Sunday, March 18, 2012

4 ကြံ့ဖွတ်ဦးအောင်သောင်း၏မနာလိုမရှုစိမ့်တဲ့ အင်တာဗျူးကို မြတ်ခိုင်ရဲ့ဂျာနယ်တွင်ဖေါ်ပြ



ယနေ့ထုတ်လျှပ်တပြက်ဂျာနယ်မှာကြံ့ဖွတ်ဝန်ကြီး ဦးအောင်သောင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးများအတွင်းမှာ ရောက်လေရာမြို့၊ ကျေးလက်ဒေသ များမှ ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြ တခဲနက် ကြိုဆိုကြခြင်းအပေါ်ကို ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့သည်။

မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ် နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ။

အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။ ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။

တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကို ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက် လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေ စိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်မှာပြောတယ်။ တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။ တိတိကျကျတော့ မပြောလိုပါဘူး။
(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ)

လျှပ်တပြက်ဂျာနယ်တည်ထောင်သူ မြတ်ခိုင်ဟာအဝါရောင်သတင်းသမားအဖြစ် ကျော်ကြားသူတဦးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏လူယုံတဦးလည်းဖြစ်သည်။
အဆိုပါဂျာနယ်အင်တာဗျူးအပြည့်အစုံကို မကြာခင်တင်ဆက်ပေးမည်။

( ကောင်းပါတယ်..ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးဝင်ခေါင်းဆောင်တွေက ဒီလို စကားတွေ များများပြောလေ.. ပြည်သူက NLD ကို ပိုယုံကြည်လေပါဘဲ...)

December Min

4 comments:

  1. ကတိထားတဲ့သူတွေကိုသရော်တာ ဆိုတော့ သူတို့ က ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ပေးမှာမို့ လို့ လား...ပြည်သူ့ အကျိုးလုပ်နေတဲ့သူလို့ ပြောရအောင် ပြည်သူ့ ပိုက်ဆံနဲ့ လုပ်ပေးရမှာကို ခုကတည်းကလိမ်နေတယ် အဲ့လိုစကားလုံးတွေက အရမ်းအောက်နေပြီ (.ကိုယ့်ကိုယ်ကိုလည်းဝန်ခံထားပါတယ် အဆင့်မမီဘူး) ဆိုတာ ဒီလိုငတုံးငအတွေက အောက်လမ်းနည်းမျိုးစုံနဲ့ အရှက်မရှိကိုပြောတယ် ပါးစပ်ဟလိုက်တာနဲ့ အလိမ်ချည်းဘဲ .လူထုတအားထောက်ခံတာကိုမြင်မြင်ကြီးနဲ့ ကို ဟိုက ဒီက ခေါ်ထားရင်ရပါတယ် ဆိုတော့ ကိုယ့်စိတ်နဲ့ နှိုင်းမရိုင်းဆိုသလိုဖြစ်နေတယ် ခု ထောက်ခံအားပေးနေတဲ့သူတွေကဘဲအားအားယားယား အလုပ်ပစ်အကိုင်ပစ်အဓိပ္ပါယ်မရှိကြိုနေကြတာကျနေတာဘဲ........အလွှာအတန်းအစားအသီးသီး ကိုယ့်ရနေတဲ့ ၀င်ငွေ သိန်းကနေ ဟိုးအောက်ထိကိုတောင်စွန့် ပြီး တကယ့်စိတ်ရင်းတွေကိုဖော်ပြနေတာကို(ကန်း) ပြီး ဘယ်သူ့ မဲပေးမယ်ဆိုတာဆုံးဖြတ်လို့ မရဘူး တဲ့ ။ သူ့ ပါးစပ်က အဲ့လိုပြောတာကို မိသားစုကလည်းမရှက်ဘူးလားမသိ။ သနားစရာ ဖားသတ္တ၀ါ ပါဘဲ..................

    ReplyDelete
  2. ဟီ..ဟီ..ပြည်သူ့အကျိုးလုပ်တာကောင်းတာပေါ့...
    ပြည့်သူ့အကျို အကျိုးဆိုပြီ နင်တိုမိသားစု ဆွေမျိုးအ
    သိုင်းအ၀ိုင်းတွေ..ဘီလီယံနာဖြစ်ပြီ..ပြည်သူတွေကတော့
    ကြွေးတင်ပြီ..ကျိုးကျန်ခဲ့တာမကောင်းတာလေ..အောင်တောင်းနွားရဲ့..

    ReplyDelete
  3. ဒီကောင့်နှယ် အရှက်မရှိပြောရဲတယ်။ အမေစုကို ပြည်သူက ထောက်ခံနေတာ တစ်ကမ္ဘာလုံးကသိတယ်။ မင်းတို့စစ်သားတွေသာ ယောက်ျားဖြစ်နေပြီး မိန်းမ လောက်တောင် မစွမ်းဆောင်နိုင်တော့ မိန်းမတစ်ယောက်ကို အမျိုးမျိုး နှိပ်စက် ဖမ်းဆီး တားမြစ်လုပ်နေကြတာ၊ အမျိုးသမီးတစ်ယောက်က တိုင်းပြည်အတွက် အစွမ်းကုန်အနစ်နာခံပြီးလုပ်ပေးနေချိန်မှာ ယောက်ျားဆိုတဲ့ တို့နိုင်ငံက စစ်သားတွေက တရုတ်ဘက်လှည့်ပြီး ကုန်းပေးလိုက် ၊ ကုလားဘက်လှည့်ကုန်းပေးလိုက် နဲ့ ခုပဲ ဘင်္ဂလား ကုလားကို ကျွန်းတစ်ကျွန်းပေး လိုက်ရပြီ၊ မင်းတို့ဘာလုပ်နေလဲ။ မိမစစ် ဖမစစ်ကောင်တွေ အမြန်ကျဆုံးပါစေ။

    ReplyDelete
  4. အောင်သောင်းမဲဆွယ်မည်ဆိုပြီးတော့ခရီးထွက်ကြည့်ပါလား။ တစ်အိမ်တစ်ယောက်ဆိုတာရယ်၊၀န်ထမ်းတွေမလိုက်မနေရဆို တာရယ်တော့မကြေငြာဘဲနဲ့လေ။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.