Saturday, November 10, 2012

0 အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို

မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်းသတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။

''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။

အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့် ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တေးသံရှင်ဂျေမောင်မောင်သည် ယနေ့ နံနက်၁၀ နာရီ အချိန်က စကာင်္ပူနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရသည်။ ဂျေမောင်မောင် မထွက်ခွာမီ ၉နာ၇ီဝန်းကျင်အချိန် ထိ တေးသံရှင် ခင်မောင်တိုးမှာ သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရပြီး ဂျေမောင်မောင်ထံမှ ဆက်သွယ်မှုကို စောင့်ဆိုင်းနေကြသည့် အပြင် မိတ်ဆွေ သူငယ်ချင်းများ ကလည်း စောင့်ဆိုင်းနေကြကြောင်း သိရသည်။

အတူသီဆိုခဲ့ဘူးတဲ့ အဆိုတော် မီမီဝင်းဖေ ကလည်း “ ကိုခင်မောင်တိုး ကျေးဇူးပြုပြီး အားတင်းထားပါလို့ ” သူရဲ့ Facebook မှာ ဆန္ဒပြုထားပါတယ်။

နောက်ဆုံးသတင်းအရ ကိုတိုးကြီးသတိရနေပြီလို့စင်္ကာပူနိုင်ငံရောက်ဂျေမာင်မောင်လှမ်းပြောပါတယ်လို့ မြတ်ခိုင်ရဲ့ Facebookမှာဖော်ပြထားပါတယ်.. စကား ပြောနိုင်ပြီ၊ ပုတီးတွေတောင် စိပ်နိုင်ပြီဟု" တေးသံရှင် ဂျေမောင်မောင်နှင့် ဖုန်းအဆက်အသွယ်ရရှိခဲ့သော မိတ်ဆွေများထံမှ သိရသည်။

ဦးတိုးကြီး ... သတိပြန်ရလာပါပြီ ...မိသားစုနဲ့ စကားအနည်းငယ်ပြန်ပြောနိုင်လာပြီလို့ သိရပါတယ် ... ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာပါ ...ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ...(အဆိုတော် သျှီ)
Ref.Messenger journal. popular news journal,facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.