Friday, June 29, 2012

0 နိုဗဲလ် ဆုရှင် ဒို့မိခင် ကိုကြိုဆိုကြစို့



တီးခတ်စီစဉ်သူ ကိုဝင်းကျော် GTX ဖြစ်ပြီး ရေးစပ်သူမှာ သံစဉ် ကိုဝင်းကျော်နှင့် ကိုနေမျိုးဇင် တို့ တွဲဖက်ရေးစပ်သီဖွဲ့ ထားခြင်းဖြစ်ပါသည်။ သီဆိုသူမှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ညှိနှိုင်းဆောင်ရွက်သူ (ဗိုလ်ကြီးဟောင်း) ကိုနေမျိုးဇင် ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းဖြညီညီ ကြိုပါမည့် အကြောင်း ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။

နောက်ဆုံး သိရှိရတဲ့ အခြေအနေအရ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် လေယာဉ်ခရီးစဉ်အမှတ် TG303 နဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇွန်လ ၃၀ ရက် (စနေ) မနက် ၈ နာရီ ၃၀ ခန့်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ လေဆိပ်ကနေ ပြည်လမ်းတလျောက် ။ ပြည်လမ်းမှ အင်းလျားလမ်း၊ အင်းလျားလမ်းမှ တက္ကသိုလ် ရိပ်သာလမ်းကို ချိုးဝင်မယ်လို့ သိရှိရပါတယ်။ ကြိုဆိုမည့်သူများ မှ ဖြစ်နိုင်လျှင် အနီရောင် ပါသော အ၀တ်များ ၀တ်ဆင်ပြီး နိုင်ငံတော် အလံနှင့် ခွပ်ဒေါင်း အလံတို့ကို အတူကိုင်ဆောင် ဝှေ့ယမ်းကာ မြန်မာ့ဂုဏ်ဆောင် လူထုခေါင်းဆောင်အား ကြည်သာရွှင်ပြ ငြိမ်းချမ်းစွာ ကြိုဆိုနှုတ်ဆက်ကြပါမည်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် လူထုခေါင်းဆောင်သည် ..... အောင်ပန်းလွှင့်လို့ ဒို့များ အမိမြေ ပြန်လာခဲ့ပါပြီ။ ညီညာဖျဖျ ကြိုဆိုကြမည်။ တူယှဉ်ကာဆုံမည်။ နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီး နိုဗဲလ် ဆုရှင်သည် .......မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ၊ မြန်မာ အမျိုးသားတို့ ဂုဏ်ယူကြသည်။ ညီညာစွာ ကြိုမည် ချစ်သည်။ ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။ ...............ကမ္ဘာကသိတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားမျှတ တည်ငြိမ်းချမ်းမယ့် နိုင်ငံသစ် တည်မည်။ ဒို့တိုင်းရင်းသား တို့ ယုံကြည်ကြသည်။ ကြည်သာစွာ ကြိုမည်။ နောင်မျိုး အဆက်ဆက် ကမ္ဘာတည်တံ့မည် ပြည်သူ့ခေါင်းဆောင်သည် မော်ကွန်း ကမ္ပည်းထက် အစဉ်တည်တံ့မည် အဖေတူ သမီးပီပီ နိုင်ငံ အ၀ှမ်းမှာ အောင်တံခွန်လွှားမည်။ တူယှဉ်ကာပျော်မည်။ ချစ်သည်။ ......... ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ .လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ...လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ........လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည် ။....... နိုင်ငံရေး စနစ်သစ် အသွင်ပြောင်းခဲ့ပြီ နိုဗဲလ် ဆုရှင်သည် မျှော်မှန်းချင့်လို့ နိုင်ငံသစ်ဆီ သူချီတက်လေပြီ။ မြန်မာတမျိုးသားလုံး ဂုဏ်ယူကြပြီ ညီညာစွာ ကြိုမည်။ လူထုကောင်းဖို့ ကိုယ်ကျိုးစွန့်တဲ့ နိုဗဲလ် ဆုရှင်သည် ချစ်သော အမိမြေ သာယာတင့်ဖို့ သူဆောင်ရွက်လေပြီ၊ ပြည်သူနဲ့ တပ် အတူလက်တွဲကာ ပျော်ရွှင်စွာကြိုမည် ချစ်သည်။ ....... ဟေ့ ဟေ့ လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ .....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ....လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့ကြိုကြမည် ။ ..လာအတူ ဒို့တွေ သွားမည်။ လာအတူ ဒို့တွေကြိုကြမည်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.