Friday, May 6, 2011

1 မြန်မာ့ နိုင်ငံရေးအကျဉ်းသား ၀ိသေသ လက္ခဏာများ (ဒေါက်တာလိုင်မြင့်)

မြန်မာ့ နိုင်ငံရေးအကျဉ်းသား ၀ိသေသ လက္ခဏာများ

CRITERIA of BURMA POLITICAL PRISONERS

ယနေ့ ကာလမှာကော ယခင်ကပါ န.အ.ဖ / န.၀.တ နှင့် မ.ဆ.လ ကထည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး ဗြောင်လိမ် လာပါတယ် ။ တိုင်းပြည်ကိုအုပ်ချုပ်သူတွေကို သတိပေးလိုတာက နိုင်ငံတော်ကိုအုပ်ချုပ်ရတဲ့နေရာမှာ လုပ်ကိုင်နေရင် မုသာ ( အလိမ်တွေ ) မသုံးကြပါနဲ့လို့  ။ ဒီနေရာဟာ လူထု တိုင်းသူပြည်သားတွေက ငါတို့ ကိုအတုယူကြမယ်ဆိုတာ နားလည်ထားဖို့ ရယ် ဒီနေရာဟာ လူကြိးလူကောင်း သမာဓိဂုဏ် နဲ့ပြည့်စုံသင့်ပါတဲ့နေရာပါ ။


ကျနော်ကတော့လိမ်ရမှာ အလွန်ဝန်လေးတယ်ဗျာ ။ မတတ်သာလို့  မလိမ်ရင်ကျော်ဖြတ်လို့ မရလို့  လိမ်ခဲ့ရတာရှိပါတယ် ။ အခုအထိ အဲဒီအတွက် စိတ်မသက်သာဘူးဗျာ ။ ကျနော်လိမ်ခဲံ့ရတာ အခြေအနေက မလိမ်ရင် မရလို့ လိမ်ရတာကို ကိုယ့်ကိုယ်ကို အခုထက်ထိ မသတီဘူးဗျာ ။ သူတို့ က မျက်နှာဗြောင်တိုက်လိမ်နေတာ ။ အလိမ်ခံရသူက မျက်လုံးထဲစိုက် ကြည့်တာနဲ့  သိနေတာဘဲ ။ လိမ်သူမှာလဲ လိမ်သာလိမ်ရတာ စိတ်မလုံပါဘူး ။

အခု နိုင်ငံရေးအကျဉ်းသားနဲ့ ဆိုင်တဲ့ ထူးခြားတဲ့ ၀ိသေသ တွေ ကို အချက်အလက်တွေနဲ့ ထုတ်ပြပါမယ် ။

အခု ဘုရားစူး ဒီမိုကရေစီ အစိုးရဟာ န.အ.ဖ ဆီက အာဏာ ကိုလွှဲပြောင်းရယူသလို .န.အ.ဖ ဟာလဲ မ.ဆ.လ ဆီက လွှဲပြောင်းရယူခဲ့တာပါ ။

( ၁ ) အဲဒီတော့ မ.ဆ.လ. ခေတ်ဥိးပိုင်းမှာ ၆၂-ခုနှစ် အာဏာသိမ်းပြိးစမှာ ဦးနု / ဥိးကျော်ငြိမ်း အပါအ၀င် အဲဒီတုံးက အစိုးရ၀န်ကြိးတွေ ၀န်ကြိးချုပ်တွေ ရှမ်းဆော်ဘွားတွေ ကို ဦးနေ၀င်းက အခု န.အ.ဖ က ကိုမင်းကိုနိုင်တို့ ကို ဖမ်းထားတဲ့ ပုဒ်မ ( ၅ / ည ) နဲ့ဘဲ ထိမ်းသိမ်းခဲ့တာပါ ။ သူတို့ ကို ဦးနေ၀င်းက နိုင်ငံရေးအကျဉ်းသားလို့  သတ်မှတ်ခဲ့ပြိး A Class / B Class / C Class သတ်မှတ်ချက်နဲ့  ကောင်းကောင်းမွန်မွန်ထားပေးပါတယ် ။ သူတို့ ကို ထောင်ပိုင်တွေကအစ လေးလေးစားစား ဆက်ဆံစေပါတယ် ။

သူတို့ ကို နိုင်ငံရေးအကျဉ်းသားလို့ ဘဲ တရားဝင်သတ်မှတ်ထားပါတယ် ။ ဦးနေ၀င်းကျင့်သုံးခဲ့တဲ့ ပုဒ်မ ( ၅ / ည ) ဟာအင်္ဂလိပ်အုပ်ချုပ်မှုဆီက လာတာပါ ။ ဥိးနုလက်ထက်မှာလဲ ကျင့်သုံးခဲ့ပါတယ် ။
နောက် ဇူလိုင်- ရ ရက် တက္ကသိုလ်ကျောင်းသားတွေကိုဖမ်းတော့လဲ အတူတူပါဘဲ ။

၁၉၇၇- ခုရောက်မှ ကျိုင်းတုံက အဖါးမကြိး ကြူကြူမား က ဖါးလိုက်ရာက ဦးနေ၀င်းကလဲ မယားဒေါ်ခင်မေသန်း( KITTY BA THAN ) ကသေပြိး နောက်မယား ဒေါ်နိနီမြင့်နဲ့ ကလဲ ကွဲနေတော့ တင်းနေတဲ့ကာလ ( အခု တပါတီနိုင်ငံရေးစံနစ်သွားနေတာ အတိုက်အခံပါတီဆိုတာ မရှိတော့လို့  နိုင်ငံရေးသမားဆိုတာ သတ်မှတ်ချက်ထားရန်မသင့်တော့လို့  ) ဘာပြောကောင်းမလဲ မော်လမြိုင်ကနှင်းဆီပွင့်ကြိး မျက်နှာကြိး ဖြစ်သွားတော့တာ ပါဘဲ ။

သူတို့ နားမလည်တာက အဲဒီလိုပြင်ချင်ရင် အခြေခံဥပဒေကို အရင်ပြင်ရပါမယ် ။ နိုင်ငံရေးသမားတွေကို ဖမ်းဖို့ ဥပဒေတခု အသစ်ထုတ်ပြန်ရပါမယ် ။ ပြိးအဲဒီ ( ၅ / ည )တွေကို လွှတ်ချင်လွှတ် မလတ်ချင်ရင် အမှုအသစ်ထပ်ကပ်ပြိး မှ မင်းတို့ ကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ထားတာ ရပ်ဆိုင်းပြီ ဆိုတာကို စာနဲ့ပေနဲ့ အသိပေးရမှာပါ ။ တိုင်းပြည်ကိုအုပ်ချုပ်တာကို စာအုပ်ပေါ်မှာ အတည်ပြုပြိး ကုလသမ္မဂ နဲ့  နိုင်ငံတကာ တရားရုံးချုပ်မှာ တင်ပြထားပြိးသား ဥပဒေကို လယ်ကန်သင်းရီုးမှာ ပြည့်တန်ဆာ နဲ့  ၀ါးရမ်းပြေး ကြာကူလီရိုက်လို့ မွေးလာတဲ့ကလေး အမွှေပေး ပုံမျိုး နဲ့ အတည်ပြုလို့ မရပါဘူး ။

ဒါကို ဥပဒေပညာရှင်ကြိးများ ပြန်သုံးသပ်ပေးအောင် အကြံပြုကြပါအုံး ။ ကျနော်ပြောတာ မတိကျနိုင်ပါဘူး ။ ပါးစပ်ကနေ အမိန့် ပေးရုံနဲ့  ပြောင်းတာ ဖါခမ်း မှမဟုတ်တာ ။ ဖါခမ်းမှာ လို ဖါသယ်မက မူပြလိုက်တာနဲ့  ဖါခေါင်းက ပြောင်းချ လိုက်သလို စည်းမဲ့ကမ်းမဲ့ ပြောင်းလို့ မှမရတာ ။ ဖါသယ်အတွေး ဖါသယ်အမြင်နဲ့  တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်ထင်တိုင်းမလုပ်ရပါဘူး ။ လုပ်ခွင့်မရှိပါဘူး ။

ဘာလို့ အခုလို ပစ်ပစ်နှယ်နှယ်ပြောရပါသလဲဆိုရင် ဥပဒေစာအုပ်ကြိးထဲမှာက ( ၅ / ည ) ဆိုတာ နိုင်ငံရေးတော်လုံခြုံရေးအရ ထိမ်းသိမ်းထားသူ လို့ အတိအလင်းဆိုထားတာကို မပြင်ထားဘူးလေ ။ အဲဒီဝေါဟာရကို မပြင်ဘဲ နိုင်ငံရေးအကျဉ်းသား မရှိဘူးပြောတာကတော့ အုပ်ချုပ်သူက သမတလုပ်နေသူက ဥပဒေစာအုပ်ကြိးကို နားမလည်တာလား / အရေးမလုပ်ဘူး ဆိုတာ တာလား ခင်ဗျားတို့ ဘဲဖြေပါ ။

နိုင်ငံတော်လုံခြုံရေးအရ ထိမ်းသိမ်းထားတာဟာ ပြစ်မှုလို့ သတ်မှတ်ခဲ့ရင် ဥိးနုတို့ ကိုဖမ်းတာလဲ ပြစ်မှုလို့ သတ်မှတ်ပေးရပါမယ်


ကောင်းပြီ ( ၅ / ည ) ကိုပြစ်မှုလို့ သတ်မှတ်ရင် နိုင်ငံတော်ဝန်ကြိးချုပ်လုပ်တာဟာ ပြစ်မှုမြောက်တယ် ဖြစ်မနေဘူးလား ။ ဥိးဏှောက် လဲသုံးကြပါအုံး ။ ငါ့မှာအာဏာရှိတယ် ငါ့ပါးစပ်က ဥပဒေကိုငါကြိုက်သလိုလုပ်တယ် ဘာဖြစ်လဲ ။ အခုဖြစ်တယ်လေ ။ ဒါဆို ဥိးနုဝန်ကြိးချုပ်လုပ်တာ ပြစ်မှု လို့ သတ်မှတ်လိုက်ရာရောက်သွားပါပြီ ။ ဒါဆို သန်းရွှေလဲဝန်ကြိးချုပ်လုပ်ခဲ့ဘူးတာဘဲလေ ။ ဖြေပါ ။ အခု ဥိးသိန်းစိန်သမတကြိးလုပ်တာလဲ ပြစ်မှုလား ။


( ၂ ) ဒီလိုပါဘဲ နိုင်ငံတော် လုံခြုံရေးအရ နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းတာလဲ ။ ကဲ ဥပမာ ဓါးပြမှုပေါ့ ။ လူတယောက်က ဓါးပြမှု အခုလွှတ်တယ် မကြာခင်ပြန်လုပ်တတ်တယ် .။ သူ့ ကျတော့ဘာလို့  နေအိမ်အကျယ်ချုပ်မချတာလဲ ။ ဓါးပြတိုက်ရင် မထင်ရင် လက်နက်တွေနဲ့  လူပါအသတ်ခံရတာလေ ။ နိုင်ငံတော်လုံခြုံရေး ပျက်တာမဟုတ်ဘူးလား ။ ဒေါ်စုကိုထိမ်းသိမ်းတဲ့  ၁၀ / က နဲ့  ၁၀/ ခ တို့ က ဘာလို့  အဲဒီလိုပစ်မှုသမားဓါးပြမှု ခနခနကျူးလွန်နေသူတွေအပေါ် မချမှတ်တာလဲ ။ ရှင်းနေတာဘဲ ။ ဒိပုဒ်မ ဟာနိုင်ငံရေးလုပ်သူအတွက် သီးသန့် လေ ။

ဓါးမြမှုတွေကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲမှာ သိပ်ကြာကြာမထားဘဲ လွှတ်လိုက်တော့ မနှစ်က ကွမ်းးခြံကုန်း လူသတ်ဓါးမြမှုက အဲဒီလို လွှတ်ပေးလိုက်သူတွေက ထပ်မံကျူးလွန်လိုက်တာပါ ။

( ၃ ) ဖမ်းဆီးခြင်း နိုင်ငံရေးသမားကို ဖမ်းရင် အများစုက ညမှာလာဖမ်းတယ် ။ ဧည့်စာရင်းစစ်မလို့ ပါ အိမ်ရှင်တို့  ။ လာတော့ ရဲက အိမ်အပြင်မှာ တခါတရံ ရဲတောင်မပါဘူး ။ ပါလဲအိမ်ထဲမ၀င်ဘူး ။ ထောက်လှမ်းရေးတွေဘဲ ၀င်တာပါ ။ ကျနော့်ကိုလာဖမ်းစဉ်က အိမ်မှာဧည့်စာရင်း မတိုင်ထားသူ ၂ ဥိးကို ဒီလူတွေ မတိုင်ထားပါဘူး ။ အဲဒါအရေးယူပေးပါ တောင်းဆိုတာပေါ့ ။ မရဘူး သူတို့ ကို မှတ်ပေးပါ တောင်းဆိုတာပေါ့ ။ ဧည့်စာရင်းမှု ကိုအမှုဖွင့်ရင် ကျနော်ကအိမ်ရှင်လေ ။ ကျနော်ကို နောက်နေ့  အပြင်ရုံးထုတ်ရတော့မှာလေ ။ လာတုံးကတော့ ယောက်ျားတန်မဲ့ ဧည့်စာရင်းစစ်မလို့ ပြောပြိး ဧည့်စာရင်းတိုင်မထားသူ နှစ်ဥိး ထိုးပေးတာ မှတ်တောင်မှတ်မသွားဘူး ။ ရှင်းပြီနော် ( ၅ / ည ) ဆိုတာ ။


( ၄ ) ရှာဖွေသိမ်းဆည်းခြင်း တခါ ပြစ်မှုဆိုပြိး အိမ်ကို ပိုက်စိပ်တိုက် ရှာဖွေတယ် ။ ဓါးမရှာဘူး ။ လက်နက်မရှာဘူး ။ ခိုးရာပါပစ္စည်းမရှာဘူး ။ ပိုက်စိပ်တိုက် ရှာတာက စာအုပ်တွေ တအုပ်ချင်း လှန်လျှောကြည့်တယ် ။ ကွန်ပျူတာကို ဖွင့်ကြည့်တယ် ။ အားလုံး -၄ -နာရီလောက်မွှေတယ် ။ ရဲတွေကအပြင်မှာ လှေခါးထစ်မှာ ထိုင်လို့  ။ ပြစ်မှုဆို ရဲက ရှာရမှာလေ ။



( ၅ ) သက်သေခံပစ္စည်း ရှာဖွေတာမှာ ကျနော်ဆီမှာ ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေ ဓါတ်ပုံတွေ သိမ်းသွားပါတယ် ။ ဗိုလ်ချုပ်ပုံသိမ်းတာ ပြစ်မှုနဲ့ ဆက်နွှယ်နေလို့ လား ။ ကိုယ့်အမျိုးသားခေါင်းဆောင်ပုံ လက်ဝယ်ထားတာ ပြစ်မှုမြောက်ရင် သန်းရွှေ အာဏာသိမ်းပြိးစက အချိန်တော်တော်ကြာအောင်အထိ သူ့ ရုံးခန်းမှာ ဗိုလ်ချုပ်ပုံက ရှိနေတာဘဲ ။ ကျနော်တို့ စစ်တဲ့ တရားရုံးမှာတောင် ဗိုလ်ချုပ်ပုံကြိး ချိတ်ဆွဲထားတာဘဲ ။

အဲဒီတော့ တရားရုံးမှာ ကိုမောင်မောင်ဝမ်းက ထပြောပါလေရော ။ သူကလဲ တရားရုံးမှာ ကျနော်တို့ ဖြင့် ရီလိုက်ရတာ အူကိုနာလို့  ။ တော်ကြာတရားရုံးမှာ မထီလေးစားလုပ်မှုတောင် ထပ်ကပ်အုံမှာ ပူမိတယ် ။ တရာသူကြိးက ဥိးမောင်မောင်ဝမ်း ၉ အဖ ဦးသောင်း ) ဟုတ်ပါသလားပေါ့ ။ အဖနံမည် မလိုပါဘူး ရေနံချောင်းက မောင်မောင်ဝမ်းဆိုရင် ကလေးကအစ တတိုင်းတပြည်လုံးတောင်သိနေတာဘဲ တရားသူကြိးမင်းလုပ်ပြိး ခင်ဗျား ကမသိဘူးလားလုပ်ပါလေရော ။

တရားခွင်ဆိုတာ အဖအမည်နဲ့  ပြောရဆိုရတာပေါ့ ။ ဒါဆို နံမည်လဲတူ အဖ အမည်လဲတူနေတာတွေ ရှိနိုင်တယ် ။ ရေနံချောင်းက မောင်မောင်ဝမ်းဆို တ၀မ်းဘဲ ရှိတယ်ဗျ ။ ကျနော်တို့မှာ ရီရတာလေ ။ တခွီခွီံးဗျာ အသံတောင်ထိမ်းမရဘူး ။ လူပျက်ဟာသတောင် ဒီလောက်မရီရဘူး ။

နောက် ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေသိမ်းရင် အခု တရားရုံးက ပုံတွေ ကဘာလို့ ချိတ်ထားတာလဲ ။ ကျနော်တို့ လက်ထဲက ထားခွင့် မရှိလို့ လား ။ အဲဒါပြစ်မှုမြောက်နေလို့ လား ။ ကျနော်ဆီကသိမ်းသွားတဲ့  ဗိုလ်ချုပ်ပုံတွေ ပြန်ပေးပါ ။ ဥပဒေထဲမှာ ဘယ်နေရာမှာဆိုထားပါသလဲ ပြပါ ။ ကျနော်လဲဥပဒေကျောင်းသားပါ လုပ်ပါလေရော ။ ပြိး ဗိုလ်ချုပ်ပုံကို သူက အလေးပြုလိုက်သေးတယ် ။

ထားပါ အခု နိုင်ငံတကာကလိုချင်နေတဲ့ ဘင်လာဒင် ပုံသိမ်းထားရင် ပြစ်မှုမြောက်ပါသလား ။ တချို့ အိမ်တွေမှာ ဒေါ်စုပုံတွေဆိုအကုန်သိမ်းတာ ။ ဒါပြစ်မှုနဲ့ ဆက်နွှယ်နေလို့ လား ။ သိမ်းတာမှ ကြိးကြိးသေးသေး အရေအတွက်တောင် ရေတွက်ပြိးသိမ်းတာ ။ ပါးစပ်ကပါ ပြောလိုက်သေး ဒေါ်စုကြည်ပုံက ဘယ်နှစ်ပုံ ဆိုလိုက်သေး ။ အဲဒါပြစ်မှုလား ။ အဲဒါဆို ဒေါ်စု နဲ့  ဗိုလ်ချုပ်မှုးကြိး လက်ဆွဲနုတ်ဆက်နေတဲ့ပုံ ကို ထားရင်ကော...???? ကျနော့်ဆီမှာ သမတကြိး ကနေဒီပုံတွေ သူ့ မိန့် ခွန်းတွေ သမတကလင်တန်မိန့် ခွန်းတွေ ရှိတယ် မသိမ်းသွားဘူး ။ နိုင်ငံခြားဗွီဒီယိုအခွေတွေ သိမ်းတယ် ။ ၄ားလာတာက စစ်တပ်က ဖွင့်ထားတဲ့ဆိုင် အမှုကပ်မလို့ ဘဲ ။

တရားရုံးကျတော့ ဘယ်ရမလဲ ။ ကျနော်ကို Australia- channel-9 ကလွှင့်တဲ့ ဒေါ်စုအင်တာဗျူး ဗိုလ်ချုပ်ထွန်းကြည်အင်တာဗျူး စတာတွေ ပါတဲ့အခွေအမှုနဲ့ တရားစွဲတယ် ။ ဗွီဒီယို အက်ဥပဒေတဲ့ ။ ကျနော်က ဟိုရုပ်ရှင် ဆင်တာမဲ့ ဗွီဒီယို အခွေ ခြောက်ခွေပါ အမှုဖွင့်ပါတောင်းတာပေါ့ ။ အဲဒါစာရင်းထဲမပါလာဘူးလုပ်တယ်လေ ။ ဖွင့်ရင် သူတို့  အခွေဆိုင်ပိုင်ရှင် တပ်ကဗိုလ်ကြိးပါငြိနေတာလေ ။ တခြားပြင်ပဆိုင်ကဆိုရင် အမှုကပ်မှာလေ ။ အဲဒါဥပဒေက မျက်နှာမလိုက်ပါဘူးတဲ့လား ။ ကျနော်ကတောင်းဆိုနေတာနော် ။

( ၆ ) ရဲစခမ်း ပါဝင်မှု ပြိးပြစ်မှုဆို ရင် ရဲကစစ်ချက်အရင်ယူရဖို့  ရဲစခမ်းကိုခေါ်သွားရမှာလေ ။ ရဲစခမ်းကို မခေါ်ဘူး ။ ထောက်လှမ်းရေးစခမ်းကို တန်းခေါ်သွားတာ ။ ဘာရဲမှလဲ မမြင်ဘူးပါဘူး ထောင်သာကျသွားတယ် ။ မြင်တောင်မမြင်ဘူးလိုက်ပါ ။

( ၇ ) စစ်ကျောခြင်း မှာ လိမ်ထားမှု / ခိုးဝှက်မှု / ရိုက်နက်မှု ဘာမှ ပြစ်မှုနဲ့ ဆိုင်တာမစစ်ဘူး ။ တခြားသူတော့မသိ ကျနော်ကို ( ၁၂ ချက် ) မေးခွန်းချပေးထားပြိး အဲဒီမေးခွန်းတွေကို ဖြေခိုင်းပါတယ် ။ မေခွန်းတွေထဲမှာ အဓိကက * ဒေါ်စု အပေါ်ဘယ်လိုသဘောထားသလဲ ။ * မြန်မာ့နိုင်ငံရေးအပေါ်ဘယ်လို မြင်သလဲ ။ ဒေါ်စု မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာ တိုင်းပြည် ထိခိုက်သလား / မထိခိုက်ဘူးလား ။ သူနဲ့ မြန်မာနိုင်ငံရေး ပါဝင်ပတ်သက်ခွင့် ရှိရဲ့ လား ။ အမျိုးသားညီလာခံအပေါ်ဘယ်လို မြင်သလဲ ။ စိးပွားရေးပိတ်ဆို့ တာလုပ်ရင် အကျိုးဆက်တွေ ဘာတွေ ဖြစ်လာမလဲ ။

အကုန်တော့မမှတ်မိတော့ပါဘူး ။ ပြစ်မှုမြောက်စေတာ တခုမှ မမေးဘူး ။ ဒါတွေ အပြင်မှာမေးတယ် ။ ဥပမာဗျာ ခင်ဗျားကိုလာမေးတယ် အပြင်လူပေါ့ ။ ကျနော်ဖြေထားသလိုဖြေလိုက်တယ် ။ အဲဒါပြစ်မှု မြောက်လား ။ အဖြေက ထပ်တူ ။ လူက တဦးကအပြင်မှာ တဦးက ဖမ်းထားသူ ။

တနည်းဗျာ ကျနော့်ကိုမေးထားတဲ့မေးခွန်းတွေ အပ်ြငလူတွေ ကိုဖြေခိုင်း မေခွန်းထုတ်ပေးလိုက်ပါ ။ ဘ်ယလိုအရေးယူမလဲ ။ ဘာပြစ်မှုနဲ့  သက်ဆိုင်တာ တခုမှ မမေးခဲ့ပါဘူးဗျာ ။

( ၈ ) ရမန်ယူခြင်း --- နိုင်ငံရေးအကျဉ်းသားတွေဟာ ရမန်ကြိး နှစ်ပတ် တခါ ယူတာလုပ်ပါတယ် ။ သာမန်လူနားလည်အောင် ၂၈- ရက်တခါ တရားရုံး တရားသူကြိးဆီမှာ နိုင်ငံရေးသမားကို ဆက်လက်ဖမ်းဆီးထားမိန့်  တောင်းပါတယ် ။ အဲဒီလိုတောင်းတာ သူတို့ ဟာသူတို့  တောင်းနေသလား ဘာမှမသိရပါဘူး ။ ကျနော်တို့ ကို တရားရုံး ခေါ်သွားပြိးတောင်းတာမဟုတ်ပါဘူး ။ မျက်ကွယ်မှာ လုပ်နေကြတာပါ ။

တခြားလူသတ်မှု အင်မတန်ဆိုးတဲ့  မန္တလေးက သူခိုးကြိး @ ရမ်ဘို @ တရုတ်ကြိး ဆိုရင် တရားရုံးထုတ်တာ နှစ်ခါ ရဲတွေကို ရိုက်နှက်ထွက်ပြေးသူကိုတောင် တရားရုံးကို ဆက်ထုတ်ပေးပါတယ် ။ ရမန်ကိုတရားရုံးမှာ လူပါဝင်လျှောက်ထားခွင့်ပေးပါတယ် ။

( ၆ ) အချုပ်ထောင်ဝင်စာ ---( ၅ / ည ) တွေမှာ ဖမ်းသွားတဲ့နေ့ ကနေစလို့  တိုက်ခန်းအပြင်မှာ မိသားစုနဲ့  ပြန်ဆုံခွင့်ရတာက ထောက်ချခံရပြိးမှ ထောင်ဝင်စာမှာတွေ့ ရတာပါ ။ အချုပ်ကာလမှာ အပြင်လူ ဘယ်သူနဲ့ မှတွေ့ ခွင့်မရှိပါ ။ အချုပ်ကာလမှာ ထောင်ဝင်စာတွေ့ ခွင့်လဲမရှိပါ ။ လူသတ်မှု / ဓါးမြမှု / မုဒိန်းမှုတွေက အချုပ်ကာလမှာကို တပတ်တကြိမ် တင်္နလာ နဲ့  အင်္ဂါ မှာသူတို့ ထောင်ဝင်စာ ( အချုပ်ထောင်ဝင်စာ ) ဆိုပြိးတွေ့ ရပါတယ် ။

နောက်တခါ သူတို့ က နှစ်ပတ်တခါ ( ရမန်-တပတ် - ၁၄- ရက် ) တခါ တရားရုံးထွက်ရတော့ ရုံးမှာ မိသားစုတွေ ရှေ့ နေတွေ နဲ့တွေ့ ခွင့်ရပါတယ် ။ အထုပ်လေးဘာလေး ထပ်သွင်းခွင့်ရပါတယ် ။ အဲဒီတော့ တကယ်ပြစ်မှုသမားတွေဟာ မိသားစုနဲ့  တလကို အချုပ်ထောင်ဝင်စာက နှစ်ကြိမ် လတ်ထိုးနိုင်သူဆို အကြိမ်ကြိမ် တရားရုံးမှာက နှစ်ကြိမ် တလ ကို လေးကြိမ်တွေ ဆုံခွင့်ရကြပါတယ် ။ ၅ / ည တွေကတော့ အချားနိမ်း ပါဘဲ ။ ထောင်ထမင်းကို ဘားလေးနဲ့ ပလွေးနေရတာပါ ။ တပတ်တခါ ပေးတဲ့ ငုံးနဲ့ ကြက် မှားအိပ်ထားတဲ့ ကြက်ဥလေးတလုံး စားရပါတယ် ။

( ရ ) ချုပ်နောင်ထားရှိမှု ၅ / ည တွေကို အချုပ်ကာလမှာလဲ ပြင်ပထွက်ခွင့်ရှိတဲ့ ( တရာရုံး ) ထွက်ခွင့်ရတဲ့ ခိုးဆိုးပြစ်မှုကျူးလွန်ထားသူတွေ နေတဲ့ အဆောင်မှာ မထားပါဘူး ။ တိုက်ထဲမှာမှ သိးသန်ထားပြိး လူသူ မဆက်သွယ်နိုင်အောင် သီးသန့် ချုပ်ထားပါတယ် ။ ထောင်ကျပြိးသူ တခြား ၅ / ည တွေ နဲ့တောင် ဆက်သွယ်မရအောင် လုပ်ထားပါတယ် ။

( ဂ ) ရှေ့ နေ၄ားရမ်းခွင့် ၅ / ည ထိမ်းသိမ်းထားသူတွေဟာ ရှေ့ နေ၄ားရမ်းခွင့် လုံးဝ မပေးပါ ။ အပြင်လူဘယ်သူနဲ့ မှ ဆက်သွယ်ခွင့်မပေးပါ ။ မိသားစုနဲ့ ဆက်သွယ်တာ မိရင် နောက်ထပ်ပြစ်မှုပါ ထပ်လုပ်ပါတယ် ။ အပြင်က အဆက်အသွယ်လက်ခံသူရော အဆက်အသွယ်လုပ်ပေးသူပါ အဖမ်းခံရပါတယ် ။

ဒုစရိုက်ပြစ်မှုကျူးလွန်သူတွေ ကိုတော့ ရှေ့ နေနဲ့  တွေ့ ခွင့်တောင် သီးသန့် ပေးပါတယ် ။ တတ်နိုင်ရင် နိုင်ငံခြားရှေ့ နေ၄ား ချင်လား ပေးတယ် ။

( ၉ ) တရားရုံး ၅ / ည- တွေကို အင်းစိန်ထောင်ဝင်းအတွင်း တနေရာမှာ ရှိတဲ့ အထူးတရားရုံးမှာ အပြင်လူ လုံးဝ ၀င်ခွင့်မပေးဘဲ တရားခံ သက်သေ ကလဲ ကိုယ်ကလဲသူ့ မမြင်ဘူး သူကလဲကိုယ့်မမြင်ဘူးသူတွေ ထိုင်ပေးနေစေပါတယ် ။ တရားလိုသက်သေကလဲ ကိုယ်မသိသူတွေ ရှေ့ နေဆိုတာလဲ ဘယ်သူမှန်းမသိသူတွေ ပါ ။ တချို့ အမှုတွေဆို တထိုင်ထဲ အမိန့် ချလိုက်ပါတယ် ။

ပြိး တရားခွင်အတွင်းမှာ နိုင်ငံတကာမှာကို ကမ္ဘာ့ ထုံးထမ်းစဉ်လာပါ ဓါတ်ပုံရိုက်ခွင့် ကင်မရာယူခွင့်မရှိတဲ့ နေရာပါ ။ အဲဒီမှာ ထောက်လှမ်းရေးတွေက ဒါတ်ပု့တွေ ဖလင်တလိပ်ပြိးတလိပ်ရိုက်ပါတော့တယ် ။ ကျနော်တို့ လဲ ရုပ်ရှင်မင်းသားတွေ ဖြစ်မှန်းမသိ ဖြစ်နေရတာပါ ။ အဲဒီလို တရားရုံးလက်စွဲကို ချိုးဖေါက်ကြတာပါ ။

ခိုးဆိုးဓါးမြတွေကျတော့ တရားရုံးရင်ဆိုင်နေလိုက်ရတာ အိမ်ကျန်ခဲ့ ဗိုက်ကြိးသယ်ဇနီး ကလေး မူကြိုတက်ချိန်တောင်ရောက်တဲ့အထိ မပြိးပြတ်တဲ့အမှုတွေ ရှိပါတယ် ။

( ၁၀ ) အမှုသက်သေစစ်ဆေးခြင်း ၅ / ည တွေမှာ သက်သေတင်ပြခွင့် မရှိပါဘူး ။ ဥပမာ ယခု၂၀၁၀ သင်္ကြန်ဗုံးခွဲမှုပေါ့ ။ တရားခံက သူက ဗုံးကွဲချိန်မှာ အလုပ်မှာ ရှိနေပါတယ်ကို သက်သေအခိုင်အမာ နဲ့ပြချင်ပါတယ်ပေါ့ ။ ပြနိုင်တယ်ပေါ့ ။ ဘယ်သူကို စစ်ပေးပါတောင်းဆိုခွင့် မပြုပါဘူး ။ သူတို့  ခေါ်ပြိးဟန်ပြတင်ပေးထားတဲ့ ဖိုးသူတော်လား ဆိတ်ကျောင်းသားလား မသိရသူတွေ က ထိုင်ရုံလေးထိုင်ပေးထားတာပါ ။ ဘာမှသူတို့ ကိုမေးမြန်းချင်း စစ်ဆေးခြင်းမလုပ်ပါဘူး ။ နောက်ဆုံးဗျာ ကျနော်အတွက် ကျနော့်ကို ကာကွယ်ထွက်ဆိုပေးမဲ့  ကူညီထွက်ဆိုပေးမဲ့ မှိုင်တိုင်တိုင်ထိုင်နေတဲ့ အဲဒီချာတိတ်လေးတွေနဲ့  မိတ်ဆက်တာတောင်လုပ်မပေးပါဘူးဗျာ ။

ဥပမာဗျာ ကျနော်က ဒေါ်စုကို န.အ.ဖ ကိုဘယ်လို တိုက်ပါတင်ပြမှုနဲ့  စွပ်စွဲရင် သက်သေအဖြစ် ဒေါ်စုကို ဟုတ်ပါသလားမေးရမှာပေါ့ ။ ဒေါ်စု ခေါ်ပေးပါတင်ပြရင် ရပါလိမ့် မယ် ။

ခိုးဆိုးတွေကျတော့ အမေလင်ရဲ့  အကိုတ၀မ်းကွဲရဲ့  မိတ်ဆွေရဲ့  ညီမကို ခေါ်အုံးမလား ရတယ် ။ အဲဒီလူ ရုံးမလာရင် တခါထပ်ခြိမ်း ။ အိုကေကို ဆိုပြေလို့  ။ အဲဒီလို ။


( ၁၁ ) ပြစ်ဒါဏ်ချခြင်း ၅ / ညတွေကို အများဆုံး ရုံထုတ်ရင် သုံးကြိမ်ပါဘဲ ။ တကြိမ်က အမှုက ဒါတွေ ဒါတွေ ဖတ်ပြတယ် ။ နောက်တခြိမ်းက သက်သေဆိုပြိး ရဲစခမ်းမှုးတွေ ရပ်ကွက်လူကြိးတွေ စွမ်းအားရှင်တွေ ကို တရားလိုပြ သက်သေစစ်တယ် ။ ( ရပ်ကွက်လူကြိး / စွမ်းအားရှင်တွေခမြာ မတရားအမှုတွေမှာ သူတို့ လဲ သိတာမဟုတ်ဘဲ ထွက်ခိုင်းတာတွေကို ဟုတ်ပါတယ် မြင်ပါတယ် လိမ်ထွက် တဖက်သားကို ဒုက္ခပေးရမှ စားရသောက်ရတဲ့ အဖြစ် အဲဒီအကျိုးတွေ နောင်ဘ၀ ဘယ်လောက် ကံဆိုးကြမယ်တောင် မမြင်နိုင်ရှာကြဘူး ။ )


ကိုယ်ဘက်က ဘာသက်သေမှ ခေါ်ခွင့်မရှိဘူးနော် ။

တတိယ တခြိမ်းကတော့ အမိန့် ချတာပါဘဲ ။ တချို့ ဆိုရင် ရုံးတထိုင်ထဲနဲ့ ချလွှတ်လိုက်တာပါ ။

ကျနော်တို့အမှုတုံးက ကျနော်ကို အမှုနှစ်ခု အပိုစွဲဆိုထားပါသေးတယ် ။ တမှုက ( JENE SHARP ) ရဲ့  ( အာဏာရှင်မှ ဒီမိုကရေစီ သို့  ) ဆိုတဲ့စာအုပ်ဖြန့် ဝေမှုပါ ။ တရာရု့းမှာ ကျနော့်အမှုတွဲ တောင်ကြိးအမတ် ဦးကျော်ခင် ဆီက အဲဒီစာအုပ်မိတ္တူကူးထားပြိး စာအုပ်မချုပ်ရသေးတဲ့  စာဖေါင်တွေ အထပ်လိုက်ရယ် စာအုပ်က တဒါဇင်လောက်မိထားပါတယ် ။ တရားသူကြိးက ခင်ဗျား ဂျင်ရပ်စာအုပ်ဖြန့် တယ်ပေါ့ ။

ဟုတ်ပါတယ် ။ ကျနော် အဆောင်ရေ နှစ်လောက်ဖြန့် ပါတယ် ။ အခုတရားသူကြိးမင်းပြတာက စာအုပ်လေး ။ မတူဘူး စာအုပ်လေးကြည့်ပါရစေပေါ့ ။ လာပြခိုင်းပါတယ် ။ ကျနော်က ဟာ ကျနော်ဖြန့် တာက ဂျင်းရှပ်ရေးတာပါဘဲ ။ ဒါက အာဏာရှင်ကို အကြမ်းမဖက်ဆန္ဒပြ ပြိး အနုနည်းနဲ့ တော်လှန်နည်းတွေလို့ ကြားဖူးတယ် ။ ကျနော်ဖြန့် တာက အာဏာရှင်ကို အကြမ်းဖက်ဖြုတ်ချနည်းဗျ ။ ဒီလိုစာအုပ်မဟုတ်ဘူး ။ ။ ဒီလောက်မထူဘူး ။ ပါးပါးလေး ။ ဒီလို ရှည်ရှည်လေး ။ စာဆောင်ပုံစံလေး ။ ပါတာကလဲ ၂၉- ချက်ထဲပါတာ ။ ကျနော်က အနုနည်းကို လုံးဝမယုံတဲ့သူ ။ အသာလွတ်လိမ်တာပေါ့ ။

စာအုပ်ဖြန့် ရင် ပုံနှိပ်မှုက ပုံနှိပ်အက်ဥပဒေက - ရ-နှစ် ။ စာအုပ်ဖြန့် မှုက နောက်ထပ် - ရ-နှစ် ။ ပေါင်း ၁၄ - နှစ်ပါ ။

ကျနော်တို့ တကယ်ဖြန့် ခဲ့တာက ဒီစာအုပ်မှ ဒီစာအုပ်ပါဗျာ ။ ဟိုကျနော်ပြောတဲ့ စာဆောင်ဆိုတာ တကယ်မရှိသောအရာပါ ။ အခုထိမရှိပါဘူး ။

ကျနော်မလိမ်တတ်ပါဘူး ။ မလိမ်ပါဘူး ။ တသက်မှာ ဒီတခါလိမ်လိုက်ရတာ ဘ၀မှာ အလွန်အရသာရှိသော လိမ်ခြင်းပါ ။ သူတို့ဘာလုပ်ရမှန်းမသိတော့ဘူး ။ ကျနော့်ကို စစ်ကြောရေးပြိးစ နျစ်ပတ်လောက်မှာ အရာရှိနှစ်ဥိးလာဆွေးနွေးတုံးက အစိုးရကိုအကြံပေးလုပ်ပေးရင် လွှတ်ပေးမယ် ။ ကျနော်တောင်းဆိုချက် နိုင်ငံသားတွေ တနေ့ အနိမ့်ဆုံးလုပ်ခ တနေ့  - ၃.၀- ဒေါ်လာ ရအောင် ပန်းတိုင်ထားရေး မှာ သဘောမတူနိုင်တော့ ခင်ဗျား ကျနော်တိုခေါ့်တာ လုက်ခဲ့ပါ ။ ခင်ဗျားမိသားစုအရေးသာ စဉ်းစားပါ ။ ခင်ဗျားခေါင်းအုံး သူများအုံးသွားမယ်ပေါ့ ။ ခင်ဗျားကို ချမဲ့အမှုက အနှစ်လေးဆယ်အောက် မယိုဘူးနော်တဲ့ ။


နောက်တမှုက အခု ကိုမင်းကိုနိုင်တို့ နဲ့ တတိယအကြိမ် ထောင်ပြန်ကျတဲ့ ( မားကီ @ ကိုကျော်ကျော်ထွေး ) တို့ ကျောင်းသားအ်ုပစုနဲ့  တွဲထားတဲ့အမှု ။ အဲဒါလဲ သူတို့ဖြန့် တဲ့ အစိုးရဆန့် ကျင်ရေးစာရွက် ။ အဲဒါလဲ အခုဖြန့် တဲ့စာရွက်မှာ ကျနော်မပါဘူး ။ ကျနော်ဖြန့် မှာက နောက်အခုရေးထားပြိးပြီ မရှုက်ရသေးဘူးပေါ့ ။ ဟိုကလဲဟုတ်ပါတယ်ပေါ့ ။ လွတ်ပြန်ကော ။ သူတို့ ကို ၁၃- နှစ်မောင်းလိုက်တာပါ ။


သူတို့ က တရားသူကလဲ ဟန်ပြပါ ။ တရားသူကြိးတွေက ကျနော်တို့ က စိုက်ကြည့်ရင် ကျနော်တို့ မျက် လုံးဒါဏ်ကို ရင်မဆိုင်ရဲရှာဘူး ။ မျက်နှာလွှဲလွှဲနေရရှာတာ ။ တရားသူကြိးမင်းကို သနားတောင်သနားသေးတယ် ။ သူတရားစီရင်ခဲ့တာ ဒီမိုကရေစီရရင် ပြန်ခေါ်ပြိး ပြန်စစ်ခိုင်းရင် ထိုင်ငိုရှာရမှာပါ ။

ခင်ညွှန့် ရုံးက ရေးပေးထားတာလေး ဖတ်နေရတာပါ ။ အဲဒီတော့ကျနော်က ဗြောင်လိမ်လိုက်တော့ သူလဲဘာလုပ်ရမှန်းမသိတော့ဘူး ။ အမှုတွဲတွေကလဲ တခြားအမှုတွေတွေက တပြုံကြိး ။ အားလုံးနောက်တပတ် ရုံးချိန်းမှာ အမိန့် ချရတော့မှာ ။

( ၁၂ ) အမိန့် ချမှုအတိုင်းအတာ ၅ /ည တွေကို အမှုအတွက် အမိန့် ချရင် တရားသူကြိးက တကယ်တော့ သူဘာမှ ကိုယ်ပိုင်ဆုံးဖြတ်ရတာမဟုတ်ပါဘူး ။ ခင်ညွှန့် ရုံးကပေးလာတဲ့  ချိတ်ပိတ်ထားတဲ့  စာအိတ်လေးဖေါက်ပြိး ဖတ်ပေ့းရရှာတာပါ ။

အမိန့် ကလဲ ဥပမာ ဥပဒေထဲမှာ ဆိုထားတာ ယခုပြစ်ဒါဏ်အတွက် အနိမ်ဆုံး ထောင်ဒါဏ် - ၃- ကနေ အမြင့်ဆုံး ထောင်ဒါဏ် - ရ- နှစ် အထိချမှတ်နိုင်သည် လို့  ဆိုထားရင် ၅ / ညတွေဟာ ဘယ်တော့မှ အနိမ့်ဆုံး ဒါဏ်ကို ခံစားခွင့်မရှိပါဘူး ။ အမြင့်ဆုံးဒါဏ်ကိုသာချမှတ်ပါတယ် ။

0 ပြည်တွင်းအင်တာနက်သုံးသူများဘားလမ်းက Net Sky၊ ဘေးဘက်က Star Net နှင့် AA Pharmacy အပေါ်ဆုံးထပ်က The Castel Cyber Cafe တို့ကိုအထူးရှောင်ရှားပါ

ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်အစိုးရရုံးစိုက်ရာနေပြည်တော်မြို့တို့တွင် အင်တာနက်ဆိုင်များတွင် အင်တာနက်သုံးစွဲသူ Userများအားအင်တာနက်သုံးစွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍ အမြဲလေ့လာစောင့်ကြည့်နေကြောင်းနှင့် အင်တာနက်ဆိုင်လုပ်ငန်းပိုင်ရှင်များအားလည်း ၎င်းတို့မှတဆင့် စောင့်ကြည့်ခိုင်းစေနေကြောင်းကို တွေ့ရှိရကြောင်း ပြည်တွင်း/ပြည်ပ နိုင်ငံများတွင် လှည့်လည်၍ IT နည်းပညာရပ်များအားဝန်ဆောင်မှုပေးနေသူ IT ကိုကို(မြန်မာပြည်သားတစ်ဦး)မှ ပြည်တွင်း/ပြည်ပရှိ အင်တာနက်သုံးစွဲသူ User များနှင့် သတင်းမီဒီယာဌာနများသို့ အသိပေး ပြောကြားလိုက်ပါတယ်။ IT ကိုကို မှနေ၍ရှင်းလင်းပြောကြားရာတွင် -

    *Processes တွေကိုရှာဖွေပြီး Right Click နှိပ်၍ End Process အရင်လုပ်ပေးရပါမယ်။ ဥပမာ - Keylogger.exe/Keymen.exe လိုဟာတွေ့ရင် End Process အရင်လုပ်ပေးလိုက်ပေါ့ဗျာ။ နောက် ကိုယ်မမြင်ဘူးတဲ့၊ မသိတဲ့၊ မတွေ့ဘူးတဲ့ exe process တွေကို Run ထားတာတွေ့ရင် End Process အရင်လုပ်ပြီးတော့မှ ကွန်ပြူတာကိုဆက်သုံးပါ။ အဲဒါဆိုရင်ကောင်းကောင်းစိတ်ချသွားရပါပြီ။ နောက်တစ်ခုရှိသေးတာကတချို့ဆိုင်တွေမှာဆိုရင်အပေါ်ကကိစ္စတွေကိုလုပ်ထားတာအပြင် Screen Shoot ကို Software ထည့်ပြီးတော့ ၅မိနစ်ကိုတစ်ခါရိုက်ခိုင်းထားတာမျိုးတို့၊ သုံးစွဲသူရဲ့လက်ဗွေရာကို အရယူနိုင်အောင်ကြိုးစားတာမျိုးတို့၊ မှတ်ပုံတင်နံပါတ်ကိုရအောင်တောင်းခိုင်းတာမျိုးတို့ကိုပါ တပေါင်းတည်း လုပ်ဆောင်ဖို့ကိုပါ လျှို့ဝှက်ညွှန်ကြား ဆောင်ရွက်ခိုင်းစေထားပါတယ်။

အဲဒါကြောင့် အင်တာနက်ဆိုင်တွေမှာသွားရောက်သုံးစွဲမည့် ပြည်တွင်း/ပြည်ပ များမှ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသူများအချင်းချင်းအပြန်ပြန်အလှန်လှန်ဆက်သွယ်ဆောင်ရွက်လုပ်ကိုင်နေသူများအနေဖြင့်၎င်း၊ အခြားသုံးစွဲသူ User များအနေနှင့်ပါ အထူးဂရုပြု သုံးစွဲစေချင်ပါတယ်။ သတိထားစေချင်ပါတယ်။
    *

      အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းကနေ အင်တာနက် သုံးစွဲမယ်ဆိုရင်ပေါ့ဗျာ။ နောက်တော့ ကျွန်တော် ဒီကိစ္စတွေနဲ့ ပါတ်သက်လို့ ဆောင်ရန်/ရှောင်ရန်နှင့် တန်ပြန်စနစ် ကလေးတွေကို အကျဉ်းနှင့်အကောင်းဆုံးပြောပြပေးပါမယ်။ ကျွန်တော်ပြောမယ့် လိုက်နာစရာရှိတာလေးတွေကို လိုက်နာနိုင်မယ်ဆိုရင် အကောင်းဆုံး၊ စိတ်အချရဆုံးနှင့်အလုံခြုံဆုံးပေါ့ဗျာ။ သိပ်တော့စိတ်မပူကြပါနဲ့။
    *

      ကျွန်တော်တို့ သုံးနေတဲ့ G-Mail/G-Talk ရဲ့ Data အချက်အလက်တွေဟာ Google ရဲ့ Data Base Server/Mail Server ထဲမှာသာလျှင်သိမ်းဆည်းပေးထားခြင်းဖြစ်တဲ့အတွက်ကြောင့်လုံခြုံစိတ်ချရပါတယ်။ အင်တာနက်လိုင်းကိုတော့ Bypass သုံးကြတာပါ။ ရန်ကုန်မြို့ထဲမှာအင်တာနက်သုံးမယ်ဆိုရင်တော့ ရန်ကုန်မြို့တော်ခန်းမအနောက် ဘားလမ်းက Net Sky၊ ဘေးဘက်က Star Net နှင့် AA Pharmacy အပေါ်ဆုံးထပ်က The Castel Cyber Cafe တို့ကိုအထူးရှောင်ရှား၍ သတိထားဂရုပြု သုံးစွဲကြစေလိုပါတယ်။ သုံးစွဲသူ User ရဲ့ Privacy နှင့်Security ကိုအချိုးဖောက်ခံရပြီးမှ အင်တာနက်သုံးစွဲရမယ့်အနေအထားမျိုး၊ ပုံစံမျိုးဆိုရင်တော့ အဲ့ဒီလိုအင်တာနက်ဆိုင်မျိုးကိုတော့လုံးဝမသုံးစွဲသင့်ပါဘူး။ လုံးဝကိုရှောင်ရှားသင့်ပါတယ်။ သူတို့ရဲ့ MPT Server/ISP Server ထဲမှာ Mail အ၀င်/အထွက် တွေကိုစစ်ဆေးတဲ့ကျွန်တော်တို့မသိနိုင်တဲ့ Spy Softwares တွေကိုထည့်သွင်းထားပြီးတော့ Monitoring လုပ်နေတာဖြစ်တဲ့အတွက် သုံးစွဲသူများအားလုံးဘက်မှလည်း သတိတရားလက်ကိုင်ထား၍ ဆောင်ရန်ရှောင်များနှင့်အတူ နည်းပညာအမြင့်ဆုံးများအားအသုံးပြု၍ သုံးစွဲကြစေချင်တယ်လို့အကြံပေးလိုပါတယ်။
 
* နောက်တစ်ခုက အခုအစိုးရရဲ့ ISP တစ်ခုဖြစ်တဲ့ Yatanarpon Web Portal/Yatanarpon Teleport ကနေ အွန်လိုင်းဝန်ဆောင်မှုပေါင်းမြောက်များစွာကို ၀န်ဆောင်မှုပေးနေပါတယ်။ သူတို့က G-Mail/G-Talk ကိုထင်သလောက် Monitoring လုပ်ရတာအဆင်မပြေတော့၊ G-Mail/G-Talk သုံးစွဲတာကိုလည်းနှိပ်ကွပ်ချင်တော့ ရတနာပုံတယ်လီပို့ကနေ Y-Mail/Y-Talk ဆိုပြီး Free E-mail၀န်ဆောင်မှုအသစ်တစ်ခုကို လွန်ခဲ့တဲ့၃လကျော်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီ့ရဲ့ နောက်ကွယ်က သူတို့ထောင်ထားတဲ့ ထောင်ချောက်တွေကို တော်ရုံတန်ရုံသာမန်သုံးစွဲသူ တော်တော် များများ အနေဖြင့်မသိရှိနိုင်ပါဘူး။ လူတိုင်းက Free ဆိုရင်အကုန်လိုချင်ကြပါတယ်။

နောက်ကွယ်မှာသိပ်ကြီးမားတဲ့ ထောင်ချောက်တွေ ရှိနေတယ်ဆိုတာကို ဘယ်သူမှသတိမပြုမိကြဘူးလေ။ Y-Mail/Y-Talk ကိုသုံးမယ်ဆိုရင် ခင်ဗျားတို့တစ်ဦးနှင့်တစ်ဦးပို့သမျှ Mail စာတွေ၊ ရိုက်သမျှ Chatting စာတွေ၊ စကားပြောသမျှ Voice အသံတွေ၊ User Name& Password နှင့် Security Question & Answer တွေအကုန်လုံးကို ရတနာပုံတယ်လီပို့ရဲ့ ISP Server/Mail Server တွေထဲမှာ အကုန်သိမ်းဆည်းထားမှာ ဖြစ်တဲ့အတွက် User ရဲ့ Privacy & Security လုံးဝရှိမှာမဟုတ်ပါဘူး။ နောက်ခင်ဗျားတို့က Y-Mail/Y-Talkကို သုံးစွဲဖို့Signupလုပ်တုန်း ခင်ဗျားတို့ရဲ့ PersonalInformationတွေ ကို အမှန်ဖြည့်ပြီးတော့ (ပြည်တွင်း/ပြည်ပ များမှနေ၍မြန်မာ့ဒီမိုကရေစီအရေးကို လှုပ်ရှားဆောင်ရွက်နေသူများနှင့်ပြည်ပနိုင်ငံများရှိ ကမ္ဘာ့သတင်းမီဒီယာဌာနကြီးများနှင့် အပြန်ပြန်အလှန်လှန်ဆက်သွယ်ဆောင်ရွက်နေသူများအချင်းချင်း)ဆက်သွယ်ဆောင်ရွက်ကြမယ်ဆိုရင် သိပ်ကိုအန္တရာယ်များလွန်းပါတယ်။

ရတနာပုံတယ်လီပို့က Y-Mail/Y-Talk နှင့်
Myanmar Technology Gateway က Mtalk တို့ကိုမည်သူမျှမသုံးစွဲကြဖို့ကိုအထူးပဲတိုက်တွန်းလိုက်ပါတယ်ဗျာ။

နယ်လှည့်အိုင်တီကထိက (Information & Technology Network)facebookမှ

Thursday, May 5, 2011

0 နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။
ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။

“ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။”
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။
စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။
“ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”
ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။
“မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။”
ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။
ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။
“General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။
“နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။”
နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။
(VOA)

0 လွှတ်တော်ကိုယ်စားလှယ်အချို့ ကားဝယ်ယူခွင့် ရရှိ ( ပြည်သူ့ ခေတ် အတွဲ ၁၊ အမှတ် ၄၁ )

အမှတ် (၂) စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်းကားများကို
လွှတ်တော်ကိုယ်စားလှယ်အချို့ ဝယ်ယူခွင့် ရရှိခဲ့ကြောင်း လသာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မြင့်က ပြောပြပါတယ်။ ၄င်းက “ ကားဝယ်ယူခွင့်နဲ့ ပက်သက်ပြီး ပြည်သူတွေကို လျှောက်လွှာ
တင်ခိုင်းတာ ရှိတော့ရှိမှာပေါ့။ ကျွန်တော်တို့ ကိုတော့ လျှောက်လွှာတင်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုတော့ စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့ မှူးကိုယ်တိုင် ဖုန်းဆက်ပြီးတော့ လွှတ်တော်ထဲမှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ကိစ္စ၊ တိုင်းပြည်အတွက် ပြောခဲ့ဆိုခဲ့တဲ့ကိစ္စတွေကို အားရကျေနပ်ပြီးတော့ တစ်ဘက်က ၀န်ကြီးကလည်းပြန်ပြီးတော့ တတ်စွမ်းနိုင်သမျှ ပြန်ကြည့်ပေးပါတယ်ဆိုတဲ့ သဘောဘဲ။ အဲလိုပြောပြီး ပေးတာပါ။

ဘဏ်မှာ ငွေသွားသွင်းရပါတယ်။ ကိုယ်ပိုင်သဘော ကျွန်တော့နံမည်နဲ့ ရောင်းပေးတာပါ။ လွှတ်တော်
အမတ်တွေအားလုံး ရကြမယ် ထင်ပါတယ်။ ဧပြီ ၂၂ ရက်နေ့ က ကျွန်တော်နဲ့ အတူ ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ၁၂ ယောက် ၀ယ်ယူခွင့်ရတဲ့စာရင်း တွေ့ တယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမေ၊NDF က ကျွန်တော်နဲ့ ဦးသိန်းညွန့် ၂ ယောက် ပေးတယ်။ ပြည်ခိုင်ဖြိုးက ၉ ယောက်၊ နောက်လူတွေလည်းနောက်တော့ ရပါလိမ့်မယ်။ ကားကလည်း နည်းနည်းချင်း အသုတ်လိုက်ထွက်တာကိုး။ကျွန်တော် ငွေသွင်းပြီးထုတ်တဲ့ကားက ရွှေအိုရောင်ပါ။ အစိုးရချင်း ဖက်စပ်လုပ်တဲ့ သဘောရှိတော့ ဒီကားက စီးရတာ ကောင်းပါတယ် ”
လို့ ရှင်းပြပါတယ်။

သင်္ကန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က သူ့ အနေနဲ့ ဝယ်ယူခွင့်ရတယ်ဆိုတာ မှန်ကန်ကြောင်း၊ သူ မလျှောက်ပေမယ့် စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့ မှူးကတစ်ဆင့် ဆက်သွယ်ရောင်းချပေးတာဖြစ်ကြောင်း၊ ယခုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စမို့ အခြား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ်ချင်ကြောင်းရှင်းပြပါတယ်။

ဇာလီထွန်း

ပေးပို့သော ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်....

0 enigmaimagesမှဖော်ပြသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ

"

Capturing the spirit of Burma's hope. A personal portrait of The Lady at home.

On 13th November 2011 Daw Aung San Suu Kyi was finally released from her latest term of incarceration. First arrested on 19th June 1989, the daughter of the founder of Modern Burma, General Aung San, she has spent more than 15 of the last 20 years either under house arrest in her ageing home on University Avenue or incarcerated in Insein prison. With her recent release, the Nobel Peace Prize winner and Burma's democracy icon or 'The Lady' as she is more commonly known by the people of Burma, has once again been thrust to the forefront of Burma's revitalised democracy movement despite her party, the National League for Democracy (NLD) being outlawed after refusing to take part in sham elections held a week before her release and the authorities best efforts to marginalize her from all aspects of politics and society at large.

Adored by the people of Burma, The Lady is held with the utmost high regard throughout the country and across the world as the one person who can bring unity and hope to an impoverished country ravaged by fear and brought to it's knees by the oppressive economic and political policies of the ruling military regime.
With the world's media descending every day on the ageing offices of the NLD, these images show a rare and more personal side to The Lady at home, 54 University Avenue, where she has been silenced for most of the past two decades.

These images form part of an ongoing documentary of Aung San Suu Kyi.
http://enigmaimages.photoshelter.comမှတဆင့်ဖော်ပြပါသည်.

Wednesday, May 4, 2011

0 မေလ၊ (၁၀) ရက်၊ ၂၀၁၁ ခုနှစ် ဒဂုန်တာရာ (၉၂) နှစ်ပြည့် အမှတ်တရ။ သခင်ဗဟိန်း၏ မေ၀တ္ထု အမှာစာ

မေ ၀တ္ထုကိုဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့်တူလေသည်။ အဘယ့်ကြောင့်
ဆိုသော် သူ့ အရသာမှာ အခြားအစာအဟာရများလို ဒါချည်းဒါချည်း မဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းကနဲ
ဖိန်းကနဲ ဖြစ်သွားသောကြောင့်ဖြစ်သည်။

သူ့ ကို လျှာပေါ်တင်လိုက်ကတည်းက ဆန်းသစ်သောဝေဒနာကို တွေ့ ရသည်။ ခါတိုင်း စားနေကြ
အရာများထက် ထူးသည်ကိုတော့ သိလိုက်သည်။ ၀မ်းထဲသို့ ချောချောမွေ့ မွေ့  ၀င်မသွား၊ ပထမတော့
ပူတူတူ ရှိန်းတိန်းတိန်းနှင့်ပင် မျိုချလိုက်ရသည်။ သူ့ ကို ဖတ်နေစဉ်ပင် အသစ်အဆန်းကလေးများကို
မတွေ့ ဝံ့ဝံ့ တွေ့ ဝံ့ဝံ့ ဖြစ်နေရသည်။ သို့ ရာတွင် ဘာဘဲဖြစ်ဖြစ် သူ့ ကိုတွေ့ ရ၍ ခံစားရမည့် ဝေဒနာကို
ရင်ဆိုင်ရမည်။ သူ့ အယုအယကို ခံယူရာ၌ သူ့ ကို အရေလယ်ဖို့ လိုသည်။ သူ၏ ယုယမှုမှာ အရေလယ်
ရေး ပေါ်တွင် တည်လေသည်။ အရေလယ်လာလေ ဖတ်၍ အင်မတန်အရသာရှိလေ ဖြစ်သည်။ သူ့ 
စိတ်ကူးကို ဖော်ကျူးသော အရေးအသားမှာ အနုစိပ်သည်။ သူ အနုစိပ်သလောက်ကို ကြည့်သူက မြင်မှ
ဟန်ကျမည်။ သူ၏ ရောင်ခြည်များသည် ရှေ့ ဝယ် လှပစွာ ထင်လာလေသည်။ ထိုရောင်ခြည်များသည်
ပဉ္စလက်နည်းဖြင့် ပေါ်လာသောရောင်ခြည်ဖြစ်၍ ထိုဟာသာ သူ၏ Art အနုပညာ ဖြစ်လေသည်။

ဒီဟာများသာ အရက်ကိုမူးရသော အရသာဖြစ်လေသည်။

မေသည် မည်သူ့ အအုပ်အထိန်းကိုမှ မခံရသော ကောလိပ်ကျောင်းသူကလေးဖြစ်သည်။ သူ့ သဘော
အတိုင်း ဘာမဆို လုပ်နိုင်သည်။ မေသည် ကျောင်းကထွက်လျှင် ထွက်ချင်း လူကုံထံတွေနှင့် တွေ့ ရသည်။
ပထမတော့ လူကုံထံကို နားမလည်။ လူကုံထံကို အကဲ မခတ်တတ်။ နောက်ဆုံး မေသည် လူကုံထံကို
နားလည်လေသည်။ နားလည်လျှင် လူကုံထံ၏ ဒဏ်ကြောင့်ပင် သူတို့ ကို စွန့် ခွာ၍ သွားရလေသည်။

နောက် မေသည် သူ့ ကိုယ်သူ လူကုံထံဖြစ်အောင် က လေသည်။ ဒီအခန်းအထိ ၀တ္ထုရေးဆရာက လူကုံထံ
တွေကို လှောင်ပြောင်လေသည်။ ၀တ္ထုရေးဆရာသည် မေ့ဘက်မှနေ၍ လူကုံထံကို သရော်သည်။ နှုတ်ခမ်း
မဲ့ သည်။ ကျန်အခန်းများတွင် ၀တ္ထုရေးဆရာသည် မေ့ဘက်ကလည်း မနေ၊ ဘယ်ဘက်ကမှ မနေပေ။

မေ့ ဘ၀ကိုသာ ၀တ္ထုရေးဆရာသည် ပန်းချီဆရာလို ပုံတူရေးပြသည်။ မေ့ပုံကားကို ရေးရာ၌ တစ်လုံး
တစ်ပါဒမျှ မကွန့် ၊ ဆေးရောင်နှင့်လည်း မမှုန်းသေး။ မေ့ကို စက္ခုဖြင့် မြင်ရသည့်အတိုင်းသာ ရေးဆွဲလေ
သည်။ တစ်ခုတော့ ရှိသည်။ ပုံကားကို ဆွဲရာတွင် ဆေးသား အင်မတန် ညီသည်။ အချယ်အလှယ် လှပသည်။

လက်ရာ ယဉ်ကျေးသည်။ ပုံကား ပြီးလျှင် ၀တ္ထုရေးဆရာသည် အသာ ထောင်ထားလိုက်လေသည်။ ဘယ်
နေရာက အမှောင်၊ ဘယ်နေရာက အလင်း စသည်တို့ ကိုမူ ၀တ္ထုရေးဆရာက မညွှန်ပြ။ ကြည့်သူကသာ
အလင်းနှင့် အမှောင်ကို ခွဲခြားရမည် ဖြစ်လေသည်။ ခွဲခြား၍ စိတ်ကူးဥာဏ် ထုတ်ရခြင်းမှာ အရသာတစ်မျိုး
ဖြစ်လေသည်။

မေ၀တ္ထုကို ရေးသော ကိုဌေးမြိုင် (ဒဂုန်တာရာ) မှာ ကျောင်းသားဖြစ်လေသည်။ သူသည် တက္ကသိုလ်
သမဂ္ဂအသင်းတွင် အမှုဆောင်တစ်ဦးဖြစ်၍် သူသည် မနှစ်က ၀ါဒပြန့် ပွားရေးမှုး ဖြစ်လေသည်။ ဗမာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှ ထုတ်ဝေသော မျိုးညွန့် မဂ္ဂဇင်းနှင့် တက္ကသိုလ်သမဂ္ဂမှ ထုတ်ဝေ
သော အိုးဝေမဂ္ဂဇင်းတို့ တွင် အယ်ဒီတာဖြစ်ခဲ့သည်။ သူသည် သမဂ္ဂအစည်းအရုံးစင်မြင့်မှ လာသော
စာရေးဆရာဖြစ်လေသည်။ သူရေးသော ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာများကို ဒဂုန်မဂ္ဂဇင်း၊ ဂန္တလောက၊
ယူနီဗာစတီကောလိပ် မဂ္ဂဇင်းများတွင် ဖတ်ရသည်။ သူသည် စာပေကို ရေးစ က ကဗျာများကို ရေးသည်။

ယခုမူ သူသည် ၀တ္ထုရေးဆရာ ဖြစ်လေပြီ။ သူ့ တွင် ကဗျာစိတ်ကူး ရှိသည်။ ထို့ ကြောင့် သူရေးသားရာ၌
စာလုံးကလေးများမှာ ကဗျာဆန်သည်။ အင်မတန် လှပသည်။ သူသည် ၀တ္ထုကို ရေးသားရာ၌ စာလုံး
ကလေးမျာကို ပန်းသီသလို သီသည်။ နောက်တစ်ခုမှာ သူသည် စကားလုံးထုဆရာ ဖြစ်သည်။ သူသည်
စကားလုံးအသစ်ကလေးများကို ထုလုပ်သည်။ အသစ်အဆန်းများ ပေါင်းဖွဲ့ ၍ အရေးအသား ဖြစ်လာရ
သည်။ သူသည် သီကုံးရေးသားရာ၌ Rhythmic ညီညွတ်၍ ပြေပြစ်သည်။

သူသည် တော်လှန်ရေးသမားလည်း ဖြစ်လေသည်။ ရေးနေကြ စိတ်ကူးနေကြများကို တော်လှန်၍်
အသစ်ထွင်သည်။ လေပြေလေညှင်းဟု မသုံး။ လေနုအေး ဟု ရေးသည်။ ကစားသည်ဟု မရေး။
နော့သည်ဟု ရေးသည်။ ဒီလို သူသည် ဘယ်သူနှင့်မှ မတူ၊ ဘယ်ဟာနှင့်မှ မတူသောအရသာ ရှန်ပိန်
အရက်ကို သောက်၍ မူးနေသော အရသာဖြစ်လေသည်။ မေ၏ ပုံကားသည် ရှေ့ တွင် အခိုးအငွေ့ များ
သဖွယ် လိပ်၍လိပ်၍ သဏ္ထာန်ဝတ္ထုတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ထိုပုံသဏ္ထာန်သည် မေ၀တ္ထုဖြစ်၍်
အရက်လို မူး၍ လာရန်မှာ အမှာကိုကျော၍ ရှေ့ ဆက် ၀တ္ထုကို ဖတ်ဖို့ ပင် ဖြစ်လေသည်။


၈- ၈- ၁၉၄၁ သခင်ဗဟိန်း

တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ

ကျောင်းသားများသမဂ္ဂအသင်း ဥက္ကဌဟောင်း

ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်....

Tuesday, May 3, 2011

0 အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော BG

ကျွန်တော်တို့ BGမှ ဦးဆောင်ပြီး ပြုလုပ်နေသော တောင်ဒဂုံ(၁၉) ရပ်ကွက်တွင်မိဘမဲ့ လေလွင့်ကလေးငယ်၊ အမှိုက်ကောက်ကလေးငယ်များ၏ပညာရေး၊စာရိတ္တမြင့်မားခိုင်မာစေရန်နှင့် အနာဂတ်၏လူရည်ချွန် များဖြစ်လာစေရန်ရည်သန်ပြီးဖွင့် လှစ်မည့် အသိပညာ အတတ်ပညာ စာသင်ကျောင်းကို ပါဝင်လှုဒါန်းလိုသူများအောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်..

ကိုညီညီ 0949328055,အမေသီတာ 01396476,ကိုလင်းထက် 0973126841,ကိုကောင်းထက်ကျော် 099927082 တို့ ကို ဆက်သွယ်လိုံရပါတယ်

0 ASEAN People's Forum-Jakarta: Keynote Speech by Daw Aung San Suu Kyi


Keynote Speech by Daw Aung San Suu Kyi to the ASEAN Civil Society Conference/ASEAN People's Forum (Jakarta, Indonesia - 3-5,2011)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံခေါင်းဆောင်များအား မြန်မာ့ဒီမိုကရေစီအရေးကူညီရန် ပြောကြား
အရှေ့တောင်အာရှ နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါသလို မြန်မာနိုင်ငံဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေအတွက် အရေးပါမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အာရှတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုး ကွာခြားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်တာ၊ အင်ဒိုနီးရှားနိုင်ငံ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံဆီ အသွင်ကူးပြောင်းခဲ့တဲ့အပေါ် စတာတွေကိုလည်း ထည့်သွင်း ပြောဆိုသွားသလို မြန်မာ့ဒီမိုကရေစီရေးအတွက် ၀ိုင်းဝန်း ကူညီကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ ကွန်ဖရင့် ACSF နဲ့ အာဆီယံ လူထုဖိုရမ် APF ဖွင့်ပွဲနေ့အတွက် ကြိုတင် အသံသွင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနဲ့ မြန်မာနိုင်ငံ အပြန်အလှန် အရေးပါမှုကို ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာလူထုဟာ အာဆီယံ ဒေသတွင်း တခြားနိုင်ငံတွေက လူထုနဲ့ အင်မတန် နီးနီးကပ်ကပ် လက်တွဲ လုပ်ဆောင်ချင်ပါတယ်။ အာဆီယံဟာ ကျမတို့ အကျိုးစီးပွားအတွက်၊ ကျမတို့ အနာဂတ်အတွက် အင်မတန် အရေးပါပါတယ်။ ကျမတို့ဟာလည်း အာဆီယံအတွက် အင်မတန် အရေးပါမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

အာရှတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုးတွေဟာ ကွာခြားတယ်လို့ လူအတော်များများက ဆိုကြကြောင်း၊ ဒီလိုပြောတာဟာ မိမိတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဆန့်ကျင် ငြင်းခုန်ဖို့အတွက် ပြောဆိုကြတာဖြစ်ကြောင်း စသည်အားဖြင့် ပြောပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်တ၀ံ့ ပြောဆိုခဲ့ပါတယ်။

မြန်မာလူထု နားလည်ခဲ့တာက သူတို့ဟာ လုံခြုံမှုကို လိုချင်တယ်၊ လွတ်လပ်မှုကို လိုချင်တယ်၊ သူတို့ကိုယ်တိုင်ရဲ့ ကံကြမ္မာကို သူတို့ဘာသာ ပုံဖော်ချင်တယ်၊ ကြောက်ရွံ့မှုတွေကနေ ကင်းလွတ်တဲ့ မြေပေါ်မှာ နေထိုင်ချင်တယ်၊ သူတို့အစိုးရကို သူတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်နိုင်တဲ့ နိုင်ငံမှာ နေထိုင်ချင်တယ် ဆိုတာတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံမှာ လုပ်ဖို့ ကြိုးစားနေတာက ကျမတို့ ဘ၀တွေ ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး လုပ်နိုင်တဲ့ နည်းလမ်းကတော့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကနေ တဆင့် လုပ်ဖို့ပဲ ဖြစ်တယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံက ဒီမိုကရေစီမှာ မြန်မာအရသာ၊ မြန်မာ့သွင်ပြင် လက္ခဏာ သဏ္ဌာန်တွေ ပါနေမှာကတော့ ရှောင်လွှဲလို့ မရနိုင်ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီရဲ့ အခြေခံ ကျိုးကြောင်း သဘောတရားတွေကိုတော့ မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါတွေကို မျက်ကွယ်ပြုလိုက်ရင်တော့ မိမိတို့ရတာဟာ ဒီမိုကရေစီဖြစ်မှာ မဟုတ်ဘဲ ပုံတူပဲ ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခု အာဆီယံ လူမှုအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေ ကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်တိုင်က အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းခဲ့တဲ့ နိုင်ငံပါ။ အဲဒီအပေါ် အားကျ လေးစားတဲ့အကြောင်း၊ မိမိတို့လည်း အဲဒီလိုပဲ ဖြစ်ချင်တဲ့အပြင် ပိုပြီးတော့တောင်မှ ဖြစ်ချင်ပါတယ်လို့ဆိုပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ၀ိုင်းဝန်းကူညီကြဖို့ ပန်ကြားခဲ့ပါတယ်။

“တကိုယ်ကောင်းဆန်တဲ့ သဘော မဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီရေးအတွက် ကူညီကြပါလို့ ကျမ ပန်ကြားပါတယ်။ ကျမတို့နိုင်ငံမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းတဲ့နေရာမှာ ကူညီကြပါလို့ ပန်ကြားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် အစည်းအဝေး တက်ရောက်နေသူတွေက ကျေနပ်အားရစွာ တခဲနက် တုံ့ပြန်ခဲ့ကြတယ်လို့ ပါဝင်တက်ရောက်နေသူ တဦးဖြစ်တဲ့ မြန်မာ့ရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မခင်ဥမ္မာက ပြောပါတယ်။

“အစိုးရဆိုတာက အရေးကြီးတော့ ကြီးတယ်၊ ဒါပေမဲ့ လူထုက ပိုအရေးကြီးတယ်။ အစိုးရဆိုတာ အထူးသဖြင့် ပြည်သူအတွက် အကျိုးဆောင်နေတဲ့ အစိုးရ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အချိန်မှာ လက်ခုပ်သံတွေ တက်လာတယ်။ ပြီးသွားတဲ့အချိန်မှာ လက်ခုပ်သံတွေက တခန်းလုံးလျှံတယ်။ အရမ်း ၀မ်းသာအားရ ဖြစ်ကြတာပေါ့။ တချို့ဆိုရင် ကျမတွေ့တာ မျက်ရည်တွေဘာတွေ လည်ပြီး အဲဒီလိုမျိုး ဖြစ်ကြတယ်။”

အခုအစည်းအဝေးတွေမှာ ဒေသတွင်း နိုင်ငံတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပြီး စုစုပေါင်း လူ ၁,၂၀၀ ပတ်ဝန်းကျင် ရှိမယ်လို့ မခင်ဥမ္မာက ပြောပါတယ်။ ဒီအစည်းအဝေးတွေကနေ ထွက်လာတဲ့ တောင်းဆိုချက်တွေနဲ့ သဘောထားတွေကိုတော့ မကြာခင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးဆီ ပေးပို့မယ်လို့ ပြောပါတယ်။
(VOA)

0 ဂျပန်ရောက် မြန်မာနိုင်ငံသားများ ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ကုသိုလ်ဒါန လုပ်အားပေး ကျွေးမွေး ပြုခဲ့ကြ


Video၊ ။ ဇေယျာအောင်

ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆူနာမီ ငလျင်ဘေးသင့်ရာ ဒေသများတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAGI ခရိုင်၊ ISHINOMAKI မြို့နှင့်AKAJOU မြို့ များ၌ လုပ်အားပေးမှု အပါအဝင် ၊ အဆိုပါ ဒေသများမှ  ဆူနာမီ ရေဘေးဒါဏ် ခံခဲ့ရသည့် ဂျပန်ပြည်သူများအား  မြန်မာထမင်းဟင်းများဖြင့် ချက်ပြုတ်ကျွေးမွေး လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါတယ်...။  ဂျပန်ရောက် မြန်မာစေတနာရှင်  ၉၅ ဦးမှ လူသားချင်း စာနာထောက်ထားကာ၊ မြင့်မြတ်သော စိတ်ထားဖြင့် အကျွေးအမွေးများနှင့် သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်သွားရောက် ရယူခဲ့ကြပါတယ်။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂျပန် TBS သတင်းဌာန၊ Asahi သတင်း နှင့် မြန်မာ့အရေးကို ထောက်ပံ့ ကူညီနေသော ဂျပန်လူမျိုးများ၊ NDB မှကင်မရာ ၊ဗွီဒွီယို ကင်မရာ များဖြင့်ငလျင်ဒေသသို့  ကားကြီး ၅စီးဖြင့် မြန်မာလူမျိုးများ အများစုနေထိုင်ရာ တကာဒါနိုဘာဘာဘူတာ BIC BOX ဘေးတွင်(30.4.2011)စနေနေ့ ည၇နာရီ၃၀မိနစ်တွင် စုရပ်ပြုလုပ်ကာ လိုအပ်သည်များအား ဦးသန်းဆွေ၊ ဦးကျော်ကျော်စိုး ကိုမိုင်ကျော်ဦးနှင့် ခေါင်းဆောင်များတို့မှ မှာကြားပြီး ည ၈နာရီ ၄၅မိနစ်တွင် ခရီးစတင်ထွက်ခဲ့ ကြပါသည်။

အပြန်ခရီး၌ ကားပေါ်တွင် ဦးဆောင်လိုက်ပါလာသော ဦးကျော်ကျော်စိုးမှ ပြောကြားရာမှာတော့ " ဒီကနေ့ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာများ ကိုယ်စား နိုင်ငံရေးလှုပ်ရှား နေတဲ့သူတွေ နောက်အဓိက ဦးဆောင်နေတဲ့ သူတွေu Miyagi Kan, Ishinomaki မြို့Volunteer Centerနှင့် Takajoshi မြို့တွေကို တစ်ရက်တာ ခရိုင်၂ခုမှာ သွားပြီး ငလျင်ခိုလှုံရေးစခန်းတွေမှာ  နေ့လည်စာ မြန်မာ ထမင်းဟင်းတွေချက် ကျွေးတာရယ်... သန့်ရှင်းရေးလုပ်အား ကုသိုလ် ပေးခဲ့ကြပါတယ်...။

နောက် အိုရှီးနိုးမားမြို့မှာရှိတဲ့လူတွေ ကိုဖိတ်ခေါ်ပြီး ထမင်းဟင်းချက် ကျွေးတာ လူ၅၇၀ ကျော်အား လှူဒါန်းကျွေးမွေးနိုင်ခဲ့ပါတယ်...။ နောက်စက်ရုံဝန်းကျင်မှာ ဆူနာမီကြောင့် တင်ကျန်ရစ်ခဲ့တဲ့ ရွံ့တွေ အလုပ်ရုံတွေကို သန့်ရှင်းရေး ထပ်လုပ်ပေးခဲ့ကြတယ်...။  ပြီးတော့ တကားဂျိုးမြို့မှာရှိတဲ့ လူနေအိမ်ခန်းတွဲ မြေညီထပ်မှာရှိတဲ့ အဆောက်အဦးတခုကို လူ(၅၀) လောက်က သန့်ရှင်းရေး လုပ်အားပေးခဲ့ကြတယ် ရွှံ့တွေအမှိုက်တွေ၊ ပစ္စည်းတွေကို တက်ညီလက်ညီနဲ့ လုပ်ခဲ့ကြတော့ အချိန်တို အတွင်းမှာပဲ သန့်သန့်ရှင်းရှင်းနဲ့  ပြီးစီးခဲ့တဲ့ အတွက်ကြောင့် သက်ဆိုင်ရာဂျပန်တွေက နှစ်ခြိုက်ခဲ့ကြပါတယ်....။

နောက် အကျွေးအမွေး အစီအစဉ်မှာ စားသောက်ကြတဲ့ ဂျပန်လူမျိုးတွေက ကျေနပ်ကြတယ် နှစ်သက်ခဲ့ကြတယ်။ အစားအသောက်တွေလည်း အချိန်တို အတွင်းမှာဘဲ အကုန်လုံးကို လှူဒါန်း ကျွေးမွေးနိုင်ခဲ့ပါတယ်။ ဒီဟာက ကျွန်တော်တို့ ဂျပန်မှာ ရှိတဲ့မြန်မာတွေရဲ့  အလုပ်ချိန် ငွေကြေး လုပ်အားကို စုပြီး အခက်အခဲ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီခဲ့တာဘဲ။ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်ဘဲ ဒီသွားရောက်တဲ့ သူတွေအတွက် အဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့အတွက် ငွေကြေး အလှူတွေ စားစရာ ပစ္စည်းတွေ   စတာတွေကို အများကြီး ပံ့ပိုး ကူညီပေးခဲ့ ကြတယ်။ ဒီလိုငွေကြေးတွေ ပစ္စည်းတွေသွားပြီး လှူဒါန်းကြတယ်။ နောက် ကိုယ်တိုင်ကိုယ်ကျ သွားပြီး လုပ်အားပေးကြတယ်..။  ဒီလိုဘဲ ပစ္စည်းတွေသွားပြီး ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြ စီစဉ်ပေးခဲ့ကြတဲ့ ဂျပန်လူမျိုးတွေအားလုံး တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် ၀ိုင်းပြီး လုပ်ဆောင်ပေးကြတဲ့ အတွက်ကြောင့်မို့လို့ အခက်အခဲတွေ ချောမောစွာနဲ့ ပြီးခဲ့တဲ့အတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗမာတွေအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင်မို့လို့ ဒုက္ခရောက်ခဲ့တဲ့အတွက် ဂျပန်လူမျိုးတွေအတွက် ကူညီလုပ်ဆောင် ပေးရမယ်ဆိုတဲ့ ကျွန်တော်တို့ ဗမာတွေရဲ့ ရိုင်းပင်း ကူညီတတ်တဲ့ အသိစိတ်ဓါတ်ဟာ သူများတိုင်းပြည်မှာ ဘယ်လောက်ဘဲနေနေ ဘယ်လောက်ပဲကျန်ကျန် မပျောက်မပျက်ဘဲ ထိန်းသိမ်းနိုင်တဲ့ အရာဟာ အင်မတန် ဂုဏ်ယူစရာလည်း ကောင်းတယ် ကျေနပ်အားရစရာလည်း ကောင်းပါတယ်။ ဒါတွေက ကျွန်တော်တို့ ဗမာတွေရဲ့ ကောင်းမြတ်တဲ့ စိတ်ဓါတ်ပါဘဲလို့  ကျွန်တော် ပြောချင်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။"

သတင်း ဓါတ်ပုံများ နှင်ဗွီဒီယိုကို အောက်ပါ လင့်(ခ်)များတွင် ရယူနိုင်ပါပြီ...
https://picasaweb.google.com/106347595674077193850/Food?authkey=Gv1sRgCOn_mr3P6L7EkAE#5601771325208818610 http://www.youtube.com/user/zayyar20283?feature=mhum


ဓာတ်ပုံ။။ (အေးနန္ဒာအောင်... လမ်းပြကြယ်...)

လိုက်ပါသူတဦးဖြစ်သောကိုထွန်းဝေမှရေးသားတင်ပြပါသည်..

0 မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးဖို့


သို့ ဥက္ကဋ္ဌ

ပြည်ခိုင်ဖြိုးပါတီ

အကြောင်းအရာ။ ။မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေးအရေးယူပေးပါ။

မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်းရပ်ကွက်၊ဖောင်တော်ဦးဘုရားလမ်းမကြီး ပေါ်တွင်တည်ရှိနေသော ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်းဝင်း ရှိနေပါသည်။ထိုကျောင်းဝင်းအတွင်း၌ ဘုန်းတော်ကြီးသင် စာသင်ကျောင်း အားလွန်ခဲ့သော ၁၀နှစ်ခန့်မှ၍ ကိုယ်ထူကိုယ်ထ ကြိုးစားရပ်တည်၍ ဒေသခံ ကလေးသူငယ်များ၏ အခြေခံပညာရေးအား မြင့်မားနိင်ရန် ဆောင်ရွက်ခဲ့ပါသည်။၂၀၀၇ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ဦးစီးကာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရာ ဒေသခံကလေးသူငယ်များ ပိုမိုအဆင်ပြေစွာ စာသင်ကြား လာနိင်ခဲ့ပါသည်။သို့သော် ယခုနှစ် စာသင်နှစ်တွင်မူ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ ပဒေသာပင် အလှူငွေ ၁၂သိန်းကျော်အား ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးမှ ထုတ်ယူသုံးစွဲသွားသဖြင့် အခက်အခဲများ ကြုံတွေ့နေရပါသည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးဆိုသူမှာ ချဲနှစ်လုံးထီဖြင့်တရားမ၀င်စီးပွားရှာခဲ့ရာမှ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒမဲကာလသြဂုတ်လ (၂၉)ရက်နေ့ မဲရုံဝင်းအတွင်း၌ မဲရေတွက်မှု့လေ့လာရန်ရောက်ရှိလာသော NLDလူငယ် အဖွဲ့ဝင်ဟောင်း ကိုအေးသောင်း ဆိုသူအား လက်စွမ်းပြထိုးကျိတ်ခဲ့သဖြင့်အမှု ရင်ဆိုင်ဖြေရှင်းခဲ့ရခြင်း၊ နိင်ငံရေး အင်အားစုများအား အကြမ်းဖတ် ဖြေရှင်းရန် ကြိုးစားလေ့ရှိခြင်း၊ ညစဉ် ဖောင်တော်ဦးဘုရားလမ်းမကြီးပေါ်ရှိ တံတားပေါ် တွင်အရက်ဝိုင်းဖွဲ့၍ လူမိုက် လက်သက် မွေးကာ ပါတ်ဝန်းကျင်အား အစဉ်ထိတ်လန့် နေစေပါသည်။ ယခု၂၀၁၁ခုနှစ်တွင်မူ ဓမ္မလင်္ကာရဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ပဒေသာပင်အလှူငွေများ အား!!!ငါ့အဖေ ဦးဌေးဦးဟာငါသုံးတယ်ဆို၍ ထုတ်ယူသုံစွဲသွားကြောင်း ၂၀၁၁ခုနှစ်၊ဧပရယ်လ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့ တွင် မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းမှတ်တိုင် မဟာနွယ်လက္ဘ်ရည်ဆိုင်တွင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ တာဝန်ခံဆရာတော် ဦးဝရသာမိမှ ဒကာများအားပြောနေသည်ကို ကြားသိ ခဲ့ရပါသည်။ဦးဝရသာမိမှာ သက်ဆိုင်ရာသို့လဲ မတိုင်ရဲ၊(ကိုစန်းထွေးဆိုသူမှာ မြို့နယ်အာဏာပိုင်များ၏ အထူးအရေးပေးခြင်း ခံရသူဖြစ်ပါသည်။)ယခုနှစ် စာသင်နှစ် တွင်ကျောင်းလေး၏ ဖြစ်လာနိင်မည့်အခက်အခဲများအတွက်လဲ သောကကြီးစွာ ရောက်နေရသည်ကို ကြားသိရသဖြင့် အထူးပင် စိတ်မကောင်း ဖြစ်မိကာ ဒေသခံကလေးသူငယ်များ၏ ပညာရေးတွင် ထိခိုက် နှောင့်နှေး သွားမည်ကို မဖြစ်စေလိုခြင်း၊မူလစတင်ခဲ့သော ပြည်ခိုင်ဖြိုး၏မွန်မြတ်သောကျောင်းအလှူအား ယုတ်ညံ့သော စည်းရုံးရေးမှူးနှင့် အပေါင်းအပါများကြောင့် တာဝန်ရှိ လူကြီးမင်းများနှင့်ပြည်ခိုင်ဖြိုးဝင်များအား ပြည်သူလူထုမှ ယုံကြည်မှု မပျက်စေရန် အမြန်ဆုံးဆောင်ရွက် ဖြေရှင်း ပေးစေလိုပါသည်။ တရားဥပဒေအထက်တွင်မည်သူမှမရှိနေရဟုဆိုသော်လည်းမြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း ရပ်ကွက် ဖောင်တော်ဦးဘုရားလမ်းမနှင့်အနီးတစ်ဝိုက်နေထိုင်သူများမှာဖြင့်တရားဥပဒေထက်ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးကို သာကြောက်လန့်ရွံ့ရှာနေရပါသဖြင့်တာဝန်ရှိလူကြီးမင်းများမှအမြန်ဆုံးအဖြစ်မှန်ကိုဖြေရှင်းပေးရန်နှင့် စည်းရုံးရေးမှူး ၏ ရမ်းကားစွာပြုမူ ပြောဆို လုပ်ကိုင်နေမှုများအား စစ်ဆေးဆောင်ရွက်ပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ကိုစန်းထွေးဆွေးမျိုးသားချင်းများနှင့် နောက်ပါ လူမိုက်များမှလွဲ၍ ဓမ္မလင်္ကာရကျောင်းဝင်းအတွင်းမှ သံဃာများအား ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုစန်းထွေးအကြောင်းအား အဖြစ်မှန် သိရှိ စုံစမ်းနိင်ပါသည်။ ယခုကဲ့သို့ကျောင်းပဒေသာပင်အလှူငွေများအား ကိုစန်းထွေးမှ ယူငင်သုံးစွဲထားသည်ကို ဒေသခံပြည်သူများမှ အားလုံး မသိရှိခင်အမြန်ဆုံး ဖြေရှင်းပေးစေလိုပါသည်။ဖြစ်စဉ်အား ဓမ္မလင်္ကာရကျောင်းဝင်းအတွင်းမှ သံဃာတော် အရှင်သူမြတ် တစ်ပါးမှ ကိုယ်တိုင်ကိုယ်ကျပြောဆို အသိပေးလာပါသည်။

တရားဥပဒေ ခိုင်မာရေးနှင့်ငြိမ်းချမ်းရေးကို လိုလားကာ ဗမာ့ပညာရေးအားမြင့်မားစေရန်အစဉ်လိုလားသော
မြောက်ဥက္ကလာပမြို့နယ်ဒေသခံရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် ဗမာ့ကျောင်းသားလူငယ်များ

Monday, May 2, 2011

0 ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ???


ဘင်လာဒင်သေဆုံးသွားတဲ့ နေအိမ်အတွင်းမြင်ကွင်း(Video- Aljazerra)

မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အဆိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2011 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။ 

နေရာက အဘူဒါဘီ မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။ အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။ နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အဘူဒါဘီက နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။ နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။   လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်း အခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။ လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။ 

မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆုံးမှာတော့  လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။ ၀င်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။ ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။ 

ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။ အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။ အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။ အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အဘူဒါဘီ ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။ အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။ ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။ လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။ 

CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆိုပါသည်။ 

ရဲသူရိန်မင်း GMT 15:22 02.05.2011

0 မြန်မာပြည်ကဘင်လာရွှေ မသေသေးပါ။



၂၀၀၁ စက်တင်ဘာ ၁၁ ရက် အမေရိကမြေပေါ်တွင် လူ ၃၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးကို နောက်ကွယ်မှ စီစဉ်ညွှန်ကြား ခဲ့သူ အိုစမာ ဘင်လာဒင် ကိုအမေရိကန်တပ်များက ပါကစ္စတန်တွင် သတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ အိုဘားမားက တနင်္ဂနွေနေ့ညတွင် အိမ်ဖြူတော်မှ အတည်ပြု ပြောဆိုလိုက်သည်။

အိုဘားမားက “အယ်လ်ကိုင်ဒါ အကြမ်းဖက်တွေကို ဖြိုခွင်းဖို့ ကျနော်တို့ နိုင်ငံရဲ့ ကြိုးပမ်းနေမှုအတွက် ဘင်လာဒင် သေဆုံးမှုဟာ အရေးပါတဲ့ အောင်ပွဲနေ့ရက်ပါပဲ။ ကျနော့်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ အမေရိကန် တပ်ဖွဲငယ်တစ်ဖွဲ့က အစ္စလာမဘတ် မြို့တော်မှ ကီလိုမီတာ ၅၀ အကွာရှိ အဘော့တ်တာဘဒ်မြို့ရှိ အိမ်ကြီးတစ်လုံးကို ထူးခြားတဲ့ ရဲဝံ့စွန့်စားမှုတွေနဲ့ ၀င်ရောက် တိုက်ခဲ့ပါတယ်။ အမေရိကန် တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိပါဘူး။ အရပ်သား သေဆုံးမှုကို ဂရုစိုက် ရှောင်ရှားနိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲအပြီးမှာ အိုစမာ ဘင်လာဒင် သေဆုံးခဲ့ပြီး၊ သူ့အလောင်းကို ရထားပါတယ်” ဟု ကြေငြာ ပြောဆိုခဲ့သည်။

ကြေငြာပြီး တနင်္ဂနွေနေ့ည အိမ်ဖြူတော်ပတ်လည်တွင် လူရာချီ စုဝေးကြပြီး USA! USA! ဟု ၀မ်းသာအားရ အော်ဟစ်ခဲ့ကြသည်။ တကမ္ဘာလုံးရှိ အမေရိကန် သံရုံးများနှင့် နိုင်ငံသားများကိုလည်း လက်တုံ့ပြန်မှုများ ဖြစ်လာနိုင်ကြောင်း အမေရိကန် အစိုးရက အရေးပေါ် သတိပေးထားသည်။

အမေရိကန်များကို ထိတ်လန့် ကြောက်ရွံ့စေပြီး၊ ညပေါင်းများစွာ အိပ်မပျော်နိုင်အောင် ဒုက္ခအဖုံဖုံ ပေးခဲ့တဲ့ အိုစမာဘင်လာဒင်မှာ ဆယ်စုနှစ် တစ်ခုကြာအောင် စီအိုင်အေနှင့် အမေရိကန်တပ်များရဲ့ လိုက်လံခံရပြီး နောက်ဆုံး သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သမ္မတ အိုဘားမားက “တရားမျှတမှုဟာ အဆုံးတော့ ရောက်လာရတာပါပဲ” ဟု ပြောဆို ခဲ့သည်။
စာစု(မောက္ခ နိုင်ငံတကာသတင်း )

Sunday, May 1, 2011

0 သမ္မတ အကြံပေးအဖွဲ့ဆိုလားဘာဆိုလား

ဓာတ်ပုံထဲက ဂစ်တာတီးနေတဲ့ သူဟာ သမ္မတရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးထဲက တယောက်ပါ။ဒေါက်တာဦးမြင့် လို့ခေါ်ပါတယ်။
ဒီရက်ပိုင်း ကောလဟလ လိုလို ဘာလိုလိုနဲ့ ထွက်လာတဲ့သတင်းတစ်ခုရှိတယ်.. အစိုးရသတင်းစာနဲ့ ရေဒီယိုမှာ တရားဝင် မကြေငြာပေမယ့်.. သမ္မတ အကြံပေးအဖွဲ့ဆိုလားဘာဆိုလား ခန့်သတဲ့.. အွန်လိုင်း သတင်းဖက်မှာ ကိုသူတော် တင်ပေးထားတာဖတ်ပြီး ကျန်တဲ့ သတင်းပလင်းတွေ စုံစမ်းကြည့်တော့ သမ္မတအကြံပေးအဖွဲ့ကို
( ၁ ) စီးပွားရေး
( ၂ ) နိုင်ငံရေး
( ၃ ) ဥပဒေ ဆိုပြီး ကဏ္ဍသုံးခု... အဖွဲ့ဝင် သုံးဦးစီနဲ့ စုစုပေါင်း သမ္မတအကြံပေးအဖွဲ့ဝင် ကိုးဦး တွေ့ရတယ်..

အဲဒီအထဲမှာ အားအကောင်းဆုံးလို့ဆိုနိုင်တာကတော့ စီးပွားရေးအကြံပေးအဖွဲ့မှာ ထိပ်ဆုံးက နာမည်စာရင်း ထည့်ထားတဲ့ ဒေါက်တာဦးမြင့်ပါ.. တကယ့် ပညာရှင်စစ်စစ်လို့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို စာရင်းထဲမှာ ထည့်ထားတာတွေ့ရပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့ ကြိုတင်မသိရတဲ့သဘောမျိုးပြောသွားတာ တွေ့ရ ပြန်ရော ဘာဘဲပြောပြော နိုင်ငံတကာ ထုံးစံနဲ့ ကိုက်ညီအောင် သမ္မတ အကြံပေးအဖွဲ့ဆိုတာကိုတော့ ဖွဲ့ရတာပေါ့လေ.. စီးပွားရေးအကြံပေးအဖွဲ့ထဲက နောက်တစ်ယောက်ဖြစ်တဲ့ ဦးဆက်အောင် ကိုတော့ သိသလိုလိုဘဲ ကျနော်သိတဲ့လူဆိုတာ သေချာရင်တော့ မဆိုးလှဘူးပြောရမယ်.. နိုင်ငံတကာစီးပွားရေးဆက်ဆံမှုမှာ လူမသိသူမသိ ကျွမ်းကျင်သူတစ်ဦးဆိုရင် မမှားဘူးပေါ့ဗျာ.. နောက်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ တင်လှဗိုလ်ဆိုတာကိုတော့ အရိုးသားဆုံးပြောရရင် လုံးလုံးမသိပါဘူး..

နောက်တစ်ခါ နိုင်ငံရေးအကြံပေးအဖွဲ့ရဲ့ နံပတ်စဉ်တစ်မှာ ပါလာတဲ့ ပုဂ္ဂိုလ်ကတော့ ဦးကိုကိုလှိုင် တဲ့...အဲဒီဦးကိုကိုလှိုင်ဟာ MRTV 4 မှာ နိုင်ငံတကာရေးရာတွေကို အာပေါင်အာရင်းသန်သန်နဲ့ ဝေဖန်သုံးသပ် တင်ပြဖူးသူတစ်ယောက်ပေါ့.. စာဖတ်အားကောင်းပုံရပြီး တော်တဲ့လူတစ်ယောက်လို့ သတ်မှတ်လို့ရနိုင်ပေမယ့် စစ်မှုထမ်းဟောင်းဖြစ်တာရယ်.. နောက်တစ်ခါ Northern Starဆိုတဲ့ ဖော်လံဖား ဂျာနယ်တစ်စောင်ကို ဦးစီးထုတ်ဝေဖူးတာရယ်.. နောက်ပြီးတော့.. နာဂစ်မုန်တိုင်းပြီးခါစက ဖားရှာငါးရှာ စားဖို့ သတင်းစာထဲကနေ တိုက်တွန်းရေးသားခဲ့ဖူးသူ ဆောင်းပါးရှင် ]အောင်လှိုင်} ဖြစ်နေတာရယ်ပါဘဲ.. ဒီတော့ ဒီပုဂ္ဂိုလ်က နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင်ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့လို့ဘဲ ပြောချင်တော့တာပါ.. အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာနေဇင်လတ်ဟာ စီးပွားရေးသမားတစ်ယောက်လို့ဘဲ သိထားခဲ့တာဖြစ်ပြီး ရွှေစည်းစိမ်မဂ္ဂဇင်း.. Ambo Hotel အပြင် တခြားစီးပွားရေးလုပ်ငန်းတွေကို အခွင့်ထူးခံဘောင်ထဲကမဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ လုပ်ကိုင်စီးပွားရှာနေသူ လို့ဘဲမြင်တယ်.. နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ အတွေးအမြင်ကို တစ်ကြိမ်တစ်ခါမှ မမြည်းစမ်းဖူးလို့ ပြောဖို့ခက်တယ်.. နောက်.. အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဦးရဲတင့် ကျနော်ကောင်းကောင်းမသိပါ..

ဥပဒေ အကြံပေးအဖွဲ့ခေါင်းဆောင်ကတော့ ရဲမှူးကြီးစစ်အေးတဲ့... ဒီပုဂ္ဂိုလ်ဟာလည်း သူ့ဌာနမှာ သိပ်ပြီးတော့ ခေလှသူမဟုတ်ပေမယ့် ဘယ်လောက်ဘဲတော်တော် ဘယ်လောက်ဘဲ အရည်အချင်းရှိရှိ... ရဲဟာ ရဲ ပါဘဲ.. ရဲ ကို ဥပဒေအကြံပေးခန့်ထားတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အတွေးအခေါ်ကိုတော့ လက်ဖျားခါတာပါဘဲ.. အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါ်ခင်မျိုးမြင့် ဆိုတာကတော့ စိတ်ထင် တရားသူကြီးဟောင်းတစ်ယောက်လို့ထင်မိပေမယ့် မသေချာလှပါဘူး.. နောက်တစ်ယောက်ဖြစ်တဲ့ ဦးသန်းကျော်ဆိုသူကိုတော့ လုံးဝမသိပါ.. ဘာဘဲပြောပြော ဥပဒေ အကြံပေးဆိုတဲ့ အဖွဲ့မှာ ဥပဒေနဲ့ပတ်သက်ပြီး ဒေါင်ဒေါင်မြည်တစ်ယောက်မှ ပါဝင်ခြင်းမရှိတာကိုတော့ အံ့ဩခြင်းများစွာဖြစ်မိပါရဲ့..

နိုင်ငံတကာမှာလည်း သမ္မတ အကြံပေးအဖွဲ့တွေရှိတာပါဘဲ.. အမေရိကန်နိုင်ငံမှာဆိုရင် သမ္မတ အကြံပေး အဖွဲ့ဝင်တွေဟာ နာမည်ကျော် Think Tank အဖွဲ့ကြီးဖြစ်တဲ့ Brooking Institute  ပညာရှင်တွေ တစ်ယောက်မဟုတ် တစ်ယောက်ပါတာကို တွေ့ရပြီး အများစုဟာ ဒေါင်ဒေါင်မြည်တွေပါ.. ဒါ့အပြင် အနီးအနားက ကွန်မြူနစ်စနစ် ကွန်မြူနစ်ပါတီနဲ့ အုပ်ချုပ်နေတဲ့ တရုတ်ပြည်မှာလည်း တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုကို အဓိက အကြံပေးနေတဲ့ အဖွဲ့အစည်းက Chinese Academy of Social Science ဆိုတဲ့ အရှိန်အဝါ ဩဇာ ကြီးမားတဲ့ ပညာရှင်အဖွဲ့အစည်းကြီးဖြစ်ပါတယ်..

မြန်မာနိုင်ငံရဲ့ သမ္မတ အကြံပေးအဖွဲ့ကို လေ့လာကြည့်တဲ့အခါ စီးပွားရေးအကြံပေးအဖွဲ့တစ်ခုတည်းသာ.. ဆရာဦးမြင့်ရဲ့ အရှိန်အဝါကြောင့် လူရိုသေရှင်ရိုသေဖြစ်ဖို့ရှိနေတာပါ..

ဒီတော့.... မေးချင်တာက သမ္မတကြီးခင်ဗျား.. အကြံပေးအဖွဲ့ကို ဖွဲ့စည်းခန့်ထားရခြင်းရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့ အကြံအဉာဏ်တွေ ရယူသုံးစွဲဖို့လား.. ဒါမှမဟုတ် လုပ်သမျှကို ထောက်ခံဆွေးနွေးဖို့လား.. ဒါမှမဟုတ် လုပ်သမျှကို ခေါင်းခံဖို့အတွက် ခေါင်းငှားခြင်း သက်သက်လား..

MMCPမှ koshwemungအားကျေးဇူးတင်ရှိပါသည်...

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအလုပ်သမားနေ့၌ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံးအဖွဲ့ ချူပ် (Trades Union Congress) ဖွဲ့ စည်းတည်ထောင်။


0 Special Message from Daw Aung San Suu Kyi to the Feminist Majority Foundation


The Feminist Majority Foundation's Eleanor Roosevelt Awards for Global Women's Rights were held at the Beverly Hills Hotel on Tuesday, April 26, 2011.

This year's awards honored four women who have worked to make the world a better place for women and girls, often at great personal risk to themselves. The honorees were Yolette Jeanty, a leader of one of Haiti's most powerful feminist organizations; Renee Montagne, correspondent and co-host of National Public Radio's Morning Edition; Sunita Viswanath, founder of Women for Afghan Women; and Aung San Suu Kyi, Nobel Peace Prize laureate and leader of the democracy movement in Burma.

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.