Saturday, March 24, 2012

0 မှတ်မှတ်ရရ ဗိုလ်ချုပ်မိန့် ခွန်း(ရုပ်/သံ)

0 သမတဦးသိန်းစိန်လည်း ကိုယ့်နိုင်ငံရဲ့ အာဇာနည်ကုန်းမှာ အခုလိုဦးလေးညွှတ် ခါးလေးကိုင်းဖို့လိုပါတယ်


ရောက်သမျှနိုင်ငံတွေက အာဇာနည်ဗိမာန်မှာ ဦးလေးညွှတ် ခါးလေးကိုင်းတတ်တဲ့ ဦးသိန်းစိန်
ကိုယ့်နိုင်ငံက အာဇာနည်ကုန်းကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် မထင်
အကျိုးဖြစ်မယ်ရင် ဦးအောင်ဆန်းဓာတ်ပုံကို နောက်ခံထားပြီး အိုက်တင် ပေးလိုပေးနဲ့ ...

Photo..ကိုအောင်မျိုးထွန်း

0 ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ TIME မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖေါ်ပြနိုင်ဖို့ ဓါတ်ပုံဆရာ Mr. Platonရဲ့အတွေ့အကြုံပြောပြချက်(ရုပ်/သံ)




၂၀၁၁ ဇန်နဝါရီ TIME မဂ္ဂဇင်းမျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံဖေါ်ပြနိုင်ဖို့ ဓါတ်ပုံဆရာ Mr. Platon မြန်မာပြည်ကို ၂၀၁၀ ဒီဇင်္ဘာလအတွင်းမှာ လာရောက်ရိုက်ကူးရင်း ရရှိခဲ့တဲ့အတွေ့အကြုံတစ်ချို့အကြောင်းပါ။

mmcpမှ Greenwoodအားကျေးဇူးတင်ရှိပါတယ်..

0 ဓာတ်ပုံက စကားပြောသောကြံ့/ဖွံ့ပါတီ၏ မဲဆွယ်စည်းရုံးရေးပွဲ

Bus တွေနဲ့ ခေါ်လာတာကိုး .... မိပြီ မိပြီ

Photo..ဒီမိုဖက်တီး
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဆိုသူများကို မိမိ၏ကိုယ်ပိုင်ဆန္ဒအစီအစဉ်နှင့်မဟုတ်ဘဲ ဘတ်စကားဖြင့်လူများအောင် ကြံ့ဖွတ်တာဝန်ခံများက ကတိုက်ကရိုက် စုဆောင်းခြင်း။

မဲဆွယ်စည်းရုံးရေးပွဲသို့တက်ရောက်လာသူများ၏ မျက်နှာများမှာ တက်တက်ကြွကြွမရှိ.ပြုံးပြုံးရွှင်ရွှင်လိုလိုလားလားမရှိ.အခွင့်အရေး ။ နေ့စားငွေတခုခုအခွင့်အရေးရ၍ တက်ရောက်လာရခြင်း

မိမိ၏ကိုယ်ပိုင်ဆန္ဒဖြင့် ရေးသားထောက်ခံထားသော စာတန်း ဆိုင်းဘုတ်များကိုင်ဆောင်ထားခြင်းမရှိ

တအိမ်လျှင် ဘယ်(၂)ယောက်နူန်းဖြင့် ဦးထုတ်. Thirtsများ. နေ့စားဘယ်လောက်ပေးမည် ဟုဆို၍ မဲဆွယ်ပွဲသို့တက်ရောက်လာကြသော အထက်ပါဓာတ်ပုံတွင်ပါဝင်သောလူများ၏ မျက်နှာများတွင် မည်သည့်ယုံကြည်ချက်မှမရှိ. ရယ်ရယ်ပြုံးပြုံးမရှိကြောင်းတွေ့ရှိရပါတယ်

ပြီးခဲ့တဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သား ကြံ့/ဖွံ့ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ်လို့သိရပါတယ်..

တောင်ငူမြို့၊ ကွင်းပိုင်းရပ်ကွက်မှာ ကြံ့ဖွတ်တွေက မဲဆွယ်ကြတယ်။ ဦးထုပ်တွေ အင်္ကျီတွေ အလကားပေးတယ်။ ကလေးတွေ ၀ိုင်းလုပြီးကို ယူကြတယ်။ မုန့်တွေလဲ ကျွေးတယ်။ ကလေးတွေ အအေးနဲ့ကိတ်တွေ ၀အောင်ပြဲအောင် စားကြတယ်။ ပြီးတော့ ဒေါက်တာဝေေ၀သာကြီးက ကလေးတို့ ဆုတောင်းပေးကြအုံး၊ အန်တီတို့ ပြန်တော့မယ်လို့ပြောလိုက်တော့ ကလေးတွေက “အမေစု ကျန်းမာပါစေ၊ သက်တော် ရာကျော်ရှည်ပါစေ”လို့ အော်ပြီးဆုတောင်းလိုက်ကြတယ်။ ဒေါက်တာဝေေ၀သာကြီးခမျှာ မိုးကြိုးထိသလို မျက်နှာကြီး မဲသွားရှာတယ်။ နောက်လိုက်တွေက အဲ့ဒီလိုမဟုတ်ဘူးလေလို့ ကလေးတွေကို လိုက်ပြောနေတဲ့အချိန် မဆိုင်းမတွပဲ ဒေါက်တာမခမျှာ ကားပေါ်ကို တက်ပြီး ဘာမပြော ညာမပြောနဲ့ လစ်သွားရှာလေတယ်။ အဲ့ဒါ မနေ့ကပဲ ဖြစ်ပျက်သွားတာပေါ့။

0 ရွေးကောက်ပွဲဆိုင်ရာ မတရားမှုများနှင့် ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၃)ရက်
...
သတင်းထုတ်ပြန်ချက်

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည့် အကြောင်းအရာများ ရေးသားထားသော စာရွက်စာတမ်းများကို အထက်မြန်မာနိုင်ငံနှင့်ရန်ကုန်မြို့တွင် ဖြန့်ဝေလျက်ရှိရာ တာဝန်ရှိသူတို့က ယခုအချိန်ထိ ဟန့်တားအရေးယူခြင်းမရှိခြင်းသည် ယင်းကိစ္စရပ်များကို အားပေးရာရောက်ပါသည်။

ရေဦးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

ရေဦးမြို့နယ်ချောင်းဆုံကျေးရွာကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းရွှေ(ဘ) ဦးစိုးမောင်သည် ၂၁.၃.၂၀၁၂ရက်နေ့ညနေ (၃)နာရီတွင် ပြည်ခိုင်ဖြိုးပါတီအမည်နှင့် ခြင်္သေ့တံဆိပ်ပါတီရှပ်ကိုဝတ်ပြီး ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးမှုပြုနေကြောင်း သတင်းရရှိပါသည်။

ကျေးရွာကော်မရှင်ဥက္ကဋ္ဌက ပါတီတစ်ခုအတွက်မဲဆွယ်စည်းရုံးမှုသည် တရားမျှတသောရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေးအတွက် အနှောက်အယှက်ဖြစ်ပါသည်။

ပုသိမ်မြို့နယ်၊ဧရာဝတီတိုင်းဒေသကြီး

သမဝါယမဒုတိယဝန်ကြီး ဦးသိန်းထွန်းသည် ရွှေသောင်ယံမြို့နယ်ခွဲ သဘော့ကန်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည်။ ယင်းလုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်ပါသည်။

ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊စစ်ကိုင်းတိုင်းဒေသကြီး

မတ်လ(၁၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်တွင် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့သည် နဂါးပေါ်ကျေးရွာတွင် စည်းရုံးဟောပြောပွဲ ကျင်းပနေစဉ် ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးက ဟောပြောပွဲအနီး ကောက်ရိုးပုံကို မီးရှို့ပွဲလှန့်ခဲ့ရာ ရွာသူရွာသားများသွားရောက်ငြိမ်းသတ်ခဲ့ရသည်ဟုသတင်းရရှိပါသည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
NLD

0 ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော



ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော
၃.၃.၂၀၁၂ (သောကြာ)နေ့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြှောက်မည့် မဲထည့်ရသော နေ့တစ်နေ့ဖြစ်သည်။ နံနက် (၉း၃၀) နာရီအချိန်တွင် အစိုးရမဟုတ်သော အနုပညာသမားများသာပါဝင်သော NGO စစ်စစ်ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရွေးကောက်ပွဲသို့ ကျွန်တော်သွားရောက်ကာ ပထမဦးဆုံး အဓိကသရုပ်ဆောင်အလွှာအတွက် ဆန္ဒမဲဝင်ရောက်ပေးခဲ့သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဆန္ဒမဲပေးပြီးသည်နှင့် တပြိုင်နက် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ အမေဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ နံနက် (၁၀း၃၀) နာရီမတိုင်မီ အရောက်သွားခဲ့ ရသည်။ ကျွန်တော်တို့ခြံရှေ့သို့ ရောက်ရှိပြီး မကြာမီ Townace မော်တော်ယာဉ် (၅) စီး ရှေ့ဆင့် နောက်ဆင့်ရောက်လာခဲ့သည်။ ထို့နောက် အမေဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်းသို့ ဝင်ရောက်ခဲ့ ကြသည်။ အမေ့အိမ်အတွင်း ဧည့်ခန်းဆောင်တွင် ခေတ္တနေရာယူနေစဉ်အတွင်း အမေ ဒေါ်အောင်ဆန်း စုကြည် ဧည့်ခန်းဆောင်အတွင်းသို့ ရောက်လာတော့သည်။ ကျွန်တော်သည် ကျွန်တော်နှင့်အတူ ပါလာသော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးမိသားစုနှင့် အမေ့အား မိတ်ဆက်ပေးပြီးသည့်နောက် ဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်) သမီးဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု)မှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် အလှူငွေ သိန်းတစ်ထောင်ကျပ်တိတိအား အမေ ဒေါ်အောင်ဆန်း စုကြည် လက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမေနှင့် အလှူရှင်မိသားစုဖြစ်သောဦးသန်းမောင် (မော်ကွန်းဝင်ပထမအဆင့်)နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မော်လမြိုင်မြို့တွင် ဆုံတွေ့ခဲ့ ရပုံစသည့် ရှေးဟောင်းနှောင်းမြစ်များအား လွမ်းဆွတ်ဖွယ်ပြောကြားခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ကျွန်တော်မှ ဖိဖိစည်းစည်း တာဝန်မယူပေးနိုင်မှုများကို ခွင့်လွှတ်နားလည်ပါရန် အမေ့အား ပြောကြားခဲ့သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) မှတ်ပုံတင်ပြန်လည်ရရှိပြီဖြစ်ပါ၍ လူမှုရေးကိစ္စများအား ဆထပ်တန်ဘိုး လုပ်ဆောင်နေရပါကြောင်း၊ အမေကလည်း သူသည်လည်း ရွေးကောက်ပွဲကာလ ဖြစ်နေသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ကိစ္စရပ်များအား ဖိဖိစည်းစည်း မလုပ်နိုင်သေးကြောင်း မကြာမီကာလတွင် ယင်းဇာတ်ကားအတွက် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ အလှူရှင်မိသားစုများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးကြကာ ယခုလိုလှူဒါန်းမှုအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း အမေမှ ပြောကြားကာ အလှူရှင်မိသားစုများနှင့်တကွ ကျွန်တော်တို့ အမေ့အားနှုတ်ဆက်ပြီး အမေ့ခြံမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။

ယခုလို ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားအတွက် လှူဒါန်းမှုသည် မြန်မာနိုင်ငံ၏သမိုင်း အစစ်အမှန် ကို ကမ္ဘာမှသိရှိအောင် ဖော်ကျူးခြင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသော မြန်မာတို့၏ အမျိုးသား ရေးကိစ္စကို တဖက်တလမ်းပံ့ပိုးမှုပြုလုပ်ခြင်းတို့အပြင် ယင်းဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရုံတင်ပြသ သည့်အခါ ရရှိမည့် အကျိုးအမြတ်များအားလုံးကို မြန်မာပြည်သူလူထု၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများအား လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ယခုကဲ့သို့ ရွှေစင်စင်္ကြာ မိသားစု၏ ကောင်းမှုအလှူ သည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသော အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်ကြီးပင် ဖြစ်တော့သည်။

ကိုကျော်သူ

0 သံဒင်းချောင်းဘေးဟင်းရွက်စိုက်ခင်းများအတွင်းတွင် လူသေအလာင်းများလာရောက်မြုပ်နှံမှုအား တားဆီးပေးစေလို





ရွှေပြည်သာ ည(၁၁)ရပ်ကွက် ကျူချောင်သုသာန်ဟောင်းအနီး သံဒင်းချောင်းဘေးနေရာတွင် လွန်ခဲ့သည့် ၁၁ နှစ်ခန့်မှ စတင်နေထိုင်ပြီး ဟင်းသီးဟင်းရွက်ပင်များစိုက်ပျိုးရာ ဧရိယာအနီးတွင် လူသေအလောင်းများ လာရောက်မြုပ်နှံမှုများ ရှိနေကြောင်းသိရသည်။

ယာသမား (၁၁) ဦးသည် သံဒင်းချောင်းဘေးနေရာ၌ ၂၀၁၁ ခုနှစ်တွင် ကျူတောများအား ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်ကာ ဟင်းသီးဟင်းရွက်များစိုက်ပျိုးပြီး နေထိုင်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့လည်း သတ်မှတ်သည့်အခွန်များ ပေးဆောင်ခဲ့သည်။ ယခု စိုက်ပျိုးရေးလုပ်ကိုင်ရာယာခင်းသည် ရွှေပြည်သာ သုသာန်ဟောင်းနှင့် လွတ်ကင်းပြီး ယင်းသုသာန်ဟောင်း၏ တခြားတဖက် သံဒင်းချောင်းဘေးမြေပေါ်တွင်သာ စိုက်ပျိုးခြင်းဖြစ်သည်။ နိုင်ငံတော်၏ စီမံကိန်းများဖြစ်သော ကြက်ဆူပင်စိုက်ပျိုးခြင်း စီမံကိန်းတွင်လည်း ပါဝင်ကူညီခဲ့သည်။

ယခုအခါ ကျူချောင်သုသာန်ဧရိယာ၏အပြင်ဘက် စိုက်ပျိုးရေးပြုလုပ်ရာ ယာခင်းအနီးတွင် ဘာသာခြားများမှ လူသေအလောင်းများ လာရောက်မြုပ်နှံခြင်းများ ပြုလုပ်နေကြသည်။

“စိုက်ခင်းရဲ့ တာဘောင်တဖက်မှာရှိတဲ့ မြန်မာသုသာန်ဟောင်းဟာ ၁၂ဧက ကျော်ကျယ်ပါတယ်။ ဘာသာခြားတွေအတွက် မြေနေရာပေးမယ်ဆိုရင်လည်း မြန်မာသုသာန်မြေဧရိယာကနေ ခွဲဝေပေးလို့ရပါတယ်။ ခုလို လူတွေစားသောက်တဲ့ သီးနှံစိုက်ခင်းအနားမှာ အလောင်းလာမြုပ်တာ မလုပ်သင့်ပါဘူး။” ဟု ယာသမားတစ်ဦးမှ ပြောသည်။

လူအများစားသုံးရာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရာ ယာခင်အနီးတွင် ယခုလို အလောင်းမြုပ်နှံခြင်းသည် မပြုလုပ်သင့်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးစေလိုကြောင်း ယာခင်းလုပ်သားများမှ ပြောဆိုနေကြသည်။

“ဒီသုသာန်က ၁၉၉၆ ခုနှစ် မှာကတဲက ပျက်ပြီးသားပါ။ နိုင်ငံတော်က ရေဝေး၊ ထိန်ပင် စတဲ့ သုသာန်တွေမှာ သွားသင်္ဂြိုဖို့ အမိန့်ထုတ်ထားပြီးသားပါ။ နောက်ပြီးဒီနေရာက လူနေရပ်ကွက်နဲ့ နဲနဲလှမ်းတယ်၊ ဒီလိုသာအလောင်းတွေကို ဒီနေရာမှာ မြေမြုပ်ခွင့် ပြုလိုက်မယ်ဆိုရင် မသမာသူတွေက ရာဇ၀တ်မှုကျူးလွန်ပြီး ဒီနေရာမှာ လာရောက်မြှပ်နှံမယ်ဆိုရင်လည်း ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ ဘာသာခြားတွေရဲ့ ဓလေ့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီစိုက်ခင်းနေရာကိုတော့ အလောင်းမြုပ်နှံရာ သုသာန်အဖြစ် အသုံးမပြုသင့်ပါဘူး” ဟု ၈၈မျိုးဆက်ကျောင်းသားဟောင်းများပါတီမှ မအေးမာက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေဖြင့် ရန်ကုန်မြို့နေ ပြည်သူလူထုအား အကျိုးပြုနေသော ဟင်းသီးဟင်ရွက်စိုက်ပျိုးရာနေရာကို အလောင်းမြုပ်နှံရာသုသာန်နေရာအဖြစ် ပြောင်းလဲသတ်မှတ်ထားသည်ကို ပြန်လည်စဉ်းစားသုံး သပ်စေလို ကြောင်း ယာသမားများက ဆန္ဒရှိနေကြသည်။



ကိုရဲ

3 မပြောချင်လည်း ပြောရအုံးမယ်

(၁)
ခုတလော အသံတွေက ဆူညံနေတယ်။ တိုင်းပြည်အပြောင်းအလဲအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊ မဟနအကြောင်း … အကြောင်းတွေက စုံလှတယ်။ အင်တာနက်သတင်းတွေ၊ ဘလောဂ်တွေ၊ ၀က်ဘဆိုက်တွေ၊ ဖေ့စဘွတ်ခ်တွေ ဖွင့်လိုက်တိုင်း ဒီအကြောင်းတွေက နေရာယူထားတယ်။ ဒါက ဘာဆန်းလဲ။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်မြန်မာတွေ ပြောကြမှာပေါ့။ ဒီတော့ ပြောစရာရှိတာက တို့တိုင်းပြည်တော့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ တို့က မသိချင်ယောင်ဆောင်နေရမှာလား။ ဘယ်ခေတ်မှာမှ ဗုဒ္ဓဘာသာဟာ နိုင်ငံ့အရေးတွေနဲ့ ကင်းကွာမနေခဲ့ဘူးဆိုတာ တွေ့ရမယ်။ ခေတ်တိုင်းခေတ်တိုင်း ဆရာတော်တွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကောင်းရာမွန်ရာတွေကို ပြောကြားပေးခဲ့တယ်။

ဒီလို တရားနဲ့အညီ အုပ်ချုပ်ဖို့ အကြံပေးတာနဲ့ ဒီဆရာတော်တွေဟာ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။ နိုင်ငံရေးတွေ လုပ်နေတယ်လို့ ဆိုရတော့မလား။ ဘယ်သမိုင်းဆရာကမှ အဲဒီဆရာတော်တွေကို နိုင်ငံရေးလုပ်တဲ့ ဆရာတော်တွေလို့ မပြောခဲ့ဘူး။ တို့ ဗုဒ္ဓဘာသာဟာ တိုင်းပြည်ကောင်းစားရေးအတွက် ဘုရင်တွေကိုတောင်မှ ဆုံးမသြ၀ါဒပေးခဲ့တယ်၊ တိုင်းသူပြည်သားအရေးကို လျစ်လျူမရှုခဲ့ဘူးလို့တောင်မှ ဂုဏ်ယူပြောကြသေးတယ်။ ဒီဘက်ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ကြတာလဲ။

(၂)
အသက်ကြီးကြီး ဆရာတော်တွေက အာဏာရှင်အစိုးရ တက်လာတော့ “ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး”ဆိုပြီး တတွတ်တွတ် ရွတ်ဆို ဖားယားကြတယ်။ ဟိုဟာလုပ်ပေးဖို့၊ ဒီဟာ လုပ်ပေးဖို့ တောင်းဆိုတယ်။ အမှန်တကယ် သလိုလို (အာဏာရှင်အကြိုက်) ပြောပေးကြတယ်။ ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ သိရဲ့နဲ့ စိတ်ချမ်းသာနေသလိုလို ပြောပေးကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ခိုင်းတာ အကုန်လုပ်ပေးတယ်။ အာဏာရှင်တည်မြဲရေး သြ၀ါဒတွေ ပေးကြတယ်။ ပြောရရင် အာဏာရှင်တွေ ကောင်းကြောင်းပြောပေးကြတယ်။ ကဲ …. ဟုတ်ပြီ။ ဒီဆရာတော်တွေ ဒီလို ပြော၊ ဒီလို လုပ်နေတာကိုကျတော့ “ဒီဆရာတော်တွေ နိုင်ငံရေး လုပ်တယ်”လို့ ဘယ်သူ ပြောသလဲ။

(၃)

ကိုယ်တော်လေးတွေကလည်း သူတို့ ခံယူချက်နဲ့သူတို့ အမေစု ကောင်းကြောင်း ပြောကြတယ်။ ပြည်သူတွေ ငတ်နေတာကို ပြောပြတယ်။ ကလေးတွေ စာမတတ်တာတွေ ပြောကြတယ်။ ကျောင်းမနေနိုင်ကြတာ ပြောကြတယ်။ ပြည်သူတွေ အထူးသဖြင့် ကျေးလတ်ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာတွေ ပြောကြတယ်။ တိုင်းပြည်မှာ ရှိတဲ့ မတရားမှုတွေ၊ အဓမ္မမှုတွေကို ပြောကြတယ်။ (ဆရာတော်ကြီးတွေလို ဖားတာယားတာတွေတောင် မပါဘူး)။ ကဲ … ဟုတ်ပြီ။ ဒီလို ကိုယ့်တိုင်းပြည်တွင်းက ဒီလို အခြေအနေတွေကို ပြောနေတဲ့ ကိုယ်တော်လေးတွေကိုတော့ ခင်ဗျားတို့ ဘယ်လို တံဆိပ်ခတ်နှိပ်ပေးကြသလဲ။ “ဒီကိုယ်တော်က နိုင်ငံရေး လုပ်တယ်”တဲ့။

တချို့ ဒကာ၊ ဒကာမတွေကလည်း လာသေးတယ်။ “အရှင်ဘုရားဆိုက်မှာ နိုင်ငံရေးအကြောင်းတွေ ဆက်ရေးနေရင် တပည့်တော် အရှင်ဘုရား ပညာရေး မထောက်ပံ့တော့ဘူး”တဲ့။ ကျုပ်ကလည်း ရှင်းတယ်။ “ဒကာတို့လို လူတွေနဲ့ ဝေးလေကောင်းလေပဲ”လို့။ တရားမမျှတတာကို တရားမျှတတယ်၊ ဆင်းရဲနေကြတာကို ချမ်းသာနေကြတယ်လို့ ကျုပ်ကလည်း ဘယ်တော့မှ မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ တရားမျှတမှု မရှိတာကို ရှိအောင်၊ ဆင်းရဲနေတာကို ချမ်းသာအောင် နည်းလမ်းတွေ အများကြီး ပေးထားတယ်။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေး နည်းလမ်းတွေဟာ လောကကနေ ကင်းကွာမနေဘူးဆိုတာ မှတ်ထားရမယ်။ ကျုပ်တစ်ခါ ရေးထားဖူးတယ်။ ကူဋဒန္တသုတ်ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောထားတဲ့ တိုင်းပြည်တည်ဆောက်ရေး တရားပဲ။

ဒီတော့ ခင်ဗျားတို့ မလှူချင်လည်း မလှူနဲ့။ ကျုပ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ဆက်ပြောမှာပဲ။

(၄)
အခုလည်း လာကြသေးတယ်။ “မဟနတွေကို ရေးတာ မကောင်းဘူး။ အဲ့ဒီလို မရေးသင့်ဘူး”တဲ့။ “ဘာဖြစ်လို့လည်း…. မင်းအတွေးအခေါ်တွေက ငါ ပြောလိုက်ရင် ပြိုလဲကုန်အုံးမယ်”လို့ဆိုတော့ “ဗန်းမော်ဆရာတော်ကြီးလို ဆရာတော်ကြီးတွေ ပါနေလို့ပေါ့”တဲ့။ “အေး ဗန်းမော်ဆရာတော်ကြီး ပါတော့ ဘာဖြစ်လဲကွ၊ ငါက ဗန်းမော်ဆရာတော်ကြီးကို ပြစ်မှားတာမှ မဟုတ်တာ၊ ဗန်းမော်ဆရာတော်လို ဆရာတော်တွေကို ငါ လေးစားဦးခိုက်ပြီးသားပဲ၊ အခုဟာက မဟနက မတရားမှုတွေ၊ အဂတိလိုက်စားတာတွေ၊ ပြည်သူတွေ နာမှာ၊ ဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ အစိုးရအလိုကျ ဆုံးဖြတ်ပြောဆိုပေးတာတွေ မင်းမသိချင်ယောင် မဆောင်ပါနဲ့။ အဲဒါတွေ ပျောက်ကွယ်သွားရေးအတွက် တစ်ခုခု လုပ်ကြစေဖို့ ငါ ရေးနေ၊ ပြောနေတာ”

အချို့ကလည်း လာသေးတယ်။ “မဟနဆရာတော်တွေ ဦးဆောင်ညွှန်ကြားထောက်ပံ့ထားတဲ့ တက္ကသိုလ်မှာ ပညာသင်ခဲ့ရတဲ့ ကျေးဇူးတွေ မင်း မမေ့နဲ့”တဲ့။ ဒါက ခေါင်းမရှိလို့ ပြောတာ။ မဟနတွေ (ဘယ်သူကလွဲပြီး ဘယ်သူက လွဲပြီးလို့ ပြောနေရင် ပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် မဟနလို့ပဲ သုံးရမှာပဲ) တက္ကသိုလ်စာသင်ခန်းထဲကို ဘယ်နှစ်ခေါက် ရောက်ဖူးသလဲ။ တက္ကသိုလ်မှာ စာဘယ်လို သင်ရတယ်၊ စည်းကမ်းတွေ ဘယ်လိုဘယ်ညာ ဘယ်လောက်ထိ သူတို့ သိသလဲ။ တက္ကသိုလ်ရဲ့ အထက်မှာ မဟနကို တင်ထားပေမယ့် နာမည်ပဲ ရှိတယ်ဆိုတာ အားလုံးသိနေတာပဲ။

တက္ကသိုလ်မှာ အခမဲ့ရတဲ့ လျှပ်စစ်မီး၊ အခမဲ့စားရတဲ့ ဆွမ်း၊ အခမဲ့သင်ရတဲ့ ပညာရေး …. ဒီကုန်ကျစရိတ်တွေ အားလုံးဟာ ပြည်သူတွေရဲ့ ချွေးတွေပါဗျာ။ ပြည်သူတွေရဲ့ လုပ်အားတွေပါ။ ချမ်းသာသူအနည်းငယ်နဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးတွေပါဗျာ။

(၅)
ဒီကျေးဇူးတွေကို ဆပ်ချင်လို့ ကျုပ်ကတော့ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပြောနေမှာပဲ။ ဒါကိုပဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး ခေါင်းစဉ်တပ်ချင်သူတွေ ပြောချင်သလို ပြော၊ ဒီလို ပြောလို့ မလှူချင်ဘူးဆိုလည်း မလှူကြနဲ့။ အခန့်မသင့်လို့ ဖမ်းဆီးချုပ်နှောင်ချင်တယ်ဆို ဖမ်း၊ ချုပ်။ ကျုပ်ကတော့ ပြည်သူတွေရဲ့ ကျေးဇူးတွေ ကျန်ရှိနေသေးလို့ ဆက်ပြောမှာပဲ။

ကျုပ်တို့ ဘုန်းကြီးတွေ ပြည်သူတွေရဲ့ ဆွမ်းကို စား၊ ပြည်သူတွေ ဆောက်ပေးတဲ့ကျောင်းမှာ နေ၊ ပြည်သူတွေ ပေးတဲ့ အ၀တ်ကို ၀တ်၊ ပြည်သူတွေ ပေးတဲ့ ဆေးနဲ့ ကျန်းမာနေခဲ့ကြရတာပါ။ ဒီလို အဘက်ဘက်က ထောက်ပံ့ကျွေးမွေးလာခဲ့တဲ့ ပြည်သူတွေကို ကျုပ်တို့ ဘာတွေများ ပေးဆပ်ပြီးပြီလဲဗျာ။

ပြောလိုက်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ဖြစ်အုံးမယ်။ ခရစ်ယာန်ကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေဟာ ရောဂါဝေဒနာသည်တွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ … ပညာရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားတယ်။ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေကတော့ ဘုန်းကြီးကျောင်းထဲက ပြန်ထွက်မလာကြတော့ဘူး။ သံဃာတွေအတွက် စားဝတ်နေရေး လုပ်တဲ့နေရာတွေကို မဆိုလိုပါဘူး။ သံဃာအတွက်လည်း မဟုတ်၊ ပြည်သူအတွက်လည်း မဟုတ်တဲ့ ကျောင်းတွေကို ဆိုလိုတာပါ။ (ပြည်သူတွေအတွက် လုပ်နေတဲ့ အာဇာနည် သံဃာတော်တွေလည်း ရှိပါတယ်။ သူတို့ကို ဦးခိုက်လျှက်ပါ။ ရှိတဲ့အရေအတွက်နဲ့ နှိုင်းစာပြီး ပြောတာပါ)။

(၆)
အခုဆိုရင် ပြည်တွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး၊ ဆေးမကုနိုင်တဲ့ လူနာတွေကို ဆေးကုပေးခြင်းအားဖြင့် ဘာသာခြားတွေက လိုက်လုပ်ပေးနေတယ်။ အခုဆို ဗုဒ္ဓဘာသာဆင်းရဲသားကလေးတွေ၊ မိသားစုတွေဟာ ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြီ။

“ဒကာမကြီး ဟိုဘုရားစင်ကို ဘာလို့ အ၀တ်တွေနဲ့ ဖုံးထားရတာလဲ”

“သားလေးကို ကျောင်းထားပေးတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ လာလို့ပါ။ သူတို့ မကြိုက်မှာစိုးလို့၊ အဓိကကတော့ သားလေးကို ကျောင်းဆက်မထားတော့မှာ စိုးလို့ပါ”

………………………………..

“ဟော သား ကျောင်းက ပြန်လာပြီလား။ ကျောင်းမှာ ဘာတွေ လုပ်ခဲ့ရလဲ”

“ဒီနေ့ ပြဇာတ်ကရတယ်လေ။ သားက ယေရှုအဖြစ် သရုပ်ဆောင်ရတယ်၊ သမီးက ရေဗက္က လုပ်ရတယ်”

“ကျောင်းမှာ နောက်ထပ် ဘာတွေ သင်ပေးလဲ”

“သားတို့ကို ဘုရားသခင်က လူတွေ၊ ဆင်းရဲသားတွေကို ကယ်တင်ပေးတဲ့အကြောင်း သင်ပေးတယ်။ နောက် နှစ်ခြင်းခံတဲ့အကြောင်းလည်း သင်ပေးတယ်၊ ရေထဲကို ခေါင်းကို နှစ်တာလေ။ အရမ်း ပျော်ဖို့ ကောင်းတာပဲ”

………………………….

(၇)
ဗုဒ္ဓဘာသာဆိုတာ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးက ရှိနေခဲ့တဲ့ ဘာသာပါ။ အခုလိုသာ ဦးဆောင်ပုဂ္ဂိုလ်တွေက အကျင့်ပျက်ခြစားနေရင်၊ အဓမ္မမှုတွေ အားပေးအားမြှောက် လုပ်နေရင်၊ ပြည်သူတွေရဲ့ ကျေးဇူးတရားကို လျစ်လျုရှုနေမယ်ဆိုရင် ထိပ်ဆုံးမှာ ဆက်ရှိနေအုံးမယ်လို့ ဘယ်သူ ကြွေးကြော်ရဲသလဲ။

(၈)

ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ လေတိုက်ရင် ပြိုလဲမယ့် အတွေးအခေါ်တွေနဲ့ လာမပြောနဲ့။

အရှင်ကုသလသာမိ

www.ashinkusala.com

0 ပြည်သူတွေရဲ့ ရင်ကို ထိစေခဲ့တဲ့ဒဂုံဆိပ်ကမ်းမဲဆွယ်ပွဲမှ ထလော့မြန်မာ သီချင်း(ရုပ်/သံ)


ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အတွက် ကိုနေဇော်သီဆိုထားတဲ့သီချင်းလေးပါ

Video..အဘ ဥက္ကာကို(ကိုကိုနေဇော် http://www.facebook.com/profile.php?id=100000469100704&sk=wall) သီဆိုထားတဲ့ ထလော့မြန်မာ သီချင်းကို ဒဂုံဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်ဟောပြောပွဲ မြင်ကွင်းများနဲ့အတူ ပေါင်းစပ်တင်ဆက်လိုက်ပါတယ်။

0 ကျန်ရစ်သူများပြန်လည်လွတ်မြောက်လာစေရန် ဆုတောင်းပွဲကျင်းပ။




22.3.12 နေ့၊ နေ့လည် ၁း၁၅ နာရီတွင် မန္တလေး မဟမြတ်မုနိဘုရား အတွင်း တောင်ဘက်ခြမ်းတွင် ဆရာတော် အရှင်ဝီရသူ ဦးဆောင်သော သံဃာတော်များ၊ အကျဉ်းကျဆဲသူတို့၏ မိသားစုများနှင့် ဗကသများအဖွဲ့ချုပ်မှကျောင်းသားများက အကျဉ်းထောင်အတွင်းလွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲကို ကျင်းပခဲ့ပါသည်။

ဆုတောင်းပွဲ အပြီးတွင် မဟာမုနိ ကိုယ်တော်မြတ်ကြီးအားလက်ယာရစ် ပတ်၍ အရှေ့မုဒ်လမ်းမှ တဆင့် ဘုရားကြီးလိပ်ကန် သို့ သွားရောက်လျက် ငှက်များလွတ်ပေးခဲ့သည်။
ထိုအချိန်တွင် ကျန်ရစ်သူ အကျဉ်းသားစာရင်းများ၊ ကျန်ရစ်သူတို့ ပုံများ၊ ဆန္ဒများရေးသားထားသော စာများ စသည့် ဗီနိုင်းများ အသီးသီးကိုင်ဆောင်ထားကြသည်။

ထို့နောက် သိလိုသည်များကို ဆရာတော်က ဖြေကြားပြီးနောက် ၂း၃၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သတင်းနှင့် ဓါတ်ပုံ-

ကိုဝိုင်ဝိုင်ကေ
ဗကသများ အဖွဲ့ချုပ်
(အထက်ဗမာပြည်)

Friday, March 23, 2012

0 သမ္မတ ဦးသိန်းစိန်ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို ငွေနှင့် လိုအပ်ချက်များ ထောက်ပံ့ပေးပြီး မဲဝယ်

"ခင်ဗျားတို့တောင်းတာတွေအကုန်လုပ်ပေးထားပြီးပြီ။ ပြန်တောင်းဖို့ပဲရှိတော့တယ်။ ဘာလဲဆိုတာသိတယ်မဟုတ်လား"
7 Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃မှ

0 ၈၈ မျိုးဆက်၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်


၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် ကွန်ရက်ဖွဲ့စည်းထားပြီး စောင့်ကြည့်လေ့လာသွားမည်ဟု ယနေ့ နံနက် ၁၁နာရီကရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ကွန်ရက်ဖွဲ့စည်းခြင်းသည် ပါတီအောင်နိုင်ရေး မဟုတ်သလို ယခုအဖွဲ့အစည်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ပြည်ပအဖွဲ့အစည်းထံမှ အထောက်အပံယူမည် မဟုတ်ဟုလည်း ပြောဆိုသွားသည်။ မတ်လ ၂၄ ရက်နေ့မှစတင်၍ ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းကာ စတင်လုပ်ဆောင်သွားမည်ဟု ပြောဆိုသွားသည်။ (ဓါတ်ပုံ-အိမ့်ခိုင်ဦး)
(Yangon Press International')

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ စတုတ္ထအကြိမ် ကော့မှူး စည်းရုံးရေးခရီးစဉ်



Photo..Getty images
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ ကော့မှူးမြို့နယ်ဆီ သွားရောက်ပြီး မဲဆန္ဒရှင်လူထုနဲ့ တွေ့ဆုံပြီးတော့ စကားပြောခဲ့ပါတယ်။ ပြည်သူ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တဲ့အကြောင်း၊ တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းဖို့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့အကြောင်း၊ ကော့မှူးမဲဆန္ဒနယ်ကို ဘာ့ကြောင့် ရွေးချယ်ရ သလဲဆိုတဲ့ အကြောင်းတွေအပြင် လူထုအနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ မဖြစ်မနေ သွားပြီး မဲပေးကြဖို့ အလေးအနက် တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကနေ ကော့မှူးမြို့ဆီထွက်ခွာပြီး ကော့မှူးကို သွားတဲ့ လမ်းတလျှောက် လူထုပရိသတ်ထောင်ပေါင်းများစွာက ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုခဲ့ကြ ပါတယ်။ ညနေပိုင်းမှာ ကော့မှူးနဲ့ အနီးအနားဒေသတွေက စုဝေး ရောက် ရှိလာတဲ့ လူထုကို စကားပြောခဲ့ ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတိုင်းမှာ ပါလေ့ရှိတဲ့ NLD ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်း သုံးချက် ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာကို ထည့်သွင်း ပြောဆိုသွားသလို မဲဆန္ဒရှင်လူထုရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တယ်ဆိုတာကို ပြောပါတယ်။

“ကျမတို့က ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာပါ။ ကျမ တခုပဲ ပြောချင်ပါတယ်။ ကျမတို့ဟာ ဒီလို လွှတ်တော်ထဲကနေပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့် ဆိုတာဟာ ၁၉၉၀ ခုနှစ်ထဲက မရခဲ့ပါဘူး။ ကျမတို့ကို ၁၉၉၀ ခုနှစ်ကလည်း ပြည်သူတွေက တကယ့်ကို အင်တိုက်အားတိုက် ထောက်ခံကြခဲ့ ပေမဲ့ မဲတွေပဲရပြီးတော့ ကျမတို့ ကိုယ်စား လှယ်တွေ အရွေးခံကြရပေမဲ့ ကျမတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ ပြည်သူတွေရဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။

“အခုအချိန်မှာတော့ နေရာ နည်းနည်းလေးပေါ့နော်၊ အားလုံးက ၄၈ နေရာရှိပါတယ်၊ အားလုံး နိုင်လို့ရှိရင် တောင်မှ ဒါဟာ ရာခိုင်နှုန်းအရ နည်းနည်းလေးပါ။ ဒါပေမဲ့လည်း ကျမတို့ဟာ တတ်နိုင်တဲ့ နေရာကနေ ပြီးတော့ လုပ်သွားမယ်လို့ ကျမပြောချင်ပါတယ်။ လွှတ်တော်ထဲမှာ လုံးဝ ကျမတို့ နေရာမရှိတဲ့ အနှစ် ၂၀ အတွင်းမှာတောင်မှ ပြည်သူတွေရဲ့တာဝန်တွေကို၊ ပြည်သူတွေပေါ်မှာ ကျမတို့ရှိရမယ့်တာဝန်တွေကို ကျမတို့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါ တယ်။ အဲဒီတော့ လွှတ်တော် တစ်နေရာပဲဖြစ်ဖြစ်၊ ၄၈ နေရာပဲဖြစ်ဖြစ် ဆိုလို့ရှိရင် ကျမတို့ အရင်ကထက် စာလို့ရှိရင်တော့ ပိုပြီးတော့ တာဝန်ကျေနိုင်မယ့်အနေအထား ရောက်သွား ပါလိမ့်မယ်လို့ ကျမ ဒီလောက်ကို ကတိပေးနိုင်ပါတယ်။”

NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့် ကော့မှူး မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရသလည်းဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုပါတယ်။

“အချက် နှစ်ချက်ရှိပါတယ်။ တစ်ခုကတော့ ကျမတို့ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန် နေရတာတွေ တော်တော်များများ ရှိတယ်။ အဲဒီကိစ္စတွေအတွက်လည်း ကျမ တတ်နိုင် သလောက် လုပ်ပေးချင်လို့ ကျမ ကော့မှူးကို ရွေးတာပါ။ နောက်တခုကလည်း ကော့မှူးမြို့နယ် မှာဆိုလို့ရှိရင် ကရင်တိုင်းရင်းသားတွေ များတဲ့ အခါကျတော့ ကျမတို့ရဲ့ ပြည်ထောင်စုအသွင်ကို ဆောင်မယ်ဆိုတဲ့ အမြင်နဲ့ ကျမ ကော့မှူးမြို့နယ်ကို ရွေးတာ ဖြစ်ပါတယ်။”

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေအတွင်း တိုင်းပြည်ရင်ဆိုင်နေရတဲ့ပြဿနာတွေကို သူတွေ့ရတဲ့ ထဲကမှ အလုပ်လက်မဲ့နဲ့ အလုပ်အကိုင်မလုံလောက်တဲ့ ပြဿနာတွေ ရှိနေတာ၊ လူငယ်တွေ ဘွဲ့ရပြီးတဲ့ နောက်မှာ တောင်မှ ဘာမှ မလုပ်နိုင် မကိုင်နိုင် အခြေအနေတွေနဲ့ ကြုံနေရတာတွေကို ပြောပါတယ်။ အဲဒီလို တိုင်းပြည် ရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ပြည်သူလူထုက ပူးပေါင်းပါဝင်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတဲ့နေ့မှာလည်း လူထုအနေနဲ့ မဖြစ်မနေ သွားရောက် မဲပေးကြဖို့ အလေးအနက် တိုက်တွန်းခဲ့ပါသေးတယ်။ ဒီမိုကရေစီ တိုင်းပြည်တခုမှာ အစိုးရအဖွဲ့ အလုပ်လုပ်ရတဲ့ ပုံသဏ္ဌာန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဆို ပြောခဲ့ပါသေးတယ်။

“ဒီမိုကရေစီဆိုတာ ဒီလိုပါပဲ၊ အစိုးရတစ်ခုထဲက ကိုယ့်သဘောနဲ့ လုပ်တာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ သဘောထားကို စိစစ်ပြီး၊ ပြည်သူတွေရဲ့သဘောထားကို လေ့လာပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောငိ ပြီးမှ ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျမက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် လုပ်သွား နိုင်ဖို့ အများကြီး မျှော်လင့်ပါတယ်။ နောက်ဆိုလို့ရှိရင် ကော့မှူးကို ခဏခဏလာလို့ ငြီးငွေ့သွားလိမ့်မယ်။”

အခု ခရီးစဉ်တလျှောက် အခက်အခဲ အနှောက်အယှက် တစုံတရာ မကြုံတွေ့ခဲ့ရဘဲ လမ်းခရီး တလျှောက် လူထုအများအပြား ကြိုဆိုခဲ့ကြတာဖြစ်ပေမဲ့ ပြဿနာ တစုံတရာမရှိခဲ့ပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပမယ့် ဧပြီလ ၁ ရက်နေ့မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အရှေ့ တောင်အာရှနိုင်ငံတွေကနေ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ၊ သတင်း မီဒီယာသမားတွေ လွှတ်ပေးပါလို့ မြန်မာအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ဖိတ်ခေါ်ထား ပါတယ်။)VOA

1 ခလရ၄ဝဟိုပင်မှစစ်သည်ဟောင်းတဦး မိုင်းထိခြေထောက်ပြတ်ပြီး ရန်ကုန်တွင်တောင်းစားနေရတာကို ရင်နင့်ဖွယ်တွေ့ခဲ့ရ




ခလရ ၄ဝဟိုပင်မှစစ်သည်ဟောင်းတဦး မိုင်းထိခြေထောက်ပြတ်ပြီး ရန်ကုန်တွင် တောင်းစားနေ ရတာကိုရင်နင့်ဖွယ် တွေ့ခဲ့၇ပါတယ်။ တပ်မတော်သားတွေကိုတပ်မတော်သာအမိတပ်မတော်သာဖလား?
ပြည်သူသာအမိပြည်သူသာအဖလားဆိုတာကို ဒီပုံလေးကကွဲကွဲပြားပြား သဘောပေါက်စေမယ် လို့ထင်ပါတယ်။

ပေးပို့သောရန်နောင်အားကျေးဇူးတင်ရှိပါသည်..

0 အဆောက်အဦးထဲကငွေ(၁)ဆဦးတင့်ဆန်းအိတ်ထဲ ငွေ(၂)ဆရောက်သွားသည့် ပြည်သူ့လွှတ်တော်အဆောက်အဦး

UTS

Thursday, March 22, 2012

0 ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဂုဏ်သိက္ခာရှိရှိ ပြုမူကြပါစို့


ဂျပန်မှာ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့အခါမှာ တကယ့်ကို လူကြီးလူကောင်းပီပီ ကျင့်ကြံ ပြုမူကြပါတယ်။ ရွေးကောက်ပွဲ မသမာတာ၊ ညစ်ပတ်တာတွေ လုံးဝ မလုပ်ကြပါဘူး။ လူထုဆုံးဖြတ်မှုကိုသာ သိက္ခာရှိရှိ ခံယူကြပါတယ်။

ရွေးကောက်ပွဲ နိုင်တဲ့သူတွေက ရှုံးတဲ့သူတွေအပေါ် ပြက်ရယ်ပြု ပြောင်လှောင်တာမျိုး မရှိဘဲ သိက္ခာရှိရှိ ပျော်ကြပါတယ်။ အောင်ပွဲခံတယ် ဆိုတာမျိုးကိုတောင် အဖြစ်သဘောလောက်ပဲ လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ နိုင်လိုက်တဲ့အချိန်ကစပြီး သူတို့ဟာ “ပြည်သူကို ကိုယ်စားပြုလိုက်ရပြီ” ဆိုတဲ့ တာဝန်ကြီးက သူတို့ပခုံးပေါ် ချက်ချင်း ရောက်လာတဲ့အတွက် တာဝန်မကျေမှာ အလွန်စိုးရိမ်တဲ့အတွက် ပုဂ္ဂိုလ်ရေးရာ ခံစားမှုတွေကို သိပ်အချိန်မပေးလှပါဘူး။

ရှုံးသွားတဲ့သူတွေကလည်း ရုန့်ရင်းဆန်ခတ် ပြုလုပ်တာ၊ ပွဲဖျက်တာမျိုး လုံး မလုပ်ကြပါဘူး။ လူထု အဆုံးအဖြတ်ကို လေးလေးစားစား ဂုဏ်သိက္ခာရှိရှိ ခံယူကြပါတယ်။ အနိုင်ရရှိသူတွေအပေါ် ပုတ်ခတ် စွပ်စွဲ ရှုတ်ချတာတွေ မလုပ်ကြပါဘူး။

ဘာကြောင့် လဲဆိုတော့ ပြည်သူတွေက ရှုံးတဲ့သူတွေကိုလည်း အမြဲမပြတ် စောင့်ကြည့်နေကြတာဖြစ်လို့ နောက်တကြိမ်မှာ သူတို့ပါတီအနေနဲ့ လူထု ထောက်ခံမှု မရမှာစိုးလို့ ဖြစ်ပါတယ်။ အဲဒါက ရွေးကောက်ပွဲအပြီး သူတို့ရဲ့ ပထမဦးဆုံး အလုပ်ဖြစ်ပြီး ဒုတိယအလုပ်ကတော့ နောက်တကြိမ် လူထုထောက်ခံမှုနဲ့ အနိုင်ရရှိအောင် ဘယ်လို ပြင်ဆင်လုပ်ယူကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတွေက နိုင်ငံရေးပါတီတွေဟာ ဒီလိုစိတ်ဓါတ်၊ ခံယူချက်၊ အပြုအမူတွေပဲ ရှိနေကြမယ်လို့ ကျနော်ထင်ပါတယ်။

ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီး ဥပဒေ၊ မဲဆွယ်ပုံ၊ မဲပေးပုံ၊ မီဒီယာနဲ့ ရွေးကောက်ပွဲ စောင့်ကြသူတို့ အခန်းကဏ္ဍ စတဲ့ အားလုံးဟာ ဒီမိုကရေစီ စံနှုန်းအတိုင်း ရှိနေပြီး တတ်နိုင်သမျှ မသမာမှုတွေ မရှိရအောင် အဘက်ဘက်က စီမံထားနိုင်လို့လည်း ရွေးကောက်ပွဲတွေဟာ ချောချောမောမောနဲ့ အောင်မြင်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာအစိုးရရဲ့ ဖိတ်ခေါ်ချက်အရ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လာရောက်ကြပါတော့မယ်။ သူတို့နဲ့အတူ သတင်းမီဒိယာသမားတွေလည်း ပါလာကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး သူတို့ကတော့ မှတ်တမ်းတင်နေတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိရှိ ရည်မှန်းချက်အတိုင်း အောင်မြင်စေနိုင်ဖို့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို မထိခိုက်စေရအောင် အကောင်းဆုံး ထိန်းသိမ်း ပြုမူကြရဖို့လည်း အထူးဂရုတစိုက် ရှိနေကြရမှာ ဖြစ်ပါတယ်။ တဦး-တဖွဲ့ရဲ့ မသင့်တော်တဲ့ အပြုအမူ တခုလေးနဲ့တောင် နိုင်ငံတကာအလယ်မှာ မြန်မာတွေရဲ့ ဂုဏ်ပျက်သွားနိုင်ပါတယ်။

အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးတာဖြစ်လို့ သမ္မတဖြစ်စေ၊ ဒုတိယသမ္မတတဦးဦးကဖြစ်စေ၊ တာဝန်ခံယူ ကျင်းပတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်စေ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကိစ္စတွေမှာ ထိန်းထိန်းသိမ်းသိမ်း သိက္ခာရှိရှိ ပြုမူကြဖို့ လူထု (အသံလွှင့်) မိန့်ခွန်းတွေ ပြောပေးစေချင်ပါတယ်။ အစိုးရကို ပြည်သူတွေက ထိန်းကျောင်းတည့်မတ်သလို ပြည်သူတွေကိုလည်း လိုအပ်တဲ့ အခုလို အရေးကြီးတဲ့ ရွေးကောက်ပွဲကာလမှာ အစိုးရက ထိန်းကျောင်းတည့်မတ်ပေးဖို့ လိုအပ်မယ် ထင်ပါတယ်။

လွင်အောင်စိုး

၂၂-၃-၂ဝ၁၂

0 ၂၀၁၂ မန္တလေးသင်္ကြန်တွင် မန္တလေးလူရွှင်တော်များစုပေါင်း၍ သံချပ်အလှပြယာဉ် ထွက်မည်.


လူရွှင်တော် ပါပါလေးနှင့် အဖွဲ့


အန်တီစု၏ မန္တလေးစည်းရုံးရေးခရီးစဉ် မတိုင်မီ မြို့တွင်းသို့ လှည့်လည်ဖျော်ဖြေနေကြသော မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့

သတင်းနှင့် ဓာတ်ပုံ - ရဲဘော်သူရိန်

(မတ်-၂၂၊ ကြာသပတေး)

မန္တလေးလူရွှင်တော်များစုပေါင်း၍ ၂၀၁၂ မန္တလေးသင်္ကြန်တွင် နှစ်ပေါင်း အတော်ကြာ ပိတ်ပင်ခံထားရသော သံချပ်များထိုးခြင်းဖြင့် မန္တလေးပြည်သူများကို လှည့်လည်ဖျော်ဖြေမည်ဖြစ်ကြောင်း လူရွှင်တော် ပါပါလေးမှ CJ Myanmar သို့ ပြောကြားလိုက်သည်။ သံချပ်အလှပြယာဉ်ဒီဇိုင်းကို မန္တလေးကာတွန်းဆရာများမှ ပါဝင်ဖျော်ဖြေမည့် လူရွှင်တော်များ၏ ကယ်ရီကေးချားရုပ်ပုံများဖြင့် အလှဆင်ပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသော မြန်မာ့ရိုးရာသံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် သင်္ကြန်အကြိုနေ့ မတိုင်မီ ၃ရက် အလိုလောက်မှ စတင်လှည့်လည်ဖျော်ဖြေမည်ဖြစ်ပြီး ရရှိလာမည့် အလှူငွေများပေါ်မူတည်၍ သင်္ကြန် (၅) ရက်အတွင်း ဆက်လက်ဖျော်ဖြေနိုင်မည်ဖြစ်သည်။ မန္တလေးလူရွှင်တော်များသံချပ်အဖွဲ့အတွက် အလှူငွေများ ထည့်ဝင်လိုပါက ၃၉လမ်း၊ ၈၀x၈၁ကြားရှိ ပါပါလေးအငြိမ့်အိမ်တွင် လာရောက်ထည့်ဝင်နိုင်ကြောင်းလည်း သိရှိရသည်။ မန္တလေးလူရွှင်တော်များ သံချပ်အဖွဲ့သည် မတ်လ (၃)ရက်နေ့ အန်တီစု မန္တလေးစည်းရုံးရေးခရီးစဉ်မတိုင်မီကလည်း မြို့တွင်းသို့လှည့်လည်ကာ လှုံ့ဆော်ရေးသံချပ်များဖြင့် ပြည်သူလူထုကို ဖျော်ဖြေခဲ့ကြသေးသည်။ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်တွင် နှစ်ပေါင်းအတော်ကြာ ပျောက်ကွယ်နေပြီဖြစ်သော သံချပ်အဖွဲ့များ ရန်ကုန်၊ မန္တလေးမြို့များတွင် ပြန်လည်ဖော်ထုတ် ဖျော်ဖြေကြရန် ပြင်ဆင်နေကြကြောင်းလည်း CJ Myanmar မှ သိရှိရပါသည်။

CJ Myanmar

0 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးနှင့် လူထုဟောပြောပွဲ မြင်ကွင်း



ဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်အတွက် စည်းရုံးရေး သီချင်း(ကိုနေမျိုးဇင်နှင့်အဖွဲ့သားများ)



Photo..Getty images,AP,Reuters

0 NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလှန့်

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ရှိ နဂါးပေါ်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောင့်ယှက်ခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်ခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် နဂါးပေါ်ကျေးရွာမှ ရွာသူ၊ ရွာသားများအား စည်းရုံးရေး ဟောပြောပွဲ အပြီး ကျေးရွာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်တယောက်က ဟောပြောပွဲ ပြုလုပ်တဲ့နေအိမ်ရှိ ကောက်ရိုးပုံကို မီးရှို့လိုက်ပြီး မီးလောင်နေပါတယ်ဟု အော်ကာ ပွဲလှန့်လိုက်သည့်အတွက် ရွာသူရွာသားများ မီးလောင်နေသည့် နေရာသို့ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါသည်။

နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါမီးလောင်မှုဟာ NLD အဖွဲ့ဝင်တွေက ပစ်လိုက်သည့် ဆေးလိပ်မီးကြောင့် အခုလိုလောင်တာဖြစ်ပြီး အိမ်ရှင်ကို မီး ပေါ့ဆမှုနဲ့ ဒဏ်ရိုက်ရမည်ဟုပြောပါသည်။ တကယ် ကောက်ရိုးပုံကို မီးရှို့လိုက်သည့်လူကို ရပ်ရွာလူတွေက ဝိုင်းဖမ်းဆီးသည့်အခါမှာ အဆိုပါပုဂ္ဂိုလ်မှာ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်လဲဖြစ် ကြံ့ခိုင်ရေးပါတီဝင် တဦးလည်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒါဟာ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲပျက်အောင် တမင်တကာ ရှို့သည့်မီး ဖြစ်ခြင်းကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်ကိုသာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တောင်းဆိုသည့်အတွက် အဲဒီပုဂ္ဂိုလ်အား ဖမ်းဆိးလိုက်သော်လည်း အချိန်အနည်းငယ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) မှာ မဲပေးခွင့်ရှိသည့် မဲစာရင်းများအတွင်း သေဆုံးပြီး လူနာမည်များ ပါဝင်နေခြင်း၊ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် လူနာမည်များ အများအပြား ကျန်ရစ်ခဲ့သည်ဟု NLD စည်းရုံးရေးအဖွဲ့ဝင် တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

NLD စည်းရုံးရေးအဖွဲ့ဝင်တဦးက “ ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာက ပြည်သူတွေက သူတို့ရဲ့ ဟောပြောပွဲတက်ရောက်အောင် လိုက်လံတိုက်တွန်းနှိုးဆော်ခိုင်းတာမျိုး ၊ ဟောပြောပွဲ ကျင်းပမည့် နေရာကို စီစဉ်ခိုင်းတာမျိုး ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့ ကျေးရွာတိုင်းမှာ ကြံ့ခိုင်ရေးက သတင်းပေး ဆိုတဲ့ ကတ်ပြားတွေ ထုတ်ပေးထားတာကို တွေ့ရတယ်။ သတင်းပေးတွေကပဲ ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ လိုက်လံ နှောက်ယှက်တာတွေ ကြုံတွေ့နေရတယ် လို့ ပြောကြားခဲ့ပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။

ဇာဏီ၊(Burma Vj media network)

0 Venus News weekly သတင်းစာစောင်(၂၂.၃.၂၀၁၂)

Venus-3-36

0 ဗိုလ်ချုပ်မှုးကြီးတို့ ၊ ဗိုလ်ချုပ်ကြီးတို့ ရဲ့ အငြိမ်းစားပင်စင်လစာ နဲ့ နိုင်ငံရေးဆုငွေ တွေပါတဲ့


Jade Land

Wednesday, March 21, 2012

0 အာဆီယံရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တည်းခိုနေသည့်ဟိုတယ်အား စရဖ(SB)နှင့်ရဲများ ပိတ်ဖမ်း(အသံဖိုင်)


အာဆီယံရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တည်းခိုနေသည့်ဟိုတယ်အား စရဖ(SB)နှင့်ရဲများ ပိတ်ဖမ်း(အသံဖိုင်-RFA)
ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာ စောင့်ကြည့်တဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီနေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။

0 တောင်ငူမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခတ်ရေးသားထားတဲ့စာတွေ ဖြန့်ဝေ

တောင်ငူမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခတ်ရေးသားထားတဲ့စာတွေ ဖြန့်ဝေနေပါတယ်။ ရေးသားတဲ့သူက တောင်ငူမြို့နယ် ကံရိုးကျေးရွာက အငြိမ်းစားဗိုလ်ကြီးဟောငိး ဦးမောငိမောင် ဖြစ်ပါတယိ ဘယ်ပါတီမှဝင်ရောက်မထားဘူးလို့ဝန်ခံထားပေမယ့် ကြံဖွတ်ပါတီ ရဲ့လူတွေနဲ့ပေါင်သင်းပြီး ရေးသားထား တာဖြစ်နေပါတယ်။
သူတို့ရေးသားထားတဲ့ အချက်တွေထဲက အတိုချုပိကို တင်ပြပေးလိုက်ပါတယ်။

၁ ။ ခံစားချက်၊မကျေနပ်ချက်၊အလိုမကျမှု တွေကိုဘေးဖယ်ထားရမယ် တဲ့

၂။ယခင် ရွေးကောက်ပေးလိုက်တဲ့ ကိုယ်စားလှည်တွေဟာလဲပြည်သူတွေအတွက်ပဲဦးစာပေးလုပ်ဆောင်တာပါ တဲ့

၃၊ တောင်ငူမြိုံ့နယ်ရဲ့ ကိုယ်စားလှည် လောင်း (၃) ဦးဟာ နှိင်ငံအကျိုးကိုဘယ်သူကပိုပြီးကြည့်တာလဲ တဲ့

၎၊ကျွန်တော်တို့ မြန်မာနှိင်ငံအတွင်းမှာ ကမ္ဘာပေါ်မှာလဲကြည့်လိုက်ပါအုးံတဲ့ အဲဒါကတော့ မြန်မာနှိင်ငံမှာဘော်လုးံကန်တာအကောင်းဆုးံဖြစ်တဲ့ ဗဟာဒူးရဲ့သားက ဗဟာဒူ ဖြစ်မလားပါဘူးတဲ့

၅၊ ရေကူးချန်ပီယံတင်မောင်နီရဲ့သားကလဲ တင်မောင်နီဖြစ်မလာပါဘူး တဲ့

၆၊ ခင်ဗျာတို့သားသမီးတွေကလဲ ခင်ဗျာတို့ကိုမမှီပါဘူးတဲ့

၇၊မိဘကတိုင်းပြည်အတွက် နှိင်ငံတော်အတွက်ကိုယ်ကျိုးစွန့်ကြိုးစားဆောင်ရွက်ခဲ့တယ် စံနမှုနာပြခဲတယ် မိဘကလက်နဲ့ရေးတာကိုသမီးကခြေနဲ့ဖျက်တယ် နှိင်ငံခြားသားကို လင်တော်ပြီးသူနှိင်ငံသားခံတယ် ..အမေနေမကောင်းလို့ပြန်လာရာကနေပြီး(၈၈)နဲ့ကြုံလို့ နှိင်ငံရေးလောကထဲ ဆွဲသွင်းခံလိုက်ရပြီးမှ
ှမြန်မာနှိင်ငံသားတွေကို ချစ်ပါတယ် မြန်မာနိုင်ငံရဲ့အကျိုးကို ဆောင်ရွက်ချင်ပါတယ်ဆိုတဲံ့ စကားကို ယုံကြပါရဲ့လားတဲ့

၈၊ မြန်မာနှိင်ငံရဲ့သမိုင်းကိုပြန်ကြည့်လိုက်ရင် (ဖဆပလ)ခေတ်က ဦးနှ အစိုးရ၊ (တော်လှန်ရေးကောင်စီခေတ်က ဗိုလ်ချုပ်နေ၀င်း) (န၀တ ခေတ်ကဗိုလ်ချုပ်မှုးကြီးသန်ရွှေ)နှိင်ငံတော်ကို ကောင်းကျိုးတွေအများကြီးလုပ်ဆောင်ပေးခဲ့တယ် အနောက်နှိင်ငံခြားတွေကိုပြည်တွင်မှာနေထိုင်ခွင့်မပြုခဲ့ဘူး နှိင်ငံရဲ့သယံ ဇာတတွေကိုယူဖိနှိပ်ချုပ်ချယ် မြန်မာအမျိုးသမီးတွေကိုစော်ကား အဲဒီ့လိုသူမျိုးတွေကို မြန်မာနှိင်ငံအတွင်မှာထားလိုက်ရင်မြန်မာဆိုတဲ့အမျိုးပျက်ဆီးသွားမှာ ဆိုးလို့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခနိး(၁) အပိုဒ်(၄၂)(ခ)မှာပါတဲ့ နှိင်ငံတော်အတွင်းမည်သည့်နှိင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု ဆိုတဲ့အပိုဒ်ကိုထည်သွင်ရေးဆွဲအတည်ပြုပေးခဲ့တာဖြစ်တယ်။ဒါဟာအမျိုးကိုချစ်လို့ ၀ံသာနှရက္ခိတတရားဆောင့်ထိန်းကြတာပါတဲ့

၉၊ကျွန်တော်က မဲဆွယ်စည်းရုးံနေတာမဟုတ်ပါဘူးတဲ့
ဒီစာကြောင်းအတိုချုပ်လေးက ဦးမောင်မောင်ဆိုတဲ့တောင်ငူမြို့ကံရိုးရွာက လက်ကမ်းစာလေးပါ။ သခင်အားရကျွန်ပါဝ ဦးမောင်မောင်ပါ ဒီစာနဲ့ပတ်သတ်လို့ မြို့ခံပြည်သူတွေလဲမကျေမနပ်ဖြစ်နေကြပါတယ်။

Aumount 8888

0 The Voice ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာန တရားစွဲ ဆင့်ခေါ်စာပို့ပြီ




Photo..weekly eleven
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာ အမှတ်စဉ် ၃/၂၀၁၂ ၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များနှင့် ဆက်စပ်သုံးသပ် တင်ပြခြင်း အစီရင်ခံစာ၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သတ်၍ ဖော်ပြထားသည်ကို တွေ့ရစဉ်
ယခုလ ၁၂ ရက်နေ့ နေ့စွဲဖြင့် The Voice Weekly စာစောင် မှရေးသားထားသောဝန်ကြီးဋ္ဌာနအချို့ ငွေအလွဲသုံးစားမှု စစ်ဆေးတွေ့ ရှိဟူသော သတင်းအပေါ် သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုသည့် လိုက်သည့်အတွက် တရားရုံးမှ ဆင့်ခေါ်စာ ယနေ့ ပေးပို့လာကြောင်း ယင်းစာစောင်မှ အမှုဆောင်အယ်ဒီတာ ဦးကျော်ဆန်းမင်းကပြောသည်။

“ဒီနေ့ နေ့လယ် ၁၁ နာရီ ၀န်းကျင်မှာ တရားရုံးကစာရောက်လာတာပါ၊သတ္တုတွင်း ၀န်ကြီးဌာနက အသေရေဖျက်မှု ပုဒ်မ ၅၀၀ အရ အရေးယူလျောက်ထားတာကို လာရောက်ဖြေရှင်းဖို့ အတွက် ပါ”ဟု ၎င်းကပြောသည်။

အသရေဖျက်မှု သည် နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသား ဖြင့်ဖြစ်စေ လူတဦးတယောက် နစ်နာစေရန် ကြံရွယ်၍ စွပ်စွဲခြင်း၊ ကြေညာခြင်းတို့သည် အသရေဖျက်မှု မြောက်သည်ဟု ရာဇသတ်ကြီး ပုဒ်မတွင် ပြဋ္ဌာန်းထားရာ ပြစ်ဒဏ်အားဖြင့် အများဆုံး အလုပ်မဲ့ ထောင်ဒဏ် (၂) နှစ် ဖြစ်စေ ငွေဒဏ် ဖြစ်စေ၊ သို့မဟုတ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖေါ်ပြထားသည်။

ဦးတိုက်လျောက်ထားသူမှာ သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုဖြစ်ပြီး မတ်လ ၂၂ ရက်နေ့တွင် ဒဂုံမြို့နယ် တရားရုံးသို့ သွားရောက် ဖြေရှင်းရမည်ဖြစ်သည်။

တရားရုံးမှဆင့်ခေါ်စာ တွင် The Voice Weekly စာစောင် မှ အယ်ဒီတာချုပ် ၊ထုတ်ဝေသူနှင့် သတင်းရေး သားသူ သုံးဦးကို ရည်ညွှန်းပြီး ပို့ခဲ့ခြင်းဖြစ်သည်။

ဆင့်ခေါ်စာ ရက်စွဲမှာ ဒဂုံမြို့နယ်တရား ရုံးတံဆိပ်ဖြင့် မတ်လ ၁၆ ရက်နေ့စွဲ တပ်ထားသော်လည်း ၂၀ ရက်နေ့ရောက်မှသာ The Voice Weekly ဂျာနယ်တိုက်သို့ ပေးပို့ ရောက်ရှိလာခြင်းဖြစ်သည်။

“အခုက ဦးတိုက်လျောက်ထားတာနဲ့ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းဖို့အတွက်ပေါ့၊ထုချေတဲ့အဆင့်လောက်ပဲ ပေါ့ ၊တရားစွဲတာတွေက နောက်မှတဆင့်လာဦးမယ်ထင်တယ်”ဟုဦးကျော်ဆန်းမင်းကပြောသည်။

သို့သော် The Voice Weekly စာစောင်မှတာဝန်ရှိသူများသည် ခရီးလွန်နေသောကြောင့် ဆင့်ခေါ်သည့်ရက်တွင် သွားရောက်ရန်အတွက် အသေအချာ မပြောနိုင်သေးကြောင်း အကယ်၍ တရားရုံကဆင့်ခေါ် သည့်နေ့တွင် မသွားရောက်နိုင်ပါက တရားရုံးသို့ ကြိုတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်းဦးကျော်ဆန်းမင်းကပြောသည်။

သို့သော် ၎င်းတို့ အနေဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက တရားစွဲဆိုလာသည်အဆင့် ဖြစ်လာပါက သတင်း ရေးသားထားခြင်းနှင့်ပတ်သတ်၍ အချက်အလက် များဖြင့် ပြန်လည ပြန်လည် တရားရင်ဆိုင်သွားမည်ဟု ဂျာနယ် အမှုဆောင်အယ်ဒီတာက ဆိုသည်။

ယခု လဆန်းပိုင်းတွင် ထုတ်ဝေခဲ့သောThe Voice Weekly စာစောင်ဧ။်အတွဲ ၈ အမှတ် ၁၃ တွင် “၀န်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစွားမှုများ စစ်ဆေးတွေ့ရှိ ”ဆိုသည့်သတင်းတွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပတ်သတ်ပြီး အောက်ပါအတိုင်းဖော်ပြထား ခဲ့သည်

“သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၏ မုံရွာ ကြေးနီစီမံကိန်း၏ အစုရှယ်ယာ ငါးဆယ်ရာခိုင်နှုန်းအား ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးခြေရမည့်အစား နိုင်ငံခြား ကုမ္ပဏီ တစ်ခုက ပေးချေခဲ့ခြင်းစသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသာများ ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကရှင်းပြသည်”ဟုပါရှိသည်။

အဆိုပါသတင်းရေးသားခြင်းနှင့်ပတ်သတ်၍ သတ္တုတွင်းဝန်ကြီးဌာနကသတင်းရေးသားချက်မှ မှန်ကန်မှုမရှိ ၊စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အားဥပဒေကြောင်းအရဆောင် ရွက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင်သတ္တုတွင်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ““The Voice ရော Weekly Eleven ရောရေးတယ်၊ ဒါပေမယ့် Weekly Eleven ရေးတာက အလွဲသုံးစားလုပ်တာတို့ ဘာတို့ ဖော်ပြတာ မဟုတ်ဘူးလေ။ သူသိထားတဲ့ သဘောလောက်ပဲရေးတယ်၊ တရားစွဲလို့မရဘူး၊ နိုင်ငံဝန်ထမ်းဖြစ်တယ်၊ အတင်းအလွဲသုံးစား လုပ်တယ်လို့ မရေးသင့်ဘူး၊ ကျန်တဲ့ ၀န်ကြီးဌာနတွေ မလုပ်ချင်နေ၊ တို့ကမဟုတ်ဘူး၊ မှန်မှန်ကန်ကန်နေတဲ့ အတွက်ကြောင့် တရားစွဲတာပါ” ဟု ပြန်လည်ပြောကြားခဲ့ကြောင်း The Express Time တွင်ဖော်ပြထားသည်။

The Voice အနေဖြင့် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံနှင့်ရေးသားထားခြင်းဖြစ်ကြောင်း အချက်အလက် အထောက်အထားများလည်း ရှိကြောင်း ပြီးခဲ့သည့်အပတ်က အဆိုပါကိစ္စနှင့်ပတ် သတ်၍ YPI ၏ သတင်းမေးမြန်းချက်ကို ဦးကျော်ဆန်းမင်းက ပြန်လည်ဖြေကြားခဲ့သည်။ ။

Yangon Press International

0 အများကောင်းကျိုးလုပ်ဆောင်ကြတဲ့အခါ ယောက်ျား၊မိန်းမ ခွဲခြားတာထက် လူသားတစ်ယောက် အဖြစ်နဲ့ပဲ မြင်တာ ပိုကောင်းတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုနဲ့တွေ့ဆုံခြင်း


အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ဧပြီ ၁ ရက်နေ့ကလည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါတယ်။ နီးကပ်လာတာနဲ့ အမျှလည်း ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း ဧပြီ ၁ရက်နဲ့ ပတ်သက်ပြီး ရင်ခုန်နေကြပါပြီ။ ဒါကြောင့်လည်း ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကို ပွဲတစ်ပွဲမှာတွေ့ ဆုံခိုက် အနုပညာရေးရာများနဲ့ အတူ ဧပြီ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲအကြောင်းများကို အခုလိုအင်တာဗျူး ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး သတင်းတွေကိုပြောပါ ဆိုရင်တော့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေပါပဲ။ ဥပမာ- အမျိုးသမီးတွေစုပြီး ဆိုကြ တဲ့သီချင်း၊ အမျိုးသမီးတွေ ဦးဆောင်ပြီး လုပ်ကြတဲ့ပွဲတွေပေါ့။ အစ်မအနေနဲ့ကော အနုပညာရှင်အမျိုးသမီး တစ်ယောက်အနေနဲ့ ဘာတွေလုပ်ပြချင်စိတ် ဖြစ်ပေါ်နေပါ သလဲ။
အစ်မအနေနဲ့စပြီး ဦးဆောင်ပြီး လုပ်တာမျိုးတော့ ဘာမှအစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ အစ်မပါဝင်ချင်စိတ်တော့ အပြည့်အဝ ရှိပါတယ်။ အခုချိန်မှာတော့ ဝိုင်းပြီး ကြိုးစားနေကြတဲ့ အနေအထားပေါ့။ အဲဒီတော့အစ်မတို့အနေနဲ့ ဘာအရေးကြီးဆုံးလဲဆိုရင် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် တကယ်ကိုရှေ့ ထွက်တော့မယ်ဆို ရင် ရှေ့ထွက်နိုင်တဲ့ အရည်အချင်းမျိုးတွေ လိုပါတယ်။ ဒါတွေကို အရင်ဆုံးဖြည့်ကြရမယ်လို့ အစ်မ အကြံပေးချင်ပါတယ်။

အရင်တုန်းကတော့ မိန်းမတွေဆိုတာ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ နည်းခဲ့ပါတယ်။ အခုအချိန်မှာတော့ မိန်းမတွေအနေနဲ့ ယောက်ျားတွေ နည်းတူ စွမ်းဆောင်နေကြတာကိုလည်း တွေ့လာရတယ်။ ဒီအပေါ်မှာ အမျိုးသမီးတွေကိုယ်စား အစ်မဘာပြောချင်ပါသလဲ။

အစ်မတို့က မြန်မာ့ယဉ်ကျေးမှုနဲ့ ကြည့်ရင် ရိုသေမှုက သက်သက်ပေါ့။ ဒါပေမဲ့ အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုး လုပ်ဆောင်ကြတဲ့နေရာ မှာကျတော့ ယောက်ျား၊ မိန်းမခွဲခြားတာထက် လူသားတစ်ယောက် အဖြစ်နဲ့ပဲမြင်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ လူသားတစ်ယောက် အနေနဲ့ သူ့ရဲ့အရည်အချင်းပေါ့။
ဧပြီလ ၁ ရက်နေ့ကလည်း တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ ပြောရရင် ပြည်သူတွေ မဲပေးရတော့မယ်ပေါ့။ ကိုယ့်ရဲ့မဲတစ်မဲဟာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို အစ်မအနေနဲ့ ပြည်သူတွေကို ဘယ်လို အကြို Message ပေးချင်ပါသလဲ။
ဆက်လက်ဖော်ပြပါမည်
လင်းအက္ခရာ (popular myanmar news journal)

1 NLDက ဖြန့်ဝေတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ စာကဗျာ

ထပ်မံပေးပို့တဲ့သူတွေအရ ဒီကဗျာဟာ မသဒ္ဒါblogမှာရေးထားတာလို့သိရပါတယ်




ဪ သူအားလုံးကို ပြင်ဆင်ထားပြီးပြီပဲ။

သူ... နိုင်ငံတော်အပေါ် တာဝန်ကျေခဲ့သလောက်၊

နိုင်ငံတော်က သူ့အပေါ် တာဝန်ကျေခဲ့ပြီလား။

တွေးရင်း ရင်ထဲ မကောင်းလိုက်တာဗျာ။

ဘေးကကြည့်တဲ့ ကျွန်တော်တို့က သူ့လုံခြုံရေးကို စိုးရိမ်ကြတယ်

ဖခင်ရော၊ ကိုယ်တိုင်ပါ ခံခဲ့ရတာ သူ.. မသိပဲနေပါ့မလား

သူကောင်းကောင်းသိ, ကောင်းကောင်းပြင်ဆင်ထားပြီးပြီ

ဒါပေမယ့် သူပြင်ဆင်ထားပုံက .........

mmcpမှaungzaya အားကျေးဇူးတင်ရှိပါသည်..

0 နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်

အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဖူးခြင်း မရှိသူဖြစ်ရမည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲမယ် ” ဟု YPI သို့ပြောသည်။

ဝါရင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ စည်းကမ်းချမှတ်ခြင်းသည် မလိုအပ်သော စည်းကမ်းချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေလည်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ၎င်းအနေဖြင့် သဘောမတူနိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကမူ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်သို့ သွားနေသောနိုင်ငံဖြစ်ကြောင်း ပြောကြားနေသူများအနေဖြင့် ဒီမိုကရေစီစနစ်ကို တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း ဝေဘန်ပြောဆိုသည်။

၎င်းကထပ်မံပြီး ယခုကျင့်သုံးနေသောစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သဖြင့် မည်သူမဆို၊ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ၀င်ရောက်ခွင့် ရှိသင့်သည်ဟုလည်း ပြောဆိုလိုက်သည်။

“ အခုအခြေအနေမှာ နိုင်ငံရေးဆိုတာ ကန့်သတ်ထားလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးလို့ပြောလာရင် အဲဒီသူက ခေတ်နောက်ပြန်ဆွဲတဲ့သူပဲ ” ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ကို လာမည့် ၂၃ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးဝင်များက မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် တနှစ်တာ ကာလအတွင်း ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ၊ အသစ်ပြဋ္ဌာန်းမှုများ၊ စနစ်နှင့် မညီလျှော်သည်များကို ပယ်ဖျက်မှုများ ပြုလုပ်လျှက်ရှိရာ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့်ဥပဒေတို့ ကိုပြဋ္ဌာန်းခဲ့သည်။

“နိုင်ငံရေးနဲ့ မပတ်သက်ရ” ဆိုတာက “နိုင်ငံရေး” ကို နားမလည်လို့ ပြောသလို ဖြစ်နေပြီ။ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေတာကို သတိပြုရပါမယ်။ အဲဒီအသုံးအနှုန်းက အရင် စစ်အာဏာရှင် မြန်စာအစိုးရက ဝါဒဖြန့်တာဖြစ်လို့ ဒီဘက်ခေတ် အစိုးရအနေနဲ့ သံယောင်လိုက်ပြီး သုံးနှုန်းရင် နောက်ပြန်ဆုတ်လိုက်သလို ဖြစ်နေမှာပေါ့(လွင်အောင်စိုး)

Yangon press international

0 အောင်ဆန်းသွေးသစ် မြန်မာ့တပ်မတော် -
သီဆိုသူ-ဗိုလ်ကြီးဟောင်း နေမျိုးဇင်


ရဲဘော်သုံးကျိပ် ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကို ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက် ဘေးရန်အသွယ်သွယ်ကနေ ကာကွယ်စောင့်ရှောက်မယ့် တကယ့်  ပြည်ချစ်တပ်မတော် ဖြစ်လာဖို့ တိုက်တွန်းတဲ့ သီချင်းလေးပါ။ တဦးတယောက်က ထိန်းချုပ်ခြင်းကို မခံယူပဲ ပြည်သူတိုင်းရင်းသား အားလုံးအတွက်သာ ကာကွယ်ရေး တာဝန် ကျေပွန်တဲ့ တပ်မတော်ဖြစ်ပါစေကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သီဆိုတိုက်တွန်းထားခြင်းဖြစ်ပါတယ်။ တေးရေး ကိုသားဖေထင်ဖြစ်ပြီး၊ အသံသွင်း တီးခတ်ပေးသူက ကိုဝင်းကျော် ဖြစ်ပါတယ်။ မတ်လ ၁၉ ၇က်နေ့က အသံသွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။

ပေးပို့သော ကိုနေမျိုးဇင်အားကျေးဇူးတင်ရှိပါသည်...

Tuesday, March 20, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သုံးသပ်ကြည့်ခြင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားလည်သလို သုံးသပ်တင်ပြချင်စိတ် ရှိခဲ့သည်။ မအားမလပ်သေး၍ လှည့်မကြည့်နိုင်ခဲ့ပါ။ သို့သော် စိတ်က မိန့်ခွန်းဆီသို့သာ ရောက်နေသဖြင့် သည်မိန့်ခွန်းကို အစအဆုံး ပြန်ဖတ်ကြည့်ပြီး လူပြိန်းတစ်ဦး နားလည်သလို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်သည်။ မတ်လ (၁၅)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ ၌ ဖော်ပြသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မူတည်သည်။

တရားဥပဒေစိုးမိုးရေး


ရှေးဦးစွာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ခြင်း၏ အဓိက အကြောင်းအချက်များ ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို တင်ပြသည်။ တရားဥပဒေစိုးမိုးရေးကို ဖွင့်ဆိုရာမှာ ပြည်သူများကို ဖိနှိပ်သည့်ဥပဒေကို ဖျက်သိမ်းပြီး ပြည်သူများကို အကာအကွယ်ပေးမည့်ဥပဒေကို ပြဌာန်းရန်၊ တရားစီရင်ရေးစနစ် လွတ်လပ်စွာ ထားပြီး သမာသမတ်ကျစေရန်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးရန်နှင့် အထောက်အကူပြုမည့် ကွန်ယက်များ တိုးချဲ့ပေးရန်တို့ပင် ဖြစ်သည်။

တရားဥပဒေစိုးမိုးဖို့ အစိုးရတိုင်းက ကြိုးစားကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ (နဝတ)တုန်းကလည်း ကြိုးစားခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ (နအဖ) တုန်းကလည်း ကြိုးစားခဲ့သည်ပင် ဖြစ်သည်။ သို့သော် အဆိုပါစစ်အစိုးရတို့၏ ကြိုးစားချက်များနှင့် ကွဲပြားကြောင်း သိစေချင်၍ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်သည့်နေရာတွင် မတရားသည့်၊ ပြည်သူများကို ဖိနှိပ်သည့် ဥပဒေများ မဖြစ်စေဘဲ တရားမျှတသည့်ဥပဒေ၊ ပြည်သူများကို အကာအကွယ် ပေးသည့်ဥပဒေများသာ ဖြစ်စေချင်ကြောင်းကို အတိအလင်း ဖော်ပြသည်။

တရားမျှတသည့်ဥပဒေ၊ ပြည်သူများကို အကာအကွယ်ပေးသည့်ဥပဒေရှိရုံမျှဖြင့် မလုံလောက်ပုံ၊ တရားစီရင်ရေးစနစ်က လွတ်လပ်စွာ ရပ်တည်မှသာလျှင် သမာသမတ်ကျနိုင်ပုံကိုလည်း ထောက်ပြသည်။ လက်ရှိပြည်ထောင်စုတရားစီရင်ရေးစနစ်ကို ချိန်ထိုးချင်လျှင် ယမန်နေ့များ၌ ချမှတ်ခဲ့သော ဖဒိုးမန်းငြိမ်မောင်အမှုတစ်ခုတည်းဖြင့် လုံလောက်သည်။ ပြည်ထောင်စုတရားစီရင်ရေးစနစ်ဆိုသည်မှာ မြန်မာ့အစိုးရအတွက် ဆော့စရာအရုပ်မျှသာ ဖြစ်သည်။ ဤအချက်ကို သိရှိ၍လည်း တရားစီရင်ရေးစနစ်နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ထောက်ပြဖို့ လွတ်လပ်သည့် သတင်းစာနယ်ဇင်းများနှင့် လူမှုဥပဒေအခြေပြုကွန်ယက်များ လိုအပ်ပုံကို တင်ပြသည်။


ပြည်တွင်းငြိမ်းချမ်းရေး


ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရှေးဦးစွာ ပြည်တွင်းစစ်က လွတ်လပ်ရေးဖွားဖက်တော်ဖြစ်ပုံ၊ လက်နက်အားကိုးဖြေရှင်းခဲ့ပုံ၊ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာရပုံ၊ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်လျှင် နိုင်ငံဖွံ့ဖြိုးဖို့ မဖြစ်ပုံကို ပြောသည်။ ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို့ ပထမအဆင့်အနေဖြင့် တနိုင်ငံလုံးအပစ်ရပ်ရန်၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ တတိယအဆင့်အနေဖြင့် ပင်လုံအခြေခံမူနှင့်အညီ ပြည်ထောင်စုစစ်စစ်ကို တည်ထောင်ရန်၊ တိုင်းရင်းသားများက ပြည်ထောင်စုမှ ခွဲမထွက်ရန် အဆိုပြုသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် အဆင့်(၃)ဆင့်မှာ သမ္မတသိန်းစိန်၏ ပြည်ထောင်စုအခြေပြမိန့်ခွန်းပါ အဆင့်(၃)ဆင့်နှင့် ထပ်တူဖြစ်သည်။ အချိန်သတ်မှတ်ချက်ကြောင့် သမ္မတသိန်းစိန်၏ မိန့်ခွန်းက ပို၍ ပြည့်စုံသည်။ သမ္မတသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြည်တွင်းငြိမ်းချမ်းရေးတွင် အမြင်တူညီကြသည်။ သူတို့နှစ်ဦးစလုံးက တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟုဆိုသဖြင့် တိုင်းရင်းသားများအနေဖြင့် အားရကျေနပ်စရာ ဖြစ်သည်။ သို့သော် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပစ်ခတ်မှုများကို ခေါင်းဆောင်နှစ်ဦးတို့က ဖြေရှင်းပေးနိုင်ခြင်းမရှိ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး


လက်ရှိ ၂၀၀၈-ခုဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူနိုင်ပုံ၊ ပြင်ရမည့်အချက်များကို ပြည်သူတို့အား အသိပေးခဲ့ပြီဖြစ်ပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စုစည်းညွတ်စွာ အတူတကွ ပြင်ရပုံ၊ မြန်မာ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ တပ်မတော်က မပါမဖြစ် ပါရပုံတို့ကို ပြသည်။ ပြင်ရမည့်အချက်များတွင် လွှတ်တော်ရှိတပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို ထုံးစံအတိုင်း ထည့်သွင်းထားသည်။ ဖခင်တည်ထောင်ထားသည့်တပ်မတော်ဖြစ်သဖြင့် သူ့ကို ကူညီဖို့ ခွင့်ပန်သည်။


အထွေထွေတင်ပြချက်များ


အထက်ဖော်ပြပါ အရေးကြီးအချက်(၃)ချက်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံခြားရေးပေါ်လစီကိုလည်း တင်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက်မှာ နိုင်ငံတကာအစိုးရများရှိနေပုံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ခဲ့လျှင် နိုင်ငံတကာအကူအညီများ ဝင်လာနိုင်ပုံကို မသိမသာ မက်လုံးပေးသည်။ သည့်နောက်မှာ စီးပွားရေးမူဝါဒကို ပြောသည်။ မြန်မာ့စီးပွားရေးသည် ဥပဒေစိုးမိုးမှုကို အခြေခံပြီး တည်ငြိမ်မှု၊ လွတ်လပ်မှု၊ လူမှုရေးမျှတမှုတို့နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးနေရမည်ဟု ဆိုသည်။ လူမျိုးစုံ တန်းတူအလုပ်လုပ်ခွင့် ရရေး၊ အလုပ်လက်မဲ့နှင့် ဘတ်ဂျက်လိုငွေပြ ပြဿနာဖြေရှင်းရေး၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောသည်။

စီးပွားရေးရေးရာကို တင်ပြပြီး ပညာရေးကိစ္စကို ဆက်ပြောသည်။ မူလတန်းပညာကို အခမဲ့သင်ယူနိုင်ရေး၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာစကားများဖြင့် သင်ယူနိုင်ရေး၊ အလယ်တန်း၊ အထက်တန်း၊ သက်မွေးဝမ်းကျောင်းသင်တန်း၊ မသန်မစွမ်းများအတွက် အထူးပညာသင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ ဖွင့်ပေးရေးတို့ကို တင်ပြသည်။ ကမ္ဘာအဆင့်မီပညာရေးစနစ်ဖြစ်ဖို့နှင့် ပညာရေးဝန်ထမ်းများ ထိုက်သင့်သည့်လစာ ရရှိဖို့ကိုလည်း အဆိုပြုသည်။

စီးပွားရေးနောက် ကျန်းမာရေးကိစ္စကို ပြောသည်။ ပြည်သူတိုင်း တတ်နိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုကို ချပြသည်။ ဆေးပညာသုတေသနများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုပုံကို တင်ပြသည်။ ထို့နောက် လယ်သမားရေးရာနှင့်အလုပ်သမားရေးရာတို့ကို ပြောသည်။ နောက်ဆုံး လူငယ်ပိုင်းနှင့် အမျိုးသမီးပိုင်း ကို လေးလေးနက်နက် တင်ပြသည်။

သုံးသပ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေသလို နိုင်ငံတကာနှင့်လည်း ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံလို၊ အားကိုးလိုပုံ ရသည်။ အမျိုးသားဒီမိုကရေစီချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ကြမည်ဟု မျှော်လင့်ထားပုံရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် သမ္မတသိန်းစိန်တို့၏ မိန့်ခွန်းတို့ကို နှိုင်းယှဉ်ပြီး အနည်းငယ် သုံးသပ်ရလျှင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့မှာ လုံးဝနီးပါး အမြင်တူကြသည်။ လူငယ်များနှင့်အမျိုးသမီးအရေးမှာလည်း ပဋိပက္ခဖြစ်ဖွယ် မမြင်။ လယ်သမားအရေးနှင့်အလုပ်သမားအရေးမှာ အနည်းငယ် ကွဲလွဲချက်များ ရှိသည်။

တရားဥပဒေစိုးမိုးရေးတွင် အတန်အသင့်၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ပြဿနာရှိမည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြဿနာရှိခဲ့လျှင် ကျန်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းတို့သည်လည်း စင်းလုံးချောတော့မည်မဟုတ်။

ထို့ကြောင့် သမ္မတသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းကို လွှတ်တော်မှ ဖယ်ရှားရေးကို ဆောင်ရွက်နိုင်ကြမည်မဟုတ်၊ တိုင်းရင်းသားတို့ တောင့်တနေသည့် ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုစစ်စစ်မူကိုလည်း ထူထောင်နိုင်ကြမည်မဟုတ်၊ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအခြားလုပ်ငန်းစဉ်များကိုမူ နိုင်ငံတကာအကြိုက် လိုက်လျောပေးနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်မိသည်။

Ven Ravika

0 အရှက်မရှိပြောင်းဖူးဓါတ်ဆင်နဲ့မပြောင်းဖူးဆိုပြီး မွဲဆွယ်စည်းရုံးတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဌက္ကဌဦးအောင်သိန်းလင်းနဲ့ VOA အင်တာဗျူး




Photo..မာမီထား

ခြင်္သေ့ကြီးက လည်ဆံထောင် ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ် (ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ်)
မှတ်သားလောက်တဲ့ လုပ်ရပ်တွေ ရွာတွေဆင်းကာ လယ်မြေတွေသိမ်း( ရွာတွေဆင်းကာ လယ်မြေတွေသိမ်း)
ဖွတ်စိမ်းကြီးများ အလံထူ ကြက်ဆူဆိုတာ အနှစ်မရှိဘူး (ကြက်ဆူဆိုတာ အနှစ်မရှိဘူး)
အရူးအနှမ်း ထိုပါတီ ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့ (ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့)
ခလေးကွက်များ သူနင်းကာ မက်လုံးပေးလာ ဗလီဆောက်ဖို့ (မက်လုံးပေးလာ ဗလီဆောက်ဖို့)
... ခြောက်လုံး မက်လုံး အထွေထွေ မူဆလင်တွေတောင် အယုံအကြည်မရှိဘူး (မူဆလင်တွေတောင် အယုံအကြည်မရှိဘူး)
မထူးဇာတ်များ သူခင်းလာ ၀န်ထမ်းများစွာ မဲထည့်ကြစမ်း (၀န်ထမ်းများစွာ မဲထည့်ကြစမ်း)
အာဏာသရမ်းခဲ့တိုင်းပြည်မှာ ၀င်ငွေများစွာ သူတို့အိတ်ထဲ (၀င်ငွေများစွာ သူတို့အိတ်ထဲ)
ငမွဲများတဲ့ တို့တိုင်းပြည် ကြာကူလီတွေကို အလိုမရှိ (ကြာကူလီတွေကို အလိုမရှိ)
ဒီမိုကရေစီမသိတဲ့လူပေါများ ယတြာအားနဲ့ရွေးကောက်ခံမတဲ့(ယတြာအားနဲ့ ရွေးကောက်ခံမတဲ့)
ပဲ့ပဲ့ရွဲ့ရွဲ့ကိုယ်စားလှယ်တွေ ဥပဒေဆိုတာ ဘာမှန်းမသိဘူး( ဥပဒေဆိုတာ ဘာမှန်းမသိဘူး)
ပြောင်းဖူးပေါ်က "မ"ယတြာ ဒင်းမကြာပါ ရူးတော့မယ်ကွဲ့ (ဒင်းမကြာပါ ရူးတော့မယ်ကွဲ့)
ပျင်းပျင်းတွဲ့တွဲ့ လွှတ်တော်မှာ ဒင်းတို့ငိုက်မှာ ဧကန်မလွဲ (ဒင်းတို့ငိုက်မှာ ဧကန်မလွဲ)
စားပြီးဗိုက်ရွှဲ နားမလည် သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့ (သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့)
တရုတ်ကြီးက အို့အို့ခေါ် ရို့ရို့ပျော်ကာ အမြီးယမ်းလျှက် (ရို့ရို့ပျော်ကာအမြီးယမ်းလျှက်)
ပါးလျက်နားလျက်လုပ်ကြပြန် သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား(သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား)
ပြည်ကြီးသွားပြီး မဲခံရင် ယူနန်သားတွေ မဲထည့်မယ်တဲ့ (ယူနန်သားတွေ မဲထည့်မယ်တဲ့)
မဲ့မဲ့ရွဲ့ရွဲ့ သူများဝေဖန် ကိုယ့်အောက်စလန်တာ သူတို့မသိ( ကိုယ့်အောက်စလန်တာ သူတို့မသိ)
ဟေ့စိန်လား ဟေ့မြလား ဟေ့လူဆိုး ဟေ့ သူခိုး ဟေလာမောင်တို့ ၀ါး..

သံချပ်..Myat Thein Tun

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပိုစတာများဖျက်ဆီးခံရခြင်း



ဧရာဝတီတိုင်း၊မြောင်းမြို့နယ် ၊ ရှမ်းရေကျော်ကျေးရွှုာ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျေးရွာအုပ်စု ရုံးတွင် မတ်လ ၁၆ ရက်နေ့ညက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပိုစတာများ ဓါးဖြင့် ခုတ်ဖြတ် ဖျက်ဆီးခံရပါသည်။

အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်နေ့ နေ့လည်တွင် မန်းဂျော်နီ ကိုယ်တိုင် သွားရောက် ကြည့်ရှု့စစ်ဆေးပြီး မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သော ဦးမောင်ဖုန်း၊ ဦးမောင်ပြုံး၊ ဦးဇော်ဇော်၊ ဦးဂျော့ တို့လည်း အတူလိုက်ပါသွားကြ၍ အဖြစ်အပျက် အသေးစိတ်အား ဆက်လက်စုံစမ်းနေကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အောင်နိုင်ရေးအဖွဲ့နှင့် ဥပဒေ အကြံပေးအဖွဲ့ တို့မှ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရပါသည်။

“ဒါပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပဲ၊ ဒါပေမဲ့ အဲဒီကပြည်သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ဆက်လက်အောင်ပွဲဝင်နိုင်အောင် ဆက်ပြီး ကြိုးစားပေးကြပါ၊ ဘာတုန့်ပြန်မှုမှ မလုပ်ပါနဲ့” ဟု မန်းဂျော်နီ မှ ရွာသားများကို ပြောကြားသွားကြောင်း သိရသည်။ ဆက်လက်ပြီး “ဥပဒေကြောင်းအရ ဆက်ပြီးရင်ဆိုင်သွားမယ်၊ လောလော ဆယ် တိုင်ချက်ဖွင့်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခဏခဏ ပြောနေတဲ့ တရားဥဒေ စိုးမိုးမှု မရှိသေးဘူးဆိုတာ ပြတာပဲ။ ဒါကြာင့် တရားဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ပြချင်ယင် ဒီကိစ္စကို ဖော်ထုတ် အရေးယူပေးဖို့ လိုပါတယ် “ ဟုမန်ဂျော်နီက ပြောကြားကြောင်း သိရပါသည်။

သတင်း။။ National League for Democracy

1 အီးယူက မြန်မာအပေါ် ဘယ်လိုဒဏ်ခတ်သလဲ



ဒေါက်တာမန်း

၂ဝဝ၉ ခုနှစ် ဧပြီလကုန်မှာ နောက်တနှစ် သက်တမ်းတိုးတဲ့ အီးယူဒဏ်ခတ်မှုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက် တရုတ်နိုင်ငံ ကူမင်း ကောင်စစ်ဝန်ချုပ် ဦးဇော်ဖြိုးဝင်းကိုပါ ဒဏ်ခတ်ထားတဲ့ စစ်အစိုးရခေါင်းဆောင် တွေရဲ့ မိသားစုဝင် ၅ဝဝ ကျော် စာရင်းမှာ ထဲ့သွင်းထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ထားတဲ့နေရာမှာ

-မြန်မာစစ်ခေါင်းဆောင်တွေကို ဗီဇာထုတ်မပေးခြင်း၊

-မြန်မာစစ်သံမှူးတွေကို နှင်ထုတ်ခြင်း လက်နက်မရောင်းခြင်း

-အီးယူနိုင်ငံတွေမှာရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို ထိမ်းချုပ်ထားခြင်း၊

-အီးယူကို အထည်အလိပ်တင်သွင်းခွန်လျော့ပေးတဲ့ ယေဘုယျအကောက်ခွန်ကင်းလွတ်ခွင့်ပိတ်ပင်ခြင်းစတဲ့ နည်းတွေနဲ့ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။

ဦးဇော်ဖြိုးဝင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး ဒေါ်သန္တာရွှေနဲ့ အိမ်ထောင်ကျပီးကထဲက အီးယူ ဒဏ်ခတ်စာရင်းမှာ ထည့်သွင်းခဲ့တာပါ၊ ခုဆိုရင် ဦးဇော်ဖြိုးဝင်းဟာ တရုတ်နိုင်ငံ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ ကောင်စစ်ဝန်ချုပ်ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံက ဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ငွေစာရင်းဖွင့်ခွင့်မရ ဖြစ်နေပါတယ်။ ဒေါ်လာငွေစာရင်းဖွင့်မရတာကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုကြောင့် ဖြစ်ပါတယ်

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊

မြန်မာစစ်အစိုးရ ဗိုလ်ချုပ်တွေနဲ့ နောက်လိုက်တွေ စီးပွားရေးအထိနာအောင် တင်းကျပ်တဲ့ ဒဏ်ခတ်မှုတွေချမှတ်ဘို့ အီးယူကို တွန်းအားပေးတော့မယ်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်

အီးယူဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်နဲ့ ဆန့်ကျင်သလား

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောတဲ့ စကားကို တိတိကျကျ ပြောရရင် မြန်မာစစ်အစိုးရ စီးပွားရေးအကျိုးစီးပွားကို ပစ်မှတ်ထားတဲ့ တင်းကျပ်တဲ့ ဒဏ်ခတ်မှုအသစ်တွေ ကျန်တော်တို့ ချမှတ်သင့်တယ်-ဒိကိစ္စနဲ့ ပတ်သက်ပီး အီးယူက တင်းတင်းကျပ်ကျပ်အရေးယူနိုင်အောင် ကျန်တော်တို့ တွန်းအားပေးမယ်-ဒီဒဏ်ခတ်မှုမျိုးဟာ မြန်မာဗိုလ်ချုပ်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ စီးပွားရေးကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ပြောဆိုသွားတာပါ။

ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းပြောသလို အီးယူက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်တာ တကယ်ဖြစ်မဖြစ် အတိအကျ မသိရသေးပေမဲ့ မြန်မာစစ်အစိုးရအပေါ် အီးယူက လက်ရှိ ဒဏ်ခတ်ထားတဲ့ ပြဌာန်းမှုတွေ ထိထိရောက်ရောက်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့လိုက်ပါပေးနေတဲ့ အမေရိကန်ရှေ့နေ Mr Jared Genser နဲ့ နယူးရောက် ဥပဒေတက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ Mr Robert Howse တို့က ယူဆပါတယ်၊

ဒီအကြောင်းအသေးစိတ်ကို မြန်မာနိုင်ငံအပေါ် အီးယူက ကုန်သွယ်ရေးဒဏ်ခတ်မှုဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်ရဲ့ ကုန်သွယ်ရေး ဥပဒေတွေနဲ့ ကိုက်ညီသလားဆိုတဲ့ စာတမ်းမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်

မြန်မာစစ်အစိုးရအပေါ် ပိုပီးတင်းကျပ်တဲ့ ဒဏ်ခတ်မှုမျိုးလုပ်ရေးကိစ္စနဲ့ ပတ်သက်ပီး အီးယူမှာ အခြေအတင်ဆွေးနွေးတဲ့အခါ ဒီလိုဒဏ်ခတ်မှုမျိုးက WTO နဲ့ သဘောတူထားတဲ့ ကုန်သွယ်ရေးသဘော တူညီချက်တွေကို အီးယူအဖွဲံဝင်နို်င်ငံတွေက ချိုးဖောက်ရာ ကျလေမလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အီးယူဒဏ်ခတ်မှုဟာ WTO ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ ကိုက်ညီတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က အကျယ်တဝင့်ရှင်းပြထားပါတယ်။

၂ဝဝ၇ ခု နိုဝင်ဘာလမတိုင်ခင်က မြန်မာစစ်အစိုးရအပေါ် အီးယူ ဒဏ်ခတ်မှုတွေ ပြန်ကြည့်ရင် ထိရောက်မှုနည်းနေပါတယ်-ဥပမာ မြန်မာစစ်အစိုးရ စစ်သံမှူးတွေကို အီးယူနိုင်ငံတွေက နှင်ထုတ်ဘို့ ဒဏ်ခတ်မှုချမှတ်ထားတယ်ဆိုပေမဲ့ မြန်မာနိုင်ငံသံအမတ်ကြီးအဆင့်ကိုတော့ အီးယူက လက်ခံထားတဲ့အချက် ဖြစ်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။ နောက်တချက်က မြန်မာစစ်အစိုးရက တရုတ် ရုရှားနဲ့ အိန္နိယဆီကနေ လက်နက်တွေရနေတာမို့ အီးယူက မြန်မာစစ်အစိုးရအပေါ် လက်နက်မရောင်းရေး ပိတ်ဆို့တာလဲ မထိရောက်ဘူးလို့ ပြောပါတယ်၊

မြန်မာစစ်ခေါင်းဆောင်တွေကို အီးယူက ဗီဇာပိတ်ဒဏ်ခတ်ထားပေမဲ့ နိုင်ငံတကာညီလာခံတွေ အစိုးရအဖွဲ့များဆိုင်ရာအစည်းအဝေးတွေကျတော့ စစ်ခေါင်းဆောင်တွေကို တက်ခွင့်ပေးထားတဲ့ ခြွင်းချက်တွေရှိပါတယ်၊ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေ ဥရောပကို အပမ်းဖြေခရီး မလာနိုင်အောင် လောက်သာ အီးယူရဲ့ ဗီဇာပိတ်ဆို့မှုက တတ်နိုင်တယ်လို့ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ရင်းနှီးမြုတ်နှံမှုပိတ်တဲ့အပိုင်းကိုကြည့်ရင် အစိုးရပိုင် အချိုရည်ကုမ္ပဏီတွေ၊ သတ္တူတွင်းတွေစတဲ့ မပြောပလောက်တဲ့ လုပ်ငန်းတွေသာများနေပီး မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေလုပ်ငန်း MOGE ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းစတဲ့ အကြီးစား အစိုးရလုပ်ငန်းတွေမပါဘဲ ဖြစ်နေပါတယ် ဒါကြောင့်လဲ အီးယူကုမ္ပဏီတွေက စစ်အစိုးရပိုင်တဲ့ အဲဒီလုပ်ငန်းတွေကို ငွေဆက်ပံ့ပိုးနေနိုင်တာဖြစ်တယ်-အီးယူအဖွဲ့ဝင် ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီတခုထဲကတင် MOGE ကို တနှစ် ဒေါ်လာသန်း ၄၅ဝ လောက် ရင်းနှီးနေပါတယ်။

အီးယူရဲ့ တချိုံ ဒဏ်ခတ်မှုတွေကျတော့လဲ စစ်အစိုးရက အီးယူနဲ့ အဆက်အသွယ်မရှိတဲ့အတွက် အလဟသ ဖြစ်နေပါတယ်-ဥပမာ-ဥရောပမှာရှိတဲ့ မြန်မာစစ်အစိုးရ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ရေးဆိုတဲ့နေရာမှာ ဥရောပမှာ စစ်အစိုးရအရာရှီတွေရဲ့ ပိုင်ဆိုင်မှုက မရှိသလောက်ဖြစ်နေလို့ပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ထောက်ပြထားပါတယ်

ဒီချို့ယွင်းချက်တွေကို အီယူရဲ့ ၂ဝဝ၇ ခုနှစ် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ ပြင်ဆင်လိုက်တဲ့အတွက် သစ် ကျောက်သံပတ္တမြား အထည်အလိပ်စတဲ့ မြန်မာထွက်ကုန်တွေပါတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရအနေနဲ့ တနှစ်ကို ဒေါ်လာ သန်း ၄ဝဝကျော်ဘို့ နစ်နာသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ဒဏ်ခတ်မှုအတိုင်းအတာက စစ်အစိုးရအကျိုးစီးပွား ထိခိုက်လောက်အောင် ပြင်းထန်ခဲ့ပါတယ်၊ ၂ဝဝ၃ ခုနှစ် အမေရိကန်စီးပွားရေး ဒဏ်ခတ်မှုက ပြန်တွက်ရင် အဲဒီနှစ်မှာ အမေရိကန်ဘဏ်တွေက မြန်မာပိုင်ဆိုင်မှု ဒေါ်လာ ၃သိန်း ၂သောင်ဘိုး ထိန်းချုပ်နိုင်ခဲ့ပီး ၂ဝဝ၄ ခုနှစ်မှာ ဒေါ်လာ ၁၃သန်းဘိုးရှိတဲ့ မြန်မာကုမ္ပဏီတွေနဲ့ ငွေပေးငွေယူလုပ်မှုကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့တွေက မြန်မာစစ်အစိုးရကို ငွေမချေးအောင် အမေရိကန်က သြဇာသုံးထားတဲ့အတွက် စစ်အစိုးရအနေနဲ့တနှစ်ကို ဒေါ်လာ သန်းတရာကျော်ဘိုး နိုင်ငံတကာ အကူအညီတွေ နစ်နာသွားစေခဲ့ပါတယ်။

၂ဝဝ၃ ခုကစပီး မြန်မာသွင်းကုန်တွေကို အမေရိကန်က လက်မခံဘဲပိတ်ဆို့ထားခဲ့ပေမဲ့ မြန်မာစစ်အစိုးရဟာ ဒီကိစ္စနဲ့ ပတ်သက်ပီး WTO ကိုတိုင်တန်းတာမျိုး တခါမှ မလုပ်ခဲ့တာ တွေ့ရပါတယ်၊ အဲသလို မြန်မာစစ်အစိုးရက WTO ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကို တိုင်ကြားခဲ့ရင်လဲ စစ်အစိုးရရဲ့ လု့အခွင့်အရေး ချိုးဖောက်မှုတွေပါ WTO ပဋိပက္ခဖြေရှင်းရေးအဖွဲ့က စစ်ဆေးရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ထောက်ပြထားပါတယ်။

အီးယူဟာ ၁၉၉၈ ခုနှစ်တုံးကလဲ အမေရိကန်နိုင်ငံ မက်ဆာချုးဆက်ပြည်နယ်ရဲ့ မက်ဆာချုးဆက် မြန်မာနိုင်ငံဥပဒေဟာ WTO စည်းမျဥိးနဲမညီဘူးဆိုပီး WTO မှာ တရားစွဲခဲ့ပါတယ်၊ ဒီဥပဒေဟာ မြန်မာနိုင်ငံနဲ့ စီးပွားလုပ်နေတဲ့ မက်ဆာချုးဆက်ပြည်နယ်က နိုင်ငံခြားကုမ္ပဏီတွေကို ပြည်နယ်အစိုးရအဖွဲ့အားလုံးက စီးပွားရေးအဆက်ဖြတ်ရေး ဥပဒေဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အီးယူဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှုကို ဘယ်လောက် သဲကြီးမဲကြီး တိုက်ဘို့ ချဉ်းကပ်ခဲ့သလဲ ထင်ရှားတဲ့ သက်သေဖြစ်တယ်လို့ အမေရိကန်ရှေ့နေ Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ယူဆပါတယ်။

နိဂုံးပိုင်းမတော့ အီးယူက မြန်မာစစ်အစိုးရအပေါ် ကုန်သွယ်ရေး ဒဏ်ခတ်မှုတွေ ထပ်ပီး တင်းကျပ်မယ်ဆိုရင် WTO စည်းမျဉိး ဥပဒေတွေနဲ့ ကိုက်ညီတယ်ဆိုတဲ့အကြောင်းကို Mr Genser နဲ့ ပါမောက္ခ Mr Howse တို့က ဥပဒေရှုထောင့်ကနေ အသေးစိတ်ရှင်းပြထားပါတယ်။

ဦးသိန်းစိန်အစိုးရတက်ပြီး အီးယူဒဏ်ခတ်မှုတချို့ကို ပြန်လျှော့ပေး

မြန်မာနိုင်ငံအပေါ် အီးယူဒဏ်ခတ်ပိတ်ဆို့မှုတချိုံကို ပြန်ရုတ်သိမ်းတဲ့နေရာမှာ အစိုးရသစ်ထဲက ဒုသမတ စိုင်းမောက်ခမ်းအပြင် ၀န်ကြီး ဒုဝန်ကြီးတချို့ကို ဒဏ်မှုက တနှစ် ယာယီ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပြင် တချိုံ အီးယူရဲ့ လူလူချင်းစာနာတဲ့အကူအညီတွေကို သုံးသပ်မဲ့အဖွဲံအစည်းတွေထဲမှာ အန်အယ်ဒီရဲ့ အခန်းကဏ္ဍကိုပါ ပြန်လည် ထဲ့သွင်းပေးခဲ့တာတွေ့ရပါတယ်။

ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ်တက်လာပီးနောက်ပိုင်း ၂၀၁၁ ခုနှစ်အတွက် မြန်မာအစိုးရအပေါ် အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြင်ဆင်သက်တမ်းတိုးတဲ့နေရာမှာ အရပ်သားဝန်ကြီး ၄ ဦးနဲ့ အရပ်သားဒုဝန်ကြီး ၁၈ ဥိးကို အီးယူ ဒဏ်ခတ်မှုကနေ ယာယီ တနှစ် ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်

တနှစ်ကင်းလွတ်ခွင့်ပေးတဲ့ ဒဏ်ခတ်မှု အမျိုးအစားတွေကတော့ အီးယူနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ထားတာ ရုတ်သိမ်းတဲ့အချက်နဲ့ အဲဒီဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားတာ ဖွင့်ပေးတဲ့အချက်တွေဘဲ ဖြစ်ပါတယ်။ ဒါပြင် မြန်မာနိုင်ငံကို အဆင့်မြင့် အီးယူကိုယ်စားလှယ်တွေ သွားရောက်ရေး ပိတ်ပင်ထားတာကိုလဲ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်ထိ ရုတ်သိမ်းပေးထားပါတယ်။

အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ အရပ်သားဝန်ကြီး ၄ ဦးကတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ပညာရေးဝန်ကြီး ဒေါက်တာမြအေး အားကစားဝန်ကြီးဌာနနဲ့ ဟိုတယ် ခရီးသွားလာရေးဝန်ကြီးဌာန ၂ ခုလုံး တွဲကိုင်ထားတဲ့ ၀န်ကြှီး ဦးတင့်ဆန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့ ဖြစ်ပါတယ်။ ဒုဝန်ကြီး ၁၈ ဦးကလဲ အရပ်သားတွေချည်း ဖြစ်ပါတယ်။

ထူးခြားတာက အီးယူဒဏ်ခတ်မှုကနေ ယာယီ တနှစ်ကင်းလွတ်ခွင့်ရတဲ့ စာရင်းမှာ ဒုသမတ စိုင်းမောက်ခမ်းနဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့လဲ ပါဝင်တာ တွေ့ရပါတယ်။

ဆိုလိုတာက အရပ်သားလို့ အီးယူက ယူဆတဲ့ ဒုသမတ စိုင်းမောက်ခမ်းရယ် ၀န်ကြီး ၄ ဥင်္ီးရယ် ဒုဝန်ကြီး ၁၈ ဦးရယ် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလွဲရင် ပြည်ထောင်စုအစိုးရတဖွဲ့လုံးက ၀န်ကြီး ဒုဝန်ကြီးတွေအပြင် ပြည်နယ်တိုင်းဒေသကြီး အသီးသီးက ၀န်ကြီးချုပ်သစ်အားလုံးကိုလဲ အီးယူက ခါတိုင်းဒဏ်ခတ်သလို နောက်တနှစ် ဆက်ဒဏ်ခတ်ထားတဲ့စာရင်းမှာ ထဲ့ထားတယ်။ ဒါပေမဲ့ ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ရသူတွေရဲ့ အခြေအနေကိုလဲ ကင်းလွတ်ခွင့် တနှစ်ကာလအတွင်း ဆက်ပီး သုံးသပ်သွားမယ်လို့ အီးယူက တိတိကျကျ ရှင်းထားပါတယ်။

ဦးသိန်းစိန်ရဲ့ အစိုးရသစ်ထဲမှာ စစ်တပ်နဲ့ မပတ်သက်သူတွေနဲ့ အီးယူအကျိုးစီးပွားအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆွေးနွေးရာမှာ အဓိကကျသူတွေကို ဒဏ်ခတ်မှုကနေ တနှစ်ကင်းလွတ်ခွင့်ပေးရတဲ့အကြောင်းက အရပ်ဘက်အုပ်ချုပ်မှု အနာဂတ်မှာတိုးတက်လာအောင် အားပေးဘို့အချက်-ဒီမိုကရေစီရေး ခိုင်မာဘို့နဲ့ လူ့အခွင့်အရေး လေးစားဘို့အချက်တွေကြောင့်ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် မြန်မာအပေါ် အီးယူဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ရှင်းလင်းထားပါတယ်။

ဒါကြောင့်လဲ ဒီနှစ်အတွက် အီးယူဒဏ်ခတ်ထားတဲ့ အသေးစိတ် စာရင်းထုတ်ပြန်ရာမှာ ထိပ်ဆုံးကနေ အရင်မရှိခဲ့ဘူးတဲ့ ယခင် နအဖအဖွဲံဝင်ဟောင်းများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲံ မိသားစု-ဒုဗိုလ်ချုပ်ကြီး မောင်အေးနဲ့ မိသားစု စတဲ့သူတွေကို အီးယူက ဆက်လက်ဒဏ်ခတ်ထားတဲ့ပြင် ကာကွယ်ရေးဦးစီးချုပ်သစ် ဗ်ုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ဇနီးကိုလဲ နောက်တိုး ဒဏ်ခတ်စာရင်းမှာ ထဲ့ထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် စစ်တိုင်းမှူးနဲ့ ဒုစစ်တိုင်းမှုးအသစ်တွေကိုလဲ ဒဏ်ခတ်ထားသလို နေပြည်တော်တိုင်းမှုးဆိုရင် ဇနီးဖြစ်သူ ဒေါ်စန်းစန်းရီကိုပါ ဒဏ်ခတ်ထားပါတယ်။

အကျဉ်းဦးစီးဌာန အကြီးအကဲတွေ ရဲတပ်ဖွဲ့အကြီးအကဲတွေပါ အီးယူက ဒဏ်ခတ်ထားတဲ့ပြင် အစိုးရစီးပွားရေးပေါ်လစီနဲ့ တခြားစစ်အစိုးရနဲ ပတ်သက်နေသူတွေထံက အကျိုးအမြတ်ရသူစာရင်းမှာ ဦးတေဇ-ဦးအောင်ကိုဝင်း-ဦးထွန်းမြင့်နိုင်ခေါ် စတီဗင်လော ဦးလောစစ်ဟန် ဦးခင်ရွှေစတဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလဲ အသေးစိတ်ထဲ့သွင်းထားပါတယ်။ (ဦးတေဇသား ကိုပြည့်ဖြိုးတေဇကတော့ လန်ဒန်ရှေ့နေတွေငှားပီး အီးယူကိုတရားစွဲတာ ၂၀၁၂ ခု မတ်လ ၁၃ ရက်နေ့မှာ အနိုင်ရတဲ့အတွက် ဒဏ်ခတ်စာရင်းက လွတ်သွားပြီဖြစ်ပါတယ်)။

အရပ်စကားနဲ့ပြောရရင် အီးယူအနေနဲ့ တနှစ်ပီးတနှစ် သက်တမ်းတိုးလာတဲ့ ၂၀၁၀ ခုနှစ်က မြန်မာအပေါ် အီယူဒဏ်ခတ်ပိတ်ဆို့မှုကို ၂၀၁၁ ခုနှစ်အတွက် ပြန်လည်သုံးသပ်ပီး တနှစ်ထပ်ပီး တိုးတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အီးယူအနေနဲ့ အစိုးရသစ်အပေါ် သူ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်သွားမှာဖြစ်တယ်ဆိုပီး မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် David Lipman က ပြောပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံ အစိုးရအဖွဲ့ထဲ အရပ်သားများများပါလာတဲ့ လက္ခဏာရပ်က တိုင်းပြည်အတွက် အလွန်လိုအပ်နေတဲ့ ပေါ်လစီသစ်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်မှုအပေါ် အားပေး တုံ့ပြန်လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း အီးယူက ထပ်လောင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့အီးယူကောင်းစီ ကြေငြာချက်မှာလဲ ဖော်ပြထားပါတယ်။

ဒါပြင် အီးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက လုပ်ငန်းအမျိုးမျိုး ကုမ္ပဏီများစာရင်းကိုကြည့်ရင် ၂၀၁၁ ခုနှစ်စာရင်းမှာ ကုမ္မဏီ ၁၀၉၇ ခုသာ ရှိတော့တာမို့ မနှစ်ကစာရင်းထက် ကုမ္မဏီ ၁၁၀ လျော့သွားတာတွေ့ရတဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်မှုကိုလဲ သိသိသာသာ လျှော့ပေးလာတဲ့သဘောရှိပါတယ်။

ဟိုတုံးကဆိုရင် မြန်မာနိုင်ငံက သစ်လုံး သစ်ထုတ်ကုန်တွေ ရွေ ကြေးနီစတဲ့ သယံဇာတတွေ ကျောက်သံပတ္တမြားတွေကို အီးယူအဖွဲ့နိုင်ငံတွေကို ၀ယ်ယူ သယ်ပို့ တင်သွင်းခွင့် အီးယူဆန်ရှင်က ပိတ်ထားပေမဲ့ ၂၀၁၁ ခုနှစ် အီးယူဒဏ်ခတ်မှု ပြင်ဆင်ချက်မှာ လူလူချင်းစာနာတဲ့ စီမံကိန်းတွေ အစီအစဉ်တွေအတွက်တော့ အကျုံးမ၀င်စေရလို့ ပြောင်းလဲ သတ်မှတ်တာတွေ့ရပါတယ်။

ဆိုလိုတာက မြန်မာနိုင်ငံတွင်း လူလူချင်းစာနာတဲ့ အကူအညီတွေကို အီးယူဘက်က မြှင့်တင်လိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အထူးသဖြင့် လူလူချင်းစာနာတဲ့အကူအညီဆိုင်ရာ စီမံကိန်းတွေ အစီအစဉ်တွေ သတ်မှတ်တဲ့ကိစ္စ သုံးသပ်တဲ့ကိစ္စတွေမှာ အန်အယ်ဒီအပါအ၀င် ဒီမိုကရေစီအုပ်စုတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်သင့်တယ်ဆူိုတဲ့အချက်ကို ဒီနှစ် ဒဏ်ခတ်မှု ပြင်ဆင်ချက်မှာ အသားပေးထားတာ တွေ့ရပါတယ်။

ခုလိုမျိုး အရပ်သားဝန်ကြီး ဒုဝန်ကြီးတွေကို ဒဏ်ခတ်မှုကနေ တနှစ် ကင်းလွတ်ခွင့်ပေးတဲ့ အီးယူပေါ်လစီဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံကို ပိုပီး ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ ပေါ်လစီနဲ့လဲ ကိုက်ညီတယ်လို့ လန်ဒန်မြို့ထုတ် Financial Times သတင်းစာ အယ်ဒီတာ့အာဘော်ကနေ ထောက်ခံထားပါတယ်။

လာမဲ့ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ဖြစ်ရင် ဒဏ်ခတ်တာတွေ လျှော့ပေါ့ဘို့ စဉ်းစားမယ်လို့ အီးယူက ပြောတဲ့အတွက် စောင့်ကြည့်ရမှာဖြစ်တယ်။

swe swe kyi facebookမှ

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမဲစာရင်းမှားယွင်းမှု၊မသာမာမှုများအတွက် သတင်းထုတ်ပြန်ချက်




ဝိညာဉ်တွေ...မဲလာပေးကြပြီ။(ကာတွန်း ဂျွန်ချစ်ငြိမ်း )

0 မဲရုံအတွင်းသို့မည်သည့် ကင်မရာမှ ယူဆောင်ခွင့်မပြုကြောင်း ပြည်ထောင်စုကော်မရှင်က ထုတ်ပြန်

ကြားဖြတ်ရွေးကောက် ပွဲနေ့တွင်မဲရုံတွင်းသို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စား လှယ်လောင်း၏ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ် စားလှယ်များ မဲရုံတွင်းသို့ဗွီဒီယိုကင် မရာ၊ ကင်မရာ၊ ဟမ်းဖုန်း ကင်မရာများ ဖြင့်မှတ်တမ်း ဓါတ်ပုံရိုက်ကူး ရန်ယူ ဆောင်ခွင့်မရှိ ကြောင်းမတ် (၁၄)ရက် စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ကထုတ်ပြန်ခဲ့ခြင်းကြောင့်မဲရုံ အပြည့်မဲရုံကိုယ်စားလှယ်မထားနိုင် သူများအတွက် ဥပဒေ နှင့် မကိုက်ညီ သည့် ကိစ္စရပ်များပေါ်ပေါက်လာပါက သက် သေပြရန် အခက်အခဲ ရှိနိုင်ကြောင်း သိရသည်။

''ကျွန်တော်တို့ပါတီကို ဒီနေ့(၁၉ရက်နေ့) ပဲရောက်တယ်။အရင် တုန်းကတော့ ကြားရတာတော့ ကင်မရာတွေဘာ တွေယူခွင့်ရှိတယ် ဆိုပြီကြား နေရတယ်။ဒီနေ့ရုံးကို ပြည်ထောင်စု ကော်မရှင် ကစာရောက်မှပဲ ဘာကင်မရာ မှယူဆောင်ခွင့် မရှိဘူး ဆိုတာသိရတယ်။ မဲရုံတွင်းမှာ မသမာမှု တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျွန်တော်တို့အရင်အတွေ့အကြုံအရ သက်သေတွေရဖို့ အလွန်ခက် ခဲခဲ့တယ်။ တစ်စုံတစ်ရာ ပြဿနာဖြစ် ခဲ့ရင် သက်သေ အဖြစ်မှတ်တမ်း ယူနိုင်မှ ခိုင်လုံတဲ့ သက်သေပြနိုင် မှာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း မဲရုံကိုယ်စား လှယ်တွေမထား နိုင်ခဲ့တော့ အခက်အခဲဖြစ်ကြတယ်။ ဒီတစ်ခေါက်တော့ တက်နိုင် သလောက် မဲရုံ ကိုယ်စားလှယ် အပြည့်ထား နိုင်ဖိုUကြိုးစား သွားမယ်''ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ မှ ဒေါက်တာဝင်းနိုင်ကဆိုသည်။

အဆိုပါ အမိန့်ကြော်ငြာ စာမှာ-ရွေးကောက်ပွဲ ဥပဒေ-၄၈(ခ) (၆)အရ ကိုယ်စားလှယ်လောင်း များ၊ ကိုယ်စားလှယ်လောင်း၏ကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ လျှို့ဝှက် ဆန္ဒမဲ ပေးရာတွင် အနှောင့်အယှက် မဖြစ်စေ ရန်အတွက် မဲရုံတွင်းသို့ ဗွီဒိယိုကင်မ ရာ ၊ ကင်မရာ၊ ဟန်းဖုန်းကင်မရာများကို ယူဆောင်ခွင့်မရှိကြောင်း နိုင်ငံရေး ပါတီများသို့ အကြောင်းကြား စာများပေး ပို့လာကြောင်းသိရသည်။

''နိုင်ငံရေး ပါတီတွေကို တော့ပို့ထားပြီးပါပြီ ။ မဲရုံတွင်းကို တရားဝင် ဝင်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်လောင်း ၏ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် နှင့် မဲရုံ အကူကိုယ်စားလှယ်တွေက မဲပေးတဲ့နေ့ မှာ မဲရုံအတွင်းကို ကင်မရာ၊ဗွီဒီယိုကင် မရာ၊ ဟမ်းဖုန်းကင် မရာတွေ ယူဆောင် ခွင့်မပြုပါဘူး။ အကယ်၍ ပြဿနာတစ် စုံတစ်ရာရှိခဲ့ရင် သက်သေအဖြစ်ပါတီ မဲရုံကိုယ်စားလှယ် အချင်းချင်းနဲ့ မဲဆန္ဒ ရှင်တွေ ကို သက်သေလုပ် သွားလို့ရ ပါတယ်''ဟုရန်ကုန်တိုင်း ဒေသကြီးကော် မရှင်အဖွဲ့ခွဲဥက္ကဌဦးကိုကိုကဆိုသည်။


Yangon times

1 မန္တလေးစက်မှုဇုန်ရှိ သံရည်ကျိုစက်ရုံတွင် ပေါက်ကွဲမှုဖြစ် (၃)ဦးသေ


မပေါက်ကွဲသေးသောစစ်ကျန်ဗုံးများ


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ရပ် ၁၉-၃-၂၀၁၂ ရက် ယနေ့ ၁၁ နာရီ ၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။

အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့် သေဆုံး သွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင်သေဆုံး သွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင် ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကိုမူအသေးစိတ်ထပ်မံစုံစမ်းနေပြီး သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက် သံထည်များထုနှက်နေချိန် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာစစ်အင်ဂျင်နီယာတပ်မှ ကျန်ရှိသည့် သံရည်ကျိုပစ္စည်းဟောင်း များကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံးများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ၄င်းတို့မှာ ဒလက်ပါဗုံး၊ ဒလက် မပါ ဗုံးနှင့် ကျည်ဟောင်းများ စုစုပေါင်း ၂၀ လုံးခန့်ဖြစ်သည်။

သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ကြိုတင်ဖြတ်တောက်ထုခွဲလေ့ရှိသည့်အတိုင်း ဖြတ်တောက်ထုခွဲနေရာမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု အခင်းဖြစ်ရာနေရာရှိ မျက်မြင်အချို့ကပြောသည်။ သက်ဆိုင်ရာခွင့်ပြုချက်ရသည်နှင့် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို လောကပါလ နာမှုကူညီရေးအသင်းမှ အသင်းသားများက ကောက်ယူခဲ့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။ (စည်သူနိုင်၊ ရဲဘော်သူရိန်)

ရှာဖွေရာမှ ထပ်မံတွေ့ရှိရသော ဗုံးနှင့် ကျည်အချို့...။

CJ myanmar

Monday, March 19, 2012

4 အလဲဗင်းဂျာနယ် လူလည်ကျပြီ.(အောင်မျိုးထွန်း)


ဖော်ပြပါ ဓာတ်ပုံလေးက ဒီကနေ့ ထုတ် အလဲဗင်းဂျာနယ် စာမျက်နှာ (၂)မှာ ဖော်ပြခွင့်ရတဲ့ရွှေဂုံတိုင်၊ မင်္ဂလာဒို့ ရိုးရာခန်းမမှာ ပြီးခဲ့တဲ့ မတ်လ (၁၆)ရက်နေ့ ကပြုလုပ်သွားတဲ့တံတားနီနေ့  (၂၄)နှစ်မြောက် ဓာတ်ပုံဖြစ်ပါတယ်။ အဲဒီအခမ်းအနားဓာတ်ပုံကိုပြည်တွင်းဂျာနယ်တစ်စောင်မှာ ဖော်ပြခွင့်ရတဲ့အတွက် ၀မ်းမြောက်ကျေနပ်ရမယ့်အစားကျွန်တော် အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားရပါတယ်။

“တံတားနီနေ့ ” ဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းသွားခြင်းမရှိဘဲ “ရန်ကုန်(၀ိဇ္ဇာ/သိပ္ပံ)တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့်အခမ်းအနား”ဟုသာ ဖော်ပြထားပါတယ်။လွန်ခဲ့တဲ့ (၂၄)နှစ်၊ ၁၉၈၈ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွေဟာ တသီးတခြားနာမည်ကိုယ်စီနဲ့ အသိအမှတ်ပြုခံထားကြရပါတယ်။
မတ်လ (၁၆)တံတားနီနေ့ ၊ မတ်လ (၁၇) ပင်မကျောင်းဝင်းထဲ စစ်သားတွေ အလုံးအရင်းနဲ့ဝင်ရောက် ဖြိုခွင်းရိုက်နှက်ခဲ့တဲ့နေ့ ၊ ဇွန်လ (၂၁)ရက် မြေနီကုန်းလမ်းဆုံမှာ သေနတ်သံညံစီခဲ့တဲ့နေ့  စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားခဲ့တာပါ။ တံတားနီနေ့ဆိုတဲ့ အထင်ကရနေ့ တစ်ရက်ကို အလဲဗင်းဂျာနယ်ထဲ ရေးသားဖော်ပြထားခြင်းမရှိတာ စိစစ်ရေးက ဖြုတ်ချခိုင်းတာလား၊ အတွေ့ အကြုံတွေအရမလွတ်လောက်ဘူး ထင်တာနဲ့  သတင်းရေးတဲ့သူကရှောင်ကွင်းရေးသားလိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အလဲဗင်းဂျာနယ် ဖော်ပြထားမှုထဲမှာ တံတားနီနေ့ ရယ်လို့  ဘာ့ကြောင့်ဖြစ်ပေါ်လာရသလဲ၊ ကျောင်းသား တွေ ရဲ့ တောင်းဆိုမှု၊ အာဏာရအစိုးရလက်ပါးစေ လက်နက်ကိုင်အဖွဲ့ တွေရဲ့ သူရဲမရဲစီး ဖြိုခွင်းရိုက်နှက်မှု စတာတွေ ဘာဆိုဘာမှ ရေးသားထားခြင်းမတွေ့ ရပါဘူး။တံတားနီနေ့ မှတ်တမ်းနဲ့ ပက်သက်ပြီး ရုပ်လုံးကြွလာအောင်ဖော်ပြထားတာမျိုးမရှိတဲ့အပြင်အဲဒီ့အခမ်းအနားရဲ့ ကျင်းပပုံ အကျဉ်းချုပ်လေးကိုတောင် ရေးသားခဲ့ခြင်းမရှိပါဘူး။မင်းဇေယျ။ ဂျင်မီ၊ အောင်သူ၊ လှမျိုးနောင်၊ ဌေးကြွယ်၊ မင်းကိုနိုင်တို့ အမှတ်တရစကားများပြောကြားသွားတယ်ဆိုတာတောင် ရေးသားထားတာ မတွေ့ ရပါဘူး။ စိတ်ပျက်စရာပါ။

ဒါပေမယ့် အလဲဗင်းဂျာနယ်အနေနဲ့  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကို ခဏလေး လာပြီး စကားပြောသွားတာကိုတော့ အတော်ကလေးပြည့်ပြည့်စုံစုံ ဖော်ပြထားတာတွေ့ ရပြီး “နိုင်ငံရေးဟာ စစ်သားတွေနဲ့ လည်း ဆိုင်တယ်”ဆိုတဲ့ ကိစ္စကို အမွှန်တင်ဖော်ပြထားတာ တွေ့ ရပါတယ်။ ဒါဟာ လှမျိုးနောင် ရှေ့ ကပြောကြားချက်ကို ပြန်ပြီး ကက်ကက်လန် ရန်တွေ့ တဲ့ အပြုအမူလို့ ကျွန်တော်မြင်ပါတယ်။ဒေါ်စုအနေနဲ့  လှမျိုးနောင်စကားရဲ့ ရည်ရွယ်ချက်ကို ခြုံငုံဆ၀ါးနိုင်မှု
အားနည်းခဲ့တယ်လို့ မြင်ပါတယ်။ တပ်မတော်သားတွေတင် နိုင်ငံရေးနဲ့ ဆိုင်တာမဟုတ်ပါဘူး။ပြောကြကြေးဆို
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တွေနဲ့ လည်း နိုင်ငံရေးဟာ ပက်သက်ပါတယ်၊ ထို့ အတူ လမ်းတံတားတည်ဆောက် နေ တဲ့ အင်ဂျင်နီယာများနဲ့ လည်း ဆိုင်ပါတယ်။ ကျန်းမားရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် သူနာပြုတွေနဲ့ လည်း နိုင်ငံရေးဟာ ဆိုင်ပါတယ်။ ကုန်ကုန်ပြောရရင်လမ်းဘေးက အမှိုက်သရိုက်တွေ လှည်းကျင်းပေးတဲ့ စည်ပင်ဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေနဲ့ လည်း လွတ်ကင်းလို့ မရပါဘူး။ နိုင်ငံရေးဟာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတာ ဒေါ်စု ပြောမှ သိရမှာ မဟုတ်ပါဘူး။

လှမျိုးနောင် ဆိုလိုတဲ့သဘောက နိုင်ငံရေးပါတီဝင်ပြီး အာဏာနိုင်ငံရေးကို ရယူလို့ တိုင်းပြည်အုပ်ချုပ် လိုတဲ့ စိတ်ဆန္ဒဇောကို ရည်ညွှန်းဟန်တူပါတယ်။ နိုင်ငံရေးဆိုတာနိုင်ငံသားအားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့အဆင့်ကို တံတားနီနေ့ အခမ်းအနားမျိုးမှာထည့်သွင်းပြောကြားစရာ မလိုလောက်ဘူးလို့  ကျွန်တော် နားလည်ပါတယ်။
ဒီအခမ်းအနားမျိုးကို တက်ရောက်လာသူအများစုက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာအတွေ့ အကြုံ အနည်း နှင့် အများ ရှိခဲ့ကြဖြတ်သန်းခဲ့ကြသူတွေချည်းပါဘဲ။ ဘယ်လိုပရိသတ်တွေလဲ၊ ဘာအခမ်းအနားလဲဆိုတာ ရပ်ဖမ်းသံဖမ်းလောက်တော့အကဲခတ်တတ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး အံတိုအံခွ အရိုးရင့်သူတွေချည်းပါ။

ကျွန်တော် နားလည်မိတာက ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ သွားတဲ့ နေပြည်တော်လွှတ်တော်နိုင်ငံရေးမှာ ပါဝင် ဆောင်ကျဉ်း ပေးတဲ့ ပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြောကြားချက်တွေ၊လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ဆိုရင် လည်း လူမှုရေးလုပ်တဲ့အခမ်းအနားတွေ၊ သာရေးနာရေးကိစ္စတွေ။ စယ်လီဘယ်တီ ပွဲလမ်းသဘင် အခမ်းအနား တွေနဲ့ သက်ဆိုင်တဲ့ ရေးသားဖော်ပြချက်မျိုးကိုသာ ပြည်တွင်းဂျာနယ်တွေမှာ ဖတ်ရှုခွင့်ရနေပြီး တကယ့်သမိုင်းနဲ့ ဆိုင်တဲ့နင်လားငါလား ရေးသားဖော်ပြမှုတွေ၊ အစိုးရက ဦးဆောင်ပြီးသွားနေတဲ့
နိုင်ငံရေးဖြစ်စဉ်ကိုအခြားဘက်တစ်ဘက်က အမျိုးကွဲ သုံးသပ်တင်ပြချက်မျိုးတွေကို တစိုးတစေ့မှ ဖတ်ရှုခွင့်
မရသေးပါဘူး။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့ အစိုးရကိုမွေးထုတ်ပေးခဲ့တဲ့အရင် စစ်အာဏာရှင် အစိုးရ လက်အောက်မှာ ပြည်သူလူထုနဲ့ ရဟန်းရှင်လူကျောင်းသားကျောင်းသူတွေ အပေါ် ရက်ရက်စက်စက် ဖြိုခွဲပစ်ခတ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို ပေထက်အက္ခရာတင်နိုင်ခွင့် မရှိသေးပါဘူး။

နောင်လာနောင်သားလူငယ်တွေအနေနဲ့  မိမိနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တွေကို ဘက်စုံထောင့်စုံက ရေးသားဖော်ပြထားတဲ့ မှတ်တမ်းမှတ်ရာတွေကိုဖတ်ရှုလေ့လာခွင့်မရနိုင်သေးသမျှ၊ အတွေးအမြင်အယူအဆ စုံစုံလင်လင်ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆုံးဖြတ်လုပ်ကိုင်နိုင်မှုအခွင့်အလမ်း ပိတ်ဆို့ ခံထားရနေသမျှ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ အရောက်သွားနိုင်မယ် ၀ါးလုံးခေါင်းထဲ လသာ
နေတာဘဲ ဖြစ်ပါလိမ့်မယ်။

ဒီစာစုလေးကို ဒေါ်အောင်ဆန်းစုကြည် တံတားနီ နှစ်ပတ်လည်နေ့ က ပြောကြားချက်နဲ့ အဆုံးသတ်ပါရစေ။ ဒေါ်စုလည်း သူ့ ရဲ့  အယူအဆကို အများစုဆန္ဒ ဟုတ်ချင်မှဟုတ်မယ်လို့ ပြောသွားတာ ကြားရတော့ အနည်းစုသဘောထား (သို့ မဟုတ်) အများစု လက်မခံတဲ့အတွေးအမြင်ဆိုတာ ဒီမိုကရေစီရေးအတွက် သေကောင်ပေါင်းလဲ လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ ဒေါ်စုပရိသတ်များ သိစေလိုပါတယ်။ ပန်းပေါင်းစုံ ဖူးပွင့်ခွင့်ပေးရမယ်၊ရနံ့ အမျိုးမျိုး သင်းပျံ့ ကြိုင်ဖို့  ညီတူညာတူ လက်တွဲကြပါစို့ ။

“ကျွန်မကတော့ စစ်အာဏာရှင်စနစ်ဆိုတာဟာ စစ်တပ်အုပ်ချုပ်တဲ့စနစ်လို့ ကျွန်မ ဒီလိုမြင်ပါတယ်။ စစ်တပ်နိုင်ငံရေးလုပ်တဲ့စနစ်လို့ ကျွန်မ မမြင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့နိုင်ငံရေးဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ကိစ္စဟာ ကျွန်မ ထပ်တလဲလဲပြောတဲ့ကိစ္စပါ။ တပ်မတော်သားတွေဟာလည်း ဒိနိုင်ငံသားတွေထဲမှာ ပါပါတယ်။ ဒါ့ကြောင့်တပ်မတော်သားတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုတာဟာ ဒါ ကျွန်မရဲ့ အယူအဆပါ။ဒါ အများစုက သဘောတူချင်မှတူမယ်။ ဒါပေမယ့် နိုင်ငံသူနိုင်ငံသားတိုင်းနဲ
့နိုင်ငံရေးဟာဆိုင်တယ်။ တပ်မတော်သားတွေနဲ့ လည်းဆိုင်တယ်၊ အရပ်သားတွေနဲ့ လည်းဆိုင်တယ်”
(ဒေါ်အောင်ဆန်းစုကြည်)

(တံတားနီနေ့ အခမ်းအနားက အမှတ်တရစကားသံများ)


"စစ်အာဏာရှင်စနစ်ဆိုတာ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့စနစ်ကို ခေါ်တယ်။
စစ်တပ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်မယ်၊ ရှင်းရှင်းပြောရရင် တိုင်းပြည်ရဲ့နိုင်ငံရေးကို စစ်သားတွေ ဘဲလုပ်မယ်။ အရပ်သားဆိုတဲ့သူတွေ နိုင်ငံရေး မလုပ်နဲ့ ၊တိုင်းပြည်အုပ်ချုပ်ရေးကိစ္စ မင်းတို့ ပါစရာ မလိုဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်ဘဲ။

၁၉၆၂ ခုနှစ်မှာ မြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးစနစ်အောက် တိုက်ရိုက်...ကျရောက်ခဲ့တယ်။
၁၉၇၄ ခုနှစ် မှာတော့ ဦးနေ၀င်းရဲ့  မဆလ အုပ်ချုပ်ရေးနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။ဒါလည်း စစ်တပ်က နည်းတစ်မျိုးနဲ့ သွယ်ဝိုက်အုပ်ချုပ်တာဘဲ။ ကျောင်းသားတွေဟာ၁၉၈၈ ခုနှစ်၊ မတ်လ၊ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ရက်တွေမှာ ဒီ စနစ်တွေကို မကြိုက်လို့ အရေးဆိုတော်လှန်ကြတယ်။ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ကြီး ဖြစ်ပွားပေါ်ပေါက်ပြီး မဆလ တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျသွားတယ်။ ဒါပေမယ့်ကျွန်တော်တို့ နိုင်ငံ ဟာ လွတ်မြောက်မသွားဘဲ စစ်တပ်က အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ် အောက်ပြန်ရောက်ခဲ့ပြန်တယ်။

ဒီလိုနဲ့  စစ်အုပ်ချုပ်ရေးစနစ်ကို ရတဲ့နည်းလမ်းပေါင်းစုံသုံးပြီးဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။
နှစ်ပေါင်း (၂၀)ကျော်ကြာလာတဲ့အခါ စစ်တပ်အနေနဲ့  ငါတို့ ချည်းဘဲ တိုင်းပြည်ကိုမအုပ်ချုပ်တော့ဘူး၊ စစ်သားတွေချည်း နိုင်ငံရေးမလုပ်တော့ဘူး။ အရပ်သားတွေလည်းနိုင်ငံရေးထဲ ၀င်ပါကြပါ၊ အရပ်သားတွေကိုလည်း တိုင်းပြည်အုပ်ချုပ်ရေးထဲ ၀င်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းပြုလာတယ်။ ဒါဟာ.. ဒီနေ့ အခြေအနေဘဲ။ ကျွန်တော်တို့ အနေနဲ့ ဒီမှာတင် ကျေနပ်နေလို့ မရဘူး။ ရည်မှန်းချက်ထားရမယ်၊ နိုင်ငံရေးပန်းတိုင်ရှိရမယ်။နောင်အနာဂတ် မြန်မာပြည်ကို အုပ်ချုပ်တဲ့အရေးမှာ စစ်တပ်ပါစရာမလိုဘူး။ စစ်သားတွေနိုင်ငံရေးလုပ်စရာမလိုဘူး။ အရပ်သားတွေဘဲ နိုင်ငံရေးလုပ်မယ်၊
တိုင်းပြည်အုပ်ချုပ်မယ်"

(လှမျိုးနောင်)

"လွန်ခဲ့တဲ့ (၂၄)နှစ် ဒီလိုနေ့ မျိုးမှာ တက္ကသိုလ်ကျောင်းသားတွေရဲ့  သွေးတွေ ဟောဒီအင်းလျားကန်စောင်း မှာ မြေကျခဲ့ရပါတယ်။ မိန်းထဲက ချီတက်လာတဲ့ကျောင်းသားတွေနဲ့ အာစီတူးဘက်ကထွက်လာတဲ့ကျောင်းသားတွေ ပေါင်းစုံစုစည်းလို့ မရအောင်သံဆူးကြိုးတွေနဲ့  ပိတ်ဆို့ တားဆီးထားလိုက်ကြတယ်။ ကျွန်တော်တို့ နိုင်ငံတော်သီချင်းကိုဆိုကြတယ်၊ စစ်သီချင်းတွေ အော်ဆိုတယ်။ ဒု တိုင်းမှူးကို ကျောင်းသားတွေရဲ့ လိုလားတောင်ဆိုချက်တွေဖြစ်တဲ့ ကိုဖုန်းမော်ဈာပနကို လွတ်လွတ်လပ်လပ် ပြုလုပ်ခွင့်ရရေး၊အဖြစ်အပျက်မှန်ကို ပြည်သူလူထုသိရှိရန်ဖော်ထုတ်ပေးရေး စတာတွေကို တင်ပြတယ်။
ဒု တိုင်းမှူးကလည်း မင်းတို့ ကျောင်းသားတွေ အေးအေးဆေးဆေးနေကြပါ၊ မင်းတို့ ရဲ့ လိုလားချက်တွေ ကို ငါတို့  အထက်ကိုတင်ပြထားတယ်၊ ပြေလည်အောင် ညှိနှိုင်းပေးမယ်၊
ဒီလိုမျိုး တုန့် ပြန်တယ်ဗျာ။

သိပ်မကြာပါဘူး။ လုံထိန်းတွေက နောက်ဘက်ကနေပြီး တုတ်တွေနဲ့  ၀င်ရိုက်တော့တာဘဲ။ ကျောင်းသူကျောင်းသား တွေ အတုံးအရုံး သွေးမြေကျတော့တာဘဲ။ ကျောင်းသားတစ်ယောက်ဆို လမ်းမပေါ်မှာ မတ်တပ်ရပ်ပြီး သူငယ်ချင်းတို့  မင်းတို့  ထွက်ပြေးစရာမလိုဘူး၊ ခွေးတွေရိုက်တာ လူတွေပြေစရာမလိုဘူးနဲ့  ရဲရဲရင့်ရင့် အော်ပြောနေတာဗျာ။အဲဒီကျောင်းသားလည်း အရိုက်ခံရပြီး လဲကျသွားတာပါဘဲ။ ကတိမတည်ဘူးဗျာ။ရှေ့ မှာ ညှိနှိုင်းနေတယ်ပြောပြီး နောက်ကနေ ၀င်ရိုက်တာဟာ အောက်တန်းကျတဲ့တုန့် ပြန်မှုဘဲ၊ နောက်ကျော ဓားနဲ့ ထိုးတာဘဲ မဟုတ်လား။

အခုလည်းဘဲ ကျွန်တော်တို့  မျှော်လင့်နေပါတယ်၊ ဆုတောင်းလိုပါတယ်။ရှေ့ မှာ ညှိနှိုင်းနေတယ်ပြောပြီး နောက်ကနေချောင်းရိုက်တဲ့နိုင်ငံရေးမျိုး၊ နောက်ကျောကိုဓားနဲ့ ထိုးတဲ့နိုင်ငံရေးမျိုး တဖန်ဖြစ်ပေါ်မလာပါစေနဲ့ လို့ "

(အောင်သူ)
အောင်မျိုးထွန်း

၁၉- ၃- ၂၀၁၂

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.