Saturday, December 4, 2010

1 ပညာတတ်ဆိုသည်မှာံ့ -
ရေးသူ-သက်အောင် (ကလောင်တိုက်ပွဲ)

နိုင်ငံတစ်ခုမှာ အရေးကြီးဆုံးက ပညာရေးပါပဲ ။ ပညာမြှင့် မှ လူမျိုးမြှင့် မည်ဆိုတဲ့ ဆိုရိုးစကားဟာလဲ အလကား မှမဟုတ်တာ ။ အဓိကအားဖြင့် နိုင်ငံတစ်ခုမှာ အုပ်ချုပ်သူလူတန်းစားတွေ ပညာမဲ့ ရင် အဲ့ဒီနိုင်ငံဟာလဲ ဘယ်တော့မှ တိုးတက်နိုင်မည်မဟုတ်တာ အမှန်ပါ ။ ပညာတတ်သူတစ်ဦးရဲ့ တွေးခေါ်မှု့ ပုံစံဟာ ပညာမတတ်သူတွေနဲ့တော့ ကွာခြားမှု့ရှိမှာပဲ ။ နိုင်ငံအတွက် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေ ချ တော့မယ်ဆိုရင် တွေးခေါ်မှု့ ဆုံးဖြတ်ချက်တွေဟာ အဓိကကျလာပါလှိမ့်မယ် ။

နိုင်ငံတစ်နိုင်ငံမှာ ပညာတတ်သူတွေတိုးပွား လာတာနဲ့အမျှ အဲ့ဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဝင့်ကြွားစွာနဲ့ရပ်တည်နိုင်တာပါပဲ ။ ယခုခေတ် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေမှာ ခေတ်ပညာတတ်လူငယ်တွေ တိုးပွားလာတာဟာ စိတ်အားတက်ကြွစရာပါပဲ ။ မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်ရာမှာ လူငယ်မျိုးဆက်သစ်တွေဟာ အရေးကြီးသော အပိုင်းမှာပါဝင်နေပါတယ် ။ ပညာမျက်စိရှိ သူ များ ဟာ အမှား အမှန်ကို ခွဲခြားသိရှိနိုင်ပြီး အဆိုးအကောင်းကိုခွဲခြားသိမြင်နိုင်ပါတယ် ။ အထူးသဖြင့် တစ်ကိုယ်ကောင်းမဆန်ပဲ အများ အတွက်အားကိုးအားထားရတဲ့ သူမျိုးကိုသာ ပညာတတ်ဟုခေါ်ဆိုထိုက်ပါတယ် ။

ယခု မြန်မာနိုင်ငံကို ဥပမထား မယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေသူ ဟာ ခေါင်းဆောင်မှု့ အရည်ချင်း နဲ့ပြည့်ဝမှု့မရှိတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဟာ ဆုတ်ယုတ်လာနေပြီး ပညာရေးဟာလဲ လုံးဝသုံးစားမရတော့တာအမှန်ပါပဲ ။ ဦးသန်းရွှေဟာ သာမန်စစ်သားတစ်ဦးပါ ။ ပညာမတတ်လို့ သာ စစ်ထဲဝင်ခဲ့ရတဲ့ လူစားမျိုးပါ ။ အဲ့လို ပညာမတတ်သူတစ်ဦးဟာ ကိုယ်ကောင်းစားရေးအတွက်သာ ကြည့်ပြီး နိုင်ငံ့ အရေး ပြည်သူလူထုအရေးကို လည့်ကို မကြည့်တာပါ ။ စိတ်ထဲမှာ စစ်အာဏာရှင် စနစ်တည်မြဲရေးနဲ့ မိမိ ဇနီးနဲ့ ဆွေးမျိုးများ ကောင်းစား ရေးအတွက်သာ နားလည်တဲ့ ခေါင်းမာသော လူစားမျိုးပါ ။ ပညာတတ်သူမဟုတ်တဲ့အတွက် ဘာသာစကားလဲမတတ် နိုင်ငံတစ်ကာရဲ့ ဝေဖန်ထောက်ပြ မှု့တွေကိုလဲ ဂရုမစိုက် နှိမ့်ကျတဲ့ အတွေးအခေါ်တွေနဲ့သာ ဆုံးဖြတ်ချက်တွေကိုချ နေပြီး နိုင်ငံကို စစ်အာဏာရှင်စနစ် အောက်မရောက်ရောက်အောင် နှစ်နေတာပါ ။

တစ်ဖက်ကဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မြန်မာသာမက ကမ္ဘာကပါ လေးစားရတဲ့ ခေါင်းဆောင် ကောင်းတစ်ဦး ။ ပညာတတ်သူ နိုဘယ်ဆုရှင် တစ်ဦးပါ ။ ပညာတတ်သူတစ်ဦးဖြစ်တဲ့အတွက် ဆိုးရွားလွန်းတဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် နေပြီး အရာရာပြီးပြည့်စုံတဲ့ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတာပါ ။ ပညာတတ်သူဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ရင် ဘောင် တန်းဆက်ဆံနိုင်တယ် .. လူ့အခွင့်အရေးကို နားလည်တယ် ။ မိမိကိုယ်ကျိုးကိုစွန့်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်နေတဲ့ ပညာ တတ်အမျိုးသမီးတစ်ဦးပါပဲ ။

နောက် အကောင်းဆုံး ဥပမာ တစ်ခုကို ကြည့်မယ်ဆိုရင် မြန်မာ့အနုပညာရှင်တွေထဲက ရုပ်ရှင်မင်းသား လွင်မိုးနဲ့ အဆိုတော် ဟန်ထူးလွင် တို့ ကို ယဉ်ကြည့်ကြရအောင် ..

သူတို့ တွေကို အနုပညာရှင်တွေဆိုတာ ဘေးဖယ်ထားပြီး သာမန်ပြည်သူတွေအနေနဲ့ပဲဆိုရင် .. ပညာတတ်သူ ဆရာဝန်လဲဖြစ်တဲ့ ဟန်ထူး လွင်ရဲ့ တွေးခေါ်မှု့အပြုအမူတွေနဲ့ ၁၀ တန်းတောင်မအောင်တဲ့ လွင်မိုးတို့ ဟာ အလွန်ကိုကွာခြားနေတာ တွေ့ရပါလှိမ့်မယ် ။ ပညာတတ်တဲ့ သူ မွန်မြတ်လှတဲ့ ဆရာဝန်စိတ်ထားလဲရှိတဲ့ ဟန်ထူးလွင်ဟာဆို သူ့ ရဲ့ အနုပညာရှင်ဘဝကို ဂရုမစိုက်ပဲ .. လိုအပ်နေတဲ့ သူတွေကို ကူညီဖို့  ဆိုတဲ့ အတွေးစိတ်နဲ့ ကိုယ်တတ်ထားတဲ့ ပညာကို အသုံးချပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လူမှု့ရေး ကိစ္စတွေကို ဆောင်ရွက်နေသူတစ်ဦးပါ ။ အဲ့မှာ ပညာအရည်အချင်းက စကားပြောတာပါပဲ ။ ၁၀ တန်းတောင် မအောင်တဲ့ လွင်မိုးဟာ ကြံ့ဖွံ့ ပါတီ ရဲ့ မဲဆွဲမှု့ အစီစဉ်တွေမှာ ပါဝင်ခဲ့ပြီး .. ကိုယ်တိုင်တောင် အမှတ်လောင်း လုပ်ဦးမယ်ဆိုတဲ့ နှိမ့်ကျတဲ့ အတွေးအခေါ်နဲ့လူမျိုးပါ ။

လူတစ်ဦးဟာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်မှု့ကို အကျိုးရှိစွာ အသုံးချ တတ်ဖို့ တော့လိုတယ်ဆိုတာ ပညာတတ်သူများသာ သိနိုင်မှာပါ ။ လူတစ်ဦးရဲ့ အဆင့်အတန်းကိုအဲ့ဒီလူရဲ့လုပ်ရပ်တွေက ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပါ ။ လောဘနဲ့အမှောင်စိတ်တွေ ဖုံးလွမ်း နေသူတွေအဖို့ သူများတွေကဘယ်လောက်ပဲကြိုးစားပြီး အလင်းရောင်တွေထွန်းပြနေပါစေ ငရဲပန်းကို နတ် ပန်းထင် နေ တဲ့ လူမျိုးများသာဖြစ်ပါတော့တယ် ။

သက်အောင် (ကလောင်တိုက်ပွဲ)

1 comment:

  1. ဒါဟာ အမှန်ပါပဲ။ ဒီလိုဆောင်းပါးတွေ နောက်ထပ်ရေးဖို့ ကြိုးစားသင့်ပါ တယ်။ ထောက်ခံပါတယ်။ ကျွန်တော်ဟိုတစ်နေ့ Comment တစ်ခုပေးသလို့ သူတို့ရဲ့ အမြင်၊ ထင်မြင်ယူဆချက်တွေဟာ Ethnic Nationalism လို့ခေါ်တဲ့ မိမိလူမျိုးကိုအခြေခံတဲ့ အမျိုးသားရေးဝါဒ က ပတ်ပတ်လည်ဝိုင်းရံ ထားဒါတွေ့ရတော့၊ ဒီလူတွေဟာ တွေးခေါ်မှုပိုင်းမှာ အလွန်ညံ့ပျင်းဒါ တွေ့ရပါတယ်။ နောက်တစ်ခုက ပညာမဲ့သူတွေ ရာထူးကြီးရရင် အရှေ့ အနောက် တောင် မြောက် မခွဲခြားတတ်သလို ဖြစ်သွားပြီး တခြားသူတွေ မိမိထက် အောင်မြင်သွားမှာကိုလည်း မလိုလားတဲ့ သဘောရှိပါတယ်။ မိမိထက် ပညာသာလွန်တဲ့ သူများနဲ့လည်း ပူးပေါင်းရမှာကို ရှောင်တတ်တယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.