင်းလင်းပွဲတွင် လူဦးရေ ၁,၀၀၀ခန့် တက်ရောက်ခဲ့ကြသော်လည်း အခြားမြို့နယ် သုံးမြို့နယ်မှ USDP ပါတီဝင်များသာဖြစ်ပြီး ကြံ့ဖွံ့ပါတီဝင် မဟုတ်သူ ကော့မှူးမြို့ ခံများမှာ ပါဝင်ခြင်းမရှိကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဌာနဆိုင်ရာ အပြာနုရောင် ဂျစ်ကားတွေနဲ့ Light truck ကားတွေ ၁၅စီးဝန်းကျင်လောက်ရှိတယ်။ အများစုကတော့ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ဒလက သူတို့(ကြံ့ဖွံ့)ပါတီဝင်တွေချည်း အင်အားလာပြတာပါပဲ။”ဟု ဆိုသည်။

ကော့မှူးမြို့နယ်မှ ဒေသခံပြည်သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေးရန် ဆန္ဒရှိကြ ပြီး ကြံ့ဖွံ့ပါတီထက် ဒေါ်အောင်ဆန်းစုကြည် ပါတီက လူထုအတွက် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုနေကြသည်။

“သူတို့(ကြံ့ဖွံ့)က ပြည်သူတွေ မလုပ်နိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။ အရင် ၂၀၁၀တုန်းကတော့ ထည့်စရာပါတီမရှိလို့ ကြံ့ခိုင်ရေး ကို မဲပေးခဲ့တယ်။ ဒါပေမယ့် သူတို့ဘာမှမလုပ်ပေးဘူး။ အခု သူတို့မလုပ်ပေးနိုင်တာကို ဒေါ်စုက လုပ်ပေးနိုင်တယ်။ အဲဒါကြောင့် ဒေါ်စုကို မဲထည့်တာပါ။”ဟု မြို့ခံ မွတ်ဆလင်မ်လူမျိုး ဈေးသည်တစ်ဦးက ပြောသည်။

ကော့မှူးမှ ကရင်အမျိုးသမီးကြီးတစ်ဦးက “ဒေါ်စုကို ယုံကြည်လို့။ ဗိုလ်ချုပ်(အောင်ဆန်း)သမီးဖြစ်လို့။ ကရင်ရွာမှာ သန်းခေါင်းစာရင်းဝင် ထားလို့။ ဒီမှာတော့ အားလုံးက ဒေါ်စုကိုပဲ မဲထည့်မယ်။”ဟု ပြောသည်။

ယမန်နေ့က ကော့မှူးမြို့မှ ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့ပါတီ၏ လက်ကမ်းစာစောင်များကို လူနေအိမ်များရှေ့တွင် ညဘက် လိုက်လံချ ထားပေးခဲ့သလို ၎င်းတို့ပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲသို့ လာရောက်နားထောင်သူများအား ငွေ ၃၀၀၀ကျပ် ပေးမည်ဟုလည်း မကျီးကန် ကျေးရွာမှ ကြံ့ဖွံ့ပါတီဝင်များက အိမ်တိုင်ရာရောက် ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒီအတိုင်းပေးရင် ဒေသခံတွေက မယူဘူး။ ညဘက်လိုက်ထားတော့ မနက်ပိုင်းကျရင် လူတွေက ယူကောက်ကြည့်တယ်။ ဒါပေမဲ့ အား လုံးက ဆွဲဖြဲပစ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀တုန်းက ကြံ့ခိုင်ရေးကို မဲထည့်ခဲ့ပေမယ့် ကြံ့ခိုင်ရေးက ဘာမှလုပ်ဆောင်ပေးခြင်း မရှိ ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ပြုလုပ်သည့် ကော့မှူးမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ မဲထည့်နည်းရှင်းလင်းပွဲတွင် ပါတီဝင်များက ၎င်းတို့ယူဆောင်လာသည့် ခြင်္သေ့ပုံပါ မဲစာရွက်ပေါ်တွင် အမှန်၊ အမှား ခြစ်ကာ လာရောက်သူများအား ပြသပေးခဲ့သည်။

ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌ ၃ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်အမတ်လောင်းများမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပါတီမှ ဦးတင်ရီနှင့် USDP မှ ဒေါက်တာစိုးမင်းတို့ ဖြစ်သည်။

ကေအိုင်စီ

0 မင်းကင်းမြို့ နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်း သတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက်မှု များ ရှိနေသည်ဟု သိရှိရ


မအူပင်မှာ လမ်းခင်းပေးမယ် မီးသွယ်ပေးမယ် ဆိုပြီးမဲဆွယ်ထားတဲ့ ပိုစတာပါ . . .
နမူနာပါပဲ . . ဒေါက်တာမျိုးသန့်တင် . .
မဲ မပေးရင် မခင်းဘူး။
မလင်းဘူး။ပေါ့လေ . . .
တော်တော်ကြောင်တဲ့ မဲဆွယ်မှု ။


မင်းကင်းမြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းသတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက် မှုများ ရှိနေသည်ဟု ဒေသခံသတင်းထောက်များ၏ ပြောပြ ချက်အရ သိရှိရပါသည်။ ``ကျွန်တော်တို့က ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းမှာ သတင်းယူဖို့ မင်းကင်းမြို့ကိုသွားခဲ့တယ်။ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ တွေ့ ဖို့ ကြိုးစားခဲ့ပါတယ်။မင်းကင်းမြို့မှာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်ပြီးပြုလုပ်တဲ့ မျက်စိဝေဒနာရှင် များအတွက် အခမဲ့ မျက်စိစမ်းသပ်ခြင်းနှင့်မျက်မှန်လှူဒါန်းခြင်း ပွဲကို သွားပြီး သတင်းယူတယ်။ အဲဒီမှာပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်း ကလည်းတက်သဗျ။ သူ့ကို ဗျူးဖို့သွားတော့ သူက အဲဒီပွဲ တက်ဖို့ သွားတော့လိုက်ခဲ့တယ်။ သူ့ ကိုပြောတယ်။ ကျွန်တော် မှတ်တမ်းယူမယ်ဆိုတော့ ယူပါတဲ့ ။ဒါနဲ့ ဓါတ်ပုံ ရိုက်တယ်။ အသံတွေ ယူတယ်။ ဒါကို ရဲ ကလာပြီး မေးတယ်။ ဘယ်ကလဲ တဲ့ ။ ဒါနဲ့ ပြန်ဖြေတယ်။------မီဒီယာ ကသတင်းထောက်ပါ လို့ ပြောလိုက်တယ်။ ဒါကို အသက်၊ မှတ်ပုံတင် ၊နေရပ်လိပ်စာ အတိ အကျ ။အဲလို တွေ လျှောက်မေးနေတယ်ဗျာ။ ဒါနဲ့ ပြန်တော့ပြောလိုက်တယ်။ ခများတို့ မေးပုံကထူးဆန်းတယ်လို့ ၊ ဧည့်စာရင်းစစ်သလိုပဲ လို့ ။ အဲလိုဆိုတော့ လူကြီးမေးရင် ပြန်ဖြေ ရအောင်လို့ ပါတဲ့ ဗျာ။

ခက်ဘူးလား ။နောက် ကျွန်တော် တို့က ခများတို့ သတင်းယူတာကို မတားဆီးပါဘူး ၊ မနှောင့်ယှက်ပါဘူး တဲ့ဗျ.။ ဒါပေမယ့်ဗျာ သူလာမေးတဲ့ အချိန်ကကျွန်တော်က ဒုဝန်ကြီး ပြောတဲ့စကားတွေကိုလိုက်မှတ် နေတဲ့ အချိန် ၊ ကျွန်တော် အလုပ်လုပ်နေတာ။အနှောင့် အယှက်ဖြစ်တာပေါ့ဗျာ။ ပွဲပြီးမှ မေးပေါ့ဗျာ။ရတာပဲ ။ ကျွန်တော် က တစ်ယောက်ထဲ သွားတာမဟုတ်ဘူးဗျ။ အဖေါ် တစ်ယောက် ပါ သွားသေးတယ်။ အဲဒီကောင်လေးကိုလည်း သတင်းလိုက်မှတ်နေတာကို သူကဘာလဲ ညာလဲ ဆိုတောပြောတယ်။ နောက် အရပ်ဝတ်နဲ့ ကောင်တစ်ယောက်က ဧည့်စာ ရင်း မတိုင်ဘူး ဘာညာ ဆိုပြီးလာလုပ်တယ်။ နောက် ရဲတစ်ယောက်က လာပြီး ဧည့်စာရင်းတော့ တိုင်ပါတယ်ဆိုပြီး လာပြောတယ် ။ ကောင်လေးက လည်းကျွန်တော်နဲ့ လိုက်ခဲ့တာလို့ပြောလိုက်တယ်။ ကျွန်တော် သတင်းယူရာမှာအကူလုပ်ဖို့ ခေါ်ခဲ့တဲ့ကောင်လေးပါ ။ တခြား ဂျာနယ်တွေမှာလည်း စာတွေ ရေးနေတဲ့အလွတ်သတင်းထောက်လေးပါ။ သူလည်းတော်တော် ညစ်သွားတယ်။ ပြည်ခိုင်ဖြိုး ပါတီက အမျိုးသာလွှတ်တော် အမတ်ကသတင်းလေးတော့ ယူပေးပါလို့ မနက်က ပြောတယ်။သွားတော့လည်း စစ်လားဆေးလားနဲ့ဗျာ။ ကျွန်တော်တို့ က မဟုတ်တာလုပ်တာ မဟုတ်ဘူးလေ ။

တရားဝင်သတင်းယူနေတာ။ ဥပဒေနဲ့ မလွတ် ကင်းတာလုပ်နေတာမှ မဟုတ်တာ။ ဒါကသူတို့ပြောသလို တာဝန်အရ ဆိုပြီး သူတို့လုပ်ချင်ရာကိုလုပ်နေမှာလား ။ ဘယ်ဂျာနယ်က သတင်းထောက်လို့ ပြောလိုက်ရင်၊ သတင်းထောက်ဆိုသူ ပြောတာဟုတ်မဟုတ်သိချင်ရင် တိုက်ကို ဖုန်ဆက်အတည်ပြုခိုင်းပေါ့။ နောက်ပြီးတွေ့ကရာနေ ရာမှာ တာဝန် အရဆိုပြီး တရားခံ စစ်စစ်နေတာတွေ က ဒီမိုကရေစီနည်း လမ်းကျမကျ ဆိုတာလူတိုင်းသိပါတယ်။ ဒီလို နယ်ဖက်မှာ ရှိတယ် ခရိုင်အဆင့် ၊မြို့နယ် အဆင့် ဌာနဆိုင်ရာ အရာရှိဆိုတဲ့သူတွေက အရင် စစ်အစိုးရ ရဲ့ ပုံစံ တွေမပျောက်သေးတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် ရင်လေးစရာပါ။ ပြည်သူတွေ ရဲ့ ၀န်ထမ်းတွေက ပြည်သူတွေအပေါ်ကနေ မိုးပြီး အာဏာပြနေကြတော့ ခက်နေတော့တာပေါ့။ ဒီမိုကရေစီ ဆိုတဲ့ ပြည့်သူ့အာဏာကို သမတ ကြီး ပဲ သိပြီး သူ့ရဲ့ အစိုးရ အဖွဲ့အစည်းလက်အောက်က၀န်ထမ်းတွေ မသိသေးတာ ၊မကျင့်သုံးကြသေးတာ။ တော်တော် လေး ရုပ်ဆိုးလွန်းပါတယ်။မကြာမီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို တာဝန်အရပါဆိုပြီ လွတ်လပ်စွာ သတင်းယူ ခွင့်ကို လာရောက် ထိပါးနေရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာနိုင်ပါ့ မလား ဆိုတာ သံသယ ရှိစရာပါ။ ``ဟု နယ်သတင်းထောက် အောင်သူထွန်း(ကလေးမြို့) ပြောကြားခဲ့ပါသည်။

``ဒီလို အဖြစ်မျိုး တွေက နယ်တွေမှာ ခဏခဏဖြစ်လေ့ ရှိပါတယ်။ ဒီလို တာဝန်အရ ဆိုတာ ကြီး နဲ့ကိုင်ပေါက်ပြီး သူတို့လုပ်ချင်ရာ လုပ်နေတာတွေ အများ ကြီး ရှိတယ်။ စကားနဲရန်စဲ ဆိုပြီး သူတို့ ကိုဘာမှ ပြန်မပြောဘူးဆိုရင် လုပ်ကောင်းတယ် ၊လုပ်လို့ ရတယ်။ သူတို့ ဒီလိုရှောက်လုပ်နေတာ ဥပဒေ နဲ့ ညီတယ်လို့ အယူအကောက်တွေ ရှိ သွားရင်ကျွန်တော်တို့ သတင်းသမား အဖွဲ့အစည်း အတွက် မကောင်းဘူး ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အစိုးရ ၊ ပါတီနဲ့ တစ်နိုင်ငံလုံး သုံးစွဲ နေချိန်မှာအကျင့်ပျက် ၀န်ထမ်းတွေ ၊ ဥပဒေကို တလွဲသုံးနေတဲ့ ၀န်ထမ်းတွေ ရဲ့ တာဝန်အရ ဆိုတာ မျိုး မဖြစ်သင့်တော့ပါဘူး ။ ဒီလို အဖြစ်မျိုးတွေကိုလည်းအသာနေပါကွာ ပြီးသွားမှာပါ ဆိုပြီး ခဏခဏ အသာနေခဲ့ ရင် ကျုပ်တို့လို နယ်သတင်းထောက်တွေ အသေနာ ကုန်မှာ မြင်ယောင်ပါသေးတယ်။ ဒီလိုဆိုရင်နယ်သတင်းထောက် လုပ်ချင်တဲ့သူ ရှားပါး ကုန်လာပါလိမ့်မယ်။ ဒီလို ရင်မဆိုင်ချင်ကြလို့ သတင်းထောက်ရယ်လို့ မလုပ်ချင်ကြတာ များပါတယ်။နယ်သတင်းထောက်တွေ အတွက်တင်မက ပဲ သတင်းထောက်အားလုံး အတွက် အကာအကွယ် ပေးနိုင်တဲ့ အဖွဲ့ အစည်းတွေသမဂ တွေ ပေါ် ပေါက်သင့်နေပါပြီ ။ ``ဟု နယ်သတင်းထောက် တစ်ဦးမှပြောကြားခဲ့ပါသည်။

ချင်းတွင်းကိုကို။

0 ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးလက်ကမ်းကြော်ငြာ




မကြာခင်ရက်ပိုင်းတွင်ရောက်ရှိလာတော့မည့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်ပြည်သူများ မည်သည့်အတိုင်းအတာအထိ တရားမျှတလွတ်လပ်စွာမဲပေး
ခွင့်ရရှိနိုင်ခဲ့သည်ကိုလေ့လာဖော်ထုတ်ရန်နှင့် မဲဆွယ်စည်းရုံးရေးကာလ၊မဲပေးသည့်နေ့ရက်နှင့်
မဲပေးအပြီး မဲရေတွက်မှုကာလ စသည့်အချိန်များတွင် မသမာမှုများရှိခဲ့ပါကဖော်ထုတ်တင်ပြရန်
အတွက် ပြည်သူများမှ ၀ိုင်းဝန်းပါဝင်စောင့်ကြည့်ပြီး သတင်းများပေးပို့ခြင်းဖြင့်ကူညီကြပါရန်
ကျနော်တို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်မှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
ယခုပေးပို့လိုက်သော အီးမေးလ်နှင့် အတူ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအဓိကစောင့်ကြည့်
ရမည့်အချက်များနှင့် ဆက်သွယ်သတင်းပို့နိုင်မည့် ဖုန်းနံပါတ်များပါဝင်သည့်လက်ကမ်းစာစောင်ကို
attached file ဖြင့်ပူးတွဲဖြန့်ချိထားပါသည်။ မိမိရရှိလာသောဖိုင်ကို ရွေးကောက်ပွဲတွင်ပါဝင်သည့်
မဲဆန္ဒနယ်များမှ နီးစပ်ရာမဲဆန္ဒရှင်ပြည်သူများထံသို့ မိတ္တူကူး၍ဖြန့်ဝေပေးကြပါရန်လည်းလေးနက်စွာ
ပန်ကြားအပ်ပါသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်

Wednesday, March 28, 2012

0 ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှကောက်နူတ်ချက်များ


ပြည်ခိုင်ဖြိုးပါတီက ဒေသအချို့တွင် မဲဆွယ်စည်းရုံးရာ၌ ““နိုင်ငံတော်သမ္မတကြီးဦးဆောင်သော ပါတီဖြစ်သော....”” ဟူ၍ သုံးနှုန်းပြီး လက်ကမ်းကြော်ငြာများဖြန့်ဝေခြင်းမှာ ဥပဒေနှင့်ညီမညီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌသို့ သတင်းထောက်များက မေးမြန်းသောအခါ ““ကျွန်တော့်အမြင်အရပြောရင်တော့လည်း အဖြစ်မှန်ပြောတာပဲလေဗျာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှအငြင်းပွားစရာမရှိပါဘူး””ဟု ဦးတင်အေးက ဖြေကြားသည်။ ထို့ကြောင့် ဥက္ကဌ၏ ပြောစကားမှာ ထိုသို့မဲဆွယ်မှုမှာ မှန်သည်၊ ဥပဒေနှင့်ညီသည်ဟု ပြောခြင်းဖြစ်ပါသလားဟု ထပ်မံမေးမြန်းသောအခါ ထိုမေးခွန်းနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြားသွားသည်။

နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းသည်ဖြစ်စေ၊ မရုပ်သိမ်းသည်ဖြစ်စေ မိမိ၏ တာဝန်မှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်လာစေရန် ဆောင်ရွက်ရ မည်သာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ယနေ့(၂၈.၃.၂၀၁၂) ရက်က နေပြည်တော်ကော်မရှင်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ရွေးကောက်ပွဲတွင် သတင်းရယူမည့် သတင်းထောက်များကို မဲရုံပြင်ပမှာပင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်းဝင်ရောက်သတင်းရယူခွင့်ပြုမည်မဟုတ်ကြောင်း ဦးတင်အေးက ပြောသည်။ မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲဆန္ဒပေးမှုကို အနှောက်အယှက် မဖြစ်စေလိုသည့်အချက်မှာ မဲရုံအတွင်း သတင်းရယူခွင့်မပြုခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကြောင်းလည်း ၎င်းကရှင်းပြသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

နယ်မြေလုံခြုံမှုအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ်သုံးခုကို တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်နိုင်သော ကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံပြီး တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အခြေအနေရှိလာသည်နှင့် ချက်ချင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သော ပါတီကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်နှင့် မဲရုံအကူကိုယ်စားလှယ်နှစ်ဦးစီကို ယခင်က ဖုန်းနှင့်ကင်မရာများယူဆောင်ခွင့်မပြုဟု ဆိုသော်လည်း ယခုနောက်ဆုံးမဲရုံအတွင်းသို့ ကင်မရာယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။ သို့သော် ကိုယ်စားလှယ်များက ကင်မရာယူဆောင်ပြီး ဓာတ်ပုံမှတ်တမ်းတင်သောအခါ လျှို့ဝှက်မဲပေးမှုကို အနှောက်အယှက်ဖြစ်စေလျှင် အရေးယူမည်ြဖစ်ကြောင်းလည်း ဆက်ပြောသည်။
““ယူပလေ့စေ။ ဒါပေမယ့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်ထိပါးရင် ကျွန်တော်အရေးယူမယ်။ ရွေးကောက်ပွဲကျင်းပတာကို အနှောက်အယှက်ပေးရင် အရေးယူမယ်။ လျှို့ဝှက်မဲဆန္ဒပေးတာကို အနှောက်အယှက်မဖြစ်စေရဘူး””ဟု ယင်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ လာရောက်မည့် ရွေးကောက်ပွဲလေ့လာစောင့်ြ့ကည့်သူများ မှာလည်း မဲရုံအတွင်းသို့ ၀င်ခွင့်ပြုမည် မဟုတ်ဘဲ မဲရုံပြင်ပမှသာ လေ့လာစောင့်ကြည့်ခွင့်ပြုမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မဲရုံအတွင်းသို့ မြင်တွေ့နိုင်ရန် မဲရုံအဆောက်အဦတံခါးများကို ဖွင့်ထားရန် အောက်ခြေကော်မရှင်ရုံးများသို့ ညွှန်ကြားပေးထား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတွေ့ဆုံရှင်းလင်းပွဲကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(7 days news journal)

0 ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့အား တစ်သီးပုဂ္ဂလအမတ်လောင်းမှ အပြင်းအထန် ဝေဖန်


လစ်လပ်မဲဆန္ဒနယ်မြေများအနက် ကိုယ်စားလှယ်လောင်းအများဆုံးပါဝင်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ပြည်ခိုင်ဖြိုးနှင့် တ.စ.ည ပါတီတို့က ထောက်ပြ ဝေဖန်ထားကြောင်း မန္တလေးမြို့ရှိနိုင်ငံရေးပါတီများနှင့် မြို့ခံအသိုင်းအ၀ိုင်းများထံမှ သိရသည်။

အဆိုပါ တစ်သီးပုဂ္ဂလဦးစိန်လှက ပြည်ခိုင်ဖြိုးပါတီနှင့် တ.စ.ညပါတီတို့ အနေဖြင့် ပြည်သူပိုင်ဘဏ္ဍာများကို အလွဲသုံးစား ပြုမှုများကိုဖော်ပြထားသည့် မဲဆွယ်လက်ကမ်းစာစောင်များကို ဖြန့်ဝေလျှက်ရှိကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းများထံမှ သိရသည်။

“လက်ကမ်းစာစောင်ထဲမှာ ပါတီကြီးနှစ်ခုကို ရဲရဲတင်းတင်း ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်”ဟု ယင်းမဲဆန္ဒနယ်မှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလဦးကျော်ကျော်က ပြောသည်။

ယင်းမဲဆွယ်လက်ကမ်းစာစောင်ထဲတွင် သြဂုတ် ၁၃၊ ၂၀၁၀ နေ့တွင် ပြုလုပ်သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အစည်းအဝေးအရ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးနှင့် စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ ရန်ကုန်မြို့၊ အင်းစိန် လမ်းမကြီး၊ လှိုင်မြို့နယ်(၉)ရပ်ကွက်၊ အမှတ်(၁၁၃)၊ ဆပ်ပြာစက်ရုံ၊ အမှတ်(၂)ရှိ ပစ္စည်းအားလုံးနှင့် မြေအကျယ် (၁၂.၈၇၁)ဧကကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ငွေကျပ်သန်းပေါင်း(၅၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်ဟုဆိုပြီး ယခုအခါ အဆိုပါ ပါတီ၏ တင်ပြချက်အရ ငွေကျပ်သိန်းပေါင်း(၁၉၇၂၁.၂၇)ဖြင့် အခြားလုပ်ငန်းရှင်တစ်ဦးသို့ အပြီးအပြတ်ပြန်လည်ရောင်းချကြောင်း ဖော်ပြထားသည်။

လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်းမဒေါင့်ရှိ မြေဧကပေါင်း(၃၅.၅၂၄)ဧကရှိသော ဆပ်ပြာစက်ရုံအမှတ်(၁)ကို ဒီဇင်ဘာ(၁၅)၊ ၂၀၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီသို့ရောင်းချခဲ့ပြီးနောက် ယခုအခါ ထိုပါတီမှ နယူးဂျင်နရယ် ကုမ္မဏီလီမိတက်သို့ ငွေကျပ်သန်းပေါင်း(၃၅၀၀၀)ဖြင့် ပြီးပြတ်ရောင်းချလိုက်ကြောင်းကိုလည်း ဖော်ပြထားသည်။

အဆိုပါတစ်သီးပုဂ္ဂလဦးစိန်လှသည် ယင်းမဲဆွယ်လက်ကမ်းစာစောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်စဉ်အခါက သုံးထားသော ပြည်သူ့ဘဏ္ဍာများနှင့် အဆောက်အဦးများကို လွှတ်တော်မှတစ်ဆင့် စာရင်းရှင်းပြီး ပြည်သူလူထုကို ပြန်အပ်ရန်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီပိုင် ငွေကြေးဥစ္စာ မှန်သမျှတို့သည် ပြည်သူပိုင် ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပိုင် ငွေကြေးဥစ္စာမှန်သမျှအား လွှတ်တော်မှတဆင့် စာရင်းရှင်းပြီး ပြည်သူလူထုထံပြန် အပ်နှံရန် တောင်းဆိုထားသည်ကို ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလဦးစိန်လှသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခင်အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဟောင်း ဦးကျော်မြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချမ်းအေးသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ၄င်းပိုင်ရုံးရှေ့တွင် “ပြည်သူကမိဘလား၊ အစိုးရကမိဘလား” နှင့် “ပြည်သူ့အာဏာပိုင်လား၊ အစိုးရ အာဏာပိုင်လား” ဟူသော စာတမ်းကပ်သည့်အတွက် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ခေါ်ယူသတိပေး လက်မှတ်ရေးထိုးခဲ့ရသည့် နိုင်ငံရေးသမားဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုင်းအ၀ိုင်းထံမှ သိရသည်။ ။
(Yangon press international)

0 အောင်ပန်းမြို့ကြံ့ဖွံ့ ပါတီမှ ကိုယ်စားလှယ်လောင်းဦးမြဝင်းအများပြည်သူအသုံးပြုနေသော လမ်းအား ဥပဒေမဲ့ စည်းကမ်းမဲ့  သံတန်းများပိတ်၍ ဆိုင်းဘုတ်ထောင်




အောင်ပန်းမြို့ ၌ကြံ့ဖွံ့ ပါတီမှ ကိုယ်စားလှယ်လောင်းဦးမြဝင်းဆိုသူသည်ဥပဒေမဲ့ စည်းကမ်းမဲ့  အများပြည်သူ
အသုံးပြုနေသော လမ်းအား ဆိုင်းဘုတ်ထောင်ရန် သံတန်းများပိတ်၍ဗထူးကျောက်တိုင်အနီး၌ မတရားအာ
ဏာသုံး၍ ပြုမူနေပါသဖြင့် ပြည်သူများ၏ သွားရေးလာရေးမှာ အခက်အခဲများနဲ့ကြုံနေရပါသည်။ ထို့ကြောင့်
အာဏာရှင်အကြွင်းအကျန်များ၏ ထင်သလိုပြုမူနေပုံများကို ကလောမြို့နယ် (အောင်ပန်း )မှစည်ပင်ရုံးမှ တာဝန်ရှိသူများကလည်း မသိကျိုးကျွံပြု၍နေသည်မှာ ဒီမိုကရေစီစနစ်ကို သမ္မတကြီး ဦးသိန်းစိန်မှ အမှန်တစ်ကယကျင့်သုံးနေပါရဲ့လားဟု သံသယဝင်စရာဖြစ်နေပါသည်။

၎င်း ကြံ့ဖွံ့ ဆိုင်းဘုတ်မှာ လည်း အောင်ပန်းမြို့  အမှတ် ( ၄ )ရပ်ကွက်မဲရုံနှင့် ကိုက်သုံးရာ ခန့် သာ ကွားဝေးပါသည်။မဲရုံမှ ကိုက် ငါးရာအတွင်း ကြော်ငြာစာရွက်စာတမ်း ချိတ်ဆွဲထားခြင်းပြုလုပ်ပါက ပုဒ်မ ( ၆၁ )နှင့် ပုဒ်မ ( ၆၂ ) နှင့် ငြိစွန်း နေပါသည်။ရဲအရေးပိုင်အမှုလည်းဖြစ်နေပါသည်။ထောင်ဒဏ် သုံးနှစ် (သို့ မဟုတ် ) ဒဏ်ငွေ သုံးသိန်း ( သို့ မဟုတ် ) ဒဏ် နှစ်ရပ်လုံးကိုချမှတ်နိုင်သော ပြစ်မှုဖြစ်ပါသည်။

သတင်းပေးပို့သော ဝေယံဝင်းဇော်အားကျေးဇူးတင်ရှိပါသည်..

0 သတင်းထောက် သူရမျိုးပြောသော စစစ စစ်ဆေးသဖြင့် သေမှုသေခင်း ဖြစ်သွားသည့် နန်းဝိုးဖန်း အမှုဖြစ်စဉ်

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ကောင်မလေးအလောင်း ခြေရင်းမှာ အမွှေးတိုင်ထွန်းထားတယ် သစ်သီးတွေထားတယ်။ သူ့သူငယ်ချင်း ရှမ်းမလေးတွေ ရှမ်းလေးတွေရှိတယ်။ သူနဲ့အတူစစ်ခံရတဲ့ ရှေ့နေ ဒေါ်အိအိအောင်ရှိတယ်။ စသုံးလုံးတွေက ရင်ခွဲရုံကို ၀ိုင်းထားသလောက် ရှိတယ် ။ ဒါနဲ့ ဓါတ်ပုံထရိုက်တယ်။ နောက်မေးတယ် အဲဒီတုန်းက စသုံးလုံးရုံးပေါ်က ပြုတ်ကျသွားတာ မသိသေးဘူး ။ ခေါ်ခေါ်စစ်နေတုန်း သူ့အိမ်က ခုန်ချတယ်လို့ဘဲထင်တာ။ ဘယ်သူမှမဖြေရဲဘူး မကြေနပ်ချက်တွေနဲ့ အကြောက်တရားတွေ ကြီးစိုးနေတယ်။ ဒါနဲ့ နောက်ခဏဆုတ်ပြီး ဖုန်းဆက်မယ်လုပ်တော့ အစ်ကိုတို့ကစသုံးလုံးက မင်းကိုဘယ်သူဖုန်းဆက်ခေါ်သတုန်း ဆို မေးတယ် ။ အင်တာနက်ပေါ်မှာတွေ့လို့ ဆိုပြီးဖောလိုက်တယ်။

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း

အဲဒီမှာ AD ဆီဖုန်းဆက်မယ်ဆိုပြီး ဖုန်းခေါ်တယ် ။ ဒီသတင်းမရေးနဲ့လို့ အစ်ကိုတို့မတားဘူး မင်းသိတဲ့သတင်းက မှားနေတယ် ခုန်ချတာမဟုတ်ဘူး ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါ အန္တရာယ်ရှိမယ်။ အစ်ကိုတို့ စသုံးလုံးက ဒီကောင်မလေးအမှုတွေ လိုက်နေတာအများကြီး ။ ရဲစခန်းမှာလည်း စာရွက်စာတမ်းတွေ ရှိတယ် ။ ဒီတော့ ငါ့ညီမှာအန္တရာယ်ရှိတယ် လို့လာပြောတယ်။ သူစပြောကတည်းက ဖုန်းသိမ်းသလိုနဲ့ အိပ်ထဲက အသံဖမ်းစက်ဖွင့် ထားတယ်။ ဒါနဲ့ ဟုတ်ကဲ့ပါခင်ညာ ဘာညာဖောရှောရိုက်ပြီး ပြန်ထွက်လာတယ်။ ပြီးတော့ သိသမျှ သတင်းတိုက်တွေ အကုန် ဖုန်းဆက်ခေါ်လိုက်ပါတော့တယ်။

အခုသိသလောက် ဖြစ်စဉ်က ဒီလို ဂျပန်တစ်ကောင်နဲ့ကောင်မလေးဟာ လက်ထပ်စာချုပ်ရှိတယ် စီးပွားရေးအရပါဘဲ။ အဲဒီဂျပန်က ကောင်မလေး နာမည်နဲ့ မြေကွက်တွေလိုက်ဝယ်တယ်။ နောက် ကိုကို ဆိုတဲ့လူတစ်ယောက်ကို တစ်လနှစ်သိန်း ပေးခန့်တယ် ။ ကိုကိုနာမည်နဲ့ပါ မြေကွက်တွေဝယ်တယ်။ အဲဒီမှာ ကိုကိုက ရောင်းတုပ်လိုက်တယ် ။ သူ့နာမည်နဲ့ဝယ်ထားတဲ့ တိုက် က အိမ်ငှားတွေကိုလည်း တရားဆွဲတယ်။ အဲဒီမှာ ကိုကိုကို ၄၂၀ နဲ့တရားဆွဲတယ်။ လှိုင်သာယာ ၇ ရပ်ကွက် က ရဲစခန်းမှာ ။

ဒါပေမယ့် အမ်းထားတဲ့အတွက် ရဲစခန်းက ဖမ်းမပေးဘူး ကိုကိုဆိုတဲ့လူကတော့ ပုံမှန်သွားလာနေတာဘဲ ။ ဒါနဲ့ တရားခံပြေး အနေနဲ့ ပြောင်းလဲ သတ်မှတ်ပေးပါ ဆိုတော့ ၇ ရဲစခန်းက ဒုရဲအုပ် ကိုကိုဇော် က စသုံးလုံးသွားမှ ရမယ်ဆို ကြပ် ပေးလိုက်တယ်။ သူတို့အကြောင်းလဲ သိထားတော့ စစစ ကိုတေ့ပေးလိုက်တာ။ အဲဒီမတိုင်မှီ စစစ မှာအပိုင်ရှိတယ် အစတောင် ပျောက်သွားမယ်ဆို ကိုကို ဆိုတဲ့လူက ချိမ်းခြောက်ထားတာ ရှိတယ်။ စသုံးလုံးက ထုံးစံအတိုင်း စစ်ပြီးရေဖန်တာပေါ့ ။ အရမ်းဆဲဆိုပြီး စစ်တယ်လို့သိရတယ်။ အဲဒီမှာ ကလေးမက ကြောက်လန့်ပြီး အခုလိုဖြစ်သွားတာ ။ နောက်ဆက်တွဲ စသုံးလုံးအသိုင်းအ၀ိုင်းက ထပ်ကြားတာ အကွက်တွေ အပေးအယူလုပ်ပြီး ကောင်မလေးဆီက သိမ်းထားတာတွေရှိနေတယ်။

စစစကငနဲကပြောတယ် ခြေချော်ကျတာ တဲ့ ပြူတင်းပေါက်ပေါ်တက်ရပ်မှဘဲခြေချော်ကျမယ်။


ဘာလို့ ဒီလိုစစ်တာလဲ ဆိုတာကို ကိုသူရမျိုးက စီးပွားရေး စစ်တာ ဒီခြံတွေ မြေတွေကို ဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲဆိုတာ။ ပြောရရင်တော့ ငွေညှစ်သလိုမျိုးပါဘဲ။ အခုကိစ္စမှာ ကောင်မလေးက တိုင်းရင်းသားဖြစ်နေတယ် မြန်မာစကားရေရေလည်လည်မတတ်ဘူး ။ မိသားစုတွေကလည်း အဖွဲ့အစည်းကို တိုင်မယ် ။ ရှော့တော့ရှိတယ်။။ သေချာအရေးမယူပေးနိုင်ရင် ။ ပိုကြီးလာမယ် ။

YPI မှ အင်တာဗျူး သတင်း.....

https://www.facebook.com/note.php?note_id=341511149228847

Credit to သူရမျိုး (https://www.facebook.com/profile.php?id=535524610)

0 ကြားဖြတ်အဖြေ ဘယ်ပုံထုတ်ပေးမလဲ?

နောက်တစ်ပတ် ဒီအချိန်လောက်ဆို ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အဖြေကိုသိနေရပါပြီ။ ဦးသိန်းစိန် ပြောထားတဲ့ အတိုင်း နှလုံးသွင်းပြီး အရှုံးအနိုင်ရလဒ်ဒဏ်ကို ခံနေရည်ရှိသူတွေရော၊ မကျေမနပ်နဲ့  စောဒကတက်ဖို့ပြင်ဆင်ကြမယ့်သူတွေရောအမျိုးမျိုးတွေ့ ရလိမ့်မယ်။ ရွေးကောက်ပွဲခန့် မှန်းမှုကို နိုင်ငံရေး လေ့လာသူတွေအနေနဲ့  ကိုယ်သန်ရာသန်ရာ တွက်ဆဟောကိန်းထုတ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် တစ်ပတ်လောက်အလိုမှာ ရလဒ်ခန့် မှန်းစာရွက်တစ်ခုကို ဖတ်ခဲ့ရ ပါတယ်။ ဂရပ်ဖစ်တွေ၊ စာရင်းဇယားတွေနဲ့  ကျကျနန တွက်ချက်ထားတဲ့ဟောကိန်းပါ။ ထုံးစံအတိုင်း ဟက်တက်ကွဲ ပါတယ်။ မှားသွားတော့လည်း“လွဲသွားတယ်ဗျာ” နဲ့  မကျေနပ်လို့ ဗျာဒိတ်သမားဆီက ဘာမှ မျှော်လင့်လို မရပါ။

ကချင်ပြည်နယ်က (၃)နေရာ မရှိတော့ဘူးဆိုတော့လစ်လပ်နေရာ(၄၅)ခုမှာဘဲကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်မယ်။ “နေရာနည်းနည်းလေးမှာ အားလုံးနိုင်သွားရင်တောင် လွှတ်တော်ထဲ ဘာမှလုပ်လို့ မရပါဘူး”၊ “ဒေါ်အောင်ဆန်းစုကြည်ကို၂၀၀၈ ဖွဲ့ စည်းပုံအောက်က လွှတ်တော်နိုင်ငံရေးထဲ ဆွဲသွင်းချင်လို့ ”၊ “နေပြည်တော်လွှတ်တော်ကြီး ပဏ္ဍာရရနဲ့ သတ္တ၀ါအားလုံးစိတ်ဝင်စားလာအောင် NLDပါတီကိုကြုံးသွင်း မောင်းယူတာ” စသဖြင့် အမြင်မျိုးရှိသူတွေကို ခဏဖယ်ထားလို့  ပြိုင်ဆိုင်ပွဲအဖြစ်ရှုမြင်ပြီး အာဏာရကြံ့ဖွံ့ ပါတီနဲ့  ဒေါ်စု ဦးဆောင်တဲ့ အတိုက်အခံ NLDပါတီ
တို့ ရဲ့  အခြေအနေကို သတ္တုချကြည့်ရအောင်ပါ။

ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာနဲ့  ကြံ့ဖွံ့ ပါတီခေါင်းဆောင်တချို့ က ဒေါ်စုပါတီနဲ့  နင်လား ငါလား တိုးတိုက်လုယက်မနေဘဲ အေးအေးလူလူအနေအထားနဲ့ ပြိုင်ဆိုင်သွားဖို့ ဆန္ဒရှိနေကြသူတွေထံက “လိုအပ်လာရင်နယ်မြေအကုန်လုံး ကြံ့ဖွံ့ ရှုံးသွားလို့ ရသေးတာဘဲ” ဆိုတဲ့စကားသံတွေထွက်လာ တာ ကြားရတယ်။ ဒါပေမယ့် အချို့ ကြံ့ဖွံ့ ပါတီ ထိပ်သီးများကဒီသဘောထားကို လက်မခံနိုင်ကြဘဲ “ပြိုင်ရင် အကုန်နိုင်ရမှ” ဆောင်ပုဒ်ကိုကြွေးကြော်ပြီး ကြားဖြတ်ကို ဖြတ်သန်းရမယ်ဆိုတဲ့ မက်ဆေ့ကို ပါတီထဲ
ထုတ်လွှင့်ကြပြန်ပါတယ်။ သူတို့ အလိုအရ အခုလုပ်မယ့် လစ်လပ်နေရာတွေဟာ ကြံ့ဖွံအမာခံနယ်မြေတွေ ဖြစ်တဲ့အတွက် တစ်နေရာရှုံးတာနဲ့ ပါတီသိက္ခာကျတဲ့အပြင် အဲဒီနေရာတွေက ၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုပါ
ပြောင်လှောင်သရော်သလိုဖြစ်လိမ့်မယ်၊ ပြည်ထောင်စုဝန်ကြီးဝန်လေးတွေအခန့် သား တက်ဖြစ်နေကြသူတွေအဖို့  မျက်နှာဓားနဲ့ လှီးဖွယ်သာ ရှိတော့တယ်ဆိုပြီး “ငါတို့ သည်သာ နိုင်ရမည်” လို့  မူ ချလိုက်ကြတယ်။

ဒေါ်စုပါတီ ဘက်ကလည်း “၂၀၁၀ တုန်းက ငါတို့ ဝင်မပြိုင်ခဲ့လို့  ကြံ့ဖွံ့ ပါတီအပြတ်အသတ် အောင်ပွဲခံသွားတာ၊ အခု ကြားဖြတ်မှာ NLD ၀င်လာပြီ၊ကြံ့ဖွံ့ ရှုံးစေရမယ်၊ ပြည်သူလူထုတစ်ရပ်လုံး အုံးအုံးကြွက်ကြွက်ထောက်ခံနေမှတော့ နေရာအပြည့်နိုင်ရမယ် လို့  ကောက်ချက်ဆွဲထားကြပြန်တယ်။ ဘတစ်ပြန်ကျားတစ်ပြန် အနေအထားတောင် မရှိစေရဘူး လို့ ၁၉၉၀ ရွေးကောက်ပွဲတုန်း
ကအတိုင်း လက်ခမောင်းခတ်နိုင်စေရမယ် ဆိုပြီး ဓားကြိမ်းကြိမ်းဝါးနေကြပြန်တယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဒိုင်လုပ်ကျင်းပပေးမယ့် ဦးတင်အေးဦးဆောင်တဲ့ရွေးကောက်ပွဲ ကော်မရှင် ကလည်း “လူသာသေရင်သေမယ် နာမည်အသေမခံနိုင်ဘူးကွ” ဆိုပြီး ဧပြီ (၁)ရက်ရွေးကောက်ပွဲကို လွတ်လပ်သန့် ရှင်းအောင်လုပ်ပေးမယ်လို့  တတွတ်တွတ် အာမခံနေတယ်။ သမ္မတဦးသိန်းစိန်ကလည်း
ကမ္ဘာအနှံ့ က စောင့်ကြည့်ရေးအဖွဲ့ တွေ၊ သတင်းသမားတွေကို ပြည်ဝင်ခွင့်ပေးလိုက်ပြန်တယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေဘက်ကလည်း ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲထက်စာရင် အခု ကြားဖြတ်က ပိုမိုလွတ်လပ်မှုရှိပါလိမ့်မယ်လို့ အစောတလျင် လေပစ်သံတွေကြားနေရပြီ။ စီးပွားရေးပိတ်ဆို့ ထားတာတွေ
ရုပ်သိမ်းပေးဖို့ နဲ့  နိုင်ငံတကာလူမှုရေးအကူအညီတွေ တောင်ပြိုကမ်းပြိုဝင်လာဖို့ ကိစ္စဟာလည်း အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအဖြေနဲ့ ချိတ်ဆက်ထားကြတယ် မဟုတ်လား။ ဒါကို ဦးသိန်းစိန်အစိုးရက ကောင်းကောင်းသဘောပေါက်ပြီး ဘယ်လိုရလဒ်မျိုး ထုတ်ပေးလိုက်တာ အကောင်းဆုံးဖြစ်မလဲဆိုတာ တင်ကြိုတွက်ချက် အကွက်ချထားပြီး ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ မေ့ချန်ထားလို့  မရတဲ့ ကိစ္စတစ်ခုရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာဝင်ရောက်ဖျော်ဖြေ အသုံးတော်ခံပေးခဲ့တဲ့၊ ကြံ့ဖွံ့ ပါတီ အောင်သေအောင်သားစားတဲ့ပွဲကြီးမှာ စည်စည်ကားကားဖြစ်အောင် ဆင်နွှဲပေးခဲ့တဲ့ ဒီမိုကရက်တစ်ပါတီအချို့ နဲ့ တိုင်းရင်းသားပါတီတွေပါဘဲ။ NLD ပါတီထောက်ခံသူတွေနဲ့ 
NO VOTE သမားတွေရဲ့  “ဒီမိုကရေစီရေးကို သစ္စာဖောက်သွားသူများ” ဆိုတဲ့ဆိုင်းဘုတ်လှိုင်းဒဏ်ပြင်းပြင်း အောက်မှာ နှစ်ဘက်ကြားညှပ်တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ပါတီတွေကို ဘုရားပြီးငြမ်းဖျက် လုပ်ထားလို့ မရပြန်ဘူးဆိုတာ ကြံ့ဖွံ့ အစိုးရသဘောပေါက်ထားတယ်။ ၂၀၁၀ မှာ သူတို့  ပြိုင်ခဲ့လို့ 
ကြည့်ပျော်ရှုပျော်ဖြစ်ခဲ့တာမို့ အခုကြားဖြတ်မှာ “NLD ပါလာပြီ၊ ခင်ဗျားတို့ သွားတော့” လို့  လုပ်ဖို့ မသင့်တော်တာအမှန်ပါဘဲ။ အနည်းအကျဉ်း (၅) နေရာ (၆)နေရာလောက် အနိမ့်ဆုံး ရွေးချယ်ခံ
ရလိမ့်မယ်။

၂၀၁၀ တုန်းက ကြ့ဖွံ့ ပါတီနဲ့ အပြိုင် နေရာအများဆုံး ပခုံးချင်းယှဉ်နိုင်ခဲ့တဲ့ တစည ပါတီကိုလည်း အဆာပြေလေးဖြစ်ဖြစ် ချ ကျွေးဖို့ ရှိနေပါတယ်။ဒါတွေက မမေ့အပ်သောကျေးဇူးတရားကို တုန့် ပြန်တဲ့သဘောဖြစ်ပါတယ်။
၂၀၁၀ လွန်မှ ဖွဲ့ စည်းထူထောင်ခဲ့ပြီး အခု ကြားဖြတ်မှာဝင်ပြိုင်ကြမယ့် ပါတီသစ်တွေအတွက်မျှော်လင့်ချက် မရှိသလောက်ပါဘဲ။

NLD ပါတီအမတ်လောင်းတစ်ဦး အပယ်ခံရပေမယ့် မြတ်ဥာဏာစိုးဘက်ကူးလာတဲ့အတွက် ဒေါ်စုရဲ့ NLD ပါတီဟာ (၄၅)နေရာစလုံး အပြည့်ဝင်ပြိုင်ခွင့်ရတယ်လို့  ယူဆပြီး အာဏာရကြံ့ဖွံ့ ပါတီနဲ့ တန်းတူညီတူ အရေအတွက်ဖြစ်သွားခဲ့တယ်။ နိုင်ငံတကာနဲ့  ပြည်တွင်းလေ့လာဆန်းစစ်သူတွေ အလွန်စိတ်ဝင်
တစားဖြစ်ပြီး ရင်တမမစောင့်ကြည့်နေတဲ့ရလဒ်က “NLD နဲ့ ကြံ့ဖွံ့ဘယ်ဒင်းကအမတ်နေရာ ပိုများများ နိုင်မလဲ” ဆိုတာပါ။ ဒီနေရာမှာ ၂၀၁၀ ရွေးကောက်ပွဲမှာကြံ့ဖွံ့ ပါတီအပြတ်အသတ်အောင်ပွဲခံထားတဲ့ ရလဒ်ကို အထူးဂရုပြုစေချင်ပါတယ်။
လာမယ့်ကြားဖြတ်မှာ အာဏာလက်ကိုင်ရှိထားတဲ့ ကြံ့ဖွံ့ ပါတီသာ ခွက်ခွက်လှန်ရှုံးသွားခဲ့ရင် ၂၀၁၀ မှာ ဒေါ်စုပါတီ မပြိုင်ခဲ့လို့ ဆိုတဲ့ ကောက်ချက်နဲ့ပျစ်ပျစ်နှစ်နှစ် တံတွေးခွက်ပက်လက်မျောမယ့် ကိန်း ဆိုက်လိမ့်မယ်။ ထိုရလဒ်မျိုး ထွက်ပေါ်လာလို့ မဖြစ်ပါဘူး။ ဦးသိန်းစိန်နဲ့ အစိုးရတစ်ဖွဲ့ လုံး ဘယ်လောက်ဒီမိုကရေစီစကားတွေ ပလုံစီအောင်ပြောပြော ပါတီသံယောဇဉ်ဆိုတာ သူတို့ မှာ
ရှိကိုရှိပါတယ်။ ကြံ့ဖွံ့ ပါတီ ပြတ်ပြတ်သားသားအရေးနိမ့်လို့ မဖြစ်တာသေချာပါတယ်။

ထို့ အတူ NLD ပါတီ ခေါင်းမဖော်နိုင်အောင် ရှုံးသွားလို့ မဖြစ်တဲ့ရလဒ်ထွက်ဖို့ အရေးတကြီး လိုအပ် နေပြန်တယ်။ ပါတီမဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာမြင်တွေ့ ရတဲ့ ဒေါ်စုထောက်ခံသူတွေ ပုရွက်ဆိတ်အုံတမျှ ကျယ်ပြန့် နေတာဟာကြံ့ဖွံ့ ပါတီအတွက် ခေါင်းခဲရတဲ့ပြဿနာတစ်ခုပါ။ သန့် ရှင်းလွတ်လပ်မှု၊ ကြားနေ
ဒိုင်ပီသမှုနဲ့ ကြားဖြတ်ဟာ တရားမျှတပါတယ် ဆိုတဲ့ မှတ်ချက်ပေးသံအတွက်ကြံ့ဖွံ့ ဟာ ဇောချွေးပျံနေပုံ ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်မှာ NLD ကိုနေရာများများအနိုင်ရတာ အလိုရှိသူနိုင်ငံများအတွက် ကြားဖြတ်ရွေးကောက်ပွဲအဖြေဟာ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဖြစ်မှသာ ဦးသိန်းစိန်အစိုးရ
ရှေ့ ဆက်ရမယ့်ခရီးလမ်း ချောမွေ့ နိုင်မယ်။ ဒါ့အပြင် နောင် (၃)နှစ်အကြာကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် NLD ပါတီကိုရော၊ ကြ့ဖွံ့ ပါတီကိုပါအပြိုင်အဆိုင်မက်လုံးပေးပြီး ပစ်မှတ်ထားဆွဲဆောင်ထားနိုင်အောင် အကြိတ်အနယ်လိပ်ခဲတည်းလည်းနဲ့ ပါတီကြီး နှစ်ပါတီစလုံး
ကျေနပ်လက်ခံနိုင်မယ့်ရလဒ်မျိုးသာ ထုတ်ပေးပါလိမ့်မယ်။ဒေါ်စုနဲ့ဦးသိန်းစိန်တို့ နှစ်ဦးနှစ်ဖလှယ် ပျော်မဆုံးမော်မဆုံးအဖြေမျိုးသာ ထွက်လာပါလိမ့်မယ်။

ပါတီကြီးတစ်ခုခုက၆၅ - ၄၅ ရာခိုင်နှုန်း အစား ၆၅ - ၃၅ ရာခိုင်နှုန်း ခန့် နဲ့အနိုင်ယူသွားပါလိမ့်မယ်။ ပိုပြီး ကြည့်ကောင်းတဲ့အဖြေမျိုး ၅၀ - ၅၀ရာခိုင်နှုန်းအသည်းတယားယား ရင်တဖိုဖို “ဂိန်း“ ဆန်ဆန် ထွက်ပေါ်လာဖို့ တော့ မရှိပါဘူး။
အလဲထိုးချလိုက်တဲ့ ကြိုးဝိုင်းအဖြေမျိုးကိုလည်း မျှော်လင့်မနေစေချင်ဘူး။


အောင်မျိုးထွန်း

၂၇- ၃- ၂၀၁၂

Tuesday, March 27, 2012

0 အောင်ဆန်းသွေးသစ်မြန်မာ့တပ်မတော် -(၆၇)နှစ်မြောက်တော်လှန်ရေးနေ့အထိမ်းအမှတ်



အောင်ဆန်းသွေးသစ်မြန်မာ့တပ်မတော် -သီချင်းကိုတေးရေး -ကိုသားဖေထင်၊တေးဆို -(ဗိုလ်ကြီးဟောင်း)နေမျိုးဇင်၊ ကိုဝင်းကျော်ကတီးခတ်ထားပါတယ်။ပုံဖော်အာရုံခံစားမှု့ -ကိုသော်(ဂျပန်)မှ (၆၇)နှစ်မြောက်တော်လှန်ရေးအတွက် တင်ပြဂုဏ်ပြုပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့နယ်မဲဆွယ်ခရီးစဉ်အတွင်း အမြန်ရှပ်ပြေးရေယာဉ်ငှားမရသည့်အကြောင်းရင်း

Credit: LBT.liberty@iCJ

ရှပ်ပြေးရေယာဉ်လို့ခေါ်တဲ့ မလေးရှားကတင်သွင်းလာတဲ့ မြန်နုန်းမြင့်ခရီးသည်တင်ရေယာဉ်တွေ စုစုပေါင်း ၉ စီးရှိပါတယ်။ ဒီရေယာဉ်တွေဟာ ရေအနက် ၃ပေကျော်ကျော်လောက်မှာတောင် မောင်းနှင်နိုင်ပြီး အမြန်နုန်းက တနာရီရေမိုင် ၄၅ မိုင်အထိ ပြေးဆွဲနိုင်ပါတယ် ( အများအားဖြင့် ၁နာရီ ရေမိုင် ၃၀ မိုင်နုန်း ပတ်ဝန်းကျင်သာ မောင်နှင်ကြလေ့ရှိပါတယ်)။ အားလုံးလိုလိုဟာ တပတ်ရစ်တွေဖြစ်ပြီး အရင်က မလေးရှားမှာ ဆာလာဝတ်တို့ စူလဝေစီတို့ကိုပြေးဆွဲနေတဲ့ သင်္ဘောတွေလို့ ကြားသိရပါတယ်။

အဲဒီအမြန်ရေယာဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိကကုမ္မဏီ ၃ ခုရှိပြီး ကုမ္ပဏီပိုင်ရှင်တွေအားလုံးဟာ မြိတ်သားတွေချည်းပါပဲ။ ဒါပေမဲ့ အဲဒီသင်္ဘောတွေ မြန်မာပြည်ကို ဘယ်လိုဝင်ရောက်လာသလဲဆိုတာရယ် အဲဒီသင်္ဘောတွေကို တကယ်ပဲ မြန်မာသူဌေးတွေက ပိုင်တာလား ဒါမှမဟုတ် မလေးရှားပိုင်ရှင်တွေက မြန်မာတွေကို နာမည်ခံခိုင်းထားတာလား ဆိုတာက သိပ်မသဲကွဲပါဘူး။

ဒါကလည်း ဒီသင်္ဘောတွေစသွင်းလာတာက ကမ်းရိုးတန်းတိုင်းရဲ့ ပထမဆုံးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်စစ်မောင် လက်ထက်မှာဖြစ်ပြီး အဲဒီတုန်းက တိုင်းမှူးရဲ့ခွင့်ပြုချက်နဲ့ တိုင်းအတွင်း ခရီးသွားလာရေး လွယ်ကူရန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မှတ်ပုံတင်မရှိ အခွန်မဆောင်ပဲ တရားမဝင်ဝင်ရောက်လာခဲ့ကြတဲ့ သင်္ဘောတွေဖြစ်လို့ပါပဲ။

အခုလက်ရှိသင်္ဘောတွေဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ သင်္ဘောတွေဖြစ်နေပြီလားဆိုတာတော့ မသိပါဘူး။

ဒီတော့ သင်္ဘောတွေဟာ အာဏာပိုင်တွေနဲ့ အတော့်ကို ပတ်သတ်မှုရှိခဲ့ပါတယ်။ ဒါ့အပြင် သေသေချာချာ ရှင်းရှင်းလင်းလင်း အမှီခိုကင်းကင်းနဲ့ မရပ်တည်ခဲ့တော့ အာဏာပိုင်တွေကို မလွန်ဆန်နိုင်ဘူးလို့ဆိုရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ အသုံးပြုဖို့ ၈၈ တုန်းက ဒီမိုဘက်တော်သားတစ်ဦးအဖြစ် တက်ကြွခဲ့တဲ့ ရာဇဝင်ရှိဖူးသူ ဦးကျော်စိမ်းရဲ့ အမြန်ရှပ်ပြေးရေယာဉ်ကို အန်အယ်ဒီက ငှားတယ်လို့ ကြားသိရပါတယ်၊ ဒီလူဟာ ဒုချုပ်ကြီးရဲ့ သမီးဖြစ်သူ ဒေါ်နန္ဒာအေးနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိသူလို့လည်း လူပြောများသူပါ။

နောက်တော့ သူ့ကိုအာဏာပိုင်တွေက ဖိအားပေးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြိတ်မြို့အဓိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးလှသန်း ဦးကျားမောင် နဲ့ ဦးဌေးမြင့် (ယုဇန) တို့ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုကနေ သင်္ဘောမငှားဖို့ ဖိအားပေးတယ်လို့ ဆိုပါတယ်။ ဦးကျားမောင်နဲ့ ဦးဌေးမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေပါ။

ဒီလိုနဲ့ သင်္ဘောမငှားဖြစ်တော့ကြောင်း ၂၂ နေ့မှ ပိုင်ရှင်က အကြောင်းကြားတယ်လို့ဆိုပါတယ်။

ဦးတေဇမှာ စူပါယော့လေးတစ်စီးရှိပါတယ်၊ အင်မတန်ကောင်းတဲ့ ဇိမ်ခံသင်္ဘောလေးပါ။ ကျနော်တို့မသိပေမဲ့ သူတို့ချင်းရှိနေတဲ့ လမ်းကြောင်းတစ်ခုကနေ ဦးတေဇက သူ့သင်္ဘောလေးကို အသုံးပြုဖို့ ပေးတယ်လို့ ကြားရပေမဲ့ ဘာကြောင့်မှန်းမသိ ဒီအစီစဉ်လည်း တစုံတရာအကြောင်းကြောင့် ပျက်သွားရပြန်သတဲ့။

ဒါနဲ့ပဲ မြိတ်က အင်န်အယ်ဒီတာဝန်ရှိသူတွေဟာ သူတို့တတ်နိုင်တဲ့ပုံစံနဲ့ ဒေါ်စုရဲ့ခရီးစဉ်ကို စီစဉ်ပါတယ်။ သူတို့စီစဉ်ထားတဲ့ စက်လှေဟာ ၁ နာရီကို ရေမိုင် ၇.၅ မိုင်သာ သွားနိုင်ပါတယ်၊ မြိတ်နဲ့ စခန်းသစ်ဟာ ရေမိုင် ၃၀လောက်ရှိပြီး စခန်းသစ်နဲ့ ကံမော်က ရေမိုင် ၂၀ကျော်ကျော်ရှိပါတယ်။ ဒီထက်ပိုဆိုးတဲ့ တိုက်ဆိုင်မှုက လေယာဉ်ချိန်က တင်ကြိုတွက်ဆထားတဲ့ အချိန်မဟုတ်ပဲ အတော်လေးနောက်ကျပြီးမှ မြိတ်မြို့ကို ဆိုက်ရောက်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ထုံးစံအတိုင်း သာမန်နောက်ကျမှုပဲလား တမင်ပဲနောက်ကျတာလားဆိုတာက ယေဟိုးဝါး အရှင်တော်ပဲ သိပါတော့မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စဉ်းရုံးရေး ခရီးစဉ်တွေကို နှောက်ယှက်တာ အကြိမ်ပေါင်းများပြီမို့ သိပ်မထူးဆန်းတော့ပေမဲ့ အခု မြိတ်ခရီးစဉ်မှာ ဘာလို့ဒီလိုပြင်းထန်ရသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

တနင်္သာရီတိုင်းဟာ တခြားတိုင်းဒေသတွေနဲ့ မတူပဲ ပြည်ခိုင်ဖြိုးရဲ့ သီးသန့်တိုင်းပါ။ အားလုံး ကြံ့ဖွံ့တွေချည်းမို့ ကြံ့ဖွံ့လက် ကြံ့ဖွံ့ခြေ လုပ်ချင်ရာလုပ်လို့ရတဲ့ တိုင်းပေါ့။ တိုင်းဝန်ကြီးချုပ် ဦးခင်ဇော်ပြုတ်သွားတာလဲ သူ့ပါတီဝင် အမတ်တွေကပဲ သမ္မတကို တိုင်လို့ပါ။ တိုင်းလွှတ်တော်လဲ ခေါ်တယ်လို့ မကြားဖူးပါဘူး (ခေါ်ချင်လဲခေါ်ပါလိမ့်မယ် ကျနော်တို့မကြားတာသာ ဖြစ်ပါလိမ့်မယ်)။ ပြောရမယ်ဆို အတိုက်အခံဆိုလို့မရှိဘူး။

အဲဒီလိုအခြေနေမှာ အင်န်အယ်ဒီကသာ လွှတ်တော် အမတ်တွေရှိလာမယ်ဆိုရင် တနင်္သာရီတိုင်းမှာ အတိုက်အခံ ဆိုတာရှိလာပြီပေါ့၊ ကြံ့ဖွံ့တွေအတွက် လက်ရှိအခြေနေထက် လုပ်ရကိုင်ရ ခက်တာမျိုးတွေ ကြုံလာမှာအမှန်ပဲ။ ဒီလိုအခြေနေမျိုးကို သူတို့မကြိုက်တာ။

လောင်းလုံကို ဒေါ်အောင်ဆန်းစုကြည်သွားတော့ ရုတ်တရက်မို့ သူတို့ဘာမှမလုပ်နိုင်ခဲ့ဘူး၊ မြိတ်ကတော့ ဒီလိုမဟုတ်ဘူး ဘာလုပ်ရမယ်ဆိုတာ သူတို့ပြတ်ပြတ်သားသားသိသွားပြီမို့ မိုက်မိုက်ကန်းကန်းပဲ တီးထည့်လိုက်တော့တာပဲ။

အမေစုဖျားတောင်ဖျားသွားရှာတယ်။

ဝယ်သားတွေကတော့ မဟာပြိုင်ဘက် ဘိတ်သားတွေကို လက်ညိုးတွင်တွင်ထိုးလို့ ရေကန့်လန့် လူဖလာ ဘိတ်သားရိုင်းတွေတဲ့..

mmcpမှ mokenlayအားကျေးဇူးတင်ရှိပါသည်.

0 မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု


မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု

ပြည်ပရောက် မျိုးချစ်မြန်မာများစုပေါင်း ဖွဲ့စည်းထားသော Patriotic Award Committee မှ ပထမ ဦးဆုံးအကြိမ် ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အသက်၊ သွေး၊ ချွေး ရင်းပြီး လုပ်ကိုင်နေကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်သော မျိုးချစ်ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားအား ၂၆.၃.၂၀၁၂ ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

Patriotic Award Committee အား ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက် မြန်မာများနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယ နှင့် နာယကဖြစ်သည်။ Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌ အခြေစိုက် တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်အား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်း ဆောင်များအတွက် ဆုတံဆိပ်အား အချိန်မီရရှိခဲ့သော်လည်း ဒေါ်ရွှေဇီးကွက်အတွက် ဆုတံဆိပ်အား အချိန်မီ မပေးအပ်နိုင်ကြောင်းနှင့် လပိုင်း (သို့) နောက်နှစ်အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည့်အကြောင်း အရှင်မေတ္တာစာရမှ မိန့်ကြားခဲ့သည်။ မျိုးချစ်ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့သည် အွန်လိုင်းလူမှုကွန်ယက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ မျိုးချစ်ဂုဏ်ရည်ဆုအား နိုင်ငံတကာရောက် မျိုးချစ်မြန်မာများ မှ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။ လူမျိုးခြား၊ ဘာသာခြားများလည်း ပါဝင်ခဲ့ သည်။ ဆရာတော် အရှင်မေတ္တာစာရ၏ အမှာစကားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူမှ ဖတ်ကြားရာတွင် မျိုးချစ်ဂုဏ်ရည်ဆုနှင့်ပတ်သက်၍ အမျိုးချစ်တာနှင့် တမျိုးသားလုံးကို ချစ်တာကို မရောစေသင့်ကြောင်း၊ ကွဲကွဲပြားပြားသိသင့်ကြောင်း၊ ရှမ်း - မွန် - ရခိုင် - မြန်မာ - ကချင် - ကယား - ကရင်တို့ကို ချစ်တာဟာ တစ်သီးပုဂ္ဂလ လူမျိုးစွဲ၊ အမျိုးစွဲအား ချစ်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး စသည့်ဘာသာတရားများကို ချစ်မြတ်နိုးခြင်းသည် တစ်သီးပုဂ္ဂလ အယူဝါဒများကို ချစ်မြတ်နိုးခြင်းသာဖြစ်ကြောင်း၊ ယခုပေးအပ်ချီးမြှင့်သည့် မျိုးချစ်ဂုဏ်ရည်ဆုသည် ယင်းတို့နှင့် ပတ်သက် ဆက်နွယ်မှုမရှိကြောင်း တမျိုးသားလုံးနှင့် သက်ဆိုင်သော ဆုတစ်ဆုဖြစ်ကြောင်း၊ အသက် - သွေး - ချွေး များနှင့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်ကြောင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်း စသည့်စကားများကို အရှင်မေတ္တာစာရ ကိုယ်စား ဦးကျော်သူမှ ဖတ်ကြားသွားခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား နာရေး ကူညီမှုအသင်း(ရန်ကုန်) ရာသက်ပန်အသင်းသား တေးသံရှင် ကိုဆောင်းဦးလှိုင်မှ ဂုဏ်ပြုဆုငွေ ချီးမြှင့် ပေးခဲ့သည်။ ၈၈ ကျောင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသော လေ့ကျင့်သင်ကြားရေးခန်းမအတွက် စားပွဲ ပါစာသင်ခုံ အလုံး (၂၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် လ/ထ အုပ်ချုပ်ရေးမှူး ဒေါ်စောသဉ္ဇာစိုး တို့မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်း ကိုနိုင်၊ ကိုကိုကြီး၊ မမီးမီးတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံရောက် ဦးသက်တင် ဇနီး ဒေါ်ရွှေပြည်စိုး (မိသားစု)တို့မှတဆင့် လှူဒါန်းထားသော လည်ကတုံးရှပ်အင်္ကျီနှင့် လုံချည် စုစုပေါင်း အစုံ (၂၀) တို့အား ဆက်လက်လှူဒါန်းပေးခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာတွင် “ယခုလို ပြည်ပမှ မျိုးချစ်မြန်မာများ၏ ချီးမြှင့်သော ဆုကိုရရှိခြင်းသည်။ မိမိတို့အတွက် ခွန်အားတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ယခုအခမ်းအနားတွင် ရောက်ရှိနေသော ၈၈ ကျောင်းသားတစ်ဦးရှိနေကြောင်း၊ ထိုသူအား မိမိတို့အနေဖြင့် ပြန်လည်၍ အသိ အမှတ်ပြုသောအားဖြင့် လည်ကတုံးရှပ်အင်္ကျီနှင့် ကချင်လုံချည်တစ်စုံအား ဂုဏ်ပြုလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်လိုကြောင်း၊ ထိုသူမှာ ဆောင်းဦးလှိုင်ပင်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ကိုဆောင်းဦးလှိုင်အား လက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ မျိုးချစ်ဂုဏ်ရည်ဆု ဂုဏ်ပြုငွေချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ကျေးဇူးတင်စကားပြောကြားခဲ့ရာ “မိမိတို့ထက် ပိုမို၍ အနစ်နာခံ ပေးဆပ်ခဲ့သူများဖြစ်သော ၈၈ ကျောင်းသားအဖွဲ့နှင့် တပြိုင်နက်တည်း ချီးမြှင့်ခံရခြင်း အတွက် များစွာဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိတို့၏ ပေးဆပ်မှုများသည် ၈၈ ကျောင်းသားများ အိပ်နေ သလောက်သာ ရှိပါကြောင်း၊ ထို့ကြောင့် မိမိရရှိခဲ့သော ဂုဏ်ပြုဆုငွေထဲမှ ငွေ (၅) သိန်းကျပ်အား ၈၈ ကျောင်းသားအဖွဲ့အတွက် မိမိမှ ပြန်လည်လှူဒါန်း ပေးအပ်ပါကြောင်း” ပြောကြားခဲ့ရာ အလှူငွေ (၅) သိန်း ကျပ်တိတိအား ၈၈ ကျောင်းသားခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊ ၈၈ ကျောင်းသားအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့သားများအား ကော်ဖီနှင့် မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးကာ မျိုးချစ်ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတော့သည်။

ကိုကျော်သူ

0 ဒံပေါက်ကျွေးပြီး ဘုရားဖူးပို့ပေးမည့် ကြံ့ဖွံ့

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး”ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။

“ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ” ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။

“တကယ်တော့မဲဆွယ်တာတော့ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး”ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(ဇော်ဇော်)-Burma vj medianetwork

0 ကချင်ပြည်နယ်ရှိမြို့နယ်များတွင် ရွေးကောက်ပွဲလုပ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကြေငြာချက်ထုတ်ပြီးတောင်းဆို

Monday, March 26, 2012

0 NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင်

ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။

ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စအား ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။

ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့ ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။ ။

Yangon press international

0 ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ...ဗိုလ်ကြီးဟောင်းနေမျိုးဇင်

0 အနောက်နိုင်ငံအစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်


(The Financial Times မှ 23 March 2012 ရက်စွဲပါ Gwen Robinson ရေးသားသော West points to flawed monitoring in Myanmar ကို ဘာသာ ပြန်ဆိုသည်)

"အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" (အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်း)

အနောက်နိုင်ငံ အစိုးရများက မြန်မာ့ရွေးကောက်ပွဲတွင် စောင့်ကြည့်ပါဝင်ရုံမျှဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဆိုနိုင်ကြောင်း အနောက် သံတမန်များက ဆိုသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မထင်မှတ်သည်များ ဖြစ်ပျက်တတ်မှုနှင့် မသမာမှုများ မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် သံတမန်များနှင့် လေ့လာသူများသည် ကြိုတင်မဲစနစ်ကဲ့သို့သော အကြောင်းအရာများကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ပြောကြသည်။

ယခုရွေးကောက်ပွဲတွင် နိုင်ငံများ ရွေးချယ်၍ ကိုယ်စားလှယ်များ ဖိတ်ကြားခြင်းသည် မည်သူ့ကိုမျှ မဖိတ်ကြားခြင်း ထက်စာလျှင်မူ ပိုကောင်းသည်ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောသည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစ်စုံတစ်ရာ မှားယွင်းခဲ့ပါက အချို့အစိုးရများအတွက် ပြောရဆိုရ ခက်သည့် အခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း ယင်းက သတိပေးခဲ့သည်။

အနောက်နိုင်ငံ သံတမန်များအကြားတွင် စိုးရိမ်နေသော ကိစ္စမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မထင်မှတ်သည်များ ထပ်မံဖြစ်ပွားသွားမည်ကို ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် လစ်လပ်အမတ်နေရာ ၄၈ နေရာစလုံး ပါဝင်ယှဉ်ပြိုင်မည့် NLD ပါတီသည် စည်းရုံးရေး ဆင်းနေသည်မှာ ရက်သတ္တပတ် အတော်အတန် ကြာခဲ့ပြီ ဖြစ်ပြီး ယင်းတို့က ပုံမှန်မဟုတ်သော ကိစ္စများအတွက် တိုင်ကြားမှုများလည်း ပြုလုပ်ခဲ့သည်။ NLD သည် မဲဆန္ဒရှင် စာရင်း ပြုစုမှုကို မေးခွန်းထုတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုလုပ်မှုနှင့် တားဆီးမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ မကြာသေးမီက NLD စည်းရုံးရေးသမားများကို အမည်မသိသူများက တိုက်ခိုက်ခြင်းမျိုး ဖြစ်ပွားခဲ့သေးသည်။

အီးယူနှင့် အမေရိကန်တို့က ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုသည် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးအတွက် အရေးပါကြောင်း ပြောကြား ထားသည်။ ယင်းတို့၏ စံများနှင့် ညီညွတ်စေရန် အစိုးရသည် အတိုက်အခံက စိုးရိမ်သည့် ကိစ္စများကို ကြိုးစားကိုင်တွယ်လျက် ရှိရာ အချို့ကိစ္စများတွင် အာဏာပိုင်များအား စည်းကမ်းအရ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲကို လေ့လာရန် ဖိတ်ကြားခြင်းသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခု ဖြစ်သော်လည်း မှန်ကန်သော အဓိပ္ပာယ် ကောက်ယူမှု ရှိသင့်ကြောင်း ဘန်ကောက်အခြေစိုက် အီးယူ၏ မြန်မာဆိုင်ရာ သံအမတ် ဒေးဗစ် လစ်မန်းက ပြောသည်။ "အခု ဖိတ်ကြားတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ မဟုတ်ပါဘူး။ လေ့လာရေးခရီး ထွက်တာနဲ့ ပိုတူနေပါတယ်။ ပုံမှန်ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတအောင် မြင်သာထင်သာ ရှိအောင် လုပ်တဲ့ ကြိုးစားမှုတွေကို ကြိုဆိုရပါမယ်" ဟု ဆိုသည်။

အီးယူအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို စည်းမျဉ်းစည်းကမ်းအနေဖြင့် ကြည့်ရှုမည် မဟုတ်ကြောင်း အခြား အီးယူသံတမန်တစ်ဦးက ပြောသည်။ မြန်မာ့ရွေးကောက်ပွဲကို စွမ်းအားပြည့် စောင့်ကြည့်လိုပါက ဆန္ဒမဲပြားများ ရိုက်နှိပ် ဖြန့်ဝေခြင်းအပါအဝင် အစမှစ၍ အားလုံးကို ကြည့်ရှုမှ ရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ အစိုးရကမူ အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် ကနေဒါတို့ကိုလည်း ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် ဖိတ်ကြားကြောင်း ကြာသပတေးနေ့က ဆိုသည်။

အမေရိကန်ကလည်း ရွေးကောက်ပွဲကို စောင့်ကြည့်သည့် အခွင့်အလမ်းကို အရယူမည် ဖြစ်သော်လည်း လုပ်ငန်းစဉ်များ၏ ပွင့်လင်း မြင်သာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း လူသိရှင်ကြား ပြောခဲ့သည်။ "ပထမဆုံး ခြေလှမ်းကောင်းတစ်ရပ်ပါပဲ။ အရင်ကဆို နိုင်ငံတကာက လေ့လာသူတွေကို မဖိတ်ဘူးလေ။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းမှုတွေကိုတော့ စံမမှီသေးပါဘူး" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက ပြောသည်။

transparencymyanmar2010

0 တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း ရဲဝင့်စွာ ရင်ဖွင့်ပြတဲ့ ရေတပ်သား ကိုသူရိန်(အပိုင်း- ၂)


ယခုနောက်ဆုံး ကြားသိရသော သတင်း အရ ထိုရဲဘော်လေး သူရိန်ဝင်း မှာ သန်လျင် သီလ၀ါရေတပ်စခန်း ဌာနချုပ်မှ တပ်ပြောင်းပါသွားသည်ဟုသာ ကြားရပြီး ရခိုင်ဘက်လိုလို အခြားနယ်မြို့ကို ပို့လိုက်သလိုလိုဖြင့် ဆက်သွယ်မှု ပြန်မရတော့ပါ။ တပ်မတော်တွင်းမှ မျိုးချစ်စစ်သားများ အနေဖြင့် တပ်သားသူရိန်ဝင်း အသက်ရှင်လျှက် ရှိမရှိ ၀ိုင်းဝန်းကူညီစုံစမ်းပေးစေလိုပါသည်..

ကိုနေမျိုးဇင်
အပိုင်း(၁)ကို ဒီနေရာမှာ ကြည့်ရူနိုင်ပါတယ်..

Sunday, March 25, 2012

0 ကချင်မှာ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပနိုင်ရသလဲ


By: မန်ကျည်ဒိန်ယိန်း

ကချင်ပြည်နယ်က ဖားကန့် မိုးကောင်း ဗန်းမော် မဲဆန္ဒနယ် ၃ ခုကို လုံခြုံရေးမကောင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိတဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်က ဗြုံးစား ကြေညာလိုက်တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၅ နေရာသာ ကျန်တော့တယ်။ တနည်းပြောရရင် ပြည်သူ့လွှတ်တော်မှာ ကြားဖြတ်အတွက် နေရာ ၄၀ လစ်လပ်နေရာကနေ ခု ၃၇ နေရာသာ ကျန်တော့တယ်ဆိုတဲ့ သဘောဖြစ်တယ်။

လုံခြုံရေးမကောင်းဘူးလို့ အစိုးရကပြောပေမဲ့ ကေအိုင်အေကတော့ ကချင် မဲဆန္ဒနယ် ၃ နယ်မှာ ဘာမှလုံခြုံရေးပြဿနာမရှိဘူးလို့ပြောတယ်။ ဘယ်သူတွေဘယ်လိုပြောပြော လုံခြုံရေးမကောင်းဘူးဆိုတာကို ကောင်းပါတယ်ပြောဖို့ သက်သေပြဖို့ ကေအိုင်အေလဲ မတတ်နိုင်ပါ။ ကေအိုင်အေက လုံခြုံရေးကောင်းတယ်ဆိုရင် ခုချက်ခြင်း ဦးသိန်းစိန်အစိုးရက ဗုံးပေါက်ပြနိုင်တာမို့ မဟုတ်မှန်းသိသိနဲ့ ခံကြရမှာဖြစ်တယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ ဘာကြောင့် အကောက်ကြံသလဲ ဆန်းစစ်ကြည့်သင့်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နယ်မြေတွေကို လေ့လာကြည့်ရင် လစ်လပ်နေရာအားလုံး ပြည်သူ့လွှတ်တော်မှာသာ ဖြစ်ပါတယ်။

နိုင်ငံရေးရှုထောင့်ကကြည့်ရင် ကချင်ပြည်နယ်ဟာ ဦးသိန်းစိန်အစိုးရအတွက် လောလောဆည် ဆူးညောင့်ဖြစ်နေပါတယ်။ ကေအိုင်အေကို အစိုးရလိုချင်သလို ပုံသွင်းကြိုးကိုင်လို့ မရတဲ့အတွက် ဘာလုံခြုံရေးပြဿနာမှ မရှိတဲ့ ကချင်မဲဆန္ဒနယ် ၃ ခုကို ကြားဖြတ်ရွေကောက်ပွဲ ကျင်းပခွင့်ပိတ်ပြီး ကေအိုင်အေကို ဒဏ်ခတ်ဘို့ ဦးသိန်းစိန်အစိုးရက တွက်ချက် ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

ကေအိုင်အေကို ပစ်မှတ်ထားပြီ

ဒေါက်တာတူးဂျာက မိုးကောင်းကနေ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒေါက်တာတူးဂျာဟာ ဘာနာမယ်နဲ့ ပါတီဖွဲ့ဖွဲ့ စင်စစ် ကေအိုင်အေနဲ့ ဆက်စပ်တယ်ဆိုတာ အများအသိဖြစ်တယ်။ ဒါကြောင့် ကေအိုင်အေကို ဒဏ်ခတ်ဘို့ဆိုရင် လွှတ်တော်နိုင်ငံရေးကို အာသာငမ်းငမ်း ၀င်ချင်နေတဲ့ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်မှဖြစ်မယ်။ ဒေါက်တာတူးဂျာကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ဒဏ်ခတ်ဘို့အတွက် သူပြိုင်မဲ့ မိုးကောင်းမဲဆန္ဒနယ်ကို ပိတ်နိုင်ဘို့ အစိုးရက အကောက်ကြံရမှာဖြစ်တယ်။

ဒီနေရာမှာ ရွေးကောက်ပွဲကော်မရှင်က တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း ၀င်ခွင့်မပေးရင် မဖြစ်ဘူးလားလို့ မေးစရာရှိပါတယ်။၂၀၁၀ မတိုင်တုံးက နိုင်ငံရေးအခြေအနေက စစ်အစိုးရစိတ်ကြိုက် လုပ်ချင်သလို လုပ်ခွင့်ရထားတာမို့ တူးဂျာတို့ပါတီကို နယ်ခြားစောင့်တပ်နဲ့ အလဲအလှယ်လုပ်မရတဲ့အဆုံး ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ပါတီထောင်ခွင့် ပိတ်ခဲ့တယ်။ တခါ တသီးပုဂ္ဂလအမတ်လောင်းလျှောက်တော့လဲ အကြောင်းပြချက်မရှိပဲ တူးဂျာကို ပယ်ခဲ့ပြီးဖြစ်တယ်။ အဲဒီတုံးကလဲ အောင်သောင်းဦးစီးပြီး အကောက်ကြံခဲ့တာ ဖြစ်တယ်။

ခုကျတော့ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်က ကချင်အပေါ် အာရုံစိုက်နေချိန်ဖြစ်တယ်။ ဒေါ်စုကြောင့် အစိုးရမှာ လဲဂျီင်္တီမေစီ ရနေချိန်ဖြစ်တယ်။ အာဆီယံဥက္ကဌအတွက် သိက္ခာတက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ ကချင်ပြည်တွင်းစစ် အရေးအခင်းကလဲ နိုင်ငံတကာသိဖြစ်နေတယ်။

ဒါကြောင့် တူးဂျာကို တသီးပုဂ္ဂလအမတ်လောင်း လျှောက်တာ ရွေးကောက်ပွဲကော်မရှင်က ပယ်ချရင် ပေါ်တင်ဖြစ်နေမယ်။ လက်စားချေတယ်ဆိုတာ သိပ်ကိုထင်ရှားပြီး အများအာရုံစိုက်စရာဖြစ်မယ်။ ဒီမှာတင် မိုးကောင်းမဲဆန္ဒနယ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ကြားဖြတ်မကျင်းပဖြစ်ကြောင်း ကြေငြာရင် တူးဂျာပါ အလိုလို သတ်ပြီးဖြစ်မယ်။ နိုင်ငံရေးထဲ သိပ်ဝင်ချင်နေတဲ့ ကေအိုင်အိုကို နိုင်ငံရေးက ပထုတ်ပြီး မခံချင်အောင်လုပ်တဲ့သဘောပဲ။

အန်အယ်ဒီပါ ဒဏ်ခတ်ပြီ

မိုးကောင်းတခုထဲကွက်ပီး ကြားဖြတ်ရွေးကောက်ပွဲမလုပ်ရင် အမြင်မလှတဲ့အတွက် ဖားကန့်နဲ့ ဗန်းမော်ပါထဲ့မှ ကချင်ကေအိုင်အေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်သလိုလို အပြစ်တင်ဖို့ အကွက်ရမယ်။ င်္ဒီမှာတင် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို လုံခြုံရေးမကောင်းဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဖျက်လိုက်တာဖြစ်တယ်။

ဒီနေရာမှာ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ ကြံ့ဖွံ့ပါတီက အမတ်လောင်း ၃ ဦးပါ ပါနေတဲ့အတွက် ကိုယ့်ဘက်က ဘယ်လောက်အထိနာမလဲပါ ဦးသိန်းစိန်အစိုးရကတွက်မှာဖြစ်တယ်။ တကယ်တော့ လစ်လပ်နေရာ ၄၈ နေရာလုံးမပြိုင်လဲ ကြံ့ဖွံက လွှတ်တော်မှာ အသာစီးရနေမှာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းအတွက် ရည်စူးလို့သာ နိုင်ထားတဲ့ မဲဆန္ဒနယ်တွေ လက်မလွတ်အောင် ခုလို သူ့အမတ်လောင်းတွေ ပြိုင်ခိုင်းတာဖြစ်တယ်။

တူးဂျာနဲ့ ကေအိုင်အေကို ပညာပေးဖို့အတွက် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံး မကျင်းပတဲ့အတွက် ဆွမ်းခံရင်း ငှက်သင့်တာ အန်အယ်ဒီဖြစ်တယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးမှာ အန်အယ်ဒီက ၀င်ပြိုင်တဲ့အတွက် အမတ်လောင်း ၃ ဦး မပြိုင်ရပဲ ဆုံးရှုံးသွားတယ်။ အမေရိကန်မှာ သွားပီးအာချောင်တဲ့ NDF ပါတီ ဒေါ်ဘောက်ဂျာကိုပါ အစိုးရက ကြိုက်ပုံမရတဲ့အတွက် သူ့ကိုပါ အလိုလို နိုင်ငံရေးသတ်ပြီးသားဖြစ်သွားမယ်။ ဒါကြောင့် ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ ခုလုံးကို ရွေးကောက်ပွဲမကျင်းပတဲ့အတွက် အစိုးရဖြစ်စေချင်တာတွေ တချက်ခုတ် ၃ ချက်ပြတ် ကိစ္စပြီင်္းသွားတယ်လို့ ဆိုနိုင်တယ်။

အန်အယ်ဒီဘက်တွက်ရင် ကချင် ၃ နေရာ လက်လွှတ်ရတဲ့ပြင် စစ်ကိုင်း (၇) က ဦးစောလှိုင်ကိုပါ ကော်မရှင်က ထုတ်ထားတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက ၄ နာရီ လွတ်သွားတယ်။ တနည်းပြောရရင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရဲ့ ၈% ကို မပြိုင်ရဘဲ လက်လွတ်ဆုံးရှုံးသွားတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ အမတ်ဖြစ်ပြီးသား မြတ်ဥာဏစိုးကို အချောင်ရတဲ့အတွက် ၃နေရာသာ ဆုံးရှုံးတယ်လို့ ကြံဖန်ပြောရင်လဲရတယ်။

ကျန်ပါတီတွေပိုအထိနာ

လစ်လပ်နေရာ ၄၈ နေရာလုံး ၀င်ပြိုင်နိုင်တာ ကြံ့ဖွံနဲ့အန်အယ်ဒီသာရှိတာမို့ ရာခိုင်နှုန်းနဲ့တွက်ရင် အမတ်နေရာနည်းနည်းသာပြိုင်နိုင်တဲ့ပါတီတွေ ဥပမာ NDF တို့ NUP တစညတို့လို ပါတီတွေအဘို့ ကချင်မှာ ဆုံးရှုံးမှု ပိုကြီးမားတာ သေချာနေတယ်။

ဒါကြံ့ဖွံပါတီဘက်က ညစ်ကွက်တခုသာဖြစ်တယ်။ နောက်ထပ်လာစရာတွေ အများကြီး မှန်းထားသင့်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ကချင်ပြည်နယ်မှာ ၈၉ အုပ်စုရှိတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စုစာရင်းကိုတော့ ကော်မရှင်က ခုထိ မထုတ်ပြန်သေးပါ။

ကြားဖြတ်မကျင်းပနိုင်တဲ့ တခြားနယ်မြေတွေ

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ ရှိတယ်လို့ ကြေငြာရတာကိုက အစိုးရအဖို့ နိုင်ငံရေး တပန်းရှုံးတယ်။ ငြိမ်းချမ်းရေးစကား ဘယ်လောက်ကြီးပြောနေနေ ပြည်တွင်းစစ်ရှိနေတယ်ဆိုတာ ၀န်ခံရာရောက်တယ်။ တကဲ့ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲဖြစ်တယ်ဆိုတာ ပြသရာရောက်တယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့-

-ကချင်ပြည်နယ်မှာ အင်ဂျန်းယန် ၂ နဲ့ ဆွမ်ပရာဘွမ် ၂ တို့ဖြစ်တယ်။

-ရှမ်းပြည်နယ်မှာ မိုင်းလား၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်း ၅ မြို့နယ်ဖြစ်တယ်။ ထူးခြားချက်က မိုင်းလားမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းသူမရှိဘူးလို့ သိရတယ်။

၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေကတော့

-ရှမ်းပြည်နယ်မှာ ၁၀ မြို့နယ်ရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နဲ့ လုံခြုံရေးအခြေအနေ

၂၀၁၀ ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ ကျင်းပဘို့ အခြေအနေမရှိတဲ့ ပြည်နယ်တွေက ကချင် ကယား ရှမ်း မွန်နဲ့ ကရင်ပြည်နယ်တွေ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေက ရှမ်းပြည် ၀နယ်မှာ လေးမြို့နယ်ရှိပါတယ်။ ပန်ဆန်း နားဖန်း ပန်ဝိုင် မိုင်းမော လေးမြိုနယ်ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက မဲဆန္ဒနယ်တခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်တာဆိုလို့ ၀ လေးမြို့နယ်သာ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရဆိုရင် ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်းက ကချင်ပြည်နယ်မှာ ၆၈၊ ကယားမှာ ၉ အုပ်စု ရှမ်းပြည်နယ်မှာ ၅၉ အုပ်စု မွန်ပြည်နယ်မှာ ၉ အုပ်စုနဲ့ ကရင်ပြည်နယ်မှာ ၁၅၅ အုပ်စုရှိပါတယ် စုစုပေါင်း ပြည်နယ် ၅ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၃၀၀ ရှိပါတယ်။

ကချင်ပြည်နယ်ကိုလေ့လာကြည့်တဲ့အခါ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စုရှိပါတယ် ၀ိုင်းမော် အင်ဂျန်းယန် ဆော့လော် ချဖွေ တနိုင်း ဆွမ်ပရာဘွမ် မန်စီ မိုးမောက်နဲ့ ရွှေကူ ၉ မြို့နယ်ထဲက ကျေးရွာအုပ်စုတွေပါ ပါဝင်တယ်။

ဒီ ၉ မြို့နယ်ဟာ အထူုးသဖြင့် ကချင်အပစ်အခတ်ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အို အုပ်ချုပ်နေတဲ့ဒေသတွေဖြစ်တာမို့ ခုလို ရွေးကောက်ပွဲ မလုပ်နိုင်တာလို့ ယူဆတဲ့အကြောင်း ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့တခုဖြစ်တဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်းက ယူဆတယ်။

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ကြေငြာထားတဲ့ ကျေးရွာအုပ်စုတွေဟာ ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေလို့ ဦးဇခုန်တိန့်ယိန်းပြောတဲ့အတွက် စစ်အစိုးရ ရွေးကောက်ပွဲတွေကို ကေအိုင်အိုနယ်မြေတွေမှာ လက်မခံဘူးဆိုတဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကေအိုင်အိုကတော့ ကချင်ပြည်သူတွေကို ရွေးကောက်ပွဲအတွက် မဲပေးပါလို့ တိုက်တွန်းတာမရှိသလို ကန့်ကွက်ပါလို့လဲ တိုက်တွန်းမထားပါဘုးလို့ ကေအိုင် ဒု နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးလွန်းဒေါင်းက ထောက်ပြခဲ့တယ်။

ကရင်ပြည်နယ်ကိုကြည့်မယ်ဆိုရင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ ခုရှိပါတယ်။

အဓိကမြို့နယ်တွေက ဖားအံ လှိုင်းဘွဲ့ သံတောင်ကြီး မြ၀တီ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ၆ မြိုနယ်ဖြစ်ပါတယ်။ ဒီမြို့နယ်တွေက ကျေးရွာအုပ်စုတွေဟာ ကေအန်ယူ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်လို့ စစ်အစိုးရဘက်က ရွေးကောက်ပွဲမလုပ်ဘို့ ရှောင်သလား မသိရပေမဲ့ ကေအန်ယူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူ တပ်မှူးတဦးက ပြောတယ်။

၁၉၉၀ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေတွေ

၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ရှမ်းပြည်နယ် ၆ မြို့နယ်ဖြစ်တဲ့ ကုန်းကြမ်း။ နားဖန် ပန်ဝိုင် ပန်ယန်း မိုင်းမောနဲ့ မန့်ဖန် မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး- သဘောကတော့ ၀ထိန်းချုပ်တဲ့ နယ်မြေအတော်များများမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ပြန်ကြည့်ရင် ၁၉၈၉ မှာ ဗပက ပြိဲုကွဲပီး ၀နဲ့ကိုးကန့်စတဲ့ လက်နက်ကိုင်တွေ ခွဲထွက်ပီး တစင်ထောင်တဲ့အချိန်ဖြစ်ပါတယ်။ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲပီး အနှစ် ၂၀ကျော်တဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ၀နယ်က လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖြစ်ပြန်ပါတယ်။ ဒီထဲမှာ နားဖန်း ပန်ဝိုင် မိုင်းမော် ၃ မြို့နယ်ဟာ ၉၀ ခုနှစ် ရွေးကောက်ပွဲတုံးကလဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေတွေ ဖြစ်နေတာ တွေ့ရပါတယ်။

အစိုးရမျက်နှာပျက်ရပြီ

ချုပ်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ ဆိုတာ နည်းတဲ့ ကိန်းဂဏန်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲနောက်ကွယ်မှာ စစ်အစိုးရဘက်က နိုင်ငံရေးပြေလည်အောင် မကိုင်နိုင်တာကို မီးမောင်းထိုးပြနေသလို ဖြစ်နေတယ်။ တနည်းပြောရရင် ၉၀ ခုနှစ် ရွေးကောက်လုပ်ပီး အနှစ် ၂၀ကျော်ကြာတဲ့ အချိန် နောက်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀ တိုးလာတဲ့သဘော ဖြစ်နေပါတယ်။

ဝအုပ်ချုပ်တဲ့ လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်လို့ ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ်လျော့သွားရုံမက တိုင်းဒေသကြီးမဲဆန္ဒနယ် အရေအတွက်ပါ လျော့သွားတာမို့ စစ်အစိုးရအဘို့ မျက်နှာပျက်စရာ ဖြစ်သွားတာ မငြင်းနိုင်တဲ့အချက်ပါ။

ပိုဆိုးတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်ထဲက လေးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်ရုံမက ကျန် ၂ မြို့နယ်မှာလဲ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေရှိပါတယ်လို့ ထပ်မံကြေငြာရတဲ့အတွက် အစိုးရအဘို့ မျက်နှာပျက်စရာဖြစ်ခဲ့တယ်။



Swe Swe kyi Facebook

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့်မကွေးတိုင်းခရီးစဉ်ကိုဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်သို့ စတင်ထွက်ခွာသည့် နံနက်ပိုင်းကပင် သွေးပေါင်များကျဆင်းနေပြီး ဆေးသွင်းစဉ်ခဏသာ ပေါင်ပြန်တက်ပြီး ခရီးထွက်စဉ် ပြန်ပြန်ကျနေသည်ဟု သိရသည်။ သွေးပေါင်ကျသည့်အပြင် အဖျားလည်း ရှိနေသောကြောင့် သူမ၏ဆရာဝန်နှင့် NLD တာဝန်ရှိသူများက ခရီးဆက်လက်မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်ခရီးစဉ်အတွင်း မကြာခဏ အန်နေသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (7days news journal)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.