Sunday, March 25, 2012

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့်မကွေးတိုင်းခရီးစဉ်ကိုဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၇ ရက်နေ့ အညာဒေသခြောက်မြို့နယ်၊ မကွေးခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်သို့ စတင်ထွက်ခွာသည့် နံနက်ပိုင်းကပင် သွေးပေါင်များကျဆင်းနေပြီး ဆေးသွင်းစဉ်ခဏသာ ပေါင်ပြန်တက်ပြီး ခရီးထွက်စဉ် ပြန်ပြန်ကျနေသည်ဟု သိရသည်။ သွေးပေါင်ကျသည့်အပြင် အဖျားလည်း ရှိနေသောကြောင့် သူမ၏ဆရာဝန်နှင့် NLD တာဝန်ရှိသူများက ခရီးဆက်လက်မထွက်ခွာရန် ဆုံးဖြတ်လိုက်ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်ခရီးစဉ်အတွင်း မကြာခဏ အန်နေသည်ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြော သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (7days news journal)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.