Thursday, March 29, 2012

0 မင်းကင်းမြို့ နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်း သတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက်မှု များ ရှိနေသည်ဟု သိရှိရ


မအူပင်မှာ လမ်းခင်းပေးမယ် မီးသွယ်ပေးမယ် ဆိုပြီးမဲဆွယ်ထားတဲ့ ပိုစတာပါ . . .
နမူနာပါပဲ . . ဒေါက်တာမျိုးသန့်တင် . .
မဲ မပေးရင် မခင်းဘူး။
မလင်းဘူး။ပေါ့လေ . . .
တော်တော်ကြောင်တဲ့ မဲဆွယ်မှု ။


မင်းကင်းမြို့နယ် အတွင်း ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းသတင်းယူရာ၌ ချိန်းချောက်နှောင့်ယှက် မှုများ ရှိနေသည်ဟု ဒေသခံသတင်းထောက်များ၏ ပြောပြ ချက်အရ သိရှိရပါသည်။ ``ကျွန်တော်တို့က ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလ အတွင်းမှာ သတင်းယူဖို့ မင်းကင်းမြို့ကိုသွားခဲ့တယ်။ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ တွေ့ ဖို့ ကြိုးစားခဲ့ပါတယ်။မင်းကင်းမြို့မှာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်ပြီးပြုလုပ်တဲ့ မျက်စိဝေဒနာရှင် များအတွက် အခမဲ့ မျက်စိစမ်းသပ်ခြင်းနှင့်မျက်မှန်လှူဒါန်းခြင်း ပွဲကို သွားပြီး သတင်းယူတယ်။ အဲဒီမှာပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်း ကလည်းတက်သဗျ။ သူ့ကို ဗျူးဖို့သွားတော့ သူက အဲဒီပွဲ တက်ဖို့ သွားတော့လိုက်ခဲ့တယ်။ သူ့ ကိုပြောတယ်။ ကျွန်တော် မှတ်တမ်းယူမယ်ဆိုတော့ ယူပါတဲ့ ။ဒါနဲ့ ဓါတ်ပုံ ရိုက်တယ်။ အသံတွေ ယူတယ်။ ဒါကို ရဲ ကလာပြီး မေးတယ်။ ဘယ်ကလဲ တဲ့ ။ ဒါနဲ့ ပြန်ဖြေတယ်။------မီဒီယာ ကသတင်းထောက်ပါ လို့ ပြောလိုက်တယ်။ ဒါကို အသက်၊ မှတ်ပုံတင် ၊နေရပ်လိပ်စာ အတိ အကျ ။အဲလို တွေ လျှောက်မေးနေတယ်ဗျာ။ ဒါနဲ့ ပြန်တော့ပြောလိုက်တယ်။ ခများတို့ မေးပုံကထူးဆန်းတယ်လို့ ၊ ဧည့်စာရင်းစစ်သလိုပဲ လို့ ။ အဲလိုဆိုတော့ လူကြီးမေးရင် ပြန်ဖြေ ရအောင်လို့ ပါတဲ့ ဗျာ။

ခက်ဘူးလား ။နောက် ကျွန်တော် တို့က ခများတို့ သတင်းယူတာကို မတားဆီးပါဘူး ၊ မနှောင့်ယှက်ပါဘူး တဲ့ဗျ.။ ဒါပေမယ့်ဗျာ သူလာမေးတဲ့ အချိန်ကကျွန်တော်က ဒုဝန်ကြီး ပြောတဲ့စကားတွေကိုလိုက်မှတ် နေတဲ့ အချိန် ၊ ကျွန်တော် အလုပ်လုပ်နေတာ။အနှောင့် အယှက်ဖြစ်တာပေါ့ဗျာ။ ပွဲပြီးမှ မေးပေါ့ဗျာ။ရတာပဲ ။ ကျွန်တော် က တစ်ယောက်ထဲ သွားတာမဟုတ်ဘူးဗျ။ အဖေါ် တစ်ယောက် ပါ သွားသေးတယ်။ အဲဒီကောင်လေးကိုလည်း သတင်းလိုက်မှတ်နေတာကို သူကဘာလဲ ညာလဲ ဆိုတောပြောတယ်။ နောက် အရပ်ဝတ်နဲ့ ကောင်တစ်ယောက်က ဧည့်စာ ရင်း မတိုင်ဘူး ဘာညာ ဆိုပြီးလာလုပ်တယ်။ နောက် ရဲတစ်ယောက်က လာပြီး ဧည့်စာရင်းတော့ တိုင်ပါတယ်ဆိုပြီး လာပြောတယ် ။ ကောင်လေးက လည်းကျွန်တော်နဲ့ လိုက်ခဲ့တာလို့ပြောလိုက်တယ်။ ကျွန်တော် သတင်းယူရာမှာအကူလုပ်ဖို့ ခေါ်ခဲ့တဲ့ကောင်လေးပါ ။ တခြား ဂျာနယ်တွေမှာလည်း စာတွေ ရေးနေတဲ့အလွတ်သတင်းထောက်လေးပါ။ သူလည်းတော်တော် ညစ်သွားတယ်။ ပြည်ခိုင်ဖြိုး ပါတီက အမျိုးသာလွှတ်တော် အမတ်ကသတင်းလေးတော့ ယူပေးပါလို့ မနက်က ပြောတယ်။သွားတော့လည်း စစ်လားဆေးလားနဲ့ဗျာ။ ကျွန်တော်တို့ က မဟုတ်တာလုပ်တာ မဟုတ်ဘူးလေ ။

တရားဝင်သတင်းယူနေတာ။ ဥပဒေနဲ့ မလွတ် ကင်းတာလုပ်နေတာမှ မဟုတ်တာ။ ဒါကသူတို့ပြောသလို တာဝန်အရ ဆိုပြီး သူတို့လုပ်ချင်ရာကိုလုပ်နေမှာလား ။ ဘယ်ဂျာနယ်က သတင်းထောက်လို့ ပြောလိုက်ရင်၊ သတင်းထောက်ဆိုသူ ပြောတာဟုတ်မဟုတ်သိချင်ရင် တိုက်ကို ဖုန်ဆက်အတည်ပြုခိုင်းပေါ့။ နောက်ပြီးတွေ့ကရာနေ ရာမှာ တာဝန် အရဆိုပြီး တရားခံ စစ်စစ်နေတာတွေ က ဒီမိုကရေစီနည်း လမ်းကျမကျ ဆိုတာလူတိုင်းသိပါတယ်။ ဒီလို နယ်ဖက်မှာ ရှိတယ် ခရိုင်အဆင့် ၊မြို့နယ် အဆင့် ဌာနဆိုင်ရာ အရာရှိဆိုတဲ့သူတွေက အရင် စစ်အစိုးရ ရဲ့ ပုံစံ တွေမပျောက်သေးတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် ရင်လေးစရာပါ။ ပြည်သူတွေ ရဲ့ ၀န်ထမ်းတွေက ပြည်သူတွေအပေါ်ကနေ မိုးပြီး အာဏာပြနေကြတော့ ခက်နေတော့တာပေါ့။ ဒီမိုကရေစီ ဆိုတဲ့ ပြည့်သူ့အာဏာကို သမတ ကြီး ပဲ သိပြီး သူ့ရဲ့ အစိုးရ အဖွဲ့အစည်းလက်အောက်က၀န်ထမ်းတွေ မသိသေးတာ ၊မကျင့်သုံးကြသေးတာ။ တော်တော် လေး ရုပ်ဆိုးလွန်းပါတယ်။မကြာမီလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို တာဝန်အရပါဆိုပြီ လွတ်လပ်စွာ သတင်းယူ ခွင့်ကို လာရောက် ထိပါးနေရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာနိုင်ပါ့ မလား ဆိုတာ သံသယ ရှိစရာပါ။ ``ဟု နယ်သတင်းထောက် အောင်သူထွန်း(ကလေးမြို့) ပြောကြားခဲ့ပါသည်။

``ဒီလို အဖြစ်မျိုး တွေက နယ်တွေမှာ ခဏခဏဖြစ်လေ့ ရှိပါတယ်။ ဒီလို တာဝန်အရ ဆိုတာ ကြီး နဲ့ကိုင်ပေါက်ပြီး သူတို့လုပ်ချင်ရာ လုပ်နေတာတွေ အများ ကြီး ရှိတယ်။ စကားနဲရန်စဲ ဆိုပြီး သူတို့ ကိုဘာမှ ပြန်မပြောဘူးဆိုရင် လုပ်ကောင်းတယ် ၊လုပ်လို့ ရတယ်။ သူတို့ ဒီလိုရှောက်လုပ်နေတာ ဥပဒေ နဲ့ ညီတယ်လို့ အယူအကောက်တွေ ရှိ သွားရင်ကျွန်တော်တို့ သတင်းသမား အဖွဲ့အစည်း အတွက် မကောင်းဘူး ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အစိုးရ ၊ ပါတီနဲ့ တစ်နိုင်ငံလုံး သုံးစွဲ နေချိန်မှာအကျင့်ပျက် ၀န်ထမ်းတွေ ၊ ဥပဒေကို တလွဲသုံးနေတဲ့ ၀န်ထမ်းတွေ ရဲ့ တာဝန်အရ ဆိုတာ မျိုး မဖြစ်သင့်တော့ပါဘူး ။ ဒီလို အဖြစ်မျိုးတွေကိုလည်းအသာနေပါကွာ ပြီးသွားမှာပါ ဆိုပြီး ခဏခဏ အသာနေခဲ့ ရင် ကျုပ်တို့လို နယ်သတင်းထောက်တွေ အသေနာ ကုန်မှာ မြင်ယောင်ပါသေးတယ်။ ဒီလိုဆိုရင်နယ်သတင်းထောက် လုပ်ချင်တဲ့သူ ရှားပါး ကုန်လာပါလိမ့်မယ်။ ဒီလို ရင်မဆိုင်ချင်ကြလို့ သတင်းထောက်ရယ်လို့ မလုပ်ချင်ကြတာ များပါတယ်။နယ်သတင်းထောက်တွေ အတွက်တင်မက ပဲ သတင်းထောက်အားလုံး အတွက် အကာအကွယ် ပေးနိုင်တဲ့ အဖွဲ့ အစည်းတွေသမဂ တွေ ပေါ် ပေါက်သင့်နေပါပြီ ။ ``ဟု နယ်သတင်းထောက် တစ်ဦးမှပြောကြားခဲ့ပါသည်။

ချင်းတွင်းကိုကို။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.