Saturday, November 17, 2012

0 သမ္မတ အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီကို ရန်ကုန်မြို့လူစည်ကားရာ ရွှေဂုံတိုင်တွင် ဒုတိအကြိမ် ရေးဆွဲထား

Street art By အာကာ
ဂရပ်ဖတီရေးဆွဲသူများနှင့် အင်တာဗျူး
ဒုတိယအကြိမ်မြောက် အသစ်ထပ်မံရေးဆွဲသည့် Hello Again အိုဘားမား Graffiti နံရံ ပန်းချီအနီးတွင် စောင့်ကြပ်နေသော ရဲသားတစ်ဦးအား တွေ့ ရစဉ်။

Photo.Ko Paing.Popular myanmar news journal
မြန်မာနိုင်ငံသို့လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အမေရိကန်သမ္မတအိုဘားမားအား ကြိုဆိုသည့် Graffiti လက်ရာတစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်အနီးရှိ နံရံပေါ်တွင် Night အဖွဲ့မှ ဒုတိယအကြိမ် ထပ်မံရေးဆွဲ ထားသည်ဟု သိရှိရပါသည်။

“သူတို့က ဆွဲချင်တယ်ဆိုပြီး လာခွင့်တောင်းတာ။ စခန်းမှူးဆီအထိပေါ့။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဆွဲပေါ့။ ဒါမင်းကို လွတ်လပ်ခွင့်ပဲပေါ့ဆိုပြီးပြောလိုက်တယ်။ ခွင့်ပြုချက်ပေးတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူတို့ ကလည်း ခွင့်ပြုချက်တောင်း တာမျိုးတော့ မဟုတ်ပါဘူး”ဟု ယင်း Graffiti လက်ရာအနီးတွင် လုံခြုံရေးတာဝန် ယူထားရသည့် ရဲဝန်ထမ်းတစ်ဦး ကပြောပါသည်။

“မနေ့ညကမှ ဆွဲသွားတာပါ။ လက်တမ်းဆွဲသွားတာ ၃ နာရီလောက်ပဲကြာတယ်။ ပြီးသူတို့နဲ့အတူ ပြင်သစ်က လို့ ပြောတာပဲ။ မီဒီယာအဖွဲ့တစ်ဖွဲ့ပါတယ်။ မီဒီယာထဲက ပထမဆုံးရောက်လာတာဆို ပြင်သစ်မီဒီယာအဖွဲ့ ပါပဲ”ဟု ယင်းကပင်ပြောပါသည်။

ထို့ပြင် ယခု Graffiti လက်ရာအား မိမိတို့အနေဖြင့် ပြန်လည်ဖယ်ရှားပစ်ရန် အစီအစဉ်မရှိပါကြောင်းနှင့် အခြား သော သူများ၏ ဖျက်ဆီးမည့် အန္တရာယ်ရှိမရှိကိုမူ မိမိတို့မသိရှိပါကြောင်းမသိရှိပါကြောင်း ယင်းရဲဝန်ထမ်းကပင် ပြောပါသည်။

“သူတို့တွေက အစက ပြည်လမ်းမှာ လုပ်မလို့လို့ပြောတယ်။ ပြီးမှ ဒီနေရာမှာ လုပ်ဖြစ်သွားတာ ။ ပြည်လမ်းမှာ လည်း  သူတို့တစ်ခုလုပ်မယ်လို့ ပြောတယ်။ အဲဒါက အလူမီနီယမ်နဲ့အရုပ်တစ်ခုလုပ်မယ်ဆိုလားပဲ”ဟု ယင်းက ပြောပါသည်။

“ကျွန်တော်တို့ကတော့ လက်ခံပါတယ်။ ဒါကို မြင်တဲ့သူအားလုံးကြိုက်ကြတယ်ဗျ”ဟု ယင်း Graffiti လက်ရာကို ကြည့်ရှုနေ သည့် ပြည်သူတစ်ယောက်က ပြောပါသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန်သမ္မတအိုဘားမားအား ကြိုဆိုထားသည့် Night အဖွဲ့၏ ပထမ အကြိမ် ရေးဆွဲထားသော ကန်တော်ကြီးပတ်လမ်းရှိ  Graffiti လက်ရာသည် မသမာသူအချို့၏ ဖျက်ဆီး မှုကို ခံခဲ့ရပြီး ယခု ထပ်မံရေးမှုတ်ထားသည့် လက်ရာတွင်မူ Welcome Obama, Hello Again ဟုသော စာသားများကို ထည့်သွင်းရေးဆွဲ ထားသည်ဟု သိရှိရပါသည်။

www.myanmarij.com

1 ခင်မောင်တိုးရဲ့ နောက်ဆုံးလက်ရာ “သမုဒယကျောင်း”(ရုပ်/သံ) အစအဆုံး

ကဗျာ – မောင်စိန်ဝင်း (ပုတီးကုန်း) သံစဉ်/တေးဆို –

ခင်မောင်တိုး

ခင်မောင်တိုးချစ်သူများ ခံစားကြည့်နိုင်ကြပါစေ၊ ဒီ DVD ဟာ ခင်မောင်တိုးစင်ကာပူမှာ ဆေးလာမကုခင် သူငယ်ချင်းများနဲ့ RIT မှာ ရိုက်ထားတာပါ၊

ဒီ DVD ဟာ Mech 72 ရဲ့ မူပိုင် ဖြစ်သော်လည်း ခင်မောင်တိုး ရဲ့ နောက်ဆုံးလက်ရာ ကိုခင်မောင်တိုး ချစ်သူများကြည့်နိုင်ဖို့ သူငယ်ချင်းများက ဆုံးဖြတ်ခဲ့တာပါ။

ထူးခြားချက် ၂ ခုရှိပါတယ်။ Miss Myanmar 2012 နန်းခင်ဇေယျာ မေတ္တာနဲ့ သရုပ်ဆောင်ပေးပါတယ်။

ခင်မောင်တိုး နဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ က Mech 72 သူငယ်ချင်းများအတွက် လုပ်ပေးခဲ့တာ ဆိုတော့ ခင်မောင်တိုးရဲ့ နောက်ဆုံးလက်ရာပါ။

Videoမူပိုင် ..Mech 72

7 ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )

ဗိုက်ပေါက်လို. နိုင်ငံရေးအသိုင်းအ၀န်းကခေါ်ကြတဲ့ ( ထွန်းလင်းကျော် ) နိုင်ငံရေးလုပ်ခဲ့တာ ၂၄ နှစ်ရှိ ခဲ့ပါပြီ။ အခုတော့ သူ.ကိုမြင်တွေ.ရသည်မှာ ခန္ဓာကိုယ်ပိန်လျလျ စကားပြောရင် လေဆက်ပြတ်မသွားအောင် အားတင်းပြောရတယ်။ စကားတစ်ခါပြောပြီးရင် နားရတယ်။ ဒါမှသာ ဆက်ပြောလို.ရတယ်။ ဗိုက်ပေါက်ကစကားပြောရင်း အကျီချွတ်လိုက်တယ်။ သူ.ခန္ဓာကိုယ် ညာဘက်ချိုင်းအောက်နားမှာ ပလာစတာကပ်ထားတဲ့နေရာ တစ်ခုကိုတွေ.ရတယ်။ သူက အားလုံးကိုခွင့်တောင်းပြီး ဆေးအိတ် ကလေးကိုလှမ်းယူလိုက်တယ်။ ပလာစတာကပ်ထားတဲ့ နေရာကို ဆွဲခွာလိုက်တော့ ၂ လက်မ ပတ်လည် အပေါက်ကြီးတစ်ခု ကို တွေ. ရတယ်။ ကျွန်တော့်ကျောထဲမှာ စိမ့်ကနဲဖြစ်သွားတယ်။ ဗိုက်ပေါက်ကတော့ အေးအေးဆေးဆေးပါပဲ။ ဆေးထည့်တဲ့ညှပ်ယူပြီး အပေါက်ထဲကနေ ပတ်တီးလိပ်တွေကို တစ်ခုချင်းဆွဲထုတ်နေတယ်။ သူ.ခန္ဓာကိုယ်ထဲက ပတ်တီးလိပ်(၅) လိပ်ထွက်လာတယ်။ ပြီးတော့ ယူဇောစိမ်ထားတဲ့ ပတ်တီးလိပ် အသစ် (၅) လိပ်ကို အဲဒီအပေါက်ထဲကနေ တစ်ခုချင်းပြန်ထည့်လိုက်တယ်။

သူ.အနာအ၀က ၂ လက်မကျော်၊ အနာရဲ.အတွင်းပိုင်းအကျယ်က ၄ လက်မလောက်ရှိပြီး ဖောက် တံအဆုံးဆိုရင် ၆ လက်မလောက်ရှည်တယ်။ သူ.ခန္ဓာကိုယ်အတွင်းပိုင်းကို သန်.ရှင်းရေးလုပ်ဖို. သူကိုယ်တိုင်ပဲ နိစ္စဒူဝလုပ်ရတာ ဖြစ်ပါတယ်။
ထွန်းလင်းကျော် (သို့မဟုတ်) အညတရ အလင်းတစက် from khun saing on Vimeo.
ဗိုက်ပေါက်ဆိုတာ တကယ်တော့ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ. အနီးကပ်လုံခြုံရေးတစ်ယောက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ.ချုပ်အပေါ် သစ္စာစောင့်သိခဲ့တဲ့ ပါတီဝင်တစ်ယောက် " နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေး "ဆိုင်းဘုတ်ကိုင်ပြီး ၂၀၀၄ ခုနှစ်က

0 အမေရိကန်သမ္မတ၏ လုံခြုံရေးအထူးပြု မော်တော်ကား (ရုပ်/သံ)

လေယာဉ်ပေါ်မှာ တင်လာတဲ့ သမ္မတကား

နိုဝင်ဘာ ၁၉ရက်မှာ မြန်မာနိုင်ငံကို အမေရိကန်သမ္မတ ဘာရတ် အိုဘားမား လာရောက်မှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ခရီးစဉ်အတွင်း အသုံးပြုမယ့် မော်တော်ကား၊ ရဟတ်ယာဉ် အပါအဝင် ပစ္စည်းတွေကို မြန်မာနိုင်ငံကို လေယာဉ်နဲ့ ကြိုတင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဗီဒီယိုထဲမှာ ကားမှာတပ်ဆင်ထားတဲ့ ကျည်ကာမှန်အမျိုးအစားကို သေနတ်ဖြင့် ပစ်ခတ်စမ်းသပ်ပြထားတာ တွေ့ရပါတယ်။

Planet Myanmar Network

0 မြန်မာခရီးစဉ်သည် အောင်ပွဲခံခြင်းမဟုတ်ဟု အိုဘားမား လက်ထောက်များပြောကြား

သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံပြီး၊ သူတို့ရဲ့အမြင်ကိုလည်း ကြားနာဖို့ရှိပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ အင်္ဂလိပ်လို Burma ခေါ်မလား Myanmar ခေါ်မလား ကိစ္စမှာတော့ - Burma ဆိုတာကိုပဲ ဆက်ပြီး ရည်ညွှန်းသုံးသွားမယ်လို့ သမ္မတအိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ပါတယ်။

မြန်မာ့အနာဂတ်နဲ့ အမေရိကန် မြန်မာဆက်ဆံရေးအကြောင်း ပြောဆိုမှာပါ။ ရန်ကုန်တက္ကသိုလ်ဟာ ၁၉
၃၀ ကာလ တ၀ိုက်တုန်းက မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုရဲ့ အရေးပါသလို၊ ၁၉၈၀ခုနှစ်များ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေ အဓိကရှိခဲ့တဲ့နေရာဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။

အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။ ပထမအချက်ကတော့ ဒီမိုကရေစီ တန်ဖိုးထားမှုတွေကို တိုးမြှင့်ဖို့ရည်ရွယ်ရင်းဖြစ်ပါတယ်။ ဖိနှိပ်မှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေရှိလာတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုဘက်ကလည်း အပြုသဘော ဆက်ဆံမှုတွေကို တိုးတက်ပြောင်းလဲတယ်ဆိုတာကို အခြားကမ္ဘာနိုင်ငံတွေ အထူးသဖြင့်

0 ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး-
ရေးသူ-ငြိမ်းချမ်းအေး

“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” တေးစု က စပြီး သူနေထိုင်အသက်ရှင်ခဲ့တဲ့ ကမ္ဘာမြေကြီးအတွက် ငြိမ်းချမ်းတဲ့ သီချင်းသံစဉ်တွေနဲ့ ဆယ်စုနှစ် လေးစု တိုင် သီချင်းတေးစုပေါင်းများစွာဖြင့် ပြန်လည်ကျေးဇူးဆပ်ခဲ့တဲ့ ဂီတပညာရှင် ခင်မောင်တိုး တယောက် ခု သူချစ်တဲ့ ကမ္ဘာမြေကြီး၊ မိသားစု၊ လူသားတွေနဲ့ ဂီတသံစဉ်သီချင်းတွေ ကို ကျောခိုင်းနှုတ်ဆက် ထွက်သွားခဲ့ပါပြီ…။ ကျနော်တို့ နေထိုင်ကြီးပြင်းခဲ့ရတဲ့ ကမ္ဘာဟာ မပြည့်စုံမှုတွေ၊ အလိုမကျမှုတွေ၊ တုန့်နှောင်မှုတွေ၊ လွတ်လပ်မှု ကို ချင်ခြင်းတပ်မက်မှုတွေနဲ့ ပြည့်နေပေမယ့် ခင်မောင်တိုး နဲ့ မဇ္စျိမလှိုင်းအုပ်စု ရဲ့ လေးနက်တဲ့ ဒဿနအတွေးအခေါ်တွေပါတဲ့ သီချင်းစာသားတွေ နဲ့ တည်ငြိမ်အေးဆေးတဲ့ သံစဉ်တွေက ကျနော်တို့ရဲ့ ဒီ အကျည်းတန် ကမ္ဘာလေးကို ပိုမိုလှပ အဓိပ္ပာယ်ရှိစေခဲ့ရုံသာမက ဘဝအမော တိုက်ပွဲတွေကို ရင်ဆိုင်နိုင်ဖို့ ရုပ်ဝထ္တုအားဆေးတွေထက်ပိုတဲ့ စိတ္တ၊ ဝိညာဉ်အာဟာရဖြည့်အားဆေးတွေ ဖြစ်စေခဲ့ပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိစေခဲ့ပါတယ်။ သူလိုလူတယောက် ဆုံးတာဟာ ကျနော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ မျိုးဆက်တဆက် ဆုံးတာဖြစ်ပါတယ်။ ကျနော်တို့ ရင်ဘတ်နှလုံးသားကို ရှေ့ကမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ကျောက်ဆောင်တံတိုင်းခံတပ်ကြီး ပြိုလဲတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့သီချင်းသံစဉ်တွေကတဆင့် ပေးခဲ့တဲ့ စိတ္တသတ္တိ၊ အတွေးအခေါ်၊ လွတ်လပ်ခြင်း၊ ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းရေး သဘောထားတွေကတော့ ကျနော်တို့နဲ့အတူ အမြဲ ရှင်သန်ထင်ကျန်နေဦးမှာ ဖြစ်ပါတယ်။

သူ မကျန်းမမာ ဖြစ်ပြီး နောက်ဆုံးအချိန်ရောက်နေပြီဆိုတဲ့ သတင်းကို ထုံးစံအတိုင်း သတင်းဆိုးအများစု ကို သယ်ဆောင်လာလေ့ရှိတဲ့ “မုခစာအုပ်” ဆိုတဲ့ အရပ်ဒေသကနေ စကြားခဲ့ရတယ်။ အဲ့အရပ်ဒေသက မိတ်ဆွေ၊ သူငယ်ချင်းဟောင်းတွေ နဲ့ ပြန်လည်တွေ့ဆုံခွင့် နဲ့ စိတ်တူ၊ ကိုယ်တူ မိတ်ဆွေအသစ်တချို့ နဲ့ ဆုံဆည်းခွင့်၊ ခံစားချက်၊ ခံယူချက်၊ သဘောထားတွေ ဝေမျှခွင့်၊ စားသုံးခွင့် ရလို့ ကျေနပ်စရာ ကမ္ဘာငယ်လေးတခု ဖြစ်ပေမယ့် အမြဲလိုလိုကတော့ နေ့စဉ် တက်လာတဲ့ တိုင်းပြည်ရဲ့ သတင်းဆိုးတွေ၊ အနိဋ္ဌာရုံတွေ၊ အလိုမကျစရာ အသိမိုက်မဲမှုတွေ နဲ့ ဝေဆာပြည့်နှက်နေတတ်တဲ့အပြင် တခါတရံ အခုလို ကိုယ်ချစ်ခင်မြတ်နိုး၊ လေးစားအားကျ ရတဲ့..၊ ကိုယ့်ရဲ့ နှလုံးသားအာဟာရ ချင်ခြင်းတွေကို တသက်လုံးလိုလို ဖြည့်ဆွက်ပေးခဲ့တဲ့ ခင်မောင်တိုးလို အနုပညာရှင်တွေနဲ့ ဆက်စပ်တဲ့ မကောင်းသတင်းတွေကြောင့် စိတ်နှလုံး တုန်လှုပ်ခြောက်ခြားဖွယ် အရပ်လေးလည်း တပြိုင်တည်း ဖြစ်နေပြန်ပါတယ်။ သိပ်မကြာသေးခင်ကတင် တနိုင်ငံထဲ နေပေမယ့် တွေ့ဆုံရင်းနှီးခွင့် မရခဲ့ဘဲ အဝေးက လေးစားခဲ့ရဖူးတဲ့ ဂီတပညာရှင် ကိုဂျယ်ရီ (မန္တလေး “Excitement”၊ “The Shells” ရဲ့ လိဒ် ဂစ်တာသမား၊ ဗမာ့ကိုယ်ပိုင်သံစဉ် နာမည်ကြီး ခေတ်ပေါ်တေးသီချင်းပေါင်းများစွာကို သံစဉ်ရှာဖွေအသက်သွင်းပေးခဲ့သူ) နာရေး သတင်းကို အဲ့ဒေသလေးကနေတဆင့် သိခွင့်ရခဲ့လို့ စိတ်ထိခိုက်ကြေကွဲခဲ့ရပါသေးတယ်။ ခုတခါ ဗမာပြည်ရဲ့၊ ကိုယ့်ဘဝရဲ့ အလင်းလက်ဆုံး ဂီတ ကြယ်ပွင့်ကြီး တပွင့် ကြွေလွင့်တဲ့ သတင်းဆိုး ထပ်ကြားလိုက်ရပါတယ်။

ခင်မောင်တိုး ရဲ့ နောက်ဆုံးအချိန်မှာ မိသားစုအတွက်၊ ချစ်ခင်သူတွေ အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရတာက မျက်မှေက်ခေတ် ဗမာ့လူ့အဖွဲ့အစည်း (အထူးသဖြင့် ဗမာအွန်လိုင်းသုံးစွဲသူများအကြား) မှာ ကူးစက်မြန်ရောဂါ သဖွယ် ပျံ့နှံ့နေတဲ့ ရောဂါဆိုးတမျိုးဖြစ်တဲ့ မမှန်သတင်းတွေကို သေချာမစီစစ်၊ ကျင့်ဝတ် စည်းကမ်းတွေကို မစဉ်းစားမလိုက်နာဘဲ၊ ပုဂ္ဂလိက လွတ်လပ်မှုနဲ့အခွင့်အရေး ကို စာနာမထောက်ထား မငဲ့ညှာဘဲ “ခင်မောင်တိုးဆုံးပြီ”ဆိုတဲ့ သတင်းတွေကို နာမည်ကြီး (Celebrity) ဆိုသူများကအစ ဖြန့်ကြတာပါပဲ။ နောက်ဆုံး မိသားစုဝင်နဲ့ ဂီတရောင်းရင်းတွေက ခံစားချက်ပေါက်ကွဲပြီး ဒီလို မလုပ်ဖို့ တောင်းပန်ယူရတဲ့အထိ ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရပါတယ်။ “ဖောင်ပိတ်ချိန်အမှီ သတင်းထည့်ရမှာ ဆုံးမဆုံးနိုင်သေးဘူး” ဆိုပြီး လူတွေရဲ့ စရိုက်ကို နာနာကြည်းကြဉ်းနဲ့ သရော်လှောင်လိုက်တဲ့ ကာတွန်းတကွက်တောင် ထွက်လာခဲ့ပါသေးတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လေ့လာသင်ယူ ကျင့်ကြံစရာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ အလေ့အကျင့်ကောင်းတွေ အများကြီး လိုနေသေးတယ်ဆိုတာ ခင်မောင်တိုးရဲ့ နောက်ဆုံးအချိန်က သက်သေထပ်ပြုလိုက်ပြန်ပါတယ်။

စိတ်ချရတဲ့ မိတ်ဆွေတယောက်က “တကယ်ဆုံးပြီ” ဆိုတဲ့ သတင်းကို မနေ့က အွန်လိုင်းနဲ့ပဲ လှမ်းအတည်ပြုတဲ့အချိန်မှာ လွန်ခဲ့တဲ့ ရက်တွေကတည်းက ရောဂါ အခြေအနေမှန်ကို သိထားခဲ့တော့ အံ့သြမှု မဖြစ်ခဲ့ရပါ။ ဒါပေမယ့် စိတ်ထိခိုက် ကြေကွယ်မှုကတော့ တားမရနိုင်ခဲ့ပါ။ ဒီသတင်းနဲ့အတူ နောက်ဆက်တွဲ ဆက်တိုက် တက်လာတော့မယ် ကိုယ်နဲ့ ရင်ဘတ်ချင်းတူ မိတ်ဆွေတချို့ရဲ့ ကြေကွဲမှုဝမ်းနည်းစကားတွေ၊ ဓာတ်ပုံ တွေကို ရင်မဆိုင်ချင်တာရယ်၊ ခင်မောင်တိုးအတွက် ဝမ်းနည်ခြင်း အထိမ်းအမှတ် ပြုလုပ်ချင်တာရယ် ကြောင့် မနေ့က တနေ့လုံး အွန်လိုင်းလောက နဲ့ အဆက်အသွယ်ဖြတ်၊ အင်္ဂလိပ်ဘန်းစကားနဲ့ဆိုရရင်တော့ ခေတ်ဆက်သွယ်ရေးနည်းပညာအားလုံးနဲ့ အဆက်အသွယ်ဖြတ် “Airplane Mode” လုပ်နေလိုက်ရပါတယ်။

ဒီလို ရုပ်ကိုတားဆီးလို့ ရနိုင်ပေမယ့် စိတ်ဆိုတာကို ဖြတ်နိုင်အောင် ပါရမီ မရင့်သန်တော့ ခင်မောင်တိုး နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ခေါင်းထဲမှာ ပြည့်နှက်လာပါတယ်။ ရင်ဘက်ထဲမှာ ဖိတ်လျှံလာပါတယ်။

သူ့အကြောင်းတွေလို့ ဆိုရလောက်အောင်က တကယ်တော့ သူနဲ့ ကိုယ်နဲ့ ကြား ပုဂ္ဂိုလ်ရေးး ခင်မင်မှု ရှိခဲ့ဖူးတာမဟုတ်ဘူး။ သူ့ကို ချစ်ခင်အားပေးတဲ့ အများ ပရိတ်သတ် လိုပဲ သူ့ကို သူ့ရဲ့ စင်တင်တေးဂီတပွဲတွေမှာ တွေ့ဖူး၊ ဆုံဖူး၊ စကားအနည်းငယ်ပြောဖူး၊ အော်တိုလက်မှတ်တောင်းဖူး၊ ဓာတ်ပုံတွဲ ရိုက်ဖူး စတဲ့ မပြောပလောက်တဲ့ အဖြစ်အပျက် တွေပဲ ရှိခဲ့တယ်။ ဒါပေမယ့် သူ့သီချင်းတွေကတော့ ကျနော့်အတွက် ဘဝတခု ဖြစ်ခဲ့ပါတယ်။ သူရဲ့ တေးသီချင်းစာအုပ်တွေဟာ ငယ်စဉ်ဘဝ သွားလေရာမှာ ပါတဲ့ ခရီးဆောင် အဖော်ဖြစ်ခဲ့ပါတယ်။ ဆိုနီဝေါ့လ်မင် ကက်ဆက် ကလေး (Sony Walkman Cassette) ပိုင်ဆိုင်လာရတော့လည်း သူ့ရဲ့ တေးစီးရီး ကက်ဆက်ခွေ တချို့ဟာ အမြဲတမ်း ကိုယ်နဲ့ မကွာ ရှိနေတဲ့ တကိုယ်ရည် အသုံးအဆာင်ပစ္စည်းလေးတွေ ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အမြင်၊ ခံယူချက် နဲ့ သဘော တွေဟာ ဘဝတခုလုံး ကျင့်ကြံအားထုတ်စရာ တရားတွေ ဖြစ်ခဲ့ပါတယ်။ သူ့တေးသီချင်းတွေက ပေးတဲ့ အားမာန်တွေဟာ ဘဝကို ရင်ဆိုင်နိုင်ဖို့အတွက် သတ္တိတွေ ဖြစ်ခဲ့ရပါတယ်။

ဒီလို သူ့ကို ဘဝတခုလုံးစာ ရင်းနှီးခဲ့ရတဲ့အတွက် သူ့အကြောင်း၊ အထူးသဖြင့် သူဖန်တီး အသက်သွင်းခဲ့တဲ့ သီချင်းတွေ အကြောင်းကို စဉ်းစာမိလာပါတယ်။

သူ့သီချင်းတွေ၊ သူရဲ့ သီချင်းတေးစုတွေအကြောင်းပြောရင် သူကိုယ်တိုင်လည်း သူ့ဂီတ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူချင်တဲ့ ကိုယ်ပိုင်သံစဉ် စစ်စစ် သီချင်းများနဲ့ စုစည်းထားတဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၇၉)” ကို စပြောရပါ့မယ်။ ဒီအခွေကို ဆယ်နှစ်လောက် နောက်ကျပြီးမှ ခင်မောင်တိုးရဲ့ အခွေဟောင်း အနေနဲ့ ရှာဖွေ ဝယ်ယူနားထောင်ခဲ့ရပါတယ်။ စတင်နားထောင်ဖူးတဲ့ အချိန်မှာ ခိုင်ထူး ရဲ့ “အဉ္ဇလီ” ကို ရင်ထဲစွဲနေပြီး ဖြစ်ပေမယ့် ခင်မောင်တိုးရဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ” ဟာ ရင်ထဲကို ပိုလို့ စူးဝင် စွဲငြိစေခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ “စိမ်းရက်လေခြင်း” ကို နောက်ပိုင်း လေးဖြူ ပြန်လည်ခံစားသီဆိုခဲ့ဖူးပါတယ်။ လေးဖြူဗားရှင်းရဲ့ ကြိုစားမှု နဲ့ ဂီတ ဖန်တီမှုတွေကို လေးစားအသိအမှတ်ပြုပေမယ့် ကျနော့်အတွက်တော့ ခင်မောင်တိုးရဲ့ “စိမ်းရက်လေခြင်း” သာ ရင်ထဲ အစဉ်စွဲဖို့ ဖြစ်ခဲ့ရပါတယ်။

သူကိုယ်တိုင် ရေး/ဆို ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ” သီချင်းကို ခေါင်းစီးတေးအနေနဲ့ တင်ခဲ့တဲ့ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၀)” တေးစုဟာလည်း သူ့ကို ဂီတဘဝအောင်မြင်မှု နဲ့ ခြေလှမ်းတွေကို စတင် ကျယ်ပြန့်စေခဲ့တဲ့ ထူးခြားတဲ့ တေးစုဖြစ်ခဲ့ပါတယ်။ “ဝိုင်းရဲ့ဆည်းဆာ” သီချင်း ကတော့ အလှဂုဏ်မောက်နေတဲ့ မိန်းကလေး တယောက် အကြောင်းနဲ့ သင်္ခါရ သဘောကို ရေးဖွဲခဲ့တဲ့ သီချင်းကောင်းလေးပေါ့။ “ဝိုင်းရဲ့ဆည်းဆာ (၂)” ကိုတော့ ဂီတညီအကို ဖြစ်သူ ကိုမောင်မောင် နဲ့ တွဲဖက် ရေးသားခဲ့ပါတယ်။ အဲ့တေးစုထဲကပဲ ခင်မောင်တိုးနဲ့ အမြဲမတွဲမခွဲ လက်တွဲညီခဲ့တဲ့ ကိုနေဝင်း ၊ ကိုမောင်မောင် တို့ နဲ့ တွဲ ရေးသားခဲ့တဲ့ “ခေါင်းညိတ်လျှာလွှဲ” သီချင်းလေးဟာလည်း စာသား၊ သံစဉ် ထူးခြားလှတဲ့ သီချင်းကောင်းလေးပါပဲ။ သူနဲ့ ကိုနေဝင်း တွဲရေးခဲ့တဲ့ “ပြင်ဆင်နိုင်ခွင့် မင်းအတွက် ဘယ်နေ့လဲ” နဲ့ “အသည်းမြေကို အရင်းတည်သောအချစ်” သီချင်းနှစ်ပုဒ် ကလည်း ချစ်ခြင်းတရား နဲ့ စိတ်ဓာတ်အားမာန် ပြည့်စေတဲ့ သီချင်းလေးတွေဖြစ်ခဲ့ပါတယ်။ ထူးထူးခြားခြား စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းကို ဆိုခဲ့တဲ့ “ဒီရင်ခွင်ဟာမင်းအတွက် အလုံဆုံးပဲ ” သီချင်းလေးဟာလည်း ခင်မောင်တိုး ချစ်သူတွေကြားမှာ အမြဲ အမှတ်ရနေမယ့် သီချင်းလေးပါပဲ။ သူငယ်ချင်းဖြစ်သူ တင်မောင်လှိုင်ရေးတဲ့ “ရတနာသူ” ကတော့ ဘယ်ခေတ်မှာမဆို လူငယ်ကြားရေပန်းစားလောက်အောင် စာသား၊ သံစဉ် နဲ့ ဆိုဟန်ကောင်းခဲ့ပါတယ်။ မိဘမေတ္တာဖွဲ့ ကိုမောင်မောင်ရေး “ကြိုးမဲ့ချည်တိုင်” နဲ့ အဆောင်ညတွေသီချင်းဆိုရင် မပါမဖြစ် ပါရတဲ့ ကိုနေဝင်းရေး “ချစ်သူတရေးနိုး” သီချင်းတွေဟာလည်း ခင်မောင်တိုးရဲ့ အသံဝါဝါကြီးနဲ့ လိုက်ဖက်လှပြီး ကြေကွဲမှု ရသကို ပေးနိုင်ခဲ့ပါတယ်။ ကိုနေဝင်း၊ ကိုရဲလွင်တို့ရဲ့ နာမည်ကျော် တေးစာသားတွေကို ခင်မောင်တိုးရဲ့ တည်ငြိမ်အေးဆေး အားမန်ပြည့်တဲ့ အသံ၊ ဆိုဟန် နဲ့ ပေါင်းစပ်ထားတဲ့ “ခွန်အားဖြည့် မိငယ်” နဲ့ “လင်းပါစေ ရှင်နေမင်း” သီချင်းနှစ်ပုဒ်ကတော့ ခေတ်တိုင်းအတွက်၊ လူတိုင်းအတွက် ဘဝတိုက်ပွဲကို ရင်ဆိုင်နိုင်ဖို့ရာ အားဆေးကောင်းတွေအဖြစ် ဆက်လက် ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။

ဒီသီချင်းနှစ်ပုဒ် ခေတ်မရွေးဖူးဆိုတာကို ခုနောက်ဆုံး ထွက်ခဲ့တဲ့ သူ့ရဲ့ “ခွန်အားဖြည့် မိငယ်” တေးစုမှာ တခြား သီချင်းကောင်းများစွာနဲ့အတူ အဲ့နှစ်ပုဒ်လည်း ပြန်လည်ပါဝင်ခဲ့ပြီး အောင်မြင်မှု ရခဲ့တာက သက်သေပါပဲ။ အဲ့ “ခွန်အားဖြည့် မိငယ်(၂၀၁၂) ” အခွေဟာလည်း သူနဲ့ တသက်မခွဲ လက်တွဲခဲ့တဲ့အထဲက ကျန်ရှိနေတဲ့ ကိုရဲလွင်၊ ဇော်မျိုးထွဋ်၊ တွတ်ကီ၊ ဂျေမောင်မောင်တို့ရဲ့ ဝိုင်းဝန်းပူးပေါင်းကြိုးစားမှုနဲ့အတူ အမြဲအမှတ်တရ ဖြစ်ရတော့မယ် အခွေ ဖြစ်သွားပါတော့တယ်။

ခင်မောင်တိုး ရဲ့ ဂီတဘဝကို အထွတ်အထိပ် ရောက်စေခဲ့တဲ့ “မဟာဆန်သူ (၁၉၈၄)” တေးစု ကတော့ အမြဲဂန္တဝင် ထင်ကျန်နေမယ့် သီချင်းကောင်းမြောက်များစွာနဲ့ လှလှပပ ခန်းခန်းနားနား တကယ့် မဟာဆန်ဆန် စုဖွဲ့ထားတဲ့ တေးစုကောင်းတခု ဖြစ်ပါတယ်။ နှလုံးသွေးချင်းနီးလှတဲ့ ဂီတရဲဘော်ရဲဘက်များဖြစ်ကြတဲ့ ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် သုံးယောက်ပေါင်း ဖန်တီးထားတဲ့ ခေါင်းစီးတေး “မဟာဆန်သူ”ကို ခင်မောင်တိုးရဲ့ မဟာဆန်လှတဲ့ အသံနဲ့ ဆိုဟန် ပေါင်းစပ်လိုက်တော့ တပြည်လုံးမှာ လျှမ်းလျှမ်းတောက်တောက် အောင်မြင်မှု ရခဲ့ပါတယ်။ အဲ့တေးစုရဲ့ ဒုတိယ တပုဒ်ဖြစ်တဲ့ သူကိုယ်တိုင်ရယ်၊ ကိုနေဝင်းရယ်၊ ကိုမောင်မောင်ရယ် ပေါင်းရေးခဲ့တဲ့ “ထားရစ်တော့အလွမ်း” သီချင်းလေးဟာလည်း ကျနော့် လူငယ်ဘဝညတွေမှာ စိုးမိုးခဲ့ဖူးပါတယ်။ သူနဲ့ ကိုနေဝင်း ပူးပေါင်းရေးသားခဲ့တဲ့ “မကူးနဲ့ငါး” သီချင်းဟာလည်း လောကသဘော၊ ဘဝအဘိဓမ္မာ အဖြစ်နဲ့ သင်ယူခဲ့ရပါတယ်။ တရားသဘော၊ ဒဿနတွေ ပြည့်နှက်နေတဲ့အပြင် ဗမာဆန်လှတဲ့ ကိုမောင်မောင်ရဲ့ တေးစာသားဖန်တီးဟန် ၊ ခင်မောင်တိုးရဲ့ ဆိုဟန် ပေါင်းစပ်ထားတဲ့ “ဆည်းလည်းလှိုက်သံ” နဲ့ “ပြန်မလှည့်တော့ဘူး” တေးနှစ်ပုဒ်ဟာလည်း ဂန္တဝင် (Classic) ဆိုတာထက် ပို အဓိပ္ပာယ်ပြည့်ဝ ကမ္ဘာဆုံးအထိ ထင်ကျန်နေဦးမှာဖြစ်ပါတယ်။ နောင် ရုပ်ရှင် နဲ့ အတူ နာမည်ပိုကြီးခဲ့ရတဲ့ ကိုမောင်မောင်ရေး “ဒဏ္ဍာရီ” နဲ့ ဂီတသံစဉ်၊ နောက်ခံတေးဂီတ၊ ဆိုဟန် တည်ထွင်ဆန်းသစ်လှတဲ့ ကိုရဲလွင် ရေး “ဒွိဟစိတ်နဲ့သုံညမှာ” သီချင်းတွေဟာလည်း “မဟာဆန်သူ (၁၉၈၄)” တေးစုမှာ ထူးခြားမှုတွေအဖြစ် မှတ်တမ်းတင်ရပါမယ်။

ကျနော့်အတွက်၊ ကျနော်နဲ့ ခေတ်ပြိုင် လူငယ်တွေအတွက် ဘဝတလျှောက်လုံးစာ ကျင့်ကြံအားထုတ်စရာ သင်ခန်းစာ နဲ့ ဘဝအမြင်၊ ခံယူချက်တွေကို မွေးဖွားပေးခဲ့တဲ့ ခင်မောင်တိုးရဲ့ တေးစုကတော့ “ကြိုးကြာသံ (၁၉၈၅)” ဖြစ်ပါတယ်။ ဒီတေးစုဟာ “ခင်မောင်တိုး” နဲ့ “မဇ္ဇျိမလှိုင်း” အုပ်စုဝင်တွေ ကျနော့်ရဲ့ ဂီတဘုရား၊ ဘဝမှာ ကိုးကွယ်ဆည်းကပ်စရာ ဒုတိယဘုရားတွေ အဖြစ် ဖြစ်စေခဲ့တဲ့ တေးစုလည်း ဖြစ်ပါတယ်။ “ကြိုးကြာသံ” တေးစု ရဲ့ ပထမဦးဆုံး သီချင်းဖြစ်တဲ့ သူနဲ့ ကိုမောင်မောင် ပူးပေါင်းရေးခဲ့တဲ့ “လေပြေညင်း” သီချင်းလေးဟာ တီးလုံး အင်ထရို အဝင်က စပြီး ကျနော့်ရဲ့ ရင်နှလုံးကို ဆွဲကိုင်လှုပ်စေခဲ့ပါတယ်။ သီချင်းတပုဒ်လုံးမှာ စာသား၊ သံစဉ်၊ ဆိုဟန်နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တီးခတ်ဟန်တွေဟာ ကြောက်ခမန်းလိလိ ကောင်းလွန်းတော့ ဘဝမှာ အကြိမ်တထောင်ထက်မနည်း နားထောင်ဖူးတဲ့ လက်ချိုးရည်လို့ရတဲ့ ရှားပါးသီချင်း နဲ့ အခွေ ဖြစ်ခဲ့ရပါတယ်။ ဒုတိယ အပုဒ် ခေါင်းစီးတေး “ကြိုးကြာသံ” ကတော့ “မောင်ငြိမ်းချမ်းရေ.. မင်းရဲ့ဘဝမှာ ဒီလို နေပြီး..၊ ဒီလို သေတော့ဟေ့” လို့ ကက်ဆက်တိတ်ခွေကြိုးထဲကနေ လှမ်း ဆိုလိုက်သလိုပါပဲ။ “ကြိုးကြာသံ” သီချင်းနဲ့ပတ်သက်လို့ ကိုမောင်မောင် နဲ့ ခင်မောင်တိုး ရဲ့ ပရိသတ်တွေ၊ စာရေးဆရာတွေက အမျိုးမျိုးချီးမွမ်းခန်း ဖွင့်ခဲ့ဖူးကြပါတယ်။ ကျနော်ကတော့ အထက်မှာ ရေးခဲ့တဲ့ စကားစုကလေးတခု နဲ့ပဲ သီချင်း၊ စာသား နဲ့ ဆိုဟန် ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုချင်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ တခုမှာ ကျနော့် ထက်လေးနှစ်ကြီးသူ အကိုဖြစ်သူက ဘီဘီစီ ဗမာပိုင်း သတင်းဌာန၊ လူငယ့်ရေးရာအစီအစဉ် တခုရဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာလူငယ်တွေရဲ့ ဘဝ နဲ့ အသိ ကို ပေးတဲ့၊ ကိုယ်စားပြုတဲ့ သီချင်းတွေအကြောင်းပြောတော့ ခင်မောင်တိုးရဲ့ “ကြိုးကြာသံ” သီချင်းကို ထည့်သွင်းပြောဆို ရှင်းပြခဲ့ဖူးတာလည်း အမှတ်ရမိပါတယ်။ ဒီလောက်ဆိုရင် “ကြိုးကြာသံ” ရဲ့ အား နဲ့ ထိရောက်မှု စက်ဝန်း အတိမ်အနက်အကြောင်း သီချင်းကို မခံစားဖူးတဲ့ ဒီခေတ်လူငယ်များနဲ့ နောင်ခေတ်မှာ မွေးဖွားလာမယ့် လူငယ်များ ခံစားနားလည်နိုင်မယ်လို့ ယူဆပါတယ်။

“ကြိုးကြာသံ” တေးစုထဲကပဲ ခင်မောင်တိုး နဲ့ ကိုမောင်မောင် ပူးတွဲရေးခဲ့တဲ့ “ညီစေမင်း” ၊ ခင်မောင်တိုး နဲ့ ကိုနေဝင်း ပူးတွဲရေးခဲ့တဲ့ “အမုန်းမိတ်ဆွေ”၊ ကိုမောင်မောင် ရဲ့ “ခန္ဓာဝန်” ၊ “ပန်းတို့ပွင့်တယ်လို့”၊ နိုင်မင်း ရဲ့ “အတွေးပန်းချီ၊ ကိုရဲလွင် (မောင်သစ်မင်း ကဗျာ) ရဲ့ “အချစ်မဲ့ခရီးသည်” စတဲ့ သီချင်းတွေနဲ့ ခင်မောင်တိုးရဲ့ ပြောင်မြောက်လှတဲ့ ဆိုဟန်တွေကလည်း ဗမာဂီတကိုယ်ပိုင်သံစဉ် တေးဂီတ သမိုင်းမှာ အမြဲ မှတ်တမ်းဝင်ရမယ့် သီချင်းကောင်းတွေ ဖြစ်ခဲ့ပါတယ်။

“ကြိုးကြာသံ” ရဲ့ အောင်မြင်မှုနဲ့အတူ ဆက်တိုက် ထွက်ရှိလာခဲ့တဲ့ တေးစုကတော့ ခင်မောင်တိုးရဲ့ ကိုယ်ပိုင် သီချင်းဟောင်း၊ သီချင်းကောင်းအများစုကို “မဇ္ဇျိမလှိုင်း” ရဲ့ တီးဟန် အသစ် ၊ ဂီတစီစဉ်ဖန်တီးမှု အသစ်၊ ခင်မောင်တိုးရဲ့ ဆိုဟန် အသစ် နဲ့ New Version ထွက်လာခဲ့တဲ့ “မျက်သွယ် (၁၉၈၆)” ဖြစ်ပါတယ်။ တီးဟန်၊ ဆိုဟန် ကောင်းလွန်းတော့ ဒီအခွေကို ခင်မောင်တိုးရဲ့ အကောင်းဆုံးအခွေရယ်လို့တောင် လေ့လာသူ၊ ဝါသနာရှင်များအကြားသတ်မှတ်လေ့ရှိပါတယ်။ သီချင်းသစ်တပုဒ်ဖြစ်တဲ့ ကိုမောင်မောင်ရဲ့ “နှင်းဆီပန်သူ” မှာ ကိုမောင်မောင် ဖန်တီးစီစဉ်တဲ့ တေးသံစဉ် စာသား၊ ခင်မောင်တိုးရဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ တီးခတ်ဟန်ဟာ နောင် ဒီလိုဖန်တီးမှု၊ တီးဟန်၊ ဆိုဟန်မျိုး နောင်ဘယ်တော့မှ မရတော့ဘူးလို့တောင် လူတချို့ဆိုလေ့ရှိပါတယ်။ အဲ့တေးစုထဲက သူတို့ သူငယ်ချင်းတသိုက် ကျောင်းသားဘဝ ခရမ်းပြာညတွေမှာ အမြဲသီဆိုခဲ့ကြတဲ့ ကိုရဲလွင်ရဲ့ နာမည်ကျော် “သဇင်ည” နဲ့ တင်မောင်လှိုင် ရဲ “ညှို့သူ” သီချင်းနှစ်ပုဒ်ကို ခင်မောင်တိုး နဲ့ အဖွဲ့ အသစ်ပြန်လည် ခံစားဖန်တီး သီဆို မှုဟာ ကျနော့်အတွက် အမြဲ နားထောင် ခံစားလွမ်းမောရတဲ့ သီချင်းတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ထဲက ကိုမောင်မောင်ရဲ့ “စောင်းကြိုးရှိုက်သံ” အသစ်ဗားရှင်း ကလည်း အလားတူပါပဲ။

ဒီတေးစုတွေနောက် ထွက်လာခဲ့တဲ့ ရောင်စဉ်ခုနှစ်သွယ် (၁၉၈၈) တေးစုဟာလည်း ပိုမိုရင့်ကျက်လာတဲ့ ဆိုဟန်၊ တေးစာသာ၊ ဂီတ ဖန်တီးမှုတွေနဲ့ ထုံမွှမ်းလှပခမ်းနားနေပါတယ်။ အဲ့ထဲက ခင်မောင်တိုး ကိုယ်တိုင် ကိုမောင်မောင်နဲ့ ပူးတွဲ ရေးခဲ့တဲ့ “ကာရန်သီညီစေ့မယ်” အချစ်သီချင်းလှလှလေးဟာအမြဲ ခံစားနားထောင်ရတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။ ကိုမောင်မောင်ရဲ့ ကလပ်စီကယ် ဂစ်တာ အစွမ်း နဲ့ ခင်မောင်တိုး ရဲ့ တည်ငြိမ်တဲ့ ဆိုဟန် ပေါင်းစပ်ထားတဲ့ “နန်းချယ်ရီ” သီချင်းလေးဟာလည်း ဗမာ့ဂီတသမိုင်းမှာ မှတ်တိုင် တခုအဖြစ် ကျန်ရစ်နေပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ထွက်ရှိလာခဲ့တဲ့ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” တေးစုကတော့ ကိုရဲလွင် (သံစဉ်) ၊ ကိုအောင်ဝင်း (စာသား) တို့ရဲ့ နာမည်ကျော် “ဝေးခဲ့ပြီ ပန်းခရမ်းပြာ”၊ “မြက်ခင်းစိမ်းနဲ့ တဲငယ်လေး’ သီချင်းတွေနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်တည်ဆောင်နိုင်ခဲ့ပါတယ်။ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” သီချင်း ကို ခင်မောင်တိုး ဆိုဟန် ကောင်းလွန်းပြီး လူကြိုက်များလွန်းတော့ ခုဆုံးသွားရှာပြီဖြစ်တဲ့ ကိုအောင်ဝင်း တယောက်လည်း “ပန်းခရမ်းပြာ ကိုအောင်ဝင်း” ရယ်လို့ ကိုရဲလွင် (မူလ ပန်းခရမ်းပြာ သီချင်းဖန်တီးသူ) နဲ့ အတူ “ပန်းခရမ်းပြာ” နာမည်တပ် လူအများရဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတော့တယ်။ အဲ့တေးစုထဲက ခင်မောင်တိုး နဲ့ ကိုနေဝင်း ပူးတွဲရေး “အချစ်ရဲ့ ဘဝမှတ်တမ်း”၊ ကိုမောင်မောင် ရဲ့ “အေးအတူပူအမျှ”၊ ခင်မောင်ပါ ရေး “ပျိုးမေတ္တာမိုး”၊ နိုင်မင်းရေး “ဝေဒနာညနေခင်း” သီချင်းတွေဟာလည်း လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။

ဗမာ့ ကိုယ်ပိုင်သံစဉ် ဂီတ လောက ရဲ့ ထိပ်ထိပ်ကြဲ ဘုရင် နှစ်ပါး ဖြစ်တဲ့ သူရယ်၊ စိုင်းထီးဆိုင် ရယ် ရဲ့ စုစည်း အားထုတ်တင်ဆက်ထားတဲ့ “လေးညှို့ရှင် (၁၉၉၁)” တေးစုဟာလည်း ထူးခြားလှပြီး “ခင်မောင်တိုး” ဆိုတဲ့ “ဂီတလေးညှို့ရှင်ကြီး” ကနေ ပစ်လွှတ်လိုက်တဲ့ ဂီတသံစဉ် တေးသီချင်းတွေဟာ အဲ့ခေတ် လူငယ်ထုရဲ့ ရင်ဘတ် နှလုံးသားထဲကို စူးစူးနစ်နစ် စိုက်ဝင်ခဲ့ရပါတယ်။

သီချင်းတွေကို စံချိန်မှီ၊ အရည်အချင်းပြည့်၊ ငွေနောက်မလိုက်၊ စီးပွားမဆန်၊ အနုပညာအရည်အသွးဦးစားပေး စီစဉ်၊ ဖန်တီး လေ့ရှိတဲ့ ခင်မောင်တိုး ဟာ ၁၉၉၃ ခုနှစ်မှာတော့ ထူးထူးခြားခြား “ပန်တော်ဦး” နဲ့ “မြစ်တစ်စင်းဖြစ်တည်မှု” ဆိုပြီး တကိုယ်တော် တေးစု နှစ်ခု ဆက်တိုက် ထွက်ခဲ့ပါတယ်။ တေးစု နှစ်ခုစလုံးဟာလည်း ထွက်တဲ့ အချိန်နီး၊ မြန်ပေမယ့် အချိန်ယူ ပြင်ဆင်ထားခဲ့တဲ့ သီချင်းကောင်းတွေနဲ့ စံချိန်မှီဆိုတာထက် ပိုသာတဲ့ အရည်အသွေးကောင်း တေးစု နှစ်ခုဖြစ်ခဲ့ပါတယ်။

“ပန်တော်ဦး” ထဲမှာ ပန်းချီမောင်ဒီ ရဲ့ နာမည်ကြီး ကဗျာ “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” ကို ကိုရဲလွင် ကဗျာစာသားတလုံး မတည်းဖြတ်ဘဲ နဲ့ (၃) နှစ်ကြာ သံစဉ်သွင်းဖန်တီးခဲ့တဲ့ သီချင်းကို ခင်မောင်တိုး ဆိုလိုက်တော့ ကျနော့် အတွက် အဲ့သီချင်းဟာ မော်ဒန် ပန်းချီကားတချပ်ဖြစ်ခဲ့ပါတယ်။ ကဗျာတပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ ဘဝ၊ ဒဿန၊ အတွေးအခေါ် တခုပေးတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ခဲ့ရပါတော့တယ်။ “ဒို့အဘိုးက ကွမ်းတရိုးဝါးရင်းနဲ့ ပြောပြခဲ့ဖူး…” တဲ့.. ဘဝ အကြောင်း၊ လောကအမြင်တွေ၊ ကျင့်ဝတ် နီတိ ပုံပြင်တွေ ကို ခင်မောင်တိုးက ဂီတတေးသွား အနေနဲ့ ဟစ်ကြွေး ဆုံးမသွားသလို ခံစားခဲ့ရပါတယ်။ ကျနော် တဦးတည်းသဘောနဲ့ ခင်မောင်တိုး ရဲ့ အကောင်းဆုံး သီချင်းကို ရွေးခွင့်ရရင် အဲ့သီချင်းကို ရွေးပါမယ်။ ဘဝမှာ အကြိမ်တထောင်မက နားထောင်ဖူးတဲ့ ရှားပါးသီချင်း စာရင်းဝင်လည်း ဖြစ်ပါတယ်။ ကျနော် အဲ့သီချင်း ရဲ့ သဘော၊ သဘာဝ၊ ဒဿန နဲ့ လောကအမြင်ကို စာတွေ စရေးတတ်တဲ့ အချိန်ကစလို့ ဆောင်းပါးရှည်ရေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ ကျနော့်ရဲ့ ပုံဖော်ဖန်တီးမှုနိုင်မှု အနုပညာဝမ်းစာ က နည်းလွန်းတော့ “မြင်းထိန်း ငတာ” မဖြစ်ချင်လို့ အကြိမ်ကြိမ်လက်လျှော့ ခဲ့ရပါတယ်။

“ပန်တော်ဦး” ထဲမှာပဲ “ဘာလိုသေးလဲ” (ကိုရဲလွင် သံစဉ် ၊ မောင်သစ်မင်း ကဗျာ ၊ မူရင်း စိုးပိုင် ဆို) ကို ပြန်လည် ခံစား အသစ်ဖန်တီး သီဆိုထားတဲ့ အချစ်သီချင်း ရိုးရိုးလေး ဟာလည်း စိုးပိုင်ရဲ့ ဆိုဟန်နဲ့ အသားကျပြီးသား ဖြစ်နေတဲ့ နား နဲ့ ခံစားမှု နှလုံးကို ကျော်လွန် ဖြတ်သန်းနိုင်လောက်အောင် ခင်မောင်တိုးရဲ့ ဆိုဟန်က ကောင်းခဲ့ပါတယ်။

ဒီအခွေထဲက တခြားသီချင်းတွေရဲ့ ကောင်းမွန်မှုကို စာဖွဲ့ရရင်လည်း စာတပုဒ်စာမက ဖြစ်သွားပါမယ်။ ထူးခြားတာပဲ ဆိုရရင်တော့ ၁၉၉၃ မှာ ထွက်ခဲ့တဲ့ ဒီတေးစု နှစ်ခုလုံးမှာ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ တေးသံစဉ် စီစဉ်မှု၊ တီးခတ်မှု၊ ဆိုဟန်တွေဟာ ခေတ်နဲ့ ပို အံ့ဝင် ခွင်ကျ ဖြစ်လာတာကို ထည့်ပြောရပါမယ်။ အီလက်ထရောနစ် ဂစ်တာ အပြင်းစား အနောက်တိုင်း သံစဉ်တွေနဲ့ ပိုနားစွဲ နှစ်ခြိုက်နေပြီဖြစ်တဲ့ လူငယ်ထုကို ကိုယ်စားပြုနိုင်ဖို့ရာအတွက် ခံစားမှုတူ ပေးစွမ်းနိုင်တဲ့ ကိုယ်ပိုင်သံစဉ် ဂီတသစ်ဖန်တီးမှု ပုံစံကွဲတွေ ချပြထားတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကြိုးစားမှု၊ ပညာပြည့်ဝမှု နဲ့ စေတနာ ကို ဒီနှစ်ခွေလုံးမှာ သိသိသာသာ မြင်ခဲ့ရတဲ့ အတွက် ဖြစ်ပါတယ်။

ဥပမာ အနေနဲ့တော့ “မြစ်တစ်စင်းဖြစ်တည်မှု” မှာ ပါခဲ့တဲ့ အနုပညာရောင်းရင်း ညီငယ်တဦးဖြစ်တဲ့ ပန်းချီ ကိုမြိုး ရဲ့ ကဗျာစာသားကို အခြေခံပြီးကိုရဲလွင် နဲ့ ခင်မောင်တိုး ပူးတွဲ သံစဉ်ရှာ ဖန်တီးခဲ့တဲ့ “ခရမ်းပြာအိပ်မက်” ကို ပြရပါမယ်။ အပြင်းစား ဟယ်ဗီးမယ်တဲလ် သီချင်းတပုဒ်လို ခံစားမှု ပေးစွမ်းနိုင်ခဲ့ပြီး ခေတ်ဟန်အပြည့်ပါခဲ့ပါတယ်။

ပန်းချီ ကိုမြိုး ရဲ့ တခြား ကဗျာစာသားတခုကို ကိုရဲလွင် နဲ့ ခင်မောင်တိုးပဲ ပူးတွဲ သံစဉ်ရှာ အသက်သွင်းခဲ့တဲ့ “လွမ်းတမ်းတတယ်ခိုင်” သီချင်း၊ ကိုရဲလွင် သံစဉ်၊ ကိုအောင်ဝင်း စာသား ကို ခင်မောင်တိုး လှလှပပ သီဆိုခဲ့တဲ့ “ဆုံးဖြတ်တဲ့အတိုင်း” သီချင်းနဲ့ အခြား ဂီတညီငယ် “မဇ္ဇျိမလှိုင်း” ရဲ့ ဝိုင်းတော်သား သားထွေး ရေးတဲ့ “ရင်ခုန်စွာလိုက်ခဲ့” သီချင်းတွေဟာလည်း ဂန္တဝင်တွင်မယ့် အချစ်သီချင်းကောင်းလေး တွေအဖြစ် “မြစ်တစ်စင်းဖြစ်တည်မှု” တေးစုထဲမှာ ပါဝင်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ သူ့ရဲ့ နာမည်ကျော်ကြားလှတဲ့ တကိုယ်တော် စင်တင်တေးဂီတပွဲကြီးကို ရန်ကုန်မှာ လုပ်ခဲ့ပြီး Live သီဆိုထားတဲ့ သီချင်းတွေကို အသံသွင်း၊ အခွေနှစ်ခွေတွဲ (ကက်ဆက်အခွေကာဗာအကြီး နဲ့ သီချင်းစာအုပ်အသေး ပါတွဲလျက်) ထူးထူးခြားခြားထွက်ခဲ့ပါတယ်။ Live ဆိုတာကို ရန်ကုန်မှာ ရှိမနေလို့ သွားမကြည့်ရတဲ့ သားဖြစ်သူကျနော်ကို အဖေက ကိုယ်တိုင် အခွေနှစ်ခွေတွဲ ဝယ်ပေးခဲ့တာလည်း အမြဲမှတ်မှတ်ရရ ရှိနေရပါတယ်။ ကိုမောင်မောင် ရဲ့ နာမည်ကျော် “ဝတ်မှုံ (မူရင်း မွန်းအောင်ဆို)” ကို ခင်မောင်တိုး ပြန်လည်ဆန်းသစ် Live ဆိုဟန် နားထောင်ပြီး “ဒီတပုဒ်နားထောင်လိုက်ရတာနဲ့ကို ဒီနှစ်ခွေတွဲက တန်တယ်” လို့ အဖေ့ကို ပြန်ပြောတော့ အဖေ ကျေနပ်သွားခဲ့တာလည်း သတိရမိပါတယ်။ အဲ့နောက်ပိုင်းဆက်တိုက် ထွက်ခဲ့တဲ့ “ရည်ရွယ်သူ” မှာ စိုင်းထီးဆိုင် ရဲ့ “လောင်စာအချစ်မီး” ကို ခင်မောင်တိုး ကိုယ်ပိုင်ဟန်နဲ့ အသစ်ခံစားဆိုတာကို နားထောင်ခဲ့ရတော့လည်း အလားတူ ခံစားမှုမျိုး ရရရှိခဲ့ပါတယ်။

(၉၅/၉၆) မှာပဲ တက္ကသိုလ်နောက်ခံ ကာဗာ နဲ့ ထွက်လာခဲ့တဲ့ “မှီတွယ်ရာ.. လွမ်း” တေးစုဟာလည်း တက္ကသိုလ် ဘဝ အပျော်၊အပါး၊အလွမ်း၊အမောတွေကို ကြိုတင်ရင်ခုန်တတ်နေပြီဖြစ်တဲ့ အရွယ်ဆိုတော့ အမှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်။ ဆက်တိုက်လိုလိုပဲ ထွက်လာခဲ့တဲ့ “လှိုင်းထက်ကခြေရာ” မှာ စန္ဒာရား လှထွဋ် ရေး နာမည်ကြီး ရုပ်ရှင်နောက်ခံတေး “တပြည်သူမရွှေထား” ပါဝင်ခဲ့တာကိုလည်း အမှတ်ထားမိခဲ့ပါတယ်။

နှစ်ပိုင်းအနည်းငယ် ခြားပြီး ၁၉၉၉/၂၀၀၀ ပတ်ဝန်းကျင်မှာ ထွက်လာခဲ့တဲ့ “သီချင်းတပုဒ်” နဲ့ “တိတ်တခိုး” တေးစုတွေဟာလည်း ခင်မောင်တိုး ပရိသတ်တွေ စောင့်ရတာ တန်အောင် ကောင်းတဲ့ အခွေတွေဖြစ်ခဲ့ပါတယ်။ RIT ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ နာမည်ကြီး ကဗျာတွေကို ဂီတညီငယ် နိုင်မင်းက သံစဉ်သွင်းပေးခဲ့တဲ့ “တိတ်တခိုး” ဟာ ခင်မောင်တိုးရဲ့ အောင်မြင်မှု မကျသေးဘူး ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ခင်မောင်တိုးရဲ့ ပီသ၊ ရှင်းပြတ် တဲ့ အသံ၊ ညက်ညော်တဲ့ ဆိုဟန် နဲ့ “မဇ္ဇျိမလှိုင်း” ရဲ့ လှပတဲ့ တေးသံစဉ်တွေကြောင့် ကဗျာ က နေ သံစဉ်သီချင်းအဖြစ် အနုပညာပုံသဏ္ဍာန် ပြောင်းထားပေမယ့် အနုပညာရသ ပေးစွမ်းနိုင်မှုကတော့ မယုတ်လျော့ မပြောင်းလဲ့တဲ့အပြင် ပိုတောင် အသက်ဝင် ရသမြောက် လှပခဲ့ပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းတော့ ကျနော် စိတ်နှလုံး၊အာရုံဟာ သီချင်းသစ်၊ အထူးသဖြင့် ပေါ်ပင် ခေတ်စားလာတဲ့ ခေတ်ဂီတ ပုံစံ၊ ရပ်ဝန်း နဲ့ ခေတ်အဆိုတော်တွေအပေါ် ခံစား မမွေ့လျော်နိုင်တော့ဘဲ.. သီချင်းဟောင်း နဲ့ လူဟောင်းတွေနဲ့ပဲ ဂီတချင်ခြင်းပြေ ကျေနပ်လာသလို ခင်မောင်တိုးလည်း ဈေးကွက်အနေအထားကြောင့် သီချင်းအသစ်တွေ မတင်ဆက်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နီးစပ်တဲ့ အသိုင်းအဝိုင်းကတဆင့်၊ စာနယ်ဇင်း အင်တာဗျူးတွေကတဆင့် ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” သီချင်းအသစ်တွေ ဖန်တီးနေမြဲဆိုတာတော့ သိခွင့်ရခဲ့ပါတယ်။ ခုအချိန်မှာ ခင်မောင်တိုး သီချင်းအသစ် ထွက်လို့ရှိရင် ချက်ချင်း ဝယ်ယူနားထောင် နေဦးမှာ ဖြစ်ပေမယ့်လည်း သူပေးခဲ့တဲ့ သီချင်းတွေဟာ ကျနော့် ဘဝအတွက်၊ စိတ်နှလုံး အာဟာရ အတွက် လိုတာထက်တောင် ပိုနေပြီဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလ များမှာ တိုင်းပြည်မှာ ကြီးစိုးခဲ့တဲ့ ဗုံမဟုတ်၊ ပတ်မဟုတ်ကောင်တွေရဲ့ ကျပ်မပြည့်တဲ့ အတွေးအခေါ် နဲ့ ဆံပင်ရှည်ထား အနုပညာ ဖြော်ဖြေမှုတွေ မလုပ်ရဘူးလို့ တားမြစ်ပြီး ပြဿနာ လူတန်းစာ၊ ပြဿနာခေတ်၊ ပြဿနာ လူငယ်တွေကို အမြဲကိုယ်စားပြုတဲ့ “ပြဿနာ အုပ်စု” အထိမ်းအမှတ်၊ အမှတ်အသား “ဆံပင်ရှည်ထားခြင်း” ကို ထိခိုက်လာတော့ “ငါသီချင်းဆို မစားဘူးကွ..” ဆိုပြီး မန္တလေး ပြန်သွားခဲ့တယ်လို့ ကြားဖူးထားခဲ့တဲ့ ဂီတ ဘဝသာမက လူမှု ပုဂ္ဂလိက ဘဝမှာလည်း အနေမှန်ခဲ့တဲ့ ခင်မောင်တိုးတယောက် ၂၀၀၀ ခုနှစ် အလယ်များမှာ မလုပ်ချင်တဲ့ အလုပ်တချို့၊ ကျနော် မမြင်ရက်၊ မမြင်ချင်၊ မခံစားနိုင်တဲ့ အလုပ်တချို့ စိတ်မပါဘဲ လုပ်ခဲ့ရတာကို တွေ့ရတော့လည်း ကြေကွဲဝမ်းနည်းမိခဲ့ပေမယ့် သူ့အပေါ် လေးစားမှုကတော့ မလျော့ခဲ့ပါဘူး..။ နောက်ပိုင်း သူ့သားအကြီး နဲ့ မိတ်ဆွေအရင်း ဖြစ်ရလို့ သူ ဒီလို ကိစ္စတွေကို အမျိုးမျိုး ငြင်းပယ်၊ ရှောင်ပုန်းခဲ့ပေမယ့် နောက်ဆုံး မတတ်သာ၊ အကြပ်ကိုင်လို့ လုပ်ခဲ့ရပုံတွေကို အဖြစ်မှန်သိခွင့်ရတော့လည်း သူ့အပေါ် ပိုလို့ စာနာနားလည်ဖြစ်ခဲ့ရပြီး ခေတ်ဆိုး၊ စနစ်ဆိုး နဲ့ လူဆိုးတွေကို ပြစ်ပြစ်နှစ်နှစ် ဆဲချင်စိတ်ဖြစ်ခဲ့ရပါတယ်။ သူ့ဘဝတလျှောက် ထွက်ခဲ့တဲ့ သီချင်းများစွာရဲ့ စာသားတွေဟာလည်း ပုံအမျိုးမျိုးဖျက်၊ မင်နီအမျိုးမျိုးကို ရှောင်ပြီးမှ ခံစားသူ ပရိတ်သတ်ရှေ့ ရောက်လာခဲ့တာ များပါတယ်။ သူတို့နဲ့ မထိုက်တန်တဲ့ စနစ်အဖွဲ့အစည်း၊ ဘက်မညီတဲ့ ကောင်းကင်၊ သမမမျှတတဲ့ ရာသီဥတုတွေကြား ကန္တာရခရီးကြမ်း နှစ်များကို ဂီတအပေါ် ချစ်မြတ်နိုးမှု၊ ရူးသွပ်မှုစိတ်နဲ့ သက်ဆုံးတိုင် မယိုင်မလဲလျှောက်ခဲ့ကြတဲ့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ရဲ့ ကျေးဇူးနဲ့ ပေးဆပ်မှု၊ သက်ရောက်မှုက ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် ကြီးမားလှပါတယ်။

ခုတော့ သူတယောက် အားလုံးကို နှုတ်ဆက်ပြီး အောင်မြင်မှုပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာနဲ့ ကျေးဇူးတရား တပွေ့တပိုက်ကြီးကို ထားခဲ့ပြီး လူလောကကို လှလှပပ၊ သိက္ခာ ရှိရှိ ကျောခိုင်း ထွက်ခွာသွားခဲ့ပြီ။

သူရဲ့ ကျန်ရစ်ခဲ့တဲ့ ဂီတ ရောင်းရင်း ညီအကို “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေဖြစ်တဲ့ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇော်မျိုးထွဋ်၊ သားထွေး၊ တွတ်ကီ စတဲ့ ဂီတရဲဘော်တွေက သူ့အကြောင်းတွေပြော၊ အလွမ်းသီချင်းတွေ ရေး/တီး/ဆို ရင်းနဲ့ပဲ လူ့အဖွဲ့အစည်းသာယာလှပငြိမ်းချမ်းအောင် ဆက်လက်လုပ်ဆောင်သွားရတော့မှာပေါ့..။

သူတို့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားချင်း ဘယ်လောက် အနေနီး၊ စိတ်သဘောနီး၊ နှလုံးသွေးချင်းနီး၊ ရင်ဘတ်ချင်းနီးပြီး ချစ်ခင်ခဲ့ကြတာဆိုတာ သူတို့ ပူးပေါင်း ဖန်တီးခဲ့တဲ့ သီချင်းကောင်းတွေက သက်သေပါပဲ..။ ကိုမောင်မောင် မင်္ဂလာဆောင်တော့ ခင်မောင်တိုး နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ (ခင်ဝမ်း အပါအဝင်) က Live Show ကျင်းပပြီး မင်္ဂလာ လက်ဖွဲ့ပေးဖူးခဲ့တယ်။ ခင်မောင်တိုး မင်္ဂလာဆောင်တော့ ကိုရဲလွင် နဲ့ ကိုမောင်မောင် က “ဘ၀လမ်းအစခရီး” ဆိုတဲ့ သီချင်းလေးတပုဒ်ကို ခင်မောင်တိုးနဲ့ တွဲရေးပြီး လက်ဖွဲ့ပေးဖူးခဲ့တယ်။ အဲ့လို ဖြတ်သန်းခဲ့ကြတဲ့ ဘဝတွေမှာ ခုတော့ ကျန်ရစ်ခဲ့သူတွေက လွမ်းဆွတ်တသရတော့မှာပေါ့..။

ဗမာပြည်ရဲ့ ရှားပါး ဂီတပညာရှင် တဦးဖြစ်တဲ့ မိုးကျော် (အမေရိကန်ကပြား) ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှာတော့ သူ့ရဲ့ ဂီတရောင်းရင်းတွေဖြစ်တဲ့ ရာပြည့် က “တေးမြုံငှက်သို့ တမ်းချင်း” ၊ တင်ဝင်း (ဆေး/မန်း) က “မိုးကျော်” (ခိုင်ထူး ဆို) ၊ ကိုနေဝင်း က “ကြွေချိန်မသင့်ကြွေတဲ့ပန်းမို့’၊ ကိုဇာလျန်း “ကြယ်ကြွေချိန် ကျူးရင့်ကြိုး” ဆိုပြီး သီချင်းစပ်ဆို၊ သီဆို ဂုဏ်ပြုလွမ်းကြသလို ခင်မောင်တိုး ကလည်း “ပြန်မလှည့်တော့ဘူး” ဆိုတဲ့ သင်္ခါရတရား သဘောအပြည့်ပါတဲ့ သီချင်းလေးကို ဆိုပြီး အမှတ်တရ လွမ်းဆွတ်ခဲ့ဖူးပါတယ်။ ခုတော့ သူကိုယ်တိုင် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပရိတ်သတ်ကို ကျေနပ်အောင် နှုတ်ဆက်ခွင့် မရဘဲ ရေခြားမြေခြားမှာ ဆေးကုရင်း “ပြန်မလှည့်တော့မယ့် လမ်းကို” လျှောက်လှမ်းသွားခဲ့ပါပြီ..။

“မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားလိုလို ဖြစ်ခဲ့တဲ့ ဂီတ မိတ်ဆွေ ရောင်းရင်းကြီး၊ ဗမာပြည်ရဲ့ ရှားပါး အနုပညာ အစိုင်အခဲကြီး ခင်ဝမ်း (ဂျပန်ကပြား) တယောက်ဆုံးတော့ သူက “ခုနှစ်နှစ်အလွန်” ဆိုပြီး လွမ်းတသသ ဖြစ်ခဲ့ရတယ်..။ ခုတော့ ကျန်ခဲ့တဲ့သူတွေက သူ့ကို ပြန်ပြီး လွမ်းဆွတ်ရင်းနဲ့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာ ဖန်တီးခဲ့မှုတွေကို ဖော်ထုတ်ရဦးတော့မှာပေါ့..။

ဒီနေရာမှာ စကားချပ် အနေနဲ့ ခင်မောင်တိုးရဲ့ ကျန်ရစ်သူ မိသားစု၊ ဂီတလောက က တေးထုတ်လုပ်သူတွေ နဲ့ “မဇ္ဇျိမလှိုင်း” အဖွဲ့ကို အနူးအညွတ် မေတ္တာ ရပ်ခံချင်တာကတော့ ခင်မောင်တိုး သီဆိုခဲ့တဲ့ ဂန္တဝင်တေးသီချင်းကောင်းတွေကို ခုခေတ် နောက်ပေါက် အဆိုတော်များပေးဆို ဖျက်ဆီးပြီး ပေါ့ပျက်ပျက်၊ ပစ်စလက်ခတ်၊ ဖြစ်ကတတ်စမ်း လွမ်းဆွတ်မှုမျိုး မလုပ်ဖို့ပါပဲ ခင်ဗျာ..။ ရင်ဘတ်ချင်းတူတဲ့ “မဇ္ဇျိမလှိုင်း” အုပ်စုဝင်ထဲကတော့ ဘယ်သူဆိုဆို ဆိုကြပါခင်ဗျာ..။

ခင်မောင်တိုး ကိုယ်တိုင်လည်း ဒီသဘော ရှိတယ်ဆိုတာ၊ သူ့ နဲ့ သူ့ရဲဘော် တေးရေး နဲ့ “မဇ္ဇျိမလှိုင်း” ဝိုင်းတော်သားတွေ နှလုံးသားချင်းနီး နားလည်သဘောတူညီမှုထားကာ သူအသက်ရှင်စဉ်တုန်း သူ့သီချင်းဟောင်း၊ အကောင်းတွေ သူများပေးဆို အများစု ဖျက်ဆီးခြင်း မခံခဲ့ရတာကိုကြည့်ရင် သိနိုင်ပါတယ်။

သိပ်မကြာသေးခင်တုန်းက ကိုနေဝင်းကို ဂုဏ်ပြုတဲ့ Live Show လုပ်တော့ ကိုနေဝင်းရဲ့ သီချင်းကောင်းတွေ ဆိုချင်သလို ဆိုကြပြီး ပျက်စီးသွားတာ ခံစားရလို့ မကျေမနပ်ဖြစ်နေတဲ့ စိတ်အနာ မပျောက်သေးခင် ခုအချိန် ခင်မောင်တိုးရဲ့ သီချင်းတွေကို အလားတူ အဖြစ်ဆိုးမျိုး မကြုံပါရစေနဲ့ ခင်ဗျာ..။

နိဂုံးချုပ်အနေနဲ့တော့ သင်္ခါရ သဘောကိုပဲ တွေးမိ သံဝေဂဖြစ်ရတဲ့ အကြောင်းကို ရေးချင်ပါတယ်။ ဟိုတလောက သုခမိန်လှိုင် (သိဒ္ဓတ္တလှိုင် ကဗျာဆရာ/တေးရေးဆရာ) က သူ့ရဲ့ လူမှုကွယ်ရက်စာမျက်နှာမှာ “မင်းမင်းလတ်ကို လိုက်ပို့ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံအယ်လ်ဘမ်တခု တင်ပါတယ်။ မင်းမင်းလတ် ဆုံးတော့ (၁၉၉၇) လိုက်ပို့ကြတဲ့ ဂီတ မိတ်ဆွေတွေရဲ့ ပုံတွေ စုစည်းထားတာပါ။ အဲ့ထဲမှာ ပါခဲ့တဲ့ ခင်ဝမ်း (၂၀၀၀)၊ ထူးအိမ်သင် (၂၀၀၄) ၊ စိုင်းထီးဆိုင် (၂၀၀၈) အစရှိတဲ့ ဗမာပြည်ရဲ့ ရှားပါးအဖိုးတန်တဲ့ ကြယ်ပွင့်ကြီးတွေ တပွင့်ပြီးတပွင့် မြေခသက်ဆင်းခဲ့ရပုံကို ဓာတ်ပုံစုစည်းမှု အနုပညာနဲ့ သုခမိန်လှိုင် က တင်ဆင်ထားတာပါ..။

ခုတော့ နောက်ထပ် ကြယ်တပွင့်တပွင့် ကြွေသွားခဲ့ရပြန်တာပေါ့..။

ရတနာမြိုင် မှာ “သံပြိုင်တင့်ဆန်း ပွင့်ဝေခဲ့တဲ့” “အရိုင်း (The Wild Ones)” နဲ့ “လိုင်း (The Medium Wave)” ရဲ့ ထိပ်သီး အဆိုတော်ကြီး နှစ်ဦးလုံး ခု မရှိတော့ပါဘူး။

ဒီလို အကောင်းသိပ်ကြိုက်တဲ့ ဘုရားသခင်က ကျနော်တို့ ရဲ့ လောကလူ့ဘောင်အတွက် ဘုရားလိုတန်ခိုးထက် အစွမ်းဖြစ်စေတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ခဏခဏ ခေါ်.. ခေါ် သွားတတ်တော့ ခု ကျန်နေသေးတဲ့ ကိုနေဝင်း၊ ကိုရဲလွင်၊ သားထွေး အစရှိတဲ့ ကျန်ရှိနေသေးတဲ့ ခင်မောင်တိုး ရဲ့ ဂီတ ရဲဘော်ရောင်းရင်းကြီးတွေကိုတော့ ကျနော်တို့နဲ့အတူ နှစ်ပေါင်းများစွာ ဆက်လက်ရှိပေးဖို့ ဘုရားသခင်ကို တပါတည်း တောင်းပန်ချင်ပါတယ်။

ဂီတမိတ်ဆွေ ရောင်းရင်း သူငယ်ချင်းအရင်းတွေကို နောက်ဆုံးအချိန်အမှီ လိုက်လိုက်တွေ့နေရတဲ့ ဂျေမောင်မောင် ကိုလည်း နောင်ဒီလို ခရီးတွေ ထွက် ထွက်နေရတာလည်း မမြင်ချင်တော့ပါဘူး။

လူလောက ကို ကောင်းကျိုးများစွာပြုခဲ့တဲ့ ခင်မောင်တိုး တယောက် ကောင်းရာသုဂတိလားမှာ သေချာတဲ့ အတွက် အထူးဆုမတောင်းတော့ပါ..။ ဒါပေမယ့် ခင်မောင်တိုး တယောက် မြင့်မြတ်တဲ့ ဘုံဘဝမှာ ကိုမောင်မောင်၊ ခင်ဝမ်း၊ ကိုမျိုးခင်၊ မိုးကျော်၊ ပန်းချီ ကေမြိုး၊ ကိုအောင်ဝင်း တို့နဲ့ အတူ သီချင်းတွေ တွဲရေး၊ တီး၊ ဆို လုပ်ခွင့်ရဖို့တော့ ဖြစ်နိုင်ရင် ဆုတောင်းပေးလိုက်ချင်ပါတယ်..။

ကြေကွဲဝမ်းနည်းစွာဖြင့်ဆိုတာထက်ပိုတဲ့ စိတ်ခံစားမှုဖြင့် ….

● မှတ်ချက်

ဒီစာကို ၁၆ ၊ နိုဝင်ဘာ ၊၂၀၁၂ ၊ သောကြာနေ့၊ ဒေသစံတော်ချိန် ညနေ (၆) နာရီ ခန့်မှာ စတင်ရေးသားပြီး ည ၁၁ နာရီ ၊ ၃၄ မိနစ်မှာ ပြီးတယ်..။ ဦးနှောက်ဖြင့် မရေးဘဲ နှလုံးသားခံစားချက်အတိုင်းရေးတယ်..။ ခံစားရသလို ရေးထားခြင်းဖြစ်တဲ့အတွက် ခုနှစ် နဲ့ အချက်အလက်များကို ပြန်လည် မစီစစ်၊ လွဲနေတဲ့ အချက်များ၊ (အထူးသဖြင့် တေးစုများထွက်ခဲ့တဲ့ ခုနှစ်တွေ လွဲနေရင်) နောင် သမိုင်းမှတ်တမ်းအမှန်ကျန်အောင် သိသူများ ထောက်ပြ ပြင်ပေးနိုင်ပါတယ်..။ စာထဲတွင် ခင်မောင်တိုး အပါအဝင် အနုပညာရှင်များရဲ့ နာမည်တွေကို အနုပညာနာမည်အတိုင်း (ဦး/ကို မတပ်ဘဲ) ညွှန်းဆိုခေါ်ဝေါ်ထားပါတယ်။ ခင်မောင်တိုး ရဲ့ ဘဝအကျဉ်း ကိုလည်း လက်လှမ်းမမီသူများ ဖတ်နိုင်ဖို့ အောက်မှာ သိသလောက် အကျဉ်းချုံး ဖော်ပြလိုက်ပါတယ်။

● ခင်မောင်တိုး၏ ဂီတဘဝအကျဉ်း

၁၉၅၀ ခု ဧပြီ ၁ ရက် နေ့၊ စစ်ကိုင်းတိုင်း မော်လိုက်မြို့၌ အဖ အရေးပိုင်မင်း ဦးခင်မောင် နှင့် အမိ ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမဆယ့်သုံးယောက်အနက် သုံးယောက်မြောက်သား ဖြစ်သည်။ ငယ်ဘဝတလျှောက် အစိုးရအမှုထမ်း ဖခင်ဖြစ်သူ တာဝန်ထမ်းဆောင်ရာ ဗမာပြည့်အနှံ့ လိုက်ပါ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၉၆၅ ခုနှစ်၌ ဆယ်တန်း အောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် သထုံမြို့မှ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ ခင်မောင်တိုး သည် သူငယ်ချင်းများနဲ့အတူ “ပြဿနာ အုပ်စု” အနေဖြင့် RIT ကျောင်းသားဘဝ သီချင်းများ ရေး၊ တီး၊ ဆို၊ စလုပ်ခဲ့သည်။ ကျောင်းသားဘဝကတည်းက ခင်မောင်တိုးသည် ရစ်သမ် ဂစ်တာအတီး နဲ့ အဆို ကောင်းခဲ့သူ ဖြစ်သည်။ ကျောင်း သူငယ်ချင်းများဖြစ်သူ ကိုရဲလွင်၊ တင်မောင်လှိုင်၊ ကိုမောင်မောင်၊ ကိုစိုး အစရှိသူတို့နှင့် ကျောင်းပွဲများ၊ အဆာင်ညများ၌ တီး၊ ဆို ရင်း စတီရီယိုခေတ်ဦး အပြင်ဂီတလောက၌လည်း တေးစုပေါင်းများစွာ အသံသွင်း၊ ထုတ်နိုင်ရန် ကြိုးစားခဲ့သည်။

တကိုယ်တော် အနေဖြင့် “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၁)” နှင့် “ရင်ခုန်နေသော အိမ်မက်ငယ် (၁၉၇၃)” တေးစု နှစ်ခု စတင်ထွက်နိုင်ခဲ့သည်။ နိုင်ငံခြားသံစဉ် သီချင်းအများစု ပါဝင်ခဲ့သော်လည်း “မျက်သွယ်”၊ “လွမ်းပုံပြင်”၊ “ညှို့သူ(?)” တို့ကဲ့သို့ ကိုယ်ပိုင်သံစဉ်ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများ ပါဝင်ခဲ့သည်။

၁၉၇၉ ၌ ဂီတရဲဘော်များဖြစ်ကြသူ ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုဇော်မျိုးထွဋ် တို့နှင့် ပူးပေါင်း၍ ‘‘လိစ္ဆ၀ီ’ တေးဂီတ အဖွဲ့ကို ဖွဲ့ပြီး ကိုယ်ပိုင်သံစဉ် တေးဗဟိုပြု တေးသီချင်းများ ရေး၊ တီး၊ ဆို ခဲ့သည်။ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၇၉)”၊ “ဝိုင်းရဲ့ဆည်းဆာ (၁၉၈၀)”၊ “စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ / Selection (၁၉၈၁)” တေးစု သုံးခု ထွက်ခဲ့သည်။

ထို့နောက် ၁၉၈၃ ၌ အဖွဲ့ နာမည်ကို ‘လိစ္ဆ၀ီ’ မှ ‘မဇ္ဇျိမလှိုင်း’ ဟု ထပ်မံ ပြောင်းလဲခဲ့ပြီး “မဟာဆန်သူ(၁၉၈၄)”၊ “ကြိုးကြာသံ (၁၉၈၅)”၊ “မျက်သွယ် / Selection (၁၉၈၆)”၊ “ရောင်စဉ်ခုနစ်သွယ် (၁၉၈၈)”၊ “ဝေးခဲ့ပြီပန်းခရမ်းပြာ (၁၉၉၀)“၊ “လေးညှို့ရှင် (၁၉၉၁)”၊ “ပန်းချစ်သူ အပါအဝင် ရုပ်ရှင်သီချင်းများ (၁၉၉၂)”၊ “ပန်တော်ဦး (၁၉၉၃)”၊ “မြစ်တစင်းဖြစ်တည်မှု (၁၉၉၃)”၊ “Live 94 (Live Show) နှစ်ခွေတွဲ (၁၉၉၄)”၊ “ရည်ရွယ်သူ (၁၉၉၅)”၊ “မှီတွယ်ရာ လွမ်း (၁၉၉၆)”၊ “လှိုင်းထက်ကခြေရာ (၁၉၉၇)”၊ “ရင်ခတ်အလွမ်း / မွန်းအောင် သီချင်းများ ပြန်လည်သီဆိုမှု (၁၉၉၈)“၊ “သီချင်းတပုဒ် (၁၉၉၉)”၊ “တိတ်တခိုး / မောင်စိန်ဝင်း ကဗျာ နိုင်မင်း သံစဉ် များကို သီဆိုမှု (၂၀၀၀)“၊ “ခုနစ်နှစ်အလွန် / ခင်ဝမ်း အမှတ်တရ (၂၀၀၇)” တေးစုအများ အပါအဝင် “အကြိုက်ဆုံးမန္တလေးသီချင်းများ (ခေတ်ဟောင်းသီချင်းများ)”၊ “သည်းဦးသစ္စာ (Selection)”၊ “ ခွန်အားဖြည့်ပါမိငယ် (၂၀၁၂)” အစရှိသဖြင့် မျက်မှောက်ခေတ်အထိ တေးစု ပေါင်းမြောက်များစွာ သီဆို ထုတ်ဝေ အောင်မြင်ခဲ့သည်။

၂၀၁၂ ခု နိုဝင်ဘာလ (၁၅) ရက်နေ့ စင်္ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခဲ့သည်။

“ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်” မှ စတင်၍ ဆယ်စုနှစ် (၄) စု တိုင် ရှင်သန် ခဲ့သည့် ခင်မောင်တိုး နှင့် ဂီတ ရဲဘော်ရဲဘက် သူငင်ချင်း မိတ်ဆွေ ဂီတစာဆို များ၊ ဂီတပညာရှင်များ ဖန်တီး တီးခတ် သီဆို ခဲ့သည့် တေးသီချင်းကောင်းများစွာကို ခံစားနားဆင် နှလုံးသား အာဟာရ ဖြည့်တင်း မှီဝဲ စားသုံးခွင့် ရခဲ့သဖြင့် ခင်မောင်တိုး အပါအဝင် ‘ပြဿနာ’၊ ‘လိစ္ဆ၀ီ’ နှင့် ‘မဇ္ဇျိမလှိုင်း’ အုပ်စုဝင် အားလုံးကို အထူးကျေးဇူးတင်ပါသည်။

-ငြိမ်းချမ်းအေး

0 အဆိုတော် ခင်မောင်တိုးရဲ့ နောက်ဆုံးဖျော်ဖြေမှု - တကယ်ဝေးသွားခဲ့တဲ့ ပန်းခရမ်းပြာ (ရုပ်/သံ)

ကျွန်တော့်အတွက် ကံကောင်းတာလား ကံဆိုးတာလား ကိုတိုးကြီးရေ ကိုတိုးကြီးပရိသတ်အတွက်၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝသန်ပွဲမှာ နောက်ဆုံးဖျော်ဖြေခဲ့တာကို ရိုက်ခွင့်ရလိုက်လို့ ကိုတိုးကြီးပရိတ်သတ်အတွက် ပြန်လည်ဝေမျှလိုက်ပါတယ် ကိုတိုးကြီးဘယ်နေရာရောက်ရောက် ငြိမ်းချမ်းနိုင်ပါစေ... ဝေးခဲ့ပြီ ပန်းခရမ်းပြာ...တကယ်ဝေးသွားခဲ့ရတဲ့ ပန်းခရမ်းပြာကြီးအတွက် အမှတ်တရ။
Ko Sunny

0 ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ပြောကြားသော မိန့်ခွန်း အပြည့်အစုံ။( ၁၆ နိုဝင်ဘာ ၂၀၁၂)

Photo..Mizzima
အိန္ဒိယနိုင်ငံရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မြန်မာမိသားစုတွေနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။


“ကျမ အိန္ဒိယ နိုင်ငံကိုလာတဲ့အခါ သမိုင်းအစဉ်အလာအရ မိတ်ဆွေနိုင်ငံတခုကို လာတယ်လို့ ဒီလိုပဲ စိတ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကျမတို့ရဲ့ မိသားစုသဖွယ်၊ ညီအကိုမောင်နှမတွေသဖွယ်၊ တူ၊ တူမတွေ၊ သား၊ သမီးတွေဖြစ်တဲ့ အားလုံးဟာလည်း မိသားစုတခုပဲလို့ စိတ်ထားစေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ အထူးအလေးထားပြောချင်တယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံကလာတဲ့ ပုဂ္ဂိုလ်အတော်များများဟာ တိုင်းရင်းသားအသီးသီးအသိုင်းအ၀ိုင်းအသီးသီးက ဖြစ်တယ်။ မြန်မာလူများစုကဒီထဲမှာလူနည်းစုဖြစ်နေတာ ကောင်းကိုကောင်းတယ်လို့ ထင်ပါတယ်။

တခါတလေ လူများစုဆိုတာဟာ လူနည်းစုမျက်စိနဲ့ မြင်တတ်ဖို့လိုတယ်။ လူနည်းစုဖြစ်ရတာ ဘယ်လိုနေသလဲလို့ နားလည်ဖို့လိုတယ်။ အိန္ဒိယမှာရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အသိုင်းအ၀ိုင်းအများစုဟာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေထဲက ဖြစ်တယ်ဆိုတာ ကျမ အင်မတန်မှ ဂုဏ်လည်းဂုဏ်ယူတယ်။ အားလည်းအားတက်တယ်။ ဒါပေမယ့်လည်း နောက်ဆုံးကျတော့ ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံစရာ၊ ခိုလှုံစရာ ပြည်ထောင်စုကြီး ဖြစ်စေချင်တယ်။ အဲလို ပြည်ထောင်စုဖြစ်ဖို့ဟာ အားလုံး ၀ိုင်းကြိုးစားဖို့လိုပါတယ်။ တိုင်းရင်းသားများအကြားမှာ ယဉ်ကျေးမှုမတူတာ ရှိတယ်၊ မျှော်မှန်းချက် မတူတာရှိတယ်၊ ဘာသာစကားမတူတာရှိတယ်။ ကိုးကွယ်တဲ့ ဘာသာမတူတာရှိတယ်။ ဒီလို မတူကွဲပြားတဲ့အထဲက ကျမတို့ဟာ ညီညွတ်မှုကို တည်ဆောက်ရမှာပါ။ ဒီလိုညီညွတ်မှုတည်ဆောက်ဖို့ ဆိုတာဟာ တယောက်နဲ့တယောက် နားလည်မှုယူဖို့လိုတယ်။ တဦးနဲ့တဦး အပြန်အလှန်လေးစားဖို့လိုတယ်။ နားလည်မှုရဖို့ အပြန်အလှန်လေးစားနိုင်ဖို့ ဆိုတာဟာ တယောက်နဲ့ တယောက်ပြောတာကို နားထောင်ဖို့ လိုတယ်။ ကိုယ်တဖတ်သက် ကိုယ်ပြောချင်တာပဲ၊ ကိုယ်ဖြစ်ချင်တာပဲ မီးမောင်းထိုးနေလို့ မရဘူး။ ဟိုဘက်ကအသံလည်း နားထောင်ရမယ်၊ ဒီဘက်ကလည်း အသံလည်း နားထောင်ရတယ်။ ကျမတို့ဟာ တိုင်းရင်းသား အမျိုးသားပြည်လည်စည်းလုံးညီညွတ်ရေးအတွက် ၊ ပြန်လည်ပြီး သွေးစည်းညီညွတ်ရေးအတွက် လုပ်မယ်ဆိုပြီး ဒီမိုကရေစီလှုပ်ရှားမှုထဲ ၀င်လာတာပါ။ ဒီလိုလုပ်တဲ့အခါမှာ တဦးနဲ့တဦး နားလည်မှုယူဖို့ဆိုတာဟာ တဖတ်သက်ကြည့်လို့မရပါဘူး။ ဟိုဘက် ဒီဘက်လည်း ကြည့်ရတယ်။ ပြည်ထောင်စုတခုလုံးရဲ့ အခြေအနေလည်းကြည့်ရတယ်။ ကျမတို့ ပြည်ထောင်စုထဲမှာ တနေရာမှာဖြစ်နေတဲ့ ကိစ္စတွေ ပြဿနာတွေဟာ တခြားတနေရာနဲ့ မဆိုင်ဘူးလို့ မြင်လို့မဖြစ်ပါဘူး။ တိုင်းပြည်တပြည်လုံးနဲ့ ဆိုင်ပါတယ်။ ဘယ်နေရာမှာပဲ ဘယ်လိုဖြစ်နေဖြစ်နေ ကျမတို့ ပြည်ထောင်စုတစုလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားဖို့ လိုပါတယ်။

ဒါကြောင့် တနေရာမှာဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်ရင် ပြည်ထောင်စုအမြင်နဲ့ ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဒုတိယ ပင်လုံကဲ့သို့သော တိုင်းရင်းသားများစည်းလုံးညီညွတ်မှု၊ တကယ့် နှလုံးသားထဲက လာတဲ့ စည်းလုံးညီညွတ်မှုဖြစ်စေမယ့် ညီလာခံမျိုး လိုတယ်လို့ ကျမတို့ပြောတာပါ။ ပင်လုံစိတ်ဓာတ်ကို ပိုပြီး ရှင်သန်စေမယ့် ညီလာခံမျိုး ကျမတို့ပြောတာပါ။ ၁၉၄၇ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပင်လုံညီလာခံဟာဆိုရင် တိုင်းရင်းသားတွေအစုံပါတာမဟုတ်ပါဘူး။ ဒါလည်း ကျမတို့က အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲညီလာခံဟာ ပြည်ထောင်စုစိတ်ဓာတ်အမြစ်တွယ်အောင် အစပျိုးလိုက်တဲ့ ညီလာခံဖြစ်ပါတယ်။ အမြစ်တွယ်ပြီဆိုပေမယ့် အမြစ်တွယ်ရုံနဲ့ အပင်ကြီးက ရှင်သန်လာတာ မဟုတ်ပါဘူး။ ဟိုတုန်းက ၁၉၄၇ ခုနှစ်က တွယ်ခဲ့တဲ့ အမြစ်ကလေးဟာ ရှင်သန်ပိုင်ခွင့်မရှိတဲ့အခါ အခုကျမတို့ ပြည်ထောင်စုဟာ အင်မတန်မှ သန်မာပြီး အသီးအပွင့်တွေဝေဆာနေတဲ့ အပင်ကြီးဖြစ်လာတယ်လို့ မပြောနိုင်သေးပါဘူး။ ဒီလိုဖြစ်လာဖို့ ပြည်ထောင်စုစိတ်ဓာတ်ကို ဆက်ပြီး အားပေးမွေးမြူရမယ်။ တွယ်စဖြစ်ခဲ့တဲ့ အမြစ်ကလေးတွေကို ရေလောင်းပေးရမယ်၊ မြေဖို့ပေးရမယ်။ ဒါဟာ ကျမတို့ခေတ်က အခုလက်ရှိ ရှိနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးလုပ်ဖို့ပါ။”

“ကျမ အခု နိုင်ငံသူနိုင်ငံသားလို့ ပြောလိုက်တဲ့အတွက် တချို့ကထင်ပါလိမ့်မယ်။ ကျမတို့ကတော့ အိန္ဒိယနိုင်ငံသူ နိုင်ငံသား ခံယူထားပြီးပြီဆိုတော့ မြန်မာနိုင်ငံသူ နိုင်ငံသားထဲ မပါတော့ဘူးလားလို့ စဉ်းစားရင် စဉ်းစားနေကြပါလိမ့်မယ်။ ကျမ ဒီလိုစိတ်ထဲမရှိပါဘူး။ မြန်မာနိုင်ငံကနေ ဆင်းသက်ပေါက်ဖွားလာသူတွေအားလုံးဟာ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေ တသက်လုံးဖြစ်သွားမှာပါ။ မိဘအိမ်လိုပေါ့၊ မိဘအိမ်ကနေ ထွက်သွားပြီး ကိုယ့်အိမ်ထောင်ကိုယ်ထူပေမယ့် မိဘကတော့ ကိုယ့်ကလေးတွေလို့ စိတ်ထဲထားမှာပဲ။ သားသမီးတွေက အရွယ်ရောက်လာလို့ကိုယ့်ဘ၀နဲ့ကိုယ် နေချင်ရင်လည်း နေပိုင်ခွင့်ရှိရမယ်။ သို့သော်လည်း အချိန်မရွေး မိဘမေတ္တာကို ခိုလှုံချင်ရင်လည်း ခိုလှုံနိုင်ခွင့်ကိုလည်း အပြည့်အ၀ ပေးထားရမယ်။ ဒီလိုပဲ ကျမတို့ရဲ့ ပြည်ထောင်စုကို ဖြစ်စေချင်တယ်။ ကိုယ့်ရဲ့ အကြောင်းကြောင်းကြောင့်မို့ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိဘအိမ်က ဘယ်လိုပဲ ခွာသွားခွာသွား ပြန်လာချင်တဲ့အခါမှာ တံခါးတွေအမြဲပဲ ပွင့်နေတယ်။ မိဘအိမ်လို ကျမတို့ ပြည်ထောင်စုကိုဖြစ်စေချင်ပါတယ်။”

“ဒါကြောင့်မို့ တနေ့တချိန်မှာ တကမ္ဘာလုံးမှာ ရောက်နေကြတဲ့ မြန်မာပြည်ကထွက်လာတဲ့ ကျမတို့ မိသားစုဝင်တွေ အားလုံးဟာ အချိန်မရွေးကိုယ့်နိုင်ငံကို၊ ကိုယ့်ရဲ့ အမိနိုင်ငံကို၊ ကိုယ့်ရဲ့ အဖနိုင်ငံကို လုံလုံခြုံခြုံနဲ့ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် ပြန်ချင်တဲ့အခါ ပြန်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကျမတို့ကြိုးစားပြီး လုပ်သွားပါမယ်။ အဲလို ကြိုးစားပြီးလုပ်တဲ့အခါမှာ ကျမတို့ အကူအညီတွေ လိုပါတယ်။ ဒါဟာ လူတယောက်တည်း လုပ်လို့ ရတဲ့ ကိစ္စလည်းမဟုတ်ဘူး။ အဖွဲ့အစည်းတခုတည်းလုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီးလုပ်မှ အောင်မြင်မှာပါ။ တခါတလေ ကျမတို့ရဲ့ မူတွေ၊ မူဝါဒတွေ၊ ကျမတို့ရဲ့ အနေအထားတွေ၊ ကျမတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး အားလုံးကနေပြီး သဘောတူချင်မှ သဘောတူမှာပါ။ ဒီလို သဘောတူမှုတွေ မရှိတာကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို သဘောတူညီမှုတွေ မရှိတာကြောင့်မို့လို့ ကျမတို့ ညီညွတ်မှုကို မရှာနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ဒီမတူကွဲပြားတာတွေကို လက်ခံပြီးတော့ မတူကွဲပြားမှုတွေကို အင်အားတခုလိုဖြစ်အောင် ကျမတို့ လက်တွဲသွားမယ်ဆိုရင် ပိုပြီးတော့ ခိုင်မာတဲ့ ပြည်ထောင်စု၊ပိုပြီးတော့ကျယ်ဝန်းတဲ့ ပြည်ထောင်စု၊ပိုပြီးတော့အများကို နေရာပေးနိုင်တဲ့ ပြည်ထောင်စုမျိုး ဖြစ်သွားမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

“ဒါကြောင့်မို့ ကျမတို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ကျမတို့ လက်ခံပါတယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ရဲ့ အနေအထား၊ ကျမတို့ရဲ့ မူဝါဒတွေ ဘာဖြစ်လို့ ရပ်တည်သွားတယ်ဆိုတာလည်း ရှင်းပြနိုင်ပါတယ်။ အဲဒါကြောင့် တယောက်နဲ့တယောက်အကြားမှာ နားလည်မှု လွဲတာရှိရင်၊ နားမလည်တာရှိရင်၊ မကျေနပ်တာရှိရင် ပိုပြီးတော့ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ တိုင်ပင်ဖို့ လိုတယ်လို့ပဲ ကျမအနေနဲ့ စိတ်ထဲမှာ ထားပါတယ်။”

“မြန်မာနိုင်ငံကနေ ထွက်လာပြီးတော့ ဒီမှာရောက်နေတဲ့ တိုင်းရင်းသားမျိုးစုံ၊ မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ အိန္ဒိယနိုင်ငံသူ နိုင်ငံသားအားလုံး အတူလက်တွဲပြီး ကျမတို့နိုင်ငံဟာ အားလုံးအတွက် လုံခြုံရာ၊ ခိုလှုံရာနိုင်ငံဖြစ်အောင် ၀ိုင်းပြီးတော့ လုပ်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

“ဒီခရီးရာ ရှည်လည်းရှည်ခဲ့ပါပြီ။ အနှစ် ၂၀ ကျော် ကျမတို့ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်ခဲ့တယ်။ ဒီ အနှစ် ၂၀ ကျော်ထဲမှာ အများကြီး အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ တချို့က ဒီအခက်အခဲတွေ အားလုံးပပျောက်သွားပြီလို့ ထင်ကြတယ်။ ဒါဟာမဟုတ်ပါဘူး။ အခက်အခဲတွေက ဆက်ပြီးတော့ ရှိတုန်းပါပဲ။ တနည်းအားဖြင့်ပြောရရင် ဒီနောက်ဆုံးအပိုင်းဟာ အခက်အခဲဆုံးအပိုင်းပဲ။ ဒီအပိုင်းကို ကျမတို့ မှန်မှန်ကန်ကန် မကျော်ဖြတ်နိုင်ရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်ဘဲနဲ့ လမ်းလွဲသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်ဟာ အင်မတန်မှ သတိနဲ့၊ ၀ီရိယနဲ့၊ ပညာနဲ့ ဆက်ပြီးတော့ လျှောက်သွားရမယ့် အချိန်ပါ။ ဒီအချိန်ဟာ အင်မတန်မှ တဦးပေါ်တဦး နားလည်မှုနဲ့ တဦးပေါ်တဦး ယုံကြည်မှုနဲ့ လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးလုပ်သွားရမယ့်အချိန်ပါ။ အဲဒါကိုပဲ ကျမ သတိပေးချင်ပါတယ်။ အားလုံးဟာ ဒီလိုခက်ခဲတဲ့အချိန်မှာ အတူ တဦးနဲ့တဦး ကူညီဖို့ ကြိုးစားကြပါလို့ ကျမ မေတ္တာ ရပ်ခံချင်ပါတယ်။ စစ်မှန်တဲ့ မိတ်ဆွေများ၊ စစ်မှန်တဲ့ မေတ္တာထားသူများဆိုတာဟာ အခက်ခဲဆုံးအချိန် ကူညီဖို့၊ ထောက်ခံဖို့၊ ညီညွတ်ဖို့၊ လက်တွဲဖို့ အခက်ခဲဆုံးအချိန်မှာကို ဒီအခက်ခဲတွေကို ကျော်လွှားပြီးတော့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ရဲ့ တဦးချင်းအရ မကျေနပ်မှုတွေကို ဘေးဖယ်ပြီး လက်တွဲလုပ်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

“ကျမတို့ ဒီနောက်ဆုံးခရီးအပိုင်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်တယ်ဆိုရင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကျမတို့နိုင်ငံဟာ တကယ့်ကို တန်ဖိုးရှိတဲ့၊ တကယ့်ကို လုံခြုံတဲ့၊ တကယ့်ကို လွတ်လပ်တဲ့၊ တကယ့်ကို တိုးတက်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပါလိမ့်မယ်လို့ ကျမ တထစ်ချယုံကြည်ပါတယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

0 နေပြည်တော်က မူလတန်းကျောင်းလေးအတွက် အစိုးရက တနှစ်ပတ်လုံးအတွက် ချပေးတဲ့အသုံးစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းတဲ့

နေပြည်တော်တွင်းရှိ မူလတန်းကျောင်း၆.၁၁.၂၀၁၂ က ဘောဂသိဒ္ဒိရပ်ကွက်ထဲမှာရှိတဲ့ အမက ကျောင်းလေးသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ငါးတန်းရှိပြီး ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း သုံးဦးသာရှိပါတယ်။

စေတနာ့ဝန်ထမ်းသင်ပေးနေတဲ့ လစာမရရှိတဲ့ ကျောင်းဆရာမတဦးကို တွေ့ခဲ့ရတယ်။ ကလေးတွေအတွက် ကျောင်းစာသင်ခုံများ လုံလောက်မှု လုံးဝမရှိဘူး။ ဆရာ၊ ဆရာမအတွက် ထိုင်စရာခုံဆိုတာ ဝေလာဝေးပါပဲ။ သူငယ်တန်းကလေးတွေ အတွက် ကျောင်းစာသင်ခုံအဖြစ် ဘဲဥသေတ္တာအခွံက သစ်သားတွေကို စာသင်ခုံအဖြစ်ရိုက်ထားတာတွေ့ရတယ်။ တနှစ်ပတ်လုံးအတွက် အဲဒီ မူလတန်းကျောင်းလေးအတွက် အစိုးရက ချပေးတဲ့အသုံးစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းတဲ့။ ဟန်ပြအဖြစ်နဲ့တော့ နွားနို့တခါတိုက်တာ သိခဲ့ရတယ်။ ဒါ့ကြောင့် နေပြည်တော်ထဲမှာရှိတဲ့ကျောင်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်စစ်ဆေးခွင့်မပြုတာဖြစ်မှာပါ။

သနားစရာကောင်းတဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းမှ ရွာသားများ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းမှာ တည်ဆောက်ရေးလုပ် ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့သူတွေ၊ ၎င်းတို့ကို မှီခိုနေတဲ့ မိသားစုတွေ၊ သူတို့တွေရဲ့ကလေး ကျောင်းသား၊ ကျောင်းသူတွေ နေထိုင်ကြတဲ့ တောင်ကြားဈေးထဲက ရွာတန်းအသေးလေး ကို နေပြည်တော် ကောင်စီက စီမံကိန်းလုပ် ဖို့ ကျူးကျော်အိမ်ယာဟုဆိုကာ အတင်းအဓမ္မ ပြောင်းရွှေ့ခဲ့တာ ကြောင့် ဆင်းရဲသားအလုပ်သမားတွေဟာ အိမ်မဲ့ယာမဲ့ဖြစ်ပြီး တောထဲကို ဝင်ရောက်ထွက်ပြေးနေ ထိုင်ကြရတယ်။

တောထဲမှာရှိတဲ့ နှမ်းခင်းပိုင်ရှင်တစ်ဦးက လက်ရှိကျောင်းတက်နေတဲ့ ကလေးလေးတွေကို သနားပြီး သူ့ယာခင်းထဲမှာ အဲဒီအိမ်ယာမဲ့ တွေကို တဲထိုးပြီးနေခိုင်းခဲ့တယ်။ အဲဒါကို အုပ်ချုပ် ရေးမှူးက ဧည့်စာရင်းဥပဒေနဲ့ အဲဒီလူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့ ကျမနဲ့ကိုမင်းသူ (ဥတ္တရသီရိ) တို့နှစ်ယောက်ဟာ ဒက္ခဏသီရိ အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံကာ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အတွေ့မခံဘဲ အမြဲလိုလိုရှောင်ရှားနေပါတယ်။ ပြဿနာများကို လည်းဖြေရှင်းပေးခြင်းလည်းမရှိဘူး။ ကျမတို့ကိုယ်စားလှယ်တွေဟာ မိမိတို့မဲဆန္ဒနယ်မြေဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်နေပြည် တော်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရန်ကြိုးစားပါသော်လည်း အစဉ်အမြဲအကြောင်းအမျိုးမျိုးပြ ကာ ရှောင်ရှားနေ တတ်ကြတယ်။ သူတို့က ကျူးကျော်ဆိုပြီး လူတွေရဲ့အိမ်တွေကိုဖျက်မယ်။
လူတွေကိုဒီဒေသကနေ နှင်ထုတ်မယ်။ နေပြည်တော်ဆိုတဲ့ မြို့ကြီးမှာ ဆင်းရဲသားအလုပ်လက်မဲ့များကို ရှိစေချင်ပုံမရပါဘူး။ နှင်ထုတ်ခံရတဲ့ မိသားစုထဲက ကလေးတွေ က တော့ ကျောင်းဆက်တက်ဖို့ မလွယ်ကူတော့ဘူး။

ဒေါ်စန္ဒာမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇဗ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)

0 နယူးဒေလီမြို့ရောက် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်များ (ဓာတ်ပုံ)

အိန္ဒိယရောက် ဒေါ်အောင်ဆန်းစုကြည် သူထောက်ပံ့ထားတဲ့ ရန်ပုံငွေနဲ့ နယူးဒေလီမှာ ဖွင့်လှစ်ထားတဲ့ Prospect Burma အခမဲ့ ကျောင်းကို နိုဝင်ဘာ ၁၆ က သွားရောက် လေ့လာ ကြည့်ရှုနေတာ ဖြစ်ပါတယ်။ အဲဒီမှာ လူကြီး၊ လူလတ်၊ လူငယ်နဲ့ မြန်မာ ဒုက္ခသည် ကျောင်းသား/ ကျောင်းသူတွေက ကွန်ပျူတာနဲ့ အင်္ဂလိပ်ဘာသာကို သင်ယူနေကြပါတယ်။-BBC
ဒေါ်အောင်ဆန်းစုကြည် ထောက်ပံ့ငွေနဲ့ ဖွင့်လှစ်ထားတဲ့ နယူးဒေလီက Prospect Burma သင်တန်းကျောင်းမှာ သက်မွေးနဲ့ အသုံးချ ပညာတွေ သင်ယူနေကြတဲ့ မြန်မာတိုင်းရင်းသားတွေကို နိုဝင်ဘာ ၁၆ က တွေ့ရတာပါ။-BBC
ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး စကားပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်သို့ နိုဝင်ဘာ(၁၆)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် အခမ်းအနားကိတ်မုန့်ကို လှီးဖြတ်နေခိုက် Lady Sri Ram ကောလိပ်၏ ဥက္ကဌ မစ္စတာ အေရွန် ဘာရတ် ရမ် နှင့် ပရိသတ်များက လက်ခုပ်တီး အားပေးကြသည်။
နယူးဒေလီ အနောက်ပိုင်း ဗီဂတ်ပူရီအရပ်က မြန်မာပြည်ပြန် အိန္ဒိယနွယ်ဖွား ဦးမောသီရိ တည်ထောင်ထားတဲ့ အောက်စဖို့စ် အထက်တန်းကျောင်းမှာ မြန်မာဒုက္ခသည်များနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၆ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ပါတယ်။ (ဦးမောသီရိကတော့ ကွယ်လွန်ခဲ့ပြီဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဘေးက ထိုင်နေသူကတော့ ဦးမောသီရိရဲ့ ဇနီးဖြစ်ပါတယ်၊ သူ့ကျောင်းမှာ မြန်မာတိုင်းရင်းသားတွေရဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်ပြုထားပါတယ်)။-bbc
ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ကကျောင်းတက်ခဲ့တဲ့ LADY SHRI RAM ကောလိပ်ကို အလည်တစ်ခေါက် ပြန်ရောက်ချိန်။ (16-11-2012)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်သို့ နိုဝင်ဘာ(၁၆)ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် အိန္ဒိယနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဆာရှိ သာရူး နှင့်ဤသို့တွေ့ရစဉ်-Popular news journal

0 အမေရိကန် သမ္မတ Obama စီးတဲ့ Air force one အကြောင်းတစေ့တစောင်း

အများအထင်မှာ ၊ လေတပ် (၁) (Air force one) လို့ဆိုလိုက်တာနဲ့ ၊ သမ္မတတံဆိပ် နဲ့ အမေရိကန် အာဏါ (ပါဝါ) ကိုဖေါ်ပြတဲ့ ဘိုရင်း (၇၄၇) လေယဉ်ကိုဘဲ မျက်စိထဲ မြင်မိကြလိမ့်မယ် ထင်ပါတယ်။ တကယ်က လေတပ် (၁) (Air force one) ဆိုတာက လေယဉ်ကို သတ်မှတ်ပေးတဲ့ (call sign) လို့ခေါ် တဲ့ လေယဉ်နဲ့ ဆက်သွယ်တဲ့ နံမည်သတ်မှတ်မှုပါပဲ။ လူတွေကို မောင်ဘ ၊ မောင်လှ ဆိုပြီး ခွဲခြားနိုင်အောင် နံမည် ပေးကြသလို ၊ လေယဉ်တွေမှာလည်း ဆက်သွယ်တဲ့ အခါ သိသာ အောင် (call sign) သတ်မှတ်ပေးတာပါ။ ဘယ်လေယဉ် မဆို အမေရိကန်သမ္မတ လိုက်ပါလာတဲ့ လေယဉ်ကို လေတပ် (၁) (Air force one) လို့သတ်မှတ်ပါတယ်။

ဒီလိုသတ်မှတ်ရတဲ့ ရာဇ၀င်ကလည်း ၁၉၅၃ ခုနှစ်မှာ သမ္မတ အိုင်စင်ဟာဝါ စီးနင်းလိုက်ပါလာတဲ့ လေယဉ် (လေတပ် ၈၆၁၀) ဟာ Eastern Airline လေယဉ် အမှတ် ၈၆၁၀ နဲ့ သတ်မှတ်လေနယ်ပယ် (air space) တစ်ခုမှာ call sign ချင်းလာတူနေတဲ့ အတွက် ၊ နောင် မမှားရလေအောင် သမ္မတလေယဉ်ကို လေတပ် (၁) (Air Force (1) ) လို့သတ်မှတ် ခဲ့ရ တာပါ။ တကယ်တော့ မျက်စိယဉ်နေကြတဲ့ ဘိုးရင်း (ရ၄ရ) ပင် (၂) စီးရှိပါတယ်။ သမ္မတပါလာတဲ့ လေယဉ် ကိုမှ အဲဒီအချိန်မှာ လေတပ် (၁) (air force (1)) လို့ သတ် မှတ်ပါတယ်။

သမ္မတအတွက် အထူးဆောက်လုပ်ထားတဲ့ ဘိုးရင် (၇၄၇) နှစ်ဆင်းကို မြို့တော်ဝါရှင်တန် အပြင်ဖက် မေရိလန်မှာ ရှိတဲ့ အင်တရူးလေတပ်စခန်းမှာရှိတဲ့ (၈၉) လေတပ်ထောက်ပံ့တပ် airlift wing ကတာ ၀န်ယူထိန်းသိမ်း ရပါတယ်။ ဗိုလ်မှူးကြီး အဆင့် ကိုယ်တိုင်တပ်ရင်မှူး ဖြစ်သလို ကိုယ်တိုင်လေယဉ်မှူး အဖြစ်တာဝန်ယူ ရပါတယ်။ အမေရိကန်သမ္မတ ရဲ့ လုံခြုံရေးဟာ အလွန်အရေးကြီးတဲ့ အတွက် အမေရိကန် သမ္မတခရီးစဉ်မှာ စီးဖို့ကား (the Beast) ကအစ တခါတရံ ရဟတ်ယဉ် ပါ C130 ပစ္စည်းတင် လေယဉ်ကြီး တွေနဲ့ အရင် သယ်ချလာကြပါတယ်။ လိုအပ်လျှင် အမေရိကန် လုံခြုံရေး နဲ့ လက်ဖြောင့်တပ်သားတွေပါ လေယဉ်ကွင်း တွေမှာ ချထားလေ့ရှိပါတယ်။

သမ္မတလေယဉ်ဟာ ဆီဖြည့်ပြီး အမြဲ အဆင်သင့် ပြင်ထား ရပါတယ်။ လုံခြုံရေး စိတ်မချရသည့် နိုင်ငံများ ခရီးစဉ်တွင် လေယဉ်နှစ်စီးလုံး သေခြာရန် ယူဆောင် လာ လေ့ရှိသည့် အပြင် ဓါတ်ဆီတွေ ပါသယ်လာလှေ့ရှိပါတယ်။

သို့သော် အမေရိကန်သမ္မတ လေယဉ်အတွက် တိုက်လေယဉ် အစောင့်မထားပါ။ အကြောင်းမှာ ဘိုရင်း (၇၄၇) လေယဉ် နှစ်ဆင်းလုံးတွင် ဒုံးကျည် များကို ရှောင်ထွင်းနိုင်သော နောက်ဆုံးပေါ် လျှပ်စစ်ကရိယာ များ တပ်ဆင်ထား၍ ဖြစ်သည်။ ဥပမာ့ heat seeking missile ဟုခေါ်သော (အပူ) ကိုရှာသော ဒုံးကျည်များကိုလမ်းလွှဲရန် ထန်ပြန်းဒုံးကြည်များပါသလို အခြား ခေတ်ပေါ် ထန်ပြန်လျှပ်စစ် ကရိယာများ တပ်ဆင်ထားပါသည်။ တကယ်တော့ အဲဖို့ဝမ်းဆိုတာ သမ္မတတစ်ယောက် အတွက် လိုအပ်တဲ့ ဆက်သွယ် ရေး ကရိယာ တွေ အကုန်ပါသည့် အပြင် အကူရုံးသားအားလုံးကို တင်ဆောင်နိုင်သော လေပေါ် သမ္မတ ရုံခန်း တစ်ခုပင် ဖြစ်သည်။


(၉-၁၁) ဟုနံမည်ကျော်သော ၂၀၁၁ စက်တင်ဘာလ ၁၁ နေ့က နယူးရောက်မြို့ နှင့် ၀ါရှင်တန်မြို့တို့ အတိုက်ခံရစဉ်က ဘာမှန်း မသိနိုင်သည့်အတွက် ၊ သမ္မတဘုရ် စီးလာသောလေယဉ် အတိုက်ခံရမည်ကို စိုးရိမ်သောကြောင့် သာတိုက် လေယဉ် အစောင့်အရှောက် တောင်းဖူးသည်။ ၁၉၇၄ ခုနှစ် ဇွန်လတွင် သမ္မတ နစ်ဆင်သည် ဆီးရီးယား နိုင်ငံသို့ ရပ်နားမှုအစီအစဉ်အတိုင်း ရပ်နားရန် ပျံသန်းစဉ် ဆီရီးယား စစ်တိုက်လေယဉ်များက အကြောင်းမကြားပဲ စောင့် ရှောက် ရန် ချဉ်းကပ်လာကြရာ အဲဖို့ဝမ်း ခမြာ အတင်းထိုးဆင်း (Dive) လုပ်ကာ ရှောင်ထိန်ခြင်းပြုခဲ့ရဖူးသည်။ သမ္မဘုရ် မကြေ ငြာပဲ အန္တရာယ်များသော အီရတ်သို့ တိပ်တစိပ် ပျံသန်းနေစဉ် ခရီးသည်တင် လေယဉ်မှူးတဦးက အမေရိကန်သမ္မတ တံဆိပ်ကြီးနှင့် လေယဉ်ကို တွေ့၍ အဲဖို့ဝမ်း မဟုတ်လားလို့ လှမ်းမေးသည့်အတွက် ဗျာများခဲ့ရဖူးသည်။

သမ္မတ ကနေဒီ လုပ်ကြံခံရပြီး သမ္မတ ဂျွန်ဆင် ဟာ ကျန်ရစ်သူ ဂျက်ကလင်းကနေဒီ ၏ရှေ့မှောက်လေယဉ် ပေါ်မှာပင် ကျမ်းသစ္စာခံယူခဲ့ ပုံကို မည်သူမှ မေ့နိုင်မည်မဟုတ်ပါ။ ရာဇ၀င် တင်ခဲ့သော ဓါတ်ပုံတစ်ခုပင်။ ယင်း လေယဉ် ၏အမည်ရင်းမှာ Speical Airforce Mission (SAM) 26000 အမည်ရှိသော ဘိုရင်း ၇၀၇ လေယဉ် ဖြစ်ပါသည်။ ဤလေယဉ်နှင့် ပင် သမ္မတ နစ်ဆင် သည် ရာဇ၀င်တင်ခဲ့သော ဖေဖေါ်ဝါရီ ၊ ၁၉၇၂ ခုနှစ် တရုတ် ပြည် ခရီးစဉ် နှင့်ထိုနှစ်နှစ်ဟောင်းပိုင်းတွင် ဆိုဗီယက်ယူနီယံ ခရီးစဉ် တို့ကို သွားရောက်ခဲ့ သည်။ ခရီးစဉ် နှစ်ခုလုံးမှာ အမေရိကန်သမ္မတ အတွက် ပထမဦးဆုံး ခရီးစဉ် များဖြစ်သည်။

အခုခေတ်မှာမှ အမေရိကန် သမ္မတတဦး ခရီးထွက်ဖို့ရာ အစောင့်အရှောက်တွေက တဖုံကြီး။ သမ္မတကို စောင့်ရှောက်ရသော secret service ဟုခေါ်သော သက်တော်စောင့် တွေက ၀ိုင်းရံလျှက်။ မမြင်ရသော အကြို ပြင်ဆင်ရသော အမေရိကန် စစ်သည်တွေက ပို၍ပင်များသေး။ မပိုလွန်းဖူးလား လို့ထင်စရာ။ အကုန်အကျ များလိုက်တာလို့ ထင်စရာ။

တချိန်က သမ္မတစံအိမ်တော်ကို တံခါးသွားခေါက်လျှင် လာဖွင့်ပေးသူမှာ သမ္မကိုယ်တိုင် ရှိခဲ့ဖူးသည်ဟု ဆိုလျှင် ယုံနိုင်ဖွယ် မရှိ။ ၁၉၀၁ ခု ၊ ၂၅ ယေက်မြောက်သမ္မတ ၀ီလျှံမက်ကင်းလီ အသတ်ခံရပြီး မှာ ကွန်ကရက်က စီးကရက်ဆာလ်ဖစ် ကို သမ္မတကို စောင့်ရှောက်ရန် အမိန့်ချမှတ်ခဲ့သည်။ အမေရိကန် ရာဇ၀င်မှာ သမ္မတ (၄) ဦး အသတ်ခံရဖူးပြီး (၂) ယောက် မသေသော်လည်း ဒဏ်ရာရဖူးသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် သမ္မတစ်ယောက် ၏အသက်ကို ကာကွယ်ရန်မှာ အလွန်လိုအပ်သော တာဝန်ဖြစ် လာရပေသည်။

မက်ကင်းလီ သည် လူထုနှင့် ထိတွေ့ရသည်ကို သဘောကျ၍ ၎င်းအတွက်လုံခြုံရေးကို လက်မခံခဲ့ပေ။ ၎င်း၏အတွင်းဝန်က စိုးရိမ်၍ ၎င်း၏ခရီးစဉ်ကို (၂) ကြိမ်ဖျက်ခဲ့သော်လည်း သမ္မတက ပြန်လည် ထဲ့သွင်း ခဲ့သည်။ သေဖို့ရာ ကံ ပါဘာသည်လို့ပဲ ဆိုရမလားမသိ။ မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကိစိုးရိမ်၍ ဖဆပလ ခေါင်းဆောင်များက လုံခြုံရေး အားဖြည့်ခဲ့သော်လည်း ဗိုလ်ချုပ်က လက်မခံခဲ့။ ဗိုလ်ချုပ်ကို ဆုံရှူံးခဲ့ ရသည့်အတွက် မြန်မာနိုင်ငံ၏ ရာဇ၀င် လမ်း ပြောင်းခဲ့ရသည်။ ဤကဲ့သို့ အန္တရယ် မျိုးကိုစိုးရိမ်၍ အမေရိကန်တွေက ကုန်ကျမှုကို ဂရုမစိုက်ကြတော့။ လုံခြုံရေးကိုသာ ဂရုစိုက်ကြသည်။ ဒေါ်စု သွားတုန်းက ပေးသော လုံခြုံရေး ကို သာ ကြည့်လျှင် မြင်သာပါသည်။

တရုတ်သမ္မတ ရန်စီမင်းလက်ထက် ကတရုတ်သမ္မတ အတွက်လေယဉ်ကို ပြင်ဆင်မွမ်းမံရန် အမေရိကန် ကုမ္ပဏီတစ်ခုကို အပ်နှံမိရာ စီအိုင်အေက လျှို့ဝှက် အသံဖမ်းစက်တွေ တပ်လွှတ်လိုက်၍ ပြဿနာ တက်ဖူး သည်။ ယ္ခုခေတ်မှာတော့ ချမ်းသာသည့် နိုင်ငံတိုင်း နိုင်ငံ့ထိပ်သီးတွေ အတွက် ကိုယ်ပိုင်လေယဉ် ထားနေ ကြပေပြီ ။

လက်ရှိ ဘိုရင်း ၇၄၇ နှစ်ဆင်းကို အစားထိုးရန် လေတပ်က ဖိတ်ခေါ်ခဲ့ရာ ပထမ ၇၄၇-၈ (သို့) Airbus A380 နှင့် အစားထိုးရန် စဉ်းစားကြသော်လည်း Airbus ကိုထုတ်လုပ်သည့် EADS ကုမ္ပဏီက နောက်ဆုတ် သွားသည့် အတွက် ဘိုရင်း ၇၄၇-၈ (သို့) ဘိုရင်း ၇၈၇ (Dreamliner) ဖြစ်ဖို့သာ ရှိပါတယ်။ သမ္မတအတွက် လေယဉ်အသစ် (၂) ဆင်းဟာ ၂၀၁၇ မှာ စတင်ပျံသန်း နိုင်လိမ့်မယ် လို့ လန့်မှန်းကြပါတယ်။

သမ္မတ လိုက်ပါတဲ့ ရဟတ်ယဉ်ကို မရင်းတွေက တာဝန်ယူရသည့် အတွက် မရင်း (၁) လို့ သတ်မှတ်ကြပါတယ်။


ဘိုဘိုကျော်ငြိမ်း

Friday, November 16, 2012

1 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Service Phone ဟုခေါင်းစဉ်တပ်ကာ တယ်လီဖုန်းဘေလ်များ ပေးသွင်းခြင်းမပြုသော ကျပ်ငွေဘီလီယံနှင့်ချီသော အလွဲသုံးစားမှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လုပ်ငန်းသုံးဟုအမည်တပ်ကာServicePhoneများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင် ၁၀လုံးခန့် ထုတ်ယူထားရှိပြီး ကျသင့် တယ်လီဖုန်း ဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-

စုစုပေါင်းယင်းကဲ့သို့ကိုယ်ကျိုးအဖြစ်သုံးစွဲခဲ့သည်AutoPhone,MobilePhoneအရေအတွက်သည်အလုံးအရေအတွက် သောင်းဂဏန်း မျရှိပြီး ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဆသရ၀န်ကြီးမှ သက်ဆိုင်ရာဦးဆောင်ညွန်ကြားရေးမှူး၊ အတွေထွေမန်နေဂျာများ၊ အင်ဂျင်နီယာချုပ်များ ငွေစာရင်းဌာနမှ တာဝန်ရှိသူ ခေါ်ယူအစည်းအဝေးပြုလုပ်ခဲ့ရာ အလွဲသုံးစားပြုလုပ်ခဲ့သည် တယ်လီဖုန်းဘေယ်တန်ဖိုးမှာ ငွေကျပ် ၇ ဘီလီယံခန့်ရှိမည်ဟု သိရှိရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် အရေးယူဆောင်ရွတ်မှုများမရှိဘဲ ကိုယ်ကျိုးအတွက်အသုံးပြုထားသော ဖုန်းများအား ပြန်လည်အပ်နှံခြင်းသာဆောင်ရွတ်ခဲ့သည်ကိုတွေ့ရှိရပါသည်၊ နှိင်ငံတော်အနေဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ကျပ်သိန်း ၁၀၀ ခန့်ကျောင်းကိုပင်တည်ဆောက်ရန်အခက်အခဲဖြစ်နေသည့်အချိန်တွင် မြန်မာ့ဆက်သွယ်ရေး၏ ယခုကဲ့သို့ဆောင်ရွတ်ခဲ့ခြင်းသည်အများပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည် ၊ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်ကို ၀န်ကြီး ပင်သိရှိသော်လည်း မည်သည့် အရေး.ယူဆောင်ရွတ်မှု တစုံတရာမပြုလုပ်ခဲ့ခြင်းမှာ အလွန်ပင်အံ့သြ ဖွယ်ကောင်းပါကြောင်းရေးသားအပ်ပါသည်

May Myat Noo

0 မိုက်ကယ်အဲရစ်ထံ ပို့လိုက်တဲ့ နောက်ဆုံးနှုတ်ဆက် တိတ်ခွေ ဆုံးပြီးနောက်မှ ရောက်ရှိသွားခဲ့တဲ့ ဖြစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော် ပြောကြား (ရုပ်/သံ )

2 ထားစရာ မရှိအောင် ချမ်းသာသူနှင့် စားစရာ မရှိအောင် ဆင်းရဲသူများအကြား ဆင်းရဲသူဘက်က ရပ်တည်မဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်

ပန်းတနော် ကနေ ရန်ကုန်ကို အေးအေးချမ်းချမ်း ပြန်လာနေပါပြီ ခရီးစဉ် အောင်မြင်ခဲ့ပါတယ် အဟန့်အတားတွေ ကို ကျော်ဖြတ်ပြီး မေးမြန်းစုံစမ်းမှုတွေ လုပ်ခဲ့နိုင်ပါတယ်။

အင်းသူ ကြီး အမိန့် အရ ရဲတပ်ဖွဲ့တို့က အင်းသူကြိး အိမ်ကို ကာကွယ် ထားရသည်။ ထို ရဲ တို့ နောက်မှ အမျိုးသမီးငယ်များကို သေချာကြည့်ပါ။ တုတ်များ၊ ဓါးများကို ကိုင်ဆောင် ပြီး အင်အားပြ ခြိမ်းခြောက်ရန် အင်းသူကြီး အမိန့် အတိုင်း လိုက်နာ လုပ်ဆောင်နေရသော်လည်း သူတို့ မျက်ဝန်းတို့တွင် မူရင်း စိတ်တို့ကို ဖတ်ရှု သိရှိနိုင်သည်။ အာဏာဖြင့် စေစားခြင်းသည် လူကိုသာ ခိုင်းစေနိုင်လိမ့်မည်။ ကိုယ်ချင်းစာ တတ်သော လူတို့ စိတ်ကိုကား အာဏာရှင်တို့ မစေ စားနိုင်ပါချေ၊၊

ဖြစ်စဉ် အကျဉ်း ( မှ ကိုနေမျိုးဇင်)

မနက်ခင်း ခနွဲကဘို ကျေးရွာသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာသားများ လူဦးရေ ရာ နှင့်ချီပြီး ကျနော်တို့ အဖွဲ့နှင့် တွေ့ဆုံရန် လာရောက်စဉ် ရဲများနှင့် ပြသနာဖြစ်သည် ရဲများက တားသည်။ ရွာတွင်း ၀င်ခွင့်မပေး ၊ စီတန်းလမ်းလျောက်ခွင့် ပုဒ်မ များ ကို စခန်းမှူးက ဖတ်ပြပြီး ခြိမ်းခြောက်သည်။ နယ်ထိန်း တပ်ကြပ်ကြီး တဦးက ပစ်မိန့် ရထား ပြီးကြောင်းကျေးရွာသားတို့ကို ခြိမ်းခြောက်သည်။ အစာအိမ် ခမ်းခြောက်နေပြီဖြစ်သော ကျေး၇ွာသားတို့က မကြောက်တမ်း ဇွတ်ဝင်ကာ ကျနော်တို့ စည်းဝေးပွဲ လုပ်မည့် ကိုကိုမြင့် ဆိုသူ ခြံဝင်းသို့ လာရောက်စောင့်ဆိုင်းသည်။ အင်းသူကြီး ဦးကြဉ်ငြိမ်း ခြံဝင်း အတွင်းတွင်မူ ရဲတပ်ဖွဲ့များစွာ က လက်နက်များ ဒိုင်းများဖြင့် အသင့် နေရာယူထားသည်။ ထုံးဖြူစည်းရိုး တန်း သုံးတန်း တားထားသည်။ စည်းကျော်လျှင် ပစ်မည် ဆိုသည့် သဘော။

ထိုစည်း သုံးတန်း အပြင်ဘက် ရွာဘက် ထွက်သည့် လမ်းပေါ်တွင် သံဆူးကြိုးကာ အတားအဆီး အကန့် က သုံးခု။

ပြည်သူ့ခံတွင်း နှိုက်ယူခြင်းဖြင့် ရက်စက်ယူဆောင် သူကြွယ်ပြောင်သည်၊ တရွာလုံး မုန်းသည့် အင်းသူကြီး (ဖိုးလမင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ အင်းသားကြီး ဦးကျဉ်ညိမ်း)

ထို ထုံးဖြူစည်း နောက်တွင် သေနက် အသင့်နှင့် ရဲများ။ ရဲများ အနောက်တွင် အင်းသူကြီး ရုံးခန်း ၊ ရုံးခန်း အရှေ့တွင် ချောင်းကို ပိတ်ပြီး ငါးဖမ်းထားသည့် ရှော အတားအဆီး အကြီးကြီး။ မျက်နှာထား တင်းမာလှသည့် ရဲတပ်ဖွဲ့များက သေနက် အသင့်ဖြင့် ရွာသူ ရွာသားများကို ဦးဆောင်လာသည့် ကျနော်တို့ အဖွဲ့ကို စောင့်ကြည့်နေသည်။

ပြီးခဲ့သော ငါးရက် ကတည်းက အင်းသူကြီး အိမ်ကို အကာကွယ်ပေးနေရသည့် မြို့နယ်ရဲမှူးနှင့် တခါ ထပ်မံ စကားပြောရသည်။ သူ့နောက်က သံဆူးကြိုး အတားအဆိးများ ရဲလက်နက်ကိုင်များ၊ စူပုတ်နေသော မျက်နှာများနှင့် အင်းသူကြီးဧ။် လူမိုက်များ အကြား ကျနော် ၀င်သွားသည်။

တစ်နာရီမျှ စကားတွေ အပြန်အလှန်ပြောဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်စဉ်များကို ထပ်မံ တင်ပြပါမည်။ ပြည်သူ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားမှာ ပြည်သူ့ရဲတို့ မျက်နှာထား တင်းတင်းများ တဖြည်းဖြည်း လျော့ကျသွားသည်။

သံဆူးကြိုး အတား အဆီးများ တခု ချင်းရုပ်သိမ်းသွားသည်။ ရဲလက်နက်ကိုင် အဖွဲ့များ အနားယူရန် သစ်ပင်ရိပ်သို့ ရွှေ့သွားသည်။ ရဲ မြို့နယ်မှူးထံ အထက် လူကြီးလား မည်သူမှန်း မသိရသူ ထံမှ ဖုန်း တဂွမ်ဂွမ် လာသည်။ အခြေအနေ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။

လူထု အောင်ပွဲ တခု ရရှိခဲ့ပေပြီ။

4 အဆိုတော်ဦးခင်မောင်တိုး၏ နောက်ဆုံးခရီးပုံရိပ်များ(ဓာတ်ပုံ)-ရုပ်/သံ


ကြွေလွင့်သူ ဂီတအနုပညာရှင် ကိုတိုးကြီး (ခင်မောင်တိုး) ကောင်းရာ ဘုံဘ၀ရောက်ပါစေ
Photo and video..Kaizar N Win

0 ဆန္ဒတွေမပြည့်မှီ ခေါ်သွားပါနဲ့

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) နှစ်မြောက် စုပေါင်းမဟာဘုံကထိန်အတွက် ကျွန်မတို့ ဌာနအသီးသီးတွင် အားကျိုးမာန်တက် လုပ်ဆောင်နေချိန်၌ သုခဆေးခန်းဌာနမှ Ext ဖုန်းဝင်လာသည်။ သုခကုသိုလ်ဖြစ်ဆေးခန်း၌ ခန္ဓာကိုယ်တွင် အကျိတ်များပြည့်နေပြီး ဆေးခန်းလာပြသောလူနာ (မ) တစ်ဦး ရောက်ရှိနေကြောင်း သိရသည်။ ကြားသိတာနဲ့ မဆိုင်းမတွန့် သွားရောက်ခဲ့သည်။ ကျွန်မရောက်ချိန်တွင် ဆရာဝန်ပြသရန် စောင့်စားနေသော လူနာများစွာအနက် ကျွန်မ တွေ့ဆုံမေးမြန်းရမည့် လူနာက သူမပင် ဖြစ်ပေလိမ့်မည်ဟု ဒက်ထိတန်းသိလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် သူမ၏ ဝေဒနာခံစားနေရပုံကို ကြည့်ခြင်းဖြင့် သိလိုက်သည်။ အခြားသော လူနာများ သည် ဝေဒနာခံစားနေကြရသော်လည်း ဆရာဝန်စောင့်စားနေချိန်တွင် ထိုင်ခုံထပ်တွင် ကျနစွာ ထိုင်စောင့်နိုင်ကြပေသည်။ သူမသည် ထိုင်ခုံပေါ်တွင် ဒူးထောင်လျှက်။ သူမ၏ ဦးခေါင်းကို ဒူးခေါင်းထပ်သို့ တင်၍ ဝေဒနာအား ခံစားနေရရှာသည်။

သူမ၏မျက်တောင်လေးများသည် စိုစွတ်၍နေသည်။ ဤအဖြစ်မှာ ကျွန်မအထင် သူမနာကျင် ခံစားနေရသည့် ဝေဒနာသည် မခံမရပ်နိုင်သောကြောင့် မျက်ရည်များ ရစ်ဝဲနေ ခြင်းကြောင့် စိုစွတ်နေပုံရသည်။ ကိုယ်ခန္ဓာပေါ်တွင်လည်း အမည်းရောင် အစက် အပျောက်များသည် ခန္ဓာကိုယ်အနှံ၊ ထို့အပြင် ခြေထောက်အဆစ်နေရာမှစကာ ခြေဖမိုးထိ ဖောင်းကား၍နေသည်။ သူမ၏ လက်ဖဝါးလေးဖြင့် လက်မောင်းကို ထုကာညည်းနေရှာသည်။ အင်္ကျီဝတ်ထားသဖြင့် အကျိတ်များကို မတွေ့မြင်ရပေမယ့် လည်ပင်းတစ်ခုလုံးတွင် အကျိတ်များပြည့်၍ ရောင်နေတော့သည်။ သူမ၏အပါး၌ ငြိုးငယ်သော မျက်နှာဖြင့်ကြည့်နေရှာသော အမျိုးသမီးကြီးတစ်ဦးကိုလည်း တွေ့ရသည်။

ထို့နောက် ကျွန်မထံသို့ Ext ဖုန်းဆက်သည့် သုခဆေးခန်း၏ နေ့တာဝန်ခံ မခင်သီတာအောင်မှ ကျွန်မကို ၄င်းတို့နှင့် မိတ်ဆက်ပေးခဲ့သည်။ ကျွန်မထင်ထားသည့် အကျိတ်များပြည့်နေသော သူမပင်ဖြစ် သည်။ ကျွန်မသည် လူနာအား မေးမည်အပြု သူမမှ “မမေးပါနဲ့ ကျွန်မမှာဖြေနိုင်စွမ်းအား မရှိလို့ပါ” ဟု မျက်ဝန်းထဲမှ သူမလှမ်းပြောနေသည်ကို ကျွန်မသိလိုက်ပြီး သူမ၏ဘေး၌ရှိသော သူမ၏ မိခင်ဖြစ်သူအား ကျွန်မမေးမြန်းဖြစ်သည်။

ဝေဒနာသည် မအိမ့်ဖူးခင်သည် ဖခင်မရှိတော့ပေ။ မိခင်နှင့် အစ်ကိုနှစ်ယောက်ရှိသည်။ အစ်ကို နှစ်ယောက်သည် အိမ်ထောင်ရက်သားကျ၍ ပုသိမ်မြို့၌ သီးသန့်နေထိုင်ကြပြီး မအိမ့်ဖူးခင်သည် မိခင် ဒေါ်အေးအေးခိုင်နှင့်အတူ တတိယနှစ် မြန်မာစာဖြင့် ပုသိမ်ကောလိပ်တွင် တက္ကသိုလ်တက်ရင်း မိခင်နှင့် အတူနေထိုင်သည်။ မအိမ့်ဖူးခင်သည် တက္ကသိုလ်ကျောင်းသူ၊ မြန်မာစာဘာသာ အထူးပြုတက်ရောက်နေ သူပီပီ ပုသိမ်သူ အသက် (၂ဝ) ဝန်းကျင် လူငယ်ပိုင်းအရွယ်၌ တင့်တယ်လှပသူ တစ်ဦးဖြစ်သည့်အပြင် ယခု နှစ်ကျောင်းပြီး၍ ဘွဲ့ရပြီးပါက မိခင်အား တဖြန်ပြန်လည်၍ အလုပ်အကျွေးပြုမည့် သမီးအလိမ္မာလေးတစ်ဦး ဖြစ်သည်။

ဖြစ်စဉ်တွင် တစ်နေ့ ကျောင်းတက်နေချိန် ဗိုက်မှအောင့်လာ၍ အိမ်သို့စောစော ပြန်ရောက်လာခဲ့ သည်။ မိခင်၏ စိုးရိမ်တကြီးဖြင့် ဗိုက်အောင့်ပျောက်ဆေးတိုက်သည်။ သို့သော်သူမ၏ ဗိုက်အောင့်ခြင်းသည် အတော်ဖြင့် မပျောက်သည့်အတွက် ဗမာဆေးဖြင့် ကုသကြသည်။ ဗမာဆေးသောက်ပြီးမကြာ ဗိုက်အောင့် ဗိုက်နာမရှိတော့ပါဘဲ ခန္ဓာကိုယ်ပိန်ချုံးကျပြီး ဝင်းဝါစိုပြေသည့် အသားအရည်ပေါ်တွင် အမည်း အစက် အပြောက်များ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ဗမာဆေးအား ဆက်၍မသောက်ဘဲ ဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ဝမ်းချုပ်လာခဲ့ရာ နေ့စဉ်ရက်ဆက်လာပြီး ခန္ဓာကိုယ်အနှံ့၌ အကျိတ်များထွက်လာသည်။ သူမမှာ အကျိတ်မှနာကျင်သဖြင့် တစ်ချိန်လုံး ညည်းညူနေတော့သည်။ မိခင်ဖြစ်သူသည် သမီး၏ ရောဂါ ဝေဒနာ ခံစားရေရသည်ကို မမြင်ရက်တော့သဖြင့် ဆေးရုံတတ်၍ ကုသမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း လက်ထဲတွင် ငွေကြေးမရှိ။ အနီးကပ် ပြုစုစောင့်ရှောက်မည့်သူ မရှိ။ မိခင်သည် ဈေးသွားလျှင် သမီးအား ထားခဲ့သည်ပင် စိတ်မချ။ ယင်းကဲ့သို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေချိန်၌ (ကျော်သူဆေးခန်း) နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းကို နားစွန်နားဖျားကြားမိ၍ “ရန်ကုန်ကိုတော့ အရောက်သွားပြီး ငါ့သမီးကို ကုမယ်။” ကျော်သူ့ဆေးခန်း လိပ်စာကိုမသိ။ ရန်ကုန်မှာရှိတာသိသည်။ သမီးလက်အားတွဲပြီး အထုတ်အပိုးများဖြင့် သားအမိနှစ်ယောက် မြောက်ဒဂုံမြို့နယ်၊ (၅ဝ) ကွေ့၌ အိမ်ငှား နေထိုင်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (ကျော်သူ့ဆေးခန်း) သုခကုသိုလ်ဖြစ်ဆေးခန်းကို စုံစမ်း၍ မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်သည် သမီးဇောဖြင့် ပုသိမ်မှ ရန်ကုန်သို့အရောက် ခရီးနှင်ခဲ့တော့သည်။

ပုသိမ်မှ ရန်ကုန်သို့တက်ရောက်ခဲ့စဉ်တွင် မိမိတို့သားအမိနှစ်ယောက်သည် ရန်ကုန်၌ ဆေးရုံတတ် ရောက်ပြီး ခွဲစိတ်မည်ဟု ရည်ရွယ်၍ စုဆောင်းထားသည့် ငွေကြေးများပိုက်၍ လာရောက်ခဲ့ရာ မထင်မှတ်၍ ကံကောင်းအားလျှော်စွာဖြင့် ဆိုက္ကားဆရာတစ်ဦး၏ မိခင်သည်လည်း ကျော်သူ့ဆီ၌ ခွဲစိတ်ကုသပြီး ပြန်၍ ကောင်းမွန်သွားကြောင်း ကျော်သူ့ဆေးခန်းလိပ်စာအား ဆိုက္ကားဆရာ၏ မိခင်ထံမှရရှိခဲ့သည့်အတွက် ဒေါ်အေးအေးမိုးသည် သမီးလေးအတွက် အလင်းပွင့်ခဲ့ရသည်။ ယင်းလိပ်စာဖြင့် သမီးလေးအားခေါ်လာ ခဲ့သည်။ ကျော်သူ့ဆေးခန်းကိုပြရလျှင် လိုအပ်၍ဆေးရုံတတ်မည်။ ငွေအများကြီးကုန်မည်မဟုတ်။ စား စရိတ်နှင့် လမ်းစရိတ်တော့ကုန်မည်။ ခွဲစိတ်ခလည်း ပံ့ပိုးပေးသည်ဟု ပြောသံကြားသဖြင့် ဆေးခန်းပြရင်း စုံစမ်းရင်းဖြင့် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်သို့ ၇.၁၁.၂ဝ၁၂ ရက်နေ့တွင် တိုကင်လက်မှတ်ရယူခဲ့ပြီး ၈.၁၁.၂ဝ၁၂ ရက်နေ့ နံနက် (၁၂းဝဝ) နာရီအချိန်တွင် ဝေဒနာသည် သမီးလေးအား လက်တွဲပြီးရောက်ရှိလာပြီး အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ မြင့်သောင်း ထံတွင်ပြသခဲ့သည်။ ဆရာဝန်၏ စစ်ဆေးချက်ဖြင့် သောက်ဆေး တစ်ပါတ်စာ ဆေးသောက်ရန် ထုတ်ပေးလိုက်သည်။ ထို့နောက် မိခင်ဖြစ်သူ ဒေါ်အေးအေးမိုးသည် ငိုလျှက်ဖြင့် သူမ၏ သမီးလေး၏ ရောဂါ ဝေဒနာသည် အတော်ခံစားနေရကြောင်း၊ တစ်ပါတ်စာဆေးသောက်ပြီး အိမ်မှာနေထိုင်လျှင် သူမ၏ သမီး အခြေအနေ မကောင်းနိုင်ကြောင်းသိသဖြင့် ဆေးရုံတတ်ချင်ကြောင်း ဆရာဝန်အား တောင်းဆိုခဲ့သည်။

ဆရာဝန်မှ လူနာ၏ဆန္ဒအရ ဆေးရုံတတ်ရောက်ကုသရန် စာရေးပေးခဲ့သည်။ ကျွန်မသည်လည်း မိခင် ဒေါ်အေးအေးမိုးနှင့် မအိမ့်ဖူးခင်တို့အား အားပေးနှစ်သိမ့်ရင်း ကျွန်မကိုယ်တိုင်လည်း မျက်ရည် မကျမိ စေရန်ထိန်းရတော့သည်။ ဒေါ်အေးအေးမိုးတို့ သားအမိနှစ်ဦး ငှါးရမ်းနေထိုင်သည့် မြောက်ဒဂုံနေအိမ်နှင့် နီးစပ်သည့် မြောက်ဥက္ကလာပဆေးရုံးသို့ တက်ရောက်ခဲ့သည်။ သူမတို့ သားအမိနှစ်ယောက် သုခဆေးခန်း မှ ပြန်လည်ထွက်ခွါသွားချိန်တွင် ကျွန်မသည် အတွေးများစွာဖြင့် ကျန်ရစ်ခဲ့တော့သည်။

လူတိုင်းလူတိုင်း သေကြရမည်။ မသေခင်စပ်ကြား ရောဂါဝေဒနာကြောင့်ခံစား ကြုံတွေ့ရမည်မှာ မှန်သော်ငြားလည်း ယခုကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ပညာကိုကြိုးစားကာ လောကကောင်းကျိုး၊ အများကောင်းကျိုး သယ်ပိုးနိုင်မည့်အရွယ်ဖြစ်သော အနာဂါတ် ခေါင်းဆောင်ကောင်းလေးများအတွက်မူ ယခုလို ဖြစ်ရပ်မျိုးတို့နှင့် မကြုံတွေ့၊ မဆုံတွေ့ကြပါစေနင့်ဟုသာ ဆုတောင်းမေတ္တာပို့လိုက်ပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Thursday, November 15, 2012

1 ~ စတီရီယိုခေတ်ဦး အဆိုတော် တစ်ဦးဖြစ်သည့် အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုး ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြေကွဲခြင်း ~

အဆိုတော်ခင်မောင်တိုးမကွယ်လွန်မှီ နောက်ဆုံး ဖျော်ဖြေခဲ့သော ပြီးခဲ့သည့် သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ဂီတ၀ဿန် ပွဲမှ ကြိုးကြာသံသီချင်း
အဆိုတော် ခင်မောင်တိုးကွယ်လွန်အနိစ္စရောက်ရှိခဲ့ခြင်းအတွက် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။
စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်) အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန် သွားခဲ့ကြောင်း ပန်းရဲ့လမ်း ဂီတအဖွဲမှ ကိုသားထွေးက အတည်ပြုပြောကြားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သော ခင်မောင်တိုးသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့ ဇာတိ ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့က ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှတို့မှ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ မွေးချင်းသုံးဦး ရှိသည့်အနက် တတိယမြောက်သား ဖြစ်သည်။

၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဂီတလမ်းကြောင်း ဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယ နှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။

" RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ ဒုတိယ နှစ်မှာ အဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးက ထလာပြီး ဂီတလုပ်တဲ့ အချိန်က ပိုများလာတယ်။ စတီရီယို သီချင်းတွေ ပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာ ကိုယ့်ပုံစံတစ်ခု မွေးဖွားဖို့ အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

အနိစ္စ - ဆို -ခင်မောင်တိုး

၁၉၇၃ခုနှစ်ကာလတွင် "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်” တေးစီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့ပါသည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိမ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်ပါသည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်ပါသည်။

"ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။ ကျွန်တော်မှတ်မိနေတာက သွင်းတဲ့ စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"ဟု Eleven Media Group နှင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တွေ့ဆုံစဉ် ခင်မောင်တိုး ပြောကြားခဲ့ဖူးသည်။

၁၉၇၉ ခုနှစ်တွင်မူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆ၀ီ"ဟု ပြောင်းလဲလိုက်ပြီး 'လိစ္ဆ၀ီ' တီးဝိုင်းတွင် ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နှင့်အတူ ဂီတဖန်တီးမှုများ လုပ်ဆောင်ခဲ့ပါသည်။ ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့ပါသည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် "၀ိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "၀ိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် "လိစ္ဆ၀ီ" တီးဝိုင်းအဖွဲ့ အမည်ကို "မဇ္ဇျိမလှိုင်း" ဟု ထပ်မံ အမည်ပြောင်းလဲခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့ပါသည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀၀၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့ပါသည်။ "ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။

" ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘ၀ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" ဟု ခင်မောင်တိုးက Eleven Media Group သို့ ပြောကြားခဲ့ဖူးပါသည်။

ခင်မောင်တိုးသည် ပထမစီးရီး "ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်" မထွက်ရှိမီ အချိန်ကပင် ဒေါ်ဝေေ၀ခိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ရှိခဲ့ပါသည်။

အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ခဲ့သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိခဲ့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

http://news-eleven.com/index.php?option=com_content&view=article&id=16327%3A2012-11-08-09-04-34&catid=61%3Alocal&Itemid=133

0 ဒေါ်အောင်ဆန်းစုကြည်၏ ဂျဝါဟာလာနေရူး အထိမ်းအမှတ် မိန့်ခွန်း စ ဆုံး (ရုပ်/သံ)

1 အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ်တွင် အာရှ၏ နာမည်ကျော်တက္ကသိုလ်ဖြစ်ခဲ့ဘူးသော ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်ဟု သတင်းထွက်ပေါ်နေ

လွတ်လပ်ရေး၊ ဒီမိုကရေစီ ပညာရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ၁၉၂၀ ကစ ၁၉၉၆ ထိ ထီမထင် ကျောင်းတော်သားတွေရဲ့ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ်ဟာ အမေရိကန် သမ္မတရဲ့ မြန်မာ့အပြောင်းအလဲအတွက် တွန်းအားပေးမယ့် သမိုင်းဝင် စင်မြင့်အဖြစ် ပြန်နိုးထလာပြီ။ ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသောဝ်။
မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးလာရောက်ရန်ရှိသော အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားမည့် အစီအစဉ်ပါဝင်မည်ဖြစ်ရာ မိန့်ခွန်းပြောကြားမည့် နေရာကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အားရွေးချယ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည်အရေအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်ဝင်း ကို ပြုပြင်မွန်းမံမှုများပြုလုပ်နေပြီး လုံခြုံရေးများ ချထားကြောင်း PDK မှ သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးရောက်ရှိလာမည့် အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာမီဒီယာများ၏ ကျင့်ဝတ်သိက္ခာပိုင်းစောင့်ထိန်းရန်လိုအပ်ကြောင်း လေ့လာသူများက ထောက်ပပြလိုက်သည်။ အစိုးရသစ်နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်များပေးလာတာနှင့်အတူ မီဒီယာသမားများ၏ တစ်ကိုယ်ကောင်းဆန်ဆန် သတင်းရလိုမှုများကြောင့် ကာယကံရှင်ပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့် မသင့်တင့်မှုများဖြစ်ပေါ်ခဲ့ရဖူးသည်။ သို့သော် ယခုခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်ဖြစ်မည့်အပြင် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဂုဏ်သိက္ခာပိုင်းကို ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်နေသောကြောင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန် အတ္တစိတ်ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော အပြုအမူမျိုးမပြုလုပ်မိကြစေရန်နှင့် ဒီမိုကရေစီကျင့်သားရသော စည်းကမ်းရှိသည့် မီဒီယာသမားများဖြစ်ကြောင်း ဖော်ထုတ်ပြသကြရန် PDK မှ တိုက်တွန်းရေးသားလိုက်ပါသည်။

People Development for Knowledge

0 အိုဘားမား၏သိမ်မွေ့သောလုပ်ရပ်က အာရှ၏နှစ်သက်မှုကို ရရှိစေသည်

(13 Nov 2012 ရက်စွဲပါ The News York Times မှ Lewis M.Simons ရေးသားသောTo impress Asia, leave the drama home ကိုဘာသာပြန်ဆိုသည်)

မ္မတ Obama သည်တရုတ်က အရှေ့တောင်အာရှကို တင်းကျပ်စွာ ချုပ်ကိုင်ရန် ကြိုးစားမှုကို တန်ပြန်နိုင်ရန် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသို့ ယခုအပတ်နှင့် လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်သည်။ ၎င်းသည် ထူးဆန်း၍ ရှင်းပြရခက်သော အာရှစတိုင်ဒီပလိုမေစီကို ကျင့်သုံး လျက်ရှိသည်။

Obama သည် တရုတ်၏နောက်ဖက်မှ ခြိမ်းခြောက်ခြင်း(သို့မဟုတ်)မျက်နှာထားတင်းတင်းနှင့်မဟုတ်ဘဲ ငြိမ်သက်စွာဝင်ရောက်လာရာ အာရှ၏ ဓလေ့ထုံးတမ်းများနှင့် အကျွမ်းတဝင်ရှိကြောင်း ပြသခဲ့သည်။ မည်မျှတော်လိုက်သည့် ဖြစ်ခြင်းနည်း။ စမတ်ကျသည့် ဖြစ်ခြင်းနည်း။

အမေရိကန်ပြည်ထောင်စုသည် အာရှကစားပွဲသို့ ၂၀၁၀ တွင်ဝင်ရောက်လာရာ Mr.Obama နှင့်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အင်ဒိုနီးရှားသို့သွားရောက်ခဲ့ကြခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ Mr.Obama သည် ၎င်း၏ Oval Office တွင်မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် အရှိန်မြှင့်ခဲ့ပါသည်။

စီးပွားရေးအရချွတ်ခြုံကျနေသော မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက်ခန့် နိုင်ငံတကာ၏ အပယ်ခံဖြစ်ခဲ့ပြီး တရုတ်၏ အထီးကျန်ဖောက်သည် ဖြစ်ခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ခြေလှမ်းနေရာ အံ့သြဖွယ် ကောင်းသောအမြန်နှုန်းဖြင့် တရုတ်၏ထိန်းချုပ်မှုကို ရှောင်ဖယ်လာခဲ့ပြီး အမေရိကန်၏လမ်းညွှန်မှုကို တောင်းဆိုလာခဲ့ပါသည်။

သမ္မတသည် အမေရိကန်၏နိုင်ငံခြားရေးမူဝါဒကို စိတ်ပျက်ဖွယ် အရှေ့အလယ်ပိုင်းကို ဗဟိုပြုရာမှဖယ်ခွာ၍ တောက်ပသည့် အနာဂါတ်ရှိသော အာရှကိုဗဟိုပြုရန်အစီအစဉ်ကို ဤခရီးစဉ်ဖြင့်လုပ်ဆောင်လာသည်။ ၎င်းသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များကကဲ့သို့‘ကျား’တစ်ကောင်အဖြစ် တောက်ပခဲ့သော နေ့ရက်များအခြေအနေကို ပြန်လည်မရသေးသည့်တိုင် အရှေ့တောင်အာရှသည် အမေရိကန်အတွက်ငွေရှာရန်နေရာ၊ ဈေးကွက် ချဲ့ထွင်ရန်နေရာ၊ မိတ်ဆွေသစ်ဖွဲ့ရန်နှင့် ဆက်ဆံရေးအဟောင်းများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်နေရာ ဖြစ်နေပါသည်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလက Mitt Romney ကမတ်လတွင် တရုတ်နိုင်ငံ၏ သမ္မတဖြစ်လာမည့် Xi Jinping အား ငွေကြေး ကြိုးကိုင်သူတရုတ်အဖြစ် စိတ်ဆိုးမာန်ဆိုးတံဆိပ်ကပ်ကာ နှုတ်ဆက်လိုကြောင်း အချက်ပေးခဲ့သည်။ Mr.Obama ကမူ တရုတ်နှင့်တိုက်ရိုက် ထိပ်တိုက် တွေ့ရေးအစား ပြင်ညီကစားကွင်းတွင် တရုတ်နှင့်သာတူညီမျှဆက်ဆံရေး ကို ရွေးချယ်ခဲ့သည်။ စမတ်ကျသောပါဝါကိုသာထုတ်ပြခဲ့ပြီး ခြိမ်းခြောက်မှုများ မရှိခဲ့ပေ။

၎င်း၏ တဖြည်းဖြည်းချင်းပြောင်းလဲမှုကို ချဉ်းကပ်ခြင်းအား ရှေးရိုးဆန်သောအမေရိကန်များက ကြိုက်နှစ်သက်ခြင်းရှိကြလိမ့်မည် မဟုတ်သော်လည်း တရုတ်နှင့်အခြားအာရှသားများက အမှတ်ပေးကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က အသစ်ပြန်လည်အရွေးခံရသော အမေရိကန် သမ္မတ သည် ၎င်းတို့အပေါ်လက်သီးဆုပ်၍ ချဉ်းကပ်လာခြင်းမဟုတ်ဘဲ လက်ကမ်းကြိုဆိုလာခြင်းဟု ရှုမြင်ကြသည်။ သမ္မတသည်အာရှတိုက်တွင် နှစ်ပေါင်းများစွာ မှေးမှိန်နေသော အမေရိကန်၏တည်ရှိမှုကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်လာပြီး ကုန်ကြမ်းပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဈေးကွက်များတွင် တဖန် ပြန်လည်ယှဉ်ပြိုင်လာပါသည်။

တိုက်ဆိုင်မှုဆိုသည်မှာမရှိနိုင်ဟု ယုံကြည်သူများကမူ Mr.Obama ၏ Thanksgiving မတိုင်မီခရီးစဉ်သည် ဖနွမ်ပင်မှ အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ်နှင့် အချိန်ကိုက်ဖြစ်နေသည်ကို ကြီးမားသောကိစ္စအဖြစ် မှတ်ယူလိမ့်မည်မဟုတ်ပေ။ ၎င်းနှင့် အခြားထင်ရှားသော အမေရိကန်များသည် ထိုအစည်းအဝေးမျိုးကို အမြဲတစေတက်ရောက်လေ့ရှိသည်မဟုတ်ပေ။ အာရှဒေသအတွက် အမှန်တကယ်အရေးကြီးမှုမှာ Obama သည် ပြန်လည်ရွေးချယ် တင်မြှောက်ခံရပြီး နှစ်ပတ်အတွင်း လာရောက်မှုသည် အာရှဒေသကို အလေးအနက်ထားသည် ဆိုသည့်ကိစ္စအား သက်သေ ပြလိုက်ခြင်းပင်ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မှုကို နှစ်သက်ခြင်းမရှိသော အရှေ့တောင်အာရှသားများအတွက်မူ တရုတ်၏ မတရားသြဇာလွှမ်းမိုးမှုရရန် ကြိုးစားမှုကြောင့် တင်းမာမှုများဖြစ်နေချိန်တွင် အမေရိကန်၏သြဇာလွှမ်းမိုးမှု ဟန်ချက်ညီရန်လုပ်ဆောင်ခြင်းကို ကြိုဆိုကြလိမ့်မည် ဖြစ်ပါသည်။

ထိုထက်ပို၍ အရှေ့တောင်အာရှသည် နှစ်ပေါင်းများစွာ စီးပွားရေး၊ လူမှုရေး နှင့်နိုင်ငံရေးအရ စိတ်ပျက်ဖွယ်အခြေအနေမှ လွတ်မြောက် လာချိန်တွင် Mr.Obama သည် ဒေသတွင်းအုပ်ချုပ်သူနှင့် မူဝါဒရေးရာ အီလစ်များနှင့်လည်း တွေ့ဆုံရန်ရှိသည်။

ဥပမာအားဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်ပေါင်းများစွာ Mindanao မွတ်ဆလင်များနှင့် ပြည်တွင်းစစ်မှာပြီးဆုံးရန် အာမခံချက်ရှိသော အခြေအနေသို့ ရောက်ရှိသွားသည်။ ထိုစစ်ပွဲကြောင့် လူပေါင်း ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ရပါသည်။

ထို့အပြင် Mr.Obama သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်နှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည်။ ယခုအချိန်တွင် ထိုင်းဝန်ကြီးချုပ်သည် အပူမီးနှစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်သည်။ အသက်အရွယ်ရှစ်ဆယ်ကျော် ကိုးဆယ်တွင်းရောက်နေသော ထိုင်းဘုရင် ဖူမီဘောအဒူယာဒက်သည် ကျန်းမာရေးမကောင်းသည့် အခြေအနေတွင်ရှိပါသည်။ ဘုရင်အား ဆက်ခံမည့်ကိစ္စကို ပြည်သူများကြားဆွေးနွေးခြင်းအား ရှေးကျသော ဘုရင်မိသားစုအား ထိပါးစေသည့်ဥပဒေဖြင့် တားမြစ်ထားသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်လက်နက်ကိုင်များနှင့် စစ်ပွဲမှာလည်း အရှိန် လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော ခြောက်နှစ်အတွင်းလူ(၅၀၀၀)ခန့် သေဆုံးခဲ့သည်။ သို့သော် နှစ်ဖက်စလုံးက နိုင်ငံတကာမှ လက်နက်ကိုင်တပ်များ ဝင်လာရေးကို လုံးဝမလိုလားကြပေ။

၂၀၀၉ ခုနှစ်က ထိုစဉ်က Missouri ရီပတ်ဗလစ်ကင်ဆီနိတ်တာ Christopher S.bond နှင့် စာရေးသူတို့သည် “The Next Front”ဟူသော ဆောင်းပါး၌ အရှေ့တောင်အာရှမှ မွတ်ဆလင်များသည် ကမ္ဘာပေါ်ရှိ အခြားဒေသများမှ မွတ်ဆလင်များနှင့် မတူဘဲ အမေရိကန်များ ၎င်းတို့ဒေသတွင် လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုကြသည်ဟု ရေးသားခဲ့သည်။

ယခုနှစ် အာရှသို့ စာရေးသူပြန်အရောက်တွင် သိနားလည်လာရသည့်အချက်မှာ တရုတ်သည်သြဇာလွှမ်းမိုးရန် ကြိုးစားလာမှုကြောင့် ဒေသတွင်း လူဦးရေအစိတ်အပိုင်း အတော်များများတွင် တရုတ်ကိုကြောက်သည့် ရောဂါရနေပြီ ဆိုသည့်အချက် ဖြစ်သည်။ တချိန်တည်းမှာပင် အမေရိကန်က ငြိမ်းချမ်းသောနည်းဖြင့် ပြန်ဝင်လာခြင်းကို လည်း မျှော်လင့်ချက်သစ်များ ရှင်သန်စေခဲ့သည်။

တရုတ်တို့ ဒေသတွင်းလုပ်ဆောင်နေမှုများကို ဟန်ချက်ညီသာတူညီမျှ ကစားပွဲဖြစ်ရန်လုပ်ဆောင်နိုင်သည့် အကျိုးစီးပွားနှင့် ငွေ၊ နည်းပညာ ရှိသူမှာဂျပန်မဟုတ်။ ရုရှားမဟုတ်။ ဥရောပမဟုတ်ပေ။ အမေရိကန်သာလျှင်ဖြစ်သည်။ ၎င်းသည် ဒေသခံအစိုးရများအနေဖြင့် အစပြုဖြစ်ပေါ်နေသော အစ္စလာမ်များ၏လှုပ်ရှားမှုများကို နှိမ်နှင်းရာတွင် အကူအညီပေးနိုင်မည်ဖြစ်သည်။ “ခင်ဗျားတို့ဆီက စီးပွားရေးသမားတွေ ခေါ်ခဲ့ပါ။ နည်းပညာရှင်တွေ ခေါ်ခဲ့ပါ။ ပါမောက္ခတွေ ခေါ်ခဲ့ပါ။ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ခေါ်ခဲ့ပါ”ဟု စာရေးသူအား အမေရိကန်တစ်ဦးအနေဖြင့် မိတ်ဆွေ ထိုင်းဥပဒေ ပါမောက္ခ တစ်ဦးကအားပေးခဲ့သည်။ “ဒီမှာဈေးသက်သာပါတယ်။ လွယ်ကူပါတယ်။ စစ်ဖိနပ်တွေကို တန်းလျားမှာ ထားခဲ့ပါ”ဟု ၎င်းကဆိုပါသည်။

“ဘယ်လောက်ကောင်းသည့် သဘောတူညီမှု ဖြစ်ပါသနည်း” Yangon Chronicle

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.