Sunday, November 4, 2012

1 မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံး အမေရိကန်သမ္မတ

အမေရိကန်သမ္မတ အိုဘာမား နိုဝင်ဘာလ ၁၇ ရက်မှာ လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ နှင့် ၁၈ ၂ ရက်ကြာ နေထိုင်လည်ပါတ် သွားမည်ဟုသိရပါသည် ..။

ကမောဒီးယား မှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေး မသွားမီထိုင်းကနေတဆင့် လာရောက်မှာဖြစ်ပြီး အစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါသည် ။

၁၉၅၃ က အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဟွာ လက်ထက်ကဒုသမ္မတ နစ်ဆင် လာရောက်အပြီး နှစ်ပေါင်း ၆၀ ပြည့်လုနီးချိန် မှာအမေရိကန်သမ္မတတစ်ဦး မြန်မာနိုင်ငံကိုလာရောက်ခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ရေဂင် ဆိုဗီယက် ဒူးမားလွှတ်တော်မှာမိန့်ခွန်းပြောအပြီးဆိုဗီယက် အင်ပါယာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲခဲ့ရပြီး အမေရိကန်သမ္မတ အိုဘာမား အီဂျစ်လွှတ်တော်မှာ မိန့်ခွန်း ပြောအပြီးအာဖရိက အာဏာရှင်တွေ သေချင်းဆိုး သေသူသေ ၊ မရှုမလှ ဘဝဆုံးသူတွေဆုံး ဒိုမီနိုခဲ့ကြပါသည် ။

မြန်မာနိုင်ငံရဲ့ ကမ္ဘာအဆင့်မှီ လွှတ်တော် အသစ်ကျပ်ချွတ်ကြီးမှာအမေရိကန်သမ္မတ အိုဘာမားလို ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တစ်ဦးကို မိန့်ခွန်းပြောခွင့် ပေးမည်လား မသိရသေးပါ ။

1 comment:

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.