Saturday, November 10, 2012

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို အနိုင်ရရှိ

နိုဝင်ဘာ(၉ )ရက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနဲ့ ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်း။

ယနေ့နိုဝင်ဘာ ၉ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ၁၂ ရက်မြောက်အစီအစဉ်တွင် ပညာရေးနှင့်ပတ်သက်သော အရေးကြီးအဆိုနှစ်ခုဖြစ်သည့်ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်အားအဆင့်မြင့်တက္ကသိုလ်ဖြစ်ရေးအတွက်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းသည့်အဆို ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း ၊နိုင်ငံတော်ဖွံ့ဖြိုးမှု၏အခြေခံ အုတ်မြစ်ဖြစ်သော ပညာရေးကဏ္ဍမြင့်မားရေးအတွက် ခိုင်မာသည့်အမျိုးသား ပညာရေး ဥပဒေ တစ်ရပ်ရေးဆွဲပြဌာန်းရေးအဆိုကို ငါန်းဇွန်မဲဆန္ဒနယ်မှ ဒေါက်တာမြဦးကလည်းကောင်းတင်သွင်း ခဲ့ ရာ အဆိုနှစ်ခုစလုံးအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။ (7 Days Journal )

ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ ပညာရေးစနစ်အဆင့်မြင့်တင်ရေးနဲ့  ပတ်သက်တဲ့အဆိုကို မဲခွဲ ဆုံးဖြတ် ရယူရာမှာ ထောက်ခံမဲ ၂၄၈ မဲ၊ ပညာတတ်တွေပေါများလာမှာကိုကြောက်ရွံနေကြတဲ့ အမတ်တုတွေ ကန့် ကွက်တဲ့မဲက ၆၈မဲ၊ဘာမှနားမလည်ကြလို့  အလကားနေ ကြားနေမဲပေးနေကြတဲ့ အမတ်တွေပေးတဲ့ ကြားနေမဲက ၉ မဲ နဲ့  ... လူထုခေါင်းဆောင်ရဲ့  အဆိုဟာ အနိုင်ရရှိသွားပါတယ်!!

Khaing Soelynn

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.