Saturday, April 14, 2012

0 မေတ္တာ၏ ‘သာဓုပါဗျာ’ သံချပ်အဖွဲ့ ယနေ့သုံးနေရာ ဖျော်ဖြေမည်


လူရွှင်တော် မေတ္တာ၊ ကုသိုလ်နှင့် ဗေလုဝတို့၏ သာဓုပါဗျာ သံချပ်အဖွဲ့ ယနေ့မဟာသင်္ကြန် အကျနေ့တွင် သင်္ကြန်မဏ္ဍာပ် နှစ်ခုအပါအဝင် နေရာသုံးနေရာတွင် သံချပ်ဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်း လူရွှင်တော် မေတ္တာက ပြောကြားသည်။
ယနေ့ဖျော်ဖြေရန် စီစဉ်ထားသော နေရာများမှာ Naing Group မဏ္ဍာပ်၊ Skynet မဏ္ဍာပ် နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့်၏ နေ...အိမ်စသည် တို့ဖြစ်ကြောင်း၊ ဦးသိန်းညွှန့် အိမ်တွင်သွားရောက် ဖျော်ဖြေရန်စီစဉ် ထားခြင်းမှာ သံချပ်ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုရန် လွှတ်တော်တွင် တင်ပြသည့် အတွက် ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဖျော်ဖြေရန်စီစဉ် ထားသော သံချပ်ခြောက် ပုဒ်မှာ ‘သင်္ကြန်ကျပြီ’၊ ‘မိုးစာရိုးရာသင်္ကြန်’၊ ‘အိမ်မက်မက်တာ မဟုတ်ရင်ကောင်းမယ်’၊ ‘မြန်မာဆန်ကြပါ’၊ ‘ရေချမ်းစင်’၊ ‘သယံဇာတ’ တို့ဖြစ်သည်။

ကမ္ဘာအေး ဘုရားလမ်း ပေါ်ရှိ Naing Group မဏ္ဍာပ်တွင် နေ့လည် ၂နာရီတွင် လည်းကောင်း၊ Skynet မဏ္ဍာပ်တွင် ညနေ၄နာရီ ၌လည်းကောင်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ သံချပ် က ဒီနေ့ ညနေ ၅နာရီ မင်္ဂလာဈေးက Lucky 7 မဏ္ဍပ်မှာ တင်ဆက်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ညပိုင်းမှာတော့ လမ်းမတော်မြို့နယ်တွင်းလှည့်လည် ဖျော်ဖြေသွားမှာဖြစ်ကြောင်း Popular Myanmar News Journal
တွင်ဖော်ပြထားပါတယ်.
The voice weekly

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.