Monday, November 5, 2012

0 ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေတော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ က အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ(ဓာတ်ပုံ)

ရွှေပြည်သာ ၀ါးတစ်ရာတော်ဝင်အထပ်သားစက်ရုံမှဆန္ဒပြနေသောအလုပ်သမား ဆေးကုသခံယူနေစဉ်
ကိုအေးအောင် ကိုကျော်ကျော် ကိုဝေဋု တော်ဝင်အထပ်သားစက်ရုံရှေ့
ဆန္ဒပြနေသော အလုပ်သမားများအား (၉၆...၉၈)ကျောင်းသား ကိုအေးအောင်မှ အားပေးစကား သွားရောက်ပြောကြား (၄.၁၁.၂၀၁၂)
အမျိုးသမီးများကွန်ရက်မှလည်း မသန္တာ ဒေါ်နော်အုန်းလှနှင့် အဖွဲ.များ လာရောက်အားပေး
ရှေ့နေ ကိုဖိုးဖြူမှ အလုပ်သမားအရေးအား လာရောက်အားပေးပြောကြား
အလုပ်ရှင်ရဲ့ခေါင်းမာမှုက တော်တော်ဆိုးပါတယ် ။ ဆန္ဒပြရက် ၁၁ရက်မှာ အစာငတ်ခံ ဆန္ဒပြတဲ့ရက် ၄ရက် တချို့ ဆေးရုံတက်ရပြီဖြစ်ပေမဲ့ အလုပ်သမားတွေ ကို အလုပ်ရှင်ကလှည့်မကြည့်ပါဘူး အင်းစိန်ဆေးရုံပေါ်မှာ မအေမီထွန်း (၁၈နှစ်) မနှင်းဝေလွင် (၁၈နှစ်) မခင်ချိုမြင့် (၃၁နှစ်)နဲ့  မတင်နီလာအောင်(၂၈နှစ်)တို့ လည်း ရှီနေပါသေးတယ် ။ အစိုးရမင်းကြီးတို့ ရေ ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်ရှင်တွေ ကိုလည်း -ပြောပါဦး -ဆိုပါဦး -
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေ၊ အမှတ် ၂၃ရပ်ကွက်၊ တော်ဝင်လမ်းရှိ တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ စက်ရုံရှေ့မှာ နေ့စဉ်ရက်ဆက် အစာငတ်ခံဆန္ဒပြနေခဲ့ကြတာ ဒီကနေ့ဆိုရင် ၁၁ ရက် ရှိသွားပြီဖြစ်ပါတယ်။ အခုအခါမှာ အစာငတ်ခံဆန္ဒပြ အလုပ်သမားထဲက ၂၅ ဦးဟာ ရွှေပြည်သာဆေးရုံကို ပို့ဆောင်ကုသနေရပြီး အဲ့ဒီထဲက လေးဦးကတော့ အင်းစိန်ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလုပ်သမား ၂၅ ဦး ဆေးရုံရောက်နေချိန်မှာပဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေက
ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ အခုလို အလုပ်သမားတွေ ဆက်လက်ဆန္ဒပြတောင်းဆိုနေမှု၊ အစာငတ်ခံဆန္ဒပြအလုပ်သမား အများအပြား ဆေးရုံတင်လိုက်ရမှုတွေနဲ့ ပတ်သတ်လို့ ကုမ္ပဏီဘက်က တစ်စုံတစ်ရာ တာဝန်ယူ ဆောင်ရွက်ပေးဖို့မရှိဘူးလို့ တော်ဝင်မိသားစု ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက RFA ကို ပြောပါတယ်။

တော်ဝင်ကုမ္ပဏီ အလုပ်သမားတွေရဲ့ ဒီဆန္ဒပြပွဲဟာ လေးကြိမ်မြောက် ဖြစ်ပြီး အခုအကြိမ်ကတော့ ရက်အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြတောင်းဆိုမှုလည်း ဖြစ်ပါတယ်။

အလုပ်သမားခေါင်းဆောင် ကိုကျော်မင်းက''ကျွန်တော်တို့ တောင်းဆိုတဲ့အချက် ငါးချက်မှာ ပထမအချက်တစ်ချက် ဆွေးနွေးမှုမှာပဲ ကုမ္ပဏီက ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို မလိုက်လျောနိုင်တဲ့အတွက် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဆန္ဒပြတာ ၁၁ရက် ရှိပေမယ့် အလုပ်သမားတွေလိုချင်တဲ့ ရလဒ်မထွက်ခဲ့ပါဘူး။ ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား တိုက်ရိုက်ညှိနှိုင်းနိုင်ရေးအတွက် အလုပ်ရှင် ရှိတဲ့နေရာကို သွားရောက်တောင်းဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်'' ဟု ပြောပြခဲ့ပါသည်။

ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည့် အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်ငါးချက်တွင် (၁) စက်ရုံတွင်ရှိသော အလုပ်သမားများအား အပြင်ဆိုဒ်သို့ မပို့ရန် (၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များ မထုတ်ပြန်ရန် (၃) စက်ရုံအတွင်း ၀င်ခွင့်မပေးသော အလုပ်သမားများအား On Duty ပေးရန်နှင့် လုပ်ခပေးရန် (၄) EC စာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့်အချက်များ ပါဝင်သည်။

တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် တော်ဝင်ကုမ္ပဏီက ၄င်းတို့၏ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်စေခြင်းအား အလုပ်သမားများဘက်မှ စက်ရုံ၌သာ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုဖော်ထုတ်မှုအား အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ ၂၄နာရီပတ်လုံး နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် အလုပ်သမားဦးရေ ၂၆၈ ဦး ပါဝင်ပြီး အလုပ်သမား ၁၀ ဦး သည် နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် အလုပ်သမားများ၏ စားဝတ်နေရေးအတွက် ရွှေပြည်သာနှင့် လှိုင် သာယာစက်မှုဇုန်များရှိ စက်ရုံများမှ အလုပ်သမားများစုပေါင်း၍ အစားအစာများ လာရောက်လှူဒါန်းလျက်ရှိကြောင်းလည်း သိရပါသည်။

Source,RFA ,Eleven media group
Photo..mg ygn

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.