Saturday, December 4, 2010

1 ပညာတတ်ဆိုသည်မှာံ့ -
ရေးသူ-သက်အောင် (ကလောင်တိုက်ပွဲ)

နိုင်ငံတစ်ခုမှာ အရေးကြီးဆုံးက ပညာရေးပါပဲ ။ ပညာမြှင့် မှ လူမျိုးမြှင့် မည်ဆိုတဲ့ ဆိုရိုးစကားဟာလဲ အလကား မှမဟုတ်တာ ။ အဓိကအားဖြင့် နိုင်ငံတစ်ခုမှာ အုပ်ချုပ်သူလူတန်းစားတွေ ပညာမဲ့ ရင် အဲ့ဒီနိုင်ငံဟာလဲ ဘယ်တော့မှ တိုးတက်နိုင်မည်မဟုတ်တာ အမှန်ပါ ။ ပညာတတ်သူတစ်ဦးရဲ့ တွေးခေါ်မှု့ ပုံစံဟာ ပညာမတတ်သူတွေနဲ့တော့ ကွာခြားမှု့ရှိမှာပဲ ။ နိုင်ငံအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေ ချ တော့မယ်ဆိုရင် တွေးခေါ်မှု့ ဆုံးဖြတ်ချက်တွေဟာ အဓိကကျလာပါလှိမ့်မယ် ။

နိုင်ငံတစ်နိုင်ငံမှာ ပညာတတ်သူတွေတိုးပွား လာတာနဲ့အမျှ အဲ့ဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဝင့်ကြွားစွာနဲ့ရပ်တည်နိုင်တာပါပဲ ။ ယခုခေတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေမှာ ခေတ်ပညာတတ်လူငယ်တွေ တိုးပွားလာတာဟာ စိတ်အားတက်ကြွစရာပါပဲ ။ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်ရာမှာ လူငယ်မျိုးဆက်သစ်တွေဟာ အရေးကြီးသော အပိုင်းမှာပါဝင်နေပါတယ် ။ ပညာမျက်စိရှိ သူ များ ဟာ အမှား အမှန်ကို ခွဲခြားသိရှိနိုင်ပြီး အဆိုးအကောင်းကိုခွဲခြားသိမြင်နိုင်ပါတယ် ။ အထူးသဖြင့် တစ်ကိုယ်ကောင်းမဆန်ပဲ အများ အတွက်အားကိုးအားထားရတဲ့ သူမျိုးကိုသာ ပညာတတ်ဟုခေါ်ဆိုထိုက်ပါတယ် ။

ယခု မြန်မာနိုင်ငံကို ဥပမထား မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေသူ ဟာ ခေါင်းဆောင်မှု့ အရည်ချင်း နဲ့ပြည့်ဝမှု့မရှိတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဟာ ဆုတ်ယုတ်လာနေပြီး ပညာရေးဟာလဲ လုံးဝသုံးစားမရတော့တာအမှန်ပါပဲ ။ ဦးသန်းရွှေဟာ သာမန်စစ်သားတစ်ဦးပါ ။ ပညာမတတ်လို့ သာ စစ်ထဲဝင်ခဲ့ရတဲ့ လူစားမျိုးပါ ။ အဲ့လို ပညာမတတ်သူတစ်ဦးဟာ ကိုယ်ကောင်းစားရေးအတွက်သာ ကြည့်ပြီး နိုင်ငံ့ အရေး ပြည်သူလူထုအရေးကို လည့်ကို မကြည့်တာပါ ။ စိတ်ထဲမှာ စစ်အာဏာရှင် စနစ်တည်မြဲရေးနဲ့ မိမိ ဇနီးနဲ့ ဆွေးမျိုးများ ကောင်းစား ရေးအတွက်သာ နားလည်တဲ့ ခေါင်းမာသော လူစားမျိုးပါ ။ ပညာတတ်သူမဟုတ်တဲ့အတွက် ဘာသာစကားလဲမတတ် နိုင်ငံတစ်ကာရဲ့ ဝေဖန်ထောက်ပြ မှု့တွေကိုလဲ ဂရုမစိုက် နှိမ့်ကျတဲ့ အတွေးအခေါ်တွေနဲ့သာ ဆုံးဖြတ်ချက်တွေကိုချ နေပြီး နိုင်ငံကို စစ်အာဏာရှင်စနစ် အောက်မရောက်ရောက်အောင် နှစ်နေတာပါ ။

တစ်ဖက်ကဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မြန်မာသာမက ကမ္ဘာကပါ လေးစားရတဲ့ ခေါင်းဆောင် ကောင်းတစ်ဦး ။ ပညာတတ်သူ နိုဘယ်ဆုရှင် တစ်ဦးပါ ။ ပညာတတ်သူတစ်ဦးဖြစ်တဲ့အတွက် ဆိုးရွားလွန်းတဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် နေပြီး အရာရာပြီးပြည့်စုံတဲ့ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတာပါ ။ ပညာတတ်သူဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ရင် ဘောင် တန်းဆက်ဆံနိုင်တယ် .. လူ့အခွင့်အရေးကို နားလည်တယ် ။ မိမိကိုယ်ကျိုးကိုစွန့်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်နေတဲ့ ပညာ တတ်အမျိုးသမီးတစ်ဦးပါပဲ ။

နောက် အကောင်းဆုံး ဥပမာ တစ်ခုကို ကြည့်မယ်ဆိုရင် မြန်မာ့အနုပညာရှင်တွေထဲက ရုပ်ရှင်မင်းသား လွင်မိုးနဲ့ အဆိုတော် ဟန်ထူးလွင် တို့ ကို ယဉ်ကြည့်ကြရအောင် ..

သူတို့ တွေကို အနုပညာရှင်တွေဆိုတာ ဘေးဖယ်ထားပြီး သာမန်ပြည်သူတွေအနေနဲ့ပဲဆိုရင် .. ပညာတတ်သူ ဆရာဝန်လဲဖြစ်တဲ့ ဟန်ထူး လွင်ရဲ့ တွေးခေါ်မှု့အပြုအမူတွေနဲ့ ၁၀ တန်းတောင်မအောင်တဲ့ လွင်မိုးတို့ ဟာ အလွန်ကိုကွာခြားနေတာ တွေ့ရပါလှိမ့်မယ် ။ ပညာတတ်တဲ့ သူ မွန်မြတ်လှတဲ့ ဆရာဝန်စိတ်ထားလဲရှိတဲ့ ဟန်ထူးလွင်ဟာဆို သူ့ ရဲ့ အနုပညာရှင်ဘဝကို ဂရုမစိုက်ပဲ .. လိုအပ်နေတဲ့ သူတွေကို ကူညီဖို့  ဆိုတဲ့ အတွေးစိတ်နဲ့ ကိုယ်တတ်ထားတဲ့ ပညာကို အသုံးချပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လူမှု့ရေး ကိစ္စတွေကို ဆောင်ရွက်နေသူတစ်ဦးပါ ။ အဲ့မှာ ပညာအရည်အချင်းက စကားပြောတာပါပဲ ။ ၁၀ တန်းတောင် မအောင်တဲ့ လွင်မိုးဟာ ကြံ့ဖွံ့ ပါတီ ရဲ့ မဲဆွဲမှု့ အစီစဉ်တွေမှာ ပါဝင်ခဲ့ပြီး .. ကိုယ်တိုင်တောင် အမှတ်လောင်း လုပ်ဦးမယ်ဆိုတဲ့ နှိမ့်ကျတဲ့ အတွေးအခေါ်နဲ့လူမျိုးပါ ။

လူတစ်ဦးဟာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်မှု့ကို အကျိုးရှိစွာ အသုံးချ တတ်ဖို့ တော့လိုတယ်ဆိုတာ ပညာတတ်သူများသာ သိနိုင်မှာပါ ။ လူတစ်ဦးရဲ့ အဆင့်အတန်းကိုအဲ့ဒီလူရဲ့လုပ်ရပ်တွေက ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပါ ။ လောဘနဲ့အမှောင်စိတ်တွေ ဖုံးလွမ်း နေသူတွေအဖို့ သူများတွေကဘယ်လောက်ပဲကြိုးစားပြီး အလင်းရောင်တွေထွန်းပြနေပါစေ ငရဲပန်းကို နတ် ပန်းထင် နေ တဲ့ လူမျိုးများသာဖြစ်ပါတော့တယ် ။

သက်အောင် (ကလောင်တိုက်ပွဲ)

0 နအဖ ထောက်လှမ်းရေးမှူးချူပ်ဟောင်း ခင်ညွှန့် အသံပါပါသော ဗွီဒီယိုမှတ်တမ်း။


ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွန့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်...ညွန့်။ ။ နှစ်ယောက်စလုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အ၀တ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အ၀တ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အ၀တ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်

ရဲချုပ်က ၄င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။

ခန့်မှန်းရသလောက်တော့ ....
"ဆရာကြီးရဲ့ အဝေးရောက်တပည့် ဦးအောင်လင်းထွဌ် ခန့်မှန်းတာနဲ့တော့ တခြားစီဖြစ်တာ သေချာသလောက် ဖြစ်သွားပြီ။"
ဗိုလ်ခင်ညွန့် အသံကြားချင်သူများအတွက် အသံပါတဲ့ဖိုင်ပါ။ ဘာတွေလဲဆိုတာ ကိုယ်တိုင်သာ သုံးသပ်ကြပါတော့။ ဒီထက်ရှည်တဲ့ဖိုင် မကြာခင်တင်ပေးပါမယ်တဲ့။ စစ်အစိုးရက ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာမဟုတ်သလို၊ စစ်အရာရှိကြီးတဦးဆီကရတာပါတဲ့။ ပြသနာတွေလည်း တိုးတိုးတိတ်တိတ် တက်နေကြပါပြီ လို့ ရေးသားထားပါတယ်..။
Ye Thurein Min၏ facebookမှ

0 အမေဒေါ်စုပြန်လာပြီ-
တေးဆို-လားရှိုးသိန်းအောင်

Friday, December 3, 2010

0 ယမန်နေ့ကကျင်းပခဲ့တဲ့အမျိုးသားအောင်ပွဲနေ့မှာBBCမှတဆင့် ပြည်သူလူထုသို့အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏အမှာစကား

0 ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ် (ဓာတ်ပုံသတင်း)


ဒီပုံလေးကို ကြည့်ပြီး ဖြူစင်သူရဲ့ စိတ်ထားလေးကြောင့် မျက်ရည်ဝဲရတယ်။

photo။ ။ AP/

Thursday, December 2, 2010

1 မော်စကိုမှ ဆောင်းအိပ်မက်များ .. ( ရုရှားတဲ့ကွယ် အပိုင်း ၂ )

ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ် အပိုင်း(၁)ကို ဒီနေရာ မှာဖတ်နိုင်ပါတယ်။

ရေးသားသူ။ ။ စုပြည့်နန္ဒ

Facebook ပေါ်တွင်သာမက ဘယ်နေရာ ဘယ်စာအုပ်တွင်မဆို ဆောင်းပါးရေးသားသော သူများသည်Facts ဟုခေါ်သော အချက်အလက် အကြောင်းအရာများကို ရေးသားကြသလို Opinions ဟုခေါ်သော အမြင် များကိုလဲ ရေးသားကြပါတယ် ။ Facts များ အပေါ်တွင်လဲ စာရေးသူ၏ knowledge များ ထပ်ပေါင်း၍ Opinions များနှင့် ထပ်လောင်း၍ ရေးသားကြပါတယ် ။ထိုကြောင့် အချို့သော Post Owner ၏ Opinions များ သည် တစ်ချို့စာဖတ်သူများ သဘောမတွေ့နိုင် ဟူသော အချက်သည်လဲ ဖြစ်နိုင်ပါတယ်။ဒီနေရာတွင် အဓိကထား၍ စဉ်းစားရမည်မှာ Opinions ချည်းသက်သက် ရေးသားထားခြင်းများ မဟုတ်ပဲနှင့်Facts များအပေါ်တွင် Opinions များထပ်လောင်းဖြည့်ထားခြင်းများသာ ဖြစ်ပါတယ်။ထို့ကြောင့် အမြင်များ အထင်များချည်းသက်သက်ရေးသားထားသော Post တစ်ခု မဟုတ်ပါက Facts များ အား မိမိတို့ မကြိုက်နှစ်သက်သော်လည်း ၊ မှန်နေသမျှ လက်ခံနိုင်ရမယ် ဆိုတဲ့ဖြောင့်မှန်တဲ့ စိတ်ဓါတ်မျိုးများဖြင့် Post တစ်ခုကို ဖတ်ပါက ရေးသားသူ နှင့် ဖတ်သူများသော်လည်းကောင်း၊ဖတ်သူများအခြင်းခြင်းသော်လည်းကောင်း အပြန်အလှန်ဆွေးနွေးလို့ ကောင်းသော Topic တစ်ခု ဖြစ်နေမယ်မှာ မလွဲဧကန်ပင်ဖြစ်ပါတယ်။

Face Book ပေါ်၌ Post တစ်ခုတင်ရာတွင်Post တင်သူတစ်ယောက်အနေဖြင့် အားသာချက်များ နှင့် အားနည်းချက်များ စွာကို တွေ့လာရမှာဖြစ်ပါတယ်၊အားသာချက်များအနေဖြင့် မိမိအား ထောက်ခံအားပေးသော လူများရှိတာကိုသိလာရသဖြင့် မိမိအားစိုက်ထုတ်ရမှူကို မိမိဘာသာကျေနပ်ပီတိဖြစ်ရပါတယ်။ထို့အပြင် ပို့စ်ရေးသားသူသည် မိမိ၏ကိုယ်ပိုင်ပို့စ်တွင် မိမိတွေးမိသမျှ ၊ စဉ်းစားဖူးသမျှ အရာများနှင့် မှတ်ဖူး ၊ ဖတ်ဖူး သမျှသော အရာများအားလုံးကို လွတ်လပ်စွာထည့်သွင်းရေးသားနိုင်ပါသဖြင့်ထိုအချက်သည်လည်း အားသာချက်များစွာထဲမှ အားသာချက်တစ်ခုပင်ဖြစ်ပါတယ်။

ပို့စ်ရေးသားသူသည် အားသာချက်များအပြင် အားနည်းချက်များရှိသည်ကိုလဲ မေ့လျော့၍မရနိုင်သေးပေ။ အားနည်းချက်များဟုခေါ်ဆိုနိုင်သော အချက်များစွာတို့ထဲတွင် အပေါ်လွင်ဆုံးအချက်ကတော့ မိမိပို့စ်တွင် ပါရှိသော အချက်အားလုံး ဆွေးနွေးခြင်းမျိုးမဟုတ်ပဲနှင့် တစ်ချက်တည်း သို့မဟုတ် တစ်ချို့ အချက်များကိုသာ ထောက်ပြကတ်သတ်မေးမြန်းကြခြင်းမျိုးပဲဖြစ်ပါတယ် ။

အချို့ လူများသည် ပို့စ်ကိုမဖတ်ပဲနှင့်လဲ အပြုသဘောမဆောင်ပဲနှင့် တိုက်ခိုက်မယ် ဟူသော ဦးတည်ချက်တစ်မျိုးတည်းနှင့်လဲ ၀င်ရောက်ရေးသားမေးမြန်းကြသည့်သူများနှင့် တွေ့ကြုံရခြင်းသည်လဲ အနုတ်လက္ခာဏာ တစ်ရပ်ပင်ဖြစ်ပါတယ် ။

သမိုင်းမှား ၊ စာမျက်နှာမှားဟု ပြောဆိုနေကြသည့် သူများကို ကျွန်မကလဲ တစ်ချက်လောက်တော့ မေးကြည့်ချင်ပါသေးတယ် မြန်မာ့ပြည်တွင်းသတင်းစာများဖြစ်သော ကြေးမုံ ၊ မြန်မာ့အလင်း စသည့် သတင်းစာများသည်မိုးလုံးပြည့် မုသာဝါဒ များ ပြည့်နှက်နေသည် သမိုင်းမှား ၊ စာမျက်နှာမှားများကို နေ့စဉ် ထုတ်လုပ် ဖြန့်ဖြူးနေခြင်းကိုလျစ်လျှူရှူ၍ Facebook ပေါ်မှ တစ်ချို့သော Post များ၏ တစ်ချို့ အချက်များကိုသာ မဲ သဲ ၍ ထောက်ပြနေခြင်းမျိုးသည်မတရားသဖြင့် ဟု အပြည့်အ၀သတ်မှတ်နိုင်ပါတယ် ။ထို့ထပ်ပို၍ ဆိုးရွားသည့် အချက်မှာ Post တင်သူများအား ပုဂ္ဂိုလ်ရေးအရ တမင်သက်သက်စော်ကားခြင်းများပင်ဖြစ်ပါတယ် ။Post Owner သည် မိန်းကလေးဖြစ်ပါက တစ်ချို့ အဆိုးမြင်တစ်ဖက်ပိတ်သမားများ အတွက် အကောင်းဆုံးသော ထိုးနှက်ခွင့်များရသည့် အခြေအနေများပင်ဖြစ်ပါတယ် ။ပို့စ် တွင် ဥပမာအားဖြင့် အကြောင်းအရာ ၊ အချက်အလက် 10 ခုပါတယ်ဆိုကြပါစို့ရှင်၊ပို့စ်တွင်း ၎င်း Subject 10 ခုလုံးသည် အကုန်အမှားများသာ ဖြစ်ပါတယ်လို့ အချို့သော လူများသည်ပို့စ်ကိုလဲမဖတ် ၊ ဆိုလိုရင်းကိုလဲ မကြည့်ပဲနှင့် မျက်စိကိုစုံလုံးမှိတ်၊ နားကိုနှစ်ဘက်လုံးပိတ်ကာ၊ လက်ညှိုးတစ်ချောင်းအသင့်ထောင်ပြီးဘာပြောပြော၊ ဘာရေးရေး အဲ့လက်ညှိုးပဲ စွတ်ကာထိုးနေကြတော့တာပါပဲရှင် ၊ နောက်ဆိုးပါပေ့ဆိုသည့် အချက်တစ်ချက်မှာComments အရေအတွက်များကို လိုက်ရေတွက်ကြခြင်းပင်ဖြစ်ပါတယ် ။ဒီနေ့တော့ဖြင့် Comments ဘယ်နှစ်ခုရှိပါပြီ ၊ အဲ့တော့ ဒီပို့စ်ဟာ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုပြီး စကားများ တော်ကီပွားနေကြတဲ့ သူတစ်ချို့ကိုလဲနေရာတော်တော်များများတွင် တွေ့ရပါတယ် ။ အဖွဲ့အစည်းတစ်ခု၏ တစ်ချို့သော အချက်အလက်များကို သိရုံဖြင့် ထိုအဖွဲ့အစည်းတွင်းရှိသူများနှင့်ပတ်သတ်ပါတယ်ဆိုတဲ့ အတွေးမျိုးဖြင့် တစ်ဘက်သား မိန်းကလေး ကို ပေါ်တင်စော်ကားနေကြသော သူများကိုလဲ တွေ့ရပါတယ်။

ထိုအထက်ပါ အချက်များသည် Post တင်ကြမည့် မည်သူမဆို ကြုံတွေ့ရသည့် အချက်များဖြစ်ပါတယ် ။ ထိုအချက်များအားသိရှိနားလည်ပြီး ထိုအားနည်းချက် အားသာချက်များကို အပြည့်အ၀ လက်ခံပေးပြီးမှသာ ပို့စ် တင်ခြင်းဖြစ်ပါတယ်Post Owner တစ်ယောက်အနေဖြင့် ထိုအခြေအနေများကို နားလည်ပေးသကဲ့သို့ ၀င်ရောက်ဆွေးနွေးပြောဆိုမေးမြန်းကြမည့်သူများသည် လည်း ထိုအားနည်းချက်များနည်းသထက် နည်းအောင်မေးမြန်း ဆွေးနွေးပေးကြပါရန်နှင့် Comment တစ်ခုကြောင့် မိမိတို့၏ အဆင့်အတန်း ၊ မိမိတို့၏ စိတ်ဓါတ်များအား မိမိဘာသာမိမိ လူပုံအလယ်တွင်ဖေါ်ပြနေသည့်ပုံစံမျိုးသာဖြစ်နေပါတော့တယ် ဆိုတာကို မမေ့လျော့ကြပါစေရန် သတိပေးလိုပါတယ်။

ထိုအချက်များ ကို သတိထား၍ မိမိ အဆင့်အတန်းနှင့်လိုက်ဖက်သည့် ဆွေးနွေးချက်များဖြင့် အပြန်အလှန် မေးမြန်းပြောဆိုကြရန်ရည်ရွယ်ပါတယ် ။

သမိုင်းမှား ၊ စာမျက်နှာမှား ၊ လွဲ နေပါတယ်ဟု တောက်လျောက်ပြောနေကြသော အကိုတော်များအား တစ်ချက်လောက် ပြောကြည့်ပါအုံးမယ် ။သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမင်းကြီးက စတင် တည်ထောင်ခဲ့ပြီး ဒုတိယ မြန်မာနိုင်ငံတော်ကို တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့က ဆက်လက် တည်ထောင်ခဲ့ပါတယ် ။ထို့နောက် တတိယ မြန်မာနိုင်ငံတော်ကို အလောင်းမင်းတရားကြီးက ပြန်လည်စုစည်း ထူထောင်ခဲ့ကြောင်း မှတ်သား သိရှိခဲ့ရပါတယ် ။ သီပေါမင်းလက်ထက်တွင် အင်္ဂလိပ် နယ်ချဲ့များ၏ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ထို့နောက်တဖန် ဖက်ဆစ်ဂျပန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပြန်တယ်။လွတ်လပ် သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော နိုင်ငံတော်သို့ ရောက်ရှိရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် မျိုးချစ် ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက စတုတ္ထ မြန်မာနိုင်ငံတော်အတွက် အသက်၊ သွေးချွေး မြောက်မြားစွာ စတေးကာ ရယူပေးခဲ့ပါတယ် ။

လွတ်လပ်ရေး ရရှိခဲ့ပြီဖြစ်သော်လည်း ယနေ့ မြန်မာနိုင်ငံသည် အမှန်တကယ်တော့ မလွတ်လပ်ခဲ့ဘဲ တိုင်းတပါး နယ်ချဲ့ထက်ပင် ဆိုးဝါးသော မြန်မာပြည်သား စစ်အာဏာရှင်တို့၏ အနိုင်ကျင့်မှုအောက်တွင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ လွတ်လွတ် လပ်လပ် ပြောဆိုဆွေးနွေးနိုင်ဖို့ နေနေသာသာ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဟိုနိုင်ငံကြီး ဖြစ်နေခဲ့ ပါပြီ။ မြန်မာ့တပ်မတော်သည် ဦးနေ၀င်းပိုင် တပ်မတော်မှ ဦးသန်းရွှေပိုင် တပ်မတော် ဖြစ်နေခဲ့ပါပြီ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူရှိမှုတို့ ဆိုသည်ကား မြန်မာ ပြည်သားများနှင့် လားလားမှမဆိုင်သလို ဖြစ်နေခဲ့ပါပြီ။“ကြည်း/ရေ/လေ ထု အားမာန်ပြု၍ တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့” ဟု ဆိုခဲ့သော ရဲသုံးဘော်မှာလည်း တန်းပေါင်းစီ ကွင်းထိပ်မှ နေရာဖယ်ပေးခဲ့ရပြီး စစ်အာဏာရှင် မင်းတရားကြီးများမှ ထိပ်ပိုင်းနေရာတွေကို ယူခဲ့ကြပါပြီ။သမိုင်းကြောင်းနားလည်၍ သမိုင်းကြောင်းသိရှိနေသော အချို့ ပြည်သူများ အနေနှင့် ယနေ့ ဖြစ်ပျက်နေသော တပ်မတော်ကြီး နှင့် တပ်မတော်သားအချို့ ၏ ရပ်တည်မှူ ၊ နေရာ ၊ လုပ်ပိုင်ခွင့်အချို့တို့အား ရသင့်သလောက်မရကြသည့်အဖြစ်များကိုနားလည်ခံစားပေးကြသော်လည်း ပြည်သူတို့၏ နားလည်ခံစားပေးမှူများနှင့် မထိုက်တန်သော ထိုအရာရှိ ၊ အရာခံ များသည် အမိန့် ဆိုသည်ကို ကြားကောင်းအောင် ဟစ် နေပြီးလျင်တစ်နေ့ငါတို့လဲ ဒီလိုနေရာမျိုး ၊ လုပ်ပိုင်ခွင့်မျိုးတွေ ရရှိလာနိုင်အောင် ဘယ်လိုနည်းလမ်းများ ဘယ်လို Shortcut များ သုံးရမလဲ ဟူ၍ တွေးတောစဉ်းစားနေကာနိုင်ငံ့အကျိုး ပြည်သူ့အကျိုးဆိုသည့် အချက်ကို မေ့နေကြပြီးလျင် ပြည်သူတို့၏ ပြည်သူ့ဆန္ဒများ နှင့် ခံစားချက်များကို လျစ်လျူရှူကာ မိမိတို့ ကောင်းကျိုးများကို ခံစားရရှိနိုင်ရန်သာစိတ်ကူးများဖြင့်ရူးနေကြသူများ များသထက်များလာပါတယ် ။

ကျွန်မတို့ ပြည်သူများအနေဖြင့် ကျွန်မတို့၏ ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထုတ်ဖေါ်ပြသရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွင်ရှိနေပါတယ်။သို့သော် ယနေ့ခေတ်တွင် Facebook ကဲ့သို့သော Community Site များကိုတွင်တွင်ကျယ်ကျယ် သုံးလာကြသော ပြည်သူတစ်ချို့ နှင့်တပ်မတော်မှ ပညာတော်သင်လွှတ်ထားသော ရုရှားရောက် အရာရှိတစ်ချို့တို့သည် FB တွင် ထိပ်တိုက်တွေ့ကြသော အခြေအနေများနှင့် ကြုံကြပါတယ်။ထိုကဲ့သို့သော အခြေအနေမျိုးတွင် အပြုသဘောဆောင်သော တစ်ချို့ ပြည်သူများသည် ၎င်းတို့၏ ခံစားချက်များ၊အမြင်များ၊ တွေးခေါ်ချက်များ နှင့် သုံးသပ်ချက်များကိုPost တစ်ခုအနေနှင့် share ကြပါသော်လည်း ၊ ထိုအချို့သော ရုရှားရောက် အရာရှိများသည် အခြေအနေတစ်ရပ်ကို အလွန်လျင်မြန်စွာ ကောက်ချက်ချမှားတတ်ကြပါသေးတယ် ။

ဥပမာအားဖြင့် ဆိုရပါလျင်မူ ရုရှားသို့အရာရှိတစ်ချို့ လွှတ်၍ ဘွဲ့လွန်ယူခိုင်းသည့်ကိစ္စရပ်များအပေါ်တွင် ထိုရုရှားရောက် အရာရှိများ၏တုန့်ပြန်ချက်များမှာ တစ်ချို့သည် ၎င်းတို့အား အရာရှိများဟု ထင်မြင်စရာတစ်ကွက်မှ မရှိအောင်ကိုပင် ၎င်းတို့၏ အဆင့်အတန်းကို ဖေါ်ပြကြပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့ ဘယ်လိုရည်ရွယ်ချက်မှန်း မသိနိုင်တဲ့ လုပ်ရပ်တွေကို ပြောပြလိုက်မိတာနဲ့ တစ်ပြိုင်နက် အဆိုပါ ရုရှားရောက်အရာရှိတစ်ချို့မှာ အနာပေါ်တုတ်ကျသကဲ့သို့ဆတ်ဆတ်ထိမခံနိုင်အောင် ဖြစ်နေကြပါတယ်။ ဆောင်းပါးတွေ သတင်းတွေ အရ နိုင်ငံတော်ဟာ နျူးကလီးယားအတွက် ရုရှားနိုင်ငံကို ပညာတော်သင်အရာရှိစစ်ဗိုလ် အများအပြားအားနိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး လွှတ်နေသည့်ကိစ္စရပ်မှာ ရုရှားရောက်အရာရှိတစ်ချို့ အတွက် ငါးပွက်ရာငါးစာချသည့် အခြေအနေတစ်ခုဟု ကျွန်မမြင်မိပါတယ်။ရုရှားနိုင်ငံနှင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုတယ်လို့ သိရတာကြောင့် စာချုပ်သက်တမ်းဆုံးတဲ့ အပတ်စဉ် 50 ဟာ နောက်ဆုံးအသုတ်ဟုလဲ သိရပါတယ်။

ထိုရုရှားသို့ လွှတ်သည့် ပညာတော်သင်အစီအစဉ်များထဲတွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပါသည်ဟု ကျွန်မအဓိကပြောရသည့် အကြောင်းအရင်းမှာကျွန်မတို့နိုင်ငံတွင် ဘယ်နေရာတွင် ဖြစ်ဖြစ်.အသိုင်းအ၀န်းရှိတဲ့ အလွယ်ပြောရမယ်ဆိုရင် လူကြီးသားသမီးတွေ သူတို့ကအရင်ဆုံး အထူးအခွင့်အရေးကိုခံစားကြရပါတယ်..မြန်မာစကားဖြင့် အလွယ်ပြောရပါလျင်မူ အကပ်ရှိလျင် အေးဆေးပဲဆိုသည့် စကားသည်ထိုနေရာတွင် ပိုမိုထင်ရှားစေပါတယ် ။

ကျွန်မ လက်လှမ်းမှီသလောက်တွက်ချက်ကြည့်ရာတွင် ဘွဲ့လွန်တက်ချင်သူတွေ နိုင်ငံခြားအတွေ့အကြုံရအောင်သွားချင်တဲ့သူတွေအမျိုးမျိုးထဲမှာတွင လူကြီးသားများအား အထူးအခွင့်အရေးပေးလို့ရပါသော်လည်း ၊ ထိုလူကြီးသားများသည် ရုရှားပညာတော်သင်ကိစ္စကိုစိတ်မ၀င်စားတာပဲလား ၊ အကျိုးမရှိဟုကြိုသိနေတာပဲလား၊ သို့မဟုတ် ရုရှားပြန် ချောင်ထိုးခံ အခြေအနေတစ်ခုအဖြစ်သို့ အရောက်မခံနိုင်တာပဲလား ၊ အမျိုးမျိုးသော ဖြစ်နိုင်ခြေများဖြင့် ၎င်းတို့ လိုချင်လျင်လိုချင်သလို ရနိုင်သော အခွင့်အရေးများကို လက်လွှတ်ခံကြပါတယ် ။တစ်ကယ်တမ်း ဒီလို နိုင်ငံခြားဘွဲ့လွန်ပညာရေးဟာ စစ်တပ်ရဲ့အရေးပါတဲ့ အဓိက အစိတ်အပိုင်းဖြစ်မနေပဲနှင့် ..ဦးစားပေးအဆင့် နောက်ကျတဲ့ အပိုင်းမှာ ရှိနေမယ်လို့ တွက်မိပါတယ်..ဘာလို့လဲဆိုတော့ဒီကိစ္စကသာ တစ်ကယ် အထူးအခွင့်အရေးဆိုရင် လူကြီးသားများကို ပထမဦးစားပေးအနေဖြင့် ရွေးချယ်စေလွှတ်မည်မှာ 80 ရာခိုင်နှူန်းဖြစ်နေတာအသေအချာပါပဲ။

ထိုကဲ့သို့ ကျွန်မလို အပြင်အရပ်သူတစ်ယောက်က သုံးသပ်ချက်ကို ပိုခိုင်မာစေသည့် တစ်ချို့ လက်ရှိရုရှားတွင် ပညာသင်ကြားနေသော အရာရှိတစ်ချို့ကိုယ်တိုင်ကပင် ကျွန်မ၏ တစ်ခြားသော ပို့စ်တစ်ခုတွင် ရုရှားတွင် ပညာသင်ကြားနေသည့်အထဲတွင်လူကြီးသားတစ်ယောက်မှမပါဟု comment ပေးခဲ့ဖူးသည့်အဖြစ်မျိုးလဲ လက်တွေ့ရှိနေပါတယ်။တစ်ကယ် အထူးအခွင့်အရေးဆိုရင် လူကြီးသားတွေကို ပေးမှာက အခွင့်အရေးက 80 ရာခိုင်နှူန်းဖြစ်နေတာအသေအချာပါပဲအကိုတို့ DSAတက်တုန်း ဗိုလ်လောင်းဘ၀မှာတုန်းက လူကြီးသားများဖေါက်ရင် မသိချင်ဟန်ဆောင်တယ်ဆိုတာ တစ်ကယ်ကိုမရှိခဲ့ဘူးလားလို့ ...အရိုးသားဆုံး ဖြေပေးစေချင်ပါတယ်။ကျောင်းဆင်းပွဲတိုင်း ဓါးကိုင်လူကြီးသားဆိုတာကိုလဲ ငြင်းကြအုံးမယ်လို့တော့ မထင်မိပါဘူး ၊80 ရာခိုင်နှူန်းလုပ်ပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အ၀ရနေသော လူကြီးသားများအားပုတ်ခတ်သလိုလိုဖြစ်ခဲ့သော "လူကြီးသားများ ဓါးကိုင် ကျန်သောသူများ သေနတ်ထမ်း”....ဆိုတဲ့စကားလေးကDSA... ကျောင်းတော်ကြီးတွင် တော်တော်ထိသော စကားလေးတစ်ရပ်ဖြစ်တယ်ဆိုတာကိုလဲ ငြင်းကြအုံးမလားမသိတော့ပါဘူး...ဖတ်ဖူး..မှတ်ဖူးသလောက်ကတော့..ဒီလူကြီးသားများက..အတော်လေးကို ..စည်းကမ်းမရှိခဲ့တဲ့သူတွေဆိုတာကိုရော ငြင်းကြအုံးမလား။

မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်သား ကိုနိုင်လင်းအောင်၊

ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေသား ကိုကျော်ဖုန်းမြင့်၊

သတ္တုတွင်း ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်သား ကို ကြည်မင်းဦး

ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း သား ကို တိုးနိုင်မန်း

ငြင်းချင်သလိုသာငြင်း...ဒီပြည်သူတွေရဲ့ဘ၀က မှန်နေတာကိုမျက်လုံးနဲ့ ဒဲ့မြင်နေရလဲ သေနတ်ပြပြီး တစ်သွေးတစ်သံတစ်မိန့် ဘ၀မှာ နေသားလဲ ကျသလိုလိုဖြစ်နေပါပြီနံပါတ်တစ် ..ဘယ်သူက ဘယ်တုန်းက အောင်စစ်သည်လဲဆိုတာ ကျွန်မတို့ ပြည်သူတွေနဲ့ မဆိုင်ပါ...ကျွန်မပို့စ်မှာလဲ ထည့်သွင်းရေးထားခြင်းမရှိပါComments များ တစ်ယောက်တစ်လှည့်အပြန်အလှန်ပေးနေရင်းဖြင့် ..အဲ့ဒီအောင်စစ်သည်ဆိုတဲ့ စကားက ပါသွားရခြင်းသာဖြစ်ပါတယ် ။

နံပါတ် နှစ် အကိုတို့ အားလုံးသိသင့်တဲ့ အချက်တစ်ခုက သမိုင်းဝင်မယ့် စာအုပ်စာတမ်းမျိုး ကနေreference ယူတယ်ဆိုတာ သမိုင်းတွင်မယ့် ဖြစ်ရပ်မျိုးတွေ အတွက်သာဖြစ်ပါတယ်ရှင်အခုရုရှားကို ပညာတော်သင်လွှတ်တယ်ဆိုတဲ့ ကိစ္စရပ်ဟာ သမိုင်းတွင်တဲ့ ကိစ္စရပ်မျိုးမဟုတ်တဲ့ အတွက် သူ့အိုး နဲ့ သူ့ဆန် တန်သလောက် ကျွန်မ ကိုးကားပြီး post တင်ရခြင်းဖြစ်ပါတယ်။ကျွန်မ ကိုးကားပါတယ်ဆိုတဲ့ အချက်အလက်တွေက သမိုင်းဝင်စာအုပ်တွေထဲကလို့ ကျွန်မကိုယ်တိုင်လဲ တစ်ခါမှ မပြောခဲ့ဖူးပါဘူး ။ကျွန်မဆီမှာရှိတဲ့ တစ်ချို့သော forward mail များနဲ့ဆိုက်အချို့က သတင်းအချက်အလက်တွေကို reference အနေထားပြီးပိုစ့်ရေးပါတယ် ။ အဲ့ပိုစ့်က ဘယ်မဂ္ဂဇင်းထဲမှာမှ ထည့်မှာလဲမဟုတ်ဘယ်သတင်းထဲမှာလဲထည့်ကြေညာမှာမဟုတ်..

ဒီ Community လေးပတ်လည်မှာပဲ Share ဖြစ်တဲ့ ပိုစ့်ပါရှင်...FB မှာတင်တဲ့ ပိုစ့် တစ်ခုရဲ့ reference လုပ်တယ်ဆိုတဲ့ အချက်ဟာ ဘယ်လောက်ကို ကြီးကျယ်သင့်နေတယ်လို့ အကိုတို့ထင်နေလို့လဲမသိပါဘူး ။

သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းက ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်းဆိုပြီး စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားခဲ့ဖူးတာကို သတင်းတစ်ခုတွင် ဖတ်လိုက်ရပါတယ်အဲ့ဒါကို တက်ရောက်သော အရာရှိများ အားလုံး သိကြပါတယ်။မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။အဲ့ဒါ က တစ်ကယ်မဟုတ်နေဘူးလို့ ပြောကြအုံးမလား ။ မြန်မာနိုင်ငံမှာ မေဂျာတစ်မျိုး ရုရှားရောက်တော့မေဂျာတစ်မျိုးနဲ့ အိုးနင်းခွက်နင်း မဖြစ်ဘူးလို့တော့ မငြင်းစေချင်ပါဘူး။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။

မြန်မာပြည်က M.E ၊ B.E ၊ M.Sc. ၊ B.Sc. ဘွဲ့ရများကို မြန်မာ့ပညာရေးတွင် ဂုဏ်ထူးတန်း၊ B - tech အဆင့် လောက်သာသာရှိသော ပညာရေးအား ဘာဘွဲ့အတွက် ရုရှားမှာ လာသင်ယူနေကြရမှန်းပင် မသိကြရပါ။

နိဂုံးချုပ်ဆိုရပါရင် နိုင်ငံတော် အကြီးအကဲများအနေနဲ့ မြန်မာနိုင်ငံကို ကောင်းမွန်စေချင်ရင်၊ ပညာကို တကယ်လိုအပ်ရင် မြှောက်စားလိုရင်တော့ တကယ့်ပညာရမယ့် တိုင်းပြည် တွေကိုသာ ပညာတော်သင် စေလွှတ်စေချင်ပါတယ်။ တနည်းပြောရရင် မြန်မာ့ပြည်တွင်းမှာဘဲ မြန်မာ့ပညာရေး အတွက် ရုရှားစရိတ်များအား ထိထိရောက်ရောက် အသုံးပြု စေချင်ပါတယ်။ ယခုတော့ နိုင်ငံတော်အကြီးအကဲများက (ယေဘူယျအားဖြင့်) ပညာယူလိုစိတ် နည်းပါးတဲ့၊ differential ၊ integral စတဲ့ အခြေခံသင်္ချာကိုပင် မပိုင်နိုင်တဲ့ စစ်ဗိုလ် တချို့များအား ငွေကုန်ခံကာ စေလွှတ်နေခြင်းဟာ ရုရှားဆရာများအနေနဲ့ မြန်မာပြည်မှ ပညာတော်သင်တွေရဲ့ အရည်အချင်းကို တမျိုးမြင်သွားနိုင်ပါတယ်။စာမေးပွဲကျလို့ ပြန်ရတဲ့ အရာရှိများ မရှိဘူးလို့ ဆက်လက်၍ ငြင်းချက်ထုတ်နေအုံးမယ် လို့ မထင်ချင်ပါ ။

(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ်သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။)

0 စစ်အာဏာရှင်လှည့်ကွက်ထဲ ၀ဲဂယက်ချာလည်လည် မဖြစ်စေလိုပါ၊

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်း ဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့် ပြန်မှုတွေဟာ ယခင်ကနဲ့မတူပါဘူး။ မတူဘူးဆိုလိုက်လို့ သဘောထားပျော့ပြောင်းလာတယ်စသဖြင့် ဘာဘာညာညာပြောချင်တာ မဟုတ်ပါဘူး။

ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ကိစ္စတွေကို တောင်ကျော်လွန်သွားသလိုဖြစ်ခဲ့ရပါ တယ်။ (နအဖ) စစ်အစိုးရအတွက်တော့ ဒါတွေကအကြိုက်တွေ့နေမှာပေါ့။ ရွေးကောက်ပွဲမသမာမှုတွေကို တရားစွဲဖို့ဆိုတာကလည်း ငွေချည်း ၁၀ သိန်းတင်ရမယ်မဟုတ်လား။

(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ဆိုရတာလည်း (နအဖ) စစ်အစိုးရအဖို့ ယခင်ကလို အခြေ အနေ မဟုတ်တော့တာလည်းပါတယ်။ အဓိက အချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလို သတင်းစာကနေဆောင်းပါးရေးပြီး မိုက်တိမိုက်ကန်းတုန့်ပြန်လို့ ဖြစ်တာမဟုတ်တော့ဘူး။

“အောင်မိုးစံ” တို့ကို ရေးခိုင်းလို့လည်းရတော့တာမဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီထောင်ထားတယ်။

ဒီတော့အခြားနည်းတွေသုံးလာရတယ်။

လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရ က မနာလိုမရှုဆိတ်ပါဘူး။ ဒီတော့ ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်တွေလက် ကုန် ထုတ်သုံးလာပါတယ်။

ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ် တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော် တရားရုံးချုပ်ကနေ “ပယ်ချ”လိုက်တာပါပဲ။

နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်း ဖေါ်ပြလို့ဆိုပြီး ရက်သတ္တ ပတ် ကန့်သတ်ပိတ်ပင်တဲ့ ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း “ ဖျက်သိမ်းပြီးNLD” လို့သုံးရမယ် လို့ သံပတ်တင်းလိုက်ပါတယ်။

ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ်ဆိုတာကလည်း ကျောသားရင်သားမခွဲခြားဘူး ဆိုတဲ့ ဆင်ခြေပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်”ဆိုတာ အလံရှူးဂျာနယ်မှန်းလူတိုင်းသိပါတယ်။

နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်

ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရားကနေ (မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာ ရေးဆိုင်ရာ တာဝန် ရှိသူတွေ/ ရပ်ကွက်လူထုတွေနဲ့လှည့်ပြီးရန်တိုက်ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ရမယ်/ ဆေးရုံဆိုရင်လည်း စံသတ်မှတ်ချက်များနဲ့ကိုက်ညီရမယ်လို့ဆိုပါတယ်။

လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာမဟုတ်ပါဘူး။ သူတို့ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချတုန့်ပြန်တာပါ။

နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့် (ကြေးမုံအွန်လိုင်းသတင်းစာ) မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ရိုင်းစိုင်းစွာ ပုတ်ခတ်ဆဲရေးထားတာတွေကို နေ့စဉ်ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။

နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေကို အာရုံလွှဲပြောင်းနိုင်ဖို့အတွက် “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းညအသံတိတ် ဗွီဒီယိုအပိုင်း” ကို (facebook) ကနေတဆင့် ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲ ခဲကျသလို ဂယက်တွေပြန့်သွားပါတယ်။ ထင်မြင်ယူဆချက်တွေ ဘောင်ဘင်ခတ်သွား ပါတယ်။

ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်းသလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်းရှိပါတယ်။ စိတ်မကောင်းဖြစ်နေသူတွေ၊ သံဝေဂရနေသူတွေကိုပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့အဖမ်းခံရသူတွေထောင်ထဲမှာ အခုချိန် ထိ အများအပြား ရှိနေပါသေးတယ်။

ထောင်ထဲမှာ သေရတဲ့/ ရူးသွပ်သွားရတဲ့/ ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရသူတွေရဲ့ မိသားစုတွေ ဘယ်လိုဘဝပျက်သွားတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီနေရာမှာ သံဝေဂထက် စာနာမှုက ပိုအရေးကြီးပါတယ်။

ဗိုလ်ခင်ညွန့်ရဲ့ အဝေးရောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီးတွေက တွေ့ဖို့ နေရာပြောင်းတာ ဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက်ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့ သူတို့ဆရာကို အသားလွတ် ချီးမွန်းခန်းဖွင့်တာပါ။

“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ ပြောပါဆိုပြီး ” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကို တစ်ပတ်ရိုက်ခဲ့တာ ဗိုလ်ခင်ညွန့်ပဲမဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲညီညီရိုက်ခဲ့ကြတဲ့အကွက်တွေမဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ခင်ညွန့် ပူးပေါင်းဆောင်ရွက်လိုက်ရင် အောင်မြင်မှာပါတဲ့။

ဖိတ်သွားတဲ့နို့ကို ပြန်လည် တမ်းတနေတာ။

အဆုံးအဖြတ်အာဏာကို ဘယ်သူကိုင်ထားတယ် / ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိ ဝေဝါးနေကြဦးမှာလား။

ဘယ်သူက ဗိုလ်ခင်ညွန့်ကိုဆိုင်းငံ့ထောင်ဒဏ်၏ ၄၄ နှစ်အပြစ်ပေးပြီး ဖယ်ရှား လိုက်တာလဲ။ အခုလိုအချိန်မှာ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့်ကို ဘယ်သူက ပွဲထုတ် ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုးလုပ်ခွင့်ပေးမှာလဲ ဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ် ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေးအဖွဲ့ရိုက်ပြီး၊ သူတို့ကပဲတဆင့် ဖွပေးလိုက်တာပဲဖြစ်ပါတယ်။

အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေ ပြောနေဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက်မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။

(နအဖ) စစ်အစိုးရထံကနေ နောက်ထပ် တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော်ယူဆတယ်။

(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်းဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသပ်သပ်၊ “ဖျက်သိမ်း ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြထားတာပဲဖြစ်ပါတယ်။

ဥပဒေနဲ့ပတ်သတ်ပြီး နားလည်တတ်ကျွမ်းတဲ့ ပြည်တွင်းပြည်ပ(အထူးသဖြင့် ပြည်ပ)မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအားလုံးက တရားဝင်ပါတီဖြစ်ရေးကို ဝိုင်းဝန်းကူညီပေးကြဖို့ (တောင်းဆိုပေးကြဖို့) အမေစုကိုယ်တိုင် ဖွင့်ဟ အကူအညီတောင်းထားတာ မိုးမခနဲ့အင်တာဗျူးမှာလ...ား ဖတ်လိုက်တယ်...

ဒါပေမဲ့ လက်ရှိ သတင်းမီဒီယာတွေကတော့ ပါတီ တရားဝင်ပြန်ဖြစ်ရေးကို ဇောင်းပေးပြီး ရေးကြတာတော့ မတွေ့မိဘူး...အဲဒိအတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ...သတင်းမီဒီယာတွေနဲ့ ဖေ့ဘွတ်ပေါ်မှာ လူတိုင်း ဒီကိစ္စကို အရေးတကြီးပြောလာအောင်၊ လူတွေ ဒီကိစ္စကို အဓိကထားဆွေးနွေးလာအောင် လုပ်ကြဖို့ လိုမယ်...

အမေရှိဖို့ အရေးကြီးသလို၊ ပါတီရှိနေဖို့လည်း အရေးကြီးတယ်...

Turn On Ideas(FB)



1 ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဗွီဒီယို ဘာကြောင့်ဖြန့်တာလဲ


နေအိမ်မှာ အကျယ်ချုပ်ချထားတဲ့ နအဖဝန်ကြီးချုပ်ဟောင်း၊ အရင် စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရဲချူပ် ဗိုလ်မှူးချုပ်ခင်ရီ နေအိမ်ကနေလာခေါ်သွားတဲ့ ဗွီဒီယိုဟာ အင်တာနက်မှာ ပြန့်နေပါတယ်။

ရွေးကောက်ပွဲအပြီး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်ခါစ နိုင်ငံအတွက် အရေးကြီးတဲ့ အချိန်မျိုးမှာ ဒီဗွီဒီယို ထွက်လာခဲ့တာပါ။

ဒီဗွီဒီယိုကို အင်တာနက်မှာ ဘယ်သူတွေက ဖြန့်တာလဲ

အခုလို အချိန်မျိုးမှာ ဖြန့်တာ ဘာကြောင့်လဲ၊ဘာရည်ရွယ်ချက်နဲ့ လဲ။

ဒီဇင်ဘာလ ၁ ရက်နေ့ည လွတ်လပ် အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေနဲ့အတူ ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဇော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြူံရေးအရာရှိ ဦးဝင်းထိန် ပါဝင်ဆွေးနွေးထားကြပါတယ်။
(BBC)

0 အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရတော့မည်

ရန်ကုန်မြို့တော်ခန်းမအနီးရှိ City Star Hotal အောက်တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်တစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က ချိန်ကိုက်မိုင်းလေးလုံး ထောင်ခဲ့သည့် တရားခံနှစ်ဦးကို CCTV ကင်မရာဖြင့်မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက်ပိုင်း အင်တာနက်ဆိုင်များတွင် CCTVကင်မရာများ တပ်ဆင်ထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း အင်တာနက်များကပြောသည်။

“ဗုံးတွေ့လို့ဆိုပြီးတော့ ဆိုင်မှာ CCTV တပ်ဖို့ လာပြောထားတယ်။ လာစစ်မယ် ပြောထားတော့ တပ်ရဦးမယ်” ဟု ပန်းဆိုးတန်းလမ်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ခံတစ်ဦးကပြောသည်။ ယင်းသို့ အင်တာနက်ဆိုင်များတွင် CCTV တပ်ဆင်ရန်ညွှန်ကြားမှုကြောင့်အချက်အလက်များDownload,Upload ပြုလုပ်ခြင်းသတိထားကြရန်အင်တာနက်ဆိုင်ဝန်ထမ်းများမှ လာရောက်သုံးစွဲသူများအား သတိပေးခြင်းများ ရှိကြောင်း အင်တာနက်သုံးစွဲသူအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ အင်တာနက်ဆိုင်များတွင် လုံခြုံရေးအတွက် ကင်မရာများ တပ်ဆင်ထားခြင်း သည် အရေးပါသည်ဆိုသော်လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သော စောင့်ကြည့်မှုမျိုးကို မနှစ်သက်သော ကျောင်းသားတစ်ဦးက
“လုံခြုံရေးအတွက် ကင်မရာတပ်တယ်ဆိုပေမယ့် လိုအပ်သလောက်ပဲတပ်ခိုင်းစေချင်တယ်။ တချို့ဆိုင်တွေဆို မလိုအပ်ဘဲ အများကြီး တပ်ထားတဲ့အတွက်စိတ်စနိုးစနောင့် ဖြစ်ရတယ်” ဟု ပြောသည်။

Ref: The Flower News

0 NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရုံးချုပ်မှာပြုလုပ်တဲ့နှစ်(၉၀) ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနား(ဓာတ်ပုံသတင်း)

(၉၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ) အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်ကိုဒီနေရာမှာဖတ်ပါ


photo။ ။ Reuters

0 မိဘနဲ့တူသောအစိုးရ- အပိုင်း ( ၂ )
ရေးသူ-မောင်မောင်ဝမ်း

ကျမတို့ပြည်သူတွေအတွက် လုံခြုံတဲ့စနစ်တခုကိုတည်ဆောက်ရမယ်။

( ဒေါ်အောင်ဆန်းစုကြည်၏ RFA အဖြေကဏ္ဍ)

ကျနော် အခုရေးနေတဲ့ မိဘနဲ့တူသောအစိုးရ ဆိုတဲ့ဆောင်းပါးရေးနေစဉ်မှာပဲ တယောက်ကမိတ်ဆက်လာတယ်။ကျနော်ကလည်း လက်ခံလိုက်ပါတယ်။ သူဘယ်သူဘယ်ဝါဆိုတာမသိပါဘူး၊ ကိုယ့် အကျင့်ကိုက လူတွေအပေါ် မသကာင်္စိတ်မထားတတ်တဲ့သူဆိုတော့ ၊ စီစစ်မှု့တို့ ၊ သံသယဆိုတာလည်းမရှိပါဘူး၊ ဒီလိုနဲ့ တနေ့ သူနဲ့ ကျနော် ဂျီတော့လ်ခ် မှာဆုံပါတယ်။

“ ကို မောင်မောင်ဝမ်းလား… ” ( အမျိုးသမီးတယောက်ရဲ့ အသံပါ )

“ ဟုတ်ပါတယ်..ခင်ဗျား…”

“ ကျမ ကိုတယောက်က ပြောလို့ပါ.. အကို့ရဲ့ဆောင်းပါးကိုဖတ်ပြီးတော့ပေါ့နော်.. ကျမလည်းဖတ်ပါတယ် ဘယ်သူလည်းဆိုတာတော့မပြောပရစေနဲ့. ကျမပြည်တွင်းကနေဆက်တာပါ.. ( အသံကတော့ တော်တော်ကြည်ပါတယ်၊ ပြတ်လည်းမသွားပါဘူး၊ ကျနော် တခြားသူတွေနဲ့စကားပြောပြီဆို ဘယ်တော့မှ ကောင်းကောင်းပြောရတယ်မရှိပါ၊တော်တော်စိတ်ရှည်ရပါတယ် )

“ ဘာများပြောခြင်လို့ပါလည်း .. ကျနော် သိခွင့်ရှိမလား”

“ ဒီလိုပါ အကို့ရဲ့ဆောင်းပါးထဲမှာ .. အမေရိကားမှာ အစိုးရကလူတွေကို အငတ်မထားဘူးလို့ရေးထားပါတယ်.. ဒါပေမဲ့.သူကပြောတာက .. သူ့မိတ်ဆွေတွေအမေရိကားမှာအများကြီးရှိတယ်တဲ့ အဲဒါမေးကြည့်တော့. ငတ်သေနေတဲ့သူတွေအများကြီးရှိပါတယ်.. သူလိမ်ရေးနေတာပါလို့ပြောလို့ . ကျမသိပ်မရှင်းလို့ပါ ”

ဘယ်သူလည်းဆိုတာမပြောပရစေနဲ့လို့ စကားခံထားတော့..ဘာဆိုတာလည်းမမေးတော့ပါဘူး၊

ကျနော် တချက်ပြုံးလိုက်မိတယ်။ဘေးနားကရပ်နေတဲ့ကျနော့်အမျိုးသမီးမျက်နှာက ရှုံ့မဲ့သွားပြီး ၊ အဓိပါယ်မရှိဆိုတဲ့ ပုံစံလုပ်နေပြနေတော့.. ကျနော်က အသာလေးတားရတယ်…၊

“ အမေရိကားမှာ အခုဆို မြန်မာနိုင်ငံသားတော်တော်များများရှိပါတယ်.. သိန်းဂဏန်းလောက်တောင်ရှိမလားမသိဘူး.. တယောက်ယောက်နဲ့ အဆက်သွယ်ရှိရင်မေးကြည့်ပါ.. ခင်ဗျားသူငယ်ချင်းဆက်သွယ်တယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား အမေရိကားမှာ နေထိုင်နေတဲ့ ဘယ်မြန်မာနိုင်ငံသားမဆို ဒါကို အားလုံးသိပါတယ် ၊ ဒီလိုပါ..အမေရိကားမှာရှိတဲ့ သတ်မှတ်ဝင်ငွေထက်နည်းတဲ့ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့မည်သူမဆိုပေါ့နော်.. သူတို့ကိုအစိုးရက.. အစားသောက်ကဒ် ( Food Stamp ) ဆိုတာ ထုတ်ပေးပါတယ်။ဝင်ငွေများရင်တော့မရပါဘူး၊ အလုပ်မရှိတာတို့၊ ၀င်ငွေရှိပေမဲ့လည်း မိသားစုများလို့မလုံလောက်တာတို့အတွက်ပေါ့.. ဒါအမှန်ပါ .. တလကိုထုတ်ပေးထားတာကတော့ တပြည်နယ်နဲ့တပြည်နယ်မတူပါဘူး.. ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆိုရင်တော့.. ပျှမ်းမျှတလကို ..လူတယောက် ဒေါ်လာ ၁၇၀ လောက်ပေးပါတယ် ( သုံးယောက်ဆိုရင်တော့..ငါးရာကျော်ပေါ့ ).. အဲသလောက်ငွေဟာ လူတယောက်အတွက်ကောင်းကောင်းကိုလုံလောက်ပါတယ် .. တော်တော်ကိုကောင်းကောင်းမွန်မွန်စားရတာပါ.. အစားအတွက်ချွှေတာစားစရာမလိုတဲ့ ပမာဏပါ.. ဒါပေမဲ့ တချို့စာရိတ္တပျက်လူတွေရှိပါတယ်..အလုပ်လုံးဝမလုပ်ပါဘူး.. မူးယစ်ဆေးဝါးသုံးစွဲတယ်..အစိုးရအထောက်အပံ့နဲ့ပဲရပ်တည်တယ်..အစိုးရကလည်းသိပေမဲ့ထောက်ပံ့ပါတယ် .. သူတို့က အဲဒီ အစားအသောက်အတွက်ထုတ်ပေးထားတဲ့ ပိုက်ဆံကိုတောင်မှ ဖလှယ်ပြီး မူးယစ်ဆေးဝါးသုံးစွဲပါတယ်..ဒါကတော့ သူတို့ရွှေးချယ်ခွင့်ပါ.. အစားသောက်ကဒ်ထုတ်ပေးတဲ့နေရာမှာ ပိုက်ဆံငွေသားထုတ်မပေးပါဘူး.. ကဒ်ပြားပဲပေးလိုက်တာပါ.. အစားသောက်ကလွဲလို့ တခြားအရာတွေလည်းဝယ်လို့မရပါဘူး.. ယုတ်စွအဆုံး ဆပ်ပြာမှုန့်တောင်ဝယ်လို့မရပါဘူး.. သူတို့ဖာသာသူတို့ မစားပဲ မူးယစ်ဆေးဝါးသုံးစွဲပြီး.အငတ်ခံနေတာကတော့.. အစိုးရနဲ့မဆိုင်ပါဘူး၊ ဒါပေမဲ့လည်း..ငတ်ပြတ်ပြီးသေကြတယ်ဆိုတာကတော့ ကျနော်လေ့လာမိသလောက် မကြားဘူးတာအမှန်ပါ ခင်ဗျာ ”

သူဘက်ကအသံကတိတ်နေတယ်။ဒါနဲ့ နားရောထောင်ရဲ့လားဆိုတာသိခြင်တာနဲ့

“ ဟလို..ဟလို”

“ ကျမလိုင်းပေါ်မှာရှိနေပါတယ် …..ပြောနေတာကို နားထောင်နေတာပါ ”

“ ကျနော်တင်ပြခဲ့တဲ့ အကြောင်းအရာတွေ အားလုံးအတွက် မှန်ကန်တယ်ဆိုတာ .. ကျနော်တာဝန်ယူပါတယ် ”

“ ကျမလည်း..အခုလို အစိုးရတရပ်က ပြည်သူကို ထမင်းအငတ်မခံဘူး.. အစားအသောက်အတွက်စိတ်ပူစရာမလိုအောင်ထောက်ပံ့ပေးထားတယ်ဆိုတာ မကြားဘူးတာအမှန်ပါ .. ဗဟုသုတနည်းတယ်ပြောလည်းခံရမှာပေါ့”ကျနော်တော်တော်ရင်လေးသွားပါတယ်။ ကိုယ်ကအမှန်ကိုတင်ပြခဲ့တာတောင်မှ မလိုသူများက ကိုယ့်လိပ်ပြာကိုယ်မလုံလို့ သွေးထိုးတာနဲ့ ယုံမှားသံသယ အဖြစ်ခံလိုက်ရတယ်။ ဒါကလည်းရှင်းပါတယ် မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူမဆိုထားနဲ့ သူ့စစ်တပ်တောင်သူလုံလောက်အောင်ပေးထားနိုင်တာမှ မဟုတ်တာ၊ စစ်သားတွေလစာဘယ်လောက်များပေးထားနိုင်လို့လည်း၊ ရိက္ခာအလုံအလောက်ထောက်ပံ့မှု့ရောပြည့်ဝပါရဲ့လား မေးခွန်းထုတ်စရာပါ၊ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ စစ်သားတစ်ယောက်အတွက်လစာဟာ ပျမ်းမျှ ( ဒေါ်လာ- ၃၀၀ )၀န်းကျင်လောက်နဲ့ ရိက္ခာအလုံအလောက်ထောက်ပံ့ပေးထားနိုင်ပါတယ်။ တိုင်းပြည်မတိုးတက်ပဲနဲ့ ၊ မချမ်းသာပဲနဲ့ အဆင့်မှီ တပ်မတော်တည်ဆောက်ဘို့ဆိုတာ အတော်ကိုခက်ခဲပါလိမ့်မယ်။ ဒီနေ့ မြန်မာ့တပ်မတော်ကိုပြန်ကြည့်မယ်ဆို ဒုတိယကမ္ဘာစစ်က စစ်တပ်တွေရဲ့အနေအထားထက်မပိုဘူးလို့တောင်ပြောခြင်ပါတယ်။ မာနနဲ့ခံပြီးငြင်းမယ်ဆိုရင်ငြင်းနိုင်ပါတယ် ( အရှိတရားဟာ အမှန်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့မရနိုင်ကောင်းပါဘူး )၊ ဒါဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်း ဆန်းစစ်ကြည့်ရအောင်ပါ၊ စနစ်ကြောင့်ပါ ၊ သိပ်သေချာပါတယ် စနစ်ပါ၊ ဒီစနစ်ကို အပြောင်းပဲနဲ့ တိုင်းပြည်ဘယ်တော့မှ တိုးတက်ချမ်းသာလာမှာမဟုတ်ပါဘူး၊ ဒီအကြောင်းရာတွေကို တင်ပြရေးသားခြင်းအပေါ် မေးခွန်းထုတ်လို့ရပါတယ်။ ခင်ဗျားက အမေရိကားကို အထင်ကြီးအားကျလို့လားလို့မေးခဲ့ရင်တောင်မှ ဟုတ်ပါတယ်လို့ရဲဝံ့စွာဝန်ခံပါ့မယ်။ ကျနော် ချမ်းသာတိုးတက်တဲ့ နိုင်ငံကို အားကျလို့ အတုယူဘို့ ရေးသားတယ်ဆိုပိုမှန်ပါတယ်။ မြောက်ကိုရီးယားလို့ ပြည်သူတွေငတ်ပြတ်နေတာတောင် နောင်တမရသေးဘူး နယူးကလီးရား တန်ခိုးနဲ့ ထောင်ထောင် လုပ်နေတဲ့ တိုင်းပြည်မျိုး ကိုအားကျ မခိုင်းပါဘူး၊ နအဖပြောနေသလို မြန်မာနိုင်ငံဟာ အမှန်တကယ်ဖွံ့ဖြိုးပါတယ်ဆိုရင် တခြားကဏ္ဍကိုမပြောပါဘူး တပ်မတော်ထဲမှာရှိနေတဲ့ စစ်သားတွေကိုပဲ လုံလောက်အောင်ထောက်ပံ့ပါဦး၊ အနည်းဆုံး ထိုင်းစစ်သားတစ်ယောက်ရဲ့တစ်လ လစာဟာ ဒေါ်လာ ၃၀၀လောက်ပျမ်းမျှရှိတယ်ဆိုရင် ၊ မြန်မာစစ်သားတယောက်အတွက် ( ရိုးရိုးရဲဘော်ပေါ့ ) ဒေါ်လာ ၁၅၀လောက်ပဲပေးစမ်းပါဦး၊ အဲဒါဆို မြန်မာ့တပ်မတော် အဆင့်ရှိနေပါသေးတယ်ဆိုတာကို လက်ခံပေးလိုက်မယ်၊ နိုင်ငံတနိုင်ငံမှာ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ ဆိုတဲ့ သုံးရပ်လုံးကို တစ်ယောက် ၊ တစ်စု ၊ တစ်ဖွဲ့က ချုပ်ကိုင်ထားရင် အဲဒီနိုင်ငံ မစွံဘူးသာပြင်ပေတော့ ၊ တခုခုတော့ ချွှင်းယွင်းနေမှာအမှန်ပဲ။ တရုတ်ပြည်ကို ဥပမာပေးပြောခြင်တယ်ဆိုရင် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ ကချုပ်ကိုင်ထားတယ်၊ တိုင်းပြည်စီးပွားရေးတိုးတက်တယ်ဆိုရင် သန်းထောင်နဲ့ချီပြီးရှိနေတဲ့ လူတွေကို ထမင်းကြွေးထားနိုင်လား၊ လူအခွင့်ရေးတကယ်ပြည့်ဝစွာရနေပြီလား ၊ သတ်ခြင်တိုင်းသတ်၊ဖမ်းခြင်တိုင်းဖမ်းတွေက ရှိနေဆဲပါ၊ တည်ဆဲအစိုးရကိုဆန့်ကျင်လိုက်တာနဲ့ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပဲ ။ အမေရိကားမှာ သမတတောင် ခံတွင်းမတွေ့ရင် ဆန္ဒပြလို့ရတယ်၊ ကျနော်တို့မြို့ကို သမတ အိုဘားမားလာတယ်၊ မြို့မှာဘာလှုတ်လှုတ်ရှားရှားမှမရှိဘူး၊ အားလုံးပုံမှန်ပဲ ၊ တချို့သိတောင်မသိကြဘူး၊ သူလာတော့ သူ့ကိုမကြိုက်တဲ့သူတွေက ဆန္ဒပြကြတာပဲ သမတကလည်း အဲဒီအပေါ် ဒေါသမထွက်ပါဘူး ၊ ပြုံးပြီးတောင်လက်ပြသွားသေးတယ်၊အမေရိကားမှာ ကိုယ့်ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ်။ လူအယောက် တစ်ရာထက်မပိုရင် သတင်းပို့စရာမလိုဘူး၊ ဥပဒေဘောင်အတွင်းကငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော် ၊ ခွင့်ပြုတယ်၊လွတ်လပ်စွာရေးသားခွင့် အပြည့်ရှိတယ် ကြိုက်တာရေး၊တင်ပြ ၊ ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ဥပဒေပါ အခွင့်ရေးတွေကိုတော့ သွားမထိပါးနဲ့ လက်မခံဘူး ၊ တရားစွဲခံရမယ်သာပြင် ၊ ကိုယ်လုပ်တဲ့လုပ်ရပ်၊ ကိုယ်ရေးသားတင်ပြတဲ့ အရာတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ခံနိုင်ရမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုပေမဲ့ ပရမ်းပတာမထင်လေနဲ့ ( နအဖ ကမဟုတ်မမှန် အမေရိကံ ဆိုရင်ပရမ်းပတာနိုင်ငံလို့ထင်မြင်အောင် ၀ါဒဖြန့်ထားတာလေ) ဥပဒေတွေက အရမ်းတင်းကြပ်တယ်၊ အမေရိကားထဲမှာ ဘယ်သူမှ အိမ်ရှေ့ထွက် လမ်းမထွက် အရက်သောက်လို့မရဘူး ဒါကို ဥပဒေနဲ့တင်းကြပ်ထားတာ၊ နောက်တခါ အမေရိကံပြည်ထောင်စုမှာ အာဏာသုံးရပ်ကို သီးခြားစီခွဲထားတာ ၊ မရောဘူး ၊ ဥပဒေပြုသူတွေက ဥပဒေပြု အလုပ်လုပ်၊ တရားစီရင်ရမဲ့လူက တရားစီရင်၊ သမတ က တိုင်းပြည်အုပ်ချုပ် တခုနဲ့တခု သွားလွှမ်းမိုးလို့မရဘူး၊ ဘယ်သူကမှ ဘယ်သူ့ကို ချုပ်ကိုင်လို့မရဘူး ၊ သမတမှားရင် အရေးယူခံရမှာပဲ ( ကလင်တန် ဥပမာကြည့်ပါ ) သမတ မို့ သူလုပ်ခြင်ရာလုပ်လို့မရဘူး၊ ငါ သမ္မတ ပဲဆို တရားစီရင်ရေးတို့ ၊ ဥပဒေပြုရေးတို့ အပေါ် သွား အာဏာပါဝါပြလို့မရဘူး၊ အဲဒါ လွတ်လပ်တဲ့ ဒီမိုကရေစီ ( Liberal democracy ) ရဲ့ အနှစ်သာရပါပဲ။ ကျနော်တို့ နိုင်ငံအတွက် ချက်ခြင်းကြီး ဒီလိုမဖြစ်နိုင်ဘူးဆိုတာတော့ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါပေမဲ့ ယခုအချိန်ကထဲကစလို့ အစမပျိုးသေးဘူးဆိုရင်တော့ နောင်နှစ်ပေါင်းဘယ်လောက်ကြာကြာမျှော်လင့်ရဦးမလည်းဆိုတာကတော့ တွေးမိတိုင်းစိတ်ပျက်စရာပါ၊

နောက်တခါ အမေရိကားမှာ ဥပဒေအရပြင်းပြင်းထံထံအရေးယူဆောင်ရွှက်နေတဲ့ အရာတခုရှိတယ် အဲဒါက လူအချင်းချင်း အသားရောင်၊လူမျိုး၊ ဘာသာဓလေ့၊ ယဉ်ကျေးမှု့ အစရှိတာတွေကို ထိခိုက်ဆော်ကားရင် ဥပဒေအရပြင်းထံစွာအရေးယူအပြစ်ပေးတယ်။ လူသားအချင်းချင်းခွဲခြားဆက်ဆံရင် ဥပဒေအရပြင်းထံစွာအရေးယူအပြစ်ပေးတယ်။ကျနော်တို့ နိုင်ငံမှာ မလိုသူတွေပြောနေကြတဲ့ ကိစ္စတခုက ခေါင်းထဲဝင်လာလို့ပါ၊ အန်တီစု ရဲ့ အိမ်ထောင်ရေးကိစ္စပါ၊ ပြောလိုက်ကြတာ၊ရေးလိုက်ကြတာ ရစရာမရှိဘူး၊ လူမျိုးခွဲခြားကြည့်မြင်တတ်တဲ့ အတွေးခေါ်ဆိုတာ နှစ်ပေါင်း ရာချီပြီးနောက်ကြကျန်ရစ်ခဲ့ပါပြီ၊ အမေရိကားမှာ လူသားတိုင်း ဥပဒေပါ အခွင့်ရေးတွေကိုတန်းတူခံစားခွင့်ရှိတယ်။ သမ္မတမို့ ပိုပေးတာမျိုး ၊ မျက်နှာမရှိလို့ ပစ်ပယ်တာမျိုးလုံးလုံးခွင့်မပြုဘူး။ အစိုးရဟာ နိုင်ငံတွင်းမှာအပြောနဲ့ သူ့နိုင်ငံသားတွေကို နိုင်ငံပြင်ပရောက်တာတောင်စောင့်ရှောက်တယ်၊ အမေရိကံနိုင်ငံသားများ အခြားနိုင်ငံတခုခုမှာ ပြသနာတခုနဲ့ရင်ဆိုင်ကြုံရပြီဆို လိုက်လံဖြေရှင်းစောင့်ရှောက်တယ် ၊ အနိမ့်ဆုံး ရာဇ၀တ်ပြစ်မှု့ တစုံတရာ ကျူးလွန်တယ်ဆိုရင်တောင်မှ ( ကျူးလွန်ခြင်းအတွက် သက်ဆိုင်ရာနိုင်ငံက ချမှတ်တဲ့ ပြစ်ဒဏ်ကို မကယ်တင်နိုင်တာမှပအပ )ကျန်တာ အကုန်စောင့်ရှောက်တယ်။ ဒါပေမဲ့ ကယ်လို့၊တောင်းဆိုလို့ ရနိုင်သေးတယ်ဆိုရင်တောင်မှ ကယ်တင်တယ်၊ ကျနော်တို့ နိုင်ငံသားတွေ ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်လုပ်နေကြသူတွေရော၊ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြသူတွေရော အများကြီးပါ၊ မြန်မာသံရုံးဆိုတာ အခွန်ကောက် တဲ့ အလုပ်ကလွဲလို့ ဘာများနိုင်ငံသားအခွင့်ရေးကို အကာကွယ်ပေးနိုင်ပါသလည်း၊ ထိုင်းနိုင်ငံမှာဆို အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ နည်းလို့လား၊ ဖြစ်လာပြီဆို ဆင်ဝှေ့ရန်ရှောင် ၊ မျက်နှာလွှဲခဲပစ် စကားကလွဲလို့ ဘာမှလုပ်မပေးခဲ့ပါဘူး၊ တကယ်တော့ ကျနော်တို့ နိုင်ငံသာ စီးပွားဖွံဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်နေမယ်ဆိုရင် ဘယ်သူ နိုင်ငံရပ်ခြားကိုထွက်အလုပ်လုပ်ကြမှာလည်း၊ နိုင်ငံရပ်ခြားကိုထွက်အလုပ်လုပ်နေတဲ့သူတွေကိုတောင်မှ ကျွှန်သွားခံကြတယ်ဆိုတဲ့ရင့်သီးတဲ့ စကားတွေနဲ့ ပုတ်ခတ်သေးတာပဲ၊ ကဲ..ထားပါတော့ အဲဒီလူတွေက ကျွှန်သွားခံတယ်ဆို.. ခံခြင်လို့ခံကြတာလားလို့မေးရင်.. ဘယ်လိုပြန်ဖြေမလည်း၊ မိဘမကောင်းတော့ သူများအိမ်မှာသွားပြီး အစေခံလုပ် ကိုယ့်ဘ၀ကိုယ်ရပ်တည်ရတဲ့ သားသမီးများလိုပါပဲ ၊ အချိန်တန်ရင် မိဘက သားသမီးကို လုပ်ကိုင်မကျွှေးတဲ့ အပြင် သားသမီးလုပ်အားခထဲက အရက်ဖိုးဖြတ်တောင်းတတ်တဲ့ မိဘတွေ ကြုံဘူးပါတယ်။

ပညာရေးပိုင်းကိုကြည့်မယ်ဆိုရင်လည်း ကလေးတိုင်းကျောင်းတက်နိုင်ရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်။ ငွေကြေးတစ်ပြားတချပ်မှမကုန်တဲ့ အပြင် ကျောင်းမှာတောင် နံနက်စာ၊ နေ့လည်စာတွေနဲ့ ကြွေးသေးတာ၊ တက္ကသိုလ် ကောလိပ်တက်မယ်ဆိုရင်လည်း အမျိုးမျိုးသော ထောက်ပံ့ကြေးတွေအပြည့် ( ကျောင်းတွေတော်တော်များများက ပုဂ္ဂလိကပိုင်တွေများတယ် - ကျောင်းတက်ခအတွက် ငွေကြေးပေးရတယ် - အဲဒီငွေကြေးအတွက် အစိုးရတွေ၊ ဘဏ်တွေက ပေးတာ )လုပ်ငန်းခွင်ကိုဝင်သွားပြီဆို ပြန်ဆပ်ရတာလည်းရှိတယ်၊မဆပ်ရတာလည်းရှိတယ်။

နောက်တခါ အလုပ်အကြောင်းနည်းနည်းပြောခြင်တယ်.. အမေရိကားမှာ အလုပ်သမားအခွင့်ရေးအပြည့်ရှိသဗျ။ အလုပ်သမားသမဂ္ဂဆိုတာတွေက နေရာတိုင်းမှာ ၊ အလုပ်ရှင်တွေက ငါအလုပ်ရှင်ပဲကွဆိုပြီး အလုပ်သမားတွေကို အနိုင်ကျင့်လို့မရဘူး၊မတရားခိုင်းစေလို့မရဘူး၊အလုပ်သမားတစ်ယောက်အတွက် ရသင့်တဲ့လုပ်အားခကို ဥပဒေနဲ့သတ်မှတ်ထားတယ် ၊ တနာရီ ၇.၂၅ ဒေါ်လာ ) ဒီ့ထက်လျှော့ပေးလို့မရဘူး၊နောက် ကျနော်တို့ အာရှနဲ့မတူတဲ့ အချက်က ဒီမှာ တပတ်ကို နာရီ ၄၀ဆိုတာ ပုံမှန်အလုပ်ချိန်သတ်မှတ်ထားတယ်၊ ဒီ့ထက်ပိုရင် အချိန်ပိုလုပ်အားခပေါ့ အချိန်ပို လုပ်အားခအတွက် ပုံမှန် ထက် တဆခွဲပေးရတယ်၊ ဥပမာ ခင်ဗျားက တနာရီကို ၁၀ဒေါ်လာရတယ်ဆို အချိန်ပိုအတွက် ၁၅ ဒေါ်လာသတ်မှတ်ထားတယ်၊ လုပ်ငန်းခွင်အတွင်းမှာ တခုခုထိခိုက်အနာတရဖြစ်တယ်ဆို လျှော်ကြေးပေးရတယ်၊ အလုပ်လုပ်တဲ့နေရာမှာလည်း ဥပဒေအရသတ်မှတ်ထားတာက အလုပ်သမားတိုင်းကို နှစ်နာရီလုပ်ပြီးတိုင်း တခါနားခွင့်ရှိရမယ်တဲ့ ( ဒါပေမဲ့ ပျမ်းမျှအားဖြင့်ကတော့ နှစ်နာရီနဲ့ သုံးနာရီကြားလောက်များပါတယ် အလုပ်လုပ်ချိန်နာရီပေါ့ ) နောက် တခုက အလုပ်ရှင်တယောက်က အလုပ်သမားတစ်ယောက်ကို အလုပ်ခန့်လိုက်ပြီဆို - အဲဒီ့အလုပ်သမားကို အကြောင်းမဲ့ အလုပ်ကထုတ်ပစ်တာမျိုး ဥပဒေကခွင့်မပြုဘူး ၊ ဆိုလိုတာက ဥပမာ သူအလုပ်လုပ်တာ မကြိုက်လို့- နေထိုင်မကောင်းခနခနဖြစ်လို့ စတာမျိုးတွေပေါ့ ၊ ထုတ်ခဲ့မယ်ဆို လျှော်ကြေးပေးရတယ် ( ဒါပေမဲ့ အလုပ်ရှင်များဟာ ဒါမျိုးလုပ်ခဲပါတယ် ဘာလို့လည်းဆိုတော့ သူတို့က ဥပဒေနားလည်ကြတာများတယ်)။

ပြောရမယ်ဆို အများကြီးပေါ့ ၊ ပြောလို့ကုန်မှာမဟုတ်ဘူး စပ်မိလို့ တခုရှိသေးတယ် ကျနော်တို့ နိုင်ငံသားတွေက ရဲတို့ စစ်သားတို့တွေ့ရင် အလိုလိုကို လိပ်ပြာလန့်နေကြတာ၊ အဲဒါကို ဒီကရဲတွေက သဘောပေါက်ပုံရတယ်၊ ကျနော်တို့နိုင်ငံသားတွေတခုခုဖြစ်ပြီဆို သူတို့က မကြောက်ဘို့အရင်ဆုံးပြောတယ် ၊ ရဲဆိုတာ လူတွေကိုကူညီဘို့စောင့်ရှောက်ဘို့ပဲ ကြောက်စရာမလိုဘူး ။ တနေ့ကြုံရတဲ့ အဖြစ်ကလေးတခုပေါ့.. ကျနော့်မိတ်ဆွေ တယောက်က ကျနော့်အိမ်အလည်လာတယ်.. သူကအမျိုးသမီးပါ.. သူ့သားလေးနဲ့ ( ၁၀ လသားလောက်ပဲရှိမယ် ) လာတော့ ကျနော့်အိမ်ရှေ့ကိုအရောက် သူမောင်းလာတဲ့ကားပေါ်ကဆင်း ကားတံခါးကိုပိတ် ကျနော့်အိမ်ရှေ့က ဘဲလ်လာတီးတာပေါ့ ( ကျနော်ရှိမရှိပေါ့ဗျာ ) ၊ အဲသလိုနဲ့ သူသတိတခုဝင်သွားတယ်။ ကားထဲမှာ သူ့ကားသော့ကို ထားခဲ့ပြီး တံခါးပိတ်လိုက်တော့ ကားတံခါးဖွင့်လို့မရတော့ဘူး ၊ ကလေးငယ်က ကားထဲမှာ ၊ ဖြစ်ခြင်တော့ အဲဒီခါကြမှ ကလေးကလည်းထငိုပါလေရော၊ မအေလုပ်သူခမျာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ၊ ကားသော့ကလည်း အပိုမရှိဘူးလေ၊ ဒါနဲ့ ကျနော် ရဲစခမ်းကိုချက်ခြင်းဖုန်းဆက်လိုက်တယ်၊ အကျိုးအကြောင်းရှင်းပြတယ်။ ပြောရင်ယုံနိုင်စရာတောင်မရှိဘူး ၊ နောက်ထပ် ၁၅ မိနစ်လောက်ပဲကြာမယ်ထင်တယ်။ ရဲကားရောက်လာတယ် သူတို့နဲ့အတူ တံခါးဖွင့်ပေးဘို့ ကျွှမ်းကျင်သူပါ ပါလာတယ်ဗျ၊ ကားပေါ်က အမြန်ဆင်း ကားကိုတံခါးကောက်ဖွင့်လိုက်တာ ချက်ခြင်းပဲ ပြီးမှ ရဲအရာရှိ လုပ်တဲ့ အမျိုးသမီးက ကလေးကိုကောက်ပွေ့တဲ့ပြီး နမ်းရှုတ် မိခင်ဖြစ်သူဆီကို ပြုံးပြုံးကြီးပြန်ပေးလိုက်တယ်။ မိခင်ဖြစ်သူခမျာ ၀မ်းသာလိုက်တဲ့ဖြစ်ခြင်း ကျွှန်တော်တို့နိုင်ငံက အဖြစ်တွေနဲ့မကွာလား၊ နောက်တခါကတော့ ကျနော့် အမျိုးသမီး ၊ တနေရာကိုသွားကြတာ ကျနော်က အပြန်မှာ သူ့ကိုပြောလိုက်တယ် “ ငါတို့အပြန် တက္ကစီနဲ့ပြန်ရအောင် ”ဆိုပြီး ကျနော်က ဘေးနားမှာရှိတဲ့ ဈေးဆိုင်လေးထဲကို ခနအ၀င် အမျိုးသမီးက ရဲကားကို တက္ကစီမှတ်ပြီးသွားတားတယ်ဗျ ( သူကလည်း အဲသလောက်တုန်းတာ) ရဲကားကလည်း ရပ်ပေးပြီး သူ့ကိုမေးတယ် ဘာအကူညီပေးရမလည်းဆိုမှ အမျိုးသမီးက ရဲကားမှန်းသိတော့တယ် ၊ ဘာအကူညီပေးရမလည်းမေးတော့ ကျနော့်အမျိုးသမီးကလည်း အင်္ဂလိပ်လိုမပြောတတ် ဒုက္ခတွေ့ပါလေရော အဲဒါနဲ့ ကျနော့်ကိုလက်ညှိုးထိုးပြပြီး သူက ကျမအမျိုးသား သူက အင်္ဂလိပ်လိုပြောတတ်တယ် ကျမက မပြောတတ်ဘူးဆိုတော့ ရဲက ကျနော့်ဆီ တန်းတန်းလာတော့တာပဲ။ ကျနော်လည်း ဗြုန်းကနဲဆိုတော့လန့်သွားတယ် နောက်မှရဲကရှင်းပြတော့ ကျနော်ကလည်း ပြန်ရှင်းပြရတော့တယ် ၊ အဲဒီရဲက ကျနော့်ကိုဘာပြောသလည်းဆိုတော့ “ မင်းတို့ အာရှသားတွေက ဒီမှာ မျက်စိခနခနလည်ပြီး အိမ်မပြန်တတ်ကြဘူးတဲ့.. ငါလိုက်ပို့ရမလားတဲ့ ” ကျနော်ကလည်း အားနာသွားတာပေါ့ ။ ရပါတယ် ကိုယ့်ဖာသာကိုယ် ပြန်တတ်ပါတယ်ဆိုမှ ကျနော့်ကို အပြုံးတွေနဲ့ နှုတ်ဆက်ပြီးထွက်သွားတာ၊ ဒါတွေဟာ ကျနော့်ကိုယ်တွေ့ တကယ့်အဖြစ်တွေပါ၊

နောက်တခုက .. သက်ကြီးရွှယ်အို လူကြီးတွေကိစ္စ၊ ကျနော် အမေရိကားထွက်လာတော့ ကျနော့် အမေကိုပါ တပါတည်းခေါ်လာပါတယ်။ အမေက အသက် ၆၅ နှစ်ကျော်ပါပြီ ၊ ဒီရောက်တော့ သက်ကြီးပင်စင်ဆိုပြီး အစိုးရက တစ်လကို ဒေါ်လာ ၇၀၀ နဲ့ အစားသောက်အတွက် တစ်လကို ၂၀၀ စုစုပေါင်း ၉၀၀ ထောက်ပံ့ပါတယ် အဲဒါ အမေ အမေရိကားမှာနေထိုင်သမျှကာလပတ်လုံး ပေးသွားမှာပါ ၊ အဲဒီလိုဆိုတော့ တခါက ကဗျာဆရာကြီး ဦးတင်မိုးပြောသွားတဲ့ စကားလေးကိုသွားသတိရမိတယ်……………..

“ ကျနော် တသက်လုံးလုပ်ကြွေးပြုစုလာသော အမိမြန်မာနိုင်ငံမှ ကျနော့်အားထောင်ချလိုက်ပြီး၊ ကျနော် တခါမှလုပ်ကျွှေးသမှု့မပြုခဲ့သော အမေရိကံပြည်ထောင်စုမှ ကျနော့်အား ပင်စင်ပေးလိုက်ပါသည်တဲ့ ”

ကိုင်းပြောစမှတ်ကိုတွင်ပါလေရော့လားဗျာ၊

အနှစ်ချုပ်ကိုဆိုရရင်တော့ ကျနော် ကိုယ့် အမိနိုင်ငံကို တကယ်ချစ်ပါတယ်။ အခွင့်ရေးတွေဘယ်လောက်ပဲများနေပါစေ၊ ကိုယ့်မြေ ကိုယ့်ရေမှာပဲနေခြင်ပါတယ်၊ မှန်တာပြောရရင် အမေရိကားမှာ မပျှော်ပါဘူး၊ ဒါပေမဲ့လည်းပြန်လို့မှအခွင့်မသာတော့ ဒီလိုပဲ နေရတော့တာပေါ့၊ ကျနော် တို့ဟာ အမြဲတန်းဆန့်ကျင်ရေးသမားတွေမဟုတ်ဘူး၊ ဘာ့ကြောင့် စစ်အာဏာရှင်တွေကိုတွန်းလှန်တိုက်ခိုက်နေရတာလည်းဆိုတာကို ဒီဆောင်းပါးဖတ်ရင်သဘောပေါက်လာပါလိမ့်မယ်။ ကျနော်တို့ အမိမြန်မာနိုင်ငံကို တိုးတက်ချမ်းသာစေခြင်တယ်၊ အမေရိကံလောက်မဆိုလိုဘူး၊ ထိုင်းနိုင်ငံလောက်တိုးတက်တယ်ဆိုရင်တောင် ကျေနပ်နေမှာပါ၊ ( ထိုင်းနိုင်ငံတောင်မှ မြန်မာထက်အများကြီးတိုးတက်နေပြီ )၊

ကျနော့်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ ပြည်သူလူထုကို မိဘသဖွယ် နွေးနွေးထွေးထွေးကြင်ကြင်နာနာနဲ့ သားသမီးတွေကောင်းရာကောင်းကြောင်းကို အမြဲကြိုးစားအားထုတ်နေတဲ့ မိဘနဲ့တူသော အစိုးရဖြစ်စေခြင်တယ်။ သေချာတာတခုတော့ရှိတယ်ဗျာ စစ်အာဏာရှင်များ ယနေ့လုပ်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့တက်လာမဲ့ အစိုးရသစ်ရဲ့စည်းကမ်းပြည့်ဝသောဒီမိုကရေစီကတော့ ကျနော်တို့ အနာဂါတ်မှာ မျှော်လင့်နေမဲ့ မိဘနဲ့တူသောအစိုးရကို ဘယ်လိုမှပုံဖော်လို့မရနိုင်ဘူးဆိုတာ ရဲရဲကြီးအာမခံနိုင်ပါတယ်။

မိဘနဲ့တူသောအစိုးရကို ကျနော်တို့ပြည်သူလူထုတရပ်လုံးတောင်းတလှပါပြီ။လိုခြင်လှပါပြီ။


အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Wednesday, December 1, 2010

0 ၂၀၁၀ခုနှစ်ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ပညာရှင်အယောက်(၁၀၀)တွင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်


Foreign Policy မဂ္ဂဇင်းကြီးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့  ပေးပို့ ခဲ့သော ဗွီဒီယိုစကားပြောမှတ်တမ်းနှင့် ပြောကြားချက်

0 သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်း ( ၅ ) နှစ်ပြည့်


မေး။ ဆရာကြီးရဲ့ `` မ အ, အောင်လို့ သမိုင်းသင်ရတယ် ´´ ဆိုတဲ့စကားဟာ အလွန်နာမည်ကြီး
ပါတယ်။ ဒီစကားကို ရေးဖြစ်၊ ပြောဖြစ်ခဲ့အောင် စေ့ဆော်တဲ့ အမြင် တစ်ခုရှိရင် ပြောပေးပါ။

ဖြေ။ မန္တလေးလူထုတိုက် ဦးလှရဲ့ အလုပ်ခန်းမှာ မမျှော်လင့်၊ မချိန်းဆိုဘဲ နာမည်ကြီးစာရေး
ဆရာတစ်ယောက်နဲ့ တွေ့ တယ်။ သူက မြန်မာသမိုင်း နောက်ခံဝတ္ထုရှည်ကြီးတွေကို အပြင်း
အထန် ရှုတ်ချကဲ့ရဲ့ ပြစ်တင် ဝေဖန်နေတယ်။ သမိုင်းကို လိုသလို ပြင်ဆင်ဖြည့်စွက်ပြီး စိတ်ကူး
နဲ့ မှန်းဆရေးနေကြတာတွေကို ဆိုတာဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း သမိုင်းကို
ဘာ့ကြောင့်သင်သလဲ ဆိုတာ အတိုဆုံး ( လေမရှည်ဘဲ ) ပြောပါလို့ ကျွန်တော့်ကို မေးပါတယ်။
ကျွန်တော်က မ အ, အောင်လို့ ဖြေလိုက်တယ်။ အဲဒါကို ၄ မျိုးခွဲပြီး အကျယ်ပြောလို့ ရပါတယ်။
ရှင်းပြမယ်ဆိုရင် သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန်မယ်။ တိကျမှန်ကန်တဲ့
အထောက်အထားကို ရအောင် ရှာထားနိုင်ရင် မ အ, ဘူးပေါ့။ သူများ လိမ်ညာတာ မခံရဘူးပေါ့။
သမိုင်းမှတ်တမ်းတင်သူတွေဟာ ကတိမလိုက်ရဘူး။ ချစ်လို့ မြှောက်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့ တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ၀န်မခံချင်လို့ ဖြစ်ကတတ်ဆန်း
ရေးတယ် ဆိုတာမျိုး ဘယ်တော့မှမလုပ်ရဘူး။ ကတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို
ရှာပြီး လေ့လာပါလို့ ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချုပ်ကတော့ မ အ, ဘူးပေါ့။
သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတယ်ဆိုတိုင်း မှတ်တမ်းကိုလည်း မစစ်ဆေးဘဲ လက်မခံရဘူး။ အချို့ မှတ်တမ်းတွေ လိမ်ညာဖြီးဖြန်း ဖုံးကွယ်ရေးထားတာတွေ ရှိနေတယ်။အထက်ကို တင်ပြရတဲ့ မှတ်တမ်းတွေမှာ အခြေအနေမှန်နဲ့ တလွဲစီရေးထားတာမျိုး ခဏခဏတွေ့ ရတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ်ရေးထားတာတွေလည်းရှိတယ်။ အပြစ်ကို အကြောင်းရင်း မပြောဘဲနဲ့ ထိမ်ချန်ရေးထားတာလည်းရှိတယ်။ အဲဒါကြောင့်သမိုင်းပညာရှာသူ၊ လေ့လာသူဟာ အခြေအနေမှန်၊ ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာဆန်းစစ်ပြီး တွေ့ ရှိရင် အလိမ်မခံရတော့ဘူးပေါ့။ မ အ, တော့ဘူးပေါ့။

မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေလည်း ရှိတယ်။ ဥပမာ ဖက်ဆစ်တော်လှန်ရေးကာလက ဖက်ဆစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို တရားဝင် ရေးမှတ်ထားတာ မတွေ့ ရပါ။အင်မတန်ကြီးကြယ်တဲ့ ကိစ္စကို ပေါ့ပါးသွားအောင် ဖန်တီးထားတဲ့ မှတ်တမ်းမျိုးတော့ ရှိချင်ရှိမယ်။ ခြွင်းချက်တစ်ခုကတော့ ဂျာမန်တွေဟာ မှတ်တမ်းကို ဂရုစိုက်ပြီး ရေးမှတ်လေ့ရှိလို့ နာဇီတွေရဲ့ မှတ်တမ်းတွေကတော့ ကျန်ရစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အနှိပ်စက်ခံရသူတွေနဲ့ဆက်စပ်နေသူတွေက ဘယ်မေ့မလဲ။ ဒါ့ကြောင့် အချို့ မှတ်တမ်းကို ကွင်းဆင်းစစ်ဆေး ရယူရတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရသူတွေ၊ သူတို့ ဆီကတစ်ဆင့် သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့၊ တိုက်ဆိုင်စစ်ဆေးလို့ မှန်ကန်တဲ့စကားကို အတည်ပြုပြီး ရှေ့ နောက်ညီညွတ်အောင် ရေးရမယ်။ အဲဒီလို အဘက်ဘက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့
စာတမ်းရပြီဆိုရင် တကယ့်အခြေအနေမှန်ကို သိပြီဟေ့ လို့ ပြောနိုင်တယ်။ မ အ, တော့ဘူးပေါ့။

...........................................................

ဒီနေ့ ( ၃၀- ၁၁- ၂၀၁၀ ) ဟာ သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်း ကွယ်လွန်ခဲ့တာ ( ၅ ) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
တကောင်းစာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ `` ဒေါက်တာသန်းထွန်း - သမိုင်းနှင့် စကား
ပြောခြင်း ´´ စာအုပ်ထဲက တချို့ ကို အမှတ်တရအဖြစ် ကူးယူဖော်ပြလိုက်ပါတယ်။


အောင်မျိုးထွန်း
၃၀- ၁၁- ၂၀၁၀

0 DKBAနဲ့မြန်မာစစ်တပ်တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးလာရသောဒုက္ခသည်များ၏အတွေ့အကြုံပြောဆိုချက်အသံဖိုင်





ပေးပို့သောကိုဇော်သူရအားကျေးဇူးတင်ရှိပါသည်။

0 ဗိုလ်ချုပ်အောင်ဆန်းဈေးသွားလည်တဲ့အမေနဲ့သား





photo။ ။AP

Tuesday, November 30, 2010

0 မြန်မာပြည်သို့အိတ်ဖွင့်ပေးစာ(၁)

Flyer to Myanmar 1
မိတ်ဆွေတို့ရေး အစားကောင်းကောင်း စားရင် မိတ်ဆွေတွေကို သတိရသလို စာကောင်းကောင်းလေးတွေ ဖတ်ရပြီ ဆိုရင် လည်း မိတ်ဆွေတို့ကိုအရင်ဆုံး သတိရတတ်တာ အကျင့်လို ဖြစ်နေပြီ ။ အခုလည်း ဆောင်းပါးလေး တစ်စောင်ရလို့ ပြန်လည် မျှဝေလိုက်ပါတယ် ။ တင်ပြချက်တွေ
တော်တော်လေးကို ကောင်းမွန်ပါတယ် ။ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

0 ဒေါ်အောင်ဆန်းစုကြည် ကိုဌေးကြွယ် မိခင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနား သို့ တက်ရောက်


2 ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

စုပြည့်စန္ဒာ(FB)
မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွား တက်ရဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအနေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိ များသာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှားနိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။

ထို့အပြင်
ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှားပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။

“ရုရှားသို့ ပညာတော်သင် သွားခြင်း
” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်

12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။

ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကိုသတိမထားမိကြပေ။“သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။

သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊နောက်ကွယ်မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။

ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။



“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "

“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”

“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”

လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်းပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။

ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်

(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?

(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?

(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?

(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?

အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့

ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။

အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။

အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်းသာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေတာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???

စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည်ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။

ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည်နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက်လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။

“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခုတော့ ထွက်လာပါလိမ့်မည်။

ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။

အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။

တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊

ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။...............................


(ရုရှားရောက် အကိုတော်အရာရှိများအတွက် အမှတ်တရ ရေးသားလိုက်ပါကြောင်း နှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးကို အမှန်တစ်ကယ်သယ်ပိုးရွက်ဆောင်နိုင်သော သားကောင်းဇာနည်များ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါ၏ ။)

0 eleven ဂျာနယ် အယ်ဒီတာရဲ့ facebook ပေါ်မှ ဖြေရှင်းချက်လေးပါ

Suu Free Unite & Advance to grab their hope
ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန်မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာနေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်းဖြစ်နေရှာပါတယ်။ ဒီမနက်ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO
တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဟုတ်ပါတယ်။အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကိုဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။
ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့်တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ First ElevenSports Journal ဟာ ကျွန်တော်တို့ရဲ့ဘ၀ပါ။ Eleven Media Group ရဲ့အစဟာFirst Eleven Sports Journal ပါ။ First Eleven ဆိုတာသာမရှိခဲ့ရင် Weekly
Eleven ၊ Premier Eleven ၊Bi Weekly Eleven ဆိုတာတွေလည်းရှိလာမှာမဟုတ်ပါဘူး။ First Eleven ဂျာနယ် စတင်ထုတ်ဝေစဉ်ကာလတွေက အခုလိုဝန်ထမ်းတွေအများကြီးလည်း မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ CEOကိုယ်တိုင် တစ်နေ့(၃၊ ၄)နာရီပဲအိပ်ပြီး အပြည့်အ၀ အာရုံစိုက်အလုပ်လုပ်ခဲ့တာပါ။ တစ်ပတ်(၇)ရက်လုံး နားရက်မရှိ လုပ်ခဲ့သလို၊ အခုမီဒီယာသက်တမ်း (၁၁)နှစ်အထိ ကျွန်တော်တို့ ရုံးပိတ်တယ်ဆိုတာလုံးဝမရှိပါဘူး။ ကုန်ကုန်ပြောရရင် နာဂစ်ဖြစ်တုန်းက မီးမရှိ၊ ရေမရှိ၊အစားအသောက် ၀ယ်စားစရာဆိုင်မရှိ၊ တစ်ရုံးလုံးလည်းပျက်စီး၊ဘာဆိုဘာမှမရှိတဲ့ အခြေအနေမှာတောင် ပုံမှန်ထွက်ရမယ့်ဂျာနယ်ကိုပုံမှန်အတိုင်းထွက်အောင် ရတဲ့နည်းနဲ့ရသလို လုပ်ခဲ့ကြတာပါ။အခုနောက်ပိုင်းမှ စာပေစိစစ်ရေးက အစိုးရရုံးပိတ်ရက်တွေရှိလို့သင်္ကြန်ရက်မှာဂျာနယ်ထုတ်ခွင့်မရလို့ နားရတာပဲရှိပါတယ်။ ဒါတောင်သင်္ကြန်တွင်းမှာ ရုံးလုံးဝမပိတ်ပါဘူး။ ပုံမှန်အလုပ်တွေ လုပ်မြဲပါပဲ။အခုကိစ္စမှာ First Eleven မျက်မှာဖုံးမှာပါတဲ့ စာသားတွေနဲ့ ပတ်သက်ပြီးတာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းက သူဘာကြောင့် ဒီလိုရေးတယ်ဆိုတာရိုးရိုးသားသား ၀န်ခံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ Eleven Mediaအနေနဲ့ ဒါမျိုးတော့ လုပ်လေ့မရှိပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုဟာ Eleven Mediaရဲ့မူဝါဒစည်းကမ်းနဲ့ လွဲချော်မှု ရှိခဲ့ပေမယ့် သူ ဘယ်လိုလူမျိုးဆိုတာ ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲ သတင်းသွားယူစဉ်ကသူတင်ပြတာတွေကိုဖတ်ဖူးသူတိုင်း သိပါတယ်။ သူကျွန်တော်တို့ဆီမှာ လုပ်သက်(၈)နှစ်ကျော်ပါပြီ။အဲဒီရက်ပိုင်းမှာအပြင်မှာဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေအရ သူ့မှာEmotion တွေ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်။ သူပြောတာက'' အဲဒီတစ်ပတ်
ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို ဆန်းဒါးလန်းကအဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့နိုင်တယ်။ ဒါဟာ အံ့အားသင့်စရာ ရလဒ်ဆိုတာပရိသတ်တိုင်းသိတယ်။ အဲဒီလိုပဲ မန်ယူကလည်း ဗီလာကို (၂)ဂိုးရှုံးနေရာကနေလိုက်ကစားပြီး သရေကျခဲ့တယ်။ အာဆင်နယ်ကျတော့ ခက်ခက်ခဲခဲကစားရမယ်လို့ထင်တဲ့ အဲဗာတန်ကို အလွယ်တကူပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။

ဒါကြောင့် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒီအသင်းတွေရဲ့ရလဒ်ကို coverမှာတင်ဖို့ ခေါင်းစဉ်စာသားတွေ ချရေးခဲ့တယ်။ အသင်းတွေရဲ့အမည်စာသားတွေကထူးခြားနေလို့ စာသားတွေကို အရောင်လေးတွေ ခွဲကြည့်လိုက်မိတယ်။ အဲဒီမှာလက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်နေတာကိုတွေ့ရတယ်။ ကျွန်တော့်မှာ
ဘာရည်ရွယ်ချက်မှ မရှိသလို၊ ဘာလှုံ့ဆော်မှုမှလည်း မပါပါဘူး။ နောက်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတာ ဂျာနယ်အသီးသီးမှာဖော်ပြထားသလို၊ စိစစ်ရေးက ခွင့်ပြုတာကိုလည်းသိရတယ်။
ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ် ရှိကြဖို့ကိုပဲရည်ရွယ်ခဲ့တာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကမှာ သတင်းသွားယူတုန်းကသူတို့နိုင်ငံရဲ့တိုးတက်မှုတွေက အားကျစရာပါ။ အရင်တုန်းက အသားအရောင်ခွဲခြားမှုတွေရှိခဲ့တဲ့ တောင်အာဖရိ ကနိုင်ငံဟာ လူဖြူ၊ လူမည်းသွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတိုးတက်အောင် အတူတကွလုပ်ဆောင်နေတာကျွန်တော်တို့ နမူနာယူစရာဖြစ်နေပါတယ်။ သူတို့လို အသားအရောင်လူမျိုးမတူတဲ့သူတွေတောင် သွေးစည်းညီညွတ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာတစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ မြန်မာနိုင်ငံသားတွေအားလုံးဘာလို့မညီညွတ်နိုင်ရမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံး ညီညွတ်ပြီးဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ရဲ့မျော်လင့်ချက်တွေ ပြည့်ဝစေလိုတဲ့ ရည်ရွယ်ချက်ပဲရှိပါတယ်။

ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ရည်ရွယ်ချက်မရှိသလို၊ဘာနိုင်ငံရေးလှုံ့ ဆော်မှုမှလည်းမပါပါဘူး''လို့ ပြောပါတယ်။ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာကျွန်တော်တို့ သိပါတယ်။ လိုက်လည်းလိုက်နာခဲ့ပါတယ်။စည်းကမ်းဘောင်အတွင်းကပဲ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့် အခုလို
အပြောင်းအလဲကာလတစ်ခုမှာ First Eleven ပိတ်ခံရတာ ၀မ်းနည်းစရာကောင်းပါတယ်။ဒါဟာ ကျွန်တော်တို့ ဂျာနယ်အတွက်ပဲ မဟုတ်ပါဘူး။ စိစစ်ရေးကအခုလိုဂျာနယ်(၉)စောင်ပိတ်တာဟာ မြန်မာမီဒီယာ လောကတစ်ခုလုံးနောက်ပြန်သွားသလို ဖြစ်ရတဲ့အတွက်ကြောင့်ပါ။

ဒီစိတ်မကောင်း ၀မ်းနည်းမှုနဲ့အတူ လွန်ခဲ့တဲ့ (၇)နှစ် အကြာ ၂၀၀၃ ခုနှစ်၊ဇူလိုင်လ(၁၇)ရက်နေ့ကိုလည်း မျက်စိထဲပြန်မြင်လာမိပါတယ်။ အဲဒီတုန်းကလည်းအခုလိုပါပဲ။ ကျွန်တော်တို့ Eleven ရဲ့ ဖြတ်သန်းလာတဲ့ကာလ တစ်လျှောက်တစ်ပတ်(၇)ရက်အလုပ်လုပ်ပြီး လုံးဝရုံးမပိတ်ခဲ့ဖူးတဲ့ရုံးခန်းတံခါး(၂)ရက်တိတိ အပိတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ(၁၇)ရက်ကနေ(၁၉)ရက်နေ့ အထိ ရုံးခန်းတံခါး ချိပ်ပိတ်ခံခဲ့ရတာပါ။ (ဒီဖြစ်ရပ်မတိုင်ခင်တစ်ပတ်အလိုမှာ ဂျာနယ်တစ်ပတ် အပိတ်ခံခဲ့ရပါတယ်)။ ဥပဒေရဲ့ အထက်မှာရောက်ရှိခဲ့တဲ့အဖွဲ့အစည်းဖြစ်လို့ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့
တပ်မတော်ထောက်လှမ်းရေးက အဲဒီတုန်းက ကျွန်တော်တို့ရုံးကိုနာရီပေါင်းများစွာ ၀င်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။
ဘာမှလည်းရှာမတွေ့သွားပါဘူး။ ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှလည်းရှိမှမရှိတာ။ဒါပေမယ့် ကျွန်တော်တို့ CEOအပါအ၀င် အယ်ဒီတာ(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာအပြစ်မှမရှိတဲ့အတွက် (၂)ရက်အကြာမှာ CEOပြန်လွတ်လာသလို၊ ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပေမယ့် အယ်ဒီတာတစ်ယောက်ကတော့ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။ (နောက် တစ်နှစ်ခွဲကြာမှပြန်လွတ်ခဲ့ပါတယ်)။ သူလည်းဘာအပြစ်မှမရှိပါဘူး။

အဲဒီတော့ဗျာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာအခြားဘာရည်ရွယ်ချက်မှမရှိဘူး။ ကျွန်တော်တို့က တိုင်းပြည်ကိုချစ်တယ်။တိုင်းပြည် တိုးတက်စေချင်တယ်။ အမှန်တရားကို မြတ်နိုးတယ်။အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်တယ်။ အမှားကိုဘယ်တော့မှ အမှန်မလုပ်ဘူး။ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့မူဝါဒက အဲဒါပါပဲ။ အရင်ကလည်း ဒီအတိုင်းပဲ။အခုလည်း ဒီအတိုင်းပဲ။ နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ဘယ်တော့မှမပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည် လုပ်ဆောင်မှုတွေကိုထင်ရာမြင်ရာတွေနဲ့ လိုရာဆွဲပြီး ချောက်တွန်းတာတွေလည်း မဖြစ်စေချင်ပါဘူး။ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကလည်း ဘာအခက်အခဲပဲတွေ့တွေ့ ဘာအနှောက်အယှက်ပဲ
တွေ့တွေ့ မပြောင်းလဲပါဘူး။
ဝေဖြိုး :တာဝန်ခံအယ်ဒီတာ ၊ Eleven Media Group

ပေးပို့သော kongsulinအားကျေးဇူးတင်ရှိပါသည်။

Monday, November 29, 2010

0 ၉၀ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်စေသော ဂီတသံများဖြင့် ကျင်းပ




တိုကျို၊ နိုဝင်ဘာ(၂၈)၏

သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)

လာမည့် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ၉၀ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ဂျပန်နိုင်ငံရောက် မျိုးချစ်မြန်မာများက စုစည်း၍ အမျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်စေသော ကိုလိုနီခေတ် မြန်မာသံစဉ်တေးဂီတသံများဖြင့် တိုကျိုမြို့တွင် ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)က အဓိကဦးစီးခဲ့ပြီး အမျိုးသမီးသမဂ္ဂ၊ အန်အယ်လ်ဒီ(အယ်အေ-ဂျပန်)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များက အမှာစကားပြောကြား၍ ကိုလိုနီခေတ်အမျိုးသားရေးလှုပ်ရှားမှုနှင့် မျက်မှောက်ခေတ်ယနေ့မြန်မာပြည်အခြေအနေများကို လူငယ်တချို့မှ၎င်းတို့၏အမြင်နှင့် တွဲဖက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

``အမျိုးသားနေ့က နှစ်ကိုးဆယ်တိုင်ခဲ့ပြီဖြစ်လို့ တချိန်ကအမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှေးကလူကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော မမေ့သင့်မမေ့အပ်တဲ့ တိုင်ပြည်ရဲ့နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နောက်တကြောင်းက အခုအချိန်ဟာ မြန်မာပြည်အတွက် နိုင်ငံရေးအရ အင်မတန်မှအရေးကြီးနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာ မြန်မာပြည်သူပြည်သားတွေအားလုံးကိုရော တိုင်ပြည်ကို စစ်ကျွတ်ဘ၀ကနေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ကျောင်းသားတွေအတွက်ရော ဆထက်တပိုးတိုးပြီး အားတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ရခြင်းဖြစ်ပါတယ်´´ဟု မြန်မာအမျိုးသမဂ္ဂဥက္ကဋ္ဌ ဒေါ်ချိုချိုအေးက ပြောပြသည်။

အထူးသဖြင့် အခမ်းအနားအစီအစဉ်၏ သုံးပုံနှစ်ပုံခန့်ကို `တို့ဗမာ´သီချင်းအပါအ၀င် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးယဉ်ကျေးမှု တေးဂီတဖျော်ဖြေတင်ဆက်မှုနှင့် အမျိုးသားနေ့အစတက္ကသိုလ်ကျောင်းသားသပိတ်ကဟု အဆိုရှိသည့်အတိုင်း တက္ကသိုလ်အောင့်မေ့ဖွယ် တေးဂီတသံစဉ်များဖြင့် တက်ရောက်လာသူများအား သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

မြန်မာ့ရိုးရာပွဲခံမင်းသမီးအကကို မ၀င်းဝင်းမြင့်မှကပြ၍ မစံပယ်၏စောင်းလက်သံဖြင့် ဒေါ်ချိုချိုအေးမှ ``ဇေယျတုသဗ္ဗမင်္ဂလံ´´သီချင်းကြီးကိုလည်ကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကို ဂုဏ်ပြုထားသောသီချင်းနှင့်ဂီတဗိမာန်တေးသီချင်းကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကျော်စိုးကလည်ကောင်း၊ မဖြူဖြူမြင့်မှ ``မြနန္ဒာ´´သီချင်းဖြင့်လည်ကောင်း၊ ``ဇွဲ´´သီချင်းကို ကိုကျော်သူရတို့မှအမျိုးသားမာန်အပြင့်ဖြင့် အားတက်ဖွယ်သီဆိုဖျော်ဖြေခဲ့ကြသည်။

``ဂီတဆိုတာက အစွမ်းပကားကြီးမားပါတယ်၊ `တို့ဗမာ´သီချင်းမျိုးဆိုရင် အင်မတန်မှအမျိုးသားရေးစိတ်ဓါတ်ကို တက်ကြွစေပါတယ်၊ ဒီသီချင်းကြောင့် နယ်ချဲ့တိုက်ပွဲထဲမှာ လူတွေအများကြီး ပါဝင်လာတဲ့အထိစွမ်းခဲ့တယ်။ အဲ့ဒိသီချင်းပေါ်တုန်းကဆိုရင် ချက်ခြင်းပဲ သခင်နှစ်ယောက်ပေါ်လာပြီး သခင်မျိုးဟေ့ တို့ဗမာဆိုပြီးထကြွေးကြော်ရာကနေ နောက်အားလုံးပါဝင်လာခဲ့တယ်။ ဒါ့တော့အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့် နောင်လာနောက်သားတွေကို သိစေချင်တယ်၊ ကြားစေချင်တယ်၊ ပိုပြီးတော့လည်း မျိုးချစ်စိတ်တွေ တက်ကြွစေချင်တယ်´´ဟု ဂီတဖြင့်ကျင်းပရခြင်းအကြောင်းကို ပြောပြခဲ့သည်။

မိနားမိအိုးစုခ ခန်းမတွင် ပြုလုပ်သော ၉၀ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီးဦးဝင်းတင်မှတယ်လီဖုံးဖြင့် အမှာစကားပြောကြားပေးခဲ့ပြီး လူဦးရေ တရာကျော်ခန့်တက်ရောက်လာခဲ့ကြောင်း ခန့်မှန်းသိရှိရသည်။

0 ယနေ့ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာ (၂၀)ခန့်မှ တောင်ဒဂုံရှိ HIVဝေဒနာရှင်များအား သွားရောက်အားပေး လှူဒါန်း



သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ

ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..
နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများမှလည်း တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်..။

ပေးပို့သော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 ရွေးကောက်ပွဲမသမာမှု ဖြေရှင်းဖို့နဲ့ အကျဉ်းသားတွေလွတ်ဖို့ ကုလအကြံပေးအရာရှိ တောင်းဆို

ကုလအထူးအကြံပေး နမ်ဘီးယားရန်ကုန်လေဆိပ်တွင်ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် ပြောဆိုနေပုံ(photo:AP)

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်လို့ ဝေဖန် စွပ်စွဲတာတွေကို ဖြေရှင်းဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကူးအပြောင်း အောင်မြင်ဖို့အတွက် ကျယ်ပြန့်ပြီး အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့သူတွေကိုရော၊ မ၀င်ခဲ့သူတွေကိုပါ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား အားလုံးကို လေးစားပါကြောင်း၊ အခုချိန်ဟာ အမျိုးသား အကျိုးစီးပွားအတွက် ရှေ့ရှု လုပ်ဆောင်ဖို့ အချိန်ဖြစ်ပြီး၊ နိုင်ငံရေး အကူးအပြောင်း အောင်မြင်ဖို့အတွက် ဒီလုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲ ၀င်ပြီး အနိုင်ရခဲ့သူတွေ သာမက ရွေးကောက်ပွဲ မ၀င်ခဲ့သူ၊ ၀င်ခွင့် မရခဲ့သူတွေကိုလည်း ပါဝင်ခွင့် ပြုသင့်ကြောင်း မစ္စတာနမ်ဘီးယားက တိုက်တွန်းထားပါတယ်။

ဒါကြောင့် ပထမဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ အစိုးရသစ်နဲ့ နိုင်ငံ့အဖွဲ့အစည်း အသီးသီး ဖွဲ့စည်းချိန်ဟာ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ အထူး အရေးကြီးတဲ့ အခွင့်အရေး ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့သလို ဒေါက်တာသန်းငြိမ်း ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ၊ ဦးသုဝေ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ အစိုးရ အရာရှိတွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း ကုလသမဂ္ဂရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

(RFA)

Sunday, November 28, 2010

2 ကရင်နီတပ်တွေနဲ့ နအဖတိုက်ပွဲသတင်းဗွီဒီယို


မူရင်း။ ။ http://dawnoway.blogspot.com/2010/11/blog-post_9784.htmlမှ

0 လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေးအဖြေ)




အရှင်ပညာနန္ဒ။ ။ အရှင်ပညာနန္ဒက အရင်ကတော့ absdf ၁၉၈၈အရေးတော်ပုံအပြီးမှာ နယ်ခြားကိုရောက်ရှိလာတဲ့ အဲဒီလှုပ်ရှားမှုတွေကတဆင့် အခုတော့ newyork ပြည်နယ် ယူတီဂါမြို့မှာသီတင်းသုံးနေထိုင်လျက်ရှိပါတယ်။

ဒါကာမကြီးဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တဲ့မေးခွန်းတခုကလေအခုဦးဇင်းထင်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စမှာ ဒီမိုကရေစီဖော်ဆောင်မှုကိစ္စမှာ ဗိုလ်ချုပ်ကြီးတွေက သူတို့ အကြောက်တရားတွေ လွှမ်းမိုးပြီးတော့ ဒီအာဏာကိုမစွန့်လွှတ်နိုင်ဘူးလို့ဦးဇင်းထင်တယ်လေ။အဲဒါကြောင့်မို့လို့ဗိုလ်ချုပ်ကြီးတွေ အကြောက်တရားပြေပျောက်သွားအောင်လို့လေ..ဒါကာမကြီးဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘယ်လိုမျိုး လုပ်ပေးနိုင်သလဲဆိုတာ အဲဒါဦးဇင်းအနေနဲ့သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အကြောက်တရားရဲ့အခြေခံကတော့မလုံခြုံတဲ့စိတ်ဓာတ်ဖြစ်ပါတယ်. အဲဒီတော့ မလုံခြုံတဲ့စိတ်ဓာတ်တွေ လျော့သွားအောင် လျော့ပါးသွားအောင်ဘယ်လိုလုပ်ရမယ်ဆိုတာ ကျမတို့အားလုံးဝိုင်းပြီးတော့စဉ်းစားဖို့လိုပါတယ်။ ကျမအနေနဲ့တော့အားလုံးကို ကျမတို့နိုင်ငံမှာ လုံခြုံစေချင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရော ပြည်သူလူထုတွေရောအားလုံးစိတ်လုံလုံခြုံခြုံနဲ့ နေစေချင်ပါတယ်။ အဲဒီလို လုံခြုံမှုပေးနိုင်တဲ့အခြေအနေတခုကို ရောက်အောင်ဘယ်လိုလုပ်မယ်ဆိုတာ ကျမတို့အားလုံး ပူးပေါင်းပါဝင်ပြီးလက်တွဲစဉ်းစားကြပါစို့ စကားပြောကြပါစို့ ဆွေးနွေးကြပါစို့လို့ ကျမဒီလိုဘဲတိုက်တွန်းချင်ပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် ဦးမန်းသောင်းတင်
အခုသူ newyorkမှာရှိပြီး ကေအန်ယူတိုက်ပွဲတွေမှာ နံမည်ကျော် ၀မ်ခတိုက်ပွဲမှာ လက်တဖက်ဆုံးရှုံးခဲ့ပြီး နားအာရုံလည်း အတော်ချို့ယွင်းသွားခဲ့ပါတယ်. အခုအချိန်အထိ KNU ကရင်အမျိုးသားအစည်းအရုံးအတွက် ကူညီလှုပ်ရှားပေးနေတဲ့သူတယောက်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်ဖြူတ်ချရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့အတွက် ကျနော်တို့တိုင်းရင်းသားတွေက အကြွင်းမဲ့ယုံကြည်ပါတယ်။ ယနေ့ ကျနော်တို့တိုင်းရင်းသားတွေက စစ်အာဏာရှင်တွေရဲ့သွေးခွဲမှုကြောင့်ကျနော်တို့ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲနေကြတယ်။ အဲဒီပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေရှင်းပေးနိုင်လဲဆိုတာ အဲဒါကိုကျနော်မေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုအချင်းချင်းသွေးခွဲသတ်ဖြတ်မှုတွေရပ်စဲသွားအောင်လို့ဆိုတာဟာ ကျမတို့ဟာစစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်တခုထူထောင်ရမယ်လို့ ကျမတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နဲ့ ကျမတို့ရဲ့မဟာမိတ်များဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ တကယ့်စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်တခုခိုင်ခိုင်မာမာ ကျမတို့နိုင်ငံမှာ အမြစ်တွယ်သွားအောင်လို့ကြိုးစားနေပါတယ်။ ကျမတို့တိုင်းရင်းသားတွေဟာ တကယ်အချင်းချင်း နားလည်မှုယူနိုင်မဲ့ အခြေအနေတခုရောက်လာလို့ရှိရင် နားလည်မှုရမှာလို့ကျမယုံကြည်ပါတယ်။ ဒီဟာအတွက် အားလုံးက၀ိုင်းဝန်းကူညီပေးကြပါ။ ကျမတို့ကိုလည်း အကြံဥာဏ်တွေပေးကြပါ။ ကျမတို့အဖွဲ့တခုတည်းလုပ်နိုင်တယ်လို့ကျမတို့မယုံကြည်ပါဘူး။ ဒီလိုတဖွဲ့တည်းနဲ့ တယောက်တည်းနဲ့လုပ်နိုင်တယ်ဆိုတဲ့စိတ်တွေကြောင့်လည်း ဒီလိုအကွဲကွဲအပြားပြားတွေဖြစ်ရတာပါလို့လည်း ကျမယုံကြည်ပါတယ်။

ABSDFဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်

ကျနော့်အနေနဲ့ မေးချင်တဲ့မေးခွန်းကတော့ cevil society ဆိုတဲ့လွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ ကျနော်တို့ကျောင်းသားသမဂ္ဂတွေ အလုပ်သမားသမဂ္ဂတွေ လယ်သမားသမဂ္ဂတွေ အဲ့ဒီအပြင်နိုင်ငံရေးပါတီတွေ နောက်ပြီးတော့ လွတ်လပ်တဲ့သတင်းစာ သတင်းဌာနတွေ အဲဒါတွေပေါ်ပေါက်ဖို့အရမ်းအရေးကြီးတယ်လို့ကျနော်မြင်တယ်။ ဒီလိုအဖွဲ့အစည်းတွေတောင့်တင်းကြံ့ခိုင်မှသာ ဒီမိုကရေစီစံနစ်ဖြစ်လိုခဲ့လို့ရှိရင်လည်း ဒီစနစ်ကို မပျောက်ပျက်သွားအောင်ကာကွယ်နိုင်မယ်လို့ကျနော့အနေနဲ့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ဒေါ်စုအနေနဲ့ဒီလွတ်လပ်တဲ့လူ့ဘောင်အဖွဲ့အစည်းတွေ cevil society ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုကူညီဆောင်ရွတ်သွားနိုင်မလဲဆိုတာ ကျနော့အနေနဲ့သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့အနေနဲ့လူ့ဘောင်အဖွဲ့အစည်းတွေဖွံ့ဖြိုးတိုးတက်ဖို့ဟာလက်တွေ့ကျကျလုပ်နေတာကြာပါပြီ။ ဥပမာဆိုလို့ရှိရင် ကျမတို့ရဲ့နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့တွေ၊ ကျမတို့ရဲ့ ဥပဒေကူညီရေးအဖွဲ့တွေ၊ နောက်ပြီးတော့ HIV.AIDSနဲ့ဆက်စပ်နေတဲ့ကိစ္စတွေ ရေနက်တွင်းတူးပေးတာတွေ ဒါတွေအားလုံးဟာ လူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျမတို့လုပ်နေတာပါ။ အဲဒီတော့ဒီဟာတွေကို ပြည်သူလူထုကလည်းနားလည်ပြီးတော့ ၀ိုင်းဝန်းပြီးတော့ပန့်ပိုးနေမယ်ဆိုလို့ရှိရင် ပိုပြီးတော့အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန်ကျမတို့လုပ်နိုင်မှာဖြစ်ပါတယ်။

ကာတွန်း ၀င်းထွန်း (mr burma)(win burmese ကွန်ပြုတာစာလုံးတီထွင်သူ)

ပြည်တွင်းတုန်းက ကာတွန်းတွေရေးခဲ့တဲ့ ကာတွန်းဝင်းထွန်းလို့ခေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာဟာ အများပြည်သူများနဲ့ ကျနော်တို့လိုအတွင်းအပြင်မှာ ရောက်ရှိနေကြတဲ့ ပြည်သူပြည်သားများအားလုံးအတွက်ဝမ်းသာစရာပါ။ တခုလောက်မေးချင်တာလေးတခုက ရိုးရိုးသာမန်ပြည်သူတွေထက် ပိုပြီးကြောက်ရွံ့တတ်တဲ့ ပြည်တွင်းပြည်ပက ပညာတတ်ပညာရှင်တွေကို ကြောက်ရွံ့စိတ်နည်းပါးသွားအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပါ။ ကျေးဇူးပြုပြီးဖြေပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရိုးရိုးသာမာန်ပြည်သူတွေထက်ပိုပြီးတော့ ပြည်တွင်းပြည်ကပ ပညာတတ်တွေကြောက်ရွံ့စိတ်ရှိနေတယ်ဆိုတာကတော့ ဒီပညာတတ်တွေကပိုပြီးတော့ ဆုံးရှုံးစရာတွေရှိလို့ပိုပြီးတော့အခွင့်အရေးတွေရှိလို့ ပိုပြီးတော့ပစ္စည်းဥစ္စာတွေရှိလို့လို့ထင်ပါတယ်။ အဲဒီတော့ လုံခြုံမှုအတွက်ပိုပြီးတော့စိုးရိမ်လို့ကြောက်နေတာလို့ ဒီလိုမြင်လိုက်မိပါတယ်။ ဒီလုံခြုံမှုရဖို့ဆိုတာကြောက်နေရုံနဲ့မပြီးဘူး။ လုံခြုံမှုရဖို့ဆိုတာဟာပြည်သူအားလုံးကို လုံခြုံမှုပေးမဲ့စနစ်တခုထူထောင်ဖို့ကြိုးစားရမယ်ဆိုတာ ဒီအသိတွေများပညာတတ်တွေရဲ့ စိတ်ထဲမှာ ၀င်သွားခဲ့လို့ရှိရင် ပိုပြီးတော့အကြောက်စိတ်တွေကျော်လွှားနိုင်မယ်လို့ ကျမထင်ပါတယ်။

ကိုခင်မော်ခေါ်မော်ကြီး (၇၄-၇၅ကျောင်းသားလှုပ်ရှားမှုတွင်အထိမ်းသိမ်းခံခဲ့ရသူတဦး)(LA oranize for Burma)

ကျနော်မေးချင်တဲ့မေးခွန်းကတော့ ကျနော်တို့ခု ဒီနိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေဟာပေါ့ အကုန်လုံးအကွဲကွဲအပြားပြားပေါ့ အတွေးအမြင်တွေရောလုပ်ရပ်တွေရောကွဲနေတာ ကျနော်တို့ ဘယ်လိုနည်းနဲ့များ အဲဒီလိုစုစုစည်းစည်းနဲ့တခုတည်းလုပ်လို့ရမလဲလို့ကျနော်မေးချင်တယ်။ ပြီးတဲ့အခါကြပေါ့နော် ကျနော်တို့နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးဟာNLDပေါ့၊စစ်အစိုးရကို အတိုက်အခံလုပ်နေတဲ့NLDပါတီကြီးကိုကျနော်တို့ဒီကနေ ဘယ်လိုအကူအညီပေးနိုင်သလဲဆိုတာ ကျနော်ဒီကနေမေးချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ညီညွှတ်အောင်လုပ်ဖို့ဆိုတာဟာလွယ်တဲ့ကိစ္စမဟုတ်ပေမဲ့လည်း မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး. နည်းနည်းပါးပါးတော့ ကိုယ့်ရဲ့အတ္တတွေကို လျှော့ရမယ်လို့ ဒီလိုဘဲကျမပြောရမှာဘဲ။ ဆန္ဒစွဲ တွေကိုလျှော့ရမယ်ပေါ့နော်။ ကိုယ်လိုချင်တာဘဲ ကိုယ်ဖြစ်စေချင်တာဘဲ၊ ကိုယ်မြင်ချင်တာဘဲ ဒါတွေကိုဘဲစဉ်းစားနေလို့ရှိလို့ရှိရင်တော့ ကျမတို့ကွဲပြားနေတဲ့လူတွေကို စုဖို့ဆိုတာမလွယ်ပါဘူး။
ကျမတို့အားလုံးဟာ ပန်းတိုင်တခုထဲရှိတယ်ဆိုလို့ရှိရင်ဒီပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုနည်းနဲ့သွားမယ်ဆိုတဲ့နေရာမှာ အငြင်းပွားတဲ့ကိစ္စတွေကိုဆွေးနွေးပြီးတော့ ပြေလည်အောင်လုပ်ဖို့ဆိုတာ ဒါအရေးကြီးတာပါဘဲ။ ပြည်တွင်း NLD ကို ဘယ်လိုပန့်ပိုးရမလဲမေးတော့ကျမ ပထမမေးခွန်းနဲ့ စပ်ဆက်ပြီးဖြေရင်ကောင်းမလားလို့။ ပြည်တွင်း NLD ကို ဘယ်လိုပန့်ပိုးရမလဲဆိုတာ အားလုံးအတူစဉ်းစားပြီးတော့ ပြည်ပက အကွဲကွဲအပြားပြားဖြစ်နေတဲ့အဖွဲ့တွေညီညွတ်မှုများ ယူနိုင်မလားလို့အဲဒါလေးကိုစဉ်းစားပေးပါလို့ကျမမေတ္တာရပ်ခံပါတယ်။

Rfaမှ အသံလွှင့်ချက်မှ လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် (အမေးအဖြေ)ကို ကောက်နုတ်ရေးသားဖော်ပြပါသည်။

0 ကြွတ်ကြွတ်အိတ်စစ်ဆင်ရေး တခန်းရပ်ပြဇာတ်(သီးညီနောင်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.