Saturday, November 10, 2012

0 ချောင်းထဲသို့အရောက် အမှိုက်စွန့်ပစ်နေရတဲ့ တာမွေသူများ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာပါ။ လူတွေစည်ကားလှတဲ့ တာမွေအ၀ိုင်းနဲ့ မလှမ်းမဝေးမှာ တည်ရှိနေတဲ့ ရန်ကုန်မြစ်နဲ့ ချိတ်ဆက်နေတဲ့ ပုဇွန်တောင် ငမိုးရိပ်ချောင်းအနား မှာ နေထိုင်နေကြတဲ့ အိမ်ယာသူ၊ အိမ်ယာသားများရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ဤတစ်ပတ် စာဖတ်သူများထံ မျှဝေပေးလိုက်ပါတယ်။

အမှိုက်သိမ်းကားဆိုတာ ဘယ်လို ပုံစံမျိုး မသိ၊ မမြင်ဖူးကြတဲ့ ထိုအိမ်ယာဝန်းထဲမှ အမှိုက်စွန့်ပစ်သူများမှတော့ အိမ်ယာဝန်းမှ တာဝန်ရှိသူများ ချိတ်ဆွဲထားတဲ့ “အမှိုက်များကို ချောင်းထဲသို့ ရောက်အောင် သွန်ပါ” ဆိုတဲ့ စာတန်းလေးကို တာဝန်သိတတ်သူများအဖြစ်

2 သမ္မတအိုဘားမား ချီကာဂိုမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံ(ဘာသာပြန်)

သမ္မတအိုဘားမား ချီကာဂိုမြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံ(ရုပ်/သံ)

ရင် ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတခုဟာ နှစ်ပေါင်း ၂၀၀ ကျော်ကြာတဲ့ ဒီကနေ့ညမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကို အကောင်းဆုံး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့်ကို ရရှိပြန်ပါပြီ။

ဒီလို ရှေ့ဆက်လျှောက်လှမ်းနိုင်တာဟာ ခင်ဗျားတို့ကြောင့်ပါပဲ။ စစ်မက်နဲ့ ဖိစီးမှုတွေကို အောင်နိုင်တဲ့ စိတ်ဓာတ်၊ မျှော်လင့်ချက်တွေကျဆုံးနေတဲ့ အနေအထားကနေ ဒီမျှော်လင့်ချက်တွေ မြင့်မားလာအောင် မြှင့်တင်နိုင်တဲ့ စိတ်ခွန်အား၊ ကျွန်တော်တို့ တဦးချင်း တယောက်ချင်းဟာ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပန်းနေတဲ့တချိန်ထဲမှာပဲ ကျွန်တော်တို့အားလုံးဟာ အမေရိကန် မိသားစုတစုလို နိုင်ငံတခုအနေနဲ့ လူတဦးတယောက်ထဲလို အတူတကွ အောင်မြင်ကြမယ် ကျရှုံးကြမယ်ဆိုတဲ့ စိတ်ဓာတ်၊ ဒီစိတ်ဓာတ်တွေကို ခင်ဗျားတို့က ပြန်ပြီး အတည်ပြုပေးလိုက်တဲ့ အတွက် နိုင်ငံဟာ ရှေ့ဆက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လျှောက်ရမယ့်လမ်း ရှည်လျား ကြမ်းတမ်းနေခဲ့ပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်လမ်းကို ရအောင်ဖောက်ခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်ထူပြီးတော့ လျှောက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရင်ထဲက သိနေတာကတော့ အမေရိကရဲ့ အကောင်းဆုံးအပိုင်းက လာဖို့ရှိနေသေးတယ်ဆိုတာကို ဒီည ရွေးကောက်ပွဲမှာ အမေရိကန်လူထုက ကျွန်တော်တို့ကို သတိပေးလိုက်ပါပြီ။

ပထမဆုံးအကြိမ် မဲပေးတာပဲဖြစ်ဖြစ် မဲပေးခွင့်ရဖို့ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်းခဲ့ရတာပဲ ဖြစ်ဖြစ်

0 မျက်ရည်စိုဝတ်စုံ (တေးရေးစာသား ကိုမင်းကိုနိုင်..ဆို- ခင်မောင်တိုး)

ကိုမင်းကိုနိုင် ရေးပြီး ဦးတိုးကြီး ဆိုထားတဲ့သီချင်း... ဦးတိုးကြီး အမြန်ဆုံး ကျန်းမာပါစေ... ကိုပေါ်လည်း ကျန်းမာပါစေ.... ဦးတိုးကြီးရေ.. ကိုပေါ်က ဦးတိုးကြီးဆိုဖို့ သူ့သီချင်းတွေ အများကြီး ရှိသေးတယ်လို့ ပြောတယ်တဲ့... " မျက်ရည်စိုစို ၀တ်စုံတွေ ကိုယ်စီ အတူဆင်မြန်းပြီး ခွဲရမယ့် အချိန်အခါကို " မရောက်ပါနဲ့ဦးနော်......... Zar Yee Pwint

0 နောက်တခါရုံးချိန်းမှာ တရားခံဖြစ်အောင် လုပ်ထား...ကြားလား

ယနေ့ခေတ်တွင် ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကဲ့သို့သော အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီး မီဒီယာများကလည်း မြန်မာပြည်တရားစီရင်ရေးမဏ္ဍိုင်ကို ထိုးနှက်မှုများ ပြုလာချိန်တွင် တရားသူကြီးများမှာ ၄င်းတို့ အပြစ်လွတ်အောင် တရားရုံးရောက်လာသမျှ အမှုတိုင်းကို ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေကြောင်း။ တကယ်တမ်းတွင် တရားစီရင်ရေးမဏ္ဍိုင်တစ်ခုတည်းသာမက အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရဲတပ်ဖွဲ့ကိုပါ စောင့်ကြည့်ဝေဖန်မှုများပြုသင့်ကြောင်း။ ယခုအခါ ရဲ မတရားလုပ်သော အမှုများ အလွန်များပြားလာပြီး ရဲနှင့် ပေါင်းကာ မိမမလိုလားသူကို အမှုဆင်ဖမ်းဆီးမှုများလည်း များပြားလာကြောင်း။ ရဲက ခိုင်လုံအောင် အမှုဆွဲတင်လာလျှင် တရားသူကြီးများမှာ အမှန်အမှားဘာမှ မကြည့်တော့ပဲ ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေတော့သဖြင့် ခံရသူများ အလွန်နစ်နာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောကြားသည်။

Venus News Cartoon

0 မြန်မာနိုင်ငံ သမ္မတအဖြစ်အရွေးခံခွင့် နှင့် အမေရိကန်သမ္မတအဖြစ်အရွေးခံခွင့်

ကဲ--ယှဉ်ကြည့်အလုပ်တွေရှုပ်နေတာလား..အရှုပ်တွေလုပ်နေတာလားလို.။

 မြန်မာသမ္မတအရည်အချင်းမှာ စစ်ရေးအမြင်ရှိရမယ်လို့ ဆိုတယ်။ အမေရိကန်သမ္မတအရည်အချင်းမှာ အဲဒါ မပါဘူး။ ဒီနေ့ မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ သမ္မတသိန်းစိန် အုပ်ချုပ်နေတယ်၊ အမေရိကန်ပြည်ထောင်စုမှာ စစ်ထဲမဝင်ဖူးတဲ့ သမ္မတအိုဘာမား ဒုတိယသက်တမ်းအတွက် အရွေးခံရပြီဖြစ်တယ်။

Photo ..Thit sar

0 ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မအချို့ နှင့် ကိုက်ညီမှုမရှိဟု ဦးဝင်းချိုပြောကြား

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၇ (ခ)၊ ၁၈၉ (ခ) တို့၌ ဥပဒေတစ်ရပ်ကအပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သောနည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများသည် သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိရမည်ဟုဖော်ပြပါရှိ ထားပါသော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ (က/ခ) တို့ အားအမှီပြုကာ ပြည်ထဲရေးဝန် ကြီးဌာနအနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နည်းဥပဒေအား ထုတ်ပြန်ခဲ့ပြီး ယင်း၏ နည်းဥပဒေ ပုဒ်မ (၁၈) သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ (၃၅၄ က/ခ)တို့နှင့် ကိုက်ညီခြင်းမရှိကြောင်း ဥပဒေ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

“ပုဒ်မ ၉၇ (ခ)နဲ့ ၁၈၉ (ခ) နှစ်ခုလုံးဖတ်ကြည့်ပါ။ အားလုံးအတူ တူပါပဲ။ ပြောဆိုရင်းက အဲသလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမှီပြု ပြီး ထုတ်ရတဲ့နည်းပဒေတွေ ကြေငြာချက်တွေက မူလဥပဒေနဲ့ ကိုက်ညီမှုရှိရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (က)၊ (ခ) ကိုအကြောင်းပြုပြီး ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခွင့်နည်းဥပဒေ ကို ထုတ်ပြန်တယ်။ အဲသလိုထုတ် ပြန်တဲ့အခါမှာ အဲဒီနည်းဥပဒေရဲ့ ပုဒ်မ (၁၈) ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၅၄ (က)၊ ၃၅၄ (ခ)နဲ့ လုံးဝမညီဘူး။ မကိုက်ညီတဲ့ နည်းဥပဒေကိုဘာကြောင့် ထုတ် ပြန်ပါသလဲ။ ယနေ့ဆန်္ဒပြနေတဲ့ သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)နဲ့ (ခ)ကို မချိုးဖောက်ဘူး။ ဒါပေမဲ့ နည်း ဥပဒေပုဒ်မ (၁၈) ကိုတော့ ကျူးလွန်နေတယ်။ ဒီတော့ ဖွဲ့စည်း ပုံဥပဒေကိုလေးစားလိုက်နာတဲ့ သူတွေဟာ ဖွဲ့စည်းပုံဥပဒေနဲ့ မညီ ညွတ်တဲ့ နည်းဥပဒေကြောင့် အဖမ်းခံရတယ်ဆိုရင်တရားပါ သလား။ ဒီတော့ နည်းဥပဒေ ထုတ်ပြန်တဲ့ ပြည်ထဲရေးဝန်ကြီး ဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၇ (ခ)နဲ့ ၁၈၉ (ခ) ကို ချိုးဖောက်နေတယ်လို့ပြောရင်မှားနိုင်မလား”ဟုဥပဒေကျွမ်းကျင်သူနှင့်လူအခွင့်အရေးဆောင်ရွက် နေသူဦးဝင်းချို့က ပြောကြားသွား သည်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဥပဒေပုဒ်မ (၁၈) ၌ မည်သူ မဆိုခွင့်ပြုမိန့်မရှိဘဲ။ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) စီတန်း လှည့်လည်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင်ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပို သောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြ ပါရှိထားသည်။

ခန့်ခန့်(ဒဿနိက)(The hot news weekly journal)

0 အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်းသတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။

''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။

အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့် ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တေးသံရှင်ဂျေမောင်မောင်သည် ယနေ့ နံနက်၁၀ နာရီ အချိန်က စကာင်္ပူနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။ ဂျေမောင်မောင် မထွက်ခွာမီ ၉နာ၇ီဝန်းကျင်အချိန် ထိ တေးသံရှင် ခင်မောင်တိုးမှာ သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရပြီး ဂျေမောင်မောင်ထံမှ ဆက်သွယ်မှုကို စောင့်ဆိုင်းနေကြသည့် အပြင် မိတ်ဆွေ သူငယ်ချင်းများ ကလည်း စောင့်ဆိုင်းနေကြကြောင်း သိရသည်။

အတူသီဆိုခဲ့ဘူးတဲ့ အဆိုတော် မီမီဝင်းဖေ ကလည်း “ ကိုခင်မောင်တိုး ကျေးဇူးပြုပြီး အားတင်းထားပါလို့ ” သူရဲ့ Facebook မှာ ဆန္ဒပြုထားပါတယ်။

နောက်ဆုံးသတင်းအရ ကိုတိုးကြီးသတိရနေပြီလို့စင်္ကာပူနိုင်ငံရောက်ဂျေမာင်မောင်လှမ်းပြောပါတယ်လို့ မြတ်ခိုင်ရဲ့ Facebookမှာဖော်ပြထားပါတယ်.. စကား ပြောနိုင်ပြီ၊ ပုတီးတွေတောင် စိပ်နိုင်ပြီဟု" တေးသံရှင် ဂျေမောင်မောင်နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သော မိတ်ဆွေများထံမှ သိရသည်။

ဦးတိုးကြီး ... သတိပြန်ရလာပါပြီ ...မိသားစုနဲ့ စကားအနည်းငယ်ပြန်ပြောနိုင်လာပြီလို့ သိရပါတယ် ... ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာပါ ...ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ...(အဆိုတော် သျှီ)
Ref.Messenger journal. popular news journal,facebook

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အနိုင်ရရှိ

နိုဝင်ဘာ(၉ )ရက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်း။

ယနေ့နိုဝင်ဘာ ၉ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ၁၂ ရက်မြောက်အစီအစဉ်တွင် ပညာရေးနှင့်ပတ်သက်သော အရေးကြီးအဆိုနှစ်ခုဖြစ်သည့်ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်အားအဆင့်မြင့်တက္ကသိုလ်ဖြစ်ရေးအတွက်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းသည့်အဆို ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း ၊နိုင်ငံတော်ဖွံ့ဖြိုးမှု၏အခြေခံ အုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍမြင့်မားရေးအတွက် ခိုင်မာသည့်အမျိုးသား ပညာရေး ဥပဒေ တစ်ရပ်ရေးဆွဲပြဌာန်းရေးအဆိုကို ငါန်းဇွန်မဲဆန္ဒနယ်မှ ဒေါက်တာမြဦးကလည်းကောင်းတင်သွင်း ခဲ့ ရာ အဆိုနှစ်ခုစလုံးအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။ (7 Days Journal )

ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ ပညာရေးစနစ်အဆင့်မြင့်တင်ရေးနဲ့  ပတ်သက်တဲ့အဆိုကို မဲခွဲ ဆုံးဖြတ် ရယူရာမှာ ထောက်ခံမဲ ၂၄၈ မဲ၊ ပညာတတ်တွေပေါများလာမှာကိုကြောက်ရွံနေကြတဲ့ အမတ်တုတွေ ကန့် ကွက်တဲ့မဲက ၆၈မဲ၊ဘာမှနားမလည်ကြလို့  အလကားနေ ကြားနေမဲပေးနေကြတဲ့ အမတ်တွေပေးတဲ့ ကြားနေမဲက ၉ မဲ နဲ့  ... လူထုခေါင်းဆောင်ရဲ့  အဆိုဟာ အနိုင်ရရှိသွားပါတယ်!!

Khaing Soelynn

Friday, November 9, 2012

0 “ဒေါ်အောင်ဆန်းစုကြည်၊ဂျဝါဟာလာနေရူးဆုနဲ့ဟိုတုံးကနယူးဒေလီ”

လာမဲ့တနလာင်္နေ့(နိုဝင်ဘာ၁၂)ရက်ဆိုဒေါ်အောင်ဆန်းစုကြည်အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုတဲ့သတင်းအားလုံးလည်းသိထားပြီးဖြစ်တယ်။

ဆယ်ကျော်သက်ရွယ်ကာလကအမေဒေါ်ခင်ကြည်အိန္ဒိယသံအမတ်နဲ့နေထိုင်စဉ်၊အိန္ဒိယနိုင်ငံမှာပညာသင်ကြီးပြင်းလာတာ မို့ဒေါ်အောင်ဆန်းစုကြည်ကိုငယ်ငယ်တုံးကနေရာဟောင်းလေးတွေနဲ့ပုံရိပ်ဟောင်းတွေပြန်မြင်ယောင်စေမဲ့ ခရီးဖြစ်မယ်ထင်ရဲ့။ ဒီဆောင်းပါးရေးနေချိန်ဟာခရီးစဉ်စဖို့၃ရက်ဘဲလိုပါတယ်။

ဒါပေမဲ့ထုံးစံအတိုင်းဒေါ်အောင်ဆန်းစုကြည်ရဲ့အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီးအိန္ဒိယတာဝန်ရှိသူတွေဘက်ကရော၊NLDပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသိုင်းအ၀ိုင်းဘက်ကပါဘာသတင်းမှမထုတ်ပြန်သေးပါ။ဒီခရီးဟာအိန္ဒိယအစိုးရကတရားဝင်ဖိတ်ခေါ်တာမျိုးမဟုတ်ပါဖူး၊ ၁၉၉၃ခုနှစ်အတွက်အိန္ဒိယနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ဂျဝါဟာလာနေရူးဆုကိုဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့၊ ဂျဝါဟာလာနေရူးမယ်မိုဒီရယ်လ်အဖွဲ့ကဖိတ်ခေါ်ခဲ့တာပါ။

အခုနှစ်မေလကုန်လောက်ဝန်ကြီးချုပ်ဒေါက်တာမန်မိုဟာဆင်းန်ရဲ့ဗမာပြည်ခရီးစဉ်မှာကွန်ဂရက်အိုင်ပါတီဥက္ကဌဆိုနီယာဂန္ဒီကဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်စာတစောင်ကမ်းခဲ့ပါတယ်။အခုလ၁၄ရက်နေ့မှာကျရောက်မဲ့အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီးလည်းဖြစ်ပထမဆုံးဝန်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ပန်ဒစ်ကြီးဂျဝါဟာလာနေရူးရဲ့မွေးနေ့အခမ်းအနားကိုတက်ရောက်မိန့်ခွန်းချီးမြှင့်ဖို့မေတ္တာရပ်ခံခဲ့တဲ့ဖိတ်စာပါ။

ဒါနဲ့ဘဲဥရောပကဆွစ်ဇာလန်၊နော်ဝေး၊အင်္ဂလန်၊ပြင်သစ်နဲ့အမေရိကားတို့ကိုခရီးတွေလှည့်လည်ခဲ့ပြီး၊ထိုင်းနိုင်ငံပြီးရင်အိန္ဒိယကို ဒုတိယမြောက်လည်ပတ်မဲ့အိမ်နီးချင်းနိုင်ငံအဖြစ်ဒေါ်အောင်ဆန်းစုကြည်ကဆုံးဖြတ်ခဲ့ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့နိုင်ငံတကာချစ်ကြည်ရင်းနှီးမှုရဲ့သင်္ကေတအဖြစ်၁၉၆၅ခုကစပြီးအိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီးဝါဟာလာနေရူးအမှတ်တရဆုကိုစတင်ချီးမြှင့်ခဲ့ရာမှာမြန်မာနိုင်ငံအတွက်သိတ်ကိုဂုဏ်ယူစရာကောင်းတာကပွဲဦးထွက်၁၉၆၅ခုနှစ်မှာ

0 ပွင့်လင်းမြင်သာမှု၊ လွတ်လပ်ခြင်းနဲ့ နိုင်ငံတော်

Photo..The hot news weekly

ဟိုတစ်နေ့က... လွှတ်တော်ထဲမှာ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်နဲ့ ပတ်သက်လို့ မေးသတဲ့.. အဲဒီမှာ ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ပြည်ထောင်စုအစိုးရ အနေနဲ့ ဘယ်အချိန်မှာ ခွင့်ပြုပေးနိုင်မယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ ဖြေသတဲ့.. အဲဒီမှာ လွန်ခဲ့တဲ့ တစ်လကျော်က မြန်မာတိုင်းမ် နဲ့ တွေ့ဆုံစဉ်မှာ ဝန်ကြီးဖြေထားခဲ့တဲ့ တစ်နှစ် ဝန်းကျင်အတွင်း ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ပြုနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တဲ့ အပြောနဲ့ ရှေ့နောက်မညီဖြစ်လာတဲ့ အခါ.. ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းမှာ အားမလိုအားရသံတွေ ဝေဖန်သံတွေ တော်တော်လေး ထွက်လာတယ်..

လက်ရှိအစိုးရ ရဲ့ သက်တမ်း ၂ နှစ်ဝန်းကျင်မှာ အပြုသဘောဆောင်တယ်လို့ ပြောလို့ ရနိုင်တဲ့ ခြေလှမ်းတွေ အများကြီးလှမ်းခဲ့သလို ပြည်တွင်း ပြည်ပနဲ့ ကျနော်တို့လို အွန်လိုင်းက ဘေးထိုင်ဘုပြောတွေ ဝမ်းသာအားရ ကြိုဆိုခဲ့တဲ့ အပြုသဘော ဆောင်ရွက်ချက်တွေ တော်တော်လေးရှိခဲ့ပါတယ်.. တစ်ဖက်မှာ ပြန်ကြည့်ပြန်တော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးမှာ ကိုင်တွယ်ဖြေရှင်းပုံတွေ.. သမ္မတအပါအဝင် အစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ.. အစိုးရအဖွဲ့တစ်ခုလုံးရဲ့ လုပ်ရပ်တွေ အပါအဝင် နှစ် နှစ်တာ ကာလအတွင်း အစိုးရ ရဲ့ခြေလှမ်းတွေဟာ သံသယ နဲ့စောင့်ကြည့်နေသူတွေအတွက် သံသယတွေ ကင်းစင်သွားဖို့ ဆိုတာထက် ပိုပြီး သံသယဖြစ်ဖွယ်ရာတွေလည်း ရှိနေတာ တွေ့ရမှာပါ..

သမ္မတဟာ ရိုးသားသူဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေမယ့် သမ္မတကိုယ်တိုင် တစ်ချိန်လုံး တံထွေး သီးမတတ် ပြောဆိုနေခဲ့တဲ့ ပွင့်လင်းမြင်သာမှု လို့ ဆိုတဲ့နေရာမှာတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နှစ်နှစ် ဝန်းကျင်အတွင်း ဘယ်လိုမှ ပုံမဖော်နိုင်သေးတာကို အထင်အရှားတွေ့ရမှာပါ.. အထင်အရှား ဥပမာ တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ ဒါမှမဟုတ် သမ္မတရုံးရဲ့ ထုတ်ပြန်ချက်တွေကို သမ္မတရုံးက ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဒါမှမဟုတ် ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ဆက်ညွှန်ချုပ်တစ်ယောက်ရဲ့( အခုတော့ ဒုဝန်ကြီးဖြစ်နေပါပြီ ) ဖေ့စ်ဘွတ်အကောင့် ကနေတစ်ဆင့် ကနဦး သတင်းထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ထူးဆန်းတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်... ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဆီ ပေးပို့တဲ့ သဝဏ်လွှာကိုလည်း အရှက်မရှိစွာနဲ့ အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတစ်ခုပေးပြီး ပြန်လည်ရုပ်သိမ်းခဲ့တာ သမ္မတရုံး ဖြစ်ပါတယ်..

ပွင့်လင်းမြင်သာမှုဆိုတဲ့နေရာမှာ မှူးဇော် နဲ့ ရဲထွဋ် ဖေ့စ်ဘွတ်အကောင့်ကနေတစ်ဆင့် ပြန်လှန် ကွန်မန့် ပေးတာ.. သမ္မတရုံး ဝက်ဘ်ဆိုက် ထူထောင်ပြီး အချိန်မှန်မှန် အပ်ဒိပ်လုပ်ပေးနေတာကို ဆိုလိုတယ်ဆိုရင်တော့ ပြောစရာမရှိပါ.. ဒါပေမယ့် လတ်တလော ပြည်သူလူထု လက်တွေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပြဿနာတွေနဲ့ ပတ်သက်လို့ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ပွင့်လင်းမြင်သာမှု နတ္ထိ လို့ ပြောရမလိုပါဘဲ... သမ္မတရုံးရဲ့ ရခိုင်အရေးစုံစမ်းရေးကော်မရှင်ဖွဲ့စည်းတဲ့ အမိန့်ကြေငြာစာကို ထုတ်ပြန်ရာမှာ အစီရင်ခံစာ တင်သွင်းရမယ့် ရက်စွဲကို ဘယ်လိုမှ မလုံလောက်နိုင်တဲ့ ကာလအပိုင်းအခြားနဲ့ ထုတ်ပြန်ကြေငြာ ခဲ့ပြီးမှ နောက်ကနေ အမှားပြင်ဆင်ခဲ့ရတဲ့ အဖြစ်အပျက် ရှိခဲ့သလို အစ္စလာမ်သာသနာ့ရေးရာကောင်စီ ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို ကော်မရှင် အဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ခဲ့ရာမှာတော့ တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်...

အခုလို ဘာသာပေါင်းစုံ နယ်ပယ်ပေါင်းစုံက လူသိများတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေးကော်မရှင်မှာ အခုလို အစ္စလာမ် ဘာသာဝင် အဖွဲ့ဝင်နှစ်ယောက်ကို ထုတ်ပယ်ခြင်းဟာ ဘဂ္ဂရီး အိဒ် နေ့မှာ ကုရ်ဘာနီ မပြုလုပ်ဖို့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်နဲ့ ပတ်သက်လို့ လက်တုံ့ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆနိုင်သလို ထုတ်ပယ်ရခြင်းရဲ့ အကြောင်းအရင်းကို တိတိကျကျ ဖော်ပြခြင်းမပြုလုပ်ဘဲ အခုလို လက်သိပ်ထိုး ဆောင်ရွက်ခဲ့ခြင်းဟာ ကော်မရှင်နဲ့ အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေတဲ့ အပြုအမူဖြစ်ပါတယ်.. ဒါ့အပြင် မကြာခင်က ကျင်းပခဲ့တဲ့ အာဏာရ ပါတီကြီးရဲ့ ပါတီညီလာခံမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ပြု ပြဌာန်းခဲ့တဲ့ နိုင်ငံတော် အလံကို ဇောက်ထိုး လွှင့်ထူခဲ့တဲ့ အဖြစ်အပျက်က ဟိုးလေးတကြော်ပါ... ဒါနဲ့ ပတ်သက်လို့လည်း လတ်တလော ပါတီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သမ္မတနဲ့ ဒုဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌတို့ နှာစေးနေကြပြီး.. အဲဒီကိစ္စကို ဦးဦးဖျားဖျား တရားဝင် ဖော်ပြခဲ့တဲ့ ခရိုနီတစ်ဦးပိုင် ဂျာနယ် အယ်ဒီတာချုပ်ကတော့ နှုတ်ထွက်သွားရပါသတဲ့..ဒါက လတ်တလော လုပ်ပုံကိုင်ပုံတွေပါ...

အစိုးရ ဝန်ကြီးဌာနတွေရဲ့ ကျပ်သိန်းပေါင်းထောင်ချီတဲ့ အလွဲသုံးစားပြုလုပ်မှုတွေ မမှန်ကန်တဲ့ ငွေစာရင်း တွေ အသုံးပြုပြီး လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ဆိုပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးတယ်... အဲဒီနောက်တော့ အရေးယူခံရတာက စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် ဖြစ်နေခဲ့တယ်.. အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး တရားစွဲခံရတာက အဲဒီသတင်းကို ဖော်ပြတဲ့ သတင်းဂျာနယ်... ဒီတော့ ပြည်သူ့ဘဏ္ဍာငွေကို ခိုးယူခဲ့တဲ့.. မသမာတဲ့ နည်းလမ်းတွေ အသုံးပြုပြီး လက်ပံတောင်း ကြေးနီစီမံကိန်းကို လက်လွှဲယူခဲ့တဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို အရေးယူတာ.... အခုချိန်အထိ လုံးဝ လုံးဝ မကြားသိရသေးတာပါဘဲ.. ဆက်စပ်နေတဲ့ နောက်ပြဿနာတစ်ခုက ကြေးစင်တောင် စီမံကိန်းကို အိုင်ဗင်ဟိုးနဲ့ တရုတ်ဝမ်ဘိုကုမ္ပဏီ လက်ပြောင်းလက်လွှဲ ကာလ အတောအတွင်း တစ်ပတ်အတွင်းမှာ စက်ရုံကို တရားမဝင်လည်ပတ်ပြီး သိန်းပေါင်းထောင်ချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ပြစ်မှုနဲ့ ပတ်သက်လို့လည်း အစိုးရဖက်က ထိထိရောက်ရောက်အရေးယူနိုင်ခြင်း မရှိတာပါဘဲ.... အဓိက တရားခံတွေ လွတ်နေပြီးအောက်ခြေဝန်ထမ်း အမှုတွဲမှာ ပါဝင်သူတွေကိုဘဲ အချုပ်ထဲမှာ အာမခံမပေးဘာမပေးနဲ့ နှိပ်စက်ထားပါတယ်..

ဒီတော့... လေးစားအပ်တဲ့ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများအနေနဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ထင်သလောက်မလွယ်ကူတာကို နားလည်သဘောပေါက်ပါတယ်.. အခက်အခဲနဲ့ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာဖြစ်တဲ့အပြင် စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းတဲ့အခါမှာ ပွတ်တိုက်မှုတွေ.. အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်.. ဒါပေမယ့်... ကျနော်တို့ဟာ ခရိုနီတွေ ကြိုးဆွဲရာ ] က } နေရပါတယ်.. နောက်ကွယ်က ပေးတဲ့ အမိန့် နဲ့ သဘောထားကို နာခံပြီး စကားကို လည်သလို လှည့်ပတ်ပြောနေရပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံတာက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်..

အခုလို အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်ရပ်တွေ.. ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်လုယူထားတဲ့ လုပ်ရပ်တွေကို ဖုံးပေး ဖိပေး.. မသိချင်ယောင်ဆောင်ပေး တာတို့... ကိုယ့်ဆီလာမယ့် ပြဿနာကို ထမင်းရည်ပူလျှာလွှဲလုပ်တဲ့အနေနဲ့ ပြဿနာအသစ်တစ်ခု ဖန်တီးတာတို့ ဆိုတဲ့ လုပ်ရပ်မျိုးတွေ.... အပေါ်မှာ ခေါင်းပေါင်းကြီးနဲ့ အောက်မှာ ဖင်ဟောင်းလောင်း ဆိုသလို အောက်ခြေမှာ ဥပဒေမဲ့.. တရားလက်လွတ်ပြုမှုတွေ.. အာဏာအလွဲသုံးစားမှုတွေကို မြင်အောင်ကြည့်မိမယ်ဆိုရင်...

တိုင်းပြည်နဲ့ လူထုအပေါ်မှာ စေတနာမှန်တဲ့.. အမှန်တကယ် ရိုးသားတဲ့ ရှက်တတ်တဲ့  လူစားမျိုးတွေသာ ဖြစ်ကြမယ်ဆိုရင်ဖြင့် ရှက်တာနဲ့တင် လဲသေဖို့ကောင်းနေပါပြီ...

ကိုရွှေမောင်း (မြန်မာကျူးပစ်)

0 အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်

(7 November 2012 ရက်စွဲပါ Bangkok Post မှ Obama to visit Myanmar ကိုဘာသာပြန်သည်)

အသစ်ပြန်လည်ရွေးကောက်တင်မြှေုာက်ခံရသော အမေရိကန်သမ္မတ Barack Obama သည် ယခုလအနှောင်းပိုင်းတွင် ရန်ကုန်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ၎င်းသည် ယခင်ကအပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ဝါရှင်တန်၏ ထောက်ခံမှုကို ပြသသည့် လက္ခဏာတရပ်ပင် ဖြစ်သည်။

“အိုဘားမားဟာ နိုဝင်ဘာ(၁၉)မှာ ရန်ကုန်ကိုလာပါလိမ့်မယ်။ သူဟာ သမ္မတဦးသိန်းစိန်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်နဲ့ တွေ့ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အစိုးရအရာရှိက AFPသို့ ပြောပါသည်။ လုံခြုံရေးကြောင့် အသေးစိတ်အစီအစဉ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရတက်လာပြီး၊ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လာပြီးကတည်းက အမေရိကန် ပြည်ထောင်စု နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးပါစွာ နွေးထွေးလာခဲ့သည်။

Mr. Obama သည် ရွေးကောက်ပွဲအောင်ပွဲပြီးနောက် နိုဝင်ဘာ(၂၂) ရက်နေ့ Thanksgiving မတိုင်မီနှင့် ကွန်ဂရက်တွင် ဘတ်ဂျက်ကိစ္စ အန္တရာယ်များအတွက် မဆွေးနွေးမီ နိုင်ငံခြားခရီးအတွက် အချိန်အနည်းငယ်သာရသည်။

အိမ်ဖြူတော်ကမူ မြန်မာနိုင်ငံခရီးစဉ်အတွက် အတည်ပြုခြင်း မရှိသေးပေ။
Mr Obama သည် ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟုမျှော်လင့်ရသည်။ အဆိုပါ အစည်းအဝေးမှာ အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် တရုတ်နှင့်ရုရှားအပါအဝင် ဒေသတွင်း ပါတနာများ နှစ်ပတ်လည်တွေ့ဆုံခြင်း ဖြစ်သည်။

“အစီအစဉ်အရဆိုရင်တော့ သူဟာ(၁၈) ရက်နေ့မှာ ရောက်ရမှာပါ”ဟု ကမ္ဘောဒီးယားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Knieu Kanharith က AFPသို့ ပြောသည်။ Mr Obama သည် ၎င်း၏ နိုင်ငံတွင် မည်မျှနေမည်ဆိုသည်ကို မသိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသည် နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ပြောသည်။

Obama အစိုးရသည် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ တိုးတက်မှုများကို အားပေးလျက်ရှိသည်။
ဦးသိန်းစိန်သည် စက်တင်ဘာလက နယူးယောက်သို့ သမိုင်းမှတ်တိုင်ဖြစ်မည့် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားသည့် ပထမဆုံးမြန်မာခေါင်းဆောင်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အမေရိကန်အစိုးရ တာဝန် ရှိသူများလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သို့ သမ္မတကြီးဦးသိန်းစိန်နှင့် တပြိုင်နက်နီးပါး သွားရောက်ခဲ့ပြီး Mr Obama နှင့် တွေ့ဆုံခဲ့သည်။

“သူရဲ့ခရီးစဉ်ကို ကျွန်တော်တို့ကြိုဆိုပါတယ်။ သူရွေးကောက်ပွဲမှာနိုင်သွားတာကလည်း ကျွန်တော်တို့ဝမ်းသာပါတယ်။ သူဟာ မြန်မာနိုင်ငံ အကြောင်း အတော်သိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က AFP သို့ပြောသည်။

၎င်းတို့ ပါတီအနေဖြင့် Obama မြန်မာနိုင်ငံသို့ လာမည်ကို ကြားသိရကြောင်း၊ သို့သော်နေ့ရက်ကိုမူ မသိကြောင်း ၎င်းကပြောသည်။

“အမေရိကန်သမ္မတတွေ မြန်မာနိုင်ငံကို မလာတာ အတော်ကြာပါပြီ။ နှစ်ပေါင်း(၅၀) ကျော်ပါပြီ” ဟု ၎င်းက Burma ဟူသော အမည်ကိုသုံး၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သောအားဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများသည် အရေးယူမှုများကို ရုတ်သိမ်းပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်မှ လူမျိုးရေးအရ ပြင်းထန်သောဖြစ်ရပ်များအတွက် စိုးရိမ်ပူပန်မှု များရှိနေသည့်ကြားမှ အရေးယူမှုများ ရုတ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် ဇူလိုင်လက မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ အဓိကအမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်နိုင်ခဲ့သည်။

ကိုကာကိုလာ၊ General Electric တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ တိုးတက်လာမည့်အရေးကိုမျှော်ကိုး ၍ မြန်မာနိုင်ငံတွင် စတင်နေရာယူခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဌဦးရွှေမန်းတို့အပေါ် ၂၀၀၇ ခုနှစ်က ချမှတ်ထားခဲ့သော အရေးယူမှုကို ရုတ်သိမ်းပေးမည် ဟု ကြေညာခဲ့သည်။

Yangon chronicle

Thursday, November 8, 2012

0 ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား

ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ် ရပ်မှ ရဟန်းရှင်လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွားများဝယ် ယူအားပေးကြသော အဆင့်မြင့် ဈေးကြီးဖြစ်သည်။ သို့သော်လည်း သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့်လှစ်ရောင်းချသဖြင့် အများ ပြည်သူတို့ ခုံကျော်တံတားများမှ ဈေးအတွင်းသို့ဝင်ထွက်သွားလာ ရာတွင် စိတ်အနှောက်အယှက် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါဘီယာဆိုင်များရှိနေ ခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့် ဒီရုံတို့အပေါ်ထပ်များရှိ ညကလပ် များ၊ အနှိပ်ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများ သည် သရုပ်ပျက်ဝတ်ဆင်ပြီး

0 Online က ဝန်ကြီးဌာန FB၊ ဝဘ်ဆိုဒ်တွေ အကြောင်း ဆွေးနွေးခန်း မှူးဇော်+ သောတရှင်များ (BBC)

ရခိုင်အရေး “ဆွ” ပေးသူတွေထဲ မှူးဇော်တစ်ယောက် မပြေးသော် ကန်ရာရှိပါဝင်နေသည်ဟု ယူဆထားသူတွေအတွက် မှူးဇော်၏ အိုးနင်းခွက်နင်းဝေ့လည်ကြောင်ပတ် ပြန်လည်ဖြေကြားချက်များ...

ကိုkay te zat o ကမေးထားတာကသမ္မတအကြံပေးတစ်ယောက်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာတင်ထားသော သတင်းအမှားတွေ အတွက် ဘယ်လို တာဝန်ယူပေးနိုင်မလဲဆိုတာကိုမေးထားတယ် ဒါကို သမ္မတအကြံပေးတစ်ယောက်လုပ်နေတဲ့ မှူးဇော်(ခ) မူးဇော် က မယောင်ရာဆီလူး မဆိုင်တာကိုဝေ့လည်ကြောင်ပတ်လုပ်ပြီးဖြေသွားတယ် တော်တော်လေးလဲ အံ့သြမိတယ် ဒါ လားသမ္မတအကြံပေးဆိုတာလားပေါ့ ..ဒီလိုလူမျိုးတွေရှိနေလို့ သာတိုင်းပြည်မတိုးတက်တာပဲ ကျွန်တော်တို့ ကျောင်းသား အရွယ်တုန်းက ကျောင်းပြေးရင် ကျောင်းအုပ်ကမိဘခေါ်ခိုင်းတယ် အဲအခါကျွန်တော်တို့ က လမ်းထိပ်က ဆိုက်ကားနင်း တဲ့ ဆိုက်ကားစရာကိုအကူညီတောင်းတော့ဆိုက်ကားဆရာကလဲကျောင်းအုပ်နဲ့ လိုက်တွေပြီးနောက်ကိုဒီလိုမဖြစ်ဖို့ နဲ့ အုပ်ထိန်းတဲ့ သူအနေနဲ့  တာဝန်ယူကြောင်းကို ရဲရဲတင်းတင်းပြောခဲ့ တယ် ခုသမ္မတအကြံပေးမှူးဇော်ပြောတာလောက်တော့ အဲဒီဆိုက်ကားစရာတောင် ပြောလို့ ရပါတယ်

မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာနနဲ့ ဌာန ဆိုင်ရာတချို့ ခေတ်နဲ့ အညီ ဝက်ဆိုက်တွေ ဖေ့စဘုတ်တွေ ကတဆင့် လူထုနဲ့ ဆက်သွယ်လာပါတယ်။ ဒီလို လူထုကွန်ယက် Social Media တွေကြောင့် အစိုးရနဲ့ လူထု ဘယ်လောက် ချိတ်ဆက်မိကြပြီလဲ၊ သောတရှင်တို့ရဲ့ အတွေး အမြင် အယူအဆတွေကို နိုဝင်ဘာလ ၇ ရက် လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ သောတရှင်တွေနဲ့အတူ သမ္မတရုံးညွှန်ကြားရေးမှုးဦးဇော်ဌေး နှင့် သောတရှင်များ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

- သောတရှင်တွေ ကြားမှာ ငြင်းချက်ထုတ်စရာဖြစ်နေတဲ့ သမ္မတရုံးသတင်းထုတ်ပြန်တဲ့ ဝဘ်ဆိုဒ်နဲ့ မှူးဇော် FB အတူတူဘဲလား? - မှူးဇော် ရဲ့ FB စာမျက်နှာဟာ သတင်းအမှားတွေကို သွယ်ဝိုက်ပြိးပြန်လည် ချေပနေတာဖြစ်ကြောင်း၊ - တာဝန်ရှိတဲ့သူတွေထုတ်ပြန်တဲ့ သတင်းအမှားတွေအတွက် ဘယ်သူတာဝန်ခံမှာလဲ? - ဝန်ကြီးဌာန က တာဝန်ရှိသူတွေတင်တဲ့သတင်းတွေကြောင့် ရခိုင်ပြဿနာကို အွန်လိုင်းမှာပြောကြရေးကြတာတွေ အတော်ကို ကြမ်းတမ်းလာကြတယ်။
- တချို့တာဝန်ရှီတဲ့သူတွေတင်တဲ့ သတင်းမှားတွေကြောင့် ပြည်သူတွေကြားမှာ အမုန်းတရားတွေပိုပြီး ကြိးထွားလာတယ်။ ဒါကို တာဝန်ယူဖြေ၇ှင်းပေးဖို့လိုကြောင်း၊

0 "ဒီမိုကရေစီခေတ် ပေါ်လစီဇာတ်ကားနဲ့ ချစ်သုဝေ စကား"

ချစ်သုဝေက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ NLD ပညာပေး ဇာတ်လမ်း “ညီကြ၊ လာကြ၊ ပါတီဘဝခံယူကြ” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါ တယ်။ ဒီဇာတ် လမ်းကို ပြည်သူတွေနဲ့ ပါတီတွင်းမှာ ရှိတဲ့ ပါတီဝင်တွေပါ သိရှိစေဖို့အတွက် ရိုက်ကူးခြင်း ဖြစ်ကြောင်းကို ချစ်သုဝေက “ဒီဇာတ်လမ်းက ရှေ့လမှာ ကျင်းပမယ့် NLD ပါတီတွင်း ညီလာခံက အရေးကြီးကြောင်း ပြည်သူတွေရော၊ ပါတီတွင်းမှာရှိတဲ့ ပါတီဝင်တွေပါ သိရှိစေဖို့နဲ့ ဒါကို အရေးထားကြဖို့အဓိက ရည်ရွယ် ပြီးရိုက်တာပါ။

၂ဝ၁၅ ရွေးကောက် ပွဲမှာ ဒီလို ဦးဆောင်နိုင်မယ့်သူကို တကယ် ဦးဆောင်နိုင်မယ့်နေရာတွေမှာ ရွေးမိကြ ဖို့အရေးကြီးတယ်။ အရေးကြီးဆုံး အချိန် မှာ အရေးကြီးဆုံး လုပ် ဆောင်နိုင်ဖို့အတွက် အသိ ပညာရဖို့ ဒီဇာတ်လမ်းကိုရိုက်တယ်။ မကြည်ဖြူကလည်း ကမ်းလှမ်းတယ်။ ထရီဇာကလည်း စိတ်အားတက်ကြွစွာနဲ့ ရိုက်ချင်တဲ့အတွက် ရိုက်ကူးဖြစ်တာပါ” လို့ ရိုက်ကူးဖြစ်ရခြင်း အကြောင်းကို ပြောပါတယ်။

ဒီဇာတ်လမ်းထဲမှာ ချစ်သုဝေက ကျောင်းသားလှုပ်ရှားမှုကြောင့် ထောင် ၇နှစ်ကျခဲ့ဖူးတဲ့ နိုင်ငံရေး လှုပ်ရှားသူတစ် ယောက်အနေနဲ့ ထောင်က ထွက်လာတဲ့ အချိန်မှာလည်း နိုင်ငံရေးလှုပ်ရှားသူ၊ NLD ပါတီဝင်တစ်ဦး အနေနဲ့ သရုပ် ဆောင်ရသလို၊ ညီလာခံမှာလည်း အတွင်း ရေးမှူးနေရာမှာ ဝင်ရောက်ယှဉ် ပြိုင်သူအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါ တယ်။ချစ်သုဝေက ဒီတစ်ပတ်ထဲမှာ ဒါရိုက်တာဝိုင်းနဲ့ ဇာတ်ကားရိုက်ဖို့ လက်ခံ ထားပြီး အခု ဒါရိုက်တာ ဝိုင်းက နိုင်ငံခြား သွားနေတဲ့အတွက် ဇာတ်ကား ရိုက်နား လိုက်ရကြောင်း ပြောပါတယ်။ ဒါကြောင့် ဒီ တစ်ပတ်ထဲမှာတော့ လူမှုရေးလုပ်ငန်းတွေနဲ့ အခွေအ တွက် စတူဒီယိုဒိတ်တွေ ပေးဖြစ်နေ ကြောင်း ပြောပါတယ်။

သီတင်းကျွတ်မှာတော့ အိမ်မှာပဲရှိနေကာ မိဘနှစ်ပါးကို ကန်တော့ဖြစ်ပြီး မုန့်တွေလုပ် စားဖြစ်ကြောင်းနဲ့ မီးပန်း တွေဖောက်ကာ သီတင်းကျွတ်ကို ပျော်ရွှင်စွာ ဖြတ်သန်းဖြစ် ကြောင်း ပြောပါတယ်။ ငယ်စဉ်က သူမ ဖြတ်သန်း ခဲ့တဲ့ သီတင်းကျွတ်တွေနဲ့ပတ်သက်ပြီး ငယ်ငယ် တုန်းက သီတင်းကျွတ်ဆိုရင် မင်းကွန်းသွားကြတယ်။ ကထိန်ခင်းကြတယ်။ ဖေဖေက ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တော့ ထရီဇာတို့က မေမေ့ဘက် ခရစ်ယာန်လိုက် ပေမယ့် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း ဖေဖေကျေနပ်အောင်၊ မိဘကျေနပ်အောင် အကုန်လုပ်လိုက်တာ။ ဖေဖေဆောက်ထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ သီလရှင် ကျောင်းတစ်ကျောင်း ရှိတယ်။ ကုန်းမြင့်တွေ တောင်ကုန်း တွေပေါ် ကနေ မီးပန်းတွေ ဖောက်ကြတယ်။ ဒီနှစ် နားနေတုန်းအမျိုးတွေ စုပြီး မီးပန်းတွေ ဖောက် တယ်၊ မုန့်တွေလုပ်စား ဖြစ်တယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင် Popular Journal

0 အညာစောင်လေးနွေးလှတယ်

ဆောင်းသည်အေးစပြုလာပေပြီ။ခါတိုင်းရန်ကုန်ဆောင်းသည်အအးလွန်ခြင်းမရှိ။အခုတော့ချမ်းစိမ့်စိမ့်ဖြင့်။သဘာဝပတ်ဝန်းကျင်ပြုန်းတီးပျက်စီးမှု့ကြောင့်ကမ္ဘာအနှံ့အပြားရာသီဥတုတွေဖောက်ပြားလာနေကြပြီဟုသက်ဆိုင်ရာပညာရှင်တွေကဆိုနေကြသည်။သဘာဝပတ်ကျင်ထိန်းသိမ်းမှု့တွေအားသွန်ခွန်စိုက်ပြုလုပ်လာကြသည်။လေးစားအားကျလိုက်မိပါဘိ။

သို့သော်ကိုယ်တိုင်ကတော့ဖြင့်စားဝတ်နေရေးအတွက်အသည်းအသန်ရုန်းကန်လှုပ်၇ှားနေရသည်။

ပုံနှိပ်တိုက်တစ်ခုတွင်ညဘက်’စက်၇ိုက်ဆရာ’လုပ်ခြင်းကိုဝင်ရောက်လုပ်ကိုင်ရင်းအဝေးသင်တက္ကသိုလ်ကဘွဲ့လေးတစ်ခုရဖို့ရုန်းကန်နေရသည်။

ပုံနှိပ်တိုက်တွင်တစ်လလုံးတွင်နားရက် နှစ်ရက်သာယူပြီးလုပ်ပါမှတစ်လကိုသုံးသောင်းကျပ်လောက်သာရသည်။အချိန်က ၂၀၀၃ခုနှစ်ဆိုတော့မဆိုးသေးလို့ပြောနိုင်ပါသည်။ရလာတဲ့အထဲကပင်အဝေးသင်တက်လျှင်သုံးရန်စရိတ်၊အညာမိသားစုထံပြန်ပို့ရန်ငွေအချို့၊မိမိအတွက်လိုတာလေးတွေဝယ်နိုင်ရန်စရိတ်အချို့စသည်ဖြင့်ဖယ်ထားရသည်။

အချုပ်ဆိုရသော်လကုန်လျှင်ငွေကုန်သည်။လဆန်းလျှင်ငွေရသည်။အညာကမိဘတွေကလည်းသဘောပေါက်သည်။

လူကြုံရှိပြီဆိုတာနဲ့ငါ့သားလေးကြိုက်တတ်တဲ့အညာထွက်ထန်းလျက်၊ပုန်းရည်ကြီးတွေ၊ပို့ပေးလေ့လရှိသည်။အညာဒေသရဲ့ဘုရားဈေးပွဲတွေရှိလျှင်တော့အ၀တ်အစားလုံချည်၊အညာစောင်သစည့်ဖြင့်ပို့ပေးတတ်သည်။

ရန်ကုန်မှာဝယ်လျှင်ပိုက်ဆံအပိုကုန်နေမယ်ဟုလည်းဆိုတတ်သေးသည်။ဒီနှစ်ဆောင်းမ၀င်ခင်လေးတုန်းဆီက

အမေ့ထံမှ ချည်သားနီနီဖြင့်ရက်လုပ်ထားသောအညာစောင်လေးတစ်ထည်လူကြုံဖြင့်ပါလာသည်။ဆောင်းတွင်းမှာ

0 ကလုံးထာ ရွာသူရွာသားများမှ နိုင်ငံတော် သမ္မတဆီ ရေလှောင်တမံ စီမံကိန်း ကန့်ကွက်လွှာ ပို့

 သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
 နေပြည်တော်
နေ့စွဲ၊ ၂၊ ၁၁၊ ၂၀၁၂

အကြောင်းအရာ။           ။           ကလုံးထာရေကာတာစီမံကိန်းအား ကလုံးထာရွာသူ၊ ရွာသားများမှ
ကန့်ကွက်လွှာ တင်သွင်းခြင်း

အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ကလုံးထာကျေးရွာရှိ ပြည်သူလူထု၏ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ဆက်စပ်ပက်သက်သော လက်ရှိအခက်အခဲများနှင့် ပက်သက်၍ တင်ပြအပ်ပါသည်။

ကလုံးထားကျေးရွာအကြောင်း
(၁)။      ကလုံးထာကျေးရွာသည် ထားဝယ်ခရိုင်အတွင်း၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၁၈၈၁ ခုနှစ်ခန့်က အိမ်ခြေ (၁၅) လုံးဖြင့်စတင်တည်ထောင်ခဲ့ကာ ယခုအချိန်တွင် အိမ်ခြေ (၁၈၂) အိမ်၊ လူဦးရေ (၁၀၀၀) ကျော် နှင့် စိုက်ပျိုးမြေဧရိယာ (၉၂၄၀) ဧက ရှိပြီး ရွာသားများမှာ ဥယျဉ်ခြံလုပ်ငန်းနှင့် တောတွင်းမှ သဘာဝ အတိုင်း ရရှိသော ဖာလာ၊ ဓညင်း၊ ၀ဥ စသော သီးနှံများကို အမှီပြု၍ အဓိကအသက်မွေးဝမ်းကြောင်း ပြုသူများ ဖြစ်ကြပါသည်။
(၂)။      ကလုံးထာကျေးရွာဆရာတော်၏ လမ်းညွှန်မှုဖြင့် ရွာသူရွာသားများသည် လမ်းတံတားများ တည်ဆောက် ပြုပြင်ခြင်း၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် မိမိတို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ပါဝင်ဆောင်ရွက်ကာ ချစ်ခင်စည်းလုံးစွာဖြင့် မိမိတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြပါသည်။
(၃)။      စမ်းချောင်းများ၊ ရေပူစမ်း၊ ရေတံခွန်များ၊ လိပ်ကျေး၊ ကြံ့သူတော်၊ ဂျီလှောင်စသော ရှားပါးသားရဲ တိရိစ္ဆာန်များ နေထိုင်ကျက်စားရာနေရာဖြစ်ပြီး သဘာဝ သစ်တောထိန်းသိမ်းရေး နယ်မြေနှင့်လည်း ကပ်လျှက် တည်ရှိပါသည်။
လက်ရှိ အစိုးရအပေါ် ပြည်သူများ အားကိုးယုံကြည်မှု

(၄)။      လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ရောက်ရှိကာ နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့ နှင့် လွှတ်တော်အသီးသီးမှ ကဏ္ဍပေါင်းစုံတွင်

1 လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း

0 တော်ဝင်ကုမုဒ္ဒာ ဟိုတယ်တွင် Germany Princess H.H. Princess Inaara the Begun Aga Khan နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ ဆုံစဉ်ပုံရိပ်များ-

7-11-12 ညနေ (6:30) တွင် တော်ဝင်ကုမုဒ္ဒာ ဟိုတယ်တွင် Germany Princess H.H. Princess Inaara the Begun Aga Khan နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ ဆုံစဉ်ပုံရိပ်များ--
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စားဆင်ယင်မှု့ကိုအားကျအတုခိုးပြီး ၀တ်ထားတဲ့.ဂျာမန်ကအိမ်ရှေ့ မင်းသမီးတဲ့ဗျား .. ဘာဘဲဖြစ်ဖြစ် မြန်မာ့ဝတ်စားဆင်ယင်မှု့ကို ဥရောပနဲ့အနောက်နိုင်ငံသူတွေ က တလေးတစားမြတ်မြတ်နိုးနိုးဝတ်လာကြတာ ကတော့ ဂုဏ်ယူစရာပါ အမေစုရဲ့ ဆွဲဆောင်မှုကတော့ ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုတာကို လက်တွေ့ ပြလိုက်သလိုပဲ.. Photo,,Kyaw soe naing

0 မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု တိုးပွား များပြားလာနေဆဲဟု သံသယ ပွားစေသည့် အစီရင်ခံစာ တစ်ရပ်ကို ကုလသမဂ္ဂ ထုတ်ပြန်

၂ဝ၁၄ ခုနှစ်တွင် ဘိန်းစိုက်ပျိုး မှုလုံးဝပပျောက်စေရမည်ဟု မြန်မာ အစိုးရကခိုင်မာစွာ ပြောကြားထားသော် လည်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ ခြောက်နှစ် ဆက်တိုက်၊ တိုးတက် များပြား လာနေသဖြင့် အစိုးရ၏ ပြောကြားချက်အပေါ် သံသယပွားစေသည့် အစီရင်ခံစာ တစ်ရပ်ကို ကုလသမဂ္ဂက အောက်တိုဘာ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ဘိန်းစိုက်ခင်း တစ်နေရာ
ဘိန်းစိုက်ခင်း တစ်နေရာ
မြန်မာနိုင်ငံအစိုးရသည် ယမန် နှစ်ဆောင်းဦးပေါက်ရာသီမှ ယခုနှစ် နွေရာသီအစောပိုင်းကာလအတွင်း မကြုံစဖူး ထူးကဲသည့် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ဆောင်ရွက် ချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ ဘိန်းစိုက်ခင်း ဧကပေါင်း ၅၉၂၈ဝ ခန့် ဖျက်ဆီးနိုင်ခဲ့သည်။ ယခင်နှစ် ဘိန်းဖျက်ဆီးမှုအရေအတွက် သုံးဆခန့် ကျော်တိုး၍ ဖျက်ဆီးနိုင်ခဲ့ခြင်း လည်းဖြစ်သည်။
သို့ရာတွင် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး အဖွဲ့ (UNODC) က ကမ္ဘာ့ဘိန်း ထုတ်လုပ်မှု တွင် အာဖဂန်နစ္စတန် နိုင်ငံနောက်မှ ဒုတိယလိုက် သည့် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ခင်း မြေဧကတိုးပွားမှုမှာ ၁၇% အထိ ရှိလာခဲ့ပြီး ရှစ်နှစ်တာ ကာလ တစ်လျှောက် အများဆုံး

1 ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပယ်ဖျက်ရေးနောက်ကွယ်မှာ ဘာတွေရှိသလဲ??????

နိုဝင်ဘာ ၆ရက်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းမဲဆန္ဒနယ် အမှတ်(၇)မှ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးတင်မြက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ရေးအဆိုကို တင်သွင်းခဲ့သည်။

အဆိုပါတင်သွင်းခဲ့သောအဆိုမှာ လ၀ကပြည်ထောင်စုဝန်ကြီး ဦးခင်ရီအပါအ၀င် ကိုယ်စားလှယ် (၁၀) ဦးက ပါဝင်ဆွေးနွေးပြီး ကန့်ကွက်သူများသဖြင့် အဆိုကို မှတ်တမ်းတင်ရန်သာဆုံးဖြတ်ခဲ့သည်။

ယခုတင်သွင်းသော အဆိုမှာ လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်-ဘင်္ဂလီကိစ္စကို အခြေခံပြီး တင်သွင်းလာသည်ဟု ယူဆရပြီး၊ ဥပဒေပြင်ဆင်ခြင်းကိုအကြောင်းပြကာလူမျိုးခြားဘင်္ဂလီများအတွက်များစွာအခွင့်အရေးဖြစ်သွားနိုင်ကြောင်းနှင့်ထိုသို့ဖြစ်ပေါ်စေရန်အဆိုပါအဆိုရှင်၏နောက်ကွယ်တွင် နှပ်ကြောင်းပေးစေခိုင်းနေသူများရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေရေးဆွဲစဉ်က အချိန်များစွာရယူခဲ့ပြီး ပြည်သူကို ချပြအသိပေး

Wednesday, November 7, 2012

0 အမေရိကန်သမ္မတအဖြစ် ထပ်မံအရွေးခံရသော Barack Obam၏ မိန့်ခွန်း (ရုပ်/သံ)

0 ပြည်သူကိုယ်စားလှယ် ဟုတ်၊ မဟုတ် တိုင်းတာခြင်း ..

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၌ .ရန်ကုန်မြို့တွင်းငြိမ်းချမ်းရေးအတွက်စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့မှုအတွက်မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြရသူများအား သွားရောက်အားပေးခဲ့သော မင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဓိက အကျဆုံး တာဝန်ဟာ .. တိုင်းပြည်မှာ ပြည်သူလူထု အကျိုးထိခိုက်မှုတွေကို ကာကွယ်တဲ့ ဥပဒေများ ပြဌာန်းရေးနဲ့ ပြည်သူလူထုကို အကျိုးမဖြစ်စေတဲ့ ဥပဒေများကို ဖျက်သိမ်း ပြင်ဆင်ရေး ဖြစ်တယ်ဆိုတာ ... ထင်ထင်ရှားရှား လုပ်ရမယ့် တာဝန် တစ်ရပ်ဖြစ်ပါတယ်။

မြန်မာပြည်က လွှတ်တော်သက်တမ်းလည်း ရသင့်သလောက် ရလာပြီဆိုတော့ အထက်ပါ တာဝန်တွေကို ဘယ်လောက် ကျေပွန်သလဲဆိုတာ တိုင်းတာစရာတွေ ရှိလာနေပါပြီ။

အရင်ရှိပြီးသား ဥပဒေတွေထဲက ပြည်သူလူထုကို အကျိုးမရှိစေတဲ့ ၅ (ည) လို ဥပဒေမျိုးကို ပယ်ဖျက်/ပြင်ဆင်ဖို့ ပယ်ချခံရတာ အကြိမ်ကြိမ် ဖြစ်လာနေတာက လွှတ်တော် ကိုယ်စားလှယ်တွေကို အမှတ်ပေးဖို့ရာ အခြေအနေ သိပ်မကောင်းလှပါဘူး။

အရင်ရှိပြီးသားတွေဟာ အသားသေပြီးသား ဖြစ်တာကြောင့် ချက်ခြင်း မပြင်နိုင်သေးဘူးဆိုတာကို ထည့်စဉ်းစားပေးလိုက်မယ် ဆိုရင်တောင် ... အခုလက်ရှိမှ ပြဌာန်းလိုက်တဲ့ ဥပဒေအတွက် ... ပြန်လည်သုံးသပ် ဖြည့်စွက် ပြင်ဆင်မှု ရှိဖို့ လိုအပ်နေသေးပါတယ်။

အထင်အရှား ကိစ္စကို ပြပါဆိုရင် ... "စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေ" ဟာ အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။ ၄င်း ဥပဒေအရ ကြိုတင် ခွင့်ပြုချက်ယူရပြီး ဆန္ဒပြရမှာ ဖြစ်ပြီး .. ခွင့်ပြုချက် မပါဘဲ ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်၊ တရားစွဲခွင့် ရှိနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စ အကျိုးမရှိဘဲ ... အကျိုးမဲ့စေတာကြောင့် သေချာ ပြန်ပြီး သုံးသပ်သင့်နေပါပြီ။

ဥပဒေဟာ ပြည်သူလူထု အကျိုးအတွက် အလို့ငှာ ပြဌာန်းတာ ဖြစ်တာကြောင့် .. လက်တလောက အများအကျိုးအတွက် ငြိမ်းချမ်းရေးကိစ္စ ဆန္ဒပြလိုသူတွေဟာ ခွင့်ပြုချက် မရပေမယ့် .. တိုင်းပြည်ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒ ထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒါကို ခွင့်ပြုချက် မယူဘဲ ဆန္ဒပြမှုနဲ့ တရားရင်ဆိုင်ဖို့ ရှိလာနေပါတယ်။

ဒီတော့ ဆန္ဒပြဖို့ ခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ ဥပဒေဟာ ပြည်သူလူထုကို အကျိုးရှိစေသလား၊ အကျိုးမဲ့စေသလားဆိုတာ တိုင်းတာဖို့ လိုလာပါပြီ။ တကယ်လို့ အကျိုးရှိစေမယ်ဆိုရင် ဆက်လက် ကျင့်သုံးဖို့ ထားရှိသင့်ပြီး၊ အကျိုးမဲ့စေတယ် (သို့) အကျိုးမရှိဘူးဆိုရင် အခြားနည်းလမ်းနဲ့ ပြင်ဆင်ချင်း ... ပယ်ဖျက်ခြင်းတွေကို လုပ်ဖို့အတွက် ဆွေးနွေး အဖြေရှာသင့်နေပါပြီ။

ဆန္ဒပြခွင့် ယူပြီးမှ ပြရတဲ့ ဆန္ဒပြပွဲတွေနဲ့ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြပွဲတွေအတွက် တစ်ခုခြင်းဆီမှာ ရလဒ်တွေကို တိုင်းတာ စစ်တမ်းယူဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်မြင်တဲ့ ရလဒ်တွေကို ပြောရမယ်ဆိုရင်တော့ ... ဆန္ဒပြခွင့် ယူပြီး ဆန္ဒပြသူတွေအတွက် အကျိုးရလဒ်ဟာ ... ဘယ်နေရာမှာ၊ ဘယ်သူတွေက၊ ဘယ်လို အကြောင်းအရာနဲ့ လူဘယ်လောက်များများ ဆန္ဒပြကြမယ်ဆိုတာ ကြိုသိတာကြောင့် ရဲဌာနက လုံခြုံရေး တာဝန်ယူပေးလို့ ရတယ်။ ဒါကြောင့် ပြည်သူအတွက် အကျိုးရှိတယ်လို့ ပြောချင်သူတွေ ရှိမှာ မလွဲပါဘူး။

ဒါပေမယ့် ဒီလို ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ စကားလုံးနေရာမှာ .. ဥပမာ ... လူ ၅၀၀ ထက် များလျှင် ၂ ပတ်ကြိုတင် အကြောင်းကြားရမှာ ဖြစ်ပြီး ... လူ ၁၀၀ ထက်များလျှင် ၁ ပတ် ကြိုတင် အကြောင်းကြားသင့်ပြီး၊ လူ ၁၀၀ အောက်ဆိုလျှင် ၃ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ ရဲဌာနကို အကြောင်းကြားရမယ် ဆိုတာမျိုးနဲ့ အစားထိုး သင့်ပါတယ်။ ကြိုတင် အကြောင်းမကြားဘဲ ပျက်ကွက်လျှင် ... ဆန္ဒပြပွဲကို ရဲဌာနမှ ရပ်ဆိုင်းခွင့်ရှိသည် ဆိုတာမျိုးဆိုလျှင်လည်း ... ရဲဌာနကကြိုတင်သိရှိပြီး ပြည်သူတွေနဲ့ ဆန္ဒပြသူတွေအတွက် လုံခြုံရေးအရ တာဝန်ကို ယူပေးလို့ ရမှာပဲဖြစ်ပါတယ်။ဒီလို လုပ်ခြင်းကြောင့် လက်ရှိ ဖြစ်နေတဲ့ အကျိုးမဲ့စေမှု တချို့ကို ပယ်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ပယ်ဖျက်နိုင်မယ့် အကျိုးမဲ့စေမှုများ ဆိုတာကတော့ ..

၁။ ရဲဌာနများမှ ခွင့်ပြုမိန့် ချပေးသင့်၊ မချပေးသင့် ဆုံးဖြတ်ရမှု မရှိတော့တာကြောင့် မလိုလားအပ်တဲ့ စာရွက်စာတမ်း ကိစ္စနည်းသွားခြင်းနှင့် ပြည်သူ့ရဲများ အခြားတာဝန်များအပေါ် အာရုံစိုက် ဆောင်ရွက်နိုင်ခြင်း

၂။ ခွင့်ပြုမိန့် ယူစရာ မလိုအပ်တာကြောင့် တရားမဝင် ဆန္ဒပြမှုဆိုတာတွေ လျော့နည်းသွားပြီး .. တရားစွဲဆိုမှုများ ကျဆင်းလာနိုင်ခြင်း .. ထို့အတွက် .. တရားရေး စရိတ်များ သက်သာခြင်း၊ ရဲများ အလုပ်ရှုပ် သက်သာခြင်း၊ ပြည်သူများလည်း ဖမ်းဆီး တရားစွဲဆိုခံရမှု နည်းသွားခြင်း၊ တိုင်းပြည်ဘဏ္ဍာ ကုန်ကျစရိတ် သက်သာခြင်း
.. အစရှိတဲ့ ကောင်းကျိုးများ ရလာစေမှာ ဖြစ်ပါတယ်။
အခုလို ပြန်လည် သုံးသပ်ခြင်း၊ လေ့လာပြင်ဆင်ချင်း မရှိဘဲ လက်ရှိ ဆန္ဒပြခွင့် ဥပဒေအတိုင်း ဆက်လက်ထားရှိမည် ဆိုပါက .. ဥပဒေဟာ ပြည်သူလူထုအကျိုးကို ဖြစ်စေတာ မဟုတ်ဘဲ ... ဥပဒေကြောင့် ပြည်သူလူထုများ အကျိုးမဲ့ခြင်း၊ .. အစိုးရဘဏ္ဍာငွေများ ပိုမို ကုန်ကျခြင်း၊ အစိုးရဝန်ထမ်းများသည်လည်း မလိုအပ်သည့် အလုပ်ပိုများကို လုပ်ဆောင်နေရခြင်း စတဲ့ ဝန်အပိုများကို ဖြစ်စေပြီး .. ဥပဒေကြောင့် အကျိုးမဲ့မှုများ ဖြစ်စေတာ ဖြစ်ပါတယ်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးမဲ့မှုများသည် အသစ် ပြဌာန်းလိုက်သော ဥပဒေများကြောင့် ဖြစ်ရသည်ကို တိုင်းတာ သုံးသပ်မှု မလုပ်ခြင်း၊ တိုင်းတာပါသော်လည်း သိလျက်နှင့် မပြင်ဘဲ ဆက်လက်ထားရှိခြင်းများ ရှိနေမည်ဆိုပါက ... လွှတ်တော်ထဲမှာ ထိုင်နေကြသော်လည်း ... ပြည်သူ့ကိုယ်စားလှယ်များဟု မယူဆထိုက်ပါကြောင်း ....

လေးစားစွာဖြင့်
ကိုထိုက်

0 ကူမင်းတရားရုံးမှ ရှမ်း မူးယစ်ရာဇာ စိုင်းနော်ခမ်း နှင့် အပေါင်းအပါတစ်ချို့အား သေဒဏ်နှင့် ထောင်ဒဏ်များချမှတ် (ရုပ်/သံ)-ဓာတ်ပုံ

Photo..xinhuanet
၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်ပေါ်ရှိ တရုတ် ကုန်သင်္ဘော နှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ရှမ်း မူးယစ်ရာဇာ နော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်တရားရုံးတခုမှ အင်္ဂါနေ့က သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြ ပါရှိသည်။

နော်ခမ်းဂိုဏ်းမှ အခြား အဖွဲ့ဝင် နှစ်ဦးကိုမူ ဆိုင်းငံ့သေဒဏ် နှင့် ထောင် ၈ နှစ် ချမှတ်လိုက်သည်။

မသင်္ကာသူ ၆ ဦးစလုံးကို တမင် လူသေစေမှု၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ သင်္ဘော အပိုင်စီးခြင်း စွဲချက်များဖြင့် စက်တင်ဘာလ အတွင်းက ရုံးတင်စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

တရားခံ ၆ ဦးစလုံးက အင်္ဂါနေ့စီရင်ချက်ကို အယူခံဝင်ရောက်မည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။

ဤမူးယစ်ဆေးဝါး လုပ်ငန်းကို နော်ခမ်းသည် ယခင်မူးယစ်ရာဇာ ခွန်ဆာ၏ မုန်ထိုင်းတပ်မတော် MTA တွင်

0 ငွေသားမပါ လှူခဲ့သော ပုံးခွံများ

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျီးတောကျေးရွာ ဖောင် တော်ဦးစေတီတော်မြတ်ကြီး အား၃-၄-၁၉၉၉နေ့၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ခေါင်းဆောင် ပြီး မွေးရပ်ဇာတိမြေဖြစ်သော လက်ပံတန်းမြို့နယ်အတွင်း၌ရှိသော ကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး (ခ) ပေါ်တော်မူဘုရားစေတီကြီးအား ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ပဲခူးတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်အေး၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းညွန့်၊ ဗိုလ်မှူးချုပ်သိန်းအောင်၊ ဗိုလ်မှူးချုပ်လွန်းမောင်နှင့် ၀န်ကြီးအဖွဲ့ဝင်များနှင့် ကုမ္ပဏီမိသားစု ၅ ခုတို့မှအလှူငွေများနှင့် ကျီးတောဖောင်တော်ဦးစေတီတော်မြတ် ကြီးအား မင်္ဂလာအချိန်အခါ နံနက် ၈း၁၀ နာရီ၌ ရွှေထီးတော်ကြီးအား တင်လှူပူဇော်ခဲ့ပါသည်။

ထီးတော်တင်ပွဲအပြီး၌ လက်ပံတန်းမြို့၏ ကျက်သရေဆောင် လောကမာန်အောင်ရွှေဘုန်းရောင် စေတီတော်မြတ်ကြီး၏ ဘက်စုံပြုပြင်ရန်အတွက် အထက်မှဖော်ပြ ထားသော ကုမ္ပဏီ ၅ ခုမှ အလှူ ငွေများထည့်ဝင်လှူဒါန်းမှု ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ အနည်းငယ် တင်ပြရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နှင့် အစိုးရ၀န်ကြီးများရှေ့၌ ရွှေသံ လွင်ကုမ္ပဏီမှ အလှူငွေတစ်သိန်း နှင့် သိန်းဆွေဝင်းကုမ္ပဏီ (ဦးခင် မြင့်)မှ အလှူငွေ တစ်သိန်း၊ မြန်နိုင်မြင့်ကုမ္ပဏီမှ အလှူငွေတစ် သိန်း၊ စူပါဝမ်းကုမ္ပဏီမှ အလှူငွေ တစ်သိန်းနှင့် တော်ဝင်မိသားစု ကုမ္ပဏီမှ အလှူငွေတစ်သိန်းစီကို အသီးသီး လှူဒါန်းမှုပြုလုပ်ခဲ့ပါ သည်။ ၎င်းလှူဒါန်းမှုမှာ ““ဖော် ရှိုး””သဘောမျိုး ငွေတစ်သိန်းကပ်ထားသော ပုံးခွံများအား လူကြီးများရှေ့၌ လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ငွေသားမပါ ပုံးခွံများသာဖြစ်ပါသည်။ ယခုအချိန်အထိ အချိန် ကာလ

1 နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ပြိုင်ကားလူသတ်မှုကိစ္စ အဓိကတရားခံ ၀န်မခံသေး

ပြီးခဲ့သည့်လ အောက်တိုဘာ ၂၃ ရက်နေ့ညသန်းခေါင်ယံအချိန် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့သော ပြိုင်ကားမောင်းလူငယ်တစ်စုနှင့် ဘိုးဘွားရိပ်သာ သန့်ရှင်းရေးဝန်ထမ်းလူငယ်များ ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်သွားသော အမှုမှ အဓိကတရားခံမှာ အပြစ်ခံဝန်ချက်မပေးသေးကြောင်းသိရှိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ပြိုင်ကားမောင်းလူငယ်အုပ်စုမှသန့်ရှင်းရေးဝန်ထမ်းလူငယ်တစ်ဦးအားဝိုင်းဝန်းကန်ကျောက်ပြီး ရေအိုးစင်မှ ရေအိုးဖြင့် ခေါင်းရိုက်ခွဲခဲ့ပြီး အကြမ်းဖက်ခံရသောကြောင့် နောက်စေ့ကွဲသွေးထွက်ဒဏ်ရာ၊ ကျောက်ကပ်နှစ်လုံးစလုံးပျက်စီးစိမ့်ထွက်၊ အတွင်းဝမ်းခေါင်းအတွင်းသွေးသွန်မှုများဖြစ်ပေါ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားစဉ် ပြိုင်ကားလူငယ်အုပ်စုမှ လူငယ်များမှာ အမူးလွန်နေပြီး သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှာလည်း ဘီယာအနည်းငယ်သောက်သုံးထားကြောင်းကို သက်သေများမှထွက်ဆိုထားသည်။ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သော လူငယ် ၉ ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး အဓိကတရားခံဖြစ်သူ Nissan FairLady ကားပိုင်ရှင်ဖြစ်သူ အောင်ကောင်းခန့် (ခ) အောင်ကောင်း အသက် (၁၉)နှစ် (ဘ) ဗိုလ်မှူးကြီးဌေးအောင်(ငြိမ်း) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၃)သတ္တုတွင်းလုပ်ငန်း မှာ အပြစ်ရှိကြောင်း ၀န်မခံသေးဘဲ သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှ ၄င်းတို့အဖွဲ့ လူငယ် (၉) ယောက်အား ဂီတာဖြင့်စတင်ရိုက်နှက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းကြောင်း အမှုဖွင့်လှစ်ပေးပါရန် ဗဟန်းရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြားထားကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင်ပါဝင်သည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ တရားခံ အောင်ကောင်းခန့်၏ သမီးရည်းစားဖြစ်သူ အေးနန္ဒာကို (ခ) နန္ဒာ အသက်(၂၄)နှစ်အားလည်း ပထမရမန် ယူပြီး အချုပ်ထားရှိကြောင်း သတင်းရရှိပါသည်။

News by: People Development for Knowledge

0 မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများ အတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ -Bertil Lintner

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

လွန်ခဲ့သောအနှစ်နှစ်ဆယ်က လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများ ကျူးလွန်ခဲ့သောရက်စက်လှသည့် သွေးထွက်သံယို ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်တဖန်ပြဿနာဖြစ်လျက်ရှိရာ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု ၏အချို့အစိတ်အပိုင်းများ၊ နိုင်ငံခြားမှထောက်ပံ့ပေးသူများ နှင့် အမည်ခံအရပ်သား အစိုးရအသစ်တို့အပေါ် အကျိုးဆက်များစွာသက်ရောက်မှုရှိလာပေမည်။

အသက်ရှင်ကျန်ရစ်သူများ၊ ခံခဲ့ရသူများ၏မိသားစုများသည် ၎င်း၏နာကျင်မှု၊စိတ်ဆိုးမှုများကို နှစ်ပေါင်းနှစ်ဆယ်ကျော် သိုဝှက်ထားခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများအပေါ်တရားစီရင်နိုင်ရေး တောင်းဆိုလျက်ရှိပါသည်။ စွပ်စွဲခံရသောသတ်ဖြတ်ရာတွင်တာဝန်ရှိသူအချို့မှာ ထိုင်းနိုင်ငံတွင် နေထိုင် လျက်ရှိပြီး နိုင်ငံတကာ NGO များကထောက်ပံ့ထား ပါသည်။ သို့သော် အကယ်၍နောက်ဆုံးတွင်တရားဥပဒေအတိုင်း စီရင်ခဲ့ပြီထားဦး၊ ဤမျှနှင့်ပင် ရပ်သွားမည်လော။ စစ်တပ်ကရောအတိတ်က ကျူးလွန်ခဲ့မှုများအပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုများကို မည်မျှအထိခွင့်ပြုမည်နည်း။

မြန်မာအာဏာပိုင်များသည် ထိုကိစ္စကိုကောင်းမွန်စွာသိရှိသော်လည်းနှုတ်ပိတ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာနိုင်ငံအတွင်းမှ သတင်း အရင်းအမြစ်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ကျောင်းသားများသည် အဆိုပါမိမိ ရဲဘော်အချင်းချင်း သတ်ဖြတ်ခြင်းကို မမေ့နိုင်၊ ခွင့်မလွှတ်နိုင်ဟု ဆိုပါက ၁၉၈၈ တွင် စစ်တပ်ကထောင်ပေါင်းများစွာသောသူများကို သတ်ဖြတ် ၍ ထောင်ချခြင်းအပေါ်တရားစီရင်ရေးက မည်သို့နည်းဟု မေးခွန်းထုတ် ထားပါသည်။

၁၉၂၂ အစောပိုင်းက မြောက်ပိုင်းကချင်ပြည်နယ် တရုတ်နယ်စပ်တွင်ရှိသော ABSDF တပ်တွင် ကျောင်းသားတပ်သား ၃၅၀-၄၀၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံ (သို့မဟုတ်) ၁၀၇ ဦးအား စစ်တပ်အစိုးရ၏ သူလျှို သို့မဟုတ် ထောက်လှမ်းရေးများဟု စွပ်စွဲခဲ့ပါသည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ(၃၆)ဦးမှာသတ်ဖြတ်ခံရခြင်းသို့မဟုတ်စစ်ဆေးမေးမြန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်ခဲ့သည်ဟုသိရပါသည်။
တောထဲတွင်ဒီမိုကရေစီအတွက်နှစ်အတန်ကြာတိုက်ပွဲဝင်ခဲ့သူအချို့လည်း နှိပ်စက်ခံရမှုကြောင့်သေဆုံးကြကြောင်း ပြောပြချက်အရ သိရပါသည်။

မန္တလေးမှ နာမည်ကြီး ကျောင်းသားလှုပ်ရှားသူဟောင်းဖြစ်သူ ABSDF မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်မှာ သံပူနှင့်နှိပ်စက်ခံရပြီးနောက် ခေါင်းဖြတ်ခံရသည်ဟု ပြောပြကြပါသည်။ ၎င်းအားခေါင်းမဖြတ်မီ ခေါင်းဖြတ်ခံရသူတစ်ဦးထံမှကျသောသွေးများကို သောက်ခိုင်းခဲ့သည်ဟုဆိုပါသည်။ နောက်ထပ်စွပ်စွဲမှုများပြုလုပ်ပြီး အဖမ်းခံရသူတစ်ဦးမှာအောင်ဖုန်းဆိုသူဖြစ်ပြီး ၎င်း၏ခြေထောက်ကိုမြေမြှုပ်မိုင်းတွင်တွဲချီ၍ဗုံးခွဲခဲ့ရာ ခြေထောက်ပြတ် သွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ၎င်းအားခေါင်းဖြတ်သတ်ခဲ့ပါသည်။

ထိုသို့စွပ်စွဲပြီး သတ်ဖြတ်မှုများမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပြီး ABSDF စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ် Yingjiang နယ်ရဲများက မြန်မာလူငယ် ၁၀ ဦးအား လက်နက်များနှင့်အတူဖမ်းဆီးခဲ့ရာမှစတင်ခဲ့ပါသည်။ နောက်ပိုင်း ၎င်းတို့အားစခန်းသို့ပြန်လည်ပို့ပေးခဲ့အပြီးတွင် လူငယ်များကြား ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ပိုင်းထွက်လာသော ABSDF ၏ ဗီဒီယိုတိတ်ခွေတွင် စွပ်စွဲမှုမှသည်တရားစီရင်ပုံများကိုပါပြသခဲ့ပါသည်။ ဗီဒီယိုတိတ်မှ အဖြစ်အပျက်များ သည် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုကိုဝန်ခံသည့် သက်သေများပင်ဖြစ်ပါသည်။ ၎င်းတို့၏ ထွက်ဆိုချက်များမှာ ကမ္ဘောဒီးယားရှိ Khmer Rouge ၏ Tuol Sleng ထောင်ထဲတွင် နှိပ်စက်၍ ဝန်ခံထားသည်များ၏ ပုံစံအတိုင်းအသေးစိတ်ရှိလှပါသည်။ အကျဉ်းကျခံရသူများမှာ ညဖက်တွင်တဲအတွင်း၌ မြေကြီးပေါ်တွင်ခြုံစရာမရှိပဲ အိပ်ကြရပါသည်။

“ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာဆိုတော့ သူတို့ပြောစေချင်တဲ့အတိုင်းပြောရတာပေါ့” ဟု အသက်ရှင်ရစ်သူရန်ကုန်မှ နာမည်ကြီးပန်းချီဆရာထိန်လင်းကပြောပါသည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူ နန်းအောင်ထွေးကြည်က ပြောရာတွင် သူ၏ခေါင်းအားသေနတ်ဖြင့် ချိန်၍ သူနားမလည်သော မေးခွန်းများဖြစ်သည့် “မင်း ကိုဘာတွေလုပ်ဖို့ အမိန့်ပေးထားလဲ” ဟု မေးမြန်းသည်ဟု ဆိုပါသည်။

သူသည် ထိုစဉ်က အတွေးအခေါ်ကောင်းသော အသက် ၂၀ အရွယ်ကျောင်းသူတစ်ဦးဖြစ်ပြီး အစိုးရထောက်လှမ်းရေးမှ ဒုဗိုလ်အဆင့်ရှိသူဟု စွပ်စွဲခံခဲ့ရပါသည်။ ယခုအခါ သူသည် ဆစ်ဒနီ မြို့တွင်နေထိုင်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံ့ပံ့ပိုးလျက်ရှိပါသည်။

စွပ်စွဲခံရသူများ၏မိသားစုများ စခန်းသို့လိုက်သွားကြပါသည်။ နန်းအောင်ထွေးကြည်အပါအဝင်အချို့ကိုလွှတ်ပေးခဲ့ပါသည်။ ထိန်လင်း ကဲ့သို့သော အခြားလူများမှာ ထွက်ပြေးရန် ကြိုးစားရင်း အစိုးရတပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် နှစ်ပေါင်းများစွာနေခဲ့ရပါသည်။

ထိုစဉ်က အဆိုပါသတ်ဖြတ်မှုများကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ နေ့စဉ်သတင်းစာ The Nation မှ သတင်းထောက် Yindee Lertcharoenchok သည်မြောက်ပိုင်းစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအကြောင်းကိုရေးသားခဲ့ပါသည်။ အဆိုပါ သတင်းသည် ၁၉၉၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က လူသတ်မှုများကိုဖော်ပြထားရာ ယခုမထုတ်ဝေတော့သော ဟောင်ကောင်အခြေစိုက် ထိုစဉ်က အပတ်စဉ်ထုတ် Far Eastern Economic Review ကလည်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ထိုစဉ်က အဆိုပါအစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ နေသော နိုင်ငံတကာအဖွဲ့အစည်းများသည် ထိုကိစ္စကိုရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းနယ်စပ်ရှိ ABSDF ဗဟိုက ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့က ထိုသို့ဖမ်းဆီးသတ်ဖြတ်ရခြင်းမှာအစိုးရသူလျှိုများက ABSDF ခေါင်းဆောင်များကိုလုပ်ကြံရန် ကြိုးစားခြင်းကြောင့်ဟု အကြောင်းပြ စာ ထုတ်ပြန်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထိုစဉ်က ABSDF တစ်ခုလုံး၏ ဥက္ကဋ္ဌအောင်နိုင်သည် မြောက်ပိုင်းစခန်းသို့သွားရောက်ခဲ့ပြီး ဖမ်းဆီးထားမှုများကို သတ်ဖြတ်ရေးအတွက် ကန့်ကွက်မှုမရှိခဲ့ပေ။ ထိုစဉ်က ၎င်းထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းဆီးခံရသူများကို သူလျှိုအဖြစ် ညွှန်းဆိုခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ နိုင်အောင်မြန်မာနိုင်ငံသို့လာရောက်စဉ်တွင် စိတ်ဆိုးလျက် ရှိသော အသက်ရှင်ကျန်ရစ်သူများက လေဆိပ်တွင်လူသတ်သမားဟူသော ဆိုင်းဘုတ် ကိုင်၍ ကြိုဆိုခဲ့ကြပါသည်။

ထိုလူသတ်မှုများ ဖြစ်ပွားစဉ် ABSDF မြောက်ပိုင်းဗျူရို အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်က ထိုင်းအခြေစိုက်စာရေးဆရာ phil Thornton ၏ Restless Soul စာအုပ်၏ Rehels, Medics and Misfits on the Thai-burma border အခန်းတွင် လူသတ်ရာ၌ ကဏ္ဍတစ်ခု ပါဝင်ခဲ့ပုံကို ဝန်ခံထားပါသည်။

ယနေ့တွင်မူ ရော်နယ်အော်နိုင်သည် ထိုင်းနယ်စပ်အခြေစိုက် Frum For Democracy in Burma အကြီးအကဲဖြစ်ပြီး ချင်းမိုင်တွင် မီဒီယာများကို လေ့ကျင့်သင်ကြားပေးသူဖြစ်နေပါသည်။ သတ်ဖြတ်မှုများတွင်တာဝန်ရှိသည်ဟု စွပ်စွဲခံရသူအချို့သည် ယခုအခါနိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများရယူလျက်ရှိပါသည်။ ယခုအခြေအနေမှာ မြန်မာနိုင်ငံနှင့်နိုင်ငံခြားတွင်နေထိုင်လျက်ရှိသည့် အဆိုပါသတ်ဖြတ်မှုမှ လွတ်မြောက် လာသူများက ထိုကိစ္စကို အစဖော် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

နိုင်အောင်က Asia Times Online မှ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေဆိုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရခြင်း အတွက် နောင်တရကြောင်း၊ ထိုအဖြစ်အပျက်များမှာ ABSDF ဌာနချုပ်မှ သိရှိခြင်းနှင့် ဆုံးဖြတ်ခြင်း မရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုပါသည်။ The Nation သတင်းစားမှသတင်းကို မတွေ့မချင်း၎င်းကိစ္စကိုမသိကြောင်း၊ အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍၎င်း၏ဌာနချုပ်သည် ကာယကံ အားဖြင့်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းအားဏာဖြင့်လည်းကောင်း စုံစမ်းခြင်း၊ လိုက်လံလုပ်ဆောင်ခြင်းများမရှိခဲ့ကြောင်း ၎င်းကဆိုပါသည်။

နိုင်အောင်သည် ဟားဗက်တက္ကသိုလ်၏ Kennedy School of Government တွင် စကောလားရှစ် ရရှခဲ့သော်လည်း အထက်ပါ လူသတ်ပဲါမှအသက်ရှင်ကျန်သူများကန့်ကွက်မှုကြောင့်၂၀၀၂ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းခံခဲ့ရပါသည်။ ရော်နယ်အောင်နိုင်မှာလည်း BBC မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ်ငှားရမ်းခံရသော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင်နေရာအတွက် ဆုံးရှုံးခဲ့ရပါသည်။

စာရေးသူနှင့် ယခုလရန်ကုန်တွင်တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးသွားကြသူများ၏ မိသားစုဝင်များသည် အဆိုပါအမှုကိစ္စ များကို ပြောပြရန်စိတ်အားထက်သန်နေကြသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး နောက်ကြောင်းပြန်ရေးသားမှုများ မကြာသေးမီက မြန်မာမီဒီယာ များတွင် ဖော်ပြခဲ့ကြပါသည်။

အသက်ရှင်ကျန်ရစ်သူ ဆမားညီညီ၏အစ်ကိုဖြစ်သူ ဥိးမောင်မောင်ရွှေကရဝိတ်ရေးသားသော ခေတ်သစ်ဟသာင်္ကိုးသောင်းဇာတ်မှ အတွေ့ အကြုံများ စာအုပ်သည်အဆိုပါ လူသတ်ပွဲများကို စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကပြောကြားရာတွင် ၎င်းတို့သည် ယနေ့အထိလူကြားထဲသို့မထွက်လိုကြောင်း စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုများကိုဆန့်ကျင်ရေးအတွက် ၎င်းတို့ကိုအသုံးချ၍ဝါဒဖြန့်မည်ကို စိုးရိမ် သောကြောင့်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း အသက်ရှင်ကျန်ရစ်သူများမှာ အတိုက်အခံထံမှ စာနာသနားမှုသော်လည်းကောင်း ထောက်ခံမှုသော်လည်းကောင်း အနည်း ငယ်သာရရှိပါသည်။ ထိုကိစ္စအသံကျယ်လာပါက ဒီမိုကရေစီလှုပ်ရှားမှုများကို ထိခိုက်မည်စိုးသောကြောင့် ငြိမ်နေကြခြင်း ဖြစ်ပုံရပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုမရှိပဲ နှိပ်စက်ခံရသည်များကို နားထောင်ရန်ဝန်လေးနေခြင်းမှာ ထိုကိစ္စနှင့်နွယ်၍ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲမှုများဆက်တိုက်ဖြစ်လာပါက ကိုင်တွယ်ရန်ခဲယဉ်းသောကြောင့် ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Human Rights Watch နှင့်အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ နှိပ်စက်ခြင်းများနှင့်အဓမ္မပြုကျင့်ခြင်းများနှင့်ပတ်သက်၍ အသေးစိတ်အထောက်အထားများ ရှိနေပါသည်။

“ABSDF ရဲ့ အဖြစ်အပျက်မှာ စစ်တပ်က တိုင်းရင်းသားအုပ်စုများကို ကျူးလွန်သောဖြစ်ရပ်များအတွက် ဥပမာဖြစ်သင့်ပါတယ်” ဟု Human Rights Watch မှ မြန်မာနိုင်ငံအတွက်သုတေသနပြုသူ Daoid Mathieson ကပြောကြားခဲ့ပါသည်။ “ဒီကိစ္စဟာ အတိတ်ကျူးလွန်ခဲ့မှုတွေအပေါ် အရေးယူပေးဖို့ပြည်သူကြားမှာတောင်းဆိုမှုတွေဖြစ်ဖို့ မီးပွားဖြစ်လာနိုင်ပါတယ်။ ကျူးလွန်မှုတွေကိုအရေးယူမှုမရှိ တရားဝင်သဖွယ်လုပ်ဆောင်လာတဲ့ ဆယ်စုနှစ်များစွာ အတွက် ချုပ်ငြိမ်းဖို့ အကောင်းဆုံးလမ်းစဉ်ကို အခြေအတင် ငြင်းခုန်လာကြပါလိမ့်မည်” ဟု ၎င်းကဆိုပါသည်။

မတရားမှုများ ချူပ်ငြိမ်းရေးအတွက် ပထမဆုံးလုပ်ဆောင်ပြရမည့်သူများမှာ ABSDF သတ်ဖြတ်မှုမှ လွတ်မြောက်လာကြသူများ ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏အမှုကိစ္စများကို မြန်မာနိုင်ငံမှတရား စီရင်ရေးအဖွဲ့များ သို့မဟုတ် အခြားအဖွဲ့များက ကိုင်တွယ်ရန်ဆန္ဒရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ “အတိတ်ကကျူးလွန်မှုတွေကိုလျစ်လျူရှုထားတာဟာ ကျူးလွန်သူတွေအပြစ်မရှိဘူးးလို့ဆိုလိုတာနဲ့ အတူတူပါပဲ။ အပြစ်မဲ့သားကောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အမှန်တရားကိုငြင်းပယ်တာပဲ။ သေနတ်ကိုင်ထားတဲ့မျိုးဆက်သစ်တွေကို အရပ်သားတွေအပေါ်ရက်စက်မှုတွေ တရားဝင် လုပ်လို့ရတယ်လို့ အလေးအနက်ပြောနေသလိုပါပဲ” ဟု Mathieson ကပြောပါသည်။ “မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေရော တရားဥပဒေရဲ့ ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့ရဖို့ခဲယဉ်းပါတယ်” ဟု ၎င်း ကပြောပါသည်။

Yangon chronicle

Tuesday, November 6, 2012

0 အုပ်ချုပ်ရေးကဏ္ဍ ၀န်ထမ်းအကြီးအကဲများ ပြည်သူ့အကျိုးပြုဆောင်ရွက်သော လွှတ်တော်အမတ်များကို အမြင်စောင်းနေ

တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။
လွှတ်တော်တစ်ရပ်ပေါင်းရှိ ကော်မရှင် ကော်မတီအသီးသီးရှိ ပြည်သူ့ အကြိုက် ဆောင်ရွက်ပေးနေသော လွှတ်တော်အမတ်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်းအရာရှိများက မဆိုင်သောကိစ္စများကို ၀င်ရောက်စွက်ဖက်နေသည်ဟု အမြင်စောင်းနေကြောင်း နေပြည်တော်ဝန်ထမ်းရပ်ကွက်မှ သိရှိရသည်။

ယခု တရားစီရင်ရေးကဏ္ဍအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြင်းထန်သော မှတ်ချက်များ ထွက်ပေါ်လြာ ခင်း၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးကော်မတီမှ ကော်မတီဝင်များ ရန်ကုန်မြို့ရှိ တရားရုံးများသို့ စစ်ဆေးကြည့်ရှုမှုများပြုလုပ်ပြီးနောက်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်ဘက်မှ အုပ်ချုပ်ရေးဘက်ကို စွက်ဖက်နေသည်ဟု ထင်မြင်ယူဆလာခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခင်အစိုးရလက်ထက် ၀န်ကြီးရာထူးမှ အနားယူပြီးသော လွှတ်တော်အမတ်များ ဦးဆောင်သည့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကော်မရှင်များကို အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက အဆင်ပြေစွာ လိုလိုလားလားဆက်ဆံနေပြီး ယခုကဲ့သို့ ဆက်ဆံရေးနှစ်မျိုးဖြစ်နေသည်ကို တွေ့နေရကြောင်းကို " ပြည်သူလူထု အမှန်တကယ်လိုအပ်တဲ့ကိစ္စတွေ အုပ်ချုပ်ရေးပိုင်းက ပြည်သူတွေအပေါ်လစ်လျူရှုတာတွေကို အလုပ်လုပ်ပေးနေတဲ့ လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ၀န်ထမ်းအကြီးအကဲတွေက အစာမကြေတာတွေတွေ့လာရတယ်။ အဓိက အစာမကြေတဲ့သူတွေကတော့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်တို့ ဦးသိန်းညွန့်တို့ပေါ့။ နောက်ပြီး ဦးခိုင်မောင်ရည်တို့ ဦးအောင်ကိုးတို့လည်းပါတယ်။ ဥပဒေပြုအာဏာက အုပ်ချုပ်ရေးဘက်ကို ယိမ်းနေပြီလားလို့ ပြောနေကြတယ်။ အမတ်က လွှတ်တော်မှာပဲနေ အုပ်ချုပ်ရေးနဲ့မဆိုင်ဘူး။ မဏ္ဍိုင် ၃ ခုက သီးခြားစီရပ်တည်နေတယ်လို့ထင်နေကြတယ်။ အမှန်က ဒီလိုမဟုတ်ဘူး၊ တစ်ခုနဲ့ တစ်ခု အပြန်အလှန်အမှီသဟဲပြုနေကြတာ။ တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲတော့မယ်ဆိုရင် ကျန်တဲ့ နှစ်တိုင်က ၀င်ထောက်ပေးရမယ်၊ ဒါမှ အချင်းချင်း သဟဇာတဖြစ်ပြီး အမှီသဟဲဖြစ်နေမယ်။ အခုဟာက ဘယ်လိုဖြစနေလဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ဖြစ်မြောက်အောင်မဆောင်ရွက်နိုင်ဘူး။ သူများက ၀င်ကူတော့လည်း အပြစ်တင်နေသေးတယ်၊ ဒီလိုဖြစ်နေတာဟာ ကောင်းမွန်တဲ့လက္ခဏာတော့မဟုတ်ဘူး၊

တရားစီရင်ရေးမဏ္ဍိုင်ပြိုလဲနေပြီလို့ ထောက်ပြတာကို မဟုတ်ဘူး အတင်းခံငြင်းနေတယ်၊ ရပ်ကွက်ထဲက ၃ နှစ်သားကလေးကို တရားသူကြီးလာဘ်မစားဘူးလို့ သွားပြောရင်တောင် ကလေးက ခေါင်းပြန်ခါပြလိမ့်မယ်။ ဘယ်သူ့မှ မယုံဘူး။ တရားသူကြီးတင် မဟုတ်ဘူး။ သက်ဆိုင်ရာ ဥပဒေအကျိုးဆောင်တွေ၊ ရဲတွေ၊ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့သူတွေ၊ အကောက်ခွန်၊ ပြည်တွင်းအခွန် ပြောရရင် ကျန်မှာတောင် မဟုတ်ဘူး။ နည်းနည်းနဲ့ များများပဲကွာတယ်။ ဒါကို သိသိရဲ့ကြီးနဲ့ မရှိပါဘူး၊ မဟုတ်ပါဘူး အတင်းငြင်းနေတာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတို့ ရဲ့ ပျော့ကွက်ပဲ၊

ဒါကို လွှတ်တော်အမတ်တစ်ချို့က အပင်ပန်းခံပြီး လုပ်ပေးနေတဲ့ဟာကို ပူးပေါင်းပြီး တွဲမခေါ်ပဲ အခုလိုအယူဆလွဲနေတာကတော့ သမ္မတကြီးရဲ့ ပေါ်လစီတွေ မိန့်ခွန်းတွေဟာ ကြားကောင်းယုံဖြစ်ပြီး အုပ်ချုပ်ရေးရဲ့ အောက်ခြေ၀န်ထမ်းတွေအထိ မထိရောက်ဘူးဆိုတာပြသနေတာပဲ။ ဒါပေမယ့် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုကော်မရှင်တွေနဲ့ကတော့ အားလုံးလျောလျောရှူရှူပဲ၊ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သက်ဆိုင်ရာဝန်ထမ်းအကြီးအကဲနေရာတွေရဲ့ ၈၀ % လောက်ဟာ စစ်တပ်က အငြိမ်းစားတွေဖြစ်နေလို့ပဲ။ တပ်ဟောင်း တပ်ဟောင်းချင်း အဆင်ပြေတယ်၊ ဒါပေမယ့် အတွေးသစ်အမြင်သစ်သမားတွေနဲ့ဆို အဆင်မပြေတော့ဘူး။ မာန်လေးတွေရှိလာတယ်။ ငါက ဗိုလ်မှူးကြီးဟောင်း၊ ငါက ဗိုလ်မှူးချုပ်ဟောင်း၊ ဒင်းတို့က မနေ့တစ်နေ့ကမှ ထောင်ကလွတ် လွှတ်တော်ရောက်ပြီး ငါတို့ကို လာအုပ်ချုပ်လို့ မရဘူးဆိုတဲ့ အဆိုးမြင်အတွေးတွေ အများကြီးကျန်သေးတယ်။ ဒီလိုပုံစံအတိုင်းသာဆက်သွားရင် အချင်းချင်းငြိကုန်လိမ့်မယ်၊ ကောင်းတာကတော့ ညွှန်ချုပ် တို့ ဒုညွှန်ချုပ်တို့ စတဲ့ အဆင့်တူ အကြီးအကဲတွေ ကိုယ်တိုင် ဖိတ်ခေါ်ရမယ်။ ပညာယူမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အတိုင်းထက်အလွန် အဆင်ပြေသွားမှာ။ ဒီလို မလုပ်နိုင်ဘူးဆိုကတည်းက သူတို့မှာ ဘာတွေ မဟုတ်တာလုပ်ထားပြီလဲလို့ ထင်စရာရှိလာပြီ။ ပေါ်ကုန်မှာစိုးလို့ ပေါင်းမလုပ်တာပဲဖြစ်ရမယ်။ အဲဒီနေရာတွေမှာ တပ်ငြိမ်းတွေပဲ ဆက်ထားမယ်ဆိုရင် အစိုးရရဲ့ နောက်ကြောင်းပြန်မလှည့်ပါဘူးဆိုတာကို ပြန်စဉ်းစားရတော့မယ်။

အခုလက်ရှိ ရာထူးတွေအတိုင်းသာ နောက်နှစ်တွေ နှစ်တွေမှာ ရာထူးတက်ကြည့် နောင်နှစ် နှစ်ဆယ် အရပ်သား ၀န်ထမ်းအကြီးအကဲ မတက်လာနိုင်ဘူး။ ဒီအချက်ကို ပြင်ဖို့လိုတယ်။ ဒီအချက်က ဘာကိုပြနေသလဲဆိုရင် စစ်တပ်မျိုးဆက်က အုပ်ချုပ်းရေးပိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားပြီး အရပ်သားဝန်ထမ်းတွေကို မယုံဘူးဆိုတာပြနေသလိုဖြစ်နေတယ်။" ဟု လေ့လာသူတစ်ဦးဖြစ်သူ ကိုမျိုးညီညီနဲ့ တွေ့ဆုံစဉ် ထောက်ပြဝေဖန်သွားပါတယ်။ interviewed by: People Development for Knowledge Answered by: Myo Nyi Nyi

1 "ကျွန်တော်တို့ဘက်ကို လှည့်ကြည့်စေချင်ပါသည်"

ဆင်းရဲနွမ်းပါးမှုသည် လူ့ဘဝကို ဒုစရိုက်အမှောင်အတွင်းသို့ အချိန်မရွေး တွန်းပို့နိုင်သည်။ ရိုးသားစွာလုပ်အားဖြင့် မိသားစုများ အားရှာဖွေကျွေးမွေး လျက်ရှိသော စာရိတ္တကောင်းမွန်သောသူများ အမှောင်တွင်းသို့ မရောက် ရှိနိုင်စေ ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန် လိုအပ်ပါသည်။ ဝိုင်းဝန်းပြုပြင်ရန်လည်း လိုအပ်ပါသည်။ နံနက် ၈ နာရီကျော်ကျော်ခန့် ရှိသေးသည်။ လမ်းထဲမှ ဆိုက် ကားသမားလေးကိုသက် ဆိုက်ကားကူရှင်နှစ်လုံး ကို ပွေ့ပိုက်ကာ ပြန်လာ တာ တွေ့မြင်လိုက်ရသည်။

စာရေးသူ လည်း ကိုသက်ဘာများ ဖြစ်လာပါလိမ့်ဟု စိတ်ပူမိကာ ၄င်းကို မေးမြန်း မိပါသည်။ ကိုသက်က စိတ်မကောင်းစွာဖြင့် သူ့ရဲ့ ဖြစ်ခဲ့ပုံများအား ဤကဲ့သို့ ရှင်းပြပါသည်။ ကျွန်တော်တို့ ဆိုက်ကားသမားတွေတော့ ဒုက္ခရောက် ပြီဗျာ။ တောင်းပန်လို့လည်း မရပါဘူး။ အသနားခံလို့လည်း မရဘူးဗျာ။ ကျွန်တော်တို့က ရိုးရိုးသားသား ဆိုက်ကား နင်းစားကြတဲ့ သူတွေပါ။ ဒီဆိုက်ကား အသိမ်းခံလိုက် ရပြီဆိုတော့ ဘဝပျက်မတတ် ခံစားရပြီပေါ့။ ဒီဆိုက်ကားလေး ကိုယ်ပိုင် နင်းရဖို့ငွေကို နှစ်နဲ့ချီ အကြာကြီး စုထားရ တာ။ နောက်ပြီး ရပ်ကွက်ထဲမှာ ဆင်းရဲနွမ်းပါး လျော့နည်းပပျောက်ရေး အတွက် အသေးစား ချေးငွေထုတ်ပေးတဲ့ဆီက တစ်ပတ်တစ်ကြိမ် ပြန် ဆပ်ရတဲ့ အကြွေးကလည်း ရှိသေးတယ်။ မိသားစုဘဝ စားဝတ်နေရေး၊ ကလေးကျောင်းစရိတ် ဒါတွေကလည်း ရှိပါတယ်။ ကျွန်တော်ဆို ၃ တန်း ကလေး တစ်ယောက်၊ သူငယ်တန်း ကလေးက တစ်ယောက် အခုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ။ ကျွန်တော်တို့ လိုင်စင်မဲ့ ဆိုက်ကားသမားလေးတွေရဲ့ ဘဝတွေ ဘယ်လောက် ဒုက္ခရောက် သလဲဆိုရင် အနှေးယာဉ် ကြီးကြပ်ရေး အဖွဲ့ကိုလည်း အဖမ်းမခံရအောင် လစဉ်ကြေးအဖြစ် တစ်လ ကျပ် ၂ဝဝဝ ပေးရတယ်။ စည်ပင်မသိအောင် တစ်ခါတစ်ရံ သူတို့ က ဖမ်းသော် လည်း ဒဏ်ငွေ ကျပ်တစ်သောင်းလောက်သာ ရိုက်ပြီး ပြန်လွှတ်ပေးတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ ရှာကြံပြီးဖြေရှင်းလို့ ရတာပေါ့ဗျာ။ အခုဟာက ချမှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်မှာပါလို့ စည်ပင်အုပ်ချုပ်ရေးမှူးထံမှ သိရှိရတော့ အပြီးသိမ်းတဲ့ သဘောမျိုး သက်ရောက်တာပေါ့ဗျာ။

ကျွန်တော်တို့ လှိုင်သာယာမြို့နယ်ထဲမှာ လိုင်စင်ရှိတဲ့ ဆိုက်ကားက တစ်ထောင့်လေးရာ တစ်ဆယ့်လေးစီး သာရှိပါတယ်။ ဒီဆိုက်ကားတွေ ကလည်း နင်းသားတွေ ကိုယ်တိုင် ဝယ်နင်းနိုင်တဲ့ ဆိုက်ကားတွေ မဟုတ် ပါဘူး။ ဆိုက်ကားထောင်စားတဲ့ စီးပွားရေးသမားတွေပိုင်တဲ့ ဆိုက်ကားတွေ ပဲ ဖြစ်ပါတယ်။ လိုင်စင်မဲ့ ဆိုက်ကားတွေက လေးထောင်ကျော် လောက် ရှိပါတယ်။ တကယ်တော့ လိုင်စင်မဲ့ဆိုက်ကားတွေ ပိုင်ဆိုင်တဲ့သူတွေက ကျွန်တော်တို့ ကိုယ်တိုင်နင်းကြတဲ့ နင်းသား ကိုယ်ပိုင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုက်ကားတွေကို လိုင်စင်ထုတ်ပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ်ပိုင် ဆိုက်ကားလိုင်စင်လေးနဲ့ နင်းရရင် အရမ်းပျော်ရွှင်ကြမှာပါ။ ကျွန်တော်တို့ မိသားစု ပြဿနာတွေလည်း လွယ်လွယ် ကူကူနဲ့ ပင် ဖြေရှင်းလို့ ရကြမှာပါ။

ကိုသက်ပြောတာ မှန်ပါတယ်။ တကယ်တော့ ဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာ ဆင်းရဲနွမ်းပါးလျော့နည်း ပ ပျောက်စေရန် မြို့ပြကျေးလက်ဒေသ တို့မှာ ချေးငွေများ ထုတ်ချေးပေး ကြ ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အတော်အတန် အဆင်ပြေကြပါတယ်။ ဆိုက် ကားသမား၊ ပဲပြုတ်သည်၊ ကုန်စိမ်း သည်၊ သားစိမ်းငါးစိမ်းရောင်းတဲ့ သူတွေ၊ လက်လုပ်လက်စားတွေ အားလုံး အားလုံး ပါပဲ။ သူတို့တွေ အခက်အခဲများစွာကို ဒီချေးငွေ ကြောင့် ပြေလည်နေကြ တာကိုလည်း တွေ့ ရှိရပါတယ်။ အခုလိုမျိုး လက်လုပ်လက်စား လူတန်းစား ထဲမှ သူတို့ ကိုယ်ပိုင်ဆိုက်ကားလေးတွေကို လိုက်လံသိမ်းဆည်းနေမယ့် အစား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက လိုင်စင်များ ထုတ်ပေး ကာ တရားဝင် ရဲရဲဝံ့ဝံ့ လုပ်ကိုင်စားရအောင် စီစဉ်ပေးသင့်ပါတယ်။ ဤသို့ ပြုလုပ်မည်ဆိုလျှင် နိုင်ငံတော်အတွက်လည်း အခွန်ငွေ ရရှိပါတယ်။ အခုလက်ရှိ စီမံချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးလျော့ နည်းပပျောက် ရေး စီမံချက် ကိုလည်း အကောင်အထည်ဖော် ဆောင်ရာရောက်ပါတယ်။ အမှန်တကယ်ဆင်းရဲသူတို့အားငဲ့ညှာသနားရာကူညီထောက်ပံ့ရာရောက်မည်လည်း ဖြစ်ကြောင်း ပြည်သူများကြားမှ ပြည်သူ့အသံအား ရေးသား တင်ပြလိုက်ရပါတယ်။

မောင်သာဖြန်း (ထန်းတပင်)
Popular Myanmar News Journal

0 တော်ဝင်သစ်အချောထည် စက်ရုံ က အလုပ်သမားတွေ ဘာ့ကြောင့် ပေါက်ကွဲမှု ကြီးမားလာလဲ ?

အဲဒီလို ထိခိုက် ဒဏ်ရာရ သူပေါင်း မြောက်များစွာကို တစ်ခါမှ မစောင့်ရှောက်ခဲ့တဲ့ တော်ဝင် သစ်အချောထည်စက်ရုံ က ပြဿနာ အမှန်တရား ဖက် မှာ အဆုံးအဖြတ်ရှိမရှိ နဲ့  -- အပြောင်းအလဲ ကို ဦးတည်နေတဲ့ သမ္မတကြီးနဲ့  ပြောင်းလဲစေ့ချင်သူတွေ သိစေဖို့ 

အခြေခံ နေ့  လုပ်ခ ၂၀၀၀ ကျပ် ၃၀၀၀ကျပ်နဲ့  နေ့ စား အပတ်ရှင်း နဲ့  အလုပ်သမားတွေ ခေါ်ပါတယ် တချို့ ဆို လုပ်သက် ၁၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ ပါမစ်နစ်မရှိ တနေ့ လုပ်မှ တနေ့ စားရတယ် ။ ၂၀၀၀ နဲ့  ခန်တော့ စက်ရုံအလုပ်မို့  သစ်ရွေး - ကော်ပတ်စား-ကျောက်ပြားကပ် လေးတွေအတွက်ရုပ်ရည်အသင့်အတင့်မိန်းကလေးတွေ ချောချောမောမောငယ်ငယ်ရွယ်ရွယ်လေးတွေ က အစ ၀င်လုပ်ကြတဲ့ အခါ --အလုပ်ဆင်းဆဲမှာပဲ ဆယ်ဘီးကား ကုန်တင် သစ်တင်ကားကြီးတွေ နဲ့ အပြင်ဆိုင်းအတွက် ခွဲဆင်းရတယ် ။

မိန်းကလေးတွေ ရထပ် အမြင့်ထိ ကျောက်ပြားသယ်ရတယ် ။ နောက်ဆုံး အပြင် ပန်း၇ံ သမား ပန်းရံ အလုပ်ကြမ်းအလုပ်လုပ်တွေ ခိုင်းလာတယ် --တကယ်ဆို တည်တည်ငြိမ်ငြိမ်ရှိချင်လို့  စက်၇ုံတွင်း ကို လုပ်ခ ၂၀၀၀ ကျပ်နဲ့ လုပ်ကြတာပါ ။ အပြင်မှာပန်ရံ လိုက်ဆင်းရင် မြေသယ်အုပ်သယ် -အဆင့်ပင် ၃၅၀၀ --၄၀၀၀ ရတာမို့  ၂၀၀၀ နဲ့ ခန့် ပြီး ခုလို ကြမ်းတမ်းစွာခိုင်းစေနေတာလည်း ပြဿနာကို စစေတဲ့ အဓိက

0 ယုဒသန်မှာ ခင်းကျင်းပြသ ရောင်းချနေသည့် တကသ အဆောက်အုံပြန်လည်တည်ဆောက်ရေးရန်ပုံငွေရှင်သန်ဖူးဝေကံကော်မြေပန်းချီပြပွဲ(ဓာတ်ပုံ)

၈၈မျိုးဆက်များသမဂ္ဂကျောင်းသားများနှင့် တကြော့ပြန် ဂျပ်ဆင်ကျောင်းနံရံတဝိုက်.
ဂျပ်ဆင်ကင်တင်းမှာ ယုဒသန်မှာ ခင်းကျင်းပြသ ရောင်းချနေသည့် တကသ အဆောက်အုံပြန်လည်တည်ဆောက်ရေးရန်ပုံငွေရှင်သန်ဖူးဝေကံကော်မြေပန်းချီပြပွဲ။ ( Photo by စမ်းချောင်းကိုကိုကြီး )

0 " ကမ္ဘာကိုပြောင်းဖို့ အတွက် သရဖူပြောင်းဖို့ လိုမလား "

နိုဝင်ဘာလ ၆ ရက်နေ့ ( မြန်မာပြည်တွင်မူ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်း ) သည် အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးသောနေ့ရက်တစ်ခုဖြစ်သည်။


ယင်းနေ့နီးလာသည်နှင့်အမျှ လက်ရှိသမ္မတ အိုဘားမားနှင့် ၄င်းကိုစိန်ခေါ်သူ ရီပါပလီကန်ပါတီမှ မစ်ရွန့်နေးတို့၏ အားပြိုင် မှုမှာ သူတင်ကိုယ်တင်အကျိတ်အနယ်ရလာဒ်များဖြင့် စိတ်လှုပ်ရှားဖွယ်ဖြစ်လာခဲ့သည်။

ကမ္ဘာကြီးနှင့် အမေရိကန်ကို ပြောင်းလဲပေးမည်ဟူသော စကားဖြင့် အမေရိကန်ပြည်သူများကို ဆွဲဆောင်ခဲ့သော လက်ရှိသမ္မတ ဘာရတ်အိုဘားမားအတွက်မူ ယခုရွေးကောက်ပွဲသည် သူ၏ အနာဂတ်ပင်ဖြစ်ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သော စန္ဒီမုန်တိုင်းဒဏ်သင့်ပြည်နယ်အချို့၏ မကျေနပ်မှုက ၄င်း၏ မဲဆွယ်စည်းရုံးမှုနှင့် လူကြိုက်များမှုအပေါ် အချိန်ကိုက်ချည့်နဲ့စေသည် ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

၁၇၈၇ခုနှစ်မှစခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲသက်တမ်းနှစ်ပေါင်း ၂၂၈ နှစ် အတွင်း ယခုရွေးကောက်ပွဲသည် ၅၇ ကြိမ်မြောက်ဖြစ်သည်သာမက ၂၀၀၈ခုနှစ်တွင် အမေရိကန်နိင်ငံ၏ ၄၄ ဦးမြောက် သမ္မတဖြစ်လာသည့် အိုဘားမားသည် သမ္မတအဆက်အဆက်အနက် အသက်အငယ်ဆုံးနှင့် ပထမဆုံးလူမည်းသမ္မတဖြစ်ပြီး မနက်ဖြန်တွင် သူသည်ပင် ဒုတိယအကြိမ်သမ္မတရာထူးကို ဆက်ခံ၍ ၄၄ဦးမြောက်သမ္မတအဖြစ်ပင်ဆက်ရှိနေမည်လား။ ပြိုင်ဘက်ဖြစ်သူမစ်ရွန်နေးက ၄င်းကိုအလဲထိုး၍ အမေရိကန်သမိုင်းတွင် ၄၅ဦးမြောက်သမ္မတအဖြစ် မှတ်တမ်းတင်နိုင်မည်လားဆိုသည်ကိုမူ လက်ရှိအချိန်အထိ မည်သူမှ အတပ်မပြောနိုင်သေးပေ။

သို့ရာတွင် သူတို့နှစ်ဦးစလုံးအနေဖြင့် လက်ရှိရွေးကောက်ပွဲအား ဓါးသွားပေါ် ထိုင်နေရသည့် အခြေအနေဟု တူညီစွာရှုမြင်ထားကြသည်။ကမ္ဘာ့နိုင်ငံများ၏ သဘောထားတွင်လည်း ကွဲလွဲမှုများရှိပြီး ယင်းသည်ပင် ရွေးကောက်ပွဲ ကို ပိုမိုသက်ဝင်စေသည်။

ယခုလအတွင်းကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ အိုဘားမားတက်ရောက်ရန်ရှိနေပြီး ထိုင်းနိုင်ငံနှင့်မြန်မာသို့လာရောက်မည်ဟုသတင်းများထွက်ပေါ်နေရာ ဤရွေးကောက်ပွဲသည် အဆိုပါအခြေအနေများအတွက် အရေးပါနေပြီဖြစ်သည်။

အာဆီယံအနေဖြင့်အိုဘားမားဆက်လက်အနိုင်ရပါက အာရှပစိဖိတ်ဒေသတွင်စစ်ရေးအရ ပို၍ထိန်းသိမ်းနိုင်ရန်မျှော်မှန်းထားကြပြီး ထိုင်းနှင့် ပူးတွဲပြုလုပ်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကိုပါတက်ရောက်စေလိုသည့် ဆန္ဒအိုဘားမားတွင် ရှိသည်ဟု ခန့် မှန်းပြောဆိုကြသည်။

တရုတ်နိုင်ငံအတွက် အမေရိကန်နှင့် ဆက်ဆံရေးအပြောင်းအလဲသစ်တစ်ခုကိုမျှော်လင့်လျက်ရှိရာ မစ်ရွန်နေးသည် အဖြေတစ်ခုဖြစ်နိုင်မည်လားဆိုသည်မှာလည်းတတ်အပ်ပြော၍ မရနိုင်ပေ။

၂၀၀၀ ၊ ၂၀၀၄ နှင့် ၂၀၀၈ခုနှစ်များတွင် ဒီမိုကရက်တစ်ပါတီများသာ ဆက်တိုက်အနိုင်ရခဲ့သော အီလီနွိုက်စ်ပြည်နယ်၊ မက်ဆာချူးဆက်၊ မီချီဂန်၊နယူးဂျာဆီ၊ နယူးယော့်ခ်၊ပင်ဆယ်မေးနီးယားနှင့် ၀ါရှင်တန်။

ယင်းသုံးနှစ်တွင် ရီပါပလီကန်ပါတီမှာ အနိုင်ရခဲ့သည့် အာရီဇိုးနား၊ဂျော်ဂျီယာ၊ လူဝစ်စီယားနား၊ မစ်ဆိုရီ၊ တောင်ကာရိုလိုင်းနား၊တက္ကဆက်နှင့် အာတက်ပြည်နယ်များက ယခုပွဲတွင် အဆုံးအဖြတ်မဟုတ်။

ဘက်မကွဲပြားဘဲ အပြောင်းအလွဲဖြစ်နိုင်သည့် အိုဟိုင်ယို(၂၀၀၈- ဒီမိုကရက်တစ်နိုင်)၊ ဖလော်ရီဒါ( ၂၀၀၈ ဒီမိုကရက်တစ်နိုင်)၊ နီဗာဒါ( ဒီမိုကရက်တစ်)နှင့် အိုင်အိုဝါ ( ၂၀၀၈-ရီပါပလီကန်နိုင်) စသည့် ပြည်နယ်လေးခုက ၄င်းတို့နှစ်ဦး၏ ကံကြမ္မာအတွက်အရေးပါသည်။

ထို့်အတွက်လည်း နှစ်ဦးစလုံး ထိုပြည်နယ်များတွင် အပြင်းအထန်အနီးကပ် စည်ရုံးရေး ဆင်းနေကြ ရသည်။ အင်တာနက်ပေါ်တွင် ပြုလုပ်သည့် OPEN INTERNET VOTING အရမူ လက်ရှိတွင် မက်ဆာချူးဆက်ပြည် နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ ရီပါပလီကန်သမ္မတလောင်း မစ်ရွန်နေးက အားသာနေကြောင်းမှတ်တမ်းများက ထုတ်ပြန်နေကြသည်။

Popular Myanmar News Journal

6 ခိုးဝင် ဘင်္ဂလီတွေကို ပြတ်ပြတ်သားသား အရေးယူ တားဆီးသင့်ပြီ

ခိုးဝင် ဘင်္ဂလီတွေ ထပ်မံ ဖမ်းဆီးရမိပြန်ပြီ ဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ ဖတ်ရပါတယ်။ (စာအောက်မှာ သတင်းအပြည့်အစုံ ဖော်ပြထားပါတယ်။)

ဘင်္ဂလီတွေက မြန်မာနိုင်ငံထဲကို ခိုးဝင်နေကြပါတယ်။သူတို့ဟာ မြန်မာနိုင်ငံထဲရောက်တော့ ရိုဟင်ဂျာလို့ ပြောကြပါတယ်။
ဘင်္ဂလာဒက်ရှ် အစိုးရက ရိုဟင်ဂျာဟာ သူ့နိုင်ငံငံသား မဟုတ်ဘူးလို့ ပြောနေပြန်ပါတယ်။
လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလာဒက်ရှ် အစိုးရကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလား သံသယ ဖြစ်လာရပါပြီ။

ဒီလိုအရှုပ်အထွေး ပြဿနာတွေကို မြန်မာနိုင်ငံက ဘာမှ မဆိုင်ဘဲ အပိုသက်သက် တာဝန်ယူလာနေရပါတယ်။

ဒီလိုမျိုး ပြည်ပကနေ ခိုးဝင်လာနေတာကြောင့် ဘာတွေ ထိခိုက်သွားသလဲ ဆိုရင်  ......

0 သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။

သက်ဆင်သည် ၃ ရက်ကြာမည့် မြန်မာခရီးစဉ်အတွင်း ကြာသပတေးနေ့တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံ မည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ပောာင်းသည် သောကြာနေ့တွင် ချင်းဇိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တာချီလိတ်မြို့တွင် ထိုင်းအစိုးရ အဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်အမတ်များ၊ ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ပာု မျှော်လင့်ရသည်။

တာချီလိတ်သို့ သက်ဆင်ရောက်ရှိစဉ်လုပ်ကြံရန် ကြံစည်မှုရှိသည်ပာု ကောလပာလများ ပြန့်နှံ့နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဆူခွန်ပေါက မြန်မာအာဏာပိုင်များက ကောင်းစွာကာကွယ်နိုင်မည်ပာု ယုံကြည်ကြောင်းပြောကြားသည်။

သက်ဆင်သည် မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ နယ်စပ်နှင့်အတော်အတန်ဝေးသောပာိုတယ်တွင် တည်းခိုမည်ဖြစ်၍ ၎င်းအားကာကွယ် ပေးရန် ခက်ခဲလိမ့်မည်ပာု ဆူခွန်ပေါကဆိုသည်။

လတ်တလောတွင် ဒေသခံတိုင်းရင်းသားများနှင့်နယ်ခံမူးယစ်ဆေးဝါးဂိုဏ်းအကြား ပဋိပက္ခဖြစ်ပွားထားသောကြောင့်တာချီလိတ်သို့ သက်ဆင် လာရောက်ရန် မသေချာသေးပာုလည်း နယ်စပ်လုံခြုံရေးကဆိုသည်။

တာချီလိတ်သို့သက်ဆင်သွားဖြစ်လျှင်တည်းခိုနေထိုင်မည့် ရက်ရီးနားပာိုတယ်နှင့်ဂေါက်ကလပ်အနီးရှိ အိမ်တစ်အိမ်ကို မြန်မာအာဏာပိုင်များ က သောကြာနေ့တွင် စီးနင်းရှာဖွေခဲ့ကြသေးသည်။

၎င်းစီးနင်းရှာဖွေမှုတွင် အာပီဂျီလောင်ချာထိပ်ဖူး ၃ ခု၊ ယမ်းမှုန့်များနှင့် M-16 ကျည်ဆံများကိုသိမ်းဆည်းရမိသော်လည်း နယ်စပ်လက်နက် မှောင်ခိုဂိုဏ်းဖြိုခွဲမှုနောက်ဆက်တွဲ ဖမ်းဆီးခြင်းသားဖြစ်ပြီး သက်ဆင်၏ခရီးစဉ်နှင့် ဆက်စပ်မှုမရှိပာု မြန်မာရဲတပ်ဖွဲ့က ပြောကြားထားသည်။

သို့သော် ယင်းလက်နက်များသည် စနေနေ့တွင် တာချီလိတ် ရွှေတိဂုံပုံစံတူဘုရား၌ သက်ဆင်နှင့်ရှပ်နီအုပ်စုများ ဘုရားဝတ်ပြု ဆုတောင်းပွဲပြုလုပ်စဉ်တိုက်ခိုက်ရန်ဖြစ်သည်။ နယ်စပ်လုံခြုံရေးအသိုင်းအဝိုင်းထံမှသတင်းရရှိကြောင်း သက်ဆင်၏သား ပန်သောင်တေးရှင်နာဝပ်ထရာ က ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။

“လုပ်ကြံမည့်အစီအစဉ်နောက်ကွယ်တွင် ထိုင်းအုပ်စုတစ်စုရှိနေကြာင်း၊ ယခုတစ်ကြိမ်သည် သက်ဆင်အားလုပ်ကြံရန် ၅ ကြိမ်မြောက်ကြံစည်မှုဖြစ်ကြောင်း၊ယခုကိစ္စတွင်၎င်းအုပ်စုပင်ပတ်သက်နေကြောင်း”ပန်သောင်တေူရှင်နာဝပ်ထရာက ပြောကြားသည်။

တာချီလိတ်သို့သက်ဆင်ရောက်လာပါက ၎င်းအားထောက်ခံသူ ၁၀,၀၀၀ ခန့်လာရောက်တွေ့ဆုံလိမ့်မည် ပာု မျှော်လင့်ရကြောင်း ဖြူထိုင်း လွှတ်တော်အမတ် ဆူရာဆစ်က ပြောကြားသည်။

သက်ဆင်အားတွေ့ဆုံကြမည့် ရှပ်နီအုပ်စုဝင် ၅၀၀၀ ခန့်သည် မယ်ဆိုင်မှ တာချီလိတ်သို့ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သောကြာနေ့တွင် ထွက်ခွာကြမည်ပာု သိရှိရသည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ပောာင်းအဘီဆစ်က ထိုင်းအစိုးရနှင့်ရဲတပ်ဖွဲ့အား သက်ဆင်ကိုဖမ်း၍ ရုံးတင်စစ်ဆေးရန် မနေ့က တောင်းဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်နှင့် သူမ၏လက်ထောက်ချာလမ်ယူဘန်ရွန်(ရဲတပ်ဖွဲ့ကိုကြီးကြပ်ရသူ)တို့သည် သက်ဆင်အား ဖမ်းဆီးကြရန်ပျက်ကွက်ပါက ဝတ္တရားပျက်ကွက်မှုဖြင့် တရားစွဲခံရနိုင်သည်ပာု အဘီဆစ်က အကွက်ချောင်း တိုက်ခိုက်လိုက်သည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီး ၎င်းအားမျက်ကွယ်ထောင်ဒဏ်မချမှတ်မီ ထိုင်းနိုင်ငံမှတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။

Yangon chronicle

1 လွှတ်တော်အတွင်း ဗြောင်ကြိုးကိုင်သူ ဖမ်းဆီးရန်လိုနေပြီ

လွှတ်တော်အတွင်းက ဗြောင်ကြိုးကိုင်သူကြောင့်လာမဲ့  ၈ ရက်နေ့  တကမ္ဘာလုံးဆန္ဒပြကြတော့မည်

လွန်ခဲ့ တဲ့ အပါတ်က ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှု အခြေအနေနဲ့ စပ်လျှဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ် ။ အဲဒီထုတ်ပြန်ကြေညာချက်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှူ အခြေအနေနဲ့  စပ်လျှဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂိုလ်များ ၊ အဖွဲ့ အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၄င်းတို့ ကို ဖေါ်ထုတ်၍ ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ( ၁/၂၀၁၂ ) အမိန့် ကြေညာစာနဲ့  ထုတ်ပြန်ကြေညာခဲ့ ပါတယ် ။ တချိန်တည်းမှာဘဲ အောက်တိုဘာလ-၂၁-ရက်နေ့ က စလို့  ရခိုင်ပြည်နယ် အတွင်းပဋိပက္ခဖြစ်ပွါးခြင်းနဲ့  လက်နက်တွေကိုလဲ သုံးရက်အတွင်း အပ်နှံရမယ်လို့ လဲ ကြေညာချက်ထုတ်ပြန်ပေးခဲ့ ပါတယ် ။ ခုချိန်ထိလဲဘဲ ရခိုင်လူမျိုးတွေရဲ့  လည်လှီးအသတ်ခံနေရတဲ့  ဓါတ်ပုံသတင်းတွေ မြင်နေရတာ နေ့ စဉ်ရက်ဆက်ဖြစ်နေပါတယ် ။

ဒီတော့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ သလို နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းတွေ ရှိနေတယ်ဆိုတာ တကယ်ကော ရှိများ ရှိရဲ့ လားဆိုပြီး ဆန်းစစ်ကြည့်ကြပါတယ် ။ တနေ့ ကဘဲ ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နဲ့ ပါတ်သက်လို့  ဆွေးနွေးခန်း တခုကို ကြားလိုက်ရပါတယ် ။ အဲဒီဆွေးနွေးခန်းမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ၊ နိုင်ငံတော်သမ္မတရုံးမှ ဦးဇေါ်ဋ္ဌေး ( မှူးဇေါ် ) နဲ့  -ABSDF - ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့  ဆွေးနွေးသုံးသပ်ချက်တွေ ကို ဆွေးနွေးကြတာဖြစ်ပါတယ် ။

အဲဒီဆွေးနွေးခန်းကို ကြားကြတဲ့ အခါမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ သူတို့ ရဲ့  ဘင်္ဂလီကုလားတွေရဲ့  သမိုင်းလိမ်ထားတဲ့  ရိုဟင်ဂျာလို့  ခေါ်တဲ့  နာမည်ကို ပြောဆိုသွားပြီး သူတို့ ကို ခိုးဝင်လာသူ မဟုတ်တဲ့ အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့  သူတို့ တွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ပေးရမယ်လို့  ပြောဆိုသွားတာကြားရပါတယ် ။ အဓိက ပြသနာဟာ ဒါပါဘဲ ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အစိုးရတဖွဲ့ လုံးနဲ့  မြန်မာနိုင်ငံသားတွေကရော အဲဒီဘင်္ဂလီကုလားလူမျိုးတွေဟာ ခိုးဝင်လာတဲ့  လူမျိုးတွေပါလို့  အသိအမှတ်ပြု ပြောဆိုကြေညာနေကြပြီး -၁၉၈၂-ခုနှစ် နိုင်ငံသားပြုမူဆိုင်ရာ ဥပဒေနဲ့  ကိုင်တွယ်ဆောင်ရွက်မယ်လို့  ကြေညာထားပြီးသားဖြစ်ပါတယ် ။ အခုလို ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာလို့  ဘီဘီစီဆွေးနွေးခန်းမှာ တိတိကျကျ ထုတ်ဖေါ်ပြောဆိုတာဟာ တကယ်တော့ ကမ္ဘာကို သူက ကြေညာလိုက်တာဖြစ်ပါတယ် ။ ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့  အစိုးရကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ် ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  ပြောဆိုချက်ကို မလေးမခန့် နဲ့  အခုလို ပြောဆိုနေတာဟာ ခုတကြိမ် မကတော့ပါဘူး ။ သူ့ ရဲ့  ပြောဆိုချက်တွေကို စုစည်းပြီး လေ့လာကြမယ်ဆိုရင် သူဟာ တကယ့် မြန်မာနိုင်ငံကို မီးလောင်တိုက် သွင်းနေတဲ့  သူဖြစ်နေပါတယ် ။ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လွှတ်တော်အတွင်းမှာတောင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တင်ပြရာမှာ သမိုင်းလိမ်တဲ့  ဘင်္ဂလီကုလားတွေအတွက် အတိအလင်း စိန်ခေါ် ပြောဆိုသွားသူဖြစ်ပါတယ် ။ ဒီတော့ နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့  စပ်လျှဉ်းပြီး နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းများ ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးတော့မယ်လို့  ကြေညာထားတဲ့ အတွက် တကယ်ဖမ်းဆီးမယ်ဆိုရင် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဆီးရမှာဖြစ်ပါတယ် ။ သူဟာ နောက်ကွယ်ကကြိုးကိုင်သူမဟုတ်ဘဲ ဗြောင်ကြိုးကိုင် ဆောင်ရွက်သူဖြစ်ပြီးယခုအချိန်မှာ မြန်မာနိုင်ငံအတွက် ကြောက်စရာအကောင်းဆုံး မွတ်ဆလင်အကြမ်းဖက်သမား ခေါင်းဆောင်တဦးဖြစ်နေပါတယ် ။

နောက်ဆုံးကြားသိရတဲ့  သတင်းတွေအရ ဘီဘီစီ တွေ့ ဆုံဆွေးနွေးခန်းကို စာရွက်များဖြန့် ဝေနေကြပြီး လာမဲ့  နိုဝင်ဘာလ-၈-ရက်နေ့ မှာ ( လွှတ်တော်ကိုယ်စားလှယ်-ဦးရွှေမောင်ကို ထောက်ခံကြဆိုတဲ့ သဘောနဲ့  နိုင်ငံတကာ မွတ်ဆလင်တွေ ဆန္ဒပြပွဲတွေ ပြုလုပ်ကြမယ်လို့  ကြားသိရပါတယ် ။ တကယ်တော့ ဟာ တိုင်းရင်းသားလဲ မဟုတ် နိုင်ငံသားမဟုတ်တဲ့ အတွက် -၂၀၁၀-ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှာ ပယ်ဖျက်ခြင်း ခံရတဲ့  သူတဦးဖြစ်ပါတယ် ။ ပြည်ခိုင်ဖြိုးပါတီကနေပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လုပ်လာတဲ့ သူမို့ လို့  ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ဘူးသီးတောင်မြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ထားသည့်တိုင်အောင်-ကန့် ကွက်ထားသည့်တိုင်အောင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပြသနာကိုလဲဘဲ ပြည်ခိုင်ဖြိုးပါတီက ဦးဋ္ဌေးဦးတို့ က ဖြေ၇ှင်းပေးရန် လိုအပ်နေပါသေးတယ် ။

ဒီတော့ခါ အခုဆိုရင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့  ကြေညာချက်အထဲကလို နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်တော့ဘဲ လွှတ်တော်ထဲမှာတင် ဗြောင် ကြိုးကိုင်သူဖြစ်နေတော့မို့  အမြန်ဆုံး ထိရောက်စွာ ဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ရုန်းရင်းဆန်ဆတ်နဲ့  မြို့ သူမြို့ သားတိုင်းကို မဲမဲမြင်ရာ ပုလိပ်မျက်စိနဲ့  ဖမ်းဆီးနေဖို့ အစား အခုလို ဗြောင်လှုံ့ ဆော်သူများကို ဖမ်းဆီးရန်သာ လိုအပ်ပါတယ်လို့  ပြောကြားပါရစေ ။။

ကျော်ခဏ်းနွယ် ဒီမို ဖက်တီး(Facebook)

0 တ.က.သ/ဗ.က.သ ဥက္ကဌ ဦးရာရှစ် ရာပြည့်အခမ်းအနား အထိမ်းအမှတ်ကျင်းပ

"သမိုင်းမှာ ထိုက်ထိုက်တန်တန် နေရာယူပေးခဲ့တဲ့ တာဝန်ပေးခဲ့တဲ့ ကျွန်တော်တို့ လူမျိုးရဲ့ အင်မတန် သဘောထားကြီးကြောင်းကိုလည်း ဆက်ပြီးတော့ ပြပါ။ကျွန်တော်တို့ ဒီကနေ့ အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ လူမျိုးမခွဲဘူး၊ဘာသာ မခွဲခဲ့ဘူးဆိုတဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းရမယ်။တစ်ဘက်ကလည်း ဘယ်ဘာသာ၊ဘယ်လူမျိုး ဖြစ်ဖြစ် ကျွန်တော်တို့က နိုင်ငံသားမှန်ရင် နိုင်ငံသား အခွင့်အရေး အပြည့် ပေးသလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အပေါ်မှာလည်း သစ္စာရှိကြောင်းကိုလည်း ကျွန်တော် တိုက်တွန်းပါတယ်။"(ဦးရာရှစ် နှစ်တစ်ရာပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)
၂၀၁၂ခုနှစ်၊နိုဝင်ဘာ (၅)ရက်နေ့မွန်းလွှဲ(၂)နာရီကရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်း ဆီစားသောက်ဆိုင်ခန်းမ၌ တ.က.သ/ ဗ.က.သ ဥက္ကဌ ဦးရာရှစ်ရာပြည့် အထိမ်း အမှတ် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊သဘာပတိအဖွဲဝင်ဦးဝင်း တင်၊ ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်များ၊အခြားနိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊အဖွဲ့ဝင်များ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်များ၊ကျောင်းသား/ ကျောင်း သူ များ၊ နိုင်ငံရေးအကျဉ်းသားများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသားသမဂ္ဂသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ အခမ်းအနား ကျင်းပ ရေး ကော်မတီကိုယ်စား ဦးခင်မောင်ချိုက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြော ကြားသည်။

ထို့နောက် ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ စကားများ ပြာကြားခဲ့သည်။

National League for Democracy

Monday, November 5, 2012

4 ခြိမ်းခြောက်မှု မပါသော မစိုခြားစေခြင်း ဖြစ်စဉ်တခု

ယနေ့ည ဆယ်နာရီ ထိုးခါနီးတွင် မင်္ဂလာတောင်ညွန့် ရဲစခန်းမှူး၊ တာမွေ ရဲစခန်းမှူးနှင့် နယ်ထိန်းများ ရဲအရာရှိများ ရောက်လာကြသည်။ မနက်ဖြန်တွင် တရားရုံးကို လာရောက်ပါမည့် အကြောင့် ဆင့်ခေါ်စာ ခံဝန် ကျပ် တစ်သိန်းတန်ဖြင့် လက်မှတ် လာထိုးခိုင်းခြင်းဖြစ်ပါသည်။

ရဲအရာရှိများက ယဉ်ယဉ်ကျေးကျေး ပျူပျူငှာငှာ ရှိပါသည်။ အပြောအဆို အလွန်သတိထားပြီး ဆက်ဆံသည်ကို တွေ့ရပါသည်။ အထက် အမိန့် အရ ဆင့်ခေါ်ရခြင်းဖြစ်ကြောင်းလည်း ပြောပါသည်။

ကျနော် လေးနက်သော ပြန်ကြားချက်သာ ပေးလိုက်ပါသည်။

ကျနော်တို့သည် နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်သူ့ ဘ၀ မြင့်တင်ရေးများကို ပင်ကိုယ်အသိစိတ်ဖြင့် ပြည်သူလူထု အကူအညီဖြင့်ပင် ပြည်သူလူထုကို စောင့်ရှောက်ကူညီမြင့်တင်နေသူများဖြစ်ကြောင်း ။ အချိန်ပို အနားယူအားလပ်ချိန် ဆိုသည်ပင် မရှိကြောင်း ကျန်းမာရေး အရ နားသင့်သည့် အချိန်မှာပင် နားရန်မကြိုးစားပဲ ဆင်းရဲတွင်းထဲ အလွန်နက်နေသော ပြည်သူ့ဘ၀ တိုးတက်သာယာမြင့်မားရေးကို အားသွန်ခွန်စိုက် လုပ်နေကြသော တာဝန်သိသူများဖြစ်ကြောင်း။ မိမိတို့ ဧ။် တန်ဖိုး ရှိသော အချိန်ကို ယခုကဲ့သို့ တရားတဘောင် ရင်ဆိုင်ရေး အတွက် တရက်လျှင် တရားရုံးတခုကို လိုက်လံ ဖြေရှင်း ခြင်း မပြုနိုင်ပါကြောင်း။

ပထမ အချက်မှာ သွားလာဆက်သွယ်ရေး စရိတ် စက အလွန်ကြီးမြင့်သည့် အတွက် တရားရုံးတခုက

0 ၁၉၈၈ အရေးအခင်းနဲ့  ပတ်သတ်တဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ သျှိုကြီး

၁၉၉၀ ခုနှစ် အကျော်ပတ် ဝန်းကျင်တုန်းကရခဲ့တဲ့ စိတ်ကူးလေး ပါ။ အခုခေတ်မှာ ပွင့်လင်းလာတဲ့ အချိန်အခါလည်းဖြစ်လာပြီဆိုတော့ ၁၉၈၈ အရေးအခင်းနဲ့ပတ်သက်ပြီး အရုပ်နဲ့သမိုင်းတင်တာပေါ့။ အဲဒီ ချိန်မှာ ၁၉၈၈ အရေးအခင်းက အရမ်းကြီးကျယ်မြင့်မြတ်လွန်းတဲ့ အတွက် အရုပ်နဲ့ သရုပ်ဖော်တဲ့အခါ မှာ အမှားအယွင်းတွေ၊ လိုအပ်ချက် တွေဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်၊ အဲဒီရုပ်ရှင်ကြီးရိုက်ကူးဖို့အတွက် ကော်မတီ(၉)ဖွဲ့ဖွဲ့ထားတယ်။ အနု ပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေး၊ ဆက်တင်အကြံပေး၊ ရိုက်ကွင်းအကြံပေး၊ တည်းဖြတ် အကြံပေး၊ ဘာသာပြန်အကြံပေး အဖွဲ့စသည်ဖြင့် (၉)ဖွဲ့ ဖွဲ့ထားတယ်။ အနုပညာနဲ့ ဇာတ်ညွှန်းအကြံပေး ဆိုရင် ထုတ်လုပ်သူ ဦးအောင်လွင် တို့ပါဝင်တဲ့အပြင် (၈၈) ဖြတ်သန်း သူတွေပါဝင်မယ်။

အနုပညာအကြံ ပေးထဲမှာဆိုရင် (၈၈) ဖြတ်သန်းခဲ့ ကြသူများလို့နာမည်တပ်ထားတယ်။ ဇာတ်ညွှန်းကိုတော့ ဗရေဂျမ်း၊ ကိုရွှေမိုးသက်၊ မျိုးကိုမျိုး၊ ဇာတ် လမ်းကတော့ ဗရေဂျမ်းရဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းနာမည် က "ချွန်စေမြစေစော'၊ ကောင်းကျိုး အထွေထွေ၊ ဒေါင်းအိုးတဝေဝေနဲ့ ချွန်ဝေမြစေသော်(ဝ်)ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ကဗျာစာချိုးထဲက ယူထားတာပါ။ အဲဒီအတွက်လည်း ဆရာကြီး အမျိုးအနွယ်တွေကို ခွင့်ပြုချက်ယူ ထားပါတယ်။

အဲဒီဇာတ်ကားကြီးကို ရှေ့နှစ်(၅)လပိုင်း ဝန်းကျင်လောက် ရိုက်ပါ့မယ်။ ပရိသတ်မငြီးငွေ့ အောင် ဒရာမာလေးတစ်ခြမ်းထည့် ထားတယ်။ ဇာတ်လမ်းကတော့ စက်တင်ဘာလမှာ ငွေစက္ကူအရေး ကိစ္စကနေစပြီး ရှစ်လေးလုံးအရေး တော်ပုံကာလပြီးတဲ့အထိ ရည်ရွယ် ထားတယ်။ အဲဒီမှာ အဓိကဇာတ် ကောင်(၄)ယောက်ရှိမယ်။ အဲဒီ (၄)ယောက်ကိုတော့ အပြင် လူတွေကိုခေါ်ဖြစ်မယ်။ ဘယ်သူ တွေဖြစ်ဦးမယ်တော့ မသိသေးဘူး။ ကျန်တဲ့သူတွေကတော့ (၈၈) မျိုးဆက်တွေ တစ်ခန်းစနှစ်ခန်း စပါဝင်သရုပ်ဆောင်ကြမှာပါ။ ထုတ်လုပ်ရေးကတော့ အသစ် ဖြစ်တဲ့အတွက် မပြောသေးပါဘူး။

ဆင်ဆာအဖွဲ့ကို တင်ပြီးလို့ ရိုက်ကူး ခွင့်ကျပြီဆိုရင်တော့ စာနယ်ဇင်းကို မိတ်ဆက်ပေးမှာပါ။ ဒီဇာတ်လေး က နိုင်ငံရေးနဲ့မကင်းဘူး။ ဒါကြောင့် ဒီဇာတ်လမ်းမှာ အဓိကထားတာက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး။ အဓိကဖော်ကျူး ထားတာက မိဘမေတ္တာ၊ သားသမီး မေတ္တာကိုဖော်ကျူးထားတာပါ။ တပ်မတော်ကိုလက်ညှိုးထိုးနေမယ့် အစား၊ တစ်ပါတီ စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့အရေးအခင်းကြောင့် တပ်မတော်က ပြန်လည်ထိန်းသိမ်း ခဲ့တာကို ဖော်ကျူးထားတာပါ။ အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးပြီးရင်တော့ အနည်းဆုံးအာရှမောင်ထိ လှည့် လည်ပြသဖို့ရှိပါတယ်။

By 8 Days a week အနုပညာဂျာနယ် Yoeyarlay

0 ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေတော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ က အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ(ဓာတ်ပုံ)

ရွှေပြည်သာ ၀ါးတစ်ရာတော်ဝင်အထပ်သားစက်ရုံမှဆန္ဒပြနေသောအလုပ်သမား ဆေးကုသခံယူနေစဉ်
ကိုအေးအောင် ကိုကျော်ကျော် ကိုဝေဋု တော်ဝင်အထပ်သားစက်ရုံရှေ့
ဆန္ဒပြနေသော အလုပ်သမားများအား (၉၆...၉၈)ကျောင်းသား ကိုအေးအောင်မှ အားပေးစကား သွားရောက်ပြောကြား (၄.၁၁.၂၀၁၂)
အမျိုးသမီးများကွန်ရက်မှလည်း မသန္တာ ဒေါ်နော်အုန်းလှနှင့် အဖွဲ.များ လာရောက်အားပေး
ရှေ့နေ ကိုဖိုးဖြူမှ အလုပ်သမားအရေးအား လာရောက်အားပေးပြောကြား
အလုပ်ရှင်ရဲ့ခေါင်းမာမှုက တော်တော်ဆိုးပါတယ် ။ ဆန္ဒပြရက် ၁၁ရက်မှာ အစာငတ်ခံ ဆန္ဒပြတဲ့ရက် ၄ရက် တချို့ ဆေးရုံတက်ရပြီဖြစ်ပေမဲ့ အလုပ်သမားတွေ ကို အလုပ်ရှင်ကလှည့်မကြည့်ပါဘူး အင်းစိန်ဆေးရုံပေါ်မှာ မအေမီထွန်း (၁၈နှစ်) မနှင်းဝေလွင် (၁၈နှစ်) မခင်ချိုမြင့် (၃၁နှစ်)နဲ့  မတင်နီလာအောင်(၂၈နှစ်)တို့ လည်း ရှီနေပါသေးတယ် ။ အစိုးရမင်းကြီးတို့ ရေ ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်ရှင်တွေ ကိုလည်း -ပြောပါဦး -ဆိုပါဦး -
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေ၊ အမှတ် ၂၃ရပ်ကွက်၊ တော်ဝင်လမ်းရှိ တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ စက်ရုံရှေ့မှာ နေ့စဉ်ရက်ဆက် အစာငတ်ခံဆန္ဒပြနေခဲ့ကြတာ ဒီကနေ့ဆိုရင် ၁၁ ရက် ရှိသွားပြီဖြစ်ပါတယ်။ အခုအခါမှာ အစာငတ်ခံဆန္ဒပြ အလုပ်သမားထဲက ၂၅ ဦးဟာ ရွှေပြည်သာဆေးရုံကို ပို့ဆောင်ကုသနေရပြီး အဲ့ဒီထဲက လေးဦးကတော့ အင်းစိန်ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလုပ်သမား ၂၅ ဦး ဆေးရုံရောက်နေချိန်မှာပဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေက

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.