Saturday, April 14, 2012

2 မြန်မာ့ ရိုးရာကို ဘယ်သူတွေက ထိန်သိမ်းရမှာလဲ ?


Photo Creator..ငြိမ်း စု

0 နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်

ရွှေးကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာအုပ်စုများမှ မဲပေးခဲ့သည့် အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂) ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်မှ ဂါရ၀ပြုကန်တော့မည်ဟု သိ ရသည်။

ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။

“ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုမဲပေးမှမဟုတ်ဘူး၊ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စုတစ်စုစီက အသက်အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်းလာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။

သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြုကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ဒုတိယဆု၊တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာအကျိုးပြု ရန်ပုံငွေများ ပေးအပ်ချီးမြုင့်မည်ဟု သိရသည်။

ရန်ပုံငွေအနေဖြင့် ပထမဆု (၁၇၅)သိန်း၊ ဒုတိယဆု(၇၅)သိန်း၊ တတိယဆု သိန်း(၅၀) ချီးမြုင့်မည်ဖြစ်သည်။

“ မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာအကျိုးအတွက် ဘယ်နေရာတွေမှာသုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုးမဲအောင်နိုင်ရေး အဖွဲ့ ၀င် ကိုလင်းဇော်က ပြောသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြုကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာအနာပညာ ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြမည်ဟု သိရသည်။

ကျော်ရဲလင်း
Popular Myanmar News Journal

0 မေတ္တာ၏ ‘သာဓုပါဗျာ’ သံချပ်အဖွဲ့ ယနေ့သုံးနေရာ ဖျော်ဖြေမည်


လူရွှင်တော် မေတ္တာ၊ ကုသိုလ်နှင့် ဗေလုဝတို့၏ သာဓုပါဗျာ သံချပ်အဖွဲ့ ယနေ့မဟာသင်္ကြန် အကျနေ့တွင် သင်္ကြန်မဏ္ဍာပ် နှစ်ခုအပါအဝင် နေရာသုံးနေရာတွင် သံချပ်ဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်း လူရွှင်တော် မေတ္တာက ပြောကြားသည်။
ယနေ့ဖျော်ဖြေရန် စီစဉ်ထားသော နေရာများမှာ Naing Group မဏ္ဍာပ်၊ Skynet မဏ္ဍာပ် နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့်၏ နေ...အိမ်စသည် တို့ဖြစ်ကြောင်း၊ ဦးသိန်းညွှန့် အိမ်တွင်သွားရောက် ဖျော်ဖြေရန်စီစဉ် ထားခြင်းမှာ သံချပ်ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုရန် လွှတ်တော်တွင် တင်ပြသည့် အတွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဖျော်ဖြေရန်စီစဉ် ထားသော သံချပ်ခြောက် ပုဒ်မှာ ‘သင်္ကြန်ကျပြီ’၊ ‘မိုးစာရိုးရာသင်္ကြန်’၊ ‘အိမ်မက်မက်တာ မဟုတ်ရင်ကောင်းမယ်’၊ ‘မြန်မာဆန်ကြပါ’၊ ‘ရေချမ်းစင်’၊ ‘သယံဇာတ’ တို့ဖြစ်သည်။

ကမ္ဘာအေး ဘုရားလမ်း ပေါ်ရှိ Naing Group မဏ္ဍာပ်တွင် နေ့လည် ၂နာရီတွင် လည်းကောင်း၊ Skynet မဏ္ဍာပ်တွင် ညနေ၄နာရီ ၌လည်းကောင်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ သံချပ် က ဒီနေ့ ညနေ ၅နာရီ မင်္ဂလာဈေးက Lucky 7 မဏ္ဍပ်မှာ တင်ဆက်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ညပိုင်းမှာတော့ လမ်းမတော်မြို့နယ်တွင်းလှည့်လည် ဖျော်ဖြေသွားမှာဖြစ်ကြောင်း Popular Myanmar News Journal
တွင်ဖော်ပြထားပါတယ်.
The voice weekly

0 တပ်မိသားစုတိုင်း၏ရင်တွင်းခံစားချက်တွေကို သတင်းဆောင်းပါးတွေ အနေ့နဲ့ ရေးမိလို့ ထောင်ဒဏ်နှစ်(၂၀)တဲ့


 သူများတွေ ပျော်ရွှင်ကြည်နူးတဲ့ မြန်မာသင်္ကြန်နှစ်သစ် အခါသမယမှာ ကိုယ်တို့မိသားစုက မျက်ရည်ရွဲလဲနဲ့ အနာဂတ်အတွက် ပူပန်မှုများစွာနဲ့ နှစ်သစ်ကို ကြိုလင့်ကြရလေပြီ။ 

ထောင်ဒဏ်နှစ်(၂၀)တဲ့။ အခုအသက်(၃၈)ဆိုတော့ အသက်(၅၈)နှစ်ထိ ထောင်ထဲမှာနေရမယ်ပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာလည်း ပေးချင်တဲ့သူကိုပဲ ရွေးပေးတာမျိုးဆိုပဲ။ လျော့ရက်တော့ ရှိမပေါ့။ သားက (၁၂နှစ်)၊ သမီးက (၃နှစ်)။ အဖေမရှိတော့သလို သူတို့လေးတွေ နှစ်(၂၀)လောက် နေကြရတော့မယ်။
ဝက်ဘ်ဆိုက်မှာ သတင်းတွေရေးလို့တဲ့။ တပ်မိသားစုတိုင်း လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်မှာ ပြောနေကြစကားတွေ၊ ရင်တွင်းခံစားချက်တွေကို သတင်းဆောင်းပါးတွေ အနေ...နဲ့ ရေးမိလို့တဲ့။

မှန်တာတွေ ရေးထားတာကို နာလိုခံခက်ဖြစ်ကြလို့ပဲလား။ စွဲချက်တင်လိုက်တဲ့ ပုဒ်မတွေကလည်း နှစ်ခု၊ သုံးခုဆိုလား။ အဓိက က အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က)ဆိုလား၊ ၃၅(က)ဆိုလား။ နှိပ်စက်ညှင်းပန်းပြီး အပြစ်ရှိပါတယ်လို့ ၀န်ခံခိုင်းလို့ပဲလား။ ဘာပဲဖြစ်ဖြစ် အရပ်သားအဖြစ် ပြောင်းလဲပစ်လိုက်ပြီး အရပ်ဖက်ထောင်ကိုတော့ ကျန်းကျန်းမာမာနဲ့ စိတ်ထိခိုက်ပင်ပန်းစွာနဲ့ ရောက်ရှိသွားလေပြီ။ သူများတွေ ပျော်ရွှင်ကြည်နူးတဲ့ မြန်မာသင်္ကြန်နှစ်သစ် အခါသမယမှာ ကိုယ်တို့မိသားစုက မျက်ရည်ရွဲလဲနဲ့ အနာဂတ်အတွက် ပူပန်မှုများစွာနဲ့ နှစ်သစ်ကို ကြိုလင့်ကြရလေပြီ။

တစ်ချို့မိသားစုတွေကတော့ အမျိုးထဲ ထောင်ကျနေတာ မပြောဝံ့ဘူး။ ကိုယ်တို့ကတော့ မရှက်ဘူး။ မေးလာတဲ့သူတွေကို ဒီလိုပဲ ဖြေမှာပါ။ ရာထူးတိုးသင့်တဲ့အချိန်မှာ တိုးမပေးပဲ ညစ်ထားခြင်း ခံရတဲ့သူတွေကိုယ်စား ရေးမိတာ ပြောမိတာ ပုထုဇဉ်သဘာဝပါ။ အရှိအရှိအတိုင်း၊ ဖြစ်နေတာဖြစ်နေတဲ့အတိုင်း မှန်ရာ ရေးမိ၊ ပြောမိလို့ တပ်စည်းကမ်းဖေါက်တယ်၊ ဥပဒေချိုးဖေါက်တယ်ဆိုပြီး ထောင်ချခံရတာပါ။ နံမည်ပေါက်နဲ့ ၁၅ သိန်းကျော်သွင်းထားရတဲ့ ဖုန်းလည်း မိသားစုကိုပြန်မပေးပါဘူး။ ပင်စင်ဆိုတာ့ ဝေးရော့။
ဘာပဲဖြစ်ဖြစ်ပါလေ။ ကျွန်တော်တို့ မိသားစုက ပြီးပြည့်စုံတဲ့ သည်းခံခြင်းမဟုတ်ပေမယ့်လည်း အရင်ဘ၀က ကြွေးဟောင်းရှိလို့ ဆပ်ရတယ်ပဲ သဘောထားပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ကြပါတယ်။ ဘယ်နိုင်ငံတကာ၊ ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အင်ဂျီအိုကိုမှလည်း အကူအညီမတောင်းပါဘူး။ ဘယ်မီဒီယာကိုမှလည်း မပြောနေပါဘူး။ ပြည်တွင်းရေး ပြည်တွင်းမှာသာ ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့်မို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ အခွင့်အရေးအဖြစ် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုတော့ဖြင့် မိသားစုက ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ တောင်းဆိုသွားမှာပါ။ ရှေ့နေငှားခွင့်မရှိပဲ၊ ထုချေခွင့်မရှိပဲ၊ အများပြည်သူရှေ့မှာ ချခဲ့တာ မဟုတ်တဲ့ စီရင်ချက်မျိုးကို ကာလုံ ဥက္ကဌနဲ့ သမ္မတကြီးက လွဲရင် ဘယ်သူကများ ပြင်ပေးနိုင်မှာမို့လဲ။
ဒီ စာကို ဖတ်ရတဲ့ လက်ရှိ ဒီလိုအရှုပ်အထွေးထဲပါနေဆဲ၊ ပါရန်ပြင်ဆင်နေဆဲ တပ်မတော်သားများခင်ဗျား။ ကျွန်တော့အစ်ကို (ဗိုလ်ကြီးနေလင်းဒွေး၊ လေ ၂၂၈၂၊ DSA ၃၇ ဆင်း) ကတော့ ရှေ့ဆောင်စံပြ ထောင်နှစ်ဆယ် ကျသွားခဲ့ပါပြီ။ ဆင်ခြင်နိုင်ကြဖို့ပါ။ မိသားစုကို ငှဲ့ညှာကြဖို့ပါ။ စစ်ကြောရေးစခန်းမှာ စစ်ကြောမယ့် နည်းလမ်းတွေကို ကြိုတွေးထားကြဖို့ပါ။ ဒုတိယအရွယ်ကနေ တတိယအရွယ်ကို ၁၀ ပေ ပတ်လည်အခန်းကျဉ်းလေးထဲမှာ အစား၊ အနေဆင်းရဲစွာနဲ့ ကျော်ဖြတ်ရမှာကို စဉ်းစားထားဖို့ပါ။ ခင်ဗျားတို့ အကြီးအကဲကတော့ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရပါတဲ့ခင်ဗျာ။ အဲဒီစကား အမြဲမှန်နေရင်တော့ နိုင်ငံအတွက် လွှတ်ကောင်းပေါ့ဗျာ။ အဲ.. ကျွန်တော့ အီးမေးလ်နဲ့ ဒီဖေ့ဘွတ်ကိုလည်း စောင့်ကြည့် ထောက်လှမ်းနေပါတယ်တဲ့ခင်ဗျာ။ ကွန်မင့်ပေးရင် ကြည့်ပေးကြပေါ့ခင်ဗျာ။ ခင်ဗျားတို့ နောက်ကျောမှာ ကင်မရာတွေ တပ်ပြီး zoom ဆွဲကြည့်နိုင်တာ၊ ခင်ဗျားတို့ ဖုန်းတွေအားလုံးကို ကြားဖြတ်ဖမ်းယူပြီး digital format နဲ့ Hard disk တွေထဲ သိုမှီးထားတာ၊ အင်တာနက်ဆိုင် ကောင်တာကနေ ခင်ဗျားတို့ ကြည့်နေတဲ့ ၀က်ဆိုက်စာမျက်နှာတွေကို ခင်ဗျားတို့ မြင်ရတဲ့အတိုင်း မြင်နေနိုင်တာတွေကို သတိရကြပါ။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်း ဝေဖန်ချက် ပြောချင်ရင် ၀၉၄၉၃၂၈၅၅၉ ကို ဆက်ပေးပါ

ကိုနေမျိုးဇင်

0 ဧပြီ ၈ ရက်နေ့က စင်္ကာပူမှာ လုပ်ခဲ့တဲ့ သင်္ကြန်ပွဲမှာ သင်္ကြန်မိုးသီချင်းဆိုတဲ့ စကာင်္ပူလူမျိုး အန်တီကြီး

0 နှစ်သက်တဲ့ အင်တာဗျူး လေး


အိပ်ခန်းထဲ၌ စလောင်းတီဗီမှ အင်တာဗျူးတစ်ခု လာနေသည်။ ၄င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။

ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

'' ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ''

'' (၃) နှစ်လောက်ရှိပြီ ''

'' ဘာတာဝန်ယူရသလဲ ''

'' ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ကို ယူရတယ် ''

'' မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ''

'' နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်၊ ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမ အလုပ်ပဲရှိတာလေ။ ဒါကြောင့် မူကြိုဆရာမ အလုပ်ကို ကျွန်မရွေးချယ်တာ ''

'' ဒီထက်ပိုပြီး ရှင်းပြလို့ရမလား ''

'' ကလေးဆိုတာ ချစ်စရာကောင်းတယ်။ အားကိုးစရာ ကောင်းတယ်။ ကြောက်စရာလည်း ကောင်းတယ်ရှင့် ''

'' ဘာကြောင့်လဲ ''

'' ရိုးသားလို့ ချစ်စရာကောင်းတာလေ။ အနာဂတ်အတွက် ပညာတက်တွေ၊ ပညာရှင်တွေဖြစ်လာမှာမို့ အားကိုးစရာလည်း ကောင်းတယ် ''

'' ဒါဖြစ်ရင် ဘာလို့ ကြောက်စရာကောင်းတာလဲ ''

'' ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်းစာပေမှာ အမွေခံ သားဆိုးသမီးဆိုး ကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေးပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ်။ ဒါကြောင့် ကြောက်တာ ''

'' ဟုတ်တယ်နော်...ဆက်ပြောပါဦး ''

'' ကျွန်မက ဒါ့ကြောင့် ဆရာမအလုပ်ကို နှစ်သက်တာ။ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင်။ မျောက်တွေ၊

ကျားတွေကို ထိန်းနေရတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တက်လာတယ်။ ဒီလိုပဲ ကိုယ့်ရဲ့ တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ် ''

'' ပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာလဲဗျ။ ခင်ဗျားနားလည်သလို ပြောပြစမ်းပါ ''

'' ကျွန်မ အယူအဆကို ပြောပြမယ်နော်၊ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွားပေးဖို့လည်း မဟုတ်ဘူး၊ မဟာသူဋ္ဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်း မဟုတ်ဘူး၊ မဟာပညာကျော်ကြီးတွေဖြစ်လာဖို့လည်း မဟုတ်ဘူး၊ ပညာရေးရဲ့ အဓိကရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။ လူတွေကို ချစ်တက်လာအောင် သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း၊ မိသားစုကောင်းဖြစ်အောင် သင်ပေးခြင်းဟာ အခြေခံပညာရေးရဲ့ ရည်မှန်းချက်ပဲ''

'' ခင်ဗျားဖြေတာ တော်တော်ကောင်းတာပဲ။ ဆက်ပြီး မေးခွင့်ပြုပါ ''

'' ရပါတယ် ''

'' လစာ ဘယ်လောက်ရပါသလဲ ''

'' ဒီမေးခွန်းကတော့ မမေးသင့်ဘူးထင်တယ် ''

'' ဒီလိုပါ...၀န်ထမ်းတစ်ယောက်ဟာ လာစာလုံလောက်စွာ မရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး။ ခေတ်အခြေအနေနဲ့ လာစာ ညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကို မွေးဖွားပေးတက်တယ်။ ဒါကြောင့်မေးတာပါ ''

'' လာစာက လုံလောက်ပါတယ်၊ ခံစားခွင့်တွေလည်း အပြည့်အ၀ ပေးထားတယ်လေ။ ဒီတော့ ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်း ပါသင့်တယ်။ ၀ါသနာလည်း ပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတက်ဖို့လည်း လိုတယ်၊ ဒါမှ ၀န်ထမ်းကောင်းဖြစ်မှာရှင့် ''

'' ဆက်ပြီးမေးပါရစေ ''

'' ကောင်းပါပြီ ...မေးပါရှင် ''

'' ကလေးတွေက ဥာဏ်ရည်ဘယ်လိုနေသလဲ ''

'' ပြန်ပြီးမေးပါ၊ မေးခွန်းကို နားမလည်လို့ပါ ''

'' ကလေးတွေက တော်သလား၊ ညံသလားလို့ ဆိုလိုတာပါ ''

ဒါဆိုရင် ရှင့်ကို ကျွန်မ မေးခွန်းတစ်ခု ပြန်မေးမယ်။ နှင်းဆီပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းက ပိုလှသလဲ ''

'' ဘာဆိုင်လို့လဲ ''

'' ဖြေကြည့်ပါ ''

'' နှင်းဆီပန်းက လှတာပေါ့ ''

'' ကျွန်မမေးတာက နှင်းဆီပန်းနဲ့ စံပယ်ပန်း။ ဘယ်ပန်း ပိုလှသလဲလို့ မေးတာလေ ''

'' ဖြေပြီးပြီလေ။ နှင်းဆီပန်းက လှတယ်လို့ ''

'' ကျွန်မမေးတာ ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာမဟုတ်ဘူး။ ရှင်က...ရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ ပြောနေတယ် ''

'' ဟုတ်သားပဲ။ ကျုပ်က နှင်းဆီပန်းကို ကြိုက်တာဗျ၊ ဒါ့ကြောင့် နှင်းဆီပန်းကို လှတယ်လို့ ဖြေလိုက်မိတာပဲ ''

'' တကယ်တော့ နှင်းဆီပန်းလည်း လှသလို စံပယ်ပန်းလည်း လှတာပါပဲရှင်၊ ကလေးတွေကို တော်သလား၊ ညံသလားဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။ သူ့အလှနဲ့သူ အားလုံးလှကြပါတယ်။ ကျွန်မတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတက်ကြဖို့ ပိုပြီးလိုအပ်တယ်။ ဘာပဲပြောပြော ကလေးတွေအားလုံး မညံကြပါဘူး။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေကြပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။ အဲဒီ စိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ပဲ လိုတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောက်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့် ''

'' ခင်ဗျားက ဆရာမလုပ်သက် အနည်းငယ်သာ ရှိပေမယ့် မေးခွန်းတွေရဲ့ အဖြေကို စနစ်တကျ ဖြေတက်တယ်နော် ''

'' စာဖတ်လို့ပါ ''

'' ဘာစာတွေ ဖတ်သလဲ ''

'' အစုံဖတ်တယ်၊ အားရင် ကျွန်မက စာဖတ်တယ် ''

'' ဒါနဲ့ မေးရအုံးမယ်၊ အိုဘားမားကို နှစ်သက်သလား ''

'' နှစ်သက်ခဲ့ပါတယ် ''

'' နောက်ထပ်တစ်ကြိမ်အတွက် ထပ်ပြီှး နှစ်သက်နိုင်ပါဦးမလား ''

'' ဒါကတော့ မပြောနိုင်ဘူးရှင့်၊ သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ၊ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့၊ အပြောတစ်ခြား၊ အလုပ်တစ်ခြား ဆိုရင်လည်း တစ်မျိုးပေါ့လေ ''

'' သမ္မတကြီးနဲ့ ခင်ဗျားနဲ့ တိုင်းပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ ''

'' တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော၊ ရှင်ရော၊ ဒီနိုင်ငံမှာ ရှိတဲ့ လူတွေအားလုံး အတူတူပဲ အရေးကြီးတယ်။ ရှင့်မေးခွန်းက တစ်ခုခု လိုနေသလိုပဲ။ ဒီနိုင်ငံမှာနေ၊ ဒီမြေ၊ ဒီရေ၊ ဒီလေနဲ့ အသက်ရှင်ကြသူအချင်းအချင်း အားလုံးအတွက် အားလုံးအရေးကြီးတယ်။ အားလုံး အရေးကြီးတယ်။ အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမှာပေါ့။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့ အားလုံးမကောင်းနိုင်ပါဘူး ''

'' အောရိုက်စ်။ ကောင်းလိုက်တဲ့ အဖြေဗျာ။ နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ ''

'' မေးပါ ''

'' သမ္မတကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူကပိုပြီး တာဝန်ရှိသလဲ ''
'' ဒါကလည်း ရှင်းရှင်းလေးပါ၊ ကျွန်မကပိုပြီး တာဝန်ရှိတာပေါ့ ''

'' ဘာကြောင့်လဲဗျ၊ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား ''

'' ဟုတ်တယ်ရှင့်၊ သမ္မတတို့၊ ၀န်ကြီးချုပ်တို့၊ အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်းခံရပြီး တာဝန်အပ်နှင်း ခံရတဲ့သူတွေလေ။ (၄)နှစ်သက်တမ်းအတွင်းမှာကို တာဝန်က ရပ်စဲခြင်းခံရနိုင်တာပဲ။ နောက်ထပ်(၄)နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ ပင်စင်မယူမချင်း အလုပ်လုပ်ကြရမှာ။ တိုင်းပြည်အတွက် ကျွန်မတို့ဝန်ထမ်းတွေက ပိုပြီး တာဝန်ရှိတာပေါ့ရှင့်။ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာရှင့် ''

'' ကျေးဇူးတင်ပါတယ်၊ ခင်ဗျားအဖြေကို သဘောကျပါတယ် ''

'' ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် ''

.........................ပြီး...........................

တစ်ခါတစ်ရံတွင် လူတို့သည် ကိုယ့်တန်ဖိုးကို ကိုယ်မသိကြ။
ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ။ ကိုယ့်တာဝန်ကို ကိုယ်မသိကြ။

သားငယ်လေး (မူလ စာရေးသူ)

Ko Ko Zaw ၏ စာမျက်နှာ မှ ရရှိသည်။(ထို့အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆိုအပ်ပါသည်...)

ကိုဝိုင်ဝိုင်ကေ

Friday, April 13, 2012

0 မန်းသင်္ကြန်နှင့် လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့


လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့ ခွပ်လိုက်ကြစို့ သူငယ်ချင်း (ဗြောင်ပြော ဒဲ့ပြော)

Download Link: http://www.mediafire.com/?55ox65m16l3dqv1 သံချပ်မှာ ပညာရေး၊ ကျန်းမာရေး၊ တရာရေး၊ စည်ပင်၊ လျှပ်စစ်၊ ပြည်သူ့ဟစ်တိုင်၊ မော်တော်ပီကယ် အစသဖြင့် ကဏ္ဍများစွာပါသည့်အနက် ကျန်းမာရေးကဏ္ဍကို သံချပ်ထိုးစဉ် ရိုက်ကူးတင်ဆက်ထားတာပါ။

CJMyanmar

0 “ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ




“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် ယနေ့စတင်သံချပ်ထိုးဖျော်ဖြေခဲ့သည်။
“ ခေါ်တဲ့လူတွေဆီက ပိုက်ဆံရတာ မရတာ အဓိကမဟုတ်ဘူး။ ဖျော်ဖြေရဖို့ အဓိကပဲ ”ဟု သံချပ်အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကုသိုလ်ကပြောသည်။
၎င်း သံချပ်အဖွဲ့သည် Air Bagan မဏ္ဍပ် အပြင် Sky Net ၊ Lucky 7 ၊Naing Group မဏ္ဍပ်များသို့ လည်းဖိတ်ခေါ်ထား၍ သွားရောက်ဖျော်ဖြေမည်ဟု ၎င်းကပြောသည်။
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည်မေတ္တာ၊ဗေလုဝ၊ ကုသိုလ်တို့ ဦးဆောင်ကာ အဖွဲ့ ၀င် ၅၀ ဖြင့် ဖွဲ့စည်း ထားသည်။

Popular Myanmar News Journal

0 သင်္ကြန်အကြိုနေ့ ရန်ကုန် မြင်ကွင်းဓာတ်ပုံများ

သင်္ကြန်အကြိုနေ့ က တွေ့ ရသော ကိုမင်းကိုနိုင်(Burma vj media network)


Photo..AP,The voice weekly

0 ၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား


ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အ၀င် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖိှု့ စီစဉ်ထားကြတာပါ။

ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကျမ်းကျိန်တဲ့ဟာ ဇယား လေး လို့ သူတို့ ပြောတယ်လေ။ အဲဒီ ဇယား လေး ထဲမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံး ပါတယ်။ ကျနော်တို့ က ကာကွယ် စောင့်ရှောက်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အရင် ကတည်း က လက်မခံဘူးလေ။ ကျနော်တို့ မူအရ။ ကျနော် တို့ က လေးစား လိုက်နာမယ်။ အဲဒီ ဟာကို ပြင်ဆင်ရေး အတွက် အန်ကယ်တို့ ကြိုးစားနေတယ်။ ပြင်ဆင်ပြီးတဲ့ အချိန် ကျနော်တို့ တက်မယ်။ အခု အခြေအနေ အရ ပြောရရင်တော့ ၂၃ ရက်နေ့ မှီဖို့တော့ နည်းနည်း ခဲယဉ်းတာပေါ့လေ။ ဒါ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”

ဟုတ်ကဲ့ ဦးဥာဏ်ဝင်းတို့ အခု လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်နိုင်ဖို့ ဘယ်ကိုများ တင်ပြ ဆွေးနွေး နေတာပါလဲရှင့်။

“အဲဒါတော့ ကျနော် ပြောလို့ မရပါဘူး။ ကျနော်တို့ အကြံပြုချက်တွေ ပေးပို့ထားတာ ရှိပါတယ်။”

တကယ်လို့ ဧပြီ ၂၃ အမှီ မပြင်နိုင်ဘူးဆိုရင် ကောရှင့်။

“ကျနော်တို့ ကျမ်း မကျိန်ဘူးပေါ့။ အန်အယ်လ်ဒီ က မတက်ဘူး။ ကျမ်းကျိန်မှ တက်မှာ။ ကျမ်းမကျိန်ရင် တက်လို့ မရဘူး။ ကျမ်းမကျိန်ရင် ဧည့်သည် ဖြစ်နေမှာပေါ့။ ကျနော်တို့ အဲဒီ ဟာနဲ့ ပတ်သက်ပြီးတော့ ပြေလည် သွားလိမ့်မယ်။ ကျနော်တို့ အကြံပြုချက်ထဲ က တခုခုနဲ့ ပြေလည်သွား လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ထားတယ်။”

မနေ့ ဧပြီ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော် မှာ တွေ့ပါတယ်။ ဆွေးနွေးတဲ့ အထဲ ဒီကိစ္စအဓိက ဖြစ်မလားရှင့်။

“ဒီကိစ္စလည်း ဆွေးနွေးတဲ့ အထဲမှာ ပါတယ် လို့ သိရပါတယ်။ ကျန်တာတော့ ဆွေးနွေးတာတွေ subject တွေ အများကြီး၊ ကျနော်တော့ မသိဘူး။”

ဒါကတော့ NLD ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခု NLD ပါတီက ကျမ်းသစ္စာ ကျိန်ဆိုစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့အစား လေးစား လိုက်နာပါမယ်လို့ပြင်ဆင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ရဲ့ အမြင်ကတော့

“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့က ဒီလွှတ်တော် ထဲ ကို ဒီ အင်အားစု တွေကို မြန်မြန် ရောက်စေချင်တယ်။”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာတွေ လုပ်ဖို့ အခက်အခဲရှိနိုင်ပါသလား ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်တာဟာ ဖွဲစည်းပုံထဲက လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောထားတာတွေ ရှိတော့

“လုံးဝ မထင်ပါဘူး ခင်ဗျာ။ လုံးဝ မထင်ပါဘူး။ အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”

ပြည်သူလွှတ်တော် ဥပဒေကော်မရှင်ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင် ရဲ့သုံးသပ်ချက်ပါရှင်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၃ နေရာထိ အများဆုံးအနိုင်ရခဲ့တဲ့ပါတီတခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။
Voa

0 သင်္ကြန် ရေကစားမဏ္ဌပ်မှာ သီဆိုဖျော်ဖြေဖို့ သက်ဆိုင်ရာက ပိတ်ပင်တာနဲ့ပတ်သတ်ပြီးအဆိုတော်လင်းလင်းရဲ့ပြောဆိုချက် (အသံဖိုင်)


အခုလောလောဆယ် အပိတ်ခံနေရတဲ့ အဆိုတော်တွေက လင်းလင်း၊ ထူးအယ်လင်း၊ မီးမီးခဲနဲ့ ဘရိတ်ကီတို့ ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်က လွန်ခဲ့တဲ့ ၁ လဝန်းကျင်လောက် ကတည်းက ဒီသင်္ကြန်မဏ္ဍပ်နဲ့ ပတ်သက်ပြီး ဆိုဖို့အတွက် ညှိနှိုင်းတာရှိတယ်။ အဲဒီမှာ ညှိနှိုင်းအဆင်ပြေပြီးတော့မှ စာချုပ်ချုပ်ဖို့ လုပ်ခါနီးကျတော့ အမေစုနားကလူမို့လို့ သူတို့လူကြီး စိတ်ဆိုး စိတ်ကောက်မှာကြောက်လို့ မခေါ်ဖြစ်တော့ဘူးလို့ ပြောတယ်ဗျ။ အဲဒီလိုမျိုး နှစ်ခါဖြစ်တယ်။ ကိုဘရိတ်ကီလည်း အဲဒီလို သွားခါနီးကျမှ NLD ပွဲမှာ သီချင်းလိုက်ဆိုထားလို့ ဆိုပြီးတော့ ဒီသင်္ကြန်မှာ စင်ပေါ်တက်လို့ မရဘူးပြောလို့ သူလည်းကျန်ခဲ့တယ်။ မီးမီးခဲနဲ့ ထူးအယ်လင်းဆီ လှမ်းဆက်တယ်။ စာထွက်ထားတယ်။ NLD အောင်နိုင်ရေးမှာ သီချင်းဆိုထားလို့ ဆိုခွင့်မရှိဘူးလို့ပြောတယ်"(အဆိုတော် လင်းလင်း)
Rfa

မီးမီးခဲက နေပြည်တော် ACE မဏ္ဍပ်မှာ သီချင်းဆိုဖို့ သဘောတူထားပေမယ့် ခုတော့ အစီအစဉ် ရုတ်တရက် ပျက်သွားပါပြီ။ မဏ္ဍပ်ပိုင်ရှင်ဟာ ကြံ့ဖွံ့ပါတီက ဦးဖြိုးကိုကိုတင့်ဆန်း ဖြစ်နေပါတယ်...
By: La Myat

Thursday, April 12, 2012

1 2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ


2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2012ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ 2012 သင်္ကြန်အမှီ တင်ဆက်လိုက်ပါတယ်။
video.. zayyar20283

0 အပေါ်ထပ်နှင့်အောက်ထပ်ဇာတ်လမ်း


နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်ပါရှိ သော (NGO)အဖွဲ့များ၊ (Foundation)များ၊ လူမှုရေးအသင်းအဖွဲ့များကို ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် နိုင်ငံတော်အစိုးရမှ အားပေးကူညီမှုများပြုလုပ်ပေးမည်ဟုပြောကြားခဲ့သော်လည်း ယခုကဲ့သို့မြို့နယ်အာဏာပိုင်များ အနေဖြင့်သမ္မတကြီး၏ဆန္ဒ၊ မြို့နယ်မိဘပြည်သူအပေါင်းတို့၏ ဆန္ဒများကိုဆန့်ကျင်ကာ ပိတ်ဆို့မှုများ၊ ဟန့်တားမှုများ ကို ပြုလုပ်နေခြင်းသည် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ကြီးမားသောတားဆီးမှုတစ်ရပ်ပင် ဖြစ်

အပေါ်ထပ်နှင့်အောက်ထပ်ဇာတ်လမ်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၈ ခုနှစ်တွင် အသင်းမှတ်ပုံတင် ကုန်ဆုံးသွားပါသဖြင့် ပြန်လည်၍ (၃)ကြိမ် ၊(၄)ကြိမ်ခန့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ရာ ၂၀၁၂ခုနှစ် ၊မတ်လ (၁၂)ရက်နေ့တွင် အသင်း အဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ် (အသင်းမှတ်ပုံတင်) အမှတ်-၁၈၇၉ ဖြင့် ပြန်လည်၍ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့် ပြန်လည်ရရှိခဲ့သည်။ ၂၀၀၈ခုနှစ် မှစ၍ ၂၀၁၅ခုနှစ် အသင်းမှတ်ပုံတင်ပြန်လည်၍ မချပေးသည့်ကာလ နေ့ရက်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လုပ်ငန်းများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒါဏ်၊ ကူညီစောက်ရှောက်ရေး၊ အရေးပေါ်ကူညီထောက်ပံ့ရေး စသည့် လူသားချင်းစာနာစိတ် နှင့် ပရဟိတလုပ်ငန်းရပ်များကို ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်ခဲ့ပါသည်။ ထိုသို့ အသင်းမှတ်ပုံတင်မကျမှီ ကြားကာလတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းပြင်ပ တိုင်း/ဒေသ/ခရိုင် များတွင် ကူညီဖေးမမှုများကို ကုသိုလ်ဖြစ်လုပ်ဆောင်ပေးရာ၌ မြို့နယ်၊ တိုင်း၊ ခရိုင် စသည့် ဒေသဆိုင်ရာ အာဏာပိုင်အချို့မှ မိမိတို့အသင်း၏ လာရောက်ကူညီပေးဆပ်မှုများဖြစ်သော ကုသိုလ်ရေး ကိစ္စရပ်များကို ဟန့်တားခြင်း၊ ပိတ်ဆို့ခြင်း၊ နှောက်ယှက်ခြင်း စသည့် အကုသိုလ်လုပ်ရပ်များဖြင့်ကြိုဆိုမှုများကို ပြုလုပ် ခြင်းအား တွေ့ကြုံခဲ့ရသည်။ ကျွန်တော်တို့အနေဖြင့် ကုသိုလ်ရေးကိစ္စရပ်များအား မည်သို့အနှောက်အယှက် အတိုက် အခိုက် အဟန့်အတား တွေ့ကြုံသည်ဖြစ်စေ ရဲရဲဝံ့ဝံ့၊ ကြံ့ကြံ့ခံကာ တရားမျှတသော ဥပဒေဘောင်အတွင်းမှရင်ဆိုင်၊ ဖြေရှင်းကာ ဒုက္ခသည်များထံသို့ အထောက်အပံ့အကူအညီ ပစ္စည်းများ၊ အလှူငွေများ ကို ဒုက္ခသည်များ လက် အတွင်းသို့ မရောက်ရောက်အောင် ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်း ခဲ့ကြသည်။ ယခု ၂၀၁၂ခုနှစ် ၊ မတ်လ (၁၂)ရက် နေ့တွင် အသင်းမှတ်ပုံတင်ပြန်လည်၍ နိုင်ငံတော်အစိုးရမှ ချမှတ်ပေးလိုက်ပြီဖြစ်ပါ၍ ထပ်မံ၍ လူမှုရေး ပေးဆပ်မှုများ ကို အရှိန်အဟုန်မြင့်မားစွာဖြင့် စတင်လုပ်ကိုင်နေပြီဖြစ်သည်။

သို့သော် ၂၀၁၂ခုနှစ် ၊ ဧပြီလ(၁၀) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မင်းလှမြို့ရှိ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းမှ ဆက်သွယ်မှုပြုခဲ့သည်။ မင်းလှမြို့၊ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်း အား အများပြည်သူအပေါင်းတို့ကို ကူညီမှုလုပ်ငန်းများအား ရပ်ဆိုင်းပေးရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာ ပို့လိုက်သည့်ကိစ္စရပ်ပင် ဖြစ်တော့သည်။

မင်းလှမြို့ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းသည် မင်းလှမြို့နယ်တွင် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားကြ သူများအတွက် အစဉ်ပြေချောမွတ်ရန် လူသားချင်းစာနာစိတ်ဖြင့် မြို့မိမြို့ဖများ၊ လူမှုရေးစိတ်ဓါတ်ထက်သန်သော ပရဟိတလူငယ်များဖြင့် စုစည်းကာ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်မြို့နယ် အတွက် တနိုင်တပိုင် ကူညီမှုဖြစ်သော နာရေး ကူညီမှုလုပ်ငန်းအား မြို့လယ်ဓမ္မာရုံဘုရားကြီး၌် (၂၃.၇.၂၀၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်း ဖွင့်လှစ်သောနေ့တွင်အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ မင်းလှမြို့ ၊မြင့်မြတ်ကြယ်စင် နာရေးကူညီမှု အသင်းသည် မင်းလှမြို့တွင် နာရေးကိစ္စများဆောင်ရွက်ရာ၌ မင်းလှမြို့ သုဿန်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သုဿန်ဇရပ်တည် ဆောက်ခြင်း တို့အပြင် ကိုယ်ထူကိုယ်ထ မီးသဂြိုလ်စက်ကြီးအားလည်း ကျပ်သိန်းပေါင်း (၄၀၉)သိန်း အကုန်အကျခံ ကာ အများအကျိုး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းလည်းဖြစ်သည်။ ယနေ့အထိ ကွယ်လွန်သူ (၁၂၀)ဦးအား မြေမြုပ် သဂြိုလ်ပေးခြင်းနှင့် မီးသဂြိုလ်ပေးသောအလောင်းပေါင်း (၈၀)ဦး ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့မြို့နေ မိဘပြည်သူ အပေါင်း တို့အတွက် ကိုယ်ကျိုးမဖက် အများအကျိုးထမ်းရွက်ပေးနေသော ကုသိုလ်ရေးလုပ်ငန်းရပ်တစ်ခုဖြစ်သည့် နာရေးကူညီမှုအသင်းအဖွဲ့အား မြို့နယ်အာဏာပိုင်အဖွဲ့ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အသင်းအား စည်းလုံးမှု မရှိခြင်းဟူသော အကြောင်း ပြချက်တစ်ခုနှင့် ပိတ်ပင်တားဆီးမှုကြောင့် မင်းလှမြို့နယ် နေပြည်သူလူထုအပေါင်း တို့သည် အနိစ္စတရားသည် မမြဲကြောင်း သိရှိနားလည်ကြသော်လည်း အနိစ္စဟူသော စကား၊ အနိစ္စဟူသောအသံကို မကြားဝံ့၊ မကြုံဝံ့ဖြစ်နေတော့သည်။ ထိုကဲ့သို့သော မတရားပိတ်ဆို့ဟန့်တားမှုကို လက်ကိုင်ပြုနေကြသော အောက်ခြေ မြို့နယ်အဖွဲ့အစည်းများ ၏ လုပ်ဆောင်ချက်များကို ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်နေပြီဖြစ်သော နိုင်ငံတော် သမ္မတကြီး နှင့်တကွ လွှတ်တော် အမတ်ကြီးများအားလုံးအား အသိပေးရန်မှလွဲ၍ အခြားမရှိနိုင်တော့ချေ။

ခိုင်မာကျစ်လစ်ပြီး တိုးတက်မြင့်မား၊ စည်းကမ်း ပြည့်ဝသော ဒီိမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ရာတွင် အောက်ခြေ ခိုင်မာမှုရှိရန် အရေးကြီးလှသည်။ တိုင်းပြည်၏ အောက်ခြေအဆောက်အအုံ (Foundation) သည် ဆင်းရဲနွမ်းပါးသော ပြည်သူလူထုပင်ဖြစ်သည်။ ထိုကဲ့သို့ဆင်းရဲနွမ်းပါးသော ပြည်သူလူထုတို့အား တနိုင်တပိုင်ပံ့ပိုး၊ ကူညီဖေးမပေးနေသော လူမှုရေးအသင်းတစ်သင်းဖြစ်သော မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်း အားလည်း ကူညီခွင့်၊ ဖေးမခွင့်၊ လုပ်ကိုင်ခွင့် များပေးရန်လိုအပ်သည်ဟု ကျွန်တော်မြင်မိသည်။ မင်းလှမြို့၊ မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်းကဲ့သို့ အသင်းပေါင်းမြောက်များစွာတို့သည် မြန်မာပြည်အရပ်ဒေသ အသီးသီးတို့တွင်ရှိနေသည်။ ယခုမြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်းနည်းတူ ပိတ်ပင်တားဆီးဟန့်တားမှုများကို တွေ့ကြုံခံစားနေရသော အသင်းပေါင်းမြောက်များစွာတို့သည်လည်း ဒုနဲ့ဒေးပင်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်ပါရှိ သော (NGO)အဖွဲ့များ၊ (Foundation)များ၊ လူမှုရေးအသင်းအဖွဲ့များကို ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် နိုင်ငံတော်အစိုးရမှ အားပေးကူညီမှုများပြုလုပ်ပေးမည်ဟုပြောကြားခဲ့သော်လည်း ယခုကဲ့သို့မြို့နယ်အာဏာပိုင်များ အနေဖြင့်သမ္မတကြီး၏ဆန္ဒ၊ မြို့နယ်မိဘပြည်သူအပေါင်းတို့၏ ဆန္ဒများကိုဆန့်ကျင်ကာ ပိတ်ဆို့မှုများ၊ ဟန့်တားမှုများ ကို ပြုလုပ်နေခြင်းသည် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာတွင် ကြီးမားသောတားဆီးမှုတစ်ရပ်ပင် ဖြစ်တော့ သည်။

ထို့ကြောင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရာဝယ် ပြည်သူပြည်သားအားလုံးအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘ၀တွင် ကြုံတွေ့ခံစားကြရမည့် ကိစ္စရပ်များအား လူသားချင်း စာနာစိတ်ပြည့်ဝ စွာဖြင့် ဦးဆောင်ဦးရွက်လမ်းပြ ချီတက်နေသောခေါင်းဆောင်ကောင်းတစ်ယောက်၏ ဆန္ဒ၊ သြ၀ါဒ၊ လမ်းညွှန်ချက်များ ကို လိုက်နာ၊ ကျင့်သုံး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်ပေးရမည့် မြို့နယ်အဆင့် အာဏာပိုင်များအနေဖြင့် ယခု ကဲ့သို့ နိုင်ငံတော်သမ္မတကြီးဧ။် သြ၀ါဒမိန့်ခွန်းအား ကန့်လန့်တိုက်ခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်းတို့သည် လွဲမှားမှု တစ်စုံတစ်ရာရှိနေပြီဟု ထင်မိတော့သည်။ တိုးတက်မြင့်မားသော နိုင်ငံတော်သစ်ဆီ လျင်မြန်စွာ ရောက်အောင် နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရဌာနဆိုင်ရာများနှင့်အတူ တိုင်းရင်းသား ပြည်သူပြည်သား အားလုံး လက်တွဲမဖြုတ် စည်းလုံး ညီညွတ်စွာ ချီတက်ကြရန် အရေးကြီးလှသည်။

မြန်မာနိုင်ငံတွင် မင်းလှမြို့ဟူ၍အမည်တူ မြို့နှစ်မြို့ရှိသည်။ မကွေးတိုင်း သရက်ခရိုင်၊ သရက်နယ်တွင်ရှိသော မင်းလှမြို့နှင့် သာယာဝတီခရိုင်တွင် ရှိသော မင်းလှမြို့ဟူ၍ဖြစ်သည်။ ဤတွင် မင်းလှမြို့မှဖြစ်ရပ်ကို ပြန်လည်သုံးသပ် သော် ဒုတိယအင်္ဂလိပ်၊ မြန်မာစစ်ပွဲတွင် (သရက်ခရိုင်)၊ မင်းလှမြို့တွင် နယ်ချဲ့တို့အား မျိုးချစ်မြန်မာများမှ စည်းစည်းလုံးလုံး၊ ရွံ့ရွံ့ချွန်ချွန် တော်လှန်တိုက်ပွဲဝင်ခဲ့သော မင်းလှခံတပ် ဟူ၍ ရာဇ၀င်တွင် ကဗျည်းတင်ခဲ့သည်။ ယခုမူ(သာယာဝတီခရိုင်)အတွင်းရှိ မင်းလှမြို့တွင်နာရေးကူညီမှုတည်းဟူသောအများပြည်သူလူထုကို ကူညီဖေးမ ပေးနေသော လူမှုရေးအသင်းကိစ္စရပ်ဖြင့် မြန်မာ … မြန်မာ အချင်းချင်းစိတ်ဝမ်းကွဲမှု၊ ဟန့်တားပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းသည် အချင်းချင်းသွေးကွဲကာ မြန်မာ့ရာဇ၀င်ရိုင်းစေမည့်ကိစ္စရပ်ပင် ဖြစ်တော့ သည်။ ထိုသို့ မြန်မာ့ရာဇ၀င် မရိုင်းစေရန်အတွက် တိုင်းပြည်၏ခေါင်းဆောင်၊ နိုင်ငံတော်၏ဖွဲ့စည်းပုံယန္တရားဧ။် ထိပ်ဆုံးတွင်ရှိသော၊ နိုင်ငံတော်၏ အပေါ်ဆုံး၊ အမြင့်ဆုံးတွင်နေထိုင်နေသောသူများအပေါ် နိုင်ငံတော်၏အောက်ထပ်တွင် တည်ရှိနေသော နိုင်ငံ့ ၀န်ထမ်းများဖြစ်သော မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများသည် စည်းလုံးညီညွတ်စွာဖြင့်အထက်မှ အမိန့်၊ ဆန္ဒ၊ သြ၀ါဒစကားများကို လေးစားသမှုပြုစွာဖြင့် နာခံ၊ လက်ခံ၊ လိုက်နာ ကျင့်သုံး ကြရမည်ဖြစ်သည်။

သို့မဟုတ်ပါက “အပေါ်ထပ်နှင့်အောက်ထပ်ဇာတ်လမ်း” ကဲ့သို့ မည်သည့်လုပ်ငန်းရပ်များမှ အကောင်အထည် ဖော်နိုင်ခြင်းမရှိဘဲ၊ လွဲမှားမှုများစွာဖြင့် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည့် အရေးကို တွေးမြင်မိပါတော့သည်။
ffss
ကိုကျော်သူ

0 မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်ကြတော့မည့် နိုင်ငံခြားကုမ္မဏီများနှင့်ဂျပန်လေကြောင်းလိုင်း


ANA လေကြောင်းလိုင်းက မြန်မာနိုင်ငံနှင့် လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲမည်
source: Reuters
ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်း All Nippon Airways Co. (ANA) သည် မြန်မာပြည်နှင့် လေကြောင်းခရီးစဉ် ၁၂ နှစ်ကြာ ရပ်နားထားခဲ့ရာမှ ယခုအခါ ပြန်လည်စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။ ]]ကျွန်တော်တို့အနေနဲ့ လေကြောင်းခရီးစဉ်တွေ အမြန်ဆုံးပြေးဆွဲနိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်နေပါတယ်}}ဟု လေကြောင်းလိုင်း ဥက္ကဌှ့Shinichiro Ito က ပြောကြားခဲ့ဟု သိရသည်။

TSE နှင့် Daiwa က မြန်မာပြည်တွင် Stock Exchange ထူထောင်ရန်ကူညီမည်
source: Reuters | Market Watch
မြန်မာနိုင်ငံသည်Tokyo Stock Exchange (TSE) နှငDaiwa Security Group စ တို့၏အကူညီဖြင့် ၂၀၁၅ တွင်stock market ထူထောင်ရန် မြန်မာ့ဗဟိုဘဏ်နှင့် သဘောတူညီမှု ရရှိထားကြောင်းသိရသည်။ လာမည့် မေလလယ်ခန့်တွင်MoU လက်မှတ်ရေးထိုးကြရန်ရှိကြောင်း သိရသည်။


စင်္ကာပူကုမ္ပဏီက မြန်မာပြည်တွင်iber cable ကွန်ယက်တည်ဆောက်မည်
source: Xinhua
စင်္ကာပူကုမ္ပဏီ International Telecommunication Holding Ltd (ITHL) က မြန်မာနိုင်ငံတွင် fiber cable ကွန်ယက်တည်ဆောက်ပေးရန် သဘောတူညီမှုရထားကြောင်း သိရသည်။ ITHLနှင့် MPT တို့၏ သဘောတူညီချက်အရ ITHL က မြန်မာပြည်၏ တယ်လီဖုန်းနှင့် အင်တာနက်အမြန်နှုန်းတို့အတွက် optical fiber network တည်ဆောက်ပေးမည်ဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားကုမ္ပဏီများ မှတ်ပုံတင်ရန် သုံးပတ်သာ အချိန်ပေးရန်လို
source: IFLR
မြန်မာ့ကုမ္ပဏီမှတ်ပုံတင်ရုံး Company Registration Office (CRO) မှ ဦးစီးချုပ် ဦးအေးကို၏အဆိုအရ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်လိုလျှင် ယခင်က တစ်နှစ်ခန့်အချိန်ပေးခဲ့ရသော်လည်း ယခုအခါ သုံးပတ်အတွင်း မှတ်ပုံတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်လိုသော ကုမ္ပဏီအနေဖြင့် မိမိနှင့်သက်ဆိုင်မည့် ဝန်ကြီးဌါနနှင့် ပထမဦးစွာ ညှိနှိုင်းပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် Myanmar Investment Commission (MIC) သို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ MIC ၏ အပတ်စဉ်အစည်းအဝေးတွင် အတည်ပြုနိုင်မည်ဆိုပါက လျှောက်ထားသော အပတ်အတွင်းမှာပင် ခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခွင့်ပြုချက်ကို သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါစီမံချက်ကိုForeign Investment Law အသစ် အတည်ပြုချက်မရှိသေးမီပင် ချက်ခြင်း အကောင်အထည်ဖေါ်မည်ဖြစ်ကြောင်း သိရသည်။ MIC မှ အထက်တန်းအရာရှိတစ်ဦးအဆိုအရ လိုအပ်သော လျှောက်လွှာပုံစံများနှင့် လျှောက်ထားမှုအားလုံးကို နေပြည်တော်သို့ ကိုယ်တိုင်သွားရောက် လုပ်ဆောင်ရန်မလိုဘဲ online မှာပင် အပြည့်အစုံပြုလုပ်နိုင်ရန်အတွက် ခြောက်လစီမံကိန်းဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေကြောင်း သိရသည်။

MMCPမှ ကိုသစ်စိမ်း(ဘာသာပြန်)အားကျေးဇူးတင်ရှိပါသည်..

Wednesday, April 11, 2012

0 ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း။


ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မာက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာ ပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။

ယခင်(၂၆-၁၂-၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင် အင်အား(၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၂)သိန်း သုံးသောင်းကျာ် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်င်းအမြင့် (၃.၅)မီတာ (၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန် တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရ ပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရီ ခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထို့နောက် ရေလှိုင်း တက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရှိပါက အနည်းဆုံး အမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။

ဒေါက်တာထွန်းလွင်

MRTV က ည ၈နာရီ သတင်းမှာ ဆူနာမီရေလှိုင်း ဖြစ်ပေါ်နိုင်ခြင်းမရှိတော့တဲ့အတွက် သတိပေးထုတ်ပြန်ချက်ကို ရုတ်သိမ်းလိုက်ပြီ ကြောင်း ကြေငြာခဲ့ပါတယ်။

0 ရန်ကုန်ရှိ သင်္ကြန်မဏ္ဍပ်များတွင် မိုင်းအတွက် တစ်နေ့နှစ်ကြိမ်စစ်မည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးကော်မတီမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်တွေမှာ မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးမှုတွေကို နံနက် ၅ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း တစ်ကြိမ်ဖြင့် တစ်နေ့ ၂ ကြိမ် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် CCTV ကင်မရာနှင့် လုံခြုံရေးဝန်ထမ်းများ ထားရှိဖို့ ညွှန်ကြားထားကြောင်း သိရသည်။

CCTV ကင်မရာ တပ်ဆင် ရာမှာတော့ မဏ္ဍပ်ကြီး များမှာ Still CCTV ကင်မရာ ၃ လုံးနဲ့ ဒုန်း CCTV ကင်မရာ ၁ လုံး တပ်ဆင်ရမှာ ဖြစ်သလို မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ ဒုန်းကင်မရာ ၁ လုံး တပ်ဆင် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ CCTV ကို Monitor နဲ့ မှတ်တမ်းတင် ထားပြီး ထိုမှတ်တမ်း တင်ထားတဲ့ Record များကို နေ့စဉ် အစိုးရအဖွဲ့သို့ တင်ပို့ရမှာ ဖြစ်တယလို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေး ၀န်ထမ်းများ ကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး ၁၅ ယောက်နဲ့ မဏ္ဍပ်လတ် မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရှိရမှာ ဖြစ်ကြောင်း သိရသည်။

Source : MRTV4

3 ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်


မီးမီးခဲနဲ့ ဘရိတ်ကီ ကမအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာသိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး ..သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Banလုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီမှ သိရပါတယ် .... လင်းလင်း ကိုလည်း အားလုံးသေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူးဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် .. ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို ဖိအားပေး ထားပု...ံရပါတယ်.. ထလော့မြန်မာ သီချင်းကိုဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. သျှီ ကိုလည်းထိုနည်းတူ.. ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူးဆိုတာကိုဒီနေ့ ညနေ DVBကနေပြောသွားတာ ကြားလိုက်ရပါတယ်... ကဗျာဘွဲ့မှူး ကတော့ ခရီးသွားမှာ မို့မသိပါဘူး..

အနဂ္ဂရယ် ကျမရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..main targets တွေလေ
၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကိုသွားအားပေးလို့ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..လူတွေသိပ်မသိလိုက် ပေမဲ့ (‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်းကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး....
အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ထင်ပါတယ် ဒါပေမဲ့...........( သံသာဝင်းရဲ့ facebook)
ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အချို့သောအနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်ကြောင်း... စည်းရုံးရေးမှာပါဝင်ခဲ့သူတစ်ဦးဖြစ်သူ သံသာဝင်းရဲ့ facebook မှာရေးသားထားပါတယ်။

ကျမ တို့အတွက်တော့ ရိုးနေပါပြီ ..ခဏခဏ ပိတ်ခံရလွန်းလို့ .....ဒါပေမဲ့
အရင်စစ်အစိုးရ လက်ထက်တုန်းက ဒီလိုဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့ရပေမဲ့ အခုလိုdemocracy ဖော်ဆောင် နေပါပြီ ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်းလဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲ....

လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဝန်းရံပေး သူတွေကို လက်မခံနိုင်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုလက်မခံနိုင်သေးတာဖြစ်တယ်လို့ယူ ဆပါတယ် အပြင်းအထန်ကန့်ကွက်ပါတယ်


ကျမသိရသလောက် မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း တို့ဖြစ်တယ်လို့ရေးသားထားပါတယ်။

source..Trues journal, thantharwin

True News ဂျာနယ်

0 စသုံးလုံးရုံးပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်း သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုဖွင့် တိုင်ကြားလို့ မရဖြစ်နေ


ပြီးခဲ့တဲ့ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်က အိမ်ခြံမြေကိစ္စတွေနဲ့ပတ်သက်ပြီး ၃ ရက်တိုင် နေရောညပါ စစ်ဆေးခံရအပြီး ...စသုံးလုံးရုံး ၅ ထပ် တိုက်ကနေ ပြုကျသေဆုံးနေတာတွေ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဝိုးဖန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားလို့ မရဖြစ်နေတာပါ။ ဧပြီလ ၆ ရက်နေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှာ မနန်းဝိုးဖန်းရဲ့ ဖခင် ဦးအိုက်ခမ်းက တရားလိုအဖြစ် မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၁ နောက်တခါ လူသတ်မှု ပုဒ်မ ၃၀၂ စတဲ့ ပုဒ်မတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးက တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့တာလို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။

ဒီလိုတိုင်ကြားခဲ့ပေမယ့် ကျောက်တံတားမြို့နယ်ရဲစခန်းက သေမှုသေခင်းအနေနဲ့ အမှုဖွင့်ထားပြီးဖြစ်သလို ဌာနတွင်း ခုံရုံးဖွဲ့စစ်ဆေးမှု ပြုလုပ်နေပြီဖြစ်တာကြောင့် အမှုကို လက်မခံခဲ့တာလဲဖြစ်ပါတယ်။ ဒါကြောင့် တရားလိုဘက်က အမှုမှန်ပေါ်ပေါက်ရေးဆက်လက်တင်ပြပေးဖို့ တောင်းဆိုတာကြောင့် တိုင်းရဲမင်းကြီးထံ မြို့နယ်ရဲခန်းက တင်ပြခဲ့ပါတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။ ဒီလိုတင်ပြခဲ့ပေမယ့် တရားဥပဒေစိုးမိုးရေအရ သက်ဆိုင်ရာက လူတစ်ယောက်ကို ဖမ်းဆီစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေပါပြဌာန်းချက်အရ ပြစ်မှုမမြောက်တာကြောင့် အမှုကို လက်မခံနိုင်ကြောင်း တိုင်းရဲမင်းကြီးက မှတ်ချက်ပေးပြောဆိုခဲ့တာတာတွေကိုလည်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ရှင်းပြပါတယ်။

ဒီလို အမှုကို တရားဥပဒေစိုးရေးမှာ အဓိက တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေက အမှုမှန်ပေါ်ပေါက်အောင် မလုပ်ဆောင်ပေးတာကြောင့် တရားလိုတွေဘက်ကတော့ နိုင်ငံတော် သမ္မတအပါအ၀င် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့ဆီကိုပါ စာရေးတိုင်ကြားထားတယ်လို့လည်း မနန်းဝိုးဖန်ရဲ့ ဖခင် ဦးအိုက်ခမ်းက ပြောပါတယ်။

ကျပ်ငွေ သိန်းပေါင်း ၅ ထောင်မကတဲ့ တန်ဘိုးရှိတဲ့ အိမ်ခြံမြေကိစ္စတွေနဲ့ပတ်သက်ပြီး အသက် ၁၉ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဝိုးဖန်းကို စသုံးလုံးရုံးမှာ မတ်လ ၂၁ ရက်နေ့စတင်ပြီး နေရောညပါစစ်ဆေးခံပြီး မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ စသုံးလုံးရုံး ၅ ထပ် တိုက်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်သတင်းဂျာနယ်အချို့က ရေးသားဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့်လည်း စသုံးလုံးအာဏာပိုင်တွေဘက်က သတင်းထောက်တွေကို ခြိမ်းခြောက်ဖိအားပေးတာတွေလည်း ရှိခဲ့ဖူးပါတယ်ခင်ဗျာ။

အံ့ဘုန်းမြတ် (dvb)

0 ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ထပ်မံ၍သရုပ်ဆောင်သစ်ခေါ်ယူရန် သတင်းထုတ်ပြန်


၂၀၁၂ ခုနှစ် ဧပြီလ 10 ရက်တွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၁၁/၂၀၁၂ အစည်းအဝေး ဆုံးဖြတ်ချက် အရ သရုပ်ဆောင်သစ်ထပ်မံ ခေါ်ယူရန် သတင်းထုတ်ပြန်ချက်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့

0 စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့)ကသင်္ကြန်မဏ္ဍပ်ထိုးဖို့စက်ရုံတွေဆီကနေ ငွေကြေးထည့်ဝင်ဖို့အကြောင်းကြားစာပေးပို့

စက်မှုမြို့ စီမံခန့်ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့) ကသင်္ကြန်မှာမဏ္ဍပ်ထိုးပြီး ရေကစားဖို့ ရန်ကုန် မြောက်ပိုင်း ခရိုင်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီရဲ့ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်မှာရှိတဲ့ စက်ရုံတွေဆီ ကနေ ငွေကြေးကူညီထည့်ဝင်ဖို့ စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့)က သင်္ကြန်မဏ္ဍပ်ထိုးဖို့ စက်ရုံတွေဆီကနေ ငွေကြေးထည့်ဝင်ဖို့အကြောင်းကြားစာပေးပို့ စက်ရုံတွေကိုအကြောင်းကြားစာ ပေးပို့လာပါ တယ်။ ငွေကြေးထည့်ဝင်ဖို့ အကူအညီတောင်းတာလို့ခေါင်းစဉ်တပ်ထားပေမဲ့စက်ရုံအကြီးစားဆို ၅ သိန်းကနေ ၃သိန်းကြား၊ စက်ရုံ အလတ်စားဆို ၃သိန်းကနေ၂သိန်းကြား၊အငယ်စားဆို၂သိန်းကနေ၁သိန်းကြား ငွေကြေးထည့်ဝင်ရမယ် လို့ အကြောင်းကြားစာထဲမှာဖေါ်ပြထားပါတယ်။

သင်္ကြန်၅ရက်စာအသုံးစရိတ် ၅၆၅ သိန်းပြည့်မီဖို့ စက်ရုံတွေကမဖြစ်မနေ ထည့်ဝင်ရမဲ့ သဘောမျိုး အကြောင်းကြား စာ မှာတွေ့ ရပါတယ်။ ဒါကူညီခိုင်းနေတာမဟုတ်ပါဘူး။ဓါးပြတိုက်နေတာပါ။

စက်မှုဇုံဖွံ့ ဖြိုးရေးအတွက်လဲမဟုတ်ပဲသင်္ကြန်မှာသက်ဆိုင်ရာလူကြီးမင်းများနဲ့ ယင်းတို့ နှင့် ပတ်သတ်သူများ မြူးတူးပျော်ပါးဖို့ ငွေကြေးထည့်ဝင်ရမယ် ဆိုတာ ဘယ်လိုနည်းနဲ့ မှ မဖြစ်သင့်ပါဘူး။

မဖြစ်မနေ လုပ်ရမယ်ဆိုရင်လဲ တခြားသူများလုပ်သလို ရံပုံငွေ ကိုယ့်ဘာသာရှာ၊ လက်မှတ်ရောင်းပြီး ရတဲ့ဝင်ငွေနဲ့ မဖြစ်ဖြစ်အောင် လုပ်သင့်ကြောင်းပါ။

အရင်အကျင့်တွေမပျောက်ပဲ တခုခုဆိုတခြားသူများကိုအနိုင်ကျင့် အတင်းအကျပ်လုပ်တဲ့စရိုက်ဟာ ခေတ်နဲ့မလျော်ညီတော့ ပါလို့ သက်ဆိုင်ရာလူကြီးမင်းများအား ပြောကြားလိုပါတယ်။



Win Thaw Nyein

0 မြေကြီးကို (ကလိ)ထိုးရုံမျှ နှင့် စိုက်နိုင်သောသစ်ပင်များ



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတစ်ရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀)နာရီ အချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမအကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် သည် “ ကူ၍တွန်းပေးပါ ” ဟူသောခေါင်းစဉ် ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ စာပေချစ်မြတ်နိုးကြသော လူငယ် လူရွယ်များ အတွက် ဟောပြောသွားခဲ့ပါသည်။

“ ဇွန်ပန်းရုံအနီး …

လှည်းဘီး…နွံ ထဲကျွံနေသည်

လေးလွန်း၍ … မတွန်းနိုင်ဘူးလား

ပြိုင်တူတွန်း၍… ရွှေ့နိုင်သည်။ ”

ဟူသောကဗျာအား ရွတ်ဆို၍ ကျွန်ပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝပါသောကြောင့် ဇွန်ပန်းကဲ့သို့မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်း ရနံ့အားခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့မနေကြဘဲ နွံ့နစ်နေသောလှည်းဘီးအား ပြိုင်တူ တွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း(UAE)နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သည် အပင်စိုက်ရာတွင် ရေများလည်းအပင်သေ၊ ရေနည်းလည်းအပင်သေ သဖြင့်ခက်ခဲစွာ ပညာရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင်ပေါက်နိုင်ကြောင်းဟာသဥာဏ်နှောကာပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှရှိသည် မည်မျှထွက်သည်ကို လူငယ်လူရွယ်များမသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည်မည်မျှနစ်နာသွားသည်ကို မသိကြကြောင်း၊ ထိုကဲ့သို့နွံ့ထဲနစ်နေသည်ကို မြန်မာ လူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ တိမ်ကောခဲ့သောမြစ်များ နှင့် မြစ်တစ်စင်းသေရင် ရေစုတ်စက် တစ်သိန်းလောက်နှင့် လည်း ပြန်စုတ်၍မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင်လုပ်သင့်ကြောင်း၊ ထို့ကြောင့်မြစ်များ မတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံ့ထဲသို့မနစ်မြုပ်စေရန် နှလုံးသားနှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ “ကူ၍တွန်းပေးပါ” ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေဟောပြောသွားခဲ့ပါသည်။

နာရေးကူညီမှုအသင်းရှိ သင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု(Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှု တို့ သည်အရေးကြီးကြောင်း နာရေးမှမဟုတ်ဘဲ မည်သည့်အသင်း အဖွဲ့တွင်မဆို ၄င်းအရာများမရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင်မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွား ခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွတ်မှု၊သည်းခံမှုအပြည့်မရှိနိုင်ကြောင်း၊ ကိုယ်ကိုယ် တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာအမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက် သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊သုံး… “တွန်း” ဟုဆိုရာတွင် တွန်းတဲ့သူနည်းပါတယ် ထို့ကြောင့်ညီညွတ်ဖို့လိုပါကြောင်း၊ မြန်မာများသည် သနားကြင်နာတတ်သည်၊ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီအကြောင်းသိအောင်ကြိုးစားကြပါရန်လည်းတိုက်တွန်းသွားခဲ့ပါသည်။

“ကျွန်းတုံးတစ်တုံးကိုတွန်းရာတွင် ခိုတဲ့သူပါရင်လေးပါတယ် ၊ တစ်ပြိုင်နက်တည်းမတွန်းရင်လေးပါတယ်၊ ဦးနှောက်အသိဥာဏ်မရှိရင်လေးပါတယ်” ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြား သွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်ဧ။် “ ကူ၍တွန်းပေးပါ ” ဟူသောစာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ မျိုးဆက်သစ်လူမှုရေး ခေါင်းဆောင်များအတွက် တန်ဖိုးမဖြတ် နိုင်သော အတွေးအခေါ်များ၊ အသိဥာဏ်များ တိုးပွားလာစေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် များစွာအထောက်အပံ့ကောင်းများ ရရှိစေကာ ပြည်သူပြည်သားအားလုံး စည်းလုံး ညီညွတ် စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်း ကြရန် အရေးကြီးပါကြောင်းသိရှိလိုက်ရပါတော့သည်။

ကိုကျော်သူ

Tuesday, April 10, 2012

0 သတ္တုတွင်းဝန်ကြီးဌာန၏ တရားရုံးတွင်စွပ်စွဲလျှောက်ထားသော သတင်းရေးသားသူအမည် စာနယ်ဇင်းကျင့်ဝတ်အရ ဖော်ထုတ်ရန်မဖြစ်နိုင်ကြောင်း

Credit--- the voice weekly

0 နှစ်သစ်ကူးသံချပ်



၂၀၁၂ သင်္ကြန် အခါ..တို့ ပြည်မြန်မာ ..(ဘာတွေထူးသတုံး)
ဖုန်းလိုင်းတွေက မကြည်လင်……(၂သိန်းတန်တောင် ရောင်းချင်သေးသတဲ့ )
တို့ ပြည်သူများတောင်းဆိုတာ…(၅၀၀၀တန် ဖုန်းပါ ..လူအများသုံးဖို့ )
၅၀၀၀တန် ဖုန်း အသာနေ…..(ထမင်းရေ တောင် နပ်မမှန်...ကြ)
ထမင်းရည်လေးတော့… လျှော့ သောက်ပါ…(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
အသက်ကလေး.. နဲနဲ လျှော့ ရှူ ပါ….(ပြည်သူတွေ ရယ်…ခြိုးခြံမှပေါ့ )
ပေါတာကြီးတို့  ချမ်းသာအောင်….(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
မီးခွန် ရေခွန်..တိုးလို့ ဆောင်….(ပြည်ပကြွေးတွေ ကြေအောင် တဲ့ လား)
ဟေ့ ..စိန်လား…ဟေ့ ..ရွှေလား..(စာဖတ်နေတယ်..နော်)
ဟေ..လား စိန် တို့ ဝါး…။

ပြည်ပ ကြွေးတွေ တောင်လိုပုံ.. (.ဆပ်လို့ မကုန်..ဘယ်သူတွေ သုံးသလဲ)၂
ဆပ်မကုန်တဲ့  အကြွေးတွေ….(နေပြည်တော်မှာတော့ ..တထီးတနန်း)
နေပြည်တော်ကြီး ရွှေပြောင်ပြောင်…..(တို့ ပြည်သူတွေ ၀မ်းခေါင်ခေါင် ပေါ့ )
ဝမ်းခေါင် ပေမယ့်  မနေသာ….…(အခွန်အဖြာဖြာ စည်းကြပ်ခံရ….)
အခွန်ရှောင်တဲ့  သူဌေးတွေ သာ.. ..(ပိုက်ဆံတွေဟာ…ထားစရာရှိဘူး)
ထားစရာမရှိတဲ့ အတူတူ…သူများလယ်မြေ….( မတရားယူကြ)
လယ်သမားလယ်မြေ..….(မတရားသိမ်းကြ)
လယ်သမားတွေ…မြေမဲ့ ရင်….(တို့ တတွေ မှာ…ဘာပင်စားမလဲ)။
သိကြားမင်းကြီး တငိုင်ငိုင် ….(ခွေးသားရေ မလောက်လို့ မှိုင်..)
မသူတော်တွေက..တလွှားလွှား….(ခေါင်းပေါင်းတကားကား)
ဟေ့..လား..စိန်..တို့ .. ၀ါး…။ဟေ့ လား…ရွှေ တို့ ဝါး..။

မိုး…မိုး..မိုး..လားမောင်တို့ ..(သူခိုး..သူခိုး..သူခိုးများ ..ရှောင်ဗျို့ )
တိုင်းပြည် ဘဏ္ဍာ မခိုးကောင်းပါ..(သန့် ရှင်းကောင်းမွန်…ဘာညာ ..ဆိုလား)
လေ..လေ..လေ..လားမောင်တို့ ..(အသေ..အသေ..အသေချာ နားထောင်ဗျို့ )
သမတကြီး က…. စကားကြွယ်…(နားထောင် ရတာ..တကယ်ကောင်းသဗျိုး)
အောက်ခြေ အဆင့် ဆင့်  ၀န်ထမ်းတွေ..(သမတကြီး ပြောတာ.. ကြားကြမဟုတ်လား)
မကြားချင်ယောင် ဆောင်တဲ့ ဝန်ထမ်းတွေ..(နားလေးနေရင်..ဆေးမြန်မြန်ကုကြ)
ခေတ်ကြီးကတော့ ပြောင်းနေပြီ…(မြောင်းထဲ မရောက်ခင်..သောက်ကျင့် ပြင်ကြ)
သမတကြီးလဲ..၀န်ထမ်းပါ..(ကိုယ်ပြောတာကို ..ကိုယ်မမေ့ နဲ့ )
တရားဥပဒေရဲ့ ….. အထက်မှာ …(ငါက လွဲရင် ဘယ်သူမှ မရှိရ)
တရားဥပဒေ ရဲ့  အထက်မှာ…(.ဖိထားနိုင်တာ..ငွေထုပ်ကြီးလား)
ပါးတခါရိုက်..ငွေတထောင်…(ဒဏ်ဆောင်လိုက်ရင်..အေးဆေးပဲတဲ့ )
ခေတ်မမီတော့ တဲ့  ဥပဒေတွေ..(လွှတ်တော်ထဲမှာ ပြင်ကြပါဦး)၂
လွှတ်တော်ထဲမှာ ငိုက်သူတွေ..(ဒေါင်းတွေ အော်ပြီ…နိုးလော့ ..ထလော့ )
တမတ်တန်းက အချောင်သမားတွေ (ပြည်သူ့ မဲ..မပါ..ရှက်စရာကြီး)
ရှက်စရာကြီးလို့  အသိမှန်..(ပြည်သူ့ အသံ..နာခံကြလော့ )။
ဟေ့…စိန်လား…ဟေ့ …ရွှေလား.. (စာဖတ်နေတယ်..ရှူးးးတိုးတိုး)
ဟေ့ ..လား ရွှေ တို့ ဝါး…။

ဓါတ်ငွေ့ သိုက်ကြီး ဖင်ခုထိုင်.. (ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)
ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို့ ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
မီးခွဲတမ်းကို စောင့် ရတာ..(လေးသင်္ချေ နဲ့  ကမ္ဘာ တသိန်း)
ဝါယာရှော့ တွေ..ကြောက်စရာ…(ဈေးကြီးတွေ ရေ…သတိ..သတိ)
ဈေးသစ်ဆောက်ဖို့ ..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို့ ခြေဆေး)
အသက်ငင်နေတဲ့  မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို့ တဲ့ )
ပိုလျှံ နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂
သူ့ ဇနီးနဲ့  သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
ဟေ့ ..စိန်လား…ဟေ့ …ရွှေလား..
(ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
ဟေ့လား..ရွှေတို့ ဝါး..။

အိမ်နီးနားချင်း..သူခိုးတွေ….(ကမ္ဘာ့ အလည်မှာမှာ…နံမယ် ဆိုးလွန်း)
သူခိုး..ဓါးပြ နဲ့  ပေါင်းသင်းကာ..(တိုင်းပြည့် ရတနာ…ရောင်းမစားနဲ့ )
ပြည်သူ့ အသံ…တကယ်နားခံ…..(ဟန်ဆောင်ပန်ဆောင်..ချွေးမသိပ် နဲ့ )
တိုင်းပြည်ချစ်စိတ် အရင်းခံ……(အမျိုးသား ပြန်လည် သင့် မြတ်ကြစို့ )
(အမျိုးသမီးတွေကော… မပါဘူးလား…တော့ )
အမျိုးသမီးထုက ခေါင်းဆောင်လာ…(အမျိုးသားတွေ မှာ… မသက်သာ ဘူးလား)
အခွင့် အရေး တန်းတူညီ….(တို့ တိုင်း မြန်ပြည်..စည်ပင်ဝပြော)
တိုင်းရင်းသားတွေ အခွင့် အရေးညီ…..(ပြည်တွင်းစစ်တွေ..ခုချက်ချင်းရပ်)
ဟေ့ ..စိန်လား….. ဟေ့ ..ရွှေလား..(စာဖတ်နေပါတယ်..ဆို)
ဟေ့ လား…စိန်ရော ရွှေရော.. …၀ါး…။ ။

We are Asean

0 ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများ၏ တင်ပြတောင်းဆိုချက်

အင်းစိန်အကျဉ်းထောင်အတွင်းရှိ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားတို့၏ တောင်းဆိုချက်မူရင်းစာ

ယနေ့အချိန်ကာလသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်အား ကျင်းပပြီးစီးခဲ့ပေသည်။ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်တွင်းသို့ ၀င်ရောက်ပြီး ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ စတင်လျှောက်လှမ်းတော့မည့်အချိန်လည်းဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့လျှောက်လှမ်း နေပြီဆိုသော်လည်း လက်တွေ့တွင် နိုင်ငံရေးအကျဉ်းသားများ (လျှော့ရက်ခံစားခွင့်မရှိသော သီးသန့် ၊ သာမန်သီးသန့် )တို့သည်လည်း အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည်။ပြည်သူလူထုမှ ရွေးခြယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနေဖြင့်လည်း ပြည်သူလူထု၏ အမှန်တစ်ကယ်လိုလားတောင်းဆိုချက်များကို လွှတ်တော်တွင်း လွှတ်တော်ပ တို့တွင် ဟန်ချက်ညီညီဖြင့် အကျိုးဖြစ်ထွန်းအောင် ကြိုးစားလုပ်ဆောင်သင့်ပေသည်။ အကျဉ်းသားများ သည် ဒီမိုကရေစီစနစ်နှင့်မကိုက်ညီသော လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများစွာကို အကျဉ်း ထောင်ထဲတွင် လက်ရှိ ခံစားနေရပါသည်။ရွေးကောက်ပွဲဝင် အောင်နိုင်ယုံမျှဖြင့် ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ခဲ့သူတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်စေရေးကို မေ့လျှော့မပျက်ကွက်သင့်ပါ။ ထို့ကြောင့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများသည် လူ့အခွင့်ရေးနှင့် စပ်လျဉ်းပြီး အောက်ပါအချက်ကြီးလေးချက်ကို ဒီကနေ့ရက်စွဲဖြင့်တင်ပြတောင်းဆို လိုက်ပါသည်။

အင်းစိန်အကျဉ်းထောင်အတွင်းရှိအကျဉ်းသားတို့၏တောင်းဆိုချက်

၁။ကျန်းမာရေးစောင့်ရှောက်မှု
(က) အချိန်နှင့်တပြေးညီ ဆေးဝါးကုသမှု ခံယူရန် Refer မရရှိခြင်း
(ခ) အချိန်နှင့်တပြေးညီ ဆေးဝါးမရရှိခြင်း
၂။စာအုပ် ၊ စာစောင်ဖတ်ရှုခြင်း
(က)စာပေ စီစစ်ရေး ခွင့်ပြုပြီးသော စာအုပ်စာစောင်များ ထောင်တွင်း တွင်ထပ်မံ စီစစ်ရေး ပြုလုပ်နေခြင်း
၃။အ၀တ်အစား
(က)ထောင်မှထုတ်ပေးသောပုံစံဝတ်စုံများမှာ လူ့သိက္ခာနှင့်မလျှော်ညီစွာ ၀တ်ဆင်လို့ မရအောင် သေးငယ်နေခြင်း
၎။လျှော့ရက်ခံစားခွင့်
(က)အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ် (၈၃၈) နှင့် (၈၄၈) တို့အရ ခံစားခွင့်ရှိသော သာမန်လျှော့ရက်နှင့်အတူ လျှော့ရက် (အထူးလျှော့ရက်များကို ညွှန်ကြားရေးမှူးချုပ် ခရိုင်အုပ်ချုပ်ရေးအရာရှိ ထောင်တာဝန်ခံအရာရှိ စသည်တို့မှပေးနိုင်ကောင်း) စသည့်လျှော့ရက်များကို သီးသန့် ၊သာမန်သီးသန့်အကျဉ်းသားများမှ ခံစားခွင့်မရှိခြင်း
ထို့အတူ ကျွန်တော်တို့ (လွတ်ငြိမ်းချမ်းသာတွင်မပါပဲ ကျန်ရှိသော) သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများအား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတို့တွင် တတ်စွမ်းသမျှပါဝင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဖဒိုမန်းငြိမ်းမောင်နည်းတူ စဉ်းစားပေးရန် နှင့် လွတ်ငြိမ်းချမ်းသာခွင့်များ ထပ်မံပေးရန်..
သို့ဖြစ်ပါ၍ အထက်ပါလူ့အခွင့်ရေးကိစ္စနှင့်စပ်လျှင်းပြီး -
(၁) နိုင်ငံတော်သမ္မတကြီး
(၂) မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်
(၃) ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တရားဝင်စာရေးသားအကြောင်းကြားခွင့်ပေးပါရန်..

အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အောက်ပါသီးသန့် ၊ သာမန်သီးသန့်အကျဉ်းသားများမှ တောင်းဆိုလိုက်ပါသည်

စဉ် အမည် အဖအမည်
၁ အောင်နိုင် ဦးစံရဲကျော်
၂ ကျော်ဇင်မင်း (ခ) ဇော်မိုး ဦးနေအောင်ဝင်း
၃ ထွန်းဦး ဦးကျော်မြ
၎ ၀င်းမြင့် ဦးတိုးခို
၅ ကံမင်းသာ (ခ) ဖရန်စစ် ဦးအိမ်စိုး
၆ ကျော်ကျော်(ခ)စောဖရန်စစ် ဦးမောင်မောင်
၇ စောဂေသေးမူး ဦးစောကြိုဒေါ
၈ စောတင်ဝင်း(ခ)စောဝါးလေး ဦးထွန်းရွှေ
၉ နိုင်ဝင်း ဦးအောင်သိန်း
၁၀ ရန်နိုင်(ခ)အေးသိန်း ဦးစောလွင်
၁၁ ထွန်းမြတ်သူ(ခ)နိုင်လင်းဆက် ဦးကျော်သူ
၁၂ စိုးမင်းသန်း ဦးမောင်မောင်သန်း

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှပေးပို့လာသောသတင်းများကိုတစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၉.၄.၂၀၁၂)

0 သူရဲကောင်းများနှင့် ဗီလိန်များအတွက် စိန်ခေါ်မှုများ


(The Age မှ 7 April 2012 ရက်စွဲပါ Challenge ahead for heroes and villains ကို transparencymyanmarဘာသာ ပြန်ဆိုသည်)

လွန်ခဲ့သော တစ်ပတ်ကျော်က မြန်မာ့ နိုင်ငံရေးမှာ သာမန်သာ ဖြစ်ခဲ့သည်။ ယခင် စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲ ဆင်နွှဲနေပြီး လူအများစုကို ထောက်လှမ်းခြင်း၊ ဖမ်းချုပ်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ တိုင်းပြည် သယံဇာတများကိုလည်း ပြည်တွင်းမှ လူတစ်စုနှင့် တရုတ်များ၏ အရင်းအနှီးများဖြင့် မသမာမှု ပြုကာ အလွဲသုံးစား ပြုလုပ်ခဲ့ကြသည်။ အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် အသိုင်းအဝိုင်းကို စွန့်ခွာလျက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ရာ ပြည်သူလူထုအတွက် နိုင်ငံရေးဘုရားတစ်ဆူသဖွယ် ဖြစ်လာခဲ့သည်။

ထို့နောက် လွန်ခဲ့သော တစ်ပတ်စွန်းစွန်း ကာလတွင် အဖြစ်အပျက်များက ပြောင်းလဲသွားခဲ့သည်။ အနောက်နိုင်ငံ မျက်စိထဲတွင် ဗိုလ်ချုပ်များကို သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင် ပြောင်းလဲရေးသမားများနှင့် ရှေ့ဆက် မသွားလိုသော အကျင့်ပျက် ခြစားသူများ ဟူ၍ နှစ်ပိုင်း ကွဲနေသည်ဟု ရှုမြင်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာလည်း လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမက ဒီမိုကရေစီမကျဟု ဝေဖန်ခဲ့သော စနစ်အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူမအနေဖြင့် ယခင်အတိုင်း ရဲရဲဝံ့ဝံ့ လက်တွေ့ကျကျနှင့် မပြောင်းမလဲ ရှိနေရမည် ဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုသည် စစ်တပ်သာအမိ စစ်တပ်သာ အဖဟု ဆိုသူများ၏ မျက်နှာကို လက်နှင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သည်ဟု သူမကို ထောက်ခံသူများက ဆိုသည်။ သို့သော်သမ္မတဦးသိန်းစိန်က ပြောကြားရာတွင် ကြားဖြတ် ရွေးကောက်ပွဲသည် မရိုးသားသော သံသယ ဖြစ်ဖွယ် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲဖြင့် တက်လာသော လက်ရှိ အစိုးရနှင့် လွှတ်တော်ကို တရားဝင်မှု ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို ချက်ချင်း ကြေညာပေးခဲ့ရာ ၄၅ နေရာ ရှိသည့်အနက် NLD က နေရာ ၄ဝ အနိုင်ရခဲ့သည်။ ထိုအတွက် ရလဒ်ကလည်း မြန်ဆန်လှသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် အရေးယူမှု အချို့ကို ဖြေလျှော့ကြောင်း ကြေညာခဲ့ပြီး ယခု လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် အိုဘားမားအစိုးရအတွက် အောင်ပွဲလည်း ဖြစ်သည်ဟု ပြောကြားသွားသည်။

ထိုမတိုင်မီက အမေရိကန်တို့သည် ဥရောပအား အရေးယူမှုများကို ဦးစွာ ရုတ်သိမ်းစေပြီး အမေရိကန် အနေဖြင့်မူ ယခင်အတိုင်း ဆက်လက် ထားရှိရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခုအခါ ဝါရှင်တန်သည် ရှေ့မှ ဦးဆောင်၍ ပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းခဲ့ပြီး တရုတ်နှင့် ချိန်ခွင်ညှာ ညှိရေးအတွက် အရှေ့တောင်အာရှမှ ဗဟိုချက် ဖြစ်သော မြန်မာနှင့် သေသပ်စွာ လုပ်ဆောင်ခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံတွင် နိုင်ငံခြား စီးပွားရေး ပါဝင် ပတ်သက်မှုနှင့် သက်ဆိုင်သော အတားအဆီးကြီး နှစ်ခုကို ဖယ်ရှားပေးခဲ့သည်။ အမေရိကန် ဒေါ်လာနှင့် စာရင်း ပြောင်းမှုများကို ခွင့်ပြုခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ငွေအသွား အပြန်များကိစ္စအတွက် တတိယငွေကြေးတစ်ခုမှ တစ်ဆင့် ငွေကုန်ကြေးကျခံသွားရသော အဆင့်ရှိတော့မည် မဟုတ်ဘဲ နိုင်ငံခြားသားများ ခရက်ဒစ်ကတ် သုံးခွင့် ရတော့မည် ဖြစ်သည်။

ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး၊ ဘဏ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍများတွင် ဘဏ်များနှင့် အခြား အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမည် ဖြစ်ပြီး ကျောက်မျက် ရတနာ၊ သစ် စသည့် တိုင်းရင်းသား ဒေသများတွင် ရှိနေသည့် ကိစ္စရပ်များကို ရှောင်ရှားရမည် ဖြစ်သည်။ မြန်မာ့ ကမ်းလွန်တွင် ရှိပြီး မြန်မာနိုင်ငံ၏ ငွေသိုက်၊ ရေနံနှင့် ဓာတ်ငွေ့ ကိစ္စကိုမူ ဖော်ပြခြင်း မရှိပေ။

"အစကတော့ ကျွန်တော်က အမေရိကန်ရဲ့ မပြတ်သားတဲ့ တုံ့ပြန်မှုကို ဝေဖန်နေတာ၊ တကယ်တမ်းတော့ ပြတ်သားသာပဲဗျ" ဟု ဒေသတွင်း လုပ်ငန်းရှင် တစ်ဦးက စာရေးသူအား ပြောပြသည်။ "ငွေကြေးကဏ္ဍက ပထမဆုံး ဖြေလျော့ရမှာလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို နှစ်ရက် အတွင်း ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး" ဟု ယင်းက ဆိုသည်။ "ဥရောပကလည်း အခုလကုန်ရင် လက်နက်ရောင်းတာကလွဲလို့ အကုန် ရုတ်သိမ်းတော့မှာ" ဟုလည်း ဆိုသည်။

စီးပွားရေးပညာရှင် ရှောင်တာနဲက မကြာခင်အချိန်တွင် အမေရိကန်တို့သည် ခေတ်နောက်ပြန်ဆွဲသော အစိတ်အပိုင်းများကိုသာ စာရင်းပြု အရေးယူမှု ပြုလုပ်ထားသော ဩစတြေးလျ၏ အနေအထားနှင့် နီးစပ်လာတော့မည်ဟု ပြောသည်။ ဩစတြေးလျဘဏ်များသည် ပို၍ သတိထား ကြသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင်း၌မူ ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အကြား ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အသိအမှတ်ပြုခံရရေး ပြိုင်ဆိုင်မှုများ ကြီးထွားလျက်ရှိသည်။ အစိုးရသည် လာမည့် ၃ နှစ်အတွင်း ဝင်ငွေများနှင့် အခြားလူမှုရေးများ သိသာစွာ တိုးတက်လာရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ဝင်လာရေး မျှော်လင့်ထားပြီး ဦးသိန်းစိန်၏ ဝန်ကြီးများသည် ပြင်ပတွင် အလွတ်သဘောဖြင့် ရလဒ်ကောင်းရရန် ဖိအားပေး ခံနေရမှုကို ညည်းတွားလျက်လည်း ရှိသည်။

စီးပွားရေး လုပ်ငန်းအများစုသည် မြန်မာနိုင်ငံသို့ သွားပြီး အမြီးကုတ်ပြန်လာရခြင်းများ ရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံ သတ်မှတ်ချက်များတွင် မြေယာပိုင်ဆိုင်ခွင့်နှင့် အမြတ်များ ပြန်လည်ထုတ်ယူသွားခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိကြောင်း ရှောင်တာနဲက ဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်ရေးမှာ သဘာဝမကျလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အစိုးရအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ခြေကုန်လက်ပန်းကျသွားရန် မျှော်လင့်ထားမည် ဖြစ်သည်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်သော သူမသည် စည်းရုံးရေး ကာလများက အားအင်ကုန်သွားခဲ့သည်။ အကယ်၍ ၂ဝ၁၅ တွင် လွှတ်တော်နေရာ ၃၃ဝ သို့ ဝင်ရောက်မည် ဆိုပါက NLD သည် ယခုကဲ့သို့ အမျိုးသမီး တစ်ကိုယ်တော် တီးဝိုင်းတစ်ခု အဖြစ်ထက် ပိုမို၍ ကပြရန် လိုအပ်ပါသေးသည်။

0 "ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု"


ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အ...လိုတော်ပြည့်ကျောင်းတိုက် တွင် ကျင်းပခဲ့သည်။

အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။

''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။

Popular Myanmar News Journal

Monday, April 9, 2012

4 ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကိုကယ်တင်ခဲ့တယ်လို့ပြောတဲ့ ဦးခင်ညွန့်ရဲ့ပြောဆိုချက်အပေါ် ဒီပဲယင်း ဖြစ်ရပ်တုန်းကအတူရှိနေခဲ့တဲ့ဦးတင်ဦးရဲ့ပြောဆိုချက်(အသံဖိုင်)



BBC

1 ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လက်စွမ်းပြတဲ့ မြန်မာတက်တူး(Tattoo )



Mgkoko Nyeinchan

Sunday, April 8, 2012

0 NLD ပါတီတွင်း အယောင်ဆောင်များ ရှိဟုဆို


ကြားဖြတ် ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း အယောင်ဆောင်များ ရှိနေသဖြင့် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး NLD ဥက္ကဋ္ဌ ဦးသိန်းတန်က ပြောကြားသည်။မန္တလေး မြို့တော်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပသော တိုက်ဂါး နေကြာမှ ဂုဏ်ပြုသော အခမ်းအနားတွင် ယင်းနှင့်တွေ့ဆုံစဉ် The Voice Weekly သို့ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြန်လည် ဖွဲ့စည်းရန် အသင်းဝင် လျှောက်လွှာ တစ်သောင်းကို ဖြန့်ဝေထားပြီး ယခုအချိန်ထိ မန္တလေးမြို့တွင် NLD ပါတီဝင် လေးထောင်ကျော်သာ ရှိသေးကာ ပါတီဝင်များကို ပြန်လည် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။"ကျွန်တော် ကိုယ်တိုင်က စပြီး လျှောက်လွှာ တင်ရမှာ။ ကျန်တဲ့ လူတွေတော့ ပြောမနေနဲ့တော့" ဟု ဦးသိန်းတန်က ဆိုသည်။ပါတီ ဂုဏ်သိက္ခာ ကျဆင်းစေရန် အချို့သောအဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များမှ သေသေချာချာ ပြုမူ ဖန်တီး နေကြကြောင်း၊၎င်းတို့ အနေဖြင့် NLD ပါတီကို စည်းကမ်းစနစ် ကျနသော ပါတီ တစ်ခုအဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

The Voice Weekly

0 "ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ့ဆုံ"




Photo ..Ap, Getty images
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံနက် ဆယ်နာရီခွဲအချိန်တွင် သူ့နေအိမ်ဝယ်တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံကြရာဝယ် KNU ငြိမ်းချမ်းရေ...းဖော်ဆောင်ရေးအဖွဲ့သားများက ၄င်းတို့၏ တိုင်းပြည်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်များအားပြောကြားခဲ့ပြီး၊ ရှေ့လုပ်ငန်းစဉ်များအားလည်းဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
"အခုတွေ့ဆုံမှုဟာ အင်မတန်ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါ။ NLD ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့အတွက် တိုင်းရင်းသားများအားလုံး စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်ရမယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည်ထားပါတယ်။ ခုလိုတွေ့ဆုံရာမှာ အမြင်ချင်းဖလှယ်နိုင်တယ်၊ တိုင်ပင်နိုင်ကြတယ်။ အမျိုးသားရင်ကြားစေ့ရေးကိုအများကြီးအထောက်အကူပြုနိုင်တယ်။ ကျွန်မတို့ အမြင်ချင်းတူညီနေတယ် ဆိုတာကို လည်းတွေ့ရပါယ်။ ဒါဟာ နောင်ညီညွတ်မယ့် အလားအလာကောင်းလို့ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။

ထို့နောက် စာနယ်ဇင်းဆရာတို့ မေးမြန်းသည်တို့ကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး အခမ်းအနားကို နေ့လည် တစ်နာရီခွဲတွင်ရုတ်သိမ်းခဲ့သည်။

Popular Myanmar News Journal

0 ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

photo..AFP (ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။)

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။

" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"

ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

Rfa

0 စင်္ကာပူလို အာဏာရှင်တပိုင်း ဒီမိုကရေစီ မဖြစ်စေချင်ပါ

ဒီတော့ဗျာ စင်္ကာပူဆိုတာ ... အာဏာရှင် တပိုင်း ဒီမိုကရေစီ ဖြစ်လာပါတယ်။ ပြောရရင် ကြံခိုင်ရေးပါတီရဲ့ အချိုးမျိုးပေါ့။ ငါတို့ကို မဲပေးရင် .. ဟိုဟာ ဒီဟာ လုပ်ပေးမယ်၊ မဲမပေးရင် မလုပ်ပေးဘူး ဆိုတဲ့ သဘောပေါ့။

မြန်မာနိုင်ငံကို စင်္ကာပူလို အာဏာရှင်တပိုင်း ဒီမိုကရေစီ မဖြစ်စေချင်ဘူး လို့ ပြောလာတဲ့ စာတစ်ခုပါ။ အဲဒီစာကို ဖတ်လိုက်ရတော့ .. ဝမ်းသာမိတာ တစ်ခုကို ပထမဦးဆုံး ပြောလိုပါတယ်။ အဲဒါကတော့ .. မြန်မာပြည်ကို စစ်အာဏာရှင် အောက်နေလွတ်အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ စကားလုံးတွေနေရာမှာ မြန်မာပြည်ကို စင်္ကာပူလို အာဏာရှင် တစ်ပိုင်း မဖြစ်စေလိုတဲ့ ဆန္ဒပါတဲ့ စာဖြစ်နေလို့ပါပဲ။ သဘောကတော့ မြန်မာပြည်သူတွေရဲ့ အမြင်ဟာ အာဏာရှင် တော်လှန်ရေးကို ကျော်လွန်ပြီး တိုင်းပြည် တည်ဆောက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ တွေ့လာရလို့ပါပဲ။

သူအဓိက ပြောလိုတာကတော့ အာဏာကို ပါတီ တစ်ခုတည်းက ချုပ်ကိုင်ထားပြီး .. အဲဒီ ပါတီကနေ အာဏာကို အခွင့်အရေးနဲ့ လဲလှယ်တာကို ပြည်သူတွေကလည်း မတရာမှန်း သိသိကြီးနဲ့ လိုက်ပါလုပ်ဆောင်နေရတယ် .. ဆိုတဲ့ စာပါ။ သူပြောထားတဲ့ စာတွေထဲက တစ်ကြောင်းက ...

"First world country လို့ သူတို့ကိုယ်သူတို့ ကြွေးကြော်လေ့ရှိတဲ့ စင်ကာပူလူမျိုးများဟာ အစိုးရ မကျေနပ်ကြောင်း တွင်တွင်ပြောပြီး မဲထည့်ရင်တော့ အတိုက်အခံနိုင်ရင် သူတို့ HDB တိုက်ခန်းတွေ ဈေးကျမှာစိုးလို့၊ ပလက်ဖောင်းမှာ အမိုး မိုးမပေးမှာစိုးလို့ စတဲ့ အချက်တွေနဲ့ အာဏာရပါတီသာ ပေးလေ့ရှိပါတယ်။" ... တဲ့။

ဒီတော့ဗျာ စင်္ကာပူဆိုတာ ... အာဏာရှင် တပိုင်း ဒီမိုကရေစီ ဖြစ်လာပါတယ်။ ပြောရရင် ကြံခိုင်ရေးပါတီရဲ့ အချိုးမျိုးပေါ့။ ငါတို့ကို မဲပေးရင် .. ဟိုဟာ ဒီဟာ လုပ်ပေးမယ်၊ မဲမပေးရင် မလုပ်ပေးဘူး ဆိုတဲ့ သဘောပေါ့။

နိုင်ငံရေး စကားလုံးတွေ မပါဘဲ သာမန် အရပ်စကားနဲ့ ပြောရရင် .. အဲဒီလို ကိစ္စမျိုးကို ကျွန်တော်တို့ ပြည်သူတွေက လက်မခံဘူးဆိုတာကို ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေနဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပြည်သူတွေက လက်တွေပြခဲ့ပြီးပြီ။ စင်္ကာပူလို ဖြစ်မလာဖို့ အဲဒီ စိတ်ဓါတ်ကို ဆက်မွေးဖို့ပဲ လိုပါတယ်။

နိုင်ငံရေး အရ ပြောရရင်တော့ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံရေး စနစ်ကို အီလစ်ဘရယ် ဒီမိုကရေစီ (illiberal democracy) လို့ ခေါ်ကြပါတယ်။ လုပ်ငန်းစဉ် ဒီမိုကရေစီကိုသာ အသက်သွင်းထားပြီး၊ ဒီမိုကရေစီ တန်ဖိုးတွေကို ဂရုတစိုက် ဖေါ်ဆောင်မှုမှာ အားနည်းလို့ ဖြစ်ပါတယ်။ အရမ်းပါးလွှာလွန်းတဲ့ ဒီမိုကရေစီ စနစ်လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။

ရွေးကောက်ပွဲရှိတယ်၊ ပါလီမာန်ရှိတယ်။ အတိုက်အခံ ပါတီတွေရှိတယ်။ စီးပွားရေး လွတ်လပ်ခွင့်ရှိတယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကောင်းမွန်တဲ့ တရားရေး စနစ်ရှိတယ်။ ဒါတွေဟာ လုပ်ငန်းစဉ်ဒီမိုကရေစီပါပဲ။

ဒီမိုကရေစီ တန်ဖိုးတွေဖြစ်တဲ့ ... လူ့အခွင့်အရေးလိုက်နာမှု အားနည်းပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်၊ တန်းတူညီမျှတဲ့ အခွင့်အရေး၊ .. စတဲ့ တန်ဖိုးတွေ ကင်းမဲ့နေပါတယ်။ ဒီတော့ ဒီစနစ်ကို မြန်မာပြည်ထဲကို တင်သွင်းဖို့ကို မလိုလားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ.. နိုင်ငံရေး ယဉ်ကျေးမှုနဲ့ လိုက်ဖက်တဲ့ ဒီမိုကရေစီတန်ဖိုးတွေကို ကျွန်တော်တို့ နိုင်ငံထဲ တင်သွင်းရမှာ ဖြစ်ပြီး၊ စင်္ကာပူမှာ ရှိတဲ့ .. လုပ်ငန်းစဉ် ဒီမိုကရေစီ ပုံစံထက် ပိုတဲ့ ... ဒီမိုကရေစီ တန်ဖိုးတွေကိုလည်း အမိအရ တင်သွင်းရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး ယဉ်ကျေးမှု (political culture) ဆိုတာကလည်း အရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်ဟာ တိုင်းရင်းသားတွေကို အခြေခံတဲ့ နိုင်ငံရေး ယဉ်ကျေးမှုပုံစံ ရှိတာကြောင့် အဲဒီအရေးနဲ့ လိုက်ဖက်မယ့် ပုံစံကို အဓိကထား တင်သွင်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်တွေ့ဆန်ဆန်လည်း အဲဒီ စံတွေ၊ တန်ဖိုးတွေကို တဖြည်းဖြည်းနဲ့ နိုင်ငံတွင်း အသက်သွင်းသွားရမှာ ဖြစ်ပါတယ်။ ရုတ်တရက် အကုန်လုံးကို ချက်ခြင်း လဲထုတ်လို့ မရသေးပါဘူး။ ခြေလှမ်းမှန်မှန်နဲ့ ပြောင်းလဲ ယူရမှာ ဖြစ်ပါတယ်။ (ဆိုလိုတာက ပြောင်းလဲမှုတွေကို ဆက်တိုက် ဖြစ်ပေါ်နေဖို့ လိုပါတယ်။ နေ့ခြင်း ညခြင်းတော့ မဖြစ်နိုင်ပါ။)

ဒါကြောင့် အခုလို နိုင်ငံရေး ရည်ရွယ်ချက် ပါဝင်တဲ့ ဆွေးနွေးမှုတွေကို များများ လုပ်ဆောင်နေသမျှနဲ့ .... ပြည်သူတွေက "အာဏာကို အခွင့်အရေးနဲ့ လဲလှယ်မှု" တွေကို ဆန့်ကျင်နေသမျှ ကာလပတ်လုံး မြန်မာပြည်ဟာ စင်္ကာပူပုံစံ အီလစ်ဘရယ် ဒီမိုကရေစီကို မသွားဘူးဆိုတာကို ပြောရဲပါတယ်။ စင်္ကာပူနိုင်ငံရေး ပုံစံမဖြစ်ဖို့ရာ ကျွန်တော်တို့ အားလုံးမှာ အဓိက တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

Ko Htike facebookမှ

0 ပိုမို ပွင့်လင်းလာမည့် မြန်မာနိုင်ငံဆီသို့


(Business Week မှ 5 April 2012 ရက်စွဲပါ Toward a move open Myanmar ကို transparencymyanmar ဘာသာ ပြန်ဆိုသည်)

ယခုအချိန်မျိုးတွင် မြန်မာနိုင်ငံသို့ ထောက်ပံ့ရေး ရံပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပုံအော၍ ပေးမည့်အစား လွှတ်တော်နှင့် ဝန်ကြီးဌာနဆိုင်ရာ ဆက်ဆံ ဖလှယ်မှုများ၊ လယ်ယာနှင့် ထုတ်လုပ်မှုကဏ္ဍ တိုးတက်အောင် ပျိုးထောင်ပေးမှုများ အပါအဝင် နည်းပညာအကူအညီများကို ပိုမို ပေးအပ်သင့်သည်။

ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိသွားသော ကြားဖြတ်ရွေးကောက်ပွဲများသည် အရေးပါသည်ဆိုသည်ကို ငြင်းပယ်၍ မရပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့သော NLD ပါတီသည် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာ နိုင်သည့် လက္ခဏာ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ခိုင်မာသော နိုင်ငံရေးခြေကုပ်ကို ရရှိသွားပြီ ဖြစ်သည်။

မြန်မာအစိုးရ၏ စီးပွားရေး မူဝါဒဆိုင်ရာ လတ်တလော ဆုံးဖြတ်ချက်များသည်လည်း အာမခံချက် ပိုရှိလာသည်ကို တွေ့ရသည်။ အစိုးရ ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်းကြား အဆတစ်ရာကျော် ကွာခြားမှုကို ဖျက်သိမ်းကာ မြန်မာကျပ်ငွေ နှုန်းရှင်ထားခြင်းကို ဧပြီ ၁ ရက်တွင် စတင် လိုက်ခြင်းသည် မြန်မာ၏ ကုန်ထုတ်လုပ်မှုနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍများကို အထောက်အကူ ပြုမည့်အပြင် အဂတိ လိုက်စားသော အာဏာပိုင်များ၏ တရားမဝင် ငွေကြေးများကို ဖုံးကွယ်ထားရန် ခက်ခဲသွားစေလိမ့်မည်ဖြစ်ပြီး ရေးဆွဲထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ရင်းနှီးမြှုပ်နှံသူများကို မြေငှားရမ်းသုံးစွဲခွင့်၊ အမြတ်အစွန်း ပြန်ပို့ခွင့်၊ ကျွမ်းကျင်လုပ်သား ခေါင်းဆောင် ခေါ်လာခွင့်တို့ ပေးထားပြီး ဖြစ်ပြီး နိုင်ငံခြားဘဏ်များကိုလည်း မြန်မာနိုင်ငံ၌ ဖွင့်လှစ် လုပ်ကိုင်ခွင့် ပေးတော့မည် ဖြစ်သည်။

မသမာမှု နည်းပါးအောင် တားဆီးထားသော ယခု ရွေးကောက်ပွဲ ရလဒ်များက အရေးယူပိတ်ဆို့မှုများရုတ်သိမ်းရေး တောင်းဆိုမှု၊ ကယ်ဆယ်ရေး ရံပုံငွေ ပိုပေးရန် တောင်းဆိုမှုနှင့် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ၁၉၈ဝ ခုနှစ်များကာလ ခမာနီ အုပ်စိုးမှု အပြီး နိုင်ငံခြား ထောက်ပံ့ ရံပုံငွေများဖြင့် အကျိုးဖြစ်ထွန်းကာ ယခုအခါ အဂတိ လိုက်စားမှုနှင့် ဆွေမျိုး ကောင်းစားရေး ကိစ္စတွင် စံပြနိုင်ငံ ဖြစ်လာသော ကမ္ဘောဒီးယား နိုင်ငံသည် မြန်မာအပေါ် နှစ်ကြိမ်၊ နှစ်ခါ ပြန်လည် စဉ်းစားရန် အကောင်းဆုံး အကြောင်းရင်းပင် ဖြစ်သည်။

ယခု အဆင့်၌ ထောက်ပံ့ကြေး ရံပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးတွင် လိုအပ်သော စွမ်းအားစုများ မြန်မာနိုင်ငံတွင် မရှိခြင်းကြောင့် အင်အား ကြီးပြီးသား အာဏာရှိပြီးသား သူများသာ ကြွယ်ဝသွားကြမည့် အလားအလာ ရှိနေသည်။

ယခုအချိန်မျိုးတွင် မြန်မာနိုင်ငံသို့ ထောက်ပံ့ရေး ရံပုံငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ ပုံအော၍ ပေးမည့်အစား လွှတ်တော်နှင့် ဝန်ကြီးဌာနဆိုင်ရာ ဆက်ဆံ ဖလှယ်မှုများ၊ လယ်ယာနှင့် ထုတ်လုပ်မှုကဏ္ဍ တိုးတက်အောင် ပျိုးထောင်ပေးမှုများ အပါအဝင် နည်းပညာအကူအညီများကို ပိုမို ပေးအပ်သင့်သည်။ အဆိုပါ နယ်ပယ်များအပေါ် အကူအညီ ပေးခြင်းနှင့် အရေးယူမှုများ ရုတ်သိမ်းခြင်းတို့သည် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်သော ဘောင် သို့မဟုတ် အကန့်အသတ်တစ်ခု ရှိသင့်သည်။ ဥပမာအားဖြင့် မြန်မာအာဏာပိုင်များအပေါ် ဗီဇာပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှု ချုပ်ထိန်းခြင်း၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ကမ္ဘာ့ငွေကြေး အဖွဲ့များ၏ ကူညီမှုများ တားမြစ်ခြင်းတို့ ပြုလုပ်ထားသော "မြန်မာနိုင်ငံ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အက်ဥပဒေ ၂ဝဝ၃" နှင့် မြန်မာထွက် ကျောက်မျက်ရတနာများ၊ ငွေကြေး လွှဲပြောင်းမှုများကို တားမြစ်သော "မြန်မာကျောက်စိမ်းဥပဒေ" စသော ပိတ်ဆို့မှု ဥပဒေများကို အမေရိကန် ကွန်ရက်အနေဖြင့် ပြန်လည် သုံးသပ်ပြင်ဆင်သင့်သည်။ ထို့ပြင် အာဏာပိုင်များ၏ အပြုအမူ၊ လုပ်ဆောင်ချက်များပေါ် မူတည်၍ သမ္မတ အိုဘားမားအနေဖြင့် တိုးသာ ဆုတ်သာ ရှိအောင်လည်း ပြုလုပ်ထားသင့်ပေသည်။

0 ဆဲဗင်းဂျုလိုင်( 7 JULY ) နှစ်ငါးဆယ်ပြည့် အခမ်းအနား ကျင်းပမည် ။


၁၉၆၂ ခု၊ ဇူလိုင်(၇) ရက်နေ့ ကျောင်းသားများ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ယခုလာမည့် ၂၀၁၂ ခု ၊ ဇူလိုင်လ(၇)ရက်တွင် နှစ်(၅၀) တင်းတင်းပြည့်ပြီ ဖြစ်ပေရာ ကြုံတောင့်ကြုံခဲ နှစ်ဖြစ်သည်နှင့် အညီ အခမ်းအနား ကို ကျယ်ပြန့်စွာ ကျင်းပ နိုင်ရန် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ၏ ကျောင်းသားသမဂ္ဂ အသီးသီးက တိုင်ပင်လျက် ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနားကျင်းပရေးကော်မတီ ။

ရည်ရွယ်ချက်။


(၁) နှစ်ငါးဆယ်ပြည့်မြောက် ဖြစ်သည့် အတွက် ကြုံတောင့်ကြုံခဲ ထူးခြားတဲ့ အခမ်းအနားတစ်ခု ဖြစ်၍ ကောင်းမွန်သည့် အခွင့်အရေး တစ်ခုနှင့် အညီ ကျင်းပရန် ။

(၂) သမိုင်းတွင် ဖျောင်ဖျက်၍ မေ့ပျောက်၍ မရသော ကျောင်းသားသမိုင်း၏ အရာတစ်ခုဆိုသော ပြယုဒ်အား ပိုမို ပေါ်လွင်စေရန် ။

(၃) ဇူလိုင်(၇)ရက် အရေးတော်ပုံ အပါအဝင် ကျောင်းသားအရေးတော်ပုံ အမြောက်အများ အတွင်း ကျဆုံးခဲ့ရသော ကျောင်းသားရဲဘော်များ၏ စွန့်လွတ်အနစ်နာခံမှုများကို အသိအမှတ်ပြု၍ လေးနက်စွာ ဂုဏ်ပြုရန်။

(၄) နှစ်ငါးဆယ်ကြာမျိုးဆက် ဖြတ်တောက်ခံထားရသော ကျောင်းသားသမဂ္ဂ မျိုးဆက်များ ပြန်လည်ပေါင်းဆက်မိပြီးပိုမိုအားကောင်းသော ကျောင်းသား သမဂ္ဂမျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ။

(၅) ဗ.က.သ ၏ မူ(၅) ချက်ကို ဆက်လက်ထိန်းသိမ်းလျက် ကြိုးပမ်း အကောင်အထည် ဖော်နိုင်ရန် တို့ဖြစ်ကြသည်။

နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံအခမ်းအနား ကျင်းပနိုင်ရန် ကျင်းပရေးကော်မတီ အသီးသီးကို (၇--၂၀၁၂) နေ့၊ နေ့လည်(၁း၀၀)နာရီ အချိန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်)မှကော်မတီဝင် များ၊ မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂတွင် ပါဝင်ကြသော တက္ကသိုလ်သမဂ္ဂ အသီးသီးမှ အလုပ်အမှုဆောင် ကျောင်း သား /သူ များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်း၍ အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။

၁။ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ။

(၁) ကိုရဲရင့်ကျော် ( ၀၉- ၄၉၂ ၈၀ ၁၁၅ )
(၂) ကိုကျော်ဇင်ထွန်း ( ၀၉ - ၇၃၅၀ ၂၀၄၉ )
(၃) မမေမြတ်စိုး ( ၀၉- ၄၃၁၁ ၉၄၃၂ )

၂။ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး ဆပ်ကော်မတီ။

(၁) ကိုဝင်းမင်းသန်း ( ၀၉- ၉၁၀ ၄၄၄ ၃၅ )
(၂) ကိုဇင်မင်းသူ ( ၀၉- ၂၂၂ ၅၉ ၂၂ )
(၃) မသီရိနွယ် ( ၀၉- ၂၀ ၃၀ ၃၂၀ )

၃။ ကြိုဆိုနေရာချထားရေးနှင့်ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ။

(၁) ကိုမင်းနိုင်လွင် (၀၉- ၄၃၁ ၈၅ ၉၄၇ )
(၂) မကေဇင်ဦး
(၃) ကိုရဲရင့်ထွန်း ( ၀၉- ၄၃၀ ၁၁ ၂၄၆ )

၎။ အခမ်းအနားပြင်ဆင်ရေးနှင့်ပြပွဲများ ကျင်းပရေး ဆပ်ကော်မတီ ။

(၁) ကိုသန်းထိုက်
(၂) ကိုရဲခိုင် ( ၀၉- ၄၉ ၃၁၇ ၄၃၀ )
(၃) ကိုဆန်းလွင်နောင်


၅။ အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေရေး ဆပ်ကော်မတီ။

(၁) ကိုအောင်မှိုင်းဆန်း
(၂) ကိုဝေယျာဖြိုး ( ၀၉- ၄၇၀ ၆၃ ၂၃၃ )
(၃) ကိုကောင်းဆက်ဝင်း ( ၀၉- ၄၉ ၃၁၇ ၄၃၀ )
၆။ ပြင်ပဆက်ဆံရေးနှင့်စည်းရုံးလှုံဆော်ရေး ဆပ်ကော်မတီ။

(၁) ကိုအောင်ကျော်မိုး ( ၀၉- ၂၀၁ ၇၃ ၂၉ )
(၂) မခိုင်ဇင်သက် (၀၂ - ၇၃၃ ၉၀ )
(၃) ကိုဖြိုးသူအောင် ( ၀၉- ၄၂၈ ၃၁၈ ၄၅၆ )

===============================

နှစ်ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနား အစီအစဉ်။

--------------------------------------------------------------------------
အခမ်းအနားအစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပနိုင်ရန် ပဏာမလျာထားသည်။ သို့သော် အခြေအနေ အချိန်အခါ အရ အနည်းငယ် ပြောင်းလဲမှုဖြစ်နိုင်သည်။ ထို့အတူ ဤ အခမ်းအနားကိုတရားဝင်ကျင်းပခွင့် ရရှိရန်ကြိုးစားသွားမည်ဖြစ်သည်။

ကျင်းပမည့်နေ့ရက်။၂၀၁၂ခုနှစ်၊ဇူလိုင်လ(၅)(၆)(၇)ရက်။

ကျင်းပမည့်အချိန်။။ နေ့စဉ်နံနက်(၉)နာရီမှည(၉)နာရီထိ။

ကျင်းပမည့် နေရာ။။(စီစစ်ညှိနှိုင်းပြီးထုတ်ပြန်ကြေငြာမည်ဖြစ်သည်)

ထိုနေ့များတွင် သမဂ္ဂအလံ (အနီ) (အနက်) များ တိုင်ဝက် လျော့ချ ထူမည်ဖြစ်သည်။ စာရွက် စာတမ်းများ၊ စတစ်ကာများ၊ ဇူလိုင်(၇)ရက်စာတမ်းပါ ရင်ထိုးအနက်စများ အခမဲ့ ဝေငှမည်ဖြစ်သည်။ ထို့အတူ တီရှပ်များ၊ စာအုပ်/ မဂ္ဂဇင်းများ၊ ဘောပင်၊ ရင်ထိုး၊ ခွက်၊သော့ချိတ်၊ ပြက္ခဒိန်အသေး၊ ပို့စကဒ်၊ လက်ကိုင်ပဝါ စသည့် အမှတ်တရ ပစ္စည်းများ ရောင်းချပေးမည်ဖြစ်သည်။

ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မန္တလေးမြို့ ။

0 အိုးဝေမဂ္ဂဇင်း အတွဲ -၁ အမှတ်- ၉- ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)

Oway magazine 1-9

0 မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပန်ကြားလွှာ

0 ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအစီရင်ခံစာအမှတ်(၁)- မြန်မာ/အင်္ဂလိပ်


Photo..Popular Myanmar News Journal
Election Monitoring Network
Dear All

We have finished our Draft Report for April 1 By Election.
And we made a PC this morning at 88 generation students office.
Please see the attached files to read our draft report.
If there is any suggestion or information please kindly
let us know.

Regards
Moethway
Generation Wave
Election Monitoring Network

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.