Saturday, June 30, 2012

1 ကိုမင်းကိုနိုင်ရေးသားသည့် နှင်းဆီနီဥဒါန်းကဗျာ

ကိုမင်းကိုနိုင်၏ "နောက်ကြည့်မှန်" လုံးချင်းဝတ္ထုစာအုပ်ကို ဇူလိုင်လ ဒုတိယပတ်အတွင်းတွင် အရှေ့ကြယ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိတော့မည်ဖြစ်ကြောင်းသိရသည်။

စာအုပ်မျက်နှာဖုံးမှာ ကိုမင်းကိုနိုင် ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီလက်ရာဖြစ်ပြီး၊ ကိုမင်းကိုနိုင်ရေးသားသည့် နှင်းဆီနီဥဒါန်းကဗျာလည်း အချပ်ပိုအဖြစ်ထည့်သွင်းပါရှိသည်။

စာအုပ်ထုတ်ဝေဖြန့်ချိသည့်ရက်တွင် ရန်ကင်းစင်တာဝယ် စာရေးသူကိုယ်တိုင် အမှတ်တရလက်မှတ်ရေး ထိုးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အရှေ့ကြယ်စာပေတိုက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပေါ်ပြူလာဂျာနယ်

1 ဥရောပနိုင်ငံများသို့၁၇ ရက်ကြာသွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားပြည်သူလူထုကြီးမှ တခဲနက်ကြိုဆို


ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့.. အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိ..
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့ဘက်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်-EMG
ဒေါ်အောင်ဆန်းစုကြည် အားကြိုဆိုရန် ရန်ကုန်လေဆိပ်ရှေ့တွင်စောင့်ဆိုင်းနေသော အနုပညာရှင်များ

Photo..The voice weekly,popular myanmar news journal,7 days news journal,EMG

4 ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်-
ဆောင်းပါးရှင်-yan aung

ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယူခြင်းမရှိပေ..။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များ ထဲ တွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်း ကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြ သည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။

ဒ်ါအောင်ဆန်းစုကြည် မိန့်ခွန်းတိုင်းတွင် မြန်မာနိုင်ငံလို့ အပြောများပါသည်..။ NLD ပါတီဆိုင်းဘုတ်များကို ဗမာလိုရေး လျှင် လည်း မြန်မာနိုင်ငံလို့ ရေးတာများပါသည်..။

သေချာသည်ကတော့ ဗမာ ပဲဖြစ်စေ မြန်မာပဲဖြစ်စေ လူမျိုးတစ်မျိုးသို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့ ကြသည်ပဲဖြစ်သည်..။ ကိုလိုနီခေတ် ..ဗိုလ်ချုပ်၏ မိန့်ခွန်းအားလုံးတွင် ... ဗမာနိုင်ငံဟုပဲ သုံးနှုန်းခဲ့သောကြောင့် ဗိုလ်ချုပ်သုံးသော ဗမာနိုင်ငံဆိုသည်မှာ ပြည်ထောင်စုတစ်ခုလုံးကို ရည်ညွှန်းခဲ့သည်မှ မေးစရာမလိုသလို.. ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကလည်း စာချုပ်သည် .. Burma ဟုသော အသုံးအနှုန်းအောက်တွင်သာ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်လည်း သတိရကြစေချင်ပါသည်..။

သို့သော် ...ယနေ့ခေတ်တွင် ..အင်္ဂလိပ်ဝေါဟာရတွင်တော့ ပြဿနာရှိလာပါသည်။ Burma ဟုသောစကားလုံးကို Myanmar ဟု အစားထိုးရာတွင်ဖြစ်သည်..။ ယခုမျိုးဆက်သစ်များက Myanmar ဟု စွဲနေကြသဖြင့် Myanmar ဟုခေါ်သင့်သည်ဟု ထောက်ပြကြသည်..။ အင်္ဂလိပ်ကိုလိုနီအခေါ် Burma ဟုသော စကားလုံးကို လက်မခံကြပေ...။

ယခင် ရှေးမှီနောက်မှီများနှင့် သမိုင်းကြောင်းများကို လေ့လာသူများက Burma ဟုသောစကားလုံးကိုလက်ခံကြသည်..။ ဗမာလိုဆိုလျှင်လည်း ..မြန်မာကို မငြင်းကြပေ..။

ကျွန်တော်တို့၏ အခေါ်အဝေါ်သမိုင်းကြောင်းတွင် တစ်ခုတော့ သတိပြုစရာ ရှိပါသည်..။ အင်္ဂလိပ်လို Burma ဟုသောအသုံးအနှုန်းမှ Myanmar ဟုသော အသုံးအနှုန်းကို ၈၈ အရေးအခင်းအပြီးတွင် အာဏာသိမ်း တပ်မတော် အစိုးရ ဖြစ်သော န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က ၁၉၈၉ မေလတွင် လုံးဝ ပြောင်းလဲခဲ့ ခြင်း ဖြစ်သည်..။ လူထုကရွေးကောက်တင်မြှောက်ထားသော အစိုးက လူထု သို့မဟုတ် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပဲ အာဏာရှင်ဆန်ဆန်.. စာရွက်တစ်ရွက် (အမိန့်ကြော်ငြာစာတစ်ခု) ကြောင့် ပြောင်းလဲသွားသော အခေါ်အဝေါ်ဖြစ်သည်..။ ယခုနှစ်ပိုင်း နိုင်ငံတော်အလံပြောင်း ကဲ့သို့ပင်... မည်သူ့ကိုမျှ မတိုင်ပင် အစည်းအဝေးမခေါ် ၀န်ကြီးအဆင့်တောင်မသိဘဲ ၂၀၁၀ တွင် ( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ သေအံ့မူးမူးအချိန်တွင် နိုင်ငံတော်အလံပါ လဲသွားသကဲ့သို့ တည်း..။ လုပ်ချင်တာ လုပ်ခဲ့ခြင်းဖြစ်သည်..။

Myanmar ဟု ပြောင်းလဲရခြင်း အကြောင်းပြချက်ကတော့ လက်ခံလောက်စရာပါ..။ မြန်မာလို့ ဗမာလိုသုံးနေမှတော့ အင်္ဂလိပ်လိုလည်း Myanmar လို့သုံးသင့်သလို သမိုင်းအရ.. ပြည်ထောင်စုနိုင်ငံတစ်ခုအနေဖြင့် Myanmar လို့ သုံးသင့်သည်ပေါ့...။ ဒါကို ငြင်းစရာတော့မရှိပါ..။ ယခုလည်း Myanmar လို့ ခေါ်နေကြပြီပဲ..။

သို့သော်....

အင်္ဂလိပ်တွေပေးခဲ့သော Burma ဟုသော အသုံးအနှုန်းသည် အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်..၊ တော်လှန်ရေးကောင်စီခေတ်အပြင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အထိ) ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်အချိန်မှ ၁၉၈၉ အထိ နှစ်ပေါင်း လေးဆယ်ကျော်တိုင်တိုင် အဘယ့်ကြောင့် မပြောင်းလဲပဲ သုံးနှုန်းခဲ့ကြသနည်း..။ ထိုနာမည်ကို ကြိုက်နှစ်သက်နေကြသဖြင့်လော..။ ဒါမှမဟုတ်.. သမိုင်းကြောင်းတွင် Burma ဟုသော အမည်က ပိုတည်တန့်သဖြင့်လော..။ ပြည်ထောင်စုအတွက် ပိုအဆင်ပြေသဖြင့်လော..။

နောက်မေးခွန်းတစ်ခုရှိပါသည်..။ အမိန့်ကြော်ငြာစာထုတ်ပြီး ..Myanmar ဟုသော အသုံးအနှုန်းကို ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသော်လည်း Myanmar ဟုသောအမည်.. ဘာ့ကြောင့် လူသိနည်းသနည်း..။ Myanmar (Burma) ဟုပြောမှ ကမ္ဘာက သိသနည်း..။ ထိုမေးခွန်းများကို ဖြေကြည့်ကြရအောင်..။

(၁) နှစ်ပေါင်းများစွာ ပြည်တွင်းပြည်ပ လူထုမထောက်ခံခဲ့သော အာဏာသိမ်းအစိုးရ။

(၂) ပညာရှင်/ လူထုဆုံးဖြတ်ချက်/ လွှတ်တော် / ဆွေးနွေးမှုများဖြင့် အမည် ပြောင်းလဲခဲ့ခြင်း မဟုတ်ခြင်း။

(၃) ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ၊ မျက်နှာငယ်စရာ အထီးကျန်အဖြစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ရခြင်း။

(၄) ယခင် စစ်အစိုးရလက်ထက် ကမ္ဘာတွင် သြဇာမညောင်းသလို မီဒီယာလွှမ်းမိုးမှုမရှိခြင်း။

(၅) Burma ဟူသည် နှစ်ပေါင်းရာချီကာ ကမ္ဘာက လက်ခံသုံးစွဲလာခဲ့သော အသုံးအနှုန်းတစ်ခုအဖြစ် အမြစ်တွယ်ခဲ့ခြင်း။

အစရှိသော အချက်များကြောင့်ဟု ယူဆစရာရှိပါသည်..။

မိမိ အယူအဆကမူ... နိုင်ငံတကာတွင် .Myanmar ..ဟု .. သုံးသော်လည်း နိုင်ငံတကာမှ မသိလျှင် .. (အသိအမှတ်မပြုလျှင်) Burma ဟု သုံးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမည်နာမထက် အနှစ်သာရ (ပြည်ထောင်စုအပေါ်သက်ရောက်မှု) က အရေးကြီးဆုံးပင်..။ ယနေ့အချိန်တွင် Myanmar သည်လည်း တိုင်းရင်းသားပေါင်းစုံပါသောပြည်ထောင်စုဟု ဆိုလို့ရသလို Burma သည်လည်း တိုင်းရင်းသားပေါင်းစုံ ပါသော ပြည်ထောင်စုဟု ကမ္ဘာက သိသည်ပင်..။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယူခြင်းမရှိပေ..။

ယနေ့ အစိုးရသတင်းစာနှင့် စာပေစိစစ်ရေးတို့မှ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သော .. ထိုင်ဝမ် (Taiwan) နိုင်ငံကို ယနေ့အချိန်အထိ တရုတ်ကြီး၏အလိုကျ တရုတ်၏ပြည်နယ်အဖြစ်သတ်မှတ်ပြီး တရုတ်(တိုင်ပေ) - China (Taipae)ဟု နှစ်နှစ်ဆယ်ကျော်ခန့် အားမနာရှာမကျိုး ဖော်ပြနေခြင်း၊ ဂျာနယ်များတွင် ထိုကဲ့သို့ရေးရမည်ဟု မူများ ကျန်ရှိနေသေးခြင်းတို့သည် .. ယနေ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် Myanmar မှ Burma ဖြင့် ..၀ဋ်ပြန်လည်ခြင်းပင်တည်း..။

ထို့ကြောင့် အောက်တွင် ဖော်ပြထားသော ငွေကြေးများကို ကြည့်ပြီး မြန်မာ/ဗမာ ...အသုံးအနှုန်း (Myanmar/Burma) စာလုံးပြောင်းလဲပုံများနှင့် ရုပ်ပုံပြောင်းလဲပုံများကိုလေ့လာရင်း မည်ကဲ့သို့ ခေါ်ဆိုရမည်ကို မိမိဘာသာ သုံးသပ်နိုင်ကြပါဟုသာ...။
1942-1944 ဂျပန်ခေတ်ပိုက်ဆံ
ကိုလိုနီခေတ်ဦးမှ 1947 တွင်သုံးနေဆဲ အင်္ဂလိပ်ပိုက်ဆံ..။
1948-1953 အထိ ထုတ်ဝေခဲ့သော လွတ်လပ်ပြီးစ မြန်မာပိုက်ဆံ..။ က ဒေါင်းရုပ်ပါဝင်လာခြင်း။
953 (ပါလီမန်ဒီမိုကရေစီခေတ်အတွင်း) ဗိုလ်ချုပ်ပုံစတင် ဖော်ပြလာသည်။
1965 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။
1979-1986 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။ အသစ်ထုတ်ဝေလိုက်ငွေစက္က်ါထဲမှ ခုနှစ်ဆယ့်ငါးကျပ်တန်နှင့် သုံးဆယ့်ငါးကျပ်တန်အား တစ်နှစ်အကြာတွင် တရားမ၀င်ကြေညာလိုက်သဖြင့် ပြည်သူအများစု စီးပွားပျက်ကာ 8888 အရေးအခင်းဖြစ်ရန် အကြောင်းခံတစ်ခုဖြစ်ခဲ့..။
၈၈၈၈ အရေးအခင်းအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် (န၀တ) လက်ထက် 1990 တွင် ထပ်မံထုတ်ဝေသည့် ကျပ်တန်..။ (ဗိုလ်ချုပ်ပုံ ပါသေးသည်) Myanmar ဟု စတင်ပြောင်းသည်။
1994 အတွင်း နအဖ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အစိုးရမှ စတင်ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ စတင်ပျောက်ကွယ်သည်။ တိရစ္ဆာန်ပုံများ စတင်ပါဝင်သည်။
နေပြည်တော်အထိမ်းအမှတ် ထုတ်ဝေခဲ့သော ငါးထောင်တန်များ (ခြင်္သေ့အစား ဆင်ဖြူ ပါဝင်လာသည်)
ယခု အစိုးရသစ်လက်ထက် ဒီမိုကရေစီခေတ်ဦးတွင် ..မကြာခင်ကထုတ်ဝေခဲ့သော တစ်သောင်းကျပ် မည်သည့်တိရိစ္ဆာန်မှ မပါဝင်တော့ပါ..။ထိုငွေစက္ကူပုံများကို လေ့လာကြည့်သော် Myanmar ဟု စတင်သုံးစွဲချိန်ကစပြီး ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သလို ပြင်ပ ပြည်သူများကြားမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သည်မှာ ထူးခြားချက်ဖြစ်သည်..။ ယခုလည်း.. နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခွင့်မပေးပဲ (၄င်းတို့ပြောကြားချက်အရ) ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးကိုယ်တာခရီးစဉ်တွင် က Burma ဟု လွတ်လပ်စွာ သုံးနှုန်းခြင်းကို Myanmar သုံးရန် ဥပဒေ၏ ဖိအားဖြင့်ကြိုးစားကာ သူမ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ကြံစည်နေသလောဟုသာ..။

ဖွဲ.စည်းပုံ အခြေခံဥပဒေ ၁၉၄၇....၁၉၇၄ .... ၂၀၀၈ တို့တွင် ...အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။ဆိုသော ရည်ညွှန်းချက်ကြီးမှာ မည်သည့်အဓိပ္ပါယ်ဆောင်သနည်း..။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုပဲ ပြောခဲ့ပါသည်..။ မြန်မာ/ဗမာ လို မပြောခဲ့ပါ..။

သမိုင်းဆိုတာ ညာလို့မရသလို.. အားလုံး ဆင်ခြင်သုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..။
yan aung

0 မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ် Sorbonne ကောလိပ်မှာ ၂၈.၆.၂၀၁၂ကပြုလုပ်ခဲ့တဲ့(conference)သတင်းစာရှင်းလင်းပွဲ(ရုပ်/သံ)


Myanmar's democracy champion and Nobel Peace Prize laureate, Aung San Suu Kyi (C), flanked by French TV host Elise Lucet (L), is applauded during a conference at the Paris Sorbonne University on June 28, 2012 in Paris. Aung San Suu Kyi said that she is prepared to lead her country one day, speaking with.
Getty images

1 ပြင်သစ်နိုင်ငံ ပါရီမြို့ကသမိုင်းဝင် louvre ပြတိုက်သို့သွားရောက်လည်ပတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်(၂၉.၆.၂၀၁၂)-ဓာတ်ပုံ

ပါရီမြို့ကသမိုင်းဝင် louvre ပြတိုက်မှာ ကမ္ဘာကျော်ပန်းချီဆရာကြီးLeonardo da Vinci ရဲ့လက်ရာဖြစ်တဲ့ မိုနာလီဇာ ပန်းချီကားနောက်ခံထား၍ မြန်မာပြည်သူလူလုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး  Aurelie Filippettieနှင့်အတူတွေ့ရစဉ်
'La Liberte guidant le peuple'လို့ ပြင်သစ်လိုခေါ်တဲ့"ပြည့်သူ့အခွင့်အရေးဦးဆောင်သူ အမျိုးသမီးခေါင်းဆောင်" ပန်းချီကားကို ပြင်သစ်ပန်းချီဆရာEugene Delacroix က ပြင်သစ်ဘုရင် Charles X တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးကို အမျိုးသမီးခေါင်းဆောင်တဦးက အလံတော်ကိုင်ဆွဲပြီး တော်လှန်ခဲ့သော ဂျူလိုင်တော်လှန်ရေးကို(၁၈၃၀)ခုနှစ်မှာ ဂုဏ်ပြုရေးဆွဲခဲ့ပါတယ်။ တော်လှန်ရေးခေါင်းဆောင်အမျိုးသမီးဟာတဘက်ကအလံတော်ကိုကိုင်စွဲလို့လှံစွပ်တဘက်နဲ့ Charles Xဘုရင်ရဲ့ သစ္စာခံတပ်သားတွေကို တော်လှန်အလံမလဲစတမ်းတိုက်ပွဲခဲ့တဲ့တဲ့အမျိုးသမီးခေါင်းဆောင်ကို သမိုင်းမှတ်တမ်းအဖြစ် ဂုဏ်ပြုရေးဆွဲခဲ့တာဖြစ်ပါတယ်။
(ယနေ့ ဂျွန်လ ၂၈ရက်နေ့မှာ အလံမလဲစတမ်းငြိမ်းချမ်းရေးလက်နက်ကိုင်ဆွဲထားတဲ့ပြည်သူ့အတွက် တိုက်ပွဲဝင်နေတဲ့ လူထုခေါင်းငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကတော့ သမိုင်းဝင်ပန်းချီကားရှေ့မှာရပ်ခဲ့ပါပြီ)by -Aung pan

Photo..Getty images,Reuters

0 ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း နှင့် အစိုးရ မီဒီယာ အဖွဲ့သားများသို့

ဝန်ကြီး ဦးကျော်ဆန်းနှင့် အဖွဲ့သားများရှင့်

လူကြီးမင်းတို့ဧ။် ၂၃.၀၆.၁၂ ထုတ် ကြေးမုံသတင်းစာတွင် အကြံပေးစာများ ရေးသားပေးပို့နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။ ယခုအခါ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရန်ပြင်ဆင်နေသည့်ကာလဖြစ်သောကြောင့် လွတ်လပ်ပွင့်လင်းသော ဝေဖန်အကြံပြုချက်များအား လူကြီးမင်းများအနေဖြင့် လက်ခံနားထောင်နိုင်လိမ့်မည်ဟု ယူဆပါသည်။

၁၉၈၈ သြဂုတ်လ အရေးအခင်းများပြီးသည့်နောက်ပိုင်းမြန်မာသတင်းစာများတွင် မောင်သံချောင်း ရေးသားသည့် ဆောင်းပါးများကို အံ့သြစွာဖတ်ရှူခွင့်ရခဲ့ပါသည်။ မြန်မာသတင်းစာများသည် ကျောင်းသူ ကျောင်းသားတို့အတွက် စာစီကုံးသောပညာရပ်ဆိုင်ရာ စံပြုစရာ နမူနာယူစရာ အဖြစ်တလျှောက်လုံးတည်ရှိခဲ့ရာမှ စတင်ပျက်စီးခဲ့သောကာလဖြစ်သည်ကို ၀မ်းနည်းဖွယ်တွေ့မြင်ရပါသည်။ ကြေးမုံသတင်းစာကို စတင်တည်ထောင်ခဲ့သော ဆရာကြီးဦးအောင်ဗလက စာလုံးပေါင်းသတ်ပုံမှားသည့် သူ့လူများအား ဆူပူခဲ့ရာတွင် " လူတွေက သတင်းစာကို သမ္မာကျမ်းစာလိုဖတ်ကြတာ" ဟုပြောခဲ့ဖူးကြောင်း ဖတ်ရှုခွင့်ရသောအခါ ဆရာကြီးအနေဖြင့် မည်မျှလောက် ကြေကွဲမည်နည်းဟု မှန်းဆကြည့်မိပါသည်။ အဆိုပါ "စာပေအဆင့်အတန်း နိမ့်ပါးလှသောဆောင်းပါးများကို မည်သူရေးပါသလဲ၊ ဘာအကြောင်းကြောင့်ထည့်ပေးပါသလဲ" ဟု သတင်းစာတိုက်ကိုမေးကြည့်သောအခါ အယ်ဒီတာမှ "ကျွန်တော်တို့မသိပါ၊ အထက်ကလာပေးလို့ ထည့်ရတာပါခင်ဗျာ" ဟု သနားစဖွယ်တောင်းပန်သံကို ဒီနေ့အထိကြားယောင်နေမိပါသည်။ သူ့ခမျာရှက်ရှာပေလိမ့်မည်။

ထို့နောက် မကြာမီကာလအတွင်းတွင် အစိုးရသတင်းစာသည် လူအများသေချာပေါက် ၀ယ်ကြရလိမ့်မည်ဟု ယုံကြည်သည့်အလျှောက် ဈေးတက်လိုက်ပါသည်။ (ထိုကာလက ဖတ်စရာသတင်းစာနှစ်စောင်သာ ရှိပါသည်။) တိတ်ဆိတ်စွာ သပိတ်မှောက်သည့်အနေဖြင့် လပေးသတင်းစာဝယ်ယူခြင်းကို လုံးဝရပ်ဆိုင်းခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ရုပ်မြင်သံကြားမှ မြန်မာသတင်းများကိုလည်း TV ပိတ်ပစ်ခြင်းအားဖြင့် ပြည်သူအများ သပိတ်မှောက်ခဲ့ကြပါသည်။ ရလဒ်များကို ပြန်လည်စစ်ဆေးရန် လူကြီးမင်းတို့ဧ။် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ပွင့်လင်းမှုနှင့် တာဝန်ယူမှုရှိမည်ဆိုပါက မီဒီယာလုပ်ငန်းမှ ရရှိခဲ့သော နှစ်အလိုက် ကုန်ကျစရိတ်နှင့် အမြတ်ငွေ စာရင်းများကို ပြည်သူများသို့ တင်ပြစေလိုပါသည်။ ယခုလက်ရှိသတင်းစာစောင်ရေ မည်မျှရောင်းအားရှိကြောင်း လူဦးရေအချိုးအစားဖြင့် အတိအကျသိလိုပါသည်။ နိုင်ငံတကာတွင် အမြတ်အစွန်းများလှသော မီဒီယာလုပ်ငန်းသည် မြန်မာအစိုးရအတွက်မူ ကြော်ငြာဝင်ငွေကို ဖယ်ပြီးနောက် အမြတ်မရှိပါဟု ဆိုလျှင် အံ့သြလိမ့်မည် မဟုတ်ပါ။ အရှူံးပေါ်သည်ဆိုလျှင်ကား လုပ်တတ်သူများကို လွှဲပေးလိုက်ပါဟု ဆက်ပြောရန်သာ ကျန်ပါတော့သည်။

မည်သည့်နိုင်ငံတွင်မဆို မည်သည့်အစိုးရမဆို ၀ါဒဖြန့်မီဒီယာ လိုအပ်သည်ကို ကောင်းစွာနားလည်ပါသည်။ ဟစ်တလာဆိုမိန့်ခဲ့သော "လိမ်မည်ဆိုလျှင် ကြီးကြီးကျယ်ကျယ်လိမ်ပါ" ဟူသောအဓိပ္ပါယ်ကိုလည်း လူကြီးမင်းများအနေဖြင့် သိထားပြီးဖြစ်ပါလိမ့်မည်။ ယခုအချိန်ကာလသည် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့အတွက်သာမက ခေတ်အဆက်ဆက် လက်ကိုင်တုတ်ဖြစ်ခဲ့ရသော မြန်မာ့တပ်မတော်အတွက် ဂုဏ်ကျက်သရေနှင့် နာမည်ကောင်းကို အစွမ်းကုန်မြှင့်တင်ပေးရန် တာဝန်သည် လူကြီးမင်းတို့ မီဒီယာသမားများဧ။် ပုခုံးပေါ်တွင် လုံးလုံးလျားလျားကျရောက်နေပါသည်။ ၂၀၁၅ မတိုင်မီအတွင်း ထူးကဲစွာရရှိထားသော နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါသည်။ ထိုအခွင့်အရေးကို လူကြီးမင်းများ နားလည်သဘောပေါက်စွာဖြင့် အပြည့်အ၀အသုံးချနေပါသလားဟု မေးခွန်းထုတ်လိုပါသည်။

အားမနာတမ်းပြောပါရစေ။ မှန် မမှန် ချင့်ချိန်ကြည့်စေလိုပါသည်။ အစိုးရသတင်းစာများသည် ကျောင်းသားများအတွက် စံပြုစရာ အနေအထားကို ပြန်လည်ရောက်ရှိရန် မိုင်တိုင်များစွာ ဖြတ်ကျော်ရပါဦးမည်။ သမ္မာကျမ်းစာအဆင့်ကိုမူ အိပ်မက်မျှပင် မက်နိုင်ခြင်းမရှိသေးပါ။ တဆင့်လျော့အနေအထားဖြင့် လုပ်ကိုင်နေရသော ပြိုင်ဘက်ဂျာနယ်များ ရောင်းကောင်းရခြင်းအကြောင်းသည် အခွင့်ထူးခံနေ့စဉ်ထုတ်သတင်းစာများနှင့် အစိုးရဂျာနယ်များဧ။် ညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ ဒီဗွီဘီအပါအ၀င် ပြည်ပရုပ်သံသတင်းများကို ပြည်သူများမှ အလုံးစုံပုံကာ မယုံသော်လည်း စောင့်ကြည့်နေရခြင်းသည် မြန်မာ့ရုပ်သံဧ။် အားထားလောက်ဖွယ်မမြင်သော အရည်အချင်းကြောင့်ဖြစ်ပါသည်။

သတင်းစာတစောင်လုံးသည် စိတ်ဝင်တစားအလေးထားလောက်သော သတင်းများရှားပါးနေသည်မှာ အံ့သြစရာကောင်းလှပါသည်။ ဆောင်းပါးများသည်လည်းကောင်း ခေါင်းကြီးပိုင်းသည်လည်းကောင်း ၀တ်ကျေတန်းကျေနိုင်လှပါသည်။ ၁၉၈၈ မဟုတ်တော့သော ယနေ့သတင်းခေတ်တွင် အစိုးရအဖွဲ့ဝင်များဧ။်ဓါတ်ပုံများကိုသာ ရွေးချယ်ဖော်ပြခြင်းသည် ဓါတ်ပုံရှင်နှင့် မိသားစုများကို ၀မ်းသာအားရဖြစ်စေရုံသာ အစွမ်းရှိပါသည်။ စာဖတ်ပရိသတ်အတွက်မူ နှစ် ၂၀ ဓါတ်ပြားဟောင်းကြီးကို နားထောင်ရသလောက်တောင် ဆွဲဆောင်မှုလုံးဝ မရှိပါ။ ရုပ်မြင်သတင်းတွင်လည်း ဥက္ကဌကြီး သစ်ပင်စိုက်ခြင်း၊ ရွှေရေ ငွေရေလောင်းခြင်း၊ ငါးလွှတ်ခြင်းများကို ယခုတိုင်သတင်းလုပ်ဖော်ပြနေသည်မှာ " ငါ့လှေငါထိုး ပဲခူးရောက်ရောက် " ပေါ်လစီများချထားလေသလားဟုပင် ထင်မှတ်ရပါသည်။

အခွင့်ရခိုက်တင်ပြလိုသည်မှာ ပညာရေးဝန်ကြီး ကျောင်းများကို လှည့်လည်စစ်ဆေးခြင်း၊ စိုက်ပျိုးရေးဝန်ကြီး လယ်ကွင်းများဆင်းကြည့်ခြင်းများသည် အစိုးရအဖွဲ့ဧ။် လုပ်ကိုင်ဆောင်ရွက်မှုများကို မပေါ်လွင်စေသည်သာမက သေးသိမ်ညံ့ဖျင်းစေပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အရှိိန်အဟုန်ဖြင့်စတင်ရမည့်အချိန်၊ စိုက်ပျိုးရေးကဏ္ဍအတွက် အသေးစိတ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်နေရမည့်ကာလတွင် ၀န်ကြီးများအဖို့ လျှောက်သွား မုန့်စားရန် အချိန်ရသေးသည်မှာ ရယ်စရာကောင်းလှပါသည်။ ထိုသို့စစ်ဆေးခံရန်အတွက် သက်ဆိုင်ရာကျောင်းများ၊ ဒေသများတွင် ဧည့်ခံစားရိတ်မည်မျှကုန်ကျကြောင်း၊ ချို့ယွင်းချက်များကို ၀န်ကြီးမမြင်အောင် အပေါ်ယံကြော ဖုံးကာရသည်မှာ မည်မျှပင်ပန်းကြောင်း နှစ်ပေါင်းများစွာ အတွေ့အကြုံကြောင့် သိရှိထားသော ပြည်သူလူထုမှ အံတိုနေပြီဖြစ်ကြောင်း ပြောကြပါလိမ့်မည်။ အမှန်တကယ် ကွင်းဆင်းစစ်ဆေးရန်လိုအပ်သည်ဆိုပါက လျှပ်တပြက်ဝင်ရောက်အကဲဖြတ် အမှတ်ပေးတတ်သော Watch Dog အဖွဲ့များအား အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။ ကုန်ကျစားရိတ်လည်း သက်သာပါလိမ့်မည်။ အခြေအနေမှန်ကိုလည်း သိခွင့်ရပါလိမ့်မည်။

( အမှန်အတိုင်း ကြားရဲသော သတ္တိကိုမူ ကြိုတင်မွေးထားစေလိုပါသည်။)

အင်္ဂလိပ်များအုပ်ချုပ်စဉ်ကာလက ဂျာနယ်ကျော် ဦးချစ်မောင်ဧ။် လက်ထောက်အယ်ဒီတာအား သတင်းစာတိုက်ပိုင်ရှင် အစိုးရအဖွဲ့ဝင် ဂဠုန်ဦးစောမှ " ငါတို့အစိုးရ ကောင်းတာလုပ်ရင် ကောင်းကြောင်းရေးပေးပါ။ မကောင်းတာလုပ်ရင် မကောင်းကြောင်းရေးပါ။" ဟု ခေါ်ပြောခဲ့ပါသည်။ သတင်းသမားပီသလှသော လက်ထောက်အယ်ဒီတာမှ ပြန်လည် ရှင်းပြခဲ့သည်မှာ " ဆရာတို့ အစိုးရအဖွဲ့အနေဖြင့် ကောင်းတာလုပ်တာမှန်ပေမယ့် အစိုးရတာဝန်ကိုထမ်းဆောင်နေတာမျိုး -- ဥပမာ -- တံတားဆောက်၊ လမ်းဖောက် သတင်းတွေကိုသာ အကုန်လုံးဖော်ပြနေရရင် သတင်းစာ အစောင် ၁၀၀ တောင်လောက်မှာမဟုတ်ဘူး။ ထူးခြားမှုရှိမှသာ ဖော်ပြနိုင်မှာပေါ့" ဟုဖတ်ရပါသည်။ (ဂျာနယ်ကျော်ဦးချစ်မောင် နှင့် လက်ထောက်အယ်ဒီတာတို့ ထိုသတင်းစာတိုက်မှ မကြာခင် အလုပ်ထွက်စာတင်ခဲ့ကြပါသည်။) လူကြီးမင်းတို့အနေဖြင့် အနှစ်နှစ်ဆယ်ကျော် နေ့စဉ်ရက်ဆက် စိတ်တိုင်းကျ ဖော်ပြခဲ့ပြီးဖြစ်သောကြောင့် ထူးခြားမှုမရှိသော သတင်းများကို ရပ်တန်းကရပ်တန့်ပါရန် စေတနာဖြင့် အကြံပြုလိုပါသည်။

တဆက်တည်းပြောလိုသည်မှာ နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်လိုက်သည်နှင့်တပြိုင်နက် မီဒီယာလောကတွင် နိုင်ငံတကာအဆင့်မီ ပြိုင်ဘက်များစွာပေါ်ပေါက်လာပြီဖြစ်ပါသည်။ လတ်တလော ရခိုင်ပြည်နယ်အရေးအခင်းတွင် ပြည်ပမီဒီယာများဧ။် ပရိယာယ်ကြွယ်ဝမှုကို ထင်ထင်ရှားရှားမြင်တွေ့ကြရပြီးဖြစ်ပါသည်။

ချီးမွမ်းထိုက်သည်မဟုတ်စေကာမှု အရေးအသား အသုံးအနှုန်း အပြောအဆို အကွေ့အပတ်များသည် နမူနာ ယူထိုက် ကြောင်းတွေ့ရပါသည်။ လှေကြီးထိုး ရိုးရိုးသာလာခဲ့ကြသော မြန်မာ အစိုးရမီဒီယာ၊ ပုဂ္ဂလိကပြည်တွင်းမီဒီယာများ အတွက် အတူတကွဖြေဆိုရသော ပထမဆုံးနိုင်ငံတကာစာမေးပွဲဟုလည်းဆိုနိုင်ပါသည်။ နောင် ဒီထက်ခက်သော စာမေးပွဲများစောင့်ကြိုနေသည်မှာ ဗေဒင်မေးရန် မလိုပါ။ မြန်မာလူငယ် မီဒီယာသမားများဧ။် အရည်အသွေးကို မြှင့်တင်ရန် အစိုးရ၊ ပုဂ္ဂလိက သင်တန်းများ ပို့ချနေသည်ကို တွေ့ရှိရပါသည်။ သို့သော် လူကြီးမင်းတို့ဧ။် အစိုးရသင်တန်းများတွင် မည်သို့သော သင်ခန်းစာများပို့ချနေပါသနည်း။ လက်ရှိအစိုးရသတင်းစာပုံစံ၊ ရုပ်မြင်သတင်း ကြေညာသည့်ပုံစံကို သင်ရိုးညွှန်းတမ်းပြုထားပါသလား။ သို့မဟုတ် ငါပြောသလိုလုပ် ငါတို့လုပ်သလို မလုပ်နဲ့ဟုများ လက်သိပ်ထိုးမှာကြားနေပါသလား။ နောင်အနာဂတ် မီဒီယာခေါင်းဆောင်များအား မည်သည့်ပုံစံဖြင့်မွေးထုတ်နေပါသလဲ။

အထူးလုပ်ပိုင်ခွင့်ကို ရရှိထားသော အစိုးရမီဒီယာဖြစ်သောကြောင့် အထူးပညာသားပါ၍ သိမ်မွေ့လှသော ၀ါဒဖြန့်ချီရေးများကိုသာ ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရန်လည်း အစိုးရတွင် မီဒီယာ အကြံပေးသီးသန့်ရှိသင့်ပါသည်။ (နိုင်ငံတကာအတွေ့အကြုံနှင့် အရည်အချင်းရှိသူဖြစ်ရပါမည်။) ဥပမာ -- ဗြိတိန်အစိုးရသည် အာဖဂန်စစ်ကိုဆင်နွှဲရာတွင် ပြည်သူအများထောက်ခံမှုကို မရခဲ့ပါ။ ထို့အတွက် တော်ဝင်မင်းသားဟယ်ရီ ကိုယ်တိုင်စစ်ပွဲတွင်ပါဝင်ဆင်နွှဲနေသည်ကိုပြသခြင်း၊ ကျဆုံးသူများအား အိမ်ပြန်လမ်းတွင် တလေးတစားဂုဏ်ပြုကြသည်ကိုပြသခြင်း၊ ဒဏ်ရာရရှို၍ ခြေလက်ဆုံးရှူံးရသူများကို လိုလေသေးမရှိပံ့ပိုးပေးသည် ကိုပြသခြင်း၊ ကျဆုံးခဲ့သော ဗြိတိန်စစ်သား ၃၀၀ အတွက် ၀န်ကြီးချုပ်ကိုယ်တိုင် ၀မ်းနည်းစကားထုတ်လွှင့်ခြင်း စသည်ဖြင့် ပြည်သူတို့ဧ။် ထောက်ခံမှုကိုတောင်းခံခဲ့ပါသည်။

မြန်မာပြည်တွင်မူ ကျဆုံးခဲ့သောတပ်မတော်သားများအား အိမ်ပြန်လမ်းတွင် အခေါင်းသယ်ဆောင် အလေးပြုမြေမြှုပ်ခြင်းမျိုး တခါမှပင် မြင်တွေ့ခဲ့ဖူးခြင်း မရှိပါ။ အာဖဂန်စစ်သည် နိုင်ငံတနိုင်ငံကို ကျုးကျော်စစ်ဖြစ်ပါသည်။ ပြည်တွင်းစစ်သည် ညီအကိုချင်းသတ်ဖြတ်သည့်စစ်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်သားများသည် လက်ကိုင်တုတ်အဖြစ်အသုံးခံရသလို ထိုက်တန်စွာအလေးပြုခံရခြင်းလည်းမရှိပဲ တိတ်ဆိတ်စွာ အသက်ပေးခဲ့ကြပြီး ဖြစ်ပါသည်။ ယခုကျင်းပနေသည်မှာ လပေါင်းအတော်ကြာ၍ လိပ်ခဲတည်းလည်း ဖြစ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် နှစ်ဘက်ခေါင်းဆောင်များအတွင်း ညှိနှိုင်းနိုင်သည့်တိုင်အောင် လက်နက်ကိုင်မဟုတ်သော ဒေသခံတိုင်းရင်းသားပြည်သူများဧ။် စိတ်ဝင်စားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းမှုမရှိပဲ ရေရှည်အောင်မြင်လိမ့်မည်မဟုတ်ပါ။ တနိုင်ငံတည်းနေ မိသားစုဝင်တို့အား လက်ကမ်းလိုပါလျှင် လက်ရှိအစိုးရအနေဖြင့် နှစ်ဘက်စလုံးမှ အသက် အိုးအိမ်ဆုံးရှူံးခဲ့ရသော သွေးချင်းများအတွက် ၀မ်းနည်းစကားပြောကြားခြင်း၊ တာဝန်ရှိကြောင်း တရားဝင်ထုတ်ဖော်ခြင်းအားဖြင့် ဆွဲဆောင်နိုင်ကြောင်း အကြံပြုလိုပါသည်။ အမှန်တရားကို တကြိမ်တခါဖြစ်စေ ၀န်ခံခြင်းသည် ကြားရသူအပေါင်းဧ။် ကောင်းချီးသြဘာကို ရရှိနိုင်ပါသည်။ ဂျပန်အစိုးရအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်းကျုးလွန်ခဲ့သမျှကို တောင်ကိုးရီးယားနိုင်ငံသားတို့အား ကမ္ဘာသိတောင်းပန်၍ ထိုက်တန်စွာ လျော်ကြေးပေးနိုင်သည်ဆိုလျှင် တမြေတည်းနေ မောင်နှမများအတွက် မာနနဲနဲလျော့ချပေးရခြင်းမှာ နတ်လူသာဓုခေါ်စေနိုင်ပါသည်။

ဒုတိယ ဥပမာအနေဖြင့် လက်ရှိအစိုးရအတွက် ပြစရာအကောင်းဆုံး လွှတ်တော်ဆွေးနွေးခန်းများ ဖြစ်ပါသည်။ အမေရိကန်၊ ဗြိတိန် စသည့် လွှတ်တော်ဆွေးနွေးပွဲများကဲ့သို့ သက်ဝင်လှုပ်ရှားနေရမည်ဟု မဆိုလိုပါ။ ဆင်လည်း ဆင့်အထွာ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာဖြင့် သွားကြသည်မှာ သဘာဝကျပါသည်။ မြန်မာတို့ဧ။် ဆွေးနွေးခန်းများကို တကမ္ဘာလုံးက စိတ်ဝင်စားကြောင်း အထူးပြောဖွယ်မလိုပါ။ မြန်မာ့ရုပ်သံသတင်းများတွင် အိပ်ငိုက်ငိုက်ဖြင့် နားထောင်ချင်ယောင်ဆောင်နေသော ငုတ်တုတ်ထိုင် ကိုယ်စားလှယ်များကို တချိန်လုံးပြသနေခြင်း၊ အပြန်အလှန် ဆွေးနွေးမှုများကို တဆင့်ပြောစကားဖြင့်သာ ထုတ်လွှင့်ခြင်းများကို ရှောင်ရှားသင့်ပါသည်။ လွှတ်တော်တွင်း ဆွေးနွေးချက်များကို လွှတ်တော်ပြင်ပတွင် ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ပြည်သူတို့ဧ။် ထောက်ခံချက်၊ ဆန့်ကျင်ဘက် ထင်မြင်ချက်အချို့တို့ဖြင့် ထောင့်စုံအောင်တင်ပြနိုင်လျှင် မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါလိမ့်မည်။ သတင်းသမားအပြကောင်းလျှင် အစိုးရနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်၊ တပ်မတော်သားကိုယ်စားလှယ်များအား လူကြိုက်များအောင်ပင်လုပ်နိုင်ပါလိမ့်မည်။ အတိုက်အခံတို့ဧ။် အားနည်းချက်များကို ယဉ်ကျေးလှပစွာ ထောက်ပြနိုင်ပါလိမ့်မည်။ ပရိသတ်အများစု စိတ်ဝင်စားသော အပိုင်းကို ဖြတ်တောက်တင်ပြရန်မှာ သတင်းသမားဧ။် တာဝန်ဖြစ်ကြောင်း လူကြီးမင်းများသိပြီးဖြစ်ပါလိမ့်မည်။ သို့ရာတွင် မြစ်ကိုအလျားလိုက်ကူးသကဲ့သို့သော တင်ပြပုံမျိုးသည် လိုင်းပြောင်းကြည့်ချင်စိတ်ကိုသာ ဖြစ်ပေါ်စေပါသည်။

လူတယောက်သည် မိမိဧ။် အဆင့်အတန်းကို ပြသရန် အ၀တ်အစားကောင်းမွန်သေသပ်စွာ ၀တ်ဆင်ရသကဲ့သို့ပင် တကမ္ဘာလုံးက ၀ိုင်းဝန်းစောင့်ကြည့်နေကြချိန်တွင် မြန်မာ့ရုပ်မြင်နှင့် သတင်းစာသည်လည်း မြန်မာအစိုးရဧ။် ကိုယ်ပိုင်အဆင့်အတန်းကို ကိုယ်စားပြုကြောင်း လေးနက်စွာ ယုံကြည်ပါသည်။ (သမ္မတကြီးကိုတော့ အားနာပါသည်။) ပြောင်းလဲကြပြီဟု အထပ်ထပ်ပြောဆိုကြရာတွင် အပေါ်ယံပင်ဖြစ်စေကာမူ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ချပ် ဆိုသကဲ့သို့ ရုပ်မြင်ပုံတကွက်သည် အသက်ဖြစ်သွားနိုင်ကြောင်း သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဧ။် ဓါတ်ပုံက သက်သေပြခဲ့ပြီးဖြစ်ပါသည်။

သတင်းစာကို ကိုင်လိုက်သည်နှင့် မြန်မာရုပ်သံသတင်းကို ဖွင့်လိုက်သည်နှင့် တို့တတွေ ခေတ်ပြောင်းနေပြီဟု ယုံကြည်လောက်သည့်အထောက်အထားများကို (အတုအယောင်ပင်ဖြစ်စေ) မြင်လိုတွေ့လိုလှပါသည်။ မကြာမီသော အနာဂတ်တွင် မြင်တွေ့ကြရလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။ ထို့အတွက်မူ အားသွန်ခွန်စိုက် အလုပ်လုပ်ကြရပါလိမ့်မည်။ ခေတ်နောက်ပြန်ဆွဲသော အမြင်များနှင့် လုပ်ရိုးလုပ်စဉ်များကို ချန်ထားခဲ့ရပါလိမ့်မည်။ တဦးတည်းပြိုင်စဉ် အနိုင်ရခြင်းထက် ပြိုင်ဘက်ကောင်းများအလယ် ဗိုလ်စွဲခြင်းက အဆပေါင်းများစွာ ဂုဏ်ရှိကြောင်း နောင်မျိုးဆက်များအားသင်ကြားကြရပါလိမ့်မည်။

( ဒီစာကို တစုံတယောက်၊ တဖွဲ့ ကို နစ်နာစေလိုသော သဘောဖြင့်မဟုတ်ပဲ ပြည်သူတယောက်အနေဖြင့် ကိုယ်ပိုင်အမြင်တခုနဲ့ ရေးပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့ဝင်မှ မဟုတ်တဲ့အတွက် ဘယ်သူ့အတွက်ရေးတာလဲ မဟုတ်ပါ။ ရှူထောင့်မတူသူများ လွတ်လပ်စွာ ၀င်ရောက်မှတ်ချက်ရေးသားနိုင်ပါတယ်။ )

Thanda Win Faebook

Friday, June 29, 2012

3 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတစ်သန်းကြိုဆိုရေး campaign လုပ်ဆောင်နိုင်ရန် ပြည်သူလူထုအား ဖိတ်ခေါ်ခြင်း

မြန်မာ့သမိုင်းတွင် မော်ကွန်းထိုးရမည့်ဖြစ်စဉ်ကြီးများ ယနေ့ မြန်မာ့ပြည်တွင် ဖြစ်ပေါ်လျှက် ရှိပါသည်။

မိမိတို့ နိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆု အား နိုင်ငံ့ ဂုဏ်၊ မြန်မာ တမျိုးသားလုံး ကိုယ်စား ဆောင်ယူမြင့်တင်ကာ လက်ခံရယူအပြီး အလွန်ကြီးမြတ်လှသော တိုင်း ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းမှု ဆုတံဆိပ်များ၊ ကမ္ဘာ့ခေါင်းဆောင်များဧ။် မြန်မာ့နိုင်ငံရေးအပေါ် ကောင်းကျိုးသက်ရောက်စေမည့် ထောက်ခံအားပေးမှုများကို ဆောင်ယူပြီး နိုင်ငံ အနာဂတ် ရောင်ခြည်အလင်းများ တပွေ့တပိုက်ဖြင့် အမိမြေဆီသို့ ယခုရက်ပိုင်း အတွင်း ဆိုက်ရောက်တော့မည်ဖြစ်ပါသည်။ လာမည့် 30 ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ လူထုခေါင်းဆောင်ကြီး ရောက်ရှိ ခြေချတော့မည်ဖြစ်ပါသည်။

သမိုင်းတခေတ်တွင် တကြိမ်တခါမျှသာ ကြုံဆုံခွင့် ရနိုင်သော ယခု ကဲ့သို့ ထူးခြား အံ့ဘနန်း အဟုန် အရှိန်ပြင်းစွာ ဂုဏ်ယူလေးစားဖွယ် အောင်ပွဲခံ အပြန်ခရီးကို မြန်မာပြည်ကိုချစ်သော မြန်မာ့ အနာဂတ် အရေးကို စိတ်ဝင်စားသော ပြည်သူပြည်သား မြန်မာနိုင်ငံသားများ အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းခရီးတလျောက် စောင့်ဆိုင်းကြိုဆို ဂုဏ်ပြုခြင်းဖြင့် မြန်မာဟူသည် ဒီလို ဟု ဇာတိဂုဏ်ပြသကြပါရန် လှုံ့ဆော်တိုက်တွန်းပါသည်။

မြန်မာ့ဂုဏ်ဆောင် မြန်မာ့ လူထုခေါင်းဆောင်ဧ။် အောင်ပွဲခံအပြန်ခရီး အား လေဆိပ်မှ နေအိမ်ထိ အပြန်ခရီး တလျောက် ရန်ကုန်မြို့နှင့် အမေစုကို မြတ်နိုးသူများ စုဝေးရောက်ရှိ စနစ်တကျ စီတန်း ကြိုဆိုကြမည် ဆိုပါလျှင် လေဆိပ်မှာ တက္ကသိုလ် ရိပ်သာ လမ်းတလျောက် စနစ်တကျ စီတန်း စောင့်ဆိုင်း ကြိုဆို နှုတ်ဆက်ကြမည် ဆိုပါလျှင် လူဦးရေ သန်းနှင့် ချီပြီး ကြိုဆိုနိုင်မည်ဖြစ်သည် ။

ညီညွတ်စည်းကမ်းရှိစွာ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကမ္ဘာတွင် ထင်ရှားသော လူထုကြိုဆိုပွဲကြီး တခုဖြစ်လာမည်သာ မက မြန်မာ့ အနာဂတ် နိုင်ငံရေးတွင် လက်ရှိ သမတကြီး ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ ဦးဆောင်ပြီး နိုင်ငံသားတိုင်း မျှော်လင့်တောင့်တ နေသည့် အသွင်ပြောင်း ဖြစ်စဉ်များကို အပြုသဘောဖြင့် ၀ိုင်းဝန်းကူညီထောက်ခံပေးရာလည်း ရောက်မည်ဖြစ်သည်။

.......

ကျနော်တို့ ပြည်တွင်းက လူငယ်များ အတွက် မဟာလှုပ်ရှားမှု တခုလည်း ဖြစ်မည့် ယခု ကမ်ပိန်းအား အဖွဲ့အသီးသီး၊ နယ်ပယ် အသီးသီးမှ မြန်မာ့ အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြမည့် မျိုးချစ်သူတိုင်း ငြိမ်းချမ်းစွာ ပါဝင်ဆင်နွဲနိုင်ပါသည်။

(ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်သန်းကြိုဆိုရေး campaign ) အမည်ဖြင့် လူထုခေါင်းဆောင် ပြည်ပခရီးမှ အပြန် လေဆိပ်ဆိုက်ရောက် ချိန်မှ နေအိမ်သို့ အပြန်လမ်းခရီးတလျောက်တွင် ရန်ကုန်တိုင်းဒေသ တခွင်မှ ပြည်သူလူထု သန်းနဲ့ချီပြီး စောင့်ဆိုင်းကြိုဆိုစေလိုသော ကမ်ပိန်း ဖြစ်မြောက်ရေး တပိုင်တနိုင် မိမိတို့နိုင်ရာမှ အားလုံး ပါဝင် လုပ်ဆောင်နိုင်ပါရန် တိုက်တွန်းနိုးဆော်ပါသည်။ ယခု သတင်းအားလည်း လက်ဆင့်ကမ်း အမြန်ဆုံး ဖြန့်ဝေ ပူးပေါင်းပါဝင်နိုင်ပါရန် တိုက်တွန်းအပ်ပါသည်။

ကျနော့် ဖုန်းနံပတ် 0949328559 ။ လူငယ်ကျောင်းသားခေါင်းဆောင် ကိုဝေလု ဖုန်းနံပတ် 09450037685ေ တို့ကိုခေါ်ဆိုပြီး သိရှိလိုသည်များကို မေးမြန်းနိုင်ပါသည်။

ပြည်သူလူထုအား လေးစားစွာဖြင့်

နေမျိုးဇင် ( မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်)

0 နိုဗဲလ် ဆုရှင် ဒို့မိခင် ကိုကြိုဆိုကြစို့



တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင် တို့ တွဲဖက်ရေးစပ်သီဖွဲ့ ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

နောက်ဆုံး သိရှိရတဲ့ အခြေအနေအရ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် လေယာဉ်ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။ ကြိုဆိုမည့်သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာရွှင်ပြ ငြိမ်းချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမည်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ..... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ။ ညီညာဖျဖျ ကြိုဆိုကြမည်။ တူယှဉ်ကာဆုံမည်။ နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီး နိုဗဲလ် ဆုရှင်သည် .......မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ၊ မြန်မာ အမျိုးသားတို့ ဂုဏ်ယူကြသည်။ ညီညာစွာ ကြိုမည် ချစ်သည်။ ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။ ...............ကမ္ဘာကသိတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားမျှတ တည်ငြိမ်းချမ်းမယ့် နိုင်ငံသစ် တည်မည်။ ဒို့တိုင်းရင်းသား တို့ ယုံကြည်ကြသည်။ ကြည်သာစွာ ကြိုမည်။ နောင်မျိုး အဆက်ဆက် ကမ္ဘာတည်တံ့မည် ပြည်သူ့ခေါင်းဆောင်သည် မော်ကွန်း ကမ္ပည်းထက် အစဉ်တည်တံ့မည် အဖေတူ သမီးပီပီ နိုင်ငံ အ၀ှမ်းမှာ အောင်တံခွန်လွှားမည်။ တူယှဉ်ကာပျော်မည်။ ချစ်သည်။ ......... ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ .လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ...လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။....... နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီ နိုဗဲလ် ဆုရှင်သည် မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ။ မြန်မာတမျိုးသားလုံး ဂုဏ်ယူကြပြီ ညီညာစွာ ကြိုမည်။ လူထုကောင်းဖို့ ကိုယ်ကျိုးစွန့်တဲ့ နိုဗဲလ် ဆုရှင်သည် ချစ်သော အမိမြေ သာယာတင့်ဖို့ သူဆောင်ရွက်လေပြီ၊ ပြည်သူနဲ့ တပ် အတူလက်တွဲကာ ပျော်ရွှင်စွာကြိုမည် ချစ်သည်။ ....... ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ .....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ..လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည်

0 မြန်မာအစိုးရ၏ ဆွဲဆောင်မှုသည် တိမ်းချော်နိုင်သော လမ်းလျှောတစ်ခု

(The Washington Post မှ 28 Jun 2012 ရက်စွဲပါ “Burma’s Lure is a slippery slope” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

အိုဘားမားအစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ဂရုတစိုက် အလျှော့အတင်းပြုလုပ်ကာ၊ လုပ်ဆောင်စရာများစွာ ကျန်ရှိ နေသေးသော ယိုင်နဲ့နဲ့ ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ကို ကြိုဆိုထောက်ခံရန်အတွက် Sanctions များကို ဖြေလျော့ပေးနေသည်။ သို့သော် ၎င်း အလျှော့အတင်း ဇက်ကြိုးထိန်းမှုသည် ယခုအခါ အန္တရာယ်ရှိလာပြီ။

လတ်တလောတွင် အမေရိကန်ရေနံကုမ္ပဏီများအား မြန်မာအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ MOGE နှင့်အတူ စီးပွားရေးလုပ်ခွင့်ပေးမလားဆိုသည်ကို အမေရိကန်အစိုးရတာဝန်ရှိသူများ ငြင်းခုန်နေကြသည်။ အမေရိကန်ကုမ္ပဏီများကို ခက်ခက်ခဲခဲ စည်းရုံးနေရသည်ပာုလည်း သိရှိရသည်။ သို့သော်လည်း ၎င်းရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ဖွင့်ပေးလိုက်ပါက နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ယခင်လပိုင်းများအတွင်း ကြေညာခဲ့သော မူဝါဒ၏ အဓိပ္ပါယ်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သူမ၏ ပြည်တွင်းရပ်တည်မှုအနေအထားကို အထိခိုက်ခံ၍ ပွင့်လင်းစွာပြောဆိုထားသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံဉာဏ်ကိုလည်း ဆန့်ကျင်ရာရောက်ပေလိမ့်မည်။ ယခုလို သိမ်မွေ့လွန်းသော အခြေအနေတွင် သူမ အားနည်းသွားအောင် ဘာကြောင့် သမ္မတအိုဘားမား လုပ်ချင်ရပါသနည်း။

Burma(သို့)မြန်မာနိုင်ငံသည် လူဦးရေ သန်း ၅၀ ကျော်နှင့်အတူ သယံဇာတကြွယ်ဝသော်လည်း တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဆင်းရဲတွင်းသို့ ကျဆင်းသွားခဲ့သည်။ ယခုလောလောဆယ်တွင် သမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးပောာင်း)က ပြည်သူများကို ပိုမိုလွတ်လပ် ခွင့်ပေးလာကာ၊ ကမ္ဘာကြီးနှင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြန်လည်ဆက်သွယ်ရန် ကြိုးစားလျက်ရှိသည်။ သမ္မတဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တွန်းရန်အတွက် အတူရပ်တည်နိုင်မည့် အကျိုးတူနယ်စပ်ရှာတွေ့ရန် ကြိုးစားနေကြသည်။ သူတို့အပေါ် မျှော်လင့်ချက်ထားချင်စရာကောင်းသော နှိုင်းယှဉ်မှုမှာ တောင်အာဖရိကနိုင်ငံ၏ အက်ဒဗလျူ ဒီကလပ်နှင့် နယ်လ်ဆင်မင်ဒဲလားတို့ပင်ဖြစ်သည်။

မကြာသေးမီက ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ အလုပ်သမား အခွင့်အရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရှင်သန်စေမှုစသော ဒီမိုကရေစီနှင့်ကိုက်ညီမည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်းပြောဆိုသွားသည်။

မြန်မာအစိုးရပိုင်ရေနံကုမ္ပဏီ(MOGE)သည် အဆိုပါ တန်ဖိုးများနှင့်ဆန့်ကျင်ဘက် ကိုယ်စားပြုနေသည့်အပြင် စစ်အုပ်ချုပ်ရေး၏ ဆိုးဝါးသော ဖိနှိပ်မှုများအတွက် ရန်ပုံငွေထောက်ပံ့သော၊ အားပေးအားမြှောက်ပြုသော ကုမ္ပဏီတစ်ခုဖြစ်နေသည်။

နိုင်ငံပိုင်ကုမ္ပဏီသည် လောလောဆယ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု နှစ်မျိုးစလုံးမရှိပါပာု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားထင်မြင်ချက်ကို ထပ်တူထပ်မျှကိုယ်စားပြု ပြောကြားလိုက်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုအပါအဝင် နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းတွေကို ကျင့်သုံးဖို့လိုအပ်နေပါတယ်။ မြန်မာအစိုးရ ကုမ္ပဏီက ဒီလိုစည်းမျဉ်းတွေကို လိုက်နာဖို့ လက်မှတ်မထိုးသေးသမျှ၊ ဒီနိုင်ငံတကာအစိုးရတွေက သူတို့ကုမ္ပဏီတွေကို လက်တွဲခွင့် မပေးဘူးဆိုရင် မြန်မာပြည်သူတွေအပေါ် ကူညီရာရောက်ပါတယ်”ပာု သူမက ဆိုသည်။

Sanctions များဖြေလျော့သွားစေမည့် မှန်ကန်သော အရှိန်အပာုန်ကို ရရှိရေးမှာ ခက်ခဲနိုင်ဖွယ်ရှိသည်။ ဦးသိန်းစိန်နှင့် သူ့အုပ်စုအနေဖြင့် ဒီမိုကရေစီအပြောင်းအလဲက လက်တွေ့အကျိုးဖြစ်ထွန်းစေမည်ပာူသောအချက်ကို ခေါင်းမာသော ဗိုလ်ချုပ်ပောာင်းများနှင့် ပြည်သူလူထုကိုပါ ပြသရန် လိုအပ်နေသည်။ အခြားတစ်ဖက်တွင်လည်း ပြုပြင်ပြောင်းလဲရေးဝါဒီများအနေဖြင့် သူတို့ဆက်လက် ပြောင်းလဲရန်အတွက် နိုင်ငံတကာ၏ နောက်ထပ် အလျှော့ပေးမှုများလိုအပ်ကြောင်း စောဒကတက်နိုင်မည်ဆိုပါက အကူအညီများရနိုင်ပေလိမ့်မည်။ လက်ရှိ မြန်မာနိုင်ငံတွင် တရားရုံးများနှင့် မီဒီယာများကို ချုပ်ကိုင်ထားဆဲပင်ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားရာဂဏာန်းခန့် ထောင်ထဲတွင် ကျန်ရှိနေသည်။ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသလို၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြင့် ရွေးချယ်ခံရသော လွှတ်တော်အမတ်ဦးရေမှာလည်း ၁၀ ဦးလျှင် ၁ ဦးမပြည့်ပေ။

သို့သော် ယခု ရေနံကိစ္စသည် ခက်ခဲသော တောင်းဆိုမှုများထဲမှ တစ်ခုမပာုတ်ပါ။ ဧပြီလတွင် ပီာလာရီကလင်တန်က “မြန်မာ့စီးပွားရေး ခေတ်မှီရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အရှိန်ရအောင် ကူညီရန် ပစ်မှတ်ရွေးချယ်ဖြေလျှော့ပေးနေသည်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှု၏ အခြားတစ်ဖက် လမ်းမှားပေါ်မှာ ကျန်ရစ်သော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ဆက်လက်အရေးယူဒဏ်ခတ်ထားဦးမည်”ပာု ပြောကြားခဲ့သည်။

မြန်မာအစိုးရပိုင်ရေနံကုမ္ပဏီ(မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE)သည် “မှားတဲ့ဖက်မှာ”ရှိနေသော အဖွဲ့အစည်းဖြစ်သည်။

၎င်းကုမ္ပဏီ၏ အမှားများ ပြင်ဆင်ပြောင်းလဲလာသည်အထိ ဝါရှင်တန်အနေဖြင့် မစ္စကလင်တန် ပြောထားသလို ရပ်တည်ရပါလိမ့်မည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ရေနံနယ်ပယ်ကို ပစ်ထားရေးအပေါ်ကန့်ကွက်သော ငြင်းခုန်မှုများကို အလျှော့ပေးခြင်းထက် ရင်းနှီးမြှုပ်နှံမှု စည်းကမ်းသတ်မှတ်ချက်အဖြစ် ပွင့်လင်းမြင်သာမှုရှိရေးကို အခိုင်အမာ တောင်းဆိုကြရန် အခြားနိုင်ငံများကို ဦးဆောင်ဦးရွက်ပြုသင့် ကြောင်း တင်ပြလိုက်ပါသည်။

Yangonchronicle

0 ခရိုနီကိုကြောက်မှာလား ၊ ခရိုနီကိုကာကွယ်မှာလား

ခရိုနီဆိုသည်မှာ

Crony ခရိုနီ ဆိုသည်မှာ ၁၈ ရာစုတွင် လန်ဒန်တွင် စတင်သုံးစွဲခဲ့တဲ့ စကားလုံးဖြစ်ပြီး Oxford English Dictionary ၏ အဆိုအရ long-term လို့ အဓပ္ပါယ်ရတဲ့ မူရင်း ဂရိ ဘာသာစကား χρόνιος (chronios) ကနေဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ် ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ Crony ဆိုတဲ့ စကားလုံးကို ရင်းနှီးတဲ့ မိတ်ဆွေ ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက် စသဖြင့် အဓိပ္ပါယ်ယူ သုံးစွဲလျှက်ရှိပါတယ် ။ နိုင်ငံရေး ဝေါဟာရမှာတော့ ခရိုနီဆိုတာ အုပ်ချုပ်သူ လူတန်းစား အာဏာ အခွင့်ရှိသူကို ရင်းနှီးအောင်ပေါင်းပြီး လုပ်ကိုင်ခွင့်များ ရယူကာ ထိုအုပ်ချုပ်သူ များ နှင့် အကျိုးတူသော်လည်းကောင်း အကျိုးအမြတ်ပေး၍သော်လည်းကောင်း လုပ်ကိုင်နေသော အရင်းရှင် စီးပွားသမားများကို ခေါ်ဝေါ် သုံးစွဲတဲ့ စကားလုံးဖြစ်လာပါတယ် ။ ဥပမာအနေနဲ့ပြောရရင် (တေဇ ၊ ဇော်ဇော်) တို့ဟာ ခရိုနီ အမျိုးအစားတွေပါပဲ ။

မြန်မာခရိုနီ နှင့် ကမ္ဘာ့နိုင်ငံများမှ ခရိုနီများ

မြန်မာနိုင်ငံမှာလည်း ခရိုနီတွေဟာ ဘုရင်တွေ အုပ်စိုးစဉ်ကာလ ကတည်းက တည်ရှိနေခဲ့ကြပါတယ်။ ဘုရင်နဲ့နီးစပ်သူ တွေဟာ နယ်စား ရွာစား ရာထူးတွေရ ၊ ဘုရင်တွေကို သမီးပါမကျန် ရသမျှ အခွန်တွေဆက် ၊ ပြည်သူတွေကိုတော့ အတင်းအဓမ္မ နိပ်စက်ခဲ့ကြတယ်။

နောက် ကိုလိုနီခေတ်ရောက်ပြန်တော့လည်း အင်္ဂလိပ်ကို ဖားပြီး ကြီးပွားကြတဲ့ ခရိုနီတွေ ၊ ဂျပန်ခေတ်ရောက်ပြန်တော့ လည်း ဂျပန် အလိုတော်ရိတွေ ၊ ဖဆပလ ခေတ်ရောက်တော့လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းကလူတွေနဲ့နီးစပ်သူတွေ ၊ ဦးနေ၀င်း လက်ထက်ရောက်တော့လည်း စစ်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေ နဲ့ နောက်ပိုင်း ဦးသန်းရွှေခေတ် ယခု ဦးသိန်းစိန်ခေတ်ထိ ခရိုနီလို့ သတ်မှတ်နိုင်တဲ့ သူတွေဟာ အမြောက်အများရှိနေပါတယ် ။မြန်မာတင်ရှိတာလား ဆိုတော့ မဟုတ်ပါဘူး ။ ခရိုနီဆိုတာ ဒီမိုကရေစီနိုင်ငံ ၊ ကွန်မြူနစ်နိုင် ၊ ဆိုရှယ်လစ် နိုင်ငံ ဘယ်လို အုပ်ချုပ်မှုစံနစ်မျိုး မဆို ခရိုနီဆိုတာ ရှိနေပါတယ် ။ တရားဥပဒေ စိုးမိုးပြီး၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတောင် သမ္မတတွေ ၊ ၀န်ကြီးချုပ်တွေ ၊ ခရိုနီတွေရဲ့ ဇာတ်လမ်းတွေ တခါတရံ လူသိရှင်ကြား သတင်း ထွက်လာ တတ်ပါတယ် ။ တရားဥပဒေစိုးမိုးတော့ ခရိုနီကတွေရဲ့ လှုပ်ရှားမှုတွေဟာ ပိုမို လျို.၀ှက်ကြပြီး လူသိပ်မသိကြ ပေမဲ့ ကမ္ဘာမှာ ခရိုနီဆိုသူတွေဟာ မြန်မာသာမက ၊ နိုင်ငံတိုင်းလိုလိုမှာ ရှိနေပါတယ် ။

မြန်မာခရိုနီများနှင့် တရားဥပဒေ စိုးမိုးမှု

မြန်မာခရိုနီလို့ သတ်မှတ်နိုင်သူတွေဟာ လွတ်လပ်ရေး ရပြီးကတည်းက တရားဥပဒေမဲ့ လုပ်ရပ်မြောက်များစွာကို လုပ်ခဲ့ကြတယ် ။ ဒါကြောင့် အုပ်ချုပ်သူလူတန်းစားကလည်း ဥပဒေကို လက်တလုံးခြား ကစားလိုတဲ့အတွက် ခေတ်နဲ့ လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို မပြင်ဆင်ပဲ အမြတ်ထုတ်ခဲ့ကြတယ် ။ ဥပမာ ၊ ကိုလိုနီခေတ်က နိုင်ငံတော်ကိုပေးရတဲ့ သစ်တတန် ထုတ်လုပ်ခွင့် အစိုးရကိုပေးရတဲ့ ဈေးနှုန်းကို နောက်ပိုင်း အနည်းငယ်တိုးမြှင့်ရုံဖြင့် ဥပဒေကို လက်တလုံးခြား လှည့်ဖျားခဲ့ကြတယ် ။ နောက်ပြီး သစ်ထုတ်လုပ်ခွင့် ပါမစ်မှာ တန် ၁၀၀ ထုတ်လုပ်ခွင့်ပြုပေမဲ့ သစ်ထုတ်လုပ်သူ ကုန်သည်က သစ်တန်ပေါင်း တသောင်း လောက်ကို ထုတ်လုပ်လိုက်တယ် ၊ သစ်တော စစ်ဆေးရေးဂိတ် ၊ စစ်တပ် ဂိတ် ၊ နယ်စပ်ဂိတ်တွေကိုဖြတ်ကျော်စဉ် စစ်ဆေးလျှင် ၄င်းတို့ လက်ထဲ၌ တရားဝင် သစ်ထုတ်လုပ်ခွင့် ပါမစ်များ ပါရှိပေမဲ့၊ စာရွက်ထဲ၌ သစ်တတန်သယ်ယူခွင့်ကိုဖေါ်ပြထားပေမဲ့ အမှန်တယ် ကားပေါ်တွင် သယ်ဆောင်လာသည့် သစ်မှာ ၂၀ တန်ကျော်နေတာမျိုးတွေ ၊ ဒါတွေဟာ ဥပဒေကို လက်တလုံးခြားလုပ် ပြီး အကျင့်ပျက်ခြစားခဲ့ကြတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခရိုနီကြီးပွားရေး သို့မဟုတ် နိုင်ငံ ချွတ်ခြုံကျရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ခဲ့ကြရတယ် ။

ခရိုနီလက်သစ်များ

နောက်ပိုင်းခရိုနီ လက်သစ်တွေဟာ အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့ နီးစပ်သူတွေဟာ ပုံစံမျိုးစုံနဲ့ နိုင်ငံပိုင်ငွေတွေကို ၄င်းတို့ အိပ်ထဲ ထည့်ကြပါတော့တယ် ။ နိုင်ငံတော်က ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်တယ် လို့ အသံကောင်းဟစ်ပြီး စီမံကိန်းမြောက်များစွာကို ဖန်တီးပါတယ် ။ ဆည်မြောင်း ၊ လမ်းပမ်း ဆက်သွယ်ရေး ၊ မြို့သစ်စီမံကိန်းများ ၊ စက်မှုဇုံ စီမံကိန်းများ ၊ နိုင်ငံခြား သွင်းကုန် ထုတ်ကုန် စီမံကိန်းများ ၊ ထိုစီမံကိန်းများကို ဖော်ဆောင်သူများမှာ လေလံပေး၍ အများပြည်သူ ယှဉ်ပြိုင် လုပ်ကိုင်စေခြင်း သို့မဟုတ် အသင်းအဖွဲ့များသို့ လုပ်ကိုင်စေခြင်းများ မဟုတ်ဘဲ စစ်အာဏာရှင် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများကိုသာ လုပ်ကိုင်ခွင့်များပေးအပ်ကာ ၊ ငွေကစားခဲ့ပါတယ် ၊ ငွေကစားတယ်ဆိုရာမှာ စီမံကိန်းတခုကို မြန်မာငွေနဲ့ တွက်ချက်ပြီး နိုင်ငံတော် ဘတ်ချက်မှာ ကုန်ကျစရိတ် တွေကို ဒေါ်လာနဲ့ အစားထိုး ဖော်ပြတာတွေလုပ်ခဲ့တယ် ၊ ဒါပေမဲ့ တရားမ၀င် ဒေါ်လာပေါက်ဈေး တဒေါ်လာ ကျပ်တထောင်ဖြစ်နေချိန် ၄င်းတို့က အစိုးရပေါက်ဈေး တဒေါ်လာ ၆ ကျပ် ၊ ၁၂ ကျပ် စသဖြင့်တွက်ချက်လိုက်တဲ့အခါ ၄င်းတို့ အိပ်ထဲ ဒေါ်လာမြောက်များစွာ ရောက်ရှိသွားပါတော့တယ် ။ဥပမာ စီမံကိန်းတခုလျှင် ကျပ်ငွေ တသန်း ကုန်ကျသည်ဆိုပါစို့ ၁ ဒေါ်လာ = ၁ ထောင်ကျပ်ဆိုလျှင် ဒေါ်လာ ၁သောင်းကုန်ကျမည် သို့သော် စာရင်းပြရာတွင် ၁ဒေါ်လာ = ၁၂ ကျပ်ဆိုလျှင် ၈၃၃၃၃ ဒေါ်လာကုန်ကျမည် ။ (အမှန်တကယ်ကုန်ကျငွေ ဒေါ်လာ ၁ သောင်း အစား ၈၃၃၃၃ ဒေါ်လာလို့ စာရင်းပြခဲ့တယ်)၄င်းတို့အတွက် ဒေါ်လာ ခုနှစ် သောင်းကျော် အကျိုးအမြတ်ရသွားမည် ဖြစ်သည် ။ကျောက်မျက် ကရောင်းချလို့ ရတဲ့ ဒေါ်လာဆိုရင် ပြောင်းပြန် စရင်းဖော်ပြပါတယ် ။ တဒေါ်လာ ၁၂ ကျပ်နှုန်းနဲ့ မြန်မာငွေဖြင့် ဘတ်ဂျက်မှာ ဖေါ်ပြတော့ ၄င်းတို့ အိပ်ကပ်ထဲ မြောက်များစွာသော ဒေါ်လာတွေရောက်ကုန်တော့တယ် ။ နိုင်ငံခြားဝင်ငွေ ဖြစ်သော အခွန် ၊ ပို့ကုန် ၊ သွင်းကုန် ၊ သယံဇာတ ရောင်းရသမျှ ဒေါ်လာများကို ထိုကဲ့သို့ အလွန်နိမ့်သော ငွေကြေးပေါက်ဈေးဖြင့် လိမ်လည်လှည့်ဖြားခဲ့ကြတယ် ။ အခွန်တွေကိုလည်း လိမ်လည်ပြီး ပေးဆောင်ခဲ့ကြလို့ ၊ နိုင်ငံတော် ၀င်ငွေ ထွက်ငွေတွေ မကိုက်ညီတော့ပဲ ၊ ကုန်ဈေးနှုံး မြင့်တက်မှု ၊ ငွေကြေး ဖောင်းပွမှု တွေနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ကမ္ဘာမှာ သယံဇာတ ပေါများသလောက် အကြွေးတင်ပြီး အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်သွားခဲ့ရတယ် ။

ခရိုနီနဲ့ စီးပွားရေး ပိတ်ဆို့မှု

ဒီနေ့ စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံနေသူတွေရဲ့ အကြောင်းပြချက်က စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာရင် စစ်အာဏာရှင်နဲ့ နီးစပ်သူ ခရိုနီတွေသာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်တွေ ရကြမယ် ။ ထိုသူများသာကြီးပွားသွားပြီး ပြည်သူကတော့ ငတ်မြဲ ငတ်နေမယ် ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ် ။ ကျွန်တော့အမြင်ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ သိနေမှတော့ ကာကွယ်ရမဲ့ နည်းလမ်းတွေ စဉ်းစား ဖေါ်ထုတ်သင့်ပါတယ် ။ စဉ်းစားသင့်ပါတယ် ။ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးကို သိနေမှတော့ အဲ့ဒီဆိုးကျိုးကို ကာကွယ်ဖို့ နည်းလမ်းရှာရပါမယ် ။

ဒါဆိုရင် နောက်တနည်း စဉ်းစားကြည့်ရအောင် စီးပွားရေး ပိတ်ဆို့မှုဖွင့်ရင် ခရိုနီတွေလက်ထဲပဲ ငွေရောက်မယ်ဆိုရင် ၊ ပြည်သူတွေကရော အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ငွေ အလုံအလောက်ရှိကြပါရဲ့လား ။ အခြား ခရိုနီမဟုတ်သူ ငွေကြေးပိုင်ဆိုင်သူများကရော စီးပွားရေး လုပ်ငန်းကြီးတွေမှာ ရင်းနှီး မြုပ်နှံရဲပါ့မလား ။ ခရိုနီလက်ထဲငွေရောက်မှာကြောက်လို့ စီးပွားရေးပိတ်မယ်ဆိုရင်တော့ စစ်အာဏာရှင်တွေအာဏာ ရနေသရွေ. ပိတ်ထားရမဲ့ သဘောဆောင်နေပါတယ် ။ ဒီတော့ စစ်အာဏာရှင်ကိုလည်းနိုင်အောင်မတိုက် ၊ ခရိုနီကိုလည်းကြောက်ဆိုရင်တော့ မြန်မာနိုင်ငံလည်း နာလံထူစရာ အကြောင်းမရှိသလို စီးပွားရေးပိတ်ဆို့မှုဟာလည်း ပွင့်လာစရာ လမ်းစမမြင်ပါ ။ ခရိုနီကြီးပွားရေးကိုကြောက်လို့ စီးပွားရေးပိတ်ဆို့ပါတယ်ဆိုရင်တော့ နည်းမှန်လမ်းမှန် မဟုတ်ပါဘူး ။

ခရီုနီတွေကို ဘယ်လို ဖြေရှင်းမလည်း

အနာသိဆေးရှိ ဆိုသလိုပဲ ပုံစံမျိုးစုံ ဥပဒေကို လက်တလုံးခြားလုပ်၊ အကျင့်ပျက်ခြစား တာတွေကြောင့် ခရီုနီတွေဟာ တနှစ်လျှင် ဘီလျံနဲ့ ချီတဲ့ ဒေါ်လာ ၀င်ငွေရှိတယ် ဆိုတာမျိုးတောင် ထုတ်ဖေါ်ပြောဆိုလာတာတွေ ရှိလာခဲ့ကြတယ် ။ ဒီနေ့ မှာ ဒါတွေကို ဖြေရှင်းနိုင်မဲ့ လမ်းစတွေ ရှိနေပြီဆိုရင် ..........

ကျွန်တော်တို့ လုပ်နိုင်တာတွေ အမြောက်အများရှိပါတယ် ။

၁။ ခရိုနီတွေနဲ့ စစ်အာဏာရှင်တွေ ဟာ ၄င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖေါ်ပြရပါမယ် ။

၂။ ထိုပိုင်ဆိုင်မှု ငွေကြေးတွေ ရရှိလာပုံကို ဖော်ပြနိုင်ရပါမယ် ။

၃။ ၄င်းတို့ ပိုင်ဆိုင်သည့် ငွေကြေးများအား အခွန်ပေးဆောင်ခြင်း ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။

၎။ တရားဝင် နည်းလမ်းဖြင့် မဖော်ပြနိုင်သော ငွေကြေးပိုင်ဆိုင်မှု ၊ ဥပဒေနှင့် မညီသော ငွေကြေးပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ရပါမယ် ။

၅။ အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်များ နှင့် လက်ရှိပိုင်ဆိုင်မှုများ အပေါ်တွင် အခွန်စည်းကြပ်မှုများ ပြုလုပ်ရပါမယ် ။

ထိုသို့ လုပ်ဆောင်နိုင်ရန် ကော်မရှင် တခုကို သီးခြားလွတ်လပ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးများ ပြုလုပ်ခြင်းဖြင့် ခရီုနီ ပိုင်ဆိုင်မှုများကို နိုင်ငံတော် ဘဏ္ဍာငွေများအဖြစ် ပြန်လည် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ် ။


ခရိုနီကြောင့်ဖြစ်ပေါ်ရသော ဆိုးကျိုးများ


ခရိုနီများရရှိသည့် အကျိုးအမြတ်များသည် များသောအားဖြင့် ပြည်သူပိုင် ငွေများဖြစ်ကြသည် ။ ထို့ကြောင့် အများပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများကို ဆုတ်ယုတ်စေသည် ။ ၄င်းတို့ လုပ်ငန်းအများစုကို လက်ဝါးကြီးအုပ်ထားသောကြောင့်လည်း

ဈေးကွက်ပြိုင်ဆိုင်မှု လျှော့ကျလာခြင်း၊ ကုန်ဈေးနှုန်း ကစားခြင်းများ ၊ ဈေးကွက်လည်ပတ်မှုများ ၊ ရင်နှီးမြုပ်နှံလိုမှုများ ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုံးများ ၊ ကုန်ထုတ်လုပ်မှုများကို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ် ။

ခရိုနီ မျိုးတုန်းရေး


ခရိုနီ ဆိုသူများကို အမြစ်ပြတ် ဖြေရှင်းရန်မှာ မဖြစ်နိုင်သော နည်းလမ်းပါ ။ ဥပဒေ စိုးမိုးမှု အပြည့်ရှိတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခရိုနီတွေဟာ ရှိနေပါတယ် ။ ဥပဒေရဲ့ လစ်ဟာမှုတွေ ၊ အားနည်းမှုတွေကို အခွင့်ကောင်းယူပြီး ခရိုနီနဲ့ အုပ်ချုပ်သူ လူတန်းစားဟာ

အကျင့်ပျက်ကြပါတယ် ။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဥပဒေဟာ စာအုပ်ထဲမှာ ၊ အာဏာရှင် ပါးစပ်ဖျားမှာသာ ရှိသော နိုင်ငံ အနေဖြင့် ခရိုနီဟာ နိုင်ငံ ဆင်းရဲရာ အကြောင်းတရားရဲ့ အဓိက တရားခံ ဖြစ်ပါတယ် ။ ဒါကြောင့် ခေတ်နှင့် လျှော်ညီမှု မရှိသော ဥပဒေများကို

ပြန်လည် ပြင်ဆင်ရပါမယ် ။ အားလုံးသော တာဝန်ရှိသူများဟာ ဥပဒေကို တိတိကျကျ လိုက်နာဆောင်ရွက်ရပါမယ် ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဥပဒေ တင်းကျပ်ရပါမယ် ။ အများပိုင် ကုမ္မဏီများအဖြစ် စီးပွားရေး လုပ်ငန်းကြီးများကို ဖော်ဆောင်နိုင်ရပါမယ် ။

အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အားပေးခြင်း အကူအညီပေးခြင်းများ အစိုးရက ပြုလုပ်ရပါမယ် ။ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ဘတ်ဂျက် ဟာ ပွင့်လင်းမြင်သာတဲ့ စာရင်းဇယား ဖြစ်ရပါမယ် ။ ဒါတွေဟာ ခရိုနီတွေရဲ့

လက်ဝါးကြီးအုပ်မှုတွေကနေ ကင်းလွတ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ကြပါတယ် ။ တရားဥပဒေ စိုးမိုးမှုရှိလာတဲ့အခါမှာ ခရိုနီပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့ ၊ ခရိုနီဟာ ပိုမိုလျှို.၀ှက်သိပ်သည်းစွာဖြင့် ရှိနေအုန်းမှာပါပဲ ။ခရိုနီဆိုလာမျိုးကလည်း တဗိုလ်ဆင်းရင် နောက်တဗိုလ်တက်လာမှာပါပဲ ။ နောက်ဆုံးကုန်ကုန်ပြောရရင် ခရိုနီဆိုတာ ကမ္ဘာတည်သရွေ.ရှိနေမှာ ဖြစ်ပြီး သူတို့ရဲ့ တည်ရှိနေမှုကို ကြောက်လန့်နေမဲ့အစား ဘယ်လိုကာကွယ်ရမလည်းဆိုတာ က ပိုကောင်းတဲ့ နည်းလမ်းသာဖြစ်ပါတယ် ။


ရဲသူရိန်မင်း

GMT 14:36

28.06.2012

0 ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြင်သစ်ကို ရောက်နေတဲ့ မြန်မာပြည်သားတွေ တွေ့ဆုံ(ရုပ်/ သံ)



အမေစုနဲ့  ပြင်သစ်ကို ရောက်နေတဲ့ မြန်မာပြည်သားတွေ တွေ့ ဆုံကြတယ် ။ဥရောပခရီးစဉ်မှာ အမေစု စိတ်ကြည်လင်မှု အရှိဆုံးလို့ သုံးသပ်တယ် ။ လာတဲ့ မြန်မာပြည်သားတွေအားလုံးလည်း စိတ်ချမ်းသာစွာနဲ့  အနာဂါတ်မြန်မာပြည်အတွက် ဝိုင်းဝန်းစဉ်းစားကြတယ် ။ မြန်မာသံရုံးက အနက်ဝတ်စုံနဲ့  လူ ၂ ယောက်လည်း လာပြီး ဂုဏ်ပြုတာလား။ သတင်းယူတာလားမသိဖူး ။ သတင်းမှားတွေ မတင်ပြနိုင်အောင် ဗီဒီယို နဲ့  အားလုံးကို မှတ်တမ်းတင်ထားတယ် ။

ရုပ်သံမှတ်တမ်းတင်- ကိုဌေးတင့်

0 နိုင်ကျဉ်းဟောင်းအဖွဲ့မှ ကျန်ရှိနိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်

Political Prisoners

Thursday, June 28, 2012

0 ဂုဏ်ထူးဆောင် ပါရီမြို့သူမှတ်တမ်းလက်မှတ် ရယူပြီးနောက် ဒေါက်တာအောင်ဆန်းစုကြည် မှ ပြင်သစ်ဘာသာစကားဖြင့်ကျေးဇူးတင်ကြောင်းမိန့်ခွန်းပြောကြား(ရုပ်/သံ)

0 ပြင်သစ်နိုင်ငံပါရီမြို့တော်ခန်းမကြီးမှာ ဂုဏ်ထူးဆောင် ပါရီမြို့သူ မှတ်တမ်းလက်မှတ် ရယူလက်ခံနေတဲ့ ဒေါက်တာအောင်ဆန်းစုကြည် (27-6-2012)

ပဲရစ်မြို့ တော်ဝန် ဘာထရန် ဒီလာနိုး က ဂုဏ်ထူးဆောင် ပြင်သစ်နိုင်ငံသားအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား သတ်မှတ်ဂုဏ်ပြုပြီးနောက်တွေ့ ရစဉ်။
ဂုဏ်ထူးဆောင် ပါရီမြို့သူ မှတ်တမ်း
Photo..Getty images,AP
Photo..Getty images,AP.afp

0 ဂျပန် နှင့် Japanization

-မြတ်စိုး-

မြန်မာ စစ်အစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ) လျှော်ပစ် ပေးခဲ့တဲ့ ဂျပန် အစိုးရ ဟာ သူတို့ကိုယ်တိုင် ဂျပန်နိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည် မှု ဟာ စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

တိုင်းပြည်အတွင်း ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်ကောက်ခံခြင်းဖြင့် ဂျပန်နိုင်ငံက တင်ရှိ
နေတဲ့ ကြွေးမြီတွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဆက်လက်ထောက်ပံ့ ဖြေရှင်း နိုင်ဖို့ အခွန်တိုးမြင့် ကောက်ခံသည့် အဆိုကို ဂျပန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ၃၆၃ မဲ၊ ၉၆ ဖြင့် လွှတ်တော် က အတည်ပြုပေးခဲ့ပြီး နောက် အစိုးရအဖွဲ့ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအဆိုပြုချက်ကို ၀န်ကြီးချုပ်နိုဒါ ရဲ့ ဒီမိုကရက်တစ် ပါတီ က လွှတ်တော် ကိုယ်စလှယ် ၅၇ ဦး က ကန့်ကွက်ခဲ့ကြပြီး၊ ၅၄ ဦး က နုတ်ထွက်မယ်လို့ ခြိမ်းချောက်ပြောဆိုနေကြတယ်။ တကယ်လို့ သာ ၅၄ ဦးက နုတ်ထွက်ခဲ့မယ်ဆိုရင်
လက်ရှိ ၀န်ကြီးချုပ် နိုဒါရဲ့ ဒီမိုကရက်တစ် ပါတီဟာ အောက်လွှတ်တော် အတွင်း အများစု နေရာ ကို ဆုံးရှုံးသွားမှာဖြစ်ပြီး၊ ၀န်ကြီးချုပ် နိုဒါရဲ့ အစိုးရ အပေါ် အယုံအကြည် မရှိ အဆို လွှတ်တော် အတွင်း တင်သွင်းလာမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြတယ်။

ဝန်ကြီးချုပ်နိုဒါ ဟာ တိုင်းပြည်အတွင်း အခွန်းတိုးမြင့်ကောက်ခံရေး အဆိုကို လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ်ရာမှာ အတိုက်အခံတွေကို ထောက်ခံမှုရအောင် စည်းရုံးနိုင်ခဲ့ပေမဲ့ ၊ ကိုယ့်ပါတီရဲ့ လွှတ်တော် ကိုယ်စလှယ်တွေရဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့မှု နဲ့ ရင်ဆိုင်ခဲ့ရတယ်။ လက်ရှိ ဂျပန်နိုင်ငံရေး မှာ သြဇာအာဏာရှိ တဲ့ အီချီယို အိုဇာဝါ နဲ့ သူ့ကို ထောက်ခံသူတွေ ကတော့ ပါတီ က နုတ်ထွက်ဖို့ ခြိမ်းချောက်မှုတွေ ဖြစ်ပေါ်နေပြီး ၊ မကြာခင် အထွေထွေရွေးကောက်ပွဲ ကို ဖြစ်ပေါ်လာဖို့ မျှော်လင့်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဂျပန်အစိုးရ ဟာ ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံးတင်ရှိနေတဲ့ နိုင်ငံဖြစ်ပြီး၊ ဂျပန်နိုင်ငံရဲ့ အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့ ၂၁၉ ရာခိုင်နှုန်းရှိနေတယ်လို့ ဂျပန်အစိုးရ က အတည်ပြုထုတ်ဖော် ပြောဆိုခဲ့တယ်။ ဥရောပမှာ ကြွေးမြီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဂရိနိုင်ငံက နိုင်ငံရဲ့ အမျိုးသားကုန်ထုတ် လုပ် မှု စွမ်းအား (GDP) ရဲ့ ၁၆၅ ရာခိုင်နှုန်း၊ အီတလီ နိုင်ငံ က အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့ ၁၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့ ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက အမျိုးသားကုန်ထုတ်လုပ်မှု စွမ်းအား (GDP) ရဲ့ ၂၄ ရာခိုင်နှုန်း အသီးသီး တင်ရှိနေကြတယ်လို့ ကမ္ဘာ့စီးပွားရေး စစ်တမ်းလေ့လာချက်မှာ သုံးသပ်ထား တာတွေ့ရပါတယ်။

ဂျပန် လွှတ်တော် က အတည်ပြုခဲ့တဲ့ ရောင်းဝယ်ခွန် ( Sales Tax) တိုးမြင့်မှု ဥပဒေ အရ လက်ရှိ ၅ ရာခိုင်နှုန်း ကနေ ၂၀၁၄ ခုနှစ်မှာ ၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း သို့ တိုးမြင့်ကောက်ခံသွား မှာဖြစ်ပါတယ်။ အခွန်တိုးမြင့်ကောက်ခံတဲ့ အဆိုကို ဆန့်ကျင်ခဲ့ကြတဲ့ ဂျပန်လွှတ်တော် အမတ်တွေ ကတော့ စီးပွားရေး နာလန်ထူအောင် ကျိုးပမ်းနေတဲ့ အချိန်မှာ စီးပွားရေးကျဆင်းမှု ကို ရှောင်ရှားဖို့ အခွန် တိုးမြင့် ကောက်ခံဖို့ မသင့်သေးဘူး လို့ထောက်ပြကြတယ်။

ဂျပန်စီးပွားရေးလေ့လာသုံးသပ်နေသူ စီးပွားရေးပညာရှင်တွေ ကတော့ အခွန်တိုးမြင့်ကောက်ခံခြင်းဖြင့် လက်ရှိတင်ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ ကြွေးမြီ ယန်းငွေ ၇၀၉ ထွီလီယံ ( အမေရိကန်ဒေါ်လာ ၈.၈၉ ထွီလီယံ) ကို ကျဆင်းသွားမှာ ဖြစ်တယ်လို့ သုံးသပ်တွက်ချက်ထား ကြတယ်။
တင်ရှိနေတဲ့ တိုင်းပြည်ရဲ့ ကြွေးမြီပဿနာ ကို ဂျပန်အစိုးရ အသီးသီး က ဒီမိုကရေစီ နည်းလမ်းကျကျ ဂျပန် ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ထင်သာမြင်သာရှိရှိ၊ တာဝန်ယူမှုရှိရှိ နဲ့ ဘယ်လိုဆွေးနွေးဖြေရှင်း ကြသလဲဆိုတာကတော့ သင်ခန်းစာယူစရာပါ။ ၀န်ကြီးချုပ်ရာထူးတွေ ကို စွန့်လွှတ်ပြီးတိုင်းပြည်နှင့် ပြည်သူ အကျိုးစီးပွား ကို ရှေ့တန်းတင်ကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ဂျပန်ဝန်ကြီးချုပ်အားလုံးအတွက် ကတော့ အထူး လေးစားဂုဏ်ယူစရာပါ။

အာရှတိုက် မှာတော့ စီးပွားရေး အားကောင်းတဲ့ ဂျပန် နိုင်ငံဟာ က ဆူနာမီ၊ နျူကလီးယားယိုစိမ့်မှု ပြဿနာ တို့ ကြောင့် စီးပွားရေး နာလန်ထူ လာဖို့ နှစ်အတောကြာ စိမ်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြရ လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်က စပြီး၊ ဂျပန် အစိုးရ အဆက်ဆက် တိုင်းဟာ စီးပွားရေး ပြန်လည် ဦးမော့လာဖို့ နည်းလမ်းပေါင်းစုံ နဲ့ အဖြေရှာခဲ့ကြတယ်။ ဂျပန် ဗဟိုဘဏ်ဟာ စီးပွားရေး အားကောင်းလာစေဖို့ အတိုးနှုန်း ကို သုည ရာခိုင်နှုန်းအထိ လျော့ချခဲ့ကြတယ်။ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာတာ မအောင်မြင်ကြလို့ ဂျပန် ၀န်ကြီးချုပ် လေးဦး ၅ နှစ် အတွင်း နုတ်ထွက်ခဲ့ကြရတယ်။ ၂၀၀၇ ခုနှစ် က နေ ၂၀၁၁ ခုနှစ် အထိ ၅ နှစ် အတော် အတွင်း ဂျပန်ဝန်ကြီးချုပ် ၅ ယောက် ပြောင်းလဲ ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံရေး ကို လေ့လာ သုံးသပ်နေသူတွေကတော့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုးကြီးကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း Japanization ဖြစ်လာလိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့ကြောင်းပါ။
burmanewsandarticles.blogspot.com

Wednesday, June 27, 2012

0 "ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ကျပ်သိန်း ၁ဝဝ စီဖြင့် လေလံ တင်ရောင်းမည်"

July Image ပန်းချီပြပွဲတွင် ဗိုလ်ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၁ဝဝ စီဖြင့် လေလံတင် ရောင်းချသွားမည်ဟု ပညာရေးကွန်ရက်ဘဏ္ဍာရေးမှူး ဦးမိုးညွန့်က ပြောသည်။

''ဒေါ်အောင်ဆန်းစုကြည် ပုံကတော့ ကောက်ကြောင်း ဆွဲ ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပန်းချီပြပွဲလာတဲ့သူ တွေ အကုန်လုံး လက်မှတ်ရေး ထိုးရင်ဒေါ်အောင်ဆန်းစုကြည်ပုံ ပေါ်လာမှာပါ။ အဲဒီပုံနဲ့တရုတ် သွားတုန်းက လက်ဆောင်ရ ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ တို့ကို လေလံတင်ရောင်းချ သွားမှာပါ''ဟု ၄င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံကို ၁၉၅၂ ခုနှစ်ကတည်းက ပိုးနဲ့ရေးထိုးထားခြင်းဖြစ် ပြီး လက်ဆောင် ရထားသည်မှာ နှစ် ၂ဝ ကျော်ပြီ ဟု ဦးမိုးညွန့်က ဆက်လက်ပြောသည်။
ထိုပန်းချီပြပွဲကို ဇူလိုင် ၂ ရက် နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ကျင်းပမည်ဖြစ် ပြီး
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဟုသိရသည်။

ထို့အပြင် ပန်းချီပြပွဲသည် မြန်မာနိုင်ငံတွင် နှစ် ၅ဝ အတွင်း အကြီးမားဆုံး ပန်းချီပြပွဲဖြစ်နိုင် မည်ဟု ကာတွန်းဆရာရွှေမင်းသားက ပြောသည်။

ထိုပြပွဲ ပထမဆုံးနေ့တွင် ဝယ်ယူသူများကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးမည်ဖြစ်ပြီး ပန်း ချီဆရာပေါင်း ၃ဝဝ ကျော်တို့၏ ပန်းချီကားပေါင်း ၁၂ဝဝ ကိုပြသ မည်ဟု ၄င်းကဆိုသည်။
အဆိုပါပန်းချီပြပွဲမှ ရရှိလာသော ငွေများကို ပန်းချီရေးဆွဲသူအား ၅ဝ ရာ ခိုင်နှုန်းနှင့် ဒေါပုံမြို့ နယ်အမေ့အိမ်ပညာရေး (အခမဲ့) ကျောင်းအတွက် ၅ဝ ရာခိုင်နှုန်း ပေးအပ်သွားမည်ဟု သိရသည်။

စိုင်းလမင်း
popular myanmar news journal

0 ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသမ္မတFrançois Hollandeက ပြင်သစ်သမ္မတအိမ်တော် Elyseeနန်းတော်တွင်နိုင်ငံတော်အထူးဧည့်သည်အဖြစ်ကြိုဆို













နန်းတော်ကြီးရဲ့ ဧည့်ခန်းဆောင်ထဲမှာ။
photo..Gety images, afp,reuters

0 ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့ ယနေ့ရောက်ရှိ



မနက်၁၁နာရီကျော်မှာ လန်ဒန်မြို့ က စိန့် ပန်ခရက်စ် နိုင်ငံတကာဘူတာကနေပြင်သစ်နိုင်ငံကို ထွက်ခွားသွားတယ်။ မီးရထားဘူတာမှာ သူ့ သားအငယ်ကင်နဲ့ ဗြိတိန်အစိုးရတာဝန်ရှိသူများ ကြိုဆိုနူတ်ဆက်ကြ တယ်။
photo - ကိုထိုက်

Photo...Reuters,Getty images

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ Gare du Nord ဘူတာသို့ ဒေသစံတော်ချိန် ယနေ့မွန်းလွဲသုံးနာရီ၊ မြန်မာစံတော်ချိန် ညနေရှစ်နာရီခွဲတွင် Euro Star အမြန်ရထားဖြင့် ရောက်ရှိလာပါတယ်..

နောက်နေ့မှာ ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာမိသားစုများနှင့် ပါရီမြို့တော်ခန်းမတွင် တွေ့ဆုံရန်ရှိပြီး ညနေပိုင်းတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်..

Tuesday, June 26, 2012

0 ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတစာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှစက်မှုအလုပ်သမား များအတွက် ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။

" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမ အလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမ ဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။" ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့် ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့် အရက်ဆိုင် မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင် ဖြစ်သော ကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။

"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။” လို့ ဆရာတော်က ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။
Burma VJ Media Network

0 ၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ်အခမ်းအနားအတွက်ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီဒီဇိုင်း

၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(နောက်ဘက်)

၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(ရှေ့ဘက်)

ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက်
ရွှေည၀ါဆရာတော်အရှင်ပညာသီဟ လက်မှတ်ရေးထိုး ဆန္ဒပြုနေစဉ်။
၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ်အခမ်းအနားကျင်းပရေးအတွက် ဗကသ များအဖွဲ့ ချုပ်မှ ရွှေည၀ါဆရာတော်အရှင်ပညာသီဟ ထံမှ အလှူခံနေ စဉ်။

ဆက်သွယ်မှာယူလိုသူများသည် abfsucoc2012@gmail.com နှင့်ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ၀င်များ ဧ။် ဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါသည်။ရောင်းဈေး ၂၀၀၀ကျပ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-Abfsu Cwc

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရ ကျောင်းရှိ သံဃာတော်များအား ယနေ့သွားရောက် ဂါရဝပြု(၂၅.၆.၂၀၁၂)





Photo.. ခွန်ဒီးယမ် Facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.