Wednesday, June 27, 2012

0 "ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ကျပ်သိန်း ၁ဝဝ စီဖြင့် လေလံ တင်ရောင်းမည်"

July Image ပန်းချီပြပွဲတွင် ဗိုလ်ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို ကြမ်းခင်းဈေး ကျပ်သိန်း ၁ဝဝ စီဖြင့် လေလံတင် ရောင်းချသွားမည်ဟု ပညာရေးကွန်ရက်ဘဏ္ဍာရေးမှူး ဦးမိုးညွန့်က ပြောသည်။

''ဒေါ်အောင်ဆန်းစုကြည် ပုံကတော့ ကောက်ကြောင်း ဆွဲ ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပန်းချီပြပွဲလာတဲ့သူ တွေ အကုန်လုံး လက်မှတ်ရေး ထိုးရင်ဒေါ်အောင်ဆန်းစုကြည်ပုံ ပေါ်လာမှာပါ။ အဲဒီပုံနဲ့တရုတ် သွားတုန်းက လက်ဆောင်ရ ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ တို့ကို လေလံတင်ရောင်းချ သွားမှာပါ''ဟု ၄င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံကို ၁၉၅၂ ခုနှစ်ကတည်းက ပိုးနဲ့ရေးထိုးထားခြင်းဖြစ် ပြီး လက်ဆောင် ရထားသည်မှာ နှစ် ၂ဝ ကျော်ပြီ ဟု ဦးမိုးညွန့်က ဆက်လက်ပြောသည်။
ထိုပန်းချီပြပွဲကို ဇူလိုင် ၂ ရက် နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ကျင်းပမည်ဖြစ် ပြီး
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည်ဟုသိရသည်။

ထို့အပြင် ပန်းချီပြပွဲသည် မြန်မာနိုင်ငံတွင် နှစ် ၅ဝ အတွင်း အကြီးမားဆုံး ပန်းချီပြပွဲဖြစ်နိုင် မည်ဟု ကာတွန်းဆရာရွှေမင်းသားက ပြောသည်။

ထိုပြပွဲ ပထမဆုံးနေ့တွင် ဝယ်ယူသူများကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးမည်ဖြစ်ပြီး ပန်း ချီဆရာပေါင်း ၃ဝဝ ကျော်တို့၏ ပန်းချီကားပေါင်း ၁၂ဝဝ ကိုပြသ မည်ဟု ၄င်းကဆိုသည်။
အဆိုပါပန်းချီပြပွဲမှ ရရှိလာသော ငွေများကို ပန်းချီရေးဆွဲသူအား ၅ဝ ရာ ခိုင်နှုန်းနှင့် ဒေါပုံမြို့ နယ်အမေ့အိမ်ပညာရေး (အခမဲ့) ကျောင်းအတွက် ၅ဝ ရာခိုင်နှုန်း ပေးအပ်သွားမည်ဟု သိရသည်။

စိုင်းလမင်း
popular myanmar news journal

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.