Wednesday, March 28, 2012

0 အောင်ပန်းမြို့ကြံ့ဖွံ့ ပါတီမှ ကိုယ်စားလှယ်လောင်းဦးမြဝင်းအများပြည်သူအသုံးပြုနေသော လမ်းအား ဥပဒေမဲ့ စည်းကမ်းမဲ့  သံတန်းများပိတ်၍ ဆိုင်းဘုတ်ထောင်




အောင်ပန်းမြို့ ၌ကြံ့ဖွံ့ ပါတီမှ ကိုယ်စားလှယ်လောင်းဦးမြဝင်းဆိုသူသည်ဥပဒေမဲ့ စည်းကမ်းမဲ့  အများပြည်သူ
အသုံးပြုနေသော လမ်းအား ဆိုင်းဘုတ်ထောင်ရန် သံတန်းများပိတ်၍ဗထူးကျောက်တိုင်အနီး၌ မတရားအာ
ဏာသုံး၍ ပြုမူနေပါသဖြင့် ပြည်သူများ၏ သွားရေးလာရေးမှာ အခက်အခဲများနဲ့ကြုံနေရပါသည်။ ထို့ကြောင့်
အာဏာရှင်အကြွင်းအကျန်များ၏ ထင်သလိုပြုမူနေပုံများကို ကလောမြို့နယ် (အောင်ပန်း )မှစည်ပင်ရုံးမှ တာဝန်ရှိသူများကလည်း မသိကျိုးကျွံပြု၍နေသည်မှာ ဒီမိုကရေစီစနစ်ကို သမ္မတကြီး ဦးသိန်းစိန်မှ အမှန်တစ်ကယကျင့်သုံးနေပါရဲ့လားဟု သံသယဝင်စရာဖြစ်နေပါသည်။

၎င်း ကြံ့ဖွံ့ ဆိုင်းဘုတ်မှာ လည်း အောင်ပန်းမြို့  အမှတ် ( ၄ )ရပ်ကွက်မဲရုံနှင့် ကိုက်သုံးရာ ခန့် သာ ကွားဝေးပါသည်။မဲရုံမှ ကိုက် ငါးရာအတွင်း ကြော်ငြာစာရွက်စာတမ်း ချိတ်ဆွဲထားခြင်းပြုလုပ်ပါက ပုဒ်မ ( ၆၁ )နှင့် ပုဒ်မ ( ၆၂ ) နှင့် ငြိစွန်း နေပါသည်။ရဲအရေးပိုင်အမှုလည်းဖြစ်နေပါသည်။ထောင်ဒဏ် သုံးနှစ် (သို့ မဟုတ် ) ဒဏ်ငွေ သုံးသိန်း ( သို့ မဟုတ် ) ဒဏ် နှစ်ရပ်လုံးကိုချမှတ်နိုင်သော ပြစ်မှုဖြစ်ပါသည်။

သတင်းပေးပို့သော ဝေယံဝင်းဇော်အားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.