Sunday, March 18, 2012

0 ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌဦးထွန်းအောင်ကျော်နှင့် ဂျပန်နှင့် ကိုရီးယားတွင် မြန်မာနိုင်ငံ့အရေးဆွေးနွေးတင်ပြချက်များ




ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌ ဦးထွန်းအောင်ကျော် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံ့အရေးအတွက်လာရောက်ဆွေးနွေးခဲ့ရာတွင်-

၁။ ဒေါ်အောင်ဆန်းစုကြည်၏လက်တွေ့ကျကျဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးကိုအားပေးကူညီသင့် ကြောင်း။

၂။ သို့ မှသာနှစ်၂၀ကျော်ကြာမတရားဖိနှိပ်ထားမှုကြောင့်အင်အားချိ့နဲ့နေသောဒီမိုကရေစီအင်အားစု များအင်အားစုစည်းနိုင်မည်ဖြစ်ကြောင်း။ ဒီမိုကရေစီ အင်အားစုများစုစည်းရန်အချိန်တခုကိုယူရမည် ဖြစ်ကြောင်း။

၃။ ယခုကြားဖြတ်ရွေးကောက်ပွဲသည်အဓိကတိုက်ပွဲမဟုတ်ကြောင်း၊ အခြေအနေအရစစ်အုပ်စုမှချပေး သောလမ်းကြောင်းကိုလိုက်၍ ၂၀၀၈ အခြေခံဥပဒေ ကိုမကြိုက်သော်လည်းအတွင်းမှပြောင်းလဲရေးကို မူချ၍ ၂၀၁၅ ကိုရည်မှန်းချက်ထားရမည်ဖြစ်ကြောင်း၊ ၂၀၁၅ သည် အဓိကအောင်နိုင်ရေး ရည်မှန်း ချက်အဖြစ်ထားရမည်ဖြစ်ကြောင်း။

၎။ ၂၀၁၄ သည် ၂၀၁၅ တွင်လွတ်လပ်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင်ကိုမီးမောင်းထိုး ပြမည့် နှစ်ကြောင်း၊ ထိုနှစ်တွင် အစိုးရထိမ်းချုပ်မှုမှကင်းလွတ်သည့်လွတ်လပ်သောပုဂ္ဂလိကသတင်း စာများ၊ လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများ (Civil Society) ဖြစ်သည့်အလုပ်သမားသမဂ္ဂများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ရှေ့နေအသင်းများ၊ လူမှုဖူလှုံရေးအသင်း များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ လွတ်လပ်စွာရပ်တည်နိုင်ခွင့်၊ ဖွဲ့စည်းနိုင်ခွင့်၊ စည်းရုံးနိုင်ခွင့်၊ ရှိမရှိကိုကြည့်ပြီးဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း။

၅။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍မေးမြန်းလာမှုအပေါ်လက်ရှိအဖွဲ့ဝင်ခေါင်းဆောင်များနှင့် အဓိကခေါင်း ဆောင်မှု တာဝန်ကိုယူခဲ့သူအားလုံးတွင်အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုကာကွယ်သည့်အ နေနှင့်အဖြစ်မှန်ကိုရဲရဲဝံ့ဝံ့ဖေါ်ထုတ်ပြီးအများကိုတင်ပြရမည်ဖြစ်ကြောင်း။

ဆွေးနွေးတင်ပြသွားခဲ့ပါသည်။

ထို့အပြင်မတ်လ ၁၃ ရက်နေ့တွင်ဂျပန်အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှလွှတ်တော်အမတ် ၃ဦး တို့နှင့် တဦးခြင်းနာရီဝက်မှတနာရီအကြာဆက်တိုက်တွေ့ဆုံခဲ့ပြီးမတ်လ၁၄ရက်နေ့တွင်အောက် လွှတ်တော် အမတ် တဦးနှင့် တွေ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှ ပုဂ္ဂိုလ်တဦးနှင့်လည်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ နှင့်ပတ်သက်၍ ဦးထွန်းအောင်ကျော်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဂျပန်ဌာနခွဲ ဒုဥက္ကဌဦးသောင်းလှိုင် တို့က ဦးရွှေဘအကူအညီနှင့်ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြခဲ့ကြောင်းအောက်ပါအချက်များကိုပြောကြားခဲ့ပါသည်။

၁။ ဒီမိုကရေစီရေးလမ်းကြောင်းသည် အပြုသဘောဆောင်သောပြောင်းလဲမှုသို့ရွေ့လျှားနေကြောင်း လက်ခံသည်၊ သို့ရာတွင်အထက်အမိန့်ကိုအောက်မှလိုက်နာကျင့်သုံးမှုအားနဲနေသေးကြောင်းဥပမာ နှင့်တကွထောက်ပြခဲ့သည်။ ကချင်တွင်ဆက်လက်စစ်ပွဲဖြစ်ပွါးနေခြင်း။

၂။ ဂျပန်အစိုးရ မှ ODA ပြန်လည်ပေးရန်စဉ်းစားနေခြင်းအပေါ် Loan နှင့် Grant နှစ်မျိုးတွင် ချေးငွေ (Loan) သည်နိုင်ငံတော်မှပြန်လည် ပေးဆပ်ရမည့်ပြည်သူ့ငွေဖြစ်သဖြင့် တကယ့်ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့်စီမံကိန်းများကိုသာဦးတည်၍ပေးရန်၊ အလကားပေးအပ်သည့်ဂရန့်ငွေကို လည်းအစိုးရစီမံကိန်း များသက်သက်ကိုသာမက ပြည်တွင်းအင်ဂျီအိုများထဲမှလူထုအကျိုးကိုစွမ်းစွမ်း တမံလုပ်နေသောအဖွဲ့များ ကိုဦးစားပေးထောက်ပံ့သွားရန်ပြောကြားခဲ့ခြင်း။ထို့ပြင်ODA ပေးရာတွင် ဒိုးယိုပေါက်ရှင်းလင်းမြင်သာမှုရှိဖို့၊ မည်သည့်စီမံကိန်းအတွက်မည်မျှပေးသည်၊ မည်သို့သုံးစွဲသည် တို့ကိုသိရှိနိုင်ဖို့လိုကြောင်းတိုက်တွန်းခဲ့ခြင်း။

၃။ ဦးသိန်းစိန်ကပြည်ပရောက်မြန်မာများကိုတိုင်းပြည်ထူထောင်ရေးတွင်ပါဝင်ရန်ဖိတ်ခေါ်မှုအပေါ်ဘာ ကြောင့်မပြန်ကြသနည်းဟုမေးမြန်းလာမှုအပေါ်ရှင်းလင်းတင်ပြရာတွင်မြန်မာသံရုံးများတွင်ဗီဇာ လျှောက်ထားသူ တိုင်းဗီဇာမရသလို၊ ဂျပန်ပေါ်လစီအရဒုက္ခသည်ရထားသူများအခြားနိုင်ငံများသို့ခရီး သွားလက်မှတ်ဖြင့်သွားလာနိုင်သော်လည်း မြန်မာနိုင်ငံသို့မည်သည့်အကြောင်းနှင့်ပြန်သည်ဖြစ်စေ၊ ဂျပန်နိုင်ငံသို့ပြန်မလာနိုင်တော့ကြောင်း။ ပြန်လာခြင်းကိုပိတ်ပင်ထားကြောင်း၊ ထိုအချက်သည်ဂျပန် ရောက်မြန်မာများအမိနိုင်ငံသို့ပြန်လည်စနည်းနာခွင့်ကိုပိတ်ပင်ထားခြင်းဖြစ်သဖြင့်ဂျပန်ပေါ်လစီကို ပြောင်းလဲသင့်ကြောင်း၊ အမိနိုင်ငံသို့ပြန်ပြီး စနည်းနာရာတွင် မိမိလုံခြုံရေးမရှိလျှင်ပြန်လာခွင့်ရှိရ မည် ဖြစ်ကြောင်းထိုမှသာ ဂျပန်ရောက်မြန်မာများ ရဲရဲတင်းတင်းအမိနိုင်ငံသို့ပြန်ရန်လမ်းပွင့်သွားမည်ဖြစ်သည် ဟုဆွေးနွေးတင်ပြခဲ့ပါသည်။

ဂျပန်လွှတ်တော်အမတ်များမှလဲလေးလေးစားစားမှတ်တမ်းများရေးမှတ်၍ ODA ငွေများကိုမြန်မာပြည် သူလူများစုအကျိုးကိုရှေးရှူ၍ပေးသွားရန်ကြိုးစားမည်ဟုပြောကြားခဲ့ကြပြီးမြန်မာနိုင်ငံငြိမ်းချမ်းစွာဖြင့်ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲသွားရန်အထူးလိုလားပါကြောင်းပြောကြားခဲ့ကြပါသည်

ပေးပို့ သူ ကိုထွန်းဝေ(ဂျပန်) အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.