Saturday, November 10, 2012

0 နောက်တခါရုံးချိန်းမှာ တရားခံဖြစ်အောင် လုပ်ထား...ကြားလား

ယနေ့ခေတ်တွင် ပြည်သူ့လွတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကဲ့သို့သော အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာပြီး မီဒီယာများကလည်း မြန်မာပြည်တရားစီရင်ရေးမဏ္ဍိုင်ကို ထိုးနှက်မှုများ ပြုလာချိန်တွင် တရားသူကြီးများမှာ ၄င်းတို့ အပြစ်လွတ်အောင် တရားရုံးရောက်လာသမျှ အမှုတိုင်းကို ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေကြောင်း။ တကယ်တမ်းတွင် တရားစီရင်ရေးမဏ္ဍိုင်တစ်ခုတည်းသာမက အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ရဲတပ်ဖွဲ့ကိုပါ စောင့်ကြည့်ဝေဖန်မှုများပြုသင့်ကြောင်း။ ယခုအခါ ရဲ မတရားလုပ်သော အမှုများ အလွန်များပြားလာပြီး ရဲနှင့် ပေါင်းကာ မိမမလိုလားသူကို အမှုဆင်ဖမ်းဆီးမှုများလည်း များပြားလာကြောင်း။ ရဲက ခိုင်လုံအောင် အမှုဆွဲတင်လာလျှင် တရားသူကြီးများမှာ အမှန်အမှားဘာမှ မကြည့်တော့ပဲ ကြီးလေးသော ပြစ်ဒါဏ်များချမှတ်နေတော့သဖြင့် ခံရသူများ အလွန်နစ်နာရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောကြားသည်။

Venus News Cartoon

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.