Tuesday, March 20, 2012

0 အရှက်မရှိပြောင်းဖူးဓါတ်ဆင်နဲ့မပြောင်းဖူးဆိုပြီး မွဲဆွယ်စည်းရုံးတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဌက္ကဌဦးအောင်သိန်းလင်းနဲ့ VOA အင်တာဗျူး




Photo..မာမီထား

ခြင်္သေ့ကြီးက လည်ဆံထောင် ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ် (ကြံ့ဖွံ့မောင်တွေ ထိုးတဲ့ သံချပ်)
မှတ်သားလောက်တဲ့ လုပ်ရပ်တွေ ရွာတွေဆင်းကာ လယ်မြေတွေသိမ်း( ရွာတွေဆင်းကာ လယ်မြေတွေသိမ်း)
ဖွတ်စိမ်းကြီးများ အလံထူ ကြက်ဆူဆိုတာ အနှစ်မရှိဘူး (ကြက်ဆူဆိုတာ အနှစ်မရှိဘူး)
အရူးအနှမ်း ထိုပါတီ ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့ (ရေပေါ်ဆီတွေ ဒုနဲ့ဒေးဟေ့)
ခလေးကွက်များ သူနင်းကာ မက်လုံးပေးလာ ဗလီဆောက်ဖို့ (မက်လုံးပေးလာ ဗလီဆောက်ဖို့)
... ခြောက်လုံး မက်လုံး အထွေထွေ မူဆလင်တွေတောင် အယုံအကြည်မရှိဘူး (မူဆလင်တွေတောင် အယုံအကြည်မရှိဘူး)
မထူးဇာတ်များ သူခင်းလာ ၀န်ထမ်းများစွာ မဲထည့်ကြစမ်း (၀န်ထမ်းများစွာ မဲထည့်ကြစမ်း)
အာဏာသရမ်းခဲ့တိုင်းပြည်မှာ ၀င်ငွေများစွာ သူတို့အိတ်ထဲ (၀င်ငွေများစွာ သူတို့အိတ်ထဲ)
ငမွဲများတဲ့ တို့တိုင်းပြည် ကြာကူလီတွေကို အလိုမရှိ (ကြာကူလီတွေကို အလိုမရှိ)
ဒီမိုကရေစီမသိတဲ့လူပေါများ ယတြာအားနဲ့ရွေးကောက်ခံမတဲ့(ယတြာအားနဲ့ ရွေးကောက်ခံမတဲ့)
ပဲ့ပဲ့ရွဲ့ရွဲ့ကိုယ်စားလှယ်တွေ ဥပဒေဆိုတာ ဘာမှန်းမသိဘူး( ဥပဒေဆိုတာ ဘာမှန်းမသိဘူး)
ပြောင်းဖူးပေါ်က "မ"ယတြာ ဒင်းမကြာပါ ရူးတော့မယ်ကွဲ့ (ဒင်းမကြာပါ ရူးတော့မယ်ကွဲ့)
ပျင်းပျင်းတွဲ့တွဲ့ လွှတ်တော်မှာ ဒင်းတို့ငိုက်မှာ ဧကန်မလွဲ (ဒင်းတို့ငိုက်မှာ ဧကန်မလွဲ)
စားပြီးဗိုက်ရွှဲ နားမလည် သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့ (သဘောပေါက်လွယ်တာ ပါဆယ်ထုတ်ဖို့)
တရုတ်ကြီးက အို့အို့ခေါ် ရို့ရို့ပျော်ကာ အမြီးယမ်းလျှက် (ရို့ရို့ပျော်ကာအမြီးယမ်းလျှက်)
ပါးလျက်နားလျက်လုပ်ကြပြန် သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား(သစ်ငုတ်ပါမကျန် တရုတ်ရောင်းစား)
ပြည်ကြီးသွားပြီး မဲခံရင် ယူနန်သားတွေ မဲထည့်မယ်တဲ့ (ယူနန်သားတွေ မဲထည့်မယ်တဲ့)
မဲ့မဲ့ရွဲ့ရွဲ့ သူများဝေဖန် ကိုယ့်အောက်စလန်တာ သူတို့မသိ( ကိုယ့်အောက်စလန်တာ သူတို့မသိ)
ဟေ့စိန်လား ဟေ့မြလား ဟေ့လူဆိုး ဟေ့ သူခိုး ဟေလာမောင်တို့ ၀ါး..

သံချပ်..Myat Thein Tun

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.