Thursday, December 2, 2010

0 အင်တာနက်ဆိုင်များ CCTV ကင်မရာ တပ်ရတော့မည်

ရန်ကုန်မြို့တော်ခန်းမအနီးရှိ City Star Hotal အောက်တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်တစ်ခုတွင် နိုဝင်ဘာ ၁၇ ရက်က ချိန်ကိုက်မိုင်းလေးလုံး ထောင်ခဲ့သည့် တရားခံနှစ်ဦးကို CCTV ကင်မရာဖြင့်မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက်ပိုင်း အင်တာနက်ဆိုင်များတွင် CCTVကင်မရာများ တပ်ဆင်ထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း အင်တာနက်များကပြောသည်။

“ဗုံးတွေ့လို့ဆိုပြီးတော့ ဆိုင်မှာ CCTV တပ်ဖို့ လာပြောထားတယ်။ လာစစ်မယ် ပြောထားတော့ တပ်ရဦးမယ်” ဟု ပန်းဆိုးတန်းလမ်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ခံတစ်ဦးကပြောသည်။ ယင်းသို့ အင်တာနက်ဆိုင်များတွင် CCTV တပ်ဆင်ရန်ညွှန်ကြားမှုကြောင့်အချက်အလက်များDownload,Upload ပြုလုပ်ခြင်းသတိထားကြရန်အင်တာနက်ဆိုင်ဝန်ထမ်းများမှ လာရောက်သုံးစွဲသူများအား သတိပေးခြင်းများ ရှိကြောင်း အင်တာနက်သုံးစွဲသူအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ အင်တာနက်ဆိုင်များတွင် လုံခြုံရေးအတွက် ကင်မရာများ တပ်ဆင်ထားခြင်း သည် အရေးပါသည်ဆိုသော်လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သော စောင့်ကြည့်မှုမျိုးကို မနှစ်သက်သော ကျောင်းသားတစ်ဦးက
“လုံခြုံရေးအတွက် ကင်မရာတပ်တယ်ဆိုပေမယ့် လိုအပ်သလောက်ပဲတပ်ခိုင်းစေချင်တယ်။ တချို့ဆိုင်တွေဆို မလိုအပ်ဘဲ အများကြီး တပ်ထားတဲ့အတွက်စိတ်စနိုးစနောင့် ဖြစ်ရတယ်” ဟု ပြောသည်။

Ref: The Flower News

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.