Thursday, May 5, 2011

0 လွှတ်တော်ကိုယ်စားလှယ်အချို့ ကားဝယ်ယူခွင့် ရရှိ ( ပြည်သူ့ ခေတ် အတွဲ ၁၊ အမှတ် ၄၁ )

အမှတ် (၂) စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ကျပ် ၅၅ သိန်းတန် မြန်မာမီနီဆလွန်းကားများကို
လွှတ်တော်ကိုယ်စားလှယ်အချို့ ဝယ်ယူခွင့် ရရှိခဲ့ကြောင်း လသာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးကြည်မြင့်က ပြောပြပါတယ်။ ၄င်းက “ ကားဝယ်ယူခွင့်နဲ့ ပက်သက်ပြီး ပြည်သူတွေကို လျှောက်လွှာ
တင်ခိုင်းတာ ရှိတော့ရှိမှာပေါ့။ ကျွန်တော်တို့ ကိုတော့ လျှောက်လွှာတင်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုတော့ စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့ မှူးကိုယ်တိုင် ဖုန်းဆက်ပြီးတော့ လွှတ်တော်ထဲမှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ကိစ္စ၊ တိုင်းပြည်အတွက် ပြောခဲ့ဆိုခဲ့တဲ့ကိစ္စတွေကို အားရကျေနပ်ပြီးတော့ တစ်ဘက်က ၀န်ကြီးကလည်းပြန်ပြီးတော့ တတ်စွမ်းနိုင်သမျှ ပြန်ကြည့်ပေးပါတယ်ဆိုတဲ့ သဘောဘဲ။ အဲလိုပြောပြီး ပေးတာပါ။

ဘဏ်မှာ ငွေသွားသွင်းရပါတယ်။ ကိုယ်ပိုင်သဘော ကျွန်တော့နံမည်နဲ့ ရောင်းပေးတာပါ။ လွှတ်တော်
အမတ်တွေအားလုံး ရကြမယ် ထင်ပါတယ်။ ဧပြီ ၂၂ ရက်နေ့ က ကျွန်တော်နဲ့ အတူ ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ၁၂ ယောက် ၀ယ်ယူခွင့်ရတဲ့စာရင်း တွေ့ တယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမေ၊NDF က ကျွန်တော်နဲ့ ဦးသိန်းညွန့် ၂ ယောက် ပေးတယ်။ ပြည်ခိုင်ဖြိုးက ၉ ယောက်၊ နောက်လူတွေလည်းနောက်တော့ ရပါလိမ့်မယ်။ ကားကလည်း နည်းနည်းချင်း အသုတ်လိုက်ထွက်တာကိုး။ကျွန်တော် ငွေသွင်းပြီးထုတ်တဲ့ကားက ရွှေအိုရောင်ပါ။ အစိုးရချင်း ဖက်စပ်လုပ်တဲ့ သဘောရှိတော့ ဒီကားက စီးရတာ ကောင်းပါတယ် ”
လို့ ရှင်းပြပါတယ်။

သင်္ကန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က သူ့ အနေနဲ့ ဝယ်ယူခွင့်ရတယ်ဆိုတာ မှန်ကန်ကြောင်း၊ သူ မလျှောက်ပေမယ့် စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့ မှူးကတစ်ဆင့် ဆက်သွယ်ရောင်းချပေးတာဖြစ်ကြောင်း၊ ယခုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စမို့ အခြား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ်ချင်ကြောင်းရှင်းပြပါတယ်။

ဇာလီထွန်း

ပေးပို့သော ကိုအောင်မျိုးထွန်းအားကျေးဇူးတင်ရှိပါသည်....

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.